AATC Air-conditioning Training Center
Our Course provides a simple understanding of Air-conditioning fundamentals for you.
Photos from AATC Air-conditioning Training Center's post 05/12/2023
AATC Air-con သင်တန်းမှာ
ဘာတွေသင်သလဲ။
~~~~~~~~~~~
Air con သင်တန်းမှာ
သီအိုရီအနေနဲ့
(1) air con အမျိုးအစားများနှင့်အစိတ်အပိုင်းများ (Types and parts of equipment of air conditioner)
(2) air con တပ်ဆင်/ ပြုပြင်ရာတွင် သုံးစွဲသည့် ကိရိယာများ နှင့်စက်ပစ္စည်းများ ( Tools and Equipment)
(3) အခန်းတစ်ခုတွင်တပ်ဆင်ရမည့် air con ပမာဏ တွက်ချက်ခြင်း (cooling load calculation)
(4) air con နှင့်သက်ဆိုင်သည့် အင်ဂျင်နီယာဆိုင်ရာအခေါ်အဝေါ်များနှင့် ယူနစ်များ
(Units and terms of engineering)
(5) အအေးကွိုင်(evaporator)
(6) ကွန်ပရက်ဆာ အမျိုးအစားများ
(reciprocating compressor rotary compressor, scroll compressor, screw compressor, centrifugal compressor)
(7) အပူကွိုင် (condenser)
(8) Expansion Device (capillary tube AEV,TEV,EEV)
(9) air con သုံး ဓာတ်ငွေ့ရည်များ
(Refrigerant R-22,R-410A,R-32)
(10) လေထု အကြောင်းလေ့လာမှု
(Psychrometric or study of air)
(11) ဆားကစ် ကဒ်, PCB
(printed circuit board)
(12) အခြေခံ လျပ်စစ်သဘောတရား
(Basic Electricity)
(13) လေအေးပိုက်လိုင်းဖြင့်အအေးပေးစနစ်
(Ducted Type)
(13) VRV/VRF စနစ်
Variable Refrigerant volume
Variable Refrigerant Flow
(14) ကြေးပိုက်လိုင်းများကို ဂဟေဆော်ခြင်း။
(Brazing)
(15) လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု
(Workplace safety)
(16) အဖြစ်များသောပြဿနာများ
(Common problems)
အကြောင်းတွေကို သင်ကြားပေးပါတယ်။
လက်တွေ့ပိုင်းအနေနဲ့
(1) ကြေးပိုက် ဖြတ်တောက်ခြင်း
(2) ကြေးပိုက်(45 deg/ 90 deg) ကွေးခြင်း။
(3) ကြေးပိုက် Flare ဖော်ခြင်း
(4) ကြေးပိုက် ဂဟေဆော်ခြင်း
( လေအိုး+မီးအိုးဖြင့် ဂဟေဆော်ခြင်း နှင့် Gas ဗူးဖြင့် ဂဟေဆော်ခြင်း)
(5) နံရံအပေါက်ဖောက်ခြင်း
(အုတ်နံရံအစစ်တွင် Hole saw ဖြင့်တဦးချင်းစီဖောက်၍ လေ့ကျင့်ရပါသည်)
(6) air con indoor unit နှင့် outdoor unit များကိုတပ်ဆင်ခြင်း
(7) indoor unit နှင့် outdoor unit များကို တစစီ ဖြုတ်ခြင်း နှင့် ပြန်လည်တပ်ဆင်ခြင်း။
(8) ကွန်ပရက်ဆာ C,R,S ခွဲခြင်းနှင့် wiring ဆင်ခြင်း
(9) air con ဆေးကြောသန့်စင်ခြင်း။
(a) တစစီဖြုတ်၍ဆေးကြောခြင်း
(b) cover ချွတ်၍ အိတ်စွပ်ဆေးကြောခြင်း။
(10) Gas သိမ်းခြင်း။
(Pump down)
(11) 3 phase တွင် phase မှန်မမှန် sequence meter ဖြင့်စစ်ဆေးခြင်းနှင့် မှားယွင်းနေပါက ပြင်ဆင်ခြင်း။
(12) ကွန်ပရက်ဆာလဲခြင်း
(13) Expansion Valve လဲခြင်း
(14) VRF outdoor unit ရှိ အစိပ်အပိုင်းများနှင့်လုပ်ဆောင်ချက်များကို ရှင်းလင်းသင်ကြားခြင်း။
(VRF demonstration)
(15) Cassette Type indoor unit ဆေးကြောခြင်း။
(16) Floor Standing Type indoor unit ဆေးကြောခြင်း။
(17) လေအေးလေးထောင့်ပိုက်လိုင်းများ(Duct Line) တပ်ဆင်ခြင်း။
(18) ကြေးပိုက်တွင် အပူကာ ပစ္စည်း insulator တပ်ဆင်ခြင်း။
(19) Trunking ( ကြေးပိုက်အုပ် PVC အကာ) ဖြတ်တောက်တပ်ဆင်ခြင်း။
လုပ်ငန်းခွင်လေ့လာမှု့ အနေနဲ့ကတော့
အပတ်စဉ် လုပ်ငန်းခွင်(site) အတွင်းသွားရောက်လေ့လာရပါမည်။
အလုပ်သင်အဖြစ်လုပ်ကိုင်ခွင့်
သင်တန်းပြီးဆုံးပါက မိမိသင်ကြားထားသော ပညာရပ်များကိုပိုမို ကျွမ်းကျင်လာစေရန် အလုပ်သင်အဖြစ် မိမိ ဆန္ဒရှိသောအချိန်အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
သင်တန်းတည်နေရာ
AATC
အမှတ် ၂၈ မြခွာညိုအိမ်ရာ
(အောင်ကောင်းကျော်) ဧရာဝဏ်လမ်း
၈ ရပ်ကွက်၊ သာကေတမြို့နယ်။
Phone- 09 881 888 939
09 881 888 909
* ကြားရက်(Mon-Fri) သင်တန်းနှင့်
စနေတနင်္ဂနွေ သင်တန်း ၂ မျိုးရှိ
ပါသည်။
04/12/2023
Theory ➡️ Practical ➡️ On Job Training ➡️ Internships Program
တဆင့်ချင်း‌ဆီ သင်ယူ လေ့လာ လေ့ကျင့် လုပ်ကိုင် နေကြတဲ့ AATC အဖွဲ့သားများ
လက်တွေ့အသုံးချ Aircon သင်တန်းကို
ဆက်သွယ်ပြီး လာမည့်အပတ်စဉ်သင်တန်းအတွက် ကြိုတင်စာရင်းပေးပြီးသင်တန်းအပ်လို့ရနေပါပြီ။
🏫 သင်တန်းတည်နေရာ
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။
အသေးစိတ် ထပ်မံ သိရှိလိုပါက
☎️09 881 888 939, 09 881 888 909
(သို့) page messenger မှ ဆက်သွယ် ‌စုံစမ်းမေးမြန်းနိုင်ပါသည်။
17/11/2023
ဘယ်ပညာပဲဖြစ်ဖြစ် တတ်ထားပြီဆိုရင်
သူခိုးခိုး ခံရလည်း ပါမသွားနိုင်တဲ့အတွက်
တတ်ထားရင် မမှားတဲ့ သင်တန်းလေးတစ်ခုတော့
တက်ထားဖို့ အကြံပြုပါတယ် 😊
Theory ➡️ Practical ➡️ On Job Training ➡️ Internships Program
လက်တွေ့အသုံးချ Aircon သင်တန်းကို
ဆက်သွယ်ပြီး လာမည့်အပတ်စဉ်သင်တန်းအတွက်
ကြိုတင်စာရင်းပေးပြီးသင်တန်းအပ်လို့ရနေပါပြီ။
🏫 သင်တန်းတည်နေရာ
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။
အသေးစိတ် ထပ်မံ သိရှိလိုပါက
☎️09 881 888 939, 09 881 888 909
(သို့) page messenger မှ ဆက်သွယ် ‌စုံစမ်းမေးမြန်းနိုင်ပါသည်။
Photos from AATC Air-conditioning Training Center's post 14/11/2023
OJT ထွက်ရလို့ ပျော်နေတဲ့ AATC သင်တန်းသားတွေရဲ့ Review 🤩
