Opportunity U : Your Global Pathways
Nearby schools & colleges
Mau Pin Street
Ma U Pin Street
Nyaungtone Street
Nyaung Tone Street
Baho Road
Ma U Pin Street
Baho Road, Sanchaung
Chan That Street
Baho Road, Sanchaung
Phyar Pone Street
အခန်း၊ တိုက်အမှတ်(35)၊ ဖျာပုံလမ်း၊ စမ်းချောင်းမြို့နယ်
No. (56/58), Ma U Gone Street, Tamwe Township
You may also like
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Opportunity U : Your Global Pathways, Educational consultant, Yangon.
𝐎𝐮𝐫 𝐦𝐢𝐬𝐬𝐢𝐨𝐧: to inspire, empower and equip people with skills and tools for developing themselves, and their communities, and to educate youth with language, teamwork, effective leadership, employability, and entrepreneurship skills.
🗺️ နိုင်ငံတကာကို ပိုက်ဆံအများကြီးမကုန်ပဲ Budget Trip လေးသွားလို့ရတယ်ဆိုရင် စိတ်ဝင်စားကြလား?
🔍 ဒီနေ့ Website လေးတစ်ခု Sharing လုပ်ပေးချင်လို့ပါ။ သူက Culture exchange သဘောမျိုးလေး ၊ နိုင်ငံအသီးသီးမှာ ဒီ program ရှိတယ်။ ကိုယ်သွားလည်ချင်တဲ့ နိုင်ငံရဲ့ သက်ဆိုင်ရာ Host ရှာရမှာပါ။ ကိုယ်က ပြင်သစ်ကို သွားလည်ချင်တဲ့သူဆိုတော့ ပြင်သစ် Host ကိုရှာရမှာပေါ့နော်
📌ကိုယ်ကသူတို့ဆီမှာ Volunteer သဘောအနေနဲ့သွားအလုပ်လုပ်ပေးတာ တစ်ပတ်ကို ၂၅နာရီလောက်တော့ လုပ်ပေးရမယ်။ အပြန်အလှန်အနေနဲ့ သူတို့က နေစရာအလကားပြန်ပေးတယ် ၊ ထမင်းတစ်နေ့သုံးနပ်ကျွေးတယ် ၊ Wifi လည်း တချို့ Host တွေဆီမှာ Free ပေးထားတယ် ။
📝အလုပ်တွေကတော့ အစုံပါပဲ ၊ ကိုယ်နေတဲ့ Local Homestay မှာပဲ အလုပ်ပြန်လုပ်ပေးရတာ ၊ မြင်းထိန်းပေးရတာ ၊ ကလေးထိန်းရတာ ၊ ဟင်းချက်ပေးရတာ ၊ စာသင်ပေးရတာ၊ TV ထဲမှာမြင်ဖူးသလို လယ်ကွင်းထဲမှာ အလုပ်ကူလုပ်ပေးရတာမျိုးတွေပါ။
🍀 Culture exchange ဆိုတော့ သူတို့နိုင်ငံမှာရှိတဲ့ ကိုယ်လည်းလေ့လာလို့ရနိုင်မယ့် အလုပ်တစ်ခုခုပဲ ဖြစ်ပါတယ်။ ကိုယ်တတ်ထားသမျှ ပညာရပ်တစ်ခုခုက ဒီ Program မှာ အသုံးတည့်နိုင်ပါတယ် ။ ဘာအလုပ်လုပ်ရမလဲဆိုတာတော့ Host ရဲ့ Profile မှာရေးထားပါတယ်၊ မသွားခင် ကိုယ့်ရဲ့ Host နဲ့ သေချာဆက်သွယ်ပြီး နှိုက်နှိုက်ခြွက်ခြွက် မေးကြည့်စေချင်ပါတယ်။
💸တစ်ချို့ Host တွေဆိုရင် သူတို့နိုင်ငံရဲ့သတ်မှတ်ထားတဲ့ Minimum wages တွေတောင်ပေးပါသေးတယ် ။ ဒါပေမယ့် ဒါက part of the program မဟုတ်တဲ့အတွက် အကုန်လုံးမှာတော့ မပေးပါဘူး။ Host တွေကတော့ ကမ္ဘာတစ်ဝှမ်းက family လေးတွေလည်း ရှိသလို၊ စီးပွါးရေးလုပ်ငန်းရှင်တချို့လည်း ပါပါတယ်။
🤗 ဒီ program လေးက ကမ္ဘာအနှံ့ကလူတွေ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မိပြီး culture exchange တွေ ဝေမျှမယ် အပြန်အလှန်အနေနဲ့ ကိုယ်ရွေးလိုက်တဲ့ နိုင်ငံအတွင်းက အကူအညီလိုအပ်တဲ့ နေရာတစ်နေရာမှာ ပါဝင်ကူညီအားဖြည့်ပေးမယ်ဆိုတာမျိုးလေးပါ။
‼️ပြီးတော့ ဒီ program က UN ကပြုလုပ်ထားတဲ့ Sustainable Development Goals (SDG ) ကိုလည်း Support လုပ်ပါသေးတယ်။ SDG ကို NGOs တွေစိတ်ဝင်စားတဲ့သူဆို သိကြမယ်ထင်ပါတယ် ။ Hosts တွေကို SDG ရဲ့ goals 17ခုထဲက တစ်ခုကို ရွေးခိုင်းထားပြီး ဒီ volunteering ကနေတစ်ဆင့် အကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်ခိုင်းထားတယ်ဆိုတော့ program လေးကို Join ရတာ အကျိုးရှိပါတယ်။
အောက်မှာ webiste မှာရှိတဲ့ပြင်သစ်က Host တစ်ယောက်ရဲ့ Profile ကိုနမူနာ ပြောပြထားပေးတယ် ။ Website လေးရဲ့ နာမည်က Workaway.info လို့ခေါ်ပါတယ် ✨
https://www.workaway.info/en/host/15914195564a
ကိုယ်ကစိတ်ဝင်စားတယ်ဆိုရင် ကိုယ်ရွေးချယ်မယ့် host ရဲ့ feedbackတွေ reference တွေကို သေချာစစ်ကြည့်ပေးဖို့တော့ သတိပေးချင်ပါတယ်နော် 🚨
ခုလို ငွေစျေးတွေ တက်နေတဲ့အချိန် နိုင်ငံတကာကို ခရီးသွားချင်တဲ့သူတွေ Backpacking နဲ့ Home Stay နေပြီး cultural experiences စိတ်ဝင်စားတဲ့သူတွေ SDGs နဲ့ပတ်သတ်ပြီး Volunteering လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဒီ Website လေးက အသုံးဝင်ပြီး သဘောကျဖို့ မျှော်လင့်ပါတယ် 🍀
📣 𝐘𝐨𝐮𝐫 𝐅𝐫𝐞𝐧𝐜𝐡-𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐀𝐝𝐯𝐢𝐬𝐨𝐫 🇫🇷 🇨🇦
အမေးများနေကြတဲ့ ပြင်သစ်နဲ့ ကနေဒါဘက်ကို ကျောင်းရွေးပေး ကျောင်းလျှောက်ပေးတဲ့ ဝန်ဆောင်မှုလေးကိုပါ ထပ်တိုးဝန်ဆောင်မှုပေးနေပါပြီနော် 💁🏻♀️
🛫 ပြင်သစ် နဲ့ ကနေဒါမှာ ကျောင်းသွားတက်ချင်တယ် ကျောင်းလျှောက်တဲ့အပိုင်းနဲ့ ပတ်သတ်ပြီး အတွေ့အကြုံလည်း မရှိလို့ ဘယ်ကနေစရမှန်းမသိပဲ အခက်တွေ့နေတယ် ကျောင်းရွေးတဲ့နေရာမှာလည်း ကျောင်းလခသက်သာပြီး ကိုယ်တက်ချင်တဲ့ Major အတွက် Ranking ကောင်းတဲ့ ကျောင်းရွေးဖို့အတွက် Self-Research လုပ်ဖို့ အချိန်အများကြီး မယူချင်ဘူး အချိန်မပေးနိုင်ဘူး ဆိုရင်တော့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီး ပြင်သစ် ကနေဒါ ပညာရေးအတွက် သေချာဆွေးနွေးတိုင်ပင်ပေးမဲ့ Your French Teachers ရဲ့ French-Canadian Education Advisor နဲ့ မိမိပညာရေးအတွက် Consultation ယူလို့ရနေပါပြီနော်
