Ibet789 Goal to Goal - 2

Ibet789 Goal to Goal - 2

ငွေကြေးစိတ်ချယုံကြည်မှုတန်ဖိုးကိုအလေးထားသူများရဲ့ ရွေးချယ်စရာ Goal to Goal 🥰
Viber-09787996414

21/12/2023

အမြင်မှန်ရသူတစ်ချို့က

၊Password *ချစ်လုံး* ထားပြီး
555mix ကိုပြောင်းကုန်ကြပြီ 🤭

-------------

555mix / Mix247 ဘယ်ဟာဆော့သင့်လဲ

✔️ မိတ်ဆွေဟာခေါင်းနည်းနည်းမသုံးချင်ဘူး ရိုးရိုးရှင်းရှင်း ဘော်ဒီမောင်းပဲဆို 555mix

✔️ ကိုယ့်ကိုယ်ကိုယ်နည်းနည်းလေ့လာမှုအားကောင်းပြီး လိုက်နိုင်တယ်ထင်ရင်
Mix247 သာဆော့ပါ။

👉ပွဲချိန်မမှီလည်း Live ကစားလို့ရတယ်
👉မောင်းကို ကန်နေတဲ့အချိန်တောင်တွဲလို့ရတယ်
👉 ပထမပိုင်း ကစားလို့ရတယ်
👉 Focus ရိုက်လို့ရတယ်

အ့ဟာတွေနဲ့တင် ကစားလို့ရပါပြီ။

----------

ဘာပဲကစားကစား
Goal to Goal နဲ့လက်တွဲဖို့တော့မမေ့နဲ့နော် 😍😍😍

Viber / Telegram - 09787996414

21/12/2023

ခါရာဘောင်ဖလား ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလို

လီဗာပူးဟာ ခါရာဘောင်ဖလားပွဲကို
သေချာအာရုံစိုက်ပြီး ကစားသွားတယ်။
ခါရာဘောင်ဖလား ပ်ြုင်ပွဲသက်တမ်း တစ်လျှောက် ချန်ပီယံ(၉)ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ လီဗာပူးဟာ ယခုနှစ်ရာသီမှာ (၁၀)ကြိမ်မြောက် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတာ သေချာပါတယ်။

ဝက်စ်ဟမ်းလို တိုက်စစ်ထက်မြက်တဲ့ အသင်းကို အန်ဖီးလ်မှာ ငါးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပေါက်ကွဲအားကို မြင်ခဲ့ရတယ်။ ရာသီအစ အန်ဖီးလ်ကွင်းမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း
လီဗာပူးက (၃-၁)နဲ့ အနိုင်ယူထားတယ်။
နောက်ပြီး ဝက်စ်ဟမ်းက ကွန်းဖရင့်လိဂ်ချန်ပီယံအသင်း။ ယူရိုပါလိဂ်မှာလည်းလီဗာပူးနည်းတူ အုပ်စုဗိုလ်နေရာကနေ ရှုံးထွက်အဆင့်ကို ရောက်ခဲ့တာကြောင့်
ခါရာဘောင်ဖလားမှာ လီဗာပူးရဲ့ ငါးဂိုးပြတ် သွင်းလိုက်ခြင်းဟာ စိတ်ဓာတ်ပိုင်းအရပါ ဦးချိုးလိုက်သလို ဖြစ်သွားစေတယ်။

ဝက်စ်ဟမ်းကို (၅-၁)နဲ့ အနိုင်ရခြင်းက
ဒီရာသီ ပြည်တွင်းမှာ လီဗာပူးရဲ့ ဂိုးအပြတ်ဆုံး နိုင်ပွဲဖြစ်သလို ယခုနှစ်ရာသီမှာ ဒုတိယမြောက် ငါးဂိုးပြတ်သွင်းနိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့အပတ်က အန်ဖီးလ်ကွင်းကြီးထဲမှာ
မန်ချက်စတာ ယူနိုက်တက်ကို ဂိုးရအောင် မသွင်းနိုင်ခဲ့တဲ့ ကံဆိုးမှုတွေဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပေါက်ကွဲအားတွေအဖြစ် ပြောင်းလဲသွားတာကို တွေ့ရတယ်။

ဆိုဘော့ဇလိုင်းရဲ့ Rocketကန်ချက်နဲ့
ဦးဆောင်ဂိုး စသွင်းတယ်။ ဒုတိယပိုင်းမှာတော့ မိုဆာလာ၊ အာနိုး၊ ဂတ်ပိုတို့ ဝင်လာချိန် လီဗာပူးတိုက်စစ်က ပိုပြီး ကြွတက်လာတယ်။ ကာတစ်ဂျုံးက နှစ်ဂိုးသွင်း၊
ဂတ်ပိုနဲ့ မိုဆာလာတို့က တစ်ဂိုးစီ ထပ်သွင်းခဲ့ကြတယ်။ အလက်ဇန္ဒားအာနိုးလ်က (၈၂)မိနစ်နဲ့ (၈၄)မိနစ်အယမှာ ဆာလာ၊ ကာတစ်ဂျုံးစ်တို့ရဲ့ ဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် ဘိုဝင်က ချေပဂိုးတစ်ဂိုး ရှာဖွေသွားခဲ့ပါတယ်။

လီဗာပူးဟာ ဆီမီးဖိုင်နယ်မှာ ပရီးမီးယားလိဂ်ကလပ် နောက်ထပ်လန်ဒန် တစ်သင်းဖြစ်တဲ့ ဖူဟမ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဖိုင်နယ်လမ်းကြောင်းကတော့ ဖြောင့်ဖြူးနေပြီး တစ်ဖက်မှာ ချဲလ်ဆီးကတော့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ခ်ျနဲ့ တွေ့ဆုံနေပါတယ်။

Ibet789 Goal to Goal - 2

20/12/2023

Sports899 နဲ့ပတ်သက်လို့
အထက်က ဒီလိုပဲဖြေရှင်းပေးထားတယ်

‌ဆိုတော့ App ငြိမ်တဲ့ထိစောင့်ပါ
မည်သည့် complain မှလည်းရှင်းမပြတော့ပါ

Error တက်နေတယ် ဘာမှလုပ်ပေးလို့မရဘူးဆိုတာကလွဲပြီး ‌ပြောစရာမရှိပါ

With Respect !

20/12/2023

Mix247 ဆို အထက် company က အ့လိုအကျိူအကြောင်းပြောပေးပါတယ်
🤗

Sports899 ကစာကိုမဖတ်တာ 🤔

20/12/2023

နှလုံးလှလူသား ဆာကာ

မကြာသေးခင်က စက်တင်ဘာလထဲမှာ မော်ရိုကိုနိုင်ငံမှာအင်အားပြင်းထန်လွန်းတဲ့ ငလျင်တစ်ခု လှုတ်ခတ်သွားခဲ့ပြီး တိုက်တာအဆောက်အအုံတွေများစွာ ပျက်စီးခဲ့ပြီး
လူ့အသက်ပေါင်းများစွာကို နုတ်ယူသွားခဲ့ပါတယ်။ အင်အားရစ်ခ်ျတာစကေး အဆင့်(၆.၈)ရှိတဲ့ အဆိုပါ ငလျင်ဟာကမ္ဘာပေါ်မှာ အဆိုးရွားဆုံးတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူဦးရေ (၃၀၀၀)ကျော် သေကြေပျက်စီးခဲ့ရတာပါ။ မော်ရိုကိုနိုင်ငံသား သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အကူအညီအထောက်အပံ့များစွာလည်း လိုအပ်ခဲ့ပါတယ်။

မော်ရိုကိုမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝငလျင်ဘေး ဒုက္ခသည်တွေကို အားတက်သရောငွေအားလူအားဖြင့် ပါဝင်ကူညီကြတဲ့အဖွဲ့အစည်းတွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ဒီထဲမှာ
ဂန်းနားကြယ်ပွင့် ဆာကာလည်း အပါအဝင် ဖြစ်ပါတယ်။

ဆာကာဟာ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေကိုဆေးဝါးထောက်ပံ့မှုနဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အကူအညီများပေးနေတဲ့ Big Shoe Foundation နဲ့အတူ ပူးပေါင်းပြီး ကွန်တိန်နာအိမ် အလုံးပေါင်း (၅၀) လှူဒါန်းခဲ့ပါတယ်။ အဆိုပါကွန်တိန်နာ‌အိမ်တွေထဲမှာ ရေမီးအစုံ၊ အိပ်ယာ၊ ရေချိုးခန်းကအစ ပြည့်ပြည့်စုံစုံပါဝင်တယ်လို့သိရတယ်။

ဆာကာဟာ လူဦးရေ (၂၅၅)ယောက်ကို
အိုးမဲ့အိမ်မဲ့ မဖြစ်ရအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက (၈၉)ယောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဆာကာဟာ တခြားသော လူမှုရေး ဆိုင်ရာ အကူအညီ အထောက်အပံ့တွေကိုလည်း အားတက်သရော ပါဝင်လှူဒါန်းသူဖြစ်ပြီး သူ့ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပြသခဲ့ပါတယ်။

ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးဘဲဖြစ်ဖြစ်
လူတစ်ယောက်မှာ အရေးအကြီးဆုံးက
ကိုယ်ချင်းစာတရားပါဘဲ။ လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့အတိုင်း ဆာကာဟာ ဒါနမျိုးစေ့ကို အကောင်းဆုံး ကြဲချနေပါတယ်။
ဆာကာလို လူသားဆန်မှု၊ လူပီသမှုတွေနဲ့ ပြည့်နှက်နေရင် ကမ္ဘာကြီးဟာ နွေးထွေးငြိမ်းချမ်းနေမှာ သေချာပါတယ်။

ဂန်းနားကြယ်ပွင့် ဆာကာရဲ့ မွန်မြတ်တဲ့စိတ်ထားနဲ့ ပရဟိတအလှူတွေကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

