Pyaw shwin san store
thai product
တစ်ခါ တစ်ခါ
ယဉ်ကျေးပြခါမှ
ဗိုလ် ပိုကျချင်လာကြတယ်
တစ်ခါ တစ်ခါ
သည်းခံပြခါမှ
ပိုပြီး အနိုင်ယူချင်လာကြတယ်
တစ်ခါ တစ်ခါ
အလိုက်သိပြခါမှ
ဒီလူ ငါလုပ်တိုင်းရတယ် ထင်သွားတတ်တယ်
မိတ်ဆွေ
မအောင်မြင်ခင်ကာလမှာ သည်းခံပါ
ဒါပေမဲ့
အစော်ကားတော့ မခံပါနဲ့ …။
ဆြာချစ်
(၂၀၂၃ ဖေဖော်ဝါရီ ၅)
GOOD MORNING ☀️
(စကားပြော နည်း)
လူတွေနဲ့ စကားပြော ရင်
သိပ် မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တ တ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မရောလိုက်နဲ့။
ကိုယ့် အားနည်းချက်ကို နင်းသွား တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မစပ်စုနဲ့။
အထင်သေး အမြင်သေး ပြန်ကြည့် တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ် တတ်မယ်။
လူတွေနဲ့ စကားပြောရင်
သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွာ းတတ်မယ်။
လူတွေနဲ့ စကားပြောရင်
ဖြတ်မပြောနဲ့။
မယဉ်ကျေးသူလို့ သတ်မှတ် တတ်တယ်။
လူတွေနဲ့ စကားပြောရင်.
သိပ် မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ် မှတ်တတ်မယ်။
လူတွေနဲ့ စကားပြောရင်
သိပ် အတင် းမပြောနဲ့။
သူ့ အကြောင်း လည်း
အခြားလူတွေကို
သင် ပြောမှာပဲလို့
သတ်မှတ် တတ်မယ်။
သိထားရမှာက
လူတိုင်းက စိတ်သောက များကြ တဲ့အတွက်
ပေါ့ပေါ့ပါးပါး စိတ်ချမ် းသာစရာ စကားပဲ..
ကြားချင် ကြတယ်။
သို့ဖြစ်၍
သူတစ်ပါး စိတ် ချမ်းသာဖို့
အဓိကထား ရည်ရွယ်
ပြေ ာဆိုပါ။
စကာ းဆိုတာ
အမှ န်တရား
ဖွဈေ စဦးတော့
ပြောသင့် မပြောသင့်
ချင့်ချိန်ပါ။
မှန်တဲ့စ ကားက
နားထော င်သူအတွက်
အကျိုးရှိကောင်း ရှိမယ်
ပြောတဲ့သူ အတွက်တော့
အန္တရာယ် အသွယ် သွယ်
ရန်အသွယ် သွယ်
ဖြစ်ပွားတတ် တယ်နော်။
အရမ်းရင်းနီး သူပင်ဖြစ်ပါစေ.
စကားကို ချင့်ချိ န်ပြောလိုက်ပါ။
🍂 ကိုယ့်ကိုကိုယ် သတိပေးတဲ့စာဖြစ်တယ်
ခဏခဏပြန်ဖတ်ဖို့ 😊
🍂 အစားလျှော့နိုင်ရင် ရုပ်ခန္ဓာ ကျန်းမာတယ်။
🍂 အသွားတွေ လျော့နိုင်ရင်
ခလုတ်တိုက်တာ နည်းသွားတယ်။
🍂 အပြောတွေ လျော့နိုင်ရင်
အမှားနည်းသွားတယ်။
🍂 အပျော်တွေ လျော့နိုင်ရင်
အပျက်တွေ နည်းသွားတယ်။
🍂 လိုချင်တာတွေ လျော့နိုင်ရင်
ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲတတ်လာတယ်။
🍂 သံသယတွေ လျော့နိုင်ရင်
နေရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်။
🍂 မခံချင်စိတ်တွေ လျော့န်ိုင်ရင်
မကျေနပ်လို့ ရန်ဖြစ်တာတွေ နည်းသွားတယ်။
🍂 အားလုံးလျော့ န်ိုင်ရင်
စိတ်တကယ်ချမ်းသာတယ်။
🍂 ဘဝဆိုတာ တိုတောင်းပါတယ်။
🍂 ပိုနေတာတွေ လျော့ချပြီး၊
လိုအပ်တာတွေ ဖြည်းဆည်းနေဖို့လိုတယ်။
🍂 သံသရာ
အဆုံးမသတ်နိုင်သေးပေမယ့်
ကိုယ့်ကံကြမ္မာကို ကိုယ်သာဆုံးဖြတ်ရတာမို့...
🍂လျော့ချနိုင်ရင် လေးနေတာတွေ ပေါ့သွားပြီး
လျှောက်ရတာ ပိုပြီးခရီးပေါက်တာပေါ့။
#စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ
(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။
(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။
လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။
(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။
(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။
(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။
(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။
ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။
(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။
ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။
(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။
အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။
(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။
နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။
(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။
Good Morning 🌅🌻
အလုပ်တွေ ယုံယုံကြည်ကြည်နဲ့ အပ်ပေးတဲ့
Customer သာမက ဦးပုဇဥ်းတွေပါ စိတ်တိုင်းကျ ဆောက်လုပ်ပေးနေသော အဆောက်အဦးလေး ပါ
ထာ၀ရချမ်းသာနည်း
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
လောကလူသားတွေရဲ့သဘာ၀အရ
လူဟာ အဖေါ်မရှိဘဲ မနေတတ်ပါ။
တခြားသတ္တဝါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့ နေကြတာပါ။
အဲဒီလို အဖေါ်နဲ့ နေခြင်းအားဖြင့်
အကျိုးကျေးဇူးက ဘာလဲ?
