TreasureLand App
Let's discover treasure from life by reading books.
ငွေကို သုံးပါ၊ ငွေကို မဖြုန်းပါနဲ့။
ငွေကို ငွေရှာဖို့အတွက်ဘဲ သုံးပါ၊
ရင်နှီးမြှပ်နှံမှုနဲ့ ပက်သက်လာရင်
မိမိကိုယ်ကို ပထမဦးစားပေး အသုံးပြုပါ၊
ဥပမာ ငွေရှာပေးနိုင်မဲ့ ပညာရပ်အသစ်တွေကို သင်မယ်။
ငွေပိုရှာပေးနိုင်မဲ့ လုပ်ငန်းဆိုင်ရာ ပစ္စည်းအသစ်တွေ၊ ပိုကောင်းတာတွေကို ဝယ်မယ်။
ချမ်းသာဖို့အတွက် ပထမခြေလှမ်းက
အသုံးနဲ့ အဖြုန်း ခွဲခြားသိခြင်းဖြစ်မယ်လို့
ယုံကြည်တယ်။
Mr. Xcode @ Tech4mm
ပြသနာလို့ ထင်နေရင် ပြသနာသာဖြစ်ပြီး၊
အခွင့်အလမ်းအဖြစ် မြင်ပါက အခွင့်အလမ်းသာဖြစ်တယ်။
အရေးကြီးတာက
လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို
လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ
စတင်လုပ်ဆောင်လိုက်ခြင်းဟာ
အရာရာပြီးမြောက် အောင်မြင်ခြင်းကို
ရရှိနိုင်တယ်။
Mr. Xcode @ TreasureLand App
ပစ္စုပ္ပန်တည့်တည့်မှာသာ ရှင်သန်ပါ။
ပြီးခဲ့ပြီးတဲ့ အတိတ်အတွက်
လက်တလောမှာ သင်ခန်းစာယူရန်မှ လွဲ၍
ထွေထွေထူးထူး လုပ်ရန်ကားမရှိ။
မရောက်လာသေးတဲ့ အနာဂါတ်ကာလအတွက်
တွေးတော ပူပန် ကြောက်ရွံ ဆိုးရိမ် နေခြင်းမှာလည်း
ကျန်းမာရေးထိခိုက် အိုစာစေယုံမှ လွဲ၍
အခြား အကျိုးတရားကား မရှိ။
အနာဂါတ်ကို တွေးတော ဆိုးရိမ် ပူပန်နေတာထက်
ကြိုတင် အစီအစဥ်ချပြီး
ပစ္စုပ္ပန်တည့်တည့်မှာ အကောင်အထည်ဖော်နိုင်အောင်
ကြိုးစားခြင်းကသာလျင်
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလ ၃ ပါးလုံးအတွက်
အကောင်းဆုံး အကြောင်းတရားသာ
ဖြစ်ပေတော့သည်။
Mr. Xcode @ TreasureLand App
ကိုယ့်အတွက်
ဘယ်ကိုမှ ပို့ဆောင်ပေးနိုင်ခြင်း မရှိတဲ့
လမ်းတွေနဲ့
စောစီးစွာ လမ်းခွဲလိုက်ပါ။
Mr. Xcode @ TreasureLand App
"Our app is currently in production. Stay tuned, folks!"
Demo designs...
ကိုးလနေမှ ခလေးတစ်ယောက် မွေးဖွားနိုင်မှာကို
ကြာတယ်ဆိုပြီး၊
မိန်းမ ကိုးယောက် တစ်ပြိုင်နက်ယူပြီး
၁ လနဲ့ ခလေးလိုချင်လို့ မရဘူးလေ။
ကြီးကျယ် ခမ်းနားတဲ့ အရာတွေ၊
အောင်မြင်မှုတွေကို အရယူဖို့ဆိုရင်
ဇွဲရှိဖို့လိုတယ်၊ စိတ်ရှည်တတ်ဖို့လိုတယ်။
အောင်မြင်မှုနဲ့ ကောက်ရိုးမီးဆိုတာက ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်တယ်။
Rome wasn't built in a day!
Mr.Xcode (Founder @ Tech4mm)
//27/3/2024 12:12 AM
လိုက်ရောင်းဖို့ ကြိုးစားနေသ၍တော့၊
Customer ကပြေးနေအုံးမှာဘဲ။
လိုက်မရောင်းရဘဲ Customer ကို လာဝယ်ချင်အောင် လုပ်တာကိုတော့
Marketing - မားကက်တင်း လို့ခေါ်တယ်။
ကျွန်တော်တို့အားလုံးဟာ ရှင်သန် ရပ်တည် နိုင်ရေးအတွက်
နေ့တိုင်း အချိန်တိုင်းမှာ တစ်ခုမဟုတ် တစ်ခုကို ရောင်းနေကြရပါတယ်။
ပညာရှိတဲ့သူက ပညာကိုရောင်းတယ်၊
အချိန်ရှိသူက အချိန်ကိုရောင်းတယ်၊
ခွန်အားရှိသူက ခွန်အားကို ရောင်းတယ်၊.. စသည်ဖြင့် ရောင်းနေကြရာဝယ်...
