Botataung Montessori Children's House

A high-quality Montessori preschool in the heart of Yangon.

Photos from Botataung Montessori Children's House's post 31/10/2023

Boo! 👻 To happy kids, everyday is their joyous occasion and so is Halloween!

Photos from Botataung Montessori Children's House's post 29/10/2023

Happy Thadinkyut, everyone! 🏮🌕

Here are some happiest kids taking pride in the lanterns decorated by themselves and enjoying Burmese snacks.

သီတင်းကျွတ်ကျောင်းမပိတ်ခင်လေးမှာ ကိုယ်တိုင်အလှဆင်ထားကြတဲ့ မီးပုံးလေးတွေနဲ့ မြန်မာမုန့်တွေကို ကိုယ်တိုင်ယူစနစ်နဲ့ ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နေကြတဲ့ သားသားမီးမီးလေးတွေပါ 🥰

Photos from Botataung Montessori Children's House's post 15/09/2023

Happy Birthday to our sweetest baby girl! 🥳

May you shine bright like a star and be the happiest and healthiest girl forever ❣️

Botataung Montessori Children's House မှာ သားသားမီးမီးလေးတွေရဲ့ မွေးနေ့မှာ မိဘတွေကို ဖိတ်ကြားခြင်းမပြုသလို ကိတ်မုန့်လေးတွေနဲ့ အခြားအလှဆင်မှုတွေအတွက်လည်း ကျောင်းကပဲ အကုန်အကျခံပါတယ်

အကြောင်းရင်းတွေကတော့
၁) မွေးနေ့ပွဲ ကျင်းပပေးဖို့ မလာနိုင်တဲ့ မေမေဖေဖေရဲ့ သားသားမီးမီးတို့ အားငယ်စိတ် မဝင်စေဖို့
၂) မေမေ ဒါမှမဟုတ် ဖေဖေမရှိတော့တဲ့ / အနီးအနားမှာ မရှိနိုင်တဲ့ သားသားမီးမီးတို့ စိတ်မထိခိုက်စေဖို့နဲ့
၃) မိဘတွေ ငွေကြေးကုန်ကျ မများစေဖို့ပါ

ဒီနေ့ကျင်းပဖြစ်တဲ့ မီးမီးလေးရဲ့ မွေးနေ့မှာလည်း မီးမီးနဲ့ မေမေ ကိုယ်တိုင်အလှဆင်ထားတဲ့ birthday board လေးနဲ့အတူ ကလေးအားလုံး ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါတယ်

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 09/09/2023

အမြဲ မသပ်ရပ်နေတဲ့ Montessori စာသင်ခန်းတွေ
🏠🏠🏠🏠🏠🏠🏠🏠
Montessori ချဉ်းကပ်ပုံမှာ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးဖို့ ဦးစားပေးပျိုးထောင်ပါတယ်၊ ဒီလိုပျိုးထောင်တာဟာ စာရွက်ပေါ်မှာပဲ ကြားလို့ကောင်းမွန်အောင် ပြောရတာမျိုးမဟုတ်ပါဘူး။

ကလေးတွေ တစ်ခုခုကို တိုက်ချလိုက်တဲ့အခါ၊ ရှင်းထားပြီးသားကို ဖွတဲ့အခါ လူကြီးကချက်ချင်း ဝင်မပါ၊ ဝင်မဖြေရှင်းလိုက်ပဲ ကလေးဘယ်လို ဖြေရှင်းမလဲ စောင့်ကြည့်ရတာမျိုးပါ၊ Montessori လမ်းညွှန်တွေကြားမှာ ြေပန်းစားတဲ့ စကားတစ်ခွန်းရှိပါတယ်၊ "When in doubt, stay out" ဆိုတာပါ၊ ကလေးက သူ့ပြဿနာဖြေရှင်းနေတုန်း ဝင်ပါသင့်လား မသင့်လား မသေချာရင် မပါပါနဲ့တဲ့။

အဲဲဒီကနေမှ ကလေးပြဿနာဖြေရှင်းပုံကို (အန္တရာယ်မရှိသရွေ့) ဝင်မစွက်ဖက်ဘဲ စောင့်ကြည့်ရင်း ကလေးက ဆက်မလုပ်တတ်တဲ့အခါ မေးခွန်းလေးတွေမေးပေးရင် ကူညီရတာပါ။

"အခု ဒါလေးတွေ ဖိတ်ကျသွားတော့ သားဘာလုပ်မလဲ"
"ရေတွေက ရေမြှုပ်နဲ့ဆို ပိုပြောင်မလား၊ ကြမ်းတိုက်တံနဲ့ဆို အဆင်ပြေမလား"
"တခြား သူငယ်ချင်းတွေ ဒီနားလာရင် ချော်လဲကြတော့မှာ၊ ဒီဟာတွေကို မီးမီး ဘယ်လိုရှင်းချင်လဲ" စသဖြင့် လမ်းကျောင်းပေးရင် ပြဿနာကို ကိုယ်တိုင် ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးရတာမျိုးပေါ့။

Botataung Montessori Children's House မှာဆိုရင်လည်း ရွေးတင်ထားတဲ့ ပုံလှလှလေးတွေထဲကလို အမြဲ ငြိမ်သက် သပ်ရပ်နေတာမျိုး မဟုတ်ပါဘူး၊ အခုပုံတွေထဲကလိုပဲ ဖွလိုက်ရှင်းလိုက်ကြားကပဲ ကလေးတွေက ဖွံ့ဖြိုးမှုအတွက် သင်ယူကြတာပါ။

Montessori ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး မရှင်းတာ၊ သိချင်တာတွေရှိရင် ကျောင်းအပ်ဖြစ်ဖြစ်၊ မအပ်ဖြစ်ဖြစ် ကောမန့်မှာ ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်၊ Maria Montessori ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကမ္ဘာ့ Montessori နယ်ပယ်မှာ သြဇာအကြီးဆုံး AMI အဖွဲ့ရဲ့ Certified Montessori ကျောင်းတည်ထောင်သူက အခမဲ့ ဆွေးနွေး ဖြေကြားပေးသွားမှာပါ။

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 01/09/2023

Montessori ဆိုတာ စာမသင်ဘဲ ဆော့ပဲနေရတာလား

Montessori ရဲ့ အနှစ်သာရကို ပို့စ်တစ်ပုဒ် ဒါမှမဟုတ် အချိန်တိုတိုနဲ့ ဖော်ပြနိုင်ဖို့ ခက်ပါတယ်။ Montessori မှာ စာမသင်ဘူးလားလို့မေးရင် စာသင်တာဟာ ဘာလဲလို့ အရင်ပြန်မေးရမှာ ဖြစ်ပါတယ်။

သမားရိုးကျ မူကြို/သူငယ်တန်း ချဉ်းကပ်ပုံမှာ တွေ့ရတတ်တဲ့ ဆရာမကရှေ့မှာထိုင်ပြီး အေ၊ ဘီ၊ စီ တိုင်ပေးနေတဲ့နည်းမျိုးကို စာသင်တာလို သတ်မှတ်မယ်ဆိုရင်တာ့ Montessori မှာ စာမသင်ဘူလို့ ပြောရမှာပါ။

Maria Montessori ရဲ့ သီအိုရီအရ ပြင်ဆင်ထားတဲ့ ဝန်းကျင် (prepared environment) လို့ခေါ်တဲ့ Montessori Children's House တွေဟာ "သင်ကြား" ဖို့ နေရာမဟုတ်ဘဲ "သင်ယူ"ဖို့ နေရာတွေ ဖြစ်ပါတယ်။ ကလေးတွေဟာ Maria Montessori ကိုယ်တိုင် တီထွင်ခဲ့တဲ့ Montessori ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်အားကိုယ်ကိုး လေ့လာကြတာဖြစ်ပါတယ်။

ပထမဦးဆုံးအကြိမ်တွေမှာ လမ်းညွှန်ဆရာမ (Guide) တွေက Montessori ပစ္စည်းတွေကို ဘယ်လို သုံးရတယ်ဆိုတာကိုပဲ ပြသပေးပြီး နောက်အကြိမ်တွေမှာ ကလေးတွေက ကိုယ့်ဘာသာ ဆောင်ရွက်ကြတာပါ။ Montessori ပစ္စည်းတွေမှာ control of error လို့ခေါ်တဲ့ "အမှားထိန်းနည်း"တွေ ပါဝင်တာကြောင့် ကလေးတွေက သူတို့လုပ်တာ မမှန်သေးလို့ ချက်ချင်းမပြင်တတ်သေးရင်တောင်မှ မမှန်သေးမှန်း လူကြီးတစ်ယောက်ယောက် ဝင်ပြောပြဖို့ မလိုဘဲ နားလည်ကြပါတယ်။

ဒီလိုမျိုး ကိုယ်စိတ်သန်ရာကို ကိုယ့်အားကိုယ်ကိုးပြီး "သင်ယူ"နိုင်တာကြောင့် Montessori စာသင်ခန်းထဲမှာ ကလေးတွေ လုပ်ရတဲ့ လုပ်ဆောင်မှုတွေဟာ သူတို့ရဲ့ စိတ်ဝင်စားမှုက မြစ်ဖျားခံပြီး အတင်း "သင်ကြား"ခံနေရတဲ့ ခံစားချက်မျိုး မရှိကြပါဘူး။

