IAura gel Yangon by Wutyi
IAura gel
အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .
ငွေရဲ့တန်ဖိုးကို နားလည်လာတယ်
မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .
အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .
အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်
အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .
ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .
ဒါမှ အိုမင်ချိန်မှာ မပူပင်ရဖို့
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .
အချိန်ကို တန်ဖိုးထားတတ်ဖို့ သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .
ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .
ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။
#ဗဟုသုတစာပေများစုစည်းရာ
#မတူညီတဲ့မိန်းမ
===========
အချို့ မိန်းမတွေဟာ
ရုပ်လှဖို့ကိုသာ ဦးစားပေးကြလေ့ရှိပြီး
အချို့ မိန်းမတွေကတော့ ဘဝမှာ
အသုံးကျအောင်မြင်ဖို့အတွက် ကြိုးစားနေကြတယ်။
အချို့ မိန်းမတွေဟာ
ဆိုရှယ်မီဒီယာ ပေါ်မှာ အရည်မရ အဖတ်မရ
တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေအကြားမှာ
ပျော်မွေ့နေပေမယ့်
အချို့ မိန်းမတွေကတော့
ဗဟုသုတနဲ့ အကျိုးပြုစာတွေကို ဖတ်ရှု့ပြီး
ပြုပြင်နေကြတယ်။
အချို့ မိန်းမတွေဟာ
တစိမ်းယောက်ျားတစ်ယောက်ယောက်
သူ့အပေါ် စိတ်ဝင်စားစေဖို့အတွက်
မူယာမာယာတွေနဲ့ အားနွဲ့ပြနေချိန်မှာ
အချို့ မိန်းမတွေက
ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့
သတ္တိရှိရှိ ခြေလှမ်းမှန်မှန်တက်နေကြတယ်။
အချို့ မိန်းမတွေက
ငွေကို ကိုယ်ပိုင်အရည်အချင်းနဲ့
မရှာဖွေနိုင်ပေမယ့် ရှိနေတဲ့ ငွေကြေး
မိဘ လက်ငုပ်လက်ရင်းတွေ နဲ့
ကြွားဝါ သုံးစွဲနေတတ်ကြချိန်မှာ
အချို့ မိန်းမတွေက ကိုယ်တိုင်
သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်ပြီး
ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့ဖို့
မိသားစုအတွက် တစ်ဖက်တစ်လမ်းက
အလုပ်ကြိုးစားပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတယ်။
အချို့မိန်းမတွေက ဘဝကို
ပေါ့ပျက်ပျက်နဲ့ ထူထောင်နေပြီး
ကိုယ့်ထူထောင်ပြီးသား ဘဝမှာ
ပျော်ရွှင်မှုမရှိတော့ပဲ အခြားမှာ
ဖောက်ပြန်သာယာဖို့ ကြိုးစားနေချိန်မှာ
အချို့မိန်းမတွေက ဘဝရှေ့ရေးအတွက်
ရည်ရွယ်ချက်တွေနဲ့ အချိန် ကုန်နေကြတယ်။
ဒီလိုနဲ့ ........
