IELTS and GMAT Myanmar

IELTS and GMAT Myanmar

Online Education

13/12/2020

👏 မနေ့ကထက် ဒိနေ့👏

ပိုကောင်းအောင် ပိုပြီးတော် ပိုပြီထက်မြက်လာဖို့ကို ပါစပ်ကပြောနေရုံနဲ့ဖြစ်မလာပါဘူး.....

👉 သင်ကိုယ်တိုင် ကြိုးသားမှ အောင်မြင်မှုတွေကို လက်လှမ်း နိုင်မှာပါ...။

သင်ရဲ့ ရည်မှန်းချက်တွေ ကို ကူညီပံပိုးပေးမယ့် SUCCESS က သင့်ကိုအမြဲ စောင့်ကြိုနေပါတယ်နော်..... 😍

တက်ရောက်နိုင်မည့် ဘာဘာရပ်များကိုအောက်ပါLink တွင့်ဝင်ရောက်ကြည့်ရှု့ နိုင်ပါသည်...။
https://www.facebook.com/106982504268317/posts/204692551163978/

သင်တန်းတက်ရောက်ရန် စာရင်းသွင်းလိုပါက
Hotline:09797563555ဆက်သွယ်စုံစမ်း နိုင်ပါသည်..။



11/12/2020

🌹 လူ့တစ်သက်၊ ရက် သုံးသောင်း သာ 🌹
**********************************

🎋 ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။
လူ့ဘဝက တကယ်ပဲ ရက်သုံးသောင်းပဲ ရှိတာလား။
မယုံလို့ တွက်ကြည့်လိုက်တယ်။
30,000÷ 365 = 83(နှစ်)
တကယ် ၈၃နှစ်ထိ အသက်ရှင် ခဲ့ရင်တောင်
ပျှမ်းမျှ ရက် ၃သောင်းပဲ ရှိပါသည်။
ဒါတောင် ကျွန်တော်တို့ ရက်ပေါင်း ဘယ်လောက်ကို
မသိမသာကျော်ခဲ့ သလဲဆိုတာ
ပြန်မနှုတ်ကြည့်ရသေးပါဘူး။

🎋 ကျွန်တော် အစက လူ့ဘဝကို ဖာသိဖာသာပဲထင်ခဲ့တာ။
ဒီနေ့ပြီး မနက်ဖြန်။
မနက်ဖြန်ပြီး သန်ဘက်ခါ။
သန်ဘက်ခါပြီး ဖိန်းနွှဲခါပေါ့။
ဒါပေမယ့် ဒီ ကိန်းဂဏာန်းကိုမြင်ပြီးတဲ့နောက်ပိုင်းမှ
လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ သိလိုက်ရတယ်။

🎋 သင် ငြိမ်ငြိမ်လေးထိုင်ပြီး တွေးခဲ့မိဖူးသလား။
သင့်ရဲ့ဘယ်နှစ်ရက်က ပျော်ရွှင်ခဲ့လဲ?
ဘယ်နှစ်ရက်က မပျော်ရွှင်ခဲ့သလဲ?
ဘယ်နှစ်ရက်က ဒေါသထွက်ခဲ့သလဲ?
ဘယ်နှစ်ရက်က ငြိမ်ငြိမ်သက်သက်ဖြတ်သန်းခဲ့လဲ?
ဘယ်နှစ်ရက်က ပြီးပြည့်စုံတယ်ခံစားရလဲ?
ဘယ်နှစ်ရက်က အထီးကျန်တယ်ထင်ရသလဲ?
ဘယ်နှစ်ရက်က မိမိကိုယ်ကိုယ် အတွက်လဲ?
ဘယ်နှစ်ရက်က သူတစ်ပါးအတွက် ဖြစ်ခဲ့သလဲ?

🎋 ဒီလောက် လူ့ဘဝ ရက်ပေါင်းတိုတိုလေး အတွင်းမှာ....
ဘယ်လို အခိုက်အတန့်တွေက တန်ဖိုးအရှိဆုံးအချိန်တွေလဲ?
လူ့ဘဝဟာ တန်ဖိုးရှိမှန်း ကျွန်တော်တို့သိကြပါတယ်။
ဒါပေမယ့် ဘယ်နှစ်ယောက်ကများ
သွားတန်ဖိုးထားပေးတတ်ကြလို့လဲ??

🎋 ရှေးလူကြီးတွေပြောဖူးတယ်။
" ကောင်းကင်က အပ်တစ်စင်းနဲ့
လူ့ပြည်က အပ်တစ်စင်းထိဖို့လွယ်မယ်..
လူဖြစ်ဖို့က ခဲယဉ်းတယ် ..
ဒါပေမယ့် သေဖို့ကတော့ မြေကြီးလက်ခတ်မလွဲဘူးဟေ့ -"တဲ့။

🎋 ဒါ့ကြောင့် ကျွန်တော်တို့တစ်ရက် အသက်ရှင်နိုင်သရွေ့
တစ်ရက် မိမိကိုယ်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာ
တွေးတတ်ဖို့လိုမယ်။
မိမိအိပ်မက်အတွက် အကောင်အထည်ဖော်နေစဉ်
ဘေးက ဖြတ်သွားတဲ့ရှုခင်းကို ကြည့်ဖို့လဲ မမေ့ပါနဲ့။
လူ့ဘဝ ရက် သုံးသောင်းရဲ့ ကုန်ခါနီးကျမှ
ဘေးကရှုခင်းတွေ မကြည့်ရမိပါလားလို့
နောင်တရနေလဲ မထူးတော့ပါ။

🎋 မိမိကိုယ်ကို နေရာလွတ်ပေးထားပါ။
မိမိရဲ့ အချိန်တွေကို အလုပ်က တစ်ကန့်..
မိသားစုက တစ်ကန့် ခွဲထားပါ။
ဖျော့တော့တော့ နေရောင်ခြည်လေးကိုနင်းသွားရင်း
ပန်းခြံထဲက မြက်ခင်းကြားက အုတ်လမ်းလေးပေါ်လျှောက်ကြည့်ပါ။

🎋 ငြိမ်သက်တဲ့ညအခါမှာ
ဝရန်တာပေါ်က ပလက်ကုလားထိုင်ပေါ်ထိုင်ရင်း
လပေါ်က နတ်သမီးလေးနဲ့ ယုန်ပြေးလွှားဆော့ကစားတာကို ကြည့်ရင်း
ကောင်းကင်ပေါ်က မိမိရဲ့ ဂြိုလ်ခွင်ကို ရှာကြည့်ပါ။

🎋 သေသေချာချာ စူးစူးစိုက်စိုက်လုပ်ကြည့်ပါ...
လူ့ဘဝထဲက ပုန်းအောင်းနေတဲ့
သင်လှည့်မကြည့်ခဲ့တဲ့ ရှုခင်းလှလှလေးတွေ
အများကြီး ကျန်သေးနေတယ်ဆိုတာ သင်ရိပ်စားမိလာမှာပါ။