Service Fees ကိုလည်း အတက်နိုင်ဆုံး Affordable ဖြစ်အောင် စီစဉ်ပေးထားပြီး Your French Teachers ရဲ့ ကျောင်းသားတွေအတွက် သီးသန့် YFT Student Special Fees လေးလည်း ရှိပါတယ်နော်
ကျောင်းဘက်က ဝန်ဆောင်မှုပေးမှာတွေကတော့
✅ Education Advisor နှင့် အခမဲ့ မိနစ် ၃၀ စာ ဆွေးနွေးခွင့်
✅ ကျောင်းသားနှင့်အတူ အသင့်တော်ဆုံး ကျောင်းအား ရွေးခြယ်ပေးခြင်း
✅ ကျောင်းလျှောက်သည့် ဝန်ဆောင်မှုပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်
📨 စိတ်ဝင်စားတဲ့သူလေးတွေအနေနဲ့ ကျောင်းရဲ့ Page Chatbox မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်
Page လေးကို Like & Follow လေးလုပ်ထားပြီး စောင့်ကြည့်ပေးကြအုံးနော် 🤗
မိမိနိုင်ငံခြားမှာတက်မယ့် Universityကို ဘယ်လိုရှာဖွေရွေးချယ်စစ်ဆေးရမလဲ
ကမ္ဘာပေါ်က universityပေါင်း သောင်းကျော်ရှိတဲ့အနက် မိမိတက်မယ့်တစ်ခုတည်းသောတက္ကသိုလ်ကို ရွေးချယ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တော့မဟုတ်ပါဘူး။ Google မှာ တွေ့မိတွေ့ရာ ကျောင်းတွေ ရှာဖွေနေရာကနေ မိမိနဲ့ ကိုက်ညီနိုင်မယ့် ၁၀ကျောင်း၊ အဲ့ထဲကမှ ၁ ကျောင်းကို ရွေးချယ်နိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။
နိုင်ငံခြားမှာတက်ဖို့အတွက် ဘယ်Uniလေးဘယ်ကျောင်းလေးကတော့ တက်သင့်တယ် ဘယ်ကျောင်းလေးကတော့မတက်သင့်ဘူး။ ကိုက်ညီတယ် အဆင်ပြေတယ်။ ဒီလိုမျိုး ဘယ်လိုဝေခွဲရမလဲ။ မဆုံးဖြတ်ခင်မှာ ကိုယ့်အကြောင်းကိုယ်သိထားဖို့လိုအပ်ပါတယ်။
✨✨ကိုယ်က Budget ဘယ်လောက်သုံးနိုင်တဲ့သူလဲ။ ✨✨
တစ်နှစ်ကို USD 10000လား 5000လား၊ အလုပ်လုပ်ရင်း ပိုက်ဆံရှာဖို့ကိုတွက်မထားပါနဲ့ဦး အိမ်ကနေပြီးတော့လုံးလုံးထောက်ပံ့တာပဲယူမယ်ဆိုတဲ့အခြေအနေနဲ့ပဲစဥ်းစားပါ။ နိုင်ငံတိုင်းpart timeလုပ်လို့မရပါဘူး။ Part timeအလုပ် သေချာပေါက်ရမယ်လို့ အာမမခံပါဘူး။ ရခဲ့ရင်တောင် နောက်ထပ်ကုန်မယ့်အရာအတွက် ပိုပြီးကုန်ကျဖို့ရှိဦးမှာပါ။
✨✨ကိုယ့်ဆီမှာ ဘာQualificationတွေရှိလဲ။ ✨✨
👌 GED, G-12, ဆယ်တန်းစနစ်ဟောင်း၊ O level၊ A level,HND စတဲ့diplomaတစ်ခုချင်းစီပေါ်မူတည်ပြီးတော့ တက်လို့ရတဲ့ကျောင်း ရွေးလို့ရတဲ့courseဆိုတာကွာသွားပါတယ်။ IELTS၊ SAT၊ Duolingoစတဲ့ english testတွေကတော့ သက်သက်ပြင်ဆင်ရမှာမို့လို့ အချိန်ပေးထားဖို့တော့လိုအပ်တယ်။
🧎🏼♀️ ကိုယ်ပေးနိုင်တဲ့qualification ကိုလက်ခံတယ်ဆိုရင်တောင် သူတို့ဆီက minimum requirement(အနိမ့်ဆုံးရှိရမယ့်အမှတ်)ရှိထားဖို့လိုအပ်ပါတယ်။ မရှိရင်တော့ ချိန်ဆပြီးတော့ ထပ်တက်သင့်တာတက် ပြင်ဆင်သင့်တာပြင်ဆင်ရပါမယ်။
✨✨ကိုယ်က ဘယ်နိုင်ငံတွေကိုစဥ်းစားထားလဲ။✨✨�
🙎🏻♂️ ကိုယ်က ပြည်တွင်းပဲပြန်လာမှာလား၊ (Canada, US, UK, Europe, Thai, Korea စတဲ့နိုင်ငံတွေထဲမှာ သွားချင်တဲ့နိုင်ငံဆိုတာမျိုးရှိလား။ Budgetကြောင့်ပဲဖြစ်ဖြစ် ကိုယ့်မိဘရဲ့အလုပ် ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းစတဲ့သူတွေရှိလို့ပဲဖြစ်ဖြစ် ရွေးချယ်ရတဲ့နေရာမှာinfluenceဖြစ်သွားပါတယ်။
💃🏼 ဘာနှောင်ကြိုးမှမရှိဘူး ဘာfilterမှမရှိဘူးဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ပေါ့။ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့အုပ်ချုပ်ရေးပုံစံ၊ မြို့တစ်ခုစီရဲ့Time zone၊ လူနေမှုအသိုင်းအဝိုင်းနဲ့ ရာသီဥတုက မတူညီပါဘူး။ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
✨✨ကိုယ်က ဘာmajorတက်ချင်တာလဲ။ ✨✨
👩🏽🚀 IT၊ Architecture၊ Medical၊ Nursing၊ Businessအစရှိတဲ့fieldတွေထဲက ယေဘူယျအားဖြင့် ဘယ်fieldကိုတော့ အကြိုက်ဆုံးဖြစ်တယ်။ ဘယ်fieldကိုတော့သွားချင်ရင်သွားလို့ရတယ်။ ဘယ်fieldကတော့ လုံးဝNoပဲ။
🌞 ကျနော်ဆိုရင်တော့ ဘာfieldမှကိုမကြိုက်သလို ဝါသနာလဲမပါဘူး။ ဒီတော့ 100%မကြိုက်ရင်နေ ဆိုပြီး အကြိုက်နိုင်ဆုံးတွေထဲက Architectureကိုရွေးချယ်လိုက်တာပါ။ ဆေးပညာဆိုရင်တော့လုံးဝ No။ အဲ့လိုပေါ့။
✨✨ကိုယ့်မှာအချိန်ဘယ်လောက်ရလဲ။ ✨✨
🧸 ကိုယ်က အစောဆုံးintakeနဲ့မြန်မြန်ထွက်ချင်တဲ့သူလား၊ မြန်မြန်ထွက်ချင်တဲ့သူဆိုရင်တော့ ကျောင်းလဲကောင်းချင်မှကောင်းမယ်။ ပိုကုန်ချင်ကုန်လိမ့်မယ်။ ပြည်တွင်းမှာမရုန်းကန်ရဘဲ ပြည်ပမှာတင် Highschoolတွေတက်ရလိုက်၊ Language schoolတက်ရလိုက်၊ Foundationတက်ရလိုက်နဲ့တော့ဖြစ်ကောင်းဖြစ်နိုင်မယ်။
🎈 ဒါမှမဟုတ် ပြင်ဆင်ချိန်နဲနဲရင်းပြီး ပိုကောင်းတဲ့အရာကို သွားချင်လား၊ အခြေအနေပေါ်မူတည်ပြီး ပြင်ဆင်ချိန် ၆လ ၁နှစ် ၁နှစ်ခွဲပေးလိုက်ရုံနဲ့တင် Universityတန်းပြီးjoinလို့ရမယ်။ အရင်အခြေအနေထက်ပိုပြီးလဲ ရွေးစရာပိုများမယ်။ ဒါဆိုရင်ကော။
✨✨နိုင်ငံခြားထွက်တာ ဘာအတွက်လဲ ✨✨
🌺 ကျောင်းတက်ဖို့လား ဒါမှမဟုတ် နိုင်ငံရေးအခြေအနေမကောင်းတော့လို့ အလွယ်ကူဆုံးနည်းလမ်းအသက်သာဆုံးနဲ့ နိုင်ငံခြားထွက်ချင်ရုံပဲလား။ ကျောင်းတက်ဖို့သွားမယ့်သူတစ်ယောက်အတွက် ကုန်ကျစရိတ်တော့အရင်းခံသင့်ရင်ခံရမယ် အချိန်တွေ qualificationတွေ ပိုပြီးတော့တောင်းဆိုနိုင်တယ်။
🌳 အသက်အသာအလွယ်ကူဆုံး ထွက်ချင်တဲ့သူတစ်ယောက်အတွက်တော့ Uniရွေးချယ်မှုက အရေးမကြီးတော့ဘူး။ visaမထိခိုက်ရုံ ကိုယ့်နိုင်ငံကိုယ်ပြန်အပို့မခံရရုံ ကျောင်းတက်မယ်။ အလုပ်လုပ်မယ်။ သွားမယ့်နိုင်ငံတောင်အရေးကြီးချင်မှကြီးတော့မယ်။
