21 Myanmar Oxygen

Oxygen

19/10/2023

အားလုံးပဲ ကျန်းမာနေကောင်း အဆင်ပြေကြပါစေရှင်။

05/02/2022

💠Covid Variant💠
💠💠အိုမိုက်ခရွန် (Omicron Variant) အကြောင်း💠💠

🔹Omicron တွေ့ရှိရာနိုင်ငံ - တောင်အာဖရိက (Nov 2021)

🔹Omicron ၏ ပိုးဗီဇတည်ဆောက်ပုံပြောင်းလဲမှု
- 29 နေရာ (Delta - 10 နေရာ)

🔹Omicron အပေါ် ကာကွယ်ဆေးအာနိသင် - Delta ထက် Vaccine ကာကွယ်နိုင်မှု ပိုမိုလျော့နည်း , တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှသာ Omicron အား ပိုမိုကာကွယ်နိုင်ဟုဆို

🔹ကူးစက်နိုင်မှု - Delta ပိုးထက်အဆများစွာပိုမိုကူးစက်နိုင်

🔹တကြိမ်ဖြစ်ဖူးသူများ - ပြန်လည်ကူးစက်နိုင်ချေပိုမိုမြင့်မား

🔹ဆေးရုံတက်ရနိုင်ချေ
- Delta - ၁၀%
- Omicron - ၁%

🔹ရောဂါလက္ခဏာများ
🔸အေးမြသောအခန်းတွင်ရှိသော်လည်း ချွေး များ ထွက်ခြင်း၊
🔸ချောင်းခြောက်ဆိုးခြင်း၊
🔸လည်ချောင်းနာခြင်း၊
🔸မောပန်းနွမ်းနယ်ခြင်း၊
🔸ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
🔸ဖျားနာခြင်း ( အဖျားမကြီး)
🔸(အနံ့ အရသာပျောက်ခြင်း မရှိ)
🔸မောခြင်း အသက်ရှုမဝခြင်း - ဖြစ်နှုန်းနည်း

တစ်ဦးနဲ့တစ်ဦးကာကွယ်နိုင်ဖို့
🔸တဦးနဲ့တဦး၆ ပေအကွာတွင်နေခြင်း
🔸Mask တပ်ခြင်း
🔸မလိုအပ်ပဲ အပြင်မသွားခြင်း
🔸လက်ဆေးခြင်း

🔷🔷🔷အိုမိုက်ခရွန် ပိုးကိုကာကွယ်နိုင်ဖို့ အားလုံးတစ်ဦးချင်းစီ ဂရုတစိုက်ကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်🔷🔷🔷

Credit: ပြည့်စုံ အထူးကုဆေးခန်း

25/01/2022

OMICRON နဲ့ပတ်သက်ပြီး
သတိပေးပါရစေရှင်။
⚠️ကိုဗစ်ဖြစ်ပြီးသွားလို့
✅ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးထားလို့
❌ မပေါ့ဆကြပါနဲ့။

မိတ်ဆွေထဲက ကိုဗစ်ဖြစ်ပြီး၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားကို ထပ်ကူး ထပ်ဖြစ်ပါတယ်။
၂ ပတ်လောက် နှာရည်အရမ်းယိုပါတယ်။ နှာရည်ယိုတာကြာတော့ သွေးပါ ပါလာပါတယ်။
နားထဲကပါ အရည်တွေ ထွက်လာပါတယ်။
ခေါင်းအရမ်းကိုက်ပါတယ်။ မျက်နှာယောင်ယမ်းတဲ့အထိ ခံရပါတယ်။
DELTA VARIENT လို၊ အဆုတ်ကို တိုက်ရိုက် မထိပေမယ့် အောက်စီဂျင်လိုတဲ့သူ လိုကြပါတယ်။
တတိယအကြိမ်ဆေးထပ်ထိုးဖို့ လိုပါတယ်ရှင်။
မိမ်ိနဲ့တကွ မိသားစုကို ကာကွယ်ဖို့ သတိပေးပါရစေရှင်။

အားလုံးပဲ ကျန်းမာကြပါစေရှင်။

26/08/2021

#21အလှုရှင်တွေရဲ့ဆက်နေတဲ့ကုသိုလ်တွေ😇😇😇

ကျွန်မတို့အဖွဲ့ရဲ့ ဝီရိယကိုနှစ်သက်လို့ လာလှုကြတဲ့အလှုငွေပေါင်း
#၁၈၀၄၆၀၀၀ကျပ်ထဲက ၅,၂၀၀,၀၀၀ ကျပ် ကို အောက်စီဂျင်အိုးတွေ ဝယ်ခဲ့ပါတယ်။
မနေ့က ကတည်းက အောက်စီဂျင်အိုးကြီးတွေ တချို့တဝက် သိမ်းပြီးပါပြီ။
မနေ့ညက မိတ်ဆွေတယောက်ရဲ့ အောက်စီဂျင် အလှုကိုတွေ့ပါတယ်။ အိုးတွေလိုလား လို့ မေးလိုက်တော့ လိုနေပါတယ်။
အဲဒါနဲ့ ဒီနေ့ အိုးကြီး အလွတ်အလုံး ၂၀၊ အရည်ဖြည့်ပြီး ၅ အိုးကို သန်လျင်သဘာဝတရားရိပ်သာက ဝေဒနာရှင်တွေ အသက်ရှုဖြောင့်ဖို့ ကူညီခဲ့ပါတယ်။
တကယ့်အလှုရှင်က ကျွန်မ မဟုတ်ပါဘူး။ ပြည်သူတွေပါ။
ပြည်သူတွေအလှုကို ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရင်း၊ ရှေ့ဆက် ကြုံရမယ့် သုခ ဒုက္ခတွေကို စိတ်ကောင်း စေတနာကောင်းတွေနဲ့ အတူတူရင်ဆိုင်ပြီး နေပျော်တဲ့ လူ့ပတ်ဝန်းကျင်တခုဖြစ်လာအောင် နိုင်ရာတာဝန်တွေ ထမ်းကြပါစို့ရှင်။😊😊😊
ဒီရည်ညွှန်းစာကတော့ အလှုရှင်စာရင်းပါရှင်။
တောင်းဆိုလို့ ကူညီတာမဟုတ်ပဲ အတန်တန်ငြင်းတဲ့ကြားက လာကူလို့ အင်မတန်ကျေးဇူးတင်ရပါကြောင်း🙏🙏🙏

https://cdn.fbsbx.com/v/t59.2708-21/240396511_335941174983895_3368638347249980733_n.pdf/21MO-2.pdf?_nc_cat=101&ccb=1-5&_nc_sid=0cab14&_nc_ohc=Pp99OQeFwgsAX8FTx_d&_nc_ht=cdn.fbsbx.com&oh=81bed32cb0c1d8ca1e08295eee885a59&oe=61296803&dl=1

26/08/2021

21 Myanmar Oxygen ကို အများကူညီဖို့ စကတည်းက ကုန်ကျစရိတ်တွေကို ဘယ်လိုလုပ်မလဲ စဉ်းစားခဲ့ပါတယ်။
ဘယ်သူမဆို ခက်ခဲနေချိန်ဆိုတော့ ကူပါဦး လှုပါဦး ပြောမနေတော့ပဲ ကိုယ့်ရှိတာလေးနဲ့ ရုန်းပြီး မတတ်နိုင်မယ့်အချိန် လွှတ်ချမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ထူးဆန်းတာက လက်ထဲပတ်ဆံနည်းလာ၊ အောက်စီဂျင်လိုအပ်ချက်ကများလို့ ကုန်ကျစရိတ်များ၊ ဆက်လုပ်ဖို့ ကိုယ်ပိုင်တာတခုခု ရောင်းမယ်ကြံတိုင်း အတင်းလာလှုကြတဲ့ အလှုရှင်တွေရောက် ရောက်လာတာပါပဲ။
လှုကြတဲ့အလှုရှင်တွေထဲမှာ ရင်ကို အထိဆုံးအလှုရှင်က ဒီကလေးတွေရဲ့အလှုပါ။
ဘယ်နှစ်ယောက်မှန်း မသိပါဘူး။
ဘယ်သူတွေလည်း မသိပါဘူး။
ဘယ်ကမှန်းလည်း မသိပါဘူး။
စာအိတ်ကလေးနဲ့ အလှုငွေနဲ့ ပုံပြင်လေးတပုဒ် ထားခဲ့တယ်။❤️❤️❤️