Ibet789 Goal to Goal - 2

20/12/2023

Sports899 ပြန်ရနေပါပြီ

Version update မြှင့်ခိုင်းမှာပါ

မြှင့်လိုက်ပါ ပြီးရင်ဝင်လို့ရပါပြီ

20/12/2023

နယူးကာဆယ်ရဲ့ ဆုဖလားအိပ်မက်တွေကို
ဒီနှစ်မှာတော့ ချဲလ်ဆီးက ရိုက်ချိုးသွားခဲ့ပြန်ပါပြီ။ မနေ့ညက ပွဲကြို သုံးသပ်ခဲ့တဲ့အတိုင်း နှစ်သင်းလုံးဟာ အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာကြတယ်။ ချဲလ်ဆီးက အိမ်ကွင်းမှာ ဖွင့်ကစားတယ်။ ပိုချက်တီနိုဟာ နယူးကာဆယ်ကို အရင်လထဲမှာ ဂိုးပြတ်ရှုံးခဲ့တာကြောင့် သေချာပြင်ဆင်လာတာကို တွေ့ရတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့တွေ့ရင် တစ်ဦးချင်း အမှားတွေ
မကင်းတဲ့ ချဲလ်ဆီးရဲ့ ထုံးစံအတိုင်း ဘက်ဒီယာရှီးလ်ရဲ့ အမှားတစ်ချက်ကြောင့် ကော်လန်ဝီလ်ဆင်က ဦးဆောင်ဂိုး သွင်းသွားတယ်။

ဂိုးပေးရပြီးနောက်ပိုင်း ချဲလ်ဆီးက သိသိသာသာ စိုးမိုးကစားခဲ့တယ်။ နယူးကာဆယ်ဟာလည်း သူတို့ရဲ့ မာကျောကျစ်လစ်တဲ့ ခံစစ်စုဖွဲ့မှုကို ပြသနိုင်ခဲ့တယ်။
စတာလင်၊ မူဒရစ်ခ်တို့ရဲ့ အတိုးအလှုပ်တွေနဲ့ တောက်လျှောက် ဒုက္ခပေးနိုင်ခဲ့တယ်။
အခွင့်အရေးတွေ အကြိမ်ကြိမ် ဖန်တီးခဲ့ပေမယ့် ပြွတ်သိပ်ကြပ်နေတဲ့ နယူးကာဆယ်ရဲ့
Low block တွေကို ဖောက်ထွက်ဖို့ အတော်လေးခက်ခဲခဲ့တယ်။ အဆုံးသတ် အားနည်းခဲ့တာကြောင့်လည်း ဂိုးတွေ စောစောမရခဲ့ဘူး။

နယူးကာဆယ်ဟာ ဦးဆောင်ဂိုးရပြီးကတည်းက ခံစစ်ကိုဘဲ ဦးစားပေး ပိတ်ဆော့‌ခဲ့တယ်။ ဂလက်ဂါ ကိုင်စီဒိုတို့ရဲ့ လုပ်အားနှုန်းတွေကို ဘရူနိူဂူမာရက်စ် ဦးဆောင်လာတဲ့ နယူးကာဆယ် ကွင်းလယ်က မယှဉ်နိုင်ခဲ့ဘူး။ နယူးရဲ့ တန်ပြန်တိုက်စစ် ပြန်စနိုင်တဲ့ လမ်းကြောင်း မှန်သမျှကို ကွင်းလယ်မှာတင် ဖြတ်တောက် ပိတ်ဆို့နိုင်ခဲ့တယ်။

မိနစ်(၉၀)ပြည့်တဲ့အထိ ချဲလ်ဆီးဟာ နယူးကာဆယ်ခံတပ်ကို တိုးမပေါက်ခဲ့ဘူး။
ဧည့်သည်တွေရဲ့ အစီအမံတွေ အထမြောက် အောင်မြင်တော့မလားလို့
တွေးနေချိန်မှာဘဲ ညာခြမ်းက ဂတ်စတိုရဲ့ ဖြတ်တင်ဘောဟာ ထရစ်ပီယာဆီရောက်သွားချိန်မှာ အရှိန်များပြီး အထိန်းလွန်ခဲ့တာကြောင့် နောက်က ကပ်နေတဲ့ မူဒရစ်ခ်က ထရစ်ပီယာ မြန်နှုန်းအားနည်းတာကို အခွင့်ကောင်းယူပြီး တိုးဝင်လာကာ ဗြုန်းဆို ကန်သွင်းသွားခဲ့တယ်။ ချဲလ်ဆီးပြန်လာဖို့ အချိန်မီလေးပါဘဲ။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ချဲလ်ဆီးက တည်ငြိမ်မှုကို ပိုပြနိုင်ခဲ့တယ်။ ကိုးပါလ်မားက အရင်ဆုံး ကန်တယ်။ ဂလက်ဂါ၊
အန်ကွန်ကူ၊ မူဒရစ်တို့ အားလုံးက တိတိကျကျကန်သွင်းခဲ့တယ်။ ဒါပေမယ့်
ပင်နယ်တီ မကန်ခင်ကတည်းက ဖိအားဝင်နေတဲ့ ထရစ်ပီယာဟာ ဝင်အောင်မကန်သွင်းနိုင်ခဲ့ပြန်ဘူး။ မက်ရစ်ချိုင်းရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ပီထရိုဗစ်က တည်တည်ငြိမ်ငြိမ်နဲ့ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ချဲလ်ဆီးက (၄-၂)နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဆုဖလားတစ်လုံးနဲ့ ပိုပြီး နီးနီးစပ်စပ် ရှိလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အသီးအပွင့်ကို ခံစားရရှိခဲ့ပါတယ်။

Ibet789 Goal to Goal - 2

20/12/2023

App error ညကတည်းကဖြစ်နေတာပါ

555mix sports899 ရှိသမျှမြန်မာကြေးသီးသန့်တွေက မြန်မာ server မြန်မာ made တွေပါ

Acc ပြန်ဝငိလို့ရရင် အ့ထက်တစ်ဆင့်ပိုကောင်း ပိုမြှင့်တဲ့ live ပါကစားလို့ရတဲ့ မြန်မာကြေး ကော မလေး‌ေကြးပါပါတဲ့ Mix247 ကစားချင်သူများ စာရင်းလာပေးထားပါ

555mix ပြောင်းချင်လည်းရပါတယ်

Sports899 မှဆိုလည်းရပါတယ်

❌❌❌ Sports899 ကိုထောင်ထားတဲ့ ကိုယ်ပိုင် App မဟုတ်တဲါအတွက် ဘယ်ချိန်ရမလဲဆိုတာ မသိပါ ( ဘယ်ချိန်ရမလဲ မေးသူများ )

--------

Agent site ကတော့ ဝင်လို့ရတဲ့အတွက်

App ပြောင်းချင်သူတွေ မိမိတို့အကောင့်ကို ဝင်မရသေးလည်း ok တယ် ဘာမဖြစ်ဘူးဆိုရင် လက်ကျန်န်ယူနစ်အတိုင်း ပြောင်းချင်တဲ့ app ထဲရွေ့ထားပေးပါမယ်

App ဝင်ရမှဆိုလည်း မိတ်ဆွေတို့ငဘောပါ

မပြောင်းဘူး ဒါပဲဆော့မယ်ဆိုလည်းရပါတယ်

With respect

19/12/2023

Sports899
လိုင်းကျ error ဖြစ်နေတာပါ

အေးဂျင့်အကောင့်တွေလည်းဝင်မရပါဘူး

ဘယ်ချိန်ဝင်ရမလဲဆိုတာလဲ user နဲ့အတူတူပဲစောင့်နေရတာပါ

With Respect !

19/12/2023

ချဲလ်ဆီးရော၊ နယူးကာဆယ်ရော နှစ်သင်းလုံးမှာ အဓိက လိုအပ်နေတာ ဆုဖလား အနံ့အသက်ဖြစ်ပါတယ်။ ချဲလ်ဆီးလိုအသင်းအတွက် ပုံမှန်အားဖြင့် ခါရာဘောင်ဖလား လောက်ကို လှည့်ကြည့်စရာမလိုခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အသင်းအရည်အသွေး ကျဆင်းသွားတဲ့အခါ
ဖြစ်နိုင်ချေပိုများတဲ့ ရှုံးထွက်ဖလားတွေဘက်ကို ပိုပြီး အာရုံစိုက်တာ သဘာဝကျပါတယ်။

လူငယ်ကစားသမားတွေအတွက် ပိုချက်တီနိုအတွက် ပွဲဦးထွက်အောင်ပွဲရဖို့ ဖိအားတွေကနေ ရုန်းထွက်ဖို့ ၊ ယုံကြည်မှုတွေရဖို့ဆုဖလားတစ်လုံးဟာ သေရေးရှင်ရေးတမျှ အရေးကြီးလာတယ်။ ဝင်ဘလေကို ရောက်ဖို့အတွက် ဒီည စတမ်းဖို့ဘရစ်ခ်ျမှာ နယူးကာဆယ်ကို ရှိသမျှအားကုန်သုံးပြီး ရင်ဆိုင်မှာသေချာတယ်။

နယူးကာဆယ်ဟာ ဆုဖလားအောင်မြင်မှုကို ငမ်းငမ်းတက်လိုချင်နေတာ ပြီးခဲ့တဲ့နှစ်ကတည်းကပါ။ ပြီးခဲ့တဲ့ရာသီမှာ ခါရာဘောင်ဖလား ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမယ့် မန်ယူကို အရေးနိမ့်ခဲ့ရတယ်။
နယူးကာဆယ်ဟာ ပြည်တွင်း ရှုံးထွက်ဖလားတွေနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်သုံးခုစာနီးနီးရှိပါတယ်။ အက်ဒီဟောင်းလက်ထက်မှာ ဖလားတစ်လုံး ယူပြဖို့
အချိန်တန်ပြီလည်းဖြစ်တယ်။ ပရီးမီးယားလိဂ်ရဖို့လည်း မဖြစ်နိုင်တာကြောင့် အက်ဖ်အေနဲ့ ခါရာဘောင်တို့ဘက်ကို ပိုပြီး အားစိုက်ကြလိမ့်မယ်။