အကျဉ်းချုပ်ရရင်တော့ Montessori စံနှုန်းကို အတိအကျလိုက်နာတဲ့ Montessori မူကြိုတွေမှာ "သင်ကြား"ခြင်းမရှိဘဲ "သင်ယူ"ခြင်းတွေနဲ့ပဲ ထုံမွှမ်းထားတာဖြစ်ပါတယ်။

ဖွင့်တာ ၃လပဲ ရှိသေးတဲ့ ဒီမူကြိုရဲ့ တန်းခွဲ ၁မှာ နောက်ထပ် ၅ယောက်စာပဲ နေရာကျန်ပါတော့တယ်။ ၅ယောက်ပြည့်သွားရင် နောက်ထပ် တန်းခွဲအတွက် အခန်းပြင်ဆင်ဖို့ အချိန် ထပ်စောင့်ရမှာ ဖြစ်တာကြောင့် ကျောင်းကို ကိုယ်တိုင်လာရောက် လေ့လာဖို့ ရက်ချိန်းယူနိုင်ပါပြီရှင့်။

Photos from Botataung Montessori Children's House's post 28/08/2023

Montessori ချဉ်းကပ်ပုံမှာ ကလေးတွေရဲ့ ကိုယ့်အားကိုယ်ကိုယ်နိုင်မှုကို အထူးပဲ ဦးစားပေးပါတယ်။

လူကြီးတွေဟာ အချိန်မရလို့ဖြစ်ဖြစ်၊ စိတ်မရှည်လို့ ဖြစ်ဖြစ် ၄/၅နှစ်အရွယ်ကလေးတွေကို အစစ လုပ်ပေးတာဟာ ကလေးတွေရဲ့ သင်ယူဖွံ့ဖြိုးမှုကို နှောင့်နှေးစေတယ်လို့ကို Maria Montessori က ဆိုခဲ့တာပါ။

ကလေးတွေကို သူတို့ရဲ့ တစ်ကိုယ်ရည်ကိစ္စတွေဖြစ်တဲ့ သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ အစားစားတာ၊ အသေးစားသန့်ရှင်းရေးလုပ်တာတွေကို ကိုယ်တိုင် လုပ်ဆောင်စေခြင်းဟာ ပိုပေကျံတာ၊ နှေးကွေးတာ၊ စိတ်ရှည်ရတာတွေ ရှိပေမဲ့ ကလေးတွေကို ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်တတ်အောင် အများကြီး အထောက်အကူပေးပါတယ်။

ဒါကြောင့်ပဲ Botataung Montessori Children's House မှာဆိုရင် ထမင်းစားချိန်မှာ ကလေးတွေဟာ ကိုယ့်ဟာကိုယ်ပဲ ထမင်းစားကြပါတယ်၊ တစ်ယောက်စားတာ တစ်ယောက်ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ထမင်းစားချိန်ကို ကုန်ဆုံးကြတာပါ။ စင်ပေါ်က ထမင်းဘူးကိုယူတာကအစ၊ ဖွင့်စားတာ အလယ်၊ ပြန်သိမ်းပြီး အောက်ကျတာတွေကို သန့်ရှင်းရေးလုပ်တာအဆုံး ကိုယ့်ဟာကိုယ် စိတ်အားထက်သန်စွာ လုပ်ကြတာ ဖြစ်ပါတယ်။

Guides (လမ်းညွှန်ဆရာမတွေ) က ထိခိုက်မှု မရှိဖို့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပေမဲ့ ကလေးအကြီးတွေက အငယ်တွေကို ဦးဆောင်ပေးရင်း အငယ်တွေကလည်း တက်တက်ကြွကြွ လိုက်လုပ်ရင်းနဲ့ နေ့လည်စာ စားချိန်တွေဟာ ပျော်စရာ ဖြစ်နေတော့တာပါပဲ။

ဖွင့်တာ ၂လကျော်ပဲ ရှိသေးတဲ့ ဒီမူကြိုရဲ့ တန်းခွဲ ၁မှာ နောက်ထပ် ၇ယောက်စာပဲ နေရာကျန်ပါတော့တယ်။ ၇ယောက်ပြည့်သွားရင် နောက်ထပ် တန်းခွဲအတွက် အချိန် ထပ်စောင့်ရမှာ ဖြစ်တာကြောင့် ကျောင်းကို ကိုယ်တိုင်လာရောက် လေ့လာဖို့ ရက်ချိန်းယူနိုင်ပါပြီရှင့်။

With Heaps of Love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 22/08/2023

Montessori စနစ်နှင့် ကိုယ့်အားကိုယ်ကိုးတတ်သော ကလေးငယ်များ
🔸🔸🔸🔸🔸🔸🔸

In a children's house, children are independent individuals.

Montessori ချဉ်းကပ်ပုံဟာ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်ဖို့ အားပေးတဲ့ မူကြိုပညာရေးစနစ်ဖြစ်ပါတယ်။ Children's House လို့ခေါ်တဲ့ ကလေးအိမ် စာသင်ခန်းထဲမှာ တစ်ခုခုကို ကိုင်တွယ်လေ့လာဖို့ လမ်းညွှန်သူဆရာမ (Guide) ကို စောင့်နေဖို့ မလိုဘဲ ကိုယ့်ဟာကိုယ် လုပ်တတ်ကြပါတယ်။

Botataung Montessori Children's House မှာဆိုရင် ၃နှစ်ကနေ ၆နှစ်ကြား ကလေးတွေဟာ ကျောင်းလာချိန် ကိုယ့်တစ်ကိုယ်ရည်ပစ္စည်းသယ်တာကအစ၊ ထမင်းစားချိန် ကိုယ့်ထမင်းဘူးကိုယ်ယူပြီး ကိုယ့်ဟာကိုယ် ဖွင့်စားတတ်တာ အလယ်၊ သွားတိုက်တာ၊ လက်ဆေးတာလို တစ်ကိုယ်ရည်သန့်ရှင်းရေး ကိစ္စရပ်တွေအဆုံးကို လမ်းညွှန်သူဆရာမ (Guide) တွေ အကူအညီမပါသလောက်နဲ့ အကုန်လုပ်တတ်ကြတာဖြစ်ပါတယ်။

Montessori သီအိုရီတွေအရ မွေးစကနေ ၆နှစ်အရွယ်အတွင်းမှာ ရင့်ကျက်ပုံ (maturity)အလိုက် ကိုယ့်အားကိုယ်ကိုးပြီး အမီအခိုနည်းတဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ လူမှုရေး၊ ကျန်းမာရေးကိစ္စအရပ်ရပ်မှာ တခြားသူကို မီခိုဖို့မလိုဘဲ သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ကောင်းကောင်းမွန်မွန် ချမှတ်သူတွေ ဖြစ်လာကြပါတယ်။

Photos from Botataung Montessori Children's House's post 09/08/2023

A healthier kind of pizza made by the happy kids 🍕

Photos from Botataung Montessori Children's House's post 28/07/2023

Cultural studies in Montessori way 🗺️

Photos from Botataung Montessori Children's House's post 27/06/2023

A simple activity that allows kids to learn about speed and control, and, of course, have fun at the same time. 🥰

Photos from Botataung Montessori Children's House's post 16/06/2023

Practical life lesson that fills little stomachs 😋

Montessori Children's House program is a mixed-age classroom where children from 2.5 to 6 years old interact and learn from each other.

ဇွန်လ ၃၀ရက်နေ့အထိ ကျောင်းလခ ၃၀% discount ရှိသေးတာကြောင့် 09885599111 ကိုဆက်ပြီးဖြစ်ဖြစ် message ကနေဖြစ်ဖြစ် ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင့်

Photos from Botataung Montessori Children's House's post 14/06/2023

Walking water experiment that they enjoyed a lot.🥰 တစ်လမှာ နှစ်ခါပဲ အတန်းလက်ခံတာကြောင့် မနက်ဖြန် ၁၅ရက်နေ့ မဟုတ်ရင် ဇူလိုင်၁ရက်နေ့မှ အတန်းဝင်လို့ရပါမယ်ရှင့်၊ monthly fees 30% discount က ဒီလ ၃၀ရက် နောက်ဆုံးပါ

.