နောက်တစ်ခုက Mastersလား Bachelorsလား PhDလား
➰➰➰➰➰
စဉ်းစားပြီးပြီလား
ယေဘူယျကြိုစဥ်းစားကြည့်ထားပြီးမှ ရွေးချယ်တဲ့ဖို့စဥ်းစားတဲ့အခါ အာရုံနောက်တကယ်သက်သာပါလိမ့််မယ်။ မဟုတ်ရင် food pandaကမုန့်မှာနေသလိုပါပဲ။ ရွေးစရာပေါင်းများစွာကြား ခေါင်းမူးရုံကလွဲဘာအကျိုးမှမထူးပါဘူး။ ဘာမှလဲသိမသွားပါဘူး။
✨✨ကျောင်းဘယ်လိုရှာဖွေရမလဲ။✨✨
🛫 QS World Rankingလို့ရှာဖွေကြည့်ပါ။ အဲ့ထဲမှာမှ Universityတွေပေါင်းများစွာရှိပါတယ်။ အရမ်းအဆင့်နည်းနေတဲ့ နိုင်ငံခြားကprivate universityတို့ နာမည်မကြီးတဲ့ ကျောင်းတွေတို့တော့မရှိပါဘူး။ သို့ပေမယ့် ပြည်ပကျောင်းတက်မယ်လို့ စဥ်းစားတဲ့သူတိုင်းတက်ချင်မယ့် တက်နေကြတဲ့ကျောင်းတွေတော့ပါကြပါတယ်။
Websiteထဲကိုမွှေနှောက်ကြည့်တဲ့အခါ
☘️ QS ranking by subject(ဘာသာရပ်အလိုက် Ranking)
☘️ QS world university ranking ဆိုပြီးတော့ 2025,2024,…စတဲ့ ခုနှစ်အလိုက်ရှိပါတယ်။
အဲ့ထဲမှာ Universityတွေရဲ့အကြောင်းတွေကိုဖတ်ကြည့်လို့ရပါတယ်။
💡ဆိုပါစို့Oxford brookes qs world rankingလို့ကျနော်ရှာလိုက်တဲ့အခါ
🌱 Oxford Brookes ရဲ့တစ်ကမ္ဘာလုံးဆိုင်ရာrankingက #416 ရှိပါတယ်။
🍀 Undergraduate programပေါင်း 182ခု၊ postgraduate programsပေါင်း 128ခုရှိတယ်။
🌳 ကျောင်းလခ 15,000 ပေါင်လောက်တော့တစ်နှစ်ကိုပျမ်းမျှရှိတယ်။
🌵 ကျောင်းက Offerတဲ့course နာမည်တွေ၊ ပျမ်းမျှအားဖြင့် ကျောင်းကနေတောင်းဆိုလောက်မယ့် အမှတ်တွေအကြောင်းပါတယ်။ IELTSဆို 6+. GPAဆို 3+, SATဆို 1250+စသဖြင့်ပေါ့။
🌴 ဒီကျောင်းရဲ့ရှိနေတဲ့ ခုနှစ်အလိုက်အဆင့်သတ်မှတ်ချက်တွေ၊ ကျောင်းရဲ့Campusတွေအကြောင်း၊ ကျောင်းရဲ့ဓာတ်ပုံတွေ စတာတွေကြည့်လို့ရတယ်။
ပိုမိုသိချင်တာရှိတယ် ကိုယ်တက်ချင်တဲ့courseလဲရှိတယ်ဆို ဒီကျောင်းရဲ့websiteမှာအပြည့်အစုံဝင်ကြည့်လို့ရပါတယ်။ ဒီဘက်ကကျောင်းတွေရဲ့ websiteတွေက ရန်ကုန်ကလိုမျိုးမဟုတ်ပါဘူး။ နေ့စဥ်နဲ့တကွupdateလုပ်နေပြီးတော့ staffတွေကော ကျောင်းသားတွေပါ အသုံးပြုမြဲပြုနေတဲ့ websiteတွေမို့လို့ လိုချင်တဲ့detailတွေအပြည့်အစုံရှိပါတယ်။
ထပ်သိချင်သေးရင်တော့ ကျောင်းရဲ့ admission emailကိုmailပို့ပြီးမေးကြည့်ပါ။ မသက်ဆိုင်တဲ့အပြင်သူတွေကို မေးတာထက် ပိုပြီးတော့ တိတိကျကျသိရပါတယ်။
✨✨ရွေးချယ်မှု ✨✨
👶 ကိုယ်တက်ချင်တဲ့major၊ ကိုယ်တက်ချင်တဲ့နိုင်ငံ၊ ကိုယ်တက်ချင်တဲ့ ကျောင်းနဲ့ နိုင်ငံရဲ့ပျမ်းမျှbudget၊ အချိန်တွေနဲ့ဆက်စပ်ပြီး ဇကာတင် ကျောင်းတွေထွက်သထက်ထွက်လာအောင် ထုတ်လိုက်လို့ရပါတယ်။ အရမ်းperfectဖြစ်ဖို့မလိုပါဘူး။ ထမင်းစားရေသောက်နေသလိုပဲ စိတ်လေးအေးအေးဆေးဆေးနဲ့ စိတ်ရှည်ရှည်နဲ့ရှာဖွေပါ။
💡ကျနော့်ရဲ့ မတိုင်ခင်အခြေအနေက
🦈 မြန်မာကျောင်းတက်ရင်းနဲ့ ကျောင်းက စစ်အာဏာသိမ်းမှုကော ကိုဗစ်ကြောင့်ပါပိတ်သွားတော့ရပ်ထားရသလိုဖြစ်သွားတယ်။ ဒီတော့ UKတို့ကနေဒါတို့လို နိုင်ငံထွက်ချင်ရင် သေချာပေါက် foundationခံဖို့လိုတယ်။ ဒီတော့OSSDတက်တယ်။
🦕 ကောင်းတဲ့ကျောင်းတက်ချင်တယ် ငွေကြေးကတော့ တစ်နှစ်ကို £15000-£20000 အရင်ဆုံးရှာတယ်။ ဒီထက်များရင်တော့ပိုကောင်းတာရတာပေါ့။
🐋 မဖြစ်မနေFoundation courseတစ်ခုက တက်သွားရမှာပဲမို့ အချိန်ကတော့ အဲ့courseပြီး အနီးစပ်ဆုံး intakeပေါ့။ ကျနော့်အတွက် 2022 septemberကနေ 2023 May လောက်ထိ ၈လတာ OSSDတက်၊ဒါဆိုရင်တော့ အဲ့နှစ်အတွင်းက နိုင်ငံခြားuniတွေရဲ့intakeမီတယ် အဲ့လိုပေါ့။
✨✨နောက်တစ်ဆင့် လိုအပ်ချက်တွေ ကိုယ်နဲ့ပတ်သက်တဲ့patternတွေသိရှိလာမှု✨✨
ကိုယ့်အခြေအနေကိုယ်လဲ သုံးသပ်မိလာပြီးတော့ စဥ်းစားထားတဲ့အရာတွေထဲ ဒါလေးကတော့ဖြစ်နိုင်တယ် ဒါလေးကတော့ ပြင်ဆင်ရမယ် ဒါလေးကတော့ရွေးမှရမယ် ဒါလေးကတော့ရင်းရမယ် စသဖြင့် ချင့်ချိန်မိလာမယ်။
🐵 “ငါတတ်နိုင်တဲ့budgetနဲ့ဆိုရင် ဒီနိုင်ငံက လုံးဝလက်လှမ်းမမီနိုင်တဲ့အတွက် ငါလက်လွှတ်မှရတော့မယ်”
🐒 “ချက်ချင်းနိုင်ငံခြားထွက်ချင်ပေမယ့် အချိန်ခဏလေးစောင့်ပြီး A levelပြင်ဆင်ပြီးမှထွက်လိုက်တာက Universityတွေအများကြီးရွေးလို့ရသွားမှာမို့ ငါပြင်ဆင်ရမယ်။”
🙊 “ငါ့မှာရှိတဲ့ Qualificationက ကျောင်းကောင်းတွေလက်ခံနိုင်တဲ့အခြေအနေမဟုတ်လို့ ငါထပ်ဖြေရမယ်။”
ဒီလောက်ဆို တဖြည်းဖြည်းနဲ့ရွေးစရာတွေက နည်းသထက်နည်းသွားလိမ့်မယ်။ ဒီအချိန်မှာအလုပ်သင့်ဆုံးက -
🦙 - Requirement ပြည့်မီဖို့အတွက် ပြင်ဆင်မှုတွေသိလာမယ်။ လိုအပ်သလိုလုပ်ရမယ်။ ဥပမာ IELTS, Foundation,…
🐑 - ဒီကျောင်းတွေ ဒီနိုင်ငံတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကို researchရမယ်။ အထူးသဖြင့် မြန်မာနိုင်ငံကကျောင်းသားတွေနဲ့ပတ်သက်တဲ့အကြောင်းတွေ( Agent, visa requirement, visa interview,…)
🐏 - ဒီခြေလှမ်းနဲ့ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန်ကူညီပေးနိုင်မယ့် Agent သို့မဟုတ် ကျောင်း။
ရှာချင်ရင်တော့ Youtubeဖြစ်စေ Facebookဖြစ်စေ ရှာကြည့်နိုင်ပါတယ်။ ကိုယ်ရှာကြည့်မယ့်နေရာကတော့ ခိုင်မာတိကျသေချာတဲ့ စစ်မှန်တဲ့နေရာလေးတော့ဖြစ်ဖို့လိုတယ်။ ကျနော်ဆိုလိုတာက