အရင်လထဲကဘဲ နယူးကာဆယ်ဟာ ဒဏ်ရာပြဿနာတွေ များနေတဲ့ကြားကနေ ချဲလ်ဆီးကို လေးဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူထားတဲ့အတွက် စိတ်‌ဓာတ်ပိုင်းအရ တစ်ပန်းသာနေမှာ သေချာတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ သူတို့တွေ ယုံကြည်မှု အပြည့်နဲ့ ချီတက်လာမှာပါဘဲ။

ချဲလ်ဆီးဟာ ရှုံးထွက်ဖလားတွေမှာ ပိုပြီး အာရုံစိုက်ကစားတာကြောင့် နယူးကာဆယ်အတွက် မလွယ်ကူပါဘူး။ နောက်ဆုံးနှစ်တွေမှာ ဖိုင်နယ်ကို အကြိမ်ကြိမ် ရောက်ခဲ့ပေမယ့် လီဗာပူး၊ မန်စီးတီးတို့ကို ပင်နယ်တီမှာ အရေးနိမ့်ခဲ့ရတယ်။ မရတာကြာပြီဖြစ်တဲ့ ခါရာဘောင်ဖလားကို (၇)ကြိမ်မြောက်ဗိုလ်စွဲဖို့ ချဲလ်ဆီးက ပိုပြီး ကြိုးစားလာမှာပါ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးဟာ နယူးကာဆယ်ကို နောက်ကောက်ချနိင်မယ်လို့ ထင်ပါတယ်။

Ibet789 Goal to Goal - 2

19/12/2023

Tonight Tip

❗Chelsea ❗

19/12/2023

လွတ်မြောက်လမ်းကို ရှာတွေ့ပါစေ ဒွန်နီ

တစ်ချိန်က အိုင်းယက်စ်ဌာနေမှာ ဘုန်းတန်ခိုးထွန်းလင်းလို့ ဥရောပက အသင်းကြီးတွေ ဝိုင်းဝိုင်းလည်နေခဲ့တဲ့
ဒွန်နီဘန်ဒီဘိခ်တစ်ယောက် အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့တယ်။ အညွန့်တလူလူဖြစ်ခဲ့ပေမယ့် လူငယ်တစ်ယောက်ရဲ့ နုပျိူခြင်း အချိန်တွေဟာ အရံခုံမှာ ကုန်ဆုံးရတာ များလာတယ်။ မန်ချက်စတာယူနိုက်တက်ကို
ဆိုက်ရောက်လာတဲ့ နောက်ပေါက်တွေထဲမှာ ဘယ်သူကများ တောက်တောက်ပြောင်ပြောင် ရှိခဲ့လို့လဲ? ကပ္ပတိန် ဘရူနိုကတော့ ခြွင်းချက်ပေါ့လေ.....။

‌ဒွန်နီကိုယ်တိုင်လည်း ကြံ့ခိုင်မှု လိုအပ်ချက်တွေရှိကောင်းရှိခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ လေးရာသီမြောက် ဖြစ်လာခဲ့ချိန် အရံခုံထိုင်ရတဲ့ အချိန်က ပိုများလာတယ်။
ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ပုံမှန်နေရာရဖို့ ခက်ခဲသွားပြီ။ဆရာဟောင်းဖြစ်တဲ့ အဲရစ်တန်ဟတ်ခ်ျ ရောက်လာချိန်မှာ သူ့အတွက် မျှော်လင့်ချက် ရောင်ခြည် သမ်းလာဦးမလားလို့ စောင့်ကြည့်ခဲ့ပေမယ့် အခွင့်အရေး မရခဲ့ဘူး။

ယူနိုက်တက်ကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေ များနေတာတောင် ဒွန်နီဘန်ဒီဘိခ်ဟာ ချောင်ထိုးခံရဆဲ။ အိုးထရက်ဖို့ဒ်ကနေ ထွက်ဖို့ ပြီးခဲ့တဲ့နွေမှာ ကြိုးစားခဲ့ပေမယ့မအောင်မြင်ခဲ့ဘူး။ ဘန်ဒိဘိခ်အတွက် ယူနိုက်တက်မှာ နေရာမရှိတော့တာ သေချာသွားပြီ။ ကိုယ့်ကိုမလိုအပ်တဲ့ ရပ်ဝန်းမှာ ဘယ်သူက ကြာကြာရှင်သန်ချင်မလဲ?

ဘန်ဒီဘိခ်တစ်ယောက် ဖရန့်ဖတ်ကို ရာသီကုန်အထိ အငှားနဲ့ပြောင်းဖို့ သေချာသလောက် ဖြစ်သွားပြီ။ ဆေးစစ်မှုပါ တစ်ခါထဲလုပ်ပြီးသွားပြီ။ အပြီးသတ်ဝယ်ယူခွင့်ပါ စာချုပ်ထဲမှာပါတယ်။ ဘန်ဒီဘိခ်က ယူနိုက်တက်ကနေ အပြီးထွက်ဖို့ပါ ဆုံးဖြတ်ထားပုံပါဘဲ။ ဒီရပ်ဝန်းကို သူစိတ်ကုန်သွားပြီ။ မပျော်တဲ့အရပ်မှာ မနေအပ်တော့ဘူး။

သူ့ရဲ့ လွတ်မြောက်ရာလမ်းကို ရှာဖွေတော့မယ်။ ဂျာမန်မြေဆီ ဖောက်ထွက်ကြိုးစားပြမယ်။ အပြီးသတ်ဝယ်ယူဖို့အတွက် သူ့ဘက်က ထိုက်တန်တဲ့ ခြေစွမ်းပြဖို့တော့လိုပါတယ်။ အသင်းသစ်မှာ အဆင်ပြေပါစေ
ထိုက်တန်တဲ့ နေရာတစ်နေရာ အပိုင်စားရပါစေ ဒွန်နီရေ.။

Ibet789 Goal to Goal - 2

19/12/2023

ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲတွေကို မဲခွဲပြီးတဲ့အခါ အင်တာမီလန်နဲ့အက်သလက်တီကို မက်ဒရစ်တို့ ထိပ်တိုက်တွေ့ဆုံနေကြတယ်။ ဒီပွဲက တခြားပွဲတွေထက် ပိုပြီး စိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါဘဲ။ အင်တာမီလန်နဲ့ အက်သလက်တီကို မက်ဒရစ် နှစ်သင်းလုံးက အုပ်စုအဆင့်တွေကို ရှူံးပွဲမရှိဘဲ ကစားနိုင်ခဲ့ကြတယ်။

အက်သလက်တီကိုဟာ တိုက်စစ်စွမ်းရည်ထက်မြက်မှုကို ပြထားနိုင်တယ်။ (၁၇)ဂိုးသွင်းပြီး မန်စီးတီးပြီးရင် ဒုတိယဂိုးသွင်းအများဆုံး တိုက်စစ်ကို ချပြထားနိုင်တယ်။ ခံစစ်ကလည်း ပေးဂိုး (၆)ဂိုးဘဲ ရှိတာကြောင့် ကျစ်ကျစ်လစ်လစ်နဲ့ စုဖွဲ့မှုကို မြင်ခဲ့ရတယ်။ ဂိုးဟွာကချက်က (၁၁)ဂိုး ရှိတာကြောင့် အာဆင်နယ်ပြီးရင် သူတို့အများဆုံးဖြစ်ပါတယ်။

အင်တာမီလန်ဟာ အုပ်စုထဲမှာ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့ရတယ်။ နှစ်ကျော့လုံးကို မရှုံးခဲ့ဘူး။ အင်တာဟာ စပိန်ကလပ်တွေနဲ့တွေ့ရင် အသာစီးယူနိုင်တာများတယ်။ စီးရီးအေမှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ မာဂုဏ်လည်း လျော့မသွားဘူး။ အင်တာဟာ သူတို့ရဲ့ စွမ်းရည်ကို
ပြည်တွင်းမှာရော၊ ဥရောပမှာပါ ဟန်ချက်ညီညီ ထိန်းထားနိုင်တယ်။

အက်သလက်တီကိုဟာ လာလီဂါမှာ ရလဒ်တွေ မတည်ငြိမ်ပေမယ့် ချန်ပီယံလိဂ်မှာ ပိုပြီး အားစိုက်နေတာကိုတွေ့ရတယ်။ တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ မိုရာတာနဲ့ ဂရစ်ဇ်မန်းတို့က (၅)ဂိုးစီသွင်းပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ကနေ ရပ်တည်နေကြတယ်။ အက်သလက်တီကိုဟာ ချန်ပီယံလိဂ်မှာ အင်တာမီလန်လောက် အစဉ်အလာမရှိခဲ့ပေမယ့် သူတို့ပြသထားတဲ့ ပုံစံကောင်းတွေဟာ အားရစရာပါဘဲ။

အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ဟာ
ထိပ်တိုက်တွေ့ဆုံမှု (2)ကြိမ်စီရှိခဲ့ကြပြီးတော့ တစ်ကြိမ်စီ အသာရခဲ့ကြတယ်။ ချန်ပီယံလိဂ်မှာတော့ ဒီနှစ်သင်းတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
(2010)ခုနှစ်က UEFA Super Cup ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ထိပ်တွေ့‌ခဲ့ကြပြီး အက်သလက်တီကိုက (၂-၀)နဲ့ အနိုင်ရခဲ့တယ်။ အဲ့ဒီနောက် (2018)ခုနှစ်က နွေရာသီကြို International Champion Cupပြိုင်ပွဲမှာ အင်တာက အက်သလက်တီကိုကို (၁-၀)နဲ့ အနိုင်ရခဲ့တယ်။

အင်တာဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ (2009-10)ဘောလုံးရာသီတုန်းက
ဟိုဆေးမော်ရင်ဟိုလက်ထက် ဂွာဒီယိုလာရဲ့ဘာစီလိုနာကို နှစ်ကျော့ပေါင်း (၃-၂)နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖ်ိုင်နယ် သမိုင်းဝင်တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံးအကြိမ်
စပိန်ကလပ်တစ်သင်းနဲ့ ရှုံးထွက်အဆင့်မှာ ပြန်လည် တွေ့ဆုံတာဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိကြတဲ့အပြင် ကိုယ်စီ တောင့်တင်းမှုတွေ ပြသထားတာကြောင့် အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံနေမှုဟာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေမှာ သေချာပါတယ်။ ဘယ်အသင်းက ပထမဆုံး ရှုံးပွဲကြုံတွေ့ပြီး နောက်တစ်ဆင့်ကို ဘယ်သူတွေ တက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။