" ဟိုးအရင်လတွေက စမ်းချောင်းမှာ အသက်ဘေးကလွတ်အောင် သူတို့ပြေးခဲ့ရပါတယ်၊ တချို့အိမ်တွေတံခါးပိတ်ပြီး
ကြောက်နေတဲ့အချိန် အန်တီတယောက်က သူ့အိမ်တံခါးကို ဖွင့်၊ ရှိသမျှ ကလေးအကုန် လက်ခံခဲ့ပါတယ်" တဲ့။
" အခု ဒီအလှုငွေကို သူတို့ကိုကယ်ခဲ့တဲ့
အန်တီ့အိမ်မှာ ကိုဗစ်ဖြစ်နေလို့ အဲဒီ့အန်တီကျေးဇူးဆပ်ချင်လို့ 21 Myanmar Oxygen ကို မုန့်ဖိုးလေးတွေ စုပြီး လာလှုတာပါ" တဲ့။

ဒီလို စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့ ကလေးတွေနဲ့ ထိုက်တန်တဲ့ နိုင်ငံတခုဖြစ်ဖို့ ကျွန်မတို့ လူကြီးတွေ ပိုကြိုးစားဖို့ တိုက်တွန်းပါရစေ။
ဒီကျေးဇူးတင်စာလေးကိုလည်း ကလေးတွေ ဘေးကင်းကင်းနဲ့ မြင်ကြတွေ့ကြပါစေ🙏🙏🙏

24/08/2021

ဒီနေ့ အိုးလက်ခံကူညီတာ၊ ကိုဗစ်တတိယလှိုင်းရဲ့ နောက်ဆုံးနေ့ပါရှင်။
အိုးကြီးများကို စေတနာနဲ့ ငှားရမ်းထားသူများထံ ပြန်လည်ပို့ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အောက်စီဂျင်နဲ့ မအားမလပ်ဖြစ်နေလို့ လုပ်ချင်ပေမယ့် မလုပ်လိုက်ရတဲ့ ကျန်းမာရေး၊ စီးပွားရေးပါမက သိသင့်မယ်ထင်တဲ့ သတင်းအချက်အလက်အမှန်တွေကို Page မှာ ဆက်လက်တင်ပေးသွားမှာပါ။
#အလိမ်ခံရသူတွေတွေ့တိုင်းကိုယ်ချင်းစာသလိုလိမ်စားသူတွေအတွက်နေရာကျဉ်းစေချင်လို့ပါ။

✅✅ ကျွန်မတို့အဖွဲ့ဟာ ကူညီနေစဉ်ကာလအတွင်း ငွေကြေးကိစ္စအရှုတ်အရှင်းမရှိသလို Page မှာတင်တဲ့ သတင်းအချက်အလက်တိုင်းအတွက် မည်သည့်လုပ်ငန်းဆီကမှ ငွေကြေးလက်ဆောင်ရယူလက်ခံမှာ မဟုတ်ပါဘူး။

✳️✳️ မှန်မှန်ကန်ကန်အလုပ်လုပ်နေတဲ့သူတိုင်းရဲ့ အချက်အလက်လေးတွေ အဖွဲ့ကို ပေးပို့ပေးပါရှင်။
ကိုယ်တိုင်ဆက်သွယ် စုံစမ်းပြီး ယုံကြည်စိတ်ချရရင် Page မှာ ဖော်ပြပေးပါ့မယ်။
ရသမျှအချိန်မှာ မှန်ကန်တဲ့စီးပွားရေးတွေလုပ်ကိုင်ပြီး ချမ်းသာကြပါစေရှင်🙏🙏🙏

Photos from 21 Myanmar Oxygen's post 23/08/2021

မိမိမှာ ကိုဗစ်ကူးစက်ခံထားရပြီဟု သံသယရှိပါက ချက်ချင်းစစ်ဆေးဖို့လိုပါတယ် ။
လူစုလူဝေးမှခွဲထွက်၍ သီးသန့်နေထိုင်ကာ ရောဂါအဆက်ဖြတ်ဖို့အတွက် မိမိတွင် ရောဂါရှိမရှိ သိဖို့ လိုအပ်ပါတယ် ။

𝘾𝙤𝙫𝙞𝙙 19 ရောဂါလက္ခဏာများ စတင်ခံစားလာရတဲ့အခါ 𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များအသုံးပြု၍ စစ်ဆေးနိုင်ပါတယ် 🦠
ရောဂါလက္ခဏာပြသည့် 5ရက်မှ 7ရက် အတွင်းတွင် စစ်ဆေးနိုင်ပါတယ် ။
ရောဂါလက္ခဏာမပြသော်လည်း ကူးစက်နေနိုင်တာကို သတိပြုပါ။

𝙎𝙚𝙡𝙛 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များသည် 100% အဖြေမှန်ပေးနိုင်မည်မဟုတ်ပါ။
စစ်တဲ့အခါ 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 မထွက်သော်လည်း 𝘾𝙤𝙫𝙞𝙙 လူနာနှင့် ထိတွေ့မိထားသူများသည် လက္ခဏာပြသည်ဖြစ်စေ၊မပြသည်ဖြစ်စေ သီးသန့်ခွဲခြား နေထိုင်သင့်ပါတယ်

𝘼𝙣𝙩𝙞𝙗𝙤𝙙𝙮 𝙏𝙚𝙨𝙩 𝙆𝙞𝙩 နှင့်မမှားဖို့လည်း သတိပြုကြပါ ။ 𝘼𝙣𝙩𝙞𝙗𝙤𝙙𝙮 𝙏𝙚𝙨𝙩 𝙆𝙞𝙩 သည် ရောဂါကူးစက်ခံထားရပြီး နှစ်ပတ်ခန့်ကြာမှသာ မိမိတွင် ကိုယ်ခံအားထွက်မထွက် စစ်ဆေးခြင်းဖြစ်ပါတယ်။

𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များတွင် 𝘾 𝙡𝙞𝙣𝙚 , 𝙏 𝙡𝙞𝙣𝙚 နှစ်မျိုးရှိပါတယ် ။
𝘾 သည် 𝘾𝙤𝙣𝙩𝙧𝙤𝙡 ဖြစ်ပြီး
စစ်ဆေးမှုမှန်ကန်၍ ပစ္စည်းအရည်အသွေးကောင်းမွန်လျှင် 𝘾 တွင် 𝙡𝙞𝙣𝙚 ပေါ်ရပါမယ် ။
𝙏 𝙡𝙞𝙣𝙚 ပေါ်လျှင် 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်ပါသည်။
တစ်နည်းအားဖြင့် 𝘾 𝙡𝙞𝙣𝙚 နှင့် 𝙏 𝙡𝙞𝙣𝙚 နှစ်ခုစလုံး ပေါ်မှ 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်ပါတယ် ။

အရည်သွေးမကောင်းသော 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များကြောင့် 𝘾 𝙡𝙞𝙣𝙚 မပေါ်ကာ 𝙄𝙣𝙫𝙖𝙡𝙞𝙙 ပြခြင်း၊
𝙍𝙚𝙨𝙪𝙡𝙩𝙨 မှားယွင်းမှုများကြောင့် ကုသမှုနောက်ကျကာ အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ် ။

အရည်သွေးကောင်းတဲ့ 𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 ရှိလား ?
သိပ်ရှိတာပေါ့ !

