TTH Myanmar Co.,LTD

“Heritage on a plate: Reviving Myanmar’s sweet story, One Dessert at a Time”

22/09/2024

Tomo Mart
TOMO Mart 🤝

Photos from TTH Myanmar Co.,LTD's post 11/07/2024

QR code ကTik Tok တော့ လွယ်သား... မိုက်တယ်😅
Tik Tok business account လေးလဲ ... ခေတ်နောက်ကျမကျန်ရအောင် ..အမှီလိုက်ပြီဗျို့....💪🏻

အားပေးဝန်းရံကြပါအုံးရှင့်...

ချစ်တို့ရေ📣

04/07/2024

Good Luck နော် 🤝🤞🍀

မြန်မာကမုန့်တွေ ကမ္ဘာကသိစေရမယ့်ဆို "Tint Tint -
- တင့်တင့် မြန်မာရိုးရာမုန့်မျိုးစုံလုပ်ငန်း"ရဲ့ ဆောင်ပုဒ်နှင့်အညီ

ပြည်တွင်းသာမက ပြည်ပထိပါ ထိုးဖောက်နိုင်တဲ့

💛သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ မြန်မာ့အစားအစာ
💛 တမ်းတလိုက်တိုင်း စားလို့ရနိုင်အောင် စီစဉ်ထားပေးတဲ့ အေးခဲ မြန်မာမုန့်
💛 တွေးမိလိုက်တဲ့ မြန်မာအစားအစာ အမျိုးပေါင်းများစွာ တစ်‌နေရာတည်းရရှိနိုင်တဲ့ စုံလင်မှု
💛 ဆယ်စုနှစ်တစ်ခုတိုင် နာမည်တစ်လုံးနှင့်ရပ်တည်လာပြီး
💛 ဘယ်ပွဲဖြစ်ဖြစ် တင့်တင့် မပါမဖြစ်ဟေ့ဆိုပြီး ကြွေးကြော်ရလောက်တဲ့အထိ Premium မြန်မာရိုးရာမုန့်မျိုးစုံ

တင့်တင့်မှ Dry Package ထဲမှာ မုန့်လုံးရေပေါ် ၊ မုန့်ကြာစိတာတကူ၊ ဂျုံကြို တစ်ဘူးစီ (၃) ယောက်စာ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

လက်ဆောင်လေးလိုချင်ရင်
☘️ ဒီပိုစ့်ကို Like & Share ပြီး
☘️ Comment မှာ Good Luck လို့ ရေးသွားပေးရင်ရပါပြီ Sisters တို့ရေ...

8.07.2024 ထိ ပါ၀င်နိုင်ပြီး 9.07.2024 မှာ ကံထူးရှင်များကို ကြေငြာပေးသွားမှာဖြစ်ပါတယ်။🥳

________________________
WTM ရဲ့ Global Startup Competition မှာ Global တက်ရောက်နိုင်ဖို့ Voting ပေးပြီပြီလား🙆🏼‍♀️

မပေးရသေးရင် ဒီ Link ကိုနှိပ်ပြီး Vote ပေးပါဦးနော်။

🏅Ecosystem of the Year
https://public-voting.globalstartupawards.com/competition-public-voting/633e955aa225bb5bd095e6dd?nominationId=6638b0f9d2ec1204543cfeb1

🏅Diversity of the Year
https://public-voting.globalstartupawards.com/competition-public-voting/633e955aa225bb5bd095e6dd?nominationId=6638b0fad2ec1204543cfeb4


်တင့်မြန်မာရိုးရာမုန့်မျိုးစုံလုပ်ငန်း

Photos from TTH Myanmar Co.,LTD's post 24/06/2024

Myanmar Specialty Food & Beverage
Specialty Food Association
23-25 June 2024
Jacob Javits Convention Center, New York
Booth 3411

Photos from TTH Myanmar Co.,LTD's post 30/04/2024

#ပျော်ရွှင်မှုဆိုတာ... ဘာလဲမေးရင် တကူးတက ကြော်ငြာစရာမလိုဘဲနဲ့ကို ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ လျှံကျလာတဲ့ ဒီလို review စစ်စစ်လေးတွေပေါ့...

အခုလို တင့်တင့်ရဲ့ နာမည်ကြီး Dry Product တွေထဲက မုန့်လုံးရေပေါ် Dry Product ကို ဝယ်ယူသုံးဆောင်ပြီး တကူးတက ဖော်ပြပေးတဲ့ ချစ်ရတဲ့ အမြဲအားကျရတဲ့အနုပညာရှင် သရုပ်ဆောင် Smile ကို တင့်တင့် မြန်မာ့ရိုးရာမုန့်လုပ်ငန်းကနေ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင့်။
#တင့်တင့် #မုန့်လုံးရေပေါ် #မြန်မာမုန့်

Photos from အလှူ့အမ's post 15/03/2024

ကဲကဲ....ရိုးရာမပျက်နှစ်စဉ်ပေါင်းစပ်မှုတွေလာပြီနော်...

ပေါင်းစပ်ဖန်တီးရတာ ကိုယ်တွေအလုပ်....
အားပေးဖို့က ယူတို့အလုပ် 😁😍

https://m.facebook.com/story.php?story_fbid=1335779310593691&id=100024849034917

03/01/2024

"စည်းလုံးခြင်းအတွက် မုန့်ကြာစေ့သာကူတစ်ခွက်..." လို့နာမည်ပေးချင်တယ်။ ဘာဖြစ်လို့လဲသိလား...
ပထမဆုံး တစ်ယောက်ကဆန်မှုန့်ကို ရေနဲရောနယ်ပြီး မုန့်နှစ်လုပ်ပြီး မုန့်လုံးလေးတွေလုံးနေတဲ့အချိန်မှာ တယောက်က ရေနွေးကြိုတည်ပေးထားရမယ်။
မုန့်လုံးလုံးအပြီး ရေနွေးလည်း အဆူမှာ မုန့်လုံးသေးသေးလေးတွေထည့်ပြီးပြုတ်။ မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာရင် ဆယ်ပြီး အအေးခံထားမယ်။

အဲဒါတွေလုပ်နေချိန်မှာပဲ နောက်တယောက်က ထန်းလျှက်မှုန့်ကို ဆားလေးနည်းနည်းထည့်ပြီး ကြိုပေးနေမယ်။ ပွက်ပွက်ဆူလာချိန်မှာ တယောက်က ရေဆေးပြီး သန့်စင်ထားတဲ့ သာကူစေ့လေးတွေကို ထန်းလျှက်ရည်ထဲ ထည့်ပြုတ်မယ်။

