Myanmar Underwater Federation

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Underwater Federation, Environmental conservation organisation, Building 11, MICT Park, Hlaing Township, Yangon.

08/06/2024

🌊🌊 World Oceans Day 🌊🌊

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သမုဒ္ဒရာများနေ့ အထိမ်းအမှတ်အဖြစ် ပင်လယ်သမုဒ္ဒရာများကို ဂရုစိုက်ပြီး လူသားအရင်းမြစ်နဲ့ လူသားတွေရဲ့ ဘဝတွေအတွက် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့... 🌊🌊

01/06/2024

Today is World Reef Awareness Day! 🐠🌊

🌊သန္တာကျောက်တန်းတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူသန်းပေါင်းများစွာအတွက် အဓိက အစားအစာဖြစ်သည့် ငါးများ အပါအဝင် မတူကွဲပြားသော ရေနေမျိုးစိတ်ပေါင်း ၁ သန်းကျော် နေထိုင်ရာ နေရာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ သူတို့ရဲ့​​ဖြစ်တည်မှုဟာ လူသားတွေကြောင့် ခြိမ်းခြောက်ခံနေရပါတယ်။

လူသားတွေဟာ သန္တာကျောက်တန်းတွေကို စီးပွားဖြစ်ထုတ်လုပ်ရာကနေ သန္တာကျောက်တန်းများပျက်စီးမှုနဲ့ ဂေဟစနစ်တွေထိခိုက်လာပါတယ်။

ကျွန်တော်တို့ရဲ့ သန္တာကျောက်တန်းတွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်စောင့်ရှောက်ဖို့ လက်တွဲလိုက်ကြရအောင်

Photos from Myanmar Underwater Federation's post 02/04/2024

" Chaung Thar Beach Clean-up & Coral Conservation Awareness 2024 "🌊

🎪 29.3.2024 (သောကြာနေ့) မနက်ပိုင်းတွင် Myanmar Underwater Federation ဦးစီးလမ်းညွှန်ပြီး Myanmar Dive Center နှင့် ပူးပေါင်းဆောင်ရွက်ကာ ချောင်းသာကမ်းခြေတွင် ကျင်းပပြုလုပ်သွားတဲ့ ပုံရိပ်လေးများကို ပြန်လည်မျှဝေလိုက်ပါတယ်...

မြန်မာနိုင်ရဲ့ ခရီသွားအများဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ချောင်းသာကမ်းခြေရဲ့ သဘာအလှတွေကိုပျက်စီးစေတဲ့ ကမ်‌ခြေနဲ့ ပင်လယ်ရေအောက်မှာပါ အမှိုက်တွေကိုရှင်းလင်းပြီး ပင်လယ်ရေအောက် သန္တကျောက်တန်း (Coral) တွေရဲ့အရေးပါပုံတွေ လုပ်ဆောင်ချက်တွေအပြင် သန္တာတွေမပျက်စီစေရန်ထိန်းသိမ်းဖို့ ကိုလည်းဟောပြောသွားခဲ့ပါတယ်...🌊🏝️

Beach Clean-up and Coral Conservation Awareness 2024 ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုး ပေးခဲ့ကြသော Divers, Company, Hotel, Media, Tour, School, Restaurant & Organization များနဲ့ အခြားအဖက်ဖက်မှ ပါဝင်ကူညီပေးထားကြတဲ့ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိအပ်ပါတယ်..

“ကမ်းခြေ သန္တာ မပျက်စီးရေး
အတူတကွ ထိန်းသိမ်းပေး”

Photos from Myanmar Underwater Federation's post 20/02/2024

🏝️ 5th Beach Clean-up & Coral Conservation Awareness

🎪 17. 2. 2024 (စနေနေ့) မနက်ပိုင်းတွင် Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းအနီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 5th Beach Clean-up 2024 နဲ့ နေ့လည်ပိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ Coral Conservation Awareness မှ အမှတ်တရ ပုံရိပ်လေးများကို ပြန်လည်မျှဝေလိုက်ပါတယ်...

၅ကြိမ်မြောက် Beach Clean-up and Coral Conservation Awareness 2024 ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုး ပေးခဲ့ကြသော Company, Hotel, Media, Tour, School, Restaurant & Organization များနဲ့ အခြားအဖက်ဖက်မှ ပါဝင်ကူညီပေးထားကြတဲ့ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိအပ်ပါတယ်...

#ငွေဆောင်

14/02/2024

5th Beach Clean-up & Coral Conservation Awareness 2024

📅 လာမယ့် ဖေဖော်ဝါရီ (၁၇)ရက် စနေနေ့ မှာ Myanmar Underwater Federation ရဲ့လမ်းညွှန်မှုဖြင့် Myanmar Dive Center မှဦးဆောင်ပြီး ငွေဆောင်ကမ်းခြေ နဲ့ ပင်လယ်ရေအောက်မှာပါ အမှိုက်များရှှင်းလင်းပွဲလေးကျင်းပသွားမှာဖြစ်ကြောင်းထပ်မံအသိပေအပ်ပါတယ်

⚠️ ပါဝင်လိုသူများအနေနဲ့လည်း (၁၆)ရက်နေ့နောက်ဆုံးထားပြီး အောက်ပါ Link မှာ ကြိုတင်စာရင်ပေးဖို့အသိပေးအပါတယ်...
RSVP Link - (https://docs.google.com/forms/d/1tCUWpMYEKIGHcQ3kBzCX4NmImgfy-IP0HQGqiY5yhA4/edit)

🌊🏝️ မြန်မာနိုင်ရဲ့ ခရီသွားအများဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ လှပတဲ့ ငွေဆောင်ကမ်းခြေရဲ့ သဘာအလှတွေကိုပျက်စီးစေတဲ့ ကမ်‌ခြေနဲ့ ပင်လယ်ရေအောက်မှာပါ အမှိုက်တွေကိုရှင်းလင်းဖို့ နဲ့ ပင်လယ်ရေအောက် သန္တကျောက်တန်း (Coral) တွေရဲ့အရေးပါပုံတွေ လုပ်ဆောင်ချက်တွေကိုရှင်းပြပြီး သန္တာတွေမပျက်စီစေရန်ထိန်းသိမ်းဖို့ ကိုလည်းဟောပြောသွားမှာဖြစ်ပါတယ်...