⚠️ မသိမသာကြော်ညာထားတဲ့postတွေ၊
⚠️ ကျောင်းနဲ့agentအယောင်ဆောင် pageတွေ၊
⚠️ ကိုယ်နဲ့serviceလုပ်စေချင်လို့ ကျောင်းတက်စေချင်လို့ ဆွယ်ကြမယ့်agentတွေ၊
⚠️ ကိုယ့်ကို ကျောင်းတက်စေချင်လို့ ရှင်းပြပေးကြမယ့် ကျောင်းတွေ မဖြစ်ဖို့လိုတယ်။ မဟုတ်ရင်တော့ fake dataတွေနဲ့ ဖြစ်နေမှာပါ။ ဘယ်သူမှတော့ သိသိသာသာမလုပ်ကြဘူး. မသိမသာလေးပါ.
တကယ့်အခြေအနေနဲ့ ကျောင်းတက်စေချင်လို့ အသားပေးပြောပြတဲ့အရာတွေက ကွာပါတယ်။
✨✨ကျောင်းဘယ်လိုလျှောက်ကြလဲ။ ✨✨
🪹 ကျောင်းကို ကိုယ့်ဟာကိုယ်ရှာဖွေနိုင်သလို နီးစပ်ရာagentကနေတစ်ဆင့်လဲလျှောက်လို့ရပါတယ်။ ကိုယ့်ဟာကိုယ်လျှောက်ရင်တော့ တပြားမှမကုန်နိုင်ပေမယ့် agentနဲ့လျှောက်ရင်တော့ ကျောင်းအရေအတွက်၊ serviceယူတဲ့ ပမာဏ(ကျောင်းကိစ္စရှာဖွေရုံလား ကျောင်းပါတက်မှာလား visaပါလျှောက်မှာလား) ပေါ်မူတည်ပြီး ဒေါ်လာရာဂဏန်းလောက်ပေးရပါလိမ့်မယ်။
🪺 အတွေ့အကြုံနဲ့လုပ်ပေးနိုင်တဲ့ အာမခံပေးနိုင်တဲ့ကိစ္စတွေကြောင့် ဒီငွေပေးရတာမျိုးပါ။ လုပ်သင့်တာထက်ပိုပြီး အကုန်ပြန်ပြီး follow upလုပ်နေရမယ်၊ ကိုယ့်ဟာကိုယ်လုပ်နေရတာနဲ့ဘာမှမထူးခြားဘူးဆိုရင်တော့ အဆင်မပြေပါဘူး။ This isn’t normal။ �
🍄 လျှောက်ဖို့အတွက် လျှောက်ခသွင်းရတဲ့ ကျောင်းတွေ websiteတွေရှိပါတယ်။ UKဆို UCAS.com Canadaဆို OUAC ဒီအတွက် အဖိုးအခတော့ပေးချင်ရင်ပေးရလောက်တယ်။ အဲ့ကျရင်တော့ ကိုယ်ကသာdocumentစုံပါစေ အကုန်လုံးသိပ်လွယ်ကူပါတယ်။ ကျောင်းတွေက ကျောင်းသားပေါင်း သောင်းချီနဲ့ဆက်ဆံနေရတာမို့ ချက်ချင်းemail replyလုပ်ချင်မှလုပ်တယ်။ ဒီအတွက် ဖုန်းဆက်သင့်ရင်လဲဆက်ရပါမယ်။ စိတ်မပူပါနဲ့ အကုန်လုံးကူညီပေးကြမယ့်သူတွေပါ။
✨✨ဒီကိစ္စတွေ ဘယ်သူ့မေးမြန်းရမလဲ✨✨
🪨 Agentကနေတစ်ဆင့်ကြားရတဲ့သတင်းတွေ ဟောပြောပွဲတွေဆီက ကြားရတဲ့သတင်းတွေထက် ကျောင်းတိုက်ရိုက်မေးမြန်းတာဖြစ်စေ ကျောင်းwebsiteကနေရှာဖွေလိုက်တာဖြစ်စေ ပိုပြီးတော့မှန်ကန်နိုင်ပါတယ်။ ကိုယ့်agentက သေသေချာချာကူညီပေးတတ်တဲ့သူဆိုရင်တော့ Life is a lot easierပါ။ Treat her well! သေချာဂရုစိုက်ပေးတဲ့agentတစ်ယောက်ရှိတဲ့သူက အာရုံနောက်သိပ်သက်သာပါတယ်။
ဒီတော့ Google ကနေ တစ်ကမ္ဘာလုံးက ကျောင်းတွေကို ရမ်းရှာရုံအဆင့်ကနေ အနာဂတ်မှာကိုယ်တကယ်တက်နေမယ့်ကျောင်းတွေအထိ ရွေးချယ်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။
💡Tips💡
🕊️ - ခေါင်းထဲအရမ်းမထည့်ပါနဲ့ သူ့ဟာနဲ့သူ အဆင်ပြေတော့ပြေသွားမှာပါဆိုတာကို တပ်အပ်ပြောနိုင်ပါတယ်။
🦝 - မိဘတွေကော သားသမီးတွေပါ အတူတူပူးပေါင်းရမယ့်အချိန်မှာ ဒီဟာသိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်သားသမီးတွေက ငွေကြေးကအစ အကုန်လုံးချင့်ချိန်ရမယ့်အချိန်မှာ ကလေးသာသာသတ်မှတ်တာမျိုးမလုပ်သင့်ပါဘူး။ မိဘငွေကြေးကိစ္စ လို့မခွဲခြားထားပါနဲ့။
🦥 - ကျောင်းဖြစ်စေ နိုင်ငံဖြစ်စေ မြို့ဖြစ်စေ ပိုက်ဆံကို ကြည့်ဖို့လိုသလောက်ကြည့်ပါ။ ရင်းနီးသင့်တဲ့နေရာရင်းနီးပါ။ ငွေမချွေတာပါနဲ့ အနည်းဆုံးမသုံးပါနဲ့ အကောင်းဆုံးအသုံးပြုပါ။
🦢 - အလိမ်တွေ သိပ်များပါတယ်။ နိုင်ငံခြားထွက်ချင်ဇောနဲ့ မမေးမမြန်းမယ့် ကျောင်းသားတွေကို targetထားပြီး agentတွေ ကျောင်းတွေက လက်နှစ်လုံးခြားလုပ်တတ်ပါတယ်။ အကျိုးဆက်ကတော့ အချိန်လဲ နှစ်ချီကုန် ငွေလဲ ရာဂဏန်းကအစ ဒေါ်လာသောင်းချီ အလဟဿဖြစ်သွားတာမျိုး နိုင်ငံခြားမရောက်ဘဲ ဘာမှမထူး ရန်ကုန်မှာသောင်တင်နေတာမျိုးဖြစ်နိုင်ပါတယ်။
🪵 - မြန်မာနိုင်ငံမှာ တရားဝင်ကျောင်းခွဲလာဖွင့်တဲ့ ထိပ်တန်းနိုင်ငံခြားကျောင်းမရှိပါဘူး ရှားပါတယ်။ ရှိရင်တောင် managementက နိုင်ငံခြားကနေတိုက်ရိုက် သေသေချာချာထိန်းကျောင်းနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ လာဖွင့်ပြီဆိုတာနဲ့ သူ့အဆင့်ကိုကြည့်ကြည့်ပါ။ ဘယ်သူလာလာ ကိုယ့်ဆီမှာ ဘာqualificationရှိရှိ လက်ခံနေရင်တော့ သေချာတယ် ဒီကျောင်းက charityဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ သိပ်မကောင်းတဲ့အဆင့်နိမ့်တဲ့ ကျောင်းမို့လို့ပါပဲ။ Too good to be trueတွေပေါ့။
✨✨ကျနော့်အတွေ့အကြုံ✨✨
🧘🏽♀️ ကျနော်ဆိုတာလေ ကျောင်းကိစ္စတွေကို စိတ်ညစ်လို့ဆိုပြီး တော်ရုံမရှာတဲ့သူ။ ကျောင်းဖိအား၊ အိမ်ကဖိအား၊ ငွေကြေးနဲ့ ဘာတစ်ခုမှ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့် စဥ်းစားနိုင်ခွင့်မရှိတဲ့အခါမှာ ကျောင်းကိစ္စဆိုတာ သိပ်ကိုခက်ခဲခဲ့တယ်။ Majorရွေးတဲ့ကိစ္စ ကျောင်းရှာတဲ့ကိစ္စကအစ ငွေကြေးထောက်ပံ့ပေးမယ့် အိမ်ကသူတွေက အဓိကအခန်းကဏ္ဍဖြစ်ခဲ့တယ်။ ကျနော့်ကို ကူညီပေးမယ့်သူဆိုတာကလဲ ကျနော်ကိုယ်တိုင်နဲ့ သိပ်ချစ်ရတဲ့သူတွေမှအပ တခြားဘယ်သူမှမရှိခဲ့ဘူး။
🪂 နှောင်ကြိုးများဖြစ်တည်ရာ မွေးရပ်မြေနဲ့ဝေးရာသွားဖို့ ဆုံးဖြတ်ချက်ဆိုတာက ကျနော်မရွေးချယ်ချင်တဲ့အရာတစ်ခု။ မဖြေရှင်းချင်တဲ့ပုစ္စာတစ်ပုဒ်လိုပဲ ဝေ့ဝိုက်ပြီးတော့ ရှောင်တိမ်းနေမိတာမျိုး။ ဒီလိုနဲ့ ရွေးချယ်လိုက်တယ် Oxford brookesတဲ့။ ဒီလိုနဲ့ပဲ UKရောက်လာတယ် 1st year ပြီးသွားတယ်။ ကျေနပ်ပါတယ် ကျနော့်ရွေးချယ်မှုကို။ ဒီထက်ပိုကောင်းတဲ့ရွေးချယ်မှုလဲ ရှိဦးမှာပါ။ ဘာဖြစ်လဲ အဲ့တော့။ တခြားတစ်ခုဆုံးဖြတ်မိခဲ့ရင်လဲ ကျနော်နောင်တရနေမယ်တော့မထင်ပါဘူး။