Photos from Botataung Montessori Children's House's post 06/06/2023

မြို့ထဲက Montessori မူကြိုအသစ် 🎒🏫

မြို့ထဲ၆မြို့နယ်၊ အထူးသဖြင့် ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်မှာ Montessori မူကြိုရှားပါးတဲ့ ပြဿနာကို ကူညီဖြေရှင်းဖို့ ဖွင့်လှစ်ခဲ့တဲ့ မူကြိုဖြစ်ပါတယ်။ အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေထားပေးပါတယ်ရှင့်။

🎒အသက်ဘယ်လောက်ကနေ ဘယ်လောက်ထိလက်ခံလဲ
🏫ပုံမှန်အားဖြင့် အသက်၃နှစ်ကနေ ၆နှစ်ထိ လက်ခံပါတယ်ရှင့်၊ ကလေးက စကားနည်းနည်း စပြောတတ်ပြီ၊ မိဘအုပ်ထိန်းသူကလည်း အဆင်ပြေတယ်ဆို ၂နှစ်၈လလောက်ကလည်း စပြီး လက်ခံပေးပါတယ်


🎒ဘာတွေသင်လဲ
🏫မူကြိုပညာရေးစနစ် အများကြီးရှိတဲ့အထဲကမှ Montessori ချဉ်းကပ်ပုံကို သုံးတာဖြစ်ပါတယ်၊ အခန်းကဏ္ဍအားဖြင့်
🧽 လက်တွေ့ဘဝ (Practical Life)
🌈 အထိအတွေ့ (Sensorial)
🧮 သင်္ချာ (Mathematics)
🔡 ဘာသာစကား (Language) နဲ့
🌍 အလေ့အထ (Culture) ဆိုပြီး ၅ခု ပါဝင်ပါတယ်။

လက်တွေ့ဘဝက ကလေးလေးတွေ ကိုယ်တိုင်တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တတ်အောင်၊ အစားစားတတ်အောင်၊ မိမိပတ်ဝန်းကျင်သန့်ရှင်းဖို့ ထိန်းသိမ်းတတ်အောင်စသဖြင့်လေးတွေ လေ့ကျင့်ပေးပါတယ်။

အထိအတွေ့ပိုင်းမှာက အပူအအေး၊ အကြမ်းအချော၊ အကြီးအသေး၊ အထူအပါး၊ အရောင်၊ အနံ့၊ အရသာ စသဖြင့်တွေကို အာရုံငါးပါးနဲ့ ခံစားတတ်ပြီး ပျော်စရာလည်းဖြစ်အောင် လေ့ကျင့်ပေးပါတယ်။

သင်္ချာမှာတော့ အတိုအရှည်၊ အကြီးအသေးသဘောတရားကို Montessori ပစ္စည်းအမျိုးမျိုးနဲ့ နားလည်စေပြီးမှ ဂဏန်းတွေရဲ့ နောက်ခံသဘောတရားကို အရင်ပြောပြပါတယ်၊ ကောင်းကောင်းနားလည်ပြီဆိုတော့မှ နံပါတ်တွေနဲ့ တွဲပြောပြပါတယ်။

ဘာသာစကားမှာတော့ Montessori နည်းလမ်းက အရေးသင်ပြီးမှ အဖတ်သင်ပါတယ်။ ကလေးငယ်တုန်း (၄နှစ်အောက်)မှာ အပြောဘာသာစကားကြွယ်ဝဖို့ကိုပဲ Montessori ပစ္စည်းတွေနဲ့ လေ့ကျင့်ပေးပြီး ၄နှစ်အထက်မှာ သဲစက္ကူစာလုံး (sandpaper letter)၊ movable alphabet တွေနဲ့ (စာရွက်၊ ခဲတံမပါဘဲ) ပျော်ပျော်ရွှင်ရွှင် စာရေးနည်း (စာလုံးစီနည်း) သင်ပါတယ်။ အဲဒီမှာ တစ်ခါတည်း phonics လည်း ပါသွားတာဖြစ်ပြီး phonics အချိန်ရယ်လို့ သတ်သတ်ထားစရာမလိုပါဘူး။ အဲဒီအဆင့်ကိုပြီးရင် လက်ချောင်းနဲ့ သဲစက္ကူပေါ်ရေးထားတာတွေကို တွဲဖတ်တတ်အောင် လေ့ကျင့်ပေးပါတယ်။

အလေ့အထလို့ခေါ်ပေမဲ့ သူ့အောက်မှာ သိပ္ပံ၊ ပထဝီ၊ သမိုင်း အကုန်ပါသွားပါတယ်။ ကုန်းရေအနေအထားတွေ၊ အကောင်လေးတွေရဲ့ သံသရာစက်ဝန်း၊ ဂြိုဟ်နဲ့ စကြာဝဠာစသဖြင့်တွေပါပါတယ်။


🎒Arts & Craft တို့ Music တို့ရော
🏫Montessori ချဉ်းကပ်ပုံက ဘာသာရပ်တစ်ခုစီ တစ်ချိန်စီသင်တာမျိုးမဟုတ်ဘဲ တစ်နေ့တာရဲ့ လှုပ်ရှားမှုအတွင်းမှာ အကုန်ပါအောင်ထည့်သင်တာပါ။ Arts & Craft ဆိုရင်လည်း ဘောင်ခတ်ပြီး ဆေးရောင်ခြယ်တာမျိုးကို အားမပေးဘဲ သားသားမီးမီးတို့ စိတ်ကူးရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ဖော်ထုတ်စေတာမျိုးပါ။ Montessori Arts & Craft ရဲ့ ဆောင်ပုဒ်တစ်ခုက "လုပ်ပြီးရင် ဘာထွက်လာလဲ ဆိုတာထက် လုပ်နေချိန်မှာ ကလေးက ဘာတွေရလိုက်လဲဆိုတာကို ဦးစားပေးရပါတယ်"တဲ့။ Music အတွက်က Montessori ခေါင်းလောင်းလေးတွေနဲ့ အသံတွေခွဲတတ်အောင်၊ ဂန္ထဝင်ဂီတတွေကို ခံစားတတ်လာအောင် မသိမသာ လေ့ကျင့်ပေးတာဖြစ်ပါတယ်။


🎒အခန်းထဲမှာ ဘယ်ဘာသာစကားသုံးလဲ
🏫အဓိက ဘာသာစကားကတော့ အင်္ဂလိပ်ပါ၊ ဒါပေမဲ့ စစချင်း နားမလည်တဲ့ ကလေးပါလာရင် လက်ဟန်ခြေဟန်နဲ့ရော မြန်မာလိုပါ ပြောပေးပြီး နားလည်သွားတဲ့အခါမှာ အဲဒီအသုံးအနှုန်းအတွက် အင်္ဂလိပ်လိုပဲ ပြောပါတယ်။ တစ်နေ့တာအချိန်ထဲမှာ အရေးအဖတ်မှာတော့ မြန်မာစာ ပါပါတယ်။


🎒သင်ပုံသင်နည်းကရော
🏫Montessori မူကြိုမှာ ဆရာမက ရှေ့ကထိုင်ပြီး တစ်ခုခုသင်၊ နောက်က ကလေးတွေက လိုက်ဆို ဆိုတာမျိုးကို အတွေ့ရနည်းမှာဖြစ်ပြီး ကလေးတွေက သူတို့လေ့လာချင်တာကို သူ့တို့စိတ်ကြိုက် လေ့လာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Montessori စာသင်ခန်းတစ်ခုထဲ ဝင်သွားတဲ့အခါ ကလေး၂ယောက်က ပဲစေ့လေးတွေကို ဒီဘက်ခွက်ကနေ ဟိုဘက်ခွက်ကို ဇွန်းနဲ့ ခပ်ထည့်နေမယ်၊ နောက်ကလေးတစ်ယောက်က ကြယ်သီးတပ်တဲ့ အဝတ်စင်လေးမှာ ကြယ်သီးတပ်နေပြီး နောက်၃ယောက်လောက်က စားပွဲတစ်လုံးမှာ ပုံဆွဲနေမယ်၊ နောက်နှစ်ယောက် ထောင့်တစ်ထောင့်က ကြမ်းပြင်မှာ ထိုင်ပြီး spindle box ကိုသုံးပြီး နံပါတ်စဉ်အလိုက် သင်္ချာအံခွက်ထဲ တုတ်ချောင်းလေးတွေ ရေတွက်ပြီး ထည့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလို ကိုယ်စိတ်ဝင်စားနေတဲ့အချိန်မှာ စိတ်ဝင်စားရာကို သင်ယူရာတဲ့အတွက် အာရုံစူးစိုက်မှုအားပိုကောင်းပြီး သင်ယူမှုဟာ ပိုထိရောက်တာဖြစ်ပါတယ်။ ဒီလို တစ်ယောက်ချင်းရဲ့နှုန်းကို လိုက်ပြီး လေ့လာကြတဲ့အတွက် သင်ခန်းစာအစီအစဉ် (lesson plan)၊ အတန်းမှတ်တမ်း (class record) တို့ စီစဉ်တဲ့အခါ တစ်ခန်းလုံးစာ (ဒီနေ့ ကဗျာအသစ်သင်တယ်၊ ဒီနေ့ တစ်ခန်းလုံး ခုဆယ်ရာ သင်တယ်)ဆိုတာမျိုး တစ်ခုတည်း လုပ်လို့မရဘဲ တစ်ယောက်ချင်းစီအတွက် မှတ်တမ်းမှတ်ရာသီးသန့်နဲ့ မှတ်ထားရပါတယ်။ အဲဒီနောက် တစ်ဦးချင်းတိုးတက်မှုပေါ်လိုက်ပြီး နောက်ထပ်ဘာဆက်လေ့ကျင့်စေမလဲကို သတ်မှတ်ရတာဖြစ်ပါတယ်။


