Pearl Solace Dental Clinic - ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း

"Save Your Teeth Precisely". BOOK NOW : 09266553366, 09772795246

12/04/2024

"မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယ မှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ"
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ရေလိုအေး ပန်းလိုမွှေးပါစေ... 🙏🏻

#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

06/02/2024

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (စံရိပ်ငြိမ်) ရှိ
ပုလဲသုခ သွားနှင့် ခံတွင်း အထူးကုဆေးကုခန်း
(သုခကမ္ဘာဆေးရုံ ပထမထပ်) တွင်
တာဝန်ထမ်းဆောင်ရန်
(အမျိုးသမီး) Dental Assistant တစ်ဦး
အလိုရှိပါသည်။

လိုအပ်သော အရည်အချင်း
-------------------------
၁- ၁၀ တန်းအောင်မြင်ပြီးသူဖြစ်ရမည်
၂- အသက် ၁၉ မှ ၂၅ နှစ် အတွင်း
၃- Nurse Aid သင်တန်း အောင်မြင်ပြီးသူ
၄- အိမ်ထောင်မရှိသူ
၅- (Computer and Microsoft Excel ကျွမ်းကျင်ပြီး ဆေးရုံ အနီး နေထိုင်သူ ဦးစားပေးပါမည်)

* 09 7727 95 246 (Viber) သို့ CV ပေးပို့ပြီး
ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

01/01/2024

"Happy New Year 2024"
မြန်မာပြည်သူ ပြည်သား အပေါင်း
၂၀၂၄ နှစ်သစ်မှ စ၍ ဘေးဘယာအပေါင်း
ဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ
လိုရာဆန္ဒများ ပြည့်ဝကြပါစေ 🙏🏻
အလုပ်အကိုင် အကြံအစီများ အောင်မြင်ပြီး
စီးပွား လာဘ်လာဘ များ
ဒီရေ အလား တိုးတက်ကြီးပွားကြပါစေ။
ပုလဲသုခ သွားနှင့်ခံတွင်းအထူးကုဆေးခန်း မိသားစုမှ
နှစ်သစ်ဆုမွန်ကောင်း ဆုတောင်းပေးပါသည်
🙏🏻🙏🏻🙏🏻

#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

27/10/2023

ဝါလကင်းလွတ်
သီတင်းကျွတ် အခါသမယ မှာ
ရပ်ဝေး ရပ်နီး မှ
ချစ်သူ ခင်သူ မိတ်ဆွေ သူငယ်ချင်း အပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာဖြင့်
စီပွားလာဘ် လာဘများ တိုးတက်ကြီးပွားပြီး
ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်များ
စဉ်ဆက်မပြတ် ပြုနိုင်ကြပါစေကြောင်း

"ပုလဲသုခ" သွားနှင်ခံတွင်းအထူးကုဆေးခန်း
(Pearl Solace Dental Clinic) မိသားစု မှ

ဆုတောင်းမေတ္တာ ပို့သပါသည်။
🙏🏻🙏🏻🙏🏻

Photo : Credit
Model Yee

#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

23/10/2023

သီတင်းကျွတ် လပြည့်နေ့
29th October (Sunday)
ဆေးခန်း တရက် ပိတ်ပါမည်
🎇🎆🎇

01/08/2023

ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့" တွင်
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ဘေးဘယာဝေးကွာ၍
ကိုယ်စိတ်နှစ်ပါးရွှင်လန်းပြီး
ကောင်းမှုကုသိုလ်များ ပွားများအားထုတ်နိုင်ကြပါစေ

စီးပွားလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွားကြပါစေ

"ပုလဲသုခ"သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မိသားစုမှ ဆုတောင်းမေတ္တာပို့သပါသည်။
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

#ပုလဲသုခ
#သွားနှင့်ခံတွင်းအထူးကုဆေးခန်း

22/07/2023

"Happy Birthday" ပါ ဆရာကြီး
Dr Wai - Dental Specialist
🎂🎉🎊🎁🎈
အသက်ရှည် ကျန်းမာပြီး
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ 🙏🏻

