NextGen Impact

Our vision is a world where every young person has access to education, healthcare, and opportunities

Through advocacy, leadership, and education, our organization wants
- to encourage young people to get involved in their communities and
- to establish an environment where young people can develop their abilities, work together, and have a positive influence on society.

Photos from NextGen Impact's post 21/11/2023

အိမ်မှာနေပြီး content , graphic design လေးတွေကို အဖွဲ့နဲ့တူတူဖန်တီး အတွေ့အကြုံလေးတွေယူရင်း youth community ထဲမှာပါ၀င်ခွင့်ရမယ့်အခွင့်အရေး ✨❣️

Comfort zone ကနေ မထွက်နိုင်သေးရင် comfort zone ကိုချဲ့ထွင်ပါ 📍
ချဲ့ထွင်ရင်းနဲ့ အတွေ့အကြုံတွေရယူပါ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနှင့်အတူတူ သင့်ရဲ့ academic အတွက် scholarship အ‌တွက်လည်းအထောက်အကူပြုမယ့်အပြင်
Community ကိုလည်းပြန်လည်အကျိုးပြုမယ့် project တွေတူတူလုပ်ဆောင်လိုတယ်ဆိုရင် ကျွန်မတို့ NextGen Impact မှ member အဖြစ်နဲ့ကြိုဆိုပါတယ်ရှင့် 😘

ဆန်းသစ်လွတ်လပ်တဲ့ စိတ်ကူးပိုင်ရှင်တိုင်းအတွက်
NextGen Impact မှနေပြီး content creator နှင့် graphic designer member များကို volunteer အနေနဲ့ခေါ်ယူနေပါတယ်ရှင့်

🌟 အတွေ့အကြုံမရှိလည်းကိစ္စမရှိပါဘူး
Member စဖြစ်ပြီဆိုကတည်းက training တွေပေးသွားမှာဖြစ်ပြီး experience ရှိတဲ့ mentor တွေလည်းထားပေးပြီး skill တွေတိုးတက်လာအောင် development လုပ်သွားမှာဖြစ်ပါတယ်

တိုးတက်ချင်စိတ်နဲ့ သင်ယူလိုစိတ်ရှိဖို့ပဲလိုပါတယ်👀

Volunteer term ကနေ 3လဖြစ်ပြီး
3လအတွင်းမှာ skill development training များနှင့်အတူ member တွေအတွက် recommendations letter တွေ ၊ အဖွဲ့ရဲ့ representative အနေနဲ့ local / foreign conferenceများတက်‌ေရာက်ရခြင်း စတဲ့ benefits တွေလည်းရရှိသွားဉီးမှာဖြစ်ပါတယ်🔥

ဒီlink လေးကနေ ဖောင်တင်နိုင်ပါပြီ။
Content creator:
https://docs.google.com/forms/d/e/1FAIpQLSfnWZjXdHluA6609GGijy6ocYOOe9rzJAVGQGQKQsISiOXCrw/viewform?usp=sf_link

Graphic designer:
https://docs.google.com/forms/d/e/1FAIpQLSemFa-oU1mKlFD-z3wLgEEuMQY2eb6XR-iTA_B_emPL7ocv7A/viewform?usp=sf_link

Application form လေးရဲ့ deadline ကတော့ Nov 28ရက်နေ့ ည11နာရီပဲဖြစ်ပါတယ်ရှင့် 🤓
Network နဲ့ experience လိုချင်တဲ့လူငယ်တိုင်း အမြဲ welcome လုပ်နေတဲ့ NextGen Impact ဖြစ်လို့ အခုပဲ ဖောင်တင်ပြီး သတင်းကောင်းလေးမျှော်နေပါဉီးနော်🫂

12/11/2023

📣 Media Partnership Announcement 📣

Hype Think Education 🤝🏻NextGen Impact

English ကို လေ့လာနေတဲ့ လူငယ်တွေအတွက် Hype Think Education ကနေ ဦးစီးပြီး ကျင်းပပြုလုပ်ပေးသွားမယ့် "Home to Abroad" In-person Event မှာ ကျွန်တော်တို့ NextGen Impact မှ Social Media Partnership အဖြစ် ဂုဏ်ယူစွာဖြင့် ပါ၀င်ကူညီအားဖြည့်ပေးထားပါတယ်။ 🥳

Hype Think Education မှ ပြုလုပ်သွားမယ့် “🏡 Home to Abroad ✈️" Event ကတော့ ~

🌟 English ကို ကျွမ်းကျင်စွာတတ်မြောက်ထားခြင်းဖြင့် ရရှိလာနိုင်မယ့် အခွင့်အလမ်းတွေနှင့် နိုင်ငံခြားသွားချင်တဲ့လူငယ်တွေ Scholar ကို ဘယ်လိုလျှောက်ရမလဲ? ၊ ဘာတွေပြင်ဆင်ထားသင့်လဲ? ဆိုတဲ့အကြောင်းအရာတွေ။

🌟 Writing ကောင်းကောင်း မရေးတတ်ပါဘူးဆိုတဲ့သူတွေအတွက်လည်း Academic Writing ရေးပုံရေးနည်းတွေ။

🌟 အဲ့တာတွေအပြင် English ကို လေ့လာနေတဲ့ လူငယ်တွေအချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက် Sharing တွေလုပ်လို့ရပြီးတော့ Network လည်းချဲ့လို့ရနိုင်မယ့်အစီအစဉ်တွေပါ ပါ၀င်သွားမှာဖြစ်လို့ လက်လွတ်မခံဘဲ
တက်ရောက်ဖို့ကို ဖိတ်ခေါ်ချင်ပါတယ်နော်။ 🥰

“Home to Abroad” Event Details

🗓️ Date : 15th November 2023 [ Wednesday ]
⏰ Time : 10:00 AM ~ 2:00 PM
📍 Location : PACE Forward [ Room No.0103, First Floor, Dagon Tower,Corner of Kabar Aye Pagoda Road & Shwe Gone Daing Road, Bahan Township, Yangon, Myanmar ]
💰 Fees : Free

"Home to Abroad" Event နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကိုသိရှိလို့ပါက Hype Think Education Page မှာ တင်ထားတဲ့ Event Announcement bit.ly/HtAEvent တွင် ဝင်ရောက် ဖတ်ရူပြီး Register လုပ်ထားနိုင်ပါတယ်။

Event Announcement Link : https://bit.ly/HtAEvent

"🏡 Home to abroad ✈️" Event ကို လူဦးရေကန့်သတ်ထားတာကြောင့် မြန်မြန်သွားပြီးတော့ Register လုပ်ထားဖို့တော့ လိုပါလိမ့်မယ်နော်။

https://www.facebook.com/events/1423310051584988/?ref=newsfeed

28/10/2023

Social work ဆိုတာ ဘာလည်း ?
Social problems တွေက ကျွန်တော်တို့ လူငယ်တွေပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလည်း?

ဒါ့အပြင် ၂၁ ရာစုမှာ တစ်ဟုန်ထိုးတိုးတက်လာတဲ့ Gen AI ရဲ့ tools တွေ ဘာတွေရှိမလည်း?

