Mogok Gems & Myanmar Jewellery

Mogok Gems & Jewellery

19/09/2023

ရတနာစစ်ချက် (သို့မဟုတ်) ပေါက်ပြီးသား ထီလက်မှတ်လေးတွေပါတဲ့ရှင် 😍

🙏💎🙏
NANN SANDY

19/09/2023

မင်္ဂလာပါ မိုး​ကုတ်သဘာဝရတနာများနှင့် ကမ္ဘာ့သဘာဝ ရတနာများအား ချစ်မြတ်နိုး​ကြသူများရှင် 🙏💎🙏

ရတနာရောင်းတဲ့ ရတနာကုန်သည်မို့ ပြောတာတော့ မဟုတ်ရပါဘူးနော် ဒါပေမဲ့ ရတနာလေးတွေကို မြတ်နိုးတန်ဖိုးထားသူတိုင်းကို အကြံပြုပေးချင်တာကတော့လေ ရတနာဆို အစုံသာဝယ်ပါ စုပါ တန်ဖိုးနည်းတာ များတာထက် ကိုယ်နဲ့ထိုက်ရင် ကိုယ့်ဆီရောက်လာတဲ့ တွင်းထွက်သဘာဝ ရတနာအစစ်သာဖြစ်ပါစေ သူ့အကျိုးပေးနဲ့သူ ထိုက်သူပဲရရတာမို့ ရတနာရှိရာ ရတနာတွေ စုစုလာပြီး ရတနာပိုင်ရှင် သူဌေးသူကြွယ်ကြီးတွေ ဖြစ်လာတတ်ပါတယ်လို့နော်။

ဒါတွေက မယုံကြည်သူတွေအတွက်တော့ မသိသာပေမဲ့ ယုံကြည်သူအဖို့မှာတော့ အဆောင်ရတနာလေး ၁ပွင့်ကစလို့ ဆောင်ထားရင်း ဝတ်ဆင်ထားရင်း ထိန်းသိမ်းစောင့်ရှောက်ထားရင်းကနေကို ထိုရတနာကလည်း ပိုင်ရှင်ကိုပြန်လည် စောင့်ရှောက်ပေးခြင်းခံရပြီး ရတနာပိုင်ရှင်မှာ ကံမြင့် လာဘ်ပွင့်ခြင်း အကျိုးကျေးဇူးတွေ မျိုးစုံရလာတတ်တာ ကိုယ်တွေ့မို့ ပြောပြရတာပါရှင့်။

ကိုယ်တိုင်ကလည်း ရတနာဆို ချစ်မြတ်နိုးတတ်တဲ့ စိတ်ရင်းရှိတာကြောင့်ရော ကိုယ်ရောင်းပေးလိုက်ရသူ ရတနာပိုင်ရှင်တွေကလည်း မကြာမကြာခဏခဏဆိုသလို ရတနာတွေ လာလာစုကြ ဝယ်နိုင်ကြတာကိုလည်း ​မျက်မြင်ကိုယ်တွေ့ပဲမို့ ရတနာရှိရာ တကယ်ကို ရတနာ​တွေ ပိုပိုလာတယ်ဆိုတာဟာ သက်သေတွေပါပဲရှင်။

ဒီအချက်တွေကြောင့်လည်း NANN SANDY ဆီကနေ ရတနာတွေကို Online ကနေတဆင့်သော်လည်းကောင်း အပြင်မှာသော်လည်းကောင်း လာရောက်ဝယ်ယူအားပေးသူတိုင်းကို ရတနာပိုင်ရှင်သူဌေးကြီးတွေလိုပဲ ဝန်ဆောင်မှုပေးပါတယ်ရှင့် ဘာဖြစ်လို့လဲဆိုရင် တကယ်လို့ ဒီနေ့သူတို့ လာဝယ်သွားတဲ့ရတနာက အကျိုးပေးလို့ နောက်ရက်ပိုင်း လပိုင်း နှစ်ပိုင်းတွေမှာ သူတို့သာ သူဌေးကြီးတွေအဖြစ်နဲ့ NANN SANDY ဆီကို ပြန်လာပြီး ရတနာတွေ အများကြီး ထပ်မံ အားပေးဝယ်ယူကြမယ်လို့ ယုံကြည်ခံယူထားတာမို့ပါပဲရှင် ဥပမာတစ်ခုပေးပြချင်ပါတယ်ရှင့် ထီထိုးထားသူဟာ ထီပေါက်ပိုင်ခွင့်ရှိသလိုပဲ ရတနာကို ထီလို့ သဘောထားရင် ထိုရတနာဟာ ပိုင်ဆိုင်ပြီးတာနဲ့ ပေါက်ပြီးသားထီလက်မှတ်ကိုယ့်လက်ထဲ​ရောက်လာသလိုပါပဲ များများပေါက်ရင် များများရမှာပဲဖြစ်သလို များများမပေါက်ခဲ့ရင်တောင် ရတနာရဲ့သဘောကိုက အချိန်ကြာလေ တန်ဖိုးမြင့် တန်ဖိုးတက်လေပဲမို့ အချိန်တန်ရင်ကို အဆောင်ဝတ်ထားရသော ကောင်းကျိုးမင်္ဂလာအဖြာဖြာကို ခံစားကြရတာပဲမို့လို့ NANN SANDY ကတော့လေ ရတနာဝယ်ရင် ပေါက်မှာသေချာတဲ့ ထီလက်မှတ်ကို ဝယ်ယူရသလိုမျိုးပဲ မှတ်ယူမိပါတော့တယ်ရှင့်။

ရတနာနဲ့ပတ်သက်လို့ တခုပဲ NANN SANDYက သတိပေးချင်တာကတော့လေ ရတနာဝတ်ရင် ရတနာကို တန်ဖိုးထားလေးစားစေချင်ပါတယ် ရတနာတွေမှာ အစောင့်အရှောက်တွေရှိကြတာမို့ သူတို့ကို မလေးစားမိသလိုမျိုး ရတနာကိုလည်း ဟိုထားဒီထား ပစ်စလက်ခတ်ဝတ် ပစ်စလက်ခတ်ချွတ် ဟိုအောက်ထား ဟိုနားထားလုပ်လို့ ပျောက်ပျက်သွားခဲ့ရင် ရတနာမထိုက်တော့သူဖြစ်ပြီး ထိုရတနာရဲ့ အစောင့်တွေက မချစ်တော့ရင် ကိုယ့်ဆီလည်း တော်တော်ကြာမှ ထိုရတနာဟာ ထပ်ရောက်လာတာမျိုးလည်းဖြစ်တတ်တာမို့ ရတနာဆို မပျောက်မပျက်အောင် သေချာထိန်းသိမ်း ဝတ်ဆင်သင့်သလို မြတ်နိုးတန်ဖိုးထားပြီးလည်း သန့်ရှင်းတဲ့နေရာမှာသာ ထားစေချင်ပါတယ်လို့ NANN SANDY မှ အကြံပြုပေးပါရစေရှင့်။