🪽 မဆုံးဖြတ်ခင် ကြိုက်သလောက်တွေဝေနေလို့ရတယ်။ ဆုံးဖြတ်ပြီးရင်တော့ ဆုံးဖြတ်ပြီးတဲ့အတိုင်း လုပ်ရလိမ့်မယ်။ အကယ်၍သာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့်အခြေအနေမျိုးရှိရင်တော့ တစ်မျိုး။ တွေဝေနေလို့ထူးခြားသွားရင်တော့ ကောင်းတယ်လေ။ ဆုံးဖြတ်ပြီးတဲ့အရာကို အကောင်းဆုံးလုပ်နိုင်တာ၊ ဘယ်ကိုပဲရောက်ရောက် အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ကလဲ အရေးကြီးသေးတဲ့အရည်အချင်းတစ်ခုပဲလေ။
🔗 Agentတွေနဲ့ပတ်သက်တဲ့ သိကောင်းစရာများ👇
https://www.facebook.com/moenotes/posts/488038983834659
🔗နိုင်ငံခြားသွားဖို့ ငွေကြေးတွက်ဆနည်း👇
https://www.facebook.com/share/p/bZKKYVBzUwRBLxap/
🔗မြန်မာ ၁၀တန်း/ IGCSE O level ရှိပြီးသားသူတွေ နိုင်ငံခြားထွက်ချင်ရင် ဘာဆက်လုပ်ရမလဲ။👇
https://www.facebook.com/share/p/im3M4iAAxTHjM9ts/
🔗မြန်မာကျောင်း ၇/၈/၉ တန်းကလေးတွေဘာလုပ်ရမလဲ။👇
https://www.facebook.com/share/p/y3oi3CkR2FZpQrYW/
🔗HND, OTHM နဲ့ ပြည်တွင်းက Private Universityတွေကပေးတဲ့ နိုင်ငံခြားဖြစ်UKဘွဲ့တွေအကြောင်း 👇
https://www.facebook.com/share/p/y3oi3CkR2FZpQrYW/
🔗ရန်ကုန်က OSSDကျောင်းဆိုတဲ့ခေါင်းစဥ်နဲ့ CIC ကျောင်းအကြောင်း👇
https://www.facebook.com/share/p/CMNN2BQG5usXtyS3/
🔗နိုင်ငံခြားအကြောင်း ပညာရေးအကျိုးဆောင်(Consultant)တွေကို ဘာသတိထားရမလဲ👇
https://www.facebook.com/share/p/CMNN2BQG5usXtyS3/
Postလေးတွေတော့စဥ်းစားမိသလောက် ပြန်လည်ထည့်သွင်းလိုက်ရပါတယ်။ ကျနော်ကတော့ကျနော်ကျွမ်းကျင်တဲ့အပိုင်းလေးတွေထည့်သွင်းရေးသားထားတာမျိုးပါ။ နိုင်ငံခြားရောက်မှ ဖြစ်ပျက်ကြတဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီးတော့ ကျနော်ကိုယ်တိုင်အတွေ့အကြုံအဖြစ် UK အကြောင်းတော့ရေးသားထားပါသေးတယ်။ တခြားသော မြို့တွေ တခြားသောနိုင်ငံတွေအကြောင်းကိုလည်း သူငယ်ချင်းတွေ မိတ်ဆွေရင်းတွေနဲ့ မေးမြန်းဖြစ်တာလေးတွေလဲ ဝေမျှသွားပါဦးမယ်။
မိမိရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်က မှားမှာပါပဲ။ လမ်းကြောင်းက ဘယ်တော့မှတည့်မှာမဟုတ်ဘူး။ မတည့်လဲဘာဖြစ်လဲ။ ကျတဲ့နေရာပြန်ထမယ် ဆိုတဲ့စိတ်လေးတော့ ရှိထားဖို့လိုအပ်ပါတယ်ဗျိုး။
🇫🇷 𝐅𝐫𝐞𝐧𝐜𝐡/ 𝐄𝐧𝐠𝐥𝐢𝐬𝐡 🇬🇧 𝐎𝐧𝐥𝐢𝐧𝐞 𝐍𝐨𝐭𝐚𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 🤩
နိုင်ငံခြားသွားဖို့ပြင်နေတဲ့သူတွေအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြင်သစ်ဘာသာ 🇫🇷 နဲ့ အင်္ဂလိပ်ဘာသာ 🇬🇧 သို့ နိုတြီပြန်ပေးတဲ့ ဝန်ဆောင်မှုလေး admin တို့ဆီမှာ ရနေပြီနော် 📣
ရနိုင်သော ဘာသာပြန်ဆိုမှုများ …
🇬🇧 အင်္ဂလိပ်
🇫🇷 ပြင်သစ် ဘာသာစကား
များသို့ တိကျသော ဘာသာပြန်ဆိုမှုများဖြင့် နိုတြီပြန်ဆိုပေးပါတယ်ရှင်
ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲ ? 🕊️
✔︎ Online Service ဖြစ်တာကြောင့် လူကိုယ်တိုင်လာစရာမလိုခြင်း
✔︎ နိုတြီအပ်ပြီး 24 hours အတွင်း ရနိုင်ခြင်း
✔︎ လူကိုယ်တိုင်လာရောက် မယူနိုင်ပါက ရန်ကုန်တွင်း နှင့် နယ်မြို့ပါ မကျန် Delivery အပ်ပေးခြင်း
✔︎ အချိန်ကုန် လူပင်ပန်းသက်သာစေသည့် အပြင် အမည်ပျက် Blacklist လုံးဝ မရှိသော Notary Public ဆရာကြီးများဖြင့် လက်မှတ်ရေးထိုးပေးခြင်း
စသဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ရှင်
Notary ပြန်ဆိုနိုင်သော စာရွက်စာတမ်းများ
📝 မှတ်ပုံတင်
📝 အိမ်ထောင်စုစာရင်း
📝 ဘွဲ့လက်မှတ်အမျိုးမျိုး
📝 အောင်လက်မှတ်များ
📝 မွေးစာရင်း
📝 အမှတ်စာရင်း
📝 ကုမ္ပဏီလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
📝 ထောက်ခံစာအမျိုးမျိုး
📝 ကျန်းမာရေးဆိုင်ရာ မှတ်တမ်းကဒ် အမျိုးမျိုး
📝 ပိုင်ဆိုင်မှု အထောက်အထားများ
📝 လက်ထပ်စာချုပ်
📝 ကျမ်းကျိန်လွှာ အမျိုးမျိုး
📝 Certify True Copy အမျိုးမျိုး
📝 ဂုဏ်ပြုမှတ်တမ်းလွှာများ
📝 ဘာသာပြန်ဆိုမှုအမျိုးမျိုး
ဘာသာပြန်ဆိုမှုအမျိုးမျိုးအတွက် မှန်ကန်တိကျသော ဝန်ဆောင်မှု နှင့် စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သော Customer Service၊ ချိုသာသောစျေးနှုန်းများဖြင့် နိုတြီပြန်ဆိုပေးနေပြီ ဖြစ်လို့ အမြန်ဆုံးလာအပ်လိုက်တော့နော် 🤩
𝐌𝐎𝐅𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ (ကျမ်းကျိန်လွှာ) 𝐀𝐟𝐟𝐢𝐝𝐚𝐯𝐢𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေအတွက်ပါ စုံစမ်းလိုပါက Page Chat box (သို့) ဖုန်းမှ တဆင့်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင် 🥰
📲 09 4010 1 3010
🇬🇧 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐧𝐝𝐞𝐝 𝐂𝐡𝐞𝐯𝐞𝐧𝐢𝐧𝐠 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝟐𝟎𝟐𝟒-𝟐𝟎𝟐𝟓
📣 ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့သူတွေအတွက် ပေးတဲ့ Chevening ပညာသင်ဆုကို လျှောက်ထားပြီး UK မှာ ပညာလေ့လာဖို့တွက် စိတ်ဝင်စားပါသလား❓
🇬🇧 နှစ်စဉ် UK အစိုးရကပေးတဲ့ 2024 Chevening Scholarship ကို လာမဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ call for application စခေါ်သွားမှာ ဖြစ်ပါတယ်
