Shadow Aquarium Shop

🏠Yangon တာမွေ မေတ္တာညွှန့် စက်မှု ၃ လမ်း🏠
☎09269378885☎

08/11/2022

🥲🥲

06/11/2022

ငါးမမွေးပဲ နွားပြောင်းမွေးရမလိုဖြစ်နေပြီ အမေရေ့🥲

05/11/2022

Thai Import Fancy Blue(Hmpk Male)🐠🇹🇭

✅Ready to breed

4️⃣Month Old

ကျန်းမာရေးကောင်း Quality ကောင်း💙

Price-8000 Ks🖤

Yangon Pazundaung🏠

05/11/2022

Thai Import Hmpk (Male)🐠💜

တန်တန်လေးနဲ့ မြန်မြန်လေး ထုတ် ပေးမယ်နော်❣

✅Ready To Breed
Price-6000 Mmks💸

ကျန်းမာ ရေး ကောင်းပြီး Active ဖြစ်ပါတယ်💙

Yangon🏠

05/11/2022

မျိုးဖောက် ချင်တဲ့ ညိုကီတို့ အကြိုက် Thai Import Butterfly Halfmoon (Female)

Stable ဖြစ်ပြီးမှ စရောင်းပေးတာမလို့စိတ်ချ လက်ချဝယ်ယူနိုင်ပါတယ်ခင်ဗျာ🙏

Price-4000 Mmk

Yangon 🏠

05/11/2022

မျိုးဖောက် ချင်တဲ့ ညိုကီတို့ အကြိုက် Thai Import Red Copper Halfmoon (Female)

Stable ဖြစ်ပြီးမှ စရောင်းပေးတာမလို့စိတ်ချ လက်ချဝယ်ယူနိုင်ပါတယ်ခင်ဗျာ🙏

Price-4500 Mmk

Yangon 🏠

05/11/2022

မင်း ပြစ်သွားတဲ့ အချိန်က စပြီးကိုယ့်မှာ ငါးလေးတွေပဲ ကြည့်ပြီး Feel ဖြစ်တော့တယ် ကွယ်🎧🎼

ကျွန်တော့်လို Feel ချင်ရင်တော့ Video ထဲက ကောင်လေး ဝယ်လို့ရတယ်နော် ကာကာတို့😁

Thai Import Hmpk (Male)🐠🇹🇭

Price-8000 Mmk

*Online Shop သီးသန့်ပါခင်ဗျာ*
Pick Up ယူလို့ရပါတယ်💜

ရန်ကုန်မြို့🏠

04/11/2022

Betta Fish လေးတွေကိုအစာမကျွေးပဲဘယ်နှရက်ထားလို့ရလဲ ။ 🐠🔥

ပျှမ်းမျှအားဖြင့် ၁၀ရက်လောက်ထိဘာမှမကျွေးလဲရပါ ။ ဒါမယ့် အစာအဟာရမရှိတဲ့အခါလူတွေလိုပဲငါးလဲပိန်ခြုံးလာမယ် ၊ ရောဂါတေဝင်လာမယ် ၊ ကြီးထွားဖွံ့ဖြိုးမှုမရှိတော့ဘူး စသဖြင့်ပေါ့ ။

အနည်းဆုံးတော့ ၃ ရက် တစ်ကြိမ်ကျွေးသင့်ပါတယ် ။

Admin ကတော့တစ်ရက်ကို ၂ကြိမ်ကျွေးပါတယ် ထိန်းကျွေးပါတယ် အစာအများကြီးကျွေးတာ ၊ ခနခနကျွေးတာ ( over feeding ) မျိုးလုံးဝမလုပ်ပါဘူး ။ အလွန်အကျွန်မလုပ်ပါနက် အစာမကျွေးပဲထားလို့တော်ရုံမ Thay ပေမယ့် အများကြီးကျွေးပြီးအစာတေမကုန်တာ ၊ ရေပေါ်ပေါ်နေတာ ၊ ရေနက်ပျော်ဝင်ပြီး ရေ quality ကျဆင်းလာတာ ကနေ ရောဂါတေဝင်လာနိင်ပါတယ် Dropsy ဖြစ်နိင်ချေရှိပါတယ် ဒါကြောင့် Over Feeding မလုပ်ကြပါနက် ။ ( တစ်ခါကျွေး ၄စေ့လောက်ပဲကျွေးပါ )
အစာခြောက်ပဲကျွေးနေရင် ၁ပတ်ကို၂ရက်ဆက်တိုက်အူလမ်းကြောင်းရှင်းတဲ့အနေနက်အစာဖျက်ပေးပါဗျ

ငါးတစ်ကောင်နက်တစ်ကောင်စားနိင်ပုံ အစာချေဖျက်နိင်ပုံမတူညီပါဘူး ။ ဒါကြောင့်မိမိငါးလက်ခံနိင်လောက်တဲ့အနေအထားထိပဲကျွေးပါအများကြီးကျွေးလို့အများကြီးလှလာတာမရှိပါဘူး အများကြီးThayကုန်မယ် ။ သူများပြောသလိုအတိအကျလဲလိုက်ကျွေးစရာမလိုပါဘူး ။ ( ရာသီဥတုအေးလျှင် အစာလျော့ကျွေးပါ )

Betta လေးတေဟာ အမဲလိုက်တာကိုပိုကြိုက်နှစ်သက်တဲ့အတွက် အစာရှင်ကိုပိုသဘောကျပါတယ် ။
Telegram Channel
https://t.me/shadowaquariumshop
Photo from google.

Photos from Shadow Aquarium Shop's post 04/11/2022

Water Shock(ရေရှော့(ခ်)ဆိုတာဘာလဲ
ဘာကြောင့် Water Shockဖြစ်ရတာလဲ?
Water Shockမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?

Water Shockဆိုတာက ကန်အတွင်းရှိ (မူလ)
ရေအပူချိန်ထက် ကျဆင်းခြင်း (သို့) မြင့်တက်ခြင်းကြောင့် ဖြစ်ရတာပါ

ဘာလိုလဲဆိုရင် ဥပမာမိမိရဲ့ လက်ရှိကန်က
အပူချိန် 30-35ဒီဂရီရှိတယ်ဆိုပါစို့
အပြင်ကယူလာတဲ့ငါးထည့်ထားတဲ့ အိတ်က
18-20ဒီဂရီလောက်ရှိမယ် ကန်ထဲ
တန်းထည့်မယ်ဆိုရင် သေချာသလောက် Water Shockဖြစ်ပေါ်နိုင်ပါတယ်
ရေရှော့ခ် ဖြစ်သွားတဲ့ ငါးတစ်ကောင်ဟာ
အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်

ကန်အတွင်းအပူချိန်ထက် မြင့်တက်နေပါကလည်း
တန်းထည့်လို့ မရပါဘူး Water Shockဖြစ်နိုင်ပါတယ်

ဒါဆိုရင် Water Shock(ရေရှော့ခ်)မဖြစ်အောင်
ဘယ်လို လုပ်ရမလဲ?

အပြင်က ဝယ်လာတဲ့ ငါးတစ်ကောင်ကို ကန်ထဲ ထည့်တော့မယ်ဆိုရင်
ဝယ်လာတဲ့ ငါးနဲ့ ငါးအိတ်ကို ထည့်မဲ့ကန်ထဲ
15-20 မိနစ်လောက် စိမ်ထားပေးပါ

ကန်အတွင်း လက်ရှိအပူချိန်နဲ့ အပြင်ကသယ်လာတဲ့ ငါးအိတ်ထဲက အပူချိန်ခြင်း ညီမျှစလောက်ရှိပီ ဆိုမှသာ ငါးကိုထည့်ရပါမယ်

ထိုမှသာ Water Shockဖြစ်ခြင်းက ကာကွယ်နိုင်မှာပါ
ဝယ်လာပြီး ရော့အင့်ဆိုပြီး ပြီးစလွယ်ထည့်မိလိုက်ရင်
မိမိငါး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်

ယခုလိုဆောင်းရာသီမျိုးမှာ
ပိုပြီးဂရိုစိုက်ဖို့ လိုအပ်ပါတယ်ခင်ဗျာ

ယခုအထက်ဖော်ပြပါ အကြောင်းရာကို
သိပြီးသားသူရှိသလို မသိရသေးတဲ့
သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်
လိုအပ်ချက်များရှိပါကလည်း ဖြည့်စွက်ပေးပါ

Photos from Shadow Aquarium Shop's post 04/11/2022

HMPK Male တစ်ကောင်မှာရှိရမယ့်
Standard Form basic သက်မှတ်ချက်များ

1.Head Region
2.Finnage
3.Mentality
4.Health &
5.Colour

အစရှိတဲ့ အချက်တွေအပေါ်မှာ
ငါးရဲ့ တန်ဖိုးကို ဆုံးဖြက်ကြပါတယ်

1.Head Region

Head Region မှာတော့ အရင်ကပြောခဲ့တဲ့
ယျေဘူယျ အချက်တွေ ပြန်ပါလာပါတယ်

Dolphin head shape ပုံစံ နဲ့ Lump error head shape တွေကို မရွေးချယ်ဖို့ ကန့်သတ်ထားပါတယ်