၁၀ မိနစ်လောက်ကြာပြီ သာကူစေ့လေးတွေလည်း နူးအိသွားပြီဆို ခုနက အအေးခံထားတဲ့ မုန့်လုံးလေးတွေကို ထည့်။ ပြီးရင် အုန်းသီးလေးဖြူး၊ အုန်းနို့/နို့စိမ်းလေးစမ်းပြီး စားရုံပဲ။
ဒီလို စည်းစည်းလုံးလုံးနဲ့ Timing ကိုက် အချိတ်အဆက်မိနေအောင်လုပ်စားမှလည်း မုန့်ကြာစေ့သာကူဆိုတာ
သာကူစေ့လေးတွေရဲ့ ခံတွင်းထဲလျှပ်ပြေးနေတဲ့အရသာ...
မုန့်လုံးလေးတွေရဲ့ အိစိအိစိ စေးစေးပိုင်ပိုင်အရသာ...
ထန်းလျှက်ရဲ့ ချိုချိုမွှေးမွှေးအရသာလေးက ပိုပြီး ပေါ်လွင် ထိမိနေတာမျိုး။

ကိုယ့်ဖာသာရော အိမ်မှာလုပ်စားဖြစ်ကြရဲ့လား...

အခုလို နေ့တဓူဝ အလုပ်တွေများနေတော့ အလှူပွဲတို့ စတုဒိသာတို့ သူငယ်ချင်းတွေ ဆုံတုန်းဆုံခိုက်ကလွဲရင် အိမ်မှာလုပ်စားဖြစ်လောက်မယ်မထင်ဘူး။
ပြည်ပရောက်နေတဲ့ ရွှေမြန်မာတို့ရော လုပ်စားဖြစ်ကြရဲ့လား?
ဟုတ်တော့လည်း ဟုတ်ပါတယ်...။
မုန့်တပွဲစားရဖို့ အမယ်စုံအောင်ဝယ်နေရတာ။ အချိုးအစားမမှန်ရင် ကျန်တဲ့ဟာက ကျန်နဲ့ မီးဖိုဆောင်ထဲ အချိန်တွေအကြာကြီး နေရာယူပြီး လွှင့်ပစ်ရတဲ့ဆီရောက်သွားရော။

ဒါပေမယ့် တင့်တင့်မှာကတော့ ပြည်တွင်းသွားသွား ပြည်ပထွက်ထွက် အလွယ်တကူသယ်သွားပြီး လူ ၅ ယောက်စာအတွက် အချိုးအစားညီအောင် ဖန်တီးထားတဲ့ Dry မုန့်ကြာစေ့သာကူ package လေးရှိပါတယ်။ Instruction ကိုလည်း သေသေချာချာဖော်ပြထားလို့ လုပ်ရတာလည်း လွယ်တယ်နော်။

လုပ်မစားချင်ဘူး။ အခုချက်ခြင်းစားချင်တာပါ.. သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး စားချင်တာပါဆိုရင်တော့ တင့်တင့် ဆိုင်ခွဲတွေကိုသာ အရောက်လှမ်းလာခဲ့ပေးပါလို့😊

#တင့်တင့် #မြန်မာ့ရိုးရာမုန့် #မုန့်ကြာစေ့သာကူ

02/01/2024

“မုန့်ဖက်ထုပ် ပူပူလေး...”
အသံသာ ကြားလိုက်ရတယ် စျေးသည်ပျောက်လို့ စားချင်သော်လည်း မစားလိုက်ရတာမျိုး...
နားဘယ်လောက်ပဲစွင့်ထားပေမယ့် စက်ဘီးအရှိန်မြန်မြန်ကြောင့် လက်လွတ်လိုက်ရတာမျိုး...
စားချင်လို့ စောင့်နေပြီဆိုပေါ်မလာ...
ဒါရန်ကုန်မှာနေတဲ့သူတိုင်း မုန့်ဖက်ထုပ်နဲ့ ပတ်သက်ပြီး ကြုံကိုကြုံဖူးကြလိမ့်မယ့် အတွေ့အကြုံတခုဆိုရင် မှားမယ်မထင်ပါဘူး။..

အခုချိန်ကစပြီး ဒီအတွေ့အကြုံတွေကို တင့်တင့်ရဲ့ မြန်မာ့ပြည်မှာ ပထမဆုံး Frozen မုန့်ဖက်ထုပ်လေးနဲ့
ဖြေသိမ့်လို့ရပါပြီ။

မြန်မာမုန့်တွေကို စားချင်လာတိုင်း အလွယ်တကူ အချိန်မရွေး စားနိုင်အောင်
ကျန်းမာရေးနဲ့ညီညွတ်ပြီး သပ်ရပ်သန့်ရှင်း၊ အရသာရှိဖို့ကို အဓိကဦးစားပေးထားတဲ့အတွက်

ရေနွေးပွက်ပွက်ဆူနေတဲ့ ပေါင်းအိုးထဲကို ၄၅ မိနစ်လောက်ထည့်ပေါင်းထားပေးပြီး
သုံးဆောင်ကာနီးမှာ ငှက်ပျောရွက်လေးတွေကို နွှာပြီး စားသုံးလိုက်ရုံနဲ့
ငှက်ပျောရွက်နံ့ သင်းသင်းလေးရယ်
လတ်ဆတ်မှုတွေ ကြိုင်လှိုင်နေတဲ့အုန်းသီး၊ သကြားရဲ့ juicy ဖြစ်တဲ့ ချိုမြမြအရသာလေးရယ်နဲ့
ပူပူနွေးနွေးလေး မုန့်ဖက်ထုပ်လေးကို စားသုံးနိုင်မှာပါ။

ကြာရှည်ခံဆေး၊ ဓာတုဆေးဝါးတွေလုံးဝ မသုံးထားတာမို့လို့ ရေခဲသေတ္တာအအေးခန်း -18•C မှာ သိမ်းဆည်းထားဖို့တော့ လိုမယ်နော်...

