Forex Trading One Stop Service By NDK

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forex Trading One Stop Service By NDK, Investing Service, Yangon.

11/10/2021

အောက်တိုဘာလ (၁၁) ရက်နေ့
မနက်ပိုင်း (11:40) AM
===================
အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး

1,860,000
(တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း)

ကမ္ဘာ့ရွှေဈေး (World Gold Price)
1 Ounce- 1756 USD

ဒေါ်လာဈေး
1USD - 1990 MMK (KBZ bank )
(နေ့စဉ် ဘဏ်ဖွင့်ဈေးနှုန်း ဖြစ်ပါသည်။)
------------------------------
Unicode-

အောက်တိုဘာလ (၁၁) ရက်နေ့
မနက်ပိုင်း (11:40) AM
===================
အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး

1,860,000
(တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း)

ကမ္ဘာ့ရွှေဈေး (World Gold Price)
1 Ounce- 1756 USD

ဒေါ်လာဈေး
1USD - 1990 MMK (KBZ bank )
(နေ့စဉ် ဘဏ်ဖွင့်ဈေးနှုန်း ဖြစ်ပါသည်။)

16/09/2021

16:9.2021 ကြာသာပတေးနေ့
( အကယ်ဒမီ အခေါက်ရွှေဈေး)

12:33 PM

1824000 ရောင်း

1816000 ဝယ်

ဈေးကွာ(ဈေးကွာ 8000)

(USD 1935~1940 ခန်, , WGP 1791)

15ပဲရည်>> 1709000/-

13/09/2021

Three Types of Analysis

ကျွန်တော်တို့ဟာ Forex Trading ကို စတင် လုပ်ကိုင်ပြီဆိုတာနဲ့ ဈေးကွက်ရဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ဖို့အတွက် Market Analysis ကို မလ်ုပမဖြစ် လုပ်ရပါလိမ့်မယ်။Market Analysis လုပ်ရမယ် ဆိုရင်တေည့ အဓိကက အားဖြင့် အမျိုးအစား သုံးမျိုးခွဲခါးထားပါတယ်။အဲ့ဒါတွေ ကတော့-

(1) Technical Analysis(TA)
(2) Fudamental Analysis (FA)
(3) Sentiment Analysis (SA) တို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီ သံးမျိုးထဲမှာမှ ကျွန်တော်တို့ အများဆုံးလေ့လာသုံးသပ်ကြတာကတော့ Technical Analysis (TA) Fundamental Analysis (FA) တို့ပဲ ဖြစ်ပါတယ်။

အခုမှ စတင်လေ့လာမယ့်သူတစ်ယောက် အတွက် ကတော့ Technical Analysis (TA) ကို အရင်ဆုံးနားလည် ကျွမ့းကျင်အောင် လေ့လာရပါလိမ့်မယ်။

ဒါကြောင့် တကယ် ကျွမ်းကျင်တဲ့ Professional Trader တစ်ယောက် ဖြစ်ဖို့ ဆိုရင်တော့ အထက်ပါ သုံးချက်းစလုံးကို သေသေချာချာ လေ့လာ လေ့ကျင့်ရမှာပဲ ဖြစ်ပါတယ်။

Forex Trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

13/09/2021

ဒေါ်လာ အတက် ဖြေရှင်းဖို့ရာဝယ်....
ဒီနေ့ဒေါ်လာဈေး၂၀၀၀ကိုထိလိမ့်မယ်လုပ်ရမယ့်အလုပ်
တွေကို မြန်မြန် သွက်သွက်လုပ်ဖို့လိုမယ်။ မဟုတ်ရင် အကန့်အသတ်မဲ့ တက်သွားမယ်။ မက်ခရို စီးပွားရေး ပြိုလဲသွားမယ်။
ပြောခဲ့ပြီးပါပြီ။
Curreny Account Deficit ကိုထိန်းပါ။
ဆိုလိုတာက
ကုန်သွယ်မျှခြေနဲ့ရသုံးမျှခြေကိုထိန်းပါ။
စိတ်ကြိုက်တင်သွင်းပေးနေလိုမရဘူး။
ရသုံးမျှခြေမှာအသုံးနည်း ၊အရများမှဖြစ်မယ်။
ရောင်းလို့ရတာအကုန်ရောင်းပါ။
အသုံးရသလောက် နည်းအောင်လုပ်ပါ။
Capital Account Control လုပ်ပါ
ဒေါ်လာအထွက် အထူးသဖြင့်ဆက်သွယ်ရေးကု
ပ္မဏီအမြတ်တွေပြေည်တွင်းမှာပြန်ရင်းနှီးမြုတ်နှံသုံးစွဲပါစေ။ဒေါ်လာလဲပြီးပြန်ထုပ်သွားတာမျိုးကိုကြပ်ကြပ်မတ်
မတ်ထိန်းပါ။
Fianancial Account နဲ့ထိန်းပါ။
လိုပြကြောင့်ရိုက်ထုပ်တဲ့ကျပ်အတွက် အမာနဲ့ခုပါ။
Foreign Loan ယူပါ။
ဘဏ်ကိုမယုံတော့လိုမအပ်ရဲတော့လို့အပြင်မှာ ပုံနေတဲ့ကျပ် တွေ ဒေါ်လာ Gold အိမ်ခြံမြေဝယ်ကုန်ရင်ပိုဖေါင်းပွမယ်။
ပြန်ရင်းနှီးမြုတ်နှံလာနိုင်ဖို့ပြည်တွင်းမှာစားသုံးစေဖို့
လမ်းများများဖွင့်ပေးပါ။
နိုင်ငံခြားရင်းနှီးမြုတ်နှံတာဘယ်ကရရ ရ အောင်
ကိုဆွဲ စိပါ။
ဘဏ်အပ်နှံမှုကနေပြန်ထုပ်မရတာက ပြသနာအားလုံးရဲ့အစပါခက်ခက်ခဲခဲပြန်အဆုံးသတ်ဖို့အဆင်သင့်ရှိရပါမယ်။
NPLများလို့အပ်နှံငွေပြေန်မပေးနိုင်တဲ့ဘဏ် ဘယ်လောက်ရှိမလဲခုထဲကသိရပါမယ်စာရင်းစစ်ရပါတော့မယ်ဘယ်ဘဏ်လဲနိုင်တယ်ဘယ်ဘဏ်ကျန်နိုင်တယ်သိထားနိုင်ပါစေ။
ဖြေရှင်းပေးနိုင်တာရှင်းမပေးနိုင်တာသိထားနိုင်ပါစေ
ဘယ်ဘဏ်များနဲ့ဆက်စခန်းသွားမယ်ကို ဖြတ်ထားနိုင်ပါစေ။
ဘက်စုံထိခိုက်ကုန်ရင်ပြန်ထူဖို့ခက်မယ်
တိတိကျကျဆန်းစစ်တိတိကျကျအဖြေရှာပါ
အလွယ်ထင်ရင်အကြီးကြီးခက်သွားမယ်
ဒါပါဘဲ
Crd Khin Maung Zaw

