MOH Book Collections & Printing - 小娇书屋和打印

MOH Book Collections & Printing - 小娇书屋和打印

BOOKS & PRINTING

Photos from Yangon HSK's post 16/09/2024

စာမေးပွဲက Mandalay စာမေးပွဲ ဖြေတဲ့ရက်ထက် ပိုစောပါမယ်နော်

16/09/2024

🌝 中秋节 🌝
🥮 Mid-Autumn Festival 🥮 Mooncake Festival 🥮

🥮 လမုန့်ပွဲတော်လို့ လူသိများတဲ့ 中秋节 ကတော့ Lunar Calendar အရ 8 လပိုင်း 15 ရက်မှာ ကျရောက်ပါတယ်

🥮 ဆောင်းဦးရာသီအလယ်မှာ ကျရောက်တာဖြစ်လို့ (中 - အလယ်၊ 秋 - ဆောင်းဦးရာသီ၊ 节 - ပွဲတော်) 中秋节 ဆိုပြီးခေါ်ပါတယ်။

🥮 中秋节 က 2024 ခုနှစ်ဆိုရင် September 17 (Tuesday) မှာ ကျရောက်မှာ ဖြစ်ပါတယ်

🥮 လမုန့်ပွဲတော် ဖြစ်ပေါ်လာရတဲ့ ဒဏ္ဍာရီနောက်ခံပုံပြင်ဇာတ်လမ်းလေးနဲ့ လမုန့် အကြောင်းကိုတော့ အောက်မှာပေးထားတဲ့ link လေးမှာ ဝင်ကြည့်ကြည့်လို့ရပါတယ်နော် ⬇️

🥮 ဒဏ္ဍာရီနောက်ခံပုံပြင်ဇာတ်လမ်း - https://www.facebook.com/share/r/3dKzyfTZVYoQEjKj/?mibextid=UalRPS

🥮 လမုန့်အကြောင်း သိကြောင်းစရာ - https://www.facebook.com/share/r/QqRQ6tLf6PVoghKp/?mibextid=UalRPS

Photos from FITC's post 10/09/2024

December, Mandalay နဲ့ အနီးတဝိုက်မြို့တွေ အတွက် timetable လေး ထွက်ပါပြီနော်

10/09/2024

祝世界上的老师们教师节快乐 🧑‍🏫👩‍🏫👨‍🏫

🧑‍🏫👩‍🏫 ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ ဆရာများနေ့ပဲ ဖြစ်ပါတယ်

🧑‍🏫👩‍🏫 ဒီနေ့လိုနေ့မှာဆိုရင်ဖြင့် ဆရာတွေ အတွက် အခမ်းအနားတွေ လုပ်ပေးကြပါတယ်

🧑‍🏫👩‍🏫 တပည့်တွေကလည်း သူတို့ချစ်ခင်လေးစားရတဲ့ ဆရာ/မများကို ပန်းနဲ့လက်ဆောင်လေးတွေ ကျေးဇူးတင်တဲ့ အနေနဲ့ပေးလေ့ရှိကြပါတယ် 🌷

🧑‍🏫👩‍🏫 ဆရာ/မတွေဟာ ကလေးတွေရဲ့ ဘဝမှာ အများဆုံးထိတွေ့ဆက်ဆံရတဲ့ သူတွေပဲ ဖြစ်တာကြောင့် ဆရာတွေရဲ့ အခန်းကဏ္ဍ မှာလည်း အလွန်တရာမှ အရေးကြီးလှပါတယ်

🧑‍🏫👩‍🏫 ဆရာ/မတွေဟာ တနှစ်တာကာလပတ်လုံး ကျောင်းသား/သူတွေ အတွက် စာသင်ချိန်တွင်းမှာ စာသင်ကြားပေးရရုံသာမက စာသင်ချိန်ပြင်ပမှာပါ သင်ကြားရမယ့် သင်ခန်းစာတွေ ကြိုတင်ပြင်ဆင်ကြရပါတယ်

老师们,你们辛苦了 🌷

31/08/2024

👋🏻 VPN တွေ ချိတ်လို့ အဆင်မပြေတဲ့အခါ ရနိုင်တဲ့ စာအုပ်လေးတွေနဲ့ စာအုပ်ဈေးနှုန်းလေးတွေ သိနိုင်အောင် မင်မင်တို့ရဲ့ Telegram Channel လေးကို join ပေးထားကြပါနော် 😉