𝙆𝙤𝙧𝙚𝙖 နိုင်ငံတွင် ထုတ်လုပ်ပြီး 𝙒𝙃𝙊 အသိအမှတ်ပြုသည့် အပြင် 𝙎𝙞𝙣𝙜𝙖𝙥𝙤𝙧𝙚 နိုင်ငံတွင် ကိုယ်တိုင်စစ်ဆေးရန် အတွက် ပထမဆုံး အသိအမှတ်ပြုခံရသည့် 𝙗𝙧𝙖𝙣𝙙 ဖြစ်သည့် အတွက် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်သော 𝙋𝙖𝙣𝙗𝙞𝙤 𝙍𝙖𝙥𝙞𝙙 𝙎𝙚𝙡𝙛 𝙏𝙚𝙨𝙩 𝙆𝙞𝙩 တွေ 𝙂𝙧𝙚𝙚𝙣 𝘾𝙡𝙤𝙫𝙚𝙧 မှာရှိနေပါပြီ ❤️

နှာခေါင်းထဲ 2 𝙘𝙢 လောက်သာထည့်ပြီး စစ်ဆေးနိုင်သဖြင့် ကျန်းမာရေးဝန်ထမ်း
မလိုပဲ အလွယ်တကူ စစ်ဆေးနိုင်ပါတယ် ✨ အသက်အရွယ်မရွေး အသုံးပြုနိုင်ပြီး 𝙃𝙞𝙜𝙝 𝙌𝙪𝙖𝙡𝙞𝙩𝙮 𝙋𝙧𝙤𝙙𝙪𝙘𝙩 ဖြစ်ပါတယ်

𝙎𝙞𝙣𝙜𝙖𝙥𝙤𝙧𝙚 နိုင်ငံမှ တိုက်ရိုက်တင်သွင်းရောင်းချခြင်း ဖြစ်သည့်အတွက်အရည်အသွေးနဲ့ သယ်ပို့မှုအတွက်ကတော့ စိတ်ချထားလိုက်နော် 🙆‍♂️💙

𝙋𝙧𝙞𝙘𝙚_ 𝙎𝙞𝙣𝙜𝙡𝙚 𝙋𝙖𝙘𝙠 20000 𝙈𝙈𝙆
( 10 )ခုပါ (1) 𝙗𝙤𝙭 190000 𝙈𝙈𝙆

𝙋𝙝𝙤𝙣𝙚 📱 09977160671
𝙑𝙞𝙗𝙚𝙧 09977160671
( သို့မဟုတ် )
Green Clover 𝙋𝙖𝙜𝙚 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 သို့ဆက်သွယ်မှာယူနိုင်ပါတယ် 🥰

ကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်အမှန်များအား စပွန်ဆာမယူထားပဲ Sharing လုပ်ပေးခြင်းဖြစ်ပါသည်။

23/08/2021

21 ရက် နှင့် 22 ရက်တွင် တောင်ဥက္ကလာပ စုရပ် (စုရပ်၁) မှာ အပ်ထားသောအိုးများ လာရွေးလို့ရပါပြီ 🙆‍♂️💙

Photos from 21 Myanmar Oxygen's post 22/08/2021

ရုန်းခဲ့ရတဲ့ ၃၅ ရက်။

၃၅ရက်ဆိုတဲ့ အချိန်တိုလေးမှာ အိုးသေးခန့်မှန်း ၄၅၀၀-၄၈၀၀ ကို အောက်စီဂျင်ဖြည့်ပေးခဲ့ပါတယ်။
တခါမှ မသိမမြင်ဘူးတဲ့ လူ ၃၀က စိတ်တူကိုယ်တူပေါင်းမိပြီး ကိုဗစ်ကို မကြောက်မရွံ့ပြန်ခံချတဲ့ ရက်တွေပေါ့။
ဒီ ၃၅ ရက်မှာ ကျွန်မအကြောက်ဆုံးက ကျွန်မကလေးတွေ ရောဂါကူးလာမှာ၊ အကြောင်းတခုခုကြောင့် ထိခိုက်ဒဏ်ရာရလာမှာ၊ အိုးတွေနဲ့ သူများဆီကငှားထားတဲ့ ကားကို ပစ်ထားခဲ့ပြီး ထွက်ပြေးရမှာ။
အားကိုးစရာက သစ္စာစကားနဲ့ မိတ်ဆွေတွေပဲရှိခဲ့ပါတယ်။
ဒီ့အပြင်အားကိုးစရာဆိုလို့ " လူတွေကို စိတ်မပူစေချင်တဲ့ ကျန်းမာစေချင်တဲ့စေတနာ" ပဲ ကျွန်မတို့အဖွဲ့မှာ ရှ်ိခဲ့ပါတယ်။
ဘာလို့လဲဆို ကျွန်မနဲ့ ကျွန်မအဖွဲ့က သာမန်လူတွေမို့လို့ပါ။
ဘာမှန်းညာမှန်းမသိ စွတ်လုပ်တဲ့ကျွန်မက အသက် ၅၀ အဖွားကြီး။
စွတ်လုပ်တဲ့ အဖွားကြီးကို ယုံပြီးပြောသမျှ လုပ်ပေးကြတဲ့ ကလေးတွေက ဆိုက်ကားသမားလေးတွေ၊ အလုပ်ကြမ်းပန်းရံသမား၊ ဆယ်တန်းကျပြီး အလုပ်မရှိတဲ့ကလေးတွေ။
"သားတို့ ဘာစားချင်လည်း" မေးတော့
"ပီဇာမစားဘူးလို့ စားချင်တယ်အန်တီ"တဲ့
ဒီလို အညတရတွေပါ😔😔
အခု ကလေးတွေလည်း ပင်ပန်း၊ အောင်စီဂျင် လိုအပ်ချက်တွေလည်း နည်းလာပြီမို့ ကျွန်မတို့ အညတရအဖွဲ့လေး ရက်ပိုင်းအတွင်း အလုပ်တွေလက်စသတ်နားပါတော့မယ်နော်။
ဒီအတောအတွင်း ကျွန်မကသော်လည်းကောင်း၊ ကျွန်မကလေးတွေကသော်လည်းကောင်း ပြောမှား ဆိုမှား လုပ်မှားကိုင်မှားရှိရင် ခွင့်လွှတ်ပေးပါရှင်။
လူအများကို ကူညီနိုင်အောင် နေရာပေးတဲ့ #သိနေဟတိုင်းရင်းဆေး နဲ့တကွ မေတ္တာရှေ့ထားပြီး ကူညီကြ၊ ထောက်ပံ့ကြသူတွေကို အထူးကျေးဇူးတင်ရပါတယ်🙏🙏🙏
မြေပြင်အလုပ်တွေနားပေမယ့် On Line ကနေ အများသိသင့်တဲ့ သတငိးအမှန်တွေကို On Line အဖွဲ့က ပြောပြပေးနေမှာပါရှင်။ 😊😊😊

အားလုံးပဲ ကျန်းမာကြပါစေရှင်😇😇😇

22/08/2021

မနေ့က 40L အိုးကြီးတွေ ပြန်လာယူတဲ့အခါ အိုးဖြည့်ခ ပိုငွေတွေ ပြန်အမ်းပါရစေရှင်😊😊
နောက်ထပ် ရက်အနည်းငယ်ပဲ အောက်စီဂျင်အတွက် ကူညီမှာဖြစ်ပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း ခဏနားတော့မှာဖြစ်ပါတယ်ရှင်။
တခုခုလိုနေတဲ့ ကွက်လပ်လေးတွေ့တာနဲ့ ဝင်ဖြည့်ပေးဖို့ အသင့်ပါ။

အားလုံးပဲကျန်းမာကြပါစေရှင်။

20/08/2021

၁၈.၈.၂၁
၁၉.၈.၂၁
အဲဒီ့ရက်တွေမှာ အပ်ထားတဲ့ အိုးကြီးတွေ အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း မှာ မနက် ၉ နာရီကနေစပြီး လာယူနိုင်ပါပြီရှင်။
အိုးကြီးဖြည့်လိုသူများလည်း လာပေးလို့ ရပါတယ်ရှင်။