အချို့ မိန်းမတွေက
တန်ဖိုးမဲ့တဲ့ မိန်းမတွေအဖြစ် ရပ်တည်နေကြပြီး
အချို့ မိန်းမတွေက
တန်ဖိုးရှိတဲ့ မိန်းမတွေအဖြစ်
ပိုမိုတောက်ပြောင်အောင် ရပ်တည်ပြီး
အောင်မြင်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစားနေကြတယ်။
Crd
#မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။
အရပ် 5`မပြည့် တပြည့်ကောင်မလေး😍
ပေါင်ချိန် 100 ကနေ မကျအောင် ထိန်းထားတယ်😍
တခြားသူတွေ 20 ကျော်ရင် လူကြီးပုံစံနဲ့ အသက်တွေကြီးသွားပေးမယ့်
ငါ့ကျတော့ ကြာလေ ငယ်လေ နုလေ သေးလေပဲ😍
Age....22yearsတဲ့ မထင်ရဘူးနော်😍😍😍
ဟုတ်တယ်မလား😘
Hello‼
ဝက်ခြံတွေ အမြဲတမ်း ထွက်တတ်သူတွေ ဒီတစ်ချက်ကိုလဲ သေချာ ဂရုစိုက်ပြီး လုပ်ကြည့်ပါနော်😘
IAura Gel Yangan
IAURA gel ကို သုံးပြီး အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ IAURA Brand က ရှယ်အမ်းထားတဲ့ ကံစမ်းမဲ အစီအစဥ်လဲ ရှိတယ်နော်❤❤
ဝယ်သုံးပြီးရင် Scan ဖတ်ပြီး ကံစမ်းမဲ စာရင်းသွင်းကြမယ်နော်😘😘😘
အရင်လိုရော ချစ်သေးရဲ့လား😘
ဒန်...ဒန်...ဒန့် ဒန့်😍
❤❤❤
~~တောင်းပန်ပါတယ်တဲ့...
ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ
လွယ်လွယ်ပြောထွက် ရက်မှာပေါ့။
~~~လောကမှာ လူတစ်ချို့က
ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး သူများဘဝတွေကို
စာနာပေးဖို့ ဝန်လေးတတ်ကြတယ်။
~~~ကိုယ့်အတ္တ သာကိုယ်ကြည့်ပြီး
သူများခံစားချက်ကို နားလည်ပေးဖို့ တွန့်ဆုတ်နေတတ်ကြတယ်။
~~~တစ်ကယ်တော့ ငါသာဆိုရင်
သူ့နေရာမှာ ဆိုတဲ့
ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ ။
~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့
ဘယ်တော့မှ သင့်တန်ဖိုးဆိုတာရှိလာမှာမဟုတ်ဘူး။
~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ
ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့
အဝေးဆုံးမှာ နေတတ်ခြင်းက
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။
Credit
တစ်ခုခုဆို...
သူတပါးစိတ်ဆင်းရဲသွားမှာ ကြောက်လို့
ပြောမထွက်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
မကြာခဏ စိတ်ဆင်းရဲနေရတတ်တယ်။
တစ်ခုခုဆို...
သူတပါးထိခိုက်သွားမှာကို မကြည့်ရက်တဲ့သူတွေဟာ
သူတို့ကိုယ်တိုင် ထိခိုက်နာကျင်နေရတတ်တယ်။
တစ်ခုခုဆို...
ကိုယ့်အတွက်ထက် အခြားသူအတွက်ကို
အမြဲတွေးပေးတတ်သူတွေဟာ အမြဲတမ်းလိုလို
ထိခိုက်ဆုံးရူံးနေရတတ်တယ်။
လောကမှာ...
ကိုယ့်အတွက် ဆိုတာထက် အခြားသူအတွက်
အမြဲတွေးပြီး ကိုယ်ချင်းစာတရား နဲ့ နေထိုင်ကျင့်သုံးသူတိုင်း
လတ်တလောမှာ ထိခိုက်နစ်နာတယ်ဆိုပေမယ့်
ဘဝတလျှောက်လုံး လိပ်ပြာလုံစေတယ်။
ပေးဆပ်ဖို့ဆိုတာ
လူတိုင်းအခွင့်အရေး မရနိူင်ပါဘူး
ဘာလို့လဲဆိုတော့ လူတိုင်းလိုလိုက
ကိုယ်သာဖို့ပဲ တွေးနေကြတာပါ။
ဒါပေမယ့် ကိုယ်သာဖို့ပဲ တွေးနေသူတွေက