မိတ်ဟောင်းမိတ်သစ် ကာကာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ☺️🙏🏻

Telegram Channel link - https://t.me/mohbookcollections

19/08/2024

🙋‍♀️ 你好!
စာအုပ်ချစ်သူတို့အတွက် တရုတ််နိုင်ငံမြို့တော် ပေကျင်း (Beijing) မြို့ကို ရောက်ရင် အနည်းဆုံးတစ်ခေါက်တော့ သွားကြည့်သင့်တဲ့ စာအုပ်ဆိုင်တစ်ဆိုင် အကြောင်းကို မိတ်ဆက်ပေးပါမယ်ရှင့် ...

📚 Beijing မြို့မှာ အကြီးဆုံးလို့ ပြောလို့ရတဲ့ ဆိုင် - နာမည်ကတော့ 王府井书店 (𝐖𝐚𝐧𝐠𝐅𝐮𝐉𝐢𝐧𝐠 𝐁𝐨𝐨𝐤𝐬𝐭𝐨𝐫𝐞) ပဲ ဖြစ်ပါတယ်... စာအုပ်ဆိုင်ဆိုတာထက် ကုန်တိုက်ကြီးတစ်ခုလို အထပ် ၆ ထပ်အပြည့် စာအုပ်ရောင်းတဲ့ဆိုင်ပါ ... February 10, 1949 မှာ စဖွင့်ခဲ့တာ ဖြစ်ပြီး အခုဆို 75 နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ် ... (ဆိုင်ကို upgrade လုပ်တာတွေ ပြန်လည်ပြင်ဆင်မှု လုပ်တာတွေလည်း ရှိခဲ့ပါတယ် ...

📚 ပထမထပ်မှာတော့ အများအားဖြင့် နာမည်ကြီး အနုပညာရှင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတ္ထုပတ္တိ/ စီးပွားရေးဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ/ သမိုင်းနဲ့ ဥပဒေပညာ/ ဘဏာရေး/ ပထဝီ အစရှိတဲ့ တရုတ်စာအုပ်တွေ တွေ့ရပါတယ် ... ဒီအထပ်မှာ စာအုပ်အပြင် အဘိဈာန်တွေနဲ့ အမှတ်တရလက်ဆောင် အရောင်းကောင်တာလည်း ရှိပါသေးတယ် ... (အောက်ဘက်က video လေးကတော့ မင်မင်သွားတုန်းက ရိုက်ခဲ့တဲ့ အပိုင်းလေး တစ်ပိုင်းပါ)

📚 ဒုတိယထပ်မှာတော့ နာမည်ကြီး ပုံပြင် ဝတ္ထုတွေရဲ့ ဘာသာပြန်စာအုပ်တွေ တွေ့နိုင်ပါတယ် ...

📚 တတိယထပ်မှာတော့ ၃နှစ် မှ ၁၈နှစ်အရွယ်တွေ အတွက် ကလေးစာပေတွေ များပါတယ် ... ကလေးငယ်အကြိုက် ကာတွန်း (Marvel/Disney) တွေ အပြင် ဂန္တဝင်စာပေတွေဖြစ်တဲ့ အနောက်ဘက်သို့ ခရီးသွားခြင်း (Journey to the West/ ဝူခုန်းလို့ လူသိများ) အစရှိတဲ့ စာအုပ်တွေ အစုံရှိပါတယ် ...

📚 ကျန်တဲ့ အထပ်တွေမှာတော့ တရုတ်ဆေး/ ယဥ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ စာအုပ်တွေများပါတယ် ... စာအုပ်တွေ အပြင် ပန်းချီနဲ့ ဆိုင်တဲ့ ဆက်စပ်ပစည်းတွေ(Calligraphy brushes, and volumes of famous calligraphic works and stone inscription rubbings) လည်း ဝယ်ယူနိုင်ပါသေးတယ် ...