ကျန်းမာကြပါစေရှင်😊😊😊

19/08/2021

#စုရပ်၁တောင်ဥက္ကလာပ

✅✅ ယနေ့မှ စ၍ အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း ၅ ရပ်ကွက် တောင်ဥက္ကလာပတွင် ၄၀ L အိုးကြီးများကို နေ့လည် ၂:၀၀-၄:၀၀ အထိ ‼️ကြိုတင်စာရင်းပေးစရာမလိုပဲ လကုန်ရက်အထိ လက်ခံသွားမည်ဖြစ်ပါသည်။
အရေးပေါ်လိုအပ်သူများအတွက် အိုးသေး၊ အိုးကြီးများကို တောင်ဥက္ကလာစုရပ်သို့ လာရောက်၍ အကူအညီတောင်းနိုင်ပါသည်ရှင်။

အားလုံးကျန်းမာကြပါစေရှင်😊😊😊

18/08/2021

Refill

#ရန်ကုန်၊နယ် အသင်းအဖွဲ့များ
Page Messenger မှ တဆင့် ဆက်သွယ်ပေးပါရန်🙏🙏🙏
အောက်စီဂျင်အရည်၊ Flow meter၊ Mask၊ စသဖြင့် ပစ္စည်းများကို တနေရာတည်းမှာ အချိန်မကုန်ပဲရနိုင်အောင် စီစဉ်ပေးပါမည်။
📣📣📣 ကူညီမည့်သတင်းအချက်အလက်ကို လက်ဆင့်ကမ်းမျှဝေပေးပါရှင်။

#လိုအပ်ချက်ရှိသောလူနာရှင်များအတွက်ကူညီခြင်း

⚠️⚠️ အိုးဖြည့်ရန်ကြာချိန် ၂-၄ ရက်
🚰🚰 အိုးဖြည့်ခ ၁၈၀၀၀
‼️ကူညီမည့် အရေအတွက် ၃၀ လုံး
✅✅ အိုးလာပေးရမည့်နေရာ
စုရပ် ၁ အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း တောင်ဥက္ကလာပ
❇️❇️ လာပေးရမည့်အချိန် ၂:၃၀-၃:၃၀
☑️☑️ ပုံစံတွင် ကိုယ်တိုင်ဖြည့်သွင်းရေးသားရန်။
✴️✴️ ပုံစံဖြည့်ပြီးပါက စုရပ်တွင် ကဒ်ပြားတောင်းယူရန်။
❌ ကဒ်ပြားကျပျောက်ပါက အိုးရရန်ကြာမည့်အပြင် အလှုဒဏ်ကြေးရှိပါမည်။
✳️✳️အိုးပြန်ရမည့်အချိန်ကို Page တွင်ကြော်ငြာပေးပါမည်။
💲💲အိုးဖြည့်ခကို တတ်နိုင်သမျှ အနည်းဆုံးသတ်မှတ်ထားသော်လည်း၊ အခြေအနေအရ အလျော့ အတိုး အနည်းငယ်ရှိနိုင်ပါသည်။

🟥🟥 မူရင်း Post အောက်တွင် Comment ပေး၍ စာရင်းပေးနိုင်ပါသည်။
✅တဦးလျှင် အိုးကြီးတအိုးသာဖြည့်ပေးမည်ဖြစ်၍ နံမည်တခုသာရေးရန်။
⛔ဖုန်းနံပါတ်မထည့်ရန်။

အဖွဲ့မှ Noted အမှတ်စဉ်များ ပြန်လည်ပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာကြပါစေရှင်😊

17/08/2021

တောင်ဥက္ကလာစုရပ်မှာ မနေ့က အပ်ထားတဲ့ အိုးကြီးတွေ ညနေ ၃ နာရီမှာ ပြန်လာယူလို့ရပါပြီ။
မနက်ဖြန်မနက် အိုးကြီးတွေအပ်ဖို့ post တင်မယ်နော်။
အရေအတွက်ပိုပြီး လက်ခံလို့ရအောင်ရယ်၊ မြန်မြန်ပြန်ပေးနိုင်အောင်ရယ် ကြိုးစားနေပါတယ်ရှင်။ 😇😇😇

16/08/2021

အခြေအနေအရ စုရပ် ၂ စမ်းချောင်းမှာ အိုးသေးတွေ လက်မခံနိုင်တော့ပါဘူး။
စမ်းချောင်းက လူနာရှင်တွေ တောင်ဥက္ကလာကို လိုက်လာကြပါတယ်။😓😓
နေရာပေါင်းစုံမှာ လိုက်ထည့်တဲ့ အိုးတွေဟာ Pressure မပြည့်လို့ ခဏလေးနဲ့ကုန်သွားတာ၊ 21 မှာဖြည့်တဲ့အိုးပဲ အချိန်ကြာကြာရှုလို့ရတာ လို့ပြောတော့ ရအောင် ဖြေရှင်းရပါတော့မယ်။
Psi ပြည့်အောင် အိုးကြီး ၅ လုံးကို ချိတ်ပြီး ဖြည့်ပေးချင်လို့
✅✅ဒီလို အိုးခွဲကြိုး အရေးတကြီးလိုနေလို့ပါရှင်။
ဝယ်လို့ရမယ့်နေရာလေး ညွှန်ပေးကြပါနော်။

16/08/2021

#၁၄.၈.၂၁ ရက်စွဲဖြင့်
တောင်ဥက္ကလာမှာ အပ်ထားတဲ့ 40 L အိုးကြီးများ ရပါပြီ။

အိုးပြန်ယူရန်အချိန်
၁:၃၀-၂:၀၀
‼️ ကဒ်ပြားယူလာရန်။

16/08/2021

Refill

#ရန်ကုန်၊နယ် အသင်းအဖွဲ့များ
Page Messenger မှ တဆင့် ဆက်သွယ်ပေးပါရန်🙏🙏🙏
အောက်စီဂျင်အရည်၊ Flow meter၊ Mask၊ စသဖြင့် ပစ္စည်းများကို တနေရာတည်းမှာ အချိန်မကုန်ပဲရနိုင်အောင် စီစဉ်ပေးပါမည်။
📣📣📣 ကူညီမည့်သတင်းအချက်အလက်ကို လက်ဆင့်ကမ်းမျှဝေပေးပါရှင်။

#လိုအပ်ချက်ရှိသောလူနာရှင်များအတွက်ကူညီခြင်း

⚠️⚠️ အိုးဖြည့်ရန်ကြာချိန် ၂-၄ ရက်
🚰🚰 အိုးဖြည့်ခ ၁၈၀၀၀
‼️ကူညီမည့် အရေအတွက် ၂၅ လုံး
✅✅ အိုးလာပေးရမည့်နေရာ
စုရပ် ၁ အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း တောင်ဥက္ကလာပ
❇️❇️ လာပေးရမည့်အချိန် ၂:၃၀-၃:၃၀
☑️☑️ အောက်ဖော်ပြပါ ပုံစံတွင် ကိုယ်တိုင်ဖြည့်သွင်းရေးသားရန်။
✴️✴️ ပုံစံဖြည့်ပြီးပါက စုရပ်တွင် ကဒ်ပြားတောင်းယူရန်။
❌ ကဒ်ပြားကျပျောက်ပါက အိုးရရန်ကြာမည့်အပြင် အလှုဒဏ်ကြေးရှိပါမည်။
✳️✳️အိုးပြန်ရမည့်အချိန်ကို Page တွင်ကြော်ငြာပေးပါမည်။
💲💲အိုးဖြည့်ခကို တတ်နိုင်သမျှ အနည်းဆုံးသတ်မှတ်ထားသော်လည်း၊ အခြေအနေအရ အလျော့ အတိုး အနည်းငယ်ရှိနိုင်ပါသည်။

🟥🟥 မူရင်း Post အောက်တွင် Comment ပေး၍ စာရင်းပေးနိုင်ပါသည်။
✅တဦးလျှင် အိုးကြီးတအိုးသာဖြည့်ပေးမည်ဖြစ်၍ နံမည်တခုသာရေးရန်။
⛔ဖုန်းနံပါတ်မထည့်ရန်။

အဖွဲ့မှ Noted အမှတ်စဉ်များ ပြန်လည်ပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာကြပါစေရှင်😊