🎒အခန်းထဲမှာ ကျောင်းသား ဘယ်နှစ်ယောက်ရှိမလဲ၊ ကျောင်းသားနဲ့ ဆရာမအချိုးရော ဘယ်လိုရှိလဲ
🏫Montessori နည်းစနစ်ကို အတိအကျလိုက်နာတဲ့ မူကြိုခန်းဟာ ၃နှစ်-၆နှစ်အရွယ် (Children's House) အစီအစဉ်အတွက် တစ်ခန်းမှာ ကလေး ၂၄ယောက်နေ ၃၅ယောက်ကြားရှိရပါတယ်။ လမ်းညွှန်ဆရာမ (Guide)က ၂ယောက်ကနေ ၃ယောက်ထိ ရှိရပါတယ်။

ဒါကြောင့် ကျောင်းသားနည်းနည်း၊ ဆရာမ များများနဲ့ မူကြိုကို သဘောကျတဲ့ မိဘတွေအတွက်ဆိုရင်တော့ Montessori နည်းလမ်းက မသင့်တော်ပါဘူးလို့ အကြံပေးပါရစေရှင်။


🎒စာသင်ချိန်ကရော ဘယ်နှစ်နာရီလဲ၊ ဘယ်နှစ်ရက်လဲ
🏫 အချိန်ပြည့်နဲ့ အချိန်ပိုင်း ၂မျိုးခွဲထားပါတယ်ရှင့်။ တစ်ခါမှ မူကြိုမတက်ဖူးသေးတဲ့၊ အိမ်နဲ့ မခွဲဖူးသေးတဲ့ ကလေးတွေကိုဆို အချိန်ပိုင်းအရင်ထားဖို့ အကြံပြုချင်ပြီး ၃နှစ်ခွဲအထက် (ဒါမှမဟုတ်) မူကြိုတက်ဖူးတဲ့ ကလေးတွေဆိုရင်တော့ အချိန်ပြည့်ထားလို့ အဆင်ပြေပါတယ်။ အချိန်ပိုင်းနဲ့ ကျင့်သားရသွားမှ အချိန်ပြည့် ပြောင်းထားလည်း ရပါတယ်ရှင့်။

အချိန်ပြည့်က မနက်၉နာရီကနေ ညနေ၃နာရီပါ
အချိန်ပိုင်းက မနက်၉နာရီကနေ နေ့လည် ၁၂နာရီထိပါရှင့်။

အချိန်ပြည့်မှာဆိုရင် ထမင်းစားချိန်၊ အိပ်ချိန်၊ ကစားချိန်တွေပါပါတယ်။


🎒မူကြိုနေရာ
🏫ဗိုလ်တထောင်မြို့နယ်၊ လမ်း၅၀ အောက်ဘလောက်က လမ်း၅၀ကွန်ဒို (ကွန်ဒိုဘီ)ရဲ့ ၆လွှာမှာ တည်ရှိပါတယ်။ ပုံမှန်လူနေတိုက်ခန်း ပုံစံမဟုတ်ဘဲ စတုရန်းပေ ၂၄၀၀ကျယ်ဝန်းတဲ့ ဧရိယာပေါ်မှာ ကစားကွင်းအသေးလေးနဲ့ပါ တည်ဆောက်ထားတာဖြစ်ပါတယ်။

ကျောင်းအနေအထားကိုလည်း ရက်ချိန်းလေးယူပြီး လာရောက်လေ့လာလို့ရပါတယ်ရှင့်။ (ပိတ်ရက်လည်း လာလို့ရပါတယ်၊ ရက်ချိန်းလေးပဲ ယူပေးပါနော်)


🎒ကျောင်းလခလေး ပြောပါဦး
🏫ကျောင်းလခအတွက်က ရုံးချိန်အတွင်း ဖုန်း 09 885599111 ကိုဆက်ပြီးဖြစ်ဖြစ် message ပို့ပြီးဖြစ်ဖြစ် စုံစမ်းလို့ရပါတယ်


Montessori ချဉ်းကပ်ပုံအကြောင်း ပိုမိုဖတ်ရှုရန်
🏫Montessori ဆိုတာ ဘာလဲ https://www.facebook.com/permalink.php?story_fbid=181111374896596&id=100089932022909
🏫Montessori ချဉ်းကပ်ပုံနှင့် ပတ်သက်ပြီး အထင်အမြင်လွဲမှားမှုများ
https://www.facebook.com/permalink.php?story_fbid=184926927848374&id=100089932022909

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 01/06/2023

First official day 🥰 Thank you for all your trust even before the school started.

Enrollment is now open for the June 15 batch. You may call 09885599111 within office hours or send a message for details.

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 28/05/2023

Montessori ချဉ်းကပ်ပုံနှင့် ပတ်သက်ပြီး အထင်အမြင်လွဲမှားမှုများ
✏️✏️✏️✏️✏️✏️✏️✏️✏️
ဒီဘက်နှစ်တွေမှာ Montessori နည်းလမ်းက နည်းနည်းလူသိများလာတဲ့အခါ သဘောကျ နှစ်ခြိုက်သူတွေရှိသလို တချို့အချက်အလက်လေးတွေကို အခြေခံပြီး နည်းနည်းလေး ယူဆမှုလွဲနေတာမျိုးလည်း ရှိတတ်ပါတယ်။

အဲဒီထဲက လူပြောများတာလေးတချို့ကို ဖော်ပြပေးပါရစေ။

🍏Montessori နည်းလမ်းက စာမသင်ဘူး

တကယ်တော့ သမားရိုးကျ နည်းလမ်းဖြစ်တဲ့ ရှေ့ကတိုင်ပေး၊ အားလုံးလိုက်ဆို/လိုက်ရေး ပုံစံမျိုးနဲ့ မသင်တာပါ။ ကလေးတစ်ယောက်ချင်းရဲ့ ကြွက်သားသန်မာမှု၊ မှတ်နိုင်စွမ်းတွေပေါ် အခြေခံပြီး တစ်ယောက်ချင်းစီကို အက္ခရာတွေရဲ့ အသံထွက်တွေ၊ အသံထွက်နဲ့တွဲမှတ်ရတဲ့ ရေးပုံတွေကို သီးသန့်စီသင်တာဖြစ်ပါတယ်။ Montessori မူကြိုတွေမှာ တက်တဲ့ ကလေးတွေဟာ ၅နှစ်နဲ့ ၆နှစ်ကြားမှာ စာလုံး / စာကြောင်းတိုတွေ စတင်တည်ဆောက်ဖို့ လေ့ကျင့်ကြပါပြီ။

🍏Montessori နည်းလမ်းက ကလေးတွေကို ခိုင်းစားနေတာ

Montessori ရဲ့ အဓိက လေ့လာရေး ဧရိယာ၅ခုထဲက တစ်ခုက Practical Life လို့ခေါ်တဲ့ လက်တွေ့ဘဝနဲ့ သက်ဆိုင်တာတွေ ဖြစ်ပါတယ်။ Montessori စာသင်ခန်းတွေထဲက ကလေးတွေဟာ ကိုယ့်လွယ်အိတ် ကိုယ့်ဘာသာထားတယ်၊ ကိုယ့်ထမင်းဘူး ကိုယ့်ဘာသာဖွင့်တယ်၊ ကိုယ့်ဖိနပ် ကိုယ်စီးတတ်ပါတယ်၊ အမှိုက်ကျသွားရင် ကိုယ့်ဘာသာကောက်ပြီး အမှိုက်ပုံးထဲ ထည့်တတ်ပါတယ်၊ ၃နှစ်အထက်ဆို နောက်ဖေးလည်း ကိုယ့်ဘာသာ သွားတတ်ပြီး လက်ရေဆေးတတ်၊ သုတ်တတ်ပါတယ်။ တက်တာနည်းနည်းကြာသွားရင် ကြယ်သီးတပ်တာ၊ ဖိနပ်ကြိုးချည်တာတွေပါ လုပ်တတ်လာပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေဆို ကတ်ကြေးအစစ်၊ ဓားအစစ်ကို အန္တရာယ်မဖြစ်စေဘဲ ကိုင်တတ်လာပါတယ်။ (ဒါတွေအတွက် Montessori သီးသန့် ကိရိယာတွေနဲ့ ပျော်စရာကောင်းအောင် လေ့ကျင့်ပေးရပါတယ်)

ဒါတွေလုပ်ရလို့ ကလေးတွေက ခိုင်းခံရတယ် မထင်ပါဘူး၊ အိမ်မှာ အကြောင်းကြောင်းကြောင့် (ကလေးအရွယ်အစားနဲ့ သင့်တော်တဲ့ ပစ္စည်းမရှိလို့၊ အပြင်ထွက်ခါနီး မိဘတွေက အချိန်မပေးနိုင်လို့စသဖြင့်) မလုပ်ရတဲ့ အရာတွေကို လုပ်နိုင်စွမ်းရှိတယ်လို့ ကလေးတွေက သဘောပေါက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်မှုစွမ်းရည်တက်တဲ့အတွက် အတွင်းကလာတဲ့ စိတ်ကျေနပ်မှုရပါတယ်။ ဒီလိုစိတ်ကျေနပ်မှုဟာ မိဘဆရာတွေက ချီးကျူးလိုက်တာ၊ ဆုရတာတွေနဲ့ မတူပါဘူး။ ကိုယ့်လုပ်ရပ်ကို ကိုယ်ကျေနပ်ရတဲ့ အမြင့်ဆုံးပီတိမျိုး ဖြစ်ပါတယ်။