#တင့်တင့် #မြန်မာမုန့် #မုန့်ဖက်ထုပ်

14/09/2023

❣️"မြန်မာမုန့်ဆိုင်လည်း ဖွင့်ချင်တယ်.... မုန့်ကလည်း မလုပ်တတ်ဖူး..." ဆိုသူများအတွက်❣️
သင့်မှာ ၆ ပေ ပတ်လည်ဆိုင်နေရာလေးသာရှိ...အရင်းအနှီးအနည်းငယ်နဲ့ လက်တင်ဖွင့်နိုင်အောင် "တင့်တင့်" က စတင်အကောင်ထည်ဖော်နေပါပြီ....:
မြန်မာမုန့်မျိုးစုံကို ကိုယ်တိုင်လုပ်တတ်အောင် သင်ကြားပေးမယ့်အပြင် ....
👩‍💻ဆိုင်ဖွင့်နည်း
👩‍💻စာရင်းထိန်းသိမ်းနည်း
👩‍💻ဝန်ထမ်းစီမံခန့်ခွဲနည်း
👩‍💻ကြော်ငြာနည်း
👩‍💻ဖောက်သည်ဝန်ဆောင်နည်း
👩‍💻နာမည်ကောင်းထိန်းသိမ်းနည်း
👩‍💻အမြတ်ရရှိနည်း
👩‍💻ဈေးကွက်ချဲ့ထွင်နည်း များစွာဖြင့် အတူလက်တွဲစီးပွားမြဲမယ့်......
တင့်တင့်ရိုးရာမုန့် ကိုယ်စားလှယ်ဆိုင်ခွဲ (Franchise) အဖြစ် ရောင်းချနိုင်မယ့် အခွင့်အရေးလေးပဲဖြစ်ပါတယ်။
ယခု လာမယ့် 2024 မှာ ရန်ကုန်မြို့တွင်း တမြို့နယ် တဆိုင် ပေးဖို့ ရည်ရွယ်ထားပါတယ်.....
📌 မြို့နယ်တစ်ခုစီအတွက် Franchise တစ်ဦးထဲကိုသာ ရွေးချယ်လက်ခံပေးသွားမှာဖြစ်ပါတယ်
📌တမြို့နယ်မှာ တဦးထက်မက လိုချင်သူရှိနေပါက ဆိုင်ဖွင့်မယ့်နေရာ ပတ်ဝန်းကျင် လူသွားလူလာပေါ်မူတည်၍နှစ်ဦးနှစ်ဖက်ပို အလားအလာရှိမယ့်အပေါ်မူတည်၍ တနေရာသာရွေးပါမည်
📌ကုမ္ပဏီ၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့တွင်း ဝင်ငွေနဲ အမျိုးသမီးအလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရေးကို အဓိက ထားအကောင်ထည်ဖော်ခြင်းဖြစ်ပါ၍ ဆိုင်ဖွင့်ဖို့ ငွေအရင်းနှီးအတွက် စဉ်းစားနေရသူများလဲ လျှောက်ထားနိုင်ပါသည်
📌ပထမဆုံး ရာထားသောမြို့နယ်များမှာ....
ပုဇွန်တောင်,စမ်းချောင်း,လှည်းတန်း,တာမွေ,ကမာရွတ်,မြောက်ဥက္ကလာ,လှိုင်,သာကေတ,သင်္ကန်းကျွန်း,တောင်ဥက္ကလာ,မင်္ဂလာတောင်ညွန့်,ကြည့်မြင်တိုင်
ဒါကြောင့် မြန်မာ့ရိုးရာမုန့်လေးတွေကို နှစ်သက်လို့ ကိုယ်တိုင်ဖန်တီးချင်တယ်...အပိုဝင်ငွေလည်း ရှာချင်တယ်ဆိုရင်တော့ တင့်တင့် ရိုးရာမုန့် ကိုယ်စားလှယ်ဆိုင်ခွဲ (Franchisee) ယူဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော် ❤️️

📌စိတ်ဝင်တစားလျှောက်ထားလိုသူများအတွက်

https://forms.gle/ZPoxmxvcAxdqaFRi6 ဒီ link လေးမှာ ဖောင်လေးဖြည့်သွင်းထားပေးပါရှင်..24 နာရီအတွင်း ကျမတို့ Franchise team မှသေချာဆက်သွယ်လာပါလိမ့်မယ်ရှင့်



#တင့်တင့်မြန်မာ့ရိုးရာမုန့်မျိုးစုံလုပ်ငန်း #တင့်တင့် #မြန်မာမုန့်

Photos from TTH Myanmar Co.,LTD's post 11/08/2023

🌧️ ယခုလိုမိုးသည်းပုံနဲ့ အသည်ရှာရခက်ချိန် မြန်မာမုန့်ပူပူနွေးနွေးလေးတွေကို စားချင်လာခဲ့ရင်

တင့်တင့်အေးခဲမြန်မာမုန့်လေးတွေရှိတယ်နော်။ 💯 ခြောက်လအထိ အထားခံပြီး မူလမြန်မာမုန့်အရသာအပြည့်ရစေဖို့ အစာပလာတွေကို လတ်ဆတ်တဲ့ကုန်ကြမ်းတွေနဲ့ထည့်သွင်းပြုလုပ်ပေးထားတယ်။

♨️ စားချင်လာတဲ့အခါ အထုပ်လေးဖောက် မုန့်လေးတွေကို ပြုတ်/ပေါင်း/ကြော် လိုက်ရုံနဲ့ အချိန်မရွေးပြင်ဆင်လိုက်ရုံပဲ

✅ တစ်နိုင်တစ်ပိုင်အထုပ်လေးတွေဆိုတော့ ပိုလျှံကုန်လို့ အလကားဖြစ်ကုန်တာမျိုးလည်း မရှိဘူး။

တင့်တင့်ကနေ ထုတ်လုပ်ထားတဲ့ Frozen Food တွေကတော့-

🔹Frozen မုန့်လုံးကြီးအုန်းနို့စမ်း
🔹Frozen မုန့်လက်ကောက်ကြော်
🔹Frozen နှမ်းကပ်ကြော်
🔹Frozen မုန့်ဖက်ထုပ် တို့ဖြစ်ပါတယ်။

ဥတုနွေးနွေးမနွေးနွေး တင့်တင့် Frozen Food တွေကို ပူပူနွေးနွေးစားချင်ရင်တော့ 🛒 Ocean Super Center, Capital Hypermarket, Marketplace by City Mart နှင့် Makro Myanmar မှာ ဝယ်ယူနိုင်ပြီနော်

‼️လက္ကားဝယ်ချင်သူတွေအနေနဲ့လည်း တင့်တင့် page ကနေတဆင့် ဝယ်ယူအားပေးနိုင်ပါတယ်..

‼️မြန်မာနိုင်ငံ အရပ်ရပ်က တဆင့်ပြန်ရောင်းချင်သူတွေ၊ နိုင်ငံရပ်ခြားက တဆင့်ပြန်ရောင်းလိုသူတွေအားလုံးကိုလည်း နွေးထွေးစွာနဲ့ကြိုဆိုလျှက်ပါရှင်..