📚 နောက်ဆုံးအနေနဲ့ တရုတ်စာအုပ်တွေအပြင် English original စာအုပ်အချို့လည်း တွေ့နိုင်ပါသေးတယ် ... (တရုတ်စာအုပ်ဆိုင်ကတော့ အဓိက ဖြစ်တာကြောင့် Englsih စာအုပ်တွေတော့ မစုံပါဘူး)

📚 အထပ်တိုင်းကိုလည်း ဓာတ်လှေကားနဲ့ တက်နိုင်တာကြောင့် လှည့်ပတ်ကြည့်ရင်း လှေကားတက်ဖို့လည်း မလိုပါဘူး ...
ရှာဖွေကြည့်ရင်း သိရတဲ့ နောက်တစ်ချက်ကတော့ စာအုပ်ဆိုင် ၆ ထပ်မှာ ပိတ်ရက်တွေဆို စာပေဟောပြောပွဲ (Lectures) တွေကို တရုတ်ဘာသာနဲ့ ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်

📍လိပ်စာလေးကတော့ …
Dongcheng, China, 100006
东城区,王府井大街 (ရထားနဲ့ဆိုရင် Wangfujin မှတ်တိုင်မှာ ဆင်းလို့ရပါတယ်)
ဆိုင်ဖွင့်ချိန်: 10am to 9pm
Phone: +86 10 6513 2842




Disclaimer: I do not own any rights to music used in this video

01/07/2024

မင်မင် ခရီးထွက်စရာလေးရှိလို့ July 9th ကနေ July 23th အထိ ဆိုင်ခဏပိတ်ပါမယ်နော် ... ပိတ်ရက်အတွင်းမှာ pickup လည်း နားပါမယ်ရှင့်

July 8th Delivery မမီတဲ့ ပါဆယ်တွေကိုတော့ မင်မင် ခရီးက ပြန်ရောက်ပြီး July 24th မှ Delivery ပြန်အပ်ပေးပါမယ်နော် ...

ပိတ်ရက်အတွင်းမှာ ဆိုင်ပိတ်ထားပေမယ့် စာအုပ် order လေးတွေ တင်ချင်ရင်တော့ messenger or +959 4211 20164 (Viber) ကို ဆက်သွယ်လို့ ရပါတယ်ရှင့် ...

အားပေးကြတဲ့ ကာကာအားလုံးကို ကျေးဇူးပါရှင့် ☺️

Photos from Yangon HSK's post 28/06/2024

16/06/2024

Messenger မှာ မင်မင့်ဆီက reply လေးတွေ နောက်ကျရင် 𝐕𝐢𝐛𝐞𝐫 𝐩𝐡𝐨𝐧𝐞 𝐧𝐮𝐦𝐛𝐞𝐫 - 𝟎𝟗 𝟒𝟐𝟏𝟏 𝟐𝟎 𝟏𝟔𝟒 ကို ဆက်သွယ်ပြီး စာပို့ထားလို့ရပါတယ်နော်
မိတ်ဟောင်းမိတ်သစ်များ အားလုံးကို ကျေးဇူးအထူးပါရှင့် ☺️

🏠 Pick up (လာယူမယ့်အချိန်ကြိုပြောပေးပါရန်)
အမှတ် ၂၁ (ပထပ်)၊ ပေ (၅၀) လမ်း၊ (၃) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊၊ (လှည်းတန်းဈေးအနီး၊ ပေ ၅၀ လမ်းနှင့် လှည်းတန်း ၄ လမ်းဆုံ၊ လမင်းထက်ဆေးဆိုင်မျက်စောင်းထိုး)
https://maps.app.goo.gl/Afgae4nmifuPhQiy7
📲 09421120164 📞 (Viber)

အခြားရရှိနိုင်သောစာအုပ်များ
https://m.facebook.com/story.php?story_fbid=105908098494212&id=105851595166529&mibextid=Nif5oz

Photos from 天下第一's post 10/06/2024

#端午节

20/05/2024

今天是 520 ❤️

🔢 ခေတ်ရေစီးကြောင်း တပတ်ပြန်လည်လာပြီး အခုဆို လိုင်းပေါ်မှာ ကိန်းဂဏန်းလေးတွေ သုံးပြီး ပြောနေကြတာ trend ဖြစ်နေတာ တွေ့ကြမှာပေါ့? တရုတ်ဘာသာမှာလည်း နံပါတ်လေးတွေ သုံးပြီး ပြောတဲ့ စကားလေးတွေ ရှိတယ်နော်...
အဲ့ထဲကမှ အသုံးများတဲ့ တချို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ☺️