#ငွေဆောင်

09/02/2024

5th Beach Clean-up & Coral Conservation Awareness ပွဲဖြစ်မြောက်ရေးအတွက် Sponsor ပေးထားကြတဲ့ Company, Hotel, Media, Tour, School, Restaurant & Organization များနဲ့ အခြားအဖက်ဖက်မှ ပါဝင်ကူညီပေးထားကြတဲ့ အဖွဲ့စည်းများအားလုံးကို MUF မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်

🎪 MUF ရဲ့ ၅ကြိမ်မြောက်ပြုလုပ်ကျင်းပမယ့် Beach Clean-up & Coral Conservation Awareness ပွဲကိုတော-
📅 ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၇)ရက်နေ့ စနေနေ့ မှာပြုလုပ်ကျင်းပသွားမှာဘဲဖြစ်ပါတယ်

🌊🏝️ မြန်မာနိုင်ငံရဲ့ ခရီးသွားအများဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ လှပတဲ့ ငွေဆောင်ကမ်းခြေရဲ့ သဘာအလှတွေကိုပျက်စီးစေတဲ့ ကမ်‌ခြေနဲ့ ပင်လယ်ရေအောက်မှာပါ အမှိုက်တွေကိုရှင်းလင်းဖို့ နဲ့ ပင်လယ်ရေအောက် သန္တကျောက်တန်း (Coral) တွေရဲ့အရေးပါပုံတွေ လုပ်ဆောင်ချက်တွေကိုရှင်းပြပြီး သန္တာတွေမပျက်စီစေရန်ထိန်းသိမ်းဖို့ ကိုလည်းဟောပြောသွားမှာဖြစ်ပါတယ်...

#ငွေဆောင်

24/01/2024

🌊 " 5th Beach Clean-up & Coral Conservation Awareness 2024 "

Myanmar Underwater Federation ဦးစီးလမ်းညွှန်ပြီး Myanmar Dive Center နှင့် ပူးပေါင်းဆောင်ရွက်ကာ ငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်သွားမည့် (၅) ကြိမ်မြောက် Beach Clean-up & Coral Conservation Awareness 2024 ကို -

17.2.2023 (Sat) Ngwe Saung တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

သဘာဝပတ်ဝန်းကျင် ရေရှည်လှပစွာ ရှိနေဖို့ အတူတကွ ထိန်းသိမ်းကြဖို့ တိုက်တွန်းရင်း… လုပ်ငန်းရှင်ကြီးများနှင့် အခြားသော အသင်းအဖွဲ့များလည်း အတူတကွ ပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။

“ကမ်းခြေ သန္တာ မပျက်စီးရေး
အတူတကွ ထိန်းသိမ်းပေး”

Come and join to keep our Beach Clean-up Campaign
☎️ 09 255944822
☎️ 09 7300 9224

#ငွေဆောင်

Photos from Myanmar Underwater Federation's post 17/01/2024

Media Conference (17. Jan. 2024)
🔹 "5th Beach Clean-up & Coral Conservation Awareness 2024"

Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် ငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်သွားမည့် (၅) ကြိမ်မြောက် Beach Clean-up & Coral Conservation 2024 အတွက် Media Conference ပွဲလေးရဲ့ ပုံရိပ်များကိုပြန်လည်မျှဝေပေးလိုက်ပါတယ...

"5th Beach Clean-up & Coral Conservation Awareness 2024" နဲ့ပတ်သက်ပြီး အသေးစိတ်ကိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ် နိုင်ပါတယ်-
☎️ 09 255944822
☎️ 09 409835599

12/01/2024

🌊 Media Conference Invitation: "5th Beach Clean-up & Coral Conservation Awareness 2024"

⏳ ဇန်နဝါရီလ ၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၁ နာရီမှာ Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် ငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်သွားမည့် (၅) ကြိမ်မြောက် Beach Clean-up & Coral Conservation 2024 အတွက် Media Conference ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်...

🔹 သဘာဝပတ်ဝန်းကျင် ရေရှည်လှပစွာ တည်ရှိနေဖို့ အတူတကွ ထိန်းသိမ်းကြဖို့ တိုက်တွန်းရင်း…လုပ်ငန်းရှင်ကြီးများနှင့် အခြားသော အသင်းအဖွဲ့များလည်း ကျွန်တော်တို့နှင့် အတူတကွ ပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ...

🔹 တက်ရောက်လိုပါက Reservation Form : (https://forms.gle/7th8kbu9vLQSt6TN8) ကြိုတင်ဖြည့်ထားပေးကြဖို့ပံ့ကြားအပ်ပါတယ်...

🏦 Event Location - Building (11), MICT Park, University of Hlaing Campus, Thamine College Street.

🌐 Online မှ တက်ရောက်ရန် -
Microsoft Meet ID : 433 687 103 015
Passcode : xxnRQ2

Zoom Meeting ID : 913 669 6167
Passcode : 123456

အသေးစိတ်ကိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ် နိုင်ပါတယ်-
☎️ 09 255944822
☎️ 09 409835599

Photos from Myanmar Underwater Federation's post 28/12/2023

ယနေ့ (27. Dec. 2023) တွင် MUF နဲ့ MDC တို့ပူးပေါင်းပြီး Gusto University မှ ကျောင်းသား ကျောင်းသူများကို Coral Conservation Awareness အကြောင်းများ မျှဝေပေးခဲ့ပါတယ် ...

🙏 စိတ်ဝင်တစားနဲ့တက်ရောက်ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ဦးစီးကျင်းပခွင့်ပေးသော Gusto University မှတာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ...

✅🌊 ပင်လယ်ရေအောက်က သဘာဝအလှတရားတွေအတွက် Coral တွေဟာ အလွန်အရေးပါပါတယ် Coral တွေကိုသာ ထိန်းသိမ်းမယ်ဆိုရင် အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ် ...

Photos from Myanmar Underwater Federation's post 28/12/2023

ယနေ့ (27. Dec. 2023) တွင် MUF နဲ့ MDC တို့ပူးပေါင်းပြီး Chindwin University မှ ကျောင်းသား ကျောင်းသူများကို Coral Conservation Awareness အကြောင်းများ မျှဝေပေးခဲ့ပါတယ် ...

🙏 စိတ်ဝင်တစားနဲ့တက်ရောက်ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ဦးစီးကျင်းပခွင့်ပေးသော Chindwin University မှတာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ...

✅🌊 ပင်လယ်ရေအောက်က သဘာဝအလှတရားတွေအတွက် Coral တွေဟာ အလွန်အရေးပါပါတယ် Coral တွေကိုသာ ထိန်းသိမ်းမယ်ဆိုရင် အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ် ...

Photos from Myanmar Underwater Federation's post 15/11/2023

🤿 Htet Ei's Journey ရဲ့ "Diving into Another World" Online Event ပွဲလေးကို တက်ရောက်လေ့လာပေးခဲ့ကြသော လူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်...
ပွဲအတွင်း အမှတ်တရပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ...

Diving Activity များနဲ့ ပက်သက်ပြီး အသေးစိတ် သိလိုပါက
☎️ 09 255 944 822
☎️ 09 7300 9224 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

'sJourney

10/11/2023

🤿 Fun Dive Package ဆုကြီးတွေပါ မဲဖောက်ပေးမယ့် Htet Ei's Journey ရဲ့ "Diving into Another World" Event

"Invitation: Diving into Another World"

⏳ နိုဝင်ဘာလ ၁၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၂ နာရီမှာ Myanmar Underwater Federation ၏ ဦးစီးမှုနဲ့အတူ Myanmar Dive Center-PADI-S25655 မှ ပံ့ပိုးကူညီပြီး MUF Brand Ambassador - Dr. Htet Ei Ei Win (Htet Ei's Journey ) ရဲ့ "Diving into Another World" ခေါင်းစဉ်နဲ့ Online Event ပွဲလေးကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်တာကြောင့် Diving အကြောင်း စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာလိုတဲ့ လူကြီးမင်းများအားလုံးကို သတင်းကောင်းပါး ဖိတ်ကြားအပ်ပါတယ် ...