ဒီလို ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ကလေးဟာ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုရှိပြီးဖြစ်တဲ့အတွက် တခြားဘာပဲ သင်ယူယူ လေ့လာနှုန်း၊ တိုးတက်နှုန်း မြန်ပါတယ်။

🍏Montessori စာသင်ခန်းတွေက ဖြစ်ချင်တိုင်း ဖြစ်နေတာ

အကုန်လုံးစုပြီး စာအတူတူမသင်တဲ့အတွက် Montessori စာသင်ခန်းတစ်ခုထဲကို ဝင်ကြည့်မယ်ဆိုရင် ကလေး၂ယောက်လောက်က ထောင့်တစ်ထောင့်မှာ စာအုပ်ဖတ်နေမယ်၊ နောက်တစ်ယောက်က သက်ဆိုင်ရာ ဂဏန်းတွေနဲ့ ပစ္စည်းအရေအတွက်တွဲနေမယ်၊ နောက်၃ယောက်လောက်က သစ်သီးတွေ လှီးနေပြီး နောက်၁ယောက်က တခြားတစ်နေရာမှာ ပုံဆွဲနေမယ်၊ စသဖြင့် တစ်ယောက်တစ်မျိုးစီလုပ်နေကြတာကို တွေ့ရမှာပါ။

ဒါက စည်းကမ်းမရှိတာ၊ စနစ်တကျ မရှိတာ မဟုတ်ဘဲ ကလေးတစ်ယောက်ချင်းက ကိုယ့်အရှိန်နဲ့ကိုယ်သွားနေတာပါ။ လုပ်နေရင် အခက်အခဲတွေ့နေသူတွေကို လမ်းညွှန်ဆရာမ (Guide) တွေက သူတို့ရှေ့ဆက်လို့ရဖို့ လိုသလောက်လေးပဲ ကူညီပေးပြီး ကိုယ့်ဘာသာဆက်လုပ်စေပါတယ်။

တစ်ခုခုကို ကောင်းကောင်းကျွမ်းကျင်ပြီလို့ သတ်မှတ်ရင်တော့ အဲဒီထက် ပိုခက်တဲ့ နောက်တစ်ခုနဲ့ မိတ်ဆက်ပေးပါတယ်။ ဒီလိုနဲ့ပဲ Montessori စာသင်ခန်းတွေဟာ ကလေးတွေ စိတ်အားထက်သန်ရာကို အပြည့်အာရုံစူးစိုက်နိုင်တဲ့ နေရာတွေဖြစ်လာတာပါ။

ခြွင်းချက်အနေနဲ့ အခုမှ အသစ်စလာတဲ့ ကလေးက ငိုနေတဲ့အခါမျိုးမှာ တခြားကလေးတွေ အနည်းငယ် အနှောင့်အယှက်ဖြစ်တာမျိုးဖြစ်နိုင်ပါတယ်၊ ကျွန်မတို့ကျောင်းရဲ့ အတွေ့အကြုံအရတော့ တစ်ယောက်ယောက်ငိုနေလို့ တခြားကလေးတွေက သူတို့လုပ်နေတာကို လုံးလုံးရပ်လိုက်တာမျိုးမရှိဘဲ ဆက်လုပ်နိုင်တဲ့အထိ အာရုံစူးစိုက်မှုကောင်းကြပါတယ်။ (ကလေးအငယ်တွေကတော့ တစ်ယောက်ငိုရင် လိုက်ငိုချင်တဲ့အခြေအနေမျိုး ရှိတဲ့အခါ လမ်းညွှန်ဆရာမတွေက လိုအပ်သလို အာရုံလွှဲပေးတာမျိုးနဲ့ ကူညီရပါတယ်)

🍏Montessori စနစ်မှာ စာမေးပွဲမရှိလို့ စာတတ်/မတတ် မသိနိုင်ဘူး

စာမေးပွဲဆိုတာ တတ်မြောက်ခြင်းကို စစ်ဆေးတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ တစ်ခုကြည့်ရအောင်။ ကျွန်မတို့ ကလေးတစ်ယောက်က ကကြီးကနေ အ အထိ ၃၃လုံးလုံးတတ်ပြီလား သိချင်တဲ့အခါ ကျပန်း ၅လုံးကို ရွေးပြီး ရေးခိုင်းတယ်ဆိုပါစို့။ ဖြစ်နိုင်ခြေ (Probability) အရ သူက ၁၀လုံးပဲသိနေပေမဲ့ မေးလိုက်တဲ့ ၅လုံးက သူသိနေတဲ့အထဲကဆိုခဲ့ရင် အဲဒီစာမေးပွဲကို သူအောင်သွားနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ၃၃လုံးကို သူမတတ်ပါဘူး။

Montessori စနစ်မှာတော့ ဒီကလေးတစ်ယောက်ဟာ ကကြီးရေးတတ်ပြီလား၊ ခခွေးတတ်ပြီလား၊ အ အထိ တတ်ပြီလားကို နေ့စဉ်မှတ်တမ်းတွေမှာ ရေးသွင်းမှတ်ထားရတာဖြစ်တဲ့အတွက် တကယ်ကို ၃၃လုံးလုံးတတ်မြောက်တော့မှ မှတ်တမ်းထဲကို "မီးမီး - ၃၃လုံးလုံးတတ်ပြီး"ဆိုတာမျိုး ဝင်သွားမှာဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ နိစ္စဓူဝ ၃၃လုံးလုံး တကယ်တတ်ပြီးတာကို မြင်နေရတဲ့သူကို ကျပန်း၅လုံးရွေးပြီး စာမေးပွဲထပ်စစ်ဖို့ မလိုတော့ပါဘူး။

ဒါကြောင့် Montessori စနစ်မှာ စာမေးပွဲမရှိဘဲ နေ့စဉ်မှတ်တမ်းရေးသွင်းခြင်းပဲ ရှိတာဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာပြည်မှာ Montessori နည်းစနစ်နဲ့ပတ်သက်ပြီး ရှိတတ်တဲ့အထင်အမြင်လွဲမှာမှုတချို့ပါ။

Botataung Montessori Children's House ဟာ ဗိုလ်တထောင်မြို့နယ်၊ လမ်း၅၀ အောက်ဘလောက်မှာတည်ရှိပြီး အတတ်နိုင်ဆုံး Montessori နည်းစနစ်အတိုင်း အတိအကျ လိုက်နာကျင့်သုံးတဲ့ မူကြိုတစ်ခုဖြစ်ပါတယ်။ စတုရန်းပေ ၂၄၀၀အကျယ်အဝန်းရှိပြီး လုံခြုံစိတ်ချရတဲ့ ကျောင်းပရဝုဏ်မှာ ၃နှစ်ကနေ ၆နှစ်အရွယ်ကလေးတွေကို လက်ခံပေးနေပြီး အခုကျောင်းအပ်သူတွေက ဇွန် (၁၅)ရက်နေ့ စတက်ရမှာဖြစ်ပါတယ်။ ကျောင်းအပ်ဖြစ်သည် ဖြစ်စေ၊ မအပ်ဖြစ်သည်ဖြစ်စေ Montessori စနစ်အကြောင်းကို အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်။ ကျောင်းကို လူကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်လည်း ရက်ချိန်းလေးယူပြီး လာရောက်လေ့လာလို့ရပါတယ်။ ဖုန်း 09 885599111 ကိုဖြစ်ဖြစ်၊ message ပို့ပြီးဖြစ်ဖြစ် ရက်ချိန်းယူလို့ရပါတယ်။

Photos from Botataung Montessori Children's House's post 22/05/2023

Botataung Montessori Children's House အကြောင်း

ကျောင်းနာမည်လေးက စပြီး ၃ပိုင်းခွဲပြီး ရှင်းပြချင်ပါတယ်ရှင်

🏠 𝗕𝗼𝘁𝗮𝘁𝗮𝘂𝗻𝗴
ဗိုလ်တထောင်ဆိုတာကတော့ ကျောင်းနာမည်စဉ်းစားတဲ့အခါ မြို့ထဲမှာရှိတယ်ဆိုတာ နာမည်ကြားရုံနဲ့ ပေါ်လွင်စေချင်လို့ ရွေးဖြစ်ခဲ့တာပါ၊ မြို့ထဲ ၆မြို့နယ်၊ အထူးသဖြင့် ဗိုလ်တထောင်နဲ့ ပုဇွန်တောင်မှာ မူကြိုကောင်းကောင်းရှားတယ်လို့ ပြောတာကို ကြားပြီးတဲ့နောက်မှာ မူကြိုဖွင့်ဖို့ စိတ်ကူးစရခဲ့တာကြောင့် မြို့နယ်နာမည်ကိုပဲ အစွဲပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။

တည်ထောင်သူ၂ဦးကလည်း ဒီ ဗိုလ်တထောင်/ပုဇွန်တောင် ပတ်ဝန်းကျင်မှာပဲ ကြီးပြင်း / စာသင်ခဲ့ဖူးသူတွေမို့ မြို့နယ်နာမည်လေးကို သဘောကျပြီး ယူထားတာပါ