Ibet789 Goal to Goal - 2

18/12/2023

#6
အတ်တလန်တာ Goal Under

18/12/2023

ပြီးခဲ့တဲ့နှစ်မှာ အာလင်းဟာလန်း မန်စီးတီးကို ပြောင်းလာတော့ ပရီးမီးယားလိဂ်မှာ ဂိုး(၂၀)ပြည့်ဖို့ ပွဲအနည်းဆုံး စံချိန်ကို ရိုက်ချိုးပြခဲ့တယ်။ ဟာလန်းက (၁၄)ပွဲထဲကစားပြီး ဟယ်ရီကိန်းရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

ဒီနှစ်ရာသီမှာတော့ ဂျာမန်မြေပေါ်ရောက်
ဟယ်ရီကိန်းက ဘွန်ဒက်လီဂါမှာ ပွဲအနည်းဆုံးနဲ့ ဂိုး(၂၀)သွင်းနိုင်တဲ့ စံချိန်ကို ရိုက်ချိူးသွားပါတယ်။ ကိန်းက (၁၄)ပွဲထဲ ကစားပြီး ဂိုး(၂၀)သွင်းနိုင်ခဲ့တာပါ။

‌ဒီရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ပထမဆုံး လိဂ်သွင်းဂိုး (၂၀)ပြည့်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ
ဂိုးပါဝင် ပတ်သက်မှု (၂၅)ကြိမ်လုပ်နိုင်တဲ့
ပထမဆုံး ကစားသမားလည်းဖြစ်ပါတယ်။
ကိန်းဟာ ဘွန်ဒက်လီဂါမှာ ဂိုးဖန်တီးမှူ (၅)ကြိမ်လုပ်ထားတာပါ။

ဟယ်ရီကိန်းရဲ့ ပြိုင်ပွဲအရပ်ရပ် ဂိုးပါဝင် ပတ်သက်မှုက (၃၂)ဂိုးအထိ ရှိလာပြီး ဥရောပထိပ်တန်းလိဂ်တွေထဲမှာ အမြင့်ဆုံး ကစားသမားလည်း ဖြစ်နေပြန်ပါတယ်။

(2023)ခုနှစ်အတွက် ကလပ်နဲ့ နိုင်ငံသွင်းဂိုးအရေအတွက် (၅၁)ဂိုးအထိ ရှိလာပြီး
ခရစ္စတီယာန်ုရော်နယ်ဒိုနဲ့ ဟာလန်းတို့ကို ကျော်ဖြတ်ကာ အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲစုံ ပွဲ(၂၀)ဘဲကစားပြီး (၂၄)ဂိုးသွင်း၊
ဂိုးဖန်တီးမှု (၈)ကြိမ်လုပ်ထားတဲ့ ဟယ်ရီကိန်းဟာ ဥရောပရွှေဖိနပ်ဆု၊ ဘွန်ဒက်လီဂါ ဂိုးသွင်းဘုရင်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ပရီးမီးယားလိဂ်လို အခက်ခဲဆုံးနေရာမှာ သက်သေပြထားပြီးသား ဟယ်ရီကိန်းအတွက် ဂျာမန်မြေပေါ်မှာ သွင်းဂိုးတွေဆိုတာ အင်မတန် လွယ်ကူလွန်းနေပါတယ်။

သွင်းဂိုးတွေအတွက် ဟယ်ရီကိန်းဟာ ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ရတာကြောင့် ဘိုင်ယန်နဲ့အတူ ချန်ပီယံဖလားဆွတ်ခူးနိုင်မယ့် သူ့အိပ်မက် ပြည့်မြောက်ဖို့ကိုဘဲ ဆုတောင်းရမှာပါ။

Ibet789 Goal to Goal - 2

18/12/2023

အမ်းမရိတ်မှာတော့ အာဆင်နယ်ဟာ အာဆင်နယ်
ပီပီသသ လုပ်ပြနိုင်ခဲ့တယ်။ဒီရာသီမှာ ဇင်ယော်တွေကို ရမှတ်ဗလာ၊ ဂိုးဗလာနဲ့ ရပ်တံ့ပေးနိုင်တာ အာဆင်နယ် တစ်သင်းဘဲရှိတယ်။ အာတီတာအတွက် ဒီဇာဘီ ပုစ္ဆာက ခက်ခဲရှုပ်ထွေးခဲ့ပါတယ်။ဘရိုက်တန်ဟာ အာဆင်နယ်နဲ့တွေ့တိုင်းခက်ခဲခြင်းတွေကို အမြဲယူလာပေးတယ်။
အမ်းမရိတ်မှာ နောက်ဆုံး(၃)ပွဲဆက်နိုင်ထားတဲ့အထိ မောက်မာပြထားခဲ့တယ်။ဒါကြောင့် ဒီဇာဘီတို့အုပ်စုဟာ အမ်းမရိတ်ကို လေ့ကျင့်ရေးကွင်းလို သဘောထားပြီး လာကစားတယ်။

မန်စီးတီးအမှတ်လျော့တ ၊ လီဗာပူးပွဲကြပ်တာကို ဂန်းနားတွေဟာ အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်။ အမ်းမရိတ်မှာ ဘရိုက်တန်ကို အောင်နိုင်ခန်းက ဇယားထိပ်ကို ပြန်ရောက်သွားစေတယ်။ ဘရိုက်တန်ဟာ
တိုက်စစ်က ဂျွတ်ထနေတဲ့အသင်းပါ။ ဒီလိုအသင်းကို ခံစစ်ဇုန်ထဲ မောင်းပို့ပြီး အလုပ်များစေခဲ့တဲ့ ဂန်းနားတွေနဲ့ attacking ကို ကြွေဆင်းလောက်ပါရဲ့။

ဘရိုက်တန်ဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ပွဲတိုင်း ဂိုးသွင်းထားနိုင်တယ်။ နောက်ဆုံး ပရီးမီးယားလိဂ် (၃၂)ပွဲဆက် ဂိုးရအောင် သွငိးနိုင်တယ်။ တစ်ပွဲကိုပျမ်းမျှ (2.1)ဂိုးရတယ်။ ဂိုးရနိုင်ချေ xG(2)အထိရှိတယ်။ တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းချက်က (17)ကြိမ်အထိရှိတယ်။ အဲ့လို ကိုယ်ပိုင်ဟန်ပန်တွေနဲ့
မြူးကြွနေတဲ့ ဘရိုက်တန် တိုက်စစ်ဟာ
အမ်းမရိတ်မှာတော့ အကွဲကွဲအပြဲပြဲဖြစ်ပြီး
ရဂိုးဗလာနဲ့ အိမ်ပြန်သွားခဲ့ရတာဘဲ။
ကန်သွင်းချက် (6)ကြိမ်နဲ့ ဂိုးရနိုင်ချေ xG က (0.7)ကြိမ်ဘဲ ရခဲ့တဲ့အထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။

ဒီဇာဘီပြောခဲ့ဖူးတဲ့ သူတို့အသင်း ရှုံးရင်တောင် သူတို့ရဲ့ system နဲ့ ကစားရင်းရနေ ရှုံးရမယ်ဆိုတဲ့ စကားဟာ အမ်းမရိတ်မှာတော့ အကျုံးမဝင်ဘူး။ ဂန်းနားတို့မြေကို လာကစားတဲ့ အသင်းမှန်သမျှ ခံစစ်ပြင်ကိုပြင်ရမှာ ထုံးစံဘဲ။ ဒီဇာဘီဖြစ်ဖြစ်၊ ဂွာဒီယိုလာဖြစ်ဖြစ် ဘယ်သူဘဲလာလာ ခံစစ်ကစားရမှာဘဲ။ ပထမတစ်ပိုင်းလုံး ဂိုးမရခဲ့ပေမယ့် လပ်ကီးဘွိုင်းလေး ဂျေးဇူးရဲ့ ခေါင်းတိုက်ဂိုးက အာဆင်နယ်အတွက် အရာရာ လွယ်ကူသွားစေခဲ့တယ်။

အာဆင်နယ်စိုးမိုးခြင်းကို ဒီတစ်ကွေ့မှာ
ဒီဇာဘီဟာ အံအမတုနိုင်ခဲ့ရှာဘူး။
ပွဲပြီးခါနီးမှာ ဘရိုက်တန်ပြန်ထောင်လာပေမယ့် ရွှေကင်းကိုင်ရဲ့ လှပသေသပ်တဲ့ အဆုံးသတ်နဲ့ ဇင်ယော်တွေကို အပြီးတိုင် ဇီဝိန်ခြွေပြစ်နိုင်ခဲ့တယ်။ ဒီထက်ဂိုးတွေ
ပိုပြတ်ခဲ့သင့်ပေမယ့် ပေးဂိုးမရှိ (၂-၀)ဆိုတာမျိုးက ကျေနပ်စရာပါဘဲ။ ဘရိုက်တန်ကို ဒီလိုရလဒ်မျိုးထွက်အောင် ကစားနိုင်တာ အာဆင်နယ် တစ်သင်းဘဲ ရှိပါတယ်။

Ibet789 Goal to Goal - 2

17/12/2023

Hat-trick of Assists 🎯🎯🎯

ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပါကွေတာဟာ ဝု‌ဗ်နဲ့ပွဲမှာ ဂိုးဖန်တီးမှူ (၃)ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

2017ခုနှစ် ဇန်နဝါရီလက မိုက်ကယ်အန်တိုနီယိုနောက်ပိုင်း ဝက်စ်ဟမ်းအတွက် တစ်ပွဲထဲ ဂိုးဖန်တီးမှု (၃)ကြိမ် လုပ်နိုင်ခဲ့တဲ့သူ ဖြစ်လာပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ
တစ်ပွဲထဲ ဂိုးဖန်တီးမှု (၃)ကြိမ်လုပ်နိုင်တဲ့
ဒုတိယမြောက် ဘရာဇီး ကစားသမားဖြစ်လာခဲ့ပါတယ်။ ပထမဆုံးကတော့
လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘတ်တိုဖာမီနိုဖြစ်ပြီး တစ်ပွဲထဲဂိုးဖန်တီးမှု(၃)ကြိမ်ကို နှစ်ခါလုပ်နိုင်ခဲ့တာပါ။

