Linn pyae legal consultant

Providing Legal Advices and Services

Photos from Linn pyae legal consultant's post 14/02/2024
31/12/2023

💥နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့
Linn pyae legal consultant မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်🙏
🎉ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ကြပါစေ

02/11/2023

ကန့်ကွက်နိုင်ပါသည်။

16/10/2023

💥အမှန်တကယ်မြေရှင်ဖြစ်ရဲ့လား💥

- ကန်ထရိုက်တိုက်တွေဆောက်ကြပြီးနောက်မူလမြေရှင်များကမြေပိုင်ဆိုင်မှုများကိုလွှဲပြောင်းရောင်းချလာကြပါတယ်။

-အရပ်ကတိစာချုပ်လေးတွေနဲ့အရောင်းအဝယ်ပြုလုပ်ထားရုံနဲ့နောင်မြေနှင့်ပတ်သက်သောအကျိုးခံစားခွင့်များရရှိနိုင်မည်လား?

-💯အကျိုးသက်ရောက်မှုရှိဖို့မိမိရပိုင်ခွင့်တွေအပြည့်အဝရရှိခံစားနိုင်စေဖို့နားလည်တတ်ကျွမ်းသူများနဲ့တိုင်ပင်ဝယ်ယူသင့်ပါတယ်နော်။

#ဆွေးနွေးတိုင်ပင်လိုပါက 09775855548/09950751874
နှင့် cb မှတဆင့်လည်းဆက်သွယ်ပြီးဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင့်

လိုအင်ဆန္ဒတွေပြည့်ဝသောနေ့ရက်ကောင်း‌လေးဖြစ်ပါစေရှင့်🙏🙏🙏

Photos from Linn pyae legal consultant's post 20/08/2023

လူတော်တော်များများတော့ ပြောပြောနေတာတော့ ကြားမိတယ် ဘာမှန်းတော့ သေချာမသိဘူး ဖြစ်ဖြစ်နေမိတယ်ဆိုတဲ့ GP နဲ့ SP

အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။
- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။
- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှာ S.P ပေးလို့ မရပါ။
- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။
- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။
- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ
ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

01/08/2023

🙏🙏🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှ စတင်၍

(၇) ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊

ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကပ်ရောဂါဘေး၊

သဘာဝဘေးအန္တရာယ် အသွယ်သွယ် တို့မှ ကင်းဝေးကြ ပါစေကြောင်း

Linn Pyae Legal Consultant မိသားစုမှ တောင်းဆုမေတ္တာပို့သလိုက်ပါတယ်🙏🏼🙏🏼🙏🏼

26/07/2023

🔰 စာချုပ်စာတမ်းအမျိုးမျိုးကို ဥပဒေ နှင့်အညီ ချုပ်ဆိုမှတ်ပုံတင်ပေးခြင်း
General Power
Special Power
မိသားစုစီမံမှု၊ ပိုင်ဆိုင်ကြောင်းမြွက်ဟစာချုပ်၊
အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊
ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းစာချုပ်၊ စွန့်လွှတ်စာချုပ်
အမှားပြင်ဆင်ခြင်းစာချုပ်၊
အကျိုးတူပူးပေါင်းခြင်းစာချုပ်၊ ကိတ္ထိမမွေးစားခြင်းစာချုပ်၊ ပေးကမ်းခြင်းစာချုပ်များ
ကုမ္ပဏီရှင်းလင်းဖျက်သိမ်းခြင်းစာချုပ်၊ အစိုးရ နှင့် ကုမ္ပဏီကြားဖက်စပ်သဘောတူစာချုပ် ချုပ်ဆိုပေးခြင်း၊ ဝန်ခံကတိစာချုပ် အမျိုးမျိုးချုပ်ဆိုပေးခြင်း
လက်ထပ်စာချုပ် နှင့် ကွာရှင်းစာချုပ်များရေးသားချုပ်ဆိုပေးခြင်း

🔰အိမ်ခြံမြေများနှင့် သက်ဆိုင်သော ဥပဒေရေးရာ ကိစ္စရပ်များ
ဂရန်လျှောက်၊ ဂရန်ပျောက်ခြင်း ကိစ္စရပ်များ
အိမ်ခြံမြေ ၊ တိုက်ခန်း၊ ဆိုင်ခန်းများ ရောင်း/ဝယ်/ငှားရမ်းခြင်းစာချုပ်များ ကို ဥပဒေနှင့်အညီ ချုပ်ဆိုပေးခြင်း