သင်လည်းသူတို့လို လုပ်ငန်းခွင်မှာ ကိုယ်တိုင်လုပ်ကိုင်လေ့လာ သင်ကြားခွင့်တွေ ရချင်တယ်ဆိုရင်တော့
လက်တွေ့အသုံးချ Aircon သင်တန်းကို
ဆက်သွယ် ကြိုတင်စာရင်းပေးပြီး
သင်တန်းအပ်လို့ရနေပါပြီ။
🏫 သင်တန်းတည်နေရာ
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။
အသေးစိတ် ထပ်မံ သိရှိလိုပါက
☎️09 881 888 939, 09 881 888 909
(သို့) page messenger မှ ဆက်သွယ် ‌စုံစမ်းမေးမြန်းနိုင်ပါသည်။
Photos from AATC Air-conditioning Training Center's post 08/11/2023
Theory ➡️ Practical ➡️ On Job Training ➡️ Internships Program
တဆင့်ချင်း‌ဆီ သင်ယူ လေ့လာ လေ့ကျင့် လုပ်ကိုင် နေကြတဲ့ AATC အဖွဲ့သားများ
လက်တွေ့အသုံးချ Aircon သင်တန်းကို
ဆက်သွယ်ပြီး လာမည့်အပတ်စဉ်သင်တန်းအတွက် ကြိုတင်စာရင်းပေးပြီးသင်တန်းအပ်လို့ရနေပါပြီ။
🏫 သင်တန်းတည်နေရာ
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။
အသေးစိတ် ထပ်မံ သိရှိလိုပါက
☎️09 881 888 939, 09 881 888 909
(သို့) page messenger မှ ဆက်သွယ် ‌စုံစမ်းမေးမြန်းနိုင်ပါသည်။
08/11/2023
AATC Air-con သင်တန်းမှာ
ဘာတွေသင်သလဲ။
~~~~~~~~~~~
Air con သင်တန်းမှာ
သီအိုရီအနေနဲ့
(1) air con အမျိုးအစားများနှင့်အစိတ်အပိုင်းများ (Types and parts of equipment of air conditioner)
(2) air con တပ်ဆင်/ ပြုပြင်ရာတွင် သုံးစွဲသည့် ကိရိယာများ နှင့်စက်ပစ္စည်းများ ( Tools and Equipment)
(3) အခန်းတစ်ခုတွင်တပ်ဆင်ရမည့် air con ပမာဏ တွက်ချက်ခြင်း (cooling load calculation)
(4) air con နှင့်သက်ဆိုင်သည့် အင်ဂျင်နီယာဆိုင်ရာအခေါ်အဝေါ်များနှင့် ယူနစ်များ
(Units and terms of engineering)
(5) အအေးကွိုင်(evaporator)
(6) ကွန်ပရက်ဆာ အမျိုးအစားများ
(reciprocating compressor rotary compressor, scroll compressor, screw compressor, centrifugal compressor)
(7) အပူကွိုင် (condenser)
(8) Expansion Device (capillary tube AEV,TEV,EEV)
(9) air con သုံး ဓာတ်ငွေ့ရည်များ
(Refrigerant R-22,R-410A,R-32)
(10) လေထု အကြောင်းလေ့လာမှု
(Psychrometric or study of air)
(11) ဆားကစ် ကဒ်, PCB
(printed circuit board)
(12) အခြေခံ လျပ်စစ်သဘောတရား
(Basic Electricity)
(13) လေအေးပိုက်လိုင်းဖြင့်အအေးပေးစနစ်
(Ducted Type)
(13) VRV/VRF စနစ်
Variable Refrigerant volume
Variable Refrigerant Flow
(14) ကြေးပိုက်လိုင်းများကို ဂဟေဆော်ခြင်း။
(Brazing)
(15) လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု
(Workplace safety)
(16) အဖြစ်များသောပြဿနာများ
(Common problems)
အကြောင်းတွေကို သင်ကြားပေးပါတယ်။
လက်တွေ့ပိုင်းအနေနဲ့
(1) ကြေးပိုက် ဖြတ်တောက်ခြင်း
(2) ကြေးပိုက်(45 deg/ 90 deg) ကွေးခြင်း။
(3) ကြေးပိုက် Flare ဖော်ခြင်း
(4) ကြေးပိုက် ဂဟေဆော်ခြင်း
( လေအိုး+မီးအိုးဖြင့် ဂဟေဆော်ခြင်း နှင့် Gas ဗူးဖြင့် ဂဟေဆော်ခြင်း)
(5) နံရံအပေါက်ဖောက်ခြင်း
(အုတ်နံရံအစစ်တွင် Hole saw ဖြင့်တဦးချင်းစီဖောက်၍ လေ့ကျင့်ရပါသည်)
(6) air con indoor unit နှင့် outdoor unit များကိုတပ်ဆင်ခြင်း
(7) indoor unit နှင့် outdoor unit များကို တစစီ ဖြုတ်ခြင်း နှင့် ပြန်လည်တပ်ဆင်ခြင်း။
(8) ကွန်ပရက်ဆာ C,R,S ခွဲခြင်းနှင့် wiring ဆင်ခြင်း
(9) air con ဆေးကြောသန့်စင်ခြင်း။
(a) တစစီဖြုတ်၍ဆေးကြောခြင်း
(b) cover ချွတ်၍ အိတ်စွပ်ဆေးကြောခြင်း။
(10) Gas သိမ်းခြင်း။
(Pump down)
(11) 3 phase တွင် phase မှန်မမှန် sequence meter ဖြင့်စစ်ဆေးခြင်းနှင့် မှားယွင်းနေပါက ပြင်ဆင်ခြင်း။
(12) ကွန်ပရက်ဆာလဲခြင်း
(13) Expansion Valve လဲခြင်း
(14) VRF outdoor unit ရှိ အစိပ်အပိုင်းများနှင့်လုပ်ဆောင်ချက်များကို ရှင်းလင်းသင်ကြားခြင်း။
(VRF demonstration)
(15) Cassette Type indoor unit ဆေးကြောခြင်း။
(16) Floor Standing Type indoor unit ဆေးကြောခြင်း။
(17) လေအေးလေးထောင့်ပိုက်လိုင်းများ(Duct Line) တပ်ဆင်ခြင်း။
(18) ကြေးပိုက်တွင် အပူကာ ပစ္စည်း insulator တပ်ဆင်ခြင်း။
(19) Trunking ( ကြေးပိုက်အုပ် PVC အကာ) ဖြတ်တောက်တပ်ဆင်ခြင်း။
လုပ်ငန်းခွင်လေ့လာမှု့ အနေနဲ့ကတော့
အပတ်စဉ် လုပ်ငန်းခွင်(site) အတွင်းသွားရောက်လေ့လာရပါမည်။
အလုပ်သင်အဖြစ်လုပ်ကိုင်ခွင့်
သင်တန်းပြီးဆုံးပါက မိမိသင်ကြားထားသော ပညာရပ်များကိုပိုမို ကျွမ်းကျင်လာစေရန် အလုပ်သင်အဖြစ် မိမိ ဆန္ဒရှိသောအချိန်အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
သင်တန်းတည်နေရာ
AATC
အမှတ် ၂၈ မြခွာညိုအိမ်ရာ
(အောင်ကောင်းကျော်) ဧရာဝဏ်လမ်း
၈ ရပ်ကွက်၊ သာကေတမြို့နယ်။
Phone- 09 881 888 939
09 881 888 909
* ကြားရက်(Mon-Fri) သင်တန်းနှင့်
စနေတနင်္ဂနွေ သင်တန်း ၂ မျိုးရှိ
ပါသည်။
23/10/2023
လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်မည့် Air Con သင်တန်း
AATC air con သင်တန်းဟာ သင်တန်းပြီးဆုံးချိန်မှာ လုပ်ငန်းခွင်အတွေ့အကြုံရရှိရန် အလုပ်သင် အဖြစ်ဝင်ရောက် လုပ်ကိုင်နိုင်မည့်အခွင့်အရေးပေးထားတဲ့ နည်းပါးလှတဲ့သင်တန်းတွေထဲက တခုဖြစ်ပါတယ်။
အိမ်သုံး Air Con အပြင် VRF စနစ်နဲ့ DUCTED TYPE တွေကို တပ်ဆင်ခြင်းနဲ့ ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုပါ အတွေ့အကြုံရယူနိုင်မှာဖြစ်ပါတယ်။