15/08/2021

#ကိုဗစ်ကာကွယ်ဆေးအကြောင်းပြောပါရစေ

အရင်ရက်ပိုင်းတုန်းက India က Covishield ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းပေးကြဖို့ post တင်ခဲ့ပါတယ်။
ကာကွယ်ဆေးအတွက် ကျွန်မကို ကူညီတဲ့ အဖွဲ့ရဲ့ တာဝန်ယူမှု့ တာဝန်ခံမှု့ကို ယုံကြည်လို့ ရဲရဲဝံ့ဝံ့ Cold Chain မပျက်တဲ့ အကြောင်း ဆေးအစစ်ဖြစ်တဲ့အကြောင်း အာမခံနိုင်ခဲ့ပါတယ်။
ကျန်းမာရေးအပြင် အခြားစိတ်ထိခိုက်စရာကိစ္စတွေကြောင့် ဆက်မလုပ်နိုင်တော့တဲ့အတွက်အဲဒီ့အဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့တကွ စာရင်းလာပေးထားသူတွေကို တောင်းပန်ထားပြီးပါပြီ။

အောက်စီဂျင်အကူအညီပေးရတဲ့အကြောင်းက လူတွေရဲ့စိတ်ထဲမှာ နည်းနည်းလေးပဲဖြစ်ဖြစ် "အောက်စီဂျင်လိုရင် 21 ရှိတယ်" ဆိုပြီး စိတ်ချနေနိုင်တဲ့ လုံခြုံမှု့ ( Sense of Security ) ကိုပေးချင်လို့ပါ။

ပြီးတော့ လူတွေရဲ့ သောက၊ ပူပန်မှု့၊ မလုံခြုံမှု့အပေါ်မှာ မတရားစီးပွားရှာကြတဲ့ စိတ်ဓါတ်ကို မုန်းလို့ပါ။

အခုလည်း ကိုဗစ်ကာကွယ်ဆေးကို အကြောင်းပြုပြီး အပြိုင်အဆိုင်စီးပွားရှာကြတော့မှာပါ။
သိထားသမျှတွေ ရေးချရင်တောင် ရေးမိတဲ့ကျွန်မလက် ယင်ကောင်တလောင်းလောင်း လောက်တဖွေးဖွေးဖြစ်မှာ။
‼️‼️ကြောက်ကြောက်လန့်လန့်နဲ့ မိုးရေသာသာပဲ အာနိသင်ရှိတဲ့ ကာကွယ်ဆေးမျိုးကို ဈေးကြီးပေး မထိုးစေချင်ဘူး။
ခု ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးတွေကို ကိုယ့်အသက်အရွယ်၊ ရောဂါအခံ၊ ဝင်ငွေအခြေအနေပေါ်မူတည်ပြီး ထိုး မထိုး၊ ကိုယ့်ဘာသာချိန်ဆကြပါ။
တရုတ်ဆေး ၂ မျိုးရှိလို့ အခုပုံမှာပါတဲ့ ဆေး Sinopham BBIBP- CorV ကိုပဲ ထိုးဖို့ တိုက်တွန်းပါရစေ။
‼️Covishield ထိုးထားတဲ့သူတွေတောင် အကူးခံရတာအများကြီးပါ။
⛔ဘာကာကွယ်ဆေးကမှ ကိုဗစ်ကို ၁၀၀% မကာကွယ်နိုင်သေးပါဘူး။
✅ဒါကြောင့် ကာကွယ်ဆေးကိုပဲ အားကိုးမနေပဲ ကိုယ့်အသိဉာဏ်ကို အားကိုးပြီးနေစေချင်ပါတယ်။
တတိယလှိုင်းက သင်ခန်းစာတွေကို ကျေညက်အောင်လုပ်ပြီး၊ စတုတ္ထလှိုင်းမှာ လှိုင်းအောက်မရောက်အောင် ကိုယ်ဖော့ထားဖို့ အားတွေမွေးရဦးမှာပါ။
ဆေးတစုံကို ၃,၄ သိန်းအနည်းဆုံးဈေးခေါ်ပါတယ်။ "ဆေးသာမှန်ပလေ့စေ ၁၀ သိန်းလဲထိုးနိုင်ပါတယ်"ဆိုတဲ့ အကျိုးပေးကောင်းသူတွေအတွက် ကျွန်မ မပူပါဘူး။
အောက်စီဂျင်အရည်လေးဖြည့်ဖို့ ထောင်ဂဏန်း၊ သောင်းဂဏန်းတောင် အဆင်မပြေရှာတဲ့သူအများစုအတွက် တကယ်ပူရပါတယ်။😓😓😓
ပြီးတော့ ကျွန်မကို မသိမမြင်ဘူးပါပဲ ယုံကြတဲ့သူတွေအတွက် ဆက်မကြိုးစားပဲ ရပ်လိုက်ရမှာ စိတ်မလုံပါဘူး။
ဒါကြောင့် ကာကွယ်ဆေးအမှန်ရဖို့အတွက် ဆက်ကြိုးစားနေမှ ဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်က ကာကွယ်ဆေးကိုပဲ ထိုး ထိုး၊ " မိမိကိုယ်သာ ကိုးကွယ်ရာပါ" ။
​ကိုယ်ထိုးမယ့်ဆေးအကြောင်း မေးဖို့ရာ ဝန်မလေးပါနဲ့။
အန္တရာယ်ကင်းမယ်လို့ မယုံရင်၊ Mask တပ်ပါ၊ လက်ဆေးပါ၊ စည်းကမ်းအတိုင်းနေကြပါ။
နောက်တလှိုင်းမလာခင် ကိုယ်နဲ့ကိုယ့်မိသားစုကျန်းမာရေးကို အကောင်းဆုံးဖြစ်နေအောင် ပြင်ဆင်ထားပါ။
ကျံန်မကအစ အသက်ရှုလေ့ကျင့်ခန်းလုပ်၊ လမ်းပြန်လျှောက်တော့မှာပါ။

ကျွန်မရဲ့ကံနဲ့ ဝီရိယကပေးလို့ အာနိသင်မပျက်တဲ့ဆေးရရင် အကုန်လုံးကို အသိပေးမှာပါရှင်။ 😇😇😇

Photo Crd: Richard Myo Thant

15/08/2021

#စုရပ်၂စမ်းချောင်း

အိုးသေးများအပ်ရန်
၁၁:၀၀-၁၂:၀၀

အိုးသေးများရွေးရန်
၁၁:၃၀-၁၂:၀၀

#စုရပ် ၁တောင်ဥက္ကလာ

အိုးသေးများရွေးရန်
၁၂:၀၀-၁၂:၃၀

အိုးသေးများအပ်ရန်
၁၂:၀၀-၃:၀၀

‼️ အခြေအနေအရ အိုးကြီးများ ဒီနေါမကူညီနိုင်ပါရှင်။

14/08/2021

#စုရပ်၂စမ်းချောင်း
အချိန်ပြောင်းပါသည်။

‼️‼️အိုးသေးအပ်ရန်
၁၁:၃၀-၁၂:၃၀

✅အိုးရွေးရန်
၁၂:၃၀-၁:၃၀

#စုရပ်၁တောင်ဥက္ကလာ
‼️အိုးအပ်ရန်
၂:၀၀-၃:၀၀

✅အိုးရွေးရန်
၁:၀၀-၁:၃၀

14/08/2021

Refill

#ရန်ကုန်၊နယ် အသင်းအဖွဲ့များ
Page Messenger မှ တဆင့် ဆက်သွယ်ပေးပါရန်🙏🙏🙏
အောက်စီဂျင်အရည်၊ Flow meter၊ Mask၊ Oximeter စသဖြင့် ပစ္စည်းများကို တနေရာတည်းမှာ အချိန်မကုန်ပဲရနိုင်အောင် စီစဉ်ပေးပါမည်။
📣📣📣 ကူညီမည့်သတင်းအချက်အလက်ကို လက်ဆင့်ကမ်းမျှဝေပေးပါရှင်။

