Yoga with Dr K

Yoga with Dr K

You may also like

Hannan & Finn Ebbers
Hannan & Finn Ebbers

�Yoga changes lives �
Let's do yoga now!� Namaste Yogis🙏
I am Dr K, a yoga instructor and also a medical doctor.

My yoga journey started in 2019 and since then I have been practising yoga as it is good for health both physically and mentally. Being a medical doctor, I give great attention to correct alignment and muscle contraction while doing yoga. As far as I know, yoga is not only about Asana (i.e. poses) but also other limbs of yoga, but Asana practice really makes a drastic change to body and mind in a

Photos from Yoga with Dr K's post 11/12/2023

📸Shooting Day, a little sneak peak

08/12/2023

Headstand တွေ ၊ ခက်ခဲတဲ့ postures တွေ လုပ်နေမှ ယောဂ မဟုတ်ပါဘူး၊ စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်တာလဲ ယောဂ ပါပဲ❤️🙇🏻‍♀️

07/12/2023

ယောဂလေ့ကျင့်တဲ့အခါ မှာ “တော်ပြီ ငါ မရတော့ဘူး၊ ရပ်လိုက်တော့မယ်” ဆိုပြီး ခဏ ခဏ တွေးမိကြဖူးသလို၊

လေ့ကျင့်ရင်းနဲ့ “အိုကေ၊ ဆရာမ timing ခေါ်ပြီးတဲ့အထိ နည်းနည်းလေး ဆက်ထိန်းထားလိုက်ဦးမယ်” ဆိုပြီးလည်း ကြိုးစားဖူးကြမှာပါ

ဒီလိုပဲ ယောဂ လေ့ကျင့်ရင်း အပေးအယူ မျှတတတ်တဲ့စိတ်ကို လေ့ကျင့်ယူရင်း ဘဝ ရဲ့ အခက်ခဲတွေနဲ့ ကြုံတဲ့အခါမှာလည်း ဆက်အားတင်းရင်ဆိုင်လိုက်ဦးမယ်နဲ့ လက်လျှော့လိုက်တော့မယ် နှစ်ခုမှာ K တို့ဟာ လေ့ကျင့်ယူကြရတာပါပဲ 💛

ဒါကြောင့် ယောဂဟာ သာမန်လေ့ကျင့်ခန်းဆိုတာထက် ပိုတဲ့ စိတ်ကိုပါ အလေ့အကျင့်ယူရတဲ့ လေ့ကျင့်ခန်းမျိုးမို့ K က ယောဂ ကို ပိုမြတ်န်ိုးမိတာပါ

ယောဂ လေ့ကျင့်ရင်း စိတ်ရဲ့ အမြင်တွေကပါ ပြောင်းလာတတ်တာအပြင် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကိုပါ မြင်လာရတာကတော့ အမြတ်လို့ပဲ K ကတော့ မြင်ပါတယ် 😇

ဒါကြောင့် ယောဂကို ပုံမှန် လေ့ကျင့်ဖို့ အမြဲတိုက်တွန်းမိတာပါ 🧘🏻‍♀️

04/12/2023

K တို့တွေဟာ အကောင်းဆုံး၊ perfect အဖြစ်ဆုံးတွေကိုပဲ လိုချင်ကြပါတယ်။ ဒါက လူ့သဘာဝပါ။ ဒါပေမဲ့ အကောင်းဆုံးတွေနောက်ကို လိုက်ရင်း ကိုယ်နဲ့စိတ်မှာ ဖိစီးမှုတွေ ဖြစ်လာတာကို မသိလိုက်ကြပါဘူး။

အကောင်းဆုံးဆိုတာကို ငါရကိုရရမယ်ဆိုတဲ့ စိတ်ကို ထားမဲ့အစား ကြိုးစားနေတဲ့ အချိန်ကာလတလျှောက်လုံးရဲ့ စက္ကန့်၊ မိနစ်တိုင်းကို တန်ဖိုးထားပြီး ပစ္စုပ္ပန်မှာပဲ နေနိုင်အောင် ကြိုးစားကြည့်လိုက်ရင် ဖိစီးမှုတွေ သိသိသာသာနည်းသွားမှာပါ။

K ရဲ့ အချစ်ရဆုံးသူက ပြောတယ် 'တနေ့တာမှာ ကိုယ်ဘာတွေ ရသွားလဲကို သတိထားပြီး နေလိုက်ရင် ပူလောင်နေတာတွေ နည်းသွားလိမ့်မယ်' တဲ့၊ အသစ်အသစ်တွေကို အမြဲတမ်းလိုချင်နေတာထက် ကိုယ်ရခဲ့တဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုက ရတဲ့ သင်ခန်းစာတွေကို သတိထားတတ်၊ တန်ဖိုးထားတတ်ဖို့က အရေးကြီးပါတယ်။

'Enjoy the progress & process' ဆိုတဲ့အတိုင်း ရလဒ်ကို စိုးရိမ်ပူပန်မနေပဲ ကြိုးစားလေ့ကျင့်နေတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကျေနပ်အောင် နေကြည့်ပါနော် 😇

01/12/2023

ဒီနေ့ တရက်တော့ ဗလ ထုတ်ခွင့်ပေး 💪🏼🤪

29/11/2023

ယောဂ လေ့ကျင့်တဲ့အခါမှာ သူ့ထက်ငါအပြိုင် လုပ်နိုင်တဲ့ postures တွေကို အဓိကထားရမှာ မဟုတ်ပါဘူး ၊ ယောဂ လေ့ကျင့်ရင်းနဲ့ နေ့စဉ် ဘဝမှာ ပြောင်းလဲလာတဲ့ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကို သတိထားရတာပါ ❤️