‼️လက္ကားအော်ဒါတွေအတွက် အနည်းဆုံး (၁)ရက်လောက် အော်ဒါကြိုတင်ပေးကြပါနော်..
မြန်မာမုန့်ကိုချစ်ခင်အားပေးကြသူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...❤️

📌Page Message box မှဖြစ်စေ ဖုန်းနံပါတ် 09 4200 46611 ကိုဆက်သွယ်ပြီးတော့ဖြစ်စေ မှာယူနိုင်ပါပြီရှင့်...

#တင့်တင့်မြန်မာ့ရိုးရာမုန့်မျိုးစုံလုပ်ငန်း
#တင့်တင့်
#မြန်မာမုန့်

07/06/2023

❤🇲🇲 အနယ်နယ်အရပ်ရပ်က တင့်တင့် မြန်မာ့ ရိုးရာမုန့်ရဲ့ ရွှေမြန်မာကိုယ်စားလှယ်ကြီးများအတွက် အထူးအစီအစဥ်

🛍️ မြန်မာမုန့်စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြတဲ့ တင့်တင့်ရိုးရာမုန့်တွေကို ဖြန့်ချီရောင်းချလိုတဲ့ ကိုယ်စားလှယ်အသစ် များနှင့် ဆိုင်ရှင်ကြီးများအတွက် Free Delivery နှင့် လက်ဆောင်တွေကို ပေးသွားမှာပဲ ဖြစ်ပါတယ်နော်

မှာယူနိုင်တဲ့ Items တွေကတော့ Dry Food လေးတွေ 🍁 နှင့် မြန်မာ့ပထမဆုံးအေးခဲ Frozen Food 🧊 အထုပ်လေးတွေပဲ ဖြစ်ပါတယ်။

ထုပ်ပိုးမှုစံချိန်မှီ ✅၊ အရသာကလည်း လျှာလည်လွန်းတော့ ခရီးသွားရင်းပဲဖြစ်ဖြစ် လက်ဆောင်အတွက်ပဲဝယ်ဝယ် တင့်တင့်ရိုးရာမုန့်တွေကိုပဲ ရွေးချယ်ကြတာကြောင့် လူကြီးမင်းတို့ရဲ့ မြန်မာမုန့်ရောင်းအားကို နှစ်ဆတိုးစေမှာအသေအချာပါပဲ❤️

𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐓𝐃 သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ် မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချိပေးနေတာမို့😍

မြန်မာရိုးရာအစားအစာတွေကို ရေရှည်တည်တံ့အောင် လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်။




#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

24/05/2023

🥥 ချိုမြိန်ဆိမ့်သက်တဲ့ အုန်းနို့စမ်းအရသာကို နှစ်သက်ပါသလား ?

တစ်ကိုက်ဆိုတစ်ကိုက် နူးညံ့မှုအပြည့်နဲ့အရသာကို ခံစားပြီး 🥰 တစိမ့်စိမ့်ကျနေတဲ့ အုန်းစာသကာချိုမြမြကိုလည်း ကြိုက်တတ်တဲ့သူဆိုရင်တော့ တင့်တင့်ရဲ့ မုန့်လုံးကြီးအုန်းနို့စမ်းက သင့်အတွက်ပါပဲ

🤭 အုန်းစာအနှစ်ချိုချိုလေးရယ် အပေါ်မှာ စမ်းစားရတဲ့အုန်းကြော်လေးတွေရယ်ဆို ဘာနဲ့မှကို မလဲနိုင်တာ

✅ အချိုပဲ တည်းတည်း၊ ✅ ဧည့်ခံဖို့အတွက်ပဲ ရွေးရွေး ရိုးရာမုန့်အရသာစစ်စစ်ကို အချိန်ခဏလေးအတွင်းမှာ ပြင်ဆင်ချင်ရင်တော့ တင့်တင့် Frozen မုန့်လုံးကြီးတွေကို ရွေးချယ်ပေးဖို့လိုပါမယ်။

ဒီတော့ ပြင်ဆင်ချိန်ခဏလေးနဲ့ မုန့်လုံးကြီးအရသာစစ်စစ်ကို 🍽️ ကိုယ်တိုင်ပြင်ဆင်စားသုံးဖို့ တင့်တင့် Frozen မုန့်လုံးကြီးအုန်းနို့စမ်းကို ရွေးချယ်ဝယ်ယူစို့နော်

‼️လက္ကားဝယ်ချင်သူတွေအနေနဲ့လည်း တင့်တင့် page ကနေတဆင့် ဝယ်ယူအားပေးနိုင်ပါတယ်..

‼️မြန်မာနိုင်ငံ အရပ်ရပ်က တဆင့်ပြန်ရောင်းချင်သူတွေ၊ နိုင်ငံရပ်ခြားက တဆင့်ပြန်ရောင်းလိုသူတွေအားလုံးကိုလည်း နွေးထွေးစွာနဲ့ကြိုဆိုလျှက်ပါရှင်..

‼️လက္ကားအော်ဒါတွေအတွက် အနည်းဆုံး (၃)ရက်လောက် အော်ဒါကြိုတင်ပေးကြပါနော်..
မြန်မာမုန့်ကိုချစ်ခင်အားပေးကြသူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...❤️

📌Page Message box မှဖြစ်စေ ဖုန်းနံပါတ် 09 4200 46611 ကိုဆက်သွယ်ပြီးတော့ဖြစ်စေ မှာယူနိုင်ပါပြီရှင့်...

#တင့်တင့်မြန်မာ့ရိုးရာမုန့်မျိုးစုံလုပ်ငန်း
#တင့်တင့်
#မြန်မာမုန့် #မုန့်လုံးကြီး

18/05/2023

“ ချိုစိမ့်မွှေးတဲ့ သူ့အရသာ တစ်လုံးစားပြီးတိုင်း ထပ်စားချင်တာ 🥰 ”

သူ့မှာက အုန်းသီးအစာလေးတွေပါသလို အုန်းဆီချက်အနှစ်လေးတွေကို စမ်းပြီး စားရတဲ့ ချိုစိမ့်မွှေးအလုံးလေးပေါ့ 😋 တင့်တင့်ချစ်သူတွေဆိုရင် ဒီမုန့်လုံးလေးကို ခန့်မှန်းမိမယ်ထင်ပါတယ် 😏

ဟုတ်ပါတယ် ❗❗ ဒီမုန့်လုံးလေးတွေက ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြတဲ့ မုန့်လုံးကြီးအုန်းနို့စမ်းပဲ ဖြစ်ပါတယ်ရှင်