#လိုအပ်ချက်ရှိသောလူနာရှင်များအတွက်ကူညီခြင်း

⚠️⚠️ အိုးဖြည့်ရန်ကြာချိန် ၂-၄ ရက်
🚰🚰 အိုးဖြည့်ခ ၂၀၀၀၀
‼️ကူညီမည့် အရေအတွက် ၂၀ လုံး
✅✅ အိုးလာပေးရမည့်နေရာ
စုရပ် ၁ အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း တောင်ဥက္ကလာပ
❇️❇️ လာပေးရမည့်အချိန် ၂:၃၀-၃:၃၀
☑️☑️ အောက်ဖော်ပြပါ ပုံစံတွင် ကိုယ်တိုင်ဖြည့်သွင်းရေးသားရန်။
✴️✴️ ပုံစံဖြည့်ပြီးပါက စုရပ်တွင် ကဒ်ပြားတောင်းယူရန်။
❌ ကဒ်ပြားကျပျောက်ပါက အိုးရရန်ကြာမည့်အပြင် အလှုဒဏ်ကြေးရှိပါမည်။
✳️✳️အိုးပြန်ရမည့်အချိန်ကို Page တွင်ကြော်ငြာပေးပါမည်။
💲💲အိုးဖြည့်ခကို တတ်နိုင်သမျှ အနည်းဆုံးသတ်မှတ်ထားသော်လည်း၊ အခြေအနေအရ အလျော့ အတိုး အနည်းငယ်ရှိနိုင်ပါသည်။

🟥🟥 မူရင်း Post အောက်တွင် Comment ပေး၍ စာရင်းပေးနိုင်ပါသည်။
အဖွဲ့မှ Noted အမှတ်စဉ်များ ပြန်လည်ပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာကြပါစေရှင်😊😊😊

⏰⏰⏰ စာရင်းပိတ်ပါပြီရှင်။

13/08/2021

ဒီနေ့ 21 Myanmar Oxygen ရဲ့ ကူညီသက်တမ်း တလ ပြည့်ပါပြီ။ 😊😊😊

ရန်ကုန်မှာ အားလုံးညီညွတ်ကြ၊ စည်းကမ်းလိုက်နာကြ၊ အချင်းချင်း ကူညီစောင့်ရှောက်ကြတာ ရောဂါကူးနှုန်း ကျလာပါပြီ။
ရင်တထိတ်ထိတ်နဲ့ တပတ်စောင့်ကြည့်ပြီး အောက်စီဂျင် လိုအပ်မှု့လျော့ကျလာပါပြီလို့ ဝမ်းပန်းတသာ သတင်းကောင်းပါးရပါတယ်။
ဒါပေမယ့် ရန်ကုန်အနီးတဝိုက်မြို့တွေဆီက လူနာတင်ကားတွေ လာအကူအညီတောင်းကြတာကတော့ 40 L အိုးကြီးတွေဖြည့်ပေးဖို့ပါပဲ။
နယ်ပရဟိတတွေရဲ့ အခက်အခဲက၊ အိုးတွေရန်ကုန်ကို သယ်လာနိုင်ပေမယ့် ထားဖို့နေရာ ၊စက်ရုံတွေမှာ တန်းစီ၊ အသယ်အပို့လုပ်ပေးမယ့်သူမရှိတာပါပဲ။
ရန်ကုန်ဖြစ်ဖြစ် နယ်ဖြစ်ဖြစ် ဒါဟာ ကျွန်မတို့ရဲ့ပြည်သူတွေပါပဲ။
ကိုဗစ်ကို အတူတူရင်ဆိုင်နေရတာပါပဲ။
ဒါကြောင့်မို့ ရန်ကုန်အနီးတဝိုက်က အသင်းအဖွဲ့တွေအတွက် အိုးကြီးတွေကို လာသာထားပါ။ ဖြည့်ပေးပါ့မယ်😊😊😊
အိုးကြီးတွေအတွက် ထပ်အပင်ပန်းခံကူညီပါ့မယ်ရှင်။
အိုးကြီးဖြည့်ခအတွက် နိုင်သလောက်ကူပါဦးမယ်။
ဒါ့အပြင် ရန်ကုန်က အိုးကြီးဖြည့်ချင်နေတဲ့ လူနာရှင်များအတွက် မနက်ဖြန်က စပြီး အိုးကြီးတွေ တနေ့ အလုံး ၂၀ လက်ခံဖြည့်ပေးပါ့မယ်။
အသေးစိတ်အချက်အလက်နဲ့ စည်းကမ်းတွေကို မနက်ဖြန် Page မှာ တင်ပြပေးမှာပါ။

အိုးသေးတွေနဲ့ ပတ်သက်ပြီး အိုးဖြည့်ခသာကောက်ခံပြီး အခြားကုန်ကျစရိတ်တွေအတွက် အလှုမခံပေမယ့်လို့ အိုးကြီးဖြည့်ခတွေကို ကျွန်မတယောက်တည်းအားနဲ့ မနိုင်ရင် အကူအညီတောင်းတဲ့အခါ ပစ်မထားပဲ ကူညီပေးကြပါလို့ အထူးပဲ မေတ္တာရပ်ခံပါရစေရှင်။ 😞😞😞
ပူးတွဲပါပုံကတော့ အောက်စီဂျင်လိုလွန်းလို့ စက်ရုံအထိမောင်းလာတဲ့ မပြည့်စုံတဲ့ လူနာတင်ကားပေါ်က လူနာတယောက်ကို ကျွန်မတို့အဖွဲ့က အောက်စီဂျင်ပေးရှုထားတဲ့ အမှတ်တမဲ့ပုံလေးပါ။
ကျန်းမာစေချင်ပါတယ်ရှင်😊😊😊

13/08/2021

#စုရပ်၁ တောင်ဥက္ကလာ

အိုးယူရန် ၁၁:၃၉-၁၂:၃၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

#စုရပ်၂ စမ်းချောင်း

အိုးယူရန် ၁၁:၃၀-၁၂:၀၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

12/08/2021

#စုရပ်၁ တောင်ဥက္ကလာ

အိုးယူရန် ၁၂:၃၀-၁:၀၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

#စုရပ်၂ စမ်းချောင်း

အိုးယူရန် ၁၂:၃၀-၁:၀၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

12/08/2021

#အနူးအညွတ်တောင်းပန်ခြင်း

💔💔💔 Covishield ကာကွယ်ဆေးအစီအစဉ်ခဏရပ်နားပါရစေ။

ကျွန်မ ရောဂါရှာမရပဲ နေမကောင်းဖြစ်လိုက် ပြန်ကျန်းမာလိုက်ဖြစ်နေတာ ၂၀၂၀ ဒီဇင်ဘာလကတည်းကပါ။
အောက်စီဂျင်အတွက် သူများကို စကူညီတဲ့အချိန်မှာ စကားကို ၂ မိနစ်ဆက်တိုက် မပြောနိုင်တဲ့အထိ ကျန်းမာရေးညံ့နေတဲ့ထဲက ကူနေတာပါ။
အခု အောက်စီဂျင်ကျ နှလုံးခုန်နှုန်း
ကျနေတာ ရက်ဆက်နေပါပြီ။
နားရမှာကို မနားပဲတွနိးလုပ်နေလို့ နားမှ ရမယ့်အခြေအနေဖြစ်သွားပါပြီ။
အဖွဲ့ဝင်တွေက အောက်စီဂျင်ကိစ္စအတွက် လှည့်ကြည့်စရာမလိုအောင် တာဝန်ခွဲယူကြပေမယ့် ကာကွယ်ဆေးအတွက်က ကျွန်မ မပါရင် မဖြစ်လို့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ခဏရပ်လိုက်ရပါတယ်ရှင်😰😰😰

အားလုံးက နားလည်ပေးကြမယ်လို့ ယုံကြည်ပါတယ်ရှင်။

11/08/2021

#စုရပ်၁ တောင်ဥက္ကလာ
အိုးအပ်ရန် ၂:၀၀-၃:၀၀

#စုရပ်၂ စမ်းချောင်း
အိုးအပ်ရန် ၂:၀၀-၃:၀၀

‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

10/08/2021

#စုရပ်၁ တောင်ဥက္ကလာပ
နေ့လည် ၂:၃၀ က အပ်ထားတဲ့အိုးများ လာယူလို့ရပါပြီရှင်။
ကျန်းမာကြပါစေရှင်။

