Dr.Linn Naychi - Medical Box

တုတ်ကွေးဖျားနာအတွက်လိုအပ်သောMedical Boxမ?

17/07/2022

Respiration Tech
Crd

13/07/2022

ထိုင်းနိုင်ငံချူလာလောင်ကောင်
ဆေးရုံမှ ထုတ်ပြန်သည့် နောက်ဆုံးပေါ်
အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ
+++++++++++++++++++++++++++++++

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက် မြိုချရာတွင်
အခက်အခဲရှိသည် ခေါင်းအနည်းငယ်ကိုက်မည်။
၄။ Light Belly အစာအိမ်လေထမည်
အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည် ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

( ၅ ရက်မြောက်တွင် ပြန်ကောင်းသွားနိုင် )

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့်ချောင်းခြောက် ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း
လည်ချောင်း နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီးမောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှုရန်အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး
သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး
ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိ
ရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့်
ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်း
တစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက်
အပြင်းအထန်ကြိုးစား လာရမည်။
ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

Credit

https://www.facebook.com/DrLinn-Naychi-Medical-Box-107408488298312/

Dr. Khin Maung Lwin (FAME) 25/03/2022

ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှသောက်ပါ။

✅ ဗီတာမင်အေ ကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏစားပါ။

✅ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ-ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကို များများ စားပါ။

✅ အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။ အသား၊ ငါးစားတိုင်း အသီးအရွက်နှင့် တွဲဖက်စားပါ။

✅ ဗီတာမင်စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး (ဥပမာ-သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကိုစားပါ။

✅ နွားနို့နှင့် ဒိန်ချဉ် တို့ကို ပုံမှန်သောက်ပါ။

✅ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။

✅ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃၀) ခန့် ပြုလုပ်ပါ။

✅ ဝမ်းတွင်းကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ-ဝက်သား၊ အမဲသား) ကို လျှော့စားပါ။

✅ အငန်ဓာတ်များသော အစားအစာ (ဥပမာ-ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) များကို လျှော့စားပါ။

✅ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

❌ အချိုမှုန့် (Monosodium glutamate) မသုံးပါနှင့်။

❌ အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြားစသည်တို့ကို ရှောင်ပါ။

❌ ကွမ်းယာစားသည့်အကျင့်ကို ရှောင်ကြဉ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Dr. Khin Maung Lwin (FAME) You can view and join right away.

09/03/2022

⛔ နိုင်ငံတော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို့ အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ် ✅

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတို့မှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ် ‼

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တို့လို စမ်းသပ်လို့မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ် 💪🏻

🚫 ဗီဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆို့ခြင်း စ,တာတွေ ဖြစ်စေလာနိုင်ပါတယ်🚫

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို့ ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒိန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလို လက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ် ⚠

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို့ အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော် ။

Ref : CNBC Website

Link : https://tinyurl.com/cuhm83u8

13/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhan ကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Credit - Dr. Hadee Maung (9.2.2022)

08/02/2022

ကလေးများနဲ့ အိုမီခရွန်

💦ကလေးများနှင့်အိုမီခရွန်(Omicron)ကိုဗစ်

🍓ကလေးများတွင်အရင်ကိုဗစ်‌တွေထက်ပိုမိုပြင်းထန်နိုင် ဟုဆိုပါတယ်။
👉ကိုဗစ်ကူးစက်ခံရတဲ့ကလေးတွေများလာပါတယ်။USရဲ့စစ်တမ်းများအရအိုမီခရွန်က ကလေးငယ်တွေမှာပိုပီးဖြစ်နိုင်တယ်လို့သိရပါတယ်။အိုမီခရွန်က ကလေးတွေမှာပိုဖြစ်နိုင်သလို အရင်လှိုင်းကလူကြီးများကဲ့သို့oxygenကျပီးအရေးပေါ်အခြေအနေဖြစ်လာတာမျိုး‌တွေရှိတယ် ဟုသိရပါတယ်။

🍓ကလေးအိုမီခရွန်လက္ခဏာများ
-ဖျားခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
-လည်ချောင်းနာခြင်း
-ချောင်းဆိုးခြင်း တွေပါ။
ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင်အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တအုံးအုံးနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။

👉ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ
-ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း
-ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
-ဖျားခြင်း
-အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
-အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

🍓အရမ်းပြင်းထန်တဲ့ကလေးတွေမှာMuti-organ inflammatory syndromeဆိုတာဖြစ်နိုင်ပါတယ်။
❄️လက္ခဏာတွေက
-အဖျား24နာရီ သို့ 24ထက်ပိုကြာခြင်း
-အန်ခြင်း
-ဝမ်းလျောခြင်း
-ဗိုက်အောင့်ခြင်း
-အသက်ရှုနှုန်းမြန်လာခြင်း
-နှလုံးခုန်နှုန်းမြန်ခြင်း
-အရေပြားတွင်အနီပြင်များထွက်ခြင်း
-အရမ်းမှိန်းခြင်း တို့ဖြစ်တတ်ပါတယ်။

🍓Us စစ်တမ်းများအရလူကြီးများကဲ့သို့oxygenရုတ်တရက်ကျတတ်ပီးအရေးပေါ်အခြေအနေဖြစ်နှုန်းများလာပါတယ်။မေမေတို့အနေနဲ့သတိရှိစေချင်ပါတယ်။