💁 အရသာရှိပြီး အချိုးအစားညီမျှစွာနဲ့ ထုပ်လုပ်ထားတဲ့ မုန့်လုံးကြီးအုန့်နို့စမ်းကို တင့်တင့်ရဲ့ Frozen Food ကျေးဇူးတွေ ‌လွယ်ကူရိုးရှင်းစွာ ကိုယ်တိုင်ပြုလုပ်စားသုံးနိုင်ပြီနော်

တင့်တင့် Frozen မုန့်လုံးကြီးအုန်းနို့စမ်းကို (၄၅) မိနစ်အတွင်း စားသုံးနိုင်ဖို့ အဆင့်ဆင့် လုပ်ဆောင်ပုံလေးတွေ ကို အောက်ပါ Video လေးမှာ ဖော်ပြပေးထားပါတယ်။

📌 တင့်တင့်ရဲ့ မြန်မာ့ပထမဆုံးအေးခဲမြန်မာမုန့်များကို နီးစပ်ရာ Supermarket တိုင်းမှာ လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐓𝐃 သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ် မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချိပေးနေတာမို့😍
လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

#မုန့်လုံးကြီးအုန်းနို့စမ်း

#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

24/04/2023

သင့်မသိသေးတဲ့ အေးခဲ( Frozen )မုန့်တွေအကြောင်း တစ်စေ့တစ်စောင်း

🏜️ အပူပိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့အလျှောက် ကျွန်မတို့လူမျိုးတွေနဲ့ ရင်းနှီးဖို့ လိုနေသေးတဲ့အရာက အေးခဲ ( Frozen ) အစားအစာတွေပဲဖြစ်ပါတယ်။ အမြဲလိုလို အစားအစာတွေကို လတ်လတ်ဆတ်ဆတ်ကြော်ချက် စားသောက်နေတာကြောင့်လည်း အေးခဲအစားအစာတွေဆိုရင် အရသာမရှိဘူးလို့တွေးရင်း မစားဖြစ်ကြတာပါ။

ဒါကြောင့် အေးခဲ ( Frozen ) မုန့်တွေရဲ့ မထင်မှတ်ထားတဲ့ အားသာချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

🧊 အသုံးပြုရအဆင်ပြေတယ်။

အလုပ်များနေတဲ့သူတွေ မိသားစုတွေအနေနဲ့ အေးခဲအစားအစာတွေက ပြင်ဆင်ရ လွယ်ကူလျင်မြန်တာကြောင့် အချိန်မရွေးစားရအဆင်ပြေစေတဲ့ ရွေးချယ်မှုတစ်ခုဆိုရင် မမှားပါဘူး။ စားခါနီးမှ ရေခဲသေတ္တာထဲက ထုတ်ပြီး ပြင်ဆင်ချက်ပြုတ်နိုင်လို့ အစားအသောက်ချက်ပြုတ်ချိန်ကိုလည်း လျှော့ချပေးပါတယ်။

🧊 အမြဲရရှိနိုင်တယ်။

အရင်တုန်းကဆိုရင် ရာသီစာတစ်ခုစားဖို့ကို အဲ့ရာသီတစ်ခုကို စောင့်ပြီးမှ စားရပါတယ်။ ဒါပေမယ့် အေးခဲအစားအစားတွေနဲ့ဆိုရင် တစ်နှစ်ပတ်လုံးမှာ စားချင်တာလေးတစ်ခုရှိတာနဲ့ အထုပ်လေးဖောက် အနည်းငယ်ပြင်ဆင်ပြီး စားသုံးရုံပါပဲ။

🧊 လတ်ဆတ်တဲ့အစားအစာတွေနဲ့ အာဟာရအတူတူပဲ။

အေးခဲအစားအစာအများစုက ပြင်ဆင်ချက်ပြုတ်ပြီးမှ အသေအချာစီမံထုတ်လုပ်ထားတာဖြစ်လို့ လတ်ဆတ်ပြီးသားလို့ဆိုနိုင်ပါတယ်။ အာဟာရနှင့် ဗီတာမင်တွေက ဒီအစားအစာတွေထဲမှာ အေးခဲပြီးပိတ်လှောင်နေမှာဖြစ်လို့ ပြန်လည်ပြင်ဆင်လိုက်တာနဲ့ ဒီအရသာ ဒီအာဟာရဓာတ်တွေကိုပဲ ပြန်လည်ရရှိမှာပါ။

🧊 အစားအစာတွေ စွန့်ပစ်ရတာကို လျှော့ချပေးတယ်။

အေးခဲအစားအစာအဖြစ်ထိန်းသိန်းထားတော့ ပုံမှန်အစားအစာတွေလို အချိန်ကာလတစ်ခုရောက်ရင် ပုပ်ပွပျက်ဆီးတာမျိုးမရှိတော့ဘူးပေါ့။ သတ်မှတ် Date အတွင်းမှာ စားချင်တဲ့အချိန် ပြင်ဆင်စားသောက်လိုက်ရုံပါပဲ။

😇 အေးခဲအစားအစာတွေက သင်တို့ထင်နေသလောက်ကို ဆိုးမနေဘူးနော်
တကယ်လို့ မြန်မာမုန့်လေးတွေကို စားချင်လာတိုင်း ရာသီတွေ အချိန်တွေရွေးနေစရာမလိုဘဲ စားချင်တယ်ဆိုရင်တော့ 🛍️🧊 တင့်တင့်အေးခဲ ( Frozen ) မုန့်လေးတွေရှိတယ်နော်

👉 ရေခဲသေတ္တာထဲက ထုတ် အနည်းငယ်အပူပေးပြင်ဆင်ရုံနဲ့ မူလမြန်မာမုန့်အရသာကို ခံစားနိုင်တော့ တင့်တင့်အေးခဲ ( Frozen ) မုန့်နဲ့ဆိုရင် အားလုံးအေးဆေးပဲပေါ့

တင့်တင့်မြန်မာ့ရိုးရာ Frozen Food များကတော့-
🔹Frozen မုန့်လုံးကြီးအုန်းနို့စမ်း
🔹Frozen မုန့်လက်ကောက်ကြော်
🔹Frozen နှမ်းကပ်ကြော်
🔹Frozen မုန့်ဖက်ထုပ်
🔹Frozen မုန့်ဗိုင်းတောင် တို့ဖြစ်ပါတယ်။

စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ် မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချိပေးနေတာမို့😍
လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။