AATC
Air Con သင်တန်း
၂၈ မြခွာညိုအိမ်ရာ(အောင်ကောင်းကျော်)
ဧရာဝဏ်လမ်း
သာကေတ၊ ရန်ကုန်။
Ph 09 881 888 939
09 881 888 909
16/10/2023
မြင်းကောင်ရေ၊ တန် နင့် Air Con
~~~~~~~~~~~~~~~~~~~~~~~~
မြန်မာပြည်မှာ Air Con တပ်ဆင်ချင်တဲ့ အိမ်ရှင်တွေက သူတို့အိမ်မှာ အဲကွန်း ဘယ်နှစ်ကောင်အား တပ်ရမလဲလို့ မေးတတ်ကြပါတယ်။
Air Con ဆင်တဲ့အဖွဲ့တွေကလည်း အကိုတို့ အမတို့အိမ်က ဘယ်နှစ်ကောင်အားလောက်ဆို အဆင်ပြေတယ်။ ဘယ်နှစ်ကောင်အားလောက်တပ်ရမယ် စသည်ဖြင့် ပြန်ဖြေကြပါတယ်။
Air Con ရောင်းတဲ့ဆိုင်တွေ ကလည်း ၁ကောင်အား၊ ၁ကောင်ခွဲအား စသည်ဖြင့်ပြောပြီးရောင်းလေ့ရှိပါတယ်။
ဒါပေမယ့် ပြည်ပနိုင်ငံတွေမှာတော့ Air Con အကြောင်းပြောရင် Btu/h ဒါမှမဟုတ် Ton နဲ့ပြောကြပါတယ်။
Air Con သေးရင် အပူစုပ်ယူနိုင်စွမ်း(cooling capacity)ကို Btu/h နဲ့ပြပါတယ်။ Air Con အကြီး တွေကိုတော့ တန်(ton of refrigeration) နဲ့ပြပါတယ်။(၁တန်ကို 12000 Btu/h ရှိပါတယ်။)။
တချို့စက်တွေကတော့ KW နဲ့ပြပါတယ်။ 1KW ဆိုရင် 3412 Btu/h ရှိပါတယ်။
အခန်းတခန်းမှာ Air Con ဘယ်လောက်ပမာဏ တပ်ဆင်ရမလဲဆိုတဲ့ Cooling Load တွက်ချက် ရာမှာ အင်ဂျင်နီယာတွေက Btu/h ဒါမှမဟုတ် KW နဲ့တွက်ချက်ကြပါတယ်။ မြင်းကောင်ရေအား(HP) နဲ့တွက်လို့မရပါဘူး။
Air Con တိုင်းမှာ လျပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းကို Name Plate မှာဖော်ပြထားပါတယ်။ Power Input ဆိုပြီးဖော်ပြလေ့ရှိပါတယ်။
အများအားဖြင့် W(Watt) နဲ့ဖော်ပြလေ့ရှိပါတယ်။ တချို့စက်တွေမှာတော့ KW နဲ့ဖော်ပြလေ့ရှိပါတယ်။ ဘယ်စက်မှာမှ မြင်းကောင်ရေအား(HP) နဲ့ မဖော်ပြကြပါဘူး။
ဒါပေမယ့် အရောင်းဆိုင်တွေကတော့ HP နဲ့ပြောရောင်းပါတယ်။ဆိုင်ရှင်တွေပြောရောင်းတဲ့ HP က အနီးစပ်ဆုံးယူထားတာပါ။ အတိအကျမဟုတ်ပါဘူး။
1 HP မှာ 746W ရှိပါတယ်။
ဆိုင်ရှင်တွေက 700 W လောက်ဆိုရင်လည်း ၁ကောင်လို့ပြောရောင်းပါတယ်။ 800W လည်း1 ကောင်ပဲပြောပါတယ်။900 W လောက်အထိ 1ကောင် ပဲပြောပါတယ်။
1ကောင်ခွဲ အတိအကျဆိုရင် 1119 W ရှိပါတယ်။ဆိုင်တွေကတော့ 1000W လောက်ဆိုရင် ၁ကောင်ခွဲပြောရောင်းပါတယ်။1200 W ဆိုလည်း ၁ကောင်ခွဲပါပဲ။ 1300 W ဆိုရင် တချို့ဆိုင်တွေက ၁ကောင်ခွဲပြောပြီး တချို့ဆိုင်တွေကတော့ ၂ကောင်လို့ပြောပါတယ်။
Air Con တပ်ဆင်မည့် အိမ်ရှင်တွေအနေနဲ့ သေသေချာချာ နားလည်ထားရမှာက Air Con မြင်းကောင်ရေအားဟာ ဆိုင်ရှင်တွေပြောတာထက် ပိုများနေနိုင်သလို ပိုနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။
Air Con ဝယ်ရင်လည်း မိမိ အခန်းရဲ့ အပူထွက်ရှိမှုနှုန်းထား (Cooling Load)ကို ကျွမ်းကျင်သူနဲ့ တွက်ချက်ပြီး အဲဒီ့ Cooling Load ထက်အနည်းငယ်ပိုများတဲ့ Cooling capacity (အပူစုပ်ယူနိုင်စွမ်း) ရှိတဲ့စက်ကိုဝယ်ယူသင့်ပါတယ်။
ကျွန်တော်တို့ဟာ နိုင်ငံတကာနဲ့ ချိတ်ဆက် အလုပ်လုပ်မယ်ဆိုရင် နိုင်ငံတကာရဲ့စနစ်တွေ အတိုင်းလိုက်ပါဆောင်ရွက်ဖို့လိုပါတယ်။
မြန်မာ့နည်း မြန်မာ့ဟန် မြင်းကောင်ရေအားနဲ့ အလုပ်လုပ်နေတာကို စွန့်လွတိဖို့ အချိန်ကျပြီလို့ဆိုချင်ပါတယ်။
××××××××××××××××××××××
ကျော်သက်အောင်
×××××××××××××××××××××
မိမိ အိမ်ခန်းရဲ့ အပူထွက်ရှိမှုနှုန်းထား Cooling Load ကို တွက်ချက်ခြင်းအပါအဝင် Air Con ပညာရပ်ကို အခြေခံမှစတင် သင်ကြားလိုပါက
AATC သင်တန်းကိုလာရောက်အပ်နှံလိုက်ပါ။
🏢Airtemp Air-conditioning Training Center
No.28, Ayarwon Road,
Mya Khwar Nyo Housing (Aung Kaung Kyaw), Tharkayta Township, Yangon, Myanmar.
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတ၊ ရန်ကုန်။
☎️09 881 888 939
09 881 888 909
15/09/2023
Air Con အအေးကွိုင် ရေခဲခြင်း။
~~~~~~~~~~~~~~~~~~~~~~
Air con ရဲ့ indoor coil ကို အအေးကွိုင်လို့ ခေါ်ကြပါတယ်။ English လိုတော့ Evaporator လို့ ခေါ်ပါတယ်။
Air Con မှာဖြတ်သန်းစီးဆင်းနေတဲ့ ဓာတ်ငွေ့ရည် (Refrigerant)[မြန်မာပြည် အခေါ် Gas] ဟာ Evaporator ကွိုင်ထဲကို အရည်အဖြစ်ဝင်ရောက်လာပါတယ်။
Evaporator ကွိုင်ထဲအရောက်မှာ ဓာတ်ငွေ့ရည်ဟာ အရည် ဘဝ ကနေ အငွေ့ဘဝကိုပြောင်းသွား ပါတယ်။ အဲဒီ့လိုပြောင်းသွားတဲ့ အတွက် ဓာတ်ငွေ့ရည်ဟာ ကွိုင်ကိုဖြတ်သန်းသွားတဲ့ လေထုကနေ အပူကိုစုပ်ယူပါတယ်။
ဒါ့ကြောင့် ကွိုင်ကိုဖြတ်သန်းသွားတဲ့ လေထုဟာအေးမြသွားပါတယ်။
တခါတရံမှာ Air Con ရဲ့ indoor ကွိုင်မှာ ရေခဲတတ်ပါတယ်။
ရေခဲရင် Air Con မအေးတာတွေ။ ရေကျတာတွေ ဖြစ်တတ်ပါတယ်။
ရေခဲရတဲ့အကြောင်းရင်းတွေကို လေ့လာရင်အောက်ပါအတိုင်း တွေ့ရပါတယ်။
(1) လေစီးဆင်းမှုနည်းပါးခြင်း
~~~~~~~~~~~~~~~~~~~~
Indoor ကွိုင် အဝင်မှာ လေစစ်(Air Filter) ရှိပါတယ်။ Indoor ကွိုင်ကို ဝင်ရောက်လာတဲ့လေ (Return Air) ကို သန့်စင်ပေးတာပါ။
အဓိက ကတော့ လေထဲပါလာတဲ့ ဖုန်တွေစစ်ပေးတာပါ။ Air Filter ကို ကာလတာရှည် မဆေးကြော ပဲထားရင် ဇကာမှာ ဖုန်တွေပိတ် ပြီး လေစီးဆင်းမှု နည်းသွားပါမယ်။
လေစီးဆင်းမှု နည်းသွားစေတဲ့ ဒုတိယအချက်ကတော့ indoor ပန်ကာ လည်ပတ်မှု နှေးနေတာပါပဲ။ပန်ကာမော်တာ ချို့ယွင်းချက် တခုခုကြောင့် လည်ပတ်မှုနှေးနေ ရင် လေစီးဆင်းမှု နည်းသွားပါမယ်။