🍓သတိထားသင့်သည့်ကလေးများ
-အာဟာရချို့တဲ့သောကလေးများ
-ဆုံဆို့ ကြက်ညှာ ဝက်သက် ကာကွယ်ဆေးတွေ မထိုးရသေးသောကလေးများ
-ကိုယ်ခံအားနည်းသူများ
-ခဏခဏဖျားတတ်သူများ
-ခဏခဏနှာစီး၊ချောင်းဆိုးဖြစ်တတ်သူများ
-ပန်းနာရင်ကျပ်နှင့်ရောဂါအခံရှိသူများ
-ကိုဗစ်ကာကွယ်ဆေးမထိုးများသူ များပါ။

🍓ပြုစုပေးရမည့်နည်းလမ်းများ
🤒ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ )ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင် မသုတ်ပါနဲ့။အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ။

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ။

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ။

👉မိမိတို့အနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအောက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်။

😮‍💨ချောင်းအရမ်းဆိုးလျှင်
👉စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။
👉အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။
👉ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။
👉အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။
👉များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။

🤢ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ။
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electroforte ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်.
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သောက်ရပါ -ရေဆာ တိုင်းရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်။

🤮အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သောက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
Motilium syrup/ Cosy စသည်ဖြင့်ပါ။

🛑ဆေးရုံ၊ဆေးခန်းချက်ချင်းသွားရမည့်လဏ္ခာများ
👉အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
👉ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
👉သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
👉ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
👉အသက်ရှူမြန်ရင်
👉အသက်ရှူရခက်နေတဲ့ပုံစံမျိုးတွေ
👉ဆက်တိုက်အန်နေလျှင်
👉ဝမ်းဆက်တိုက်သွားပီးမျက်တွင်းတွေပါချိုင့်သွားလျှင်။
👉ရှူးနည်း၊ဗိုက်အောင့်၊တကိုယ်လုံးအေးစက်နေခြင်းတွေပါ။

🌲🌲သိလိုသည်များမေးမြန်းနိုင်ပါတယ်။
သားသားမီးမီးတို့ဥမ္မာခင် (Omicron)အန္တရယ်မှကင်းဝေကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

06/02/2022

အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာတွေကတော့
အပိုင်းသုံးပိုင်း ရှိပါတယ်။
နံပါတ် ၁/ အပျော့စား
နံပါတ်၂/ အလယ်အလတ်စား
နံပါတ် ၃/ အပြင်းစား
ဆိုပြီး လက္ခဏာ၃ မျိုး ဖြစ်ကြပါတယ်။

နံပါတ် ၁/ အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် ၂/ အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် ၃/ အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊ တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စား​ဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။

အပြင်းစားဖြစ်ပီဆိုရင်တော့ နီးစပ်ရာ ဆေးရုံသို့
အ​​မြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါပဲ။

ကိုဗစ်ဟာ လူလောကထဲ အသက်ရှင်နေထိုင်ဖို့
ပုံစံ ဗီဇအမျိူးမျိူးပြောင်းလဲနေပါတယ်။

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်
၁၊မက်စ်တပ်ပါ။
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ။
၃၊လူစုလူဝေး‌ရှောင်ရှားပါ။
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ။
၅၊မျက်နှာအကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို မကိုင်မနှိုက်ပါနဲ့။

အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ။

Crd

Photos from Dr.Linn Naychi - Medical Box's post 05/02/2022
Photos from Dr.Linn Naychi - Medical Box's post 03/02/2022

အိုမီခရွန်လက္ခဏာတွေက

(၄၈)နာရီအတွင်း လက္ခဏာပြတယ် ။

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ် ။

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ။

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ။

(၄) မစားမသောက်ချင်ဖြစ်လာမယ် ။

❣️ဖျားနာလာမှ ဆေးဝါးလိုက်ရှာရတာမျိုး မဖြစ်စေဖို့ အိမ်တိုင်းဆောင်ထားသင့်တဲ့ အိမ်သုံးဆေး🍀 C -9 medical box 🍀လေးကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ပြင်ဆင်ပေးထားပါတယ်။

❣️လိုအပ်တဲ့ ဆေးဝါးများကို တစ်ယောက်စာ၊ 5ယောက်စာ၊ 10 ယောက်စာ၊ အယောက် 20 စာ စသဖြင့် စုစည်းပေးထားတာမို့ စိတ်တိုင်းကျ မှာယူနိုင်ပါတယ်ရှင်။

❣️ဆေးသုံးစွဲရန်အညွှန်းပါ ရှင်းလင်းစွာ ဖော်ပြပေးထားပါတယ်ရှင်။

❣️ပါဝင်တဲ့ ဆေးဝါးအသေးစိတ်ကို messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်။

❣️medical box တန်ဖိုးက တစ်ဦးစာကို ပါရှင်။

Photos from Dr.Linn Naychi - Medical Box's post 04/11/2021

ကုသိုလ်မျှဝေ ပါဝင်လှူဒါန်းပါရစေရှင့်။

ကထိန်ရာသီကာလ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ဒါယကာအဖြစ်ခံယူနိုင်ဖို့
လိုအပ်တဲ့ အိမ်သုံးအရေးပေါ်ဆေးဝါးသေတ္တာလေးများ မှာယူလို့ရပါတယ်နော်။