#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

Photos from TTH Myanmar Co.,LTD's post 22/03/2023

🙏 စေတနာအရင်းခံ အရသာစစ်မှန်စွာ
ထုတ်လုပ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့် တင့်တင့်မြန်မာရိုးရာမုန့်လုပ်ငန်းကတော့
မှတ်တိုင်လေးတစ်ခု 🚩 စိုက်ထူခဲ့ပြန်ပါပြီရှင်
မတ်လ ( 19 ) ရက်နေ့ 🏰 နေပြည်တော်မှာကျင်းပခဲ့တဲ့ “ ⚙️ အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့် ထုတ်ပိုးမှုဆိုင်ရာစက်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ နှင့် ဈေးရောင်းပွဲ ” လေးမှာ တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်းမှ 🥈 ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲလေးဟာဆိုရင်
✅ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်ဖို့ အရည်အသွေးပြည့်မှီမှု ရှိမရှိနှင့်
✅ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးကို အလေးထား ဆုံးဖြတ်စစ်ဆေးတာဖြစ်လို့ တင့်တင့်မြန်မာမှ ယခုလို ဆုရရှိခဲ့တဲ့အပေါ် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်
🔜 ထွက်ရှိလာဦးမယ့် မြန်မာမုန့်အသစ်တွေနှင့် ထွက်ရှိပြီးသားမုန့်တွေကိုလည်း ပိုကောင်းတဲ့အရသာ၊ လှပတဲ့ထုပ်ပိုးမှုတွေနှင့် နိုင်ငံတကာစံချိန်စံညွှန်းမှီ ကျန်းမာရေးနဲ့ညီညွှတ်စွာ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်လို့ တင့်တင့်မြန်မာမုန့်တွေကို ဆက်လက်အားပေးကြပါလို့ တိုက်တွန်းပါရစေရှင်
🙇 ဝယ်ယူအားပေးသူ တစ်ဦးတစ်ယောက်စီတိုင်းကိုလည်း တင့်တင့်မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ် 🥰

#တင့်တင့် #မြန်မာမုန့်

15/03/2023

🥰 ပွဲတိုင်းကျော် မြန်မာမုန့်ချစ်သူတိုင်းမျှော်တဲ့
တင့်တင့် မြန်မာ့ရိုးရာမုန့်အရသာစစ်စစ်တွေကို

လက်တွဲရောင်းချလိုသူ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်လူကြီးမင်းများအားလုံးကို 🤝 ဖိတ်ခေါ်ပါတယ်ရှင့်

တင့်တင့်မြန်မာမုန့်တွေက
🛍 ဆိုင်ထုပ်အရွယ် အသင့်စားမုန့်လေးတွေ ဖြစ်တာကြောင့် 🥰
ပြည်တွင်းကော ပြည်ပရောက် ရွှေမြန်မာတို့ကပါ လွယ်ကူစွာရွေးချယ်စားသုံးကြတဲ့ မုန့်လေးလို့ ပြောရင်လည်း မမှားပါဘူး

Dry Food 🍁 နှင့် မြန်မာ့ပထမဆုံး အေးခဲ Frozen Food ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပြီး

တင့်တင့်မုန့်ထုပ်တွေရဲ့ အားသာချက်တွေက
✅ သန့်ရှင်းလတ်ဆတ်တယ်
✅ မြန်မာမုန့်တွေရဲ့ မူလအရာစစ်စစ်ရတဲ့အပြင်
✅ ကိုယ်တိုင်လုပ်စားရလွယ်တယ်
✅ နေရာမရွေးအလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့အတွက်

နယ်ပြန်၊ခရီးသွား လက်ဆောင်ပေးဖို့ အဆင်ပြေဆုံးရိုးရာမုန့်စစ်စစ်တွေပါ 🤗

Dry Food အနေနဲ့

🔹Dry မုန့်လုံးရေပေါ်
🔹Dry မုန့်ကြာစေ့သာကူ
🔹Dry ဂျုံကြိုတို့ပါဝင်ပြီး

Frozen Food မှာ -
🔹Frozen မုန့်လုံးကြီးအုန်းနို့စမ်း
🔹Frozen မုန့်လက်ကောက်ကြော်
🔹Frozen နှမ်းကပ်ကြော်
🔹Frozen မုန့်ဖက်ထုပ်
🔹Frozen မုန့်ဗိုင်းတောင် စတာတွေ ထုတ်လုပ်ပေးထားပါတယ်ရှင်

🤩 ရေရှည်သိမ်းထားလို့ရတော့ စားချင်ပြီဆိုရင် အဆင့်သင့်ဖောက်လုပ်စားလိုက်ရုံပဲ
ဒါ့အပြင် တင့်တင့်ကို တွေ့တာနဲ့ “ လက်ဆောင်အဖြစ်ဝယ်သွားဦးမှ ” ဆိုပြီး 🤭 စိတ်ကူးနေသူတွေများတော့ တင့်တင့်က လူကြီးမင်းတို့ ကိုယ်တိုင်လည်း အမြတ်ရ ဝယ်သူတွေလည်း ကျယ်ပြန့်စွာဝယ်ယူနိုင်အောင် ဖြန့်ချီပေးခြင်းဖြစ်ပါတယ်

𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐓𝐃 သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ် မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချိပေးနေတာမို့😍

မြန်မာရိုးရာအစားအစာတွေကို ရေရှည်တည်တံ့အောင် လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။




#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

28/02/2023

"အေးခဲ မြန်မာမုန့်လေးတွေကို အရသာမပျက်အောင် နည်းလမ်းမှန်မှန်နဲ့ ထိန်းသိမ်းကြမယ်"

ဒီနေ့မှာတော့ တင့်တင့် Frozen မြန်မာမုန့်လေးတွေကို အရသာရှိရှိ စားသုံးနိုင်ဖို့အတွက်
စဝယ်ယူကတည်းက သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

✅ဈေးဝယ်စင်တာတွေ ရောက်တုန်း တင့်တင့် Frozen မြန်မာမုန့်တွေကို ဝယ်ယူမယ်ဆိုရင်
အေးခဲမုန့်လေးတွေဖြစ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေအားလုံး ရွေးချယ်ဝယ်ယူပြီး
နောက်ဆုံးအိမ်ပြန်ခါနီးမှသာ ဝယ်ဖို့ အကြံပြုပါရစေရှင်။

✅ဝယ်လာတဲ့ တင့်တင့် Frozen မြန်မာမုန့်တွေကို ချက်ချင်းမလုပ်စားသေးဘူးဆိုရင်
ရေခဲသေတ္တာရဲ့ အပေါ်ခန်း (အခဲခန်း) မှာ သိုလှောင်ထည့်ထားရပါမယ်။
အကောင်းဆုံးနည်းလမ်းကတော့ 18'C ချိန်ညှိထားတဲ့ အခဲခန်းထဲမှာ သိုလှောင်သင့်ပါတယ်။