ဘယ်လိုအဖေါ်မျိုးကို ရှာဖွေမှ
တကယ့်အရေး ကြုံလာတဲ့အခါမှာ
ကောင်းတဲ့အခြေအနေမျိုးတွေ
ဖြစ်နိုင်သလဲဆိုတာ…
ဘ၀အရေးနဲ့ ပတ်သက်ပြီး
သေသေချာချာ စဉ်းစားဆင်ခြင်
သုံးသပ်ကြည့်ရမှာ ဖြစ်တယ်။
ဘ၀ခရီး လျှောက်လှမ်းတဲ့အခါ
ထာ၀ရချမ်းသာဖို့အရေး
ဘာကိုအဖေါ်ပြုကြရမှာလဲ?
အပေါင်းအသင်း အဖေါ်ပြုမှုတွေဟာ
ထာ၀ရချမ်းသာမှုကို
ပေးနိုင်သလားဆိုတာ
အလေးအနက် စဉ်းစားရမှာဖြစ်တယ်။
မြတ်စွာဘုရားဟောတဲ့ တရားတော်ကို
နာယူပြီး လေ့လာသုံးသပ်ကြည့်မယ်
ဆိုရင်… မြတ်စွာဘုရားရဲ့
ဆုံးမသွန်သင်ချက်တွေဟာ
အင်မတန်မှ မှတ်သားစရာကောင်းတဲ့
အဆုံးအမ ဩဝါဒတွေ ဖြစ်တယ်။
ဘ၀မှာ နည်းအမျိုးမျိုးနဲ့
နေထိုင်ကြတဲ့အခါမှာ
တစ်သက်လုံး အဆင်ပြေမှုတွေနဲ့
ချမ်းသာသုခ ရသွားတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။
နောက်ဆုံးအချိန်ကလေးမှာ လူဟာ
လိုအင်ဆန္ဒ မပြည့်ကြတာများပါတယ်။
မိမိရဲ့မိသားစု သားသမီးမြေးမြစ်
အပေါင်းအသင်း ရောင်းရင်းတွေ
ဆွေမျိုးမိတ်ဆွေတွေနဲ့
အပြန်အလှန် အကျိုးပြုပြီး နေထိုင်ကြပေမဲ့
တကယ့်အိုခြင်းတရားနဲ့ ရင်ဆိုင်လာပြီဆိုတဲ့
အချိန်မှာ ဘယ်သူမှ မကယ်နိုင်ဘူး။
နာခြင်းတရားနဲ့ ကြုံတွေ့လာပြီဆိုရင်
ဘယ်သူမှ မကယ်နိုင်ဘူး။
ကိုယ်ဖြစ်ကိုယ်ခံ ပုံစံမျိုးပဲ။
သေခြင်းတရားနဲ့ ရင်ဆိုင်တဲ့
အခါမှာလည်း… မိမိကိုယ်တိုင်ပဲ
ကြိတ်မှိတ်ခံစားကြရတယ်။
ဒီလို မျှဝေခံစားလို့မရတဲ့ ဒုက္ခတွေ
ကြုံလာလို့ရှိရင်
ဘယ်သူ့ကို အဖေါ်ပြုရမှာလဲလို့
သေသေချာချာ စဉ်းစားဖို့လိုတယ်။
ဓမ္မဆိုတဲ့ တရားကို အဖေါ်ပြုမှ
ထာ၀ရ ချမ်းသာမှုကို ရနိုင်တယ်။
ဓမ္မကို အဖေါ်ပြုတယ်ဆိုတာ
သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ
အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ
"ဓမ္မ"က ရောက်လာမှာ မဟုတ်ဘူး။
"ဓမ္မ"ဆိုတာက လူတိုင်းအတွက်
အသုံး၀င်တာ မှန်သော်လည်း
"ဓမ္မ"က လွယ်လွယ်ကူကူနဲ့
ရင်ထဲနှလုံးထဲကို ရောက်မလာနိုင်ဘူး။
ရောက်မလာတဲ့အတွက်
အဖေါ်ပြုဖို့ရာအတွက်
အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ
လုပ်ထားကြရတယ်။
အဲဒီလိုမှ လုပ်မထားလို့ရှိရင်
နောက်ဆုံးအချိန်မှာ
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ဆင်းရဲဒုက္ခတွေနဲ့
ရင်ဆိုင်သွားရတတ်တယ်။
အခုအချိန်ကနေစပြီး
"ဓမ္မ"ကို အဖေါ်ပြုဖို့ ရင်းနှီးနေဖို့လိုတယ်။
ဒုက္ခရောက်လာပြီ ဆိုတဲ့အချိန်ကျမှ
"ဓမ္မ"ကို မှီတွယ်ဖို့ ခက်တယ်။
ရောဂါဝေဒနာတွေ ဖိစီးလာပြီဆိုရင်
ဘာမှမတတ်နိုင်ပါ။
ဖြစ်ပေါ်လာတဲ့ ဝေဒနာကို
တွန်းလှန်နိုင်စွမ်း မရှိတော့ပါ။
ဆက်ပြီး စိတ်တိုလာတယ်၊
ဒေါသတွေဖြစ်လာတယ်၊
၀မ်းနည်းကြွေကွဲလာတယ်။
"ဖြစ်ရကောင်းလားလို့" မကြေနပ်မှုတွေနဲ့
ဒုက္ခပေါ်မှာ အကုသိုလ်တွေက
ပြန်ဆင့်လာတယ်။
ခန္ဓာကိုယ်မှာ ရောဂါဝေဒနာဖြစ်လို့
"ကာယိကဒုက်ခ" ကို
ခံစားနေရတဲ့အချိန်မှာ
ဖြစ်လေရခြင်းဆိုတဲ့ ဆင်းရဲမှုအပြင်
"စေတသိကဒုက္ခ"လို့ ဆိုတဲ့
စိတ်ဆင်းရဲမှုက ထပ်တိုးလာတယ်။
"ကာယိကဒုက္ခ"လို့ ခေါ်တဲ့
ကိုယ်ဆင်းရဲမှု ဒုက္ခက
ဘုရား၊ ရဟန္တာမှာလဲ ရှိတယ်။
ကိုယ်ဆင်းရဲမှု အပေါ်မှာ
သည်းခံနိုင်စွမ်း ရှိသည့်အတွက်ကြောင့်
"ငါမှ ဖြစ်ရလေခြင်း"ဆိုတဲ့ အတွေး
ဘုရား၊ ရဟန္တာတို့မှာ မ၀င်ဘူး။
"ဒါ သဘာ၀တရားပဲ၊
ဒုက္ခဝေဒနာ ဆိုတာ ဒါပဲ" လို့
ဆင်ခြင်သုံးသပ်တယ်။
သဘာ၀တရားကို ဆင်ခြင်ခြင်းဖြင့်
ဆင်းရဲဒုက္ခနောက် "စိတ်"က
လိုက်မသွားဘူး။ စိတ်ကို ဆင်းရဲဒုက္ခနဲ့
ခွာထားလိုက်နိုင်တယ်။
အဲဒါဟာ "ဓမ္မ"ကို အဖေါ်ပြုလို့ပဲ