🐳 Diving into Another World ခေါင်းစဉ်အရ Dr. Htet Ei (Htet Ei's Journey) ရဲ့ Scuba Diving အတွေ့အကြုံတွေနဲ့ Diving ရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်

🎁 ဒါ့အပြင် တက်ရောက်ကြတဲ့ လူကြီးမင်းများအတွက်လည်း Lucky Draw အစီအစဉ်နဲ့ ကံစမ်းမဲဖောက် လက်ဆောင်ပေးအပ်သွားမှာဖြစ်ကြောင်း ထပ်ဆောင်းသတင်းကောင်းပါးလိုက်ပါတယ်...

Lucky Draw ဆုတွေကတော့ -
🥇 1st Prize - Fun Dive ၂ ယောက်စာ Ticket
🥈 2nd Prize - DSD ၂ ယောက်စာ Ticket
🥉 3rd Prize - Snorkeling ၂ ယောက်စာ Ticket
4th Prize - MDC Rash Guard
5th Prize - MDC T-shirt

🌐 Online မှ တက်ရောက်ရန် -
Zoom ID : 913 669 6167
Passcode : 123456

🔹တက်ရောက်လိုပါက ဒီ Reservation Form : ( https://forms.gle/kZMW94PmesXzfoGk9 ) Link ကနေတစ်ဆင့် ပေးပို့တက်ရောက်နိုင်တဲ့အပြင် အသေးစိတ်ကိုလည်း
Email [email protected] နှင့်
☎️ 09 255 944 822
☎️ 09 7300 9224 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

'sJourney

Photos from Myanmar Underwater Federation's post 21/10/2023

🌊🤿 "Women in Diving Event"

ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ (စနေနေ့) တွင် Myanmar Underwater Federation ၏ ဦးစီးမှုနဲ့အတူ Myanmar Dive Center-PADI-S25655 မှ ပံ့ပိုးကူညီပြီး MUF Brand Ambassador - Miss Ei Kyawt Khaing Travelholic Diary ရဲ့ "Women in Diving" ခေါင်းစဉ်နဲ့ Online Event ပွဲလေးကို တက်ရောက်လေ့လာပေးခဲ့ကြသော လူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ပွဲအတွင်း အမှတ်တရပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

Diving Activity များနဲ့ ပက်သက်ပြီး အသေးစိတ် သိလိုပါက
https://divinginmyanmar.com/mm/dive-packages/
📞 09 255 944 822
📞 09 7300 9224

16/10/2023

🤿 "Invitation: Women in Diving Event"

⏳ အောက်တိုဘာလ ၂၁ ရက်နေ့ (စနေနေ့) မနက် ၁၀ နာရီမှာ Myanmar Underwater Federation ၏ ဦးစီးမှုနဲ့အတူ Myanmar Dive Center-PADI-S25655 မှ ပံ့ပိုးကူညီပြီး MUF Brand Ambassador - Miss Ei Kyawt Khaing Travelholic Diary ရဲ့ "Women in Diving" ခေါင်းစဉ်နဲ့ Online Event ပွဲလေးကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်တာကြောင့် Diving အကြောင်း စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာလိုတဲ့ လူကြီးမင်းများအားလုံးကို သတင်းကောင်းပါး ဖိတ်ကြားအပ်ပါတယ် ...

🔹Women in Diving ခေါင်းစဉ်အရ Miss Ei Kyawt Khaing ရဲ့ Scuba Diving အတွေ့အကြုံတွေနဲ့ Diving ရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို မျှဝေပေးမှာဖြစ်ပါတယ် ...

🎁 ဒါ့အပြင် တက်ရောက်ကြတဲ့ လူကြီးမင်းများအတွက်လည်း အမေးအဖြေ ကံစမ်းမဲအစီအစဥ်လေးလည်း ကျင်းပပေးသွားမှာဖြစ်ကြောင်း ထပ်ဆောင်းသတင်းကောင်းပါးလိုက်ပါတယ်...

🌐 Online မှ တက်ရောက်ရန် -
Zoom ID : 913 669 6167
Passcode : 123456

🔹တက်ရောက်လိုပါက ဒီလင့်ကနေတစ်ဆင့် Reservation Form : (https://forms.gle/4m2eWjCQAJf15MLR9) ကနေတစ်ဆင့် ပေးပို့တက်ရောက်နိုင်တဲ့အပြင် အသေးစိတ်ကိုလည်း Email [email protected] နှင့် ဖုန်းနံပါတ် 09 255 944 822, 09 7300 9224 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

☎️ 09 255 944 822
☎️ 09 7300 9224

Photos from Myanmar Underwater Federation's post 29/07/2023

🌊🤿 "Discover the Depths (ရေအောက်ကမ္ဘာ လေ့လာကြမယ်)"

မနေ့ ဇူလိုင်လ ၂၉ ရက်နေ့ (သောကြာနေ့) တွင် Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center-PADI-S25655 မှ ပံ့ပိုးကူညီ ကျင်းပပြုလုပ်သွားခဲ့သည့် "ရေအောက်ကမ္ဘာ လေ့လာကြမယ်" (Discover the Depths) Online Event ပွဲလေးကို တက်ရောက်လေ့လာပေးခဲ့ကြသော လူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ပွဲအတွင်း အမှတ်တရပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

Diving Activity များနဲ့ ပက်သက်ပြီး အသေးစိတ် သိလိုပါက
https://divinginmyanmar.com/mm/dive-packages/
📞 09 255 944 822
📞 09 7300 9224

25/07/2023

🌊🤿 "Invitation: Discover the Depths (ရေအောက်ကမ္ဘာ လေ့လာကြမယ်)"