Lucas Paquetá for West Ham vs. Wolves during his time on the pitch:

◉ Most touches (84)
◉ Most passes in final third (21)
◉ Most possession won (13)
◉ Most chances created (6)
◉ Most assists (3)

What a performance. 👏

Ibet789 Goal to Goal - 2

17/12/2023

အန်ဖီးလ်မှာ ဘာမှ မမျှော်လင့်တာ အကောင်းဆုံး

ဒီညမှာ အင်္ဂလန်ဒါဘီ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ အန်ဖီးလ်မှာ ကစားရမယ်။ ယူနိုက်တက်ကစားသမားတွေကတော့ အန်ဖီးလ်နဲ့ ပတ်သက်လို့ စိတ်ဓာတ်ရာတွေချည်း ရခဲ့ကြလိမ့်မယ်။
အန်ဖီးလ်ဆိုတဲ့ နာမည်ကို ကြားချင်ကြမှာတောင် မဟုတ်ဘူး။ လီဗာပူးနဲ့ မန်ယူဆိုတာ‌ဗြိတိန်ရဲ့ အခါးသီးဆုံးပြိူင်ဘက်တွေ။ မြို့ခံအသင်းချင်းတောင် တည့်ကောင်းတည့်မယ်။ ဒီနှစ်သင်းတွေ့ဆုံရင် အကျိတ်အနယ်ဘဲ။

ဟိုတုန်းကတည်းက ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ဂယ်ရီနဗီးလ်တို့၊ ပေါလ်စခိုးတို့၊ ဂျင်မီကာရေဂါတို့ဆိုရင် ရုပ်သံမှာ Pundit လုပ်ရင်း အခုထိ စကားစစ်ထိုးကြတုန်း။
မင်းပရီးမီးယားလိဂ်ဖလား ဘယ်နှလုံးရဖူးလို့လဲ။ မင်းကရော ချန်ပီယံလိဂ်ဖလား ဘယ်နှခါရဖူးလို့လဲ စသဖြင့် ကိုယ့်ဂွင်ထဲ ရောက်တာနဲ့ အပိုင်ကျုံးကြတာဘဲ။
တစ်ကြိမ်မှာ စတီဗင်ဂျရတ်နဲ့ ဗန်ပါစီတို့လည်း စကားအကြီးအကျယ် များခဲ့သေးတယ်။ အဲ့လို ကွင်းတွင်းကွင်းပြင် ရန်စတွေနဲ့ အစဉ်အလာကိုက ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။

သို့သော် ဒီဘက်‌ခေတ်မှာတော့ ဒီနှစ်သင်းတွေ့ဆုံတိုင်း ပြင်းထန်တယ်လို့ မခံစားရတော့ဘူး။ Big Match လို့ပြောကြပေမယ့် လီဗာပူးကဘဲ ကြုံသလို တွယ်နေတဲ့ အနေအထား။ ယာဂန်ကလော့လက်ထက်မှာ ပိုသိသာတယ်။ ယူနိုက်တက်က လီဗာပူးကို ဘယ်လိုမှကို မယှဉ်နိုင်တော့ဘူး။ အန်ဖီးလ်မှာ ပိုဆိုးတယ်။ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့တော့ (၇-၀)နဲ့ ရှုံးတယ်။ အန်ဖိးလ်မှာ နောက်ဆုံး လေးပွဲဆက် ဂိုးပြန်မသွင်းနိုင်တော့ဘူး။

အန်ဖီးလ်မှာ နောက်ဆုံး ပရီးမီးယားလိဂ် ဂိုးရခဲ့တုန်းက နည်းပြ ဟိုဆေးမော်ရင်ဟို ကိုင်တွယ်ခဲ့တာပါ။ မော်ရင်ဟိုနောက်ပိုင်း ဆိုးရှား၊ ရန်းနစ်ခ်နဲ့ အဲရစ်တန်ဟတ်ခ်ျ လက်ထက်တိုင် ယူနိုက်တက်ဟာ အန်ဖီးလ်မှာ ဂိုးရအောင် မသွင်းနိုင်တော့ဘူး။ လက်ရှိ နှစ်သင်းရဲ့ ပုံစံကလည်း level ချင်းအတော်ကွာနေတယ်။ လီဗာပူးက
အားနည်းချက်တွေ ဖာရင်းထေးရင်း ဇယားထိပ်ကို ရောက်လာတယ်။ ချန်ပီယံအိပ်မက်တွေ စမက်နေပြီ။ အဓိက ပြိုင်ဘက် မန်စီးတီးက ဂဂျောင်တွေ လုပ်နေချိန် အမှတ်တွေ ရသလောက်ဖြတ်၊ ဂိုးတွေ ရသလောက်သွင်းဖို့ ကြိုးစားလိမ့်မယ်။

ယူနိုက်တက်ကတော့ ကြားရက်ကဘဲ
ချန်ပီယံလိဂ်မှာ အုပ်စုနောက်ဆုံးအဆင့်ကနေ ထွက်ခဲ့ရတယ်။ ပူဆွေးနေချိန်မရဘဲ သူတို့ကို စောင့်ကြိုနေတာက အန်ဖီးလ်ဖြစ်နေတာ ပြဿနာဘဲ။ ယူနိုက်တက်အတွက် တစ်ကယ့် ဖိအားအကြီးကြီး။ ဖြစ်ချင်တော့ အဓိက ကစားသမားတွေ တစ်သင်းစာလောက် ဒဏ်ရာရ၊ ပွဲပယ်တွေ ထိနေတယ်။ အားကိုးရတဲ့ ဘရူနိုဖာနန်ဒက်စ်မပါနိုင်ဘူး။ ခြေစွမ်းပြန်မှနိလာတဲ့ မက်ဂွိုင်းယားလည်း
မပါနိုင်ဘူး။ အဲရစ်ဆင်၊ ကက်စမဲရိုး၊လုခ်ရှောလ်၊ လင်ဒီလော့ဖ်၊ မေဆွန်မောက်၊ မာတီနက်ဇ်၊ မလာဆီယာတို့မပါနိုင်ဘူး။ ရက်ဖို့ဒ်နဲ့ မာစီရယ်ကလည်း ဖျားနေကြတော့ သံသယဖြစ်ဖွယ် အနေအထား။

လူစုံတက်စုံ ဖြစ်တာတောင် အန်ဖီးလ်မှာ အရှက်တကွဲဖြစ်ပြီး ပြန်လာခဲ့ရတာ။ ဒီလို line up 11ယောက်စာတောင် ဒေါင်ဒေါင်မြည်ရဖို့ ရုန်းကန်နေရချိန် အန်ဖီးလ်မှာ လီဗာပူးရဲ့ သက်ညှာမှု ရဖို့ကိုဘဲ ဆုတောင်းရမှာပါ။ တန်ဟတ်ခ်ျအတွက် ဖိအားတွေက မသေးပါဘူး။ ဒီပွဲအပေါ်
ဘာမှ ကြီးကြီးမားမား မျှော်လင့်မထားတာ အကောင်းဆုံးပါဘဲ။ အန်ဖီးလ်က ယူနိူက်တက်ရဲ့ အိပ်မက်ဆိုးအဖြစ် ရှ်ိနေဦးမှာဘဲ။

Ibet789 Goal to Goal - 2

17/12/2023

Sports899 maintain ဝင်နေပါတယ်

ဘယ်ချိန်ရမလဲ ဘာညာတွေက အေးဂျင့်တွေလည်းမသိပါဘူး

ပြီးတဲ့ထိစောင့်နေရမှာပါ

17/12/2023

လီယိုနာဒို ဒီကာပရီယို - အာဆင်နယ်ဆိုတာ ဘာလဲဗျ? ကျွန်တော်ကြားတောင် မကြားဖူးဘူး။

အိုဇေးလ် - " အာဆင်နယ်က အသက် (၂၅)နှစ်ကျော်ပြီလေ။ ဒါကြောင့် သူမသိတာပါ"

အကြောင်းရင်းက အာဆငိနယ်ကို သိလားလို့ မေးခဲ့တဲ့အပေါ် ဘောလုံးအကြောင်း စိတ်မဝင်စားတဲ့ လီယိုနာဒိုကမသိတဲ့အကြောင်း တုံ့ပြန်ခဲ့တာကြောင့်
အိုဇေးလ်က အသက်(၂၅)နှစ်အောက် ကောင်မလေးတွေကိုမှ ရွေးပြီးတွဲတတ်တဲ့ ကမ္ဘာကျော်မင်းသားကြီး လီယိုနာဒိုကို အခုလို ပြန်တုံ့ပြန်ခဲ့တာပါ။

အိုဇေးလ်ကတော့ အာဆင်နယ်ကိုထိရင်
ဆတ်ဆတ်ထိ မခံတုန်းပါဘဲ။

Once a Gunner always a Gunner ❤️

Ibet789 Goal to Goal - 2

17/12/2023

ချဲလ်ဆီးအသင်း ဒီတစ်ပတ်တော့ ရွှင်မြူးရတဲ့ ညပါဘဲ။ ကစားပုံက အားရစရာ မရှ်ိပေမယ့် နိုင်သင့်နိုင်အပ်တဲ့ပွဲကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ ရလဒ်တွေ ဆက်တိုက်ဆိုးနေတာကြောင့်
ရှက်ဖီးလ်ကိုမှ မနိုင်ရင် ဖိအားတွေ ပိုဝင်သွားမှာ ဖြစ်ပါတယ်။ sides back တွေ မပါနိုင်တဲ့အတွက် ပိုချက်တီနိုဟာ လေးယောက်တန်း ခံစစ်မှာ ခံစစ်မှူးစစ်စစ်တွေကို အသုံးပြုခဲ့ရတယ်။ အကျိုးဆက်ကတော့ တိုက်စစ်ပိုင်းပံ့ပိုးမှု သိသိသာသာ လျော့သွားတာပါ။