13/09/2021

13.9.2021 တနင်္လာနေ့

(အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေး)

12:06 PM

1840000 ရောင်း

1832000 ဝယ်

ဈေးကွာ(ဈေးကွာ 8000)

(USD 2015~2020 ခန်)

(World Gold Price - 1791)

15ပဲရည်>> 1724500/-

13/09/2021

The Bid/Ask and Spread ဆိုတာ ဘာတွေလဲ...?.

Forex မှာ ဈေးနှုန်း (Quotes)တွေ အားလုံးကို Bid Price နဲ့ Ask Price ဆိုပြီး ဈေးနှုန်း နှစ်မျိုး ဖော်ပြကြပါတယ်။Bid Price ဟာ Ask Price ထက် ဈေးနိမ့်ပါတယ်။✍

Bid Price ဆိုတာ သင့်ရဲ့ Broker က ဝယ်မယ့် Base Currency ရဲ့ ဈေးနှုန်း ဖြစ်ပါတယ်။တနည်းအားဖြင့် Bid Price ဆိုတာ သင်က ဈေးကွက်မှာ ရောင်းလို့ရမယ့်ဈေး ဖြစ်ပြွး Broker က သင့်ဆီ က ပြန်ဝယ်မယ့်ဈေးနှုန်းဖြစ်ပါတယ်။👩‍🏫

Ask Price ဆိုတာက သင့်ရဲ့ Broker က Bace Currency ကို ရောင်းမယ့်ဈေးပါ။တနည်းအားဖြင့် Ark Price ဆိုတာက သင်က ဈေးကွက်မှာ ဝယ်မယ်ဆိုရင် ရနိုင်မဲ့ ဈေးဖြစ်ပြီး Broker ကသင့်ကို ရောင်းမယ့် ဈေးဖြစ်ပါတယ်။👈

ဒါကြောင့် အလွယ်မှတ်သားရမယ်ဆိုရင် သင့်အတွက် Bid Price ဆိုတာ ရောင်းဈေး (Sell)ဖြစ်ပြီး Ask Price ဆိုတာ ဝယ်ဈေး (Buy)ဖြစ်ပါတယ်။အဲ့ဒီ Bid Price နဲ့ Ask Price ကြားက ကွာခြားချက်ကို တော့ ''Sepread''လို့ ခေါ်ပါတယ်။👆👇

Forex Trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

13/09/2021

ကောင်းလွန်းလို့ ပြန်မျှဝေလိုက်တယ်

အိုင်းစတိုင်းက .....
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ် ။

9x1 = 09
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91
ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော ...။
သူ့လိုလူတစ်ယောက်က င်္သချာမှာ မှားရေးမိတာကိုး ။ 9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ အိုင်းစတိုင်းက 91 လို့ ရေးထားတယ် ။

အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ် ...။

စာ ၁၀ ကြောင်း ရေးထားတယ် ၊ ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ ငါ့ကို ဂုဏ်မပြုကြဘူး ၊ ဒါပေမဲ့ အမှားတစ်ကြောင်းအတွက် ငါ့ကို လှောင်ပြောင်ကြတယ် ၊ ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင် လူတွေဟာ ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက် ၊ အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ ရွေးမြင်တတ်ကြလို့ပါပဲ တဲ့ ...။

ဒီဖြစ်ရပ်ကနေ သင်ခန်းစာ အများကြီးပေးသွားပါတယ် ။ ကျွန်တော်တို့ လူတွေဆိုတာ အမှားမကင်းနိုင်ပါဘူး ။

တစ်ချက်အမှား အတွက်နဲ့ လူတစ်ယောက်ကို မလဲပစ်လိုက်ပါနဲ့ ။ လူတော်တော်များများက သူတို့လည်း စင်းလုံးချော မကောင်းပေမဲ့ ကျွန်တော်တို့ကို အချိန်တိုင်း ပုံသေ စင်းလုံးချော ကောင်းစေချင်ကြတယ် ။ တစ်ခုခု အမှားလုပ်လိုက်တာနဲ့ သည်းခံ ခွင့်လွှတ် ပြုပြင်ပေးမယ့်အစား ၊ အပြစ်မြင် အပြစ်တင်ပြီး ရှောင်ထွက် စွန့်ခွါခြင်းလမ်းကိုသာ အများဆုံးက ရွေးချယ်သွားကြတယ် ...။

လူ့လောကမှာ နေထိုင်တဲ့အခါ ...
သင့်ရဲ့ အားနည်းချက်တစ်ခုအတွက်ကို လူတချို့က ဝေဖန် လှောင်ပြောင်တာမျိုး ခံရရင် ဒီစာပိုဒ်လေးကို သတိရလိုက်ပါ ။

တစ်နှစ်ပြီးတစ်နှစ် ...
အသက်ကြီးလာတဲ့အခါ ရင်ဘတ်ထဲမှာ
ရင့်ကျက်သထက် ရင့်ကျက်လာဖို့ လိုပါတယ် ။

လောကကြီးအကြောင်း ...
လူတွေအကြောင်း နဲ့ ကိုယ့်အကြောင်းကို ပိုသိလေ
လူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရလေ ဖြစ်ပါတယ် ...။