Dolphin head shape တွေဟာ Fighting betta type တွေလိုပဲ အလွန်တရာရန်လိုကြမ်းတမ်းတဲ့
စရိုက်ရှိတာကို များသောအားဖြင့် တွေ့ရပါတယ်
သူတို့ကို သားဖောက်ဖို့အတွက်ပြင်ဆင်ရာမှာ
ငါးမတွေဟာ သာမန်လိုမဟုတ်ပဲ
အပြင်းအထန် အကိုက်ခံရတာကြောင့်
သေကြေပျက်စီးမှုနှုန်းများပါတယ်
Dolphin head တွေဟာ Domestic type ထဲကို
မရောက်သေးတဲ့ ငါးအမျိုးအစားအဖြစ်
သက်မှတ်ရမှာဖြစ်ပြီး ဝါသနာရှင် တွေအတွက်
ထိန်းသိမ်းရတာ ခက်ခဲပါတယ်
ပြောရရင်တော့ household keeper တွေနဲ့မသင့်တော်တဲ့ ရိုင်းတဲ့စရိုက်လက္ခဏာဖြစ်နေလို့ပါ

Lump error ကတော့
ဦးခေါင်းပိုင်း
မျက်လုံးနဲ့နှုတ်ခမ်းကြားမှာ
အဆီကျိတ်အဖုစတဲ့
ငါးရဲ့ ခန္ဓာကိုယ်တွင်း metabolism ဇီဝဖြစ်ပျက်မှုမှာ ပြဿနာ ရှိနေတဲ့အမျိုးအစားလို့ပြောရမှာပါ

ဒီ error ကလည်း ပြန်လည်ပြုပြင်ယူဖို့
မလွယ်တာကြောင့် တားမြစ်ထားတဲ့
အမျိုးအစား တစ်ခုပါပဲ

ဒါတွေကြောင့်လည်း
HMPK တစ်ကောင်မှာ ရှိရမယ့်
အချက်တွေထဲမှာ ချို့ယွင်းအားနည်းချက်တွေ
အဖြစ် သတိပေးထားတာပါ

Suitable Head Shape style ကိုတော့
အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း
ပြေပြစ်တဲ့ ဆင်ခြေလျှောပုံစံ ဦးခေါင်းပုံရှိတဲ့
Bullet headed HMPK တစ်ကောင်ကိုရွေးချယ်ရပါတယ်

Head Region မှာသတိပြုရမယ့်
နောက်ထပ်အချက်တစ်ခုကတော့
Operculum( Gill Cover) လို့ခေါ်ကြတဲ့
Flaring လုပ်တဲ့ ပါးတစ်ဖက်စီက
မျက်နှာပြင်နှစ်ဖက်ဟာကောင်းစွာ
အလုပ်လုပ်ဖို့လိုပါတယ်

ဒါမှလည်း သူ့ရဲ့ ခန့်ငြားမှုဟာ
ပြည့်စုံမှာပါ

2.Finnage
HMPK တစ်ကောင်အတွက် Fin Ratio ဟာသိပ်ကိုအရေးကြီးပါတယ် သူ့ရဲ့ Dorsal fin ဟာ
ပြေပြစ်တဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်ထဲမှာပဲရှိနေရမှာဖြစ်ပြီး အဲဒီ Format ထဲကနေအများကြီးသွေဖယ်သွားလို့မရပါဘူး

နောက်ထပ် A**l fin ratio ရဲ့
ရှိရမယ့်အနေအထားကတော့ Trapezoid pattern အနားမပြိုင်စတုဂံပုံသဏ္ဍာန်ဖြစ်ရပါမယ် အဲဒီအချက်အပြင် A**l fin ရဲ့ အဆုံးသတ်နားမှာ အနည်းငယ် အပြင်ဘက်ကိုယိုင်ပြီးတော့ဆင်းသွားတဲ့အနားသတ်မျဥ်းဟာ
Caudal fin ရဲ့အစပြုရာအနားမှတ်မျဥ်းနေရာကို
ကျော်မသွားရပဲအဆိုပါနေရာအတိအကျနားမှာပဲ
ရှိနေရမှာဖြစ်ပြီး အလွန်အမင်းအောက်ကိုရှည်လျားစွာတွဲကျနေတာမျိုးလည်း မရှိဖို့ လိုပါတယ်

*အချို့သော HMPK များမှာ Form & Body အချိုးအစား ကျပေမယ့် Caudal fin ဟာ
လိုအပ်တာထက်ပိုပြီးအောက်ကိုတွဲကျ ချွန်ထွက်နေတာကြောင့် Good Form HMPK ထဲကိုမရောက်တော့တာမျိုးတွေဖြစ်သွားစေပါတယ်*

A**l Fin ရဲ့ Trapezoid shape ဟာ
Good form Betta တစ်ကောင်ဖြစ်လာစေဖို့
သက်မှတ်ထားတဲ့အချက်တွေထဲမှာ
ပါဝင်နေတာဖြစ်တဲ့အတွက် Ventralor A**l fin ရဲ့
ရှိသင့်ရှိထိုက်တဲ့အတိုင်းအချိုးအစား
ပြေပြစ်ကျနမှုကလည်းသူ့ကိုပိုကြည့်ကောင်းစေပါတယ်

Caudal fin ရဲ့ အကြောင်းကတော့
HMPK Betta အတွက် အရေးအကြီးဆုံး ထည့်တွက်ရမယ့် အချက်တစ်ခုပါ

အားလုံးသိကြတဲ့အတိုင်း သူ့ရဲ့ Tail hemisphere shape ဟာ 180° ကို
ပြည့်ရပါမယ် ကျော်လို့ရပေမယ့်လျော့လို့တော့မရပါဘူး

HMPK tail standard ဝင်ရင်ထပ်ပြီးတော့
သူ့ရဲ့ Grade တန်းကို ဆုံးဖြက်ကြတာက
Caudal Tail မှာရှိနေတဲ့ Rays ( primary, secondary & splitter rays )တွေကိုပါ

အလွယ်ပြောရရင်တော့ အမြှီးကွက်ဟာ
သိသိသာသာ လှပညီညာနေရပါတယ်

Caudal Rays ရုပ်ထွက်လှရင်လှသလို
Good form betta fish တစ်ကောင်ဟာ
တန်ဖိုးပိုတက်လာပါတယ်

** Caudal Rays တွေနဲ့ပါတ်သက်တဲ့အသေးစိတ်
အချက်အလက်တွေကို တော့ လေ့လာနေဆဲပဲ
ရှိနေတာကြောင့် နောက်မှ Details အနေနဲ့
Post တင်ပြီး ထပ်ရေးပါမယ် **

3.Mentality
ဒီခေါင်းစဥ်မှာတော့ Betta တစ်ကောင်ရဲ့
စိတ်နေသဘောထား ထက် ညဏ်ရည်ညဏ်သွေးလို့ပဲ သက်မှတ်ပါရစေ

Good Mentality Betta တစ်ကောင်အဖြစ်
သက်မှတ်ခံရဖို့ အချက် ၃ ချက်နဲ့ကိုက်ညီဖို့
လိုအပ်ပါတယ်
A.Bravery
B.Calmness &
C.Responsibility ဆိုတဲ့အချက် ၃ ချက်ပါ

A. Bravery အနေနဲ့တော့ Betta တစ်ကောင်အတွက် ရှိနေပြီးသားစွမ်းရည်တစ်ခုပါ
Fighter ငါးလို့ခေါ်ဝေါ်သက်မှတ်ထားခံရတာဟာ
သူတို့ရဲ့ မျိုးရိုးဗီဇဆိုင်ရာ
တိုက်ခိုက်မှုစွမ်းရည်တွေကြောင့်ပါ

B.Calmness
အေးဆေးတည်ငြိမ်တဲ့ Male တစ်ကောင်ဟာ
ကောင်းမွန်စွာ ရင့်ကျတ်နေပြီဖြစ်တဲ့ Betta တစ်ကောင်လို့ယူဆလို့ရနေပါပြီ