🏠 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶
မူကြိုရယ်လို့ ပြောလိုက်တဲ့အခါမှာ ဟိုးအရင့်အရင်က ကျောင်းကြီး "မူ"လတန်း မတက်ခင်မှာ abcd ကကြီးခခွေး "ကြို"သင်တဲ့နေရာလို့ အများစုက သတ်မှတ်တတ်ကြပါတယ်၊ ဒီဘက်ခေတ် မိဘတွေက ခေတ်မီပညာရေးစနစ်နဲ့ အကျွမ်းတဝင်ရှိလာတဲ့အခါမှာတော့ မူကြိုဆိုတာ စာကြိုသင်ဖို့မဟုတ်ဘဲ ကလေးတွေရဲ့ ကာယ၊ ဉာဏတိုးတက်မှုကို အထောက်အပံ့ဖြစ်စေဖို့ဆိုတာ နားလည်လာကြပါတယ်

တကယ်တမ်းတော့ မူကြိုပညာရေး (Early Childhood Education) ကို ချဉ်းကပ်ပုံ အမျိုးမျိုးရှိပါတယ်၊ Waldorf (Steiner)၊ Reggio Emilia၊ Montessori၊ Nature School (Forest School)တွေကတော့ လူသိများတဲ့ ချဉ်းကပ်ပုံတွေဖြစ်ပြီး နည်းလမ်းတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ဥပမာအားဖြင့် Waldorf နည်းလမ်းက စိတ်ကူးဉာဏ်ကွန့်မြူးမှုကို အားပေးပြီး Reggio က အသင်းအဖွဲ့၊ လူမှုအသိုက်အဝန်းစိတ်ဓာတ်ကို အလေးပေးတဲ့ ပရောဂျက်အခြေခံ လေ့လာပုံမျိုး ဖြစ်ပါတယ်။

Montessori ချဉ်းကပ်ပုံဆိုတာကတော့ Maria Montessori ဆိုတဲ့ အီတလီနိုင်ငံရဲ့ အမျိုးသမီးဆရာဝန်တစ်ဦး တည်ထောင်ခဲ့တဲ့ ချည်းကပ်ပုံပါ၊ ၁၈၉၆ခုနှစ်မှာ ဆေးပညာဘွဲ့ရခဲ့တဲ့ Montessoriဟာ ၁၈၉၇ခုနှစ်မှာ ရောမတက္ကသိုလ် (University of Rome)ရဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ရောမမြို့က စိတ်ကျန်းမာရေးဆေးရုံလိုနေရာတွေကို လေ့လာခဲ့ပြီး ပညာသင်ယူဖို့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့ ကလေးတွေကို စူးစမ်းဖြစ်ခဲ့တာဟာ အခုကျွန်မတို့သိတဲ့ Montessori မူကြိုပညာရေးချဉ်းကပ်ပုံရဲ့ ကနဦးအစဖြစ်ခဲ့တာပါပဲ။

ကလေးတွေ အဆင်ပြေပြေပညာသင်နိုင်ဖို့ အမြဲဦးဆောင်အသံထွက်ပေးတဲ့ Montessoriဟာ ၁၉၀၇ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးမူကြိုလို့ဆိုနိုင်မယ့် ကလေးတွေရဲ့ အသိုက်အမြုံတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကလေးတွေက ၂နှစ်၃နှစ်နဲ့ ၆နှစ်၇နှစ်ကြားတွေဖြစ်ပြီး အဲဒီကလေးတွေရဲ့ သင်ယူနိုင်စွမ်း၊ လေ့လာနိုင်စွမ်းတွေကို စနစ်တကျ မှတ်တမ်းပြုစုပြီး Montessori နည်းလမ်းကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒီအသိုက်အမြုံဟာ အထူးအောင်မြင်ခဲ့ပြီး ၁၉၀၉နောက်ပိုင်းမှာ Montessori နည်းလမ်းကို နိုင်ငံတကာမှာပါ လူသိများလာခဲ့ပါတယ်၊ သမားရိုးကျ မူကြိုပညာရေးနဲ့ Montessori ချဉ်းကပ်ပုံမှာ အဓိက ကွာခြားချက်တွေကတော့

🌱 ကလေးတွေကို အသက်နဲ့ အတန်းမခွဲဘဲ (၃နှစ်တစ်ဖြတ်) ရောထားပါတယ်

မွေးစကနေ ၃နှစ်တွေကို တစ်ဖြတ်၊ ၃နှစ်ကနေ ၆နှစ်ကို တစ်ဖြတ်၊ ၆နှစ်ကနေ ၉နှစ်ကိုတစ်ဖြတ် စသဖြင့် ရောထားပြီးတော့ Maria Montessori ပထမဦးဆုံး သုတေသနလုပ်ခဲ့တဲ့ အရွယ်ဖြစ်တဲ့ ၃နှစ်ကနေ ၆နှစ်မူကြိုတွေကတော့ နိုင်ငံတကာမှာ အရေအတွက်အားဖြင့် အများဆုံးပါပဲ။ ဒီလိုရောထားခြင်းအားဖြင့် ကလေးအငယ်တွေက အကြီးတွေဆီက သင်ယူနိုင်တာကြောင့် သင်ယူနှုန်း ပိုမြန်ပါတယ်။ အကြီးတွေကလည်း သူတို့ လုပ်တတ်ကာစအရာတွေကို အငယ်တွေရှေ့မှာ ထပ်ကာထပ်ကာလုပ်ပြချင်ကြတာကြောင့် ပိုကျွမ်းကျင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးပါတယ်။

🌱 သင်ထောက်ကူတွေကို Montessori ပစ္စည်းသီးသန့် သုံးပါတယ်

Montessori ပစ္စည်းဆိုတာက Maria Montessori ကိုယ်တိုင် လေ့လာသုတေသန လုပ်ပြီး ထွင်ခဲ့တဲ့ သင်ကြားရေး ကိရိယာတွေကို ပြောတာပါပဲ၊ လူကြီးတွေအမြင်မှာ ဘာမှ ထူးခြားတဲ့ အရာတွေ မဟုတ်လှပေမဲ့ အတိုင်းအထွာ၊ အရောင်၊ နေအထား၊ အထိအတွေ့တွေအကုန်လုံးကို ကလေးတွေ အကောင်းဆုံးသင်ယူနိုင်အောင် တီထွင်ထားတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ကလေးတွေရဲ့ လေ့လာတိုးတက်မှုပုံစံက အထူးထိရောက်ပါတယ်

Montessori ပစ္စည်းတွေမှာ ဓာတ်ခဲသုံးရတာတွေ၊ မီးလင်းတာမျိုးတွေမပါဘဲ အတတ်နိုင်ဆုံး သစ်သား၊ စက္ကူ၊ အဝတ်စသဖြင့် သဘာဝပစ္စည်းတွေကိုပဲ သုံးပါတယ်။ (ကြားဖြတ်ပြောချင်တာက ဒီပစ္စည်းတွေကို အတိအကျ လိုက်နာပြီး သုံးစွဲရတာကြောင့် Montessori ကျောင်းတွေက ကုန်ကျစရိတ်ပိုများတတ်ပါတယ်)

🌱 ကလေးအားလုံးအတွက် တူညီတဲ့သင်ရိုးဆိုတာ မရှိပါဘူး

သမားရိုးကျ မူကြိုတွေမှာ သင်ခန်းစာအစီအစဉ် (lesson plan) တွေက ဒီနေ့ အားလုံး ဝလုံးရေးကြမယ်၊ ကကြီးရေးကြမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ မောင်မောင်က ဒီနေ့ a နဲ့ b ရဲ့ အသံထွက်ကိုမှတ်တယ်၊ စုစုက ဒီနေ့ 1, 10, 100 ကွာခြားတာကို လေ့လာတယ်၊ နီနီက သော့ခလောက်တွေ အဖွင့်အပိတ်လုပ်ကြည့်တယ်၊ အောင်အောင်က ကမ္ဘာ့မြေပုံက တိုက်ကြီးတွေအကြောင်း စသင်တယ်၊ အဲဒီလို တစ်ယောက်ချင်းစီ ဒီနေ့အဖို့ စိတ်ဝင်စားရာကို လုပ်ကြတာပါ။

ကလေးတွေက စိတ်ဝင်စားတာကို လုပ်တာဖြစ်တဲ့အတွက် ပိုပြီး အာရုံစူးစိုက်မှုကောင်းပါတယ်၊ ဒီနေရာမှာ "သူတို့လုပ်ချင်တာပဲ လုပ်နေရင် စာဘယ်တတ်တော့မလဲ"ဆိုတဲ့ သံသယမေးခွန်းမျိုး ရှိလာနိုင်ပါတယ်၊ ဒီအတွက်အဖြေက အခန်းထဲက လမ်းညွှန် (guide) တွေရဲ့ လေ့လာမှုအားပါပဲ။ (Montessori အသုံးအနှုန်းအတိုင်း အတိအကျသုံးရင် teacher လို့ မခေါ်ဘဲ guide လို့ ခေါ်ရပါတယ်၊ မြန်မာလိုတော့ အားလုံးနားလည်အောင် လမ်းညွှန်ဆရာမလို့ပဲ သုံးလိုက်ပါမယ်) လမ်းညွှန်ဆရာမတွေဟာ ကျောင်းသားတစ်ယောက်ချင်းရဲ့ တိုးတက်မှုနှုန်းကို နေ့စဉ်မှတ်တမ်းတင်ပြီး သင်ခန်းစာတစ်ခု / ကိရိယာတစ်ခုကို ကျွမ်းကျင်ပြီလို့ သတ်မှတ်တဲ့အခါ နောက်တစ်ဆင့်ကို တက်ဖို့ ဖိတ်ခေါ်ရပါတယ်၊ အလွယ်ဆင့် အားလုံးကို တတ်ပြီးသားကလေးဟာ တစ်ချိန်ချိန်မှာ ပိုခက်တာတွေကို လုပ်ကို လုပ်ချင်လာပါတယ်၊ အဲဒီအချိန်မှာ မိတ်ဆက်ပြသပေးဖို့က လမ်းညွှန်ဆရာမတွေရဲ့ တာဝန်ဖြစ်ပါတယ်။