လောကကြီးမှာ
ကိုယ်ကြီးပြင်ခဲ့ရတဲ့ ပတ်ဝန်းကျင် ..
ကိုယ်ရှင်သန် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့
ရောက်ရှိနေတဲ့ အနေအထား မတူညီတဲ့အခါ
အမြင် ၊ ခံယူချက် နဲ့ လက်ခံမှုဆိုတာ ဘယ်တော့မှ မတူညီနိုင်ပါဘူး ...။

ဒါကြောင့်
နင်မှားတယ် ... သူမှားတယ်...
သူကောင်းတယ် ငါကောင်းတယ် ...
ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ငြင်းခုံ
လေကန်နေတာထက် ကိုယ်မှန်တယ် ထင်တဲ့အရာတွေ အနောက်ကို ဆက်လိုက်ပါ ...။

လူတွေကို အတတ်နိုင်ဆုံး မေတ္တာထားပါ ။
အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ကြည့်ပါ ။
ဘယ်သူမှားမှား အတတ်နိုင်ဆုံး ပြိုင်မငြင်းပါနဲ့ ...။
တစ်ခါတရံ ကိုယ့်ဘက်က သည်းခံလိုက်လို့ ...
ငြိမ်အေးပြေလည်သွားတဲ့ အတ္တစစ်ပွဲတွေ အများကြီး ရှိလာပါလိမ့်မယ် ။

Credit -

04/09/2021

ဘဝအတွက် ခွန်းအားဖြစ် စာစုများ

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။
အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။

ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။
မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

လောကဓံကို ကြံ့ကြံ့ခံနိုင်မှ
လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

အပြေးသမားတစ်ယောက်က
အမောမခံနိုင်ပဲ ပန်းတိုင်ရောက်အောင်
မပြေးနိုင်ဘူးလေ။

လူ့ဘဝကလဲ ဒီလိုပဲ
မောပန်းခြင်းကို အကြောင်းပြ
ရောက်တဲ့နေရာ ရပ်နေသရွေ့
လျှင်မြန်ပါတယ်ဆိုတဲ့''ယုန်''ကို
"လိပ်''ကတောင် အနိုင်ယူသွားသေးတာပဲ။

ရှေ့ကလူကို နောက်ကလူက
လိုက်မှီတယ်ဆိုရင် အဲ့ဒီလူကပဲ
မြန်တာလား ရှေ့က လူကရပ်နေတာလား
စဉ်းစားကြည့်ပါ။

ဘယ်ကိစ္စမဆို
မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့
ကြောက်တက်တဲ့ စိတ်ကိုပြင်
စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။

ဘဝကိုမြှင့်မှ တိုးတက်တာပါ
ဘဝင်မြင့်ရင်တော့
အောက်ကျလိမ့်မယ်သတိထား။

ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့ ဒါပေမဲ့
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲ တစ်ခုပေးတိုင်း
ပြဿနာတစ်ခုပေးတိုင်း
သင်ခန်းယူဖို့တော့ မမေ့ပါနဲ့။

ဘာကြောင့်ဆို
အခက်အခဲနဲ့ ဒုက္ခဆိုတာ
ကျွန်မတို့ လူသားတွေအတွက်
ပြီးဆုံးတယ်ဟူ၍ မရှိနိုင်ပါဘူး။

လေးစားစွာဖြင့်
(ရာမညမြေ)_____

03/09/2021

စက်တင်ဘာလ (၃) ရက်နေ့
အကယ်ဒမီမီးလင်းရွှေအပိတ်ဈေးဟာ
1,735,000

(တစ်ဆယ့် ခုနှစ်သိန်း သုံးသောင်း ငါးထောင် )ထိ အနည်းငယ်
မြင့်တက်လာပါတယ်

02/09/2021

လက်ရှိစစ်ကောင်စီကထုတ်ယူသုံးစွဲနေတဲ့ ငွေစက္ကူ (၁၀၀၀၀) တစ်သောင်းတန်ကို အမေရိကန်ဗဟိုဘဏ်ဥက္ကဌက အသိအမှတ်မပြုဟု ပြောကြားသွားပါတယ်။
Crd.

02/09/2021

ရွှေဈေးနှင့် ဒေါ်လာဈေး အတက်ကြမ်းနေ

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၁

ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေမှုနှင့် ငွေစက္ကူအသစ်များ ဈေးကွက်အတွင်း ရောက်ရှိလာမှုများကြောင့် ပြည်တွင်း ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ အတက်ကြမ်းလျက်ရှိသည်။

အမေရိကန် ဒေါ်လာဈေးနှုန်းသည်လည်း ၁ ဒေါ်လာလျှင် ကျပ် ၁၇၈၀ ကျော်မှ ယနေ့ ပေါက်ဈေးမှာ ၁ ဒေါ်လာ ၁၈၂၀ ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ယနေ့ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင်ကျပ် ၁၇ သိန်း ၈ ထောင်ကျော်အထိ ဈေးတက်လာလျက်ရှိကြောင်း ဈေးကွက်အတွင်း စုံစမ်း သိရှိရသည်။

ထို့ပြင် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေမှုကြောင့် တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်တို့လည်း ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။

ယခင်က ငွေကျပ် ၁ သိန်းကို ဘတ် ၂၀၀၀ ဝန်းကျင်ရှိရာမှ ယခုတွင် ကျပ် ၁ သိန်းကို ဘတ် ၁၈၆၀ ဝန်းကျင်ရှိပြီး တရုတ်ယွမ်သည်လည်း ယခင်က ကျပ် ၁ သိန်းကို ယွမ် ၂၅၀ ကျော်မှ ယခုတွင် ကျပ် ၁ သိန်းကို ယွမ် ၃၉၀ ဝန်း ကျင်အထိ ရှိနေသည်။

Photos from Forex Trading One Stop Service By NDK's post 02/09/2021

အိမ်မှာ ကြုံတွေ့နေရတဲ့ ပြသနာလေးတွေ အတွက် 😍
သိထားသင့်တယ်..........

Photo-Crd

02/09/2021

2 September
ယနေ့ ကမ္ဘာ့ရွှေ ဟာဆိုရင် 1813 $ ဈေးတန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

01/09/2021

မိန်းကလေး များအတွက် ပန်ကြားခြင်း.....

ယခုလို ခေတ်ကြီးဟာ သင်နဲ့သင့်ပတ်ဝန်းကျင်မှာ တချို့ ကြားနေ၊မြင်နေ၊တွေ့နေရမှာပါ။

ဒါကတော့ အရွယ် မရောက်သေးတဲ့ မိန်းကလေး တစ်ယောက် အိမ်ထောင် ကျသွားပြီ ။ ခိုးရာ လိုက်ပြေးသွားပြီ ဆိုတာပါပဲ။

ဖက်ဆိုသည်မှာ ဆူးပေါ် ကျလည်း ပေါက် သလို ၊ ဖက်ပေါ် ဆူးကြလဲ ပေါက်ကြရမဲ့ ဘဝပါ။

ငယ်ရွယ်နေတဲ့ မိန်းကလေး တယောက်၊ သူ့အတွက် အတွေ့ကြုံ မရှိသေးတဲ့ သူ အဖို့ ၊ နားယောင်မိတဲ့စကားတွေ ရှိသွားခဲ့ရင် သူ့ဘဝဟာ အညွှန့် တက်နေရင်နဲ့ ကျိုးသွားတတ်ပါတယ်။

Sodial Media ဆိုတာကလဲ ဒီခေတ်မှာ ၅နှစ်ကလေးတောင် သုံးတတ်နေတာပဲ ဖြစ်ပါတယ်။

ဒီလို သုံးနေကြတာ ဟာ အသက်၊အရွယ် မျိုးစုံ လူမျိုးပေါင်းစုံ သုံးနေတာ ဖြစ်တဲ့အတွက် ခွန်အားဖြစ်စေတဲ့ video တွေ၊ ရီစရာ ဟာသတွေ အပြင် အချစ်နဲ့ ပတ်သတ်တဲ့ video တွေ၊ကဗျာတွေ များစွာလည်း ရှိကြပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေး အဖို့ သိထားသင့်တာက ''အချစ်နဲ့ ပတ်သတ်ရင် နားမယောင်ဖို့ပါပဲ''။

နားယောင်မိတဲ့ မိန်းကလေးတွေ ရှိခဲ့တဲ့ အတွက် သူတို့မှာ အဆင်မပြေမှုတွေ ၊အခက်ခဲတွေ များစွာ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

မိန်းကလေး အကုန်လုံးကို မဆိုလိုပေမဲ့ မြင်ရတွေ့ရ ဒါတွေကတော့ တော်တော် များများပါပဲ။''အချို့ အသက်ပြည့်သူတွေလည်း ရှိကြပါတယ်။

အပျိုဖော် ဝင်စ ဖြစ်တည်လာတဲ့ ခံစားချက်က တစ်ဦးတစ်ယောက်ကြောင့် နားယောင်မိသွားရင် ဘဝကြီး တစ်ခုလုံး အမဲစက်တစ်ခုနဲ့ ရှင်သန်နေရပါလိမ့်မယ်။

တန်ဖိုးရှိလှတဲ့ ဘဝက တန်းဖိုးမဲ့ သွားပြီး ထပ်ပြီး အသက်ဆက် ရှင်ဖို့ ထိ အချို့မိန်းကလေးဘဝမှာ ခက်ခဲမှုတွေ ထိ ရှိပါတယ်။

အသက်မပြည့်ပဲ အိမ်ထောင်ကျသွားတယ်။ တနှစ် ကြာတော့ ကွဲသွားပြီ။ ပတ်ဝန်းကျင် ဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး အတင်းတုတ်တတ်တဲ့ သူတွေပါ။

ဒါကြောင့် ကိုယ့် ဘဝကို တန်ဖိုးထားပါ။
ကို့ ဘဝမှာ အများကြီး ရွေးချယ်စရာတွေရှိပါတယ်။
တက်လမ်းတွေ အများကြီးရှိပါတယ်။

ဒီအချိန်မှာ အချစ်ဆိုတာ ကို သေချာ မသိသေးပဲ ''နားယောင်မိသွားရင်'' သင်ဟာ နာကျင်မှုတွေနဲ့ ရှင်သန်နေရပါလိမ့်မယ်။

ယောကျာင်္းလေးတွေအတွက်လည်း အထင်သေးစရာတွေ ဖြစ်နေရပါလိမ့်မယ်။ ''တစ်ချို့လူတွေကြောင့် တစ်မျိုးသားလုံး အထင်သေးခံရမဲ့ ကိစ္စတွေပါ''

ဒါကြောင့် အရွယ်မရောက်သေးတဲ့ မိန်းကလေးများ အချစ်ကြောင့် ကိုရဲ့ စိတ်ကို အလိုမလိုက်ကြစေချင်ပါဘူး။
မြင်ရ တွေ့ရ ကြားရ ဒါတွေကို သင်ခန်းစာယူပါ။
ကိုယ့် ဘဝကို တန်းဖိုး ရှိရှိနဲ့ ယုံကြည်မှု ရှိစွာ ဖြတ်သန်းပါ။

"မိန်းမတို့ အိနြေ္ဒ ရွှေပေး မရ '' စကားပုံ ဟာ မိန်းမသားအားလုံး အတွက်မို့ တန်ဖိုးသိမှ တန်ဖိုးရှိကြတဲ့ မိန်းကလေးများ ဖြစ်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်🙏

ဒီစာမျှဝေတဲ့ ကျွန်တော်ဟာ ယောကျာင်္းလေးဖြစ်ပေမဲ့ မိန်းကလေးများရဲ့ ခံစားနေတာတွေကို မမြင်ရက် မတွေ့ရက် မကြားရက်တာကြောင့် ကျွန်တော် ဒီ message လေးကို ပေးခြင်းဖြစ်ပါတယ်။

တစ်ယောက် မှ မိန်းကလေး အများ နားလည်ရင် ကျေနပ်ပါတယ်။

စာရေးဆရာ မဟုတ်တဲ့ အတွက် အမှား ပါသွားခဲ့ရင် လည်း ခွင့်လွှတ်ပါ🙏

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Original Writer-Aung Lay

01/09/2021

1.9.2021 ဗုဒ္ဓဟူးနေ့

(အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေး)

12:24 PM

1705000ရောင်း

1699000 ဝယ်

ဈေးကွာ(ဈေးကွာ 6000)

(USD 1800~1805 ခန်, , WGP 1814)

15ပဲရည်>> 1599000/-

01/09/2021

Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်
လေ့လာကြည့်ကြပါဦး

ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၎။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit

31/08/2021

September 1
ယနေ့ ကမ္ဘာ့ရွှေဈေး ဟာဆိုရင် 1813 ဈေးတန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

31/08/2021

31.8.2021 အင်္ဂါနေ့

(အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေး)

11:59 AM

1698000ရောင်း

1690000 ဝယ်

ဈေးကွာ(ဈေးကွာ 8000)

(USD 1780~1785 ခန်, , WGP 1816)

15ပဲရည်>> 1590500/-

31/08/2021

ချွေတာတတ်ပါစေ..

တစ်ချိန်က ငွေကို ရှိရင်ရှိသလို
နဲ့သုံးခဲ့ဖူးတယ်
လက်ထဲမှာ ငွေလေးရှိတာနဲ့
လိုအပ်တာရော မလိုအပ်တာတွေကို ရော အကုန်စုပြုံပြီး ဝယ်ခဲ့ဖူးတယ်

အစားအသောက်ဆိုလည်း
မကုန်မခမ်းတွေဝယ်ပြီး
မကုန်တဲ့အခါ လွှင့်ပစ်လိုက်တဲ့အခါလဲရှိတယ်

အဝတ်အစား တွေပေါနေရဲ့သားနဲ့လည်း
တစ်ထည်ပြီးတစ်ထည် ဝယ်တယ်။

ချွေတာစုဆောင်း
သူဌေးလောင်းဆိုတဲ့အတိုင်း
ကိုယ်ကငွေကို ချစ်မှ
ငွေကလည်းကိုယ့်ကိုချစ်ပြီး
ကိုယ့်အနားမှာ နေမှာပါ။

ကိုယ်က ငွေကို တန်ဖိုးမထားပဲ
ရှိရင်ရှိသလိုသုံးနေမယ်ဆိုရင်တော့
အရေးအကြောင်းကြုံတဲ့အခါ
သုံးစရာ မရှိပဲ ဒုက္ခရောက်တတ်တယ်။

ကိုယ့်မှာ ရှိတဲ့ငွေလေးကို
မလိုအပ်တဲ့နေရာတွေမှာ
ဖြုန်းနေမယ့်အစား
တစ်ခုခုကြိုးစားလုပ် ဒါမှမဟုတ်
ရင်းနှီးမြှပ်နှံလိုက်တာကမှ
ကိုယ့်မှာရှိတဲ့ငွေကို
သိမ်းပြီးသားလည်းဖြစ်သလို
တိုးပွားပြီးသားလည်းဖြစ်တယ်။

ရေရှားတဲ့နေရာမှာ နေဖူးမှ
ရေတစ်စက်ရဲ့တန်ဖိုးကိုသိသလို
ငွေရှိတဲ့အချိန်တုန်းက
ထင်သလိုသုံးခဲ့ပြီး ဒုက္ခရောက်တဲ့အချိန်မှ
ငွေရဲ့တန်ဖိုးကို ပိုနားလည်လာခဲ့တယ်

ငွေတစ်ရာ နှစ်ရာ ပိုနေတဲ့အခာ
မသိသာပေမယ့်
လိုနေတဲ့အခါ အရမ်းသိသာတယ်
တန်ဖိုးထားတတ်ပါစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်

31/08/2021

Forex Market မှာ ဘယ်လို အမြတ်ရှာကြတာလဲ...

Forex Market ဟာ Two way Market အမျိုးအစားပါ။Two way Market ဆိုတာ ဈေးတက်လည်း အမြတ်ရှာနိုင်သလို ဈေးကျလည်း အမြတ်ရှာနိုင်ပါတယ်။

ဒီလိုပြောခြင်းဟာ ဈေးတက်တက်ကျကျမြတ်မယ် ပြောတာ မဟုတ်ပါဘူး။

ကိုယ်က ဈေးတက်မယ်ထင်ရင် မတက်ခင် ကြိုဝယ်ထားရပါတယ်။ ဈေးတကယ်တက်ရင် မြတ်ပါတယ်။
ထိုနည်းတူစွာ ဈေးက ကျမယ်ထင်ရင် ကြိုတင်ရောင်းထားရပါမယ်။ ဈေးတကယ် ကျခဲ့ရင် မြတ်ပါတယ်။ဒီ သဘောကို ဆိုလိုခြင်းပါ။

ဒီလို အမြတ်ရဖို့ ဆိုရင်တော့ သင်အနေနဲ့ အရင်ဆုံး Trading Style ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုစနစ်တကျ ရောင်းဝယ်တတ်ဖို့ မြန်မာနိုင်ငံမှာ Broker Company များစွာ ထဲမှာ ကိုယ်နှစ်သက်တဲ့ Broker မှာ သင်တန်းတက်လေ့လာ ရင်းနဲ့ အစမ်း Demo အကောင့် ဖြင့်လည်း အရောင်းအဝယ် လုပ်နည်းများစွာ လေ့လာနိုင်ပါတယ်။

Forex Trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။🤙

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။👩‍💼

31/08/2021

"ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်ပါ"
==========================

လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ (၃) ခု

၁။ ပညာမတတ်တာ
၂။ ဆင်းရဲတာ
၃။ ချစ်တာ

အဲ့ဒီ သုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ (၃) ခု

၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်
၃။ ရိုးသားမှု

လက်လွှတ်လိုက်လေလေ (နောင်တ)ရလေလေမို့ပါ

လောကမှာ ဆိုင်းငံထားလို့မရတဲ့ အရာ (၃) ခု

၁။ အသက်
၂။ အချိန်
၃။ ချစ်ခြင်း တရား

ဆိုင်းငံ့ထားလေလေ ဝေးကွာလေလေမို့ပါ

လောကမှာ ဆောင်ထားရမယ့် အရာ (၃) ခု

၁။ ရိုးသားမှု
၂။ လေးစားမှု
၃။ ခင်မင် ဖော်ရွေမှု

ဆောင်ထားလေလေ (နောင်တ) ကင်းလေလေမို့ပါ

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ (၃) ခု

၁။ မလိုတမျိုးလိုတမျိုးသူငယ်ချင်း
၂။ ကွယ်ရာမကောင်းပြောတဲ့ မိတ်ဆွေ
၃။ နှုတ်မစောင့်စည်းသော အပေါင်းအသင်း

ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။

လောကမှာ နောက်ကိုမရွေ့သင့်တဲ့ အရာ (၃) ခု

၁။ အလှုအတန်း
၂။ မိဘ ကျေးဇူး ဆပ်ခြင်း
၃။ တရား ဘာဝနာ

နောက်ရွေ့လေလေ နောင်တရလေလေ မို့ပါ

လူတိုင်းအတွက်အကျိုးရှိမယ်လို့
ကျွန်တော် ထင်ပါတယ်
လူတိုင်းဖတ်လိုသောစိတ်သိလိုသော
စိတ်နဲ့ ကျွန်တော် တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ


NDK

31/08/2021

ယနေ့ ကမ္ဘာ့ရွှေ ဟာဆိုရင် 1809 $ ဈေးတန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

30/08/2021

ဩဂုတ်လ (၃၀) ရက်နေ့
ညနေပိုင်း (2:45) PM
===================
အကယ်ဒမီမီးလင်းရွှေအပိတ်ဈေး

1,688,500
(တစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ကိုးထောင်)

1 Ounce- 1813 USD

ဒေါ်လာဈေး
1USD - 1676 MMK (KBZ bank အရောင်း)
(နေ့စဉ်ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်)

---------------------------------------
Unicode-

ဩဂုတ်လ (၃၀) ရက်နေ့
ညနေပိုင်း (2:45) PM
===================
အကယ်ဒမီမီးလင်းရွှေအပိတ်ဈေး

1,688,500
(တစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ကိုးထောင်)

1 Ounce- 1813 USD

ဒေါ်လာဈေး
1USD - 1676 MMK (KBZ bank အရောင်း)
(နေ့စဉ်ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်)

Photos from Forex Trading One Stop Service By NDK's post 30/08/2021

မည်သည့် ဖုန်း ဆင်းကဒ် မဆို အသုံးပြုနိုင်တဲ့ နည်းလမ်းလေးပါ...

Photo-Crd

30/08/2021

ဩဂုတ်လ (၃၀) ရက်နေ့
နေ့လယ်ပိုင်း (12:20) PM
===================
အကယ်ဒမီမီးလင်းရွှေဈေး

1,688,000
(တစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ရှစ်ထောင်)

1 Ounce- 1815 USD

ဒေါ်လာဈေး
1USD - 1676 MMK (KBZ bank အရောင်း)
(နေ့စဉ်ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်)

---------------------------------
Unicode-

ဩဂုတ်လ (၃၀) ရက်နေ့
နေ့လယ်ပိုင်း (12:20) PM
===================
အကယ်ဒမီမီးလင်းရွှေဈေး

1,688,000
(တစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ရှစ်ထောင်)

1 Ounce- 1815 USD

ဒေါ်လာဈေး
1USD - 1676 MMK (KBZ bank အရောင်း)
(နေ့စဉ်ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်)

30/08/2021

Forex Trader အမျိုးအစားများ

Trading လုပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အ လုပ်အကိုင်တွေ ၊အားလပ်တဲ့ အချိန်တွေ၊ငွေကြေး ရင်းနှီးမြှပ်နှံ မှုတွေ မတူကြပါဘူး။

ကိုယ်ကဘာကို အားသန်သလဲ၊ဘယ် Trading Styleက ကိုယ့်အတွက် အဆင်ပြေနိုင်မလဲဆိုတာ သိထားမှ Strategy တွေ ရှာတဲ့အခါမှာ အဆင်ပြေနိုင်ပါမယ်။အဲ့ဒီလိုမှုးတွေ အတွက် အသုံးများတဲ့ Trading Style တွေကို သိထားရပါမယ် ။

Forex trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။🤙

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။👩‍💼

30/08/2021

Forex Market မှာ ဘာကြောင့် ရင်းနှီးမြှပ်နှံသင့်တာလဲ?

Forex Market ဟာ အလွန်ခိုင်မာမှုရှိတဲ့ဈေးကွက် တစ်ခုပါ။မည်သူ တစ်ဦးတစ်ယောက်မှ ချုပ်ကိုင်ထားလို့ မရပါဘူး။

Forex Market ရဲ့ လည်ပတ်ပုံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်ရေး၊ဆက်ဆံရေး၊ခရီးသွားလာမှုတွေ မရှိတော့မှ ရပ်တန့်သွားမှာပါ။

Forex Market ဟာ ကမ္ဘာ့အကြီးဆုံး ငွေကြေးဆိုင်ရာ ဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။

Forex Market ဟာ တစ်ရက်အတွင်း(5.3Trillion)ဒေါ်လာလောက် အရောင်းအဝယ်လုပ်နေကြပါတယ်။

Forex Market ရဲ့အားသာချက်ကတော့-
-ငွေဖြစ်လွယ်ခြင်း(အရောင်း၊အဝယ်လွယ်ကူခြင်း)
-24Hours /5Days လည်ပတ်နေခြင်း၊အရောင်းအဝယ်လုပ်နိုင်ခြင်း
-Two Way Market ဖြစ်ခြင်း
-ငွေအရင်းအနှီး အနည်းငယ်ဖြင့် စတင်နိုင်ခြင်း
-Free Demo Account များဖွင့်ပြီးလေ့လာနိုင်ခြင်းတွေပဲ ဖြစ်ပါတယ်။

Forex trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။🤙

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။👩‍💼


ောt

.stop.servise.by.NDK

30/08/2021

ယနေ့ ကမ္ဘာ့ရွှေ ဟာ 1818$ ဈေးတန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