Calmness နဲ့ပါတ်သက်လာရင်
သုံးလခွဲ လေးလသားအရွယ် betta အထီးလေးတွေဟာ အလွန် တက်ကြွပါတယ် သူတို့ကို
မှန်ဖြစ်ဖြစ်အခြား betta တစ်ကောင် ဒါမှမဟုတ်
Betta Flare Stick နဲ့ပြလိုက်ရင်ယောက်ယက်
ခက်နေတဲ့အထိ သူတို့လှုပ်ရှားမှုတွေဟာလျင်မြန်ဖြက်လတ်နေတက်ပါတယ် ဒါပေမယ့်
လုံလောက်တဲ့ ရင့်ကျတ်မှုရှိနေပြီးသားအထီးတစ်ကောင်ကတော့ Flare up လုပ်မယ် မျက်နှာခြင်းဆိုင်က အခြား betta တစ်ကောင်ကို
ရင်ဆိုင်ဖို့လှုပ်ရှားတဲ့နေရာမှာ သူဟာသွေးအေးစွာနဲ့ပဲ လေ့လာပါတယ် ပြာယျာခက်နေတာမျိုးတွေ
သူမလုပ်တော့ပဲ ပစ်မှတ်ကိုပဲသူကောင်းစွာ
အာရုံစိုက်ပါတော့တယ်

C.Responsibility
Responsibility ကိုတော့ Breeding လုပ်ဖို့
ရည်ရွယ်ထားတဲ့ အထီးတစ်ကောင်မဟုတ်ရင်တော့သိပ်အရေးမကြီးတဲ့အချက်အနေနဲ့ထားလို့ရပါတယ်

Chosen for Breeding in male betta fish ဆိုရင်တော့ သူဟာ သားထိန်းကောင်းခြင်းမကောင်းခြင်းဆိုတာကိုဖော်ပြနေတဲ့ Responsibility ဖြစ်နေတာကြောင့်
ထည့်သွင်း လေ့လာဖို့လိုအပ်ပါတယ်

Responsibility ဟာ male Betta fish တိုင်းမှာ
မပါပေမယ့် သူ့ကို Responsibility ရှိလာအောင်
လေ့ကျင့်ပေးလို့ ရပါတယ်

ဘယ်လိုလေ့ကျင့်ပေးရမယ်ဆိုတာကတော့
ကိုယ် ဖောက်ဖို့ရွေးချယ်ထားတဲ့အထီးကို
နေ့စဥ်အချိန်ပေးပြီး ကိုယ်နဲ့ရင်းနီးလာအောင်
လူမြင်တဲ့အခါ မကြောက်တော့အောင်
နောက်ပိုင်း ကိုယ့်ကိုမြင်တဲ့အခါမှတ်မိလာတဲ့အခြေအနေတစ်ခါဖြစ်လာတဲ့အထိ သူနဲ့
Face to Face နေပေးပြီး
Supporting instruments တွေနဲ့
Training ​ပေးရပါတယ်

Well Trained male betta fish တစ်ကောင်ဟာ
လူနဲ့အတူရင်းနီးစွာ လေ့ကျင့်ထားတဲ့နောက်
အသိညဏ်ပိုရှိလာတဲ့အတွက် အကောင်ပေါက်လာမယ့် Baby betta fry လေးတွေကိုကောင်းမွန်စွာထိန်းသိမ်းပေးပါတယ်

* ခြွင်းချက် အနေနဲ့ ပိုင်ရှင်က Trains လုပ်ပေးတာမျိုးမရှိပဲနဲ့သားထိန်းကောင်းတဲ့ အထီးတွေလည်း ရှိပါတယ် သူတို့ကိုရရင်တော့ Breeding လုပ်တဲ့အခါ ပိုအဆင်ပြေပါတယ်*

4.Health
Betta တစ်ကောင် ကိုရွေးချယ်ရာမှာ
သက်မှတ်ချက်အားလုံးပြည့်စုံပေမယ့်
ကျန်းမာရေး မကောင်းတဲ့ငါးဖြစ်နေရင်
အဆင်ပြေမှာမဟုတ်ပါဘူး

Betta fish တစ်ကောင်ရဲ့ ကျန်းမာရေး
အနေအထားကို အမြင်နဲ့အလွယ်တကူ
သက်မှတ်တာကတော့သူ့အတွက်
ထားပေးတဲ့ Tank ထဲမှာ ရေမျက်နှာပြင် အပေါ်နဲ့အောက်မှာကူးခက်နေတာထက် ရေဧရိယာနဲ့အလယ်နားမှာပဲကူးခက်သွားလာနေတဲ့အထီးကိုသာရွေးချယ်ဖို့ လိုပါတယ်

ရေမျက်နှာပြင်အပေါ်ကိုကူးခက်နေတဲ့ငါးဟာ
အဲဒီသူလက်ရှိရှိနေရတဲ့ရေအချိုးအစားကိုမကြိုက်တဲ့သဘောဖြစ်ပြီးတော့ ရေအောက်မှာကူးခက်နေရတဲ့ငါးကတော့ သူ့မှာကိုယ်တွင်းရောဂါ ဒါမှမဟုတ် ပြင်ပနာကျင်မှုဒဏ်ရာကြောင့် လှုပ်ရှားမှုများစွာမလုပ်နိုင်တာနဲ့ (အစာအိမ်, အသက်ရှုလမ်းကြောင်း, air bladder )အစရှိတဲ့ Organs တွေမှာ ပြဿနာ တစ်ခုခုရှိနေတာကြောင့် ရေအောက်မှာနေနေတာဖြစ်နိုင်သလို အသက်အရွယ်အိုမင်းနေတာကြောင့် လှုပ်ရှားမှုတွေနှေးကွေးလေးလံနေတာမျိုးလည်းဖြစ်ကောင်းဖြစ်တက်ပါတယ်

5.Color

Betta fish တစ်ကောင်ရဲ့ ဖြစ်တည်မှု တန်ဖိုးမှာ
Color ကလည်း ချန်ထားလို့မရပါဘူး

Color ကို သက်မှတ်ရာမှာတော့ Rare & Variety
ဆိုပြီးနှစ်မျိုးရှိပါတယ်

Rare colors တွေကတော့ အလွယ်တကူ များများစားစား မရနိုင်တဲ့အတွက် Good form betta တစ်ကောင် မှာ ရှားပါးအရောင်ဖြစ်လာရင်တော့ စျေးက အမြင့်တန်းဘက်ကိုရောက်သွားပါပြီ

Rare color ထဲမှာတော့ မတူညီတဲ့အရောင်တွေရဲ့ combination တွေကြောင့်

Dark black base Galaxy
Red Galaxy
Avarter
Rainbow
Multicolors အစရှိသဖြင့် Naming by Colors နဲ့ အမည်ပေးခံရတဲ့ Betta Fish တွေအဖြစ်
စျေးကွက်ထဲမှာသူတို့တည်ရှိနေပါတယ်

Variety Colors တွေကတော့
အလွယ်တကူ ရှိနေတဲ့ Colors တွေဖြစ်ပြီး
Bi color (Red & Blue)
Red base
Pale White
Cambodian color အစရှိသဖြင့် ငါးအများစုမှာ
ရှိနေတက်တဲ့ Color ဆိုရင်တော့ Good Form
ဖြစ်နေပေမယ့်လည်း စျေးကတော့ သူ့ရဲ့
Color ကြောင့် တန်ဖိုးကအမြင့်ထဲကို
မရောက်တော့ပါဘူး

P.S
စာဖက်ရာမှာ ပိုရှင်းလင်းစွာသဘောပေါက်စေဖို့
လိုအပ်တဲ့ ပုံတွေကိုလည်း ထည့်ပေးထားပါတယ်

ဟုတ်ကဲ့ .......
ကောင်းမွန်တဲ့ Betta လေးတွေ
ပိုင်ဆိုင်နိုင်ကြပါစေ

All photographs credit to owners.
Source from internet.

bettamatrixnotes

03/11/2022

Thai Import Hmpk🐠🇹🇭(flare မဖြစ်သေးတာတောင် တော်တော်လှတဲ့ အရောင်လေး💙)

1️⃣Sex-Male
2️⃣Import
3️⃣4 Month Old
4️⃣Ready To Breed
5️⃣Good Health

Price-8000 Mmk(မြန်မာ ကျပ် 8000)💸

🔥Online Shop သီးသန့်ပါခင်ဗျာ🔥

Pick up အတွက် ရန်ကုန် ပုဇွန်တောင် မှာလာယူလို့ရပါတယ်ခင်ဗျာ🙏

နယ် မြို့များ သို့လဲ ကားဂိတ်ပို့ခ ထုပ် ပိုးခ ပေါင်း 5000 ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ(တန်ဆာခမပါ)

Chat Box မှာ အသေး စိတ်လာရောက်မှာယူနိုင်ပါတယ်နော် Admin အချိန်ပြည့်နီးပါးရှိပါတယ်ခင်ဗျာ🙏

03/11/2022

Thai Import Hmpk🐠🇹🇭(ရှယ်ကျောင်းပေးထားတဲ့ ကောင်လေး💜)

🔥Sex-Male
🔥Import
🔥3 Month Old(Over)
🔥Ready To Breed
🔥Good Health

Price-8000 Mmk(မြန်မာ ကျပ် 8000)💸

🔥Online Shop သီးသန့်ပါခင်ဗျာ🔥

Pick up အတွက် ရန်ကုန် ပုဇွန်တောင် မှာလာယူလို့ရပါတယ်ခင်ဗျာ🙏

နယ် မြို့များ သို့လဲ ကားဂိတ်ပို့ခ ထုပ် ပိုးခ ပေါင်း 5000 ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ(တန်ဆာခမပါ)

Chat Box မှာ အသေး စိတ်လာရောက်မှာယူနိုင်ပါတယ်နော် Admin အချိန်ပြည့်နီးပါးရှိပါတယ်ခင်ဗျာ🙏

03/11/2022

Thai Import Hmpk🐠🇹🇭(အရင်ကထက် အများကြီးစျေးချိုတယ်နော်😉)

✅Sex-Male
✅Import
✅4 Month Old
✅Ready To Breed
✅Good Health

Price-8000 Mmk(မြန်မာ ကျပ် 8000)💸

🔥Online Shop သီးသန့်ပါခင်ဗျာ🔥

Pick up အတွက် ရန်ကုန် ပုဇွန်တောင် မှာလာယူလို့ရပါတယ်ခင်ဗျာ🙏

နယ် မြို့များ သို့လဲ ကားဂိတ်ပို့ခ ထုပ် ပိုးခ ပေါင်း 5000 ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ(တန်ဆာခမပါ)

Chat Box မှာ အသေး စိတ်လာရောက်မှာယူနိုင်ပါတယ်နော် Admin အချိန်ပြည့်နီးပါးရှိပါတယ်ခင်ဗျာ🙏

03/11/2022

Thai Import Hmpk🐠🇹🇭

⚾Sex-Male
⚾Import
⚾4 Month Old
⚾Ready To Breed
⚾Good Health

Price-8000 Mmk(မြန်မာ ကျပ် 8000)💸

🔥Online Shop သီးသန့်ပါခင်ဗျာ🔥

Pick up အတွက် ရန်ကုန် ပုဇွန်တောင် မှာလာယူလို့ရပါတယ်ခင်ဗျာ🙏

နယ် မြို့များ သို့လဲ ကားဂိတ်ပို့ခ ထုပ် ပိုးခ ပေါင်း 5000 ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ(တန်ဆာခမပါ)

Chat Box မှာ အသေး စိတ်လာရောက်မှာယူနိုင်ပါတယ်နော် Admin အချိန်ပြည့်နီးပါးရှိပါတယ်ခင်ဗျာ🙏

02/11/2022

ချစ် ကာကာတို့ ရေ ဒီနေ့တော့ ကျွန်တော်ငါး ကျောင်းနေစဲမလို့ မနက်ဖြန်မှ ပဲ ငါးတော်တော်များများ Video တွေ ရိုက်ပြီး အရောင်း Post လေးတင်ပေးမယ်နော်😍

Photos from Shadow Aquarium Shop's post 01/11/2022

🐟Betta Fish သားဖောက်နည်း🐟

လာမေးကြသူများလွန်းလို့သိသလောက်တင်ပေးလိုက်ပါတယ်💜

ဒီနည်းက တော့ ကျွန်တော်ကိုယ်တိုင်လေ့လာသမျှနဲ့ ကိုယ်ပိုင် Idea ပေါင်းစမ်ပြီး ဖောက်တဲ့နည်းလေးဖြစ်ပါတယ်🙏✌

For Beginners အတွက်ပါခင်ဗျာ❤

ငါးသားဖောက်မည်ဆိုပါက မျိုး တူ ၂ ကောင်နဲ့ ေဖာက်သင့်ပါတယ် Cross Breed ဟာ တခြား ငါးတွေ လို အလှကြီးတွေထွက်လာမှာမဟုတ်ပါဘူး

သူ့မျိုးအလိုက် ရွေးချယ်ပြီး ကိုယ်ဖောက်ချင်တဲ့ မျိုး တူ အရောင်ကွဲလေးတွေ စပ်ပြီး ဖောက်လို့ရပါတယ်

စလိုက်ကြရအောင်ဗျာ

Step 1 Betta ဖောက်ဖို့ဘာလိုပါသလဲ-ငါးကန် ၈လက်မ ပတ်လည် ကနေ ကြိုက်တဲ့ဆိုဒ်ထိ အသုံးပြုလို့ရပါတယ်
ပထမဦးစွာ ကျန်းမာသော အထီး အမ ရွေးပါ

Step 2- ဖောက်မဲ့ကန်ထဲကိုရေ ၄ လက်မ ၄ လက်မခွဲ
ထည့်ပါ

Step 3- ပလပ်စတစ် စ ၃ လက်မပတ်လည်လောက် တနေရာရာမှာထည့်ထားပါ

Step 4- ဆေးပြီး နေပူလှန်းပြီး ဗန်ဒါအခြောက် ကန်ရဲ့ ဆိုဒ်ပေါ်မူတည်ပြီး ထည့်ပါ

Step 5- အထီးအားစတင် ထည့်လို့ရပါပြီ

Step 6- အထီးထည့်ပြီး ၂ နာရီအကြာမှာ ငါးမကို ငါးထီးမြင်အောင် နှင့် ငါးမ အကိုက်မခံရဖို့ရာ ကြည်လင်ပြတ်သားသော ဗူး ကန် ပုလင်း ထည့်ပေးပါ သေးလေရေမလှုပ်လေ မို့ သေရင်ပိုကောင်းပါတယ်

Step 7- အထီးအမပြ ပြီး ၁ ရက်အကြာတွင် ပလပ်စတစ် အောက် မှာအထီးက အသိုက် လုပ်ထားပြီးဖြစ်ပါတယ်(အဲ့ချိန်ထိ အထီးအသိုက် မလုပ်ပါက အထီးကျန်းမာရေး ချို့ယွင်းနေတာ ဖြစ်နိုင်တာမလို့​ပြောင်းဖောက်ပါ)

Step 8- ၁ ရက် နှင့် အထက် အမပြပြီးပါက အာဟာရပြည့်ဝသော အစာများကျွေးပါ(ရေတီ/High Protein Fish Food)ထို့နောက် ငါးမကို အသာလေးအသိုက် မပျက်အောင် ဗူးထဲက နေ ကန်ထဲပြောင်းထည့်ပါ(ထည့်ပြီးသည်နှင့်မည်သည့်အစာမှမကျွေးပါနဲ့

Step 9- 1 ရက် Or 2 ရက် အကြာ ည ဘက်မှာ အသိုက်ကိုကြည့်လို့ ဥများထိုက်သင့်သလောက်မြင်ရပြီဆိုပါက ငါးမ အားထုတ်ပါ

Step 10-ငါးထီးကို Fry ထိန်းဖို့နဲ့ဥထိန်းဖို့ ၄ ရက်လောက်ဆက်ထားရမည် သာမှန်အားဖြင့် ဥများဟာ 2ရက် နှင့်အထက် ဆို ပေါက်ပါတယ် အခုလို အလွန်ပူပြင်းနေချိန်မှာတော့ ၁ ရက် ၁ ရက် ခွဲဆို ပေါက်ပါတယ်

Step 11- ငါးသားပေါက်ပြီး ၂ ရက် အကြာမှာအထီးကို ဆယ်ထုတ်ပါမယ်

Step 12- ငါးသားပေါက် ပြီး ၄ ရက် အကြာမှာ အာတီးမီးယား စကျွေးပါတယ်

Step 13- ၁ ပတ် သား ၂ ပတ် သားအရွယ်တင်လာပြီဆို ရေတီနဲ့ အာတီးပေါင်းကျွေးပြီး ရေကိုလဲ ေအာက်စီဂျင်ပိုက်နဲ့ချီးစုပ်ပြီးနည်းနည်းချင်းလှယ်ပေးရပါတယ်

ဒါကတော့ ကျွန်တော်ခု လက်ရှိဖောက်ထားတဲ့ပုံလေးပါ အမှားရှိနိုင်ပါတယ် အမှားပါရင် ခွင့် လွှတ်ပေးပါ
ဒီထက် တိကျတဲ့နည်းများလဲ Youtube ကနေလေ့လာနိုင်ပါတယ်

မသိတာရှိရင်လဲ Page Cb မှာအချိန်မရွေးလာမေးလို့ရပါတယ်

အပန်းမကြီးရင် Page လေးကို Like & Share လေးလုပ်သွားပါဦးဗျ

Photo Crd

Shadow Aquarium Pet Shop✌❤

01/11/2022

လူမြင်တာနဲ့ တန်း ဖလန်းဖလန်း ဖြစ်တဲ့ Import Quality Hmpk 🐠❤

🛑Sex-Male
🛑Import
🛑4 Month Old
🛑Ready To Breed
🛑Good Health

Price-8000 Mmk(မြန်မာ ကျပ် 8000)💸

🔥Online Shop သီးသန့်ပါခင်ဗျာ🔥

Pick up အတွက် ရန်ကုန် ပုဇွန်တောင် မှာလာယူလို့ရပါတယ်ခင်ဗျာ🙏

နယ် မြို့များ သို့လဲ ကားဂိတ်ပို့ခ ထုပ် ပိုးခ ပေါင်း 5000 ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ(တန်ဆာခမပါ)

Chat Box မှာ အသေး စိတ်လာရောက်မှာယူနိုင်ပါတယ်နော် Admin အချိန်ပြည့်နီးပါးရှိပါတယ်ခင်ဗျာ🙏

01/11/2022

မှန် မပြ​သေးတဲ့ အခြေ အနေ လေး နဲ့ တောင် ဖလန်းဖလန်းလေးတွေ❤

Photos from Shadow Aquarium Shop's post 23/08/2022

Betta fish မွေးတဲ့သူတွေ ဘာကြောင့် ဗန်ဒါရွက်ကို သုံးသင့်တာပါလဲ?