စတဲ့ Social Work နဲ့ Gen AI Tools တွေကြောင်း သိချင်တယ် ဆိုရင်တော့ Yangon School of Social Workမှ ကျင်းပသွားမဲ့
“GenAI Toolkit: Empowering Youths and Professionals in Social Work” ဆိုတဲ့ event လေးကို တက်သင့်ပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့ က ကျင်းပခဲ့တဲ့ episode 1 ကို သင့်အနေနဲ့ လွတ်ခဲ့တယ်ဆိုရင်တော့ ဒီ တစ်ခေါက် ပွဲလေးကိုတော့ လက်လွှတ်မခံသင့်တော့ပါဘူးးနော်။

YSSW ရဲ့ Founder ဆရာ ကျော်စစ်နိုင် နှင့် အတူ
နည်းပညာနယ်ပယ် မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အတွေ့ကြုံရှိတဲ့ Kernelix Companyရဲ့ ပဲ့ကိုင်ရှင်
ဆရာ ရဲသူရသက် တို့ကိုယ်တိုင် ဒီပွဲလေးမှာ ဝင်ရောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့တက်ကြွဆန်းသစ်တဲ့ လူငယ်တွေ၊ Social Work Professionals တွေ၊ Technology နဲ့ AI ကို စိတ်ဝင်စားကြတဲ့ မည်သူမဆို လာမယ့် နို၀င်ဘာလ (၄) ရက်နေ့ စနေနေ့ ည ၇း၃၀ နာရီမှာ ကျင်းပသွားမယ့် “GenAI Toolkit: Empowering Youths and Professionals in Social Work” ပွဲကိုတက်ရောက်ကြဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။


Title: GenAI Toolkit: Empowering Youths and Professionals in Social Work
Date: 4.11.2023 (Saturday)
Time: 7:30 PM - 9:30 PM

Join Zoom Meeting
https://us06web.zoom.us/j/86847005182?pwd=VGF6ck5LM2lZc0lsWVVlZEs1bWtmdz09

Meeting ID: 868 4700 5182
Passcode: yssw

10/10/2023

Interior design နယ်ပယ်မှာ professional တစ်ယောက်ဖြစ်တဲ့ အစ်မ Zar Khyi Win (founder of luxury Interior design and home decoration company, Architect of KMA group of companies) မှနေပြီး NextGen Impact နှင့်ပူပေါင်းပြီး
အနာဂတ်မှာ interior design professional ဖြစ်လိုတဲ့ astronauts လေးတွေအတွက် သူမရဲ့ knowledge and experience တွေကိုဝေမျှပေးပြီး အနီးကပ် mentoring session လေးပြုလုပ်ပေးခဲ့ပါတယ်ရှင့် 💜

အစ်မ Zar Khyi ကို NextGen Impact မှအထူးကျေးဇူးတင်ရှိပါတယ်ရှင်

လာတက်ရောက်ပေးကြတဲ့ astronauts လေးတွေလည်း အသိပညာတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင့် 🙌

နောက်လည်းဒီလို webinar တွေကိုလက်မလွတ်အောင်လို့ကျွန်မတို့ NextGen Impact ရဲ့ social media platforms လေးတွေကို like and follow လေးလုပ်ထားပါဉီးနော်✨

Facebook - https://www.facebook.com/NextGenImpactForYouth/

LinkedIn - https://www.linkedin.com/company/nextgenimpact/?lipi=urn%3Ali%3Apage%3Ad_flagship3_search_srp_all%3BazUoBjuiRUm3VYU3nuEgXg%3D%3D

Telegram - https://t.me/nextgenimpact

YouTube - https://www.youtube.com/-Impact

09/10/2023

Marketing in 4 mins

Follow our YouTube Channel 👇
https://lnkd.in/dnVj9wYA

Join our Telegram Channel
https://t.me/nextgenimpact

Follow us on LinkedIn
https://www.linkedin.com/company/nextgenimpact/

Photos from NextGen Impact's post 08/10/2023

လောကမှာ တန်ခိုးထွားဖို့ဆို ကိုယ်က အရင်ဆုံး empowered ဖြစ်နေဖို့လိုပါတယ်။

ဒီအတွက် ကျွန်တော် တို့ဟာ ကျွန်တော်တို့ ဘဝကို လွတ်လပ်စွာ ရွေးချယ် နိုင်ဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် Yangon School of Social Work မှ မကြာခင် ဖွင့်လှစ်သွား မဲ့ wave 5 အတန်းများအကြောင်း sharing လုပ်ပေးလိုက်ပါတယ်။

သမားရိုးကျ ကျောင်းစာများထက် ဘဝအတွက် အသုံးဝင် မဲ့ ပညာရပ်များ ဖြစ် တဲ့အတွက် တစ်ပုံချင်းစီအောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

သင်တန်းတစ်ခု စီ အတွက် ငါးသောင်းကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

လျှောက်ထားရန် link

https://docs.google.com/forms/d/e/1FAIpQLSf200SbtBHXVctLog69TcVuAj1YUPF7yeVUWe-1mbA4d0FI-A/viewform?fbclid=IwAR0dD6WVISphE_ZvwFFs3jaSc5MnTXH_xHNurIbyqdJA0-RDWmciAKoRNFM

Photos from NextGen Impact's post 03/10/2023

ခေတ်တစ်​ခေတ်ရဲ့ လူ​နေမူစနစ် ဘယ်​လောက်ကြီးကျယ်ခန်းနားတယ်ဆိုတာ အဲ့ဒီ​ခေတ်မှာရှိ​နေတဲ့ လူ​နေမူအ​ဆောက်အအုံ​တွေ၊ အခင်းအကျဥ်း၊ အပြင်အဆင်​တွေ စတဲ့ လူ​တွေပုံသွင်းယူထားတဲ့ designs ​တွေကဘဲ ခမ်းခမ်းနားနားနဲ့ သက်​သေထူလာခဲ့တာ ယ​နေ့အချိန်ထိပါဘဲ။

ဒီလိုခေတ်တစ်တိုင်းစီရဲ့ ခန်းနားတဲ့လူ​နေမူစနစ်များစွာရဲ့ ​နောက်ကွယ်မှာ ဖန်တီးရှင်​တွေများစွာရှိ​နေပါတယ်။

အဲ့ဒီအထဲမှာမှ Interior Designers ​တွေကလည်း ​ခေတ်​​ခေတ်အဆက်ဆက်တိုင်းမှာ အဓိကပါဝင်​နေတဲ့သူ​တွေဘဲဖြစ်ပါတယ်။

✨အဲ့​တော့ Interior Design ကို Career အ​နေ့နဲ့ ​ရွေးချယ်ဖို့ဆုံးဖြတ်ထားပြီး ဘယ်လို​လျောက်လှမ်းရမလဲ၊ ​
✨နောက်ပြီး University ကြီး​တွေမှာ မတက်ဘဲ ကျွမ်းကျင်​အောင်ဘယ်လိုလုပ်ရမလဲ စတဲ့ ​မ​သေချာမ​ရေရာမူ​ပေါင်းများစွာကို တစ်​နေရာတည်းမှာ ​လေ့လာ​ဆွေး​နွေးခွင့်ရမဲ့အပြင် ✨Professional Interior Designer တစ်​ယောက်ရဲ့ Freelance နဲ့ Corporate ပိုင်ဆိုင်ရာစတဲ့ လုပ်ငန်းအ​တွေ့အကြုံ​တွေကို သင်ယူ​လေ့လာချင်တယ်ဆိုရင်​တော့....

Oct 7 ရက် (8 pm to 9:30 pm) မှာပြုလုပ်သွားမယ် Webinar ​လေးကို ဖိတ်​ခေါ်ချင်ပါတယ်။

သင်ကိုယ်တိုင်က Interior Design ကို စိတ်ဝင်စာတဲ့သူပဲ ဖြစ်ဖြစ် အခုမှစပြီး​လေ့လာမဲ့သူပဲဖြစ်ဖြစ် သင်အ​နေ့နဲ့ ပထမအဆင့်ကို​ရောက်နင့်​နေပါပီ

နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့ ဒီ event လေးကို join ချင်တယ်ဆိုရင်တော့ အောက်က NGI telegram Channel ထဲ join ထားလိုက်ရင်ရပါပြီနော်။ 🫶🏻❤️

Telegram Channel link:
https://t.me/nextgenimpact

LinkedIn Page
https://www.linkedin.com/company/nextgenimpact/

YouTube Channel
https://youtu.be/7XOSIv1GH0U

01/10/2023

အချိန်တွေ ဘယ်လို ကျော်ကြမလည်းဆိုတာတွေ ပြောထားပါတယ် 🙄😁(2mins)

Follow our YouTube Channel 👇
https://youtu.be/7XOSIv1GH0U

Follow us on LinkedIn
https://www.linkedin.com/company/nextgenimpact/

Photos from NextGen Impact's post 28/09/2023

NextGen Impact ရဲ့ အာကာသယာဉ်မှူးလေးများ အားလုံး မင်္ဂလာပါရှင့် ✨❤️

ဒီနေ့ကတော့ Youth organization တစ်ခုဖြစ်တဲ့ NextGen Impact အကြောင်း အားလုံးကို announcement လေးလုပ်ပေးမှာပါ။ 🙋