📌 520 (我爱你) I love you (ငါမင်းကိုချစ်တယ်)
ဒီ ကိန်းဂဏန်းကြောင့် ၅ လပိုင်း ၂၀ ရက်နေ့ကိုတောင် ခေတ်သစ်တရုတ်ချစ်သူများနေ့အဖြစ် promotion တွေ ပွဲတော်တွေ လုပ်နေကြပါပြီ
(520 နဲ့ 521 ဆက်စပ်ပုံကို ထပ်ရေးပေးပါဦးမယ်)

📌 1314 (一生一世) One lifetime, throughout one's life (သေတပန် သက်တဆုံး)
5201314 (我爱你一生一世) I love you forever (ငါမင်းကို အမြဲချစ်နေမယ်)

📌 510 (我要你) I want you (ငါမင်းကို လိုချင်တယ်)

📌 126 (要你留) I want you to stay (ငါ မင်းကို နေစေချင်တယ်)

📌 880 (抱抱你) to hug someone (တစ်ယောက်ယောက်ကို ပွေ့ပိုက်ထား/ဖက်ထားသည်)
0 နေရာမှာ 5 ဆိုရင် 885 - 抱抱我 "ငါ့ကို ဖက်ထားပါ"လို့ သုံးလို့ရပါတယ်

📌 168 (一路发) Fortune all the way (ကံကောင်းမှုတွေ ပြည့်နေပါစေ)

📌 777 (or) 7451 (气死我了) I am very angry ( ငါအရမ်းစိတ်တိုနေပြီ)

📌 748 (去死吧!) Go and die! (သွားသေလိုက်ပါလား)

Photos from MOH Book Collections & Printing - 小娇书屋和打印's post 31/03/2024

📖 HSK Course Books 📖

📖 HSK (တရုတ်ဘာသာအရည်အချင်းစစ်စာမေးပွဲ) ဝင်ရောက်ဖြေဆိုမည့်သူများ မရှိမဖြစ် လေ့လာသင့်သည့် စာအုပ်များ ဖြစ်ပါသည်။

🔊 Audio အတွက် scan ဖတ်ဖို့ QR code လည်း ပါတာကြောင့် အရင်လို CD drive လိုက်ရှာစရာ မလိုဘဲ internet ရတဲ့နေရာတိုင်းမှာ listening လည်း လေ့ကျင့်လို့ ရပါတယ် 🎧 (Android phones တွေ ဆိုရင်တော့ download ပါ ဆွဲပြီး သိမ်းထားလို့ ရတယ်နော် 👌)
(P.S. Scan ဖတ်ရတာ အဆင်မပြေရင်လည်း Viber ကနေ zip file လေး သပ်သပ်ပို့ပေးပါတယ်နော်)

✅ HSK Level 1 (Student Book) - 6500ks
✅ HSK Level 1 (Workbook) - 6500ks

✅ HSK Level 2 (Student Book) - 6600ks
✅ HSK Level 2 (Workbook) - 6800ks

✅ HSK Level 3 (Student Book) - 7000ks
✅ HSK Level 3 (Workbook) - 7000ks

✅ HSK Level 4上(Student Book) - 6800ks
✅ HSK Level 4上(Workbook) - 6800ks
✅ HSK Level 4下 (Student Book) -6800ks
✅ HSK Level 4下 (Workbook) - 6800ks

✅ HSK Level 5上(Student Book) - 8000ks
✅ HSK Level 5上(Workbook) - 8700ks (အဖြေပါပြီး)
✅ HSK Level 5下(Student Book) - 8000ks
✅ HSK Level 5下 (Workbook) - 8700ks (အဖြေပါပြီး)

✅ HSK Level 6上 (Student Book) - 8800ks
✅ HSK Level 6上 (Workbook) - 9500ks (အဖြေပါပြီး)
✅ HSK Level 6下 (Student Book) - 8800ks
✅ HSK Level 6下 (Workbook) - 9500ks (အဖြေပါပြီး)

📌 မိတ္တူလုံးဝ (လုံးဝ) မဟုတ်ပါ
📌 Reprinted version (Black & White) ပုံနှိပ်ထားတာဖြစ်ပါတယ်။ colour မပါပေမယ့် ပုံတွေအကုန်ရှင်းပြီး ကြည်ပါတယ်
📌 နမူနာအတွင်းစာမျက်နှာကို comment box မှာ ကြည့်နိုင်ပါတယ်
========================================