🎋 အမည်မသိကဗျာဆရာ တစ်ယောက်ပြောဖူးတယ်။
" လူ့ဘဝကိုခံစားတတ်တဲ့ထဲမှာ
သဘာဝကိုခံစားတတ်ခြင်းက အကောင်းဆုံးဖြစ်တယ်တဲ့"
လူ့ဘဝဟာ နဂိုကတည်းက
အရောင်အသွေးစုံစုံလင်လင် ရှိပြီးသားပါ။
အလုပ်..ကျောင်း.. ပိုက်ဆံ.. ဂုဏ်ဒြပ်.. တွေကလွဲရင်
အခြား ကျွန်တော်တို့သွားရှာဖွေဖို့
အများကြီး အများကြီး ကျန်ပါသေးတယ်။

🎋 အရသာရှိတဲ့ စားသောက်ဖွယ်ရာ.. နွေးထွေးတဲ့ မိသားစုဘဝ..
ပြာလဲ့လဲ့ကောင်းကင်..
စိမ်းညိုညို မြက်ခင်း..
ဖြူဖွေးဖွေး တိမ်တိုက်..
ကျယ်ပြောလှတဲ့ ပင်လယ်ပြင်...
မြင့်မားလှတဲ့ တောင်တန်းတွေ..
သီချင်း.. အတွေး.. တရားဓမ္မ.. သူငယ်ချင်းသံယောဇဉ်..
စာပေ.. အားကစား.. တွေဟာ ကျောင်းစာအုပ် နဲ့ အလုပ်ပဲကလွဲရင်
ရှာဖွေသင့်တဲ့အရာတွေပါ....

🎋 တကယ်လို့ သင်က အလုပ်မှအလုပ်ပဲ..
ကျောင်းစာမှ ကျောင်းစာပဲလို့ ဖြစ်နေခဲ့ရင်တောင်
အချိန်ပေးပြီး မိမိပတ်ဝန်းကျင်က အလှများကို
ခံစားကြည့်လိုက်ပါ..
ဒီအချိန်မှ မခံစားကြည့်ရင် ဘယ်အချိန်ကို စောင့်စားနေဦးမှာလဲ??
မိမိကိုယ်ကို မြတ်နိုးတတ် ချစ်တတ်ပြီး
အမြင်များပြောင်းလဲကြည့်ပေးပါ။

🎋 ကောင်းကင်က ဒီလိုပဲပြာတယ်။
သစ်ပင်တွေက ဒီလိုစိမ်းစိုတယ်။
လူ့ဘဝဟာလည်း တကယ်တော့ ဒီလိုပဲ လှပတယ်။
နှစ်တစ်ထောင်မှ တစ်ခါ မဖြစ်တဲ့လူ့ဘဝကို
တန်ဖိုး ထားတတ်နိုင်ကြပါစေ.....။

Credit to - မူရင်းပိုစ့်



10/12/2020

နြား

မနေ့က သူငယ်ချင်းတစ်ယောက်ပြင်ဦးလွင်မှ မိုးကုတ်သို့ ကားဖြင့်သွားခဲ့တယ်။ညရောက်တော့
ကျွန်တော်နဲ့သူစကားတွေ Vcနဲ့ပြောဖြစ်တယ်။

သူငယ်ချင်းက လမ်းခရီးမှာ ကံမကောင်းခဲ့ဘူး။
ချောက်ထဲ ကျမလိုဖြစ်သွားတယ်။ သူငယ်ချင်းက
ကားမောင်းကျွမ်းတယ် ပြိုင်ပွဲတွေတောင် ဝင်ပြိုင်ဖူးတယ်။မိုးကုတ်ဆိုတာလဲ သူတစ်လ၂ခေါက်လောက် သွားဖြစ်တယ်။

သူငယ်ချင်းက တောတောင်ထူထပ် တောင်ဆင်းတောင်တက်များတဲ့ နေရာသို့အရောက်မှာ တောင်ပေါ်လမ်းကနေ တောင်အောင်ကတက်လာတဲ့ ကားတစ္စီးက သူငယ်ချင်းကားကို ဝင်တိုက်မလို့ ဖြစ်သွားတယ်။

တိုက်မိရုံတင်ဖြစ်ပြီး တောင်ပေါ်ကဆင်းလာတဲ့
ကားသမားက`` နြားလို့အော်သွားသေးတယ်။
သူငယ်ချင်းက သူ့ကိုဆဲသွားလို့ စိတ်တိုနေတယ်။

နွားလို့အော်ရင် ကျွန်တော်တို့နိုင်ငံက ဆဲတယ်လို့ယူဆကြတယ်ဗျ။....

ခနလောက်အကြာမှာ သူငယ်ချင်းကားထဲဝင်တော့
တောင်ပေါ်က တောနွားရိုင်း(၇)ကောင် ဆင်းပြေးလာတယ်။ သူငယ်ချင်းကားထဲမှာ ရောက်သွားလို့
့တော်သေးတာပေါ့။ နမို့ဆို နွားခွေ့ခံရမှာ။

သူငယ်ချင်းသာ ဟိုကားသမား နွားလို့မအော်သွားရင်
သူကံကောင်းမှာ မဟုတ္ဘူး။လောကမွာလဲ ဒီလိုပါဘဲ။
တစ်ချို့သူတွေက မိမိကိုဆဲနေတာ မဟုတ္ဘူး။
ခင်ဗျား ဒုက္ခရောက်မှာစိုးလို့ပါ......

Credit :မူရင်းရေးသားသူ
သင်တန်းတက်ရောက်ရန် စုံစမ်းလိုပါက


06/12/2020

* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်

* #ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်

* #ပြုံးပါ
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ

* #ချစ်ပါ
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ

* #ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင် သင်နေရတဲ့ ကမ္ဘာ
ကျောက်ခေတ်ဖြစ်နေမယ်

* #ငိုပါ
ဝမ်းနည်းမှု့ကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့
သင် စက်ရုပ်ဖြစ်သွားလိမ့်မယ်

* #တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့
ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်

* #တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင်
နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံသတ္တဝါ ဖြစ်နေလိမ့်မယ်

* #စွန့်ပစ်ပါ
အလေးမခံထားပါနဲ့
ဒါကို ဘဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင်
သင့်ဘဝ ရေစုန်မျောလိမ့်မယ်

* #ရုန်းထွက်ပါ
အတိတ်ကို ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တတ်တဲ့ ပင့်ကူအိမ်က
သင့်အနာဂတ်ကို ပိတ်ဆို့ထားလိမ့်မယ်။ ။

....