သူများထက် သာတဲ့
အရောင်းသမားကောင်းဖြစ်မှသာ
ဘဝမှာ ချမ်းသာနိုင်မယ်။
အဲ့ဒါရဲ့ သော့ချက်ကလည်း
Marketing သာဖြစ်တယ်။
Mr.Xcode (Founder at Tech4mm)
//24/3/2024 01:10 PM
ကိုယ့်ရဲ့ ကျွမ်းကျင်မှု Professional ကို ကိုယ်တိုင်သတ်မှတ်ပါ၊
ကိုယ်သွားချင်တဲ့ ပန်တိုင်းကို သေသေချာချာ သိထားတာက
ခရီးတဝက်ရောက်တာလို့ သတ်မှတ်နိုင်တယ်။
စမ်းတဝါးဝါးနဲ့ လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ
ထလုပ်နေလို့ကတော့၊
ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူး။
Mr.Xcode (Founder at Tech4mm)
//21/3/2024 12:24 PM
ဘဝအတွက် အရေးကြီးဆုံး 'အ' ၃ လုံး၊...
- A.I
- I.T
- English Language
အခြားလူတွေ လိုက်လံတုပ ကူးယူဖို့ မလွယ်ကူတဲ့ လုပ်ငန်းစုတစ်ခုကို တစ်ဆောက်ချင်ရင်၊
ဈေးကွက်ကို monopoly လုပ်နိုင်ဖို့လိုတယ်။
ချမ်းသာတာဟာ မကောင်းမှုတစ်ခု မဟုတ်သလုပ်
အောင်မြင်မှုဆိုတာဟာလည်း မိမိကိုယ်မိမိ လေးစာသမှုနဲ့
အကောင်းဆုံး ပေးနိုင်တဲ့ အရာတစ်ခုသာ ဖြစ်တယ်။
Mr.Xcode (Founder and CEO at Tech4mm)
//16/3/2024 04:39 PM
တစ်ပုံစံထဲ အောင်မြင်မှုဆိုတာက မရှိဘူး။
Google လိုအောင်မြင်တဲ့ နောက်ထပ် Company တစ်ခုက Google လိုဖြစ်နေလို့ မရဘူး၊
Facebook လိုအောင်မြင်တဲ့ နောက်ထပ် Company တစ်ခုက Facebook လိုဖြစ်နေလို့ မရဘူး။
အအောင်မြင်ဆုံးဆိုတဲ့ အရာတွေက တစ်မျိုးကို တစ်ကြိမ်ဘဲ ဖြစ်လေ့ရှိတာမို့၊
အောင်မြင်မှုကို ခြေရာကောင်ရာမှာ
သမိုင်း မှတ်တမ်းကိုဘဲ လေ့လာလို့ရမယ်၊
အောင်မြင်ဖို့ ပုံသေနည်းဆိုတာတော့ မရှိဘူး၊
ပုံတူကူးချလို့ မရဘူး။
ပုံတူကူးချနေသ၍တော့
နောက်တန်းမှာဘဲ အမြဲနေ နေရမယ်၊
အမြဲ ခြေတစ်လှမ်း နောက်ကျနေမှာဘဲ ဖြစ်တယ်။
Mr.Xcode (Founder and CEO at Tech4mm)
//16/3/2024 04:30 PM
သိမ်းငှက်တစ်ကောင်လို ခပ်မြင့်မြင့် ပျံသန်းချင်တယ်ဆိုရင်တော့၊
ဘဲလို ရေကူး မနေပါနဲ့တော့။
Take care about our Friends && Environment !!
Mr.Xcode (Founder and CEO at Tech4mm)
//15/3/2024 07:07 AM
ချမ်းသာဖို့အတွက် ဆိုရင်တော့၊...
ချမ်းသာတဲ့သူတွေ ဘယ်လိုတွေးလဲ ဆိုတာရယ်
ချမ်းသာတဲ့သူတွေက ဘယ်လိုအလုပ်တွေကို လုပ်နေလဲဆိုတာရယ်ကို
*** စု၊ တု၊ ပြု ဖိုလိုမယ်။ ***
ကိုယ်လိုချင်တဲ့
ချမ်းသာမှုမျိုး၊ အောင်မြင်မှုမျိုး မရရှိဖူးသေးတဲ့ သူတွေရဲ့
အတွေး အခေါ်နဲ့ ဘ၀ ဒဿနတွေကို
အဝေးမှာသာ ထာလိုက်ပါ။
သူ့နည်း သူ့ဟန် သူ့ လုပ်ပုံတွေက အလုပ်ဖြစ်နေရင်
သူ ချမ်းသာနေရမယ်လေ၊
ဒါပါဘဲ။
Mr.Xcode (Founder and CEO at Tech4mm)
//13/3/2024 05:59 PM
ဖိအားတွေနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ၊...