ဒါ့အပြင် စတာလင်၊ ဂျက်ဆင်နဲ့ မူဒရစ်တို့ကလည်း ပထမတစ်ပိုင်းလုံးမှာ ကြောင်ပျောက်နေခဲ့တယ်။ မူဒရစ်ဟာ ဘောလုံးနဲ့ ဆွဲပြေးတာ ကျော်ဖြတ်တာတွေ ကောင်းပေမယ့် သူလုပ်တာတွေက အသင်းအတွက် effect မဖြစ်လှပါဘူး။ ဒါကြောင့် ပိုချက်က ပုံမှန်နေရာမပေးတာလို့ နားလည်လို့ရတယ်။ စတာလင်ကတော့ ခြေစွမ်းမပြနိုင်ရင်တောင် သူ့သမ္ဘာနဲ့ ထိန်းကစားသွားနိုင်တာကိုတွေ့ရတယ်။

အန်ကွန်ကူ လူစာရင်းမှာ ပါလာပေမယ့်
ပိုချက်တီနိုက ထုတ်သုံးမသွားဘူး။ပထမပိုင်းမှာ ချဲလ်ဆီးကစားပုံက စိတ်ပျက်စရာပါဘဲ။ ကံကောင်းရင်သရေ၊
ရှက်ဖီးလ်ကသာ ကြောင်စီစီ တစ်ဂိုးရသွားရင် ရှုံးသွားနိုင်တဲ့ အခြေအနေပါ။ ဒုတိယပိုင်းမှာ ကိုးလ်ပယ်မာနဲ့ စတာလင်ကို နေရာချင်းလဲလိုက်တာက မှန်ကန်တဲ့ နည်းဗျူဟာ အပြောင်းအလဲ ဖြစ်သွားပါတယ်။

(၅၄)မိနစ်နဲ့ (၆၄)မိနစ်တွေမှာ နှစ်ဂိုးရသွားတော့မှဘဲ ချဲလ်ဆီးဒီတစ်ခါနိုင်ပါပြီလို့သက်ပြင်းချနိုင်ခဲ့တာ်။ ကိုးပယ်မာဟာ အသင်းရဲ့ Playmaker တာဝန်ကိုယူလိုက်ပြီ။ ချဲလ်ဆီးရဲ့ ဂိုးပါဝင်ပတ်သက်မှု အမြင့်ဆုံး ကစားသမားလည်းဖြစ်တယ်။ သူ့ရဲ့ ရွေ့လျားမှုတိုင်းက ရွှေဖြစ်နေတယ်။ မူဒရစ်၊ ဂျက်ဆင်တို့ line up မမှန်ပေမယ့်
ကိုးပယ်မာက အရေးပါဆုံး နေရာကို ဆုပ်ကိုင်ထားနိုင်တယ်။

Clean Sheet ရခဲ့တဲ့အတွက် ဂိုးသမား
ပီထရိုဗစ် အတွက်ပါ ပွဲဦးထွက်လှသွားစေခဲ့ပါတယ်။ လူပေးတာတွေ၊ ကာကွယ်ပုံတွေ မှန်ကန်တိကျခံ့ပြီး တည်ငြိမ်ခဲ့တာကို တွေ့ရတယ်။ ပြိုင်ဘက်က အားနည်းခဲ့တာကြောင့်လည်း ပါမယ်။ နောက်ထပ် (၃)ပွဲလောက် စောင့်ကြည့်ရင်တော့ ဦးစားပေး ဂိုးသမားဖြစ်သင့် မဖြစ်သင့်ဘူးဆိုတာကို မှန်းလို့ရပါပြီ။

နိုင်ပွဲရခဲ့ပေမယ့် ချဲလ်ဆီးရဲ့ rank က (၁၀)မှာတင် ဂိတ်ဆုံးနေပါတယ်။ ဒီထက်ပိုအဆငိ့မြင့်မြင့်ကို တက်လာချင်ရင်တော့ တည်ငြိမ်မှု (consistency )ထိန်းနိုင်အောင် ကြိုးစားရမှာပါ။ တစ်ဖက်မှာဒဏ်ရာပြဿနာတွေ များနေချိန် အိမ်ကွင်းနိုင်ပွဲယူနိုင်ခဲ့တာကြောင့် အသက်ရှူချောင်ခဲ့ပါတယ်။

Ibet789 Goal to Goal - 2

Pocket Money 16/12/2023

Password 560618

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

16/12/2023

Kpay PM အတွက် ဘယ်သူတွေရှိကြလဲ 👋

React (50)
Comment (50) ရှိရင် ချပေးမယ် 🥰🎁

16/12/2023

Game Start 🎉

16/12/2023

#5

❗ ဒေါ့မွန် Goal Over ❗

16/12/2023

Mr Champion League ကို ဘယ်သူမှီလို့လဲ

ချန်ပီယံလိဂ်ဆိုတာနဲ့ အရင်ဆုံး တွဲမြင်မိတဲ့ ကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုပါဘဲ။ ဥရောပအဆင့်မြင့် ပြိုင်ပွဲဟာ ရော််နယ်ဒိုရဲ့ အပိုင်စားလိဂ်လို့တောင် တင်စားရတဲ့အထိ သူ့ရဲ့ လွှမ်းမိုးမှုက ကြီးတယ်။
ချန်ပီယံလိဂ်ဖလားကို အကြိမ်ရေအများဆုံး ဗိုလ်စွဲထားတဲ့သူ ၊ ချန်ပီယံလိဂ်မှာ ဟက်ထရစ် သွင်းဂိုးအများဆုံး၊ ရှုံးထွက်အဆင့်မှာ သွင်းဂိုးအများဆုံး၊ ချန်ပီယံလိဂ် သမိုငိးတစ်လျှောက် ဂိုးသွင်းအများဆုံး၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ရွှေဖိနပ်ရရှိမှု အများဆုံးဆိုတဲ့ စံချိန်တွေ တသီကြီး ပိုင်ဆိုင်ထားတယ်။

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး လူတွေ သတိမထားမိကြတဲ့ ကွဲလွဲနေတဲ့ အပိုင်းက သူဟာ ဂိုးဖန်တီးမှု အားနည်းတယ်ဆိုတဲ့ အချက်ပါ။ မှန်သင့်သလောက် မှန်ပေမယ့် ရော်နယ်ဒိုဟာ တိုက်စစ်မှူးတစ်ယောက်ပါ။
သူ့ရဲ့ အဓိက တာဝန်က ဂိုးသွင်းဖို့သာဖြစ်တယ်။ ဖန်တီးဖို့တာဝန်က အသင်းဖော်တွေရဲ့အလုပ်။ ဂိုးသွင်းဖို့က ရော်နယ်ဒိုရဲ့အလုပ်ပါ။ ရော်နယ်ဒိုသွင်းခဲ့တဲ့ ဂိုးအရေအတွက်နဲ့ သူ့ရဲ့ ဂိုးဖန်တီးမှုတွေကို
ယှဉ်နေရင်တော့ ဖန်တီးမှုပိုင်းက နည်းနေမှာပါဘဲ။

ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားကလည်း ခရစ္စတီယာနိုရော်နယ်ဒိုပါဘဲ။ ဒီတစ်ချက်နဲ့တင် ရော်နယ်ဒိုဟာ အကောင်းဆုံး Playmaker တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ဖို့ လုံလောက်ပါတယ်။ ရော်နယ်ဒိုဟာ
ချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှု (၄၂)ကြိမ် လုပ်ထားတာပါ။ သူ့ထက် creative power ပိုမြင့်တဲ့ လီယွန်နယ်မက်ဆီတောင် ချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှုက အကြိမ်(၄၀)ဘဲ ရှိပါတယ်။

ရော်နယ်ဒိုကို အနီးဆုံး လိုက်မီနိုင်တဲ့သူကတော့ အိန်ဂျယ်ဒီမာရီယာပါ။ သူ့ရဲ့ ဂိုးဖန်တီးမှု အရေအတွက်က (၃၉)ကြိမ်အထိရှိပါတယ်။ ဒါပေမယ့်
ဘင်ဖီကာဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီ ဖြစ်တာကြောင့် ဒီနှစ်မှာ ဒီမာရီယာ လိုက်မီဖို့ မဖြစ်နိုင်တော့ပါဘူး။ Champion League မှာတော့ ရော်နယ်ဒို တင်ထားတဲ့ စံချိန်၊ မှတ်တမ်းတွေ အောင်မြင်မှုတွေကို လိုက်တုဖို့ဆိုတာ မလွယ်ပါဘူး။ Mr Champion League ဆိုတဲ့ နာမည်ကို အလွယ်ရထားတာမှ မဟုတ်တာဘဲ။

Ibet789 Goal to Goal - 2

16/12/2023

ဘန်ဇီမာ၊ ကန်တေနဲ့ဖာဘင်ဟိုတို့
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ရပြီ

မနေ့ညက ဆော်ဒီလိဂ်ချန်ပီယံ AL Lttihad အသင်းတဲ့ အာဖရိက ချန်ပီယံ Al Ahly အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကလပ်ကမ္ဘာ့ဖလား ဒုတိယအဆင့်မှာ Al Lttihad အသင်းဟာ (၃)ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

Al Lttihad အသင်းမှာ ကလပ်ကမ္ဘာ့ဖလားကို ဗိုလ်စွဲဖူးတဲ့ ကာရင်ဘန်ဇီးမား၊ အန်ဂိုလို ကန်တေနဲ့ ဖာဘင်ဟိုတို့လို ဝါရင့်သမ္ဘာရင့်တွေ ပါဝင်နေပေမယ့် နိုင်ပွဲရအောင်
မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Al Lttihad အသင်း အခုလို ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ခုကနေ အစောကြီး ထွက်ခဲ့ရတာဟာ ဆော်ဒီလိဂ်အပေါ်မှာ သက်ရောက်မှူ ကြီးမားစေပါတယ်။ ဆော်ဒီလိဂ်ကို ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုဖြစ်လာအောင် ဓနအားတွေနဲ့ ကြိုးစားနေပေမယ့် ကွင်းတွင်း ဘောလုံးအဆင့်အတန်းကတော့ တိုးတက်မှု နှေးကွေးနေဆဲပါ။

အီဂျစ်အသင်းက (၂၁)မိနစ်မှာ ဦးဆောင်ဂိုးစရခဲ့ပေမယ့် (၄၅)မိနစ်မှာ Al Lttihad အသင်း ပင်နယ်တီပြန်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဘန်ဇီးမားဟာ ဒီလို အရေးကြီးတဲ့ အခိုက်အတံ့မျိုးမှာ ပင်နယ်တီလွဲခဲ့ပြီး
ပရိသတ်တွေရဲ့ သံသယတွေကို ပိုကြီးထွားစေခဲ့တယ်။ ဒုတိယပိုင်းမှာ အီဂျစ်အသင်းက (၅၉)မိနစ်နဲ့ (၆၂)မိနစ်မှာ ဆက်တိုက် ဂိုးသွင်းပြီး (၃)ဂိုးပြတ် ဦးဆောင်ခဲ့တယ်။
ပွဲပြီးခါနီး အချိန်ပိုမှာ ဘန်ဇီးမားက တစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် မမီတော့ပါဘူး။

ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို
အီဂျစ်ကလပ် Al Ahly အသင်းက တက်ရောက်သွားပြီဖြစ်ပြီး ဘရာဇီးလိဂ် ချန်ပီယံ ဖလူးဖိနိစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းက ဆီမီးဖိုင်နယ်အဆင့်ကနေ စကစားရမှာဖြစ်ပြီး ဂျပန်ကလပ် Urawa Red Diamondsအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

Ibet789 Goal to Goal - 2

15/12/2023

#4

❗ဂလာဘတ် ❗

____________________

✨ ပြီးခဲ့သော Tip မှတ်တမ်း ✨
#1 Tip >>> နယူးကာဆယ် ဂိုးပေါ် ✔️
# 2 Tip >>> လေဗာကူဆင် ✔️
# 3 Tip >>> ဘက်တစ် ❌

____________

Telegram Link

https://t.me/+MeYrnRZqfZc4Mjg1


Viber / Telegram - 09787996414

15/12/2023

ချန်ပီယံပီသနေဆဲ မန်စီးတီး

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့တာ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းဘဲ ရှိခဲ့ဝာာပါ။ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ ရလဒ် တိမ်းစောင်းတာတွေ ရှိနေပေမယ့် ဥရောပမှာတော့ ချန်ပီယံဆိုတဲ့ မာနကို အထိပါး မခံခဲ့ပါဘူး။

(၄)ပွဲကစားပြီး ရမှတ်(၁၂)မှတ်နဲ့ ‌နောက်တစ်ဆင့်ကို ရောက်သွားတယ်။ လက်ကျန်(၂)ပွဲမှာ ရမှတ်မလိုသည့်တိုင် အလျော့မခံခဲ့ဘူး။ အီတီ၏ဟက်မှာ နှစ်ဂိုးပြတ် သွင်းထားတဲ့ လိုက်ပစ်ဇ်ကို ဒုတိယပိုင်းမှာ (၃)ဂိုးပြန်သွင်းပြီး အနိုင်ကစားတယ်။ အုပ်စုနောက်ဆုံးပွဲမှာလည်း အမှတ်လိုအပ်ချက်ရှိတဲ့ FK Crvenaကို (၂-၃)နဲ့ အနိုင်ကစားတယ်။

မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် တစ်ပွဲချင်းစီတိုင်းမှာ (၃)ဂိုးသွင်းပြီး တိုက်စစ်က (၁၈)ဂိုးအထိရခဲ့တယ်။ Group Stageမှာ ဂိုးသွင်းအကြမ်းဆုံး တိုက်စစ်ကို ချပြနိုင်ခဲ့တယ်။ ဒါတင်မကသေးပါဘူး။
မန်စီးတီးပီသတဲ့ ဟိတ်ဟန်တွေ၊ အချက်အလက်အရ လွှမ်းမိုးနိုင်စွမ်းတွေကို မြင်ခဲ့ရတယ်။ မန်စီးတီး ဘယ်လိုစွမ်းဆောင်ရည်ကဏ္ဍတွေမှာ ထိပ်ဆုံးက ရှိနေသလဲဆိုရင်

◉ ဂိုးရနိုင်ချေ xG အမြင့်‌ဆုံး
◉ သွင်းဂိုးအများဆုံး
◉ ဂိုးကန်သွင်းချက်အများဆုံး
◉ ဂိုးပေါက်တည့်မတ်မှု အများဆုံး
◉ Big Chances ဖန်တီးမှု အများဆုံး
◉ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲကို ဘောလုံး ပေးပို့မှု အများဆုံး
◉ through-balls ခင်းပေးမှုအများဆုံး
◉ ပြိုင်ဘက်ဧရိယာထဲ ဘောလုံးထိချက် အများဆုံး
◉ ဘောလုံးပိုင်ဆိုင်မှု အများဆုံး
◉ ဂိုးပေးရနိုင်ချေ xG အနည်းဆုံး စတဲ့ အားသာချက်တွေ ရှိခဲ့တာပါ။

မန်ချက်စတာစီးတီးဟာ ချန်ပီယံကာကွယ်နိုင်စွမ်း အပြည့်အဝ ရှိနေသေးတယ်ဆိုတဲ့
ခံစားချက်မျိုးရပါတယ်။ အရေးတကြီး ရှုံးထွက် ပွဲစဉ်တွေ ကစားရမယ့်အချိန်မှာ အဓိက ကစားသမား ကီဗင်ဒီဘရိုင်းပါ ပြန်ပါလာနိုင်ဖို့ ရှိတာကြောင့် အားတက်စရာပါဘဲ။

Ibet789 Goal to Goal - 2

15/12/2023

ချီးကျူးရမယ့် ဘရိုက်တန်

ဘရိုက်တန်ဟာ ယခုနှစ်မှာ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ first time တိုင်းက ဘယ်သောအခါမှ လွယ်လွယ်ကူကူနဲ့ ပြီးဆုံးမသွားတတ်ပါဘူး။ အတွေ့အကြုံမရှိတဲ့အတွက် ခက်ခဲမှုနဲ့ ရင်ဆိုင်ရတာ သဘာဝပါဘဲ။ ရော်ဘတ်တို ဒီဇာဗီနဲ့ ဘရိုက်တန်ဟအတွက် ယူရိုပါလိဂ်က စိန်ခေါ်မှု ကြီးခဲ့ပါတယ်။

ပထမဆုံး အဖွင့်ပွဲ အိမ်ကွင်းမှာ ဂရိကလပ်
AEK Athens ကို (၂-၃)နဲ့ ရှုံးခဲ့ရတယ်။
ဒုတိယပွဲမှာလည်း မာဆေးလ်ကို အဝေးကွင်းမှာ နှစ်ဂိုးစီသရေကျခဲ့တယ်။ နှစ်ပွဲကစားပြီးတဲ့အထိ နိုင်ပွဲမရသေးတာဟာ ဥရောပအတွေ့အကြုံကို အခုမ နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့ အသင်းတစ်သင်းအတွက် လည်ထွက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။

တတိယပွဲမှာ သူတို့ ပြန်လာနိုင်ခဲ့ကြတယ်။
အိုင်းယက်စ်နဲ့ပွဲမှာ ဥရောပနိုင်ပွဲအရသာကို စပြီးခံစားခဲ့ကြရတယ်။ တပ်ပျက်နေတဲ့ အိုင်းယက်စ်ကို နှစ်ကျော့လုံး ဆက်တိုက်နိုင်ခဲ့တာဟာ ဇင်ယော်တွေကို ယုံကြည်မှုတွေ ပြန်မွေးဖွားစေခဲ့ပါတယ်။ AEK Athens ကို အဝေးကွင်းမှာ လက်စားချေနိုင်ပွဲ ပြန်ယူနိုင်ခဲ့တယ်။ (၅)ပွဲကစားပြီးချိန် ဘရိုက်တန်ဟာ နောက်တစ်ဆင့်ကို ရောက်သွားခဲ့ပြီ။ အုပ်စုဗိုလ်နေရာအတွက် နောက်ဆုံးပွဲမှာ မာဆေးလ်ကို အိမ်ကွင်းမှာ
ကစားရတယ်။

ပထမအကျော့မှာလည်း မာဆေးကို နှစ်ဂိုးအရင်ပေးခဲ့ရပြီးမှ နောက်ကနေ နှစ်ဂိုးပြန်သွင်းခဲ့ရတာပါ။ ဥရောပအတွေ့အကြုံပိုရင့်တဲ့ မာဆေးလ်ဟာ ဘရိုက်တန်အတွက် အခက်ခဲဆုံး စမ်းသပ်မှုဖြစ်ခဲ့တယ်။
မနေ့ညကပွဲမှာ ဘရိုက်တန်ဟာ ပွဲကိုစိုးမိုးထားခဲ့တယ်။ သရေကျရုံနဲ့ မာဆေးလ်က အုပ်စုဗိုလ်နေရာရမှာ ဖြစ်ပေမယ့် ဇင်ယော်တွေဟာ ကိုယ့်အိမ်ကွင်းမှာ ပြင်သစ်သားတွေကို အုပ်စုဗိုလ်ဖြစ်ခွင့်မပေးခဲ့ဘူး။
(၈၈)မိနစ်မှာ ပက်ဒရိုက ဘရိုက်တန်အတွက် နောက်ကျဂိုးသွင်းပြီး (၁-၀)နဲ့ အနိုင်ရသွားသွားတယ်။

အုပ်စုဗိုလ်နေရာကိုပါယူပြီး နောက်တစ်ဆင့်ကိုတက်သွားတယ်။ ဂိုးသွင်းခဲ့တဲ့ ပက်ဒရိုကလည်း (၆)ဂိုးမြောက်ဖြစ်လာပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ Top Scorerဖြစ်လာတယ်။ ဘရိုက်တန်ဟာ ပထမဆုံးနှစ်ပွဲကနေ အကောင်းဆုံး သင်ခန်းစာယူနိုင်ခဲ့တယ်။ လက်ကျန် (၄)ပွဲလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်နေရာရခဲ့တယ်။ ဥရောပပွဲဦးထွက်ရာသီကတော့ အုပ်စုဗိုလ်နေရာနဲ့ အဖွင့်လှခဲ့ပြီဖြစ်ပါတယ်။

Ibet789 Goal to Goal - 2

14/12/2023

#3
❗ဘက်တစ် ❗

--------------------

Page မှာတော့ တစ်နေ့တစ်ပွဲစီ ပေးသွားပါမယ်။

Telegram Group မှာတော့ 2 ပွဲ 3 ပွဲ ရှိပါမယ် >>>>>>>

https://t.me/+MeYrnRZqfZc4Mjg1

14/12/2023

#2

❗လေဗာကူဆင် ❗

____________________

✨ ပြီးခဲ့သော Tip မှတ်တမ်း ✨
#1 Tip >>> နယူးကာဆယ် ဂိုးပေါ် ✔️


Viber / Telegram - 09787996414

14/12/2023

ရွိုင်ရယ်အန်ဝါပဒ်ရဲ့ သမိုင်းဝင်အောင်ပွဲ

ဘယ်လ်ဂျီယံကလပ် Royal Antwerp အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၁၄၃)နှစ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ အုပ်စု (H)ထဲမှာ ဘာစီလိုနာ၊ ပေါ်တို၊ ရှက်တာဒိုးနက်တို့လို အင်အားကြီးအသင်းတွေနဲ့ အတူတူကျခဲ့တဲ့အတွက် ဘာမှ မျှော်လင့်ခွင့်မရှိခဲ့ပါဘူး။

အန်ဝါပဒ်အသင်းဟာ အုပ်စုထဲမှာတော့
အဖြည့်ခံအဆင့်ဘဲ ရှိခဲ့တယ်။ ဒီနှစ်ချန်ပီယံလိဂ်ရဲ့ ပေးဂိုးအများဆုံး အသင်းလည်းဖြစ်ခဲ့တယ်။ (၅)ပွဲကစားပြီး နိုင်ပွဲတစ်ပွဲမှမရခဲ့ဘူး။ နောက်ဆုံးပွဲက အိမ်ကွင်းမှာ ဘာစီလိုနာကို ဧည့်ခံရတယ်။ အုပ်စုနောက်ဆုံးပွဲတွေဆိုတာ အသင်းငယ်တွေအတွက် ဗိုလ်လုပွဲလိုဘဲ။ နောက်တစ်ဆင့် မတက်ရလည်း သူတို့အတွက် အရေးမကြီးတော့ဘူး။ နိုင်ပွဲရရင် ဖလားရသလို အောင်ပွဲခံကြမယ်။ ဒါဟာ ရိုးရာလိုဖြစ်နေပြီ။

အန်ဝါပဒ်အသင်းက ပွဲအစ (၂)မိနစ်မှာတင် ဘာစီလိုနာ ဂိုးသမားရဲ့ အမှားကြောင့် ဦးဆောင်ဂိုးစရခဲ့တယ်။ (၃၅)မိနစ်မှာ ဖာရန်တောရက်စ်က ချေပဂိုးပြန်သွင်းလို့
(၁-၁)ပြန်ဖြစ်သွားတယ်။ အန်ဝါပဒ်က
နောက်ဆုံးပွဲအတွက် ရှိသမျှအားကို ဖျစ်ညှစ်ပြီး ရုန်းကစားတယ်။ (၅၆)မိနစ်မှာ ဒုတိယဦးဆောင်ဂိုးထပ်သွင်းတယ်။ ဘာစီလိုနာက အချိန်ပို (၁)မိနစ်အတွင်းမှာ
(၂-၂)ဖြစ်အောင် ပြန်သွငိးနိုင်ပေမယ့်
နောက်ထပ် (၁)မိနစ်တောင် မကြာလိုက်ဘဲ
အန်ဝါပဒ်က (၃-၂)ဖြစ်စေမယ့် အနိုင်ဂိုး သွင်းသွားတယ်။

သူတို့အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲရတယ်။ နိုင်တဲ့အသင်းက အုပ်စုဗိုလ် နာမည်ကြီး ဘာစီလိုနာ။ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းကန်နေတဲ့အသင်း။ ဒီလိုဂုဏ်ရှိန်ကြီးတဲ့ အသင်းကို ကိုယ့်အိမ်ကွင်းမှာ အနိုင်ယူတာ သိပ်ကိုကြီးမားတဲ့ အောင်မြင်မှုဘဲ။ သွင်းခဲ့တဲ့ အနိုင်ဂိုးကလည်း နောက်ဆုံးအချိန်မှာ ဖြစ်နေတော့ ပိုပြီး အရသာရှိခဲ့တယ်။ အောင်ပွဲခံတာကိုက Passion အပြည့်နဲ့။

ပွဲအပြီးမှာ အန်ဝါပဒ်ရဲ့ media teamက
" ဒါအိပ်မက်မဟုတ်ဘူး တစ်ကယ်ပါ"လို့ တင်ထားတယ်။ သူ့အထွာနဲ့သူတော့ အင်မတန် နက်ရှိုင်းတဲ့ အောင်မြင်မှုပါဘဲ။

Ibet789 Goal to Goal - 2

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကိုကြီးကမရက်စက်ချင်ပါဘူး 😝😝😝
ယနေ့ည မြန်မာစံ‌တော်ချိန် (2:45)မှာ ယှဉ်ပြိုင်ကစားကြမည့် မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ပွဲစဉ် သုံးသပ်ချက်Ibet...
❗ Mix247 App ပပိုင်းသီးသန့်ကစားနည်း။❗✔️ ဘယ်ဘက်ထောင့်မှာရှိတဲ့ Menu ကို‌ရွေးပါ✔️ Myanmar နေရာမှာ မလေးကိုရွေးပါ✔️ ကစားချင်...
ACL ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းကို ပြန်ရောက်လာတဲ့ ဂါဗီကို ကစားသမားတွေက နွေးထွေးစွာနဲ့ ကြိုဆိုနှုတ်ဆက်ပြီး အားပေးစကား ဆို...
Olivier Giroud ရဲ့ နာမည်ကို အသံမထွက်တတ်တဲ့ဂျင်မီကာရေဂါ😂ခင်ဗျားရော Giroud နာမည်ကို ပြင်သစ်လို အသံထွက်တတ်လား? 😁
ငွေကြေးအထုတ်အသွင်းမှန်ကန်မှုကို တန်ဖိုးထားတဲ့ ထိုးသားများရဲ့ အေးဂျင့်ဖြစ်လိုပါတယ် 🤗🤗🤗 #ibet789 #Mix247 #555Mix #football...
💥ဂိုးရလဒ်ရဲ့ 15ဆ ibet free ရနိုင်မယ့် အခွင့်အရေး 💥📆 𝟒.𝟏𝟏.𝟐𝟎𝟐𝟑 ( 𝐒𝐚𝐭 ) / 𝗡𝗘𝗪𝗦𝗖𝗔𝗦𝗧𝗟𝗘 𝑽𝑺 𝗔𝗥𝗦𝗘𝗡𝗔𝗟 🧑‍💻 𝗔𝗿𝘀𝗲𝗻𝗮𝗹  =𝟮𝟬 / 𝟯+𝟴𝟬***...
မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကဘဲ အသာရမလား?#ပွဲကြိုသုံးသပ်ချက်VideoIbet789 Goal to Goal - 2
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌအင်ဖာတီနိုဟာ မနေ့ညက အယ်နာဆာအသင်းရဲ့  AFC Champion League ပွဲစဉ်ကို လာရောက်ကြည့်ရှူခဲ့ပ...
နည်းဗျူဟာချင်းပြိုင်ဆိုင်ကြမယ့် လန်ဒန်ဒါဘီ
ခရစ္စတယ်ပဲလေ့စ်ကို ဘာကြောင့် ရှုံးခဲ့ရသလဲဆိုတာ ပြောပြလာတဲ့ နည်းပြ အဲ့ရစ်တန်ဟတ်ခ်ျ#ManchesterUnited #CrystalPalace Ibet78...
စက်တင်ဘာလအတွက် ချဲလ်ဆီးအသင်းရဲ့ တစ်လတာ အကောင်းဆုံး သွင်းဂိုး 😝😝😝#justforfun ✅ Video credit to original uploader#chelsea ...

Category

Telephone

Address

Yangon
9283

Other Game Publishers in Yangon (show all)
Lucky Fish M9 Lucky Fish M9
Yangon

M9 Asia Online Game Master Agent Viber 09667376888(Telegram) 09668038999

Android Emulators Games MM Android Emulators Games MM
Set Yone Road, Myanmar, Burma (Myanmar)
Yangon

Oo Zaw Gył Oo Zaw Gył
Yangon

Mr. nobody. xmax Mr. nobody. xmax
Yangon

小米路🤭🤭

Fish eight Fish eight
Yangon

သင်ကစားရမည့် တစ်နှစ်တာ၏ စိတ်လှုပ်ရ?

DoSomething DoSomething
Yangon

www.dosomething.com

Luiz Felipenbk Luiz Felipenbk
No. 6, Natmauk Road, Tamwe Township Yangon
Yangon, 1121

""" မင်္ဂလာပါ🙏 တောင်ပေါ်သားမူရင်းဆိုက်မှာတော့ *Member* သစ် ဘောနပ် (Bonus) *ကတော့ 100% ပေးပါတယ်ရှင့်

Shankm Shankm
Yangon

သင်ကစားရမည့် တစ်နှစ်တာ၏ စိတ်လှုပ်ရ?

Fingertip Shankm Fingertip Shankm
Yangon

A cool game. The operation of the game is simple; the game is fresh and makes people unable to stop.

Ma Aye Thein Gaming Ma Aye Thein Gaming
Yangon

MLBB Girl Streamer

Galaxy888 entertainment Channel Galaxy888 entertainment Channel
Yangon
Yangon

7/24 hr service

MLS Gaming MLS Gaming
Yangon

Hello Everybody