ပုံမှန်ဈေးနှုန်း 17500 ကျပ်ပေမယ့် လှူဒါန်းဖို့ဆိုရင် #15500 ကျပ်နဲ့ ဝယ်ယူလှူဒါန်းနိုင်ပါတယ်ရှင်။

💥💥💥Only 15500 ks for 1 box

ဒီ Promotion အစီအစဉ်လေးဟာ ၁၈.၁၁.၂၀၂၁( တန်ဆောင်မုန်းလပြည့်) နေ့အထိ အကျုံးဝင်ပါတယ်နော်။

13/10/2021

❗ကလေးများနှင့်ဖျားခြင်း

🍎အခုချိန်ရာသီဥတု ပူလိုက်အေးလိုက်ကြောင့်ကလေးများဖျားနေကြပါတယ်။

👉အပူချိန် 104-105` F ထိ ဖျားကြသည်
အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါတယ်။

👉ကလေးဖျားလျှင်
အေးသောနေရာမှာ ထားကြပါ
အရိပ်ရသော နေရာမှာထားပါ
Air con ခန်းတွင် ထားနိုင်ပါသည်
ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ

👉အနွေးထည် မဝတ်ရ
ဂျင်းသား အပူစများ မဝတ်ပေးရ
ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ

👉ရေပတ်တိုက်ပေးပါ
ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ
နဖူးပေါ်ပဲ ရေပတ်ဝတ် တင်ရုံဖြင့် အဖျား မကျပါ
တစ်ကိုယ်လုံးတိုက်မှ အဖျားကျပါမည်
ရေခဲရေ မသုံးရ (အဖျားပိုတက်တတ်သည်)
ရိုးရိုးရေအေးအေးသာ သုံးပါ

👉အဖျားကြီးသောကလေး
ရေချိုးပေးလို့ ရပါသည်
ရေချိုးလို့ မဖျားပါ
ရေမချိုးမှ အပူကြီးပြီး ကလေးတက်သွားနိုင်ပါသည်

👉အဖျားကျဆေး Paracetamol/ Biogesic တိုက်ပေး၍ရပါသည်
Paracetamol ကို တိုက်ချင်သလောက် တိုက်၍မရပါ
အချိုးအဆ မှန်မှန်တိုက်ရပါမည်
နည်းတိုက်လျှင်အဖျားမကျနိုင်ပါ
များတိုက်မိလျှင် Para ၏ ဘေးထွက်ဆိုးကျိုးမှာ
အသည်းထိခိုက်တတ်ပါသည်
Para ကို 15 mg/kg ဖြင့် 6 နာရီခြား
အပူအရမ်းကြီးလျှင် 4 နာရီခြား တိုက်၍ရပါသည်
(eg. body weight 8 kg ရှိသော ကလေးကို Para 120 mg အား 5 ml 4-6 times တစ်နေ့တာအတွက်တိုက်၍ရပါသည်)
Para အများစုမှာ 120 mg ဖြစ်သည်
250 mg 150 mg ပါသောဆေးများလည်းရှိသည်

👉ကလေးစအိုထဲသို့ အဖျားကျဆေးတောင့် Para suppositary လည်း ထည့်ပေးနိုင်ပါသည်
ချွင်းချက်-သွေးဥမွှားနည်းနေသောကလေးများ Reduced Platelet count
ဝမ်းလျှောနေသောကလေးများတွင် မထည့်ရပါ
Para suppo သည်လည်း 120 mg / 250 mg အမျိုးမျိုးရှိပါသည်
Para suppo ထည့်ထားပြီးလျှင်
Para ထပ်ပြီး ချက်ချင်းမတိုက်ရပါ
အနည်းဆုံး 4 နာရီခြားပြီးမှ တိုက်ရပါမည်

👉ဖျားနေသော ကလေးအား

လျှောလျှောလျူလျူ ဝင်လွယ်မည့်
အစားအစာများကျွေးပေးပါ
(ဆန်ပြုတ် ခေါက်ဆွဲပျော့ပျော့အရည်ဖျော် ကြက်ပေါင်းရည်)
နို့စို့အရွယ်လေးများ အမေနို့ဆက်တိုက်ပေးပါ
အဖျားတက်နေလျှင် ကလေးများမစားနိုင်ပါ
ရေပတ်တိုက်ပြီး အဖျားကျဆေးတိုက်ပြီး
အဖျားကျသွားချိန်တွင် အစားဝင်အောင်ကျွေးပေးပါ ။

သားသားမီးမီးတို့အဖျားဝေဒနာမှကင်းဝေးကြပါစေ။

Photos from Dr.Linn Naychi - Medical Box's post 13/10/2021

☘️နေမကောင်းတဲ့အခါ ဆေးရုံဆေးခန်းသွားဖို့လဲမလွယ်
☘️အဆင်သင့်‌ဆောင်ထားတဲ့ ဆေးလဲမရှိတဲ့အချိန်တွေ ကြုံဖူးကြမှာပါနော်။

☘️ခေတ်ကာလအခြေအနေအရ လိုတဲ့အချိန် အချိန်မရွေး ထွက်ဝယ်လို့လဲ မဖြစ်တဲ့အတွက် လိုအပ်မယ်ထင်တဲ့ဆေးဝါးတွေကို အသင့်ဆောင်ထားမှ မိသားစုကျန်းမာရေး စိတ်ချရမယ်နော်။