Special fact - NextGen Impact org ဟာဆိုရင် 2019 ကတည်းက Grow Edu Flowers - GEF ဆိုတဲ့ နာမည်နဲ့ မြန်မာနိုင်ငံ rural ဒေသတွေမှာ ပညာရေး ရရှိနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

Foreign language classes တွေ Programming classes တွေအပြင် စာပေစကားဝိုင်းတွေကိုလည်း နယ်ဘက်မှ လူငယ်များအတွက် ပညာဒါနပြုလုပ် ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ရွာတစ်ရွာမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ 🌟🍀

ကျွန်မတို့ NextGen Impact - NGI ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့
"Empowering the next generation for a lasting impact" ဆိုတဲ့အတိုင်း
Advocacy, Leadership နဲ့ Education ကိုအခြေခံတဲ့ projects တွေ၊ campaigns တွေ၊ webinars တွေ စတဲ့ community development projects တွေကိုလုပ်ဆောင်နေတာပဲဖြစ်ပါတယ် 💥

NextGen Impact က သာမန် non profit youth organization တစ်ခုပဲမဟုတ်ပါဘူး၊ NextGen Impact က လူငယ်တွေရဲ့ potential တွေ ရည်မှန်းချက်တွေကို အပြည့်အ၀ယုံကြည်ပြီး diversity နဲ့ changes တွေကို ရင်ဆိုင်ကာ youth empowerment capacity building ကို ဖော်ဆောင်နေတဲ့ လူငယ်တွေစုဝေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် 🔥

NextGen Impact က အခုထိပြုလုပ်နေတဲ့ community development projects လေးတွေကို အောက်ကတစ်ပုံချင်းစီအလိုက် ကြည့်ရှုနိုင်ပါတယ် 😉

Bonus 🍀

NGI ရဲ့ activity လေးတွေကိုကြည့်ပြီး NGI မှာ volunteer အနေနဲ့ပါဝင်လိုတယ်ဆိုတဲ့သူလေးတွေအတွက်
Membership application form လေးပါပူးတွဲပေးထားပါတယ်နော်

Apply here⛳

https://docs.google.com/forms/d/e/1FAIpQLSej_9gsNDCd_2jq4cTlmRturZxJQmszeYiKAAUpoFQETH79Ag/viewform?usp=sf_link

Oct 8 ရက်နေ့ ည 9 နာရီနောက်ဆုံးထားပြီး form လေးဖြည့်သွင်းနိုင်ပါတယ်ရှင့်🤗

Our LinkedIn Page:
https://www.linkedin.com/company/nextgenimpact/

Photos from NextGen Impact's post 23/09/2023

🧑‍🚀အခုလိုမျိုးတိုးတက်ပြီးအောင်မြင်နေတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါး IT ကိုစိတ်ဝင်စားကြမယ်ထင်ပါတယ်။🧑‍🚀
IT မှာဆိုရင် Java Script ၊ Python ၊ C # ၊ C++ ၊ Dart (Flutter) ၊ Php ၊ Kotlin ၊ Swift ၊ Ruby ဆိုပြီးအမျိုးအစားတွေ အများကြီးရှိပါတယ်။ IT ပိုင်းနဲ့အသက်မွေးဝမ်းကြောင်းလုပ်ချင်တဲ့သူတေဆိုရင်လဲ Python ၊ Java ၊ Java Script ၊ SQL ၊ C # ၊ C++ စတဲ့အရာတွေကလိုကိုလိုအပ်တဲ့ဘာသာတွေပဲဖြစ်ပါတယ်။
🐍ဆိုတော့ အဲ့ထဲကမှ ဒီနေ့မှာ ကျနော်တို့ NGI ကနေပီးတော့ ကျနော်တို့ရဲ့ astronauts လေးတို့အတွက် Python နဲ့ပက်သက်တဲ့ အပိုင်းကိုလေ့လာသင်ယူချင်တာပဲဖြစ်ဖြစ် Python နဲ့ပက်သက်တဲ့ knowledges တွေကိုထပ်သိချင်တာပဲဖြစ်ဖြစ် အဲ့အရာတွေအကုန်လုံးကို “FREE” လေ့လာသင်ယူလို့ရမဲ့ Telegram channel လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

🐍အဲ့တာကတော့ Python Courses လို့ခေါ်ပါတယ်။ အဲ့ထဲမာ astronauts တို့အနေနဲ့ Python ကို basic ပိုင်းကနေစပြီး advanced level အထိ အကုန်လုံးကို နိုင်ငံခြားက Advanced teacher တွေကိုယ်တိုင်သင်ပြထားတာတွေကို ကိုယ်အားတဲ့အချိန် ဘယ်နေရာမှာမဆို ဝင်ရောက်နားထောင်ပြီးသင်ကြားနိုင်မာပဲ ဖြစ်ပါတယ်။Python က open-sourced တစ်ခုဖြစ်တယ်။ နောက်ပြီး Cross-platform compatibility တစ်ခုလဲဖြစ်တယ်။🐍
🐍Python use cases တွေကတော့
1.Backend Development
2.Desktop’s Application
3.Data Science
4.Machine Learning
5.Automation စတဲ့နေရာတွေမှာ သုံးနိုင်မှာဖြစ်ပါတယ်။🐍
❗️နောက်ပြီး ဂျပန်နိုင်ငံက Python နဲ့ပတ်သက်ပြီး အလုပ်အခွင့်အလမ်းတော်တော်များပါတယ်။ အဲ့တော့ Python တတ်ထားတာက မှားတဲ့ရွေးချယ်မှုတစ်ခုမဟုတ်ပါဘူး။❗️
🍀ဒါကတော့ Telegram Channel link ပါ။ အားလုံးပဲ Good Luck ပါ။🍀

https://t.me/Python_Trainings

Follow our LinkedIn Page 👇

https://www.linkedin.com/company/nextgenimpact/

20/09/2023

🐻Bearbrick အရုပ်တွေကဘာလဲ?🐻

🐻ပထမဦးဆုံးပြောရမယ်ဆိုရင် Bearbrick အရုပ်တွေက ရောင်းဖို့ထုတ်ထားတာမဟုတ်ပါဘူး။လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်တစ်ခုနဲ့ ထုတ်ထားတာဖြစ်ပါတယ်။Bearbrick တွေကို၂၇ရက်နေ့ မေလ ၂၀၀၁ ခုနှစ်မှာကျင်းပတဲ့ World Character Convention ပွဲမာ လာတဲ့သူတွေကို လက်ဆောင်အနေနဲ့ ပေးတာကနေစပြီး လူကြိုက်များခဲ့တာပါ။🐻

🐻Bearbrick ကဘာလို့အဲ့လောက်နာမည်ကြီးရတာလဲ?🐻

🐻Bearbrick တွေက အဓိကတော့ Hype ဖြစ်တယ်၊limited edition တွေဖြစ်တယ်၊collaboration တွေကောင်းတယ်၊ အဲ့တာတွေကြောင့်နာမည်ကြီးတာပဲ။🐻

🐻Bearbrick တွေက celebrities တွေ၊sneaker heads တွေ၊collectors တွေ နဲ့ pop culture ကိုစိတ်ဝင်စားတဲ့သူတွေကြားထဲမာ တော်တော်ကို hype ဖြစ်ပါတယ်။🐻