10/08/2021

#စုရပ်၁ တောင်ဥက္ကလာ
အိုးယူရန် ၁၀:၃၀-၁၁:၀၀

အိုးအပ်ရန် ၂:၀၀-၃:၀၀
‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

#စုရပ်၂ စမ်းချောင်း
အိုးယူရန် ၁၀:၃၀- ၁၁:၀၀
⚠️⚠️⚠️
ဒီနေ့ 21 Myanmar Oxygen တဖွဲ့လုံး တုတ်ကွေးကာကွယ်ဆေးထိုးမှာမို့ စမ်းချောင်းမှာ အိုးအပ်လက်မခံပါရှင်။

ကျန်းမာကြပါစေရှင်

09/08/2021

#စုရပ်၁ တောင်ဥက္ကလာ
အိုးယူရန် ၁၁:၃၀-၁၂:၀၀

အိုးအပ်ရန် ၂:၀၀-၃:၀၀
‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

#စုရပ်၂ စမ်းချောင်း
အိုးယူရန် ၁၁:၃၀- ၁၂:၀၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

ကျန်းမာကြပါစေရှင်

08/08/2021

Covishield ကာကွယ်ဆေးအတွက် စာရင်းပိတ်လိုက်ပါပြီရှင်။
လူ ထောင်ချီ စာရင်းပေးကြပါတယ်။
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အချိတ်အဆက်မပြတ်အောင် Page ကို Like & Follow လေး လုပ်ပေးထားပါရှင်။
ဆေးအရေအတွက်နဲ့ အော်ဒါ တင်ပြီးတဲ့အခါ ကျသင့်ငွေပေးချေဖို့နဲ့ ဆေးရောက်မယ့်အချိန်ကို ထပ်အကြောင်းကြားမှာပါ။
ဆေးပိုရခဲ့ရင်လည်း အသိပေးမှာပါရှင်။
ဘာမှ မရေရာတဲ့အချိန်၊ စီစဉ်ရခက်တဲ့ အချိန်မှာ ကျွန်မ ကတိပေးနိုင်တာက
✅✅ဆေးအတု မဟုတ်ဘူးဆိုတဲ့ ကတိရယ်
✅✅ ဆေးအာနိသင် မလျော့စေရပါဘူးဆိုတဲ့ ကတိ ၂ ခုပါပဲ။
21 Myanmar Oxygen ကို ယုံကြည်ကြတဲ့အတွက် အဖွဲ့သားအားလုံးက ကြိုးစားကြဖို့ အားအပြည့်နဲ့ပါရှင်။😊😊😊

08/08/2021

မနက်က တောင်ဥက္ကလာမှာ အပ်ထားတဲ့အိုးတွေရပါပြီရှင်။

08/08/2021

#စုရပ်၁ တောင်ဥက္ကလာ
အိုးယူရန် ၁၀:၃၀-၁၁:၀၀

အိုးအပ်ရန် ၂:၀၀-၃:၀၀
‼️မအားလပ်ပါသဖြင့် စာရင်းမကောက်တော့ပါရှင်။

😎😎 အိုးအရေအတွက် ပို့သမျှ ဖြည့်ပေးမယ်😊😊😊

#စုရပ်၂ စမ်းချောင်း
အိုးယူရန် ၁၀:၃၀- ၁၁:၀၀
အိုးအပ်ရန် ၂:၀၀-၃:၀၀

ကျန်းမာကြပါစေရှင်

COVISHIELD Registration Form 08/08/2021

မနေ့ညက Covishield ကာကွယ်ဆေးအတွက် စာရင်းလက်ခံတဲ့ Post ကို ည ၁၂ နာရီမှာ Comment ပိတ်လိုက်ပါတယ်။
စာရင်းအမှတ်စဉ် တွေ့သမျှ 248 အထိရှိပြီး၊ လူဦးရေ ထောင်ဂဏန်းကျော်ပါပြီ။
Comment တွေ တအားများလို့ မကျန်ခဲ့အောင် အထပ်ထပ်အခါခါ စစ်ပေးကြတဲ့ ကျွန်မအဖွဲ့လည်း မိုးလင်းကာနီးမှ အိပ်ကြရပါတယ်။
ဒါကြောင့် အောက်က Google Form မှာ စာရင်းပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

အသေးစိတ်သိချင်ရင်မနေ့ညက Link ပါ။

https://www.facebook.com/106242088404451/posts/120036057025054/?d=n

✅✅✅တခါမှ မတောင်းဆိုဘူးပေမယ့် Page ကို Like& Follow လုပ်ပေးထားကြပါရှင်။ 
⚠️⚠️⚠️ Noted ရပြီးသားသူများ စာရင်းထပ်ပေးစရာ မလိုပါရှင်။

https://21mo.bcnerp.com/covishield-registration-form?new=1

COVISHIELD Registration Form

07/08/2021

⚠️

💫💫Covid ကို အပြီးတိုက်နိုင်တဲ့ ဆေး မရှိသေးပေမယ့် ကာကွယ်ဖို့ဆေးတော့ရှိပါတယ်။

အခု SII Serum Institute of India ကထုတ်တဲ့ Covishield ထိုးချင်သူများကို ကျွန်မနဲ့ ကျွန်မရဲ့ မိတ်ဆွေတွေက တင်သွင်းဖို့ ကြိုးစားနေပါတယ်။

✅✅ဘာမှ မသေချာတဲ့အချိန်မှာ ကျွန်မ အာမခံနိုင်တာက ကာကွယ်ဆေးသယ်ယူတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ Cold Chain မပျက်စေရပါဘူး ဆိုတာပါပဲ။
India Civishield ကာကွယ်ဆေးကို ကျွန်မနဲ့ကျွန်မ မိသားစုပါ ထိုးမှာပါရှင်။

✅⚠️ကာကွယ်ဆေးထိုးဖို့ စိတ်ဝင်စားသူများ ဒီ မူရင်းpost အောက်မှာ
၁။ အမည်
၂။ ကာကွယ်ဆေးထိုးမည့် အရေအတွက်
၃။ ဆက်သွယ်ရန် ဖုန်းနံပါတ် တို့နဲ့ comment ပေးခဲ့ပါရှင်။
‼️
၁။ ကြိုတင်ငွေ လုံးဝ မကောက်ခံသေးပါ။
၂။ ၂ ကြိမ်ဆေးထိုးရန်အတွက် ကုန်ကျစရိတ်ကို ဆေးရရန်သေချာတဲ့ အချိန်မှ ကြေငြာပေးပါမည်။
၃။ ဆေးတန်ဖိုးကို သတ်မှတ်ရက်တွင် လာရောက်ပေးချေရန်ဖြစ်ပါသည်။
၄။ ဆေးရောက်ရန် ခန့်မှန်းချိန်မှာ နှစ်လအတွင်းဖြစ်ပါသည်။
၅။ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ရမည်ဖြစ်ပါသည်။