ဖြစ်ပါတယ်။
တရားဓမ္မ အဖေါ်ဖြစ်လာလို့ ရှိရင်
တရားဓမ္မကို နှလုံးသွင်းဆင်ခြင်မှုဟာ
အင်မတန် အရေးကြီးပါတယ်။
"သုပ်ပဝါသာ"-
ဆင်ခြင်သလို ဆင်ခြင်၍ဖြစ်စေ။
ငါ, ဆိုတာ မရှိဘူး၊
ငါ့ဟာ, ဆိုတာ မရှိဘူး ဆိုတဲ့
ဝိပဿနာဥာဏ်နဲ့ ဆင်ခြင်၍ဖြစ်စေ။
ဘ၀ဆိုတာ ဒီလိုပဲ အဆုံးသတ်ရတာပဲ၊
မိမိကိုယ်ကို သောကမဖြစ်အောင်
ထိန်းသိမ်းတဲ့ ဆင်ခြင်နည်းနဲ့ဖြစ်စေ။
ဘယ်လိုပဲဖြစ်ဖြစ်
"ယောနိသော မနသိကာရ"ဆိုတဲ့
တရားဓမ္မကို လက်ကိုင်ထားပြီး
နေမှသာလျှင် ထာ၀ရချမ်းသာသုခကို
ရနိုင်တာဖြစ်တယ်လို့
သဘောပေါက်နားလည်ကြပြီး
ဓမ္မကိုအဖေါ်ပြုပြီး ထာ၀ရချမ်းသာကို
ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🏻🙏🏻🙏🏻
အလှူ အတန်းတွေ ဘယ်လောက်လုပ်လုပ်
တရားစခန်းတွေ ဘယ်လောက်သွားသွား
ပဌာန်း ပရိတ်တွေ ဘယ်လောက်ရွတ်ရွတ်
ဓမ္မစင်္ကြာတွေ ဘယ်လောက်ရွတ်ရွတ်
မဟာသမယသုတ်ကို
ဘယ်နှစ်ကြိမ်ရွတ်ပြီးသည်ဟုဆိုဆို
ပဌာန်း ၅ ကျမ်းလုံးကို
ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည်ဖြစ်ဖြစ်
(က)တစ်ဖက်လူ အကျိုးယုတ်အောင်
မြှောက်ပင့်ပေးတတ်သူဆိုပါက
(ခ) မကောင်းသည့်ကိစ္စကို လုပ်ဖို့ တိုက်တွန်း
ပေးတတ်သူဆိုပါက
(ဂ)သင့်မြတ်နေသူတို့ကိုမသိမသာ....
ရန်တိုက်ပေးတတ်သူဆိုပါက
ရန်ထောင်ပေးတတ်သူဆိုပါက
စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက
အယုံအကြည်မဲ့အောင်လျှောက်ပြောတတ်သူ
ဆိုပါက....
သူယုတ်မာ
အဆင့်မျိုးသာ ရှိသေးကြောင်းသိထားပါ။
ထို့ကြောင့်
စိတ်ကောင်းရှိဖို့ ပထမ ဟု
သူတော်ကောင်းတို့ ဆုံးမခဲ့ပါသည်။
စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှလုပ်နေသမျှကုသိုလ်အလုပ်တွေအကျိုးပေး မကြီးမားကြောင်း သိထားပါ။
ထို့ ကြောင့်
စိတ်ကောင်းထားပါ။
စိတ်ထားကောင်းပါ။
မြင့်မြတ်သောစိတ် မွေးမြူ ကျင့်ကြံပါ။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာနန္ဒမာလာဘိဝံသ🙏🏻🙏🏻🙏🏻
ဘဝမှာ
ကံဇာတာတွေ ကောင်းချင်ရင်
၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )
၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )
၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )
၄။တစ်နေ့( ၂ )ကြိမ်
အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )
၅။တစ်နေ့ တစ်ကြိမ်
မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )
၆။တစ်နေ့ တစ်ကြိမ်
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )
၇။တဈနေ့ တစ်ကြိမ်
ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )
၈။ငါးပါးသီလကို လုံခြုံအောင်
အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့်
လူ့တန်ဖိုး မြင့်တက်လာပါတယ် )
၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )
၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )
၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။
( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ
လူဖြစ်ရကျိုး နပ်စေပါတယ် )
၁၂။တစ်နေ့ကို
အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )
ဝဋ်ဆိုတဲ့ခုံရုံးက ပိတ်ရက်မရှိဘူး
❀▬▬▬❀❀❀▬▬▬❀
ဆဲတာ
ဆဲပေါ့ ……
လူတိုင်း ဆဲလို့တတ်တယ် ။
ဒါပေမဲ့
စရိုက်ချင်းမတူချင်လို့
ပြန်မဆဲတာကို
ကြောက်တယ်လို့ထင်မနေနဲ့ …
လူပါးဝတာ
ဝ ပေါ့ ………
လူတိုင်း လုပ်လို့တတ်တယ် ။
ဒါပေမဲ့
စိတ်ဓာတ်ချင်းမတူချင်လို့
သည်းခံနေတာကို
ကြောက်တယ်လို့ထင်မနေနဲ့...
မိုက်ရိုင်းတာ
ရိုင်းပေါ့ ……………
လူတိုင်း ရိုင်းလို့တတ်တယ် ။
ဒါပေမဲ့
အဆင့်တန်းချင်းမတူချင်လို့
့ပြန်မရိုင်းတာကို
ကြောက်တယ်လို့ထင်မနေနဲ့...
ပြိုင်ပြီးအဖတ်မလုပ်ချင်လို့ရှောင်နေတာကို
ကိုယ့်ကိုယ်ကို သိပ်ဟုတ်နေပြီထင်နေရင်
ဆီနဲ့ရေဟာ
ဘယ်တော့ ရောလို့မရဘူးဆိုတာ
သဘောပေါက်မှလူပီသတာ
တစ်ကောင်ကြွေးထားတာကို သိပ်ပျော်မနေနဲ့
သုံးကောင်ပြန်စားခံရမှာကိုသတိထား...
အချိန်တန်ရင်
ဖားလားငါးလားဆိုတာ
အချိန်ကသက်သေပြသွားမှာပါ ။
ရေပေါ်ဆီဟာ ရေပေါ်ဆီပဲ...
ဝဋ်ဆိုတဲ့ခုံရုံးက
ပိတ်ရက်မရှိဘူး နေ့ညမရှိဘူး ။
လုပ်ရပ်မှန်သမျှကိုအဂတိကင်းကင်းနဲ့
ထိုက်တန်တဲ့ပြစ်ဒါဏ်ချမှတ်မှာပါပဲ…
တစ်ခုတော့သိထားပေါ့
လောကပါလတရားဆိုတာ
အယူခံဝင်ခွင့်မရှိဘူး……… ။ ။
မင်္ဂလာနံနက်ခင်းလေးပါ ☀️
စိတ်၏ အေးချမ်းခြင်း
ကိုယ်၏အေးချမ်းခြင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ ... 🙏🙏🙏
အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
================
လှေရယ်... မြင်းရယ်... လူရယ်...
လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊
'ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''
စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''
မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊
အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''
စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''
မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊
''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊
ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့
လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။ ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊
မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"
ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။
တည်ဆောက်ဆဲ အဆောက်အဦးပေါ့
👉👉👉👉
အဆင့်တန်းရှိရှိအနိုင်ယူပါ
*********************
သင့်ကိုမုန်းတဲ့သူတွေရှေ့မှာ
ပြုံးပြုံးလေး နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
သင့်ကို ထိကပါးရိကပါး
စောင်းမြောင်းတိုက်ခိုက်လာသူတွေရှေ့မှာ
မေတ္တာမပျက်သာ နေပြလိုက်စမ်းပါ။
အဲ့ဒါ အဆင့်တန်းရှိရှိအနိုင်ယူလိုက်တာပါပဲ။
သင့်ကို မနာလိုစိတ်နဲ့ အောက်တန်းကျစွာ
တိုက်ခိုက်လာသူတွေရှေ့မှာ ယုံကြည်မှု့ရှိရှိနဲ့
အထက်တန်းကျစွာ နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
သင့်ကို ဂုဏ်သိက္ခာကျအောင်
တိုက်ခိုက်လာသူတွေရှေ့မှာ
တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်သာ
နေပြလိုက်စမ်းပါ။
အဲ့ဒါ သူတို့ကို အဆင့်တန်းရှိရှိ
အနိုင်ယူလိုက်တာပါပဲ။
တကယ်တော့ မနာလိုစိတ်နဲ့အညိုးထားပြီး
လူတစ်ဖက်သားကို ဂုဏ်သိက္ခာကျအောင်
လုပ်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
ဂုဏ်သိက္ခာမရှိကြောင်း
ကြေငြာနေခြင်းတစ်မျိုးပါပဲ။
လောကမှာ စိတ်ဓာတ်အင်အား
နည်းသူတွေဟာ မိမိအပြစ်ကိုဖုံးကွယ်ပြီး
သူတစ်ပါးအပြစ်ကို အကျယ်ချဲ့ပြီး
ထိကပါးရိကပါး စော်ကားတတ်လေ့ရှိကြတယ်။
ကောင်းကင်တစ်ခုရဲ့ အလှပကို
ညကြယ်စင်တွေက ခြယ်သပါတယ်။
ပန်းချီကားတစ်ချပ်ရဲ အလှပကို
ဆေးရောင်တွေက ခြယ်သပါတယ်။
ဘဝတစ္ခုရဲ့ အလွပကို
စိတ်ဓာတ်တွေက ခြယ်သပါတယ်။
ဒါကြောင့် ဘယ်သူတွေဘယ်လို
စိတ်ဓာတ်အောက်တန်းကျပါစေ
မိမိရဲ့စိတ်ဓာတ်ကို
မြင့်မြတ်အောင်သာထားရှိပါ။
ဒါမှသာ မိမိဘဝဟာ အဆင့်တန်းရှိရှိနဲ့
အစဉ်လှပနေမှာ ဖြစ်တယ်။
ဝဋ်ကြွေးကိုအရင်ဆပ်ရပါတယ်.................................
ဝဋ်ကြွေးပါလာရင်
ဘယ်လောက်ပဲ ဘုရား,တရား လုပ်လုပ်
အဲဒီဝဋ်ကြွေးကိုတော့ အရင်ဆပ်ရပါတယ်
ပဋ္ဌာန်းရွတ်တိုင်း
တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့ အကြောင်းက
သံသရာတိုအောင် ခွာချနေတာပါ
ပဌာန်းဒေသနာတော်ကိုရွတ်ဖတ်ရာမှာ
(မိမိတစ်နိုင်အကျဉ်းဖြစ်စေ ၊
အကျယ်ဖြစ်စေ ၊ ပဉွာဝါရ ဖြစ်စေ
ပဋ္ဌာနပါဠိ ငါးအုပ်ပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
ပူဇော်ရွတ်ဖတ် သရဇ္စျာယ်ခြင်းဟာ)
မိမိရဲ့သံသရာ
ဘဝ အဆက်ဆက်မှာ ရှိခဲ့သော
သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ
ပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို
ခွာချနေခြင်းနဲ့တူတယ် ဆိုတာ
သတိလေးကပ်ထားဖို့လိုတယ်
တစ်ချို့ရှိကြပါတယ်
ပဌာန်းရွတ်မှ ပူလောင်လာတယ်၊
ပြဿနာတွေ တစ်ခုမဟုတ်တစ်ခု
ဖြစ်ကြတယ်၊
စီးပွားတွေ ကျကုန်တယ်ဆိုတာ
ရံဖန်ရံခါ ရှိတတ်ပါတယ်
ဒါပေမယ့် သတိထားရမှာက
ဒါဟာ ပဌာန်းဒေသနာတော်ကြောင့်
မဟုတ်ဘဲ
မိမိရဲ့အကုသိုလ် အညစ်အကြေးကို
မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့
သံသရာ တိုအောင်
ခွာချနေတယ်ဆိုတာပါ
သံသရာမှာ
မိမိရဲ့ အကုသိုလ်၊ ဝဋ်ကြွေး
အညစ်အကြေးတွေ မကုန်စင်သေးဘဲ
သံသရာကနေ ထွက်သွားလို့
ရရိုးထုံးစံ မရှိပါ။
ဒါကို မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးမှ အစ
အဂဂှသာဝက၊ မဟာသာဝက
ရဟန္တာ အရှင်မြတ်ကြီးများပါမကျန်
သက်သေပြခဲ့ကြပြီးပါပြီ
ပဌာန်း ဒေသနာတော်ကြီးကို
ရွတ်ဖတ် ပူဇော်ခွင့်ရနေပြီ ဆိုကတည်းက
မိမိမှာ ကံကြီးငါးပါးထိုက်သူထဲမပါဖို့
ရာခိုင်နှုန်း များပါတယ်
ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို
တောင့်ခံပြီး မြန်မြန်ဆပ်၊ နာနာဆပ်
ပေနေပြီးတော့
သဒ္ဓါတရားနဲ့ ဖြေးဖြေးမှန်မှန်
ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်
အဲဒီလို ပူဇော်လေ
မိမိသန္တာန်မှာ အနှေးနဲ့အမြန်
အငြိမ်းဓာတ်၊ အအေးဓာတ် တစ်မျိုးကို
တစ်ဦးနှင့်တစ်ဦး
စရိုက်အပေါ် မူတည်ပြီးတော့
ခံစားရမှာ မလွဲဧကန်ပါ
ပဌာန်း တရားတော်ကြီးရဲ့
ကျိုးကြောင်း ဆင်ခြင်သုံးသပ်မှု
ဒေသနာတော် တန်ခိုးအာနုဘော်ကြောင့်
မိမိရဲ့သန္တာန်မှာ
အကုသိုလ် အညစ်အကြေး
ကင်းစင်လာတာနဲ့အမျှ...
အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့်
အရာမှန်သမျှလည်း လုပ်ကိုင်လိုစိတ်
တစ်ဖြေးဖြေး လျော့နည်း
ပျောက်ကွယ်သွားပြီး
အကုသိုလ် လုံးဝလုပ်ချင်စိတ်လည်း
မရှိတော့မှာ
လက်တွေ့ ဒိဌိသေချာတဲ့
အကျိုးရလဒ် ဖြစ်ပါတယ်
အဲဒီအချိန်မှာ မထင်မှတ်လောက်အောင်
မိမိရဲ့ ယုံကြည်မှုသဒ္ဓါတရားနဲ့
အေးမြမှုတို့ဟာ
မထင်မှတ်လောက်အောင်
ခိုင်မြဲနေတာကို တွေ့ရပါလိမ့်မယ်
မိမိရဲ့လူမှု့စီးပွားဘဝလည်း
အေးချမ်း၊ တည်ငြိမ်ပြီး
အရာရာ ပြည့်စုံနေတာကို မျက်မြင်
တွေ့ရပါလိမ့်မယ်
ဒီထက်မက ထပ်ပြီးတော့မှ
အနုစိတ်ကျကျ
လေ့လာချင်စိတ် သဒ္ဓါတွေ
တဖြားဖြား ပေါ်လာပြီး
အနုလုံ ပဋိလုံ
သိမြင် နားလည်လာတဲ့အခါ...
