Mudra Pharmacy

We serve We Care.

26/11/2023

မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

29/10/2023

သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🙏🏻❤️

02/10/2023

ပုံမှန်မျက်စိနာဝေဒနာတွေနဲ့မတူဘဲ လတ်တလောအဖြစ်များနေတဲ့ ကူးစက်လွယ်မျက်စိဝေဒနာအကြောင်း သိပြီးပြီလား?

ရာသီအကူးအပြောင်းကြောင့် ကလေး/လူကြီးမရွေး မျက်စိနာခြင်း၊ မျက်သားရောင်ခြင်းတွေ ပတ်ဝန်းကျင်မှာ အဖြစ်များနေတာ သတိထားမိကြမှာပါ။ ဒါက ဝေဒနာခံစားနေရသူရဲ့ မျက်စိနဲ့ထိတွေ့ထားတဲ့လက် (သို့) အသုံးအဆောင်တွေကနေတဆင့် အလွယ်တကူကူးစပ်နိုင်တာမို့လို့ မပေါ့ဆသင့်တာတော့ အမှန်ပါပဲ။

အဖြစ်အများဆုံးလက္ခဏာတွေအနေနဲ့ကတော့ -
✔️ မျက်လုံး ယားယံခြင်း
✔️ မျက်သား နီရဲခြင်း
✔️ မျက်လုံး အတွင်းထဲမှာ ခိုလိုးခုလုဖြစ်နေခြင်း
✔️ မျက်စိအဖွင့်အပိတ်ခက်ခဲခြင်း
✔️ မျက်ရည်ပူကျခြင်းနဲ့
✔️ မျက်ဝတ်ထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

မျက်စိဆိုတာ အနူးညံ့ဆုံးအစိတ်အပိုင်းမို့လို့ ကိုယ်တိုင် ဒီလို sign တွေနဲ့ မျက်စိဝေဒနာခံစားနေရပြီဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ မျက်စဥ်းဆေး၊ သောက်ဆေးတို့ကိုသာ အသုံးပြုဖို့မမေ့ပါနဲ့နော်။

===========================

မိမိတို့ရဲ့ Pharmacy မှာ မျက်စိနဲ့ပတ်သက်တဲ့ ဖြည့်စွက်စာ၊ မျက်စဉ်းဆေးနဲ့ သောက်ဆေးတို့ တင်ထားလိုပါက Mudra Pharmacy မှာ ဈေးနှုန်းချိုသာစွာ လက်လီ၊ လက်ကား ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေရှင်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

30/09/2023

ဆေးမှားဝယ်မိရင်း ကျန်းမာရေးအခြေအနေပိုဆိုးတာမျိုး မဖြစ်အောင်…❌️

ဆေးမှားဝယ်မိတဲ့ အခြေအနေတွေက အခုလို (၂၁) ရာစုမှာတောင် ကြုံတွေ့နေရတုန်းဆိုတာ သင်သိပြီးပြီလား?

အကြောင်းအရင်းကတော့ နိုင်ငံတကာမှာလို ဆရာဝန်လက်မှတ်ပါမှ၊ ဆေးစာပါမှဝယ်နိုင်တာမဟုတ်ဘဲ ဆိုင်တိုင်းမှာ ကိုယ့်စိတ်ကြိုက် အလွယ်တကူဝယ်လို့ ရနေတာပါ။

ဒါအပြင် ဆေးအကြောင်း အနည်းငယ်နားလည်ရုံနဲ့ ရောင်းချနေတဲ့ Pharmacy တွေ၊ လိုအပ်တဲ့ဆေးမရှိရင် အလားတူပေးလိုက်တဲ့ဆေးတွေနဲ့ ဆေးဆိုင်လူကျနေလို့ ဆေးမှားပေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုတွေ မကြုံတွေ့ရဖို့အတွက် Professional Pharmacist တွေကိုယ်တိုင်ရောင်းချပေးနေတဲ့ Mudra Pharmacy ရှိပါတယ်။ ဆေးဝါးဆိုင်ရာ အကြံဉာဏ်နဲ့ဆွေးနွေးမှုတွေကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးနေတာမို့လို့ ယုံယုံကြည်ကြည်ဝယ်ယူနိုင်သလို ဆေးမှားဝယ်ပြီး ကျန်းမာရေး ထိခိုက်တာမျိုးတွေလည်း မကြုံတွေ့ရတော့ဘူးပေါ့ 😉

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Mudra  Pharmacy's post 23/09/2023

လူတော်တော်များများက Supplement နဲ့ပတ်သက်တဲ့အချက်တွေကို အမှတ်မှားနေတတ်ကြပါတယ်။

ဒီမှာပြောထားတဲ့ အချက်တွေကရော myth (ယုံမှား) လား fact (အမှန်တရား) လားဆိုတာ သင်သိထားသလောက် comment မှာဖြေသွားပါဦး 🤔❓️

ဒါနဲ့ Supplement ဆိုင်ရာ FDA ရရှိထားတဲ့ဆေးဝါးတွေကိုလည်း Mudra Pharmacy မှာ စျေးနှုန်းချိုသာစွာ လက်ကားဝယ်ယူနိုင်ပါပြီနော်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

21/09/2023

ကိုယ့်ဆိုင်ရောင်းအားတက်အောင် အာရုံစိုက်ဖို့အတွက်ဆိုရင် အပိုအလုပ်တွေကြောင့် အချိန်ကုန်၊ လူပင်ပန်းခံနေလို့ မရပါဘူး ❌

ဥပမာ ကိုယ်လက်တွဲထားတဲ့ Pharmacy Wholesale ကို အွန်လိုင်းကနေတဆင့် ဝယ်ရအဆင်မပြေတာ / Delivery အခက်အခဲတွေ ကြုံရတာကြောင့် အပြင်မှာ ကိုယ်တိုင်လိုက်လံရှာဝယ်နေရတာမျိုးပေါ့။ ဒီအတွက် စိတ်မညစ်ပါနဲ့ ⤵️

🚚 Mudra Pharmacy မှာ မြန်ဆန်တိကျတဲ့ Door to Door ဝန်ဆောင်မှုရှိနေပြီလေ။ ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန်အရောက်နဲ့ နယ်မြို့တွေကို ကားဂိတ်ကနေတဆင့် ပို့ဆောင်ပေးနေပါတယ်။

Mudra Pharmacy ဆိုတာကလည်း ကျန်းမာရေးနဲ့ဆက်စပ် Antibiotics နဲ့ GP သုံးဆေးဝါးပေါင်းစုံကို (3) နှစ်နီးပါး အောင်အောင်မြင်မြင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ Wholesale ဆိုင်ကြီးဖြစ်လို့ လူကြီးမင်းတို့ ယုံကြည်စိတ်ချစွာလက်တွဲနိုင်ပါတယ် ✅️

အိမ် (သို့) ဆိုင်မှာပဲနေပြီး ကိုယ်လိုတဲ့ဆေးဝါးတွေကို Viber ကနေတဆင့်အလွယ်တကူ မှာယူရင်း Mudra ရဲ့ Door to Door ဝန်ဆောင်မှုကို ရယူလိုက်ပါ 📲

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Mudra  Pharmacy's post 19/09/2023

တစ်ခါဝယ် တစ်ဈေးဖြစ်နေတဲ့ ဆေးဝါးဈေးနှုန်းအတက်အကျတွေကြောင့် အမြတ်နည်းနေပြီလား?

ဒါဆို Mudra Pharmacy ဆိုင်ကြီးမှာ FDA ရရှိထားတဲ့ Antibiotics နဲ့ GP သုံးဆေးဝါးပေါင်းစုံကို အမှန်ကန်ဆုံး ညှိနှိုင်းနှုန်းထားနဲ့ မှာယူပြီး သင့်ဆိုင်ရဲ့ရောင်းအားကို မြှင့်တင်လိုက်ရအောင် 📈

ကျန်းမာရေးနဲ့ဆက်စပ်လုပ်ငန်းတွေအတွက် ဆေးဝါးတွေကို ချိုသာတဲ့စျေးနှုန်းတွေနဲ့အတူ အောင်မြင်စွာ ဖြန့်ဖြူးရောင်းချပေးခဲ့တာ ၃ နှစ်နီးပါးရှိနေပြီမို့လို့ ယုံယုံကြည်ကြည် လက်တွဲနိုင်ပါတယ်။

💊 ဆေးဆိုင်ပိုင်ရှင်တို့ အချိန်ကုန်လူပင်ပန်း သက်သာစေဖို့အတွက် viber ကနေ ကိုယ်လိုချင်တဲ့ ဆေးဝါး list လေးပြရုံနဲ့ အလွယ်တကူ မှာယူနိုင်ပါပြီ။

🚚 pick up အခက်အခဲမရှိစေဖို့လည်း ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန်အရောက်နဲ့ နယ်မြို့များသို့ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေတဲ့ Delivery Service ရှိတယ်နော်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

18/09/2023

အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပါကျဆင်းစေတာ သိပြီးပြီလား ❓️

👁 မျက်စိဆိုတာ ကြည့်လိုက်ရင် နူးညံ့ပြီး ရိုးရှင်းပေမဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရတော့ ရှုပ်ထွေးပါတယ်။

ဒီတော့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းလေးကို ကောင်းမွန်စွာ အလုပ်လုပ်ဖို့ဆို ⤵️

Vitamin E, Vitamin A, Lutein, Zeaxanthin, Vitamin B complex, Omega-3 Fatty Acids, Vitamin B3 (သို့) Niacin တို့ကို လိုအပ်ပါတယ်။

ဒီလို Vitamin တွေအတွက် ⤵️

-အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် (ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဥ်သီး၊ မုန်လာဥနီ၊ ကန်စွန်းဥ)
-ချိုချဥ်သစ်သီး (လိမ္မော်သီး၊ grapefruit)
-ပဲအမျိုးမျိူး
-ဥအမျိုးမျိုး
-အစေ့အဆံ
-ပင်လယ်စာ (ဆော်လ်မွန်ငါး၊ တူနာငါး)
စတဲ့ အာဟာရဓါတ်တွေကို စားသုံးပေးရပါမယ်။

လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အမြင်အာရုံ supplement ဆေးဝါးတွေကိုတော့ Mudra Pharmacy မှာရှိတယ်နော် 💊

Antibiotics နှင့် GP သုံးဆေးဝါး ပေါင်းစုံကို သက်သာစွာ လက်ကားရောင်းချပေးနေပါတယ်။ အခြားဆေး price list တွေကို သိလိုပါက Page messenger (သို့) Viber မှ တဆင့်မေးမြန်းနိုင်ပါတယ်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

14/09/2023

ကမ္ဘာပေါ်မှာလူတိုင်းခံစားဖူးတဲ့ ဝေဒနာကိုပြောပါဆို “ခေါင်းကိုက်ခြင်း” လို့ပဲ ဖြေကြမှာပါ 💭

🔰 ဒီလိုခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ - စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်း၊ သွေးပေါင်တက်ခြင်းနဲ့ ရာသီဥတုအပြောင်းအလဲ တို့ကြောင့်ဖြစ်ပါတယ်။

Magnesium ဆိုတာ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး သွေးကြောတွေကို အကာအကွယ်ပေးတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ကြွက်သားတွေကို ပြေလျော့အောင် ကူညီပေးလို့ အိပ်ရေးဝဝ အိပ်စက်နိုင်ပြီး သွေးပေါင်ချိန်ကိုလည်း သိသိသာသာ လျော့ကျစေပါတယ် ✅️

📌 ခေါင်းကိုက်ဝေဒနာ မခံစားချင်ရင် Magnesium ကြွယ်ဝတဲ့ အသီးအနှံနဲ့ အစေ့အဆံတွေကို စားသုံးဖို့ မမေ့ပါနဲ့။ ဒါအပြင် Magnesium supplement ကို ပုံမှန်သောက်သုံးပေးရင်လည်း ကင်ဆာဖြစ်နိုင်ချေကို ကျဆင်းစေသေးတာနော်။

ဒါနဲ့ Mudra Pharmacy မှာ Magnesium supplement ဆေးဝါးတွေကို လက်လီ၊ လက်ကား မှာယူနိုင်ပါပြီနော်။ Antibiotics နှင့် GP သုံးဆေးဝါး ပေါင်းစုံကို သက်သာစွာ လက်ကားရောင်းချပေးနေပါတယ်။ အခြားဆေး price list တွေကို သိလိုပါက Page messenger (သို့) Viber မှ တဆင့်မေးမြန်းနိုင်ပါတယ်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Mudra  Pharmacy's post 13/09/2023

❝ အအေးမိတုပ်ကွေးအတွက်ဆို ဒီလိုဆေးဝါးတွေတော့ ဆောင်ထားဖို့လို ❞

မိုးရာသီရဲ့ စိုထိုင်းမှုတွေကြောင့် အအေးမိတုပ်ကွေး ဖျားနာမှုဆိုတာ လူတိုင်းနီးပါးဖြစ်လေ့ရှိပါတယ်နော်။ ဒါကြောင့် အိမ်တိုင်းမရှိမဖြစ်လိုအပ်မယ့် flu နဲ့ပတ်သက်တဲ့ ဆေးဝါးတွေရဲ့ လက်ကားစျေးနှုန်း update လေးတွေ ဖော်ပြလိုက်ပါတယ်။ မှာယူလိုပါက ဖုန်း (သို့) Viber ကနေတဆင့် ဆက်သွယ်နိုင်ပြီး ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန်အရောက်၊ နယ်မြို့များသို့ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေပါပြီ။

Antibiotics နှင့် GP သုံးဆေးဝါး ပေါင်းစုံကို သက်သာစွာ လက်ကားရောင်းချပေးနေပါတယ်။ အခြားဆေး price list တွေကို သိလိုပါက Page messenger (သို့) Viber မှ တဆင့်မေးမြန်းနိုင်ပါတယ်။

Viber channel : https://invite.viber.com/?g2=AQBk72h2PVzhkVGbms6Uq6Gs3g%2BfPD1wVBs5eDRhcrFoE%2FaamydeIU5u5DmLwJyy

Phone No - 09 972 919 199, 09 788 886 946

Mudra Pharmacy
အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Mudra  Pharmacy's post 08/09/2023

အရောင်းသွက်စေမယ့် အိမ်တိုင်းအတွက် မရှိမဖြစ် ဆေးဝါးတစ်ချို့ရဲ့ update လက်ကားစျေးနှုန်းတွေကိုဖော်ပြလိုက်ပါတယ် 💊

FDA အသိအမှတ်ပြု ရရှိပြီးသား အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးတွေကို စျေးနှုန်းချိုသာစွာနဲ့ ညှိနှိုင်းရောင်းချပေးနေပါတယ်။

Mudra Pharmacy ရဲ့ ဖုန်း (သို့) viber ကနေ ကိုယ်လိုချင်တဲ့ ဆေးဝါး list တွေကို မှာလိုက်ရုံနဲ့ …

🚚 ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန်အရောက်၊ နယ်မြို့များသို့ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေပါပြီ။

လိပ်စာ - အမှတ် E 138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Phone No - 09 972 919 199, 09 788 886 946

05/09/2023

ဆေးမျိုးစုံကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း စိတ်ကြိုက်ရွေးချယ် ဝယ်ယူချင်ပါသလား❓️

ပစ္စည်းစစ်မှန်ပြီး လက်ကားစျေးနဲ့ သင့်တင့်မျှတစွာ ဝယ်ယူလိုပါသလား❓️

ဒါဆို ဆေးပစ္စည်းမျိုးစုံနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်တဲ့ Mudra Pharmacyကို သတိရလိုက်ပါ။

💊 FDA အသိအမှတ်ပြု နိုင်ငံခြား ဆေး+ မြန်မာတိုင်းရင်းဆေးဝါး အမျိုးအစားပေါင်း (600) ကျော်ကို သင့်တင့်မှန်ကန်တဲ့ စျေးနှုန်းနဲ့ တစ်နေရာတည်းမှာ ရရှိနိုင်တာမို့လို့ …

အချိန်ကုန် လူပင်ပန်းသက်သာပြီး ပြန်လည်ရောင်းချမယ့် ကျန်းမာရေးဆက်စပ် လုပ်ငန်းရှင်တိုင်းအတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

✨️ ဒါအပြင် ဆေးဆိုင်ဖွင့်ဖို့ရည်ရွယ်ထားတဲ့ customer တို့အတွက် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ အကြံပေး ဝန်ဆောင်မှုလည်း ရရှိနိုင်သေးတယ်နော်။

မှာယူလိုတဲ့ ဆေးဝါးတွေကို ဖုန်း (သို့) viber ကနေ စာရင်းပေးမှာယူနိုင်ပြီး ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန်အရောက်၊ နယ်မြို့များသို့ ကားဂိတ်မှ ပို့ဆောင်ပေးနေပါပြီ 🚚

လူကြီးမင်းတို့ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ဖို့အတွက် "Mudra Pharmacy" မှ အလေးအနက်ထား ဝန်ဆောင်မှုပေးပါရစေ။

လိပ်စာ - အမှတ် E-138/139၊ ရွှေပြည့်စုံဈေး၊ တတိယထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Phone No - 09 972 919 199, 09 788 886 946


.

09/07/2023

ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်

ဒီနှစ် တုပ်ကွေး တော်တော်ဆိုးပါမယ်။ တုပ်ကွေးမျိုးကိုက ပိုဆိုးလာသလား၊ ကိုဗစ်နဲ့ပေါင်းပြီး supervirus တွေဖြစ်ကုန်လို့လားတော့ သေချာမသိရသေးဘူး။ ကျနော်ရော အမျိုးသမီးပါ ကွေးစပြုနေကြပြီ။ အိမ်မှာလည်းအကုန်ဖျားနေကြတယ်။ ဒီရက်ပိုင်းအတွင်း ကြားရသလောက်လည်း ကလေးရော၊ လူကြီးတွေရော တော်တော်ဖျားကြတယ်။ ဖျားတဲ့အခါမှာလည်း တော်တော်ခံရတယ်ဆိုတာတွေချည်းပဲ။ ကျနော်တို့ချည်းဖြစ်နေတာတော့မဟုတ်ဘူး နိုင်ငံတကာမှာလည်း ဒီနှစ်တုပ်ကွေး ပြင်းထန်အဆင့်ဖြစ်နေတယ်လို့ ကောက်ချက်ချနေကြတယ်။ ၁၀နှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေးရာသီဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီနှစ်တုပ်ကွေးရဲ့ လက္ခဏာနှစ်ခုက ရောဂါပြင်းထန်တယ်၊ ပြန့်နှုန်းမြန်တယ်။ ကိုဗစ်အလွန်ကာလမှာ ကာကွယ်ရေးနည်းလမ်းတွေ ဆက်မလုပ်ကြတော့တာကြောင့် တုပ်ကွေးက ပိုကူးနေကြတယ်လို့ဆိုပါတယ်။

- ဖျားနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
- ဖျားနေရင် ဖျားချင်သလိုဖြစ်နေရင် အပြင်တွေလျှောက်မသွားဘဲ အိမ်မှာပဲနားပါ။
- မက်စ်ပြန်တပ်ပါ။
- လက်ဆေးတာကို သေချာပြန်လုပ်ပါ။
- မျက်စိ၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို မကြာခဏမကိုင်ပါနဲ့။
- ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေရမယ်။ အာဟာရပြည့်အောင်စားရမယ်၊ အိပ်ရေးဝအောင်အိပ်ရမယ်။ ကိုယ့်ကိုယ်ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။
- ကလေးတွေဖျားနေရင် ကျောင်းမလွှတ်ပါနဲ့။
- တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမီရင်ထိုးပါ။ အထူးသဖြင့် ၅နှစ်အောက်၊ အသက် ၆၅နှစ်အထက်၊ သွေးတိုးဆီးချိုလို နဂိုရောဂါအခံရှိသူတွေ ပိုထိုးသင့်ပါတယ်။

တော်တော်ခံနေကြရတယ်ဆိုတဲ့အတွက် မပေါ့ကြဖို့ သတိပေးပါတယ်။ ကိုယ်ဖျားနေရင်ရော ကိုယ့်အနီးနားမှာဖျားတဲ့သူတွေ ရှိနေရင်ရော သေချာဂရုစိုက် ကာကွယ်ကြပါ။

ပုံမှန်အားဖြင့်တော့ ၁ပတ်လောက် ဖျားတတ်ကြတယ်။ အဖျားကြီးတတ်တယ်။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်တွေလက်တွေကိုက်ခဲ နုံးချိပြီး ခေါင်းမထူနိုင်အောင် ခံနေကြရတယ်။ လည်ချောင်းနာတာ၊ ကြွက်သားတွေနာကျင်နေတာနဲ့ ချမ်းတုန်တာတွေလည်းဖြစ်နိုင်တယ်။

- အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ နှာစေးနှာပိတ်သက်သာတဲ့ဆေးတွေသောက်လို့ရတယ်။ ဥပမာ ပါရာစီတမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ အလက်ဆန် သောက်လို့ရတယ်။ နှာမွှန်နှာစေးနေရင် Citrizine, Loratidine လိုဆေးမျိုးတွေသောက်လို့ရတယ်။ ကိုယ်ပူရုံပဲဆိုရင် ပါရာသောက်၊ အရမ်းကိုက်ခဲတအားဆိုးနေရင် အလက်ဆန်လိုမျိုး အကိုက်အခဲပျောက်ဆေးပါတာသောက်ပါ။ သတိထားရမှာက အနည်းဆုံး ၆နာရီခြားရမယ်။ အကိုက်ခဲပျောက်ဆေးသောက်မယ်ဆိုရင် အစာစားပြီးမှ သောက်ရမယ်။
- ချောင်းဆိုးရင် ချယ်ရီကော့ဖ်လိုချောင်းဆိုးပျောက်ဆေးအရည် သောက်လို့ရတယ်။ လည်ချောင်းယားရင် ပူရှိန်းလို သကြားလုံးလေးတွေ ငုံလို့ရတယ်။
- ရေဓာတ်ပြည့်ဝနေအောင်နေရမယ်။ ဓာတ်ဆား ဒါမှမဟုတ် သီးစုံဓာတ်ဆားသောက်ပါ။ ချိုချိုအေးအေးမှဆိုရင် Royal-D လိုမျိုး ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ရေဓာတ်ပြည့်ဝနေမှ မြန်မြန်ပြန်ကောင်းမယ်။
- အနားကောင်းကောင်းယူပါ။ အစာမစားချင်ဖြစ်လိမ့်မယ်။ သည်းခံပြီး ဝင်အောင်စားရမယ်။ အာဟာရပြည့်ဝတာလေးတွေ ရွေးစားမယ်။ မစားရင် ဖျားတာပိုကြာနိုင်လို့ ဝင်အောင်စားရမယ်။
- ရေချိုးလို့ရတယ်။ အဖျားအရမ်းတက်နေရင် ရေချိုးချလို့ရတယ်။ ရေနွေးလေးနဲ့ လန်းသွားအောင်ချိုးချင်လည်းရတယ်။

အသက်ရှူကျပ်လာတာ၊ ရင်ဘတ်တွေတအားအောင့်တာ၊ အရမ်းအန်တာ၊ အစာလုံးဝမဝင်တာ၊ အဖျားတာရှည်နေတာ (၁ပတ်ကျော် ၂ပတ်)၊ အရောင်ရင့်တဲ့ချွဲတွေထွက်နေတာ၊ ဆေးသောက်ပေမယ့်လည်း လုံးဝမသက်သာဖြစ်နေတာ၊ အစက်အပျောက်တွေပေါ်လာတာဆိုရင် ဆေးရုံဆေးခန်းသွားရမယ်။

.

Photos from Mudra  Pharmacy's post 31/05/2023

(အရေပြား နှင်းခူနာ တစ်မျိုး)

ပုံမှာပြထားတဲ့ အဖုလေးတွေကို တွေ့ဖူး မြင်ဖူး ကိုယ်တိုင်ပေါက်ဖူးကြမှာပါ။ အရမ်းလည်းယားသလို တစ်ခါတစ်လေ လက်က ပူပြီး ရဲရောင်နေတဲ့အထိ ဖြစ်တတ်ပါတယ်။ အသည်းယားစရာလည်းကောင်းပါတယ်။ 😬

ဒီပို့စ်မှာ ပုံမှာပြထားတဲ့ အဖုလေးတွေအကြောင်း ကို ပြောပြပေးသွားပါမယ်ခင်ဗျာ။

#ဒီအဖုလေးတွေကဘာတွေလဲ

အဲ့ အဖုလေးတွေကို လို့ခေါ်တယ်ခင်ဗျာ။ (or)
လို့လည်းခေါ်ပါတယ်။

#ဘယ်သူတွေမှာ_ဘယ်အချိန်တွေမှာ_ပေါက်လေ့ရှိသလဲ

ဒီအဖုလေးတွေက #အသက်ငယ်တဲ့သူတွေ မှာ ပိုပေါက်လေ့ရှိပါတယ်။ သက်လတ်ပိုင်း သက်ကြီးပိုင်းရောက်လေလေ မပေါက်တော့လေလေပဲခင်ဗျာ။
#အမျိုးသမီး တွေမှာ ပိုဖြစ်လေ့ရှိတယ်။ #ဆောင်းအကုန်နွေအကူးကာလ ရယ် #နွေရာသီရယ် မှာ ပိုပေါက်လေ့ရှိတယ်လို့လည်း တွေ့တယ်ခင်ဗျာ။
#လက်နဲ့ခြေထောက်တွေရဲ့ဘေးပိုင်းတွေ မှာ ပေါက်လေ့ရှိပြီး
လက်မှာပေါက်ရင် Cheiropompholyx,
ခြေထောက်မှာဆို Pedopompholyx လို့လည်းခေါ်ပါတယ်။

#ဘာတွေကြောင့်အခုလိုအဖုတွေပေါက်ရသလဲ

ဖြစ်စေနိုင်တဲ့ အရာတွေက ~

- စိတ်ဖိစီးမှုအရမ်းများတာ
- သတ္ထုထည်တွေနဲ့ ထိတွေ့မှုများတာ
- အရေပြားက အရမ်းဆက်စပ်ထိမခံ (Hypersensitive Skin) ဖြစ်တာ
- အရေပြားကို ဆွတဲ့ ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာမှုန့်တို့၊ ရေမွှေးတို့နဲ့ ထိတွေ့တာများတာ
- ရေကိုင်ရတာ များလွန်းရင်လည်းဖြစ်နိုင်ပါတယ်။
- ကျန်တာကတော့ အရေပြားမှာ မှိုရောဂါ အခံ ရှိရင်ဖြစ်ဖြစ် အခုလိုအဖုလေးတွေ ဖြစ်စေနိုင်ပါတယ်တဲ့။

#ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ

ခံစားရနိုင်တဲ့ လက္ခဏာ တွေက ~

- ပူပြီး ဖိန်းတိန်းရှိန်းတိန်းဖြစ်မယ်
- ယားမယ်
- အရေပြားနီရဲမယ်
- အရည်ကြည်ဖု အသေးလေးတွေ ပေါင်းပြီး ပိုကြီးတဲ့ အရည်ကြည်ဖုဖြစ်လာနိုင်တယ်။
- အဲ့ကနေ အရည်တွေခြောက်ပြီး အရေပြားကွာသွားမယ်။
- အဖုပေါက်ထားတဲ့ အရေပြားက နည်းနည်းပိုထူနေတာကို ခံစားမိမယ်။

#ဒီအဖုလေးတွေကနောက်ဆက်တွဲဘာဖြစ်နိုင်လဲ

ဒီအတိုင်းထားရင် ၂ ပတ် ၃ ပတ် လောက်ဆို အရည်ကြည်ဖုတွေက ခြောက်သွားပြီး သူ့အလိုလို ပျောက်နိုင်ပါတယ်။ တစ်ခါပေါက်ပြီး ပြန်မပေါက်တော့တာများပါတယ်။ ပြန်ပေါက်တဲ့သူလည်းရှိပါတယ်။

တချို့မှာ လက်သည်းခွံနား ခြေသည်းခွံနားတွေဆိုရင် (Paronychia) လက်စွယ် ခြေစွယ်ငုတ်တတ်တယ်ခင်ဗျာ။ လက်သည်းခြေသည်းအရင်းတွေ ရောင်မယ်။

အရေပြားကွာသွားတဲ့ နေရာကနေ တခြားရောဂါပိုးတွေ ဝင်နိုင်ပါတယ်။

#ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲ

အရင်ဆုံးကတော့ အဖု ဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မိနေရင် ရှောင်ရပါမယ်။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့ရပါမယ်။

#စတီးရွိုက် ခရင်မ်ကို လူးပေးလို့ရပါတယ်။ လိမ်းဆေး နဲ့တင်ရပါတယ်။ (ဆရာဝန် နဲ့ပြသပြီးမှသာ ဒီလို ခရင်မ်တွေကို လိမ်းသင့်ပါတယ်။ ဘယ်လောက်လိမ်းရမယ် ဘယ်အချိန်အထိလိမ်းရမယ်ဆိုတာက အရေးကြီးလို့ပါ။)

အရမ်း ဆိုးတဲ့သူတွေမှာတော့ သောက်ဆေးပါ လိုနိုင်ပါတယ်။

အယားသက်သာအောင် ရေခဲနဲ့မဟုတ်ဘဲ ရေအေးအေးလေးနဲ့ ကပ်ပေးလို့ရပါတယ်။

တချို့မှာ အခံ အရေပြားမှိုရောဂါကို ပျောက်အောင်ကုလိုက်ရင် သက်သာသွားတယ်ပြောပါတယ်။

နောက်တစ်ခုကတော့ အရမ်းယားလို့ ကုတ်ရင်းအနာဖြစ်တာဖြစ်ဖြစ်၊ ရောင်တာအရမ်းဆိုးလို့ဖြစ်ဖြစ် တခြား ဘက်တီးရီးယား ပိုးတွေပါ ဝင်လာရင် ပိုးသတ်ဆေး အထိပါ သောက်ရနိုင်ပါတယ်။ ( #ဆရာဝန်ညွှန်ကြားချက်မပါတုံ့ပြန်လွန်းနေတာဖြစ်တဲ့အတွက်ဘဲပိုးသတ်ဆေးမသောက်သင့်ပါ။)

နောက်ဆုံးအနေနဲ့ကတော့ အရမ်းဆိုးလာရင် အရေပြားဆရာဝန် နဲ့ သေချာပြဖို့ပါပဲ။

#ဘယ်လိုကာကွယ်မလဲ

အရေပြားကပုံမှန်ထက်ပိုပြီး #အေးလွန်းတာပူလွန်းတာတွေဆိုရင် ဆွသလိုဖြစ်တတ်ပါတယ်။ ပိုယားလာတတ်ပါတယ်။

အကယ်၍ ကိုယ်က ကိုယ်နဲ့မတည့်တဲ့ ပစ္စည်းကိုနေ့စဉ်နဲ့အမျှကိုင်တွယ်နေရသူဆိုရင် #လက်အိတ်စွပ်ပြီး ကိုင်တွယ်သင့်ပါတယ်။

အရေပြားမခြောက်သွေ့အောင် ပုံမှန် #ရေဓာတ်ဖြည့်ခြင်း (moisturizing) လုပ်သင့်ပါတယ်။

လက်ဆေးရင်လည်း လက်ကို ရေနွေးနွေးလေးနဲ့ ဆေးပြီး ရေခြောက်အောင် သုတ်သင့်ပါတယ်

24/05/2023

⚠️လူတွေမသိသေးတဲ့ #ကိုလက်စထရော တက်စေတဲ့အစားအစာများ
‎‏‏‎ ‎
တော်တော်များများထင်ကြပါလိမ့်မယ်။ ကိုလက်စထရောမြင့်တက်ခြင်း မတက်ခြင်းက က သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။
‎‏‏‎ ‎‏‏‎ ‎
❗ကိုယ်အလေးချိန်ပုံမှန်ဖြစ်သူတွေကို သွေးတွင်းအဆီ စစ်ကြည့်လိုက်တဲ့အခါမှာလည်း , , တွေများနေတာတွေ တွေ့ရပါတယ်။
‎‏‏‎ ‎
ဒါဆိုဘာလို့ဒီလိုဖြစ်ရတာလဲ
‎‏‏‎ ‎
🦞ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ #အချိုတွေ၊ တွေ၊ #ဝမ်းတွင်းကလီစာ တွေ၊ #ပင်လယ်စာ တွေ၊ ဆိတ်သား၊ ဘဲသား တွေ အစားများလို့ပါ။
‎‏
‎‏‏‎ ‎
🍛ကိုလက်စထရော ကျစေတဲ့ #အစားအစာ များ
‎‏‏‎ ‎
📌မပြည့်ဝဆီများ
➖➖➖➖➖
သံလွင်ဆီ၊ Rice bran ဆီ။ (အကောင်းဆုံးကတော့ သံလွင်ဆီ နဲ့ Rice bran ဆီ တွေပါ သံလွင်ဆီကတော့ ဈေးကြီးပေမယ့် Rice bran ဆီ ကတော့ ဈေးနှုနိး အသင့်အတင့်ရှိပါတယ်။ စူပါမားကတ်တွေ မှာ ဝယ်လို့ရမယ်ထင်ပါတယ်)
‎‏‏‎ ‎
📌အစေ့ အဆံ များ
➖➖➖➖➖
နေကြာစေ့၊ သီပာိုစေ့၊ မြေပဲ၊ ဗာဒံစေ့ (သူတို့တွေ က ကိုလက်စထရော ကျစေရတဲ့ အကြောင်းအရင်း က ကောင်းတဲ့ အဆီတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် တစ်ခု သတိထားသင့်တာကတော့ အဆိုပါ အစေ့အဆံတွေ က ကယ်လိုရီများပါတယ်။ စားလိုက်ရင် ကိလြက်သထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဒါကြောင့် တချို့သော လူတွေ မှာ ဝပေမယ့် ကိုလက်စထရော နည်းရတဲ့ အကြောင်း အရင်း က အစေ့အဆံ စားတာများလို့ပါ။)
‎‏‏‎ ‎
📌 #ထောပတ်သီး
➖➖➖➖➖
ထောပတ်သီးမှာ လည်း ကောင်းတဲ့ အဆီတွေများတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ ဒါပေမယ့် သူလည်း ကယ်လိုရီ များတဲ့ အသီးထဲ မှာပါပါတယ်။
‎‏‏‎ ‎
📌Oat meal
➖➖➖➖➖
ကျွန်တော်တို့ မြန်မာလူမျိုးနဲ့တော့ သိပ်မရင်းနှီးသေးပါဘူး။ တချို့လည်း စားတော့ စားနေကြပါပြီ။ သူက အမျှင်ဓါတ် (soluble fiber) ပါဝင်တာ များတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ မနက်စာ အနေနဲ့ စားလို့ အဆင်ပြေနိုင်ပါတယ်။ သူလည်း စူပါမတ်ကတ်တွေ မှာ ရနိုင်ပါတယ်။
‎‏‏‎ ‎
📌Whole Grain Bread ( #ပေါင်မုန့် ကြမ်း )
➖➖➖➖➖
ကိုလက်စထရော များသူတွေ အနေနဲ့ ပေါင်မုန့် အချောစားမယ့် အစား အစေ့အဆံ တွေပါထည့်လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း စားပေးခြင်းဖြင့် အမျှင်ဓါတ် (soluble fiber) များတဲ့အတွက် ကိုလက်စထရော ကျစေပါတယ်။
‎‏‏‎ ‎
📌 #ပဲအမျိုးမျိုး
➖➖➖➖➖
ပဲနီလေး၊ ပဲဝါလေး၊ စားတော်ပဲ၊ ကုလာပဲ၊ မတ်ပဲ၊ ပဲပုပ်စေ့ စတာတွေမှာလည်း အမျှင်ဓါတ်(soluble fiber) တွေများတဲ့ အတွက် ကိုလက်စထရောကျစေပါတယ်။
‎‏‏‎ ‎
📌ခရမ်းသီး၊ ရုံးပတီသီး
➖➖➖➖➖
ခရမ်းသီး၊ ရုံးပတီသီးလိုမျိုး အသီးအနှံ တွေက အမျှင်ဓါတ်တော်တော်လေး ကြွယ်ဝတဲ့ အတွက် ကိုလက်စထရော များတဲ့ သူတွေစားသင့်တဲ့အစားအစာ တွေပါ။
‎‏‏‎ ‎
📌ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ မာလကာ စတာတွေကလည်း pectin ပါတဲ့အတွက် LDL ကိုကလက်စထရော ကို တစ်ဖက်တစ်လှမ်းကနေ လျှော့ချပေးပါတယ်။
‎‏‏‎ ‎
📌ပင်လယ်ငါးများ -Omega 3 fatty acid များတဲ့ဘအတွက် triglycerides နဲ့ LDL cholesterol တွေကို လျှော့ချပေးပါတယ်။
‎‏‏‎ ‎

‎‏‏‎ ‎
🍛ကိုလက်စထရော များစေတဲ့ အစားအစာများ ကတော့
➖➖➖➖➖
🚫မလိုင်ပြည့်ပါသော နို့
🚫ဆီကြော်မုန့်များ
🚫အသင့်စား ဘီစကွတ်၊ ကွတ်ကီး၊
🚫အားလူးကြော်
🚫ပုဇွန်ဆီ၊ ဂဏန်းဆီ၊ ကမာ၊ ဂုံး
🚫ဆိတ်သား၊
🚫ဘဲသား
🚫ဝက်ခေါက်
🚫ကြက်အရေခွံ
🚫ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း၊
🚫ဆိတ်ဦးနှောက်၊ ဝက်ဦးနှောက်
🚫စားအုန်းဆီ
‎‏‏‎ ‎
မကောင်းတဲ့ ကိုလက်စထရော ရှိသလိုကောင်းတဲ့ ကိုလက်စထရော လည်းရှိပါတယ်။ အဲ့ဒါကတော့ HDL Cholesterol ပါ။
‎‏‏‎ ‎
🏃‍♀️HDL များဖို့အတွက် ကတော့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး (သို့မဟုတ်) တစ်ပါတ် ကို မိနစ် ၁၅၀ အနည်းဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်။
‎‏‏‎ ‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#ကိုလက်စထရော #ပင်လယ်စာ

23/05/2023

🇨🇭အစာမရှိမှသောက်ရမည့်
ဆေး(၉)မျိုး
🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶

ရောဂါဖြစ်ရင် ဆေးသောက်တယ်ဆိုပေမဲ့ ဆေးသောက်ပုံ၊ သောက်နည်း မှန်ကန်ဖို့လိုတယ်။
ဆေးသောက်နည်းမှန်မှ ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝရမယ်။ ရောဂါပျောက်ကင်းမယ်။
ဒါကြောင့် ရောဂါဖြစ်လို့ ဆရာဝန်သွားပြရင် ဆရာဝန်က ဆေးပေးလိုက်တာမှန်ပေမဲ့ ပေးလိုက်တဲ့ ဆေးကို အစာနဲ့တွဲသောက်ရမလား၊ အစာနဲ့ခွာသောက်ရမလား( အစာမရှိချိန်သောက်ရမလား) ဆိုတာကို ဆရာဝန်ကို သေသေချာချာ မေးထားဖို့ လိုပါတယ်။ ဆေးကို သောက်သာသောက်တယ်။ ရောဂါဝေဒနာ မသက်သာဘူးဆိုတာသည် ဆေးသောက်နည်းမမှန်ခြင်းက အကြောင်းတချက်အနေနဲ့ ပါဝင်တယ်။ ဆေးသောက်နည်းတစ်ခုဖြစ်တဲ့ အစာနဲ့ခွာသောက်ရမယ့် ဆေး(၉) မျိုးရှိပါတယ်။ မိတ်ဆွေတို့ လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးများသည် အောက်ပါ ဆေးဝါးများ ၉ မျိုးထဲမှာ ပါနေတယ်ဆိုရင် အစာနဲ့ခွာသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ဆေးအာနိသင်ကို အပြည့်အဝရပြီး ရောဂါဝေဒနာများ သက်သာမှာ ဖြစ်ပါတယ်။

အချို့ဆေးကို ဘာကြောင့် အစာနဲ့ခွာသောက်သင့်သလဲ
🔸🔹🔸🔹🔸
အချို့ဆေးတွေက အစာနဲ့ဝေးဝေးသောက်ပါ သောက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့
စုပ်ယူမှု့နှေးခြင်းအစာက အချို့ဆေးတွေကို ကိုယ်ကနေစုပ်ယူမှု့နှေးစေတယ်။ ဒါကြောင့် ဆေးကကိုယ်ထဲမှာ အချိန်ကြာကြာနေပြီး ဆေးအာနိသင်ကို ကြာကြာရစေတယ်။
စုပ်ယူမှု့နည်းခြင်း
အချို့အစားအစာ၊ အချိုရည်၊ ဖြည့်စွက်စာများက ကိုယ်ထဲက ဆေးပမာဏ ကိုနည်းစေတယ်။
ဆေးဖြိုခွဲမှု့ နှေးခြင်း သို့မဟုတ် မြန်ခြင်း
လိုအချို့အသီးများသည် ကိုယ်ထဲမှာ အချို့ဆေးများရဲ့ ဖြိုခွဲမှု့နှုန်းကို မြန်စေတယ်။ အဲလိုမြန်ရင် ဆေးတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး။ ဖျော်ရည်တွေက ကိုယ်ထဲမှာ ဆေးများရဲ့ ဖြိုခွဲမှု့ကို နှေးစေတယ်။ ဒါဆိုရင် ကိုယ်ထဲမှာ ဆေးတွေ စုပုံလာပြီး ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်ပါတယ်

အစာမရှိချိန်ဆေးသောက်ဆိုတာဘာကို ဆိုလိုတာလဲ
🔸🔹🔸🔹🔸
အစာမရှိချိန်ဆေးသောက်ဆိုတာဟာ အစာမစားခင် ၁ နာရီ နဲ့ အစာစားပြီး ၂ နာရီကို ဆိုလိုတာဖြစ်တယ်။ အစာစားပြီးရင် အစာအိမ်ထဲက အဲအစာကုန်သွားဖို့ ၁ နာရီခွဲကနေ ၂ နာရီကြာတယ်။
ဒါပေမဲ့ စားတဲ့အစားအစာမျိုးအစားပေါ်မူတည်လည်းမူတယ်ပါတယ်။ ဥပမာ အဆီများတဲ့အစားအစားတွေဆိုရင် အစာအိမ်ထဲကနေ အစာတွေကုန်သွားဖို့ အချိန်ကို ပိုကြာစေတယ်။

(၁) #သိုင်းရွက်ရောဂါကုဆေးများ
🔸🔹🔸🔹🔸
hypothyroid လည်ပင်းဟော်မုန်းနည်းတဲ့ရောဂါရှိရင် ဆေးသောက်ရတယ်။ မနက်ပိုင်း အစာမရှိချိန်သောက်ရတယ်။ အချို့အစားအစာနဲ့ဖျော်ရည်တွေက ဆေးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲစေလို့ဖြစ်တယ်။ ဥပမာ အခွံမာသီး၊ အမျှင်ဓာတ်များတဲ့ အစားအစာများ၊ ပဲပုပ်တို့သည် ကိုယ်ကနေ levothyroxine စုပ်ယူမှု့ကို ထိခိုက်စေတယ်။ မနက်ခင်း ဖျော်ရည်များ၊ ဂရိတ်ဖရုသီး၊ ကော်ဖီ၊ နွားနို့ များကလည်း အလားတူ အကျိုးသက်ရောက်စေတယ်။ Levofloxacin ကို မနက်စာ မစာခင် မိနစ် ၃၀ အလိုမှာ သောက်ရတယ်။ အခြားဆေးများ မသောက်ခင် ၄ နာရီ အခြားဆေးများသောက်ပြီး ၄ နာရီ အကြာမှ ဆေးကို သောက်ရမယ်။

(၂)
🔸🔹🔸🔹🔸
(Fosamax), (Boniva), (actonel) တို့သည် ဆေးများဖြစ်တယ်။ #အရိုးပွရောဂါကို ကုသပေးပြီး အရိုးကျိုးခြင်းကနေ ကာကွယ်ပေးတယ်။ အချို့အစားတွေ၊ ၊ ဖြည့်စွက်စာများက အစာအိမ်ထဲမှာ များနဲ့ တွယ်ကပ်ပြီး ဆေးများကို စုပ်ယူမှု့ကို နှောင့်ယှက်နိုင်တယ်။ ဖျော်ရည်များနဲ့တွဲသောက်တာကိုလည် ရှောင်ရမယ်။
ရေနဲ့ယှဉ်လိုက်ရင် လိမ္မော်ရည်က စုပ်ယူမှု့ကို ၆၀ ရာခိုင်နှုန်း နှောက်ယှက်နိုင်တယ်။ alendronate, risedronate ဆေးများကို အစာမစားခင် နာရီဝက်အလိုမှာ သောက်ပါ။ ကိုတော့ အစာမစားခင် ၁ နာရီအလိုမှာသောက်ပါ။ ဆေးကို ရေတဖန်ခွက်ပြည့်ပြည့်နဲ့သောက်ပါ။ အစာအိမ်ထဲကို မြန်မြန်ရောက်ပြီး အစာရေမျိုပြွန်ကို ထိခိုက်တာကနေကာကွယ်နိုင်မှာ ဖြစ်တယ်။

(၃)
🔸🔹🔸🔹🔸
အူလမ်းကြောင်းအနာကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ အနာကို အလွှာပါးအနေနဲ့ ကာကွယ်ပေးတယ်။ ဆေးကို အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာစားပြီး အနည်းဆုံး ၁ နာရီ သို့မဟုတ် ၂ နာရီကြာမှ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးက အနာကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ Antacid သောက်နေတယ်ဆိုရင်တော့ Sucralfate မသောက်ခင် သို့မဟုတ် သောက်ပြီး မိနစ်(၃၀)ကြာမှ ဆေးကိုသောက်ပါ။ မဟုတ်ရင် အနာကို Sucralfate က တွယ်ကပ်ကာကွယ်နိုင်မှု့ ကျဆင်းသွားစေနိုင်တယ်။

(၄) (Vi**ra)
🔸🔹🔸🔹🔸
Sildenafil သည် ပန်းသေပန်းညှိုးရောဂါဖြစ်တဲ့ Dysfunction ကိုကုသတဲ့ဆေးဖြစ်တယ်။ ဆေးကို အစာနဲ့ဖြစ်စေ၊ အစာမရှိတဲ့အချိန်မှာဖြစ်စေ သောက်နိုင်တယ်။ ထောပတ်လိုအဆီများတဲ့အစားအစာများကို စားပြီးသောက်ရင် ဆေးကို ကြာရှည်အလုပ်လုပ်တယ်။

(၅)
🔸🔹🔸🔹🔸
သွေးတိုးနဲ့နှလုံးရောဂါကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ ကိုကုသရာမှာလည်း သုံးတယ်။ အစာနဲ့တွဲသောက်ရင် ဆေးကိုစုပ်ယူနိင်စွမ်းကျဆင်းစေလို့ အစာနဲ့တွဲမသောက်သင့်ဘူး။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရင် ဆေးစုပ်ယူမှု့ကောင်းစေတယ်။

(၆)
🔸🔹🔸🔹🔸
ဆီးလမ်းကြောင်းတင်းခြင်းကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ပျို့အန်ခြင်းရှောင်ရှားနိုင်ဖို့ အစာနဲ့ဝေးဝေးသောက်ရမယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရမယ်။ တနေ့ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် သောက်ရပါမယ်။

(၇)
🔸🔹🔸🔹🔸
အချို့ပိုးသတ်ဆေးတွေက အစာနဲ့ဖြစ်စေ အစာမရှိဘဲဖြစ်စေ သောက်နိုင်တယ်။ ampicillin ကိုတော့ အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးစုပ်ယူမှု့ကို ကျဆင်းစေလို့ဖြစ်တယ်။ ရောဂါပိုးသတ်တာကို နှောက်ယှက်နိုင်တယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၈)
🔸🔹🔸🔹🔸
အစာကနေ အနှောက်အယှက်ပေးနိုင်တဲ့ ဆေးတစ်မျိုးကတော့ Zafirlukast ဖြစ်တယ်။ ကလေးနဲ့လူကြီး ပန်းနာရင်ကျပ်ဝေဒနာသည်များ ရောဂါကာကွယ်ဖို့ တနေ့ကို ၂ ကြိမ် သောက်ရတယ်။ အစာနဲ့တွဲသောက်ရင် Zafirlukast ဆေးစုပ်ယူမှု့ကို ၄၀ ရာခိုင်နှုန်း ထိကျဆင်းစေတယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၉) pump inhibitors
🔸🔹🔸🔹🔸
အစာရေမျိုပြွန်ထဲကို အက်ဆစ်ဓာတ်များ ပြန်ဆန်တက်တဲ့ရောဂါဖြစ်တဲ့ ရောဂါကိုကုသရာမှာ သုံးတဲ့ဆေးများဖြစ်ပါတယ်။ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှု့ကို ကျဆင်းစေတယ်။ အစာက အက်ဆစ်ထွက်စေတယ်။ ဒါကြောင့်အက်ဆစ်မထွက်ခင် PPI ဆေးများကို သောက်ရမယ်။ ဒါကြောင့် များကို အစာမစားခင် မိနစ် ၃၀ အလိုမှာ သောက်ရတာ ဖြစ်တယ်။

အစားအသောက်အများစုသည် အချို့ဆေးများရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ဒါကြောင့် အစာမရှိတဲ့အချိန်မှာ ဆေးကိုသောက်ရတာဖြစ်တယ်။ ဆေးပေါ်မှာ လည်း မူတည်ပါတယ်။ ဒါကြောင့် ဆေးမသောက်ခင် အဆိုပါဆေးသည် အစာနဲ့တွဲမသောက်သင့်တဲ့ဆေးလားဆိုတာကို သေချာမေးမြန်းပြီး သောက်မှာသာ ထိရောက်မှာ ဖြစ်ပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ❣
ဆေးဝါးပညာ

ကျန်းမာပျော်မွေ့ တရားတွေ့ပါစေ•🇨🇭
•♥

Photos from Mudra  Pharmacy's post 23/05/2023

MUDRA PHARMACY မှကြိုဆိုပါတယ်ရှင်….🙏🏻

💊 အင်္ဂလိပ်ဆေး ၊ မြန်မာဆေး မျိုးစုံ၊ ဆေးပစ္စည်း အမျိုးမျိုး ၊ ဆေးဘက်ဆိုင်ရာ သုံး ပစ္စည်းများ ကို တစ်နေရာတည်းမှာ စျေးနှုန်းမှန်ကန်စွာ
ဝယ်ယူနိုင်ပါပြီ

♦ လူကြီးမင်း များ လစဉ် သောက်သုံးနေကျ ဆေးဝါးများကို ရန်ကုန်မြို့ အတွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ် 👏👏

FDA အသိအမှတ်ပြု ဆေးဝါးနှင့်ဆေးပစ္စည်းအမျိုးမျိုးတို့ကို စျေးနှုန်းချိုသာစွာဖြင့် တစ်နေရာထဲတွင် စုံလင်စွာ လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပြီ။

♦ ဆေးဆိုင်အသစ်ဖွင့်မည့် လူကြီးမင်းများအတွက် လိုအပ်သောဆေးဝါးများကို
စျေးနှုန်းမှန်ကန်စွာ ဝန်ဆောင်မှုပေးပါတယ် 🤗

❤ ဆေးဝါးများ မှာယူလိုပါက ဖုန်း or viber ဖြင့်
လူကြီးမင်းများလိုအပ်သောဆေးဝါးများ
စာရင်း ပေးပို့ မှာယူနိုင်ပါတယ်ရှင် 👩‍💼

📌 ရန်ကုန်မြို့တွင်း ဒီနေ့မှာ မနက်ဖြန် အရောက်
ပို့ဆောင်ပေးပြီး နယ်မြို့များသို့
ကားဂိတ်မှ တစ်ဆင့်ပို့ဆောင်ပေးပါတယ် 🤗

💊 ဆေးဆိုင်ဖွင့်ဖို့ရည်ရွယ်ထားသော လူကြီးမင်းများ အတွက် ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ဗဟုသုတ ရယူနိုင်ဖို့ ဝန်ဆောင်မှုပေးပါတယ်ရှင်

🏠 မုဒြာ ဆေးဆိုင် 🏠

အမှတ် E 138,139/ ရွှေပြည့်စုံဈေး, တတိယထပ်, မင်္ဂလာတောင်ညွန့်မြို့နယ်, ရန်ကုန်မြို့

Viber -09972919199
Viber- 09788886946

🔴မှတ်ချက်-ဈေးကွက်အနေအထားပေါ် မူတည်၍
ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်

Price list ကို Cb (သို့)Viber မှတဆင့် တောင်းယူကြည့်ရှုနိုင်ပါသည်

Order Phone :
☎️ 09972919199
☎️ 09788886946,

Photos from Mudra  Pharmacy's post 04/05/2023

လူကြီးမင်းတို့လိုအပ်သောမြန်မာဆေးများကိုလဲမုဒြာpageသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်💚

Viber - 09972919199
- 09789770267

30/04/2023

Take care everyone… 💚

29/04/2023

အခုတလော ခေါင်းမူးတာတွေ အရမ်းအဖြစ်များလာတယ်။ ရာသီဥတုပူလို့ ငြီးစီစီဖြစ်တာလို့ထင်တတ်ကြပေမယ့် အပူရှပ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်လို့ မပေါ့ကြဖို့လိုပါတယ်။

အပူရှပ်တယ်ဆိုတာကလေ နေရောင်ကြောင့်ဖြစ်တာမဟုတ်ဘူးနော်။ နေပူထဲမှာနေမှ နေပူထဲကပြန်လာမှ အပူရှပ်တာမဟုတ်ဘူး။ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးလို့ အပူရှပ်တာနော်။ ဒါကို မမေ့ပါနဲ့။ ညဘက်လည်း အပူရှပ်နေနိုင်တယ်။

အခု ညဘက်တွေပါ အရမ်းပူတယ်။ အိုက်လှောင်ပြီးချွေးတွေအရမ်းထွက်တယ်။ ချွေးထွက်ပြီး ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုများရင် အပူရှပ်တယ်။ ခန္ဓာကိုယ်ကတော့ အရင်ကတည်းက ပူနေလို့ သိပ်သတိမထားမိကြဘဲ ခေါင်းမူးလာတာကို အရင်သတိထားမိကြတယ်။ ပျို့ချင်အန်ချင်လာတာကို သတိထားမိကြတယ်။ အဲဒါတွေက ရေနဲ့ ဓာတ်ဆားနည်းနေတာရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။ ဒါကြောင့် ခေါင်းမူးခေါင်းကိုက်လာရင်၊ ပျို့ချင်အန်ချင်လာရင်၊ ရင်တွေတုန်လာရင် အပူရှပ်တဲ့ကိစ္စကို သတိရှိမှဖြစ်မယ်။

အေးအောင် အမြန်လုပ်ရမယ်။ ရေချိုးတာ ရေဝတ်ကပ်တာ၊ ပန်ကာအဲကွန်းဖွင့်တာ အကုန်လုပ်လို့ရတယ်။ ရေနဲ့ ဓာတ်ဆားပြန်ဖြည့်ရမယ်။ ရေသောက်လို့ရတယ်။ ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ခေါင်းထဲမှာ အခုအပူချိန်နဲ့ အချိန်မရွေး အပူရှပ်နိုင်တာကို ထည့်ထားရမယ်။ ခေါင်းမူးနေတုန်းမှာ အမြန်အဆန် လုပ်စရာရှိတာမလုပ်မိရင် သတိလစ်သွားတဲ့အခါ အနားမှာလည်း ဘယ်သူမှမရှိတဲ့အခါ အသက်ဆုံးရှုံးသွားနိုင်တယ်။ သတိထားကြပါ။ ရေနဲ့ ဓာတ်ဆားကို သတိထားပြီး ဖြည့်တင်းနေဖို့လိုတယ်။ တချို့က ရေသောက်နည်းတယ်။ ဒီအချိန်မှာ သတိထားပြီး ရေနဲ့ဓာတ်ဆားသောက်ပေးပါ။

Dr. Thurein Hlaing Win

23/04/2023

အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။

အာကျူရပ်စ် (Arcturus) ဟာ အိုမာခရွန်ကဆင်းသက်လာတဲ့ သန္ဓေကွဲ XBB.1.16 ဖြစ်ပါတယ်။

WHO ကပြီးခဲ့တဲ့လကတည်းက အာကျူရပ်စ်ကိုသတိပေးခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာ အတွေ့များလာခဲ့တာပါ။

အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။

အဓိကပြောချင်တာက အာကျူရပ်စ်ရဲ့လက္ခဏာတစ်ခုလို့ ပြောနေကြတဲ့ Conjunctivitis ပါ။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် Conjunctivitis မျက်လုံးပန်းရောင်ဖြစ်တာ အတွေ့များတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာအနှံ့ကဆေးခန်းတွေက ကလေးတွေမှာ အဲ့ဒီလို မျက်လုံးပန်းရောင်ဖြစ်တာတွေ့ရတယ်လို့ဆိုပေမယ့် မျက်လုံးအပြင်လွှာရောင်ခြင်းဟာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာ အခြေအနေဆိုးလာရင် Work from home ပြန်လုပ်သင့်ရင်လုပ်မယ်။ စာကျောင်းတွေမှာ mask ပြန်တပ်ခိုင်းရင် တပ်ခိုင်းမယ်လို့ ဆိုပါတယ်။

ရာသီဥတုကပူတဲ့အတွက် ကလေးတွေဖျားရင်မသက်သာပါ။ ကလေးတွေမှာ ကိုဗစ်ဖြစ်မဖြစ်သတိထားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။

credit
Richard Myo Thant
19-April -2023

Photos from Mudra  Pharmacy's post 03/04/2023

📢မုဒြာpharmacy မှလူကြီးမင်းတို့အတွက်မြန်မာဆေးနှင့်အဂ်လိပ်ဆေးမျိုးစုံကိုရောင်းချပေး
လျှက်ရှိပါသည်

💊 ဆေးဆိုင်အသစ်ဖွင့်မည့်လူကြီးများအတွက်လဲဆေးပစ္စည်းမျိုးစုံကိုတနေရာထဲတွင်စျေးနှုန်းမှန်ကန်စွာရောင်းချပေးလျှက်ရှိပါသည်

ဆေးစျေးနှုန်းupdateများကိုလဲမုဒြာpharmacy page သို့ဆက်သွယ်မေးမြန်းကြည်ရှုနိုင်ပါသည်

🚚 ရန်ကုန်မြို့အပြင်အခြားသောနယ်customerမှာများကိုလဲခေါက်တိုကားဂိတ်ဖြင့်အရောက်ပို့ဆောင်ပေးပါသည်

⚠ စျေးကွက်အနေထားပေါ်မှုတည်၍စျေးနှုန်းအပြောင်းလဲရှိပါသည်

ဆိုင်လိပ်စာ 🏥- ရွှေပြည့်စုံစျေး, third foor,
E- 138,139,yangon,
minglar taung nyunt
ph no☎ - 09788886946, 09972919199

page messenger (or) viberမှလဲဆက်သွယ်မေးမြန်းနိုင်ပါသည်

⛔ မုဒြာpharmacyမှအမှန်ကန်ဆုံးစျေးနှုန်များ
ဖြင့်ရောင်းချပေးလျှက်ရှိပါသည်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အချိန်ကုန် လူပင်ပန်းသက်သာဖို့ Mudra Pharmacy ရဲ့ Door To Door ဝန်ဆောင်မှုကို ရယူလိုက်ပါ
လူကြီးမင်းတို့အတွက်ဖြစ်စေ/လူကြီးမင်းတို့၏လုပ်ငန်းအတွက်ဖြစ်စေ လိုအပ်​သေားဆေးဝါးများကို မုဒြာ ဆေးဆိုင်တွင် လက်ကားဝယ်ယူရရှိ...

Category

Telephone

Website

Address

Yangon
11221

Other Medical Supplies in Yangon (show all)
Aung Pharmacy-ဆေးဝါးမျိုးစုံဖြန့်ဖြူးရောင်းချရေး Aung Pharmacy-ဆေးဝါးမျိုးစုံဖြန့်ဖြူးရောင်းချရေး
Yangon

ဆေးဝါးမျိုးစုံဖြန့်ဖြူရောင်းချခြင?

Krakart လိပ်ခေါင်းကုသဆေး Krakart လိပ်ခေါင်းကုသဆေး
No. 35, YaykyawStreet, PazuntaungTownship
Yangon, 11121

phone - 09452119294

APOLLO Quality Products APOLLO Quality Products
Yangon

APOLLO မှ ဆေးပစ္စည်းကိရိယာမျိုးစုံကို စျေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပါသည်။

Toys For You Toys For You
Yangon

We Deliver Secretly

PM warden pharmacy PM warden pharmacy
No. (51), Warden Street, Lanmadaw Tsp
Yangon, 11131

Local pharmacy with reasonable price. Offers wholesale price for other pharmacies as well as retail. Provide doorstep delivery with the best rate accordingly. Contributes your bett...

Htet-PTT Htet-PTT
Yangon

SGL Trading SGL Trading
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon

ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး

Zaw Pharmacy Zaw Pharmacy
Dagon Seikkan
Yangon

We supply medical products especially for GP clinics by accepting order via our website.

JAMU- ဒူးနာခါးနာပျောက်ဆေး လက်လီလက်ကား JAMU- ဒူးနာခါးနာပျောက်ဆေး လက်လီလက်ကား
Yangon

#Jamu ဒူးနာခါးနာပျောက်ဆေး (နတ်ဆေး) /ဆေးဝါးမျိုးစုံ ph- 09 793673375 /09 780175825 or cb

Medizone Medizone
၁၆ရပ်ကွက် မြောက်ဒဂုံ
Yangon

Covidကာလအတွင်းမှာ Surgical gown များကိုစျေးနှု?

Immunotonia Immunotonia
No. 252/25, Shwe Pyi Soe Street, Shwe Pyi Soe Housing, 14/2 Block, S/Okkalapa
Yangon, 11091

ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ Immun