ခေါင်းငုံ့ လက်မြောက် အရှုံးပေးသွားတာနဲ့၊
မရ ရတဲ့နည်း၊ မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကြိုစား ဖောက်ထွက်သွားတာနဲ့
ဆိုပြီး ရွေးချယ်စရာ ၂ ခုရှိမယ်။
အနာဂါတ်မှာ အောင်မြင်နေမှာလား၊ ကျရှုံးနေမှာလားကို
ပစ္စုပ္ပန် ရွေးချယ် လုပ်ကိုင်မှုတွေကဘဲ အဆုံးအဖြတ်ပေးနိုင်တယ်။
အဲ့တော့ အားတင်းထားပါ၊ အကောင်းဆုံး ရှေ့ဆက်ပါ။
အနာဂါတ်အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုကို
အခုဘဲ စတင်လုပ်ဆောင် ကြရအောင်ပါ။
Mr.Xcode (CEO and Founder at Tech4mm)
//13/3/2024 10:20 AM
အလုပ် ဘယ်လောက်ဘဲများနေပါစေ
အရေးအကြီးဆုံး 10% ကိုဘဲ အာရုံစိုက်ပါ။
အလုပ် များတိုင်း၊ အလုပ် ရှုပ်နေတိုင်း
အလုပ်မပြီးနိုင်တာက သေချာပါတယ်။
Mr.Xcode (CEO and Founder at Tech4mm)
ဘယ်အဖွဲ့ကတုန်း?
A. ဟက်ခံရပြီထင်ပြီး password ချိန်းတယ်၊
B. Facebook ဖျက်ပြီး ပြန်ဒေါင်းတယ်၊
C. တခြားသူတွေ ဖုန်းဆက်မေးတယ်၊... 😂
//5/3/2024 10:20pm
//Facebook_Server_Down
test
တန်ဆောင်မုန်းလပြည့် အခါသမယတွင်
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း
Treasureland မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မြန်လက်ခံလိုက်ပြီး မြန်မြန်ရှေ့ဆက်လိုက်ပါ။
အပ္ပမာဒေန သမ္ပာဒေထ။
အပေါင်းအသင်း အရေးကြီးတယ်ဆိုတာက အလကား မဟုတ်ပုနော်၊
သူဠေး ၅ ယောက်နဲ့ မိတ်ဆွေတော်ထားရင်
၆ ယောက်မြောက်က ကျွန်တော်တို့ ဖြစ်လာနိုင်တယ် ဆိုပေမဲ့။
အမှိုက်ပုံအနားမှာ ရပ်နေမိရင် ကိုယ်ပါ အလိုလို
အမှိုက်ဖြစ်သွားနိုင်တာကို သတိထားဖို့ လိုပါတယ်။
ချမ်းသာချင်ရင်
ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ
အပြစ်မတင်နဲ့။
အပြစ်တင် ပြောဆိုခြင်းဟာ
ကောင်းမွန်တဲ့ ပြောင်းလဲမှု တစ်ခုကိုမှ မရနိုင်ပေမဲ့၊
အချိန်ကုန်တာနဲ့ ရန်များတာကိုတော့ဖြစ်စေတယ်။
စိတ်ညစ်တဲ့အခါ မံမီတွေကို ကြည့်ပါ။
===========================
သင့်ဆီမှာ အခုရှိနေတဲ့ ဒုက္ခပြဿနာ အဖုအထစ် အခက်အခဲတွေဟာ နှစ် ၅ဝ ကြာတဲ့အခါ ဘယ်လောက် သောက်ရေးပါတော့မှာလဲလို့ တစိမ့်စိမ့် တွေးကြည့်လိုက်မယ်ဆိုရင် သင် ပြုံးမိသွားပါလိမ့်မယ်။
အဲဒီအချိန်မှာဆိုရင် သင့်သားသမီးတွေတောင် သက်ကြီးပိုင်းအရွယ်ကိုရောက်လို့ သင်ကိုယ်တိုင်လည်း ဒီမြေကမ္ဘာမှာ ရှိချင်မှ ရှိတော့မှာ။ နောင် နှစ် ၁ဝဝ၊ ၂ဝဝ ဆိုရင်တော့ အခုမွေးမလာသေးတဲ့ သင့်မြေးမြစ်တွေတောင် အရိုးဆွေးပါပေါ့။။