💵 ငွေပေးချေခြင်း
✅ Cash on Delivery (ငွေသားဖြင့် ပေးချေခြင်း)
✅ Pay (KPay, CB Pay, Wave Pay)
✅ Mobile Banking (KBZ, AYA, CB)
♦️နယ်မှ မှာသူများနှင့် Pay/MB ဖြင့် ငွေချေလိုသူများကတော့ စာအုပ်ဖိုး အရင်ပေးချေပေးရပါမယ်ရှင့် ♦️

🚚 Delivery Services 🚴
✅ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက်
✅ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များကိုလည်း ကားဂိတ်၊ အိမ်တိုင်ရာရောက်
✅ ပြည်ပအနေနဲ့ Singapore, Thai, Japan တွေကိုလည်း ပို့ပေးပါတယ်ရှင့်
😉 ဒီလို ဝန်ဆောင်မှုတွေ ရှိတယ်ဆိုတော့ အချိန်ကုန်လည်းသက်သာ၊ လူလည်း ပင်ပန်းစရာ မလိုတော့ဘူးနော် 😉

🏠 Pick up လာယူဖြစ်မယ် ဆိုရင်တော့ လူရှိ၊ မရှိ သေချာအောင် ကြိုပြီး လှမ်းပြောထားပေးပါရှင့် 🏠
📲 09421120164 (Viber)

11/03/2024

08/03/2024

📌 𝑬𝒎𝒑𝒐𝒘𝒆𝒓 𝒂 𝒘𝒐𝒎𝒂𝒏, 𝒆𝒎𝒑𝒐𝒘𝒆𝒓 𝒂 𝒄𝒐𝒎𝒎𝒖𝒏𝒊𝒕𝒚 👱‍♀️

👱‍♀️ 祝厉害的女人们节日快乐!👩

❓အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆိုတာ ဘယ်နေ့လဲ။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD) ကို နှစ်စဉ် မတ်လ ၈ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာနေ့အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပါသည်။

❓ဘာကြောင့် အမျိုးသမီးများနေ့ကို ကျင်းပပါသလဲ။
ကျား၊မ တန်းတူညီမျှမှု၊ မျိုးပွားမှုအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ် အလွဲသုံးစားပြုမှုစသည့် ကိစ္စရပ်များကို အာရုံစိုက်လာစေရန်အတွက် ဖြစ်ပေသည်။

17/02/2024

Language School ဖြင့် #ထိုင်ဝမ် ကို အမြန်ဆုံး လာချင်သူများ

ဒီနေ့ တက္ကသိုလ်ကျောင်းက ဆရာနဲ့ Confirm ပေးထားပြီးပါပြီ ၊ အမြန်ဆုံးလာချင်တဲ့သူတွေ ၄လပိုင်း သင်္ကြန်မတိုင်ခင် ရောက်ပြီး တရုတ်စာကျောင်းလာတက်လို့ရအောင်ကူညီပေးပါမယ်တဲ့ ။

ကျောင်းကတော့ #အကိုအောင် တက်ခဲ့တဲ့ Chaoyang University of Technology (朝陽科技大學) ပါ ။
ထိုင်ဝမ်တက္ကသိုလ်ကျောင်း ၁၅၀ ကျော်ထဲမှာ အဆင့်က ၃၀-၃၅ ကြားပေမယ့် ပုဂ္ဂလိကနည်းပညာကျောင်းမှာ အမြဲတမ်း နံပါတ် ၁ ပါ ။

ကျောင်းလာတက်ချင်တဲ့သူတွေက အောက်ပါ စာရွက်စာတမ်းတို့ကို သေချာပြင်ဆင်ပြီး အကိုအောင်
ဆီကို ပို့ပေးထားပြီးတော့ အစစအရာရာအဆင်ပြေရင် ၃-၄ ရက်အတွင်း ကျောင်းခေါ်စာ ထုတ်ပေးပါမယ်