အလိုလိုနေရင်း
တရားက သူ့အလုပ်သူလုပ်ပြီး
ခန္ဓာဉာဏ်ရောက် သွားတာကို
အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်
မိမိရဲ့ဝါသနာ၊ စရိုက်နဲ့ကိုက်ညီတဲ့
ကမ္မဌာန်းနည်းပြ၊
အနီးကပ် လမ်းညွှန်ပေးမယ့်ဆရာလည်း
ရောက်လာပါလိမ့်မယ်
ဒါဟာ ဘာကိုပြသလဲဆိုတော့
မိမိသန္တာန်မှာ
အကုသိုလ် အညစ်အကြေးတွေကို
အကြွေးမထားဘဲ
အဖတ်လိုက်၊ အဖတ်လိုက်
ခွာချလိုက်တဲ့ အခါ ...
မိမိဘဝ အဆက်ဆက်
အနမတဂ္ဂ
သံသရာအဆက်ဆက်က ပါခဲ့တဲ့
အထုံ ပါရမီတွေဟာ ...
ဒီဘဝမှာ ပြန်ပေါ်လာပြီး
မဂ်၊ ဖိုလ် လမ်းကြောင်းပေါ်ကို
မဂ္ဂင် ရှစ်ပါးနဲ့အညီ
ခပ်မြန်မြန် ရောက်သွားခြင်းသာ
ဖြစ်ပါကြောင်း ထပ္မံ ရေးသားရင်း...
သံသရာ အဆက်ဆက်
အကုသိုလ် အညစ်အကြေးများကို
မဆုတ်မနစ်တဲ့ ဇွဲ၊၊ သတ္တိ၊ ဝီရိယ တို့နှင့်
တရားအလုပ် အားထုတ်ရင်း
ဒီဘဝမှာတင် ခွာချကြရအောင် ...
ကိုယ့်ရဲ့ အဆင်မပြေမှုတွေကြုံလာတိုင်း
ဝဋ်ကြွေးဆပ်တယ်လို့ ခံယူရင်း
ရတနာသုံးပါး ဆည်းကပ်ပူဇော်လျက်
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
မျှဝေခြင်းဖြင့် အေးချမ်းနိုင်ကြပါစေ။
မေတ္တာဖြင့်... 🙏🙏🙏
ဘော်ဒါဘောင်ချာ 🥴🥴
အချင်းချင်းချစ်ခင်ကြတဲ့ပုံပဲ 😬😬
Good Morning ☀️
သာယာလှပကောင်းမွန်သော နေ့သစ်လေးပိုင်ဆိုင်ကြပါစေ .. 🙏🙏🙏
ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။
ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။
ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။
သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။
မနိုင်တဲ့ဝန်ကို ထမ်းတယ်။
မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။
လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။
ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။
အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။
သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…
ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။
အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။
လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။
သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။
ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။
"အားနာရင် ခါးပါတယ်"တဲ့။
ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။
ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။
ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ ..
🐇🧧 恭喜发财 🐇🧧
🏮Gong Xi Fa Cai🏮
ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချစ်ခင်ခြင်း
ဆုတောင်းများထုံလွှမ်းသည့် တရုတ်လူမျိုးတို့ရဲ့နှစ်သစ်ကူး မင်္ဂလာချိန် ကို
ဆွေမျိုးများ၊ မိသားစုများနှင့် ပျော်ရွှင် အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ....
နှစ်သစ်မှာ ကံကောင်းခြင်းတွေ အထူး ဆောင်ယူနိုင်ပါစေ လို့ ဆုမွန်ပြုအပ်ပါတယ်
#ကြိုးစားမှုရဲ့ မနက်ဖြန်"
- - - - - - - - - - - - - - - - - - -
ကောင်းကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိဘူး။
ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။
ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး ။
ဒုက္ခနဲ့ ကင်းဝေးတဲ့ ဘဝဆိုတာ မရှိဘူး
ပန်းတိုင်နဲ့ ဝေးသော ကြိုးစားမှုဆိုတာ မရှိဘူး ။
အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး ။
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။
ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တတ်တာ သဘာဝပါ။
အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။
စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီရောက်အောင် သွားရမှာ။
ဒီနေ့ ကျရှုံးနေလို့ စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။
မလျော့သော ဇွဲ၊လုံ့လနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေမှာပါ။
#မူရင်းရေးသားသူကိုCrdပေးပါသည်
အားလုံးမိတ်ဆွေများ မင်္ဂလာရှိသော နံနက်ခင်းလေးပိုင်ဆိုင်ကြပါစေခင်ဗျာ ...🙏🙏🙏
ရှိသော အရပ်မျက်နှာမှန်သမျှကနေပြီး ဝင်ငွေတွေ ဝင်ကြပါစေခင်ဗျာ ..🙏🙏🙏
ကိုယ့်ဘေးက လူတွေကို သတိထား
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
တစ်ခါတုန်းက သိုးအုပ်တစ်အုပ်ကြားထဲကို ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ မျက်စိလည် လမ်းမှားပြီး ရောက်သွားတယ်။