ကိုယ်အဆမတန် ပြန်ပေးလိုက်ရတာကို
သူတို့သိလာတဲ့အချိန် နောင်တ ဆိုတာပဲ
ရင်ဝယ်ပိုက် နေရပါလိမ့်မယ်။ ။
အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ
အရသာက တမူထူးခြားနေပါလိမ့်မယ်
(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။
(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။
(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။
(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။
(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။
(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ
(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။
(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။
(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။
(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။
(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။
(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။
(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။
crd_to_owner_with_respect
Morning par အသဲတို့ရေ
ကံကောင်းသော နေ့လေးဖြစ်ပါစေ🙏🙏🙏
ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာပြီး
8လပိုင်းမှာလဲ အစစအရာရာအဆင်ပြေချောမွေ့အောင်မြင်နိုင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏
အဟိ🤗🤗
Gel လေးကိုထူးထူးလိမ်း သနပ်လေးနဲ့ပေါ့ မောင်ရယ် မောင်ရယ်😍😍
ောင်းတဲ့ကောင်မလေး
Lili Thidar Linn ရေ 🤗🤗
2buu Sold out😘😘
ငြိမ်နေလို့ ကျရှုံးသွားပြီလို့ မထင်လိုက်ပါနဲ့❌
ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အကျိုးခံစားခွင့်က ရှိပြီးသားပါ⭐⭐
ဒီနေ့ Deli အပ်ပေးလိုက်ပြီနော် မန်းလေးက ချစ်မမရေ
စကားမစပ် သနပ်ခါးလေးနဲ့လူးလည်းရတယ်နော်😘
အောင်မြင်မှုရဖို့ ဉာဏ်စွမ်းရည်က အဓိကမကျပါဘူး❌
ဉာဏ်စွမ်းရည်မြင့်သူထက်
ဉာဏ်စွမ်းရည်မမြင့်ပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်ကို စိတ်ဝင်တစားနဲ့ စွဲစွဲဲမြဲမြဲ ဆက်တိုက်လုပ်သူက သာပါလိမ့်မယ်။
Aloe VeraGel ဘူးလေးကဝက်ခြံအနီစက် အဆီဖုတေ အမဲစက် တေကိုလုံးဝသိသာစွာပျောက်ကင်းစေပါတယ်နော်အသဲလေးတို့ရေ..
မင်မင်တို့ရဲ့ Ceo ကိုယ်တိုင်လက်တွေ့ပျောက်ကင်းခဲ့တာမို့ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်ရှင်...မျက်နှာ အသားအရေစိုပြည်စေပီး ဖြူစေတယ်...မတည့်တာမရှိ ဆိုးကျိုးများမရှိပါဘူးနော်
အသားအရေ ကြည်လင်လှပစေဖို့ ရှားစောင်း Gelလေးလိမ်းလိုက်ကြပါစို့နော်..
ကိုယ်စားလှယ်
ရှင်ငရဲကြီးလိမ့်မယ်😍😁
အမောပြေစေချင်လို့😍😄😄😄
တန်ဖိုးရှိတဲ့အချိန် (ဘဝ)တွေကို Confort Zone ထဲမှာပဲ အမြဲနေပြီး မဖြုန်းတီးမိပါစေနဲ့❌❌❌
အိပ်ဆေးလေး 😍
အချိန်ဆိုတာဘဝ.......