နှစ် ၁ဝဝဝ - သင်အပါအဝင် အခု သင့်အတွက် အင်မတန် အရေးပါအရာရောက်လှတဲ့ လူသားလက်တစ်ဆုပ်စာ ဒီကမ္ဘာပေါ်မှာ ရှိခဲ့ခြင်းနဲ့ မရှိခဲ့ခြင်းအကြား၊ အောင်မြင်ခဲ့ခြင်းနဲ့ ကျရှူံးခဲ့ခြင်းအကြား၊ ရှင်သန်ခဲ့ခြင်းနဲ့ သေဆုံးခဲ့ခြင်းအကြား ကွာခြားချက် လုံးဝ (လုံးဝ) မရှိ။
ပတ်တီးလိပ်အထပ်ထပ်အတွင်းက မံမီရုပ်ကလာပ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ-၃ဝဝဝ တုန်းကတော့ သင့်လို၊ ကျွန်ုပ်လိုပဲ တစ်ဖက်မှာ အတ္တ၊ မာန၊ လောဘ၊ တစ်ဖက်မှာတော့ မေတ္တာ၊ ပညာ၊ စူးစမ်းမှုတွေနဲ့ ဒီလေကိုပဲရှူ၊ ဒီရေကိုပဲသောက်ပြီး ဒီမြေကြီးပေါ်မှာ လျှောက်ခဲ့ကြ။ သူတို့အမိန့်တော်တစ်ချက်နဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သေစေလောက်တဲ့ အာဏာမျိုးရှိခဲ့နိုင်သလို၊ ရွှေငွေ ကျေးကျွန်များစွာနဲ့ တိုင်းနိုင်ငံ နယ်မြေများစွာ စည်းစိမ်ဥစ္စာတွေလည်း ပိုင်ဆိုင်ခဲ့မှာ။
သူတို့ အောင်နိုင်ခဲ့တဲ့ စစ်ပွဲကြီးတွေ ခမ်းနားခဲ့သလို သူတို့ကြုံခဲ့ရတဲ့ သစ္စာဖောက်မှုတွေဟာလည်း ခါးသီးခဲ့။ သူတို့အတွက်တော့ သူတို့ စကြဝဠာရဲ့ အလယ်ဗဟိုဟာ သူတို့ဆီမှာ။ ဒါတွေအားလုံးဟာ “သမုဒ္ဒရာ ရေမျက်နှာပြင်ထက် ခဏတက်လာ ရေပွက်ပမာ” အခုတော့လည်း ဘာဆိုဘာမှကို မဟုတ်တော့။ မှန်ကောင်တာထဲက ကြည့်ချင်ပွဲတစ်ခုမျှသာ။
________________
သင့်ရဲ့ တဒင်္ဂ ပမွှား ဖြစ်တည်မှုလေးအတွင်းက အပေါင်းအနှုတ်လက္ခဏာတွေဟာ အခြားသော ပမွှား တစ်ဒါဇင်အတွက်တောင် အရေးပါပါရဲ့လား။
အဲဒီ တစ်ဒါဇင်သော လူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းတွေဟာ စက္ကန့်ပိုင်း အသံလှိုင်းများသာ။ သူတို့ရဲ့ အထင်အမြင်တွေဟာ မီလီစက္ကန့်သာသာ ဦးနှောက်လျှပ်လှိုင်းတွေပါ။ ဒီအရာတွေအတွက် ဒီနေ့တစ်နေကုန်ကို အပြုန်းတီးမခံလိုက်ပါနဲ့။
သေချာတာကတော့ သင့်အတွက် ဒီနေ့ပေါင်း နှစ်သောင်းပြည့်အောင် လက်ကျန်မရှိတော့ဘူး ဆိုတာပါပဲ။
crd...
ကျွန်တော်တို့က အရေးမပါတာကို အရမ်းအရာပေးနေတတ်ကြတယ်၊
ငထွန်းက ဘာစာရေးတယ်
နဂါးမက ဘာပြောတယ်
Ybs မစီးတော့၊ လှိုင်သာရာကနေ အိမ်ပြောင်းတာက အစ ကျွန်တော်တို့ Attention ပေးမိနေကြတယ်၊
ကိုယ့်သမိုင်းကိုယ်ရေးရတဲ့ ဘဝစာမျက်နှာတွေမှာ
သူများအကြောင်းကိုဘဲ အရေးစိုက်နေရင်တော့၊
အချိန်ကုန်ရတာ အရမ်းနှမျောဖို့ကောင်းမယ်၊
အချိန်ကုန်ရခြင်းဟာ
ကိုယ့်အတွက် ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခု
ရဖို့ လိုပါတယ်၊
အလိုမဟုတ်ဘဲ အချိန်ကုန်သွားရင်
အချိန်သုံးတာလို့
ကျွန်တော်တို့ပြောဖို့ ခက်မယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11011