🔰တရားရုံးတွင်း ကျမ်းကျိန်ဆိုခြင်း အမျိုးမျိုးကို ဆောင်ရွက်ပေးခြင်း

🔰ရာဇဝတ်မှုများ တရားမမှုများ နှင့် တရားမဇာရီမှုများ အားလိုက်ပါဆောင်ရွက်ပေးခြင်း

🔰တရားဥပဒေရေးရာ အခက်အခဲ ကိစ္စရပ်များအား အကြံပေးဆွေးနွေးပေးခြင်း

🔰နိုတြီ အမျိုးမျိုး ဘာသာပြန်ပေးခြင်း

🔰အသိပေးအကြောင်းကြားစာ (နို့တစ်စာ) ပေးပို့ခြင်း

🔰သတင်းစာ ကြော်ငြာအမျိုးမျိုး ကိုကြေညာပေးခြင်း စတဲ့ ဝန်ဆောင်မှုများကို အတွေ့ကြုံများစွာရှိသော တရားလွှတ်တော်ရှေ့နေ ကိုယ်တိုင်ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်
#ရှေ့နေ #ဥပဒေရေးရာ

09/07/2023

စီမံမှု
******
မိဘများကွယ်လွန်ပြီးကျန်ရစ်တဲ့အမွေကိုညီအကိုမောင်နှမအား လုံးသဘောတူညီမျှကြရင် မောင်နှမစုံစုံညီညီရှေ့မှောက်မှာသဘောတူစာချုပ်လေးနဲ့အမွေခွဲဝေလို့ရပါတယ်။
#မိသားစုစီမံခန့်ခွဲမှု

#09775855548 or cb

03/07/2023

မိဘအမွေ
**********
ကျန်ရစ်တဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ခွဲဝေရောင်းချချင်တဲ့အခါဘာတွေလိုအပ်ပါသလဲနဲ့သိချင်သူများအတွက်
-မိဘများကျန်ရစ်တဲ့ပစ္စည်းကဂရန်‌‌မြေဖြစ်နေပါသလား။ဒါဆိုသက်ဆိုင်ရာဌာနမှာသားသမီးတွေစုံစုံလင်လင်နဲ့‌အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ရပါမယ်
#မြေပုံကူးဖို့ လိုပါ့မယ်ပြီးမှကျန်တာဆက်လက်ဆောင်ရွက်ရပါမယ်

#ဆွေးနွေးတိုင်ပင်လိုသူများcbသို့ကြွလှမ်းခဲ့ပါ
ကျေးဇူးတင်ပါတယ်

19/06/2023

ရှေ့နေမောင်ဝရေးသားတဲ့ဥပဒေဆောင်းပါး
#ကောက်တွေ့ပစ္စည်းမီးကျီမီးခဲ
ရာဇသတ်ကြီးဥပဒေပုဒ်မ၄၀၃၏သဘောတရားကိုပါလေ့လာနိုင်ပါသည်။

18/06/2023

notary serviceရယူလိုပါကcbသို့လှမ်းခဲ့ပါ။လူကြီးမင်းတို့၏စာရွက်စာတမ်းများကိုအချိန်တိုတွင်းဝန်ဆောင်မှုရယူနိုင်ပါပြီ။နယ်မှလူများလည်းဝန်ဆောင်မှုရယူနိုင်ပါပြီ