⏳ လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့ (သောကြာနေ့) နေ့လည် ၃ နာရီမှာ Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ ပံ့ပိုးကူညီ ပြုလုပ်သွားမယ့် "ရေအောက်ကမ္ဘာ လေ့လာကြမယ်" (Discover the Depths) Online Event ပွဲလေးကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်သဖြင့် ရေအောက်ကမ္ဘာအကြောင်း စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာလိုတဲ့ လူကြီးမင်းများ အားလုံးအား သတင်းကောင်းပါး ဖိတ်ကြားအပ်ပါတယ်...
🔹 Diving လုပ်ခြင်းကနေ ဘယ်လိုတွေ ကောင်းကျိုးရှိစေမလဲ...
🔹 Scuba Diving ဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ...
🔹 Diving ကနေတစ်ဆင့် ပင်လယ်ရေအောက် သဘာဝအလှတရားတွေကို ဘယ်လိုလေ့လာနိုင်မလဲဆိုတာ ဗဟုသုတရဖွယ် မျှဝေပေးသွားမယ့် ဒီ "ရေအောက်ကမ္ဘာ လေ့လာကြမယ်" (Discover the Depths) Online ပွဲလေးမှာဆို - Myanmar Underwater Federation ရဲ့ Brand Ambrassor တွေဖြစ်တဲ့ Dr. Htet Ei Ei Win (Htet Ei's Journey ) နဲ့ Miss Ei Kyawt Khaing (Travelholic Diary) တို့ကပါ အတွေ့အကြုံတွေကို ပါဝင်မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်...
🎁 ဒါ့အပြင် တက်ရောက်ကြတဲ့ လူကြီးမင်းများအတွက်လည်း Diving Package များကိုလည်း ကံစမ်းမဲဖောက် လက်ဆောင်ပေးအပ်သွားမှာဖြစ်ကြောင်း ထပ်ဆောင်းသတင်းကောင်းပါးလိုက်ပါတယ်...
🌐 Online မှ တက်ရောက်ရန် Link -
Zoom ID : 913 669 6167
Passcode : 123456
🔹 တက်ရောက်လိုပါက ဒီလင့်ကနေတစ်ဆင့် Reservation Form : (https://forms.gle/ZjQsNoKrhyqmxDrS9) ကနေတစ်ဆင့် ပေးပို့တက်ရောက်နိုင်တဲ့အပြင် အသေးစိတ်ကိုလည်း Email [email protected] နှင့် ဖုန်းနံပါတ် 09 255 944 822, 09 7300 9224 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...
☎️ 09 255 944 822
☎️ 09 7300 9224

20/06/2023

Meet our new brand ambassador, Miss Ei Kyawt Khaing (Travelholic Diary)!

မအိကျော့ခိုင် အား Myanmar Underwater Federation ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခွင့်ရတာကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါတယ် 🎉👏

မအိကျော့ နဲ့ Myanmar Underwater Federation ရဲ့ လက်တွဲလုပ်ဆောင်ပြီး ပင်လယ်ရေအောက် သဘာဝအလှတရားတွေကို ဘယ်လိုလေ့လာပုံဖော်ပြီး ထိန်းသိမ်းစောင့်ရှောက်သွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်...

08/06/2023

Meet our new brand ambassador, Ma Htet Ei (Htet Ei's Journey)!

မထက်အိ (Htet Ei's Journey) အား Myanmar Underwater Federation ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါတယ် 🎉👏

မထက်အိ နဲ့ Myanmar Underwater Federation ရဲ့ လက်တွဲလုပ်ဆောင်ပြီး ပင်လယ်ရေအောက် သဘာဝအလှတရားတွေကို ဘယ်လိုလေ့လာပုံဖော်နိုင်မလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်...

Photos from Myanmar Underwater Federation's post 28/02/2023

"ကမ်းခြေသန္တာ မပျက်စီးရေး အတူတကွ ထိန်းသိမ်းပေး"

18.2.2023 (စနေနေ့) နေ့လည်ပိုင်းတွင် Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် ငွေဆောင်ကမ်းခြေ Ocean Blue Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် 4th Beach Clean-up & Coral Conservation Awareness Seminar မှ အမှတ်တရ ပုံရိပ်လေးများကို ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။

Photos from Myanmar Underwater Federation's post 28/02/2023

"ကမ်းခြေသန္တာ မပျက်စီးရေး
အတူတကွ ထိန်းသိမ်းပေး"

18.2.2023 (စနေနေ့) မနက်ပိုင်းတွင် Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းအနီး၌ ကျင်းပပြုလုပ်ခဲ့သည့် 4th Beach Clean-up 2023 မှ အမှတ်တရ ပုံရိပ်လေးများကို ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။

၄ကြိမ်မြောက် Beach Clean-up and Coral Conservation Awareness 2023 ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီပေးခဲ့ပါသော တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိအပ်ပါသည်။

#ချစ်သူများကျွန်း

28/01/2023

Prior meet-up and Media Conference Activity for Beach Clean-up and Coral Conservation Awareness 2023 at MICT Park, Building (11), Hlaing Township, Yangon.

Photos from Myanmar Underwater Federation's post 27/01/2023

သဘာဝပတ်ဝန်းကျင် ရေရှည်လှပစွာ ရှိနေဖို့ အတူတကွ ပါဝင်ထိန်းသိမ်းနိုင်မည့် CSR Project ဖြစ်သော 4th Beach Clean-up & Coral Conservation 2023 ကို Myanmar Underwater Federation ၏ ဦးစီးလမ်းညွှန်မှုဖြင့် Myanmar Dive Center မှ organizer အဖြစ် (18.2.2023) တွင် ငွေဆောင်ကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

(20.1.2023) သောကြာနေ့တွင် Media Conference သတင်းစာရှင်းလင်းပွဲလေး ပြုလုပ်ခဲ့ပြီး ၎င်း Media Conference ပွဲတွင် Professional များ၊ လုပ်ငန်းရှင် အဖွဲ့အစည်းများ၊ ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ နှင့် Miss Myanmar World 2017 မှ Miss Ei Kyawt Khaing (Travelholic Diary) တို့ တက်ရောက်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် Awareness Speeches များကိုလည်း အသိပညာရှင်၊ အတတ်ပညာရှင်များမှ Sharing လုပ်ပေးခဲ့ပါသည်။

“ကမ်းခြေ သန္တာ မပျက်စီးရေး
အတူတကွ ထိန်းသိမ်းပေး"

The 4th Beach Clean-up & Coral Conservation 2023, a CSR project in which we will be able to participate and maintain the environment in a long-term and beautiful way, will be held on August 18, 2023, at Ngwe Saung Beach, under the guidance of the Myanmar Underwater Federation, as the organizer of our Myanmar Dive Center.
Last (20.1.2023) Friday, a media conference press conference was held, and at the media conference, professionals, business organizations, hotel, and travel associations, and Miss Myanmar World 2017 Miss Ei Kyawt Khaing (Travelholic Diary)—attended and gave the sharing awareness speeches for environmental sustainability by professionals.

"Clean Trash = Clear Paradise"

🌐https://www.youtube.com/watch?v=SNVt7n19ZjI

#ငွေဆောင်

Photos from Travelholic Diary's post 22/01/2023
13/01/2023

" Clean Trash = Clear Paradise "

Myanmar Underwater Federation ဦးစီးလမ်းညွှန်ပြီး Myanmar Dive Center နှင့် ပူးပေါင်းဆောင်ရွက်ကာ ငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်သွားမည့် (၄) ကြိမ်မြောက် Beach Clean-up & Coral Conservation 2023 ကို

20.1.2023 (Fri) Yangon တွင်
▪️Media Conference နှင့်

18.2.2023 (Sat) Ngwe Saung တွင်
▪️ Beach Clean-up & Coral Conservation Awareness ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

သဘာဝပတ်ဝန်းကျင် ရေရှည်လှပစွာ ရှိနေဖို့ အတူတကွ ထိန်းသိမ်းကြဖို့ တိုက်တွန်းရင်း…လုပ်ငန်းရှင်ကြီးများနှင့် အခြားသော အသင်းအဖွဲ့များလည်း အတူတကွ ပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။

