SML All Healthcare Clinic

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SML All Healthcare Clinic, Medical and health, Shwegondaing Road, Yangon.

02/06/2024

ကျန်းမာခြင်းသည် လာဘ်တပါးဆိုတဲ့အတိုင်း လူတိုင်းရဲ့ ကျန်းမာရေးနဲ့ အလှအပတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းများနဲ့အတူ ကျန်းမာရေးဝန်ဆောင်မှုများပေးနေတဲ့ SML Medical & Diagnostic Center က 𝟒𝐭𝐡 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐞𝐝𝐝𝐢𝐧𝐠 & 𝐁𝐞𝐚𝐮𝐭𝐲 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟒 မှာ စိတ်ဝင်စားစရာအကောင်းဆုံး ပရ်ိုမိုးရှင်းများနဲ့အတူ ပါဝင်ခင်းပြသသွားမှာဖြစ်လို့ အရောက်လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။

𝟒𝐭𝐡 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐞𝐝𝐝𝐢𝐧𝐠 & 𝐁𝐞𝐚𝐮𝐭𝐲 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟒 ပြပွဲမှာ ပါဝင်ပြသသွားမယ့် category များကတော့ 👇🏼👇🏼👇🏼👇🏼
- မင်္ဂလာဝတ်စုံများ
- မိတ်ကပ်နှင့် ဆံပင် ပညာရှင်
- ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေး
- ပန်းအလှဆင်လုပ်ငန်း
- ဖိတ်စာ နှင့် လက်ဆောင်ကမ်း
- ဖျော်ဖြေရေးဝန်ဆောင်မှု
- မင်္ဂလာခန်းမ
- One stop wedding services
- Wedding planner / organizer
- Bakery
- Instant Photo Booth
- ကျန်းမာရေးဝန်ဆောင်မှု
- အလှအပဆိုင်ရာ ဆေးခန်း
- အလှကုန်
- မွေ့ယာနှင့် ပရိဘောဂ
- အိမ် ခြံ မြေ ဝန်ဆောင်မှု
- လက်ဝတ်ရတနာ တို့ဖြစ်ပါတယ်။

နေ့ရက် - ၈-၉ ဇွန်၊ ၂၀၂၄
နေရာ - Sedona Hotel
အချိန် - မနက် ၁၀ နာရီမှ ညနေ ၆နာရီ
♦️ဝင်ကြေးအခမဲ့♦️

အသေးစိတ်သိရှိလိုပါက
Eternity Plus
09 77 99 22 703, 09 254 886 899, 099 635 999 68

25/05/2024

SML Vaccine Clinic မှာ တုပ်ကွေးကာကွယ်ဆေးလာထိုးသွားတာ ဘယ်သူလေးပါလိမ့် 🤔

မုတ်သုံဝင်တော့မယ်ဆိုတော့ မိုးတွေလည်း သည်းနေပြီ…
မုတ်သုံမိုးနဲ့အတူ ဝင်လာမှာကတော့ အိပ်ယာထဲမှာ ကိုယ်လက်တွေ ကိုက်ခဲ၊ နှာစေး၊ ချောင်းဆိုးပြီး တစိမ့်စိမ့်ချမ်းပြီး ဖျားနေစေမယ့် တုပ်ကွေးရောဂါပိုးကလည်း တစ်အိမ်ပြီး တစ်အိမ် ဝင်လိုက်ထွက်လိုက်လုပ်နေမှာနော်

တုပ်ကွေးကွေးရင် အလုပ်ပျက် အကိုင်ပျက်နဲ့ နုံးချိပြီး ခံစားရမယ့်အဖြစ်တွေကို တွေးပူမိလို့ အားလုံးရဲ့ အချစ်တော် မမလှလှ က SML Vaccine Clinic မှာ တုပ်ကွေးကာကွယ်ဆေး လာထိုးသွားပါပြီ

ကဲ….
သင်တို့ရော ဘယ်တော့လာထိုးမှာလဲ???

စိတ်ချရအောင် ဖုန်းဆက်ပြီး ကြိုတင်စာရင်းပေးထားဖို့လိုမယ်နော်

📱📞 09 782 019 114

13/05/2024

Guess & Win !
SML Vaccine clinic ကို ဘယ်သူလာသွားလဲ ခန့်မှန်းရင်း ဖုန်းဘေလ် တစ်သောင်း ယူမယ်ဟေ့ ! 🤩🤓😎

ကဲ…မိုးတွေရွာပြီး လူတွေလည်း စဖျားကုန်ကြပြီနော်…
ဒီအချိန်မှာ Skycell Flu တုပ်ကွေးကာကွယ်ဆေးကို ကြိုထိုးထားဖို့ အကောင်းဆုံးအချိန်ပဲပေါ့ ။

ယူတို့ရဲ့ အချစ်တော် မမ တစ်ယောက်ကတော့ SML Vaccine clinic မှာ Skycell Flu Vaccine ကို စောစောစီးစီး လာပြီးထိုးပြီးသွားပြီနော်

သူဘယ်သူလဲ သိလား ???😉
သူ့ရဲ့ ဖန်တွေကတော့ ပုံထဲက အဝတ်အစားလေးကို ကြည့်ပြီး သူဘယ်သူလဲဆိုတာ သိနိုင်ပါတယ် 🧐

သူ ဘယ်သူလဲသိရင် ဒီပုံအောက်က comment ထဲမှာ ရေးသွားခဲ့ပေးနော်

အဲဒီ မမ ဘယ်သူလဲဆိုတာ မှန်အောင် ခန့်မှန်းနိုင်တဲ့သူတွေထဲက ၅ ယောက်ကို မဲနှိုက်ပြီး ဖုန်းဘေလ်
တစ်သောင်းစီ ဖြည့်ပေးမယ်ဆိုရင် စိတ်ဆိုးကြမလား 😁😁

အရင်ဆုံး
1. ဒီ post လေးကို Share ပေး
2. ဘယ်သူလဲဆိုတာ Comment ထဲမှာ ရေးပြီး
3. ကိုယ် share ထားတာလေးကို screenshot ရိုက်ထားတာလေးပါ ထည့်တွဲပေး

ကဲ…ဒီနေ့ (13/5/24) တနင်္လာနေ့ ကနေ စပြီး (19/5/24) တနင်္ဂနွေနေ့ ည (၁၂) နာရီ အထိ မန့်ထားတဲ့ comment တွေထဲက (၅) ယောက်ကို ရွေးပေးသွားမှာ ဖြစ်လို့ အဖြေမှန်သိရင် ကိုယ့်သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ဦးနော် 😄

မှတ်ချက် : ဒီ Game လေးကို အဖြေသိပြီးသား SML company မှ ဝန်ထမ်းများ ဝင်ဖြေလို့ မရပါဘူးနော် 😏

02/05/2024

အာရှနိုင်ငံများတွင် လူပေါင်း (၂၃)သန်းကျော်ထိုးနှံပြီးဖြစ်တဲ့ SKYCellflu လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး 💉🙋‍♀️

ဟုတ်ပါတယ် လာမယ့် မိုးရာသီမှာ🌧️ တုပ်ကွေးရောဂါ ကို ကြိုတင်ကာကွယ်ဖို့
သင် စဉ်းစားနေပြီဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေး (FDA) အသိအမှတ်ပြုထားတဲ့ ကိုရီးယားနိုင်ငံထုတ် SkyCell fluမိုးရာသီလေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးကို မမေ့သင့်ပါဘူး။🤗
SkyCell flu မိုးရာသီလေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး ဟာဆိုရင်မြန်မာ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားတာကြောင့်
✅ သုံးစွဲသူတွေဘေးကင်းမှု(Safety)
✅ ဆေးအရည်အသွေးပြည့်မီမှု(Efficacy)
✅ ဆေးအာမခံချက်ရှိမှု (Security)
တို့ကို အပြည့်အဝ ပေးနိုင်စွမ်းရှိပါတယ်။👍👍👍

📢📢ထို့အပြင် SkyCell flu မိုးရာသီလေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးကို ကိုရီးယားနိုင်ငံတင်မကထိုင်း၊မလေးရှား၊ဘရူနိုင်း၊စင်ကာပူ၊ဖိလစ်ပိုင်၊မွန်ဂိုလီးယား၊ ပါကစ်စတန် စသည့်နိုင်ငံအသီးသီးမှာ နှစ်စဉ် လူသန်းပေါင်းများစွာကို တုပ်ကွေး အန္တရာယ်ကနေ ကာကွယ်ပေးလျက်ရှိပါတယ်။

ကဲ ဒါကြောင့်မို့ အရည်အသွေးနှင့်Cold Chain နဲ့ ပတ်သက်လာရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားတဲ့ SML မှာ တုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံဖို့ဖိတ်ခေါ်လိုက်ပါတယ်။
အသေးစိပ်မေးမြန်းသိရှိလိုပါက
☎️ဖုန်းနံပါတ် 09-782019105၊ 09-782019300၊ 09-782019114၊ 09-782019025 တို့ကိုဆက်သွယ်နိုင်ပါတယ်။

03/04/2024

“𝟐𝟎𝟐𝟒 အတွက် မိုးရာသီတုပ်ကွေးကာကွယ်ဆေး 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐪𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐚𝐜𝐜𝐢𝐧𝐞 ထိုးလို့ရနေပြီနော် 📣🛡️”

🦠🦠ရာသီတုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တစ်နှစ်နဲ့တစ်နှစ် ရာသီအလိုက် strain ဗီဇအမျိုးအစားကွဲတွေ ပုံစံအမျိုးမျိုးပြောင်းပြီး ပျံ့နှံ့နေတဲ့အတွက် ကျွန်မတို့ဟာ World Health Organization (WHO) ရဲ့ recommendation အတိုင်းနှစ်စဉ်ရာသီအလိုက် ပြောင်းလဲထုတ်ထားတဲ့ ကာကွယ်ဆေးတွေကို နှစ်တိုင်းထိုးနှံနေကြရတာဖြစ်ပါတယ်။

⭐️ ကျွန်မတို့ SML Vaccine Clinic မှာ ယခု လာမယ့်မိုးရာသီတုပ်ကွေးကာလအတွက် ထုတ်ထားတဲ့
2024 Southern Hemisphere (SH) season influenza virus strain (၄)မျိုးပါဝင်တဲ့
လေးမျိုးစပ် မိုး ရာသီတုပ်ကွေးကာကွယ်ဆေး
“𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐪𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐚𝐜𝐜𝐢𝐧𝐞“ ကို အစောဆုံးထိုးနှံလို့ ရနေပြီဆိုတာ SML ရဲ့ Customer များကို သတင်းကောင်းပါးချင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး ကို မဖြစ်မနေထိုးထားသင့်သူများ

🔺နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါရှိသူများ
🔺သွေးတိုး ၊ ဆီးချိုနဲ့ အခြားရောဂါအခံရှိသူများ
🔺ကိုယ်ခံအားနည်းသူများ
🔺အဝလွန်သူများ
🔺ကလေးငယ်များ (အသက် ၆ လမှစ၍)
🔺(၆၅)နှစ်အထက် အသက်ကြီးသူများနဲ့
🔺ကိုယ်ဝန်ဆောင်သည်များ

ထိုးထားသင့်တဲ့သူများ

✅ နိုင်ငံခြားသွားကြမည့် လူငယ်များ
✅ တုပ်ကွေးရောဂါနဲ့ ရှောင်လွှဲမရတဲ့ ကျန်းမာရေးဝန်ထမ်းများ နဲ့
✅ လူစုလူဝေးများတဲ့ ကုမ္ပဏီဝန်ထမ်းများ

“ 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐯𝐚𝐜𝐜𝐢𝐧𝐞 ကို Global Innovative ကာကွယ်ဆေးများကိုထုတ်လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံ၏ အကောင်းဆုံး 𝗦𝗞 𝗯𝗶𝗼𝘀𝗰𝗶𝗲𝗻𝗰𝗲 Company မှ ထုတ်လုပ်ပါတယ်။

More Effectiveness :

နည်းပညာအားသာသော Cell Culture နည်းဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ရောဂါကာကွယ်စွမ်းအား Antibody ကို ပိုမိုထိထိရောက်ရောက် ထွက်စေလို့ ရောဂါကို 90% ကျော်ထိ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Good safety:

Cell-based, Surface antigen (subunit) vaccine ဖြစ်တဲ့ အတွက် အခြား vaccine type များထက် ဆေးဓါတ်မတည့်မှု ဖြစ်နိုင်ချေ နဲ့ side effects အလွန် နည်းသော ကာကွယ်ဆေးဖြစ်တယ်လို့သုတေသန စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်

✅ WHO အသိအမှတ်ပြု ပြီး
✅ Myanmar FDA registration ရရှိထားသော ကာကွယ်ဆေး ဖြစ်ပါတယ်။

Cold chain ✨👍
👍👍 ကာကွယ်ဆေးများထားသိုမှုကိုလည်း (၂၄) နာရီ မီးမပြတ်စေဘဲ 2-8 degree Celsius အတွင်း အအေးခန်းသိုလှောင်မှုစနစ်များ၊ ILR များဖြင့် သိမ်းဆည်းသောကြောင့် ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ စိတ်ချလိုက်တော့နော်။

🔷 ဒါ့ကြောင့် မိမိကိုယ်ကို အကောင်းဆုံးနဲ့ အစောဆုံးအနေနဲ့ ရာသီတုပ်ကွေးကို အပြည့်အဝ ကြိုတင် ကာကွယ်ထားချင်တယ်ဆိုရင် အခုပဲ SML Vaccine Clinic မှာ ဆေးလာထိုးကြလိုက်ကြတော့နော်။

🔷 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐯𝐚𝐜𝐜𝐢𝐧𝐞 ကို SML Pharmaceutical Co.Ltd မှ တစ်ဦးတည်း တင်သွင်းထားတာဖြစ်ပြီး ဆေးဆိုင်၊ ဆေးခန်း၊ ဆေးရုံများအတွက် လည်း လက်လီ/လက်ကား စျေးနှုန်းများရှိလို့ အရေအတွက်စိတ်ချရအောင် အမြန်ဆုံး မှာထားလို့ရပါပြီ။

🔷 ကုမ္ပဏီ၊ ကျောင်း၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံခြားအလုပ်အကိုင်အေဂျင်စီများအတွက် corporate အထူးစျေးနှုန်းများဖြင့် အလုပ်မပျက်ဘဲ ထိုးနှံနိုင်အောင် နေရာအရောက် SML Mobile Vaccination Services များလည်း စီစဉ်ထားပါတယ်။

🔶အသေးစိတ်သိရှိလိုပါက
📲 09782019105
09782019300
09782019114 ကို Hello လိုက်ပါ။

SML Vaccine Clinic လိပ်စာ: ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း (ရွှေဂုံတိုင်မီးပွိုင့်)၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။






#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

15/03/2024

"သင့် အသည်းလေးကို ဂရုစိုက်ဖို့
"ဘီ" ပိုးကာကွယ်ဆေးထိုးကြပါစို့"

အသည်း​ရောင်အသားဝါ ဘီပိုးကာကွယ်​ဆေးထိုးဖို့​မေ့​နေကြပီလား ပရိသတ် ❓

*​ကြောက်စရာ​ကောင်း​​သော အသည်း​ရောင်အသားဝါ "ဘီ"ပိုး၏​နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ဖို့ လူတိုင်း"ဘီ"ပိုးကာကွယ်​ဆေးထိုးထားရန်လိုအပ်ပါသည်။

* "ဘီ"ပိုးကာကွယ်​ဆေးတကြိမ်မှ မထိုးနှံဖူး​​သောသူများအ​နေဖြင့် ကာကွယ်​ဆေးကို (၃)ကြိမ်အပြည့်ထိုးနှံထားရန်လိုအပ်ပါသည်။

* "ဘီ"ပိုးကာကွယ်​ဆေးအပြည့်ထိုးနှံထားပီး​သောသူများအ​​​နေဖြင့်လည်း ၅နှစ်ပြည့်လျှင် AntiHBs Antibody(Quanti) စစ်​​ဆေး၍ Antibody အ​ရေအတွက်​ပေါ်မူတည်၍ Booster Dose ထိုးနှံရန်လိုအပ်ပါသည်။

*​Company အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊စာသင်​ကျောင်းများ၊စား​သောက်ဆိုင်အဖွဲ့အစည်းများမှ အဖွဲ့လိုက်​ဆေးထိုးခြင်းများအတွက်လည်း စီစဥ်​ဆောင်ရွက်​ပေးမည်ဖြစ်ပါသည်။

-ဆေးထိုးမည်ဆိုပါက
အမှတ် ၀၀၃-၀၀၄၊ မြေညီထပ်၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ရန်ကုန်တိုင်း‌ဒေသကြီး မှာ မနက် ၈ နာရီမှ ညနေ ၄ နာရီ အတွင်း လာရောက်ထိုးနှံနိုင်ပါတယ်။
ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့
၀၉ ၇၈၂၀၁၉ ၁၁၄၊ ၀၉ ၇၈ ၂၀၁၉ ၁၀၅၊ ၀၉ ၇၈၂၀၁၉ ၃၀၀၊ ၀၉ ၇၈၂၀၁၉ ၀၂၅
၀၉ ၇၈၀ ၁၆၂၄၄၆၊ ၀၉ ၇၈၀ ၁၆၂၄၄၇၊
တို့ပဲ ဖြစ်ပါတယ်။

08/03/2024

“ရာသီတုပ်ကွေးကာကွယ်ဆေး ကြိုထိုးဖို့ အချိန်ရောက်တော့မယ်နော်…”
SML Vaccine Clinic မှာ 𝟐𝟎𝟐𝟒 အတွက် မိုးရာသီတုပ်ကွေးကာကွယ်ဆေး 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐪𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐚𝐜𝐜𝐢𝐧𝐞 ရပါတော့မယ်!📣🛡️

🦠🦠ရာသီတုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တစ်နှစ်နဲ့တစ်နှစ် ရာသီအလိုက် strain ဗီဇအမျိုးအစားကွဲတွေ ပုံစံအမျိုးမျိုးပြောင်းပြီး ပြန့်နှံ့နေတဲ့အတွက် ကျွန်မတို့ဟာ World Health Organization (WHO) ရဲ့ recommendation အတိုင်းနှစ်စဉ်ရာသီအလိုက် ပြောင်းလဲထုတ်ထားတဲ့ ကာကွယ်ဆေးတွေကို နှစ်တိုင်းထိုးနှံနေကြရတာဖြစ်ပါတယ်။

🔍 ပြင်းထန်မှုအရဆိုရင်လည်း ရာသီတုပ်ကွေးပိုးကြောင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူဦးရေ သုံးသန်းမှ ငါးသန်း ခန့်ထိ ပြင်းထန်ရောဂါကို ခံစားရပြီး ၊ လူဦးရေခြောက်သိန်းခွဲခန့်အထိဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြင့် သေဆုံးနေကြောင်း WHO က ထုတ်ပြန်ထားပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာများ 🤒😷🤧

🤒ရာသီတုပ်ကွေးဖြစ်ရင် ဖျားမယ်
🤧နှာစေးချောင်းဆိုး၊ လည်ချောင်းနာမယ်
😖ကြွက်သားနာမယ်
🥴 ကိုယ်လက်ကိုက်ခဲပြီး မအီမသာဖြစ်မယ်
🤮 ပျို့အန်မယ်

⚠️အဆိုးရွားဆုံးအနေနဲ့ နမိုးနီးယား(Pneumonia) လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါဖြစ်ပြီး 🫁
☠️သွေးဆိပ်တက်ကာ သေဆုံးတဲ့အထိ အပြင်းအထန် ခံစားရနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး ကို မဖြစ်မနေထိုးထားသင့်သူများ

🔺နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါရှိသူများ
🔺သွေးတိုး ၊ ဆီးချိုနဲ့ အခြားရောဂါအခံရှိသူများ
🔺ကိုယ်ခံအားနည်းသူများ
🔺အဝလွန်သူများ
🔺ကလေးငယ်များ (အသက် ၆ လမှစ၍)
🔺(၆၅)နှစ်အထက် အသက်ကြီးသူများနဲ့
🔺ကိုယ်ဝန်ဆောင်သည်များ

ထိုးထားသင့်တဲ့သူများ

✅ နိုင်ငံခြားသွားကြမည့် လူငယ်များ
✅ တုပ်ကွေးရောဂါနဲ့ ရှောင်လွှဲမရတဲ့ ကျန်းမာရေးဝန်ထမ်းများ နဲ့
✅ လူစုလူဝေးများတဲ့ ကုမ္ပဏီဝန်ထမ်းများ

⭐️ ကျွန်မတို့ ဆီမှာ ယခု လာတော့မယ် မိုးရာသီတုပ်ကွေးကာလအတွက်ထုတ်ထားတဲ့
2024 Southern Hemisphere (SH) season influenza virus strain (၄)မျိုးပါဝင်တဲ့
လေးမျိုးစပ် မိုး ရာသီတုပ်ကွေးကာကွယ်ဆေး
“𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐪𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐚𝐜𝐜𝐢𝐧𝐞“ ကို မကြာခင်ရရှိတော့မှာဖြစ်လို့ SML ရဲ့ Customer များကို သတင်းကောင်းပါးချင်ပါတယ်။

“ 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐯𝐚𝐜𝐜𝐢𝐧𝐞 ကို Global Innovative ကာကွယ်ဆေးများကိုထုတ်လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံ၏ အကောင်းဆုံး 𝗦𝗞 𝗯𝗶𝗼𝘀𝗰𝗶𝗲𝗻𝗰𝗲 Company မှ ထုတ်လုပ်ပါတယ်။

More Effectiveness :

နည်းပညာအားသာသော Cell Culture နည်းဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ရောဂါကာကွယ်စွမ်းအား Antibody ကို ပိုမိုထိထိရောက်ရောက် ထွက်စေလို့ ရောဂါကို 90% ကျော်ထိ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Good safety:

Surface antigen (subunit) vaccine ဖြစ်တဲ့ အတွက် အခြား vaccine type များထက် ဆေးဓါတ်မတည့်မှု ဖြစ်နိုင်ချေ နဲ့ side effects အလွန် နည်းသော ကာကွယ်ဆေးဖြစ်တယ်လို့သုတေသန စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

✅ WHO အသိအမှတ်ပြု ပြီး
✅ Myanmar FDA registration ရရှိထားသော ကာကွယ်ဆေး ဖြစ်ပါတယ်။

Cold chain ✨👍
👍👍 ကာကွယ်ဆေးများထားသိုမှုကိုလည်း (၂၄) နာရီ မီးမပြတ်စေဘဲ 2-8 degree Celsius အတွင်း အအေးခန်းသိုလှောင်မှုစနစ်များ၊ ILR များဖြင့် သိမ်းဆည်းသောကြောင့် ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ စိတ်ချလိုက်တော့နော်။

🔷 ထို့ကြောင့် မိမိကိုယ်ကို အကောင်းဆုံးနဲ့ အစောဆုံးအနေနဲ့ ရာသီတုပ်ကွေးကို အပြည့်အဝ ကြိုတင် ကာကွယ်ထားချင်တယ်ဆိုရင် ယခုမှ စတင်ပြီး SML Vaccine Clinic သို့ ဖုန်းဆက်ပြီး ကြိုတင်စာရင်းပေးလို့ ရနေပါပြီ။

🔷 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐅𝐥𝐮 𝐯𝐚𝐜𝐜𝐢𝐧𝐞 ကို SML Pharmaceutical Co.Ltd မှ တစ်ဦးတည်း တင်သွင်းထားတာဖြစ်ပြီး ဆေးဆိုင်၊ ဆေးခန်း ၊ ဆေးရုံများအတွက် လည်း လက်လီ/လက်ကား စျေးနှုန်းများရှိလို့ အရေအတွက်စိတ်ချရအောင် အမြန်ဆုံး မှာထားလို့ရပါပြီ။

🔷 ကုမ္ပဏီ၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံခြားအလုပ်အကိုင်အေဂျင်စီများအတွက် corporate အထူးစျေးနှုန်းများဖြင့် အလုပ်မပျက်ဘဲ ထိုးနှံနိုင်အောင် နေရာအရောက် SML Mobile Vaccination Services များလည်း စီစဉ်ထားပါတယ်။

🔶အသေးစိတ်သိရှိလိုပါက
📲 09782019105
09782019300
09782019114 ကို Hello လိုက်ပါ။

SML Vaccine Clinic လိပ်စာ: ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း (ရွှေဂုံတိုင်မီးပွိုင့်)၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

References: https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)






#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

29/02/2024

Heart to Health package လေးတွေ special promotion ရှိသေးတယ်ဆိုတာလေး Remind လုပ်လိုက်ပါတယ်နော်

Couple တွေတင်မဟုတ်ပဲ နိုင်ငံခြားသွားဖို့ပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးအတွက် တစ်ကိုယ်စာ ဆေးစစ်ချင်တဲ့ သူတွေအတွက်လည်း အရမ်းအဆင်ပြေတဲ့ package လေးမို့ အမြန်ဆုံး ဖုန်းဆက်ပြီး booking ယူလိုက်ပါနော် !

ကံကောင်းရင် SML မှာ ဆေးလာစစ်ရင်း ရည်းစားရသွားတာလည်း ဖြစ်နိုင်ပါတယ် 🤭 ။

SML ရဲ့ Heart to Health Couple Package ဟာ Couple Medical Checkup package လို့ လူသိများပေမယ့် အားသာချက်တစ်ခုက သင်တစ်ယောက်တည်းလည်း လာစစ်လို့ရတာပါပဲ။ 🤩

စုံတွဲတွေ အနေနဲ့ ကိုယ့်ရဲ့ Dating Relationship မှာ နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ်ဆိုရင် နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်သိထားရတာ Safe အဖြစ်ဆုံးပါပဲ။ 💞

အကယ်၍ ကိုယ်က တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီး၊ အပျိုကြီး (FA) ဖြစ်နေလို့ ဒါတွေဟာ ကိုယ်နဲ့ မဆိုင်ပါဘူးလို့ မတွေးလိူက်ပါနဲ့။
အခွင့်အရေးဆိုတာ ကြိုမမြင်နိုင်ပါဘူး😁။

ကိုယ် တစ်သက်လုံး စောင့်နေခဲ့ရတဲ့ ဖူးစာရှင်လေးဟာ SML မှာ Heart to Health package ကို တစ်ယောက်တည်း လာစစ်ရင်းနဲ့ ဆုံတွေ့ခဲ့တဲ့ သူလေးလည်း ဖြစ်နိုင်ပါသေးတယ်။ 😉

📆 သတင်းကောင်းတစ်ခုက Heart to Health Checkup Package Promotion Period လေးကို ချစ်တဲ့သူတွေ ပျော်ရွှင်စေဖို့ နောက်နှစ် ဝါမဝင်ခင်ကာလအထိ သက်တမ်းတိုးမြှင့်ပေးထားတာမို့ အဆင်ပြေဆုံးဖြစ်နေပါပီနော်။ 😊

ကဲ…ကိုယ့်လိုပဲ ကျန်းမာရေးအသိရှိပြီး ခေတ်မီတဲ့ လူနေမှုစတိုင်ရှိတဲ့ ချစ်သူလေးကို ဆုံတွေ့နိုင်ဖို့ အခုပဲ SML ရဲ့ Heart to Health Package လေး ဝယ်ပြီး အမြန်ဆုံး လာစစ်လိုက်တော့နော်! 👫👭👬

SML Medical & Diagnostic Centre
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🤳📱အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
09777002083
09740001377 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

08/02/2024

မတိကျတဲ့ ဂဏန်းတွေနဲ့ စိတ်ညစ်ခံ နေဦးမှာလား ? 🤗

ကိုယ်စားနေတဲ့ Ketogenic Diet တွေ 🥑🥗

အစာစားချင်စိတ်ကို ထိန်းချုပ်ပြီးလုပ်နေရတဲ့ Intermittent Fasting (IF) တွေ 🍽️🥢

အပင်ပန်းခံပြီး လုပ်နေရတဲ့ အားကစားလေ့ကျင့်ခန်းတွေ 🚴🏊🏻‍♂️

ဒါတွေအားလုံးမှာ လိုချင်တဲ့ အဆီလောင်ကျွမ်းမှု (fat burning)ကို အတိကျဆုံး ဂဏန်းလေးတွေနဲ့ “၁၀ စက္ကန့်”အတွင်း သင်သိနိုင်ပါပြီ။

URight- Your Right Choice!

24/11/2023

ကာတွန်းလေးကြည့် ကီတုန်းလေးဖြေ…
ဖုန်းဘေလေးတွေလက်ဆောင်ယူကြပါစို့။

အရင်ဆုံး ဒီ Post လေးကို Like & share လုပ်ပြီးရင်
ဒီကာတွန်းလေးထဲက "ကီတုန်းဆိုတာဘာလဲ" ဆိုတဲ့
မေးခွန်း ၃ ခု ကို comment မှာ မှန်/မှားကို
(ဥပမာ-မှန်/မှန်/မှား
or
-မှား/မှား/မှန်
or
-မှန်/မှန်/မှန်) ဆိုပြီး ဖြေပေးရုံပါပဲ။

အမြန်ဆုံးနဲ့ အမှန်ဆုံးဖြေဆိုနိုင်သူများထဲမှ ၅ ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ဒီ post အောက်မှာပဲ ကြော်ငြာပေးသွားမယ်နော်။

ကဲ ကာတွန်းလေးကြည့်ပြီး ဗဟုသုတလည်းရ
တန်ဆောင်တိုင်မုန့်ဖိုးလည်းရနိုင်တာမို့လို့
အခုပဲ like&share လုပ်လိုက်ကြပါဦး ။

18/11/2023

"Ketone ကပြောပြနေတဲ့ ဆီးချိုရောဂါရဲ့ သတိပေးသံ" ခေါင်းစဉ်ဖြင့် ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးကိုကို မှ ဆွေးနွေးဟောပြောပေးထားတဲ့ အမေးအဖြေအစီအစဥ် အပိုင်း(၂)။

အပိုင်း(၁) https://www.facebook.com/100083093744473/videos/1047893399674920/

SML ရဲ့ ကျန်းမာရေးဗဟုသုတမျှဝေခြင်း ကဏ္ဍလေးမှ ဆက်လက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။







https://www.facebook.com/100083093744473/videos/1047893399674920/

14/11/2023

🙏မင်္ဂလာပါရှင်🙏

နိုဝင်ဘာ (၁၄) ရက်နေ့ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့ "World Diabetes Day" အထိမ်းအမှတ်အဖြစ် လူသိနည်းတဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ အကြောင်းကို "Ketone ကပြောပြနေတဲ့ ဆီးချိုရောဂါရဲ့ သတိပေးသံ" ခေါင်းစဉ်ဖြင့် ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးကိုကို မှ ဆွေးနွေးဟောပြောပေးထားတဲ့ အမေးအဖြေအစီအစဥ် အပိုင်း(၁)။
SML ရဲ့ ကျန်းမာရေးဗဟုသုတမျှဝေခြင်း ကဏ္ဍလေးမှ တင်ဆက်ပေးလိုက်ရပါတယ်ရှင်။

အပိုင်း(၂) ကိုလည်း မကြာမီ တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် SML page ကို ဆက်လက်စောင့်မျှော်ပေးဖို့ အသိပေးပါရစေရှင်။

13/10/2023

အမျိုးသမီးတိုင်းကို ခြိမ်းခြောက်နေတဲ့ အသံတိတ်အိမ်မက်ဆိုးအကြောင်း သင်သိပြီးပြီလား???

ဒီအကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဘာတွေများ အထူးထုတ်ပြန်ထားသလဲ ???

သင့်အနေနဲ့ ဘာတွေလုပ်လို့ရနိုင်မလဲဆိုတာ သိချင်ရင်တော့ ဒီ ဗီဒီယိုလေးကို မျက်တောင်မခတ်ပဲ အစအဆုံး ကြည့်လိုက်ရင် အဖြေပေါ်သွားမှာပါ ။

သင်ကြည့်ပြီးပြီဆိုရင်တော့ ဒီ ဗီဒီယိုထဲမှာ ပြောထားတဲ့အချက်တွေကို သိစေချင်မိတဲ့ သင်ချစ်ရတဲ့ အမျိုးသမီးတွေကို Mention ခေါ်ပြီး သတင်းစကား ပါးလိုက်ပါဦးနော်…

Photos from SML All Healthcare Clinic's post 12/10/2023

📣ကာကွယ်ဆေးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေရှင့်

မကြာခင်မှာရောက်ရှိလာတော့မယ့်ဆောင်းရာသီကာလ☃️❄️မှာ မိတ်ဆွေတို့ကျန်းမာနေဖို့လိုအပ်ပါတယ်။😊

မိတ်ဆွေတို့ အတွက် ကိုရီးယားနိုင်ငံ 🇰🇷ရဲ့ အကောင်းဆုံး ကာကွယ်ဆေး ကုမ္ပဏီ တွေထဲက တစ်ခုဖြစ်တဲ့ SK Bioscience Company ကထုတ်လုပ်ဖြန့်ချိလိုက်တဲ့ SKY Cellflu Quadrivalent Vaccine (ဆောင်းရာသီ‌ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး) 💉💉ကို SML Vaccine Clinic မှာယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီဆိုတဲ့အကြောင်းလေးမိတ်‌ဆွေတို့ကို အသိပေးပါရစေ။💁🏻‍♀️

ယခု SKY Cellflu Quadrivalent Vaccine ဆောင်းရာသီ‌ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးလေးက Northern Hemisphere Vaccine(2023-2024) အမျိုးအစားဖြစ်တဲ့အတွက် မိတ်ဆွေတို့ကို
ယခုနှစ် 2023 October လ‌ကနေ 2024 March လအထိ တုပ်ကွေး အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနေမှာပါ။

ဘယ်သူတွေထိုးရမှာလဲ လို့မေးရင်တော့ ❓
1️⃣ယခုနှစ်မိုးတွင်းကာလမှာ တုပ်ကွေးကာကွယ်ဆေး မထိုး လိုက်ရတဲ့သူတွေ🌧️
2️⃣မိုးတွင်းကာလမှာထိုးပြီးပေမဲ့ ဆောင်းတွင်းကာလရဲ့တုပ်ကွေးကိုပါ ထပ်ပြီးကာကွယ်ချင်တဲ့သူတွေအထူးသဖြင့်🚨
3️⃣နာတာရှည်ရောဂါအခံရှိတဲ့သူတွေ(ဥပမာ ဆီးချို‌၊သွေးတိုး၊နှလုံး၊ကျောက်ကပ်ဆိုင်ရာရောဂါ)⚠️
4️⃣ကိုယ်ခံအားနည်းတဲ့သူတွေ
5️⃣အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိတဲ့သူတွေ(ဥပမာ နာတာရှည်ပန်းနာရင်ကြပ်ရောဂါ)🫁
6️⃣အသက်အရွယ်ကြီးတဲ့သူတွေ👨🏾‍🦳
7️⃣ကလေးငယ်တွေ (အသက် ၆ လ ‌ကနေစပြီးထိုးလို့ရပါတယ်)👶
8️⃣ဆောင်းရာသီမှာတုပ်ကွေးပြင်းထန်တဲ့ ရာသီဥတုအေးတဲ့နိုင်ငံတွေမှာ ပညာတော်သင်သွားမယ့်ကျောင်းသားတွေ🧑‍🎓၊အလုပ်သွားလုပ်ကြမယ့်သူတွေ🧑‍🚒
9️⃣တုပ်ကွေးပိုး‌တွေနဲ့အမြဲနပန်းလုံးနေရတဲ့ကျန်းမာရေးဝန်ထမ်းတွေ 🧑‍⚕️
🔟လူစုလူဝေးတွေ အမြဲရှိနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေ ထိုးထားသင့်ပါတယ်ရှင့်🧑‍⚖️

💡ထို့အပြင်ယခု ကာကွယ်ဆေးလေးက Cell Culture Base ကာကွယ်ဆေးဖြစ်တာမို့တခြားတုပ်ကွေးကာကွယ်ဆေးနဲ့မတူပဲ
✅ကြက်ဥနဲ့ ဓါတ်မတည့်တဲ့သူတွေမှာထိုးနှံနိုင်ခြင်း
✅တာရှည်ခံ (သို့) ပဋိဇီဝပိုးသတ်ဆေးများ နဲ့ဓါတ်မတည့်တဲ့သူတွေမှာလည်းထိုးနှံနိုင်ခြင်း
✅ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးများလည်း အလွန်နည်းပါးခြင်း ဆိုတဲ့အားသာချက်တွေရှိနေခြင်းဖြစ်ပါတယ်။😉

မိတ်ဆွေတို့အားလုံး 👪ပျော်ရွှင်စရာဆောင်း‌တွင်းကာလလေးပိုင်ဆိုင်နိုင်ပါစေ လို့ SML Vaccine Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏

အသေးစိပ်သိရှိလိုပါက
📱09 784109385၊ 09 782019105
📱09 782019300၊ 09 782019114
📱09 782019025၊ 09 780162446
တို့ကို Hello သာလုပ်လိုက်ပါရှင့်။😁

Photos from SML All Healthcare Clinic's post 04/10/2023

Conjunctivitis 👁️ မျက်စိနာခြင်း

📌ဘယ်အချိန်မှာမျက်စိနာတာလဲ ❓
ဗိုင်းရပ်စ်၊ဘတ်တီးရီးယား၊မှို၊ကပ်ပါး၊ အစရှိသည့် ပိုးတွေကြောင့်ဖြစ်စေ၊မျက်စိကို ထိခိုက်မိလို့ပဲဖြစ်စေ၊ ဖုန်မှုန့်၊မီးခိုးငွေ့ အစရှိတဲ့ ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့ အရာတွေကြောင့် မျက်စိနာခြင်းကိုဖြစ်စေပါတယ်။
အခုတလောဖြစ်ပွားနေတဲ့ မျက်စိနာရောဂါက တစ်ယောက်နဲ့တစ်ယောက်ကူးစက်မြန်တာကြောင့် ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်တဲ့ Adenoviral Conjunctivitis ဖြစ်ဖို့များပါတယ်။

📌ဘယ်လိုကူးစက်နေတာလဲ ❓
👀အကြည့်ချင်းဆုံရင်ကူး ?(မဟုတ်ပါဘူး🙅❌) အဓိက က လက်ကိုရှောင်ရမှာပါ 🤲
လူနာအများစုက မျက်စိကို လက်(သို့)ပဝါ၊တစ်ရှူးနဲ့ခဏခဏပွတ်မိတက်ကြပါတယ်။သူတို့ရဲ့လက်(သို့)ပဝါ၊တစ်ရှူးကိုနည်းအမျိုးမျိုးနဲ့ တစ်ခြားတစ်ယောက်က ထိမိပြီး ကိုယ့်မျက်လုံးကိုယ်ပြန်ပွတ်မိတဲ့အခါကူးစက်နေကြတာပါ။(လူနာနှာချေ၊ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အမွှားတွေ မျက်လုံးထဲ တိုက်ရိုက်ရောက်တဲ့နည်းနဲ့လည်း ကူးစက်နိုင်ပါသေးတယ်)
အဲ့ဒါကြောင့်
👀 မျက်လုံးကို ခဏခဏ မပွတ်ပါနဲ့၊မကိုင်ပါနဲ့။
👀 မျက်စိနာနေတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်တာကိုရှောင်ပါ။
👀 မျက်နှာသုတ်ပဝါ၊‌တဘက် ခွဲသုံးပါ။
👀 လက်ကို မကြာခဏဆေးပေးပါ(သို့)Hand Sanitizer အသုံးပြုပါ။
👀 မျက်စိနာနေတဲ့သူကလည်း လူစုလူဝေးရှိတဲ့နေရာများကို မသွားသင့်ပါ။
👀 မျက်ကပ်မှန်ကိုလည်း မျက်စိနာနေစဉ်အတွင်းမှာ မတပ်သင့်ပါဘူး။

📌လက္ခဏာတွေကရော ❓
👁️မျက်စိ‌တွေ နီ၊ယား၊ မျက်ရည်ကျ၊ မျက်ချေးထွက်၊ မျက်လုံးထဲ တစ်ခုခုရှိသလို ခိုးလုခိုးလု ဖြစ်၊ မျက်စိတစ်ဖက်ဖြစ်ပြီး တစ်ရက်နှစ်ရက် အကြာမှာ တစ်ဖက် မျက်စိကို ကူးသွားခြင်းတို့ဖြစ်ပါတယ်။😎

📌ကုသနည်း‌တွေကရော❓
💦သန့်ရှင်းတဲ့ရေအေးဝတ် ကပ်ပေး၊အုပ်‌‌ပေးလို့ရပါတယ်။
🧊ရေခဲကို အဝတ်သန့်နဲ့ ပတ်ပြီးအုပ်ပေးလို့လည်းရပါတယ်။
(ရိုးရိုး သန့်ရှင်းတဲ့ ရေစိမ်ထားတဲ့အဝတ်နဲ့အုပ်လည်းရပါတယ်)
👁️ မျက်ရည်တု မျက်စဉ်း (၃-၄နာရီခြားပြီး)ခပ်ပေးလို့ရပါတယ်။
(ပိုးသတ်ဆေးပါတဲ့မျက်စဉ်းကိုတော့ ဆရာဝန်ညွှန်ခြားချက်ပါမှ ခပ်သင့်ပါတယ်)

📌ဘယ်အချိန်မှာ အရေးကြီးသလဲ❓
🦠ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ မျက်စိနာခြင်း‌ တွေက များသောအားဖြင့် အချိန်တစ်ခုရောက်ရင်သူ့ဟာသူပြန်ကောင်းပါတယ်။🚨ဒါပေမဲ့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး မျက်ဝတ်တွေက အဝါ‌ရောင်၊အစိမ်းရောင်ဖြစ်နေတဲ့အခါ၊အမြင်အာရုံကအရင်နဲ့မတူပဲပြောင်းလဲနေတဲ့ အခါတွေမှာ‌တော့ မျက်စိဆရာဝန်နဲ့ အမြန်‌ဆုံးပြသသင့်ပါတယ်။

အားလုံးကျန်းမာအဆင်ပြေပါစေ လို့
SML All Healthcare Clinic
မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

28/09/2023

📢📢ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်နေ့ (World Rabies Day) အထိမ်းအမှတ်ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာများ📢📢

🗨️သင်သိပါသလား?
ခွေးရူးပြန်ရောဂါပိုး(Rabies Virus) ကို ‌သွေး🩸နဲ့မစင်💩မှာ မတွေ့ရတတ်ပါဘူး။
ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးမှာအများဆုံးတွေ့ရပါတယ်။

🗨️သင်သိပါသလား?
ခွေးရူးပြန်ရောဂါဟာ တကမ္ဘာလုံး🌍မှာဖြစ်ပွားနိုင်ပေမဲ့ အန္တာတိ ကတိုက်(Antarctica)မှာ တော့ မတွေ့ရပါဘူး။

🗨️သင်သိပါသလား?
တိ‌လေးတွေ ကနေ လူဆီ ကိုက်မှပဲ ခွေးရူးပြန်ရောဂါပိုး ကူးစက်တာမဟုတ်ပဲ ကုတ်ခြစ်မိခြင်း၊လူ့ကိုယ်ပေါ်ရှိပေါက်ပြဲအနာပေါ်သို့ တိလေးတွေက လျှာဖြင့်လျက်ရင်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။

🗨️သင်သိပါသလား?
ခွေးရူးပြန်ရောဂါပိုးဟာ ခွေးလေးတွေ 🐶 ကြောင်လေးတွေ 😼 သာမက လင်းနို့၊မြေခွေး၊ခွေးအ၊ရက်ကွန်း အစရှိတဲ့ တိရစ္ဆာန်တွေကြောင့်လည်း ကူးစက်နိုင်ပါသေးတယ်။

🗨️သင်သိပါသလား?
🐭ကြွက်ကိုက်ခံရလို့ ခွေးရူးပြန်ရောဂါမဖြစ်ပွားနိုင်ပါဘူး။

🗨️သင်သိပါသလား?
အမေရိက မှာခွေးလေးတွေ ကြောင်‌ လေးတွေထက် လင်းနို့တွေကြောင့် ခွေးရူးပြန်ရောဂါဟာ ပိုမိုဖြစ်ပွားနေပါတယ်။ 🦇🦇🦇

🗨️သင်သိပါသလား?
‌ခွေးရူးပြန်ရောဂါပိုးဟာ ဦးနှောက်🧠 နဲ့အာရုံကြောအဖွဲ့အစည်းကို ပိုကြိုက်ပါတယ်။ အဲ့ဒါကြောင့် ဦးနှောက်နဲ့နီးတဲ့နေရာတွေမှာကိုက်ခံရရင် ရောဂါလက္ခဏာပို၍မြန်မြန်ပြတက်ပါတယ်။(ဦးနှောက်နဲ့ နီးတဲ့နေရာမဟုတ်ပေမဲ့လည်း ဒဏ်ရာကြီးရင်၊များရင်၊နက်ရင်လည်း ရောဂါလက္ခဏာစောစော ပြတက်ပါတယ်။ဤကားစကားချပ်😁)

🗨️သင်သိပါသလား?
‌ခွေးရူးပြန်ရောဂါခံစားနေရတဲ့ လူနာတချို့ဟာ ရေ💦💦ကို မြင်တာနဲ့အလွန်ကြောက်ပါတယ်😱။ဘာလို့လဲဆို‌တော့ လူနာက အစောပိုင်းမှာ ရေကိုသောက်တိုင်း လည်ပင်းနဲ့အာခေါင်မှာရှိတဲ့ကြွက်သားများဆုပ်ဆွဲမှုကြောင့် အလွန်နာကျင်လို့ နောက်ပိုင်းမှာ ရေကိုမြင်တာနဲ့ကြောက်လန့်နေခြင်းဖြစ်ပါတယ်။

🗨️သင်သိပါလား?
ခွေးရူးပြန်ရောဂါမှာ ကာကွယ်ဆေး💉💉ရှိပါတယ်🙋‍♀️။ခွေး/ကြောင် အကိုက်ခံ/အကုတ်ခံရပြီဆိုတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီ အကြိမ်ပြည့်ထိုးပြီး အပြည့်အဝကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးမထိုးလိုက်မိလို့ ရောဂါလက္ခဏာစပြလာပြီဆိုရင်လည်း😓 ကုသလို့မရဘဲ ၁၀၀% ရာနှုန်းပြည့် သေစေနိုင်ပါတယ်။💀💀

🗨️သင်သိပါသလား?
ခွေး/ကြောင် ကိုက်ခံ/ကုတ်ခံရပြီး ၂၄ နာရီကျော်သွားလည်းခွေးရူးပြန်ကာကွယ်ဆေးကိုထိုးလို့ရပါသေးတယ်။(စောနိုင်သမျှတော့စောစောထိုးလေကောင်းလေပါ 😎)

🗨️သင်သိပါသလား?
ခွေးရူးပြန်ကာကွယ်ဆေး(Anti rabies vaccine) ကို မကိုက်ခင်ကတည်းက ကြိုတင်၍ ထိုးနှံထားပါက တကယ်ကိုက်ခံရသောအခါ ဆေး ၂ ကြိမ် Booster ထိုးရန်သာလိုပြီး ခွေးရူးပြန်ရောဂါ အဆိပ်ဖြေဆေး RIG (Rabies Immunoglobulin)ကို ထပ်ထိုးဖို့မလိုအပ်တော့ပါဘူး။

🗨️သင်သိပါသလား
ခွေးရူးပြန်ရောဂါဆိုးကြီးကို ကာကွယ်ဖို့
SML All Healthcare Clinic မှာ မြန်မာ FDA အသိမှတ်ပြု 💯 ရာခိုင်နှုန်း အရည်အသွေးပြည့်မီသော Cold Chain စိတ်ချရသော WHO pre-qualified Vaccine ဖြစ်တဲ့ ChiroRab(Rabipur) ဆိုတဲ့ ခွေးရူးပြန်ကာကွယ်ဆေးရှိနေပါပြီရှင့် 🙋🏻‍♀️

ယခု ၁၇ ကြိမ်မြောက် ကျရောက်တဲ့ ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်နေ့ (World Rabies Day) မှာ မိဘပြည်သူများအားလုံး ‌ခွေးရူးပြန်ရောဂါအန္တရာယ်ဆိုးကြီးမှ ကင်းဝေးကြပါစေလို့ SML Vaccine Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။ 🙏🙏🙏
☎️ 09 782019105, 09782019300,
09782019114, 09782019025

14/09/2023

ကလေးဆီးချို နှင့် DKA အန္တရာယ်👩🏻‍⚕️

🔎ကလေးဆီးချို ဆိုတာဘာလဲ?

👩🏻‍⚕️ကလေးဆီးချို (type 1 diabetes) ဆိုတာ ကိုယ်ပိုင် immune စနစ်ကိုပြန်လည်တိုက်ခိုက်ပြီး၊ insulin ထုတ်ပေးသော ပန်ကရိယ (pancreas) ကိုပျက်စီးစေသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။

🔎ကလေး ဆီးချို ဖြစ်ပွါးမှု ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ?

👩🏻‍⚕️၅% မှ ၁၀% သော ဆီးချိုသွေးချို လူနာများသည် ကလေးဆီးချို လူနာများ ဖြစ်ကြပါတယ်။

🔎ကလေးဆီးချို ဘာ့ကြောင့်ဖြစ်သလဲ?

👩🏻‍⚕️ကလေး ဆီးချို ဘာ့ကြောင့် ဖြစ်သလဲဆိုတဲ့
တိကျသော ဇစ်မြစ်ဟာ ယခုထိ မည်သူမျှ တိတိကျကျ သက်သေမပြနိုင်သေးသော်လည်း၊ မျိုးရိုးဗီဇ (HLA DR and DQ) တို့နှင့် များစွာ ဆက်စပ်မှုရှိကြောင်း သုတေသီများက ဆိုကြပါတယ်။

🔎ကလေးဆီးချိုဟာ မျိုးရိုးလိုက် ဖြစ်တတ်သလား?

👩🏻‍⚕️မျိုးရိုး ဗီဇ အရ ဖြစ်တတ်သော ရောဂါတစ်ခု ဖြစ်သောကြောင့် မျိုးရိုးလိုက်တတ်ပါတယ်။ ထို့အပြင် ပန်ကရိယကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုး များကြောင့်လည်း ကလေးဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။

🔎ရောဂါစဖြစ်မှန်း သိသော ကနဦး လက္ခဏာများရှိပါသလား?

👩🏻‍⚕️၃ပုံ၁ပုံသော ကလေးဆီးချိုလူနာများဟာ လူကြီးဆီးချို (type 2 diabetes) ကဲ့သို့ ကနဦး လက္ခဏာများပြသလေ့မရှိဘဲ DKA အနေနဲ့သာ ရောဂါကို စတင်သိရှိကြတာ များပါတယ်။

🔎ကလေးဆီးချို ကို ဘယ်လိုကုသမလဲ?

👩🏻‍⚕️Continuous glucose monitoring (CGM) နဲ့ တစ်သက်တာလုံး glucose မှတ်သားရန်နှင့် insulin ထိုးဆေး ထိုးရန်လိုအပ်ပါတယ်။

🔎DKA ဆိုတာ ဘာလဲ?

👩🏻‍⚕️ကလေးဆီးချိုတွင် Insulin မလုံလောက်လျှင် DKA လို့ခေါ်သော ဆီးချိုအဆမတန်တတ်၍ ကီတုန်းနှင့်အက်စစ်ဓါတ်များသော အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ အချိန်မရွေးဖြစ်ပေါ်နိုင်ပါတယ်။

🔎ကလေးဆီးချိုရဲ့ နောက်ဆက်တွဲ DKA အရေးပေါ်အခြေအနေကို ဘယ်လို ကာကွယ်မလဲ?

👩🏻‍⚕️နေမကောင်းစဉ် ကုသမှုနည်းလမ်း (sick day rules) ကို ကလေးဆီးချို လူနာတိုင်း လိုက်နာခြင်းဖြင့် DKA ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) အစာမစားနိုင်လျှင်တောင် insulin ထိုးဆေးကို မရပ်သင့်ပါ။
(၂) နေမကောင်းလျှင် သွေးတွင်း glucose level ဘယ်လောက်ပဲဖြစ်ပါစေ ကီတုန်းကို တစ်နေ့ ၂နာရီ မှ ၄ နာရီကြား စစ်ဆေးသင့်ပါတယ်။
(၃) ရေများများသောက်ပါ။
(၄) သက်ဆိုင်ရာ ဆရာဝန် နှင့် စောစီးစွာ တိုင်ပင်ဆွေးနွေးပါ။

👩🏻‍⚕️ကလေးဆီးချို မှာ အဖြစ်များသော အသက်အန္တရာယ်ရှိသော DKA ကို စောစီးစွာ သိရှိ ကာကွယ်နိုင်ရန် သွေးတွင်းကီတုန်းတိုင်းနိုင်သော URight TD4279 စက်လေးကို ကလေးဆီးချိုလူနာတိုင်း ဆောင်ထားသင့်ကြောင်း ကျွမ်းကျင်အထူးကုဆရာဝန်များမှလည်း ညွှန်ကြားလျက်ရှိပါတယ်။

🎊ကီတုန်းစစ်ခြင်းဟာ ကလေးဆီးချိုအတွက် အသုံးဝင်ပုံတွေကို သိရှိပြီးလျှင် ဘယ်မှာ အလွယ် ဝယ်ယူလို့ရနိုင်မလဲ သိလိုသူများအတွက် ကျွန်မတို့ SML ရန်ကုန် နှင့် မန္တလေး တို့မှာ ဝယ်ယူရရှိနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ။

📯အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန် နံနက် ၉ နာရီမှ ၅ နာရီ အတွင်း ဆက်သွယ်မှာယူစုံစမ်းနိုင်ပါတယ်ရှင်။
၀၉ ၇၈၂၇၆၈၇၂၈၊ ၀၉ ၄၀၉၅၄၆၆၂၂

#ကလေးဆီးချို

; Lucier J, Weinstock RS. Type 1 Diabetes. [Updated 2023 Mar 3]. In: StatPearls [Internet]. Treasur

https://www.ncbi.nlm.nih.gov/books/NBK507713/

Sick day rules for children and young people with diabetes - Buckinghamshire ... https://www.buckshealthcare.nhs.uk/pifs/sick-day-guidelines-for-a-child-with-diabetes/

06/09/2023

URight TD4279 Multi-functional monitoring system🛎️

👀သွေးတွင်း ဂလူးကို့စ် (glucose)နဲ့ ကီတုန်း(ketone) အဖြေတို့ကို စက္ကန့်ပိုင်းအတွင်း သိနိုင်တဲ့ URight brand TD4279 multi-functional monitoring system စက်ကလေးနဲ့ ပတ်သက်ပြီး အသုံးပြုရလွယ်ကူလား သိချင်နေကျတဲ့ ချစ်မိတ်ဆွေများအတွက် Demonstration Video လေးကို မျှဝေပေးလိုက်ပါတယ်။🫶🏻

၇ မိနစ်စာ video ထဲမှာ အသုံးပြုပုံ အဆင့်ဆင့်ကိုပြည့်စုံစွာဖော်ပြပေးထားပါတယ်ရှင်။🎊
(၁)စက် setting ချိန်ပုံ
(၂)သွေးဖောက်ရန် ပြင်ဆင်ပုံ
(၃)သွေးမှ ကီတုန်း စစ်ပုံ
(၄)စက်မှ ကီတုန်းအဖြေဖတ်ပုံ
(၅)အသုံးပြုပြီး strip နှင့် အပ် စွန့်ပစ်ပုံ

🛍️🛒🎁အသေးစိတ်စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ်မှာယူ စုံစမ်းနိုင်ပါတယ်။👇🏻👇🏻👇🏻
၀၉၇၈၂၇၆၈၇၂၈၊ ၀၉၇၈၂၀၁၉၂၆၀၊၀၉၄၀၉၅၄၆၆၂၂

Photos from SML All Healthcare Clinic's post 21/08/2023

💡ဘယ်သူတွေ သွေးတွင်း ကီတုန်း (Ketone) စစ်သင့်သလဲ?

(၁)ဆီးချိုသွေးချိုရောဂါရှိသူ( အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုသွေးချို ရောဂါရှိသူ)

(၂)ကီတိုအစားအသောက်သုံးစွဲနေသူ (Keto Diet) သို့မဟုတ် Intermittent Fasting (IF) လုပ်နေသူ

(၃)Sodium-Glucose Cotransporter 2 (SGLT2 ) Inhibitors ဆေး သောက်သုံးနေရသူများ (eg. Dapagliflozin , Empagliflozin)

(၄) Fitness သမားများ

💡သွေးတွင်းကီတုန်းစစ်ရန် ဘာ့ကြောင့် အရေးကြီးသလဲ?

(၁) ဆီးချိုသွေးချိုသမားများ နေထိုင်မကောင်းစဉ် ပိုမိုအဖြစ်များသော Diabetic Ketoacidosis (DKA) အန္တရာယ်ကို စောစီးစွာ ကြိုတင်ကာကွယ်နိုင်ရန်။

(၂) Keto Diet စားသုံးနေရသူများ နှင့် Intermittent Fasting (IF) လုပ်နေသူများ ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းခြင်း ထိရောက်မှု ရှိမရှိ သိရှိနိုင်စေရန်။

(၃) SGLT2 inhibitors ဆေးသောက်သုံးသူများတွင် ဖြစ်ပေါ်တတ်သော Euglycemic Diabetic Ketoacidosis (EDKA) ကိုကာကွယ်နိုင်ရန်။

(၄) အားကစားစွမ်းဆောင်ရည် တွက်ချက်နိုင်ရန်။

💡DKA ဆိုတာဘာလဲ ?

DKA ဆိုတာ ခန္ဓာကိုယ်အတွင်း ဂလူးကို့စ်အသုံးပြုရန် အင်ဆူလင်မလုံလောက်ရာမှ အသည်းတွင်သိုလှောင်ထားသော အဆီကို အစားထိုးစွမ်းအင်အဖြစ် ဖြိုခွဲ၍ ထွက်ပေါ်လာသော ကီတုန်းပမာဏများပြားလာပြီး သွေးတွင်း အက်ဆစ်ဓါတ်များပြားလာတဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အရေးပေါ်အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

💡ဘယ်အချိန်မှာကီတုန်းစစ်သင့်သလဲ?

ဆီးချိုသွေးချို ရောဂါရှိသူများအတွက်
(၁)သွေးတွင်း ဂလူးကို့စ် 240 mg/dl (၂)ရက်ဆက်တိုက်ကျော်နေလျှင်
(၂)ဖျားနာနေစဉ် (သို့မဟုတ်) ခွဲစိတ်မှုခံယူနေရစဉ်
(၃)ကိုယ်ဝန်ဆောင်အမျိုးသမီးများ
(၄)အောက်ပါ လက္ခဏာများ ခံစားနေရလျှင်
-ရေအလွန်ငတ်ခြင်း
-မကြာခဏဆီးသွားခြင်း
-ပျို့အန်ခြင်း
-ဗိုက်အောင့်ခြင်း
-သစ်သီးရနံ့ ကီတို ခံတွင်းနံ့ရခြင်း
အခြေအနေများတွင် သွေးတွင်းကီတုန်းကို တစ်နေ့ ၄ နာရီမှ ၆နာရီခြား၍ စစ်ဆေးသင့်ကြောင်း American Diabetes Association မှလမ်းညွှန်ထားပါတယ်။

ဆီးချိုသွေးချိုရောဂါ မရှိသူများအတွက် Ketosis အခြေအနေကို သိရှိခြင်းဟာ မိမိခန္ဓာကိုယ်အတွင်း အဆီရဲ့လောင်ကျွမ်းမှု ဇီဝကမ္မဖြစ်စဉ်ကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။

💡ကီတုန်းကို ဘာ့ကြောင့် သွေးမှစစ်ဆေးရန် အရေးကြီးသလဲ?

Beta-hydroxybutyrate လို့ ခေါ်တဲ့ ကီတုန်းဟာ ကီတုန်းအမျိုးအစား (၃) မျိုးအနက် ခန္ဓာကိုယ်အတွင်းအများဆုံးရှိတာပဲဖြစ်ပါတယ်။

ကီတုန်းကို သွေး၊ ဆီး နဲ့ လေမှုတ်၍စစ်ခြင်း စတဲ့ နည်းလမ်း (၃) မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။

ဆီးမှ ကီတုန်းစစ်ခြင်းနဲ့ လေမှုတ်၍ကီတုန်းစစ်ခြင်းနည်းလမ်းများဟာ ခန္ဓာကိုယ်အတွင်း အနည်းငယ်သာရှိသော Acetoactate and Acetone ဆိုတဲ့ ကျန်အမျိုးအစား(၂)မျိုးကိုသာ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။

သွေးမှ ကီတုန်းစစ်ဆေးခြင်းဟာ ခန္ဓာကိုယ်အတွင်းအများဆုံးရှိတဲ့ ကီတုန်းပမာဏကို တိုင်းတာနိုင်တာ ဆိုတော့ ပိုမိုတိကျသေချာသော နည်းလမ်းပဲဖြစ်ပါတယ်။

💡သွေးတွင်း ကီတုန်း အဖြေဘယ်လို ဖတ်မလဲ ?
< 0.6mmol/L - Normal
0.6-1.0mmol/L - Slightly High

သင့်ခန္ဓာကိုယ်ထဲ ကီတုန်းစတင်များပြားလာသော အခြေအနေ
(ဆီးချိုသမားများအတွက် စတင်သတိပြုရမယ့်အဆင့်ပဲဖြစ်တယ်။ ပြန်လည်စစ်ဆေးမှု ပြုလုပ်၍ စောင့်ကြည့်သင့်သော ဂဏန်းပမာဏပဲ ဖြစ်ပါတယ်။)

1.0-3.0mmol/L - Moderately High
>3 mmol/L - Very High
(ဆီးချိုသမားများ အတွက် Moderate ကနေ Very High အခြေအနေတွေဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။)

Keto diet စားသုံးနေသူများနဲ့ intermittent fasting လုပ်နေသူများ အတွက် အသင့်တော်ဆုံးသော optimal nutritional ketosis range မှာ
0.5-3.0mmol/L ပဲ ဖြစ်ပါတယ်။

SML မှ URight blood ketone စက်အကြောင်း
📲အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
၀၉၇၈၂၇၆၈၇၂၈၊ ၀၉၇၈၂၀၁၉၀၁၇ သို့
ရုံးချိန်အတွင်း ဆက်သွယ်မှာယူ စုံစမ်းနိုင်ပါတယ်ရှင်။

19/08/2023

ကံကောင်းရင် SML မှာ ဆေးလာစစ်ရင်း ရည်းစားရသွားတာလည်း ဖြစ်နိုင်ပါတယ် 🤭 ။

SML ရဲ့ Heart to Health Couple Package ဟာ Couple Medical Checkup package လို့ လူသိများပေမယ့် အားသာချက်တစ်ခုက သင်တစ်ယောက်တည်းလည်း လာစစ်လို့ရတာပါပဲ။ 🤩

စုံတွဲတွေ အနေနဲ့ ကိုယ့်ရဲ့ Dating Relationship မှာ နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ်ဆိုရင် နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်သိထားရတာ Safe အဖြစ်ဆုံးပါပဲ။ 💞

အကယ်၍ ကိုယ်က တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီး၊ အပျိုကြီး (FA) ဖြစ်နေလို့ ဒါတွေဟာ ကိုယ်နဲ့ မဆိုင်ပါဘူးလို့ မတွေးလိူက်ပါနဲ့။
အခွင့်အရေးဆိုတာ ကြိုမမြင်နိုင်ပါဘူး😁။

ကိုယ် တစ်သက်လုံး စောင့်နေခဲ့ရတဲ့ ဖူးစာရှင်လေးဟာ SML မှာ Heart to Health package ကို တစ်ယောက်တည်း လာစစ်ရင်းနဲ့ ဆုံတွေ့ခဲ့တဲ့ သူလေးလည်း ဖြစ်နိုင်ပါသေးတယ်။ 😉

📆 သတင်းကောင်းတစ်ခုက Heart to Health Checkup Package Promotion Period လေးကို ချစ်တဲ့သူတွေ ပျော်ရွှင်စေဖို့ နောက်နှစ် ဝါမဝင်ခင်ကာလအထိ သက်တမ်းတိုးမြှင့်ပေးထားတာမို့ အဆင်ပြေဆုံးဖြစ်နေပါပီနော်။ 😊

ကဲ…ကိုယ့်လိုပဲ ကျန်းမာရေးအသိရှိပြီး ခေတ်မီတဲ့ လူနေမှုစတိုင်ရှိတဲ့ ချစ်သူလေးကို ဆုံတွေ့နိုင်ဖို့ အခုပဲ SML ရဲ့ Heart to Health Package လေး ဝယ်ပြီး အမြန်ဆုံး လာစစ်လိုက်တော့နော်! 👫👭👬

SML Medical & Diagnostic Centre
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🤳📱အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
09777002083
09740001377 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

SML Vaccine Clinic မှာ တုပ်ကွေးကာကွယ်ဆေးလာထိုးသွားတာ ဘယ်သူလေးပါလိမ့် 🤔မုတ်သုံဝင်တော့မယ်ဆိုတော့ မိုးတွေလည်း သည်းနေပြီ…မုတ...
မတိကျတဲ့ ဂဏန်းတွေနဲ့ စိတ်ညစ်ခံ နေဦးမှာလား ? 🤗ကိုယ်စားနေတဲ့ Ketogenic Diet တွေ 🥑🥗အစာစားချင်စိတ်ကို ထိန်းချုပ်ပြီးလုပ်နေရတ...
ကာတွန်းလေးကြည့် ကီတုန်းလေးဖြေ…ဖုန်းဘေလေးတွေလက်ဆောင်ယူကြပါစို့။အရင်ဆုံး ဒီ Post လေးကို Like & share လုပ်ပြီးရင် ဒီကာတွန်း...
"Ketone ကပြောပြနေတဲ့ ဆီးချိုရောဂါရဲ့ သတိပေးသံ" ခေါင်းစဉ်ဖြင့် ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ အထူးကုသမားတော်ကြီး ပါမေ...
Ketone (ကီတုန်း)ကပြောပြနေတဲ့ ဆီးချိုရောဂါရဲ့ သတိပေးသံ
အမျိုးသမီးတိုင်းကို ခြိမ်းခြောက်နေတဲ့ အသံတိတ်အိမ်မက်ဆိုးအကြောင်း သင်သိပြီးပြီလား??? ဒီအကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ...
URight TD4279 Multi-functional monitoring system အသုံးပြုပုံ ဗီဒီယို။

Category

Telephone

Website

Address


Shwegondaing Road
Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)