လေစီးဆင်းမှုနည်းစေတဲ့ တတိယ အချက်ကတော့ indoor ကွိုင် ညစ်ပတ်နေခြင်းပါ။ Indoor ကွိုင်မှာ ဖုန်နဲ့ရေစက်တွေကြောင့် အချိန် ကြာလာရင် Fin တွေပိတ်ဆို့လာတတ်ပါတယ်။
Air Con ကိုအချိန်မှန် ဆေးကြောသန့်စင်မှု မပြုဘူးဆိုရင် Fin တွေကြားက ဖြတ်သန်းစီးဆင်းတဲ့ လေစီးကြောင်းအားနည်းသွားပါမယ်။
လေစီးဆင်းမှု နည်းသွားရင် ဓာတ်ငွေ့ရည်(Refrigerant) ဟာ လိုအပ်တဲ့ အပူပမာဏ ကို ကွိုင် နဲ့ Fin တွေ မှာကပ်ငြိနေတဲ့ ရေစက်တွေဆီ ကနေ ပိုမိုစုပ်ယူပါမယ်။
အဲဒီ့အခါ အအေးကွိုင် (Evaporator Coil) မှာရှိနေတဲ့ရေစက် တွေဟာ ရေခဲအဖြစ်ပြောင်းသွား ပါမယ်။
ဓာတ်ငွေ့ရည် ယိုစိမ့်ခြင်း
~~~~~~~~~~~~~~~~~~
Air Con တလုံး တပ်ဆင်ရာမှာ ပဲဖြစ်ဖြစ် ဆေးကြောသန့်စင်ရာမှာပဲ ဖြစ်ဖြစ် ပြင်ဆင်ရာမှာပဲဖြစ်ဖြစ် လုပ်ဆောင်သူတွေရဲ့ ချို့ယွင်းချက်ကြောင့် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်တတ်ပါတယ်။
Air Con ကနေဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ခဲ့ရင် ဓာတ်ငွေ့ရည် (Refrigerant) တဖြည်းဖြည်းနည်းလာ ပါမယ်။ဒါဆိုရင် pressure ကျသွားပါမယ်။
Pressure ကျသွားရင် refrigerant အရည်ကနေ အငွေ့ ဘဝ ပြောင်းသွားတဲ့ Boiling Temperature လည်းကျသွားပါမယ်။
Boiling Temperatutr ကျသွားရင် indoor ကွိုင် အရမ်းအေးလာပါမယ်။ ကွိုင်အေးလာရင် ကွိုင်နဲ့ Fin တွေမှာ ရေခဲပါမယ်။
ကွိုင်ရေခဲခြင်း၏အကျိုးဆက်
~~~~~~~~~~~~~~~~~~~~
Indoor ကွိုင်တွေကို copper(ကြေးနီ) အသုံးပြုတာများပြီး တချို့စက်တွေမှာတော့ Aluminum (အလူမီနီယမ်) သုံးပါတယ်။
Copper ရဲ့ Thermal Conductivity (အပူစီးကူးနိုင်စွမ်း)က 385 W/mK ရှိပါတယ်။ Aluminum ရဲ့ အပူစီးကူးနိုင်စွမ်းက 205 W/mK ရှိပါတယ်။
ရေခဲ(ICE) ရဲ့ Thermal Conductivity က 0°C မှာ 2.22W/mK ရှိပြီး -10°C မှာ 2.3 W/mK ရှိပါတယ်။
ဒါ့ကြောင့် ရေခဲရဲ့ အပူစီးကူးနိုင်စွမ်းဟာ အလူမီနီယမ် ရဲ့ အပုံ ၉၀ ပုံ ၁ ပုံလောက်ပဲရှိပြီး ကြေးနီ (copper) နဲ့ ယှဉ်ရင်တော့ အပုံ ၁၇၀ ပုံ ၁ ပုံ လောက်ပဲရှိပါတယ်။
ဒါ့ကြောင့် indoor ကွိုင်မှာ ရေခဲရင် အပူစုပ်ယူနိုင်စွမ်း အဆမတန် ကျဆင်းသွားပါတယ်။ တနည်းပြော ရရင် Air Con မအေးတော့ပါဘူး။
ရေခဲခြင်းရဲ့နောက်ထပ် ဒုက္ခ တခုကတော့ မီးပိတ်လိုက်တဲ့အခါ ကွိုင်က ရေခဲတွေ အရည်ပျော်ကျလာ ခြင်းပါပဲ။ ရေဆင်းပိုက် ပိတ်ဆို့နေခဲ့ရင် အခန်းထဲကိုရေကျပါမယ်။
ရေခဲတွေကိုမြန်မြန် အရည်ပျော်ချင်ရင်တော့ Air Con ကို Fan Mood နဲ့ လည်ပေးရပါမယ်။
××××××××××××××××××××××××××
Air Con သင်တန်းတက်ရောက်လိုပါက
AATC Air Con သင်တန်း
28, မြခွာညိုအိမ်ရာ(အောင်ကောင်းကျော်) ဧရာဝဏ်လမ်း။ ၈ ရပ်ကွက် သာကေတ။
Phone- 09 881 888 939
09 881 888 909
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
17/08/2023
မှန်နံရံနှင့် Air Con
~~~~~~~~~~~~~~
ရန်ကုန်မြို့ရဲ့ Air Con Service လုပ်ငန်းတွေမှာ မကြာခဏ
တွေ့ကြုံရတဲ့ ပြဿနာတခုကတော့ မှန်နံရံတွေနဲ့ ကာရံထားတဲ့ အိမ်(သို့) ရုံးခန်း (သို့)အရောင်းပြခန်းတွေမှာ
တပ်ဆင်ထားတဲ့ Air Con တွေဟာ လုံလောက်တဲ့ အေးမြမှုကို မပေးနိုင်တာပါပဲ။
ဒါဟာ အခန်းကထွက်ရှိတဲ့အပူ ပမာဏများပြားပြီး Air Con ရဲ့အပူ စုပ်ယူနိုင်စွမ်း(cooling capacity) နည်းပါးနေလို့ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် Air Con တပ်ဆင်ချိန်က အခန်းရဲ့ အပူ ထွက်ရှိတဲ့ ပမာဏ (cooling load) ကို ခန့်မှန်းတွက်ချက်ရာမှာ လွဲချော် ခဲ့လို့ဖြစ်ရတာပါ။
ဒီလိုဖြစ်ခဲ့ရင် service တိုင်းက air con အသေးနဲ့အကြီး လဲလှယ် တပ်ဆင်ပေးတာတွေ။air con အလုံးရေ ထပ်တိုးတပ်ဆင်ပေးတာတွေနဲ့ ဖြေရှင်းကြပါတယ်။
ဒါပေမယ့် ဒီလိုမျိုးဖြေရှင်းရပြီဆိုကတည်းက customer ရဲ့ ယုံကြည်မှု ကိုလက်လွတ်ဆုံးရှုံးလိုက်ရပါပြီ။ နောက်တကြိမ် ဒီ customer ဟာ ကိုယ့်ရဲ့ service ကို သုံးမသုံးဆိုတာ
မသေချာတော့ပါဘူး။
ဒါ့ကြောင့် မှန်နံရံတွေကာရံထားတဲ့ ရုံးခန်း။ အရောင်းပြခန်း။ super market ။ စားသောက်ဆိုင် အစရှိတဲ့ အဆောက်အဦးတွေမှာ အပူထွက်ရှိမှု (cooling load) ကိုအနီးစပ်ဆုံးမှန်ကန်အောင်တွက်ချက်နိုင်ဖို့လိုပါတယ်။
Cooling Load တွက်ချက်ခြင်း
~~~~~~~~~~~~~~~~~~~~~~
အခန်းကထွက်ရှိတဲ့အပူပမာဏ (cooling load) ကို တွက်ချက်ရာမှာ အတိအကျတွက်နိုင်ဖို့ဆိုရင် ကိုယ်နေတဲ့မြို့ရဲ့ အပူချိန်တွေ။ စိုထိုင်းဆတွေ။ နေရောင်ခြည်စွမ်းအင် ရရှိမှုတွေ။ အိမ်နံရံကိုတည်ဆောက်ထားတဲ့ အုတ်အမျိုးအစားတွေ။ အုတ်အထူတွေ။ကာရံထားတဲ့ မှန်အမျိုးအစားတွေ။ အခန်းထဲက စက်ပစ္စည်းတွေ။ လူတွေ စသည်ဖြင့် အချက်အလက်အတော်များများကိုထည့်သွင်းစဉ်းစားပေးရပါတယ်။
မြန်မာပြည်မှာတော့ လိုအပ်တဲ့အချက်အလက်တွေနဲ့ စာရင်းဇယားတွေ ရဖို့အခက်အခဲရှိပါတယ်။
ဒါ့ကြောင့် air con တပ်ဆင်သူ အတော်များများက rule of thumb လို့ခေါ်တဲ့ အလွယ်နည်းကိုသုံးကြပါတယ်။
မြန်မာပြည်မှာ အသုံးများတဲ့ အလွယ်နည်းတခုကတော့ ၁၀ ပေ ပတ်လည်ကို မြင်းကောင်ရေ ၁ ကောင်အားတပ်ဆင်တာပါ။
အခုနောက်ပိုင်း အင်တာနက် အသုံးပြုမှုများလာတော့ cooling load တွက်တဲ့ software တွေပေါ်လာပါတယ်။ ဒါပေမယ့် အဲဒီ့ software တွေကလည်း အလွယ်နည်းကိုပဲ software သွင်းထားတာတွေဖြစ်တဲ့အတွက် အတိအကျ မရနိုင်ပါဘူး။
ဒါပေမယ့်အဲဒီ့အလွယ်နည်းတွေကပဲ air con တပ်ဆင်မှုတွေရဲ့ ၉၀% ကျော်လောက်ကို အဆင်ပြေစေတဲ့ အတွက် air con service တွေဟာ အလွယ်နည်းတွေနဲ့ software တွေကိုပဲ အားထား သုံးစွဲနေကြပါတယ်။