“ကမ်းခြေ သန္တာ မပျက်စီးရေး
အတူတကွ ထိန်းသိမ်းပေး”

Come and join to keep our Beach Clean-up Campaign
☎️ 09 7300 9220

#ငွေဆောင်

Photos from Myanmar Underwater Federation's post 17/07/2020

မျိုးတုန်းလုနီး ဧရာဝတီလင်းပိုင်လေးများကို အိမ်မှာနေရင်း အားလပ်ချိန်မှာ အွန်လိုင်းပေါ်က ကူညီထိန်းသိမ်းပေးကြပါ

အရင်တပတ်က ဧရာဝတီလင်းပိုင်ပေါက်စလေးတကောင်ကို တရားမဝင် လျှပ်စစ်နဲ့ ရှော့တိုက်ငါးဖမ်းတဲ့ ဒုစရိုက်သမားတွေက သတ်ပစ်လိုက်ကြတယ်။ အခုတော့ လင်းပိုင်အကောင်ရေ ၈၀ အောက်လျော့နည်းလာပြီး မျိုးတုန်းရန် အလွန်နီးစပ်နေပါပြီ။

ဧရာဝတီလင်းပိုင်က မြန်မာနိုင်ငံရဲ့ အထင်ကရတိရစ္ဆာန်ဖြစ်ပေမယ့် လူအများစုက ဘာလို့ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာကို နားလည်မှုလွဲနေတယ်။ ပညာတတ်လူနည်းစုက လင်းပိုင်ကိုချစ်လို့ မျိုးတုန်းခါနီးမို့ ကာကွယ်ပေးရမယ်လို့နားလည်ကြတယ်။ မြို့နေလူအများကတော့ လင်းပိုင်မျိုးပြုတ်လဲ သူတို့နေ့စဉ်အလုပ်ကို ဘာမှလာမထိခိုက်နိုင်တာတစ်ကြောင်း၊ အိမ်မှာနေရင်းနဲ့တင် ဘယ်လိုကာကွယ်ရမလဲသေချာမသိတာတစ်ကြောင်းကြောင့် ဘာမှမလုပ်မပေးဘဲကျော်သွားကြတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်တာဝန်မရှိဘူးထင်ရင် လုံးဝမှားသွားမယ်။ ဒီတော့ လင်းပိုင်ရှိနေခြင်းက သင်အပါအဝင် မြန်မာနိုင်ငံသားတစ်ဦးချင်းစီတိုင်းကို ဘယ်လိုအကျိုးကျေးဇူးတွေပေးနေလဲ၊ မျိုးတုန်းသွားရင် သင်တို့အနာဂါတ်မှာ ဆိုးကျိုးတွေဘယ်လောက်တောင်သက်ရောက်လာနိုင်မလဲ၊ သင်အိမ်မှာနေရင်း အားလပ်ချိန်မှာ အွန်လိုင်းပေါ်ကနေ ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းက ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ အကြမ်းဖျင်းရှင်းပြပေးပါမယ်။

၁။ ဧရာဝတီလင်းပိုင်ကို ကာကွယ်ပေးခြင်းက ဧရာဝတီမြစ်ကြီးတစ်ခုလုံးကို ကာကွယ်ထိန်းသိမ်းပေးနေခြင်းနဲ့ အတူတူဘဲ။

ဧရာဝတီလင်းပိုင်ဆိုတာ လူသိများပြီး ချစ်တဲ့သူများတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ဗန်းပြပြီး ထိန်းသိမ်းရေးလုပ်ဖို့ဆော်ဩနေတာဖြစ်တယ်။ လင်းပိုင်ထိန်းသိမ်းရေးခေါင်းစဉ်တပ်ပြီး လင်းပိုင်တစ်မျိုးထဲမကဘဲ လင်းပိုင်ကျက်စားတဲ့ မြစ်ဝှမ်းတစ်ခုလုံက ဂေဟစနစ်တွေ၊ သားငါးနဲ့ ရေငှက်တွေအဆုံး၊ ဒီရေတောတွေပါမကျန် အားလုံးကို ထိန်းသိမ်းတာဖြစ်တယ်။ နိုင်ငံတော်အစိုးရကလည်း မလယ်ကနေ ရွှေဂူအထိ မိုင် ၁၀၀ ကျော် အစိတ်အပိုင်းကို လင်းပိုင်ထိန်းသိမ်းရေးဧရိယာသတ်မှတ်ပြီး ဂေဟစနစ်အစိတ်အပိုင်းအားလုံးကို ဉပဒေနဲ့ကာကွယ်ပေးထားတယ်။ လင်းပိုင်မျိုးတုန်းသွားရင် ဒီအကာအကွယ်တွေအားနည်းသွာမယ်။ ဒီတော့ လင်းပိုင်မျိုးတုန်းသွားခြင်းသည် မြစ်ဆုံဆည်ဆောက်လိုက်ခြင်းနဲ့ ဆိုးကျိုးချင်း အကြမ်းအားဖြင့်တူညီတယ်လို့ ယူဆလို့ရပါတယ်။ မြစ်ဆုံစီမံကိန်းကိုတော့ အသေအလဲ ဝိုင်းကန့်ကွက်နေချိန်မှာ ရှော့တိုက်ငါးဖမ်း၊ အဆိပ်ချငါးဖမ်း၊ သဲတူးကျောက်တူး၊ သစ်ခုတ်၊ ငှက်ပစ်၊ ရွှေကျင်၊ အမှိုက်ပစ်နဲ့ ဧရာဝတီဂေဟစနစ်ကြီးတခုလုံး ပျက်စီးသွားမှတော့ ဘာသက်ရှိမှမရှိတဲ့ လမ်းဘေးရေမြောင်းကြီးကို ကာကွယ်ထိန်းသိမ်းပေးပါလို့ ကန့်ကွက်နေသလိုသာ ဖြစ်နေတော့မှာပေါ့။

၂။ ဧရာဝတီလင်းပိုင်ဟာ မြစ်ဆုံစီမံကိန်းကို နိုင်ငံတကာကပါ ပူးပေါင်းကန့်ကွက်နေတဲ့ အကောင်းဆုံးအကြောင်းပြချက်ဖြစ်တယ်

မြစ်ဆုံဆည်ဆောက်လိုက်ရင် ဖြစ်လာမယ့်ဆိုးကျိုးတွေကို ခံစားရမယ့်သူတွေက မြန်မာနိုင်ငံသားတွေပါ။ နိုင်ငံတကာက ဘယ်သူမှ ဂရုမစိုက်ပါ။ ဧရာဝတီလင်းပိုင်ကတော့ ကုလသမ္မဂကအစ၊ WWF၊ WCS၊ Green Peace တို့အဆုံး နိုင်ငံတကာ NGO တွေအားလုံးထိန်းသိမ်းဖို့ သဘောတူထားတဲ့ သတ္တဝါဖြစ်လို့ မြစ်ဆုံစီမံကိန်းကို နိုင်ငံတကာကပါ ဝိုင်းကန့်ကွက်ပေးနေကြတာပါ။ မျိုးတုန်းသွားလျှင် သူတို့ပူးပေါင်းပါဝင်မှုလည်းလျော့ကျသွားမှာဖြစ်လို့ တရုတ်ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ အတော်များသွားပါလိမ့်မယ်။

