Lumbini Tea Room

Lumbini Tea Room

Premium Tea Room with Delicious Local Breakfast and Fusion Foods

27/04/2024

လက်ဖက်ရည်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ မနက်စာမှာ ရေပန်းစားတဲ့ သောက်စရာ အဖျော်တစ်မျိုးပါ။

လက်ဖက်ရည်တငုံနဲ့ ခံတွင်းကို ရှင်းလိုက်ရင်
ဘယ်အစားအစာကိုပဲ လျှာပေါ်တင်တင် အရသာဟာ ပေါ်လွင်ထင်ရှားပြီး ပိုမို ခံတွင်းလိုက်ပါသတဲ့။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့
Signature ဖြစ်တဲ့ လက်ဖက်ရည် တမျိုးမျိုးနဲ့
တွဲဖက်စားသုံးသင့်တဲ့ မနက်စာ Menuက ဘာတွေ ဖြစ်မလဲ ကြည့်ရအောင်နော်။

🍵𝐂𝐞𝐲𝐥𝐨𝐧 𝐓𝐞𝐚. + Sandwiches၊ငချိတ်ပဲလိပ်ခုတ်
🍵.𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐓𝐞𝐚+ပန်းပွင့်ပလာတာ 🍵အကြွပ်ကြော်၊မလိုင်လာတာ၊ပုစွန်အုန်းနို့
🍵.𝐄𝐯𝐚𝐩𝐨𝐫𝐚𝐭𝐞𝐝 𝐌𝐢𝐥𝐤 𝐓𝐞𝐚+ မုန့်ဟင်းခါး၊ နန်းပြားသုပ်၊မန္တလေးမြီးရှည်သုပ်၊
🍵𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 + Dim Sum ၊သုံးလွှာဆိတ်သားချာပါတီ

👑ရှင်ဘုရင်လိုစားသင့်တဲ့ မနက်စာပါတဲ့ မိတ်ဆွေတို့ရေ ကျကျနန ပြည့်ပြည့်ဝဝ မနက်စာကို လက်ဖက်ရည်နှင့်အတူ သုံးဆောင်ဖို့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ကိုသာ အရောက်လာကြည့်လှည့်ပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

24/04/2024

“In Myanmar, all important words start in a tea cup"

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမေရိကန်သံအမတ်ကြီးတစ်ဦးရဲ့ ကောက်ချက်ချ စကားလေးပါ။💁

🍵လက်ဖက်ရည်လေးဘာလေး သောက်ကြတာပေါ့ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ အထမြောက်သွားသော လုပ်ငန်းကြီးတွေ၊ အကြံဉာဏ်ကောင်းတွေ၊ ရပ်ရေးရွာရေးမှစ သားရေးသမီးရေး ကိစ္စပါမချန် အရေးတကြီး တိုင်ပင်နှီးနှောရမည့် ကိစ္စများကို၊
ရှေးမြန်မာများ လက်ထက်ကတည်းက လက်ဖက်ရည်သောက်ဝိုင်းဖွဲ့ရင်း ဆွေးနွေးအဖြေရှာကြစမြဲပင်။

🍵လက်ဖက်ရည်ယဉ်ကျေးမှုမှာ ‌ရာစုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် ကြာညောင်း တည်တံ့ရှိခဲ့ကြပြီ ဖြစ်ပြီး လက်ဖက်ရည်ဆိုင်များ ပေါ်ထွက်လာတာကတော့ ကိုလိုနီခေတ်မတိုင်မီက ဖြစ်ပါတယ်။

ရပ်ကွက်တိုင်း လမ်းတိုင်းရဲ့ ထောင့်တွေမှာ အချက်အချာကျတဲ့ နေရာတွေမှာ မြန်မာလူနေမှုဘဝရဲ့ နောက်ခံကျောရိုးလို့ ပြောလို့ရတဲ့အထိ 🍵လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုက တွင်ကျယ်ခဲ့တာပါ။

ဆိုင်မှာထိုင်ပြီး လက်ဖက်ရည်သောက်မုန့်စား ပြုလုပ်ခြင်းရဲ့အပြင် ပိုမိုခိုင်လုံတဲ့ အကြောင်းပြချက် ကတော့
🍵အချိန်းအချက်ပြုခြင်း၊ စုရပ်ဆုံမှတ်သတ်မှတ်ခြင်း၊ အရေးကြီးကိစ္စ ပြောစရာရှိခြင်း ဆိုတာတွေပါပဲ။

ဒီအချက်ကို ကောင်းစွာနားလည်ပြီး ပိုမိုအဆင်ပြေအောင် ဖြည့်ဆည်း ပေးချင်တဲ့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 အနေနဲ့
အရေးပါတဲ့ လုပ်ငန်းအစည်းအဝေးများ၊ ချိန်းဆိုတွေ့ဆုံပွဲများကျင်းပပြုလုပ်နိုင်ရန် ခမ်းနားသပ်ရပ်သော 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐨𝐨𝐦၊ 𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐑𝐨𝐨𝐦များကို အသင့်ပြင်ဆင်ထားရှိပါတယ်။

သွားရေးလာရေး အချက်အချာကျပြီး ဆိတ်ငြိမ်စွာ သီးသန့်တည်ရှိသောကြောင့် လူကြီးမင်းတို့ အရေးကြီးကိစ္စရှိရင်
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 မှာ လက်ဖက်ရည်သောက်ရင်း
အေးအေးဆေးဆေး ပြော‌ဆိုကြပါခင်ဗျာ။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

21/04/2024

လိုနေတာ အနွေးဓါတ် ဆိုရင်

ဝင်လာတာနဲ့ ထွေးဖက်ပေးထားသလို ခံစားရစေမဲ့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ကို ကြွခဲ့ပါ။

အလင်းရောင်နွေးနွေးလေးရယ် သီးသန့်ဆန်ပြီး
𝐆𝐫𝐚𝐧𝐝 ကျတဲ့ အခင်းအကျင်းရယ်က တယောက်တည်း သီးသန့်ထိုင်ချင်သူများအတွက် အကောင်းဆုံးပါပဲ။👌