🐻နောက်ထပ်တခုကတော့ limited တော်တော်ဖြစ်ပါတယ်။ဒီအရုပ်တစ်ခုက ကို့ဆီမှာပဲရှိတယ် တခြားသူဆီမှာမရှိဘူး ဆိုတဲ့ခံစားချက်မျိုးကို ပေးနိုင်ပါတယ်။အဓိကကတော့ exclusive ဖြစ်တယ်လို့ပြောရမာပေါ့ ဒီ Bearbrick တွေကို တစ်နှစ်မှ နှစ်ကြိမ် summer နဲ့ winter မှာသာ major drop ကရှိတာပါ။ကြားထဲမာတော့ minor drop တွေ special drop ရှိတတိပါသေးတယ်။major drop နှစ်ကြိမ်မာတော့ တကယ်ကို exclusive ဖြစ်ဖြစ်နဲ့ ရေအတွက် အနည်းငယ်သာထုတ်တယ် နောက်ပီး ထုတ်ပီးသား item ကိုထပ်မထုတ်တော့တာကလဲ Bearbrick တစ်ရုပ်ကို exclusive ဖြစ်စေပီး စျေးကြီးစေတာ ဖြစ်ပါတယ်။🐻

🐻နောက်ဆုံးတစ်ခုကတော့ Bearbrick က collaboration တော်တော်ကိုကောင်းပါတယ်။ကျနော်တို့သိတဲ့ brands တော်တော်များများနဲ့ကိုမလွတ်ပါဘူး။ဥပမာ Nike၊Marvel၊DC၊Bape၊Stussy တို့လို streetbrands တွေ
ပီးတော့ငယ်ငယ်ကတည်းကကြိုက်ရတဲ့ show တစ်ခုဖြစ်တဲ့ Tom and Jerry အစရှိတဲ့ နယ်ပယ်ပေါင်းစုံနဲ့ collaborations တွေရှိပါတယ်။🐻

🐻Bearbrick တွေက size ကို 100% 400% နဲ့ 1000% ဆိုပီး သုံမျိုးရှိပါတယ်။

🐻100% ကတော့ အသေးဆုံးဖြစ်ပီး လက်ထဲမာ ကျစ်ကျစ်လစ်လစ်နဲ့ ကိုင်လို့ရတဲ့ အရွယ်အစားမာရှိပါတယ်။🐻

🐻400% ကတော့ အရောင်းရဆုံးနဲ့ collector တွေတော်တော်များများ ဝယ်စုကျတဲ့ size ပါ။400% ကိုဘာလို့တော်တော်များများဝယ်လဲဆိုရင် အဓိကကတော့ display ပြဖို့ စင်တွေပေါ်တင်ရတာတွေ ခုံတွေပေါ်မာ အလှတင်ထားလို့ရတာတွေကြောင့် လူတော်တော်များများရဲ့ အကြိုက်ဆုံး size တစ်ခုဖြစ်ပါတယ်။🐻

🐻1000%ကတော့ statue တစ်ခုအနေအထားရှိပါတယ်။အဲ့တော့ 1000% ကို ကိုယ့်မှာနေရာကျယ်ကျယ်ဝင်းဝင်းလဲရှိတယ် statue တစ်ခုလိုထောင်ချင်တယ်ဆိုရင်တော့ တော်တော်ကိုအဆင်ပြေတဲ့ size ပါ။ 🐻

🐻တကယ် Bearbrick အရုပ်ကိုဝယ်ချင်တယ်ဆိုရင် Myanmar နိုင်ငံမာတော့ sneakers store တွေကိုမှာခိုင်းလို့ရပါတယ်။❗️(တခြားဆိုင်တွေမှာလဲ မှာခိုင်းလို့ ရချင်ရမှာပါ သေချာမသိတဲ့အတွက် ဖော်ပြမထားတာပါ။)❗️

🐻ဒါကတော့ Bearbrick အရုပ်ကိုထုတ်တဲ့ company နဲ့ official website ပါ။အောက်က link မာ​တော့ Bearbrick ရဲ့ collaborations မျိုးစုံကိုသွားရောက်ကြည့်ရှုလို့ရပါတယ်။🐻

http://www.bearbrick.com

19/09/2023

Disclaimer!!! အဆိုပါ contents များသည် အလွန် sensitive ဖြစ်နိုင်ပါသည်။ ကျေးဇူးတင်ပါသည် ခင်ဗျာ။

""လူတစ်ယောက်က တစ်နာ ရီ တစ်မိုင်နဲ့ ပြေးတယ်။ သူ့နောက်မှာ နောက်တစ်ယောက်က လဲ တစ်နာရီ တစ်မိုင်ဘဲ။ တူတူဘဲ ကြိုးစား ကြတယ် ဒါပေမယ့် နောက်က လူက ရှေ့က သူကို ဘယ်တော့မှ ကျော်မှာ မဟုတ်ဘူး။ သူက တစ်နာရီ ကို နှစ်မိုင် မပြေးသရွေ့""

အခုပြောမယ့် အကြောင်းအရာတွေကို title တပ်ရရင်တော့
"Young Professional life" ပေါ့။ အဆိုပါ main title ရဲ့အောက်မှာ
Quality , hobby ,

Quality ဆိုတာကို ပြောရရင် music နဲ့ ပတ်သတ်ပီးပြောမယ်ပေါ့။ ကျနော်က musician ဖြစ်ဖို့ ကြိုးစားနေတာ ဆိုတော့။ ကျနော်တို့ရဲ့ အချို့သော musical knowledge တွေက နိမ့်ပါးလွန်းနေတယ်ပေါ့။ ဒါတွေဟာ လဲ အခြားနိုင်ငံ တွေလို့ music major နဲ့ bachelor ပေးတဲ့ university တွေ မရှိတာလဲ ပါမယ်ထင်ပါတယ်။ example ပေးရရင် vocalist တစ်ယောက် အဆိုတော် တစ်ယောက်ဟာ သူ့မှာ ရှသင့်တဲ့ အရည်‌အချင်းတွေ vocal range, harmonic, timing, sight reading နောက်ပီး လုံလောက်တဲ့ musical knowledge တော့ ရှိရမယ်။
နောက်ပီး မှားနေတာတစ်ခုပေါ့။ အဆိုတော်‌တစ်ယောက်ကို ငါတို့ တိုင်းရင်းသားမို့ အားပေးတာမျိုး သနားလို့အားပေးတာမျိုး နောက်ပီး ရုပ်ချောလို့ အားပေးတာမျိုး မလုပ်ရဘူး။ ကျနော်တို့ သီချင်းနားထောင်တာလေ။ အသံ quality ကိုဘဲ ကြည့်သင့်တယ် အဲ့အပြင် သီချင်းတစ်ပုဒ်ရဲ့ chord progressions တွေဘယ်လောက်ကြီး ကြိုးစား အားထုတ်ထားလဲ ကြည့်ရမယ်။