✅တင့်တင့် Frozen မြန်မာမုန့်တွေက ပြင်ပအပူချိန်မှာ တစ်နာရီ အလွန်ဆုံးခံပြီး
ရေခဲပုံးထဲ ထည့်သွားမယ်ဆိုရင် (၂၄) နာရီ လောက်ခံပါတယ်။ ဒါ့ကြောင့်
ခရီးဝေးတို့ နယ်တို့မှာ စားဖို့အတွက် ယူသွားမယ်ဆိုရင် ရေခဲပုံးထဲ ထည့်သွားသင့်ပါတယ်။

ဒီအချက်လေးတွေအတိုင်း သေချာလိုက်နာပြီး ထိန်းသိမ်းမယ်ဆိုရင်
တင့်တင့် Frozen မြန်မာမုန့်တွေကို ပြင်ဆင်လုပ်စားတဲ့အခါကျ
အရသာအလွန်ရှိနေမှာ အသေအချာပေါ့🥰

တင့်တင့် Frozen မြန်မာမုန့်အမျိုးမျိုးအတွက် ပြင်ဆင်လုပ်စားနည်းလေးတွေကို အထုပ်လေးတွေရဲ့ အနောက်ဖက်မှာ ဖော်ပြပေးထားပါတယ်နော်

🥰အားလုံးကြိုက်လို့ လူတိုင်းစား တင့်တင့်မြန်မာ့မုန့်မျိုးစုံများ 😋



#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

23/02/2023

တူနှစ်ကိုယ်စုံလေ့ရှိတဲ့ ဒီလိုလလေးမှာ ကိုတစ်ဇွန်း ချစ်တစ်ဇွန်းနဲ့
ချစ်ကြည်နှူးဖို့ရွေးချယ်သင့်တာက စားလို့ကောင်းတဲ့ တင့်တင့်မုန့်ကြာစိသာကူကြိုလေးပဲဖြစ်ပါတယ် . . .

မြန်မာ့ထန်းလျက်ရဲ့ ချိုမြတဲ့အရသာနဲ့ အိစက်စက်မုန့်ကြာစိလုံး၊သာကူစိလေးတွေကို ပေါင်းပြီး လျှာပေါ်တင်လိုက်ရတဲ့အရသာက အတူရှိနေချိန်တွေကို နှစ်ဆတိုးပြီး ချိုမြစေတယ်လေ
အသင့်ပါတဲ့ အုန်းသီမုန့်လေးတွေကြောင့် စိမ့်ပြီးရင်း စိမ့်ပါပဲနော် 😊

တင့်တင့် မုန့်ကြာစိသာကူကြိုလေးကို အရသာရှိစွာနဲ့ အချိန်တိုအတွင်းမှာ စားသုံးနိုင်ဖို့ Dry Product အနေနဲ့ ထုတ်လုပ်ထားပြီး အဆင့်ဆင့် လုပ်ဆောင်ပုံလေးတွေကို အောက်က Video မှာ ဖော်ပြပေးထားပါတယ်။

တင့်တင့်ရဲ့ တင့်တင့်မြန်မာ့ရိုးရာ Dry Food များကို နီးစပ်ရာ Supermarket တိုင်းမှာ လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐓𝐃 သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ် မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချိပေးနေတာမို့😍
လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။


#မုန့်ကြာစိသာကူ
#တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်း

Photos from TTH Myanmar Co.,LTD's post 22/02/2023

နေရာစုံမှာ မြန်မာရိုးရာမုန့်တွေကို 🍱
မူလအရသာအတိုင်း လွယ်ကူလျင်မြန်စွာစားလိုသူတိုင်းအတွက် 😋
တင့်တင့်မြန်မာ Dry Snack တွေ ထုတ်လုပ်ဖြန့်ချီလိုက်ပါပြီရှင့်

💢 မြန်မာမုန့်တွေကို လုပ်စားတဲ့အခါလက်ဝင်လို့ပဲဖြစ်ဖြစ်
💢 အကျွမ်းတဝင်မရှိလို့ မလုပ်စားဖြစ်တာပဲဖြစ်ဖြစ်
💢နိုင်ငံခြားကို မြန်မာပြည်ပြန်လက်ဆောင်ဖြစ်ဖြစ်
💢အဝေးရောက်မြန်မာတို့ အလွမ်းပြေမုန့်လုပ်စားချင်ရင်ပဲဖြစ်ဖြစ်

ဒီ Snack မုန့်လေးတွေက ရွေးချယ်စရာအသင့်စားစရာလေးတွေပဲပေါ့ 😉

တင့်တင့်ရဲ့ အသင့်စားမြန်မာ့ရိုးရာ Dry Food လေးတွေကတော့
🔷 Dry မုန့်လုံးရေပေါ်
🔷 Dry မုန့်ကြာစေ့သာကူ
🔷 Dry ဂျုံကြိုတို့ပဲဖြစ်ပါတယ်။ မုန့်လုပ်စားဖို့ လိုအပ်တဲ့အရာလေးတွေကို ထည့်သွင်းပေးထားတာဖြစ်လို့ အချိန်ကုန်သက်သာ၊ အလုပ်မရှုပ်တော့ဘဲ လွယ်ကူလျင်မြန်စွာနဲ့ ပြင်ဆင်စားသုံးလိုက်ရုံပါပဲရှင် 😍

💁 ဒီအသင့်စားတင့်တင့် Dry Snack တွေကိုတော့ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ နီးနီးနားနားအပေါင်းအသင်းတွေနဲ့ ဆုံတွေ့ဖို့ပဲဖြစ်ဖြစ် အိတ်ဆောင်အဖြစ်ယူသွားဖို့ နီးစပ်ရာ Supermarket တွေမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်

TTH Myanmar Co.,LTD သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ်မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချီပေးနေတာကြောင့် မြန့်မာရိုးရာအစားအစာတွေကို ရေရှည်တည်တံအောင် လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှ တဆင့်ဆက်သွယ်စုံစမ်းဖြန့်ဖြူးရောင်းချနိုင်ပါတယ်ရှင်