ကုန်သည်ဘဝ မရောက်ခင် ယခင်ကတည်းက မိဘဖိုးဖွားဘိုးဘွားစဥ်ဆက် ပိုင်ဆိုင်သမျှရတနာအမွေတွေကို ထိန်းသိမ်းဆင်မြန်းဝတ်ဖူးသမျှရော ထပ်တိုးရောက်ရှိလာသမျှ ကိုယ့်လက်ထဲက ရတနာအစုံကိုလည်း အမြဲလို သန့်ရှင်းသောလက်ဖြင့်သာ ကိုင်ဆောင်ခြင်း မြင့်သောမြတ်သောနေရာမှသာ ထားသိုတတ်ခြင်း အဆောင်အဖြစ်ဝတ်တဲ့အခါမှာလည်း ရတနာတွေကို စောင့်ရှောက်နေကြသော ရတနာအစောင့်များကိုပါ မေတ္တာပွားပေးရင်း ကုသိုလ်ပြုတိုင်း အမျှပေးဝေခြင်းတွေ NANN SANDY က ပြုလုပ်တတ်တာ​ကြောင့်မို့ ရတနာတွေဟာလည်း ကိုယ့်လက်ထဲမှာ မြဲသလို ကိုယ်ကနေမှ ပိုင်ရှင်အသစ်ဆီသို့ ရောင်းချပေးရသောအခါမှာလည်း ပိုင်ရှင်အဟောင်းကိုရော ပိုင်ရှင်အသစ်ကိုပါ ကောင်းကျိုးတွေပြုပြီးမှ ရောက်ရှိသွားကြတာပဲမို့ NANN SANDY ရဲ့ မိတ်ဟောင်းမိတ်သစ် ကာစတန်မာများ အားလုံးပဲ ရတနာထိုက်သူများဖြစ်ကြပြီး ရတနာရှိရာ ရတနာတွေ စုဝေးပြီး ဆထက်တပိုး တိုးတက်ကြီးပွားချမ်းသာ ကိုယ်စိတ်နှစ်ဖြာကျန်းမာစွာဖြင့် ရတနာတန်ခိုးကြောင့် ကံမြင့် လာဘ်ပွင့်လို့ NANN SANDY ဆီမှ ရတနာမြောက်များစွာကို ပိုမိုဝယ်ယူအားပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတွေ လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ တောင်းဆုပြုပေးလိုက်ရပါတယ်ရှင်။

🙏💎🙏
NANN SANDY

30/07/2023

“ နီလာဆိုလို့ အနီပဲ မှတ်နေတာ“
“ တကယ်တော့ နီလာက အပြာ​ရောင်ပဲ “
" နီလာက အရောင်ကွဲတွေ အများကြီးရှိတာလား? "
" နီလာက ဘယ်နှရောင်ရှိတာလဲ? "

တကယ်တော့ နီလာ (Sapphires)က အညွှန့်ပန်း (ခေါ်) မိုးကုတ်အညံ့ပန်း (Spinels) လို ကာလာရောင်စုံရှိပါတယ်။ နီလာအား အမည်နာမ အမျိုးစုံလည်း ခေါ်ဝေါ်တတ်ကြပါသေးတယ်။ အပြာရောင်ကို နီလာဟု ယခင်က ခေါ်ဆိုခဲ့ကြသလို Corrudum အမျိုးတူ ပတ္တမြား နှင့် နီလာတို့သည် ယခုခေတ်မှာ ပန်းရောင်၊ ပန်းသွေးရောင်ကို ယခင်ကလို ပတ္တမြားဟုပင် မခေါ်ဝေါ်ကြတော့ဘဲ "Pink Sapphire" လို့လည်း ခေါ်ဝေါ်သတ်မှတ်ထားကြ​ပြန်ပါသေးတယ်။ အဖြူ၊ ခဲဖြူ၊ စိမ်းနု ပြာနု အရည်ချို အရည်ဖျော့ နီလာများကို ဥဿဖယားဟု ခေါ်ဝေါ်ကြပြီး နီလာရောင်စုံကိုတော့ "အမာရောင်စုံ"ဟု မိုးကုတ်အရပ်သုံးစကားလုံး​ဖြင့် သုံးနှုန်းခေါ်ဝေါ်တတ်ကြပါသေးသည်။ ဒီလိုဆိုတော့ သဘာဝတွင်းထွက် နီလာရဲ့ အဓိကကျတဲ့ အကြောင်းအချက်အလက်တွေကို ရတနာမြတ်နိုးသူများ အားလုံး အတူတူလေ့လာလို့ရအောင် အောက်ပါအတိုင်း တင်ပြပေးလိုက်ပါတယ်ရှင့်။

မိုးကုတ်မြို့နယ် နေရာအနှံ့ပြားမှာ နီလာကျောက် များစွာ ထွက်ရှိပါတယ်။ ထွက်ရှိတဲ့ နီလာကျောက်များသည် မျိုးကွဲအရောင်များနှင့် ထွက်ရှိရာ "ကွက်ရပ်" အပေါ်မူတည်၍ ကျောက်သား ကောင်း၏ မကောင်း၏ အရည်ကောင်း၏ မကောင်း၏ အရောင်အဆင်း ကြည်လင်တောက်ပမှုများ ပြောင်းလဲသွားတတ်ကြပါတယ်လို့ လေ့လာထားသူ​တွေရဲ့ တွေ့ရှိချက်တွေအရ သိရှိရပါတယ်ရှင့်။

နီလာသည် စက်တင်ဘာလဖွားတို့ရဲ့ အဆောင်ကျောက်ဖြစ်သလို ကျောက်မျက်လောကအကြောင်း ပြောမယ်ဆိုရင်ဖြင့် "Big Three" ထဲက တစ်ခုအပါအဝင် နီလာအ​ကြောင်းက မပါမဖြစ်ပဲဆိုတာမှာ သေချာသောကိစ္စဖြစ်ပါသည်။ နီလာသည် ပတ္တမြား၊ ကျောက်စိမ်း၊ မြ၊ ပုလဲ၊ စိန်တို့ ကဲ့သို့ပင် ရတနာလောကမှာ ထင်ရှားသော ကျောက်မျက်တစ်ခုဖြစ်သည်။

Sapphire ဟူသော ဝေါဟာရမှာ အပြာရောင်ဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာစကားမှ ဆင်းသက်လာသည်ဟုလည်း ဆို​ကြသည်။ မူရင်းမှာမူ သင်္ကရိုက်ဘာသာမှ ဆင်းသက်လာဟန်ရှိသည်ဟုလည်း ဆိုကြပြန်သည်။ နီလာ၏ သိပ်သည်းဆသည် (၄)ဖြစ်ပြီး မိုးစကေး(Mohs Hardness Scale)အရ မာဆင့်မှာ (၉)ဖြစ်သည်။