၃။ လင်းပိုင်မျိုးတုန်းခြင်းမှ ဖြစ်ပေါ်လာမယ့် သဘာဝဂေဟစနစ်ပျက်စီးမှုကြောင့် လူတိုင်း စီးပွားရေးသာမက ကျန်းမာရေးပါ ထိခိုက်လာနိုင်တယ်။

WWF ရဲ့ ဧရာဝတီမြစ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ငါးသယံဇာတ ပရိုတင်းဓာတ် ၆၀% ကျော်ကို ဧရာဝတီမြစ်ကရရှိတာဖြစ်တယ်။ အထက်ကဆိုခဲ့တဲ့အတိုင်း လင်းပိုင်မျိုးတုန်းသွားရင် ထိန်းသိမ်းမှုပိုလျော့နည်းပြီး အကုန်ပျက်စီးဆိတ်သုဉ်းသွားတဲ့အခါ မြန်မာနိုင်ငံမှာစားနပ်ရိက္ခာတွေ အရမ်းရှားလာမယ်။ ငါးရှောင်စားရင်တောင် အခြားသားငါးပိုစားရတဲ့အတွက် အထွေထွေကုန်ဈေးနှုန်းတွေတက်လာမယ်။ စားနပ်ရိက္ခာလုံလောက်ဖို့ လယ်ယာစိုက်ပျိုးမွေးမြူရေးတွေ ချဲ့ထွင်လာတဲ့အတွက် သစ်တောတွေ ပြုန်းတီး၊ ဈေးတွေပိုတက်နဲ့ အဆိုးသံသရာလည်နေလိမ့်မယ်။ ဉပမာ ကုန်ဈေးနှုန်းတွေ ၂၀ % တိုးပြီး ၁၀၀၀ ကျပ်တန်စားစရာက ၁၂၀၀ ဖြစ်သွားပြီဆိုပါစို့။ လက်ရှိအချိန်မှာ လူတစ်ယောက်စားစရိတ်က တစ်လ ၁၀၀,၀၀၀ ကျပ်လောက်ရှိတယ်။ မိသားစု ၅ယောက်ရှိတဲ့အိမ်ဆို တစ်လ တစ်သိန်းပိုကုန်မယ်။ လစာတစ်သိန်းတက်ဖို့ ဘယ်လောက်ကြိုးစားရလဲ လခစားတိုင်းနားလည်တယ်။ ဒါစားစရာဘဲရှိသေးတယ်။ ငါးဈေးတွေတက်လာတော့ ပုပ်သိုးလွယ်တဲ့ငါးကိုရောင်းတဲ့သူတွေက ကြာရှည်ခံအောင် ဖော်မလင်လို တာရှည်ခံဆေးတွေသုံးလာတယ်ဆိုပါစို့။ India မှာစဖြစ်နေပြီ၊ သွားလေ့လာကြည့်လိုက်ပါ။ စားမိတဲ့သူတော့အသေဘဲ။ ဆေးကုသစရိတ် သိန်းရာချီကုန်သွားမယ်။ ဒါတောင်ကံကောင်းလွန်းမှ အသက်ရှင်မှာနော်။ ရှင်လည်း သက်တမ်းစေ့နေရဖို့ ဝေလာဝေး။ မပြီးသေးဘူး။ စားဝတ်နေရေးကြပ်တည်းလာလို့ ဒုစရိုက်မှုတွေများလာမယ်။ အထူးအဖြင့် တံငါရွာတွေမှာ ငါးလုဖမ်းတာကြောင့် ပြဿနာတွေတက်၊ အကြမ်းဖက်မှုတွေဖြစ်လာမယ်။ ရွာကလူတွေရှောင်ဖို့ မြို့တက်လာတော့ ကျူးကျော်ပြဿနာတွေပိုဆိုး။ အိမ်ခြံမြေဈေးတွေ ကမောက်ကမနဲ့ ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားစုံကိုထိခိုက်လိမ့်မယ်။

၄။ မြန်မာတွေ နိုင်ငံတကာမှာ မကောင်းသတင်းပိုကြီးလာပြီး ဧရာဝတီမြစ်နဲ့ပတ်သက်တဲ့ လူသားချင်းစာနာပြီးထောက်ပံ့တဲ့နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းခြင်းခံရမယ်

တရုတ်ပြည်က ပန်ဒါဝက်ဝံ မျိုးတုန်းလုနီးအခြေအနေကနေကယ်တင်လိုက်ပြီ။ အမေရိကန်နိုင်ငံအမှတ်တံဆိပ် လင်းယုန်ငှက် (Bald Eagle) ကိုလည်း သေချာစီမံကိန်းချကယ်တင်လိုက်တာ မျိုးတုန်းဖို့စိတ်ပူစရာမရှိတော့ပါ။ မြန်မာနိုင်ငံရဲ့ အထင်ကရ ဧရာဝတီလင်းပိုင်ကိုတောင်မှ မြန်မာတွေကာကွယ်မပေးနိုင်ရင် နိုင်ငံတကာမျက်နှာစာမှာ အရှက်ရစရာပါ။ ရိုဟင်ဂျာ အရေးကြောင့် မြန်မာတွေနိုင်ငံတကာမှာ အရှက်ကွဲနေပြီး အနောက်နိုင်ငံအချို့ကတောင် မြန်မာပြည်သားတွေကို အခြေချနေထိုင်ခွင့်တွေ ရုပ်သိမ်းနေချိန်မှာ ဧရာဝတီမြစ်နဲ့ပတ်သက်တဲ့ project တွေကို ထောက်ပံ့ပေးနေတာတွေရပ်တန့်သွားပြီး အခြားလူသားချင်းစာနာမှုနဲ့ ထောက်ပံ့ပေးမယ့်အဖွဲ့အစည်းတွေအတွက်လည်း မြန်မာနိုင်ငံကို ဆက်ကူညီပေးဖို့စဉ်းစားစရာဖြစ်လာမှာပါ။ လင်းပိုင်ကို သေချာကယ်တင်ရင်ရနိုင်ပါလျက်နဲ့ အကြောင်းအမျိုးမျိုးပြ ခေါင်းရှောင်နေတဲ့ ကိုယ့်တာဝန်ကိုယ်မယူနိုင်သူတွေကို အခြားကိစ္စတွေမှာလည်း ငွေထောက်ပံ့ပေးရင် ငွေသာကုန်ပြီး အမှန်တကယ် အကျိုးဖြစ်ပါ့မလားလို့ သံသယဝင်လာလိမ့်မယ်။

ဒီလောက်ဆိုးကျိုးတွေများနေတယ်ဆိုရင် နိုင်ငံတော်အစိုးရကဘာလို့ထိထိရောက်ရောက်ထိန်းသိမ်းခြင်းမပြုဘဲ သတ်ရောင်းရင်တောင် ဒဏ်ငွေကျပ် သောင်းဂဏန်းလောက်ဘဲ ရိုက်တာလဲ။