🏆 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐊𝐞𝐲 𝐈𝐧𝐟𝐨
Host Country: 𝐔𝐧𝐢𝐭𝐞𝐝 𝐊𝐢𝐧𝐠𝐝𝐨𝐦
Host University: 𝐀𝐧𝐲 𝐔𝐊 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
Degree Offered: 𝐎𝐧𝐞-𝐲𝐞𝐚𝐫 𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐝𝐞𝐠𝐫𝐞𝐞𝐬
𝐅𝐢𝐞𝐥𝐝𝐬 𝐨𝐟 𝐒𝐭𝐮𝐝𝐲: Any one-year Master's degree offered by UK universities
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬: ⁉️
➤ Minimum two years' work experience
➤ Undergraduate degree
➤ English language proficiency
𝐄𝐥𝐢𝐠𝐢𝐛𝐥𝐞 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚: ⁉️
➤ Citizens of Chevening-eligible countries
➤ Return to home country for at least two years after award
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬: ⁉️
➤ Completed application form
➤ Two references
➤ University transcripts and degree certificates
➤ English language test results
➤ Conditional or unconditional offer from a UK university
𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬: ⁉️
➤ Full tuition fees
➤ Monthly stipend
➤ Travel costs to and from the UK
➤ Arrival and departure allowances
➤ Cost of visa application
📣 Call for Application : 𝐀𝐮𝐠𝐮𝐬𝐭 𝟔, 𝟐𝟎𝟐𝟒
⚠️ Deadlines: 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟓, 𝟐𝟎𝟐𝟒
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.chevening.org/scholarships/guidance/
May all of you succeed in achieving your study dreams in your dream country with scholarships!
𝐁𝐞𝐬𝐭 𝐨𝐟 𝐥𝐮𝐜𝐤 𝐨𝐧 𝐲𝐨𝐮𝐫 𝐚𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐣𝐨𝐮𝐫𝐧𝐞𝐲! 🌟
𝘛𝘪𝘱𝘴 𝘧𝘰𝘳 𝘰𝘯𝘭𝘪𝘯𝘦 𝘴𝘵𝘶𝘥𝘺𝘪𝘯𝘨 👩💻
Covidစဖြစ်လာတဲ့အမျှ Online learning တွေသင်လာကြတာ တော်တော်များများတွေ့လာရပါတယ် ဒီနေ့မှာတော့ Online learning ကို ဘယ်လို ထိထိရောက်ရောက်လုပ်ရမလဲဆိုတာလေးတွေပြောပြသွားမှာဖြစ်ပါတယ် ။💁♀️
1️⃣ Treat like a real course📚
Online classသင်တာတွေနဲ့ပတ်သက်လာရင်တော့ ဒီတချက်ကတော့ အရေးကြီးပါတယ် ။အပြင်မှာသင်နေရသလို စိတ်ထဲထားပီးတော့ တစိုက်မတ်မတ်နဲ့ သေချာသင်ယူရပါမယ် ။
ကိုယ်ကOnline classအတွက်ကုန်ကျထားတာမလို့ သေချာကို သင်ယူမှသာ ကိုယ့်အတွက် အဆင်ပြေမယ်ဆိုပြီး ခေါင်းထဲထည့်ထားဖို့တော့လိုအပ်မယ်နော်။
2️⃣ Time management⏱️
ဒါကလဲ ကိုယ့်အတွက် အရေးကြီးပါတယ် ။online classဖြစ်ဖြစ် in person ပဲဖြစ်ဖြစ် Study planerတွေသေချာဆွဲထားဖို့လိုပါတယ် ။
3️⃣ Study space🏡
Study spaceဆိုတာနဲ့ ကိုယ့်အိပ်ခန်းကိုပဲ မမြင်ဘဲနဲ့ ဘယ်နေရာဖြစ်ဖြစ် ကိုယ့်အတွက် အဆင်ပြေမယ့်နေရာ ဥပမာ Cafe ဆိုင်ဖြစ်ဖြစ် စာကြည့်တိုက်ဖြစ်ဖြစ် အဆင်ပြေမယ့်နေရာရွေးချယ်သင့်တယ် ။ပြီးတော့ ကိုယ်သင်ယူမယ့်နေရာမှာလိုင်းငြိမ်မငြိမ်
ကိုယ်စာသင်မယ့်နေရာအနီးမှာ သင်ယူမယ့် Pdf file or Software or စာအုပ်တွေ ရှိမရှိကိုပါ အတန်းမစခင်စစ်ရပါမယ်။
4️⃣ Distractions ❗
ကိုယ်က Laptop Pc နဲ့သင်ရတာကြောင့် ကိုယ့်အတွက် အာရုံပျံ့စေမယ့်အရာတွေNetflix appကအစ Social media appsတွေရဲ့ Notiတွေက ကိုယ့်အတွက် အာရုံပျံ့လွှင့်ဖို့အလွယ်ဆုံး အရာတွေဖြစ်လို့ အတတ်နိုင်ဆုံး ဂရုစိုက်ရပါမယ်။
5️⃣ Finding a best way to learn🔍
ဒါကတော့ Online classသင်စဥ်နဲ့ သင်ပီးတဲ့အချိန်မှာလိုအပ်ပါတယ် ။ ကိုယ်က Morning personသမားဆို စာကို မနက်ပိုင်းသင်ပီး Night time သမားဆိုရင်တော့ ညဘက် Online classတွေ သင်ယူသင့်ပါတယ် ။ကိုယ့်အတွက် ဘယ်အချိန်ကအဆင်ပြေမလဲဆိုတာကိုလေ့လာပီး သင်ယူရတာပိုကောင်းပါတယ်။
စာမှတ်သားတဲ့အပိုင်းမာလဲ ကိုယ်က သီချင်းနားထောင်ရင်း စာလုပ်တတ်ရင် Study time playlist လေးတွေဖွင့်ပီး လုပ်သင့်ပါတယ် ။
6️⃣ Participation🧏♀️
Online classတော်တော်များများက ကိုယ့်တယောက်ထဲ သင်ရသလိုမျိုးတော့ခံစားရတတ်ပါတယ် ။ဒါပေမယ့် တချို့သင်တန်းများက groupအလိုက် activity တွေရှိတာကြောင့် activity တိုင်းလဲ စိတ်ဝင်တစားပါဝင်သင့်ပါတယ် ။ကိုယ်စာမရရင်လဲ စာမရကြောင်းမေးဖို့ မကြောက်ရွံ့သင့်ပါဘူး။
ဒါတွေကတော့ online classသင်ရရင် လုပ်သင့်တဲ့အကြောင်းအရာများထဲက ရေးပေးသွားတာဖြစ်ပါတယ်။
📣 အီတလီနိုင်ငံ 𝐏𝐢𝐬𝐚 တက္ကသိုလ် ပညာသင်ဆု 👏
🇮🇹 𝟐𝟎𝟐𝟒-𝟐𝟎𝟐𝟓 𝐃𝐒𝐔 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐧𝐝𝐞𝐝 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐢𝐧 𝐭𝐡𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐏𝐢𝐬𝐚, 𝐈𝐭𝐚𝐥𝐲🥇
🇮🇹 Italy မှာ Worldwide 382th Ranking ရှိတဲ့ University of Pisa ရဲ့ Bachelor နဲ့ Master Degree တွေအတွက် ပေးတဲ့ DSU Fully Funded ပညာသင်ဆု လေးကို Sharing လုပ်ပေးချင်ပါတယ်
🏦 Financial အပေါ်အခြေခံပြီး ပေးတာမို့ Family Income နည်းတဲ့ ကျောင်းသူ/သားတွေ လျှောက်သင့်ပါတယ်။ Scholarship ပထမနှစ်အတွက် Financial ပေါ်အခြေခံပြီး ပေးပေမဲ့ နောက်နှစ်တွေမှာ Academic Record ပေါ်ကြည့်ပြီး ပေးမှာဖြစ်လို့ ကြိုးစားဖို့လည်း လိုပါတယ်