အလွယ်နည်းတွေကိုအသုံးပြုပြီး မှန်နံရံကာရံထားတဲ့ အခန်းတွေရဲ့ cooling load ကိုတွက်ချက်မိရင်တော့ အများကြီးလွဲမှား နေတဲ့အတွက် air con မအေးတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လာပါတယ်။
အုတ်နံရံနှင့် မှန်နံရံ
~~~~~~~~~~~~~~
အရင်ကတော့အိမ်နံရံတွေကို အုတ်နဲ့ ကာရံကြပြီး ပြူတင်းပေါက်ကိုပဲ မှန်သုံးကြပါတယ်။ အခုနောက်ပိုင်းတချို့ အဆောက်အဦးတွေက မှန်နံရတွေနဲ့ကာရံလာကြပါတယ်။ အထူးသဖြင့် show room တွေ ။ ရုံးခန်းတွေ။ supermarket တွေမှာ မှန်နံရံကိုသုံးလာပါတယ်။
အုတ်နံရံကို ကျရောက်တဲ့ နေရောင်ခြည်ရဲ့ ၂၀ % ဝန်းကျင်ဟာ အလင်းပြန်(reflection) သွားပါတယ်။
၈၀% ဝန်းကျင်ကိုတော့ နံရံက အပူစုပ်ယူ ထားလိုက်ပါတယ်။ အဲဒီ့အပူကို နံရံက အခန်းအတွင်းနဲ့ အပြင်ကို ပြန်ပြီးအပူစီးကူးစေပါတယ်။
အဲဒီ့လိုအပူစီးကူးစေရာမှာ အပြင်ကိုပြန်စီးကူးသွားတဲ့ အပူက ပိုများပါတယ်။ပြင်ပလေက လှုပ်ရှားနေတဲ့လေ(moving air) ဖြစ်ပြီး အခန်းထဲက လေက လေငြိမ်(still air) ဖြစ်လို့ပါ။
ပုံမှန်ဆိုရင် အခန်းတွင်းရောက်သွားတဲ့အပူဟာ အပြင်ပြန်ထွက်သွားတဲ့အပူရဲ့ထက်ဝက်လောက်ပဲရှိပါတယ်။ နံရံထူရင် အခန်းထဲရောက်သွားတဲ့အပူ ပိုနည်းပါတယ်။
ဒါ့ကြောင့် အုတ်နဲ့ကာရံထားတဲ့အခန်းတွေဟာ နေရောင်ခြည်ရဲ့ အပူပမာဏ 25% ကနေ 30% ကြား လောက် အပူခံစားရတယ်လို့ ပြောနိုင်ပါတယ်။
မှန်နံရံတွေကတော့ မှန်အကြည်ကိုသုံးမယ်ဆိုရင် နေရောင်ရဲ့
8% လောက်အလင်းပြန်ပါတယ်။
မှန်အမျိုးအစားနဲ့ အထူအပါးပေါ်လိုက်ပြီး 5% ကနေ 50% လောက်အထိ မှန်နံရံကအပူစုပ်ထားပါတယ်။ ကျန်တဲ့အပူတွေကတော့ မှန်နံရံကိုဖောက်ထွင်းပြီး အခန်းထဲကိုရောက်သွားပါတယ်။
မှန်နံရံကစုပ်ယူထားတဲ့အပူတွေရဲ့ သုံးပုံနှစ်ပုံဟာ အပြင်လေထုထဲကိုပြန်လည်ရောက်ရှိသွားပြီး သုံးပုံတပုံလောက်ကတော့ အခန်းလေထုထဲကိုရောက်ရှိသွားပါတယ်။
ဒါ့ကြောင့်အခန်းထဲရောက်သွားမယ့်အပူပမာဏကိုတွက်ကြည့်ရင် 88.67%(87+1.67) အများဆုံဖြစ်ပြီး 58.67%(42+16.67) အနည်းဆုံးဖြစ်နေတာတွေ့ရပါတယ်။
ဒါ့ကြောင့် မှန်နံရံနဲ့ကာရံထားတဲ့ အခန်းတွေဟာ နေရောင်ခြည်ရဲ့အပူကို အုတ်နံရံအခန်းတွေထက် ၂ ဆကနေ ၃ ဆအထိ ခံစားရတယ်လို့ ပြောနိုင်ပါတယ်။
လိုက်ကာ နှင့် စတစ်ကာ
~~~~~~~~~~~~~~~~
တချို့တွေကတော့အပူဒဏ် သက်သာအောင် စတစ်ကာနဲ့ လိုက်ကာကို သုံးကြပါတယ်။
လိုက်ကာကို သုံးရင် မှန်ကိုဖြတ်သန်းလာတဲ့နေရောင်ခြည်ဟာ လူပေါ်ကိုမကျတော့ပဲ လိုက်ကာပေါ်ကျပါတယ်။ ဒါပေမယ့် လိုက်ကာကနေ အခန်းလေထုထဲကို အပူရောက်ရှိသွားတဲ့အတွက် အခန်းလေထုရဲ့ အပူပမာဏက လျော့နည်းသွားမှု မရှိပါဘူး။
စတစ်ကာကို အခန်းအပြင် ကကပ်ရင် စတစ်ကာက နေရောင်ရဲ့ တစိပ်တပိုင်းကိုစုပ်ယူလိုက်ပါတယ်။ ပြီးတော့ အဲဒီ့အပူတွေကိုပြင်ပလေထုဆီကိုပြန်စီးကူးစေတဲ့အတွက် အပူဒဏ်ကိုအတိုင်းအတာ တခုအထိ သက်သာစေပါတယ်။
စတစ်ကာကိုအတွင်းက ကပ်မိရင်တော့ စတစ်ကာကစုပ်ယူလိုက်တဲ့အပူတွေဟာ အခန်းလေထုထဲရောက်လာပါလိမ့်မယ်။ဒါ့ကြောင့် အခန်းလေထုက ခံစားရတဲ့အပူဒဏ် ကပြောင်းလဲမှုမရှိနိုင်ပါဘူး။
အကြံပြုချက်
~~~~~~~~~
မှန်နံရံ(အကြည်) တွေနဲ့ကာရံ ထားတဲ့အခန်းတွေအတွက် air con ဒီဇိုင်းလုပ်ရင် အုတ်နံရံအခန်းတွေထက် အနည်းဆုံး ၂ ဆကနေ ၃ ဆအထိ ပမာဏပိုများတဲ့ air con စက်တွေကိုတပ်ဆင်ပေးမယ်ဆိုရင် အအေးဓာတ်လုံလောက်မှုရှိမှာပါ။
××××××××××××××××××××××××××
* Air con သီအိုရီ
Air Con တပ်ဆင်ခြင်းနှင့်
ပြင်ဆင်ခြင်းများကို အခြေခံမှစ၍
သင်ယူလိုပါက Air Temp
Air conditioning training center သို့ သင်တန်းလာရောက် အပ်နှံနိုင်ပါပြီ။
တည်နေရာ- အမှတ် ၂၈
သာကေတ မြို့နယ်။ရန်ကုန်။
phone- 09 881 888 939
09 881 888 909
15/08/2023
ဘယ်လို Air Con မျိုးကိုဝယ်မှာလဲ။
~~~~~~~~~~~~~~~~~~~~~~~~
Air Con အသုံးပြုနေတဲ့အိမ်ရှင် တွေကို ဘယ် Air Con မျိုးဝယ်မလဲလို့ မေးလိုက်ရင် ယေဘူယျအားဖြင့် အုပ်စု၂ မျိုးထွက်လာပါတယ်။
ပထမအုပ်စုကတော့ အအေးနှုန်းကောင်းတဲ့စက်ကို ဝယ်မယ်ဆိုတဲ့ အုပ်စုပါ။
ဒုတိယ အုပ်စုကတော့ မီတာခသက်သာတဲ့ စက်ကိုဝယ်မယ်ဆိုတဲ့ အုပ်စုပါ။
ဘယ်အုပ်စုထဲပါပါ အိမ်ရှင်တွေအနေနဲ့ သိထားသင့်တာကတော့ ကိုယ်ဝယ်မယ့်စက်ရဲ့စွမ်းဆောင်ရည် တွက်ချက်ပုံပါပဲ။
Air Con တွေရဲ့ စွမ်းဆောင်ရည်ကို EER( Energy Efficiency Ratio) နဲ့တိုင်းတာပါတယ်။
(1) EER ကောင်းတဲ့စက်ဟာ
မီတာခကုန်ကျတာတူရင် ပိုပြီး အအေးဓာတ်ပေးနိုင်ပါတယ်။
(2) တူညီတဲ့အေးမြမှုပေးနိုင်ရင် EER ကောင်းတဲ့စက်က ပိုပြီး မီတာခ သက်သာပါမယ်။
ဒါကြောင့် အိမ်ရှင်တွေ အနေနဲ့ ကိုယ်ဝယ်မဲ့စက်ရဲ့ EER ကို
ကိုယ်တိုင်တွက်ချက်တတ်ဖို့ လိုပါမယ်။
Energy Efficiency Ratio,EER
~~~~~~~~~~~~~~~~~~~~~~~~~
EER ကို အောက်ပါဖော်မြူလာ နဲ့တွက်ချက်ပါတယ်။
EER=Q/W
Where, Q=cooling capacity
(Btu/h)
W=power input
(watt)
Cooling capacity ဆိုတာ air con က အခန်းထဲကအပူကို အများဆုံးစုပ်ယူနိုင်တဲ့ပမာဏပါ။
Cooling capacity ကို အများအားဖြင့် Btu/h နဲ့ တိုင်းတာပါတယ်။တချို့စက်တွေမှာတော့ W(watt)
ဒါမှမဟုတ် KW နဲ့ ပြကြပါတယ်။
EER ကိုတွက်ဖို့အတွက် W နဲ့ KW ကို Btu/h ပြောင်းပေးရပါမယ်။
1W=3.412 Btu/h ရှိပြီး
1 KW= 3412 Btu/h ရှိပါတယ်။
Power input ကိုတချို့စက်တွေမှာ power consumption လို့လည်းသုံးပါတယ်။ Air Con ကိုလည်ပတ်ရမယ့် လျပ်စစ်မီးအားပါ။