01/01/2023

နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေ🎉🎉🎉

19/09/2022

သာယာချမ်းမြေ့တဲ့နေ့ရက်လေးဖြစ်ကြပါစေ

13/09/2022

Linn pyae legal consultant ရဲ့ဝန်ဆောင်မှုတစ်ခုပါ။

09/09/2022

ဘဏ်ချိတ်အရစ်ကျဝယ်ကြတော့မယ်ဆိုရင်👇
********************************************
# လက်ရှိကာလမှာဝန်ထမ်းတွေအတွက်ငွေအပို
အလျှံရှိ‌လို့နေအိမ်ကိုဝယ်လို့ရသလို၊ထိုက်သင့်သ
လောက်ရှိရုံနဲ့လည်းဝယ်ယူလို့ရတဲ့Home Loan စနစ်ရှိလာခဲ့ပါပြီ။အဲ့ဒီတော့ ရွေးချယ်ဖို့ အခွင့်အ လမ်းပေါ်ပေါက်လာပါတယ်။ဘဏ်ချိတ်နဲ့ဝယ်ယူမယ်ဆိုဘဏ်အသီးသီးကချမှတ်ထားတဲ့စည်းမျဥ်းများနှင့်အညီမိမိလစာဝင်ငွေနဲ့ပတ်သက်တဲ့အချက် အလက် တွေပြသရတာရှိသလို ကိုယ်ယူမဲ့ နေအိမ် တိုက်ခန်းနဲ့ပတ်သက်တဲ့အချက်အလက်များစွာလဲလိုအပ်ပါတယ်။နေအိမ်တိုက်ခန်းဆောက်လုပ်ထားတဲ့မြေကြီးနဲ့ပတ်သက်တဲ့ မြေပိုင်ဆိုင်မှု၊ဆောက် လုပ်ခွင့်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုမိတ္တူပူးတွဲတင်ပြရသလို၊လိုအပ်လာပါက မူရင်းနှင့်တကွကာယကံရှင်မြေရှင်ကိုပါဘဏ်ကသက်ဆိုင်ရာဝန် ထမ်းတွေက လာရောက်မေးမြန်းတာတွေလဲရှိပါတယ်။
# အထက်ပါအချက်အလက်တွေအပြင်တစ်ချို့သောဘဏ်များကအရောင်းအဝယ်အပြီးသတ်‌ ငွေပေး ချေတဲ့နေ့မှာ ဘဏ်ကိုကိုယ်တိုင်လိုက်ပါပြီးမြေ ရှင်ကိုယ်တိုင်လက်မှတ်ရေးထိုးပေးရတာတွေလည်း ရှိပါတယ်။ ထို့အတွက်ဘဏ်အရစ်နဲ့ ဝယ်ယူတော့မယ်ဆိုရင် ကိုယ်ဝယ်ယူမဲ့အိမ်ပိုင်ရှင်(တနည်းအား ဖြင့်ရောင်းချသူ)၊ သက်ဆိုင်ရာ မြေရှင်တို့နဲ့ မိမိရဲ့သ ဘောထားကိုအကြေအလည်ပြောဆိုထားဖို့လိုပါ တယ်။မိမိကိုယ်စားညှိနှိုင်း‌‌ ပေးမဲ့နားလည်သိတတ်တဲ့သူ(တနည်းအားဖြင့်မိမိရှေ့နေ)နဲ့လည်း တိုင်ပင်ဆွေးနွေးထားဖို့လိုပါတယ်။
လိုအပ်ရင်စရန်ငွေပေးချေတဲ့အချိန်မှာကတည်းက
# စရန်ပေးစာချုပ်မှာတိကျစွာ၊ပြည်စုံစွာရေးသားထားဖို့လိုပါတယ်။ ဒါမှသာ ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်တဲ့လုပ်ငန်းစဉ် ပိုမိုလွယ်ကူ လျှင်မြန်ပါတယ်။
***လုပ်ငန်းဆောင်တာ များအဆင်ပြေချောမွေ့ကြပါစေ
# Linn pyae legal consultant

Photos from Linn pyae legal consultant's post 18/08/2022

ရန်ကုန်တိုင်းဒေသကြီးအတွက်ပါ

Photos from Linn pyae legal consultant's post 13/01/2022

နှစ်သစ်မှာချစ်သူနဲ့ရွှေလက်တွဲဖို့ရည်ရွယ်ထားတဲ့ကြင်စဦးများကို Linn pyae မှ လက်ထပ်စာချုပ် နဲ့ လက်မှတ်ထိုးမဲ့ကိစ္စအဝဝကိုကူညီဆောင်ရွက်ပေးပါရစေ။ အသေးစိတ်သိရှိလိုပါက cb မှ လူကြီးမင်းတို့ hi လိုက်ရုံနဲ့အသေးစိတ်ပြန်လည်‌ဖြေကြားပါမည်။
နယ်မှမှာယူလိုသူများကိုလဲ လက်မှတ်ထိုးရုံအသင့်စာစီစာရိုက်အဆင်သင့်ပြုလုပ်ပြီးကားဂိတ်ကနေပို့ပေးပါမယ်။
#နယ်မှအကျိုးဆောင်ကြီးများမှ မှာယူချင်ရင်လဲcbသို့ကြွလှမ်းပေးကြပါ။
တစ်သက်တာအမှတ်တရဖြစ်စေဖို့စိတ်တိုင်းကျသည်အထိဆောင်ရွက်ပေးခွင့်ပြုပါ။

01/10/2021

အားလုံးပဲမဂ်လာပါ
ကျန်းမာပျော်ရွှင်ရတဲ့နေ့ရက်လေးဖြစ်ကြပါစေ။မင်မင်ကတော့ကိုဗစ်နဲ့တိုက်ပွဲဝင်ပြီးအခုမှပြန် ကြည့်နိုင်လို့ပါ။နောက်ရက်လေးတွေမှာစာလေးတွေတင်ပေးနိုင်အောင်ကြိုးစားနေပါတယ်လို့အသိလာပေးတာပါ။

Photos from Legal Power MDY's post 27/06/2021
Photos from Law Lab Burmese's post 02/01/2021
31/12/2020