Hobby ဆိုတဲ့ ခေါင်းစဉ်ကိုတော့ ကျနော့်လို လူငယ်တွေ အတွက် စဉ်းစားမိသွားတာ ကျနော့်ရဲ့ မိဘတွေကတော့ မျှတ ပါတယ်။ ကျနော်ဖြစ်ချင်တဲ့ music ဘက်မှာလဲ သင်တန်း လေးငါးခု ထားပေးတယ်။ လိုအပ်တဲ့ ပစ္စည်းတွေလဲ ထောက်ပံ့ပေးတယ်ပေါ့။ နောက်ပီး သူတို့ဖြစ်စေ ချင်တဲ့ ဘွဲ့ရ ပညာတက်ဖြစ်ဖို့လဲ ကျနော်က GTC တက်နေရတယ်ပေါ့ဗျာ။ကျနော့်ရဲ့ စိတ်ကူးအတိုင်းသာဆိုရင် music ကိုဘဲ တစ်စိုက်မက်မက် လုပ်ချင်တာဗျာ full time job အနေနဲ့ပေါ့။ အရင်က ပြောကြတာပေါ့ နင် guitar တီးရင် ခွေးဖြစ်မယ် ဘာညာပေါ့။ အဲ့စကားက တစ်ဝက်လောက်မှန် တယ်။ guitar ကို အပျော်တီးရင်တော့ တောင်းစားရမှာဘဲ။ ဘာလို့လဲဆိုတော့ guitar ကိုကျ piano လိုမျိုး systematically practice မလုပ်ကြဘူး။ လူတော်တော်များများကလဲ round Chord လေးတီးမယ်။ riffs လေး solo လေးနည်းနည်း တီးမယ်ပေါ့။ သေချာတယ် အဲ့လောက်ဆို အဆင်မပြေဘူး။ အကယ်၍ ကိုက guitar fretboard တစ်ခုလုံး အလွတ်မှတ်မယ်။ scale တွေ mode တွေ မှတ်သားမယ်။Music theory ကို level တစ်ခု ထိလေ့လာမယ် ဆိုရင် သင်ဟာ guitarist လဲ ဖြစ် ။ composer လဲဖြစ်မယ့် အပြင် သီချင်းတွေကိုပါ ဆိုနိုင်ပီး music teacher တစ်ယောက်ပါဖြစ်နိုင်တယ်Guitar သင်တန်း လဲ ဖွင့်မယ်။ vocal class ရော။ music theory ရော။ နောက်ပီး ပွဲတွေ show တွေ unplugged တွေပါတီးမယ် ဆိုမယ် recording လဲ လုပ်မယ် instrument တွေပါ ရောင်းမယ် agent လုပ်မယ်ဆိုရင် တစ်လ ဝင်ငွေက PHd ဘွဲ့ရ ဆရာဝန်ထက်ကျော်လွန်ပါတယ်။Full time အနေနဲ့ သေချာ လုပ်မယ်ဆို တော်တော် အဆင်ပြေတဲ့ အလုပ်ပါ။ ဆိုတော့ မိဘတွေကို ပြောချင်တာက ဒီအလုပ်ကို အပျော်မယုတ်ဘဲ ကို့ရဲ့ သားသမီးက တကယ် ဝါသနာ ပါ လို့ စိတ်ဝင်စားတယ်ဆိုရင် သေချာသာ support ပေးလိုက်ပါ။ အဲ့လိုမဟုတ်ဘဲ ပိတ်ပင်ထားရင် ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူပျော်တဲ့ အရာကို မလုပ်ရတဲ့ အတွက် သင်တို့ ဖြစ်စေချင်တဲ့ အရာ ဖြစ်ရင် ဖြစ်လာမယ်။ ဒါပေမယ့် လူငယ်ဘဝ နဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေ ဆိုတာ ပြန်မရပါဘူး။ အကယ်၍ အပျော်လုပ်နေတယ် ဆိုရင် လဲ ပေးပျော်လိုက်ပါ တစ်ဖက်က ကိုယ်ဖြစ်စေချင်တာကိုလဲ လုပ်ခိုင်းပေါ့။ give and take လူငယ်ဘဝက တစ်ခါဘဲ ရတာမို့ ပျော်ခွင့်ပေးလိုက်ပါ။ အမြင်သာဆုံး ပြောရရင် အဆိုတော် ကျားပေါက်ဆိုရင် ဆေးကျောင်းကနေ ထွက်ပီး သီချင်းဆိုခဲ့တာပါ။

တစ်ချို့တွေမှာက ပါရမီ ပါတာတို့ talent ရှိ‌ပီး မွေးကတည်းတော်တာတွေရှိပါတယ် ဒါပေမယ့် ကိုက တစ်စိုက်မက်မက်နဲ့ မလေ့ကျင့်ဖူးဆိုရင် ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး

16/09/2023

ACT exam အကြောင်း သိကောင်းစရာများ

💠 ACT ဆိုတာဘာလဲ?

ACT (American College Testing) ဆိုတာ 1959 ခုနစ်မှစတင်၍ အမေရိကန်အခြေစိုက် non-profit organization တစ်ခုဖြစ်တဲ့ ACT, Inc က နှစ်စဉ် ကြီးမှူး ကျင်းပခဲ့တဲ့ College & University Entry Test တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ACT ဟာ နိုင်ငံတကာ Colleges, Universities နဲ့ Scholarship Orgs ပေါင်း 3,000ကျော် အသိအမှတ်ပြုတဲ့ exam တစ်ခုဖြစ်ပါတယ်။

💠ACT ကိုဘယ်သူတွေ ဖြေဆိုသင့်သလဲ?

အထူးသဖြင့် international studentအနေဖြင့် နိုင်ငံခြား colleges & universities တွေကို scholarship တွေနဲ့ ဝင်ခွင့်ရဖို့ ရည်ရွယ်ထားတဲ့သူတွေ ဆိုရင် ဖြေဆိုသင့်ပါတယ်။

💠 ACT မှာဘာတွေ ဖြေဆိုရမှာလဲ?

အဓိကအားဖြင့် ACT မှာ
1. English
2. Reading
3. Mathematics
4. Science
ဆိုတဲ့ multiple-choice based test (4)ခု ကို မဖြစ်မနေဖြေဆိုရမှာ ဖြစ်ပါတယ်။
သို့သော် ACT မှာပါဝင်တဲ့ Writing test ကတော့ Optional ဖြစ်တဲ့အတွက်ကြောင့် မဖြေလို့ရပါတယ်။

❕ACT exam တွင်ပါဝင်သော test အားလုံးတို့သည် High School Knowledge, and Reasoing Skill တို့ကိုသာ အခြေပြု စစ်ဆေးခြင်းဖြစ်ပါတယ်။❕

💠 ACT ဖြေဆိုတဲ့အခါ ဘယ်လောက်ကြာ
သလဲ?

ACT ဖြေဆိုတဲ့ အခါ ယေဘူယျအားဖြင့် 3 နာရီနဲ့ 30 မိနစ်ခန့် ကြာမြင့်နိုင်ပြီး Wrting test ပါ ထည့်သွင်း ဖြေဆိုပါက 4နာရီခန့် ကြာမြင့်နိုင်ပါတယ်။

အသေးစိတ်အားဖြင့်
1. English (45 mins for 75 questions)
2. Maths ( 60 mins for 60 questions)
- 15 mins break
3. Reading (35 mins for 40 questions)
4. Science (35 mins for 40 questions)
- 5 mins break
5. Writing ( 40 mins )

Total - approximately 4 hrs

💠ACT ရဲ့ Scoring System ကဘယ်လိုလဲ?

ACT ရဲ့ Scoring System ဟာ 1 (mini) to 36(max) ဖြစ်ပါတယ်။ ACT ဟာ Test တစ်ခုချင်းစီအား ရမှတ်ပေါ်မူတည်၍ 1 to 36 score scale ပေါ်အခြေခံကာ အမှတ်ထုတ်ပေးပါတယ်။ ထိုနောက် Test အာလုံးရဲ့ score ကို average တွက်ယူကာ 1 to 36 score scale အပေါ်ထပ်မံအခြေခံ၍ Final composite score အဖြစ်ထုတ်ပေးခြင်းဖြစ်ပါတယ်။
❕Writing score ကတော့ 1 to 12 score scale ပေါ်မူတည်၍ သီးသန့်ထုတ်ပေးပါတယ်။❕

ACT score calculator - https://www.albert.io/blog/act-score-calculator/

💠 ACT score ရဖို့ဘယ်လောက်ကြာသလဲ?

ACT Test (4) ခုရဲ့ composite score ကတော့ ဖြေဆိုပြီး 3 to 5 days အတွင်း ရနိုင်ပြီး Wrting score ကတော့ ပျှမ်းမျှ 10 ရက်ခန့် ကြာနိုင်ပါတယ်။

💠 ACT က paper-based exam or
computer-based exam လား?

ACT exam ကို U.S 🇺🇸 နိုင်ငံအတွင်းမှ ဖြေဆိုလျှင် paper-based version အနေနဲ့သာဖြေဆိုနိုင် မှာ ဖြစ်ပြီး၊ U.S 🇺🇸နိုင်ငံပြင်ပမှ ဖြေဆိုသူများ ကသာ computer-based version အနေနဲ့ ဖြေဆိုနိုင်တာဖြစ်ပါတယ်။

❕ သို့သော် မည်သည့်နိုင်ငံမှာမဆို မိမိ ကျောင်းလျှောက်ရန်လိုအပ်သည့် score ရသည်အထိ ACT exam ကို အကြိမ်အရေအတွက် အကန့်အသတ် မရှိ ပြန်လည်ဖြေဆိုနိုင်ပါတယ်။❕

💠 ACT ကို ဘယ်ချိန်တွေမှာ ဖြေဆိုလို့
ရလဲ?