🌱 စာသင်ခန်းမှာ ကလေးဦးရေများပြီး ဆရာမဦးရေနည်းပါတယ်

Montessori နည်းစနစ်ကို အတိအကျ လိုက်နာမယ်ဆိုရင် AMI စံနှုန်းအရ စာသင်ခန်းတစ်ခန်းမှာ ကလေး ၂၄ယောက်ကနေ ၃၅ယောက်ကြားရှိရပြီး AMS စံနှုန်းအရ ကလေး၂၀ကနေ ၃၀ကြားရှိရပါတယ်။ လမ်းညွှန်ဆရာမနဲ့ လက်ထောက်လမ်းညွှန်ဆရာမတွေ ဦးရေက ၃ယောက်ထက် မပိုရပါဘူး။

ဒီစံနှုန်းက ကလေးနည်းနည်း၊ ဆရာမ များများမှ ကလေးတွေကို ဂရုစိုက်နိုင်တယ်လို့ ယူတဲ့ မိဘတွေအတွက်တော့ အဆင်မပြေလှပါဘူး။ Montessori ချဉ်းကပ်ပုံဘက်က အယူအဆကကျ ဒီလောက်များများရှိမှ ကလေးတွေဟာ လူမှုဆက်ဆံရေးဖွံ့ဖြိုးနိုင်တယ်လို့ ယူဆတာပါ။ နောက်တစ်ချက်က အခန်းထဲမှာ လူကြီးတွေများနေတာဟာ ကလေးတွေ အာရုံစူးစိုက်မှုအတွက် အနှောင့်အယှက်ဖြစ်တယ်လို့ Montessori နည်းစနစ်က ဆိုပါတယ်။

တခြားမတူတာလေးတွေရှိသေးပေမဲ့ ဒါကတော့ Montessori မူကြိုနဲ့ သမားရိုးကျ မူကြိုကြား အသိသာဆုံး ကွဲပြားတဲ့အချက်တွေပါ။ Montessori နည်းစနစ်ဆိုတာ မူကြိုပညာရေးကို ချဉ်းကပ်ပုံတွေထဲက တစ်ခုဖြစ်တာကြောင့် တခြားနည်းလမ်းတွေလိုပဲ အားသာချက်၊ အားနည်းချက်ရှိမှာပါပဲ။ ဒါကြောင့် Montessori နည်းလမ်းကို စိတ်ဝင်စားတဲ့ မိဘတွေအနေနဲ့ ဒီနည်းလမ်းက ကိုယ့်ကလေးအတွက် တကယ်အဆင်ပြေနိုင်မလားဆိုတာကို စဉ်းစားဆုံးဖြတ်ပြီးမှ Montessori မူကြိုတွေကို ပို့သင့်ပါတယ်။

🏠 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻'𝘀 𝗛𝗼𝘂𝘀𝗲

ကလေးအိမ်တဲ့။ နာမည်လေးအတိုင်းပဲ Maria Montessori ဟာ သူ့ရဲ့ ကလေးပညာရေး လက်တွေ့လုပ်ငန်းအစမှာ ဖွင့်ခဲ့တဲ့အသိုက်အမြုံကို Casa dei Bambini လို့ အီတလီလို ခေါ်တွင်ခဲ့ပါတယ်။ Children's House (not Children House) ဆိုတဲ့ နာမည်အတိုင်းပဲ ဒီအသိုက်အမြုံဟာ ကလေးတွေရဲ့ အသိုက်အမြုံဖြစ်ပါတယ်။ Montessori နည်းလမ်းကို လိုက်နာတဲ့ ကလေးအိမ်တွေမှာ Maria Montessori သတ်မှတ်ခဲ့တဲ့ ဧရိယာ ၅ခုဖြစ်တဲ့
🧽 လက်တွေ့ဘဝ (Practical Life)
🌈 အထိအတွေ့ (Sensorial)
🧮 သင်္ချာ (Mathematics)
🔡 ဘာသာစကား (Language) နဲ့
🌍 အလေ့အထ (Culture) အားလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စုံစုံလင်လင်ရှိတတ်ပါတယ်။ အဲဒီအပြင် ကလေးတွေအနေနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နိုင်ဖို့အတွက် သူတို့လက်လှမ်းမီတဲ့ စင်၊ သူတို့ ကိုင်ပြီး လှည်းနိုင်တဲ့ တံမြက်စည်း၊ သူတို့ထိုင်နိုင်တဲ့ နောက်ဖေးအိုး စသဖြင့် အရာရာဟာ လူကြီးတွေအတွက် ဦးမတည်ဘဲ ကလေးတွေအတွက် ဦးတည်စီစဉ်ရပါတယ်။

စာသင်ခန်းအပြင်ဘက်မှာ ဆော့စရာ ကစားကွင်းလည်း ရှိနေသင့်ပြီး ကလေးတွေကောင်းမွန်စွာကြီးပြင်းဖို့ စီစဉ်ဖန်တီးထားတဲ့ အိမ်ကလေးအတိုင်း ဖြစ်နေတာကြောင့် Children's House ကလေးတွေရဲ့အိမ်လို့ ခေါ်တွင်တာ ဖြစ်ပါတယ်။

🏠 𝗕𝗼𝘁𝗮𝘁𝗮𝘂𝗻𝗴 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻'𝘀 𝗛𝗼𝘂𝘀𝗲

Botataung Montessori Children's House မှာတော့ Montessori နည်းစနစ်ကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးပြီး ကလေးတစ်ယောက်ချင်းရဲ့ တိုးတက်မှုနှုန်းကို အပြည့်အဝစောင့်ကြည့်မှတ်တမ်းတင်ပါတယ်။ ၃နှစ်နဲ့ ၆နှစ်ကြား ကလေးတွေအတွက်ဖွင့်ထားတဲ့ Montessori မူကြိုဖြစ်ပြီး မိဘနဲ့ ကလေးအဆင်ပြေရင် ၂နှစ်၈လလောက်ကိုလည်း လက်ခံပေးပါတယ်။

မူကြိုအသစ်လေးမှာ မဖွင့်ခင်ကို ယုံကြည်အပ်နှံပေးကြတဲ့ မိဘအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။

အခုမှ အသစ်ဖွင့်တဲ့ ကျောင်းဖြစ်ပေမဲ့ အတတ်နိုင်ဆုံး လိုအပ်ချက်မရှိဖို့ စဉ်းစား စီစဉ်ထားတာမို့ ကျောင်းကို ကိုယ်တိုင်လည်း လာရောက်လေ့လာလို့ရပါတယ်ရှင့်။ ရက်ချိန်းလေးယူဖို့ ဖုန်း 09885599111ကိုဖြစ်ဖြစ် မက်ဆင်ဂျာကဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 21/05/2023

Open House Day 🥰

မြို့ထဲမှာ မူကြိုကောင်းကောင်းလေးတစ်ခု ဖွင့်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ တည်ထောင်ဖြစ်ခဲ့တဲ့ ဒီမူကြိုလေးရဲ့ ပထမဆုံး အစီအစဉ်ကို တကူးတကအချိန်ပေးပြီး လာရောက်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်

ဇွန်၁ရက်နေ့ ဖွင့်မယ့်အသုတ်အတွက် နေရာလေးတွေ ပြည့်သွားပြီမို့ ဒီနေ့ကစ မေ ၃၀အတွင်း ကျောင်းအပ်သူတွေက ဇွန် ၁၅စတက်ရပါမယ်ရှင့်

ဆရာမတွေ ကလေးတွေနဲ့ စီမံရတာ နိုင်နိုင်နင်းနင်းရှိဖို့ အခုလို အသုတ်လေးခွဲပြီး လက်ခံရတာပါ

Open House ပြီးသွားပေမဲ့ ရက်ချိန်းလေးယူပြီး ကျောင်းကို လာလေ့လာလို့ ရပါတယ်ရှင့်

With heaps of love,
Botataung Montessori Children's House

Photos from Botataung Montessori Children's House's post 16/05/2023

မြို့ထဲက Montessori ကျောင်းသစ် 🏠 Open House is here

မြို့ထဲ၆မြို့နယ်၊ အထူးသဖြင့် ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ Montessori မူကြိုရှားပါးတဲ့အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ Botataung Montessori Children's House ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင်