06/12/2020

ဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။ သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို က်သြားသတဲ့ ...။

အဲတော့ ကျန်တဲ့ ဖားတွေအကုန်လုံးကလည်း တွင်းရဲ့အ၀မှာ ဝိုင်းကြည့်ကြတာပေါ့ ..။
တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့ ...
ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက် ကံဆိုးတဲ့ ဒီနှစ်ကောင်တော့ အပြင်ကို ထွက်လို့ရတော့မှာမဟုတ်ဘူးဆိုတော့ အချင်းချင်းပြောနေကြတယ် ...။

ဖားနှစ်ကောင်ကတော့ ဒီလိုပြောတာတွေကို မကြားပဲ တွင်းထဲက ပြန်ထွက်နိုင်အောင် ကြိုးစားပြီး ခုန်နေကြတယ်တဲ့ ...။

အပေါ်ကဖားတွေကတော့ "မင်းတို့တွေ ဘယ်လိုပဲလုပ်လုပ် တွင်းထဲက ထြက္လို့ရမွာ မဟုတ္ဘူး ... တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ ... အပင်ပန်းခံမနေနဲ့တော့ ... ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေကြတာပေါ့ ...။

နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက်သတဲ့ ...။
တစ်ကြိမ်ခုန်လိုက်ပြီး အက်မွာ စိတ်လျှော့လိုက်တာကြောင့် မြေကြီးနဲ့ရိုက်မိပြီး သေဆုံးသွားသတဲ့ ...။

နောက်ထပ် ဖားတစ်ကောင်ကတော့ သူတတ်နိုင်သမျှ ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ် ...။
တစ်ကြိမ်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ... အပေါ်က ဖားအုပ္က သူ့ကို သေမယ့် အတူတူ မထူးတော့လို့ ... ရပ္လိုက္ဖို့ ဆက်ပြီး အော်ဟစ်နေကြတယ် ...။

ဒါပေမယ့် ဖားလေးဟာ လုံးဝဂရုမစိုက်ပဲ .... ကြိုးစားပြီး ခုန်ရင်း ခုန်ရင်းနဲ့ နောက်ဆုံးမှာ တွင်းပေါ်ကို တက်နိုင်သွားတယ် ...။

အပြင်လဲ ရောက်ရော ... တခြားဖားတွေက "ဘာဖြစ်လို့ မင်းအဆက်မပြတ် မရရအောင် ခုန်ခဲ့တာလဲ ... ငါတို့ မင်းကို လက်လျှော့လိုက်ဖို့ ပြောနေတာ မကြားလို့လား" ဆိုပြီး ဖားလေးကိုမေးတယ် ...။

ဖားလေးက သူတို့မေးတာကို ဘာမှပြန်မဖြေဘူးတဲ့...။

နောက်မှ သူတို့တွေ သိလိုက်ရတာက ဖားလေးဟာ နားမကြားဘူး ဆိုတာ ပါပဲ ...။
သူ့အတွေးထဲမှာတော့ ဖားအုပ်ကြီး အော်ဟစ်နေကြဟာ သူ့ကို အပေါ်ကို ကြိုးစားတက်ဖို့ အားပေးနေကြတာလို့ ထင်ခဲ့ပါတယ်တဲ့ ...။

ဒီပုံပြင်မှာ သင်ခန်းစာယူစရာ နှစ်ချက်ရှိပါတယ် ...
၁) တစုံတစ်ယောက်ကို အောင်မြင်တိုးတက်အောင် စိတ်ဓာတ်ခွန်အားပေးတာပဲ ဖြစ်ဖြစ်၊ သေလိုတဲ့အထိ စိတ်ဓာတ်ကျဆင်းအောင် ပြုလုပ်လိုလျှင်ပဲ ဖြစ်ဖြစ် ... အဲလို ပြုလုပ်နိုင်တဲ့ စွမ်းအားတွေဟာ လူတွေရဲ့ လျှာဖျားပေါ်မှာ ရှိပါတယ် ...။
တစ်စုံတစ်ယောက် စိတ်ဓာတ်ကျဆင်းနေချိန်မှာ နှစ်သိမ့်တဲ့စကားတစ်ခွန်းဟာ ထိုသူကို စိတ်ဓာတ်မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်သလို အခက်အခဲရက်စွဲတွေက ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ် ...။

၂) ဖ်က်ဆီးလိုတဲ့ စကားတစ်ခွန်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ တစုံတေယာက္ကို အသေသတ်နိုင်ပါတယ် ...။

အဲတော့ တို့တွေလည်း စကားတစ်ခွန်း ပြောတော့မယ်၊ တစုံတခုကို မှတ်ချက်ပေးတော့မယ် ဆိုရင် လက်လွတ်စပယ်မပြောပဲ သေချာဂရုစိုက် စဉ်းစားတွေးခေါ်ပြီး ပြောဆိုကြပါစို့နော် ...။

Translated by အလင်္ကာမေကျော်
Crt
သင်တန်းတက်ရောက်ရန်စာရင်သွင်းလိုပါက


04/12/2020

🎄🎄 Merry Christmas 🎄🎄

အားသာချက်တွေများတဲ့သင်တန်းကိုရွေးချယ်စို့ 04/12/2020

Defining Relative Clause and Non-Defining Relative Clause

Defining Relative Clause

Defining Relative Clause ဆိုတာအထူးပြုဖော်ပြလိုတဲ့ လူပုဂ္ဂိုလ်(သို့မဟုတ်) အရာဝတ္ထု၏ သတင်းအချက်အလက်ကို ထင်ရှားပေါ်လွင်အောင်ဖော်ပြပေးတဲ့ Adj Clause ကိုပဲ ခေါ်ဆိုတာဖြစ်ပါတယ်

The girl who is playing in the play-ground is my neighbor.
ကစားကွင်းထဲမှာကစားနေတဲ့ကောင်မလေးက ကျွန်တော့်ရဲ့အိမ်နီးချင်းပါ

(ဒီ Sentence မွာ the girl ဆိုတာ ဘယ်လိုမိန်းကလေးဖြစ်ကြောင်းကို၎င်းရဲ့နောက်က
Who is playing in the play-ground ဆိုတဲ့စာကြောင်းက ထင်ရှားပေါ်လွင်အောင် ရေးထားတဲ့သတင်းအချက်အလက်ဖြစ်ပြိး The girl ကို Define လုပ်ထားတာဖြစ်လို့ Defining Clause လို့သိရပါမယ်)

The subject (that)I like best is English. (The subject က Obj ဖြစ်လို့ that ကိုထည့်ရေးလဲရတယ် ဖြုတ်ရေးလဲရတယ်)
ကျွန်တော့်အကြိုက်ဆုံးဘာသာရပ်က English ပါ

(ဒီ Sentence မွာ The subject ဆိုတာ ဘယ်လိုဘာသာရပ်လဲ သူ့အကြိုက်ဆုံးဘာ သာရပ်ဖြစ်ကြောင်းကို I like best ဆိုတဲ့စာကြောင်းက ထင်ရှားပေါ်လွင်အောင်ရေး ထားတာဖြစ်ပြီး The subject ကို Define လုပ်ထားတာဖြစ်ပါတယ်)

Here are the men who went to the football match last two days ago.
ဒီမှာလေ လွန်ခဲ့တဲ့နှစ်ရက်ကဘောလုံးပွဲသွားခဲ့ကြတဲ့သူတွေပေါ့

(The men တွေဘာလုပ်ခဲ့တယ်ဘယ်ကိုသွားခဲ့တယ်ဆိုတာကို who went to the football match ကပေါ်လွင်အောင် Define လုပ္ထားလို့ Defining Clause ပါ)

Non-Defining Relative Clause

Non-Defining Relative Clause ဆိုတာ အထူးပြုဖော်ပြလိုတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အရာဝတ္ထု၏ သတင်းအချက်အလက်ကို(extra information) အဖြစ် အပိုထည့်ခြင်းဖြစ်ပြီး၎င်းinformationကိုရေးမည်ဆိုပါကအထူးပြုခံနာမ်(Antecedent) နှင့်Clause ကြားမှာ Comma(,) ကိုထည့်ရေးရပါမယ်

Su Su, who gave me a book last night,is a daughter of Daw Mya.
မနေ့ညကကျွန်တော့်ကိုစာအုပ်တစ်အုပ်ပေးခဲ့တဲ့စုစုကဒေါ်မြရဲ့သမီးပါ

(ဒီ sentence မွာ စုစုက ဒေါ်မြရဲ့သမီးဆိုပြီး Su Su is a daughter of Daw Mya လို့ရေးရင်လဲရတာပဲ ဒါကို who gave me a book last night ဆိုတဲ့ extra information ကိုထည့်ရေးလိုက်တော့ Su Su နဲ့ Clause ကြားမှာ Comma(,)ထည့် ရေးရတာပါ)

My wife, who lives in Nay Pyi Daw,is a teacher from the Department of Basic Education.
နေပြည်တော်မှာနေတဲ့ကျွန်တော့်အမျိုးသမီးကအခြေခံပညာရေးဌာနမှဆရာမတစ်ဦး ဖြစ်ပါတယ်

(ကျွန်တော့်အမျိုးသမီးကအခြေခံပညာရေးဌာနမှဆရာမဖြစ်ကြောင်းကို My wife is a teacher from the Department of Basic Education.လို့မရေးပဲနေပြည်တော်မှာနေ
သောဆိုတဲ့ who lives in Nay Pyi Daw (extra information) ကိုထည့်ရေးလို့ My wife နဲ့ Clause ကြားမှာ Comma(,)ထည့် ရေးရတာပါ)

Comma(,)ထည့်မရေးပဲ

My wife who lives in Nay Pyi Daw is a teacher from the Department of Basic Education. ပဲရေးမယ်ဆိုရင်တော့ နေပြည်တော်မှာနေတဲ့အမျိုးသမီးအပြင်တခြားမြို့ မှာနေနေတဲ့နောက်ထပ်အမျိုးသမီးတွေလဲရှိသေးသလိုဖြစ်သွားပါတယ် အဲ့ဒါကြောင့် Comma(,) ကအရေးကြီးပါတယ်)နောက်ထပ်ရှိသေးရင်ဖြုတ်ပေါ့လေ😜😜😜

When in Myanmar, We visited the Shwedagon, which is in Yangon.
မြန်မာမှာရှိတုန်းက ရန်ကုန်မှာရှိတဲ့ရွှေတိဂုံဘုရားကိုငါတို့သွားခဲ့ကြတယ်

(ဒီ sentence ကို we visited the Shwedagon လို့ပဲမရေးပဲရန်ကုန်မှာရှိတဲ့ရွှေတိဂုံလို့ (extra information)ထည့်ရေးလိုက်တော့ Comma(,)ထည့်ရေးရတာပေါ့ Comma(,) မထည့်ရင် ရွှေတိဂုံကရန်ကုန်သာမက အခြားမြို့တွေမှာပါရှိသေးတဲ့သဘောဖြစ်သွား မွာပါ)

ဒီလောက်ဆိုရင် Defining Relative Clause and Non-Defining Relative Clause အခြေခံသဘောတရားကိုကွဲပြားလောက်ပြီလို့ထင်ပါတယ်



အားသာချက်တွေများတဲ့သင်တန်းကိုရွေးချယ်စို့ ၁၀) တန်းအောင်မြင်ပြီး စီးပွားရေးပညာရပ်များကိုလေ့လာချင်သူများ 🔹 မြန်မာနိုင်ငံအရပ်ရပ်ရှိ စီးပွားရေးစီမံခန.....

03/12/2020

ခု Save ရကျိုးနပ်သွားပီ ကိုယ့်ကိုအားဖြစ်စေလို
ရိုးရိုးနေခဲ့ရတာ မဟုတ္ဘူး ကင်မရာကို ကိုင်ပြီး




ဒီပုံလေးကို Save ထားတာ တော်တော်ကြာပြီ
ခု Save ရကျိူးနပ်သွားပီ ကိုယ့်ကိုအားဖြစ်စေလို
ဒီပုံလေးကို ကြည့်ပြီး ဓါတ္ပုံဆရာကို ပညာ ယူကြရအောင်
ဒီဓာတ္ပုံဆရာက ဒီပုံလေး တစ္ပုံရဖို
ရေထဲမှာ နာရီပေါင်းများစွာ အအေးခံပြီး နေခဲ့ရတယ်
ရိုးရိုးနေခဲ့ရတာ မဟုတ်ဘူး ကင်မရာကို ကိုင်ပြီး
အဲ့အသီးကိုဘဲ ချိန်ထားရတယ် မလှုပ်မရှုပ်နဲ အကြည့်တစ်ချက် မလွဲဘဲနေခဲ့ရတယ် စဉ်းစားကြည့်
သူဘယ်လောက်တောင် ဒုက္ခခံခဲ့ရလဲ
အဲ့ဒါကို မြင်တဲ့သူက သူကိုပြောလိမ့်မယ်
သူရူးနေပြီလို့ ဒါမယ့် သူ စိတ်မဝင်စားခဲ့ဘူး
သူလုပ်စရာရှိရာလုပ်တယ်
အဲ့လိုဘဲ ကိုယ်ဖြစ်ချင်တာကို ဇွဲရှိရှိနဲ့ အချိန်တစ်ခုပေးပြီး ရေဆုံးကမ်းဆုံးလုပ်ပါ
နောက်ဆုံးထိ လျှောက်လှမ်းတဲ့သူက အောင်မြင်မှူကိုရကိုရတယ်
အဲ့ဒါကြောင့် ခုတေလာ ကျွန်တော် စိတ်ဓာတ်တွေ ကျနေခဲ့တယ်
ဒါပေမယ့် ဒီပုံလေးကိုကြည့်ပြီး ကျွန်တော် စိတ်ခွန်အားတွေ ရခဲ့တယ်
အဲ့ဒါကြောင့် လူတိုင်း လူတိုင်း ကိုယ်ဖြစ်ချင်တာကို
နောက်ဆုံးထိ ဇွဲမလျှောဘဲ လုပ်ပါ
ဘေးက အတိုက်အခိုက်တွေအတွက် စိတ်မဝင်စားပါနဲ့
ကိုယ်လျှောက်မယ့်လမ်းကိုသာ အဆုံးထိလျှောက်ပါ
လမ်းဆုံးမှာ အောင်မြင်မှု သေချာပေါက်ရှိတယ်။