နောက်ထပ် ဘယ်သူ့ကိုမှ ကိုဗစ်ကြောင့်
မပူလောင်စေချင်တော့ဘူးရှင်။

‼️‼️⚠️⚠️
၈.၈.၂၀၂၁ ည ၉ နာရီမှာ စာရင်းပိတ်မှာပါရှင်။

07/08/2021

နေ့တိုင်း သေခြင်းတရားကို တနာရီတခါနီးပါးကြား၊ မြင်၊သိနေတော့ "မလုပ်တော့ဘူးဟာ" လို့ ပစ်ချပြီး ထွက်သွားချင်တာ အခါခါ။
😞အဖေရော အမေပါ ကိုဗစ်နဲ့ဆုံး။ ကျန်တဲ့ကလေး ၃ ယောက်က စားစရိတ်လေးအတွက် ဈေးအဆမတန်ပေးထားရတဲ့ အောက်စီဂျင်အိုးကြီးတွေ ရရာဈေးနဲ့ ချရောင်းရတယ်။ အကြီးဆုံးကလေးက ဆယ်တန်းဆက်မဖြေပဲ အလုပ်လုပ်ပြီး အငယ်နှစ်ယောက်ကို ကျောင်းထားမယ် တဲ့။😪😪
😰 "သမီးတို့ တအိမ်လုံးကိုဗစ်ဖြစ်တာအန်တီ၊ အဖေတယောက်ပဲ ကားမောင်းနိုင်လို့ အမေ့အတွက်အောက်စီဂျင်အိုးလေးပို့နိုင်တာ၊ စောင့်ယူပေးပါအန်တီ" တဲ့ ။ Positive ဖြစ်နေမှန်းသိရဲ့နဲ့ အားပေးချင်လို့ ကိုယ်တိုင်စောင့်ယူခဲ့ပါတယ်။ အမေကိုပြုစုရင်း ၁၆ နှစ်သမီးလေးကိုကူး၊ ရောဂါဒဏ်နဲ့ မနည်းနားထောင်ယူရတဲ့ အသံဖိုင်လေးပို့လိုက်တော့ ဘယ်လိုငြင်းရတော့မှာလဲ 😓😓😓
😭😭 "အမရေ အောက်စီဂျင်အိုးကြီး တလငှားပေးပါ့မယ်ခင်ဗျ" ဆိုပြီး ကိုယ်တိုင်လာပို့သွားတယ်။ နောက်ရက် ကျေးဇူးတင်ကြောင်းလှမ်းပြောတော့ အဖေ့အလောင်းကို တယောက်တည်းသင်္ဂြိုလ်နေတဲ့ မောင်လေး။ ဘယ်လိုဖြစ်တာလဲမေးတော့ ဖြစ်တာက အမေနဲ့ညီမလေး၊ အဖေက ပြုစုရင်းလှေကားပေါ်က ချော်ကျ၊ မထနိုင်။ အမေနဲ့ ညီမအတွက် အောက်စီဂျင်၊ ဆေး ပတ်ရှာရင်း အဖေကို မကြည့်နိုင်။ အစာမဝင်တော့ အားပြတ်ပြီးဆုံးတာအမရေတဲ့😰😰
😓😓 အမရေ အိုးလာအပ်တာ နည်းနည်းနောက်ကျမယ်နော်၊ တောင်းပန်ပါတယ်အမရယ် အမေ့အတွက်မို့ စောင့်ယူပေးပါ။ အိမ်မှာလူမရှိဘူးလား အကြာကြီးမစောင့်နိုင်ဘူး လို့ပြောတော့ ဆယ်နှစ်နဲ့ ခုနှစ်နှစ်ကလေးနှစ်ယောက်ကို အပြင်ကသော့ခတ်လာရမှာ။ သူတို့အဖေဆုံးသွားတာ မကြာသေးဘူး။ ခု အမေဖြစ်တော့ အမေ့အတွက်အောက်စီဂျင်လိုလို့ပါ။ 😰😰😰
😓😓 အမရေ ကျွန်တော်တို့ဘက်က ဆင်းရဲပါတယ်ဗျာ၊ လူတွေဒုက္ခရောက်လွန်းလို့ အလှုခံပါစေဗျာ၊ မယုံရင် အမကိုယ်တိုင်လိုက်ကြည့်ပါ။ ကူပါဦးအမရယ်😪😪
😓😓 အန်တီရေ သားတို့က စိတ်တူတဲ့သူတွေစုထားတဲ့ အဖွဲ့လေးပါ။ ခု လှုမယ့်သူမရှိလို့ သားတို့အဖွဲ့အတွက် ကားဆီဖိုးလေး တတ်နိုင်သလောက်လှုပေးပါဗျာ၊ သားတို့ လူတွေကို ကယ်ချင်လို့ပါ😢😢

#ရင်နာမဆုံးတဲ့ကိုဗစ်ဒဏ်ရာတွေ

07/08/2021

#စုရပ်၁
မနက်က တောင်ဥက္ကလာမှာ အပ်ထားတဲ့ အိုးများ လာယူလို့ရပါပြီရှင်။

၈.၈.၂၁
စုရပ် ၁
အမှတ် ၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်း
အိုးသေးလက်ခံချိန်
၇:၃၀-၉:၀၀

07/08/2021

#စုရပ်၁ တောင်ဥ မနေ့ညနေက အပ်ထားတဲ့ အိုးများရောက်ပါပြီ။

ယနေ့ အိုးအပ်ရန်
✅ညနေ ၃:၃၀-၄:၃၀

#စုရပ်၂ စမ်းချောင်း မနေ့ညနေက အိုးများယူရန်
၁၁:၀၀-၁၂:၀၀

ယနေ့အိုးအပ်ရန်
✅ညနေ ၂:၃၀-၃:၃၀

06/08/2021

၇.၈.၂၁ အတွက်

#စုရပ်၁တောင်ဥက္ကလာပ

#အမှတ်၉၀၀ ၅/၇ ဗြဟ္မစိုရ်လမ်းတွင် အောက်စီဂျင်အရည်ဖြည့်ချင်သူများ
✅မနက် ၇:၃၀-၉:၀၀ အတွင်း
☑️တဦးလျှင် အိုးသေး ၂ အိုးစီ လာရောက် အပ်နှံနိုင်ပါသည်။
⚠️အိုးအရေအတွက် ( ၅၀ ) သာ လက်ခံပါမည်။

‼️‼️ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ ကို စုရပ်တာဝန်ခံထံတွင် စာရင်းပေးခဲ့ရန်။
‼️ကဒ်ပြားတောင်းရန်

06/08/2021

လိုနေတဲ့ ကွက်လပ်လေး " ငါတတ်နိုင်သလောက် ဝင်ဖြည့်မယ်" ဆိုတဲ့ စိတ်လေးတခုနဲ့၊ လူနှစ်ယောက် Taxi လေးတစီးနဲ့ ၁၀.၇.၂၁ က ကူညီတဲ့ ကိစ္စလေး စ ခဲ့မိပါတယ်။
၁၄.၇.၂၁ မှာ ဘယ်လိုဖြစ်ပြီး လူ ၃၀ မကတဲ့အဖွဲ့ဖြစ်သွားမှန်းကို မသိတော့တာ။
အရေးအကြောင်းရှိရင်ဆိုပြီး ဆောင်ထားတဲ့ ငွေသားသိန်းရာဂဏန်းကို တတိတိ ထုတ်သုံးနေရပေမယ့် နောင်တမရပါဘူး။
အိုးကြီးလိုတဲ့သူ၊ အိုးသေးလိုတဲ့သူ၊ နှစ်ယောက်စလုံးကို ပြေလည်စေ့ချင်တော့ အိုးကြီးတွေဝယ်ပြီးသား လက်ထဲရှိသလို၊ ဇောတွေကြီးပြီး အိုးကြီး၊ အိုးသေးတွေ မှာထားရပါတယ်။
အိုးကြီးတွေဖြည့်မယ်၊ အရေးပေါ်အသက်လုနေရတဲ့သူတွေကို ကယ်မယ်လို့ ရည်ရွယ်တာပါ။
အိုးသေးတွေကို ဆေးရုံတက်ဖို့ လိုသူတွေ အရေးပေါ်ကားနဲ့ သွားတဲ့အခါ ကူဖို့ပါ။
အခုတော့ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကျွန်မအားနဲ့အဆင်မပြေတော့လို့ အဖွဲ့ကိုတိုင်ပင်ပြီး မှာထားတဲ့ အိုးတွေကို မယူဖို့ ဆုံးဖြတ်လိုက်ရပါတယ်။😪😪😪
နဂိုအိုးသေးဖြည့်ပေးနေတဲ့ ကူညီလက်စကိုပဲ ဆက်လုပ်သွားမှာပါ။

အားလုံးကျန်းမာကြပါစေရှင်။
21 Myanmar Oxygen အဖွဲ့ကို မလိုတော့မယ့်ရက်တွေ အမြန်ရောက်ပါစေရှင်🙏🙏🙏

Photos from Myint Zaw's post 06/08/2021

Our TEAM💫💫💫

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

70 B 5 F Shwegondai Bahan
Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)