ACT exam ကို တစ်နှစ်မှာ ခုနှစ်ကြိမ်ခန့် ကျင်းပပေးပါတယ်။ အထူးသဖြင့် September, October, December, February, April, June, and July လတွေမှာ တစ်လ တစ်ခါစီကျင်းပပေးပါတယ်။ ရက်နဲ့ အချိန်အတိအကျ ကိုတော့ ACT official website မှာ ဝင်ကြည့်နိုင်ပါတယ်။

ACT Test Dates- https://www.act.org/content/act/en/products-and-services/the-act/registration.html

💠 ACT ကို ဘယ်မှာဖြေလို့ရလဲ?

ACT ကို Yangon နဲ့ Mandalay မြို့ မှာရှိတဲ့ ACT verified test centers (3) ခုဖြစ်တဲ့
1. Crown Education Yangon
2. Crown Education Mandalay
3. KMD Test Center Yangon တို့မှာသာ
ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

❕ACT ဖြေဆိုမယ်ဆိုပါက ACT official website မှာ အရင်ဆုံး account ဖွင့်ကာ register လုပ်ထားဖို့တော့ လိုပါတယ်။❕

ACT official website - https://www.act.org/

Photos from NextGen Impact's post 15/09/2023

🖇Hyper Sharing Organization ကနေ ဒီတစ်ခေါက် ကျင်းပပြုလုပ်မဲ့ " Pathway to Scholarship " ဆိုတဲ့ Event လေးကို ဒီနေ့ မိတ်ဆက်ပေးချင်ပါတယ် 🙋🏻‍♀️

နိုင်ငံခြားမှာ Scholarship ဖြင့်ပညာသင်ယူချင်တဲ့ လူငယ်တွေအတွက် အရမ်းအသုံးဝင်မဲ့ event လေး ပါနော် 👀

🧩 Hyper Sharing Organization ဟာဆိုရင် SDG 4 Quality Education ကိုအခြေခံထားပြီး လူငယ်တွေဦးဆောင်တဲ့ Non-profit Organization တစ်ခုပဲဖြစ်ပါတယ်။ မတူညီတဲ့နယ်ပယ်က မတူညီတဲ့ ဗဟုသုတတွေကို အမြဲတမ်း လူငယ်တွေဆီသို့ မျှဝေပေးလျက်လည်းရှိပါတယ်နော်✨

🖇 ဒီတစ်ခေါက် Event လေးကိုတော့ 16.9.2023 နှင့် 17.9.2023 တို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Scholarships အတွေ့အကြုံများစွာရှိတဲ့ Guest Speakers 2 ယောက်ကနေပြီးတော့ Scholarship လျှောက်တဲ့အခါ ဆောင်ရန် ရှောင်ရန်တွေ ၊ လိုအပ်ချက်တွေ ၊ ရရှိလာမဲ့ Benefits တွေကို Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

🪄 Event အကြောင်းအသေးစိတ်ကိုလည်းအောက်က link ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်👇

https://m.facebook.com/story.php?story_fbid=269442042702995&id=100089116031514&sfnsn=mo&mibextid=2JQ9oc

💫 ကဲ... ဒါဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ Event လေးကို အမြန်ဆုံး Register လုပ်လိုက်ပါတော့ဗျို့ 📣

Registration Form Link 👇

https://docs.google.com/forms/d/e/1FAIpQLSdoJocxp1OxdR71l-2tO9Io6QtZ5EpXBYiPQb-iDDyxGT-X_Q/viewform

Pathway to Scholarship

🗓 Date - 16.9.2023 (Saturday)
17.9.2023 (Sunday)

⏰ Time - 7:00-8:30 pm

🔮 Via - Zoom Platform

13/09/2023

လူတွေနဲ့ စကားပြောပြီဆို ဘာဆက်ပြောလို့ပြောရမလဲ မသိပဲ စာသားတွေ ခနခန ပျောက်ရှတာမျိုးဖြစ်တက်ပါသလား

သူနဲ့လည်း ခင်ချင်တယ် စကားပြောချင်တယ် ဒါပေမယ့် Brain is not braining ဖြစ်ပြီး ဘာစကားမှ မပြောထွက်တဲ့ သူလေးတွေအတွက် NGI ကနေ talk show star Larry King ရဲ့ tips လေးတွေ ဝေမျှပေးချင်ပါတယ် 💪😏

ဒါလေးတွေကတော့

⭐ Be curious
သင်ပြောချင်တဲ့ အရာကို အမှန်တကယ်စိတ်၀င်စားပြီး စူးစမ်းလေ့လာပါ။ မသိတဲ့အရာတွေကိုလည်း မေးဖို့ ၀န်မလေးပါနဲ့

⭐ Know your audience
သင်ပြောမယ့်အရာက သူတို့စိတ်ဝင်စားမယ့်အရာ၊ သူတို့နားထောင်ချင်တဲ့အရာ၊ သူတို့အတွက်လိုအပ်တဲ့အရာ ဖြစ်ဖို့လည်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတို့အတွက် အကျိုးရှိတာကိုပဲနားထောင်ချင်တာမို့ပါ။

⭐ Keep it simple
ရှင်းရှင်းလင်းလင်းဖြစ်တဲ့ စကားကိုပြောပါ။ တစ်ဖက်သူအတွက် နားလည်ရခက်တဲ့ စကားတွေ၊ ရှုပ်ထွေးတဲ့ အသုံးအနှုန်းတွေကို ရှောင်ပါ။ ဗန်းစကားတွေ ကိုသုံးတာက အဆင်ပြေပေမယ့် တစ်ဖက်သူသိမယ့် ဗန်းစကားကိုသာသုံးပါ။

⭐ Storytelling Magic
ငယ်ငယ်က ဆရာမတွေစာသင်ရင် ဖတ်စာအုပ်ထဲကပဲမဟုတ်ပဲ အပြင်လောက ဉပမာလေးတွေ၊ ရုပ်ပြလေးတွေနဲ့ သင်ကြားပေးရင် စာနားလည်ရလွယ်တယ်ဆိုတာ အားလုံးလက်ခံပြီးသားဖြစ်မှာပါ။
ရိုးရှင်းတဲ့ ဉပမာတွေကိုသုံးပါ။ နားထောင်နေတဲ့ တစ်ဖက်သူက ပုံပြင် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုထိ မျောသွားအောင်ပြောပါ။ ဒီလိုဆိုရင် သင်ပြောတာတွေကို တစ်ဖက်သူက အမှတ်ရဖို့လည်းလွယ်ပါတယ်။

⭐ Listen actively
စကားပြောကောင်းတဲ့ သူဖြစ်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကောင်းကောင်းနားထောင်တက်ဖို့ပါပဲ။ တစ်ဖက်သူပြောကိုလည်း သေချာနားထောင်ပေးဖို့ ဂရုစိုက် response ပြန်ပေးပါ။
ချစ်သူရည်းစားတွေထဲမှာတောင် ကိုယ်ဘက်က သူ့ကိုစကားတွေအများကြီးပြော ရင်တွေဖွင့် မေးခွန်းတွေမေး လုပ်ထားတာကို တစ်ဖက်သူက ပြန်မပြောပဲ တခြား topic ပြောင်းပြောရင် အရမ်း ခံစားရခက်တာ အမှန်ပဲမလား
အာ့တာမို့ စကားကောင်းပြောတက်ဖို့ နားထောင်ကောင်းဖို့လည်းလိုအပ်ပါတယ်။

⭐ Prepare, Prepare and Prepare
ပြောနေရင်း ဘာဆက်ပြောရမလဲ မသိတော့တာတို့
စကားမဆက်တက်တော့တို့ စကား ထစ်တာတို့ မဖြစ်ရဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဘာတွေပြောမလဲ ဆိုတာကြိုတင်ပြင်ဆင်ထားပါ။

⭐ Chat like friends
အမှားလုပ်မိမှာ judge အလုပ်ခံရမှာ မကြောက်ပါနဲ့ လူတွေက သင်နဲ့ စကားပြောချင်ပါတယ် ဒါမို့ စိတ်ပေါ့ပေါ့ပါးပါးထားပြီး စကားပြောပါ။