နောက်ပြီးတော့မှ အဲ့ကျောင်းခေါ်စာနဲ့ အတူ ထိုင်ဝမ်မြန်မာရုံးမှာ ဗီဇာလျှောက်ပြီးရရင် လာလို့ရပါပြီ ။ ချွင်းချက်တခုက ၄လပိုင်းလာမယ့်သူတွေက အစိုးရကပေးတဲ့ Huayu Enrichment Scholarship ကို စွန့်လွတ်ရပါလိမ့်မယ် ( သူက ၉ လပိုင်း လာတက်မယ့်သူတွေကိုပဲပေးတာပါ )

ပြောချင်တာက ၁၀၀% ကိုယ်တိုင်အိတ်စိုက်ရပါလိမ့်မယ်။

ပြင်ဆင်ရမယ့် စာရွက်စာတမ်းတွေကတော့
- ၁၀ တန်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်ထားတဲ့ဘွဲ့လက်မှတ်
- ပထမနှစ် / ဒုတိယနှစ် အမှတ်စာရင်း
- ဒုတိယနှစ်အောင်ထားကြောင်းစာရွက်စာတမ်း
- ဘဏ် Statement (3000 USD နဲ့အထက်)
- နိုင်ငံကူးလက်မှတ် (Passport)
- အထက်ပါတို့ကို နိုတြီ + MOFA ထုထားရန်

LS က Language Certification မလိုသေးပေမယ့် ဗီဇာလျှောက်ရင် ထိုင်ဝမ်မြန်မာရုံးဖက်ကတောင်းတာမို့ မှတ်ထားပေးပါ

IELTS , TOEFL , TOEIC , TOCFL တခုခုရှိရင်ရပါတယ်

ကျောင်းလခကဘယ်လောက်လဲ???
၃လတခါသွင်းရတာပါ ( ၁၈၀၀၀ TWD )
ပြောရမယ်ဆိုရင် တလကို ၆၀၀၀ TWD

၆လကြာနေပြီးရင် ဆရာနဲ့ အတူတူ နိုင်ငံခြားဝန်ကြီးဌာနရုံးကို သွားပြီး Resident Visa ပြောင်း ၊ လဝက ဆီမှာ နေထိုင်ခွင့်ကဒ်လျှောက် ၊ နောက်ပြီး Work Permit လျှောက်ပြီး အချိန်ပိုင်းလုပ်လို့ရမှာပါ။

နေထိုင်ဖို့ကရော?
ကျောင်းနားက အဆောင်တခန်း (ရေချိုးခန်းအတူသုံး) ကို ၄၀၀၀ TWD / တလနဲ့ရှိပါတယ် ။ စားသောက်ချက်ပြုတ်လို့လည်းရသလို လူများရင်လည်းအတူတူနေလို့ရပါတယ် ။

ကျန်တဲ့ စားသောက်သွားလာတာကတော့ ကိုယ့်ပါကိုယ်ကုန်သလောက်ပါ ။

ထိုင်ပေမှာတော့မဟုတ်ပေမယ့်လည်း ရာသီဥတုသာယာတဲ့ ထိုင်ချုံးကိုလာတက်ကြည့်ဖို့ကိုလည်းအကြံပေးလိုက်ပါတယ်

(ဒီ ပိုစ့်ဟာ မည်သူ့ဆီကမှ စပွန်ဆာမယူထားပါ ၊ ကျောင်းမှ ကူညီပေးနိုင်သလောက် ကူညီပေးမယ်လို့ပြောထားတာကြောင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် )

အကိုအောင်
၁၇/၀၂/၂၀၂၄

Photos from 天下第一's post 16/02/2024

#人日

09/02/2024

✅ DOs & ❌ DON'Ts during Spring Festival 🎊

㊗️ Wish the New Year showers you with happiness and prosperity 🧧
㊗️ Happy Chinese New Year !!! 🎉
㊗️ May the Year of the Dragon be filled with confidence and courage 🐉

㊗️ 希望新年给您带来幸福和繁荣。🧧
㊗️ 春节快乐!🎉
㊗️ 愿龙年充满信心和勇气 🐉

Photos from Yangon HSK's post 25/01/2024

Photos from Myanmar Black Pearl Lion Dance Troupe's post 21/01/2024

04/01/2024

📣 မင်မင်တို့ 𝑱𝒂𝒏𝒖𝒂𝒓𝒚 5𝒕𝒉, 2024 (𝑭𝒓𝒊𝒅𝒂𝒚) မှာ ဆိုင်ပြန်ဖွင့်ပါမယ်နော် ...

📚 ပိတ်ရက်အတွင်းမှာ စာအုပ်အော်ဒါတင်ထားတာလေးတွေကိုလည်း မနက်ဖြန် သေချာအပ်ပေးသွားပါမယ်ရှင့် ...

🙏 အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် စာအုပ်ချစ်သူများ အားလုံးကို ကျေးဇူးပါရှင့် ...

18/12/2023

📣 မင်မင်တို့ နှစ်ကူးပိတ်ရက်များ အဖြစ် 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟔𝐭𝐡, 𝟐𝟎𝟐𝟑 ကနေ 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟒𝐭𝐡, 𝟐𝟎𝟐𝟒 အထိ ပိတ်မှာ ဖြစ်ပါတယ်ရှင်

🚚 Delivery များကို December 25th နောက်ဆုံးထားပြီး အပ်ပေးသွားပါမယ် ... ပိတ်ရက်အတွင်း မှာတဲ့စာအုပ်များကိုတော့ January 5th, 2024 မှ ပြန်အပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့် ...

📚 ပိတ်ရက်အတွင်း Delivery နဲ့ ဆိုင်ပိတ်ပေမယ့် messenger or Viber (09421120164) ကနေ အော်ဒါတင်ထားလို့ ရပါတယ်နော် ...

🙏 အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် စာအုပ်ချစ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ...

🎇 နှစ်သစ်မှာ ရွှင်လန်းကျန်းမာ၍ လိုအင်ဆန္ဒများလည်း ပြည့်ဝနိုင်ကြ‌ပါစေကြောင်း ကျွန်မတို့ 𝑴𝑶𝑯 𝑩𝒐𝒐𝒌 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏𝒔 & 𝑷𝒓𝒊𝒏𝒕𝒊𝒏𝒈 မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင့် 🎇

Photos from FITC's post 01/12/2023

အနီးတဝိုက် ဖြေဆိုလိုသူများ ဒီတစ်သုတ်ကတော့ စာမေးပွဲကြေး မတက်သေးပါဘူးနော် ...

28/11/2023

2024 March က စပြီး HSK Exam fees လေးတွေ တိုးသွားဖို့ ရှိပါတယ်တဲ့နော် 🥲

#2024

Photos from Avalokitesvara - 仰光觀音堂's post 27/11/2023

#2024

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🙋‍♀️ 你好!စာအုပ်ချစ်သူတို့အတွက် တရုတ််နိုင်ငံမြို့တော် ပေကျင်း (Beijing) မြို့ကို ရောက်ရင် အနည်းဆုံးတစ်ခေါက်တော့ သွားကြည့်...
✅ DOs & ❌ DON'Ts during Spring Festival 🎊㊗️ Wish the New Year showers you with happiness and prosperity 🧧㊗️ Happy Chines...
📢 တရုတ်ဘာသာလေ့လာသူတွေအတွက် HSK ဆိုတာ မစိမ်းပေမယ့် HSK အကြောင်း သေသေချာချာ မသိကြတာတွေ ရှိတာမို့ ဒီ video လေး ပြင်ဆင်ဖြစ်ပ...
🥮 Mid-Autumn Festival is just around the corner, a time for family and friends to come together to eat mooncakes, light ...
🐯 ကျားနှစ်မှ 🐰 ယုန်နှစ်သို့ အကူးအပြောင်းကာလလေးမှာ အားလုံး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပြီး ဘေးဘယာကင်းကွာ၍ ဝေးကွာန...
📅 တရုတ်ပြက္ခဒိန်အရ ၇ လပိုင်း ၇ ရက်နေ့က တရုတ်ချစ်သူများနေ့လို့လည်း ခေါ်ကြတဲ့ 七夕节 (Double Seventh Festival or Qixi Festiva...
🎄 Christmas လည်း နီးပြီဆိုတော့ ဆိုရလွယ်တဲ့ YouTube က Christmas songs (Chinese version) လေးတွေ တင်ပေးလိုက်ပါတယ်နော် 🎅 ရင်...
🖨️ Printing 🖨️👉 Printing ဝန်ဆောင်မှုလေး ရပါပြီရှင့် 👈✅ 6 colours ပါသော printer ကို အသုံးပြုသဖြင့် 4 colours printer များ...

Category

Website

Address

Yangon