2020 မှာ လူတိုင်းလူတိုင်းကပ်ရောဂါဆိုးကြီးကြောင့်စိတ်မွန်းကြပ်ခဲ့ရပါတယ် .ကပ်ရောဂါဆိုးကြီးလဲ2020ရဲ့နေ့ရက်တွေနဲ့အတူကျန်ရစ်ခဲ့ပြီး👋👋👋
☺☺☺2021မှာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နေ့ရက်တိုင်းကိုလွတ်လပ်ပေါ့ပါးစွာဖြတ်သန်းနိုင်ပါစေလို့......... 🙏🙏🙏
Linn pyae legal consultant မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်.

media1.tenor.co 26/12/2020

media1.tenor.co

17/12/2020

ကာမလိမ်လည်မှု
-------------------
ပွင်းလင်းမြင်သာနေတဲ့ နည်းပညာခေတ်ကြီးလို့ခေါ်တဲ့ လက်ရှိမျက်မှောက်ခေတ်ကြီးထဲမှာ လူငယ်သဘာဝချစ်ရေးချစ်ရာ ကိစ္စရပ်များနှင့်ပတ်သက်တဲ့ ပြဿနာများလည်း နေ့စဉ်နဲ့အမျှကြုံ တွေ့နေရပါတယ်။relationship တစ်ခုနှင့်တစ်ခုကမတူညီကြသလိုတည်ဆာက်ပုံခြင်းလည်း မတူညီကြပါဘူး။ရွှေလက်တွဲခိုင်ခိုင် မြဲလို့တူနှစ်ကိုယ်ဘဝလမ်းကို လျှောက်လှမ်းတဲ့လူများရှိသလို လမ်းခွဲခြင်းဖြင့် အဆုံးသတ်သူများလည်း ရှိကြပါတယ်။
ထိုသို့လမ်းခွဲခြင်း အဆုံးသတ်ကို တရားရုံး၏တရားခွင် တွင် တစ်ဖက်နှင့်တစ်ဖက် အမှုအခင်းများရင်ဆိုင်ဖြေရှင်းခဲ့ကြရတဲ့ စုံတွဲများလည်း ဒုနဲ့ဒေးပါ။ အဆင်ပြေနေစဉ်အချိန်ကပေးခဲ့သောကတိများ ကြား ယုံမှတ်၍ပုံအပ်ခဲ့သော ပျိုမေများဘဝအတွက် နစ်နာမှုများကို ကုစားဖို့ လူအများပြောကြတဲ့ကာမလိမ်လည်မှု နှင့်ပတ်သက်သည့် ပြဌာန်းချက်ကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ တွင် -
" မည်သူမဆို၊လိမ်လည်မှုကျူးလွန်လျှင်၊ထိုသူကိုသုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်ရမည်” ဟုပြဌာန်းထားပါသည်။ရာဇသတ်ကြီးဥပဒေ
၄၁၇ကို လိမ်လည်မှုဆိုသည့်ခေါင်းစဉ်အောက် တွင် ပါဝင်တဲ့ပုဒ်မတစ်ခုဖြစ်ပေသည်။ထို့အတွက်ကြောင့် လိမ်လည်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ယှဉ်တွဲလေ့လာမှသာ "ကာမလိမ်လည်”ဆိုတဲ့ စကား၏ အဓိပ္ပါယ်ကို ပိုပြီးနားလည်သဘောပေါက်လိမ့်မည်ဟုထင်မြင်မိပါ သည်။ ထို့အတွက်ကြောင့် ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထား သည့် လိမ်လည်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်တဲ့ ပုဒ်မ၄၁၅ကို ယှဉ်တွဲဖော်ပြပေးလိုက်ပါသည်။
#ရာဇသတ်ကြီးဥပဒေပုဒ်မ၄၁၅
"မည်သူမဆိုတစ်ဦးတစ်ယောက်သောသူအားလှည့်ဖြား
ခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ပါးအားပစ္စည်းတစ်ခုခု ကိုပေးအပ်ရန်ဖြစ်စေ၊သူတစ်ပါးထံတွင် ပစ္စည်းတစ်ခုခုကိုပေးအပ် စေရန်ဖြစ်စေ၊သူတစ်ပါးထံတွင် ပစ္စည်းတစ်ခုခုကို ဆက်လက်ထားရှိသည်ကို သဘောတူစေရန်ဖြစ်စေ၊ထိုသို့လှည့်ဖြားခြင်းခံရသောသူအား လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း၊မရိုးမဖြောင့်သောသဘောဖြင့်သော်လည်းကောင်း၊သွေးဆောင်လျှင် သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအားလှည့်ဖြားခြင်းဖြင့်ထိုသို့လှည့်ဖြားခြင်းခံရသူက အကယ်၍လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင်၊ထို့ပြင်ထိုပြုလုပ်မှုကသို့တည်းမဟုတ်ထိုပျက်ကွက်မှုက ထိုသူ၏ကိုယ်ကိုဖြစ်စေ၊စိတ်ကိုဖြစ်စေ၊ဂုဏ်သရေကိုဖြစ်စေ၊ပစ္စည်းကိုဖြစ်စေပျက်စီးနစ်နာစေခြင်းသော်လည်းကောင်း အန္တရာယ်သော်လည်းကောင်းဖြစ်စေလျှင်၊သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာလျှင်၊ထိုသူသည် လိမ်လည်မည်၏ ဟုဖွင့်ဆိုထားပါ သည်။
ကာမလိမ်လည်မှုနှင့်ပတ်သက်သည့်စကားရပ်မပါဟု ဆိုနိုင်သော်လည်း ရာဇသတ်ကြီးပုဒ်မ ၄၁၅တွင် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ ၊ စိတ်ကိုဖြစ်စေ ၊ ဂုဏ်သရေကိုဖြစ်စေဆို သည့် စကားရပ်များအရ တစ်ဖက်ကာယကံရှင်၏ကိုယ်စိတ်တို့ကိုနစ်နာမှုကိုဖြစ်စေခဲ့သည့် အတွက် ရာဇသတ်ကြီးဥပဒေ၄၁၇နှင့်အကျုံးဝင်သက်ဆိုင်ပါသည်။
" မောင်သန်းထွန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၉၂ စာ၂၃”စီရင်ထုံးတွင်-
အမျိုးသမီးတစ်ဦးအားလက်ထပ်မည်ဟုဖြားယောင်း ပြီးကာမရယူပြီးနောက်လက်ထပ်ရန်ငြင်ဆိုခြင်းသည်သွေးဆောင်ခံရသူ၏ကိုယ်စိတ်ဂုဏ်သရေကိုနစ်နာပျက်စီးစေသဖြင့် လိမ်လည်မှု မြောက်သည်ဟုစီရင်ထုံးဖွဲ့ထားပါသည်။
အထက်ပါစီရင်ထုံးအရ မည့်သိုသောပြုလုပ်မှုသည် ပြစ်မှုထင်ရှားကြောင်း ရှင်းရှင်းလင်းလင်းသိမြင်ကြပြီလို့ယူဆမိပါ သည်။အားလုံးလည်း ပျော်ရွှင်စရာကောင်းသော ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်။ ။

12/12/2020

သြရသ
---------
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင်မိဘများ၏ အမွေကိုဆက်ခံနိုင်သည့်အခွင့်အလမ်းများစွာရှိပါသည်။ ထိုနည်းလမ်းများထဲမှ
"သြရသ” အခွင့်အရေးကို အနည်းငယ်တင်ပြပေးလိုပါတယ်။
"သြရသ”၏အဓိပ္ပါယ်မှာ ရင်၌ဖြစ်သောသားဟု အဓိပ္ပါယ်ရပါသည်။ထို့ ကြောင့် "သား” ဆိုသောစကားရပ်ကြောင့် သမီးများ
လည်း သြရသအခွင့်အရေးရနိုင်ပါသလား? ဆိုသော သံသယဖြစ်
ဖွယ်အချက်များဖြစ်ပေါ်ခဲ့ပါသည်။ထိုသံသယဖြစ်ဖွယ်အချက်ကို-
"သာတူနှင့်မောင်ပြား ၄ အယ်ဘီအာ ၁၈၁”အမှုတွင် အကြီး ဆုံးသမီးသည် သြရသအခွင့်အရေး ရနိုင်သည်ဟု အတိအကျ ဆုံးဖြတ်ထားပါသည်။
ထို့ကြောင့် ယခုခေတ်တွင် သြရသဆိုသောစကားရပ် သည် သားရော/သမီး နှင့်ပါ သက်ဆိုင်သည့်စကားရပ်အဖြစ် တည်ရှိနေပါသည်။သြရသ သားသမီးတစ်ဦးဖြစ်ရန် လိုအပ်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) တရားဝင် သား/သမီး ဖြစ်ရမည်။
(၂) သားရင်း/သမီးရင်း ဖြစ်ရမည်။
(၃) သားဖြစ်လျှင် အဖေမကွယ်လွန်မီ/သမီးဖြစ်လျှင်အမိမကွယ်
လွန်မီအသက်(၁၈)နှစ်ပြည့်ရမည်။
(၄) (၁၈)နှစ်ပြည့်ချိန်၌ သားသမီးများတွင် အကြီးဆုံးဖြစ်ရ
မည်။သားဖြစ်လျှင်အဖ၊သမီးဖြစ်လျှင်အမိ၏ တာဝန်ဝတ္တ
ရားများကို ကူညီဆောင်ရွက်နိုင်စွမ်းရှိရမည်။ဥပမာရူးသွပ်
သူများမဖြစ်စေရ။
(၅) သားဖြစ်လျှင်အဖ၏ ပစ္စည်းဥစ္စာရှာဖွေရေး၊သမီးဖြစ်လျှင်အ
မိ၏အိမ်ထောင်ထိန်းသိမ်းသည့်ဝတ္တရားများကို ကူညီလုပ်
ကိုင်ဆောင်ရွက်ရမည်။
သြရသ သည် "အဦးဆုံးမွေးသည့်ကလေး” ဖြစ်ရမည်ဟု "ကတ်ဝု နှင့် မောင်ဆင် ၂ရန်ကုန် ၆၉၃ပီစီ” စီရင်ထုံးတွင် ထုံးဖွဲ့ ထားသော်လည်း နောက်ပိုင်းတွင်ထပ်မံထုံးဖွဲ့ဆုံးဖြတ်ခဲ့သည့် စီရင်ထုံးများဖြစ်သည့်
"မအေးရင် နှင့် မမိမိ ၇ ရန်ကုန် ၅၆၉”စီရင်ထုံးနှင့်
"မောင်ကြင် နှင့် မကြာခိုင် ၈ ရန်ကုန် ၃၆၉” စီရင်ထုံး တို့တွင်- သြရသအဖြစ်မရမီ သားဦး/သမီးဦး သေဆုံးသွားပါက သြရသဖြစ်နိုင်သော အရည်အချင်းရှိသည့် ဒုတိယသားသမီးက သြရသအရာဆက်ခံခွင့်ရှိကြောင်း တညီတညွတ်တည်း ပြဆိုထားပါ သည်။ထို့ကြောင့်ယခုအခါ သြရသဖြစ်ရန်လိုအပ်သည့်အချက်များတွင် အဦးဆုံးမွေးသည့် ကလေးဖြစ်ရန်မလိုဟု ဆိုနိုင်ပေသည်။
မိဘနှစ်ပါးအနက်တစ်ဦးဦးသည် အိမ်ထောင်ကြီးဖြစ် ပြီး ပထမအိမ်ထောင် နှင့် သားသမီးရရှိခဲ့သူ ဖြစ်ပါက ဒုတိယအိမ် ထောင်မှ မွေးဖွားသည့် ကလေး၏ သြရသအရာဆက်ခံနိုင်သည့် အခွင့်အရေးရရှိမည်မဟုတ်ပေ။
ကျန်းမာရွှင်လန်းကြပါစေ။

12/12/2020

မင်္ဂလာပါရှင်....
ဒီတစ်ပတ် weekend လေးကိုစာတွေရေးတင်ပေးဖို့ကြိုးစားနေပါတယ်။စာကဖတ်ရတာသာခဏလေးဆိုပေမဲ့အကြောင်းအရာတွေရှာရတာတော့တကယ့်ကိုကြာပါတယ်။ရေးပေးလိုက်တဲ့အကြောင်းအရာကိုဖတ်တဲ့သူတွေအနေနဲ့အသုံးဝင်နိုင်ရဲ့လား၊စာသားအထား
အသိုမှန်အောင်ရယ်၊ကိုယ်ရေးလိုက်တဲ့အသုံးအနှုန်းကြောင့်မူရင်းဥပဒေပြဌာန်းချက်လေးမပျောက်ပျက်အောင်ရယ်အထူးဂရုစိုက်ရပါတယ်။ထို့အတွက်ကြောင့်တပုဒ်ပုဒ်ရေးတင်တာကြာနေရပါတယ်။ခဏခဏရေးတင်နေရင်လဲမဖတ်ချင်ဖြစ်သွားမှာလဲဆိုးတာလဲပါတာပေါ့နော်။
ဒီတပတ်ကစပြီးအသစ်လေးတွေပိုရေးပိုဖတ်နိုင်အောင် မိမိသိချင်တဲ့အကြောင်းအရာလေးတွေကို cb(messenger)ကနေ
ပြောပေးကြပါနော်။ဒါဆို Linn pyae legal consultant မှအမြန်ဆုံးရေးသားဖော်ပြပေးပါမယ်။အကြံပြုချက်ပေးသူရဲ့အကြောင်းအရာအချက်အလက်များကိုတော့ဖော်ပြခြင်းမပြုပါဘူးရှင့်။ဒါဆို covid ကာလလေးသိချင်တာလေးတွေအတတ်နိုင်ဆုံးဖြေပေးဖို့ စောင့်နေပါ့မယ်။
#အားလုံးကျန်းမာရွှင်လန်းကြပါစေ

10/12/2020

သေတမ်းစာ(will)
--------------------
အခုရက်ပိုင်းခဏခဏဖြေပေးဖြစ်တဲ့ခေါင်းစဉ်လေးတခုကိုပြန်လည်မျှဝေပေးပါ့မယ်။အမွေခွဲဖို့အတွက်သေတမ်းစာရေးပြီးဘယ်သားသမီးကိုလွှဲပေးခဲ့မယ်ဆိုတာမျိုးမေးခွန်းတွေခဏဏဖြေ
ပေးနေရတော့ Linn pyae legal consultant page မှာလဲပြန်လည်မျှဝေလိုတဲ့အတွက်ဒီစာလေးကိုရေးတင်ရခြင်းဖြစ်ပါ
တယ်။
အမွေဆက်ခံခြင်း အက်ဥပဒေအရ အင်္ဂလိပ်ဘာသာ will
"သေတမ်းစာ" ရဲ့အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ပစ္စည်းရှင်
သည်မိမိသေဆုံးသောအခါ၎င်း၏ပစ္စည်းများကိုမည်သို့မည်ပုံစီမံ
ခန့်ခွဲလိုကြောင်း၎င်း၏ရည်ရွယ်ချက်ကိုဖော်ထုတ်ထားသည့်တရား
ဝင်ကြေညာချက်စာတမ်းဖြစ်ပေသည်။အဆိုပါစီမံခန့်ခွဲမှုမှာပစ္စည်း
ရှင်ကွယ်လွန်သည့်အခါမှသာလျှင်အကျိုးသက်ရောက်ရန်ဖြစ်ပေ
သည်လို့ဖွင့်ဆိုထားပါတယ်။
ဗုဒ္ဓဘာသာဝင်များမှာ သေတမ်းစာ(will)ရေးသားခွင့်
မရှိပါဘူး။သေတမ်းစာရေးသားခွင့်မရှိဘဲအမွေဆက်ခံခြင်းမှာမြန်မာ့
ဓလေ့ထုံးတမ်းအမွေခန်း၏အမွေခွဲဝေတဲ့အခါမှာထည့်သွင်းစဉ်းစား
ရမဲ့အဓိကအခြေခံချက်ပဲဖြစ်ပါတယ်။သေတမ်းစာရေးသားလိုတဲ့သူ
သည်ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ရင်တော့သေတမ်းစာရေးသားခွင့်ရရှိမှာမဟုတ်ပါဘူး။မိမိမသေခင်သေတမ်းစာသဘောသက်ရောက်သည့်စာတမ်းအမှတ်အသားနဲ့ခွဲဝေပေးခြင်းကိုမည်သည့်ဗုဒ္ဓဘာသာ
လူမျိုးကိုမျှခွင့်ပြုထားခြင်းမရှိပေ။
မသင်းမြိုင် နှင့်မောင်ကြီး ၁ ရန်ကုန်၃၅၁စီရင်ထုံးတွင်
မိခင်သည် သားသမီးငါးယောက်အနက်သုံးယောက်အား အရောင်းအဝယ်စာချုပ်တခု ပြုလုပ်၍မြေကိုပေးခဲ့သည်။သို့သော် စာချုပ်ပါ
စည်းကမ်းချက်များမှာမိခင်ဖြစ်သူသေဆုံးချိန်မှ အရောင်းအဝယ်
မြောက်မည်ဖြစ်ပေသည်။ ထိုစီရင်ထုံး၌ မြန်မာဗုဒ္ဓဘာသာများသည်
သေပြီးနောက် ပစ္စည်းကို ဝေဖန်ချထားရန် သေတမ်းစာမပြုလုပ်နိုင်
ကြောင်း၊အပေးစာချုပ်ဟန်ဆောင်၍သေတမ်းစာပြုလုပ်ခွင့်ကိုမည်သည့်ဗုဒ္ဓဘာသာလူမျိုးကိုမျှခွင့်မပြုနိုင်ကြောင်း၊မိမိလူမျိုး၏တရား
ဥပဒေများကိုအသုံးမဝင်အောင်မပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်သည်။
ဟုထုံးဖွဲ့ထားပါတယ်။
တရားလိုဦးသန်းစိန် အနေဖြင့်၎င်းကွယ်လွန်သည့်အခါသားသမီးများ၏ အမွေဆက်ခံခွင့်ကို ပိတ်ပင်နိုင်စေရန်အတွက်
သေတမ်းစာသဘောသက်ရောက်သည့် တောင်းဆိုချက်နှင့် အစီအ
မံတို့ကိုပြုလုပ်ပိုင်ခွင့်မရှိပေ။(ဒေါ်စိန်ကြည် နှင့်ဦးသန်းစိန် ၁၉၉၄
မတစ ၃၄)တွင်စီရင်ထုံးပြုထားပါတယ်။မြန်မာ့ဗုဒ္ဓဘာသာများ၏ အမွေခွဲဝေခြင်းနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ဒေသ မျှဝေပေးလိုက်ရပါတယ်။
အားလုံးလည်းကျန်းမာရွှင်လန်းကြပါစေ။

03/12/2020

ဒီရက်ပိုင်းစာတွေမတင်နိုင်ပျက်ကွက်မှုတွေအတွက်တောင်းပန်ပါတယ်.စာတွေအများကြီးဖတ်ပြီးအကြောင်းအရာမျိုးစုံတင်ပြနိုင်အောင်ကြိုးစားပါ့မယ်.အားလုံးကိုကျေးဇူးတင်ပါတယ်.
#ပျော်ရွှင်ချမ်းမြေ့ကြပါစေ

28/11/2020

ဒီနေ့ကတော့တန်ဆောင်မုန်းလပြည့်နေ့လေးဖြစ်ပါတယ်.မိသားစုနဲ့အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ.

26/11/2020

အားလုံးပဲမင်္ဂလာပါ.
Covid 19ကြောင့် အားလုံးအပြင်ကိုလဲစိတ်ချလက်ချမထွက်နိုင်၊ အသက်ကြီးတဲ့မိသားစုဝင်(သို့)ကလေးရှိတဲ့အိမ်မျိုးတွေဆိုအပြင်ထွက်ဖို့အရမ်းခက်ခဲပါတယ်၊ဒါကြောင့်လဲ ကျွန်မတို့Linn pyae legal consultant မှဥပဒေနဲ့ပတ်သက်တဲ့စာလေးတွေတင်ပေးနေပါတယ်။လူတိုင်းနဲ့တိုက်ဆိုင်ချင်မှတိုက်ဆိုင်မယ်ဆိုပေမဲ့အသုံး ဝင်တဲ့သူများအသုံးချနိုင်ပါတယ်။တိုက်ဆိုင်လို့အသုံးပြုမဲ့သူများအတွက်ကျွန်မသိမှတ်ထားသမျှကိုမျှဝေခြင်းဖြစ်ပါတယ်.ရောဂါကပ်ဆိုးကြီးဘေးမှကင်းဝေးပြီး ပျော်ရွှင်တဲ့အချိန်ကာလကိုတူတူဖြတ် သန်းရအောင်ကျန်းမာရေးအသိပညာပေးတွေကိုသေချာစွာလိုက်နာကြရအောင်နော်.အဆင်ပြေချောမွေ့ တဲ့နေ့လေးဖြစ်ပါစေ။
ချစ်ခြင်းများစွာဖြင့်~~~
ZHL

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေ🎉🎉🎉

Category

Website

Address

Yangon

Other Legal Services in Yangon (show all)
Htun Myittar Legal Affairs Services Htun Myittar Legal Affairs Services
Yangon, 11401

Legal Affairs Service

NK Legal Myanmar NK Legal Myanmar
Yangon

NK Legal Myanmar Company Limited is a well established law firm with qualified lawyers which based i

Phoenix Legal Services Phoenix Legal Services
Yangon

ဥပဒေနှင့်ပတ်သက်သည့် ၀န်ဆောင်မှုအမျိုးမျိုးတို့ကို တာ၀န်ယူလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

Lawyer Pyae & Ei Lawyer Pyae & Ei
Yangon

Legal Service

Great Golden Myanmar Law Firm Great Golden Myanmar Law Firm
No (60), Ground Floor, Mahar Bandula Park Street, Kyaukdata Township
Yangon

Moe Khine Law Firm Moe Khine Law Firm
38street
Yangon

This Law firm is providing to people Legal Service & Consultant who need legal help.

Pyi Thu Yadanar - Legal Consultancy Co.,ltd Pyi Thu Yadanar - Legal Consultancy Co.,ltd
Room 901, 9 Floor, Tower A, Myaing Hay Woun Condo, 8mile , Mayangone Township
Yangon, 11061

legal consultant

Khaing Legal Service Khaing Legal Service
Yangon

Self-care is the best of your health..

Max Phoenix Company Limited Max Phoenix Company Limited
Sabal 7th Street
Yangon

DICA,Tradenet ,FDAနှင့် ပတ်သက်သော ကိစ္စအဝဝအား ဝန်ဆောင်မှုပေးပါတယ်ရှင့်

NeoSpur NeoSpur
Building 1, Room 505, Tharyarshwepyi Housing, Tharyarshwepyi Stret, 16 Ward, Yankin Township
Yangon, 11082

အိမ်ခြံမြေ အကျိုးဆောင် နှင့် ဥပဒေဆိ?

Zabu Htate Tan Law Firm Zabu Htate Tan Law Firm
No. 361, Maharbandoola Road
Yangon, 11181

The Law The Law
Yangon

စာချုပ်စာတမ်း၊ အိမ်ခြံ‌မြေ နှင့် ဥပဒေရေးရာ၀န်ဆောင်မှုများ အတွက်09400874300 THE LAW by THAE PWINT PHYU