⭐ Eye contact
အကြည့်ချင်းဆုံ ရင်တွေခုန် တောင်ဖြစ်တက်တာမို့ သင်စကားပြောနေတဲ့အချိန်ကော တစ်ဖက်သူကို နားထောင်ပေးနေချိန်မှာကော eye contact ထားပေးပါ။
ဆက်တိုက်တော့ စိုက်မကြည့်နေပါနဲ့ ကြောက်ဖို့ကောင်းပါတယ် 🤧😁

⭐ Timing is Everything
စကားကို ရပ်သင့်တဲ့အချိန်မှာ ရပ်ဖို့၊ အသံအနိမ့်အမြင့်သေချာထည့်ဖို့ လည်းအရမ်းအရေးကြီးသလို သင့်တော်တဲ့ body language နဲ့ facial expression ကို အချိန်ကိုက် သေချာအသုံးပြုဖို့လည်း အရမ်းအရေးကြီးပါတယ်။

⭐ Stay Neutral
Heated အရမ်းဖြစ်တဲ့ conversation တွေမှာ ဘက်မလိုက်ပဲ မျှတအောင် နေပါ။

အပေါ်က ပြောသွားတဲ့ tips လေးကို အသုံးပြုပြီး စကားပြောကောင်းတဲ့သူတွေဖြစ်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💪

Bonus အနေနဲ့
Public speaking ကောင်းဖို့အတွက် သင်တန်းကောင်းကောင်းလေးကိုညွန်းရမယ်ဆိုရင်တော့ NGI က admins တွေရဲ့ ဆရာဖြစ်တဲ့ LGTI - Life Guide Training Institute
ကိုညွန်းပေးလိုက်ပါတယ်နော်

ဒါအပြင် English Public speaking လေ့ကျင့်ဖို့အတွက်လည်း
Chatty Pilots Conversation Club ကို ညွန်းပေးလိုက်ရပါတယ်ရှင့်

Photos from NextGen Impact's post 11/09/2023

လူတိုင်း အလုပ်တွေ ရှုပ်နေကြတဲ့ ခေတ်ကြီးထဲမှာ ကိုယ်က Time Management Skill မကောင်းသေးဘူးဆို ကျန်ခဲ့မှာနော် 🤷🏻‍♀️

တကယ်တော့ Time Management ဆိုတာက ကိုယ့် schedule ထဲကို လုပ်ရမှာတွေ အတင်းထိုးထည့်တာမဟုတ်ဘဲ ဘယ်လိုအချိန်မျိုးမှာ ကိုယ့်အတွက် ဘာလုပ်လို့အကောင်းဆိုလည်းဆိုတာကို ရွေးချယ်တတ်ခြင်းပဲဖြစ်ပါတယ်။

ဒီနေ့တော့ Time Management ပိုကောင်းစေနဲ့ အချက်လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် 🫶🏻

10/09/2023

IELTS ဆိုတာဘာလဲ?🤔🤔

📌IELTS ဆိုတာ International English Language Test System လို့ခေါ်တဲ့ international အသိမှတ်ပြု certificate တစ်ခုဖြစ်ပါတယ်။IELTS မာအဓိက ကတော့ 4 skillsဖြစ်တဲ့ Reading၊Writing၊Listening၊Speaking အဲ့လေးခုကို ဖြေရမာပါ။

📌IELTS ဖြေရင်ဘလောက်ကြာမှာလဲ?
Reading က 60 minutes
Writing က 60 minutes
Listening က 30 minutes
Speaking က 11-15 minutes
စုစုပေါင်းကြာချိနိကတော့ 2 hours and 45 minutes လောက်ထိတော့ကြာနိုင်ပါတယ်။

📌IELTS ကိုဘယ်လိုသူတွေဖြေသင့်လဲ?
သင်ဟာအင်္ဂလိပ်ဘာသာစကားကိုအဓိကအသုံးပြုရမဲ့နိုင်ငံတစ်ခုခုမှာ ကျောင်းတက်ချင်တဲ့သူတွေ အလုပ်လုပ်ချငိတဲ့သူတွေ ဆိုရင်တော့ ဖြေသင့်ပါတယ်။

📌IELTS မာ Exam Types နှစ်ခုရှိပါတယ်။
-IELTS Academic.
-IELTS General Training.
နှစ်ခုလုံးကတော့ paper-based ဒါမှမဟုတ် computer-based ကြိုက်ရာနှင့် ဖြေဆိုနိုင်ပါတယ်။

📌Academic နဲ့ General နှစ်ခုကမတူဘူးလား?
ဟုတ်ပါတယ် မတူပါဘူး။
Academic ကဘာလဲဆိုရင် တက္ကသိုလ်အတွက်လိုအပ်အရည်အချင်းရှိလားဆိုတာကို စစ်ဆေးတဲ့ test ဖြစ်ပါတယ်။
General ကတော့ ကိုယ့်ရဲ့နေ့စဉ်သုံးဘာသာစကားကို စစ်ဆေးတဲ့ test ပါ။အလုပ်လုပ်ဖို့သွားတဲ့သူတွေအတွက်အဆင်ပြေပါတယ်။

📌အမှတ်ပေးတဲ့ system ကရောဘလိုလဲ?

အမှတ်ကတော့ skill 1ခုချင်းဆီကို band score 1-9 ပေးပီး overall ကတော့ကိုယ်ဖြေထားတဲ့ test လေးခုရဲ့ results ပေါ်မူတည်ပီး band score 1-9 ဆိုပြီးပေးမာပါ။

နိုင်ငံခြားတက္ကသိုလ်တော်တော်များများမှာတော့ band score 6-7 လောက်ဆို လက်ခံပါတယ်။ဒါပေမဲ့လဲ တစ်ကျောင်းနဲ့တစ်ကျောင်းမတူတာကြောင့် သေသေချာချာလေးတော့အရင်စုံစမ်းဖို့ အကြံပေးပါတယ်။

📌IELTS ကိုဘယ်အချိန် ဘယ်နေရာမှာ ဖြေလို့ရလဲ?

မြန်မာနိုင်ငံမှာတော့ ပုံမှန်အားဖြင့် ၁လ ကို ၂ကြိမ်စစ်ပါတယ်။ဖြေလို့ရတဲ့နေရာတွေကတေည့လောလောဆယ် Yangon နဲ့ Mandalay ၂ နေရာမှာဖြေလို့ရပါတယ်။
IELTS Test Centers
https://www.britishcouncil.org.mm/exam/ielts/dates-fees-locations

📌IELTS ဖြေပီးရင် results သိရဖို့ဘလောက်ကြာမာလဲ?
ဖြေပီး ၁ ပတ်လောက်ကြာရင်တော့ results သိရပါပီ။
IELTSကိုကြိုက်တဲ့အချိန်လဲထပ်ပြီးဖြေလို့ရပါတယ်။ကိုယ်လိုချငိတဲ့ results မရမချင်း try လို့ရပါတယ်။

ဖြေပီးရလာတဲ့ certificate ကတော့ 2 years ပဲသက်တမ်းရှိပါတယ်။2 years ပီးရင်တော့ ဖြေထားတဲ့ results တွေက အကျိုးဝင်တော့မာ မဟုတ်ပါဘူး။

📌ဒါကတော့ IELTS Official Website ပါ။
https://www.ielts.org/

08/09/2023

မြန်မာနိုင်ငံမှာ လိင်အကြောင်း ဆွေးနွေးကြခြင်းက တော်တော်အဆင့်နိမ့် တဲ့ အရာလို မြင်ကြပါတယ်။ မိန်းကလေးတွေ အလှ လေးမပြင်လိုက် နဲ့ အပျက်မ ဖြစ်သွားသလိုလို ပြောဆိုကြတဲ့ လူကြီးတွေကြောင့် လိင်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုတဲ့ ဟာက လက်လှမ်း မမီနိုင်တဲ့နေရာတစ်ခုကိုရောက်နေပါတယ်။ ဒီလို s*x education မပြည့်ဝ မှုတွေကြောင့် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ၊ လက်ခံဖို့ အဆင်သင့်မဖြစ်သေးခင် ကိုယ်ဝန်ရသွားတာတွေနဲ့ လွဲမှားပြီးအန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ ဟာ များများလာပါတယ်။ ဒီလိုနဲ့ မိဘမဲ့ တွေ တိုးလာသလို ဆယ်ကျော်သက် မိန်းကလေးတွေလည်း အသက်ဆုံးရှုံးရပါတယ်။