ခရက်ဒစ် မူရင်းရေးသားသူ & မူရင်းဖိုတို။

သင်တန်းစုံစမ်းလိုပါက
အောက်ပါLink တွင်စာရင်းပေးသွင်းနိုင်ပါသည်။(အမှန်တကယ်တက်ရောက်လိုသူများသာစာရင်ပေးသွင်းပါရှင့်)

https://forms.gle/T4ac3121EMP1ZFxq5

03/12/2020

တစ်နေ့မှာ
ကိုရင်လေးကို ကိုရင်ကြီးတစ်ပါးက
စ လိုက္လို့ ကိုရင်လေးက ငိုပြီး
ကျောင်းထိုင်ဆရာတော်ကို
သွားတိုင်ပါတယ်။

ဆရာတော်က
ကိုရင်လေးကို နှစ်သိမ့်ပေးတယ်။

ကိုရင်လေးမငိုနဲ့။တိတ် တိတ် !
အဲဒီကိုရင်ကြီးက အသက်ကြီးရင် သေမှာ။
ဘာမွ သြားလုပ္စရာ မလိုဘူး
တိတ် ...တိတ် လို့
ပြောလိုက်တော့
ကိုရင်လေးက ကျေနပ်သွားသတဲ့။

အသက်ကြီးရင် သေရတယ်ဆိုတဲ့
သဘာဝတရားကို နားမလည်သေးတော့
ကိုရင်လေးက ကျေနပ်သွားတာပေါ့။
-

ကြီးရင် သေတတ်တယ်ဆိုတဲ့
သဘောတရားနဲ့
ဆက်စပ်ပြီး တွေးမိလိုက်မိတယ်။

လူတွေမှာတစ်ခုခုကြီးလာရင်
တစ္ခုက သေသွားတတ်တယ်ဆိုတာကိုပါ။

ဥပမာ -
စိုးရိမ်စိတ်တွေ ကြီးလာရင်
ပျော်ရွှင်မှုတွေ သေဆုံးတတ်တယ် ။

သံသယေတြ ကြီးလာရင်
ယုံကြည်မှုတွေ သေဆုံးတတ်တယ် ။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင်
ငြိမ်းချမ်းမှုတွေ သေဆုံးတတ်တယ် ။

မညီမျှမှုတွေ ကြီးလာရင်
လေးစားမှုတွေ သေဆုံးတတ်တယ် ။

အတ္တစိတ်တွေ ကြီးလာရင်
ရိုသားခြင်းတွေ သေဆုံးတတ်တယ် ။

အပျင်းတွေ ကြီးလာရင်
အခွင့်လမ်းတွေ သေဆုံးတတ်တယ် ။
-
Credit - ဓမ္မအလင်းရောင်



Photos from IELTS and GMAT Myanmar's post 02/12/2020

E Skill လေးတွေပြိုင်ကျရအောင် 😍😍



01/12/2020

တစ်သောင်း ဆယ်ခါဖြုန်းရင် တစ်သိန်းပါ
တစ်သိန်း ဆယ်ခါဆို ၁၀သိန်းပါ...

ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ

မလိုတာတွေဝယ်ခဲ့ဖူးတယ်

မတန်တာတွေ စားခဲ့ဖူးတယ်

မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်

မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်

သဒ္ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်

အားနာပြီး ကုန်ခဲ့ကြဖူးတယ်

အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖတ်တင်မကျန်ခဲ့ဘူး

အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး

အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး

အဝတ်နိုင်ဆုံးဆိုပြီးလည်း
ကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး...

သူ့နေရာနဲ့သူ
သုံးသင့်တဲ့နေရာသုံး
မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ
အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ....

ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ ?

ဒါ့ကြောင့်
ကျွန်တော်တို့
သိပ်နောက်မကျခင်
ငွေစစုကြရအောင်လား....
ဘယ်လောက်ပဲဖြစ်ဖြစ်
စစုကြည့်ပါ...

ကဲ....
မိတ်ဆွေ
သင် ဖြုန်းမယ်ပြင်ထားတဲ့
ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါလား ......

ပြန်လည်မျှဝေပေးသည်။
အကျိုးရှိရင် Share ဗ်ာ

Credit to original writer

01/12/2020

ဒိဘဝလေးမှာပဲကျေနပ်နေပြီလား

၁။ ဘဝဆိုတာ တိုက္ပြဲတစ္ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

၂။ လူတိုင်းမှာ ကိုယ္စီကိုယ္စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတေလ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၎။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမွားတစ္ခုလုပ္မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မွားမွာကို မကြောက်ပါနဲ့ အမွားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ္မားပါးနပ္စြာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက္တစ္စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမွာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ္လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ္က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

Credit

29/11/2020

"""""ထပ် မမှားမိစေနဲ့""""""
********

လူရယ္လို့ ဖြစ်လာရင်
ဘယ်သူမွ အမှားမကင်းနိုင်ပါဘူး။
အမှားကြီးနဲ့ အမှားသေးပဲ ကွာခြားတာပါ.....

သူတစ်ပါးကို အပြစ်ပြောတော့မယ်ဆိုရင်
ကိုယ် ကိုယ်တိုင်က အမှားကင်းရဲ့လားဆိုတာ အရင်ပြန်တွေးပါ....

မမှားသော ရှေ့နေ ၊ မေသေသာ ဆေးသမားဆိုတာ ရွိရဲ့လား
သူတစ္ဖက်သား အမွားကို ဝေဖန် ထုတ်ဖော်ခြင်းဆိုတာ
အောက်တန်းအကျဆုံး လုပ်ရပ်တစ်ခုပါ....

အမွားကို အမှားမှန်း သိပြီး
အမှန်ဖြစ်အောင် ပြုပြင်တတ်ဖို့ပဲ လိုတယ်.....

အမွား ကျူးလွန်မိတိုင်း လူညံ့မဟုတ်သလို
သူများအပြစ်တွေကို တိုက်ခိုက် တာ၊ ဝေဖန်တာကလဲ
လူတော် လူကောင်း တွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး....