💁နေ့လည်နေ့ခင်း ဗိုက်ဖြည့်ရင်း အတွေးတွေရှင်း ချင်တယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်စေတဲ့နေရာလေးမှာ ပူပူနွေးနွေး အစားအသောက်ကောင်းလေးတွေ စိတ်ကြိုက်မှာစားရင်း လူရောစိတ်ရော ဦးနှောက်ရော ခဏ အနားယူလိုက်တာ အကောင်းဆုံးပါပဲနော်။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့
🧑‍🍳𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐅𝐨𝐨𝐝 𝐌𝐞𝐧𝐮 တွေကမှာယူမှသာ လတ်လတ်ဆတ်ဆတ်ကြော်လှော် ချက်ပြုတ်ပေးတာဖြစ်လို့ သင့်အတွက် အထူး သီးသန့်ပါပဲ။

🍲လူများများ စုစားနိုင်တဲ့ ဟင်းပွဲတွေ ရှိသလို
🍲တယောက်စာ 𝐎𝐧𝐞 𝐏𝐨𝐫𝐭𝐢𝐨𝐧 နဲ့ ပြီးပြည့်စုံသွားစေမယ့် ဟင်းပွဲတွေလည်း ရှိတယ်လေ။

“𝐌𝐞 𝐓𝐢𝐦𝐞” လိုနေပြီဆိုရင်တော့
𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ကိုသာ ကြွလှမ်းခဲ့ပါ။
သင့်အတွက် သီးသန့်ကြိုဆိုနေမှာပါ။🤗

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

19/04/2024

တို့တွေ ဘယ်ရထားမှာလွဲခဲ့ကြတာလဲ
🚂💭💭💭

☕မနက်ခင်းကို ကော်ဖီ‌လေးနဲ့ မဖွင့်ရရင်
မလန်းဆန်းချင်တဲ့ 𝐂𝐨𝐟𝐟𝐞𝐞 ချစ်တဲ့ မင်းရယ်

🍵မွှေးပျံ့ ဆိမ့်သက်တဲ့ လက်ဖက်ရည်လေးနဲ့မှ
ပြည့်စုံတယ်ထင်တဲ့ ကိုယ်ရယ်

ဘယ်ရထားမှာ စလွဲခဲ့ကြတာလဲ🥺

ဘယ်မှာပဲ လွဲလွဲ 𝐋𝐮𝐦𝐛𝐢𝐧𝐢 မှာ 👩‍❤️‍💋‍👨အတူဆုံလို့ရပါပြီ။

လက်ဖက်ရည်ကြိုက်သူများအတွက်
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
🍵𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐓𝐞𝐚(မြန်မာလက်ဖက်ရည်)
🍵𝐂𝐞𝐲𝐥𝐨𝐧 𝐓𝐞𝐚(စီလုံတီး)
🍵𝐄𝐯𝐚𝐩𝐨𝐫𝐚𝐭𝐞𝐝 𝐌𝐢𝐥𝐤 𝐓𝐞𝐚(နို့စိမ်းတီး)
🍵𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚(အခါးရည်)
နှစ်သက်ရာ 𝐓𝐞𝐚 အရသာကို နှစ်နှစ်ကာကာ ခံစားကြည့်ပါ။

ကော်ဖီ ကြိုက်သူများအတွက်
〰️〰️〰️〰️〰️〰️〰️〰️〰️
☕𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧𝐨
☕𝐄𝐬𝐩𝐫𝐞𝐬𝐬𝐨
☕𝐋𝐚𝐭𝐭𝐞
☕𝐂𝐚𝐩𝐩𝐮𝐜𝐡𝐢𝐧𝐨

အာရေဗီက ကော်ဖီစေ့ကို ကြိတ်သန့်စင်ပြီး အရသာမျှတတဲ့ရေနဲ့ အသေအချာ နှပ်ထားတဲ့ တကယ့်ကော်ဖီစစ်စစ်ကို ခံစားကြည့်ပါ။

☀️တနေ့တာရဲ့ အကောင်းဆုံးမနက်ခင်းလေးဖြစ်ဖို့

☕𝐂𝐨𝐟𝐟𝐞𝐞 လား🍵 𝐓𝐞𝐚 လား

“𝐋𝐮𝐦𝐛𝐢𝐧𝐢 ရှိတယ်👩‍❤️‍💋‍👨အတူဆုံကြမယ်”

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

16/04/2024

“ပူလိုက်တာနော်” ဆိုတဲ့ ရာသီမှာ
အစားအသောက်ပျက်တာ၊ ခံတွင်းမလိုက်တာကလဲ
ဖြစ်တတ်ကြတာပါပဲနော်။

အေးတဲ့နေရာလေးမှာ အေးအေးလူလူထိုင်ရင်း
အေးအေးဆေးဆေးပဲစားချင်တာ ဆိုရင်တော့
ပူလောင်နေတဲ့လောကကြီးဆီက ခေတ္တရှောင်ပုန်းလို့ရတဲ့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 က ကြိုနေပါတယ်။

🍊လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် အေးအေးလေးတွေသောက်မယ်🧊
🍨𝐈𝐜𝐞 𝐜𝐫𝐞𝐚𝐦 𝐁𝐫𝐨𝐰𝐧𝐢𝐞𝐬 လေးအချိုတည်းမယ်
🍟ပေါ့ပေါ့ပါးပါး& ကြွပ်ကြွပ် 𝐒𝐧𝐚𝐜𝐤𝐬 လေးတွေ စားမယ်
🥗ထိထိမိမိလျှာပွင့်သွားမဲ့ ယိုးဒယား သဘော်သီးထောင်း
ကျောက်ပွင့်သုပ် ၊ဝက်သားသုပ် ပဲကြာဆံသုပ်လေး ဆွဲမယ်
🍤နှုတ်မြိန်စာ ပုစွန်အာလူးလိပ်၊ ဂဏန်းပျော့ကြော် မြည်းကြည့်ကြမယ်။

ကဲ ကြားတာနဲ့ကို စားချင်သောက်ချင်စိတ်လေး ပြူတစ်ပြူတစ် ဖြစ်လာပြီဟုတ်?☺️

🧑‍🍳လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ သန့်ရှင်းပြီးအရသာရှိတဲ့ အစားအစာတွေကို
နှလုံးသားနဲ့ဖန်တီးပေးမှာဖြစ်လို့💜

ဝန်ကြီးများရုံးထဲက
အေးချမ်းတဲ့ရပ်ဝန်းလေးဆီ တစ်ခေါက်လောက်
ရောက်အောင်လှမ်း‌ခဲ့ပါနော်။🌳

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

12/04/2024

သင်္ကြန်အားလပ်ရက်မှာ အပြည့်အဝ အနားယူမဲ့
ရန်ကုန်မြို့တော်နေ မိတ်ဆွေများအတွက်

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 က ပိတ်ရက်မရှိ နေ့စဉ် ပုံမှန်ဖွင့်လှစ်ထားပါတယ်နော်🤗

အိမ်မှာ နေ့စဉ် ချက်ပြုတ်နေရတဲ့ မီးဖိုချောင်အလုပ်တွေကို ခဏရပ်ထားပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ ဝန်ကြီးများရုံး ထဲက
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 မှာ
☕မနက်စာ
🍛နေ့လည်စာ
🍝ညစာ၊ နှစ်သက်ရာ 🍮နှုတ်မြိန်စာ တို့ကိုမှာယူသုံးဆောင်ပြီး အားလပ်ရက်ရဲ့အရသာကို ပြည့်ပြည့်ဝဝ ခံစားအနားယူပါ။

စားသုံးသူမိတ်ဆွေများ
💦မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအခါသမယ မှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးဘယာဝေးကွာ ကြပါစေလို့ 💦ူ
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 မှ တန်ခူးဆုတောင်းမျှဝေ လိုက်ပါရစေ ခင်ဗျာ။🙏

𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 7 AM To 3 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

10/04/2024

ကလေးတွေနဲ့ အပြင်တစ်ခါထွက်စားဖို့က နေရာ‌ တော်တော် ရွေးချယ် ရပါတယ်🤔

ဖုန်၊အမှုန်အမွှား နဲ့ ဆေးလိပ်ငွေ့တွေ ကားမီးခိုးတွေ ညှော်နံ့တွေ ဒီလို စိတ်မသက်သာစရာတွေ ကင်းစင်ပြီး သက်တောင့်သက်သာနဲ့ အေးအေးလူလူ မိသားစု စားသောက်ပွဲလေး ဖန်တီးဖို့ 💁

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 က အသင့်တော်ဆုံးပါပဲ။

ဝန်ကြီးများရုံးထဲမှာ
အရိပ်ရပင်လေးတွေ နဲ့ စိမ်းစို အေးချမ်းပြီး
သန့်ရှင်းတဲ့ အဝန်းအဝိုင်းလေးရှိတယ်🌳
🍽️မြန်မာအစားအစာ
🍽️Chinese foods
🍽️Western Foods နဲ့
🍽️Snacks မျိုးစုံ
🫖Tea, Coffee,Fresh Juice မျိုးစုံကို မှာယူသုံးဆောင်လို့ရပါတယ်။
ဖွယ်ဖွယ်ရာရာ နဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းပွဲတွေ၊
ရွေးချယ်စရာ စုံလင်တဲ့ 𝐌𝐞𝐧𝐮 𝐢𝐭𝐞𝐦 တွေ‌ကြောင့်
သင့်မိသားစုနဲ့အတူ စားသောက်အနားယူဖို့ စိတ်ကူးမလွဲသင့်တဲ့ နေရာလေး‌ပဲပေါ့။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦
where memories are made and love is served.

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

07/04/2024

တကယ်တော့ လောကမှာ သိပ်အများကြီးမလိုပါဘူး

“လက်ဖက်ရည် စစ်စစ်နဲ့ ငြိမ်းချမ်းမှု စစ်စစ်”
ရှိရင်ရပါပြီ။

☕လျှောက်လက်စ ခြေလှမ်းတွေကိုခဏလောက် ရပ်တန့်ထားပြီး၊ ခေါင်းထဲက သိမ်းထားတဲ့အတွေး တွေကိုဖောက်ချလိုက်ဖို့ လိုနေပြီဆိုရင်…

☕Tea Time လေးယူ၊ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နေရာလေးကို အရောက်လာပြီး ကိုယ်ပိုင်အချိန်လေးတစ်ခု ဖန်တီးနိုင်ပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့ နေရာမှာတည်ရှိပြီး နွေးထွေးပျူငှာစွာ ကြိုဆို‌နေမဲ့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့
“လက်ဖက်ရည် စစ်စစ်နဲ့ ငြိမ်းချမ်းမှု စစ်စစ်”
အရသာကို လာရောက်ခံစားကြည့်လိုက်ပါနော်။

“𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦,
where there's tea,there’s hope.”

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

04/04/2024

ဒီလူဟာ ဒီနေရာပဲ အချိန်တန်ရင် ပြန်လာရအုံးမှာ~~
ဆိုတဲ့ သီချင်းစာသားအတိုင်းပဲ

အတိတ်က ကိုယ့်ရဲ့မိန်းကလေးနဲ့ တွေ့နေကျ
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦ကို တစ်ခါရောက်ရပြန်ပါပြီ။
⛈️မိုးရာသီ နေ့တနေ့မှာ ဝန်ကြီးများရုံးထဲက
ခရမ်းရောင်ဆိုင်းဘုတ်နဲ့ အလင်းရောင်နွေးနွေးလေးရှိတဲ့ ဆိုင်ထဲမှာ မိုးခိုရင်း ကော်ဖီဝင်သောက်မိရာကငြိတွယ်ခဲ့တဲ့ သာမန်အချစ် ဇာတ်လမ်းလေးပါပဲ။💗

❄️ဆောင်းရာသီ ညနေခင်းတွေမှာဆို ရုံးအပြန်နီးနီးနားနားမို့ ဗိုက်ဆာတိုင်း အဆာပြေ𝐬𝐧𝐚𝐜𝐤𝐬 လေးတွေမှာစားလိုက် စကားတွေဖောင်ဖွဲ့လိုက်နဲ့
အနော်ရထာလမ်းရဲ့ ပလက်ဖောင်းကျယ်ကျယ်မှာ အိမ်ပြန်အတူလမ်းလျှောက်ခဲ့ကြတယ်။🍁💗

☀️အခုလို နွေမနက်ခင်း ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေချိန်ကျမှ ကိုယ်တွေရဲ့ ချစ်သူဘဝက အပြောင်းအလဲတွေ စဖြစ်လာခဲ့တာပဲ။🍂

အခုတော့ အတိတ်က ချစ်ရတဲ့သူမ ဘယ်များရောက်နေပြီလဲ…🥺

“မှာထားတာတွေ ပြင်လိုက်ရတော့မလား အစ်ကို?”

ဆိုင်က ဝန်ထမ်းညီမလေးရဲ့ အမေးကြောင့် အတွေးစတွေ ပြတ်တောက်သွားခဲ့ရပါတယ်။

🤵ဪ အေး…အေး…
ခဏလေးနော် အစ်ကို ဖုန်းဆက်မေးလိုက်အုံးမယ်
သူတို့ ဘယ်များရောက်နေပြီလဲလို့ ရောက်တော့မယ်ထင်ပါတယ်။

👩‍❤️‍💋‍👨ဟုတ်တယ်လေ ဒီနေ့ပဲ နှစ်ဖက်မိဘ နားဖောက် ပြီး မင်္ဂလာကိစ္စ တိုင်ပင်ကြတော့မှာ ဆိုတော့
𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 မှာကြိုမှာပြီး စောင့်နေရတာ။
ယောက္ခမကြီးတွေအတွက်
💜အစားအသောက်ကောင်းလေး တွေနဲ့ ဧည့်ခံ ချင်တာရယ်
💜လူကြီးတွေကို လေးစားသမှုပြချင်တာရယ်
💜မင်္ဂလာကိစ္စကို အေးအေးဆေးဆေး တိုင်ပင်လို့ရအောင်ရယ် တွေးပြီး
ဒီလို အထင်ကရ နေရာမှာ သိက္ခာရှိရှိ ကျစ်ကျစ်လစ်လစ်နဲ့ အမှတ်တရ တွေ့ဆုံပွဲလေးဖြစ်သွားအောင် ကြိုတင်ပြီး သီးသန့်ခန်း 𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 ယူထားရတာ။

မကြာခင် ဇနီးလောင်းလေးနဲ့ လူကြီးမိဘတွေ ရောက်လာတော့မယ် ဗျာ။👰

“𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦,𝐰𝐡𝐞𝐫𝐞 𝐲𝐨𝐮𝐫 𝐟𝐥𝐚𝐯𝐨𝐮𝐫𝐬 𝐦𝐞𝐞𝐭 𝐰𝐢𝐭𝐡 𝐜𝐨𝐦𝐟𝐨𝐫𝐭”

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

Photos from Lumbini Tea Room's post 29/03/2024

နွေးထွေး ပြီးအရသာရှိတဲ့ ဒင်းဆမ်း ပေါင်းခွက်လေးတွေ အငွေ့တထောင်းထောင်းနဲ့ သင့်ရှေ့မှာ ရောက်နေပြီလား❓

ဒါဆိုသေချာပါတယ်
မိတ်ဆွေဟာကိုယ့်ကိုကိုယ် အချိန်ပေးပြီး ချစ်ပေးတဲ့ နေ့တနေ့ကို စတင်လိုက်တာပါပဲ။💖

ဒင်းဆမ်း စားတော့မယ်လို့ တူကိုကိုင်လိုက်ပြီဆိုပါတော့
💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့
"ဒင်းဆမ်းကပြောတဲ့ပုံပြင်လေး"ကို နားထောင်ကြည့်လိုက်နော်

နှစ်သက်ရာ ဒင်းဆမ်းလေးကို လက်နဲ့ထောက်လိုက်တာနဲ့ သင့်အတွက် ပုံပြင်လေးတစ်ပုဒ်ရလာမှာပါ။
တိုက်ဆိုင်မှန်ကန်သွားခဲ့ရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 လေးနဲ့ အားပေးသွားကြပါအုန်း။
ကိုယ့်လို 𝐭𝐲𝐩𝐞 တူသူလေးတွေနဲ့ အတွေ့အကြုံဖလှယ်ကြတာပေါ့။

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦
🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

26/03/2024

သေသေချာချာ တွက်ဆပြီးတော့ သွားခဲ့ပေမဲ့
သေသေချာချာ မှားခဲ့တဲ့ အဖြစ်က 🤦

𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 နဲ့မှ ကြုံသွားတာ။

သမိုင်းကြောင်းတန်ဖိုးကြီးတဲ့နေရာမှာ ဖွင့်ထားတာရယ်
🪴Grand ကျကျ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 ရယ်

ရန်ကုန်မြို့လို ဘယ်နားသွားသွား ဆူညံသံတွေနဲ့ မကင်းတဲ့ အနေအထားမှာ
🪴သူက ငြိမ်သက်အေးဆေးစွာ တသီးတသန့် လေးတည်ရှိနေပုံမျိုးကြောင့်

💸ဒေါ်လာနဲ့ ရှင်းရတဲ့ ဈေးကြီးကြီး Cafeလို နေရာဖြစ်မှာပဲလို့ ထင်ခဲ့မိတာ လုံးဝမှားသွားပါတယ်နော်။

☕အစားအစာတိုင်းကို ဆိုင်အခင်းအကျင်းနဲ့ လိုက်ဖက်စွာ အဆင့်အတန်းမြင့်မြင့် သုံးဆောင်နိုင်အောင် ပြင်ဆင်ပေးတဲ့အပြင် 𝐏𝐨𝐫𝐭𝐢𝐨𝐧ကလည်းများပါတယ်။

☕ဈေးနှုန်းကလည်း ထင်မှတ်မထားလောက်အောင် သင့်တင့် နေလို့ ပေးလိုက်ရတဲ့ငွေထက် ပြန်ရတဲ့ ဝန်ဆောင်မှုက ပိုများတာမို့ လုံးဝ စိတ်ကျေနပ်မှု ရသွားစေမှာ အသေအချာပါပဲ။

🍁မနက်စာမြန်မာ အစားအစာ
🍁𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭
🍁𝐃𝐢𝐦 𝐬𝐮𝐦
🍁𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐅𝐨𝐨𝐝𝐬
🍁𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐅𝐨𝐨𝐝𝐬 နဲ့
🍁𝐂𝐨𝐟𝐟𝐞𝐞 ၊ 𝐓𝐞𝐚၊ 𝐒𝐧𝐚𝐜𝐤𝐬 လေးတွေ ဖွယ်ဖွယ်ရာရာ စုံလင်တဲ့ 𝐌𝐞𝐧𝐮 ရှိတယ်။

ရန်ကုန်မြို့လည်ခေါင် ရဲ့ အထင်ကရနေရာမှာ
အစားအသောက်ကောင်းလေးတွေကိုအေးအေးဆေးဆေး အရသာရှိစွာ သုံးဆောင်ချင်ရင်တော့ အနော်ရထာလမ်းမ ပေါ်က
💜Lumbini Tea Room☕ ကိုသာ လှမ်းလာခဲ့ပါနော်။

“Lumbini Tea Room, for your intimate conversation”

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

23/03/2024

ငါပြမယ် သေချာကြည့်
မြေပုံညွှန်းအရဆိုရင်
ဒီ ဘလောက် တစ်ခုလုံးက ဝန်ကြီးများရုံးကြီး ရှိတာကွာ🧔

🧐ဝန်ကြီးများရုံး ဆိုတာ…?
အနော်ရထာလမ်းနဲ့ ဗန္ဓုလလမ်း
ဗိုလ်အောင်ကျော်လမ်း နဲ့ သိမ်ဖြူလမ်းကြားက
ဒီလို ပတ်ချာလည်လေးထောင့်ကွက်ကြီး လေကွာ… 🧔

ဘယ်ဘက်ကသွားသွားရောက်တယ်
အခု ငါတို့ သွားမဲ့ နေရာက အနော်ရထာလမ်းဘက်ကို မျက်နှာမူထားတာ
သူ့ရဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်ခြမ်းမှာ စိန်ပေါလ်ကျောင်း ရှိတယ် အဲ့အထိ ရှင်းလား?🧔

🧐အဲ့အထိ ရှင်းတယ် ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတဲ့ နေရာက အများကြီး ဘယ်လိုလုပ် သိမှာလဲ

ဆိုင်းဘုတ်ကိုကြည့် ကွာ
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ သီချင်းထဲကလို
𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐏𝐮𝐫𝐩𝐥𝐞 ရောင်လေး…🧔

🧐ပန်းခရမ်းပြာကို သန်းခေါင်ယံမှာ ထကြည့်ရင် မြင်ရတဲ့အရောင်လား?🟣

အေးကွာဟုတ်တယ် အဲဒါကြောင့် အထဲမှာ မီးလှလှလေး တွေ ထွန်းပေးထားတယ် ကဲ ဘာသိချင်သေးလဲ…🧔

👌ရပြီ 𝐑𝐨𝐠𝐞𝐫 𝐭𝐡𝐚𝐭!

😮‍💨မလန့်ကြပါနဲ့ဗျာ မကောင်းတာ လုပ်ဖို့ ကြံနေတာ မဟုတ်ပါဘူး
ရုံးက အဖွဲ့တွေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ 𝐌𝐞𝐞𝐭𝐢𝐧𝐠 လုပ်ဖို့အတွက် ကားဆရာကို

💜𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 လိုက်ပို့ခိုင်းနေတာပါ။

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

20/03/2024

အမာခံပရိသတ်တွေဆို Comment မှာ ဝင်မန့်သွားကြပါဦး 🙆🏻‍♀️

𝐋𝐮𝐦𝐛𝐢𝐧𝐢 ကိုလာရင်
-အပြင်မှာ ထိုင်ရတာ ပျော်လား။
-အတွင်းမှာ ထိုင်ရတာ ကြိုက်လား။

ဘယ်နေရာမှာ လူပိုစည်လဲ သိရအောင် ဖြေခဲ့ပေးကြနော် 🥰 ဆိုင်ဘက်က လိုအပ်ချက်လေးတွေ ရှိရင်လည်း လွတ်လပ်စွာ ပြောပြပေးခဲ့လို့ရပါတယ်ရှင် 🫶🏻

ဆိုင်လာသူအားလုံးကို ကျေးဇူးတင်သလို၊ မရည်ရွယ်ဘဲ အမှားတစ်စုံတစ်ရာ ဖြစ်စေခဲ့ရင်လည်း တောင်းပန်ပါရစေနော်။

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

17/03/2024

အခုဆို 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့ မနက်စာပုံတွေ သင့် Feed ပေါ် ရောက်ရှိနေပါပြီ📱

မနက်စာ မစားရသေးဘူး၊ အချိန်လည်း မှီသေးတယ်ဆို အခုပဲတန်းလာခဲ့လိုက်ပါ😉
မနက်စာစားချိန် လွန်သွားပြီဆိုလည်း
နောက်တနေ့မှာ (၇)နာရီထိုးတာနဲ့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 ကိုပြေးလာမလား၊ အပျင်းတစ်သွားလို့ မနက်စာကောင်းကောင်းလေး ထပ်အလွတ်ခံမလား 🧐

(၂)ခါပြန်စဉ်းစားရမယ့်ထဲ အရသာရှိတဲ့ Breakfast တွေ မပါဘူးနော်🙆🏻‍♀️
အခုကတည်းက ဘာစားရမလဲသာ ကြိုတွေးထားလိုက်တော့…။

𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐏𝐚𝐠𝐞 ထဲမှာလည်း အားလုံးကြိုက်မယ့် Breakfast Post တွေ တင်ပေးထားပါတယ်။

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

16/03/2024

ချိုတဲ့အရာတွေစားပေးရင် ခန္ဓာကိုယ်က ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ် 💯

ဒါကြောင့် မလိုင်ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စီလုံတီးတစ်ခွက်က တနေ့တာ ပင်ပန်းမှုတွေ ပပျောက်ဖို့ အကောင်းဆုံးအရာပါပဲ။

မလိုင်စစ်စစ်မို့ အချိုဓာတ်လွန်ကဲမှာမျိုးလည်း မပူရတဲ့အတွက် လူကြီး၊လူငယ်မရွေး သုံးဆောင်နိုင်ပါတယ်နော်။

စိတ်ညစ်စေတဲ့အရာတွေရှိနေရင် စီလုံတီးတစ်ခွက်နဲ့ သက်သက်သာသာ ဖြေလျှော့နိုင်ပါပြီရှင့်🙆🏻‍♀️

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

13/03/2024

𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ကို ဘယ်လိုလူတွေ လာသင့်လဲ ❓

-ရန်ကုန်မြို့ခံတွေ
-ရန်ကုန်မြို့ကြီးကို အလည်လာတဲ့သူတွေ
-နိုင်ငံခြားသားတွေ အကုန်လာလို့ရပါတယ်🥰

အားလုံးအတွက် မြန်မာအစားအစာ၊ International မနက်စာ 🍞 🍔 Hot Drink တွေအပြင် Juice လည်းရလို့ 💁🏻‍♀️ မနက်စာ စားတော့မယ်ဆိုတာနဲ့…. ဆိုင်ရွေးရင် အရင်ဆုံးပြေးမြင်သင့်တာ အစုံရတဲ့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 ပါနော်။

ဆိုင်ထိုင်ရတာကောင်းမွန်သလို အရသာပိုင်းလည်းမလျော့စေဖို့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚𝐦 မှ အကောင်းဆုံးကြိုးစားလျက်ရှိပါတယ်။

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

10/03/2024

𝐋𝐮𝐦𝐛𝐢𝐧𝐢 Outdoor က သာယာသလောက် Indoor မှာလည်း နွေးထွေးနေပြန်ပါတယ် 🥰

အတွင်းပိုင်းကို ဝင်လိုက်မယ်ဆိုရင် အပြင်အဆင်လေးက ရှေးဆန်ပြီး သန့်ရှင်းသပ်ရပ်လို့ ✨ Great Grand Vibe မျိုး ခံစားရစေတယ်နော်။

မီးရောင်ဝါလေးတွေနဲ့ 💡 နွေးထွေးတဲ့ပုံစံကို ဖော်ကြူးတာကြောင့် မိသားစု အထိမ်းအမှတ်တွေ့ဆုံပွဲတွေ၊ ကုမ္ပဏီစားပွဲတွေလည်း ဖန်တီးလို့ အဆင်ပြေတဲ့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ပါ🙆🏻‍♀️

လူများများ၊ Table များများဆို နေရာစိတ်ချရအောင် Booking လေးကြိုလုပ်ပေးပါရှင့်။

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

09/03/2024

ညခင်းရဲ့ လမ်းသွားလမ်းလာလေးတွေငေးရင်း တွေး၊ဆွေး၊ငေးကြည့်ကြမလား🤔

𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ရဲ့ Outdoor Area ကတော့ သာယာစိမ်းစိုပြီး ခုံငယ်လေးတွေနဲ့ ထိုင်လို့ကောင်းတဲ့ နေရာတစ်ခုပါ။

ညဘက်ဆို လမင်းကြီးနဲ့ မီးရောင်အောက်မှာ လက်ဖက်ရည်လေးသောက်ရင်း☕️

ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြန်ပြောကြတဲ့ လူကြီးတွေရယ်…။

တနေ့တာ အလုပ်ကပြဿနာတွေ ပြောမကုန်နိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရယ်…။

တစ်ယောက်တည်းလည်း အေးဆေးလေးလာအချိန်ကုန်ကြသူတချို့လည်း ရှိကြပါတယ်။

ဒီတော့ လေဝဝရှုဖို့လိုအပ်ရင် Outdoor ထိုင်ခုံလေးတွေမှာထိုင်ရင်း အပန်းဖြေလို့ရအောင် 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 က စောင့်ကြိုနေမယ်နော်🙆🏻‍♀️

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

06/03/2024

ဘယ်မနက်စာပဲစားစား Juice လေးသောက်လိုက်မှ လန်းဆန်းသွားတယ်🧃

𝐋𝐮𝐦𝐛𝐢𝐧𝐢 မှာရနိုင်တဲ့ Fresh Juice တိုင်းက 🍎🍉 အသီးဖျော်ရည်စစ်စစ်တွေ ဖြစ်လို့ လတ်ဆတ်ပြီး လူကို လန်းဆန်းစေတယ်✨ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။

Breakfast တိုင်းက Fresh Juice တွေနဲ့အဆင်ပြေပါတယ်။ ဒါပေမယ့် Juice နဲ့ပိုလိုက်ဖက်တဲ့ International Style Breakfast များ - Bread 🍞 Sausage , Mini Burger 🍔 နဲ့ အခြား Snacks တွေကို လည်း 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 မှာ စုံစုံလင်လင် သုံးဆောင်နိုင်ပါပြီ🍽️

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

03/03/2024

နံရိုးပေါင်းအပြင် ကြက်ပေါင်းနဲ့ ဘဲပေါင်းဆီချက်ဆို ဘယ်ဟာရွေးကြမလဲ ❓

ဆီချက်ချစ်သူတွေဆို ကြက်ပေါင်းဆီချက်နဲ့ ဘဲပေါင်းဆီချက်တွေလည်း 𝐋𝐮𝐦𝐛𝐢𝐧𝐢 မှာ မြည်းကြည့်သင့်တယ်နော်😋

ဆီချက် Menu တိုင်းက တစ်မျိုးစီကောင်းကြတာဆိုပေမယ့် ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ 😍

စားဖူးတဲ့သူလေးတွေလည်း ဘယ်ဟာကို ပိုထိမိကြလဲဆိုတာ Comment ထဲမှာ ဖြေသွားပေးကြပါဦး🙆🏻‍♀️

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

02/03/2024

ပေါ့ပေါ့ပါးပါးနဲ့ စားရလွယ်ပြီး ဗိုက်လည်းပြည့်တဲ့ မနက်စာဟာ Dimsum ပါ 🥟

𝐋𝐮𝐦𝐛𝐢𝐧𝐢 မှာ ကြက်၊ဝက်၊ပုစွန် အပေါင်းအစုံရတဲ့အပြင် အသားရဲ့ကျစ်လျစ်ပြီး ပြည့်ဝနေမှုကြောင့် ဗိုက်မတင်းမှာကို မပူပါနဲ့နော် 😉

Dimsum ပူပူကို Sauce လေးနဲ့ တို့စားရင်း၊ စကားစမြည် ပြောကြရင်း၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ Breakfast Meeting တစ်ခု 🤝🏻 ချစ်ရသူနဲ့ Breakfast Date ကို အေးချမ်းသာယာတဲ့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 ဆိုင်ဝန်းထဲမှာ ဖန်တီးနိုင်ပါပြီ 💯

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

28/02/2024

အာဟာရပြည့်ဝ သိပ်လှပတဲ့ မနက်စာအတွက် နံရိုးပေါင်းဆီချက်လေး ရှိနေပါပြီ။

စားပွဲပေါ်လာချတဲ့အခါ Plating နဲ့ အနံ့နဲ့တင် စားချင်စိတ်ကို ထိန်းနိုင်မှာမဟုတ်ဘဲ၊ နံရိုး၊ ဆီချက်နဲ့ လတ်ဆတ်တဲ့အရွက်တွေကို တစ်ပန်းကန်လုံးကုန်တဲ့အထိ အရသာရှိရှိ ဆွဲရမယ့် နံရိုးပေါင်းဆီချက်ပါ 🍲

ဆီချက်စားပြီးတဲ့အခါ မအီအောင် ကော်ဖီလေးနဲ့ ပြန်ထိန်းလိုက်မယ်ဆိုရင် မနက်စာကြောင့် လူကြီးမင်းတို့ရဲ့ နေ့သစ်တစ်နေ့ဟာ အဓိပ္ပာယ်ပိုရှိသွားစေရပါမယ်🥰

ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်ဝန်းကျင်ကြောင့်လည်း လာထိုင်ကြတဲ့ Customer အပေါင်း စိတ်ကျေနပ်စေရမယ်နော် ✨

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

#နံရိုးပေါင်းဆီချက်

25/02/2024

မနက်စာကောင်းကောင်းစားလိုက်ရရင် တနေ့တာအလုပ်တွေက အေးဆေးပဲမလား။

နေ့တစ်နေ့ရဲ့ အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစားရမယ့် မနက်စာကို တစ်နေ့တစ်မျိုး အာသီသရအောင် စားချင်ရင် 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ဆီ လာခဲ့ပါ 💯

International Style နဲ့ Traditional Myanmar Style Breakfast တွေစုံလင်စွာရတဲ့အပြင် ဆိုင်ရဲ့အသည်းကျော် Signature Breakfast တွေကိုလည်း ထပ်မသွားအောင် မြည်းစမ်းလို့ရမှာပါနော် 😋

မနက်စာစားပြီး လက်ဖက်ရည်လေးသောက်လိုက်ရမှ ☕️ ပြည့်စုံကြတဲ့ လူကြီးမင်းတို့အတွက် မြန်မာလက်ဖက်ရည်အရသာစစ်စစ်ကို 𝐋𝐮𝐦𝐛𝐢𝐧𝐢 က အကောင်းဆုံး ဖျော်စပ်ပေးနေပါတယ်။

ဆိုင်အပြင်အဆင်လှလှနဲ့ ပတ်ဝန်းကျင်ကောင်းကောင်းမှာ သင့်တင့်တဲ့စျေးနှုန်းနဲ့ စားချင်တဲ့ Breakfast Style ကို ထိထိမိမိစားရဖို့ 𝐋𝐮𝐦𝐛𝐢𝐧𝐢 𝐓𝐞𝐚 𝐑𝐨𝐨𝐦 ကို သတိရလိုက်ပါ🫶🏻

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️

🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road, Yangon.
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
🗺️ Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

Photos from Lumbini Tea Room's post 15/02/2024

☕ မြန်မာ့လက်ဖက်ရည် စီလုံတီးစစ်စစ်ရဲ့အရသာ မျိုးမှ သောက်ချင်သူတွေအတွက်
𝑳𝒖𝒎𝒃𝒊𝒏𝒊 𝑻𝒆𝒂 𝑹𝒐𝒐𝒎 ☕

🌆 တစ်နေ့တာပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ဆိုရင်
အေးဆေးအနားယူထိုင်လို့ရမယ့် indoor , outdoor စိတ်ကြိုက်ရွေးချယ်ထိုင်လို့ရမယ့် ဆိုင်လေး

☕ တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်
☕ ဗိသုကာလက်ရာမြောက် အဆောက်အဦး အပြင်အဆင်
☕ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ
ထူးကဲတဲ့အရသာရှိတဲ့စား‌ကောင်းသောက်ဖွယ်များ
နှင့်၊ မတူညီတဲ့ taste တွေကို ခံစားချင်တယ်ဆိုရင်တော့ 𝑳𝒖𝒎𝒃𝒊𝒏𝒊 𝑻𝒆𝒂 𝑹𝒐𝒐𝒎 ☕ကိုသာ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်. . .

💜 ဆိုင်လေးကတော့ အနော်ရထာလမ်းမပေါ်က ဝန်ကြီးများရုံးထဲမှာဖြစ်လို့ ညနေဆည်းဆာအလှကို ခံစားရင်း အရသာကောင်းမွန်သောအစားအသောက်များသုံးဆောင်ဖို့ 𝑳𝒖𝒎𝒃𝒊𝒏𝒊 𝑻𝒆𝒂 𝑹𝒐𝒐𝒎 မှ ချစ်လှစွာသော Customer များအား နွေးထွေးဖော်ရွေပျူငှာစွာ စောင့်ကြိုနေပါတယ်နော်. . .🤗

𝑳𝒖𝒎𝒃𝒊𝒏𝒊 𝑻𝒆𝒂 𝑹𝒐𝒐𝒎 ကို တစ်ခါလာပြီး နောက်ထပ် ထပ်လာချင်အောင် စွဲမက်စေမှာပါ💜

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️
🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏛️𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

14/02/2024

💜 ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ ဂရုစိုက်မှုတွေ တိုးတက်လာစေပြီး ပျော်ရွှင်ရတဲ့ 𝑯𝒂𝒑𝒑𝒚 𝑽𝒂𝒍𝒆𝒏𝒕𝒊𝒏𝒆'𝒔 𝑫𝒂𝒚 မှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အပျော်ဆုံးအချိန်လေး ‌ပိုင်ဆိုင်နိင်ကြပါစေကြောင်း
☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️ မှဆုတောင်းပေးလိုက်ပါတယ်. . .🎁💕

12/02/2024

🇲🇲𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐔𝐧𝐢𝐨𝐧 𝐃𝐚𝐲 🇲🇲
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် (၇၇) ကြိမ်မြောက် "ပြည်ထောင်စုနေ့" အထိမ်းအမှတ်ရက်လေးကို ☕️𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#ပြည်ထောင်စုနေ့

08/02/2024

🧧𝗚𝗼𝗻𝗴 𝗫𝗶 𝗙𝗮 𝗖𝗮𝗶 🐉🏮
🧨 𝗛𝗮𝗽𝗽𝘆 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰 🎊 ကြိုဆိုသော အထိမ်းအမှတ်အနေဖြင့်. . .

February လရဲ့ တရုတ်နှစ်သစ်ကူး အခါသမယမှာ
( 8.2.24, 9.2.24, 10.2.24)ရက်‌တွေမှာ 𝐕𝐈𝐏 𝐑𝐨𝐨𝐦 𝐁𝐨𝐨𝐤𝐢𝐧𝐠
ကြိုတင်ယူထားချင်သူများအတွက် Room Charges ကို 💥 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝟐𝟎% 𝐎𝐟𝐟! ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်ရှင်. . .🤗

💜ချစ်ခင်လေးစားတန်ဖိုးထားရပါသော Lumbini ရဲ့ ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးအချိန်‌လေးမှစလို့ စီးပွားရေး လာဘ်များရွှင်လန်းပြီး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်ရှင်🤩

🎉 Celebrate the year of Dragon with Joy & Blessing😍🧧🐉

☕️ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️
🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 8 AM To 8 PM
🏛️𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

08/02/2024

🧧𝑮𝒐𝒏𝒈 𝑿𝒊 𝑭𝒂 𝑪𝒂𝒊 🐉🏮
🐉𝐇𝐀𝐏𝐏𝐘 𝐂𝐇𝐈𝐍𝐄𝐒𝐄 𝐍𝐄𝐖 𝐘𝐄𝐀𝐑 𝟐𝟎𝟐𝟒🐉

💜မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ 𝐋𝐔𝐌𝐁𝐈𝐍𝐈 ရဲ့ဧည့်သည်တော်များအားလုံး
စီးပွားရေး လာဘ်များရွှင်လန်းပြီး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်ရှင်🥰🧧
🎊 𝐘𝐄𝐀𝐑 𝐎𝐅 𝐓𝐇𝐄 𝐃𝐑𝐀𝐆𝐎𝐍 🐉

15/01/2024

💜 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ၏နှစ်စဉ်ကျင်းပ
ပေးသော 🎀𝗔𝗻𝗻𝘂𝗮𝗹 𝗦𝘁𝗮𝗳𝗳 𝗣𝗮𝗿𝘁𝘆🎀ပွဲကြီးကို (𝟭𝟴.𝟭.𝟮𝟬𝟮𝟰) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်ရှင်. . .🤩🎉

💜 2023 ခုနှစ်ရဲ့တစ်နှစ်ပတ်လုံး ပင်ပန်းထားခဲ့သမျှ တာဝန်ကျေပွန်ခဲ့ကြတဲ့ ညီငယ်၊ ညီမငယ်တို့တွက် ဝန်ထမ်းများအားလုံး ချစ်ခင်ရင်းနှီးသဖွယ်အမှတ်တရကောင်းများစွာရရှိ‌စေရန်အလို့ငှာ ကျင်းပပေးသွားမည့် ပါတီပွဲကို ညပိုင်းမှာပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် 𝗟𝘂𝗺𝗯𝗶𝗻𝗶 ဆိုင်အား ညနေ 𝟱:𝟬𝟬 𝗣𝗠 မှစ၍ ပိတ်ထားမည်ဖြစ်ကြောင်း ဧည့်သည်တော်များကို ကြိုတင်အသိပေးအပ်ပါတယ်. . .☺️

💜အားလုံးလဲ ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီထက်ပိုကြိုးစားကြမယ်နော် 𝑾𝒆 𝑮𝒓𝒐𝒘𝒕𝒉 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 🌱☘️

💜 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ဆိုင်အား 19.1.2024 တွင် ပုံမှန်ချိန်များအတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်ရှင်. . .🤗

☕ 𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗧𝗲𝗮 𝗥𝗼𝗼𝗺 ☕️
🕰️𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫 : 7 AM To 8 PM
🏛️𝐀𝐝𝐝𝐫𝐞𝐬𝐬 : Ministers' Office, Anawrahta Road
📱𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 : (09) 880 1800 82
Google Map : https://goo.gl/maps/gt72wmiv7cKwc8sb8

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ရန်ကုန်မြို့ကြီးမှာ နိုးလာတာနဲ့ မနက်စာတွေးရင် Lumbini ကိုမြင်စေချင်။
တစ်လုပ်စားပြီးတိုင်း ထပ်ခါထပ်ခါ စားချင်မိတဲ့ ပုစွန်အုန်းနို့ ခေါက်ဆွဲ
ကိုယ်ချစ်ရတဲ့ သူ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး မနက်စာမစားချင်ဘူးလား ?အနောက်တိုင်းဆန်ဆန် ပေါင်မုန့် 🍞Sausage 🌭 Bacon...

Category

Telephone

Website

Address


The Secretariat Yangon, Anawrahta Road
Yangon
11161

Other Tea Rooms in Yangon (show all)
Tablehood Tea House Tablehood Tea House
202, Joe Phyu Road, South Dagon Township
Yangon, 11431

Mingalabar! TABLEHOOD is part of a social ecosystem, HOOD. Within this ecosystem is HOOD HOSTEL, TAB

Daily Fresh Coffee & Tea Daily Fresh Coffee & Tea
No. 44 . Pyay Road. Sein Gay Har (pyay)
Yangon

FruiTee FruiTee
Yangon

Fresh Juice

The Maharaaj Indian Restaurant The Maharaaj Indian Restaurant
Unit (G-01), Bo Myat Tun Tower, Bo Myat Tun Street (Lower Block), Botahtaung Township
Yangon, 11162

•••••Indian restaurant in the heart of downtown••••• HALAL restaurant ••••••Vegetarian options available

Herb’s Tea Herb’s Tea
Bo Yar Nyunt Street, Myanmar, Burma (Myanmar)
Yangon

Shwe Kan Kaw Tea House Kamarkyi Shwe Kan Kaw Tea House Kamarkyi
No(S5), Thuwanna Kamarkyi Street, 29 Ward, Thingangyun Township
Yangon, 11071

လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိသည့် ရွှေကံကော် ကမာကြည်ဆိုင်ခွဲ

Lumbini Tea Room - Terminal M Lumbini Tea Room - Terminal M
02-05, Level 02, Terminal M Leisure Mall, Mingaladon
Yangon

Delicious Tea, Foods, and Snacks

နန်းရွှေအိ "Okra Green Tea" Official နန်းရွှေအိ "Okra Green Tea" Official
No(10), Pan Hlaing Street , Sanchaung Township
Yangon

For your HEALTHY �

ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop
No. (1), No. 2 Main Road, East Dagon Township
Yangon

မိတ်ဆွေများနားခို စားသောက်ရာ ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်

Yang Yang Tea House Yang Yang Tea House
No. 58, Corner Of Khayae Street & Pearl Road, Shwepyithar Township
Yangon

Kant Kaw Tea House Kant Kaw Tea House
Yangon

Tea , Coffee, Juice and Foods