အခြေအနေတွေကို လျှော့ချနိုင်ဖို့နဲ့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေကို စနစ်တကျလေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး 𝖬𝖤𝖫𝖨𝖲𝖲𝖠 ကနေ
❝ ရှာရှာဖွေဖွေ မျိုးဆက်ပွါးကျန်းမာရေး ❞ ဆိုတဲ့ ၂-ရက်တာ Virtual Learning Program လေးကို ယူဆောင်လာပေးခဲ့ပါတယ်။ 💻🎉

✏️ အခု Learning Program လေးကို September လ 9 ရက် နဲ့ 10 ရက်နေ့ ၂ ရက်တိတိ Online ကတဆင့်ပြုလုပ် သွားမှာဖြစ်ပြီးတော့ သင်ယူလေ့လာရမဲ့ မတူညီတဲ့ခေါင်းစဉ်တွေ၊ ကိုယ်တိုင်ပါဝင်ပြီး လုပ်ဆောင်ရမဲ့ Case Study နဲ့ Open Discuss Session တွေ အပြင် အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့အခြား Activity တွေပါဝင်မှာ ဖြစ်ပြီးတော့ ၂-ရက်တာ အစီအစဉ် အကုန်လုံးကို တက်ရောက်မဲ့သူတွေအတွက် Certificate တွေလည်း ပေးအပ် သွားမှာဖြစ်ပါတယ်။

🔸 ၂-ရက်တာ Virtual Learning Program လေးမှာတော့ ..
𝘿𝙖𝙮 𝙄 - 𝘋𝘢𝘵𝘦: 9.9.23 (𝘚𝘢𝘵𝘶𝘳𝘥𝘢𝘺) | 𝘛𝘪𝘮𝘦: 7 - 9 𝘱𝘮
📌 𝘛𝘰𝘱𝘪𝘤: 𝙔𝙤𝙪𝙩𝙝𝙨 𝙖𝙣𝙙 𝙎𝙚𝙭 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 (လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး )

𝘿𝙖𝙮 𝙄𝙄 - 𝘋𝘢𝘵𝘦: 10.9.23 (𝘚𝘶𝘯𝘥𝘢𝘺) | 𝘛𝘪𝘮𝘦: 10 - 12 𝘢𝘮
📌 𝘛𝘰𝘱𝘪𝘤 : 𝘾𝙖𝙨𝙚 𝙎𝙩𝙪𝙙𝙮 𝙖𝙣𝙙 𝙊𝙥𝙚𝙣 𝘿𝙞𝙨𝙘𝙪𝙨𝙨𝙞𝙤𝙣

𝘿𝙖𝙮 𝙄𝙄 - 𝘋𝘢𝘵𝘦: 10.9.23 (𝘚𝘶𝘯𝘥𝘢𝘺) | 𝘛𝘪𝘮𝘦: 7 - 9 𝘱𝘮
📌 𝘛𝘰𝘱𝘪𝘤: 𝙄𝙢𝙥𝙤𝙧𝙩𝙖𝙣𝙘𝙚 𝙤𝙛 𝘽𝙞𝙧𝙩𝙝-𝙎𝙥𝙖𝙘𝙞𝙣𝙜 𝙈𝙚𝙩𝙝𝙤𝙙𝙨 𝙛𝙤𝙧 𝙔𝙤𝙪𝙩𝙝𝙨 (လူငယ်နှင့် ကိုယ်ဝန်တားခြင်း၍ အရေးပါမှု)

စတဲ့ခေါင်းစဉ်တွေအောက်မှာမတူညီတဲ့ အကြောင်း အရာတွေကို ရှု့ထောင်မျိုးစုံကလေ့လာကြရင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးနိုင်မဲ့ ၂-ရက်တာ Learning Program လေးမှာပါဝင်ဖို့ အခုပဲ Registered လုပ်လိုက်ကြရအောင်နော်…။💫
Registration Form: https://shorturl.at/ekGK5

အခု Virtual Learning Program ရဲ့ ခေါင်းစဉ်အသေးစိတ်တွေနဲ့ ပါဝင်မဲ့ Guest Speaker တွေအကြောင်း အသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ Link ကတဆင့် ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ရှင်..။
Program Details: https://shorturl.at/iknFW

🔻၂-ရက်တာ Virtual Learning Program လေးနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်..။ 💫

~~~
🔸Instagram
https://t.ly/s5C2-
🔸LinkedIn
https://t.ly/r2G_R
🔸Threads
https://t.ly/K-w9P





#ရှာရှာဖွေဖွေမျိုးဆက်ပွားကျန်းမာရေး
*xeducation

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Marketing in 4 mins
အချိန်တွေ ဘယ်လို ကျော်ကြမလည်းဆိုတာတွေ ပြောထားပါတယ် 🙄😁(2mins)Follow our YouTube Channel 👇https://youtu.be/7XOSIv1GH0UFoll...
#quoteoftheday
Hola Everyone! Today we're gonna entertain about endangered species.Since the endangered species are rare and precious t...
Organization တွေကသင့်ရဲ့ volunteer ဖြစ်ချင်တဲ့အိပ်မက်ကို ဘယ်လို အကြောင်းရာတွေကြောင့် ပယ်ချကြလဲဆိုတာ သိချင်လား? 🤨 Youth o...
Strategic Thinking အတန်းလေးရဲ့ Day 2 လေးဟာလည်းအောင်မြင်စွာပြီးမြောက်သွားပါပြီ 🎉😚မီးပျက်တဲ့ကြားထဲက လာရောက်‌တက်ပေးတဲ့ astr...
ဒီနေ့ NGI astronauts လေးတွေရဲ့ Strategic Thinking day 1 လေးကတော့ အောင်မြင်စွာနဲ့တာထွက်လိုက်ပါပြီရှင့် 🎉ဒီနေ့မမှီလိုက်သူတ...
Senior to Junior Knowledge Sharing program - episode one Scholarship Essay ကိုဘလိုရေးကြမလဲAcademic Writing တွေရေးတဲ့အခါ ...
TOT Training
Greeting everyone!!We are excited to welcome to our youth-led non profit organization, NextGen Impact. Our Vision is a w...

Website

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Education Websites in Yangon (show all)
Treasure Trove - book shop / printing service Treasure Trove - book shop / printing service
33Steet,13Block
Yangon, 11091

We'll distribute books for everyone who want to improve your skill , ways to invest , trading & financial education . We mainly focus on teenagers who want to start their career l...

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

Language Nest Language Nest
No. 507 , 3rd Nilar Street, C Ward , North Okkalapa Tsp
Yangon, 11031

YJH Hkristan Hpaji Dap YJH Hkristan Hpaji Dap
No. 40/B, Shwepyi Aye Street, Sanchaung Township
Yangon, 11111

C.R.E

Central Educational Institute Central Educational Institute
Yangon

Together to your credit score!

Lynn's Korean Lynn's Korean
Yangon

Let me be a good coach for you Let me help you achieve your dreams🌟

Yù Cái Chinese learning center Yù Cái Chinese learning center
Yangon

YùCái (YCCL)is one of the best Chinese Language Center in Myanmar. Officially established on Septembe

IELTS Online Course - OBF Institute IELTS Online Course - OBF Institute
35 Th Street, Kyauktada Township
Yangon, 11182

The OBF Language & Business Institute has been founded to grant international English Language and B

Zincb Zincb
Yangon

Education Support Ebook Education Support Ebook
Pazundaung
Yangon, 951

Digital Resources for Teaching / Learning; A Ray of Light for educators and Learners!

Myanmarkids love learning English Myanmarkids love learning English
Yangon

Online Learning hub for Myanmar kids who are from all over Myanmar. Glad to see you all!