ကိုယ့်အမှားကို ကိုယ်ပြန်မြင်နိုင်ပြီး
အမွားကို အမှန်ဖြစ်အောင်
ပြုပြင်ပြောင်းလဲ တတ်သူက လူတော် ပါ....

တစ်ကြိမ်တစ်ခါ မွားခဲ့ဖူးတာကို
အချို့က အခွင့်ကောင်းယူပြီး ဝေဖန် တိုက်ခိုက် ပြစ်တင်ကြလိမ့်မယ်။
ဂရုစိုက်နေဖို့ မလိုဘူး
လက်ရှိမှာ ကိုယ္က မှန်နေဖို့ပဲ လိုတာပါ.....

လူဆိုတဲ့ အမျိုးက ကိုယ့်မျက်ချေး ကိုယ်မမြင်ကြဘူး
သူမ်ား မျက်ချေးကိုပဲ မြင်တတ်ကျတာ သဘာဝ.....
ဝေဖန် တိုက်ခိုက်တိုင်း စိတ္ဓာတ္က် သိမ်ငယ်နေဖို့ မလိုပါဘူး။
ကိုယ့်ရဲ့ အမွားတစ္ခုကို ဝေဖန်တိုက်ခိုက်နေသူမှာလဲ
အမှားတွေ ကျူးလွန်ဖူးကြပါတယ်။
ဘာမွ အားမငယ်လိုက်ပါနဲ့.....

ဝေဖန်တိုက်ခိုက်သူကို မေက်နပ္လို့
အရွဲ့တိုက်ပြီး ထပ်မမိုက်မိပါစေနဲ့.....
သူတို့ကို အရွဲ့တိုက်လိုက်လို့ ကိုယ္ဘာမွ ပြန်မရဘူး
ကိုယ်ပဲ အမှားပေါ် အမှားဆင့်ပြီး ပြင်မရအပြစ်တွေနဲ့
ဘဝပျက်သွားလိမ့်မယ်နော်.....
သတိလေး ထားပါ။

ကိုယ့်ကို လာတိုက်ခိုက်နေလဲ မျက်ကွယ်ပြု လျစ်လျူရှူထားလိုက်ပါ
လူတစ်ယောက်ကို အကောင်းဆုံး လက်စားချေမှု့က ဥပေက္ခာ ပြုခြင်းပါ။
မတူလို့ မတုဘူး ဆိုတဲ့ သဘောပေါ့.....
ကိုယ့်ကို လာကိုက်တဲ့ ခွေးနဲ့ ပြိုင်ကိုက်နေရင်
ကိုယ်ပါ ခွေးဖြစ်သွားတတ်တယ်.....

အမှားကျူးလွန်ခဲ့မိခြင်းဟာ
အမှန်တရားအတွက် ရင်းနှီး မြှပ်နှံခြင်းမျိုးပဲ ဖြစ်ပါစေ။
ထပ်ဆင့် အမှားကျူးလွန်ဖို့ တွန်းအားမဖြစ်ပါစေနဲ့.....
မွားခဲ့တဲ့ အမွားထဲက သင်ခန်းစာ ယူပါ။
နောက်ထပ် မမှားအောင် သတိထားပါ .....

သင်ခန်းစာ ဆိုတာ ယူတတ်မှ ရတာမို့
လက်တွေ့ ကြုံခဲ့သမျှကို သင်ခန်းစာ ယူပြီး
ဘဝကို အမှားနည်းအောင် နေထိုင်ရှင်သန်လိုက်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Phyo Thu



Photos from IELTS and GMAT Myanmar's post 27/11/2020

English. Meaning လေးတွေလေ့လာကျမယ်😍😍😍



27/11/2020

သင်ဘာမြင်ဘာသလဲ
:::::::::::::::::::::::::::::::::
ရုပ်ပုံကိုအရင်ကြည့်ပြီး သင်မြင်တာကိုသင်ပြော
ကြည့်ပါ...
သင်မြင်တာကိုသင့်စိတ်ထဲမှာပြောပြီးပြီးဆိုရင်စာလေးကိုဖတ်လိုက်ပါ...

လူအမ်ားစုက အမဲစက်တစ်စက်ကိုတွေ့တယ်လို့
ပြောကြပါလိမ့်မယ်...အဖြေကလဲမှန်ပါတယ်..

ဒါပေမယ့်စာရွက်တစ်ရွက်လုံးအဖြူရောင်ကိုမြင်တယ်
လို့ဘာလို့မတွေးမထင်မပြောကြသနည်း...ဒါက
လူ့သဘာဝမို့ပါ....

ကိုယ့်ကဘယ်လောက်ကောင်းတာလုပ်လုပ် လူတွေက
ကိုယ့်ရဲ့ကောင်းတာတွေကိုမပြောပဲ အမှားလေးတစ်ခု
လုပ်လိုက်တာနဲ့အဲ့ဒီအမှားကိုပြောပါလိမ့်မယ်...

စာရွက်အဖြူရောင်တစ်ရွက်ကိုမြင်တွေ့တယ်လို့မပြောပဲ အမဲစက်လေးကိုမြင်တွေ့တယ်လို့ပြောမယ့်သူကပိုများပါတယ်....

ဒါကြောင့် သင်သတိထားပါ..လူတွေက ကောင်းတာထက်ဆိုးတာကိုပိုမြင်ကြပါတယ်...

သင်ရုပ်ပုံကိုကြည့်ထဲကအဖြူရောင်စာရွက်တစ်ရွက်လို့
မြင်ခဲ့ရင် သင်က အကောင်းမြင်စိတ်ရှိတဲ့အတွက်ဝမ်းသာပါတယ်.....




Photos from IELTS and GMAT Myanmar's post 26/11/2020

English စာအသုံးအနှုန်းလေးတွေလေ့လာကျရအောင် 😍



26/11/2020

သိပ်ကောင်းလို့ဖတ်ကြည့်စေချင်
စာဖတ်ခြင်းကပေးတဲ့ အကျိုးများ
_______________________
၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၎-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမွမေပးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ
ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်
အျဖစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?

၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့်ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃-စိတ်အားတက်ကြွစေမယ့် စာပေ
(တက်ကျမ်း)
သင့်ရဲ့ စိတ္ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်
အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၎-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သေဘာဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့
မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

ကျွန်တော်ရဲ့စာကိုဖတ်ပြီး ရင်ထဲမှာ
ပြောချင်စရာ စကားများရှိနေပါက
commentမွာ ချရေးခဲ့ပါ။

ကြိုက်တယ်ဆို pageလေး ကို like or follow ထားနိုင်ပါတယ်။

Credit


Photos from IELTS and GMAT Myanmar's post 24/11/2020

You will not ever regret to learn the distinct differences between these things.
09979563555သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


24/11/2020

ဘဝမှာ

၁။ ပါးစပ် နည်းနည်း ချိုပါ။
ဦးနှောက် နည်းနည်း ရှင်းပါ။

လှုပ်ရှားမှု နည်းနည်း မြန်ပါ။
အကျိုး နည်းနည်း မြင့်ပါ။

စကားပြော နည်းနည်း ညင်သာပါ။
အပြုံးများများ ပြုံးပါ။ အလုပ်ပိုလုပ်ပါ။

ဒါဟာ အောင်မြင်သူတွေ
အောင်မြင်ရတဲ့နည်း ဖြစ်တယ်။

၂။ အောင်မြင်ဖို့ သူငယ်ချင်း လိုပါတယ်။
အရမ်းအောင်မြင်ဖို့ ရန်သူလိုပါတယ်။

တကယ့် တကယ် အောင်မြင်ဖို့ကတော့
သင့်ကိုယ်သင် အရင် အောင်နိုင်ရပါမယ်။

၃။ ဘာတွေကို ကိုယ်လုပ်နိုင်သလဲလို့ သိတာက သင်တဖြည်းဖြည်း ကြီးပြင်းလာခြင်းပါ။

ဘာတွေကို ကိုယ်မလုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြည်းဖြည်း ရင့်ကျက်လာခြင်းပါ။

၎။ ဘာမျှော်လင့်ချက် ကိုယ်ကျိုးမှ
မကြည့်ဘဲ အလုပ္ကို ကြိုးစားလုပ်ပါ။

တစ်ခါမှ မနာကျင်ခဲ့ဖူးသလို
လူတစ်ယောက်ကို စိတ်ရင်းမှန်နဲ့ ချစ်ပါ။

ဘယ်သူမွ ကြည့်မနေဘူးလို့ သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် ကပါ။

ဒါတွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မုချပေးနိုင်ပါတယ်။

၅။ ဘဝဆိုတာ ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်မဟုတ်
ဘူး။ ဘဝဆိုတာ ဖန်တီးတဲ့ ဖြစ်စဉ် ဖြစ်တယ်။

သင့်ကိုယ်သင် ရှာဖွေနေတာ မဟုတ္ဘူး။
သင့်ကိုယ်သင် ဖန်တီးနေတာ ဖြစ်တယ်။

ဒါကြောင့် သင်ဟာ ဘယ်သူဘယ်ဝါ
ဆိုတာ ရှာဖွေတွေ့ရှိဖို့ မလောပါနဲ့။

သင် ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ပဲ အရင်ကြိုးစားပါ။
Crd:


23/11/2020

တိတ်တိတ်လေး နေ
=================

သူတပါး
မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ်

သူတပါး
မကောင်းကြောင်းတွေ ပြောနေရင်
ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ်

သူတပါး
မကောင်းမှု လုပ္တာကို ထိုင်ကြည့်နေရင်
ကိုယ်ကောင်းတာလုပ်ဖို့
အချိန်တွေ ဆုံးရှုံးတယ်

ကမ္ဘာကြီးက
တဖြည်းဖြည်း ပူလာတယ်။
ကိုယ့်စိတ်တွေ အေးအောင် ကြိုးစားထားမှ
ဘဝအချိန် ခဏလေးနေရတာ တန်ဘိုးရှိမယ်

နေရာတိုင်းက ဆူနေတယ်...
ကိုယ့်စိတ်ကိုယ်
တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့
သေရမယ်မှန်း မသိနိုင်တဲ့ ဘဝအတွက်
ပြင်ဆင်ပြီးသား ဖြစ်မယ်

ကုသိုလ်လည်းမရ, ပညာလည်းမရ, ဥစ္စာလည်းမရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့

ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ်။
အေးချမ်းတယ်

အကုသိုလ္က ဆူတယ်, ပူတယ်
ဒါကြောင့် တိတ်တိတ်လေးသာ နေ
ဘဝက သိပ်မြန်လွန်းလို့ပါ

#ဓမ္မဒူတအရှင်ဆေကိန္ဒ

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်..

Hotline -09797563555သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်...


23/11/2020

#ဆာဟာရကန္တာရဟာ
ဝင်လမ်းရှိပြီး
ထွက်လမ်းမရှိတဲ့ကန္တာရ
သို့မဟုတ်
သေမင်းတမန်
ကန္တာရရယ်လို့
နာမည်ကြီးလှပါတယ်

၁၈၁၄ ခုနှစ်မှာတော့
ရှေးဟောင်းသုတေသန
အဖွဲ့ တစ်ဖွဲ့က
ဒီကျိန်စာကြီးကို
ဖြေဖျောက်နိုင်ခဲ့ပါတယ်

အဲ့ဒီအချိန်တုန်းက
ကန္တာရ ထဲမွာ
အရိုးစုတွေ နဲ့
ပြန့်ကျဲနေခဲ့ပါတယ်

အဖွဲ့ခေါင်းဆောင်ဟာ
အဖွဲ့သားတွေအားလုံးကို
အဲ့မှာတင်ရပ်တန့်စေပြီး
ကုန်းမြင့်မြင့်
နေရာတွေရှာစေပြီး
အရိုးစုတွေကို
တွင်းတူးပြီး မြုတ်နှံ
သဂြိုလ်ပေးစေပါတယ် ..

ပြီးတော့
ကျောက်တုံးကျောက်ခဲ
သစ်ကိုင်းသစ်ခက်တွေရှာပြီး
သင်္ချိုင်းအမှတ်အသားတွေ
လုပ်ဆောင်စေပါတယ်

ဒါပေမဲ့လဲ ကန္တာရထဲမှာ
ပြန့်ကျဲနေတဲ့
အရိုးစုတွေကများလွန်းလှ
ပါတယ်

ဒါကြောင့် အရိုးစုတွေ
လိုက်သဂြိုလ်နေကြတဲ့
အချိန်တွေ တော်တော်လေး
ကုန်ဆုံးစေခဲ့ပါတယ်

အဖွဲ့သားတွေဟာ
မကျေမနပ်ဖြစ်လာကြပါတယ်

ငါတို့ဟာ ရှေးဟောင်းပစ္စည်း
လာရွာလား
သုတေသနလုပ်ကြတာ
သုဘရာဇာ လာလုပ္ဖို့
လာတာမဟုတ္ဘူး.. လို့
ဆူပူလာကုန်ကြပါတယ်

ဒါပေမဲ့လည်း
ခေါင်းဆောင် က တော့
ခေါင်းမာစွာနဲ့ပဲ အရိုးစု တိုင်း
တွေဟာ
ငါတို့ရဲ့အပေါင်းအပါတွေ
ချည်းပါပဲ
သူတို့တွေကို
ဒီအတိုင်းဖြစ်ပျက်နေတာကို
ကြည့်ရက်စွာနဲ့ပစ်ထားသ
င့်သလား?ဆိုပြီး
ဆက်ပြီး လိုက္လံ
မြုတ်နှံသင်္ကျိုပေးနေခဲ့
ပါတော့တယ် ..