Power input ကို W(watt)
ဖော်ပြလေ့ရှိပါတယ်။ တချို့စက်တွေမှာတော့ KW နဲ့ ဖော်ပြကြပါတယ်။
မြန်မာပြည်မှာတော့ W တို့ KW တို့နဲ့ ပြောလေ့ပြောထ သိပ်မရှိပဲ မြင်းကောင်ရေအား(Hp) နဲ့ပဲပြောကြပါတယ်။
EER တွက်တဲ့နေရာမှာ power input ကို W(watt) နဲ့တွက်ရပါမယ်။
power input နဲ့ cooling capacity ကို Air con ရဲ့ indoor (သို့မဟုတ်) Outdoor ရဲ့ Name plate မှာဖော်ပြထားကြပါတယ်။
ဒါ့ကြောင့်အိမ်ရှင်တွေအနေနဲ့ အလွယ်တကူ ဖတ်ရှုနိုင်ပြီး EER ကို ကိုယ်တိုင်တွက်ချက်နိုင်ပါမယ်။
Coefficient of Performance,COP
~~~~~~~~~~~~~~~~
တချို့ပညာရှင်တွေကတော့
စက်ရဲ့စွမ်းဆောင်ရည်ကိုတွက်ချက်ရာမှာ EER ကိုမသုံးပဲ COP ကိုသုံးကြပါတယ်။
Formula ကတော့အတူတူပါပဲ။
COP= Q/W
ဒီ Formula မှာတော့ cooling capacity (Q) ကို watt နဲ့
တိုင်းပါတယ်။
power input ကိုလည်းwatt နဲ့ပဲတိုင်းပါတယ်။
EER နှင့် ဓာတ်ငွေ့ရည်
~~~~~~~~~~~~~~~~
လက်ရှိ air con တွေမှာ အသုံးများတဲ့ဓာတ်ငွေ့ရည်(refrigerant) ကတော့ R-410A နဲ့ R-32 ပါ။
အဲဒီ့ ၂ မျိုးမှာ R-32 က အပူစုပ်ယူနိုင်စွမ်း 50% လောက်ပိုမြင့်တဲ့ အတွက် EER ပိုကောင်းပါတယ်။
EER နှင့် အင်ဗာတာ type
~~~~~~~~~~~~~~~~~~
air con မှာ inverter type နဲ့ non-inverter type ဆိုပြီး ၂ မျိုးရှိပါတယ်။
non-inverter type က ကွန်ပရက်ဆာ speed တမျိုးတည်းနဲ့လည်ပြီး inverter type က အခန်းအပူချိန်ပေါ်လိုက်ပြီး speed အမျိုးမျိုးနဲ့ လည်ပါတယ်။
inverter type က မီတာခ ပိုသက်သာပါတယ်။ တနည်းပြောရရင် EER ပိုကောင်းပါတယ်။
အိမ်ရှင်တွေအနေနဲ့ air con အရောင်းပြခန်းတွေမှာ air con တွေကို သွားရောက်ကြည့်ရှုပြီးစက်တခု ချင်းစီရဲ့ EER သို့မဟုတ် COP ကို ကိုယ်တိုင်တွက်ချက်လို့ရပါတယ်။
EER တန်ဖိုးအမြင့်ဆုံး စက်ကို ရွေးချယ် ဝယ်ယူပြီး မိမိတို့အိမ်ရဲ့ မီတာခကို ထိထိရောက်ရောက်လျော့ချနိုင်ပါတယ်။
* EER တွက်ချက်မှုအပါအဝင် air con နဲ့ပတ်သက်တဲ့ စာတွေ့+လက်တွေ့ ပညာရပ်တွေသင်ယူချင်ရင်တော့ Air-temp air conditioning training centre ရဲ့သင်တန်းတွေကို တက်ရောက်နိုင်ပါတယ်။
phone- 09 881 888 939
09 881 888 909
address- 28, မြခွာညိုအိမ်ရာ
(အောင်ကောင်းကျော်)
ဧရာဝဏ်လမ်း။ သာကေတ
ရန်ကုန်။
Photos from AATC Air-conditioning Training Center's post 14/08/2023
Tasaki Air Con ဘာ့ကြောင့်အေးတာလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Tasaki air con တွေဟာ
(1) Outdoor Coil သာမန်ထက်ပိုပြီးကြီးမားပါတယ်။ဒါ့ကြောင့် အပူဖလှယ်မှု အားကောင်းပါတယ်။
(2) Indoor Coil မှာ အပူစုပ်ယူမှုအားကောင်းတဲ့ Gold Fin ကိုသုံးထားပါတယ်။
(3) ဓာတ်ငွေ့ရည်တွေထဲမှာ အပူစုပ်ယူမှု အကောင်းဆုံးဖြစ်တဲ့ R-32 ကိုသုံးထားပါတယ်။(R-32 က R-410A ထက် ၅၀% လောက်အပူစုပ်ယူမှုပိုကောင်းပါတယ်)
(4) Fin တွေစိပ်တဲ့အတွက် အပူစီးကူးမှု ဧရိယာ ကျယ်ပြန့်ပြီးအပူစီးကူးမှုပိုမြန်ပါတယ်။
(5)ကွန်ပရက်ဆာ (compressor)
အမျိုးအစားကောင်းမွန်တဲ့အတွက်
အပူစုပ်ယူမှုပိုကောင်းပါတယ်။(နယ်စပ်ဒေသစက်ရုံများမှထုတ်လုပ်သော compressor များကို နာမည်ကြီးတံဆိပ်ကပ်ထားခြင်းမဟုတ်ပါ)
ဒါ့ကြောင့် Tasaki Air Con တွေဟာ အခြား Brand အများစုထက် ပိုအေးနေရခြင်းဖြစ်ပါသည်။
အဲဒီ့လိုအေးမြမှု မြင့်မားနေတဲ့အတွက် ထိုင်းနိုင်ငံရဲ့စွမ်းအင်ချွေတာမှု(energy saving) အမှတ်တံဆိပ် အဝါရောင် စတစ်ကာကို တရားဝင် အသုံးပြုခွင့် ရနေတာ ဖြစ်ပါတယ်။
12/08/2023
AATC Air-con သင်တန်းမှာ
ဘာတွေသင်သလဲ။
~~~~~~~~~~~
Air con သင်တန်းမှာ
သီအိုရီအနေနဲ့
(1) air con အမျိုးအစားများနှင့်အစိပ်အပိုင်းများ (Types and parts of equipment of air conditioner)
(2) air con တပ်ဆင်/ ပြုပြင်ရာတွင် သုံးစွဲသည့် ကိရိယာများ နှင့်စက်ပစ္စည်းများ ( Tools and Equipment)
(3) အခန်းတခုတွင်တပ်ဆင်ရမည့် air con ပမာဏ တွက်ချက်ခြင်း (cooling load calculation)
(4) air con နှင့်သက်ဆိုင်သည့် အင်ဂျင်နီယာဆိုင်ရာအခေါ်အဝေါ်များနှင့် ယူနစ်များ
(Units and terms of engineering)
(5) အအေးကွိုင်(evaporator)
(6) ကွန်ပရက်ဆာ အမျိုးအစားများ
(reciprocating compressor rotary compressor, scroll compressor, screw compressor, centrifugal compressor)
(7) အပူကွိုင် (condenser)
(8) Expansion Device (capillary tube AEV,TEV,EEV)
(9) air con သုံး ဓာတ်ငွေ့ရည်များ
(Refrigerant R-22,R-410A,R-32)
(10) လေထု အကြောင်းလေ့လာမှု
(Psychrometric or study of air)
(11) ဆားကစ် ကဒ်, PCB
(printed circuit board)
(12) အခြေခံ လျပ်စစ်သဘောတရား
(Basic Electricity)
(13) လေအေးပိုက်လိုင်းဖြင့်အအေးပေးစနစ်
(Ducted Type)
(13) VRV/VRF စနစ်
Variable Refrigerant volume
Variable Refrigerant Flow
(14) ကြေးပိုက်လိုင်းများကို ဂဟေဆော်ခြင်း။
(Brazing)
(15) လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု
(Workplace safety)
(16) အဖြစ်များသောပြဿနာများ
(Common problems)
အကြောင်းတွေကို သင်ကြားပေးပါတယ်။
လက်တွေ့ပိုင်းအနေနဲ့
(1) ကြေးပိုက် ဖြတ်တောက်ခြင်း
(2) ကြေးပိုက်(45 deg/ 90 deg) ကွေးခြင်း။
(3) ကြေးပိုက် Flare ဖော်ခြင်း
(4) ကြေးပိုက် ဂဟေဆော်ခြင်း