ဒီ ဗန်ဒါရွက်ကို India Almond Leave နဲ့ Catappa leave လို့လည်း ခေါ်ကြပါတယ်

မြန်မာနိုင်ငံမှာတော့ ဗာဒံရွက် ဗန်ဒါရွက် စတဲ့အမည်တွေနဲ့လည်း ခေါ်ကြပြီး ရှာဖွေရတာလည်း အရမ်းမခက်ခဲပါဘူး EU နိုင်ငံက Betta မွေးတဲ့သူတွေမှာ ဒီဗန်ဒါရွက်ခြောက်တွေကိုရဖို့ သူတို့မှာ ငွေနဲ့ဝယ်ယူရပါတယ်

သူတို့ရေမြေမှာ ဗန်ဒါရွက်ခြောက်က အရှေ့တောင်အာရှနိုင်ငံတွေလို လွယ်လွယ်မရပါဘူး

ကျွန်တော်လည်း ဗန်ဒါရွက် အနီရင့်ရင့်တွေတွေ့ရင် အမြဲကောက်ပါတယ်

အဲဒီ ဗန်ဒါရွက် တွေက Betta fish တွေနေတဲ့ ရေရဲ့ potential /power of Hydrogen ( pH) ကို ကောင်းမွန်တဲ့ ချိန်ညှိမှုတွေနဲ့ Betta fish လေးတွေပျော်ရွှင်စေတဲ့ ရေအရည်သွေးဆီကို ရောက်စေနိုင်လို့ပါပဲ

အလကားနီးပါးနဲ့လွယ်လွယ်ရလို့ ဒီသစ်ရွက်ခြောက်လေးကို အထင်သေးမယ်ဆိုတဲ့အတွေးလေးဝင်လာရင်တော့ မှားပါလိမ့်မယ်

ဒီသစ်ရွက်လေးတွေကို ကျွန်တော်တို့က အမှိုက်သာသာနဲ့ပေါပေါများများမြင်နေရနေတာဟာ အင်မတန်ကောင်းတဲ့ ကံတရားရဲ့လက်ဆောင်လို့ပဲ
မှတ်ယူစေချင်ပါတယ်

အကြောင်းကတော့
ဒီလိုလက်ဆောင်ကို ရရှိတဲ့နိုင်ငံဟာ နည်းနည်းလေးပါ

Local မှာလည်း ဗန်ဒါရေ အသုံးပြုရတာကြိုက်တဲ့သူရှိသလို အသုံးမပြုကြပဲ နေတဲ့သူတွေလည်း ရှိကြပါတယ်

မတူညီတဲ့နည်းစနစ်တွေနဲ့ ထားကြပေမယ့် တူညီတဲ့ရည်ရွယ်ချက်တွေကတော့ကိုယ့်ငါးလေးတွေကို ကောင်းမွန်လန်းဆန်းတဲ့ ပတ်ဝန်းကျင်လေးမှာ ထားပေးချင်တာကတော့ Betta fish keeper တွေရဲ့ စိတ်ကူးတစ်ခုပဲဆိုတာကတော့ သေချာပါတယ်

ကျွန်တော်ကတော့ ဗန်ဒါရေ ( Black Water) နဲ့ ကိုယ့်ရဲ့ Betta လေးတွေကို ထားပေးရတာကို ​ပိုသဘောကျတဲ့သူတွေထဲက တစ်ယောက်ပါ လုံးဝကြည်လင်နေတဲ့ ရေထဲမှာ Betta fish လေးတွေကို ထားတယ်ဆိုတာကတော့ ကျွန်တော်မြင်မိသမျှတော့ Competition & for Showing Periods တွေမှာသာ ထားကြတာဖြစ်ပါတယ်

ကျန်တဲ့အချိန်မှာထားပုံထားနည်းတွေကတော့ အဲဒီငါးလေးတွေရဲ့ ပိုင်ရှင်ရဲ့ အခြေအနေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်

ကျွန်တော်မြင်ဖူးတဲ့ EU & US က Betta fish Keepers တွေကတော့ Drainage,Cleaning and Recycling System တွေကို Filter တွေအဆင့်ဆင့်နဲ့ water temperature နဲ့ oxygen dissolved တွေအတွက် စနစ်တကျနဲ့ စီမံထားတဲ့ သူတို့တွေဆီမှာတော့ ဗန်ဒါရေကို မသုံးကြပါဘူး

ဒါပေမယ့် အဲဒီလို စနစ်တွေလုပ်မယ်ဆိုရင် အကုန်အကျတော်တော်များနိုင်ပါတယ်

အခုတစ်ခါကတော့ Betta fish တွေအတွက်
ဘာကြောင့် ဗန်ဒါရေ သုံးရတာလဲဆိုတဲ့ မေးခွန်းကို Indonesia နိုင်ငံက Betta Breeder & Seller တစ်ယောက်ဖြစ်တဲ့ Betta Indonesia ရဲ့ ဖြေဆိုမှုတွေကို Betta fish Hobbyists တွေအနေနဲ့ လေ့လာလို့ရအောင်ပါ

Crd Original Writer🙏
Crd photos

Photos from Shadow Aquarium Shop's post 21/08/2022

Betta လေးတွေက ဝယ်တုန်းက အရောင်နဲ့
ကိုယ့်ဆီ ရောက်လာတဲ့အခါ ရှိနေတဲ့ အရောင်တွေရဲ့ တောက်ပမှုတွေက တခါတလေ တော်တော် ကွဲလွဲနေတက်ပါတယ်

ဘာကြောင့်အခုလိုဖြစ်ရတာလဲ?
🎯 ကောင်းမွန်မျှတတဲ့ '' ရေ '' ( Suitable & Fit )
🎯 စိတ်အခြေအနေ ( Stress )
🎯 ကျန်းမာရေး အခြေအနေ ( Health )
🎯 အရောင်တည်ငြိမ်မှု % ( Genetics )
🎯 ရေမြေ ပတ်ဝန်းကျင် အခြေအနေ ( Abnormal )
🎯 အစာ အာဟာရ အခြေအနေ ( Nutrients )
🎯 Recording Lighting %
🎯 မှာတဲ့ငါးနဲ့ ရောက်လာတဲ့ငါး လွဲမှားမှု မရှိခြင်း

အစရှိတဲ့ အချက်တွေနဲ့ ပြန်ပြီး ဆင်ခြင်ရပါလိမ့်မယ်။

ဒါတွေဟာ အခြေခံ အချက်တချို့ဖြစ်ပြီး အချက်တခုခြင်းစီကို အသေးစိတ် ဂရုစိုက်ပေးနေရင်း ကိုယ်တိုင်သိလာတဲ့ အတွေ့အကြုံသစ်တွေနဲ့ Betta လေးတွေကို ကျန်းမာပျော်ရွှင်နေအောင် ထိန်းသိမ်း မွေးမြူရင်း နားလည်လာပါလိမ့်မယ်။

🎯အလှမွေးငါးတွေအတွက် ရေနဲ့အစာ စီစဥ်ပေးထားရုံနဲ့ လှပတဲ့ငါးလေးတွေဖြစ်လာဖို့ မျှော်လင့်ထားတယ်ဆိုရင်တော့ ဖြစ်နိုင်ချေ % အလွန် နည်းပါတယ် ။🎯

Crd original Writer🙏
Photos crd

20/08/2022

Bettaစဖောက်တော့
Fry ကန်ထဲမှာ ခြင်ပေါက်တွေ ရှိရင် လိုက်ဖယ်ရတာတမောပေါ့။

Fry တွေကို ပြန်စားတယ်
ဘာညာပေါ့။

တကယ်တမ်း လက်တွေ့မှာ
Betta Fry တွေ ဘာမှ မဖြစ်ပါဖူး။

crd original writer🙏

Photos from Shadow Aquarium Shop's post 20/08/2022

Dropsy 🐟☠

Dr Martin Brammah ရေးတဲ့
The Betta Bible(The art and science of
keeping bettas) ထဲမှ ရေးသားထားသည်ကို
Google go ဖြင့်ပြန်ဆိုထားသည်။