#ယောဂ

27/11/2023

မင်္ဂလာပါရှင် 🙏

ဒီဇင်ဘာလရဲ့ In-person နဲ့ Online ယောဂအတန်း အချိန်စာရင်းလေး ထွက်ပါပြီရှင်။ 🙏🏻

In-person Basic Hatha Yoga Class
~~~~~~~~~~~~~~~~~~~~~~~~~~
🕉️ ဒီဇင်ဘာလမှာ ဆိပ်ကမ်းသာလမ်း မှာ ရှိတဲ့ Shine of Light Yoga Studio မှာ ဖွင့်သွားမှာ ဖြစ်ပါတယ်။

🕉️ ဒီ 2-month Basic Hatha Yoga Class လေးမှာ တော့ Basic Seated, Twisting, Kneeling, Standing Yoga Poses တွေကို အဓိက သင်ပေးသွားမှာဖြစ်ပြီး အခြေခံ ပိုင်နိုင်အောင် လေ့ကျင့်ဖို့ အတွက် အခုပဲ စာရင်းသွင်းလို့ရပါပြီနော် 😉

🗓️Start Date - 5th December (Tuesday)
⏱️ Time - Every Tuesday & Thursday, 7:15 - 8:15 am
📍Place - Shine of Light Yoga Centre
(ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတား
မြို့နယ်)

✅ ဒီ ၂ လ ယောဂသင်တန်းမှာ သင်တန်းချိန်စုစုပေါင်း ၁၆ ချိန်ပါဝင်မှာ ဖြစ်ပါတယ်။ ၂ လစာ သင်တန်းကြေး တခါတည်း ပေးသွင်းသူများအတွက်လည်း Discount တွေ ရှိတာမို့ စာရင်းသွင်းဖို့ Page chat box မှာ ဖြစ်ဖြစ်၊ 09757936477 ကို ဖြစ်ဖြစ် အခုပဲ ဆက်သွယ်လိုက်ပါနော်☎️☎️
•••••••••••••••••••••••••••••••••••

Calm & Relax Online Yoga Class
(Basic Hatha Yoga Class on Zoom)
~~~~~~~~~~~~~~~~~~~~~~~~~~~
📣ယောဂကို အိမ်ကနေပဲ လေ့ကျင့်ချင်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အပြင်အတန်းမသွားနိုင်သူတွေ၊ ယောဂကို အခုမှ စလေ့ကျင့်မဲ့သူတွေ၊ တနေ့တာ ပင်ပန်းထားသမျှကို ယောဂလေ့ကျင့်ပြီး ကိုယ်ရော စိတ်ပါ အနားရချင်သူတွေနဲ့ သင့်တော်တဲ့ အတန်းလေးပါ။ 🙏🏻

🗓️Start Date - 1st December (Friday)
⏱️ Time - Every Tuesday, Thursday & Friday, 8:30pm - 9:30pm
📍ZOOM Classroom

••••••••••••••••••••••••••••••••••••••
ယောဂ လေ့ကျင့်ရင်းနဲ့ ခန္ဓာရဲ့ ဟန်ချက်တွေကို နားလည်လာမယ်၊ စိတ်တည်ငြိမ်ခြင်းကို ရှာဖွေလေ့လာနိုင်မယ်၊ ဒီကတဆင့် သွေးလည်ပတ်မှုတွေ ကောင်းလာမယ် ၊ ညဖက် ကောင်းကောင်းအိပ်ပျော်လာနိုင်မယ် စတဲ့ အကျိုးကျေးဇူးတွေ ကနေ ပုံမှန်လေ့ကျင့်ရင်း ကိုယ်ရည်စစ်လာမယ်၊ အကြောတွေ ပျော့ပျောင်းလာမယ်၊ နေရတာ ပေါ့ပါးလာမဲ့အထိ အကျိုးကျေးဇူးတွေအများကြီးရနိုင်တဲ့အတွက် ကိုယ့်အတွက်ကိုယ် အချိန် တစ်နာရီ ပေးဖို့ကို မတွေဝေပါနဲ့နော် 😇

📣 အတန်းချိန် မှန်မှန် တက်ပေးဖို့လိုသလို၊ အတန်းမရှိတဲ့ ရက်တွေမှာလည်း ကိုယ်တိုင် လေ့ကျင့်ဖို့ကိုလည်း မမေ့ကြပါနဲ့နော် !

🙏🏻 ကိုယ့်ကိုယ်ကိုချစ်ပါ၊ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ ၊ ကိုယ့်ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံပါ 🙏🏻




#ယောဂ

24/11/2023

အားလုံးမင်္ဂလာပါရှင်🙏🏻

ဒီနေ့တော့ K တို့နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းဖို့ ပြောချင်ပါတယ်။

လူတိုင်းဟာ မတူညီတဲ့ ပြဿနာတွေကို နေ့တိုင်းရင်ဆိုင် ဖြေရှင်းရပါတယ်။ ဒီသောကတွေကို ထုတ်ပြောလေ့ရှိတဲ့ သူတွေ ရှိသလို၊ ထုတ်မပြောပဲ ထိန်းထားတဲ့ သူတွေရှိပါတယ်။

ဒီလိုပဲ စိတ်ဖိစီးမှုတွေကို နည်းမှန် လမ်းမှန်နဲ့ ဖြေရှင်းတတ်သလို ၊ ကျန်းမာရေးထိခိုက်စေတဲ့ နည်းတွေနဲ့ ဖြေရှင်းမိသလို ဖြစ်တတ်ပါတယ်။

🛑 ဥပမာ စိတ်ဖိစီးရင် အစားတွေ ပိုစားမိတာ၊ အစာမဝင်တော့တာစတဲ့ stress eating မျိုးရှိသလို ၊ စိတ်ဖိစီးမှု များလွန်းရင် အရက်တွေ အလွန်အကျွံ သောက်တာမျိုးတွေပေါ့။

🛑 ဒီကနေမှ တဆင့် စိတ်ပူပင်သောကတွေ များလွန်းလာရင် စိတ်ဓာတ်ကျခြင်း စတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျလာတဲ့အခါမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ သေချာ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

🫨 စိတ်ဖိစီးမှုတွေ များလာပြီဆိုရင် နှလုံးခုန်တာတွေ မြန်လာမယ် ၊ အသက်ရှု ပုံမမှန် တော့ဘူး ၊ ဒီကနေတဆင့် panic attack တွေ ရတတ်တာမျိူးပေါ့။

✅ ဒါကြောင့် stress တွေ အရမ်းများလာပြီ၊ anxiety တွေ တက်လာပြီဆိုရင် အသက်ကို ပုံမှန်လေး ရှုသွင်းပါ ၊ စိတ်ကို တည်ငြိမ်အောင် လုပ်ပါ ၊ စိတ်ရဲ့ တည်ငြိမ်မှုဟာ နေ့စဉ်ပြဿနာတွေကို အကောင်းဆုံးအဖြေရှာနိုင်တာမို့၊ စိတ်ကို လေ့ကျင့်ခန်းလေး လုပ်ပေးဖို့ ၊ စိတ်ကို အနားပေးဖို့ကလည်း အရမ်း အရေးပါပါတယ်နော်။

🧘🏻‍♀️စိတ်နဲ့ ခန္ဓာ နဲ့ပေါင်းမှ တစ်ကိုယ်ဖြစ်တဲ့ K တို့ဟာ စိတ်ရော၊ ခန္ဓာရောရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါမယ်၊ လေ့ကျင့်ပေးရမယ် ၊ သူတို့ နှစ်ခုရဲ့ ဆက်သွယ်မှု ကို အမြဲဂရုပြု နေသင့်ပါတယ် ။ ဒါမှလည်း ကျန်းမာကြံ့ခိုင် ပျော်ရွှင်ရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာမလား။

ဒါကြောင့် စိတ်တွေ ဖိစီးလာပြီ၊ စိတ်ပင်ပန်းစရာတွေ များလာပြီဆို ကိုယ့်ကိုယ်ကိုယ် မပစ်ထားပါနဲ့ ၊ ကိုယ့်ကိုယ်ကို ကိုယ်ကပဲ အရင်ချစ်ပေးပြီး မြတ်နိုး ဂရုစိုက်ပေးကြပါနော် ။ စိတ်နဲ့ ခန္ဓာရဲ့ အပေးအယူကို နားလည်ရင်း ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေ ဖန်တီးနိုင်ကြပါစေရှင် 🙏🏻





#ယောဂ

📣📣📣မနက်ဖြန် အတန်းသစ်တွေကြေညာပေးတော့မှာနော် ၊ Stay tuned!!! 🫶🏻

22/11/2023

K လေ့ကျင့်ထားတဲ့ little T fitness ရဲ့ Mobility training video လေးပါ...

လိုက်လေ့ကျင့်ကြည့်ကြပါဦးနော် 😁

20/11/2023

ဟိတ်... အတန်းတွေ မှန်မှန်တက်ကြနော် 🙂

17/11/2023

Namaste 🙏🏻

ဒီနေ့တော့ Split အကြောင်းလေး အနည်းငယ် ပြောပြပေးပါမယ်ရှင်။

Split လေ့ကျင့်ရတာ အရမ်းခက်တဲ့ ပုံပေါ်တယ်နော်။ K ရဲ့ client တွေ ခဏ ခဏ မေးတဲ့ မေးခွန်းတခုကတော့ “လုပ်ရတာ အရမ်းခက်လား ၊ အရမ်းနာလား” 🫣

Split စစလေ့ကျင့်ချင်းမှာ နာသလိုရှိပေမဲ့ ၊ နောက်ပိုင်းမှာ ကျင့်ရင်းနဲ့ ကိုယ့်ရဲ့ ကြွက်သား၊ အရွတ် ဆွဲဆန့်ခံရတဲ့ ဒဏ်ကို ခံနိုင်လာပါတယ်။ နာတယ်ဆိုတာထက် ကိုယ့်ရဲ ခန္ဓာကို သေသေချာချာ ခံစားကြည့်ရင် အရမ်းတင်းတဲ့နေရာမှာ ဆွဲဆန့်ခံရတဲ့ ခံစားချက်မျိုးပါ။ လေ့ကျင့်နေတဲ့ အချိန်မှာ သတိသေချာကပ်ပြီး လေ့ကျင့်ဖို့ လိုပါတယ်။ ခံစားရသမျှအကုန်လုံးကို ကြောက်လန့်ပြီး နာတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ မထည့်လိုက်ပါနဲ့နော်။ လောဘကြီးပြီး အပြင်းအထန်လေ့ကျင့်တာမျိုးလည်း မလုပ်သင့်ပါဘူး။

ဘာတွေ လိုအပ်လဲ မေးရင်တော့ ပုံမှန်လေ့ကျင့်ဖို့နဲ့ အချိန်လေးရယ်၊ စိတ်ရှည်မှုရယ်ပဲ လိုအပ်ပါတယ်နော်။
ကိုယ့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ် လိုက်ပြီး အချိန်ယူမှု က ကွာခြားနိုင်ပါတယ်။

Split လေ့ကျင့်တာ ဘာအတွက်ကောင်းလဲ??

ကောင်းကျိုးတွေကတော့ ပေါင်ကြော၊ ဒူးခေါင်းက အကြောတွေပြေလျော့လာတယ်၊ သွေးလည်ပတ်မှု ကောင်းလာစေပါတယ် ၊ ဒါ့ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာစေပါတယ်။

ကိုယ့်ကိုယ်ကို စိန်ခေါ်ရင်း ငါ ဒါမျိူးကို လုပ်နိုင်ပြီဆိုတဲ့ ကိုယ့်ယုံကြည်မှုတိုးလာတာကလည်း ဘာနဲ့မှ မလဲနိုင်ပါဘူးနော်။ Yoga pose (Asana) လေ့ကျင့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေကတော့ ဒီခံစားချက်ကို ပိုသိမှာပါ 😉

ဒါ့ကြောင့်ကိုယ့်ကိုယ်ကို စိန်ခေါ်ရင်း ကိုယ့်ကိုယ်ကိုရှာဖွေပါ ၊ K နဲ့အတူ လေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ကြရအောင် 🙏🏻



#ယောဂ

15/11/2023

Nakrasana လို့ခေါ်တဲ့ Chaturanga ကနေ ခုန်ရတဲ့ ဒီ pose ကိုတော့ Ashtanga Intermediate series မှာ လေ့ကျင့်ရတာ ဖြစ်ပါတယ်။

Chaturanga Pose ကို ကောင်းကောင်းပိုင်နိုင်ပြီဆိုရင် ရှေ့ နောက် ၅ ကြိမ်ခုန်တာကို လေ့ကျင့်ကြည့်လို့ရပါတယ်နော် 😊

13/11/2023

ရေခဲကပ်ရမလား?? ရေနွေးအိတ်ကပ်ရမလား??

ယောဂ ကျင့်ပြီးချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းတွေ လုပ်ပြီးရင် နောက်နေ့မှာ ကိုက်ခဲနာကျင်နေတာမျိုး ခံစားဖူးမှာပါ။ အဲလိုအချိန်မှာ နာတာ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ့်ရဲ့ instructor ကို မေးဖူးကြတယ်မလား။ တချို့က ရေခဲကပ်ခိုင်း၊ တချို့က ရေနွေးအိတ်ကပ်ခိုင်းကြတာလည်း ကြုံဖူးကြမှာပါ။
ဒီနေ့မှာတော့ အအေးကပ်ရမလား၊ အပူကပ်ရမလား၊ ဘာကို ရွေးချယ်ရမလဲဆိုတာ ပြောပြပေးပါမယ်နော်။ 💁🏻‍♀️

🧊🧊🧊ရေခဲကပ်လိုက်ရင်
✅ ကပ်လိုက်တဲ့နေရာမှာ ထုံသွားပြီးတော့ နာကျင်မှု၊ ခန္ဓာကိုယ် ယောင်ရမ်းခြင်း (inflammation and swelling) ကို သက်သာစေပါတယ်
✅ သွေးထွက်နေတဲ့ ဒဏ်ရာမျိုးဆိုရင်တော့ သွေးထွက်နည်းစေပြီး သွေးတိတ်စေနိုင်ပါတယ်
✅ လေ့ကျင့်ခန်းလုပ်ပြီး နာရီပိုင်းအတွင်း ရေခဲကပ်ပေးရင်တော့ နောက်နေ့ နာကျင်တာ သိသိသာသာသက်သာစေပါတယ်။ အကယ်၍ ကြွက်သားထိခိုက်နာကျင်တာမျိုးဆိုရင်တော့ ၄၈ နာရီအတွင်း ကပ်ပေးသင့်ပါတယ်။
✅ အားကစားသမားတွေမှာ တွေ့ရတဲ့ အသုံးများလို့ နာကျင်နေတဲ့ ဒဏ်ရာမျိုးတွေ (overuse injuries) မှာလည်း ရေခဲကပ်ပေးလို့ရပါတယ်။

ဘယ်လိုအချိန်တွေမှာ ရေခဲမကပ်သင့်ဘူးလဲ⁉️
❌ လေ့ကျင့်ခန်းမလုပ်ခင် ဒဏ်ရာရနေတဲ့ နေရာကို ရေခဲမကပ်သင့်ပါဘူး။ ရေခဲကပ်တာဟာ သွေးကြောတွေကို ခဏတာ ကျဉ်းသွားစေတဲ့အတွက် လေ့ကျင့်ခန်းပြုလုပ်မဲ့နေရာကို သွေးရောက်ရှိမှု နည်းစေပါတယ်။
❌ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေ၊ အရင်ထဲက သွေးလည်ပတ်မှု ကောင်းကောင်းမရတဲ့ ဒဏ်ရာမျိုးတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေကတော့ ကိုယ့်သဘောနဲ့ ကပ်တာမျိုး မလုပ်ပဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ လိုက်နာသင့်ပါတယ်။

❔❔ဘယ်လိုကပ်ရမလဲ❔❔
ဒါလည်း အမေးများတဲ့ မေးခွန်းပါ
☑️ ရေခဲတွေကို အိတ်နဲ့ထည့်ပြီး အပေါ်ကနေ အဝတ်နဲ့ ပတ်ပြီး ကပ်ပေးလို့ရပါတယ်။
☑️အခုချိန်မှာ ice pack လို့ခေါ်တဲ့ ရေခဲခြောက်တွေ အလွယ်တကူရနေပါပြီ။ ice pack ကို ခဲပြီး အပေါ်ကနေ အဝတ်တထပ်ပတ်ပြီး ကပ်ပေးလို့လည်း ရပါတယ်။
☑️တကြိမ်ကပ်ရင် မိနစ် ၂၀ ထက် ပိုမကပ်သင့်ပါဘူး။ အရေပြားမှာ နီရဲလာတာမျိုး၊ ပန်းရောင်သန်းလာတာမျိုးဆိုရင်တော့ ရေခဲကပ်တာ ရပ်ပေးရပါမယ်။
❌❌ တိုက်ရိုက်ကပ်တာမျိုး ရှောင်ကျဉ်ရပါမယ်။

အခု ရေနွေးအိတ်ကပ်တဲ့အကြောင်းလေး ဆက်ပြောပြပါမယ်နော်
🥵🥵🥵 ရေနွေးအိတ်ကပ်လိုက်ရင်
✅ သွေးကြောလေးတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ပိုကောင်းစေတဲ့အတွက် ကြွက်သားတင်းတာ၊ အဆစ်လှုပ်ရှားရ တောင့်တင်းနေတာတွေကြောင့် ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။
✅ Overuse injuries ရှိတဲ့ လေ့ကျင့်သူတွေဆိုရင် လေ့ကျင့်မှုမပြုခင်မှာ ဒဏ်ဖြစ်နေတဲ့နေရာကို ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။ ဒါမှ လေ့ကျင့်ခန်းလုပ်တဲ့အခါ လှုပ်ရှားရ ပိုလွယ်စေမှာပါ။

ဘယ်လိုအချိန်တွေမှာ အပူမကပ်သင့်ဘူးလဲ⁉️
❌ ဒဏ်ဖြစ်ဖြစ်ပြီးချင်း၊ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ ရေနွေးအိတ်ကပ်တာ မလုပ်သင့်ပါဘူး။
❌ သွေးထွက်နေတဲ့ ဒဏ်ရာတွေမှာ လုံးဝမကပ်ရပါဘူး။ သွေးကြောတွေကို ပိုကျယ်စေပြီး သွေးပိုထွက်နိုင်လို့ပါ။

❔❔ဘယ်လိုကပ်ရမလဲ❔❔
☑️ ပုဝါကို ရေနွေးစိမ်ပြီး ဒဏ်ဖြစ်နေတဲ့နေရာကို ကပ်ပေးနိုင်ပါတယ်။
☑️ ရေနွေးအိတ်လည်း အသုံးပြုနိုင်ပါတယ်။ အဝတ်တထပ်ခံပြီး ကပ်တာကတော့ စိတ်အချရဆုံးပါနော်။ အပူလောင်တာမျိုး ဖြစ်တတ်လို့ပါ။
☑️ တကြိမ်ကပ်ရင် မိနစ် ၂၀ ထက်ပိုမကပ်သင့်ပါဘူး။

💁🏻‍♀️💁🏻‍♀️ အခုဆိုရင် ဘယ်လို အချိန်၊ ဘယ်လို ဒဏ်ဖြစ်တာမျိုးမှာ အပူ အအေး ဘာကို ရွေးချယ်ရမယ်ဆိုတာ အကြမ်းဖျင်းသိလောက်ပြီ ထင်ပါတယ်နော်။

📣📣 ယောဂ၊ အားကစား ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိချင်တဲ့အကြောင်းအရာတွေ ရှိရင်လည်း comment မှာ ဝင်ရေးလို့ရပါတယ်ရှင့်။
ကိုယ်လေ့လာထားတဲ့ ပညာဗဟုသုတတွေကို မျှဝေပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ 🙏🏻

12/11/2023

အေးချမ်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဒေပါဝလီနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏

10/11/2023

Backbend လို့ခေါ်တဲ့ ခါးလှန်ချရတဲ့ pose တွေဟာ ခါးရဲ့ပျော့ပျောင်းမှုတခုနဲ့ပဲ လေ့ကျင့်ရတာ မဟုတ်ပါဘူး။ တင်ပါး၊ ပေါင် ကြွက်သားတွေရဲ့ သန်မာမှု၊ အဲဒီကြွက်သားတွေကို သေချာ ညှစ်တတ်မှ ခါးမှာ ဒဏ်ဖြစ်တာမျိုး မရှိမှာပါ။
ဒါကြောင့် ယောဂပို့စ်တွေကို လေ့ကျင့်တဲ့အခါမှာ ပျော့ပျောင်းဖို့ တခုထဲကိုပဲ ဦးစားမပေးပဲ ခန္ဓာရဲ့ ကြွက်သားတွေ သန်မာလာအောင် သေသေချာချာလေ့ကျင့်ပေးရမှာပါ။ 💪🏼

အဲဒါကြောင့် အတန်းထဲမှာ ဆရာမက ကြွက်သားတွေညှစ်ခိုင်းရင် နာပေမဲ့လည်း ပြုံးပြုံးလေး ညှစ်ကြပါလို့ 😬😁



#ယောဂ

08/11/2023

ဒီနေ့အတွက် Yoga Pose တွေ လေ့ကျင့်ပြီးကြပြီလား?🤓



#ယောဂ

06/11/2023

ဟန်ချက်ညီမှုကို ရှာဖွေရတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ⚖️

ယောဂလေ့ကျင့်ရင်း ခန္ဓာရဲ့ ဟန်ချက်ညီမှုကို ရှာတွေ့နိုင်သလို စိတ်နဲ့ဘဝရဲ့ ဟန်ချက်ညီမှုကိုပါ ရှာဖွေတွေ့ရှိနိုင်ပါတယ် 😇




#ယောဂ

04/11/2023

သင်တန်းသားတွေက ပြောကြတယ် ၊ အကြောလျှော့ရင် အရမ်းနာတယ်တဲ့

ဆရာမ အတွက်တော့ တိမ်တွေပေါ်မှာ လွင့်နေသလိုပါပဲ😝

01/11/2023

💪🏼 လေ့ကျင့်နေရတဲ့ အချိန်တွေကို အကြိုက်ဆုံးပဲ...

😇 ကိုယ့်ရဲ့ စိတ်နဲ့ကိုယ် တသားတည်းဖြစ်ပြီး ခန္ဓာနဲ့စိတ်မှာ ဖြစ်တဲ့ ပြောင်းလဲတာတွေကို မလွတ်တမ်း စောင့်ကြည့်နိုင်တာ ဒီအချိန်လေးပဲ ရှိတာမို့ပါ...

30/10/2023

ဒီလိုမျိုး ဗိုက်လေး 24/7 ဖြစ်နေရင် ကောင်းမှာပဲနော်....

ဒါပေမဲ့ အဲလို အချိန်တိုင်း မဖြစ်နိုင်ပါဘူးလို့ 🥹
ဆရာမ ဗိုက်လေးလည်း ပိန်လိုက် ဖောင်းလိုက်ပါပဲ 🥲

ဘာလို့လဲဆိုတော့ ဗိုက်ကြွက်သားပေါ်ဖို့ဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ် အဆီပမာဏ ရာခိုင်နှုန်းနဲ့ ဆိုင်တာပါ။ အဆီရာခိုင်နှုန်းနည်းအောင် အမြဲထိန်းနိုင်ဖို့ဆိုတာလည်း အရမ်းလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ်စားတဲ့ diet၊ လေ့ကျင့်ခန်းကို သေချာစည်းစနစ်ကျကျ ထိန်းနိုင်မှ ရမှာပါ။ ဗိုက်လေ့ကျင့်ခန်းလုပ်ရုံနဲ့တော့ six packs တို့၊ eleven lines တို့ မပေါ်လာပါဘူးနော်။

ဗိုက်အဆီပြင်အောက်က ကြွက်သားတွေ သန်မာအောင်၊ ကြီးလာအောင်တော့ ဗိုက်လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။ ဒါမှ အဆီရာခိုင်နှုန်းနည်းသွားတဲ့အခါ သန်မာလှပတဲ့ six packs၊ Abs muscles တွေနဲ့ လှနေမှာပါနော် 😉

29/10/2023

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏

fb.me 24/10/2023

မင်္ဂလာပါရှင်

ဒီနေ့မှာတော့ K ရဲ့ ယောဂ အတန်းလေး ပြန်ဖွင့်တော့မဲ့ အကြောင်းလေး ကြေညာပေးချင်ပါတယ်ရှင် 🙏

ဒီလတော့ K က in person ရော၊ online class ရော နဲ့ ပြန်လာခဲ့ပါပြီ 😊

In person သင်ရတာ ပိုအားရပေမဲ့လည်း ၊ တော်တော်များများက online class ကိုလည်း စိတ်ဝင်စားတဲ့ အတွက် ဒီတခေါက်တော့ Online Class လေးလည်း ဖွင့်ပါတော့မယ်ရှင်

ကိုယ့်ကိုယ်ကိုယ် transform လုပ်ဖို့ ဆုံးဖြတ်ထားရင်တော့ ခုကတည်းက K နဲ့ အတူတူ ယောဂလေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ၂၀၂၄ မှာ ခပ်မိုက်မိုက် New Me ဖြစ်ဖို့ ခုကတည်းက ကြို train ထားမှဖြစ်မယ်နော် 😉

K နဲ့ တူတူ ယောဂ လေ့ကျင်းရင်းနဲ့

✅ yoga pose တွေကို မှန်မှန် လေ့ကျင့်တတ်လာမယ်
✅ခန္ဓာကိုယ်ရဲ့ အကြောတွေ ပျော့ပျောင်းလာမယ်
✅သွေးလည်ပတ်မှု ကောင်းလာမယ်
✅ နေရတာ လန်းဆန်းပေါ့ပါးလာမယ်
✅ စိတ်အာရုံစူးစိုက်မှု အားကောင်းလာမယ်
✅ အသက်ရှုနည်းတွေ မှန်ကန်လာမယ်

ဒီကနေ တဆင့် ပုံမှန် လေ့ကျင့်ရင်းနဲ့ ခန္ဓာဟာ ကျစ်လစ်လာမယ်၊ ကိုယ်ရည်စစ် လာနိုင်ပါသေးတယ် ။ စိတ် နဲ့ ခန္ဓာရဲ့ ဆက်သွယ်မှုကို လေ့ကျင့်ရင်း ၊ အပေးအယူတွေ နားလည်လာရင် ပိုပြီးတောင် စိတ်ကျေနပ်စရာတွေ ကောင်းလာမှာပါ။ 😇

~~~~~~~~~~~~~~~

📣ယောဂကို အိမ်ကနေပဲ လေ့ကျင့်ချင်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အပြင်အတန်းမသွားနိုင်သူတွေ၊ ယောဂကို အခုမှ စလေ့ကျင့်မဲ့သူတွေ၊ တနေ့တာ ပင်ပန်းထားသမျှကို ယောဂလေ့ကျင့်ပြီး ကိုယ်ရော စိတ်ပါ အနားရချင်သူတွေနဲ့ သင့်တော်တဲ့ အတန်းလေး

Calm & Relax (Basic Hatha Yoga Class on Zoom)
အင်္ဂါ၊ ကြာသပတေး၊ သောကြာ ည ၈.၃၀-၉.၃၀ (၁၂ ချိန်)
Start Date - 2.11.2023

~~~~~~~~~~~~~~~~

📣 မနက်ခင်း နေ့အစကို ယောဂနဲ့ စတင်ချင်သူတွေ၊ ယောဂကို ဆရာမနဲ့ အနီးကပ် သင်ယူလေ့ကျင့်ချင်သူတွေ၊ ယောဂအကွက်တွေမှာ စီးမျောခံစားလေ့ကျင့်ချင်သူတွေအတွက် အတန်းလေး

Be in the Flow (Basic Yoga Flow Class)
အင်္ဂါ၊ ကြာသပတေး မနက် ၇-၈ (၈ ချိန်)
Start Date - 2.11.2023

~~~~~~~~~~~~~~~

💬အသေးစိတ်လေးတွေ ပိုသိချင်တယ်ဆိုရင်တော့ comment မှာဖြစ်ဖြစ် page chat box မှာဖြစ်ဖြစ် လာမေးလို့ရပါတယ်နော်

🤩နှစ်သစ်ကို ပေါ့ပါးကျန်းမာစွာကြိုဆိုဖို့ ခုပဲ စုံစမ်းစာရင်းပေးလို့ ရပြီနော်

fb.me

23/10/2023

Jana Kinsford က ပြောဖူးတယ်၊ ဟန်ချက်ညီမှုဆိုတာ ရှာဖွေရတာမဟုတ်ဘူး၊ ကိုယ်တိုင်လုပ်ယူရတာပါတဲ့ 🥰

16/10/2023

ဒီနေ့ Video လေးထဲမှာ Ashtanga Vinyasa Intermediate Series ထဲမှာပါတဲ့ Headstand ၇ မျိုးကို လုပ်ပြပေးထားပါတယ်။ 🥰

ပထမ ၃ မျိုးက Mukta Hasta Shirshasana လို့ခေါ်ပြီး နောက် ၄ မျိုးကိုတော့ Baddha Hasta Shirshasana လို့ ခေါ်ပါတယ်။ စာလုံးတလုံးချင်းစီရဲ့ အဓိပ္ပာယ်တွေကို အောက်မှာ ရှင်းပြထားပါတယ်ရှင့်။

Mukta = free, Hasta = hand, Shirshasana = headstand
လက်နဲ့ ခေါင်းကို မထိပဲ၊ လက်၂ ဖက် မချိတ်ထားပဲနဲ့ headstand ထောင်ရတာပါ။

Baddha = bound, Hasta = hand, Shirshasana = headstand
နောက် ၄ မျိုးကတော့ လက်နဲ့ ခေါင်းနဲ့ ထိပြီး၊ သို့မဟုတ် လက်၂ ဖက်ချိတ်ထားတဲ့ အနေအထားကနေ headstand ထောင်ရတာပါ။

K ရဲ့ နောက်လဖွင့်မဲ့ အတန်းတွေထဲမှာလည်း အားလုံးနဲ့ တူတူလေ့ကျင့်ချင်ပါတယ်နော်။ အတန်းချိန်လေးတွေလည်း ဒီရက်ပိုင်းထဲမှာ ကြေညာပေးသွားတော့မှာမို့ စောင့်ပေးကြပါဦးနော် 🫶🏻




#ယောဂ

Credit:
Music: Feel
Musician: LiQWYD

14/10/2023

K နဲ့ အတူ ဒီ pose ကို လိုက်လုပ်ကြည့်မလား? ကြည့်ရင်တော့ လွယ်မလို ရှိပေမဲ့ တကယ်တော့ ထင်သလောက် မရိုးရှင်းပါဘူး 😬

ဒီ Pose လေးကတော့ Fish Pose Variation လေးပါ။ ပုံမှန် ခြေထောက်ဆန့်ပြီး လုပ်ပေမဲ့ ဒီပုံလေးမှာတော့ Hero Pose ပုံစံ ဒူးကွေးထိုင်ပြီး Fish Pose လုပ်ထားတာပါ။
ခါးကို ကော့ပြီး ရင်ဘတ်ကို ဖွင့်ပြီး ဦးခေါင်းနဲ့ ကြမ်းပြင်ကို ပက်လန် လှန်ပြီး ထိရတဲ့ အတွက် ကိုယ့်ရဲ့ လည်ပင်း၊ရင်ဘတ်၊ ဝမ်းဗိုက်နားတဝိုက်မှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းနေတာမျိုးကို သက်သာစေပါတယ်။ ကျောပြင်တလျှောက် သွေးလည်ပတ်မှု ပိုပြီး ကောင်းစေတဲ့အတွက် ကျောပြင်နာတာ၊ ခါးနာတာတွေလည်း သက်သာစေပါတယ်။ သိုင်းရွိုင်းဂလင်းကို လှုံဆော်ပေးပြီး သိုင်းရွိုင်းဂလင်းရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ကောင်းမွန်စေပါတယ်။

ဒါပေမဲ့ လည်ပင်းနဲ့ ခါးမှာ ဒဏ်ဖြစ်ထားတဲ့သူတွေ၊ သွေးပေါင်ချိန် တက်နေသူတွေနဲ့ ခေါင်းကိုက်နေသူတွေကတော့ ဒီ pose လေးကို မလုပ်ပါနဲ့ ဦးနော်။


#ယောဂ

11/10/2023

ဒီနေ့ လေ့ကျင့်ဖြစ်တဲ့ practice flow လေး တင်ပေးလိုက်ပါတယ်ရှင့်... 🫶🏻

ဒီနေ့အတွက် ယောဂ လေ့ကျင့်ကြဦးနော် 😉


#ယောဂ

Credit:
Music: Ohayo
Musician: Hani Koi
Site: https://icons8.com/music/

09/10/2023

Core strength နဲ့ ခန္ဓာရဲ့ ဟန်ချက်အတွက် လွယ်ကူပြီး ထိရောက်တဲ့ pose ကို ပြောပြပါဆိုရင် plank ထောက်တာကို ပြောရမှာပါပဲ

၁ မိနစ် က ၁ နာရီလောက်ကြာတယ်ထင်ရတဲ့ ပို့စ်ဆိုလည်း မမှားပါဘူး 😛

တခါ plank ထောက်ရင် ဘယ်နှမိနစ်ကြာအောင် ထောက်နိုင်လဲဆိုတာ ကြွားခဲ့ကြပါဦးး 🤓

06/10/2023

အိန္ဒိယအလွမ်းပြေလေး 😇

ဂင်္ဂါမြစ်ဘေးမှာ လေအေးအေးလေးရှုပြီး Drop Back လုပ်ရတာလေးကို လွမ်းလိုက်တာ 😞





Credit:
Music: Someday
Musician: Alexander Delarge
Site: https://icons8.com/music/

05/10/2023

လက်နှစ်ဖက်ထဲနဲ့ ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းရတာ မလွယ်ကူသလို ၊ ထင်သလောက်လည်း မခက်ပါဘူးနော် 😉

K နဲ့ တူတူ လေ့ကျင့်ပြီး ကိုယ့်ကိုယ်ကို challenge ဖို့ Ready ပဲလား?😊

02/10/2023

ယောဂလေ့ကျင့်ရင် မှီစရာလူမရှိရင်တောင် ကိုယ့်ကိုယ်ကိုယ် လှလှလေး မှီချလို့ရတယ်နော် 😌

စတာပါ 😜
ဆရာမ ရန်ကုန်ပြန်လာတော့မှာဆိုတော့ ၄ ရက်နေ့ကနေစပြီး အတန်းတွေပြန်စပါတော့မယ်ရှင့် 🙏

Photos from Yoga with Dr K's post 29/09/2023

နာရီ ၃၀၀ ဆရာဖြစ်ယောဂသင်တန်း ပိတ်ပွဲ ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

ရေခြားမြေခြားမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ပြီး တက်ခဲ့ရတဲ့ သင်တန်းလေး ဖြစ်တဲ့အတွက် ဒီလက်မှတ်တွေကို အရမ်းတန်ဖိုးထားပါတယ်။ ယောဂဆရာကောင်းတယောက်ဖြစ်ဖို့ လက်မှတ်က အဓိကမဟုတ်ပါဘူး၊ ယောဂပညာကို မျှဝေချင်တဲ့စိတ်၊ စဉ်ဆက်မပြတ် လေ့လာလေ့ကျင့်နေခြင်းကသာ အဓိကပါ။

K လည်း ယောဂပညာကို မျှဝေသင်ကြားပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားပါမယ်ရှင်။ 🙏

Photos from Yoga with Dr K's post 27/09/2023

လေလေး တဖြူးဖြူးရယ် ၊ ခပ်စိမ့်စိမ့်နဲ့ အေးနေတဲ့ ဂင်္ဂါမြစ်ရေအစွမ်းကြောင့်ရယ် ထင်တယ် ၊ စိတ်သစ်လူသစ်နဲ့ တကယ်ကို လေ့ကျင့်လို့ကောင်းတဲ့ အခိုက်အတန့်ပါပဲ 😍😇

25/09/2023

ဒီနေ့မှာတော့ ယောဂအကွက် တခုကနေ တခုကို ပြောင်းတဲ့ transition video လေး တင်ပေးထားပါတယ်။

ဒီလိုမျိုး အကွက်တခုကနေ တခုပြောင်းတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုလိုသလို စိတ်ရဲ့ တည်ငြိမ်မှုလည်း အများကြီးလိုအပ်ပါတယ်။ 💪🏼🧘🏻‍♀️

ကိုယ့်ရဲ့ ယောဂအကွက် (Asana) တွေ ပိုတိုးတက်လာချင်တယ်၊ ခန္ဓာနဲ့စိတ် ပိုပြီး သန်မာ ကောင်းမွန်လာချင်ရင်တော့ ဒီလိုအကွက်ပြောင်းတာလေးတွေ များများလေ့ကျင့်ပေးဖို့ တိုက်တွန်းချင်ပါတယ်နော်။ 🙏





Credit:
Music: Empty Mind
Musician: Lofi_hour
Site: https://pixabay.com/music/empty-mind-118973/

20/09/2023

ဟဲလို K India မှာ ယောဂဆရာဖြစ်သင်တန်း တက်နေတာ အာလုံးလည်း သိပြီး ဖြစ်မှာပါ။ သင်တန်းတလျှောက်လုံးလည်း အသိပညာအသစ်တွေ အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ အဲဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ အသက်ရှုလမ်းကြောင်းကို သန့်စင်စေတဲ့ Neti လုပ်ခဲ့ရတာကို ပြန်မျှဝေချင်ပါတယ်။

Yoga မှာ ခန္ဓာကိုယ်ကို သန့်စင်အောင် လုပ်ရတဲ့ Shatkarma ဆိုတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေထဲကမှ Neti ဆိုတာ အသက်ရှုလမ်းကြောင်းကို သန့်စင်အောင် လုပ်ပေးတဲ့ နည်းလမ်းပါ။ Neti မှာလည်း နှစ်မျိုး ထပ်ရှိပါတယ်။ ရေနဲ့ သန့်စင်အောင် လုပ်ရတာရယ်၊ ရာဘာကြိုးနဲ့ သန့်စင်အောင် လုပ်ရတာရယ်ပါ။

ရေကျက်အေးလေးထဲကို ဆားအနည်းငယ်ထည့်ပြီးနောက် အဲဒီရေကို နှာခေါင်းတဖတ်ထဲကိုထည့်ပြီး နောက်တဖတ်က ပြန်ထုတ်ရတဲ့ နည်းလမ်းကိုသုံးရင်း သန့်စင်အောင်လုပ်ရတာပဲ ဖြစ်ပါတယ်။
နောက်တခုကတော့ ရာဘာကြိုးနဲ့ နှာခေါင်းတဖတ်ထဲထည့်၊ ပါးစပ်ကနေပြန်ထုတ်ပြီး နှာခေါင်းလမ်းကြောင်းကို ပြန်ထုတ်တဲ့ နည်းလမ်းလေးပေါ့နော်။ 🫠
ဗီဒီယိုထဲမှာလည်း K တယောက် Neti လုပ်ပြီး မျက်ရည်တွေဝဲနေတာ တွေ့မှာပါ။ အတွေ့ကြုံသစ်တွေပေါ့နော်။
ဒီလို သန့်စင်အောင်လုပ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ဟာ ပိုပြီးတော့ သန်မာလာတယ်၊ သန့်ရှင်းလာတယ်၊ ကျန်းမာလာပြီးတော့ ယောဂကျင့်စဉ်တွေ ကျင့်ဖို့ ပိုပြီး အထောက်အကူဖြစ်စေပါတယ်။

Neti လုပ်ပြီးတော့ ထူးထူးခြားခြား ဘာခံစားရလဲမေးရင် နှာခေါင်းလမ်းကြောင်းတလျှောက်မှာ ရှိတဲ့ အညစ်အကြေး အချွဲအပစ်တွေ သန့်စင်သွားပြီး အသက်ရှုရတာ ပိုပြီး ကောင်းမွန်ရှင်းလင်းလာတယ်လို့ ခံစားရပါတယ် ။

အားလုံးလည်း ဗီဒီယိုလေးကြည့်ပြီး စမ်းသပ်ချင်စိတ်တွေ ဖြစ်နေကြပြီလားဟင် 😄

18/09/2023

ဟိမဝန္တာတောင်တန်းတွေနဲ့ င်္ဂဂါမြစ်ကြီးဘေးမှာ နေရပေမဲ့ ရန်ကုန်မြို့ကြီးကို လွမ်းတယ်....

ရန်ကုန်က ကိုယ့်ရဲ့ အတန်းတွေ၊ အတန်းက အမတွေ အကိုတွေကို ပိုလွမ်းတယ် 😔

17/09/2023

ဆရာမကတော့ ကိုယ် အရမ်းချစ်မြတ်နိုးတဲ့ Ashtanga Vinyasa Yoga ကို ရှယ် လေ့ကျင့်နေပါတယ်ရှင်။ အပင်ပန်းခံရကျိုးနပ်ပါတယ်၊ ဒီလိုတွေ လေ့ကျင့်လာနိုင်ပြီဆိုတော့ 🤗

(caution : ဒီ ယောဂ pose တွေကို ကျွမ်းကျင်တဲ့ဆရာနဲ့အတူ လေ့ကျင့်ထားခြင်းဖြစ်ပါတယ်ရှင်။ ကျွမ်းကျင်ပညာရှင် မပါပဲ လိုက်မလေ့ကျင့်ဖို့ အကြံပြုပါတယ်)

13/09/2023

K တို့ဟာ တနေ့ထက် တနေ့ အသက်တွေကြီးလာတာမလား၊ အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာဟာ ယို့ယွင်းလာတတ်တာပါပဲ။

ခါးတွေနာတယ်၊ ဇာက်ကြောတွေတက်တယ်၊ ထိုင်ရထရတာ အရင်လို သွက်သွက်လက်လက်မရှိတော့ဘူး။ အဲ့တော့ ညဉ်းတယ် ၊ အသက်ကြီးလာတာ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်နဲ့ပေါ့။ ဒါပေမဲ့ ခန္ဓာကို ကျန်းမာအောင် အလေ့အကျင့်လုပ်ဖို့တော့ မေ့နေကြတယ်လေ ။

မနေ့က အသိ အန်တီတယောက်က အသက် ၇၀ ဝန်းကျင်မှာ သူက ကျန်းမာလန်းဆန်းပြီး၊ ဆေးစစ်တဲ့ အခါမှာ အရိုးdensity ဟာ ကောင်းလွန်းနေပြီး အရိုးကျိူးနိုင်ခြေဟာ ၅% ပဲရှိလို့ ကျေနပ်နေတယ်။ ဘာလို့ ဒီ အရွယ်ထိ နုပျိုနေလဲ မေးမိတဲ့အခါမှာ သူဟာ တပတ် အနည်းဆုံး ၃ရက် လေ့ကျင့်ခန်း လုပ်ပါတယ်တဲ့။ Yoga လည်း လေ့ကျင့်သလို၊ zumba လည်း ကစားပြန်တယ်တဲ့ ။