လာမယ့် စနေနေ့၊ မေလ ၂၀ရက်မှာ Open House ရှိတာကြောင့် မိဘတွေ ကလေးတွေကိုပါခေါ်ပြီး တူတူလာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေနော်၊ နေရာလေးသေချာအောင် ဖုန်းဆက်ပြီးဖြစ်ဖြစ် messenger ကဖြစ်ဖြစ် စာရင်းပေးသွင်းထားလို့ ရပါပြီ

𝗢𝗽𝗲𝗻 𝗛𝗼𝘂𝘀𝗲 𝗜𝗻𝗳𝗼
📅: May 20, 2023
⏰: 11 AM to 3 PM
🏠: 50th Street Condo B, 6th floor, 50th Street (Lower)၊ Botataung
📝: 09 885599111 (To reserve your slot on Open House Day)

𝗦𝗰𝗵𝗼𝗼𝗹 𝗜𝗻𝗳𝗼
𝘈𝘱𝘱𝘳𝘰𝘢𝘤𝘩: Montessori
𝘚𝘤𝘩𝘰𝘰𝘭 𝘏𝘰𝘶𝘳𝘴: 9 AM to 3 PM (Full day)
9 AM to 12 PM (Half day)
𝘈𝘨𝘦: 3 - 6 years old
Contact: 09 885599111

𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
𝘔𝘴. 𝘊𝘢𝘳𝘮𝘦𝘯 𝘌𝘴𝘵𝘦𝘭𝘭𝘢
B.A (Psychology)
M.A (Special Education and Training), St. Joseph College Philippines
Diploma in Montessori Education (North American Montessori Center Canada)

Open House Day မှာ registers fees ကင်းလွတ်ခွင့်အပြင် ကျောင်းလခကို ၃၀%လျှော့ပေးသွားမှာ ဖြစ်ပါတယ်၊ Open House day မှာ နေရာစိတ်ချရဖို့ 09 885599111 ကိုဆက်ပြီး စာရင်းပေးသွင်းထားလို့ရပါပြီရှင့်

25/04/2023

EDIT: လူရသွားပါပြီ၊ အားလုံး ကျေးဇူးပါရှင့်

👩‍🏫👩‍🏫 အလုပ်ရှာနေသူကို ညွှန်းပေးရုံဖြင့် ကျပ်၂သိန်းရမည့် အခွင့်အရေး 👩‍🏫👩‍🏫

တကယ် ၂သိန်း ရမှာပါ၊ ဘာလုပ်ရမှာလဲဆိုရင် အောက်က လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူဆီကို ဒီအလုပ်ခေါ်စာလေး ပို့ပေးရုံပါပဲ၊ အဲဒီလူက လျှောက်ပြီး သူ့ကိုခန့်ဖြစ်ရင် ကြားထဲက ညွှန်းပေးတဲ့လူက ၂သိန်းတကယ် ရမှာပါ။

Class Teacher အလုပ်အတွက် လိုအပ်ချက်တွေက
👩‍🏫 ၃နှစ်ကနေ ၆နှစ်ကြား ကလေး အယောက်၂၀အထက် ရှိတဲ့ မူကြိုမှာ သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး ၂နှစ်ရှိရပါမယ်
👩‍🏫 ကလေးတွေနဲ့ အင်္ဂလိပ်လို မှန်မှန်ကန်ကန် ချောချောမွေ့မွေ့ ပြောဆို ဆက်သွယ်နိုင်ရပါမယ်
👩‍🏫 ECCD လက်မှတ် ရှိရပါမယ်
👩‍🏫 Montessori နည်းစနစ်အကြောင်း ကြားဖူးနားဝရှိပြီး သဘောကျရပါမယ် (တတ်မြောက်ဖို့ မလိုပါဘူး၊ Montessori နဲ့ ပတ်သက်သမျှ သင်တန်းအကုန် ကျောင်းဘက်က အကုန်အကျခံပြီး တက်ရောက်စေမှာပါ)
👩‍🏫 မူကြိုအလုပ်ကို တကယ် စိတ်ပါဝင်စားပြီး စာသင်ခန်းထဲကနေ ကလေးတွေရဲ့ အနာဂတ်ကို မျှော်ကြည့်နိုင်သူဖြစ်ရပါမယ်

လစာက ၄သိန်းကနေ ၅သိန်းကြားပါ။ အင်္ဂလိပ်လို ကောင်းမွန်တယ်၊ အတွေ့အကြုံပိုများတယ်ဆို တိုးပေးဖို့ ဝန်မလေးပါဘူးရှင်။ အလုပ်ချိန်က ကြားရက် ၅ရက်မှာ မနက် ၈၊ ညနေ၄၊ စနေနေ့မှာ မနက်၉၊ နေ့လည် ၁၂ပါ။ နေရာက ဗိုလ်တထောင်မှာပါ။

👩‍🏫 ညွှန်းပေးနည်း

ဒီ ၅ချက်ပါပဲ။ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့သူတွေဆီ ညွှန်းပေးပါဦး။ ညွှန်းပြီးတဲ့အခါ ဒီ Facebook စာမျက်နှာဆီကို "ကျွန်တော်/ကျွန်မ ဘယ်သူ့ကို ညွှန်းထားပါတယ်" လာပြောထားရုံပါပဲ။ လျှောက်တဲ့သူကလည်း လျှောက်တဲ့အခါ "ဘယ်သူညွှန်းလို့ လာလျှောက်တာပါ"လို့ ထည့်ပြောပေးပါ။ ဒါဆို ခန့်ဖြစ်တဲ့အခါ ညွှန်းတဲ့သူကို ၂သိန်းလွှဲပေးမှာ ဖြစ်ပါတယ်။

ဥပမာ - မောင်မောင်က မနီကို ညွှန်းပေးတဲ့အခါ မောင်မောင်က ဒီ page မှာ လာပြောပါ "ကျွန်တော် မနီကို ညွှန်းထားပါတယ်"ပေါ့။

မနီကလည်း လာလျှောက်တဲ့အခါ "ကျွန်မ မောင်မောင်ညွှန်းပေးလို့ လာလျှောက်တာပါ"ပေါ့။ ဒါဆိုရပါပြီ။

တကယ်လို့ ညွှန်းပေးတဲ့သူမရှိဘဲ ကိုယ့်ဘာသာမြင်ပြီး လာလျှောက်တာဆိုရင်လည်း ခန့်ဖြစ်ရင် ၂သိန်းရပါမယ်နော်။

လျှောက်ဖို့က messenger ကဖြစ်ဖြစ်၊ [email protected] ကို အီးမေးလ်ပို့ပြီးဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်၊ လူမရမချင်း ခန့်မှာမို့ လျှောက်လွှာပိတ်ရက်မရှိပါရှင်။

Montessori ကျောင်းအသစ်လေးအတွက် ကူညီတဲ့အနေဖြင့် share ပေးကြပါဦးရှင့်။ ကျေးဇူးအများကြီးတင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


50th Street Condo B, 6th Floor, 50th Street (Lower), Botataung
Yangon

Opening Hours

09:00 - 15:00

Other Day Care & Preschools in Yangon (show all)
Pinlon Rose Preschool Pinlon Rose Preschool
Hnin Si Street, Rose Park 2, Shwe Pinlon Housing, North Dagon
Yangon, V642+V39

We educate. We cultivate.

Camellia Blossom Preschool & Education Center Camellia Blossom Preschool & Education Center
No. 275 , Yankin Street , Thingangyun Township
Yangon

Children are like flowers beautiful delicate and unique.

Insert Myanmar Insert Myanmar
Yangon ďż˝
Yangon, #INSERT

New Hope Language & Education Centre New Hope Language & Education Centre
NO. 115/2 Meedon Street, Thuwunna
Yangon, 11121

Welcome to our New Hope

San Thiri Education Center San Thiri Education Center
Thiri Myaing Street
Yangon

Education Center

Nursery Shine Nursery Shine
No. (3) , Ground-Floor (A), Pathein Nyunt 2 Street , Mingalar Taung Nyunt , Township
Yangon, 11221

AMI Trilingual Preschool AMI Trilingual Preschool
No. 6/A, Waggi Yeik Thar Street, Kamayut Township
Yangon

AMI Trilingual Preschool Nursery | Pre Kindergarten | Kindergarten

Happy Doremi Preschool & Learning Center Happy Doremi Preschool & Learning Center
Ma Kyee Kyee Street, Between Baho Road And Kyun Taw Rd
Yangon, 11111

အသက် 3~6နှစ် ကလေးများကို ECCD နည်းလမ်းများအတိုင်း ဝါရင့်ဆရာမများမှ စနစ်တကျ သင်ကြားပေးပါသည်။

Lanmadaw Montessori Center Lanmadaw Montessori Center
No. 92 (Ground Floor), 15th Street, Lanmadaw Township
Yangon, 11131

HOPE Early Learning Academy HOPE Early Learning Academy
No. (58), Mandalay Street, 28 Ward
Yangon, 11421

Helping Our Precious Explorers Shine

HOPE Early Learning Academy HOPE Early Learning Academy
No 58, Mandalay Street, 28 Ward, North Dagon
Yangon

Helping Our Precious Explorers Shine