ကိုယ်ပိုင်အလုပ် မဟုတ်ပဲ တခြားသူဉီးဆောင်နေတဲ့
ဝန်ထမ်းအလုပ် လုပ်နေတယ်ဆိုရင်
ကိုယ့်ရဲ့ အချိန်တွေကို သူ့ကိုရောင်းထားတာ သူက ကိုယ့်ရဲ့ အချိန်တွေကို ဝယ်ထားတာ ဖြစ်တယ်
သူက ကိုယ့်ရဲ့ အချိန်(ဘဝ)ကို ဝယ်ပြီးလချင်းရှင်းပေးတယ်...ဟုတ်
အချိန်တွေရောင်းထားတာဆိုတော့ ဘဝကို ရောင်းထားတာနဲ့အတူတူပဲ.. ဟုတ်
ကိုယ့်ရဲ့အချိန်(ဘဝ)တွေကို သူတို့ကိုရောင်းထားတာဆိုတော့ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ကလဲ သူတို့ပဲပေါ့
ဒီလောက်ဆိုရင်တော့ အားလုံးဘာကို ဆိုလိုတာဆိုတာ သိနိုင်မယ်ထင်ပါတယ်😘
ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် ကိုယ်ဖြစ်အောင် ကြိုးစားကြပါ
အဆင့်တွေ သတ်မှတ်ပြီး
ခွဲခြားနေတဲ့ ဒီခေတ်ကြီးထဲမှာ
ငွေများများရှာပါ
အေးအေးဆေးဆေး နေပါ
ပျင်းနေရင် စာအုပ် ဖတ်ပါ ။
ဖုန်းသုံးပါ ။
ဟာသ တွေ ကြည့်ပါ ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်စိတ်ကို
မလေးလံပါစေနဲ့. ။
ဘယ်သူကမှ
ကိုယ့်ရဲ့
ဖျော်ဖြေ ရေး ကရိယာ
မဟုတ်ကြပါဘူး ။
သက်ရှိတွေ အပေါ်မှာ ထားတဲ့
မျှော်လင့်ချက် တွေကို
လျော့ချပါ ။
သက်မဲ့ ဝတ္ထုတွေနဲ့ မွေ့လျော်ပါ ။
သူတို့ တွေက ကိုယ့်ကို ဝေဒနာတွေ မပေးတတ်ပါဘူး ။
အဓိက က
ကိုယ့်စိတ်ပျော်နေဖို့ပဲ မဟုတ်လား ပျော်စရာ တွေကို ကိုယ်တိုင် ဖန်တီး ပါ ။
သူများ ဖန်တီး ပေးမယ့် ပျော်စရာ တွေကို မျှော်လင့် မနေပါနဲ့. ။
သီချင်းတွေ နားထောင်ပါ ။
အနီးအနား က
ကိုယ့် အပေါ် ကောင်းတဲ့ သူတွေကို
ဂရုစိုက်ပါ ။
အချိန်ပေးပါ ။
ကိုယ့်ကို
အရေး မလုပ်သူတွေအတွက်
ကိုယ့် စိတ်ကို
ဒဏ် မခတ်ပါနဲ့. ။
လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ ။
မေ့သင့်တာတွေကို မေ့ပစ်လိုက်ပါ ။
ဒဏ်ရာတွေကို တသသ မွေးမြူမနေပါနဲ့ ။
စိတ်ကို စိတ်နဲ့ ကုပါ ။
ကုန်လွန်ခဲ့တဲ့ အချိန်တွေ
လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်
နောင်တ တွေနဲ့
ပူပန် မနေပါနဲ့. ။
အမှိုက် တွေကို သိမ်းဆည်းထားသူ မဖြစ်ပါစေနဲ့. ။
ပစ္စုန်ပ္ပန် တည့်တည့် ကိုလျောက်
မျှော်လင့်ချက် တွေကို ခေါက်ထားပြီး
ရည်မှန်းချက် တွေနဲ့ ရှင်သန်ပါ ။
မျှော်လင့်ရတာ မောပါတယ်
သက်ရှိတွေ အပေါ်မှာ
မျှော်လင့် ရတာ
ပိုဆိုးပါတယ် ။
တစ်ယောက်တည်း အေးအေးဆေးဆေးနေပါ ။
ဘဝက သာယာ ပါတယ်
ဉာဏ်ကို လွှာသုံးမှပေါ့😍
သူ့ရဲ့ ကျေးဇူးကြောင့် Effect မပါပဲ
Photo ရိုက်နိုင်ခဲ့ပြီ😘
အောင်မြင်မှုလိုပြီး
လက်တွေ့ ကြိုးစားသူဆီကို
အောင်မြင်မှုက
အလိုလို ရောက်လာတတ်ပါတယ်။
မိတ်ကပ်လိမ်းရင် လှနေဖို့က မျက်နှာ အသားအရေကောင်းမှ လှမယ်နော် အသဲတုံးရီးတို့😍
Skincare ပြီးမှ အိပ်နော်
Skincare တွေ အဆင့်ဆင့် မလုပ်ရင်တောင် Moisture လေးတော့ လိမ်းအိပ်နော်😘
night par
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon