WAI Academy

WAI Academy

A learning platform for career development.

09/03/2024

🟫Skill gap ဆိုတာ ဘာလဲ?

Skill gap ကျွမ်းကျင်မှုကွာဟချက်ဆိုသည်မှာ သက်ဆိုင်ရာ အလုပ်ရာထူးအတွက် အလုပ်ရှင်မှတောင်းဆိုသည့် ကျွမ်းကျင်မှုနှင့် အလုပ်လျှောက်ထားသူများ ပိုင်ဆိုင်သည့်ကျွမ်းကျင်မှုနှစ်ခု၏ ကွာဟချက်ကို ဆိုလိုသည်။ တနည်းအားဖြင့် အလုပ်လျှောက်ထားသူ၏ လက်ရှိကျွမ်းကျင်မှုအဆင့်နှင့် လုပ်ငန်းအတွေ့အကြုံက သက်ဆိုင်ရာအလုပ်ရာထူး၏ အနိမ့်ဆုံးလိုအပ်အချက်ကို မပြည့်မီခြင်းဖြစ်သည်။

ကျွမ်းကျင်မှုကွာဟချက်များက သင်လိုချင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပိုင်ဆိုင်နိုင်ရန်အတွက် ခက်ခဲစေသလို လက်ရှိရာထူးအဆင့်ထက် အမြင့်ကိုတက်လှမ်းရာမှာလည်း အခက်တွေ့စေနိုင်သည်။ အလုပ်ရှင်များဘက်ကလည်း သူတို့လိုချင်သည့် အရည်အချင်းပြည့်မီသောဝန်ထမ်းများရှာဖွေရာမှာ လည်း ခက်ခဲစေသည်။

🟫ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှု ဗျူဟာများ

ကျွမ်းကျင်မှုကွာဟချက်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် အဆင့် ၃ ဆင့်ရှိသည်။

၁။ သင်လိုချင်သောအသက်မွေးဝမ်းမှုအလုပ်အတွက် လိုအပ်သော အရည်အချင်းအဆင့်များကို ခွဲခြားသတ်မှတ်ပါ။

၂။ သင်လက်ရှိပိုင်ဆိုင်ထားသာအရည်အချင်းများကို စနစ်တကျအကဲဖြတ်တိုင်းတာပါ။

၃။ ဖော်ထုတ်တွေ့ရှိသည့် ကျွမ်းကျင်မှုကွာဟချက်များကို ဖြည့်ဆည်းပါ။

🟫ကျွမ်းကျင်မှုကွာဟချက်များမရှိစေရန်နည်းလမ်းများ

၁။ ကျွမ်းကျင်မှုမြှင့်တင်ရေးဆိုင်ရာ သင်တန်းများတက်ရောက်ခြင်း။

၂။ သင့်ပညာအရည်အချင်းပေါ်မူတည်ပြီး ဘွဲ့ဒီဂရီများရယူနိုင်ရန် တက္ကသိုလ်ကောလိပ်များတက်ရောက်ခြင်း။

၃။ သင်စိတ်ဝင်စားသည့် သက်ဆိုင်ရာအသက်မွေးဝမ်းမှုလုပ်ငန်းများတွင် အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခြင်း။

၄။ လမ်းညွှန်ပြသပေးမည့် mentor မှတဆင့် တကယ့်လက်တွေ့လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အသိပညာများ ရယူခြင်း တို့ဖြစ်ပါသည်။

ကျွမ်းကျင်မှုကွာဟချက်များ မရှိစေရန် မှန်ကန်သောနည်းလမ်းများကို ရွေးချယ်အသုံးပြုခြင်းသည် သင်လိုချင်သော အသက်မွေးဝမ်းမှုအလုပ်အကိုင်ကို ရရှိနိုင်ရန် ကူညီပေးနိုင်သောကြောင့် ဝေမျှလိုက်ပါသည်ရှင်။

WAI Academy
Building Skills, Shaping Future.

28/02/2024

#ရည်မှန်းချက်ပန်းတိုင်များချမှတ်သောအခါ

ရည်မှန်းချက်ပန်းတိုင်ဆိုတာ ကိုယ်လိုချင်သော၊အောင်မြင်ချင်သောအရာ ဖြစ်သည်။ ရည်မှန်းချက်ပန်းတိုင်များကို Long-term goal ရေရှည်ရည်မှန်းချက်ပန်းတိုင်၊ Intermediate goal အလယ်အလတ်ရည်မှန်းချက်ပန်းတိုင်၊ Short-term goal ရေတိုရည်မှန်းချက်ပန်းတိုင်များဆိုပြီး သုံမျိုးထပ်ခွဲနိုင်သည်။

ရေရှည်ရည်မှန်းချက်ပန်းတိုင် တစ်နည်းအားဖြင့် Ultimate goals အန္တိမပန်းတိုင်များဆိုသည်မှာ အဆုံးမှာ ကိုယ်ရရှိချင်တဲ့ ရည်မှန်းချက်ဖြစ်သည်။ ဥပမာ တက္ကသိုလ်က ဘွဲ့ရရှိခြင်း၊ ပရောဂျက်တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း၊ ကိုယ်လိုချင်တဲ့အလုပ်ကို ရရှိခြင်း တို့ဖြစ်သည်။

ရေတိုရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ကိုယ့်ရဲ့အန္တိမရည်မှန်းချက်ဆီရောက်ရှိဖို့ လှမ်းနေတဲ့ ခြေလှမ်းသေးသေးလေးများ ဖြစ်သည်။ ပထမဆုံးအဆင့်အနေနဲ့ အောင်မြင်အောင်ဆောင်ရွက်ရသော ပန်းတိုင်အသေးစားလေးများဖြစ်သည်။ ဥပမာ တက္ကသိုလ်မှ ဘွဲ့ရရှိရန်အတွက် အတန်းတွေ တက်ရမည်။ course work တွေလုပ်ရမည်။ အတန်းတစ်ခုချင်းစီက ရေတိုရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။

Intermediate-goals ဆိုသည်မှာ အသေးစား ရေရှည်ပန်းတိုင်များဖြစ်သလို ကြီးမားသော ရေတိုပန်းတိုင်များလည်း ဖြစ်သည်။ ရေရှည်ရည်မှန်းချက်ပန်းတိုင်များအတွက် milestones များလည်းဖြစ်သည်။ ဥပမာအားဖြင့် တက္ကသိုလ်က ဘွဲ့ရရှိခြင်းက ရေရှည်ပန်းတိုင်ဖြစ်လျှင် semester တစ်ခုကိုပြီးမြောက်ခြင်းက intermediate goal ဖြစ်သည်။

ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်များဆီရောက်ရှိဖို့အတွက် အရေးကြီးဆုံးက ကိုယ်လုပ်နိုင်တဲ့၊ လုပ်ရမဲ့ အဆင့်လေးတွေသတ်မှတ်ပြီး တစိုက်မတ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရေးသားဝေမျှလိုက်ရပါသည်။

WAI Academy
Building Skills, Shaping Future.

23/02/2024

Quote of the day.

WAI Academy

19/02/2024

ိုတာ

🟫Personal Development ဆိုတာ ဘာလဲ?

တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူတွေရဲ့ အရည်အချင်းနဲ့ အရည်အသွေးတွေကို အကဲဖြတ်နိုင်ဖို့၊ သူတို့ရဲ့ ဘဝရည်မှန်းချက်တွေကိုစဉ်းစားနိုင်စေဖို့နဲ့၊ ဖြစ်နိုင်ချေရှိတဲ့အလားအလာတွေကို သိရှိပြီး အမြင့်မားဆုံး အကောင်ထည်ဖော်နိုင်ဖို့အတွက် ပန်းတိုင်တွေချမှတ်နိုင်စေဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု Personal Development ဆိုတာ တစ်ရက်တစ်လ လုပ်ရမဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ တစ်သက်တာလုပ်ရမဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

🟫Personal Development ကဘာကြောင့်အရေးကြီးတာလဲ?

တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး စိတ်ကူးစိတ်သန်းတွေများစွာရှိတယ်။ အဲ့ဒီထဲက တစ်ခုကတော့ Abraham Maslow ရဲ့ Self-actualisation လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လူတိုင်းနီးပါးသိကြတဲ့ Maslow ရဲ့ Hierarchy of Needs မှာ အဆင့် ၇ ဆင့်ရှိတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က လိုအပ်ချက်အဆင့်တစ်ခုကို ကျေနပ်မှသာလျှင် မြင့်မားတဲ့နောက်တဆင့်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

အောက်ဆုံးအဆင့်ကစပြောရရင် အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် Physiological Needs ဖြစ်တဲ့ စားဝတ်နေရေးလိုအပ်ချက်တွေဖြစ်တယ်။ ဒုတိယအဆင့်က Safety Needs ဖြစ်တဲ့ ဘေးကင်းလုံခြုံရေးလိုအပ်ချက်တွေဖြစ်တယ်။ တတိယအဆင့်က Love and belonging ဖြစ်တဲ့ ချစ်ခြင်းမေတ္တာလိုအပ်ချက်တွေဖြစ်တယ်။ စတုတ္ထအဆင့်က Esteem Needs ဆိုတဲ့ မိမိကိုယ်ကိုလေးစားမှု၊ တန်ဖိုးထားမှု လိုအပ်ချက်တွေဖြစ်တယ်။ ပဉ္စမအဆင့်မှာ Cognitive Needs ဖြစ်တယ်။ သိချင်စိတ်ပြင်းပြတယ်၊ နားလည်အောင်လုပ်တယ်။ အဓိပ္ပါယ်ကိုသိရှိအောင်လုပ်တယ်။ ဆဌမအဆင့်မှာ Aesthetic needs ဖန်တီးမှုအနုပညာလိုအပ်ချက်တွေဖြစ်တယ်။ ထိပ်ဆုံးအဆင့်မှာရှိတာကတော့ Self-actualization ဆိုတဲ့ မိမိရဲ့အမြင့်မားဆုံစွမ်းဆောင်ရည်ကိုရောက်ရှိသွားခြင်းဖြစ်တယ်။

Self-actualisation ဆိုတာ လူတိုင်းမှာရှိတဲ့ “ဖြစ်လာနိုင်သမျှအရာအားလုံးဖြစ်လာစေဖို့” ဆန္ဒကို ရည်ညွှန်းပါတယ်။ တစ်နည်းပြောရရင် ထူးခြားတဲ့လူတစ်ဦးအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့အလားအလာတွေကို အမြင့်မားဆုံးစွမ်းဆောင်နိုင်မှု လိုအပ်ချက်ကို ဆိုလိုပါတယ်။
Maslow က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ အစွမ်းအစရှိတယ်။ လူတိုင်းက အကန့်အသတ်မရှိ တိုးတက်နိုင်တယ် လို့ ဆိုပါတယ်။ Self-actualization ဆီသွားတဲ့လမ်းကြောင်းမှာ မိမိခံစားချက်တွေကို နားလည်ခြင်း၊ အာရုံစူးစိုက်မှုအပြည့်နဲ့ ဘဝကို ပြည့်ပြည့်ဝဝတွေ့ကြုံခံစားခြင်းတို့ ပါဝင်ပါတယ်။

🟫တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို စီမံခန့်ခွဲခြင်း

တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို စီမံခန့်ခွဲရာမှာ အဆင့်များစွာရှိပါတယ်။

၁။ ကိုယ်ပိုင်မျှော်မှန်းချက်ကို ဖော်ဆောင်ခြင်း။

တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုက အပျော်သဘောသက်သက်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့မှာ တိကျခိုင်မာတဲ့ရည်ရွယ်ချက်ရှိမယ်ဆိုရင် သင်ယူဖို့၊ တိုးတက်အောင်လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးနိုင်မယ်ဆို ပိုပြီးလွယ်ကူမယ်ဆိုတာ တွေ့ရပါတယ်။ ဘယ်နှစ်လနေရင်၊ ဘယ်နှစ်နှစ်ကျရင် ဘယ်ကိုရောက်နေရမယ်၊ ဘာကြောင့်ရောက်ချင်တယ် ဆိုတဲ့ ရှင်းလင်းတိကျတဲ့စိတ်ကူးဖြစ်တဲ့ personal vision ရှိခြင်းက ဒီရည်ရွယ်ချက်ကိုဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။

၂။ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုအတွက် အစီအစဉ်ချမှတ်ခြင်း။

ကိုယ်ဖြစ်ချင်တဲ့ နေရာကို ရှင်းရှင်းလင်းလင်း သိပြီးတာနဲ့ အဲဒီနေရာကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာကို စပြီး အစီအစဉ်ချနိုင်ပါတယ်။ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်ကို ရေးဆွဲခြင်းက မရှိမဖြစ်မဟုတ်ပေမယ့် အဲ့ဒီလိုပြုလုပ်ခြင်းက စီမံကိန်းလုပ်ငန်းစဉ်ကို ပိုပြီးလက်တွေ့ကျစေမှာဖြစ်တယ်။

၃။ တိုးတက်မှုလုပ်ငန်းစဉ်ကို စတင်ခြင်း။

ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ မတူညီတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ အမျိုးမျိုးသောသင်ယူလေ့လာမှုတွေနဲ့ တစ်ကိုရည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လို့ရပါတယ်။

၄။ တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို မှတ်တမ်းတင်ခြင်း။

ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို ထားရှိခြင်းက ကောင်းတယ်။ ဘာဖြစ်လို့လဲဆို ကိုယ့်ရဲ့ လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ တိုးတက်မှုတွေကို ရေးမှတ်ထားမယ်ဆို ကိုယ့်ရဲ့အောင်မြင်မှုတွေကို နောင်တစ်ချိန်မှာ ပြန်ကြည့်နိုင်မှာဖြစ်တယ်။

၅။ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း။

Kolb ရဲ့အဆိုအရ Learning is a cycle ဖြစ်တယ်။ ထိရောက်တဲ့သင်ယူလေ့လာမှုဖြစ်ဖို့ဆို ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး အဲ့ဒီအတွေ့အကြုံကနေ ကိုယ် ဘာရခဲ့သလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ တစ်ကိုရည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေနဲ့ လုပ်ဆောင်ချက်တွေကို အခါအားလျော်စွာပုံမှန် ပြန်လည်သုံးသပ်ခြင်းက ကိုယ်လုပ်ခဲ့တဲ့အရာတွေဆီက သင်ယူနိုင်ဖို့ သေချာစေတယ်။ ဒါ့အပြင် ကိုယ်လုပ်တဲ့လုပ်ဆောင်ချက်တွေက ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေဆီ ဦးတည်နေသလား၊ ပန်းတိုင်နဲ့ မျှော်မှန်းချက်တွေက ကိုယ်နဲ့ ကိုက်ညီမှုရှိနေသေးသလားဆိုတာကိုလည်း သေချာစေမှာလည်း ဖြစ်ပါတယ်။

WAI Academy
Building Skills, Shaping Future.



Ref: SkillsYouNeed (2023) What is Personal Development

ကိုယ့်ရဲ့ Super-Strengths ကို ဖော်ထုတ်ပါ။ 16/02/2024

ဒီဗီဒိယိုမှာ Super-strength ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို တင်ပြထားပါတယ်။ဒီ link https://www.youtube.com/watch?v=y5vZPCUwkCc မှတဆင့် သွားရောက်ကြည့်ရှုလို့ရပါတယ်။
ကြည့်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။
Career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားရင် WAI Academy ယူကျုချန်နယ်လေးကိုလည်း subscribe လုပ်ထားပေးပါရှင်။

WAI Academy

ကိုယ့်ရဲ့ Super-Strengths ကို ဖော်ထုတ်ပါ။ Career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို https://www.facebook.com/waiacademyမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။

ကိုယ်နဲ့လိုက်ဖက်တဲ့အလုပ်အကိုင်ကိုဘယ်လိုရွေးချယ်မလဲ | How to choose a career that suits you 06/02/2024

WAI Academy

ကိုယ်နဲ့လိုက်ဖက်တဲ့အလုပ်အကိုင်ကိုဘယ်လိုရွေးချယ်မလဲ | How to choose a career that suits you နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို WAI Academy page https://www.facebook.com/waiacademy မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။

29/01/2024

#ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ

🟫ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာဘာလဲ?

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုသည် အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် ပညာရေး၊ လေ့ကျင့်ရေး သို့မဟုတ် ကျွမ်းကျင်မှုအရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ ပရာ်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုသည် သက်ဆိုင်ရာနယ်ပယ်တွင် အပြောင်းအလဲများနှင့် ခေတ်ရေစီးကြောင်းများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းမှ အစပြု၍ အသက်မွေးဝမ်းကြောင်းအလုပ်ကို တိုးတက်စေရန် ကျွမ်းကျင်မှုအသစ်များကို သင်ယူခြင်းအထိ ပါဝင်သည်။

🟫ပုဂ္ဂိုလ်ရေးဆိုင်ရာဖွံဖြိုးတိုးတက်မှုနှင့် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်

Personal development ပုဂ္ဂိုလ်ရေးဆိုင်ရာတစ်ကိုယ်ရည်တိုးတက်မှုနှင့် Professional development ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုတွင် တူညီသော လက္ခဏာများ ရှိသော်လည်း ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုသည် အသက်မွေးဝမ်းကြောင်းနှင့် အမြဲတမ်း ဆက်နွှယ်နေပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာတိုးတက်မှုသည် သင်၏ အသက်မွေးဝမ်းကြောင်း အလားအလာများကို မြှင့်တင်ပေးနိုင်သလို သင်၏တာဝန်များကို ပိုမိုမြင့်မားသောစံနှုန်းဖြင့် လုပ်ဆောင်တဲ့နေရာမှာလည်း ကူညီပေးနိုင်သည်။ ကိုယ်ရေးကိုယ်တာတိုးတက်မှုသည် သင်၏အသက်မွေးဝမ်းကြောင်းတစ်ခုတည်းအတွက်မဟုတ်ဘဲ သင့်ဘဝ၏ကဏ္ဍအားလုံးကို ယေဘုယျအားဖြင့် သက်ရောက်မှုရှိပါသည်။ သို့သော် Professional development သည် သင့်အလုပ်/ အသက်မွေးဝမ်းမှုတွင် ပိုမိုကောင်းမွန်စွာလုပ်ဆောင်ရန် သင်၏အရည်အချင်းများကို မြှင့်တင်တဲ့နေရာမှာသာ အာရုံစိုက်ထားသည်။

🟫ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေမည့်နည်းလမ်းများ

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်သည်။ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် စနစ်တကျ သင်ယူနိုင်ပါသည်။ အခြားသော နည်းလမ်းများဖြစ်သည့် စာဖတ်ခြင်းနှင့် podcast များ၊ lecture videos များနားထောင်ခြင်းကဲ့သို့သော ကိုယ်အားသန်ရာကို informal ဆန်ဆန် လေ့လာသင်ယူမှုများလည်း ပြုလုပ်နိုင်သည်။ ဒါ့အပြင် လေးစားယုံကြည်ရတဲ့ coach နှင့် mentor များကို ရှာဖွေပြီး သူတို့၏ လမ်းညွှန်ချက်များလိုက်နာခြင်း၊ အလုပ်ဖြစ်တဲ့ဗျူဟာများကိုလုပ်ဆောင်ခြင်းဖြင့်လည်း သင်၏ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည်။

🟫ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ

ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးများကတော့

✅ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ခြင်း

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တိုးတက်လာသောအရည်အချင်းများသည် workplace လုပ်ငန်းခွင်နှင့် technical နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှစ်မျိုးလုံး ဖြစ်နိုင်သည်။ ထိုကျွမ်းကျင်မှုများသည် သင့်၏အသက်မွေးဝမ်းမှုအလုပ်မှာ တိုးတက်ကြီးထွားလာစေရန် ကူညီပံ့ပိုးပေးမည်ဆိုပါက ဘယ်ကျွမ်းကျင်မှုမျိုးကိုပဲ တိုးတက်အောင်လုပ်မည်ဆိုပြီး ကန့်သတ်ရန်မလိုအပ်တော့ပါ။

✅ယုံကြည်မှုရှိခြင်း

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုသည် အသိပညာကို တိုးပွားစေပြီး သင့်အသက်မွေးဝမ်းကြောင်းအလုပ်ကို အကျိုးပြုသည့် ကျွမ်းကျင်မှုများကို လေ့လာရန် ကူညီပေးသည်။ သင့်တာဝန်ယူထားရသည့်ရာထူးမှာ ပိုမိုယုံကြည်မှုရှိလာနိုင်ပြီး တာဝန်သစ်များလည်း ယူနိုင်မှာဖြစ်သည်။ ရာထူးတိုးရန်အတွက်လည်း သင့်ကိုယ်သင် ရှေ့ရောက်အောင်တွန်းနိုင်မှာဖြစ်သည်။

✅အရည်အချင်းအသစ်ရရှိခြင်း

အရည်အချင်း/အောင်လက်မှတ်ရရှိခြင်းသည် skill ကျွမ်းကျင်မှု နှင့် knowledge အသိပညာ အဆင့်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း အထောက်အထားရရှိရန် ပြသနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ လက်မှတ်မပြနိုင်သော်လည်းပရော်ဖက်ရှင်နယ်တိုးတက်မှုရှိနိုင်ပေမယ့် အသိအမှတ်ပြုလက်မှတ် ရှိမယ်၊ အောင်လက်မှတ်ကို သင်၏ကိုယ်ရေးရာဇဝင်တွင် ထည့်သွင်းနိုင်ပါက သင်၏အောင်မြင်မှုများကို သိရှိအောင်ပြသရန် ပိုမိုလွယ်ကူမှာ ဖြစ်သည်။

✅အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှုရှိခြင်း

သင်၏ ရရှိလာသည့် ထပ်ဆောင်းကျွမ်းကျင်မှုများဖြင့်၊ သင်သည် ရာထူးအသစ်တစ်ခုလျှောက်ထားသည့်အခါ အခြားသော candidate များထဲမှာ ထူးခြားသာလွန်နေမှာဖြစ်သည်။ သင့်သူဌေးထံ ရာထူးတိုးပေးရန် ချဉ်းကပ်သောအခါတွင်လည်း သူတို့ကို အလွယ်တကူစည်းရုံးဆွဲဆောင်နိုင်မှာဖြစ်သည်။

လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်ကြပါစေ...

WAI Academy


Ref: Coursera, 2023, “What is professional development and what are benefits?”

26/01/2024

WAI Academy

22/01/2024

#ဆိုရှယ်မီဒီယာမှာစာရေးသားခြင်း

စာရေးသားခြင်းပုံစံတွေမျိုးစုံရှိတဲ့ထဲမှ မကြာသေးမီနှစ်တွေအတွင်းမှာ ပိုခေတ်စားလာတဲ့ စာရေးသားခြင်းပုံစံကတော့ ဆိုရှယ်မီဒီယာပေါ်မှာ စာရေးသားခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သူ့မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ fackbook လို twitter လို ဆိုရှယ်မီဒီယာကို အသုံးပြုကြသလို စီးပွားရေးလုပ်ငန်းတွေကလည်း သူတို့ရဲ့ ဖောက်သည်တွေနဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အရင်ခေတ်တွေထက် ပိုအသုံးပြုလာကြတယ်။ ဒီလိုအသုံးပြုတဲ့နေရာမှာ အခြေခံအချက်ကတော့ အတူတူပဲဖြစ်တယ်။ ကိုယ်ဆက်သွယ်ပြောဆိုနေတဲ့ ကိုယ့်ပရိသတ်ရယ်၊ ကိုယ်ပြောတဲ့ဘာသာစကားနဲ့ လေသံကို သတိထားရမှာဖြစ်တယ်။

ဆိုရှယ်မီဒီယာပို့စ်တွေရေးသားခြင်းနဲ့ပတ်သက်ပြီး အကြံပြုချက်တချို့ကတော့


• ယေဘူယျအားဖြင့် ရေးသားတဲ့ပို့စ်က တိုလေကောင်းလေပါပဲ။ Facebook နဲ့ LinkedIn မှာ ပို့စ်တွေကို ရှည်ရှည်ရေးချင်ရင် ရေးလို့ရပေမယ့် Twitter ကတော့ တစ်ကြိမ်မှာ စာလုံးရေ ၂၈၀ ထိသာ ပို့စ်တင်ခွင့်ပြုတယ်။ အကယ်၍ နောက်ထပ်ပြောစရာတွေရှိသေးရင် သက်ဆိုင်ရာပို့စ်တစ်ခု ဒါမှမဟုတ် ဆောင်းပါးတစ်ပုဒ်ရဲ့ link တစ်ခုကို ထည့်သွင်းနိုင်တယ်။

• က ကိုယ်ရဲ့messageကို လူတော်တော်များများဆီသို့ ဆက်သွယ်နိုင်ဖို့ အကူအညီပေးတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနိုင်ဖို့ ချိတ်ဆက်ပေးတယ်။

• LinkedIn ကတော့ ပရောဖက်ရှင်နယ်တွေစုဝေးရာ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကုမ္ပဏီ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ပွဲတွေ၊ update တွေကို ရေးသားဖို့၊ ကိုယ်နဲ့သက်ဆိုင်တဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းရဲ့ စိတ်ကူးအတွေးအမြင်သစ်တွေကို ရေးသားတင်ပြဖို့ အသင့်တော်ဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တယ်။

• အရေးအကြီးဆုံးနဲ့ နောက်ဆုံးအကြံပြုချက်ကတော့
• အဓိကအချက်အလက်တွေနဲ့ ကျစ်ကျစ်လစ်လစ်ရှိပါစေ။
• စစ်မှန်မှုရှိပါစေ။

ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ထိထိမိမိ စာရေးသားခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးရှိရုံတင်မကဘူး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူတွေလည်း အကျိုးရှိနိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှာနေသူတစ်ယောက်က ဆိုရှယ်မီဒီယာမှာ ကိုယ့်ကျွမ်းကျင်မှုတွေ အတွေ့အကြုံတွေကို ထိထိမိမိရေးသားတင်ပြတတ်မယ်ဆို လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေနဲ့ ချိတ်ဆက်မိပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ လက်ဝယ်ရရှိမှာအသေအချာပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်မြင်ကြပါစေ...

WAI Academy
Building Skills, Shaping Future.

15/01/2024

Resumeဆိုတာဘာလဲ?ဘာကြောင့်လိုအပ်တာလဲ။

🔳Resume ဆိုတာဘာလဲ?

Resume ဆိုသည်မှာ အလုပ်အတွေ့အကြုံ၊ ပညာရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာတွေကို ရေးသားဖော်ပြထားတဲ့ စာတမ်းတစ်စောင်ဖြစ်ပါတယ်။
Resume ကိုယ်ရေးရာဇဝင်များက အများအားဖြင့် စာမျက်နှာ တစ်မျက်နှာ/နှစ်မျက်နှာလောက်သာ ရှည်တယ်။ ကိုယ်ရေးရာဇဝင်ထဲမှာ ယခင်အလုပ်တာဝန်များနဲ့ အတွေ့အကြုံများကို ကျစ်ကျစ်လစ်လစ်နဲ့ အသေးစိတ်ဖော်ပြရတယ်။ အလုပ်ရှင်တွေက ကိုယ်ရေးရာဇဝင်အများကြီးကို ဖတ်ရတဲ့အတွက်ကြောင့် သူတို့က အလုပ်လျှောက်သူ candidate ကိုယ်စားလှယ်လောင်းတွေကို တွေ့ဆုံမေးမြန်းသင့်တယ်/မသင့်ဘူး စသည်ဖြင့် ဆုံးဖြတ်ဖို့အတွက်ဆို resume ထဲမှာ Key Words သော့ချက်စကားလုံးများ/စကားစုများကို ရှာဖွေတတ်ကြတယ်။

🔳ဘာကြောင့် Resume လိုအပ်တာလဲ။

ဘာကြောင့်လဲဆိုတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်အကိုင်ဈေးကွက်မှာ အလုပ်ရှာဖွေသူတွေက သူတို့မှာရှိတဲ့အရည်အချင်းတွေကို အလုပ်ရှင်အား အမှန်တကယ်ပြသနိုင်တဲ့ Resume တစ်ခုဖန်တီးရန် လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ကိုယ်ရေးရာဇဝင်တစ်ခုကို ရေးရတဲ့ အဓိက အကြောင်းရင်း သုံးခုရှိတယ်။ ပထမဦးဆုံးအကြောင်းရင်းက ပြည့်စုံကောင်းမွန်တဲ့ကိုယ်ရေးရာဇဝင်က အလုပ်ရှင်တွေရဲ့ အာရုံစိုက်မှုကို ရရှိစေပြီး သင်က ဒီအလုပ်နဲ့အဘယ်ကြောင့် ကိုက်ညီကြောင်း ပြသနိုင်ခြင်းကြောင့် ဖြစ်တယ်။ အလုပ်ရှင်များက မတူညီသော လျှောက်ထားသူများထံမှ ကိုယ်ရေးရာဇဝင် အများအပြားကို ဖတ်ကြမှာဖြစ်တယ်။ ဒါကြောင့်မို့ အလုပ်ရှင်၏အာရုံကိုဖမ်းစားနိုင်ဖို့ဆို သင်ရဲ့ကိုယ်ရေးအကျဉ်းက ထင်ရှားပေါ်လွင်နေဖို့ လိုအပ်တယ်။ သင့်အရည်အချင်းတွေက အလုပ်ကြော်ငြာနှင့် ကိုက်ညီရမည်ဆိုတာကိုလည်း မမေ့ပါနဲ့။ အကယ်၍ ကုမ္ပဏီသည် အရောင်းအတွေ့အကြုံငါးနှစ်ရှိသူကို ရှာဖွေနေပါက သင်သည် အရောင်းအတွေ့အကြုံငါးနှစ် သို့မဟုတ် အဲ့ဒီထက်ပိုရှိသင့်ပြီး အဲ့ဒီအတွေ့အကြုံ သင့်ဆီမှာရှိတယ်ဆိုတာ ကိုယ်ရေးရာဇဝင်မှာ ရှင်းရှင်းလင်းလင်းဖော်ပြရမှာဖြစ်တယ်။

ဒုတိယအကြောင်းရင်းကတော့ သင့်ရဲ့အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေကို အနာဂတ်အလုပ်ရှင်ထံ ဆက်သွယ်ပေးနိုင်ခြင်းကြောင့် ဖြစ်တယ်။ သင့်ရဲ့ကိုယ်ရေးအကျဉ်းထဲမှာ နည်းပညာကျွမ်းကျင်မှုနှင့် ဆက်သွယ်ရေးစွမ်းရည် ကဲ့သို့သော အလုပ်ရှင်များ ရှာဖွေလေ့ရှိသည့် အရည်အချင်းများကို မီးမောင်းထိုး ဖော်ပြသင့်တယ်။ သင်၏ကိုယ်ရေးအကျဉ်းတွင် ပရော်ဖက်ရှင်နယ်အောင်မြင်မှုများ/လုပ်ဆောင်ချက်များလည်း ပါဝင်သင့်တယ်။ ဥပမာအားဖြင့် စာအုပ်တစ်အုပ်ကို သင်ရေးသားထုတ်ဝေခဲ့လျှင် အဲ့ဒီအကြောင်းကို သင့်ရဲ့ကိုယ်ရေးရာဇဝင်တွင် ထည့်သွင်းသင့်တယ်။

ကိုယ်ရေးရာဇဝင်ကောင်းတစ်ခု လိုအပ်ရခြင်းရဲ့ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က သင့်ကို အင်တာဗျူးဖိတ်ကြားခံရဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ရေးအကျဉ်းက အလုပ်ရှင်၏အာရုံစိုက်မှုကိုရရှိနိုင်ဖို့ သင့်အတွက် ပထမဆုံးအခွင့်အရေးဖြစ်တယ်။ အလုပ်ရှာဖွေနေသူတွေက ကိုယ်ရေးရာဇဝင်ကို ဖတ်မဲ့သူကို အပြုသဘောဆောင်တဲ့အမြင် သို့မဟုတ် ကောင်းမွန်သောခံစားချက်တွေ ပေးချင်တယ်။ ဘာဖြစ်လို့လဲဆို အလုပ်ရှင်က သဘောကျရင် အင်တာဗျူးဖို့ ဆက်သွယ်လာမှာဖြစ်လို့ ဖြစ်ပါတယ်။ အင်တာဗျူးဆိုတာ အလုပ်ရှင်ကို လူကိုယ်တိုင်တွေ့ဆုံရန်အခွင့်အရေးဖြစ်သလို သင့်အရည်အချင်းတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကိုပြောပြဖို့ အခွင့်အရေးလည်းဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရသော် ကိုယ်ရေးရာဇဝင်က လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုများကို ဖော်ပြသော အလုပ်လျှောက်ထားရာမှာ လိုအပ်တဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ ကိုယ်ရေးရာဇဝင်ကို လိုအပ်တဲ့အကြောင်းရင်း ၃ ခုက အလုပ်ရှင်ရဲ့ အာရုံစူးစိုက်မှုကိုရရှိရန်နဲ့ အလုပ်နဲ့ကိုက်ညီကြောင်းပြသရန်၊ သင့်ရဲ့အရည်အချင်းနှင့်အောင်မြင်မှုကို အနာဂတ်အလုပ်ရှင်ကို ဆက်သွယ်ပေးရန်နှင့် အင်တာဗျူးဖိတ်ကြားခံရရန် ဖြစ်ကြောင်း ရေးသားဝေမျှလိုက်ရပါတယ်။

လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်ကြပါစေ...

WAI Academy
Building Skills, Shaping Future.

20/12/2023

Career ဆိုတာ...

Career အသက်မွေးဝမ်းမှုဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ပရော်ဖက်ရှင်အလုပ်တစ်ခုဖြစ်တယ်။ ကိုယ့်ပရော်ဖက်ရှင်နယ်ကိုမြှင့်တင်ရာမှာ အချိန်နဲ့ စွမ်းအင်ကိုရင်းနှီးမြှုပ်နှံပြီး စဉ်ဆက်မပြတ် လေ့ကျင့်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပါဝင်တယ်။

Job ဆိုတာက အလုပ်တစ်ခုကို လုပ်နေခြင်းဖြင့် လုပ်ခ၊ လစာ ရတယ်။ လူအများစုက သူတို့ရဲ့ ပေးရန်ရှိတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လုပ်ကြတယ်။ ဒါပေမယ့် ဒီအရာက ရေတိုဖြေရှင်းချက်တစ်ခုဖြစ်တဲ့အတွက် အသက်မွေးမှုနဲ့ပတ်သက်တဲ့ ရှင်းလင်းတဲ့ရေရှည်လမ်းကြောင်းတစ်ခုမဟုတ်ဘူး။

Job နဲ့ career နှစ်ခုစလုံးက လက်ရှိလိုအပ်ချက်တွေနဲ့ ရေရှည်ရည်မှန်းချက်တွေပေါ်မူတည်ပြီး ရွေးချယ်စရာတွေဖြစ်တယ်။ ဒါပေမယ့် အသက်မွေးဝမ်းမှုတစ်ခု တည်ဆောက်ထားခြင်းက ကိုယ့်ရဲ့အရည်အချင်းတွေ မြှင့်တင်နေဖို့နဲ့ အဓိပ္ပါယ်ရှိတဲ့အလုပ်တွေလုပ်ဆောင်ဖို့ တစ်သက်တာလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။

Career ဆိုတာဘယ်လိုမျိုးဖြစ်တယ်ဆိုတာကို နမူနာတစ်ခုပေးရမယ်ဆို တစ်စုံတစ်ယောက်က သတင်းစာတိုက်မှာ သတင်းထောက်တစ်ဦးအနေနဲ့အလုပ်စဝင်တယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကျွမ်းကျင်မှုအရ လက်ထောက်အယ်ဒီတာ၊ အယ်ဒီတာ၊ အကြီးတန်းအယ်ဒီတာဖြစ်လာနိုင်ပြီး၊ နောက်ဆုံးမှာ အယ်ဒီတာချုပ်အဖြစ် ရာထူးတိုးမြင့်ခံရနိုင်တယ်။ ဒီနေရာမှာ ဒီလိုရာထူးတာဝန်တွေတိုးမြင့်ရရှိတာက ကုမ္ပဏီတစ်ခုထဲမှာဖြစ်နိုင်သလို နှစ်ကာလအတွင်း သူပြောင်းရွေ့လုပ်ကိုင်မဲ့ မတူညီတဲ့ကုမ္ပဏီတွေမှာလည်း ဖြစ်နိုင်တယ်။

ဘွဲ့၊ဒီဂရီတွေ ရရှိထားမှ အသက်မွေးဝမ်းမှုတစ်ခုခုကို ရွေးချယ်လုပ်ကိုင်နိုင်တာ မဟုတ်ပါဘူး။ U.S Bureau of Labor Servicesက ၂၀၂၂ ဇွန်မှာပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာမှုအရ ၂၀၂၀-၂၀၃၀ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်အမျိုးအစားအသစ်တွေရဲ့ ၆၀ ရာခိုင်နှုန်းက ဘွဲ့၊ ဒီဂရီတွေ မလိုအပ်ဘူးလို့ ဆိုတယ်။ အဲ့ဒီလိုအသက်မွေးမှုအလုပ်တွေကတော့ ဆောက်လုပ်ရေးနှင့် တပ်ဆင်ခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့ဖြစ်တယ်လို့ တွေ့ရတယ်။ ဒါပေမယ့် ဒီအသက်မွေးဝမ်းကျောင်းကိုလုပ်နိုင်ဖို့ on-the-job training တွေတော့ လိုအပ်ပါတယ်။

လူငယ်တွေအနေနဲ့ ကိုယ်စိတ်ဝင်းစားတဲ့ Career တစ်ခုကို ဘယ်လိုရှာတွေ့နိုင်သလဲဆို တက္ကသိုလ်၊ ကောလိပ်တက်နေဆဲမှာ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုခုမှာ လုပ်အားပေးအနေနဲ့ သို့မဟုတ် အလုပ်သင်အနေနဲ့ အချိန်ပိုင်းဝင်လုပ်ခြင်းဖြင့် လက်တွေ့ဘဝအတွေ့အကြုံတွေကို ရရှိနိုင်သလို ကိုယ်စိတ်ဝင်စားမှု၊ တန်ဖိုးထားမှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီတဲ့ careerကို အသက်ငယ်ငယ်နဲ့စောစောရှာတွေ့နိုင်တယ်။ လုပ်ငန်းခွင်ထဲရောက်နှင့်ပြီးသား လူငယ်ပညာရှင်တွေအနေနဲ့လည်း career နဲ့ပတ်သက်ပြီး ရည်မှန်းချက်မြင့်မြင့်ထားပြီး ကိုယ့်ရဲ့ passion နဲ့ကိုက်ညီတဲ့အသက်မွေးဝမ်းကျောင်းမှာ အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်တယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ မိသားစုတာဝန်ဝတ္တရားတွေ၊ တကိုယ်ရည်စိတ်ဝင်စားမှုတွေနဲ့ ငွေကြေးလိုအပ်ချက်တွေအရ အသက်မွေးဝမ်းကျောင်းပန်းတိုင်နဲ့ အသက်မွေးမှုလမ်းကြောင်းက ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်။ ကလေးမွေးဖွားပြုစုစောင့်ရှောက်ခြင်း သို့မဟုတ် အငြိမ်းစားယူရန် နီးကပ်လာခြင်း စတဲ့ ဘဝအပြောင်းအလဲများကြောင့်လည်း အသက်မွေးဝမ်းကြောင်း အပြောင်းအရွှေ့များက သဘာဝအလျောက် ဖြစ်ပေါ်နိုင်တယ်။

မည်သည်အသက်အရွယ်ဖြစ်စေ ကိုယ့်ဝါသနာ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ကိုက်ညီတဲ့ career တွေကို ရှာဖွေလုပ်ကိုင်နိုင်ကြပြီး ပျော်ရွှင်အောင်မြင်ကြပါစ...

WAI Academy
Building Skills, Shaping Future.



Reference
Johnson, J. (2023), What is a Career?

ပူးပေါင်းဆောင်ရွက်မှုကောင်းအောင်ဘယ်လိုလုပ်မလဲ? 07/12/2023

https://www.youtube.com/

ပူးပေါင်းဆောင်ရွက်မှုကောင်းအောင်ဘယ်လိုလုပ်မလဲ? လုပ်ငန်းခွင်မှာ အလုပ်တွေကိုလုပ်ရတဲ့အခါ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရတယ်။ အဲ့ဒီလိုပူးပေါင်းလုပ်ဆေ.....

06/12/2023

🔳Interpersonal Skills ဆိုတာဘာလဲ?

Interpersonal Skills ဆိုတာ လူတစ်ဦးချင်းစီနဲ့၊ လူအများနဲ့ ထိထိရောက်ရောက် ပြောဆိုဆက်ဆံတတ်ဖို့၊ အလုပ်လုပ်တတ်ဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေဆိုတာ နှုတ်နဲ့ရော၊ အမူအရာနဲ့ပါ ပြောဆိုတတ်သူတွေဖြစ်တယ်။ အဲ့ဒီလိုသူတွေကို “လူဝင်ဆံ့တဲ့သူ” လို့ သတ်မှတ်ကြတယ်။ အသက်မွေးဝမ်းမှုအလုပ်အကိုင်မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို အသုံးချမယ်ဆို အောင်မြင်မှုရဖို့ သေချာပါတယ်။

🔳Interpersonal Skills က ဘာကြောင့်အရေးကြီးတာလဲ?

ဘဝမှာ လုပ်သမျှအရာအများစုက တခြားသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ လိုအပ်တယ်။ အလုပ်ခွင်မှာအောင်မြင်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ အရေးကြီးတယ်။ interpersonal skills ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ဆိုတာ မွေးရာပါစွမ်းရည်လို့ယူဆကြပေမယ့် တကယ်တော့ သင်ယူ လေ့ကျင့်လို့ရပါတယ်။

အလုပ်လျှောက်လွှာတင်တဲ့အခါ technical skills နည်းပညာကျွမ်းကျင်မှုတွေအပေါ်မှာပဲ အာရုံထားကြတယ်။ ဒါကလည်း ဘာဖြစ်လို့လဲဆို အလုပ်ခေါ်စာမှာ ကွန်ပြူတာအသုံးပြုနိုင်သလား၊ ဘာသာစကားကျွမ်းကျင်လား၊ စာရင်းအင်းနိုင်နင်းလား စတဲ့ technical skills နည်းပညာကျွမ်းကျင်မှု လိုအပ်ချက်တွေအပေါ်မှာ အဓိကထားတာကြောင့်ပါ။

ဒါပေမယ့် အလုပ်ခန့်မဲ့သူအများစုက သက်ဆိုင်ရာရာထူးအတွက် လိုအပ်တဲ့ technical skills ကိုတောင်းဆိုတတ်ကြသော်လည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အလုပ်လျှောက်ထားသူရဲ့ interpersonal skills အပါအဝင် soft skills အပေါ်အခြေခံပြီး ချကြတာဖြစ်တယ်။

မကြာသေးမီက LinkedIn က အလုပ်ခန့်ထားတဲ့ မန်နေဂျာ ၂၉၁ ဦးကိုပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ interpersonal skills က ပိုအရေးကြီးသလို ရှာဖွေရလည်းခက်တယ်လို့ ဆိုတယ်။ မန်နေဂျာ ၅၉% က လိုအပ်တဲ့ Soft skills ရှိသူတွေကို ရှာဖွေရတာ အခက်အခဲရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်။

🔳Interpersonal skills ကဘာတွေလဲ?

နမူနာတစ်ချို့ကတော့
• မိမိကိုယ်တိုင်နဲ့ တဖက်သားကို awareness ရှိခြင်း။
• အခြားသူများနှင့် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း။
• ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံတတ်ခြင်း။
• ပဋိပက္ခစီမံခန့်ခွဲမှုနှင့် ဖြေရှင်းရေးစွမ်းရည်ရှိခြင်း။
• အပြုသဘောဆောင်သော တုံ့ပြန်ချက်ပြုခြင်း။
• သံခင်းတမန်ခင်းကောင်းခြင်း/ရန်လိုမှုမရှိဘဲ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း။
• အခြားသူများကို စာနာမှုရှိခြင်း။
• တခြားသူတွေကို စိတ်အားတတ်ကြွစွာနဲ့ အလုပ်တွေကိုအကောင်းဆုံးလုပ်နိုင်ဖို့ အားပေးနှိုးဆော်နိုင်ခြင်း။
• ကောင်းမွန်စွာ နားထောင်နိုင်ခြင်း။
• team members တွေကို လမ်းညွှန်နည်းပြပေးနိုင်ခြင်း။
• ကွန်ရက်ချိတ်ဆက်ခြင်းနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း။
• အခြားသူများနှင့်ဆက်ဆံရာတွင် စိတ်ရှည်ခြင်း။
• လူမှုဆက်ဆံရေးကျွမ်းကျင်ခြင်း။
• အသင်းအဖွဲ့မှာ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း။
• အသင်းသားများအပေါ် သည်းခံမှုနှင့် လေးစားမှုရှိခြင်း။

🔳Interpersonal Skills ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ?

Interpersonal skills တိုးတက်အောင် ပြုလုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ချို့ကတော့

၁။ ကိုယ့်ရဲ့ body language ကို သတိထား စောင့်ကြည့်ပါ။ ကိုယ့်က ရန်လိုနေတဲ့ပုံ၊ စိတ်ဝင်စားမှုမရှိတဲ့ ပုံမပေါက်အောင် ကိုယ်နေဟန်ထားကို ကရုစိုက်ရမယ်။

၂။ နားထောင်စွမ်းရည် တိုးတက်ဖို့အတွက် အမြဲလေ့ကျင့်ပါ။

၃။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖော်ဖော်ရွေရွေ စကားပြောဆိုပါ။

၄။ အစည်းအဝေး/ presentation တွေကို ဦးစီးဦးဆောင်ပြုလုပ်နိုင်ဖို့ လေ့ကျင့်ပါ။

၅။ လူအများနှင့်ဆက်ဆံရာမှာ စိတ်အားထက်သန်မှုရှိပါ။

၆။ ယုံကြည်မှုအပြည့်ရှိပြီး လုပ်ဖော်ကိုင်ဖက်တွေ ချဉ်းကပ်ရလွယ်ကူတဲ့သူမျိုး ဖြစ်အောင် ကြိုးစားပါ။

ကျွန်မတို့ ဘဝတစ်လျှောက်လုံးမှာ ဘယ်နေရာသွားသွား၊ ဘယ်လို career မျိုးကို ရွေးချယ်ရွေးချယ် လူတွေနဲ့ ထိတွေ့ဆက်ဆံနေရဦးမှာပဲ။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်မယ်ဆို တခြားသူတွေနဲ့ သဟဇာတဖြစ်မယ်။ ပဋိပက္ခတွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ interpersonal skills ကောင်းရင်ကောင်းသလို ကိုယ်ပိုင်ဘဝမှာရော၊ ပရော်ဖက်ရှင်ဘဝမှာပါ တိုးတက်အောင်မြင်နိုင်တာဖို့ ဝေမျှလိုက်ရပါတယ်။

လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်ကြပါစေ...

WAI Academy
Building Skills, Shaping Future.




Reference
Vipond, T. (n.d), Interpersonal Skills: Why Interpersonal skills matter and how to improve them. Cooperate Finance Institute.

29/11/2023

#လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးစွမ်းရည်၏အရေးပါမှု


ဘယ်လိုအလုပ်ရာထူးနေရာမှာဖြစ်စေ အရေးကြီးဆုံးက interpersonal skills ကောင်းဖို့ လိုအပ်ပါတယ်။ Interpersonal skills ဆိုတာ တနည်းအားဖြင့် တခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကို သိရှိနားလည်ခြင်းပဲ ဖြစ်တယ်။ ကိုယ်နဲ့တခြားသူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို သိနားလည်ထားမယ်ဆို အလုပ်ခွင်မှာ တာဝန်ယူဆောင်ရွက်ရမဲ့အလုပ်တာဝန်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကြီးကြီးမားမား အထောက်အကူပေးနိုင်ပါတယ်။
လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးမှာ ဆက်သွယ်ရေးစွမ်းရည်က အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်တယ်။

ဆက်သွယ်ရေးစွမ်းရည်

အောင်မြင်ထိရောက်တဲ့ပြောဆိုဆက်သွယ်ရေးဆိုတာ ပေးလိုက်တဲ့ message က လက်ခံတဲ့သူ ရရှိတဲ့ message နဲ့ တထပ်တည်းအတိအကျဖြစ်တဲ့ စာ သို့မဟုတ် စကားဖြစ်တယ်။ အဲ့ဒီလိုဖြစ်ဖို့အတွက် ပေးချင်တဲ့အကြောင်းအရာအပြင် ကိုယ်အသုံးပြုမဲ့ language ကိုလည်း ထည့်စဉ်းစားဖို့လိုတယ်။ ဥပမာ လက်ခံသူက ကိုယ်အသုံးပြုလိုက်တဲ့ စကားလုံးတွေ/စကားစုတွေကို နားလည်မှုလွဲသွားနိုင်သလားလို့ မိမိကိုယ်ကို အရင်ပြန်မေးပါ။ ဒါ့အပြင် ဒီ message ကိုဘယ်လိုပေးပို့မလဲဆိုတဲ့ medium ကိုလည်း သတိထားရပါ့မယ်။ ဥပမာ ဖုန်းဆက်ပြီးပြောမှာလား။ ဒါမမဟုတ် လူချင်းတွေ့ပြီး ပြောဖို့လိုသလား ဆိုတာ ရွေးချယ်ပါ။

ဒါပမယ့် ဒီအပေါ်ကနှစ်ခုကို သေသေချာချာ လုပ်ရင်တောင် အောင်မြင်ထိရောက်တဲ့ဆက်သွယ်ရေးဖြစ်ပြီလို့ တထစ်ချပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်များတဲ့နေရက်တွေမှာ ပြင်ပကဆူညံသံတွေ၊ တခြားအလုပ်ကိစ္စတွေအကြောင်း တွေးမိနေတဲ့အတွေးတွေက နှောင့်ယှက်စေနိုင်ပါသေးတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာဆို ရလာဒ်အနေနဲ့ ပေးပို့သူကိုယ်တိုင်တောင် သတိလက်လွတ်ပို့မိနိုင်သလို လက်ခံသူကလည်း အဲ့ဒီ message အပေါ်မှာ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ မလွယ်ပါဘူး။

အဲ့ဒီတော့ ထိရောက်တဲ့ဆက်သွယ်ရေး ဖြစ်ရဲ့လားဆိုတာ စစ်ဆေးဖို့ လိုအပ်တယ်။ တနည်းအားဖြင့် ကိုယ်ပေးတဲ့message ကို လက်ခံရရှိတဲ့သူ နားလည်/မလည်ဆိုတာကို စစ်ဆေးရမှာဖြစ်တယ်။ လူချင်းတွေ့တဲ့ အစည်းအဝေးတွေမှာဆို တဖက်လူရဲ့ မျက်နှာပေးတွေ၊ အမူအရာတွေကို စောင့်ကြည့်နေရမယ်။ ဇဝေဇဝါဖြစ်နေသလား၊ မရှင်းမလင်းဖြစ်နေသလား၊ မေးခွန်းတွေရှိနေသလားဆိုတာကို စစ်ဆေးမေးမြန်းရမယ်။ အီးမေးလ်ဆက်သွယ်ရေးမှာဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို သိချင်ရင်၊ မေးခွန်းတွေရှိရင် ဒီဖုန်းနံပါတ်ကိုဆက်ပြီး မေးမြန်းနိုင်ကြောင်း အီးမေးလ်အဆုံးမှာ ထည့်ရေးဖို့လိုအပ်တယ်။

ဆက်သွယ်ရေးစွမ်းရည်တိုးတက်ဖို့ဆို ကိုယ်လက်ခံရရှိတဲ့ message အပေါ်မှာလည်း အာရုံစိုက်ထားဖို့ အရေးကြီးတယ်။ နားထောင်တဲ့နေရာမှာ လိုချင်တဲ့သတင်းအချက်အလက်တွေကို ရရှိယုံတင်မကဘဲ တဖက်လူအပေါ်မှာ စိတ်ဝင်စားမှုရှိကြောင်းလည်း ပြဖို့လိုတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် သူနဲ့ကိုယ်ရဲ့ relationship မှာလည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်တယ်။ အကယ်၍ ကိုယ်က သူတို့ရဲ့ မန်နေဂျာဖြစ်တယ်ဆို သူတို့အတွက် motivation လည်းဖြစ်စေနိုင်တယ်။ ပိုရှင်းလင်းအောင် မေးခွန်းတွေမေးခြင်းကလည်း message ကို နားလည်ပြီဖြစ်ကြောင်း၊ လိုအပ်တဲ့တုံ့ပြန်မှုပေးချင်လို့ဖြစ်ကြောင်းကို ဖော်ပြရာလည်းရောက်တယ်။

ပျော်ရွှင်အောင်မြင်ဖို့အတွက်ဆို interpersonal skills က ထိပ်ဆုံးက အရေးပါ,ပါတယ်။ ဒါ့ကြောင့်မို့ နေ့စဉ်ကိုယ်ပိုင်ဘဝမှာရော၊ ပရော်ဖက်ရှင်နယ်ဘဝမှာပါ အရေးကြီးတဲ့ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးအကြောင်းကို ဝေမျှလိုက်ပါတယ်။

WAI Academy
Building Skills, Shaping Future.

22/11/2023

Personal brand ဆိုတာ အရေးမကြီးပါဘူးလို့ ယူဆတဲ့သူတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် personal brand ကိုယ်ပိုင်အမှတ်တံဆိပ်ကောင်း တည်ဆောက်ထားခြင်းမှာ အကျိုးကျေးဇူးများစွာရှိပါတယ်။ ထိုအကျိုးကျေးဇူးများစွာထဲမှ တစ်ချို့ကတော့

၁။ သင့်ရဲ့ authentic self ကို ဖော်ပြခွင့်ရှိတယ်။ သင်ဖြစ်လိုတဲ့သူ ဖြစ်ခွင့်ရှိတယ်။

၂။ သင့်ရဲ့အားသာချက်တွေကို ကြည့်ပြီး သင့်မှာ တန်းဖိုးရှိတဲ့အရာရာတစ်ခုခု ရှိနေတယ်ဆိုတာကို သိတဲ့အတွက် သင့်ကိုယ်သင် ယုံကြည်မှုတိုးတယ်။

၃။ သင့်brand နဲ့ကိုက်ညီတဲ့ တသမတ်တည်းလုပ်ဆောင်မှုတွေမှတဆင့် သင့်အပေါ်ယုံကြည်စိတ်ချရမှု တည်ဆောက်နိုင်တယ်။

၄။ သင့်ရဲ့အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံနဲ့ ကိုယ်ရည်ကိုယ်သွေး စတာတွေကို ပေါင်းစပ်ပြီး သင့်ရဲ့ထူးခြားမှုကို ပြသနိုင်တယ်။

၅။ သင့်ရဲ့လုပ်ဆောင်ချက်တွေ၊ သင့်ရဲ့ကျွမ်းကျင်မှုတွေ၊ emotional connections မှတဆင့် သင့်ကိုလူတွေက မှတ်မိနေကြလိမ့်မယ်။

၆။ personal brand တစ်ခုက သင်နဲ့ သင့်ပရိသတ်တွေနဲ့ လျင်လျင်မြန်မြန် ရင်နှီးကျွမ်းဝင်လာစေပြီး အပြန်အလှန်ဆက်သွယ်နိုင်ဖို့ ကူညီပေးတယ်။

၇။ သင့်ရဲ့စွမ်းအင်ကို ဘယ်မှာအာရုံစိုက်မလဲဆိုတာကို သင့်ရဲ့ brand က ဆုံးဖြတ်ပေးနိုင်တယ်။

ဘယ်လို career အမျိုးအစားမှာဖြစ်စေ ကိုယ်ပိုင်အမှတ်တံဆိပ်ကောင်းတစ်ခု တည်ဆောက်ထားနိုင်ခြင်း တနည်းအားဖြင့် နာမည်ကောင်းရှိခြင်းက အကျိုးကျေးဇူးများစွာရှိကြောင်း ဝေမျှလိုက်ရပါတယ်။

WAI Academy
Building Skills, Shaping Future.


Ref: Executive Career Coach, Susan Chritton (n.d.)

20/11/2023

ွက်ကိုယ်ပိုင်အမှတ်တံဆိပ်ဘာကြောင့်မြှင့်တင်သလဲ

ကိုယ်တည်ဆောက်ထားတဲ့ personal brand ကို နေရာစုံမှာ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးချနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းမှုမှာလည်း ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု ဘာကြောင့်မြှင့်တင်သင့်သလဲဆိုတဲ့ ရည်ရွယ်ချက် ရှင်းလင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်က

ကိုယ်က ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘာတွေကိုပေးနိုင်သလဲဆိုတာကို တစ်ခြားသူတွေကို ရှင်းရှင်းလင်းလင်း အသိပေးနိုင်တယ်။

လုပ်ငန်းခွင်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေတယ်။ ခိုင်မာတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကောင်းတစ်ခု တည်ဆောက်ထားခြင်းက လုပ်ငန်းခွင်မှာ အခွင့်အလမ်းတွေ/ လစ်လပ်ရာထူးနေရာတွေ ပေါ်ပေါက်လာတဲ့အခါ သင့်နာမည်ကို အရင်ဆုံးသတိရကြပြီး အဲ့ဒီအခွင့်အလမ်းတွေကို ရရှိနိုင်မှာဖြစ်တယ်။

အွန်လိုင်းပေါ်မှာဖြစ်စေ၊ အပြင်မှာဖြစ်စေ ကိုယ်ပိုင်အမှတ်တံဆိပ်က ကွန်ရက်ချိတ်ဆက်ခြင်းကို ပိုမိုလွယ်ကူထိရောက်စေတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ချိတ်ဆက်မှုတွေနဲ့ အခွင့်အလမ်းတွေကိုလည်း ဖြစ်ပေါ်စေတယ်။

အလုပ်ရှင်အသစ်တွေထံကိုလည်း သင့်ကိုယ်သင် promote လုပ်နိုင်တယ်။ ဥပမာ အလုပ်လျှောက်လွှာ/ အင်တာဗျူးတွေမှတဆင့် ပြုလုပ်နိုင်တယ်။ သင့်မှာကိုယ်ပိုင်အမှတ်တံဆိပ်ကောင်းတစ်ခုရှိတယ်၊ အဲ့ဒီအမှတ်တံဆိပ်ကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုသိမယ်ဆို သင်က အများနဲ့မတူ ထူးခြားသူတစ်ယောက်ဖြစ်နေမှာ သေချာတယ်။

ဒါကြောင့်မို့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ဘာတွေလုပ်စေချင်သလဲဆိုတာကို သိရှိနားလည်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ကောင်းတစ်ခု တည်ဆောက်ထားမယ်၊ တိုးမြင့်အောင်လုပ်ဆောင်နေမယ်ဆို အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိမှာဖြစ်ကြောင်း ဝေမျှလိုက်ရပါတယ်။

လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်ကြပါစေ....

WAI Academy
Building Skills, Shaping Future.

14/11/2023

ိုတာ

ဒီဖက်ခေတ်မှာ လူပြောများလာတဲ့ Personal brand ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာ တကယ်တော့ ကျွန်မတို့အားလုံးမှာရှိပြီးသားဖြစ်တယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာ ကျွန်မတို့ရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်ချက်တွေ၊ ကိုယ်ရည်ကိုယ်သွးတွေကို ထင်ဟပ်စေခြင်းပဲဖြစ်တယ်။

Personal brand နဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအမျိုးအမျိုးရှိကြတဲ့အထဲမှ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos က Personal brand ဆိုတာ “အခန်းထဲမှာ မင်းမရှိတဲ့အခါ မင်းရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်က မင်းအကြောင်း လူတွေပြောတဲ့အရာ ဖြစ်တယ်” လို့ ဖွင့်ဆိုထားတယ်။

Tom Peter (1997) အဆိုအရ “ဘယ်လို အသက်အရွယ် ဖြစ်ဖြစ်၊ ဘယ်လိုရာထူးမှာဖြစ်ဖြစ် ၊ ဘယ်လုပ်ငန်းပဲ လုပ်ကိုင်သည်ဖြစ်ဖြစ်၊ Branding ရဲ့ အရေးပါပုံကို အားလုံး နားလည်ထားဖို့ လိုပါတယ်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီများ၏ CEO များဖြစ်ကြတယ်။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ဆို၊ မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ အရေးကြီးဆုံးအလုပ်ကတော့ You လို့ ခေါ်တဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် စျေးကွက်ရှာဖွေတတ်သူ ဖြစ်ဖို့လိုတယ်” ။

Personal brand နဲ့ပတ်သက်ပြီး The Celebrity Branding Agency (n.d.) အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “တစ်စုံတစ်ယောက်က မင်းနာမည်ကြားလိုက်တာနဲ့ သူတို့ခေါင်းထဲ ဘယ်အရာဝင်လာသလဲ။ ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်၊ အဲ့ဒါ မင်းရဲ့ brand ပဲဖြစ်တယ်။”

Personal brand ကိုယ်ပိုင်အမှတ်တံဆိပ်ကို နားလည်ခြင်း၊ ကောင်းမွန်အောင် ပြုလုပ်ခြင်းက job satisfaction ပိုရရှိစေသလို ကိုယ်အလိုရှိတဲ့အတိုင်း ကိုယ့်ရဲ့ career တိုးတက်စေဖို့လည်း ကူညီပေးနိုင်ကြောင်း ဝေမျှလိုက်ရပါတယ်။

WAI Academy
Building Skills, Shaping Future.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဘယ်လိုအခြေအနေမှာအလုပ်သစ်ကိုပြောင်းရွှေ့သင့်သလဲ?
ကာစတန်မာတွေ၊လုပ်ဖော်ကိုင်ဖက်တွေကိုဘယ်လိုပြောဆိုမလဲ?WAI Academy #CareerAdvice
အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုရွေးချယ်မလဲ?

Category

Website

Address

Yangon