"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း မိသားစု မှ
မွေးနေ့ဆုမွန်ကောင်း ဆုတောင်းပေးပါတယ်ရှင် 🙏🏻

06/07/2023

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (စံရိပ်ငြိမ်) ရှိ
ပုလဲသုခ သွားနှင့် ခံတွင်း အထူးကုဆေးကုခန်း
(သုခကမ္ဘာဆေးရုံ ပထမထပ်) တွင်
တာဝန်ထမ်းဆောင်ရန်
(အမျိုးသမီး) Dental Assistant တစ်ဦး
အလိုရှိပါသည်။

လိုအပ်သော အရည်အချင်း
-------------------------
၁- ၁၀ တန်းအောင်မြင်ပြီးသူ
၂- အသက် ၁၉ မှ ၂၄ နှစ် အတွင်း
၃- Nurse Aid သင်တန်း အောင်မြင်ပြီးသူ
၄- အိမ်ထောင်မရှိသူ
၅- (Computer and Microsoft Excel ကျွမ်းကျင်ပြီး ဆေးရုံ အနီး နေထိုင်သူ ဦးစားပေးပါမည်)

* 09 7727 95 246 (Viber) သို့ CV ပေးပို့ပြီး
ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

22/06/2023

Shout out to my newest followers! Excited to have you onboard!

Win Myint, Ko Oo Ko Oo, Ye Ye, Khaingzin Khaingzin

18/06/2023

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (စံရိပ်ငြိမ်) ရှိ
ပုလဲသုခ သွားနှင့် ခံတွင်း အထူးကုဆေးကုခန်း
(သုခကမ္ဘာဆေးရုံ ပထမထပ်) တွင်
တာဝန်ထမ်းဆောင်ရန်
(အမျိုးသမီး) Dental Assistant တစ်ဦး
အလိုရှိပါသည်။

လိုအပ်သော အရည်အချင်း
-------------------------
၁- ၁၀ တန်းအောင်မြင်ပြီးသူ
၂- အသက် ၁၉ မှ ၂၄ နှစ် အတွင်း
၃- Nurse Aid သင်တန်း အောင်မြင်ပြီးသူ
၄- အိမ်ထောင်မရှိသူ
၅- (Computer and Microsoft Excel ကျွမ်းကျင်ပြီး ဆေးရုံ အနီး နေထိုင်သူ ဦးစားပေးပါမည်)

သွားဆေးခန်း တွင် လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများ

* Page Messenger သို့ CV ပေးပို့ပြီး
ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

12/04/2023

"နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း"
အားလုံးပြည့်စုံကြပါစေ....

11/04/2023

🪴မြန်မာ့ရိုးရာ နှစ်သစ်ကူး
မဟာသင်္ကြန်အချိန် အခါသမယ မှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ဘေးဘယာ ဝေးကွာ ကျန်းမာစွာဖြင့်
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေကြောင်း
"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မိသားစု မှ နှစ်သစ်မင်္ဂလာ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🎉

🪴မင်္ဂလာနှစ်သစ်မှာ
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ချစ်သောမိသားစုဝင်များနှင့် အတူ
ချမ်းမြေ့ သာယာပျော်ရွှင်ကြပါစေရှင်
🙏🏻🙏🏻🙏🏻

10/04/2023

မြန်မာ့ရိုးရာ နှစ်ကူး မဟာသင်္ကြန် အခါသမယ တွင်

April 13, 2023 (သင်္ကြန်အကြိုနေ့) မှ

April 17, 2023 (နှစ်ဆန်းတစ်ရက်နေ့) အထိ

ဆေးခန်း ခေတ္တပိတ်ပါမည်။

April 18, 2023 (Tuesday) နေ့တွင်

ဆေးခန်း ကို ( 9:00 am - 5:00 pm)

ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည် 🎉

Photos from Dr Wai - Dental Specialist's post 21/03/2023
12/03/2023

မိမိတို့ရဲ့ အိမ်ဆည်းလည်း
ရင်သွေးငယ်လေးများ
သွားကိုက် သွားနာ ဝေဒနာမှ
ကင်းဝေးစေဖို့
ဒီ Post လေးကို သေချာဖတ်ပေးကြပါနော်

ရင်သွေးငယ်လေးများ၏ သွားနှင့်ခံတွင်း ကျန်းမာရေး
====================================

☘️ ရင်သွေးငယ်လေးများ၏ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုကို မိခင်ဝမ်းအတွင်း သန္ဓေသား ဘဝကတည်းကပင် အလေးထား စတင်ရမည်ဖြစ်သည်။

☘️ လေ့လာစမ်းစစ်ချက်များအရ မိခင်ဝမ်းအတွင်း ကိုယ်ဝန် ၃ လ မှ ၆ လ အတွင်း သန္ဓေသား၏ သွားများ ဖွံ့ဖြိုးမှု စတင်သည့် အတွက်
ကိုယ်ဝန်ဆောင် မိခင်သည် မိမိ၏ သန္ဓေသား အာဟာရဖြစ်စေမည့် အစားအသောက်များ ကို ရွေးချယ်စားသောက်သင့်သည်။

☘️ ရင်သွေးငယ်လေးများ၏ သွားများ ဖွံ့ဖြိုးသန်မာစေမည့် Vitamin A, C, D, Protein, Calcium နှင့် Phosphorous များပါဝင်သော ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသား ငါး၊ နို့ နှင့် နို့ထွက် အစားအစာ များကို မျှတစွာ စားသုံးသင့်ပါသည်။

☘️ မွေးဖွားပြီး ၃ လ ခန့်မှ စတင်၍ သန့်ရှင်းနူးညံ့ သော တဘက် ကို ရေအနည်းငယ်စွတ်ပြီး ကလေးငယ်၏ သွားဖုံးများ ကို ငြင်သာစွာ သုတ်ပေးပါ။ နေ့စဉ် နေ့တိုင်း ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပေးရမည် ဖြစ်သည်။

☘️ ပုံမှန်အားဖြင့် ကလေးငယ်များ အသက် ၆ လခန့်တွင် သွား စတင်ပေါက်လေ့ရှိပြီး အသက် ၂နှစ်ခွဲ ခန့်တွင် ငယ်သွားများ အာလုံးစုံလင်လာပါသည်။
အပေါ် ၁၀ ချောင်း အောက် ၁၀ ချောင်း၊ ငယ်သွား အားလုံး စုစုပေါင်း အချောင်း ၂၀ ရှိပါသည်။
သွား များ စတင်ပေါက်ခါစတွင် သွားဖုံးယားယံခြင်း၊ ကိုယ်နွေးခြင်း၊ မအီမသာ ဖြစ်ခြင်းများ ခံစားရတတ်သည်။

☘️ ကလေးငယ် အသက် ၆ လခန့် ငယ်သွားမျာ စတင်
ပေါက်လာသော အချိန်တွင် ကလေးငယ်လေးများအတွက် သီးသန့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော သွားပွတ်တံ၊ ကလေး သွားတိုက်ဆေး တို့ ဖြင့် မှန်မှန်သွားတိုက်ပေးရမည်။ ကလေး သွားပွတ်တံများ၏ ခေါင်းမှာ ပိုမိုသေးငယ်ပြီး အမျှင် (Bristle) များမှာ လည်းပို၍ နူးညံ့ပျော့ပျောင်းပါသည်။

☘️ ကလေးငယ်အား မိခင်/ဖခင် မှ သွားတိုက်ပေးရန် အတွက် အကောင်းဆုံး ပုံစံ အနေအထားမှာ -
ကလေးငယ်၏ နောက်မှ နေ၍ သွား တချောင်းချင်းစီကို အချိန်ပေးပြီး ညင်သာစွာ သွားတိုက်ပေးပါ။ ကလေးငယ်၏ ဦးခေါင်း ကို သင့်ခန္ဓာကိုယ်အား မှီထားစေခြင်းဖြင့် ငြိမ်နေပါစေ။ ကလေးငယ်၏ အောက်မေး ကို လက်တဖက်ဖြင့် ပင့်ပြီး ထိန်းထားပေးပါ။ ယုံကြည်မှု ရစေရန် နှင့် မကြောက်လန့်စေရန် သေချာစွာ ရှင်းပြပေးပါ။ ကလေးသဘာဝ အရ သူတို့ ကိုယ်တိုင် လုပ်ချင်စိတ်ရှိတတ်သဖြင့် ကလေး တလှည့် မိခင်တလှည့် သွားတိုက်ပေးခြင်းဖြင့် ကလေးငယ်၏ သွားများကို အချိန်ပေး သန့်စင်ပေးပါ။
ကလေးငယ်၏ ရှေ့ဘက်မှာ မှန် ထား၍ မြင်သာအောင် ပြထားပြီး မှ သွားတိုက်စေလျှင် ပိုကောင်းပါသည်။

☘️ ကလေးမှ သွားပွတ်တံ ကို မကြိုက်၍ လက်မခံပါက သန့်ရှင်းနူးညံ့သော တဘက် ကို ရေစွတ်ပြီး သွား၏ ရှေ့နောက် မျက်နှာပြင်တို့ ကို ညင်သာစွာ ပွတ်သပ် သန့်စင်ပေးသင့်သည်။ အကယ်၍ သွားတိုက်ဆေး ကို မနှစ်သက်ပါကလည်း သွားတိုက်တံ ကို ရေစွတ်ပြီး သွားမျက်နှာပြင် နေရာ အနှံ့ နှင့် သွားဖုံးကြား များကို တိုက်ပေးနိုင်ပါသည်။

☘️ သွားတိုက်ပြီးသည့်အခါတိုင်း သွားပွတ်တံ ကို ရေဖြင့် သေချာစွာ ဆေးကြောသင့်သည်။
ထို့နောက် အလွယ်တကူ ခြောက်သွေ့စေရန် သွားပွတ်တံကို ထောင်ထားပါ။ ပြင်ပလေဖြင့် ထိတွေ့နိုင်ရန် အဖုံးဖွင့်ထားသော ဗူး (သို့မဟုတ်) ခြင်းငယ် တွင် သိမ်းဆည်းသင့်သည်။
သွားပွတ်တံ အမျှင်များ အတွင်း ဘက်တီးရီးယား ပိုးများ ခိုအောင်းမနေနိုင်စေရန်ဖြစ်သည်။ သွားပွတ်တံ အမျှင်များ ဖွာလန် ကောက်ကွေးလျှင် သော်၎င်း၊ ၃ လ ခန့် ကြာလာလျှင်သော် ၎င်း သွားပွတ်တံ အသစ်တချောင်း လဲလှယ် သင့်ပါသည်။

☘️ သွားတိုက်ခြင်း မစတင်မီ ကလေးငယ် အား ပလုပ်ကျင်းပြီး ရေထွေးတတ်အောင် စတင် သင်ကြား လေ့ကျင့် ပေးသင့်သည်။ ကလေးငယ် များ ၏ သဘာဝ အရ ပါးစပ်အတွင်း ရေငုံလိုက်သည်နှင့် မြိုချပစ်လိုက်ကြသည်။ ထွေးထုတ်သည့် အလေ့အထ မရှိတတ်ပါ။ ထို့ကြောင့် ကလေးငယ်များ အတွက် ထုတ်လုပ်သော သွားတိုက်ဆေးများတွင် Fluoride ပါဝင်မှု ပိုမိုနည်းပါးသည်။ ကလေးငယ် မှ သွားတိုက်ဆေး မြိုချခဲ့မိလျှင် Fluoride ၏ ဘေးထွက် ဆိုးကျိုးများ မခံစားရစေရန် ရည်ရွယ်ပါသည်။

☘️ သွားတိုက်ပေးခြင်း၊ ခံတွင်း ကို သန့်ရှင်း စင်ကြယ်စေခြင်း အရေးကြီး သလို ကလေးငယ်၏ နေ့စဉ် အစားအသောက် အမူအကျင့်သည်လည်း သွားပိုးစား ခြင်း မှ ကာကွယ်ရန် အလွန် အရေးပါသဖြင့် မိခင်များ အထူး ဂရုပြုသင့်သည်။

☘️ ကလေးသွားများ ကို သွားပိုးစားခြင်း မှ ကာကွယ်နိုင်ရန် တနေ့လျှင် အနည်းဆုံး ၂ ကြိမ် သွားတိုက်ပေးခြင်း၊ အချိုလွန်ကဲသော အစား အသောက်များ လျှော့စားစေခြင်း (သို့မဟုတ်) ရှောင်ကျဉ်စေခြင်း၊ အထူးသဖြင့် ကလေးငယ်များ အား နို့ဘူးစို့ရင်း အိပ်စက်စေခြင်း မပြုလုပ်စေရန် အလေးထား ဂရုစိုက် သင့်ပါသည်။
နို့ဘူးစို့ရင်း အိပ်ပျော်ခြင်း သည် ကလေး ၏ သွားများ ကို သွားပိုးစားခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
အိပ်ပျော်နေချိန် တံတွေးဂလင်း များ မှ တံတွေး အထွက်နည်းသွားသဖြင့် သွားများ ကို ပိုးစားခြင်းမှ ကာကွယ်နိုင်မှု လျော့နည်းသည့်အပြင် နို့ဘူးမှ နို့ရည်ကြောင့် ကလေး အသက်ရှု စဉ် သီး ပြီး (Choking) အသက် အန္တရာယ် အထိ ရှိနိုင်ပါသည်။

☘️ ကလေး အသက် တနှစ်ခန့် တွင် သွားဆရာဝန် နှင့် ပြသပြီး သွားနှင့်ခံတွင်း စမ်းသပ် စစ်ဆေးမှု စတင်သင့်ပါသည်။

(ရင်သွေးငယ်များ အားလုံး သွားနှင့်ခံတွင်း ရောဂါ ဘေးမှ အစဉ်ကင်းဝေးကြပါစေ)

Pearl Solace Dental Clinic
"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကု ဆေးခန်း"

📲 09 266 55 33 66

📲 09 77 27 95 246

သုခကမ္ဘာဆေးရုံ - ပထမထပ်၊
အမှတ် (၆၁၅/E),
ပြည်လမ်း၊ မာလာ လမ်းသွယ်၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

25/02/2023

"ဒီနေ့ ဆေးခန်းကိုလာတဲ့
ချစ်စရာ အလွန်ကောင်းသော
VVIP မောင်နှမ နှစ်ယောက်"
❤️❤️❤️❤️❤️

12/02/2023

✳️ "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
"Pearl Solace Dental Clinic" မှ

✳️ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက်
ကုသမှုပေးသော ဝန်ဆောင်မှုများမှာ..........

======================================

🦷 Dental Examination and Consultation
(သွားနှင့်ခံတွင်း စမ်းသပ်စစ်ဆေးခြင်းနှင့်
ဆွေးနွေးတိုင်ပင်ခြင်း)

🦷 Oral Hygiene Care
(သွားနှင့် ခံတွင်းကျန်းမာသန့်ရှင်းရေး ကုသခြင်း)

🦷 Tooth Restoration (သွားပိုးပေါက်များဖာခြင်း)

🦷 Pits and Fissures Sealing
(သွားမျက်နှာပြင်များကို သွားပိုးမစားအောင်
ပြုပြင်ကုသခြင်း)

🦷 Dental Veneers
(သွားမျက်နှာပြင် လှပအောင် ကြွေလွှာကပ်ခြင်း)

🦷 Root Canal Treatment
(သွားအကြောထုတ် ကုသခြင်း)

🦷 Tooth Extraction and Dental Surgery
(သွားနုတ်ကုသခြင်း နှင့် ခွဲစိပ်ခြင်း)

🦷 Dental Implants
(သွားမြစ်တုတိုင်စိုက်၍ ကုသခြင်း)

🦷 Fixed Prosthodontics ( Crown and Bridge )
(သွားအစွပ်ပြုလုပ်၍ သွားအသေစိုက် ကုသခြင်း)

🦷 Dentures ( Partial/ Full )
(သွားအံကပ်/ သွားတုအရှင်ပြုလုပ်ခြင်း)

🦷 Orthodontic Treatments
(သွားညှိကုသခြင်း)

🦷 Maxillofacial Surgery
(မျက်နှာ မေးရိုးနှင့် ခံတွင်း ခွဲစိပ်ကုသခြင်း)

🦷 Asthetic Dentistry and Teeth Whitening
(သွားများ ဖြူဖွေး လှပစေရန် ကုသပေးခြင်း)

🦷 Children Dental Care
(ကလေးငယ်များအတွက် သွားနှင့် ခံတွင်း
ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း)

✳️ ဝါရင့်ကျွမ်းကျင်သော ဆရာဝန်များ မှ
နောက်ဆုံးပေါ် နည်းပညာ စက်ပစ္စည်း ကိရိယာများဖြင့်
စမ်းသပ်ကုသပေးနေပြီး၊ တခါသုံး Disposable Set များကိုသာ အသုံးပြုပါသည်။

✳️ COVID 19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်
အညီ သန့်ရှင်းသပ်ရပ်သော ဆေးခန်းနှင့် လူနာတစ်ဦးချင်းစီတိုင်းအား အချိန်ပေးပြီး အသေးစိတ် ဆွေးနွေး ကုသပေးတာကြောင့် အကောင်းဆုံးနဲ့ စိတ်အချရဆုံး သွားနှင့်ခံတွင်း အထူးကု ဆေးခန်း တစ်ခု ဖြစ်ပါတယ်ရှင်။

🍀 ကြိုတင်ရက်ချိန်း (Appointment )
ရယူရန်

📱 : 09 266 55 33 66

📱 : 09 77 27 95 246

သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

🍀 9:00 AM - 5:00 PM (ပိတ်ရက်မရှိ)

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း
Pearl Solace Dental Clinic
သုကမ္ဘာဆေးရုံ -ပထမထပ်
အမှတ် (၆၁၅/ E), ပြည်လမ်း (မာလာလမ်းသွယ်)
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။



#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

31/01/2023

"Zirconia Crown"

Photos from Pearl Solace Dental Clinic - ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း's post 01/01/2023

1/1/2023 နှစ်သစ်ဦး မင်္ဂလာ
အန္တရာယ်ကင်း ပရိတ်တရားနာ

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
Pearl Solace Dental Clinic


#ပုလဲသုခ
#2023

31/12/2022

"Wishing You A Very Happy and Prosperous
New Year 2023" 🎉

ချစ်ခင်လေးစားရသော...

မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး ဉာတကာ အပေါင်း နှင့်

မြန်မာနိုင်ငံသူ နိုင်ငံသား များ

မင်္ဂလာရှိသော ၂၀၂၃ နှစ်သစ် မှာ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြီးပြည့်စုံပြီး

စီးပွားလာဘ်လာဘ များ ဒီရေအလား

တိုးတက်ကြီးပွားကြပါစေ။

ရောဂါ အန္တရာယ်ဆိုးများ နှင့်

ဆင်းရဲဘေးဒုက္ခများမှ ကင်းဝေးပြီး

ကပ်ကြီး ၃ ပါးကိုလဲ ကျော်လွှားနိုင်ကြပါစေ။

ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာ တို့နှင့်သာ

ပြီးပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း

"ပုလဲသုခ" သွား နှင့် ခံတွင်း အထူးကုဆေးခန်း

(Pearl Solace Dental Clinic) မိသားစု မှ

နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း

ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

🙏🏻🙏🏻🙏🏻🙏🏻🙏🏻

#ပုလဲသုခ

28/12/2022

✳️ "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
"Pearl Solace Dental Clinic" မှ

✳️ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက်
ကုသမှုပေးသော ဝန်ဆောင်မှုများမှာ..........

======================================

🦷 Dental Examination and Consultation
(သွားနှင့်ခံတွင်း စမ်းသပ်စစ်ဆေးခြင်းနှင့်
ဆွေးနွေးတိုင်ပင်ခြင်း)

🦷 Oral Hygiene Care
(သွားနှင့် ခံတွင်းကျန်းမာသန့်ရှင်းရေး ကုသခြင်း)

🦷 Tooth Restoration (သွားပိုးပေါက်များဖာခြင်း)

🦷 Pits and Fissures Sealing
(သွားမျက်နှာပြင်များကို သွားပိုးမစားအောင်
ပြုပြင်ကုသခြင်း)

🦷 Dental Veneers
(သွားမျက်နှာပြင် လှပအောင် ကြွေလွှာကပ်ခြင်း)

🦷 Root Canal Treatment
(သွားအကြောထုတ် ကုသခြင်း)

🦷 Tooth Extraction and Dental Surgery
(သွားနုတ်ကုသခြင်း နှင့် ခွဲစိပ်ခြင်း)

🦷 Dental Implants
(သွားမြစ်တုတိုင်စိုက်၍ ကုသခြင်း)

🦷 Fixed Prosthodontics ( Crown and Bridge )
(သွားအစွပ်ပြုလုပ်၍ သွားအသေစိုက် ကုသခြင်း)

🦷 Dentures ( Partial/ Full )
(သွားအံကပ်/ သွားတုအရှင်ပြုလုပ်ခြင်း)

🦷 Orthodontic Treatments
(သွားညှိကုသခြင်း)

🦷 Maxillofacial Surgery
(မျက်နှာ မေးရိုးနှင့် ခံတွင်း ခွဲစိပ်ကုသခြင်း)

🦷 Asthetic Dentistry and Teeth Whitening
(သွားများ ဖြူဖွေး လှပစေရန် ကုသပေးခြင်း)

🦷 Children Dental Care
(ကလေးငယ်များအတွက် သွားနှင့် ခံတွင်း
ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း)

✳️ ဝါရင့်ကျွမ်းကျင်သော ဆရာဝန်များ မှ
နောက်ဆုံးပေါ် နည်းပညာ စက်ပစ္စည်း ကိရိယာများဖြင့်
စမ်းသပ်ကုသပေးနေပြီး၊ တခါသုံး Disposable Set များကိုသာ အသုံးပြုပါသည်။

✳️ COVID 19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်
အညီ သန့်ရှင်းသပ်ရပ်သော ဆေးခန်းနှင့် လူနာတစ်ဦးချင်းစီတိုင်းအား အချိန်ပေးပြီး အသေးစိတ် ဆွေးနွေး ကုသပေးတာကြောင့် အကောင်းဆုံးနဲ့ စိတ်အချရဆုံး သွားနှင့်ခံတွင်း အထူးကု ဆေးခန်း တစ်ခု ဖြစ်ပါတယ်ရှင်။

🍀 ကြိုတင်ရက်ချိန်း (Appointment )
ရယူရန်

📱 : 09 266 55 33 66

📱 : 09 77 27 95 246

သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

🍀 9:00 AM - 5:00 PM (ပိတ်ရက်မရှိ)

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း
Pearl Solace Dental Clinic
သုကမ္ဘာဆေးရုံ -ပထမထပ်
အမှတ် (၆၁၅/ E), ပြည်လမ်း (မာလာလမ်းသွယ်)
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။



#ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း

12/12/2022

I've just reached 1.5K followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

06/12/2022

"ခံတွင်း အနံ့ ဆိုးပြီး သွားဖုံးယောင် ရောဂါဖြစ်စေသော
သွားဂျိုးကျောက်များ"

====================================

☘️ ခံတွင်းရနံ့ သင်းပျံ့ပြီး
သွားဖုံး နဲ့ သွားများ ကျစ်လစ် သန်မာစေဖို့
သွား များမှာ တွယ်ကပ်နေသော
သွားချေးကျောက်များကို မှန်မှန်ဖယ်ရှား
သန့်စင်ပေးဖို့ အလွန်လိုအပ်ပါသည်။

☘️ သွားချေးကျောက်များမှာ အစာဟောင်း အစာကြွင်း များ သွားနှင့် သွားဖုံးကြား ကို တွယ်ကပ်ရာမှ ဖြစ်ပေါ်လာပြီး သွားပွတ်တံ မရောက်သော သွားအကြိုအကြား နေရာများတွင် ပိုမို တွေ့ရှိရသည်။

☘️ အစာဟောင်း အဆင့်တွင် သေချာစွာ သွားတိုက်ပြီး ဖယ်ရှားနိုင်သော်လည်း သွားကျောက်ဖြစ်သွားသည့် အဆင့်တွင် (Ultrasonic Scaler) သွားကျောက်ခြစ် ကိရိယာ ဖြင့်သာ ဖယ်ရှား၍ ရနိုင်ပါသည်။

☘️ ခံတွင်း အနံ့ဆိုးခြင်း၊ သွားဖုံးများ ယောင်ရမ်း သွေးထွက်ခြင်း၊ သွားဖုံးနိမ့်ပြီး သွားအမြစ်များ ပေါ်လာခြင်း နှင့် ရေစီးကမ်းပြို ရောဂါ (သွားများ အလွန်အမင်း နဲ့ပြီး ကျွတ်ထွက်ခြင်း) တို့ ၏ အဓိက အကြောင်းရင်းမှာ....

ပုံတွင်ပြထားသည့် သွားချေးကျောက် (Calculus) များဖြစ်ပါသဖြင့် ....

✅ သွားနှင့်ခံတွင်း ကျန်းမာရေး ပုံမှန် (၆လ တကြိမ်) စစ်ဆေးခြင်း

✅ သွားနှင့်ခံတွင်းရောဂါများအား ဆောလျှင်စွာ ကုသမှု ခံယူခြင်းဖြင့်

သွားများ ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါသည်။

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
PEARL SOLACE DENTAL CLINIC

📞 09 266 55 33 66

📞 09 77 27 95 246

သုခကမ္ဘာ ဆေးရုံ - ပထမထပ်
အမှတ် (၆၁၅/ E) ပြည်လမ်း
မာလာလမ်းသွယ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

( 9:00 AM - 5:00 PM )

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

"Save Your Teeth Precisely"  #QualityDentalCare #ပုလဲသုခသွားနှင့်ခံတွင်းအထူးကုဆေးခန်း #DrWai_DentalSpecialist #pearlsola...
I've just reached 1.5K followers! Thank you for continuing support. I could never have made it without each one of you. ...
✳️    "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"          "Pearl Solace Dental Clinic" မှ✳️   သွားနှင့်ခံတွင်း ကျန်းမာရေး ...
"Root Canal Treatment" (သွားအကြောထုတ် ကုသခြင်း) လုပ်တုန်းကရိုက်ထားတဲ့Short Video Clip လေးပါ....(ဓါတ်ပုံတွေက Video ထဲမှာ ...
🍀  သွားမြစ်တု အစားထိုးစိုက်ခြင်း      (Dental Implant) ကို စိတ်ဝင်စားသူများ အတွက်     🍀  Dentsply - Sirona က တင်ဆက်တဲ့ 3...
✅   "သွား နှင့် ခံတွင်း ကျန်းမာရေး         အမြဲ အစဉ် ဂရုပြု အလေးပေး"📌   Oral Hygiene Care and Oral Prophylaxis#PearlSola...
✳️ AAE (American Association of Endodontists)      က Youtube မှာတင်ထားတဲ့ Video လေး ကို      ပြန်လည် မျှဝေပါတယ်။✳️ Root ...
"စနစ်မှန် သွားတိုက်နည်း" သရုပ်ပြ Video ============================✳️   Health Education England - HEE က Youtube မှာ တင်...

Telephone

Website

Address


ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း/Pearl Solace Dental Clinic, Thukha Gabar Hospital (1st Floor), No. 615/E, Pyay Road, Marlar Lane, Kamaryut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