လွန်ခဲ့တဲ့၂နှစ်လောက်ကတော့ ဒီရောဂါဖြစ်နေတဲ့
Betta ၂ကောင်ကို ဗန်ဒါရွက်အနည်းငယ်ထဲ့ထားတဲ့ရေထဲမှာ ဆားအနည်းငယ်ဖြင့်ကုသခဲ့
ပေမဲ့ ရက်အနည်းငယ်ပြန်ကောင်းလာပါတယ်
ဖောင်းတာတွေလဲပိန်တဲ့အခြေအနေထိပြန်ရောက်ခဲ့ပေမဲ့လဲ အတွင်းပိုင်းပိုးကိုမသတ်နိုင်ခဲ့လို့
ပြန်လည်ရောဂါရရှိပြီး သေဆုံးသွားပါတယ်။

ယခုလက်ရှိလဲ အရှင်းပျောက်ကင်းအောင်ကျွန်တော် နည်းလမ်းမတွေ့သေးပါ။

ရောဂါမဖြစ်အောင်ပဲ စောင့်ရှောက်ထားနိုင်ပါသေးတယ်။

အဓိက ကတော့ ရေမသန့်ရှင်းမှု့နဲ့ အစာအလွန်ကျွေးမှု့ ကြောင့်အဖြစ်များပါတယ်။

crd original Writer🙏

Photos from Shadow Aquarium Shop's post 20/08/2022

Betta Train တယ်ဆို တာ ဘာလဲ?🐟

ကျောင်းတယ်ဆိုတာ စနစ်တကျ ထိန်းကျောင်းတာကိုပြောတာပါ။

Long fin နဲ့ Short fin ထိန်းကျောင်းပုံတွေ/ ဘယ်အချိန်မှာ ကန်ပြောင်းရမယ် ဘယ်အချိန်မှာ တစ်ကန်စီ ခွဲရမယ်

ဘယ်အချိန်မှာ / ဘယ်အရွယ်မှာ သားဖောက်ရမယ် ဆိုတာတွေပါ။

Imports ငါးတွေဆိုပါစို့
အိပ်သေးသေး လေးနဲ့ ခရီးပမ်းလာတယ် ။

ဒီရောက်တော့ customers လက်ထဲရောက်အောင် အိပ်လေးနဲ့ ပြန်ထဲ့ ထပ်ပို့ အဲ့ငါးတော်တော်
လေး မောပမ်းနေပြီး။

ကိုယ့်အိမ်ရောက်တဲ့အခါ
အဆင်သင့် မပြင်ထားပဲ့ ထားချင်သလို ထားလိုက်ရင်တော့ သေဖို့% များပါတယ်။

အဲ့အတွက်
ကိုယ့်ရေ ကိုယ်ကျွေးမဲ့ အစာ နဲ့နေသားကျအောင် ပုံမှန် ရေလဲ အစာကျွေး လုပ်ခြင်းကို ထိန်းကျောင်းတယ်လို့ ပြောလို့ရပါမယ်။

တစ်ချို့ဆို
ရောက်တာနဲ့ တန်းပြီး ဖောက်ကန်ထဲ ထည့်
ဖောက်တာတွေလဲရှိပါမယ်။

ပေါက်ခဲ့ရင်အဲ့ငါးဟာတော်တော်လေး ဇောင်းထနေတဲ့ငါးလို့ပြောရပါမယ်😁။

Bettas Fish တွေမှာ လူတွေလိုပဲ ဘယ်လို ရည်းစားထားရမလဲဆိုတာ သူအလိုလို ပါလာတဲ့ မသင်ပေးပဲတက်တဲ့ ပညာရပ်တွေပါလာတယ်။

ကျွန်တော်တို့လုပ်ပေးရမှာက ဖောက်မဲ့အထီးတွေ Active ဖြစ်နေရဖို့ပါပဲ။

Active ဖြစ်နေဖို့ ပုံမှန် အစာကျွေး ရေလဲ ငါးကျန်းမာရေးဂရုစိုက် ပေးရင် အားလုံးအဆင်ပြေပါလိမ့်မယ်။

ကိုယ့် ငါးကိုယ် ကြည့်လိုက်တာနဲ့
ဘာဖြစ်နေသလဲဆိုတာ တန်းသိဖို့ betta တွေကို အချိန်နဲနဲပေးပြီး စောင့်ကြည့်လိုက်ပါ။

ငါးအထာကိုနားလည်လာပါလိမ့်မယ်။

Crd original Writer🙏

19/08/2022

💜Soldout💜
အရမ်း Active ဖြစ်တဲ့ Hmpk လေးရောက်ရှိ🐟❣

Red Dragon မပီတပီလေးပြောရမလားပေါ့😁

Ready To Breed✅

စျေး-6000 ကျပ်💟

⚾Online shop သီးသန့်ပါခင်ဗျာ🙏

Pick up ရပါတယ်ခင်ဗျာ❣

မြို့တွင်း နယ်ဝေး အကုန်အသေအပျောက်တာဝန်ယူပို့ဆောင်ပေးပါတယ်ခင်ဗျာ🙏

Shadow Aquarium Shop🐟🏠
Yangon ✅

Photos from Shadow Aquarium Shop's post 19/08/2022

Velvet
Velvet ရောဂါကို gold-dust/ rust/
coral disease လို့လဲခေါ်ကြပါတယ်။

ကျွန်တော်တို့ ဖောက်နေတဲ့ bettas တွေမှာအဖြစ်အများဆုံးလို့လဲ ပြောလို့ရမဲ့ ရောဂါပါပဲ။

ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့ Oodinium
Parasites လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပါတယ်။

Water quality ကျဆင်းလာရင်တော့ အဲ့လိုကပ်ပါးကောင်တွေပေါက်ဖွားလာမှာပါပဲ။

အဓိက အချက်ကတော့ ဖောက်မည့်ကန်
အလှမွေးထားသည့်ကန်များမှာ ဆားကြမ်း မထဲ့ထားခြင်းပါပဲ။

ဆားကြမ်းထဲ့ခြင်းဟာ တော်ရုံပိုးမွှားတွေရဲ့ ရန်မှကာကွယ်နိုင်ပါလိမ့်မယ်။

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်က ကာကွယ်တာကပိုမိုကောင်းမွန်ပါတယ်။

velvet ကပ်နေတဲ့ fry တွေကိုပြန်ကောင်းအောင်ကုရတာလွယ်ပါတယ်။

ဒါပေမဲ့ fry တွေတက်နှုန်းကတော့ သိသိသာသာကျဆင်းသွားပါလိမ့်မယ်။

Crd original writer🙏

19/08/2022

Bettas တွေက အစာ ၁၀ ရက်လောက်မကျွေးလဲဘာမှမဖြစ်ပါဘူး။

ဒါပေမဲ့ ငါးက ပိန်လာမယ် ကြီးထားနှုန်းလုံးဝ မရှိတော့ဘူး။

သူတို့အကြိုက်ရေ ဖြစ်နေမယ်ဆိုရင် ရောဂါ ဖြစ်ပွားမှုနှုန်းနဲပါတယ်။

အစာမကျွေးတာ ကြာသွားရင်တော့ တအားပိန်သွားပါလိမ့်မယ်

အဲ့အချိန်မှာ ရေမသန့်ရှင်းရင် ရောဂါစပြီးဝင်လာပါလိမ့်မယ်။

၃ ရက်တခါတော့ အစာကျွေးပေးသင့်ပါတယ်။

Photos from Shadow Aquarium Shop's post 19/08/2022

ရေ quality ဘယ်လို ထိန်းမလဲ?