စားဖူးသူတိုင်းစွဲမက်
ရှေးမှုမပြတ် တင့်တင့်မြန်မာ Snack



#တင့်တင့်မြန်မာ့ရိုးရာမုန့်လုပ်ငန်း

Photos from Blue Pond Cafe - บลูพอนด์ คาเฟ่'s post 18/02/2023

ထိုင်းက ....အမျိုးတို့အတွက်...💞

11/02/2023

စားဖို့အတွက် Ready ဖြစ်ပြီလို့ ပြောနေတဲ့အနံ့လေးက
တင့်တင့် Frozen Snack ထည့်ထားတဲ့အိုးလေးထဲကပေါ့ 😋

ချစ်ခင်ရသူတွေနဲ့ အခုလိုသာယာအေးဆေးတဲ့ကာလမှာ မုန့်လုပ်စားဖို့ပျင်းနေရင်
1️. ရေခဲသေတ္တာထဲက တင့်တင့် Frozen Snack အထုပ်လေးကိုဖောက်
2️. ရေနွေးတစ်အိုးတည်
3️. အပေါ်ကနေ ဇကာတင်ပြီးပေါင်း
4️. 45 မိနစ်ကြာရင် အအေးခံပြီး မြန်မာမုန့်အရသာစစ်စစ်ကို အေးဆေးဇိမ်ခံစားရုံပဲ 😎

😉 သူငယ်ချင်းတွေ မိသားစုတွေအတူရှိချိန်တွေမှာ စကားပြောရင်း၊ ဂိမ်းဆော့ရင်းနဲ့တင် အရသာရှိတဲ့မြန်မာမုန့်တွေကိုကို ဒီလိုစားနိုင်ဖို့ တင့်တင့်က Frozen Snack တွေကို ထုတ်လုပ်ပေးထားဖြစ်ပြီး ရရှိနိုင်တဲ့ Snack တွေကတော့
🧊 Frozen မုန့်လုံးကြီးအုန်းနို့စမ်း
🧊 Frozen မုန့်လက်ကောက်ကြော်
🧊 Frozen နှမ်းကပ်ကြော်
🧊 Frozen မုန့်ဖက်ထုပ်
🧊 Frozen မုန့်ဗိုင်းတောင့် တို့ပဲဖြစ်ပါတယ်။

🤩 တင့်တင့် Frozen Food တွေရဲ့ အားသာချက်ကတော့ အိမ်မှာရေရှည် သိမ်းထားလို့ရတာပါပဲ။
💯 မြန်မာမုန့်စားချင်တိုင်း ဈေးပတ်၊ရပ်ကွက်ထဲက မုန့်သည်တွေကိုစောင့်နေစရာမလိုတော့ဘဲ အိမ်၊ရုံးမှာတင် အထုပ်လေးဖောက်ပြီး ကြော်စား၊ပေါင်းစားအဆင်ပြေသလိုရွေးချယ်လုပ်စားလိုက်ရုံပါပဲရှင် 🥰

TTH Myanmar Co.,LTD သည် စားဖူးသူတိုင်း စွဲလမ်းနှစ်သက်သွားစေမယ့် ပြည်တွင်းထုတ်ကုန်စစ်စစ်မြန်မာမုန့်များကို ထုတ်လုပ်ဖြန့်ချီပေးနေတာကြောင့် မြန့်မာရိုးရာအစားအစာတွေကို ရေရှည်တည်တံအောင် လက်ဆင့်ကမ်းရောင်းချလိုတဲ့ လူကြီးမင်းများအနေနဲ့ Page Chat Box မှ တဆင့်ဆက်သွယ်စုံစမ်းဖြန့်ဖြူးရောင်းချနိုင်ပါတယ်ရှင်

“ လွယ်ကူလျင်မြန်စားကောင်းတာ တင့်တင့်မြန်မာ Frozen Snack ပါ ”

#လွယ်ကူလျင်မြန်

#တင့်တင့်မြန်မာ့ရိုးရာမုန့်လုပ်ငန်း

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Tomo Mart TOMO Mart 🤝
တင့်တင့် Frozen မုန့်လုံးကြီးအုန်းနို့စမ်း လုပ်စားကြမယ်
တင့်တင့် မုန့်ကြာစိသာကူကြိုလေးကို အရသာရှိစွာနဲ့ အချိန်တိုအတွင်းမှာ စားသုံးနည်း
လွယ်ကူလျင်မြန်စားကောင်းတာ တင့်တင့်မြန်မာ Frozen Snack ပါ
မြန်မာမုန့်လေးတွေရဲ့ နာမည်ကို ခန့်မှန်းဖြေဆိုပြီး 𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 ထံမှ ဖုန်းဘေလ်လက်ဆောင် ရယူလိုက်ရအောင် ပရိသတ်ကြီးရေ.....ဆော...
ဆောင်းရာသီအေးအေးလေးမှာ ပူပူနွေးနွေးမြန်မာမုန့်လေးတွေ စားချင်သူများအတွက် ...𝐓𝐓𝐇 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐓𝐃 မှ ထုတ်လုပ်ဖြန့်ဖြူးတဲ့ တ...

Category

Telephone

Address

Noth Dagon
Yangon
11111

Other Business Centers in Yangon (show all)
Aung Empire Trading Aung Empire Trading
138 Street
Yangon

SCM Online Business Ma Ei SCM Online Business Ma Ei
Yangon, YANGON

Successmore 🧡 ရေရှည်အောင်မြင်ချင်သူတွေအတွက်အခွင့်လမ်း💪🤝

A.A.T Aluminium A.A.T Aluminium
No 5(A), Ground Floor, Thiri Street, Sanchaung Township
Yangon, 11111

NOK Delivery Service NOK Delivery Service
Thu Nandar 12 Street
Yangon

သင့်တင့်သော ဈေးနှုန်း၊ လာယူခ အခမဲ့၊ မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေနဲ့ လူကြီးမင်းတို့အတွက် NOK

arkar arkar
Yangon

မဂ္လာပါဗ်

Swanyee Group Entertainment Swanyee Group Entertainment
Building 138 B-1, Room A-8, New University Avenue Road, Sayarsan Qr
Yangon, 11201

Swanyee Group Entertainment - အများအတွက်ဂီတ

Aung Brothers Aung Brothers
Yangon

Pipe & Sanitary Wares

Lucky Seven Lucky Seven
Yangon, 11131

2D/3D/4D ထိုင်းထီ တို့အပြင် ဘောလုံးပွဲ Shan li

Mytel operator Mytel operator
Yangon, MYTEL

ZM Page Like Service ZM Page Like Service
Yangon
Yangon

Giga Nova Trading Co.,Ltd Giga Nova Trading Co.,Ltd
No(877)(A), May Khalar Street, South Okkalapa
Yangon, 11091