မြန်မာနိုင်ငံတွင် နီလာများကို မိုးကုတ်ဒေသ ကျောက်ပြာသာဒ်၊ ကျပ်ပြင်၊ ကသဲ၊ ဘားနတ်၊ လေသာ၊ ပန်ရှိုးမိုးမိတ်လွင်ပြင်၊ မိုးဟောက်ဒေသတို့တွင် တွေ့ရသည်။ နီလာသည် မြန်မာနိုင်ငံ အပါအဝင် သီရိလင်္ကာ၊ ကက်ရှမီးယား၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ထွက်ရှိသည်ဟု သိရပါသည်။

နီလာသည် ပညာဉာဏ်အမျှော်အမြင်ရှိမှု (Wisdom) ကို ကိုယ်စားပြုပြီး ထိုနီလာအား အဆောင်အဖြစ် ဝတ်ဆင်ထားသူသည် ထက်မြက်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်၍ ကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချနိုင်စေသည်ဟု ယုံကြည်ကြပါသည်။

မူရင်းရေးသားထားသော စာများအား မှီငြမ်းတင်ပြအပ်ပါသည်။ Credit goes to all original uploaders.


🙏💎🙏
NANN SANDY

Photos from Mogok Gems & Myanmar Jewellery's post 12/06/2023

#မွေးရက် #မွေးလ #နေ့နံ အလိုက်
အဆောင်ရတနာကျောက်များအကြောင်း 🙏💎🙏
-----------------------------------------------------------------------------

ဇန်နဝါရီ - ဥဒေါင်(garnet)
ဖေဖော်ဝါရီ - ခရမ်းစွဲ(amethyst)
မတ် - မြပြာ(aquamarine)
ဧပြီ - စိန်(diamond)
မေ - မြ (emerald) ကျောက်စိမ်း (jade)
ဇွန် - ပုလဲ(pearl) မျော (moonstone)
ဇူလိုင် - ပတ္တမြား (ruby)
သြဂုတ် - ပြောင်ခေါင်းစိမ်း (peridot)
စက်တင်ဘာ - နီလာ (sapphire)
အောက်တိုဘာ - ရွဲ (opal)
နိုဝင်ဘာ - ထပ်တရာ (topaz)
ဒီဇင်ဘာ - ဂေါ်မိတ်(zircon)

~~~~~~~~~~~~~~~~~~~~~~~~~~~

Date of gemstons(နေ့အလိုက်အဆောင်ကျောက်)
---------- -------
တနင်္ဂနွေ - ပတ္တမြား
တနင်္လာ - ပုလဲ
အင်္ဂါ - သန္တာ
ဗုဒ္ဓဟူး - မြ
ကြာသပတေး - ဥဿဖရား
သောကြာ - စိန်
စေန - နီလာ
ရာဟု - ဂေါ်မိတ်

~~~~~~~~ ~~~~~~~~~~

နဝရတ်ကိုးပါး
----------------
ပတ္တမြား ဘုန်းတောက်
မြကျောက် အေးချမ်း
စိန်စွမ်း ဂုဏ်ရောင်
ကြောင်ကား သိဒ္ဓိ
မဏိ နီလာ မေတ္တာလွန်စိတ်
ဂေါ်မိတ် စွမ်းအား
ဥဿဖရား ကျန်းမာ
သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ
ဆိပ်ပြေ မဟူရာ
မင်္ဂလာ ကျောက်စိမ်း

မူရင်းရေးသားသူနှင့် ပုံများအားလုံးကို Credit ပေးပါတယ်ရှင်။

🙏💎🙏
NANN SANDY

Photos from Mogok Gems & Myanmar Jewellery's post 17/04/2023

NANN SANDY ရဲ့ ရတနာချစ်သူ ရတနာထိုက်သူများ
အားလုံးပဲ မြန်မာ့နှစ်သစ်ကူး မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် 🙏💎🙏

တနှစ်ပတ်လုံး ရတနာတွေ အဆက်မပြတ် ဝင်စေချင်တယ်ဆိုရင်လေ..
နှစ်သစ်ကူး မင်္ဂလာအခါသမယ အစကတည်းက စလို့ ရတနာ​တွေ ဝင်ကြရအောင် ရတနာတွေကို အရဝယ်ယူ​ပိုင်ဆိုင်ထားပြီး..
ဆောင်လိုက အဆောင်​ထားကြရင်း ဘုန်းတန်ခိုးတွေလည်း ကြီးမြင့်လို့ အသက်ရှည် ကျန်းမာကြရပါစေ..
ထပ်​ပြီးမကလို့ ဆင်မြန်းလိုကလည်း အဆင်တန်ဆာအဖြစ် အဖိုးထိုက်တန်စွာ ဆင်မြန်းဝတ်ဆင်နိုင်ကြရပါစေရှင့်။

🙏💝🙏
NANN SANDY

Photos from Mogok Gems & Myanmar Jewellery's post 24/01/2023

🌈 Valentine's Day Collection 2023 💕

For price contact 09965594570 or DM us.
For customer's customized jewellery (rings, pendents, earrings orders), will take 14 working days only before the 14th of February 2023.

လာမည့် ချစ်သူများနေ့ ၁၄ရက် ဖေဖော်ဝါရီလ ၂၀၂၃ အတွက် လက်စွပ် ဆွဲသီး နားပန်စုံများကို အများပြည်သူ ရုံးဖွင့်ရက်သတပတ် ၁၄ရက်အတွင်း အပ်ထည်များလက်ခံ၍ အပြီးအစီး အထည်ခတ်ပေးနေပါပြီနော့်!

ရတနာချစ်သူများ မိမိတို့ရဲ့ ချစ်သူခင်သူများအား မိုးကုတ်သဘာဝအစစ် ရတနာလေးတွေကို းက်ဆောင်ပေးချင်၍သော်လည်းကောင်း ရတနာဆွဲသီး လက်စွပ် နားပန်စုံ အထည်ခတ်ပေးလိုပါက NANN SANDY ရဲ့ ဖုန်း 0996559470 သို့ ဆက်သွယ်၍သော်လည်းကောင်း Cb မှာ စာပို့၍သော်လည်းကောင်း လာရောက် မှာယူအပ်နှံ ဝယ်ယူအားပေးနိုင်ပါသည်။

ကျေးဇူးမေတ္တာများစွာဖြင့်,
NANN SANDY
🙏💎🙏

Photos from Mogok Gems & Myanmar Jewellery's post 16/01/2023

💙💙 နီလာအကြောင်း သိကောင်းစရာ 💙💙

(၁) နီလာကျောက်(Sapphire)သည်...
ကံကောင်းစေသောကျောက်ဖြစ်၏
ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏
စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏။

(၂) နီလာသည် ပတ္တမြားနှင့် မျိုးရင်းတူ ကိုရမ်ဒမ် တွင်းထွက်ဖြစ်ပြီး ဓာတုဖွဲ့စည်းပုံအရ အလူမီနီယမ် အောက်ဆိုက်ဖြစ်သည်။ နီလာအား အပြာရောင်ကို ဖြစ်ပေါ်စေသော ဒြပ်စင်မှာ တိုက်တေနီယမ်နှင့် အိုင်ယွန်းအောက်ဆိုက် ဖြစ်သည်။ ပတ္တမြားကို အနီရောင် ဖြစ်ပေါ်စေသော ဒြပ်စင်မှာမူ ခရိုမီယမ်ဒြပ်စင်ဖြစ်သည်။

(၃) ပတ္တမြားသည် အနီရောင်အမျိုးမျိုးရှိပြီး အနီရောင်မှလွဲ၍ ကျန်အရောင်များ ရှိသော ကိုရမ်ဒမ်ကို နီလာဟု ခေါ်သည်။ နီလာတွင်ပါ၀င်သော သံဓာတ်အမျိုးအစားကို လိုက်ပြီး အရောင်မျိုးစုံ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် နီလာသည် အရောင်စုံရှိသော ကျောက်ဖြစ်ပါသည်။ သို့သော် Sapphire ဟူသော စကားရပ်မှာ အပြာဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာစကားမှ ဆင်းသက်လာသည်ဟုဆို​ကြသည်။ မူရင်းမှာ သင်္ကရိုက်ဘာသာမှ ဆင်းသက်လာဟန်ရှိသည်ဟု ဆိုကြပြန်​သေးသည်။

(၄) နီလာ၏ သိပ်သည်းဆသည် (၄)ဖြစ်ပြီး မိုးစကေးအရ မာဆင့် (၉)ဖြစ်သည်။ သက်ဆိုင်ရာ အခြားသော တွင်းထွက်များလိုပင် အောင်း၀င်များသည် ထွက်ရှိရာဒေသပေါ် မူတည်ပြီး မတူညီကြပေ။ မြန်မာနိုင်ငံတွင် နီလာများကို ကျောက်ပြာသာဒ်၊ ကျပ်ပြင်၊ ကသဲ၊ ဘားနတ်၊ လေသာ၊ ပန်ရှိုးမိုးမိတ်လွင်ပြင်၊ မိုးဟောက်ဒေသတို့တွင် တွေ့ရသည်။ နီလာသည် မြန်မာနိုင်ငံအပါအ၀င် သီရိလင်္ကာ၊ ကက်ရှမီးယား၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ထွက်ရှိပါသည်။

#နီလာ

09/01/2023

ဘဲရံ (သို့) နတ်သွေး Spinel Crystal (Natural)

ကျောက်တပွင့်ဖြစ်ဖို့ဆိုတာ ကမ္ဘာမြေကြီးအောက်မှာနေပြီး
နှစ်သန်းပေါင်းများစွာကြာအောင် ဖိအားနဲ့ အပူချိန် လိုအပ်ပါတယ်။ ဖိအား အပူချိန်နဲ့ ပွတ်တိုက်မှုတွေကြောင့် ကျောက်မျက်တွေဟာ သူ့အမျိုးအစားအလိုက် အသွင်ယူဖွဲ့တည်ပုံခြင်း မတူတော့ပါဘူး။

ပတ္တမြားဆိုရင် ဗုံတိုပုံ စလင်းဆိုရင် ပိရမစ်ပုံ စသဖြင့်ကွဲပြားသွားပါတယ်။ ဒီလို အသွင်ယူဖွဲ့စည်းခြင်းကို ပုံဆောင်ခဲ crystal လို့ ခေါ်ပါတယ်။ သူတို့ကို ရှာဖွေတွေ့ရှိတဲ့ အချိန်မှာတော့ အများစုက အကြောင်းအမျိုးမျိုးကြောင့်
ပုံဆောင်ခဲသဏ္ဍာန် ပျက်ယွင်းနေတာများပါတယ်။ တချို့ကတော့ ပုံဆောင်ခဲသဏ္ဍာန် မပျက်ဘဲတွေ့ရပါတယ်။
သဘာဝပုံဆောင်ခဲတွေကို မြန်မာတို့က နှစ်သက်လေ့ မရှိဘဲ
နိုင်ငံခြားသားများကသာ နှစ်သက်ဝယ်ယူလေ့ရှိ​ကြပါတယ်။
သဘာဝအတိုင်းပုံစံ မပျက်ဘဲ တွေ့ရှိရတဲ့ ပုံဆောင်ခဲတွေထဲမှာ spinel crystal လေးတွေက တမူထူး​ခြားပါတယ်။ မြေကြီးထဲကထွက်လာကတည်းက သွေးထားပြီးတဲ့အတိုင်း ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။

တချို့ဆို သဘာဝတရား၏ ဖိအားနှင့် ပွတ်တိုက်မှုကြောင့် လူကသွေးပြီး အရောင်တင်စရာ မလိုလောက်အောင်ကို ပြည့်စုံတဲ့ အလှနဲ့ တွေ့ရတတ်ပါတယ်။ ဒါကြောင့်သူတို့ကို မိုးကုတ်ဒေသခံတွေက နတ်တွေသွေး လိုက်သလိုဖြစ်နေလို့ "နတ်သွေး" လို့ ခေါ်ကြတာ​ပဲဖြစ်ပါတယ်။ နောက်တမျိုးအနေနဲ့ "ဘဲရံ" လို့လည်းခေါ်ကြပြန်ပါသေးတယ်။ ဘာ​ဖြစ်လို့ "ဘဲရံ" လို့ခေါ်ရသလဲဆိုတာတော့ စာရေးသူလည်း သေချာ မသိရှိပါ။
နတ်သွေး (သို့မဟုတ်) ဘဲရံလေးတွေကို တန်းကွင်းလက်စွပ်/လက်ကောက်လေးတွေ အထည်ခတ်လုပ်ရင် ဆင်မြန်းဝတ်ဆင်ရသူတိုင်း အရမ်းလှမှာပဲဖြစ်ပါတယ်။


#စာမူရင်းစာရေးသူအားCreditပေးပါသည်

Photos from Mogok Gems & Myanmar Jewellery's post 15/11/2022

နိုဝင်ဘာလအတွက် နိုဝင်ဘာလဖွားတို့ရဲ့ အဆောင်ရတနာ
စလင်းဝါ (Citrine) အကြောင်းသိကောင်းစရာလေးတွေ တင်ပေးပါရစေရှင့် 🙏💛🙏

စလင်းဝါဟာ နာမည်နဲ့ လိုက်အောင် ရွှေဝါရောင်လေးဖြစ်ပြီး မာဆင့်အားဖြင့် (7) ဖြစ်ပါတယ်။ စလင်းဝါဟာဆိုရင် ရှေးအစဉ်အဆက်တည်းကပင် ရတနာအဖြစ် အသုံးပြုခဲ့ယနေ့သည့်တိုင်ပါ။ စလင်းဝါကို အရိုင်းတုံးအခြေအနေတွင်(၂)မျိုးတွေ့ရတတ်ပါတယ်။
တစ်မျိုးမှာ ခရမ်းဆွဲကဲ့သို့ ကျောက်လုံးအခေါင်းပေါက်တွင်ဆွဲကပ်နေသည်။ တစ်မျိုးမှာတော့ ပုံမှန်ကျောက်ခဲတုံးအတိုင်းတွေ့ရတတ်ပါတယ်။ အရောင်အားဖြင့် အဝါဖျော့၊ အဝါရင့်၊ စိမ်းဝါရည်၊ ဝါညိုစသည့် အရောင်များစွာ တွေ့ရတတ်ပါတယ်။

စလင်းဝါသည် -
၁. ချမ်းသာကြွယ်၀မှုကို ကိုယ်စားပြုပါတယ်
၂. ကုန်သည်များ၏ အဆောင်ကျောက်လည်းဖြစ်ပါတယ်

စလင်းဝါသည် တန်ဖိုးသင့်ကျောက် ဖြစ်သော်လည်း စလင်းဝါသည် ကြည်လင်တောက်ပသော ရွှေဝါရောင်ကျောက်ဖြစ်သည့်အတွက် တန်ဖိုးကြီးသော နီလာဝါ ၊ ရွှေတွင်းဝါ ၊ ဂေါ်မိတ်​ရွှေဝါ​ရောင်တို့ နှင့် ဆင်တူသောကြောင့် လူကြိုက်များသော ရတနာလေးပဲဖြစ်ပါတယ်။ သို့သော် စျေးကွက်အတွင်း အလွန်ပေါများနေသော ဆေးသွင်းကျောက်၊ ချက်ကျောက်များနှင့် မှားယွင်း မ၀ယ်ယူမိစေရန် အထူးသတိပြုသင့်သည်။

ယူခုလို စလင်းဝါ အကြောင်းသိပြီဖြစ်သောအခါ အရောင်းအ၀ယ် ပြုလုပ်သူများကုန်သည်များ အဆောင်ဖြစ် ထားရှိသင့်သော ရတနာဖြစ်ကြောင်းဖော်ပြရင်း စလင်းဝါအကြောင်းလေးကတော့ ဤမျှနှင့်လောက်ပါပဲရှင်။

နောက်ရက်တွေမှာလည်း တခြားစိတ်၀င်စားစရာရှိသောကျောက်အကြောင်းများကို အခါအားလျော်စွာ ဆက်လက်တင်ပြပေးသွားပါမည်ရှင့်။

ဖတ်ရှသူအနေဖြင့် သဘောကျပါက Like & Share ပြုလုပ်ပေးခြင်းအားဖြင့် မိမိ ပြည်တွင်းထွက်ရှိသောကျောက်များအကြောင်း မျှဝေပေးလို့ရပါတယ် ။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချ​မ်းသာပြီး
ဘေး​ဘယာကင်းဝေးကြပါစေ တန်ဖိုးရှိတဲ့ ရတနာများစွာတို့ကိုလည်း ပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။

မူရင်း ဗဟုသုတစာပေများနှင့် ပုံများကို ဝေမျှတင်​ပြသူများအား Credit ပေးပါတယ်။

🙏💛🙏
Nann Sandy

13/11/2022

💎ကျောက်မျက်တို့၏ ဝေါဟာရများ💎

Almandine - ဂါးနက်အုပ်စုဝင်ကျောက်မျက်
Sard - chalcedony မျိုးနွယ်ဝင်ကျောက်
Bowenite - ဘိုဝင်နိုက် ( jade နဲ့တူ jade ထပ်ပျော့ )
Amber - ပယင်း
Apatite - နဂါးသွဲ့
Beryl - မြမျိုးကျောက်
Aquamarine - မြပြာ/စလင်းစိမ်း(မိုးကုတ်အခေါ်)
Emerald - မြ
Chalcedony - ချက်စီတိုနင်
Agate/ Fire Agate - စေတီကျောက်
Chrysoberyl - မြောစိမ်း
Alexandrite - သုံးပန်လှ
Chrysoberyl cat's eye(yellow) - သီလဂုတ်
Coral - သန်တာ
Corundum - အမာမျိုးကျောက်
Ruby - ပတ်တမွား
Sapphire - နီလာ
Colourless sapphire - နီလာဖြူ
Light blue/light yellow sapphire - ဥဿဖယား
Yellow sapphire - နီလာဝါ
Purple sapphire - ဣန္ဒနီလာ
Star ruby - ပတ္တမြားဂေါ်ကြိုး
Star sapphire - နီလာဂေါ်ကြိုး
Danburite - ရွှေတွင်းဝါ
Diamond - စိန်
Diaopside - မိုးကုတ်မြ ( အရပ်အခေါ် )
Epidote - ကြံဆစ်ရည်ကျောက်
Enstatite - မြောစိမ်း
Feldspar - ကြွေမျိုးကျောက်
Fluorite - မိုးကုတ်ပုလဲပြာ
Garnet - ဥဒေါင်
Demantoid garnet - ဥဒေါင်စိမ်း
Grossular garnet - ပူတာအိုကျောက်စိမ်း
Hematite - ရေသံကျောက်
Iolike - အညံ့နီလာ
Jadeite - ကျောက်စိမ်း
Violet/purple jade - ချွမ်ကျောက်စိမ်း
Kornerupine - ရေဂေါ်မိတ်
Kyanite - မိုးညှင်းနီလာ
Kunzite - ကွန်ဇိုက်
Lapis lazuli - ပါလဒုတ်ထာ
Moonstone - မြော
Nephrite - နယူးဇီလန်ကျောက်စိမ်း
Opal - အိုပါယ်/ကျောက်ဆန်း
Peridot - ပြောင်ခေါင်းစိမ်း
Phenakite - သလင်းတူကျောက်
Pyrite - ဗဟန်း
Quartz - စလင်း/သလင်း
Amethyst - ခရမ်းစွဲ/စလင်းစွဲ
Citrine - စလင်းဝါ
Rose quartz - ပန်းရောင်စလင်း
Blue quartz - စလင်းပြာ
Milky quartz - စလင်းဖြူ
Smoky quartz - စလင်းညို/စလင်းမီးခိုး
Qtz cat's eye - စလင်းကြောင်ကျောက်
Scapolite - သူရောင်/ မြောနီ ( Rare )
Silimanite - ထပ်ကျောက်
Spinel - အညံ့ပန်း/ပန်းညံ့
Spodumene - ထပ်ကွာကျောက်
Topaz - ထပ်တရာ
Tourmaline - ဖရဲအူ
Black tourmaline - မဟူရာ/မှတ်မီး
Green tourmaline - စောလဖေါ်မြ
Zircon - ဂေါ်မိတ်/ဂေါ်မုတ်/ ဂေါမုတ္တ
Hessonite - ဂေါ်မိတ်

ကိုယ်သိသလောက် ကျောက်မျက်တွေကို မြန်မာလိုနာမည်နဲ့တကွလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်ရှင့်၊ နောက်သိလာလေးတွေရှိရင် ဒီ Post ကို Edit လုပ်ပြီး ထပ်ဖြည့်ရေးပေးပါမယ်နော် ဖတ်ရှုသူတိုင်း တန်ဖိုးကြီးတဲ့ကျောက်မျက် ရတနာများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

စာ​ရေးသူနှင့် ပုံမျှ​ဝေပေးသူတို့အား Credit ပေးပါတယ်ရှင့်။

🙏💎🙏
Nann Sandy

12/11/2022

Gems Hardness and Mohs's Scale
============================
တွင်းထွက်ရတနာကျောက်များ၏ မာဆင့် နှင့် မိုးစ်စကေး

တွင်းထွက်ကျောက်များ၌ ပါဝင်သော အက်တမ်များ၏
ဖွဲ့စည်းတည်ဆောက်ပုံအပေါ် မူတည်ပြီး မာဆင့် ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ တွင်းထွက်ကျောက်များ၌ ပါရှိသည့် မတူညီသော ခံနိုင်ရည်စွမ်း ဂုဏ်သတ္တိများဖြစ်သည်။

ထိုဂုဏ်သတ္တိများမှာလည်း အစဉ်မြဲ ပြိုကွဲနေသည့် ၎င်း တို့၏ ပုံသဏ္ဍန်များအား တွန်းလှန်နိုင်စွမ်းနှင့် ပျက်စီးနေသော ၎င်းတို့၏ မျက်နှာပြင်များ ရေရှည်တည်မြဲမှု စွမ်းရည်ပင်ဖြစ်သည်။

ကျောက်မာဆင့် ကို ပထမဆုံးဖေါ်ထုတ်ခဲ့သူမှာ Reaumur ဖြစ်သည်။

1722 ခုနစ်က ကျောက်များ၏ ပရစ်ဇင်အတုံးများ၏
အနားစွန်းများအား ပွတ်တိုက်နှိုင်းယှဉ်ခြင်းဖြင့်
မာဆင့်ကိုပြသခဲ့သည်။

1822 တွင် ဂျာမန်တွင်းထွက်ပညာရှင် Friedrich Mohs
မှ တွင်းထွက်များ၏ မာဆင့်များကို နှိုင်းယှဉ်ဖေါ်ထုတ်ခဲ့သောကြောင့် သူ၏အမည် "Mohs" ကို အစွဲပြု၍ "မိုးစ် စကေး"ဟု လက်ခံခေါ်တွင်လာခဲ့ကြသည်။

အောက်ကပုံတွင် ဖော်ပြထားသည်အတိုင်း တွင်းထွက်ရတနာတို့၏ မာဆင့် အဆင့်ဆင့်ကို အစဥ်လိုက် လေ့လာမှတ်သားနိုင်ပါမည်။

ဗဟုသုတမျှဝေပေးသူအား Credit ပေးပါသည်။ ပုံတင်မျှ​ဝေပေးသူကိုလည်း Credit ပေးပါသည်။

🙏💎🙏
Nann Sandy

02/11/2022

🌷🙏🌷🍃🌷💎🌷🍃🌷🙏🌷

သဘာဝရတနာတိုင်းဟာ အစောင့်အရှောက်ရှိတယ်
နတ်ကြီးတယ်လို့ ရှေးရှေးကတည်းက ပြောခဲ့ကြတယ်

သဘာဝရဲ့စွမ်းအင်ကို လူသားတို့ လောကီပညာဖြင့်
တုပ၍ မည်သို့မျှ မစွမ်းနိုင် သဘာဝရဲ့စွမ်းအားတွေဟာ
လောကဓာတ်တစ်ခုလုံးကို ဦးဆောင်လို့ လွှမ်းခြုံနေပါတယ်

ကတိသစ္စာတွေတည်ခဲ့ကြလို့
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသလိုပါပဲ
လောကတရားတော်များအတိုင်း
ပြုမူနေထိုင်ပြောဆိုလုပ်ကိုင်ကျင့်သုံးသူကိုသဘာဝတရားကြီးက စောင့်ရှောက်လို့ရတယ်

ထိုသို့မဟုတ်ပဲ စည်းလွတ်ဝါးလွတ်
နေထိုင်ပြုမူပြောဆိုလုပ်ကိုင်သူကို
သဘာဝတရားကြီးက စောင့်ရှောက်လို့မရပါဘူး
စောင့်ရှောက်လို့ရတဲ့သူကိုမှသာ စောင့်ရှောက်တာဆိုတာလေးလည်း သတိထားမိပါတယ်

သဘာဝကျောက်မျက်တွေကို ကိုင်နေတဲ့လက် အလိုရမ္မက်တွေနဲ့ မစင်ကြယ်တဲ့အခါ
ပျက်စီးခြင်းတွေကြုံရ သဘာဝရဲ့ကျိန်စာသင့်ကြရတာ
သာဓကတွေနဲ့ရှိပါတယ်

မလိမ်မညာ အလိုလောဘမကြီးပဲ
တော်တန်ရုံအသင့်အတင့်ဖြင့် လူသားတွေအကျိုးမျှော်ကိုးပြီး သဘာဝရတနာတွေကို မျှဝေလိုသော
စိတ်ထားရှိကြပါစေ

ရတနာထိုက်ကြပါစေ ရတနာတို့ရဲ့ ​အစောင့်အရှောက်ကိုလည်း ပိုင်ဆိုင်ရရှိကြပါ​စေ။

မျှ​ဝေခွင့်အတွက် စာရေးသူအား Credit ပေးပါတယ်။

🙏💎🙏
Nann Sandy

18/09/2022

Contact +95-965594570 or DM.