☘️ဒါကြောင့် အိမ်တိုင်းဆောင်ထားသင့်တဲ့ အသင့်သုံး အိမ်သုံးဆေးဝါး medical box လေးတွေ ပြင်ဆင်ပေးထားပါတယ်ရှင်။

☘️ လိုအပ်လာတဲ့အချိန် အသုံးတဲ့နိုင်မယ့် FDA approved ဆေးဝါးများကိုသာ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ စုစည်းပေးထားပါတယ်ရှင်။

🌺 ထိခိုက်ရှနာ၊ ပွန်းပဲ့ဒဏ်ရာ
🌺ဓါတ်မတည့် အင်ပြင်ထ ယားယံ
🌺အအေးမိ ဖျားနာ
🌺ဝမ်းလျှောဝမ်းပျက်
🌺ဝမ်းကိုက်
🌺အစာအိမ်နာ ဗိုက်အောင့်
🌺လေထိုးလေအောင့်
🌺ဝမ်းချုပ်
🌺နှာစေး နှာပိတ်
🌺ချောင်းဆိုး ချွဲကြပ်
🌺လည်ချောင်း နာ၊ ယား
🌺ကိုယ်လက်ကိုက်ခဲ
ခြင်းတို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေအပြင်
🌺ကိုယ်ခံစွမ်းအားကောင်းစေဖို့ vitamin C
🌺ခန္ဓာကိုယ်အတွက် သတ္ထုဓါတ်နဲ့ vitamin များအတွက် Multivitamin အားဆေး
🌺ရေဓါတ်ဖြည့် ဓါတ်ဆား နဲ့
🌺ရုတ်တရက် ထိခိုက်ဒဏ်ရာများအတွက် ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပိုးသတ်သန့်စင်ဆေး၊ လက်အိတ်၊ paper tape၊ အနာကပ် ပလာစတာ စတဲ့
🌺စုစုပေါင်း 23 မျိုး ပါဝင်တဲ့အရေးပေါ် အိမ်သုံးဆေး box လေးပါရှင်။

☘️☘️☘️တန်ဖိုး -17500 ks

☘️သုံးစွဲပုံအညွှန်းကို မြန်မာဘာသာနဲ့ ရှင်းရှင်းလင်းလင်း ရေးပေးထားပါတယ်ရှင်။

☘️ဝယ်ယူသူတို့ အဆင်ပြေစေဖို့ Kpay, wavepay, Aya mobile banking တို့နဲ့ % မလိုဘဲ ငွေပေးချေနိုင်ပါတယ်ရှင်။

☘️ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေပို့ဆောင်ပေးပြီး နယ်ကိုတော့ ကားဂိတ်ကတဆင့် ပို့ဆောင်ပေးနေပါတယ်ရှင်။

☘️မှာယူပြီး 3 ရက်အတွင်း ပို့ဆောင်ပေးပါတယ်ရှင့်။

☘️မှာယူချင်တယ်ဆိုရင် page messenger မှာဖြစ်စေ ၊ ဖုန်းနံပါတ် 09685955960 ကိုဖြစ်စေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့မှာကြားနိုင်ပါတယ်ရှင်။

☘️ဘေးဘယာတွေဝေးကွာပြီး အေးချမ်းသာယာ ရှိကြပါစေ။

13/10/2021

💦ကလေးကိုဗစ်

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

👉ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

👉မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

👉ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
Crd-Prof Dr Saw Win
သားသားမီးမီးတို့covidမှကင်းဝေးကြပါစေ။

Photos from Icon Channel's post 11/09/2021
Photos from Dr.Linn Naychi - Medical Box's post 11/09/2021

အရေးပေါ် ပြင်ဆင်ထားလို့ရအောင်❤️

Photos from Dr.Linn Naychi - Medical Box's post 09/09/2021

💓အိမ်တိုင်းဆောင်ထားသင့်တဲ့ အရေးပေါ်ဆေး box လေးပါရှင်။
💓‌အရေးပေါ်လိုအပ်လာတဲ့အခါ အဆင်သင့်သုံးစွဲနိုင်ဖို့ ဆေး 23 မျိုး ထည့်ပေးထားပါတယ်။
💓တန်ဖိုး #17500 ks

🌺 ထိခိုက်ရှနာ၊ ပွန်းပဲ့ဒဏ်ရာ
🌺ဓါတ်မတည့် အင်ပြင်ထ ယားယံ
🌺အအေးမိ ဖျားနာ
🌺ဝမ်းလျှောဝမ်းပျက်
🌺ဝမ်းကိုက်
🌺အစာအိမ်နာ ဗိုက်အောင့်
🌺လေထိုးလေအောင့်
🌺ဝမ်းချုပ်
🌺နှာစေး နှာပိတ်
🌺ချောင်းဆိုး ချွဲကြပ်
🌺လည်ချောင်း နာ၊ ယား
🌺ကိုယ်လက်ကိုက်ခဲ
ခြင်းတို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေအပြင်
🌺ကိုယ်ခံစွမ်းအားကောင်းစေဖို့ vitamin C
🌺ခန္ဓာကိုယ်အတွက် သတ္ထုဓါတ်နဲ့ vitamin များအတွက် Multivitamin အားဆေး
🌺ရေဓါတ်ဖြည့် ဓါတ်ဆား နဲ့
🌺ရုတ်တရက် ထိခိုက်ဒဏ်ရာများအတွက် ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပိုးသတ်သန့်စင်ဆေး၊ လက်အိတ်၊ paper tape၊ အနာကပ် ပလာစတာ ပါ မကျန်ရအောင် အားလုံး ထည့်ပေးထားပါတယ်ရှင်။

🌺သုံးစွဲပုံအညွှန်းကို မြန်မာဘာသာနဲ့ ရှင်းရှင်းလင်းလင်း ရေးပေးထားပါတယ်ရှင်။

ဝယ်ယူသူတို့ အဆင်ပြေစေဖို့ Kpay, wavepay, Aya mobile banking တို့နဲ့ % မလိုဘဲ ငွေပေးချေနိုင်ပါတယ်ရှင်။

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေပို့ဆောင်ပေးပြီး နယ်ကိုတော့ ကားဂိတ်ကဖြစ်စေ၊ Royal express နဲ့ အိမ်အရောက်ဖြစ်စေ ပို့ဆောင်ပေးနေပါတယ်ရှင်။

မှာယူပြီး 3 ရက်အတွင်း ပို့ဆောင်ပေးပါတယ်ရှင့်။

မှာယူချင်တယ်ဆိုရင် page messenger မှာဖြစ်စေ ၊ ဖုန်းနံပါတ် 09685955960 ကိုဖြစ်စေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့မှာကြားနိုင်ပါတယ်ရှင်။

🌺ဘေးဘယာတွေဝေးကွာပြီး အေးချမ်းသာယာ ရှိကြပါစေ။

💓Post တင်တင်ချင်း ယုံကြည်စွာ ဝယ်ယူအားပေးကြလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။

Photos from Dr.Linn Naychi - Medical Box's post 08/09/2021

🌺အခုလိုကာလကြီးမှာ အရေးပေါ်လိုအပ်လာနိုင်တဲ့ ရှေးဦးသူနာပြု အိမ်သုံးဆေး box လေး ပြင်ဆင်ပေးထားပါတယ်ရှင်။

🌺ခက်ခဲတဲ့ ကာလကြီးမှာ အပိုတွေ မကုန်ရအောင်လို့ ဘူးဒီဇိုင်းအကောင်းစား ဈေးကြီးကြီးတွေ မသုံးတော့ဘဲ အဲဒီအစား လိုအပ်မယ့် ဆေးဝါးကိုပဲ ပိုစုံအောင် ထည့်ပေးထားတယ်နော်။

🌺 ထိခိုက်ရှနာ၊ ပွန်းပဲ့ဒဏ်ရာ
🌺ဓါတ်မတည့် အင်ပြင်ထ ယားယံ
🌺အအေးမိ ဖျားနာ
🌺ဝမ်းလျှောဝမ်းပျက်
🌺ဝမ်းကိုက်
🌺အစာအိမ်နာ ဗိုက်အောင့်
🌺လေထိုးလေအောင့်
🌺ဝမ်းချုပ်
🌺နှာစေး နှာပိတ်
🌺ချောင်းဆိုး ချွဲကြပ်
🌺လည်ချောင်း နာ၊ ယား
🌺ကိုယ်လက်ကိုက်ခဲ
ခြင်းတို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေအပြင်
🌺ကိုယ်ခံစွမ်းအားကောင်းစေဖို့ vitamin C
🌺ခန္ဓာကိုယ်အတွက် သတ္ထုဓါတ်နဲ့ vitamin များအတွက် Multivitamin အားဆေး
🌺ရေဓါတ်ဖြည့် ဓါတ်ဆား နဲ့
🌺ရုတ်တရက် ထိခိုက်ဒဏ်ရာများအတွက် ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပိုးသတ်သန့်စင်ဆေး၊ လက်အိတ်၊ paper tape၊ အနာကပ် ပလာစတာ ပါ မကျန်ရအောင် အားလုံး ထည့်ပေးထားပါတယ်ရှင်။

🌺သုံးစွဲပုံအညွှန်းကို မြန်မာဘာသာနဲ့ ရှင်းရှင်းလင်းလင်း ရေးပေးထားပါတယ်ရှင်။

🌺စုစုပေါင်း 23 မျိုး ပါဝင်တဲ့အရေးပေါ် အိမ်သုံးဆေး box လေးပါရှင်။
🌺တန်ဖိုး -17500 ks

ဝယ်ယူသူတို့ အဆင်ပြေစေဖို့ Kpay, wavepay, Aya mobile banking တို့နဲ့ % မလိုဘဲ ငွေပေးချေနိုင်ပါတယ်ရှင်။

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေပို့ဆောင်ပေးပြီး နယ်ကိုတော့ ကားဂိတ်ကဖြစ်စေ၊ Royal express နဲ့ အိမ်အရောက်ဖြစ်စေ ပို့ဆောင်ပေးနေပါတယ်ရှင်။

မှာယူပြီး 2 ရက်အတွင်း ပို့ဆောင်ပေးပါတယ်ရှင့်။

မှာယူချင်တယ်ဆိုရင် page messenger မှာဖြစ်စေ ၊ ဖုန်းနံပါတ် 09685955960 ကိုဖြစ်စေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့မှာကြားနိုင်ပါတယ်ရှင်။

🌺ဘေးဘယာတွေဝေးကွာပြီး အေးချမ်းသာယာ ရှိကြပါစေ။

02/09/2021

🦠"လမ်ဗဒါမျိုးကွဲ"( Lambda Variant )🦠
~~~~~~~~~~~~~~~~~~~~~~~~~~
COVID-19 မှာ Lambda Variant
လမ်ဗဒါမျိုးကွဲ ပေါ်လာနေပြီ ဆိုပြန်တော့
သိချင်စရာတွေ လေ့လာရပြန်ပါတယ် ။

▪️လမ်ဗဒါမျိုးကွဲဆိုတာ ဘာလဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုင်းရပ်မှန်သမျှဟာ အထူးသဖြင့် ချဲ့ထွင်ခွင့်သာ
ရမယ်၊ မတူကွဲပြားကြတဲ့ ဇီဝဖြစ်စဥ်တွေရှိကြတဲ့
လူသားမျိုးနွယ်စု အမျိုးမျိုးထဲမှာသာ ဝင်ရောက် စမ်းသပ်ခွင့်ရမယ် ဆိုရင် သန္ဓေပြောင်းလဲသွားဖို့ များကြပါတယ်။

ကိုဗစ်ဗိုင်းရပ်ဟာလည်း အလားတူပါပဲ။ ယခု
အဖြစ်များနေတဲ့ Delta-ဒယ်လ်တာမျိုးကွဲအပြီး
မှာ Lambda -လမ်ဗဒါမျိုးကွဲဆိုပြီးတော့ ဖြစ်
လာတာပါပဲ။ အားလုံးဟာမူရင်း Covid19 ကနေ သန္ဓေပြောင်းပြီး ဖြစ်ပေါ်လာခဲ့ကြတာပါ။

▪️လမ်ဗဒါမျိုးကွဲဟာ
ဘယ်တွေမှာရောက်ရှိရှင်သန်နေသလဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~
Lambda -လမ်ဗဒါမျိုးကွဲဟာ ပီရူးကနေ အာဂျင်
တီးနား ၊ချီလီ တို့ကနေတဆင့် အမေရိကန်က ကယ်လီဖိုးနီးယား ကိုရောက်ရှိလာပြီး အခုဆိုရင် အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင် နဲ့ ဘင်္ဂလားဒေ့ရှ်
တို့အထိ ရောက်ရှိနေကြောင်း သိရပါတယ်။

▪️လမ်ဗဒါကို ဘာ့ကြောင့် " variant of interest "
လို့လည်းခေါ်ရသလဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~
WHO က လမ်ဗဒါမျိုးကွဲကို "variant of Interest" လို့ခေါ်တာက သူရဲ့ ကူးစက်နှုန်းနဲ့ ရောဂါပြင်းထန်မှု
ဟာ အခြားမျိုးကွဲတွေထက် ပိုအန္တရာယ်ရှိကောင်း
ရှိနိုင်တယ်လို့ သတ်မှတ်ထားလို့ပါ။

▪️လမ်ဗဒါဟာ ကူးစက်မှုပိုပြီးများနိုင်သလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
လတ်တလောမှာ Lambda -လမ်ဗဒါဟာ ပိုပြီး ကူးစက်မြန်တဲ့ ဗိုင်းရပ်အဖြစ် သန္ဓေပြောင်းနိုင်ခဲ့ပြီလို့ သက်သေအခိုင်အမာ တွေ့ရပါပြီ ။
သို့သော် လက်ရှိကမ္ဘာမှာ ကူးစက်မှုအပြန့်နှံ့ဆုံး
ဖြစ်နေတဲ့ Delta-ဒယ်လ်တာကို ကျော်တက်သွားဖို့
တော့ မရှိနိုင်သေးဘူးလို့ ထင်မြင်နေကြပါတယ်။
ဒါ့ကြောင့် Lambda -လမ်ဗဒါဟာ ရုတ်တရက်ကြီး သိသိသာသာ ကျော်ထွက်လာဖို့ မရှိဘူးလို့တော့ ပညာရှင်တွေက အခိုင်အမာပြောနေပါတယ်။

▪️လမ်ဗဒါကြောင့်
အသေအပျောက်တွေမြင့်တက်လာနိုင်သလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
သိပ္ပံပညာရှင်တွေ လေ့လာထားကြတဲ့အခါမှာ သူ့ရဲ့ စွမ်းဆောင်ရည်အရ ရောဂါပြင်းထန်မှုအနေနဲ့ ပိုပြီး တိုးမြင့်လာမှုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ သို့သော်အခြားကိုဗစ် မျိုးကွဲတွေလိုပဲ သူဟာ
အန္တရာယ်တော့ ကြီးနေပါသေးတယ် ပိုကြီးတယ်လို့
တော့ ပြောလို့မရပါဘူးတဲ့ ။

▪️ကာကွယ်ဆေးတွေက ကာကွယ်နိုင်ပါ့မလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
Delta-ဒယ်လ်တာမျိုးကွဲတုန်းက ကာကွယ်ပေးနိုင် သလိုမျိုးပါပဲ လက်ရှိကာကွယ်ဆေးတွေဟာ Lambda-လမ်ဗဒါရဲ့ ရန်ကနေ ကာကွယ်ပေးပါတယ်။
ကူးစက်မှုကို ရာနှုန်းပြည့်မတားဆီးနိုင်ရင်တောင် အနည်းဆုံးတော့ အပြင်းအထန် ဝေဒနာခံစားရမှု မဖြစ်အောင် ဆောင်ကျဥ်းပေးပါလိမ့်မယ် ။

▪️လမ်ဗဒါဟာ တကမ္ဘာလုံးကိုပြန့်သွားဦးမှာလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
လောလောဆယ်မှာတော့ Delta-ဒယ်လ်တာလို ပြန့်ပွားနိုင်မှာ မဟုတ်သေးပါဘူး ။ကမ္ဘာအနှံ့ ပြန့်မယ်မပြန့်ဘူးလည်း မခန့်မှန်းနိုင်သေးပါဘူးတဲ့ ။

▪️လမ်ဗဒါနဲ့ပတ်သက်လို့ WHO ကအထူးသတိပေး
ကြေညာချက် ထုတ်မှာလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
Lambda -လမ်ဗဒါကိုလူတွေ သိပ်မသိကြသေးတော့ လိုအပ်တဲ့ အချက်တွေကို သတိထားကြဖို့ ထောက်ညွှန် ပြပေးရမှာပေါ့ ။

▪️မျိုးကွဲတွေကြောင့် ပိုကူးစက်မှာလား
ပိုသေကုန်ကြမှာလား ဒါမှမဟုတ်နှစ်ခုလုံးလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ မျိုးကွဲတွေ
ဟာ သန္ဓေပြောင်းရာမှာ လက္ခဏာသွင်ပြင်တွေအရ
ကူးစက်မှု ပိုမြန်ဆန်များပြားတဲ့ဖက်ကို ပိုများများ ပြောင်းလဲတယ်လို့ သိရပါတယ် ။

လူကိုသေစေတဲ့ဖက်ကို မပြောင်းလဲလိုတာကို တွေ့ရပါတယ်လို့ပြောပါတယ်။ ဒါဟာ လော့ဂျစ်နည်း
အရ ဗိုင်းရပ်ဟာ ရောဂါပြင်းထန်မှုဖက်ကို ဇောင်းပေး တာထက် ကူးစက်မှုဖက်ကို ဇောင်းပေးတာဟာ သဘာဝကျတယ်လို့ ဆိုရပါမယ်။ ဘယ်ဗိုင်းရပ်ကမှ သူ့ကိုဧည့်ခံပြီး လက်ခံတဲ့အိမ်ရှင်ကို မသေစေလိုပါဘူးလို့ ပြောပါတယ်။ လက်ခံမယ့် အိမ်ရှင်မရှိရင် ဗိုင်းရပ်ဟာ မရှင်သန် မရပ်တည်နိုင်လို့ ဖြစ်ပါတယ်။

▪️လမ်ဗဒါနဲ့ ဒယ်လ်တာ မျိုးကွဲတွေဟာ
အတော်လေးကွဲပြားခြားနားမှုရှိသလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
လောလောဆယ်တွေ့ရှိချက်တွေအရ သူတို့ ၂ခုဟာ အတော်လေး တူတယ်ပြောလို့ရပါတယ်။ Delta-ဒယ်လ်တာဟာ အတော်ကြီးကိုကူးစက်မြန်ပါတယ်။
Delta-ဒယ်လတာကြောင့် အချို့သောနိုင်ငံတွေမှာ ကြီးမားလွန်းတဲ့ပြဿနာတွေရှိခဲ့ကြရပါတယ်။ ကပ်ရောဂါလှိုင်းတွေ ထပ်ကာထပ်ကာဖြစ်ခဲ့ကြရ
ပါတယ် ။

▪️နောက်မျိုးကွဲ ရှိဦးမှာပဲလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
ထပ်ကာထပ်ကာ ပေါ်နေဦးမှာပါ ။WHO က ယခုဆို နိုးကြားမှုရှိနေတော့ အသစ်ပေါ်တာနဲ့ချက်ခြင်း လေ့လာဆန်းစစ်နိုင်နေပါပြီ။

▪️နောက်ထပ်မျိုးကွဲတွေထပ်ထပ်ဖြစ်မလာ​အောင်
ဘယ်လိုကာကွယ်ကြရမလဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုင်းရပ်ကို လှုပ်ရှားရွှေ့ပြောင်းခွင့်မရအောင်နဲ့
သူ့ဘာသာသူ သန္ဓေပြောင်းခွင့်မရအောင် လုပ်ရ
ပါမယ်။ ဒီလိုလုပ်ဖို့က ကာကွယ်ဆေးထိုးခြင်းပါပဲ။

လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တစ်ခုကနေ အခြား တစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တစ်ခုဆီကို ဗိုင်းရပ်က ရွှေ့ပြောင်းသွားလာနိုင်နေသရွေ့ ဗိုင်းရပ်ဟာ မတူကြတဲ့လူ့ခန္ဓာကိုယ်တွေရဲ့ ခုခံမှုယန္တရားကို သင်ယူနားလည်လာပြီး ယဥ်ပါးတတ် မြောက်သွား
ပါတယ်။

တတ်လာတာနဲ့အမျှ ဗိုင်းရပ်ဟာ လွတ်မြောက်အောင် သူ့ဘာသူ သန္ဓေပြောင်းရင်း အရှောင်အတိမ်း လုပ် ပါတော့တယ်။ လူတစ်ယောက်ဆီကနေ နောက်
တစ်ယောက် ဆီ ဗိုင်းရပ် ခရီးမဆက်နိုင်ဖို့ကာကွယ်
ဆေး ထိုးထားခြင်းကသာ တတ်နိုင်ပါတယ်။

▪️ကာကွယ်ဆေးကိုတတိယအကြိမ်ထိုးဖို့လိုမလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
တချို့သောနိုင်ငံတွေမှာ အသက်အန္တရာယ်ပိုများနိုင်
ခြေရှိတဲ့ သူတွေကို တတိယအကြိမ်ဆေးထပ်ထိုး ပေးနေပါတယ်။ သုံးခါထိုးလို့ ပိုပြီးကာကွယ်တယ် ရယ်လို့တော့ သိပ္ပံနည်းကျ ဖော်ထုတ်ထားတာတော့
မရှိပါဘူး။ ဒါပေမဲ့ တချို့အစိုးရတွေက ဒါကို Booster Doses လို့သတ်မှတ်နေကြတာလည်းရှိပါတယ်။

▪️အရင်လိုပြန်နေနိုင်ကြပါဦးမလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
သိပ္ပံပညာရှင်တွေကတော့ ဒီအမေးအပေါ် အတော်
ပြတ်ပြတ်သားသား ရှိကြပါတယ်။ ကာကွယ်ဆေးထိုး
ခြင်း မတ်စ်တပ်ခြင်းအားဖြင့် ကိုဗစ်ပြန့်နှန့်မှုကို မရပ်တန့်နိုင်သရွေ့ ( ဆင်းရဲရဲ ချမ်းသာသာ ဘယ်နိုင်ငံ
မှာမဆို )မျိုးကွဲတွေ ဟာ ထပ်ထပ်ပေါ်လာနေမှာဖြစ်ပြီး အရင်လို ပြန်နေကြရဖို့ စိတ်မကူးပါနဲ့လို့ဆိုကြပါတယ်။

▪️ယခုလိုအခြေအနေဆိုးကြီးနဲ့
နှစ်ပေါင်းကြာဦးမလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
ကြာပါမယ် နှစ်တွေနဲ့ချီပြီကြာပါဦးမယ်လို့ ပညာရှင်
တွေ ပြောပါတယ်။ COVID-19 ကနေ ရာသီပြင်းထန်
တုပ်ကွေး ဖြစ်သွားဖို့ လူတွေမသေဖို့ နှစ်ပေါင်းကြာ
ပါဦးမယ်။ ပြီးခဲ့တဲ့နှစ်တွေကလောက် ပိုပြီးပြင်းထန် လာဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ ရောဂါလှိုင်း
Wave အသစ်တွေဟာတခုပြီးတခု လာနေပေမယ့် အဖျက်အား နည်းနည်းလာတာ တွေ့ရပါတယ်တဲ့။

▪️ကုသဆေးကရောပေါ်လာဦးမှာလား❓
~~~~~~~~~~~~~~~~~~~~~~~~~~
အစ္စရေးမှာတော့ ဆေးတမျိုးဖော်ထားတာရှိပါတယ်။ ကူးစက်ခံရသူရဲ့ ၉၃% လောက်ကိုပျောက်ကင်း အောင်ကုသနိုင်တယ်လို့သိရပါတယ်။ အတော်လေး ကောင်းတဲ့ရလဒ်ပါပဲ။

ကိုဗစ်ဖြစ်ခဲ့သူလူနာအချို့ဟာ ဖြစ်ပြီးနောက်မှာ သေလုမျောပါးဖြစ်တဲ့ နမိုးနီးယားရောဂါ ဘာကြောင့် ဖြစ်လာကြရသလဲ ဆိုတာကို ပညာရှင်တွေအခုထိ အဖြေရရှိဖို့လုံးပန်းနေကြရဆဲဖြစ်နေချိန်မှာ ၉၃% ကုသပေးနိုင်တယ်ဆိုတာက အလွန်အရေးပါတဲ့
အဖြေ ဖြစ်လာပါတယ်။

▪️ယခုဘာလုပ်ရမလဲ❓
~~~~~~~~~~~~~~~~~~~~~~~~~~~
ကပ်ရောဂါတိုက်ပွဲက ဆက်ရှိနေမှာပါ။ မျိုးကွဲတွေ ထပ်လာဖို့ရှိသလို နောက်ထပ်နောက်ထပ် လှိုင်း အသစ်တွေကလည်း လာကြမှာပါ။ လူတွေဟာ ကာကွယ်ဆေးတွေထိုးကြပြီး ထိုးပြီးလည်း နှိုင်းနှိုင်း
ချိန်ချိန် နေတတ်ကြရပါမယ်။

မကူးစက်နည်းဥပဒေသတွေအတိုင်း သတိချပ်နေ
ထိုင်ရုံကလွဲလို့ ဘာမှလောလောဆယ် မတတ်နိုင်သေး
ဘူးလို့ WHO နဲ့ နိုင်ငံတကာကအမျိုးသား ကျန်းမာ
ရေး အဖွဲ့တွေရဲ့ ပညာရှင်များက အကြံပြုထား
ကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~

Ref MSN / The Daily Digest
Myint Maw

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)