အဖြေကအရမ်းရိုးရှင်းပါတယ်။ မြန်မာနိုင်ငံသားအများစုက ဧရာဝတီလင်းပိုင်ကို ကာကွယ်ထိန်းသိမ်းပေးလိုတဲ့ ဆန္ဒမရှိလို့ပါ။ ယုံချင်စရာမကောင်းပေမယ့် လက်တွေ့မှာအများပြည်သူရဲ့ သဘောထားစစ်တမ်းကောက်ယူကြည့်တဲ့အခါ အထက်တန်းစားနဲ့ လူလတ်တန်းစား၊ ပညာတတ်၊ မြို့နေပြည်သူများထဲမှာတောင် ကူညီပေးချင်သူ ၄၆-၄၉% ဘဲရှိတယ်။ ပညာနဲ ဆင်းရဲတဲ့ကျေးလက်ဘက်မှာဆို ထိန်းသိမ်းပေးဖို့ထက် ထိန်းသိမ်းရေးဧရိယာကြောင့် ငါးဖမ်းရခက်လို့ အမြန်မျိုးပြုတ်သွားစေချင်သူတွေတောင်ရှိပါတယ်။ မယုံရင် ကိုယ်တိုင်လက်တွေ့စမ်းကြည့်ပါ။ အိမ်နီးချင်း ၁၀ ယောက်လောက်ကို စကားစပ်ပြောကြည့်ပြီး ငွေ ၁၀၀၀ လောက်အလှူခံကြည့်ပါ။ စကားဆုံးအောင်တောင် ဘယ်နှယောက်နားထောင်သလဲ သတိထားကြည့်ရင် လူအများရဲ့ ဆန္ဒကို ရိပ်မိမှာပါ။ ပြီးတော့ ပညာနည်းတဲ့ လူပိန်းအများစုကလည်း ဝင်ငွေကောင်းတဲ့ ငွေသိန်းချီရင်းပြီး ရှော့တိုက်ငါးဖမ်း၊ တရားမဝင်ငါးခိုးဖမ်းတဲ့လုပ်ငန်းမျိုးလုပ်သူတွေကို ဉပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေလို့မမြင်ဘဲ စားသောက်ရမဲ့ဆင်းရဲသားတွေလို့ အမြင်မှားပြီး သနားနေတဲ့အတွက် ပြည်သူ့ထောက်ခံမှုလိုတဲ့အစိုးရက ထောင်ဒဏ်လို ပစ်ဒဏ်ကြီးပေးဖို့ အခက်အခဲရှိပါတယ်။ ဒီမိုကရေစီခေတ်မှာ လူ ၅၀% ကျော်ရဲ့ဆန္ဒမရှိလျှင် အာဏာပိုင်များကိုယ်တိုင်ဆန္ဒရှိတောင် အရေးယူဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။

အဲဒါဆို အိမ်မှာနေရင်း အားလပ်ချိန်မှာ အွန်လိုင်းပေါ်ကနေ ဘယ်လိုကူညီပေးနိုင်မလဲ။

၁။ Awareness တက်အောင် ဒီပို့စ်ကို share ပေးကြပါ။ မိသားစုဆွေမျိုးမိတ်ဆွေတွေကို အသိပညာပေးပြီး ထိန်းသိမ်းချင်စိတ်ဖြစ်လာအောင်အားပေးပါ။

အထိရောက်ဆုံး ကာကွယ်ထိန်းသိမ်းနည်းကတော့ နိုင်ငံတော်အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး အထူးစီမံကိန်းချ ရှောတိုက်ငါးဖမ်းသူများနဲ့ လင်းပိုင်သတ်ရောင်းသူများကို ဖမ်းဆီးပြီး ပစ်ဒဏ်ကြီးချအရေးယူခြင်းပါ။ ဒါမျိုးဖြစ်လာဖို့ဆိုရင် အထက်ကဆိုထားတဲ့အတိုင်း လူအများစုရဲ့ ထောက်ခံမှုဆန္ဒရှိမှရပါမယ်။ လူအများစု ဆန္ဒမရှိရခြင်းအကြောင်းကလည်း လင်းပိုင်မျိုးတုန်းသွားရင် နေ့စဉ်ဘဝမှာဆိုးကျိုးတွေဘယ်လောက်သက်ရောက်လာမယ် ဆိုတာနားလည်မှုအားနည်းနေလို့ပါ။ ဒီဆိုးကျိုးတွေကို နားလည်လာအောင် အချက်ကျကျရှင်းပြပေးရမယ်။ Awareness တက်လာတဲ့အခါမှ Profile change တဲ့ campaign မျိုး၊ ကန့်ကွက်ဆန္ဒပြတာမျိုး၊ အသိပညာပေးဟောပြောပွဲလိုမျိုးတွေ များလာမယ်။ ပြည်သူတွေပါဝင်လာမှ အစိုးရကလည်း ပြည်သူ့ဆန္ဒအတိုင်း အရေးယူမှုတွေလုပ်ဆောင်လာလိမ့်မယ်။

၂။ လင်းပိုင်သတ်ရောင်းခြင်း၊ ရှော့တိုက်ငါးဖမ်းခြင်း၊ တရားမဝင်ငါးခိုးဖမ်းခြင်း စသည်တို့ကိုတွေ့လျှင်ဓာတ်ပုံရိုက်ပြီး လူမှု့ကွန်ယက်များတွင် ရှယ်ပေးပါ၊ သူများတင်ထားတာတွေ့လျှင် ထပ်ဆင့် ရှယ်ပေးပါ။

ဒါမျိုးအကျင့်ဆိုးတွေ မြစ်ထဲမှာဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးပျံ့နှံ့နေလဲ လူအများစုမသိကြပါဘူး။ များများမြင်မှ သဘောပေါက်ကြမှာပါ။ ဒီ ရာဇဝတ်မှုမျိုးကျူးလွန်သူတွေဟာ လက်နက်ကိုင်ပြီး အုပ်စုဖွဲ့ လုပ်ကိုင်တာဖြစ်လို့ လိုက်ဖမ်းဆီးဖို့၊ တရားခွင်မှာ သက်သေခိုင်မာအောင်ပြဖို့ အတော်ခက်ပါတယ်။ ဒါကြောင့်လှေသာမိပြီး ပိုင်ရှင်မဲ့တို့၊ သက်သေမခိုင်လုံတို့နဲ့ လွတ်မြောက်ကုန်တာများပါတယ်။ ဒါကြောင့် ဒီဓာတ်ပုံတွေဟာ ရဲကအရေးယူမယ်ဆိုရင် ကျူးလွန်သူတွေကိုဖော်ထုတ်ဖို့ ခိုင်လုံတဲ့ သက်သေတွေဖြစ်လာမှာပါ။ အရင်တခေါက်က လင်းပိုင်သတ်ရောင်းတာကို ဓာတ်ပုံရိုက်တင်၊ ဝိုင်း share ပေးတဲ့သူတွေရှိလို့ တရားခံပေါ်ပြီး ရဲကဖမ်းဆီးဒါဏ်ရိုက်လိုက်ပါတယ်။

၃။ မြစ်ထဲမှာ လင်းပိုင်ကို လိုက်ပြတဲ့ သဘာဝအခြေပြုခရီးသွားလုပ်ငန်း (dolphin watching tour) မြန်မာပြည်မှာရှိနေပါပြီ။

ဒီ tour လုပ်ငန်းကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီးဖြစ်တဲ့ Wildlife Conservation Society (WCS) က စတင်အကောင်အထည်ဖော်တာဖြစ်ပြီး Ecotourism guideline များနဲ့အညီ သေချာဆောင်ရွက်နေတာဖြစ်ပါတယ်။ activity တိုင်းမှာ ဧည့်သည်တွေရော၊ လင်းပိုင်တွေပါ ဘေးကင်းလုံခြုံမှုရှိအောင် protocol တွေချပြီး သေချာကြပ်မတ်ထားပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုထူးချွန်ဆုတွေပါ ဆုခူးထားပါတယ်။ အသိပညာပေးအစီအစဉ်တွေလည်းပါပြီး ရရှိလာတဲ့အမြတ်ငွေကိုထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချပါတယ်။ တရားမဝင်ငါးဖမ်းသမားတွေကို လိုက်စည်းရုံး၊ Tour guide တွေအဖြစ်ပြန်လည်လေ့ကျင့်သင်ကြားပေးပြီး လင်းပိုင်ထိန်းသိမ်းဖို့ အားပေးနေပါတယ်။ အမြတ်ငွေဝင်တဲ့ လုပ်ငန်းမျိုးမဟုတ်လို့ နေရာတကာ ငွေကုန်ခံမကြော်ငြာပါ။ တဆင့်စကား တဆင့်နားရောက်ပြီး စိတ်ဝင်စားသူတွေသွားလည်နိုင်အောင် share ပေးကြပါ။ မန္တလေးရောက်ရင် ကိုယ်တိုင်သွားလည်ကြပါ။ ကိုယ်တိုင်မရောက်နိုင်ပေမယ့် အားပေးချင်တယ်ဆိုရင် သွားချင်သူကို tour စီစဉ်ပေးလိုက်ပါ။ အသေးစိတ်ခရီးစဉ်ကိုတော့ Dolphin community lodge (09- 450660333) ကို ဆက်သွယ်စုံစမ်းကြည့်ပါ။ လက်ရှိအချိန်မှာတော့ ကာကွယ်ထိန်းသိမ်းရေးကို ရှေးရှုတဲ့ အခြား Tour ကုမ္မဏီတွေ၊ လမ်းကြောင်းတွေလည်းပေါ်လာပြီ ဖြစ်တာကြောင့် အခြားရွေးစရာတွေလည်းရှိနေပါပြီ။

(၂၀၂၀ ခုနှစ် ၆ လအတွင်း အကောင် ၈၀ ရှိတာ ၃ ကောင်သေသွားပါပြီ။ သင်အခုအချိန်မရလို့၊ စိတ်မဝင်စားလို့၊ ဒီပို့စ်ကို ဂရုမစိုက်ဘဲကျော်သွားလို့ရချင်ရမယ်။ နောက် ၃-၄ နှစ်နေလို့ လင်းပိုင်တွေတကယ်မျိုးတုန်းသွားတဲ့ အခါ ဖြစ်လာမယ့် ဆိုးကျိုးတွေက သင်ရော သင့်မိသားစုပါရှောင်နိုင်မယ်ထင်လို့လား)

Credit to Original Uploader

03/03/2020

Prior meet up and Media Conference at MICT Park,Building (11),Hlaing Township,Yangon

Crd

02/03/2020
Photos from Myanmar Underwater Federation's post 02/03/2020

(27th February 2020)
Bird Island Underwater Clean Up
--------------------------------

After Beach Clean Up Day 1, many divers from Myanmar Dive Center-PADI-S25655, Ko Wai Lu Kyaw and team went underwater to clean up ghost net for coral benefit.

Thank you for your participation!

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Media Conference Activity for Beach Clean-up and Coral Conservation Awareness 2023

Telephone

Website

Address


Building 11, MICT Park, Hlaing Township
Yangon
11051

Other Environmental Conservation in Yangon (show all)
Save the Leaf Save the Leaf
Yangon

This page is intended to promote awareness for environmental issues and air pollution caused by burning dry leaves and trash.

WASH Nexus for Myanmar WASH Nexus for Myanmar
Yangon

As a group of inspired young leaders from the Myanmar Environmental Leadership Accelerator Program organized by 10 Billion Strong and Her Organizations, we are here to provide an o...

Yangon is Sick Yangon is Sick
Yangon
Yangon

အများပြည်သူအတွက် အကျိူးရှိသည်များကို မျှဝေပေးရန် ရည်ရွယ်ပါသည်။

Earth Wise Earth Wise
Yangon

promoting environmental awareness among youths

Environmental Science Online Environmental Science Online
Yangon, 11041

ပတ်ဝန်းကျင်ရေးရာဆိုင်ရာ အသိပညာရပ်များ မျှဝေဖြန့်ဝေပေးနိုင်ရန်

Mandafe Van RENT Mandafe Van RENT
Padada Davao Del Sur
Yangon, 2005

Mandafe VAN RENT Address: Lindahomes block2 lt 27 Email: [email protected] TM#: 09518189389 TNT#: 09486377523 You can message us in this page if you want to rent, prices wi...

Miss Earth Myanmar Miss Earth Myanmar
Yangon

MISS EARTH MYANMAR, environmentally - dedicated national beauty pageant for Myanmar! 🇲🇲

Prevent Plastics Myanmar Prevent Plastics Myanmar
56, M1 Thiri Marlar Street
Yangon, 11061

EU-funded project with the overall objective to promote Sustainable Consumption & Production Patterns

Super Solar Super Solar
Nawaday Garden Housing
Yangon

Our Vision Through a social enterprise, we are creating products that provide jobs and improve the quality of life for families living in poverty.

WM Daigo Wastewater Treatment WM Daigo Wastewater Treatment
116, Thamine Station Road, Mayangone Township
Yangon

Wastewater Treatment Services and Water Solution

Nature Conservation Society-Myanmar Nature Conservation Society-Myanmar
No. 72, B-5, Marlarmyaing 6th Street, 16 Ward, Hlaing Township, Postal Code, Yangon Region
Yangon, 11051

Nature Conservation Society-Myanmar is Non-Profit, Non-Religious and Non-Politic, environmental conse

Birds and Wildlife Assist - Myanmar Birds and Wildlife Assist - Myanmar
No. 210 , Pi Moe Ning Street
Yangon, 11201

Myanmar@Burma is one of richest biodiversity in South East Asia.It has about 1100 bird species;8 endemic species,about 300 species of mammals,32 species of turtle,1169 butterflies,...