ရေအသစ်ကို ဗန်ဒါရွက် ဆားကြမ်း ထည့်ထားတဲ့ရေဟာ ရွှေအိုရောင်လို တောက်ပနေပါလိမ့်မယ်။

တစ်ချို့ ဗန်ဒါရွက်တွေက ရွှေအိုရောင် ထွက်ချင်မှ ထွက်ပါလိမ့်မယ်။

အသစ်လဲ ထားပြီး
၁ ပတ် အနေအထားအထိ လုံးဝကောင်းမွန်တာကိုတွေ့ရပါတယ်။

၂/၃ ပတ် အချိန်ကာလ
ရောက်ရင်တော့ အမှားပြထားတဲ့ ရေအခြေအနေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

အဲ့အချိန်ထိမစောင့်ပဲ ၁ပတ်ကျော်တာနဲ့ ငါးချီးနဲ့ ရေတဝက်ထုပ်ပြီး ရေတစ်ဝက်ပြန်ထည့် ဆားကြမ်းထည့် ဗန်ဒါသစ်ပြန်ထဲ့ချင်းဟာ ပိုမိုကောင်းမွန်ပါတယ်။

အမှားပြထား တဲ့ပုံအခြေအနေ ရောက်ရင်တော့ ၁၀၀% အသစ် လုပ်ပြီး ငါးပြန်ထဲ့သင့်ပါတယ်။

ရေတစ်ဝက်လဲရင်လဲ အကျိုးသက်ရောက် မှု့မရှိနိုင်ပါ။

ဆားကြမ်းသုံးတဲ့နေရာမှာ
ရေတစ်လီတာကို ဆား ၁ ဂရမ် ထဲ့သုံးသင့်ပါတယ်။

၁ ဂရမ်ထက် အနည်းငယ် အနည်းအများ လက်ခံနိုင်ပါတယ်။

ဒီလိုလုပ်ချင်းအားဖြင့်
Drospy ရောဂါ အခြေအနေကိုကာကွယ်နိုင်ပါ
မယ်။

Crd original writer🙏

19/08/2022

ကျွန်တော် ပျောက်နေတာ တခြားမဟုတ်ဘူးဗျို့ တင် သမျှ ဆိုင်သမားတွေယူကုန်ကြလို့😁

လက်လီလေး ပြန်ရောင်းဖို့အတွက် ငါးလေးတွေ ဒီညနေရောက်ပါမယ်နော် ကာကာတို့
အရင်က ထက် စျေးလေး ပိစိတက်မယ်ဗျို့😑

အမြဲ အားပေးကြတဲ့ လက်ကားသမား လက်လီ ဝါသနာ သများအားလုံးကျေးဇူးပါခင်ဗျာ🙏

အရင်လို Video လေးတွေမကြာမှီလာမည်။မျှော်....

Photos from Shadow Aquarium Shop's post 19/08/2022

𝗕𝗲𝘁𝘁𝗮 သေဆုံးခြင်း အကြောင်းတရား🐟☠

1. Poor water conditions
2. Low temperature
3. Over Feeding
4. Stress

𝟏. 𝐏𝐨𝐨𝐫 𝐰𝐚𝐭𝐞𝐫 𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬
ညံ့ဖျင်းတဲ့ရေ အခြေအနေဟာ betta တစ်ကောင်ကို အလျင်အမြန်ပင် သေစေနိုင်ပါတယ်။ညံ့ဖျင်းတဲ့ရေဖြစ်လာရတဲ့ အကြောင်းတရားများကတော့ အစာများကျန်ခြင်း/ဓာတုပစ္စည်းပါတဲ့ရေထည့်မိခြင်း/ဗန်ဒါရွက်ထည့်သည့်အခါ မသန့်ရှင်းခြင်း/ငါးကန်ကို ရေလဲချိန်မမှန်ခြင်း တို့ကြောင့် ရေညံ့ဖျင်းမှု ဖြစ်ပေါ်စေပါတယ်။

𝟮. 𝗟𝗼𝘄 𝗧𝗲𝗺𝗽𝗲𝗿𝗮𝘁𝘂𝗿𝗲
ကျွန်တော်တို့ နိုင်ငံမှာကတော့ ဆောင်းတွင်းအချိန်နဲ့ မိုးများတဲ့အချိန်မှာ ပဲအပူချိန်ကျဆင်းနိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံ အရ အပူချိန် ၂၀·C အောက်ဆိုရင် fry ပေါက်တွေအတွက် Heater လိုအပ်ပါလိမ့်မယ်။ ၂၅·C မှ ၃၀·C အတွင်းဆိုရင် အကောင်းမွန်ဆုံး အပူချိန် လိုဆိုရပါမယ်။ Betta တွေသည်အပူပိုင်းဇုန် ငါးဖြစ်တဲ့အတွက် အေးလာအချိန်မှာ fin တွေဟာကုပ်လာပြီး ရောဂါ ဝင်နိုင်ဖို့ % များလာပါတယ်။ ရေ quality လဲကျဆင်းပြီး အပူချိန်ပါ ကျဆင်းနေတဲ့ ကန်ထဲက Betta တစ်ကောင်ဟာ သေဖို့ % များပါလိမ့်မယ်။

𝟯. 𝗢𝘃𝗲𝗿 𝗙𝗲𝗲𝗱𝗶𝗻𝗴
Betta အစာအိမ်လေးဟာ သေးသေးလေးပါ။ အစာအနည်းငယ်ကျွေး ယုံနဲ့ အသက်ရှင်နိုင်ပါတယ်။ အစာရှင်ကျွေးတာဟာ တက်နှုန်း ပိုမိုကောင်းမွန်သော်လည်း မသန့်ရှင်းတဲ့အစာရှင် ဖြစ်နေမယ်ဆိုရင်တော့ အတွင်းပိုင်း ရောဂါ ဖြစ်နိုင်ခြေ ပိုများလာပါမယ်။ ကျွေးတဲ့ အစာတွေမကုန် ပဲကန်ထဲ ကျန်ခဲ့မယ်ဆိုရင်လဲ ရေ quality ကျဆင်းမှာပါ။ အဲ့အတွက် ကုန်နိုင်သလောက်နဲ့ သန့်ရှင်းတဲ့ အစာဖြစ်ဖို့ အရေးကြီးပါမယ်။

𝟰. 𝗦𝘁𝗿𝗲𝘀𝘀
အပေါ်က အချက်သုံးချက်ကို မပြု ပြင်ဘူးဆိုရင်တော့ Betta ဟာ stress ဖြစ်နိုင်သလို ကန်အပြောင်းအလဲ/ နေရာအပြောင်း အလဲတွေကြောင့်လဲ တွေကြောင့် လဲကြောင့်ကြမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဓိကကတော့ မိမိငါးနှင့် မိမိရင်းနှီးနေအောင် ပြုလုပ်ထားရင်တော့ အကောင်းဆုံးပါပဲ။ stress ဖြစ်ခြင်းဟာ ငါးတစ်ကောင်ကို သေစေနိုင်ပါတယ်။

Crd to original writer🙏

28/07/2022

***ဒါတွေ လုပ်ပြီးပြီဆိုမှ Betta လေးတွေ၀ယ်ပါ ***

Betta တစ်ကောင်စမွေးမယ်ဆိုတာနဲ့ အရင်ဆုံး ငါးမဝယ်ပါနဲ့အုံး 🙂 သူ့အတွက် Tank setting နေရာကို အရင်စီစဥ်ပါ သူ့ကို ထားမယ့်ရေကိုလည်း ပိုက်လိုင်း ရေတွင်း ရေသန့်ဘူး အဝီစိ ဘယ်လိုရေအမျိုးအစားပဲဖြစ်ဖြစ် Betta လေးတွေအတွက် အန္တရယ်ရှိတဲ့ Chemical compound ( အထူးသဖြင့် Chlorine)
တွေ ပျော်ဝင်နေတဲ့ ရေမဖြစ်အောင်နဲ့ Betta လေးနေမယ့် Tank ထဲကရေမှာ အောက်စီဂျင် ပျော်ဝင်မှုများလာအောင် ကြိုတင်ပြင်ဆင်ပေးပါ

Chlorine ပျော်ဝင်မှုများနေတဲ့ရေဟာ အဖြူရောင်အမှုန်အမွှားတွေ သိသိသာသာ မြင်နေရပါတယ် အဲဒီရေကို Aquariam Salt & Chlorine Removal ဆေးရည်နဲ့ ခတ်ပြီး ပြုပြင်ယူလို့ရသလို Biotonic နဲ့လည်း ပြုပြင်လို့ရပါတယ် ကလိုရင်းများနေတဲ့ရေထဲကို အဆိုပါဆေးရည်တွေ လိုအပ်သလောက် ထည့်ပြီးပြီဆိုတာနဲ့ အပေါ်ကနေ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ အဆင်ပြေရင် air pump (Oxygen) လေးပါ မောင်းထားပေးပါ တညလောက်အဲဒီလိုထားလိုက်ရင် အဲဒီရေတွေမှာ ငါးအတွက် အန္တရယ်ရှိတဲ့ chemical တွေ ကင်းစင်သွားပါလိမ့်မယ်

အဲဒါတွေ ပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့
ငါးကိုမှာပါ ငါးလေးကိုယ့်လက်ထဲရောက်လာပြီဆိုတာနဲ့ ကန်ထဲကို ချက်ခြင်းမထည့်ပါနဲ့ အပြင်ကလာတဲ့အိတ်ထဲက ရေအပူချိန်နဲ့ အိမ်မှာသူ့အတွက်ပြင်ဆင်ပေးထားတဲ့ ကန်ထဲက ရေအပူချိန် ကွာခြားနေနိုင်တာကြောင့် အထုတ်လိုက်အတိုင်းပဲ ကန်ထဲမှာ အနည်းဆုံး 45 မိနစ်လောက် စိမ်ထားပေးပါ