ကဲ K တို့ လေ့ကျင်တဲ့အခါမှာ ပိန်ချင်လို့၊ လှချင်လို့ထက် လေ့ကျင့်ခန်းဟာ ရေရှည်အတွက် ရင်းနှီးမြုပ်နှံတယ်လို့ကို တွေးသင့်တာနော် ။
နေမကောင်းဖြစ်လို့ ဆေးကုရရင် စိတ်ရော၊လူရော၊ ပိုက်ဆံအိတ်ပါ ပင်ပန်းရတာလေ ။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာကတော့ စိတ်လည်း လန်းဆန်း၊ လူလည်း နုပျိုနဲ့ ရေရှည်အတွက်ပါ ကောင်းတာမို့ K က အားလုံးကို လေ့ကျင့်ခန်း လုပ်ဖို့ အမြဲ တိုက်တွန်းနေရတာပါ။

အဲ့တော့ နောက်နေ့လုပ်မယ်၊ နောက်အပတ်လုပ်မယ်လို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်ပါ။ ယောဂ လေ့ကျင့်ပါ။ အကြောင်းပြချက်တွေ မပေးပါနဲ့ ။

( ပြောချင်တာကတော့ K ရဲ့ အတန်းသူ/အတန်းသားတွေ ဆရာမ ရန်ကုန်မှာ မရှိသေးလို့၊ ဆရာမ ကို စောင့်နေတယ် မပြောပါနဲ့နော် 😒၊ အိမ်မှာ ပုံမှန်လေ့ကျင့်ပါ။ ပြန်ရောက်လို့ ပြန်လေ့ကျင့်ရင် အကုန်ပေါ်မှာနော် 😜)

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

A little practice for Chakrasana & Nakrasana #yogapractice #ashtangayoga #yoga
Enjoy the Process!!
K လေ့ကျင့်ထားတဲ့ little T fitness ရဲ့ Mobility training video လေးပါ...လိုက်လေ့ကျင့်ကြည့်ကြပါဦးနော် 😁#yogawithdrk #yogali...
Nakrasana (Crocodile posture)
Arm Balance Transition 💪🏼
7 Headstands of Ashtanga Vinyasa Secondary Series 😇
How to flow in Pigeon pose 😇
I miss India 😞
Transition: Crow > Tripod Headstand > Crow
Jala Neti Kriya (cleansing with water) Sutra Neti Kriya (cleansing with rubber string)
Ashtanga Vinyasa Yoga Practice 🙏
Morning Silent Walk with Mandeep Ji & friends #rishikesh #300hrytt #morningwalk #silentwalk

Category

Telephone

Website

Address

Yangon
11171

Other Yoga & Pilates in Yangon (show all)
YoursYogabywutyee YoursYogabywutyee
Yangon

#yogabywutye3 #freelanceinstructor #onlineyogaclass

Nadia - Yoga Nadia - Yoga
Yangon

Nadia is a certified yoga teacher, based in Yangon. Hatha, Vinyasa, Children & teens, Trauma-informed

AV Yoga AV Yoga
Thanthumar Road
Yangon, 11091

Foster harmony among mind, body, and spirit for a better quality of life.

PHYU's Yoga Studio PHYU's Yoga Studio
အမှတ်-၁၆၅၊ အနော်ရထာလမ်း နှင့် ဦးအော်ဇေယျ လမ်းထောင့် ၊၂ ရပ်ကွက်၊ မရမ်းကုန်း ။ Near Hlaing Township ။
Yangon, 11062

Do Yoga with PHYU!

Tara Yoga Tara Yoga
Ngar Htat Gyi Pagoda Street
Yangon, 11201

Self knowledge - love - kindness Tara aims to improve people’s work-life balance, increase health an

SHWE HNIN SI ယောဂ SHWE HNIN SI ယောဂ
1008(A), Shwe Hnin Si Lan, 9 Miles, Mayangone Tsp, Ygn. , , 78, Thamaing Bu Tar Yone Lan, U Ba Han Bus Stop, Mayangone Tsp, Ygn
Yangon, 11061

Open-Air Yoga Center 1008(A),ရွှေနှင်းဆီလမ်း (၅ လမ်းထိပ်), မဟာစည်ရိပ်သာကျောကပ်လျက်, ကိုးမိုင်။

Isha Hath Yoga- yangon Isha Hath Yoga- yangon
Yangon, 11061

This group will provide a separate space for hath yogis or aspiring ones to seek guidance, have disc

Metta Yoga Metta Yoga
No. (65) , Neikban Street , Kyeemingdaing Township
Yangon, 11123

Certified 200hrs YTTC ( The Yoga Institute ( Mumbai )- India , 200hrs YTTC( Mahi Yoga- India)

Ramona’s Channel Ramona’s Channel
Mingalar Street
Yangon, 11011

Ramona's Channel intention is "To create change for a positive impact".

Yoga Paradisum-ေယာဂဘုံ Yoga Paradisum-ေယာဂဘုံ
1/3, Upper Kyeemyindine Road, Oo Bo Street
Yangon, 11101

Yoga Paradisum is a local yoga studio based in Yangon, Myanmar.Our goal is simple.Positive vibe!

The Flex Panda Studio The Flex Panda Studio
Yangon

Yoga , Meditation , Zumba & Fitness Studio

Yoga Wave by Nitin Kumar Yoga Wave by Nitin Kumar
No. 15, 3rd Floor, 49th Street, Botahtaung
Yangon, 11161

The advantage of learning Yoga in a regular class is that one can get motivation from the person per