( လေအိုး+မီးအိုးဖြင့် ဂဟေဆော်ခြင်း နှင့် Gas ဗူးဖြင့် ဂဟေဆော်ခြင်း)
(5) နံရံအပေါက်ဖောက်ခြင်း
(အုတ်နံရံအစစ်တွင် Hole saw ဖြင့်တဦးချင်းစီဖောက်၍ လေ့ကျင့်ရပါသည်)
(6) air con indoor unit နှင့် outdoor unit များကိုတပ်ဆင်ခြင်း
(7) indoor unit နှင့် outdoor unit များကို တစစီ ဖြုတ်ခြင်း နှင့် ပြန်လည်တပ်ဆင်ခြင်း။
(8) ကွန်ပရက်ဆာ C,R,S ခွဲခြင်းနှင့် wiring ဆင်ခြင်း
(9) air con ဆေးကြောသန့်စင်ခြင်း။
(a) တစစီဖြုတ်၍ဆေးကြောခြင်း
(b) cover ချွတ်၍ အိတ်စွပ်ဆေးကြောခြင်း။
(10) Gas သိမ်းခြင်း။
(Pump down)
(11) 3 phase တွင် phase မှန်မမှန် sequence meter ဖြင့်စစ်ဆေးခြင်းနှင့် မှားယွင်းနေပါက ပြင်ဆင်ခြင်း။
(12) ကွန်ပရက်ဆာလဲခြင်း
(13) Expansion Valve လဲခြင်း
(14) VRF outdoor unit ရှိ အစိပ်အပိုင်းများနှင့်လုပ်ဆောင်ချက်များကို ရှင်းလင်းသင်ကြားခြင်း။
(VRF demonstration)
(15) Cassette Type indoor unit ဆေးကြောခြင်း။
(16) Floor Standing Type indoor unit ဆေးကြောခြင်း။
(17) လေအေးလေးထောင့်ပိုက်လိုင်းများ(Duct Line) တပ်ဆင်ခြင်း။
(18) ကြေးပိုက်တွင် အပူကာ ပစ္စည်း insulator တပ်ဆင်ခြင်း။
(19) Trunking ( ကြေးပိုက်အုပ် PVC အကာ) ဖြတ်တောက်တပ်ဆင်ခြင်း။
လုပ်ငန်းခွင်လေ့လာမှု့ အနေနဲ့ကတော့
အပတ်စဉ် လုပ်ငန်းခွင်(site) အတွင်းသွားရောက်လေ့လာရပါမည်။
အလုပ်သင်အဖြစ်လုပ်ကိုင်ခွင့်
သင်တန်းပြီးဆုံးပါက မိမိသင်ကြားထားသော ပညာရပ်များကိုပိုမို ကျွမ်းကျင်လာစေရန် အလုပ်သင်အဖြစ် မိမိ ဆန္ဒရှိသောအချိန်အတိုင်းအတာ တခုအထိ ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
သင်တန်းတည်နေရာ
AATC
အမှတ် ၂၈ မြခွာညိုအိမ်ရာ
(အောင်ကောင်းကျော်) ဧရာဝဏ်လမ်း
၈ ရပ်ကွက်၊ သာကေတမြို့နယ်။
Phone- 09 881 888 939
09 881 888 909
* ကြားရက်(Mon-Fri) သင်တန်းနှင့်
စနေတနင်္ဂနွေ သင်တန်း ၂ မျိုးရှိ
ပါသည်။
Photos from AATC Air-conditioning Training Center's post 07/08/2023
စနေ+တနင်္ဂနွေ မိုးရာသီ အထူး Air Con သင်တန်း စပါပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်တန်းချိန်- 1p.m to 5 p.m
သင်တန်းကာလ- 11 ပတ်
သင်တန်းစတင်မည့်ရက်- 19 August 2023
သင်ကြားမည့်ပုံစံ- သီအိုရီ+လက်တွေ့+လုပ်ငန်းခွင်လေ့လာမှု
သင်တန်းတည်နေရာ- အမှတ် ၂၈ မြခွာညိုအိမ်ရာ(အောင်ကောင်းကျော်) ဧရာဝဏ်လမ်း သာကေတမြို့နယ်။(မြေနီနှင့် ၈ ဂိတ် မှတ်တိုင် အကြား)
Phone- 09 881 888 939
09 881 888 909
သင်တန်းကြေး- ၂ သိန်းကျပ်
02/08/2023
Blue Fin နှင့် Gold Fin Technology
~~~~~~~~~~~~~~~~~
Air Con indoor unit (evaporator coil) တွေဟာ စက်လည်ပတ်နေချိန်မှာ အခန်းလေထု ထဲက အပူကိုစုပ်ယူပါတယ်။
ဒါ့ကြောင့် အဲဒီ့လေထုထဲက ရေခိုးရေငွေ့တွေဟာ Evaporator Coil (အအေးကွိုင်) နဲ့ Fin တွေမှာ ရေစက်အမှုန်အမွှား (water droplet) တွေ ဖြစ်လာပါတယ်။ အဲဒီ့ရေစက်အမှုန်အမွှား တွေဟာ Coil နဲ့ Fin ကို ဖြတ်သန်းပြီး ရေခံခွက်(drain pan) ထဲ ရောက်ပါတယ်။
Fin ကို Aluminium သက်သက်နဲ့ပြုလုပ်ထားမယ်ဆိုရင် ရေစက်အမှုန်အမွှားတွေဟာ Finမှာ အချိန်ကြာကြာကပ်ငြိနေပါမယ်။ဒါဆိုလေထဲက ဖုန်မှုန့် တွေနဲ့ပေါင်းစပ်ပြီး Fin တွေကိုချေးကပ် ပါလိမ့်မယ်။
Finမှာချေးကပ်တာ များရင် လေစီးဆင်းမှုနည်းသွားပြီး အအေးနှုန်း (cooling capacity) နည်းသွားပါမယ်။ Coil နဲ့ Fin ကိုတိုက်စားမှု corrosion လည်းများပြီး air con သက်တမ်းတိုပါမယ်။
ဒါ့ကြောင့် air con ထုတ်လုပ်သူတချို့ဟာ coil နဲ့ Fin တွေမှာ ရေစက်တွေ အချိန်ကြာကြာ မကပ်ငြိအောင် ဓာတုဆေး (chemical coating) တွေ အသုံးပြုလာကြပါတယ်။
အသုံးများတဲ့ chemical coating (2) မျိုးကတော့ Blue Fin နဲ့ Gold Fin တွေဖြစ်ပါတယ်။
သဘာဝဘေးဒဏ်
~~~~~~~~~~~~~
Air con indoor unit တွေဟာ coil နဲ့ Fin မှာ ရေစက်တွေကပ်ငြိတဲ့ ပြဿနာတခုတည်းရင်ဆိုင် ရပေမယ့် outdoor unit တွေကတော့ ပြဿနာ အတောများများရင်ဆိုင်ရပါတယ်။
Outdoor coil တွေဟာ နေရောင်ကိုတိုက်ရိုက်ခံစားရပါတယ်။ ပြင်ပလေထုထဲက ရေခိုးရေငွေ့တွေနဲ့လည်းထိတွေ့ရပါတယ်။ အထူးသဖြင့် မိုးများတဲ့အရပ်ဒေသတွေမှာ စိုထိုင်းမှုများပြားတဲ့အတွက် coil နဲ့ Fin တွေဟာ ရေခိုးရေငွေ့များတဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့ လိုပါမယ်။
စက်မှုလုပ်ငန်းတွေနဲ့ ကားတွေကထွက်တဲ့ မီးခိုးတွေရဲ့ဒဏ်ကိုလည်းခံရပါတယ်။ ပင်လယ်ကမ်းစပ်နားမှာဆိုရင် ဆားငွေ့တွေနဲ့လည်းရင်ဆိုင်ရပါတယ်။ ဒါ့ကြောင့် Acid နဲ့ Salt တွေကိုခံနိုင်ရည်မရှိရင် air con သက်တမ်းတိုသွားပါလိမ့်မယ်။
Blue Fin Technology
~~~~~~~~~~~~~~~~~
Blue Fin Coating သုံးစွဲထားရင် coil တွေမှာကပ်ငြိလာတဲ့ ရေစက်တွေဟာ အလျင်အမြန်ပဲ ရေခံခွက်ထဲကျသွားပါလိမ့်မယ်။ ဖုန်မှုန့်တွေ ကပ်ငြိခြင်းလည်းနည်းပါးသွားပါမယ်။
Condenser Coil(အပူကွိုင်) မှာ မိုးရေနဲ့ဆားမှုန်တွေ condenser coil မှာများအပြားမကပ်ငြိနိုင်တော့ပါဘူး။
Coil မှာ ခဲနေတဲ့ရေခဲတွေကို အရည်ဖျော်ချရာမှာ(defrosting process) လည်း coating မပါတဲ့ Fin တွေထက် ပိုမြန်ပါတယ်။
Gold Fin Technology
~~~~~~~~~~~~~~~~~
Gold Fin ဟာ Blue Fin လိုပဲ ရေအမှုန်အမွှားတွေကပ်ငြိမှုကို အများကြီးလျော့ချပေးနိုင်ပါတယ်။
စွမ်းဆောင်ရည်ကတော့ Gold Fin ကပိုကောင်းပါတယ်။ စျေးကလည်းပိုမြင့်ပါတယ်။