28/08/2021

#လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာ
အလုပ်လုပ်ခြင်းပဲ
အပြောနဲ့ ကဲ့ရဲ့တတ်သူတွေကို အလုပ်နဲ့ အနိုင်ယူရမယ်
လုပ်သင့်တာကို လုပ်မှ လိုချင်တာကို ရမယ်
အားကျပါ မနာလို မဖြစ်နဲ့
လောကမှာ- ဘာတစ်ခုမှ အလကား မရပါဒါပေ
မယ့်တန်ဖိုးအကြီးဆုံးနဲ့ အခမဲ့ရတာကတော့
မိဘရဲ့ မေတ္တာ စေသနာ ပဲ
နေပူထဲရောက်မှ အရိပ်ရဲ့ တန်ဖိုးကိုသိလာမယ်
ကန္တာရထဲရောက်မှ ရေတစ်ပေါက်ရဲ့တန်ဖိုး သိလာမယ်စာမေးပွဲခန်းထဲ ရောက်မှ ဆရာတစ်ယောက်ရဲ့ စေတနာကို သိလာမယ်
သာမာန်ဘဝမျိုးထက် သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားရမှာပဲ
မင်းရဲ့ လုပ်ရပ်ဟာ မင်းရဲ့ ဘဝတန်ဖိုးဘဲ
ယုံကြည်ချက်ရှိသူတွေဟာ ရည်မှန်းချက် ထားကြတယ်
✴ "ပျင်းရိသူကို ဝီရိယရှိသူက
ကျော်နိုင်တယ်...
✴ ဝီရိယရှိသူကိုတော့ စည်းကမ်းရှိသူက
ကျော်နိုင်တယ်"
" အပြောကြီးတာဟာ မလုပ်ချင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ့ "
" လောကမှာ -
✳ တန်ဖိုးအရှိဆုံးက အချိန်
✳ အရေးကြီးဆုံးက စိတ်ဓာတ်
✳ အကြီးမားဆုံးက မိဘကျေးဇူး "
" မလုပ်သင့်တာကို လုပ်ရင်
မလိုချင်တာကို ရမယ်"
" ဉာဏ်ကောင်းဖို့ထက် စိတ်ဓာတ်
ခိုင်မာဖို့ ပိုအရေးကြီးတယ် "
" မမြင်ရသော အရာကို အချိန်ကုန်ခံ မျှော်လင့်နေမယ့်အစား မြင်နိုင်တာကို မဆုတ်မနစ်သော ဇွဲနဲ့ ၊ အခု ထလုပ်လိုက်ပါ "
" အနိုင်အရှုံးဆိုတာ လုပ်ရပ်ပေါ်
မူတည်တယ် "
" အစာ " ငတ်ရင် တခဏ "
စာ " ငတ်ရင် တစ်ဘဝလုံး ဆုံးရှုံးပြီမှတ် "
" တစ်နေ့မှာ (၂၄) နာရီချင်း တူပေမဲ့
ဘဝတွေ ဘာကြောင့် မတူတာလဲ "
" ရောဂါပျင်းလျှင် ဆေးရှိသည် |
လူပျင်းလျှင် ဆေးမရှိ"လို့ပါပဲ။



Forex trading ကို အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။🤙

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။👩‍💼

Forex Market ဆိုတာ ဘာလဲ ?

https://www.facebook.com/107845358183831/posts/120944420207258/

27/08/2021

Demo Trading (အစမ်းအကောင့်ဖြင့်အရောင်းအဝယ်လုပ်ခြင်း)

Forex Broker အများစုမှာ Demo Account ကို အခမဲ့ဖွင်လို့ရနိုင်ပါတယ်။အဲ့ဒီ Demo Account တွေမှာလည်း တကယ့်အကောင့် အစစ် Real Account တွေလိုပဲ လုပ်ဆောင်နိုင်စွမ်းတွေရှိပါတယ်။

ဘာကြောင့် အဲ့လို့ဖွင့်ခွင့်ပးထားတာလဲ ဆိုတော့ Broker တွေက သင့်ကို သူတို့ရဲ့ Trading Platform မှာ ဘယ်လို အရောင်းအဝယ်လုပ်ရသလဲ ဆိုတာကို လေ့လာသင်ယူစေချင်တဲ့ အတွက်ကြောင့်ပါ။အဲ့ဒီကနေ တစ်ဆင့် ဘာဆုံးရှုံးမှု Risk မှ မရှိဘဲ Trading အလျိန်လေးတွေကို သင်ကသဘောကျ နှစ်ခြိုက်လာတဲ့ နောက်တော့မှ တကယ့်ပိုက်ဆံ ထည့်ဖို့ ဖြစ်လာမှာပါ။

Demo Account ကနေပြီးတော့ Forex Trading ကိုသင်ယူလို့ ရပြီး သင့်ရဲ့ Trading Skill နဲ့ အနေအထား ကို ဘာဆုံးရှုံးမှုမှ မရှိဘဲ စမ်းသပ်လို့ရတယ်။သင့်တကယ်ပိုက်ဆံထည့်ဖို့ မစဉ်းစားခင်မှာ ခိုင်မာပြီး အမြတ်ထွက်တဲ့ Trading System တစ်ခု ထည်တောက်နိုင်တဲ့ အထိ အဲ့ဒီ Demo Account နှင့်လေ့ကျင့်သင်ပါတယ်။

သင်ကျွမ်းကျင်လာရင်တော့ အမှန်တကယ် ပိုက်ဆံထည့်လို့ အကျိုးအမြတ်များစွာ ရှာနိုင်ပါပြီ။

အခုမှစတင်လေ့လာမယ်သူတွေအတွက်သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက Phone or Chat Box တွင်လည်း စုံစမ်းနိုင်ပါတယ်ရှင်။ 😊

Phone- 09408938456 ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ် ။🤙

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။👩‍💼

Forex Market ဆိုတာ ဘာလဲ ?

https://www.facebook.com/107845358183831/posts/120944420207258/

Leverage ဆိုတာ ဘာလဲ?

https://www.facebook.com/107845358183831/posts/120951713539862/

Long and Short (ဝယ်ခြင်းနှင့် ရောင်းခြင်း)

https://www.facebook.com/107845358183831/posts/121528826815484/

Forex Trading မှာ အရောင်းအဝယ် အကောင်းဆုံးအချိန်များ

https://www.facebook.com/107845358183831/posts/121528826815484/

နေ့စဉ် ရွှေဈေးများ

https://www.facebook.com/Forex-Trading-One-Stop-Service-By-NDK-107845358183831/


ောt

.stop.servise.by.NDK

26/08/2021

26.8.2021 ကြာသပတေးနေ့
(အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေး)