အဲဒါဆိုရင် ကိုယ့်အိမ်ရောက်လာတဲ့ Betta လေးအနေနဲ့ ရေပြောင်းအိမ်ပြောင်းပေမယ့် ကျန်းမာရေးပြဿနာ အတော်အသင့်စိတ်ချရပါလိမ့်မယ်

P.S
Betta တွေဟာ မွေးရတဲ့သူအတွက် ကရိကထ သိပ်မများတဲ့ကောင်လေးတွေပါ အထက်ကကျွန်တော်ပြောခဲ့သလို မပြင်မဆင်ပဲမွေးရင်လည်း ရပါတယ်
အဆင်မပြေရင်တော့ ရေ Shock နဲ့သေတက်ပါတယ်

အခုအကြံပေးချက်ဟာ Betta စတင်ဝယ်ယူမွေးမြူသူတွေလက်ထဲမှာ Betta လေးတွေ ကြုံရတက်တဲ့ အန္တရယ်ရှိတဲ့ အခိုက်အတန့်တစ်ခုကို အကြံပေးခြင်းသာဖြစ်ပြီး ကိုယ့်ရဲ့ ငါးလေးတွေ ရေကြောင့်ကြုံရနိုင်တဲ့ Shock တွေကို အေးဆေးသက်သာစွာ ဖြက်သန်းနိုင်အောင် သတိပေးခြင်းသာ ဖြစ်ပါတယ်။

*Dedicated to easy notes for betta hobbyists*

Crd Betta Matrix

Shadow Aquarium Shop🐬🐬

26/07/2022

🖤Soldout🖤
လိပ်ပြာ ဒါမဲ့ အပြာရောင်လေး ဟဲဟဲ🦋💙
(ဒါလေးကနောက်တကောင် ပါခင်ဗျာ)❣
Thai Import Overtail Halfmoon🇹🇭

Ready To Breed✅

Sex-Male🦋

6000

More Detail Cb Or Phone 09269378885✅

Shadow Aquarium Shop Yangon ✅🐠

26/07/2022

မဂ်လာရှိသော ညချမ်းလေးပါခင်ဗျာ🙏

တရက်တာ အမောတွေ ပြေ ပျောက်ကြပါစေ🙏

Shadow Aquarium မှ Show Tank ထားရှိသော ကန်လေးဖြစ်ပါတယ်💟

Shadow Aquarium Shop🐠✅

26/07/2022

🛑Sold Out🛑
လိပ်ပြာ ဒါမဲ့ အပြာရောင်လေး ဟဲဟဲ🦋💙
Thai Import Overtail Halfmoon🇹🇭

Ready To Breed✅

Sex-Male🦋

6000

More Detail Cb Or Phone 09269378885✅

Shadow Aquarium Shop Yangon ✅🐠

26/07/2022

Thai Import Red Dragon Halfmoon🐲🐠🇹🇭

Size-Ready To Breed ✅

Sex-Male💟

6000 (အထီး)

Video ထဲက Copper အမ လေး 4000 ပါ🙆‍♂️

အထီး နဲ့ တွဲယူရင် ၃၀၀၀ ပါခင်ဗျာ💟

More Info Cb Or 09269378885💜

Shadow Aquarium Shop Yangon🐠🏠

26/07/2022

နှင်းစီ လေး တပွင့် ရေထဲမျောနေသည်🐠🌹
Thai Import Overtail Halfmoon🇹🇭

Ready To Breed✅

Sex-Male🐲

6000

Female Instock ✅

More Detail Cb Or Phone 09269378885✅

Shadow Aquarium Shop Yangon ✅🐠

25/07/2022

အရင်ပတ်က အရောင် တူလေးတွေ ထပ်ရောက်ပါတယ်နော် ကာကာတို့ 🐠

အသေးစိတ်ကို Cb မှာ စိတ်ကြိုက်လာမေးနိုင်ပါတယ်
ဝယ်တာ မဝယ်တာ ဘာမှမဖြစ်ပါဘူးဗျ
သိချင်တာ ရှိရင် လာမေးပါခင်ဗျာ🙆‍♂️

Detail Info Cb Or Phone 09269378885

Online Shop & Acc Pick Up💜

Thanks All My Dear Costumer 🙏🙏

Yangon Shadow Aquarium Shop🐠🐋

25/07/2022

Betta တောင်တို Hmpk🐠❣

Size-Ready To Breed✅

Local Myanmar 🐋🇲🇲

Colour-Fancy💘

Promotion Price💳
ယခင်စျေး-15000 Ks✖
ယခုစျေး- 8000 Ks ထဲနဲ့ရပါမယ်ခင်ဗျာ✅

Online Shop အဓိက လုပ်တာမလို့ Pick Up ယူချင်လဲ အဆင်ပြေအောင်စီစဥ်ပေးပါတယ်ခင်ဗျာ🙆‍♂️

☎09269378885☎

🏠ရန်ကုန်မြို့🏠

Shadow Aquarium Shop🐠🐋

Photos from Shadow Aquarium Shop's post 25/07/2022

🐠⬛Betta Tank🐠⬛

🛑Sticker မပါတာ နဲ့ ပါတာ ဆိုပြီး ၂ မျိုးရှိမယ်ခင်ဗျ

5Mm ပတ်လည်ကို မှ အောက် ချပ် 6Mm 7Mm နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်✅

Ultra Clear Glass နီးနီးကို Quality ကောင်းပါတယ်ဗျ💜

Sticker အဖြူ အနောက်ဖက် ပါ ၁ ကန် -3800 Ks

Sticker အဖြူ အနောက်ဖက် အောက်ဖက် ပါ 1 ကန်- 4000 Ks💟

Sticker မပါ ပလိန်း 1 ကန်- 3500 Ks

Size- အလျား ၆ အနံ ၄ အမြင့် ၈ လက်မဖြစ်ပါတယ်ခင်ဗျာ🤗

အများစျေးသီးသန့်ရှိပါမယ်ခင်ဗျာ🙏

☎09269378885☎

🏠ရန်ကုန်မြို့🏠

Photos from Shadow Aquarium Shop's post 24/07/2022

မှော်ဘီကနေ အားပေးတဲ့ အကိုရော
ဘုရင့်နောင်က နေ အားပေးတဲ့ အကိုရော ကျေးဇူးပါခင်ဗျာ🙏

Thanks You For Support Me Guys💜

Shadow Aquarium Shop🐋💜

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address

Yangon

Other Aquatic Pet Stores in Yangon (show all)
Betta Blaze Betta Blaze
Yangon

Betta fish & accessories supplier

The Fish Tank The Fish Tank
Yangon

Visiting the world’s most beautiful aquarium is like diving into an ocean without getting wet.

Htoo Arowana Farm Htoo Arowana Farm
Yangon

We provides supplies and services for Arowana Fish aquariums.

163 betta 163 betta
Yangon

Call now 09773561913

𝐵𝐸𝑇𝑇𝐴-Industry 𝐵𝐸𝑇𝑇𝐴-Industry
YANGON
Yangon

Betta အရောင်းPage

One Aquarium Shop One Aquarium Shop
No. 75, Min Ye Kyaw Swar 8th Street, 7th Ward, South Okkalapa Township
Yangon, 11091

အလှမွေးငါးဆိုင်

Myanmar Fish & Aquarium House Myanmar Fish & Aquarium House
Aung Mingalar Street
Yangon

စိုးစံ {Myanmar Fish & Aquarium House}

Bang Bang Betta Bang Bang Betta
Yangon, 11031,11032

betta fish

Yay Cho Ngarr - ရေချိုငါး Yay Cho Ngarr - ရေချိုငါး
Yangon

Yay Cho Ngarr will provide affordable and good quality aquarium pet fishes that locally bred in Myanmar. ďż˝

ဦးအဖူးအလှမွေးငါးငှက်မှန်ကန်လှောင်အိမ်အစာရောင်းဝယ်ရေး ဦးအဖူးအလှမွေးငါးငှက်မှန်ကန်လှောင်အိမ်အစာရောင်းဝယ်ရေး
No196/198, Baho Road, Kamayut Township
Yangon, 11041

အလှမွေးငါး၊ ငှက်၊ မှန်ကန်၊ လှောင်အိမ်

SUN Arowana SUN Arowana
ခြံအမှတ် ၃၆/၃၈ အလံပြဘုရားလမ်း နောက်ဆုံးတိုက်F ၊ Parkroyal ဟိုတယ်ရှေ့ လမ်းအထဲ ၊ ဒဂုံမြို့နယ် , Near ဆူးလေ
Yangon

24K Gold Head Golden Arowana / Highback Arowana / Super Highback Arowana/ Crossback Golden Arowana / Bluebase Golden Arowana / Super Red Arowana / Albino Arowana