အဲ့လိုဖြစ်ပျက်ပြီး
တစ်ပတ်ကျော်လောက်
အကြာမှာ ပဲ
သူတို့တွေဟာ
ကံအားလျော်စွာနဲ့ ပဲ
တစ်ကမ္ဘာလုံးက
အံ့သြသွားစေလောက်တဲ့
ရှေးဟောင်း
ယဉ်ကျေးမှု့သမိုင်း ကို
သိရှိစေနိုင်ခဲ့တဲ့
ရှေးဟောင်း ပစ္စည်းနဲ့
ရှေးလူတွေရဲ့
အရိုးစုတွေကို
တွေ့ရှိခဲ့ကြပါတော့တယ်

ဒါနဲ့ သဲကန္တာရထဲက
နေပြန်ထွက်ကြမယ်
လုပ်တော့ သဲမုန်တိုင်းတွေ
ကျလာပြီးထွက်လို့
မရကြတော့ပါဘူး

နေပေါင်းညပေါင်းများစွာ
နေကို
မမြင်ကြရတော့ပါဘူး

သံလိုက်အိမ်မြောင်တွေ
ကလည်း အသုံးပြု လို့
မရ ကြတော့ပါဘူး

ရှေးဟောင်းသုတေသတန
ပညာရှင်တွေ ဟာ
မျက်စိတွေ လည်ပြီး
အရပ်မျက် နှာတွေ ကို
မသိကြတော့ပါဘူး
ရိက္ခာ ရေ နဲ့
အစားအသောက်တွေ လဲ
တစ်ဖြည်းဖြည်း
နဲပါးလာပါတယ်

သူတို့ တွေ ဟာ
ခုမွ အရင်တုန်းကလူတွေ
ဘာကြောင့် ပြန်မထွက်လာနိုင်ပဲ
မရှင်သန်
မလွတ်မြောက်နိုင်ခဲ့ကြသလဲ
ဆိုတာ ကို
သဘောပေါက်လာကြပါ
တော့တယ်

အဲ့လို အခက်အခဲတွေ နဲ့
ရင်ဆိုင်နေရ ချိန်မှာပဲ
ခေါင်းဆောင်ကပြောတာ
မျော်လင့် ချက် မမဲ့
သွေးရူးသွေးတန်းမဖြစ်ကြပါနဲ့

ငါတို့ ဝင်လာခဲ့ ကြတုန်းက
တစ်လမ်းလုံး အရိုးစုတွေ
မြုတ်ထား တဲ့မြေပုံ တွေ
လုပ်လာခဲ့ကြတယ်လေ...

ဒါနဲ့ သူတို့ တွေ လဲ
မြေ ပုံတွေ မှတ်တိုင်တွေ
အတိုင်းပြန်လိုက်လျောက်ကြ
ရာကေန
နောက်ဆုံးမှာတော့
ထွက်လမ်းကိုပြန်လည်တွေ့ ရှိပြီး
လွတ်မြောက်လာ နိုင်ခဲ့
ကြပါတော့တယ်

သူတို့ ကို
The Times သတင်းက
အင်တာဗျူးတဲ့ အခါ မွာ
အဖြဲ ခေါင်းဆောင်ကော
အဖွဲ့သားတွေ ပါ
သက်ပြင်းချကြ တော့ တယ်

ကောင်းမွန်တဲ့စိတ်ထားဟာ
ဘဝ ခရီး လမ်း မွာ ကိုယ့် အတွက်
ကိုယ်လုပ်ခဲ့ တဲ့
အမှတ်အသားတွေ ပါ ပဲ

ကောင်းမွန် တဲ့ စိတ် ထားဟာ
ဘဝ ခရီးလမ်း မွာ
အိမ်ပြန်လမ်း ကို
မြင်တွေ့နိုင်စေပါတယ်

ဘဝ လမ်းပေါ် မွာ
ကောင်းမွန်တဲ့ စိတ် ထား ဆို တာ
လမ်းမမှားစေ တဲ့
စိတ်ဝိဥာဉ် ရဲ့ လမ်းပြ
သံ လိုက် အိမ်မြောင်ပါပဲ

သင်ဘယ်သူ့ ကို
ကူ ညီခဲ့ လိုက် သည်ဖြစ်ပါစေ
အင်မတန်ဝေးကွာ တဲ့ နေရာ မွာ
ကိုယ့်ကို
ကိုယ်ပြန်ကူညီ လိုက္တာပါပဲ

ရံဖန် ရံ ခါ ချက် ချင်း
အကျိုး အမြတ် ကို
မခံ စားရ မသိ ရွိရ နိုင်ပေ မဲ့
နော က် ဆုံး မွာ တော့
သင့် ဆီ ကို ပြန်ရောက် လာ မွာ
အေသ အခ်ာပါ ပဲ

တစ်းပါးသူ အပေါ်
သင်လုပ် လိုက် လိုက်သမျှ ဟာ
သင့် ကို သင် လုပ်လိုက် တာ နဲ့
အတူတူပါပဲ

လြ န်လေပြီး ခဲ့ တဲ့
ရှေး ပေဝ သဏီကတည်းက
စကားလေး
တစ်ခွန်းကတော့
သင်တစ်းပါးသူ ကို
ဘာပဲ လုပ်လိုက်လုပ် လိုက် ပါ
ခံစားရ မဲ့ သူ က
သင်လုပ်လိုက်တဲ့
လူ မဟုတ်ပါဘူး
ဒါပေမဲ့ သင်ကိုယ်တိုင်ပဲ
ဖြစ်ပါတယ် တဲ့ ခင်ဗျာ..

လွပ်လပ်မှု့ဆိုတာ
လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်

ကိုယ်ကသာရွေးချယ်မလား ဆိုတာ
မူတည်သွားတာပါ

ခရက်ဒစ် သင်သိ//



Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🎄🎄 Merry Christmas 🎄🎄
ဒီလိုအချိန်ကာလဟာ Online ကနေသင်ယူဖို့ နဲ့ Online စီးပွားရေးအကောင်းဆုံးအချိန်တစ်ခုပါ။စိတ်ဓာတ်တွေပိုခိုင်မာစွာနဲ့ အသစ်သစ်တွ...
Beta ရဲ့ Memory လေးပါနော် Beta ရဲ့အချစ်တို့😍😍😍
ရည်မှန်းချက်ရှိအောင် online classတွေ လေ့လာ ကြရအောင်  🙆
ဆရာ ဆရာမ သင်ကြားပုံ

Category

Address

No. 7, 160 Street, Tarmwe Township
Yangon