11:24 AM

1675000 ရောင်း
1667000 ဝယ်
(ဈေးကွာ 8000)
(USD 1745~1750 ခန်, , WGP 1786)
15ပဲရည်>> 1569000/-

25/08/2021

ဩဂုတ်လ (၂၅) ရက်နေ့
ညနေပိုင်း (2:30) PM
===================
အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေး

1,669,000
(တစ်ဆယ့် ခြောက်သိန်း ခြောက်သောင်း ကိုးထောင်)

1 Ounce- 1795 USD

ဒေါ်လာဈေး
1USD - 1670 MMK (KBZ bank အရောင်း)
(နေ့စဉ်ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်)
---------------------------------
Unicode-

ဩဂုတ်လ (၂၅) ရက်နေ့
ညနေပိုင်း (2:30) PM
===================
အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေး

1,669,000
(တစ်ဆယ့်​ခြေါင်သိန်း ​ခြေါက်​သောင်း ကိုး​ထောင်)

1 Ounce- 1795 USD

ဒေါ်လာဈေး
1USD - 1670 MMK (KBZ bank အရောင်း)
(​နေ့စဉ်ဘဏ်ဖွင့်​ဈေးနှုန်း ဖြစ်ပါတယ်)

25/08/2021

ယနေ့ 25 August တွင် ဗဟိုဘဏ်မှ ငွေလဲလှယ်နှုန်း ၁၆၆၃ ကျပ် ဖြင့် နိုင်ငံခြားလေလံဈေး ပြိုင်ပွဲတွင် အမေရိကန်ဒေါလာ ၅သန်း ရောင်းချသည်ဟု သိရ....

25/08/2021

သရုပ်ဆောင်လူရွှင်တော်ဆင်မဖမ်းဆီးထိန်းသိမ်းခံရ

သရုပ်ဆောင်လူရွှင်တော်ဆင်မ၂၄ရက်နေ့ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

25/08/2021

25.8.2021 ဗုဒ္ဓဟူးနေ့
(အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေး)

12:45 PM

1664000 ရောင်း
1658000 ဝယ်
(ဈေးကွာ 6000)
(USD 1735~1740 ခန်, , WGP 1795)
15ပဲရည်>> 1560500/-

Photos from Forex Trading One Stop Service By NDK's post 23/08/2021

Yellow Code
============
❗️❗️❗️ယခုကာလ အခင်းအကျင်းများအရ ❗️❗️❗️
အင်တာနက် ပြတ်တောက်မှူများ မဖြစ်ခင် ကြိုတင်ကာကွယ်ရန် အချိန်နှင့် တပြေးညီ လိုအပ်နေတာကြောင့်‌ နွေဦးလုံခြုံရေး ဝိုင်းတော်သားများကနေ Yellow Code အခြေအနေမှာ ပြင်ဆင်ရန် လိုအပ်သော ဒစ်ဂျစ်တယ်အလေ့အထ များကိုထပ်မံတင်ဆက်ပေးလိုက်ရပါတယ် ….

Yellow code တွင်း ပါဝင်တဲ့ ဒစ်ဂျစ်တယ် ပြင်ဆင်မှုတွေဟာ အင်တာနက် မပြတ်ခင် အင်တာနက် ရှိနေချိန်မှာ မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သော အချက်များဖြစ်ပါတယ် ……
ဒါ့အပြင် ပုံမှန် အရေးကြီးသော ဒစ်ဂျစ်တယ်လုံခြုံရေး လုပ်ဆောင်မှုတွေကို သိရှိလုပ်ဆောင်ထားရန် လိုအပ်တဲ့ အတွက် … Green Code အခြေအနေမှာ ဒီမှာ 👉🏻 https://t.me/SpringRevSecurity/97 🤏🏻 ဖတ်ပြီး ပြင်ဆင်ထားစေချင်ပါတယ်....

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ ။ နောက်ထပ်ပြီးတော့လဲ လုံခြုံသော ဆက်သွယ်ရေး Application များနဲ့ အချက်အလက်များကို ထပ်မံ ပြောပေးသွားဦးမှာမို့ နွေဦးလုံခြုံရေး Telegram Channel မှာစောင့်ကြည့်ပေးပါဦး 🔈

💫

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Covid -19 Third way မှာ အိမ်မှာပဲနေပါ ။😞😔 အကျိုးရှိစေဖို့ စီးပွားရေးများလေ့လာပါ!😐🤔
#Dhirubhai Ambain

Telephone

Website

Address

Yangon

Other Investing Services in Yangon (show all)
Golden Swing Golden Swing
Merchant Road
Yangon

သင်တန်းလာမယ်ဆိုရင် သိထားတာတွေကို ပစ်ချထားခဲ့မှရပါမယ်။ မပစ်ချနိုင်ရင် မလာတာပဲ ပိုကောင်းပါမယ်။

Myan Pro Ventures Myan Pro Ventures
Pyi Thar Yar Street, Myanmar, Burma (Myanmar)
Yangon

Burmese Oil Trading Central Burmese Oil Trading Central
Yangon
Yangon

Oil Trading & Investing Consultant

Forex Business Advisor - Emiko Forex Business Advisor - Emiko
Yangon

Forex trading Market

Cookie Gaming Cookie Gaming
Yangon

WiFi WiFi
Yangon, 11431

Unique Trading Unique Trading
Room905, SoHo Business Tower, 9th Floor/Bo Myat Htun Street Lower Block, Botahaung Township
Yangon, 11162

Mind Control FX Myanmar Co.,Ltd Mind Control FX Myanmar Co.,Ltd
Yangon, 11062

Mind Control FX Myanmar

Nori & Wayne Financial Consultantcy Nori & Wayne Financial Consultantcy
Yangon, 11162

Financial Consultant

Jessica-Your Advisor Jessica-Your Advisor
Yangon

🎐️ Business , Lifestyle , Entertainment Sharing For You 💌

Forex Market Analyst -Zun Zun Forex Market Analyst -Zun Zun
142/138 White Cloud Condo , Unit 4C , Thein Phyu Road, Botathaung Tsp
Yangon