‼️ Family Income Certificate ကို ပြတဲ့နေရာမှာ Italy Embassy ရဲ့ ထောက်ခံချက်လေးကိုလည်း လိုသေးတာမို့ စိတ်ဝင်စားတယ်ဆို မြန်မြန်လေးပြင်ဆင်ပြီး လျှောက်ကြပါ‼️
ℹ️ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐈𝐧𝐟𝐨
Host Country : 𝐏𝐢𝐬𝐚, 𝐈𝐭𝐚𝐥𝐲
University : 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐏𝐢𝐬𝐚
Degree : 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫, 𝐌𝐚𝐬𝐭𝐞𝐫
𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚: ⁉️
➤ Master's Degree အတွက် Bachelor's Degree ရရှိပြီးသူဖြစ်ရပါမယ်
➤ လက်ရှိ တခြား Scholarship မရရှိထားသူ
➤ Low income ရှိသော မိသားစုဝင်ဖြစ်သူ
𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬: ⁉️
➤ Free accommodation
➤ Free meals at the University dining halls
➤ Contribution to cover extra expenses (sporting activities, books, etc...)
➤ Full tuition fees.
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬: ⁉️
➤ Identity document
➤ Passport
➤ Passport size photograph
➤ Academic transcripts
➤ University application form
➤ Curriculum Vitae (CV)
➤ Letter of recommendation
➤ Motivation letter
➤ English language proficiency
➤ Family income document
⚠️ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 : 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟔, 𝟐𝟎𝟐𝟒
လိုအပ်သည့် documents အပြည့်အစုံဖြင့် Online Application Form တင်ပေးရမှာပါ
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬 :
https://www.unipi.it/index.php/tuition-fees-and-financial-support/item/2275-dsu-scholarship
Academic ပိုင်းပဲ အားစိုက်ဖို့လိုတာလား❓
အခုဆိုရင် လူငယ်တော်တော်များများဟာ နိုင်ငံခြားမှာ မိမိစရိတ်နဲ့ ပညာတော်သင်သွားနိုင်ဖို့ (ဒါမှမဟုတ်) scholarship ရနိုင်ဖို့ ကြိုးစားအားထုတ်နေကြတာပဲဖြစ်ပါတယ်။
Admission မှာ
- မိမိရဲ့ ID
- အမှတ်စာရင်း
- Language Proficiency Test (eg., IELTS, TOEFL, JLPT,...)
- Recommendation Letter စသဖြင့် ပညာပိုင်းဆိုင်ရာ စာရွက်စာတမ်းမျိုစုံပြပြီး ၀င်ခွင့်ရနိုင်တဲ့ကျောင်းတွေရှိပါတယ်။ တစ်ဖက်မှာလည်း အချိုကျောင်းတွေက မိမိရဲ့ Extracurriculum Activities (volunteer, internship,...) တွေကို ကြည့်ပြီးမှ ၀င်ခွင့်ရသလို scholarship လည်း ပေးတတ်ကြပါတယ်။🤔
ကဲ...အဲတာဆို ပြင်ပလှုပ်ရှားမှုတွေကို ပြနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဘာတွေရှိနိုင်မလဲ။
ပထမဦးဆုံးအရေးကြီးဆုံးကတော့ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ အချိန်၊ လူအင်အား၊ စိတ်အားထက်သန်မှုတိုကို ပေးနိုင်ဖိုပါပဲ။🥰 နောက်တစ်ချက်ကတော့ Research လုပ်ဖို့ မပျင်းရဘူးနော်။👀
Activities လုပ်လိုရနိုင်တာတွေကတော့
✅ Volunteer
Facebook (သိုမဟုတ်) LinkedIn search box မှာ Non-profit organization or non- governmental organization or charitable organisation စတဲ့ စကားလုံးတွေကို ရှာကြည့်ပါ။
မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်အဖွဲအစည်းမျိုးစုံဟာ အမျိုးမျိုးသေးပန်းတိုင်တွေနဲ့ လှုပ်ရှားနေကြတာကြောင့် မိမိစိတ်၀င်စားတဲ့အပိုင်းမှာ ၀င်ရောက်လုပ်အားပေးနိုင်မှာပဲ ဖြစ်ပါတယ်။
✅ Internship
ယခုလို ခက်ခဲနေကြတဲ့အချိန်မှာ company or organization အများစုက ဘွဲမရသေးတဲ့ လူငယ်တော်တော်မျာများကို လက်ခံနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေကို လစာနည်းနည်းနဲ့ ခေါင်းပုံဖြတ်တာတွေလည်း ရှိတာကြောင့် သေချာသတိထားရှာပြီး အလုပ်လုပ်ကိုင်ဖို့ တိုက်တွန်းလိုပါတယ်။
✅ Participating in a Competition or Debate or Event
Technology ခေတ်မှာ ပြည်တွင်း၊ ပြည်ပ online ပြိုင်ပွဲ၊ ဆွေးနွေးပွဲတွေ၊ ဗဟုသုတရစရာ ဆွေးနွေးပွဲတွေကို တက်ရောက်တာကလည်း အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းအသစ်တွေ ရနိုင်ခြင်း၊ မိမိစိတ်ဝင်စားတာကို အိမ်ကနေပဲ လေ့လာနိုင်ခြင်း၊ အတွေးအမြင်တွေ တစ်ပါးသူနဲ့ ဖလှယ်နိုင်ခြင်းစတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်နော်။
✅ Showing off your Previous Achievement
အရင်ကျောင်းတက်ခဲ့တုန်းက sports ကစားခဲ့တာတွေ၊ ပြိုင်ပွဲမှာ အနိုင်ရခဲ့တာတွေရှိရင်လည်း Extracurricular Activities အနေနဲ့ ပြလိုရပါတယ်။😉
ဒီနေ့မှာတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုပါတယ်။
အားလုံးပဲ မိမိလိုရာပန်းတိုင်ကို ရရှိနိုင်ကြပါစေလို မျှော်လင့်ပါတယ်။❣️
𝟓 𝐅𝐮𝐧 𝐅𝐚𝐜𝐭𝐬 𝐀𝐛𝐨𝐮𝐭 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 🎌
ဒီနေ့မှာတော့ လူငယ်တော်တော်များများကြားမှာ ရေပန်းစားနေတဲ့ ဂျပန်ဘာသာစကားရဲ့ စိတ်၀င်စားစရာ အချက်တစ်ချိုကို မျှဝေပေးသွားချင်ပါတယ် 😉
1️⃣ Japanese uses four writing systems.
Romaji, Hiragana, Katakana, Kanji စသဖြင့် စာလုံးနဲ့ နေရာအပေါ်လိုက်ပြီး အသုံးပြုကြပါတယ်။
Eg.,
Japanese Basic Knowledge အသေးစိတ်ကို ဒီ post link ထဲ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
2️⃣ The months don't have names in Japanese.
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်စသဖြင့် ဆယ့်နှစ်လရဲ့ နာမည်တွေသတ်မှတ်ထားတာ မရှိပါဘူး။
Eg., 1月 (いちがつ)、2月 (にがつ)、3月 (さんがつ)、4月 (しがつ)、5月 (ごがつ) စသဖြင့် နံပါတ်အစဉ်လိုက်အတိုင်းရေးသားဖော်ပြကြပါတယ်။
3️⃣ There are no definite or indefinite articles.
English ဘာသာစကားမှာဆိုရင် စာကြောင်းနဲ့ meaning အသုံးအနှုန်းပေါ်မူတည်ပြီး a, an, the ထည့်ရပေမယ့် ဂျပန်စာမှာ အဲလိုမျိုး ထည့်စရာမလိုပါဘူး။
Eg., あちらに猫がいます。(There's a cat there.)
4️⃣ The Japanese Language does not have a plural form.
English မှာဆိုရင် "This is a book." "These are books." စသဖြင့် အများဆိုရင် s, es, ies ထည့်ပြီး အသုံးပြုပေးရပါတယ်။ ဂျပန်စာမှာဆိုရင်တော့
Eg., テーブルに本があります。(This is a book on the table.)
テーブルに本がたくさんあります。(There are many books on the table.)
အများပုံစံသုံးမယ်ဆိုရင် たくさん (a lot) စတဲ့ အရေအတွက်ပြစာလုံးတွေကိုသာ ထည့်၍အသုံးပြုပြီး noun ကတော့ plural ဖြစ်စေ၊ singular ဖြစ်စေ ဘာမှပြောင်းလဲမှုမရှိပါဘူး။
5️⃣ There is a particular grammatical system for expressing politeness.
敬語 (けいごろ) Keigo လိုခေါ်တဲ့ လူကြီးသူမတွေ၊ ကိုယ်ထက်ရာထူးကြီးတဲ့သူတွေနဲ့ စကားပြောရင် ယဉ်ယဉ်ကျေးကျေး သုံးနှုန်းဖိုအတွက် Formal Grammar Form တွေရှိပါတယ်။ မြန်မာမှာလိုပဲ အလုပ်ရှင် (သိုမဟုတ်) လူကြီးတွေကို ယဉ်ယဉ်ကျေးကျေးစကားပြောဆိုပြီး မလုပ်ဘူးဆိုရင် ရိုင်းစိုင်းတယ်လို့ မြင်ခံရတတ်ပါတယ်။
အားလုံးပဲ Japanese Language ရဲ့ ထူးဆန်းတာတစ်ချို့ကို သိသွားလိမ့်မယ်လို့ ထင်ပါတယ်။
အဆုံးထိဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။😍
ကောင်းသောနေ့လေးဖြစ်ပါစေ။❣️
𝟓 𝐓𝐡𝐢𝐧𝐠𝐬 𝐭𝐨 𝐤𝐧𝐨𝐰 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐯𝐞𝐥𝐢𝐧𝐠 𝐭𝐨 𝐉𝐚𝐩𝐚𝐧 𝐟𝐨𝐫 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐭𝐢𝐦𝐞. 🇯🇵💮
ဂျပန်နိုင်ငံက အရမ်းခေတ်မီတဲ့နိုင်ငံတစ်ခုဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်လဲ အလည်လာရောက်ကြသူတွေပိုမိုများပြားလာပါတယ်။ဂျပန်ယဉ်ကျေးမှုနဲ့ကျင့်ဝတ်တွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အခြားယဉ်ကျေးမှုများနဲ့ ကွဲပြားလေ့ရှိတာကြောင့် ဂျပန်နိုင်ငံကိုသွားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေအများကြီးရှိပါတယ်။သတိထားသင့်တဲ့အချက်တွေအများကြီးထဲကမှ 5 ချက်ကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။❤️
1️⃣Plan which season to visit Japan
Sakura ပန်းလေးတွေရဲ့ အလှအပကိုကြည့်ချင်တယ်ဆိုရင်တော့ နွေဦးရာသီဖြစ်တဲ့ (မတ်-ဧပြီ) လတွေမှာ သွားရောက်လည်ပတ်ရင်အကောင်းဆုံးပါ။
ဆောင်းဦးရာသီကလဲ ဂျပန်နိုင်ငံမှာ ကျော်ကြားတာမို့ ဆောင်းဦးရာသီရဲ့ ရှူခင်းတွေကိုခံစားချင်တယ်ဆိုရင်တော့ (စက်တင်ဘာလ-အောက်တိုဘာလ)အတွင်း သွားရောက်လည်ပတ်သင့်ပါတယ်။💮
2️⃣Have cash with you
သင့်လျော်တဲ့ငွေပမာဏကို လဲလှယ်ပြီးယူဆောင်သွားနိုင်ရင်အကောင်းဆုံးပါ။ငွေလဲလှယ်တဲ့နေရာမှာလဲ စိတ်ချရတဲ့နေရာကို သေချာစုံစမ်းပြီးလဲလှယ်နော်။🫶
3️⃣Don’t blow your nose in public
ဂျပန်နိုင်ငံမှာ လူအများရှေ့ နှာခေါင်းမှုတ်(ညှစ်)တာကိုအကျင့်ဆိုးတစ်ခုအဖြစ်သတ်မှတ်ထားကြတာမို့ သတိထားရန်လိုအပ်ပါတယ် ။ 🙅♀️
4️⃣Slurping your food shows your appreciation!
ဂျပန်နိုင်ငံမှာ အစားအစာကို အသံထွက်ပြီးစားတာက ဒီအစားအစာကို နှစ်သက်တယ်လို့သတ်မှတ်ကြပြီး အသံကျယ်လေလေ ကျေနပ်လေလေလို့ခံယူထားကြပါတယ်။ 🍜
5️⃣Don’t tip in Japan
ဒါကတော့ Admin တို့လိုဘတ်ဂျက်သမားတွေအတွက် သတင်းကောင်းပါ။ Tipပေးခြင်းကို ဂျပန်နိုင်ငံက ရိုင်းစိုင်းပြီး ဆိုးရွားသောကျင့်ဝတ်လို့ယူဆကြပါတယ်။ဒါကြောင့် Tip ပေးစရာမလိုတာမို့ ပိုက်ဆံချွေတာပြီးသားဖြစ်မှာပါ။💰
ဒီနေ့မှာတော့ Japanနိုင်ငံသို့သွားရောက်လည်ပတ်တဲ့အခါ သိထားသင့်တဲ့ အချက်တွေအများကြီးထဲကမှ အချို့ကိုဖော်ပြထားတာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလဲ အခြားအချက်တွေကိုဖော်ပြသွားမှာဖြစ်လို့ Page လေးကို Follow လုပ်ထားပြီးစောင့်ကြည့်ပေးကြပါဦးနော်။❤️🇯🇵
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
Monday | 09:30 - 17:00 |
Tuesday | 09:30 - 17:00 |
Wednesday | 09:30 - 17:00 |
Thursday | 09:30 - 17:00 |
Friday | 09:30 - 17:00 |
Saturday | 09:30 - 13:00 |
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111
First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441
Dedicated to Excellence.
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon
Let's upgrade & update your mathematics level
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon
Change Your Life with Data
36th Street
Yangon, 11182
the White-Collar Inc. is established in order to meet the social, education and economic needs of yo
Yangon
We bring data analytic courses to you with affordable prices..... Everyone should have access to data analytic knowledge!!