အပူစုပ်ယူနိုင်စွမ်းလည်းပိုကောင်းပါတယ်။
Blue Fin ရော Gold Fin ပါ coating မပါတဲ့ coil တွေထက် ပိုပြီး သန့်ရှင်းတဲ့အတွက် ပုံမှန် Air Con သန့်ရှင်းရေးလုပ်ရတဲ့ အကြိမ်နည်းပါးသွားပါတယ်။
နှိုင်းယှဉ်ချက်
~~~~~~~~~
Gold Fin ဟာ Blue Fin ထက်
(1) (Heat Efficiency) အပူဖလှယ်နိုင်စွမ်း ပိုကောင်းပါတယ်။
(2) (Defrosting Pricess) Coil နဲ့ Fin တွေမှာ ကပ်ငြိနေတဲ့ ရေခဲတွေကို အရည်ဖျော်ချရာမှာ ပိုမြန်ပါတယ်။
(3) (Eco Friendly) သဘာဝပတ်ဝန်းကျင်နဲ့ပိုပြီးသဟဇာတ ဖြစ်ပါတယ်။ တနည်းပြောရရင် Gold Fin က ပတ်ဝန်းကျင် ထိခိုက်မှု လုံးဝမရှိပါဘူး။
(4) (Corrosion Protection)
ကြေး coil နဲ့ အလူမီနီယမ် Fin တွေကိုအသုံးပြုတဲ့အခါဖြစ်ပေါ်လာတဲ့ Bimetallic Corrosion အပါအဝင် Acid နဲ့ Salt တွေကြောင့်ဖြစ်ပေါ်လာတဲ့ corrosion တွေကို ခံနိုင်ရည်မှာ Gold Fin ကပိုကောင်းပါတယ်။
(5) (Cooling Capacity) အခန်းတွင်းမှ အပူစုပ်ယူနိုင်စွမ်းမှာ Gold Fin ကပိုမြင့်ပါတယ်။
(6) (Energy Consumption)
စွမ်းအင်ကုန်ကျမှုပိုပြီးသက်သာပါတယ်။ တနည်းအားဖြင့်ပြောရရင် မီတာခပိုပြီးသက်သာပါတယ်။
(7) (Long Life)
Corrision နည်းပါးတဲ့အတွက် Air Con သက်တမ်းပိုရှည်ပါတယ်။
(8) Gold Fin အသုံးပြုထားတဲ့ စက်တွေဟာ Blue Fin အသုံးပြုထားတဲ့စက်တွေထက်ပိုပြီး စျေးကြီးပါတယ်။
အကြံပြုချက်
~~~~~~~~~
စျေးကွက်ထဲမှာ
(1) coating မပါတဲ့ Fin
(2) Blue Fin နဲ့
(3) Gold Fin ဆိုပြီး ၃ မျိုးတွေ့ရပါမယ်။
Coating မပါတဲ့ Fin က
စျေးအသက်သာဆုံးပါ။
Gold Finကတော့ စျေးအကြီးဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရပါတယ်။
တချို့ brand တွေ မှာတော့ သီးသန့် Fin အမျိုးအစားတွေရှိပါတယ်)
Air Con အတွက် ကနဦး ကုန်ကျစားရိတ် သက်သာချင်ရင်တော့
coating မပါတဲ့ Fin နဲ့ Blue Fin အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။
ရေရှည်အတွက် မီတာခသက်သာပြီး သက်တမ်းကြာရှည်သုံးစွဲ လိုသူတွေ အတွက်ကတော့ Gold Fin က အသင့်တော်ဆုံးရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်။
* ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
Photo-credit
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
ဘယ်ပညာပဲဖြစ်ဖြစ် တတ်ထားပြီဆိုရင် သူခိုးခိုး ခံရလည်း ပါမသွားနိုင်တဲ့အတွက်တတ်ထားရင် မမှားတဲ့ သင်တန်းလေးတစ်ခုတော့ တက်ထားဖို...
Category
Telephone
Website
Address
No. 28, Mya Khwar Nyo Housing (Aung Kaung Kyaw), Ayarwon Road, Tharkayta Township
Yangon
11231
Other Trade Schools in Yangon (show all)
Zay Ya Theikdi Maritime Training Centre - ZYT MTC Zay Ya Theikdi Maritime Training Centre - ZYT MTC
မြန်မာ့ဂုဏ်ရည်လမ်း၊သာကေတစက်မှုဇုံ။
Yangon, 11231
Maritime Training Centre
Shin Rai International Vocational Institute Shin Rai International Vocational Institute
No. 150 B, New University Avenue Road, Bahan Township
Yangon, 11201
To human resources that meet international standards; to meet domestic demand and export internati
Thiha Electrical Engineering Thiha Electrical Engineering
1278 A , Tu Zi Thar 4 Street , 2 Quarter , North Okkalapa
Yangon, NORTHOKKALAPA 11031
electrical , wiring , piping , drawing ... etc ....
Gayunar Ahlin Vocational Training Center Gayunar Ahlin Vocational Training Center
No (58), Hledan Road, Kamayut Township
Yangon, 11041
Shin Rai International Institute Shin Rai International Institute
No. 150 B, New University Avenue Road, Bahan
Yangon, 11201
Shin Rai International Institute is the first vocational institution recognized by the Government of
Heaven Gate VSLTC Heaven Gate VSLTC
Palae Kyun Street
Yangon
စက်မှုလက်မှုနှင့်ကျွမ်းကျင်အသက်မွေးလုပ်ငန်းဆိုင်ရာသင်တန်းများကိုပို့ချပေးနေပါသည်။
Handi Handi
Yangon
အသက်မွေးဝမ်းကျောင်းပညာများ ပို့ချပေးနေသော သင်တန်းကျောင်း
Burma Vocational College Burma Vocational College
(36), Mya Sabe Street, 24 Ward, South Dagon Township
Yangon, 11433
Build Better Future
Fancy House Academy Fancy House Academy
56 B Kabar Aye Pagoda Road, (Opposite Side Of Chan Myae Yeik Tha Meditation Center), Yankin Township
Yangon, 11081
Our Academy aims to provide the highest level of hair, beauty and nail education in the country. -
Kaung Myat Business Advisor - Forex Kaung Myat Business Advisor - Forex
Botahtaung Pagoda Road, Myanmar, Burma (Myanmar)
Yangon
Forex Trading Advisor
Hype Think Language Academy Hype Think Language Academy
V49J+382, Kyaik Waing Pagoda Road
Yangon, 11061
Hype Think Language Academy is a branch of Hype Think that aims to provide quality education.
Black Diamond အထူးချုပ်ဖိနပ်လုပ်ငန်း Black Diamond အထူးချုပ်ဖိနပ်လုပ်ငန်း
North Dagon, (51)quarters, Bayintnaung(3)street
Yangon, 11421