18/09/2022

စပင်နယ်တို့ကိုအရည်အသွေးစစ်ဆေးသည့်အချက်များ-

Spinel စပင်နယ် ( အညံ့ပန်း ) တို့သည် ကျောက်မျက်ရတနာကို နှစ်သက်မြတ်နိုးသူများ အလွန်တန်ဖိုးထားကြသလို၊ သဘာဝ ပုံဆောင်ခဲများသည်လည်း စု့ဆောင်းသူများ၏ တန်ဖိုးထားဝယ်ယူစု့ဆောင်းမူ့ကြောင့် အလွန်ဝယ်လိုအားများသော ကျောက်မျက်တခု့ ဖြစ်ပါသည်။

စပင်နယ် ( အညံ့ပန်း ) တို့သည် အရောင်မျိုးစုံဖြင့်တွေ့ရနိုင်ပြီး၊ စီးပွါးရေးအရ တန်ဖိုးကြီးသော အရောင်များမှာ Red အနီရောင်နှင့် Pink ပန်းရောင်တို့ဖြစ်ကြပါသည်။

( Mauve- or lilac-colored ) ပန်းခရမ်းရောင်နှင့် အပြာရောင်ပြည့်ဝသော စပင်နယ်တို့သည်လည်း ဆွဲဆောင်မူ့ရှိသော အရောင်များဖြစ်ကြပါသည်။

ောင်

စပင်နယ် ( အညံ့ပန်း ) တို့တွင် အချို့သောအရောင်တို့သည် အခြားသော အရောင်များနှင့် နိူင်းယှဉ်လျှင် ပိုရှားပါး၍ တန်ဖိုးပိုမြင့်မားကြပါသည်။

ယေဘူရအားဖြင့်ဆိုလျှင်၊ အနီရောင်စပင်နယ်တို့သည် နှစ်သက်မြတ်နိုးဖွယ် အကောင်းဆုံးသော အရောင်ဖြစ်ကြပြီး၊ အရည်အသွေးကောင်းမွန်သော ကိုဘော့ဒြပ်စင်ပါဝင်မူ့ကြောင့် အပြာရောင်ဖြစ်ပေါ်သော ( Fine cobalt-blue spinel ) အပြာရောင်စပင်နယ်များ၊ ထို့နောက် ( Vbrant hot pink ) တောက်ပ၍ လင်းလက်လှပသော ပန်းရောင်စပင်နယ်များနှင့်၊ ( Orange ) လိမ္မော်ရောင် စပင်နယ်များသည် စျေးကွက်တွင် အဆင့်ဆင့် တန်ဖိုးမြင့်မားကြပါသည်။

violet ခရမ်းရောင်နှင့် ( Bluish purple to purple ) ပန်းခရမ်းရောင်မှ အပြာရောင်အစွဲဝင်သော ပန်းခရမ်းရောင်တို့သည် စွဲဆောင်မူ့အနည်းဆုံးဖြစ်ကြ၍ ရှားပါးသောအရောင်များနှင့် နိူင်းယှဉ်လျှင် ဝယ်လိုအားအနည်းဆုံးသော စပင်နယ်အရောင်များဖြစ်ကြပါသည်။

အနီရောင်စပင်နယ်တို့၏ အနီရောင်သည် အနီရောင်တွင် လိမ္မော်ရောင်အစွဲဝင်သော ( Orange Red )လိမ္မော်နီအရောင်မှ အနီရောင်တွင် ခရမ်းရောင်အစွဲဝင်သော (Purplish Red ) ခရမ်းနီအရောင်အထိဖြစ်၍၊

( Hue ) ဟု့ခေါ်သော ပင်ကိုအရောင်မှာ ( Pure Red ) သန့်စင်သောအနီရောင်မှ ( Very Slightly Purplish Red ) အနီရောင်တွင် ခရမ်းရောင် အနည်းငယ်သာအစွဲဝင်သော ခရမ်းနီအရောင်တွင်၊

အလင်းနှင့်အမှောင် ( Tone ) မှာ၊ အမဲရိပ်မပါသောအလင်း ( Medium ) မှ အမဲရိပ်အနည်းငယ်သာပါသော ( Medium Dark ) အလင်းအထိ ပေါင်းစပ်တွေ့ရှိရသော အရောင်သည် အရည်အသွေး အကောင်းဆုံးသော အရောင်ဖြစ်ပါသည်။

အရည်အသွေးအကောင်းဆုံးသော ၅ ကလပ်အရွယ်၊ အနီရောင်စပင်နယ်တို့သည် တူညီသောအရွယ်နှင့် အရည်အသွေးရှိသော ပတ္ထမြား၏ ဆယ်ပုံတစ်ပုံခန့် စျေးနူန်းရှိပါသည်။

ပန်းရောင်စပင်နယ်တို့သည် ပန်းရောင်နီလာတို့ထက် တန်ဖိုးလျော့နည်းပါသည်။

ကျောက်မျက်ပညာရှင်များနှင့် ကျောက်မျက်ရတနာကို ချစ်မြတ်နိုးကြသူများ၏ ဝယ်လိုအား များပြားမူ့များကြောင့် အရည်အသွေးကောင်းမွန်သော စပင်နယ်များ၏ ဝယ်လိုအားသည်၊ ရရှိနိင်သော ရောင်းလိုအားထက် အမြဲများပြားနေခဲ့၍ လူကြိုက်များလာခဲ့သည်မှာ လွန်ခဲ့သော ဆယ်စု့နှစ် နှစ်ခန့်ကပင်ဖြစ်ပါသည်။

ထို့ကြောင်ပင်၊ စပင်နယ်နှင့် ပတ္ထမြား၊နီလာတို့၏ စျေးနူန်းကွာခြားမူ့မှာ လျော့နည်း၍ နီးစပ်လာခဲ့ပါသည်။

အပြာရောင်စပင်နယ်တို့၏ အရောင်သည် အပြာရောင်တွင် ခရမ်းရောင်ပါဝင်သော ခရမ်းပြာအရောင်မှ အပြာရောင်တွင် အစိမ်းရောင်အနည်းအစွဲဝင်သော စိမ်းပြာရောင်ဖျော့ဖျော့အထိရှိပါသည်။

အပြာရောင်စပင်နယ် အများစု့တို့သည် အရောင်ပြည့်ဝမူ့လျော့နည်း၍ ထင်ရှားသော မီးခိုးရောင်အစွဲပြလေ့ရှိပါသည်။

ပြည့်ဝသော ခရမ်းပြာရောင်မှ သန့်စင်သော အပြာရောင်နှင့် မမဲလွန်း မလင်းလွန်းသော အလင်းအမှောင်ရှိသည့် အပြာရောင်စပင်နယ်တို့သည် အကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံးဖြစ်ပြီး အပြာရောင်နီလာတို့နှင့် တန်ဖိုးတူညီကြပါသည်။

့်စင်မူ့

စပင်နယ်တို့တွင် သာမန်မျက်စိဖြင့်ကြည့်လျှင် ( Inclusions ) အောင်းဝင်ကိုမြင်ရသော ( Eye-Visible Inclusions ) စပင်နယ်က တန်ဖိုးနည်း၍ သာမန်မျက်စိဖြင့်ကြည့်လျှင် အောင်းဝင်ကို မမြင်ရသော ( Eye-Clean Inclusions) စပင်နယ်က တန်ဖိုးပိုကြီးပါသည်။

အောင်းဝင်များပိုများလေလေ၊ တန်ဖိုးလျှော့နည်းလေလေ ဖြစ်ပါသည်။

စပင်နယ်တို့တွင် ( Octahedron Shape ) ရှစ်မျက်နှာပုံ ပုံဆောင်ခဲကြီးထွားစဉ် လှပသောအောင်းဝင်များ ပါဝင်လာတတ်ပါသည်။

အချို့သော အောင်းဝင်များသည် အုပ်စု့လိုက်ဖြင့် လူတို့၏ လက်ဗွေ့ရာသဏ္ဏန် ( Appearance of a human fingerprint ) ဖြစ်ပေါ်တတ်ပါသည်။

ွေးကွက်

စပင်နယ်တို့ကို သွေးကွက်စတိုင်မျိုးစုံနှင့် ပုံသဏ္ဏန်မျိုးစုံသွေးကြသော်လည်း၊အခြားအရောင်ပါသော ကျောက်မျက်များကဲ့သို့ပင် ( Oval Shape ) ဘဲဥပုံနှင့် ( Cushion Shape ) ကူရှင်ပုံတို့သည် လူကြိုက်များပါသည်။

အရည်အသွေးကောင်းမွန်သော စပင်နယ်တို့ကို့ စျေးကွက်တွင်ရှားပါးမူ့ကြောင့် အလေးချိန်ပိုရနိုင်စေရန် တိကျသော အချိုးကျသွေးခြင်းထက် ပုံဆောင်ခဲပုံသဏ္ဏန်ပေါ်တွင်မူတည်ပြီး ပုံအရသွေးလေ့ရှိပါသည်။

( The standard-cut, or calibrated )တိကျသောအချိုးအစားများဖြင့် သွေးခြင်းကို လက်ဝတ်ရတနာများ၏ အလယ်အပွင့်အနေဖြင့် အသုံးပြု့နိုင်ရန် ဘဲဥပုံ၊ ( mixed-cut ovals ) ဖြင့်၆ x ၄ နှင့် ၇ x ၅ မီလီမီတာ အရွယ်တို့ဖြင့် သွေးလေ့ရှိကြပါသည်။

( Commercial qualities ) တန်ဖိုးနည်းသော စပင်နယ်များကိုမူ ပိုမို၍ ( The standard-cut, or calibrated )တိကျသော အချိုးအစားများဖြင့် သွေးကြပါသည်။

ေးချိန်_အရွယ်အစား

အရွယ်ကြီးမားသောစပင်နယ်များကို တကလပ်ခြင်းစျေးပိုများလေ့ရှိပါသည်။
( ၅ ) ကလပ်အထက် အရွယ်ကြီးမားသော အရည်အသွေးကောင်းမွန်သည့် အနီရောင်၊ ပန်းရောင်၊နှင့် အပြာရောင် စပင်နယ်တို့တွင် တန်ဖိုးသိသာထင်ရှားစွာ စျေးနူန်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

——————————————————————————





Credit to YGIL. Credit to original photo uploader.

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ရတနာစစ်ချက် (သို့မဟုတ်) ပေါက်ပြီးသား ထီလက်မှတ်လေးတွေပါတဲ့ရှင် 😍🙏💎🙏NANN SANDY
မင်္ဂလာပါ မိုး​ကုတ်သဘာဝရတနာများနှင့် ကမ္ဘာ့သဘာဝ ရတနာများအား ချစ်မြတ်နိုး​ကြသူများရှင် 🙏💎🙏ရတနာရောင်းတဲ့ ရတနာကုန်သည်မို့ ပ...
“ နီလာဆိုလို့ အနီပဲ မှတ်နေတာ““ တကယ်တော့ နီလာက အပြာ​ရောင်ပဲ “ " နီလာက အရောင်ကွဲတွေ အများကြီးရှိတာလား? "" နီလာက ဘယ်နှရောင်...
🌷🙏🌷🍃🌷💎🌷🍃🌷🙏🌷သဘာဝရတနာတိုင်းဟာ အစောင့်အရှောက်ရှိတယ်နတ်ကြီးတယ်လို့ ရှေးရှေးကတည်းက ပြောခဲ့ကြတယ်သဘာဝရဲ့စွမ်းအင်ကို လူသားတို့ လ...

Category

Telephone

Website

Address

Yangon
Yangon
Other Jewelry/Watches in Yangon (show all)
Htoo Gold and Jewelry ထူး စိန်ရွှေရတနာ Htoo Gold and Jewelry ထူး စိန်ရွှေရတနာ
42(C)Yaw Min Gyi Street, Dagon Township
Yangon, 11191

မင်္ဂလာပါရှင် 😊 ထူး ကျောက်မျက်နှင့် စိန်ရွှေရတနာဆိုင် မှကြိုဆိုပါတယ်ရှင့်

နာရီဆိုင်- Narre Sine နာရီဆိုင်- Narre Sine
Thingangyun
Yangon

Good Quality,Fair Price

Zappy 3D Jewel Design Training Zappy 3D Jewel Design Training
No(4), Ground Floor, , Dhama Wi Ha Ra, Short Street, Tamwe Tsp
Yangon, 11201

Success Together

KHIN Collections Gems & Jewellery KHIN Collections Gems & Jewellery
No. 22(B), Pyi Thar Yar Street, Qtr-16, Yankin Township
Yangon, 11081

You can buy confidently designed and beautiful Myanmar Jewelry.

Shwe Latyar-Goldsmith Shwe Latyar-Goldsmith
North Okkalapa
Yangon

Trusted & Quality Products

MSS jewellery MSS jewellery
Kabar Aye Pagoda Road
Yangon

(Jewelry shop)Quality products with reasonable price

Shi Jewellery Shi Jewellery
Shwe Pyi Aye Street
Yangon, 11181

All the pieces are pure silverware and Shi Jewellery is an enterprise of silversmith or any kinds of

MZKZ Jewellery MZKZ Jewellery
Yangon

We sell the natural burma gems and jewels.

Pretty Polly 925 Silver Collection Pretty Polly 925 Silver Collection
Yangon

Beauty and Smart

TIARA by Shun TIARA by Shun
B292, B293, 2F (Level 2), Times City Jewellery Mall, Corner Of Hanthawaddy Road & Kyuntaw Road
Yangon, R48H+QCYANGON

We provide fine jewelleries with high-quality diamonds and gemstones which are locally crafted.

PoMo Online Watch Store PoMo Online Watch Store
Yangon

Watches

Online Palace Shopping Online Palace Shopping
Yangon

Thailand direct online shopping