ခြင်္သေ့ပေါက်လေးဟာ ဘယ်မှလည်း မသွားတတ်၊ မလာတတ်တာနဲ့ပဲ သိုးအုပ်ကြားထဲမှာပဲ နေဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့လိုနဲ့ သိုးတွေကြားထဲမှာ အနေကြာလာတော့ ခြင်္သေပေါက်လေးဟာ သိုးတွေလိုပဲ ပြုမူလာတယ်။
အသား၊ ငါးမစားဘဲ အသီးအရွက်ပဲ စားလာတယ်။
သိုးတွေလိုပဲ တခြားတိရစ္ဆာန်တွေကို ကြောက်တတ်လာတယ်။
သားရဲတစ်ကောင် ဖြစ်နေပေမယ့်လည်း ရင်ဆိုင်တိုက်ခိုက်ရမယ့်အစား ထွက်ပြေးဖို့ကိုပဲ အားသန်လာတော့တယ်။
အဲ့လိုနဲ့ ခြင်္သေ့လေးဟာ အရွယ်ရောက်လာသည့်တိုင်အောင် တခြားခြင်္သေ့တွေလို မပြုမူနိုင်တော့ဘဲ ခြင်္သေ့ညွန့် တုံးသွားတော့တယ်။
တစ်ခါတလေကျရင် ဒီခြင်္သေလေးလိုပဲ သင်လည်း သင့်ဘေးကလူတွေရဲ့ လွှမ်မိုးမှုကြောင့် သင့်ကိုယ်သင် ပျောက်ဆုံးနေတတ်တယ်။ သူတို့သိုးဖြစ်နေတာနဲ့ပဲ ကိုယ်ခြင်္သေ့ဖြစ်တယ်ဆိုတာကို မေ့လျော့သွားတတ်တယ်။
"မဖြစ်နိုင်ဘူးထင်တယ်နော်၊ ဖြစ်မှ ဖြစ်ပါ့မလား၊ ငါတော့ ကြောက်တယ်နော်၊ ငါတော့ မလုပ်ရဲဘူး၊ မရလောက်ပါဘူးကွာ" စတဲ့ဘေးလူတွေရဲ့ စကားတွေမှာ နားယောင်ပြီး တကယ်ကြီးမဖြစ်နိုင်ဘူး ထင်သွားတတ်တယ်။
အမှန်တော့ သူတို့မဖြစ်နိုင်တာပါ။ သင်မဖြစ်နိုင်တာ မဟုတ်ပါဘူး။
သူတို့သိုးဖြစ်တာနဲ့ပဲ ကိုယ်ကပါ သိုးလိုက်ဖြစ်နေစရာမလိုပါဘူး။
ဒါကြောင့် ကိုယ့်ဘေးက လူတွေကို သတိထားပါ။ သင်အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ သင့်ဘေးက လူတွေရဲ့ လွှမ်းမိုးမှုလည်း အနည်းနဲ့အများ ပါနိုင်တာကြောင့် ကိုယ့်ဘေးမှာ ဘယ်လိုလူတွေနဲ့ ဝန်းရံထားမလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုပါတယ်လို့ အသိပေးလိုပါတယ်။
တာဝန်ယူတည်ဆောက်ပေးနေတဲ့ ဘုန်းကြီးကျောင်းလေးပေါ့
တွေ့တဲ့လူ ဝင်ဖတ်သွားပါ 🙂
ဖိနပ်စုတ်လောက်တန်ဖိုးမရှိတဲ့အရာ
~~~~~~~~~~~~~~~~
တနေ့မှာ………
တောသားတစ်ယောက်
စျေးမှာ စျေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်းရွာထားတော့ သူ့ဖိနပ်ကပြတ်သွားတာပေါ့
ဒါနဲ့အိတ်ထဲက စက္ကူလေးနဲ့ထုတ်ပြီး ယူလာခဲ့တယ်
စျေးအဝင်ဝက ဆိုင်တစ်ဆိုင်ရောက်တော့
ဆိုင်ရှင်ကိုခေါ်ပြောလိုက်တယ်
“အစ်မကြီး ကျွန်တော့ ဖိနပ်လေး ခဏထားခဲ့လို့ ရမလား စျေးလာရင်း ဖြတ်သွားလို့ပါ ကျွန်တော် စျေးကအပြန်ဝင်ယူပါ့မယ်
"အစ်မကြီးက"
အေးငါ့မောင် ဒီနားမှာထားခဲ့လိုက်
ဟုတ်အစ်မ..
ဒါနဲ့ စျေးဝယ်ပြီးတာနဲ့ သူဖိနပ်လေးဝင်ယူခဲ့တယ်
အစ်မ...ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ်ခင်ဗျ
အေးအေး………ယူသွားလေ
ကျေးဇူးတင်ပါတယ်အစ်မ
အစ်မက အရမ်းသဘောကောင်းတာပဲ
အေးရပါတယ်ကွယ်……
တို့တွေက လူသားတွေပဲ
ဒီလိုကူညီပေးရတာ အပန်းမကြီးပါဘူး
ဟုတ်ကဲ့ပါအစ်မ
ကျွန်တော့ကို သွားခွင့်ပြုပါအုံး
အေးပါအေးပါ နောက်လည်း အကူအညီလိုရင်ပြောပေါ့
ဟုတ်ကဲ့ပါအစ်မ
ဒီလိုနဲ့ တောသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့
နောက်တစ်နေမှာတော့
သူငယ်ချင်းဖြစ်သူနဲ့ စျေးဝယ်လာခဲ့ကြတာပေါ့
လမ်းခရီးကကြမ်း နေကပူနဲ့
ပါလာတဲ့သူငယ်ချင်းက အမှတ်မထင်
မူးလိုက်တာဆိုပြီး ပြောပြောဆိုဆို လဲကျရာက အသက်ပါ ပါသွားရှာတယ်
သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးရလို့ ဘာလုပ်ရမှန်းမသိ…
ဒါနဲ့ အတွေးတစ်ဆဝင်လာခဲ့တယ်
သူငယ်ချင်းအလောင်းကို အဝတ်နဲ့ပတ်ပြီးထမ်းလာခဲ့တာပေါ့
အရင်တခါက
သူဖိနပ်အပ်ခဲ့တဲ့ဆိုင်ရှေ့ရောက်လာတော့အေးဒီဆိုင်ဝင်ထားခဲ့အုံးမှပဲ
ဒါနဲ့
“အစ်မကြီး"
ကျွန်တော့ကိုမှတ်မိလား
အော်……အေး
ဟိုနေ့က မင်းမို့လား……
ဖိနပ်ပြတ်လို့လာအပ်သွားခဲ့တာလေ…
ဟုတ်…ဟုတ်ပါတယ်အစ်မ
ကျွန်တော်ပါ…
အေးအေး ပြောလေမောင်လေး
အစ်မ ဘာကူညီပေးရအုံးမလည်း
ဟုတ်အစ်မ ကျွန်တော့ သူငယ်ချင်း
လမ်းမှာမူးတယ်ဆိုပြီးလဲကျသွားတာပါအသက်ပါ ပါသွားခဲ့တယ်အစ်မ
ကျွန်တော် ရွာမှာ သင်္ချုင်္ိမှာမို့ သူငယ်ချင်းကို ဒီမှာခဏထားခဲ့ပါရစေ
ချက်ချင်းဆိုသလိုပဲ
ဟာ!……မရဘူးလေ
ဘယ်ရမလည်း ……
မင်းနယ်ကွယ်………
နိမိတ်မရှိလိုက်တာ
လူသေကောင်ကို ငါ့ဆိုင်ထားခဲ့မယ်လို့
ရာရာစစ သွားသွား!……
ငါ့ဆိုင်ရှေ့ကအခုထွက်သွားစမ်း
ဒါနဲ့တောသားလည်း
ပြန်ထွက်အလာ ဆိုင်ရှင် အစ်မကြီးကလည်း
ဗျစ်တောက်ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်
သူငယ်ချင်း အလောင်းကို ထမ်ပြီးပြန်ခဲ့ရင်း
တောသား အတွေးက
ဪ. လောကလူသားတွေဟာ
မသေခင်မှာတော့ မာနတွေတက်နေကြတာ
ဂုဏ်တွေပြိုင်နေကြတာ သေသွားပြီဆိုရင် ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိပါလား
ဟုတ်ပါတယ်
မသေခင်မာနတွေတက် ဘဝင်တွေမြင့် ဂုဏ်တွေမောက် သေသွားပြီဆိုရင်တော့
ချစ်လှပါပီဆိုတဲ့ လင်မယား သမီးသားတွေအိမ်မှာဘယ်သူမှ ကြာကြာမထားချင်ကြပါဘူး
အိုးစားတောင်ခွဲလိုက်ကြသေးတယ်
သေရင် တန်ဖိုးမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို
အကုသိုလ်တွေယူပြီး မရှာမိစေနဲ့
နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင်အားထုတ်နိုင်ကြပါစေ
Credit to original writer
❤️ တန်းဖိုးရှိသောစာ ❤
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီ တွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတတ်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ယာရှာတဲ့အရွယ် ကြင်ယာရှာပါ
ပညာရှာတုန်း ကြင်ယာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာ ပမာသူဖုန်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ္မာပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တစ်နေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကြဲပါ တစ်စုံတစ်ခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီး စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တစ်နေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီ ကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်
* #ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်
* #ပြုံးပါ
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ
* #ချစ်ပါ
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ
* #ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင် သင်နေရတဲ့ ကမ္ဘာ
ကျောက်ခေတ်ဖြစ်နေမယ်
* #ငိုပါ
ဝမ်းနည်းမှု့ကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့
သင် စက်ရုပ်ဖြစ်သွားလိမ့်မယ်
* #တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့
ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်
်
* #တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင်
နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံသတ္တဝါ ဖြစ်နေလိမ့်မယ်
* #စွန့်ပစ်ပါ
အလေးမခံထားပါနဲ့
ဒါကို ပဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင်
သင့်ဘဝ ရေစုန်မျောလိမ့်မယ်
* #ရုန်းထွက်ပါ
အတိတ်ကို ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တဲ့ ပင့်ကူအိမ်က
သင့်အနာဂတ်ကို ပိတ်ဆို့ထားလိမ့်မယ်။ ။
မင်္ဂလာရှိသောနံနက်ခင်းလေးပါ🙏🙏🙏🙏🙏
"မျက်နှာသစ်ရာ ရွတ်ကြပါ"
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်မိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်မိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်မိ သံဃံ သရဏံ ဂစ်ဆာမိ
တတိယမ်မိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်မိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်မိ သံဃံ သရဏံ ဂစ်ဆာမိ
ကျွန်ုပ်အား မွေးထုတ်ပေးခဲ့သော မိဘနှစ်ပါးတို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ
ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။
မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။
ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမားအပေါင်းတို့သည် .....
ဘေးရန်ခပ်သိမ်းကင်းပါစေ။
ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။
မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။
၁။လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
၂။ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေသတည်း။
၃။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ရှည်တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ကြီး၊ငယ်၊အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၉။လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဘေးရန်ကင်းစေသည်
ကျန်းမာရေးကောင်းစေသည်
မကောင်းသော အတတ်ပညာမျိုးတို့ဖြင့် ပြုစားစီရင် မနှောင့်ယှက်စေနိုင်။
အိမ်မက်ဆိုးတို့မှ ကင်းဝေးစေမည်။
မိတ်ဆိုး ဆွေဆိုး ပတ်ဝန်းကျင်ဆိုးမှ လွတ်မြောက်စေနိုင်မည်။
နေ့စဉ် ရွတ်ဖတ်ပါက....
အကျိုးသွားမှာ များစွာကြီးမြတ်လှသည် ဖြစ်ကြောင်းကို အထူးပြောစရာလိုမည် မထင်ချေ။
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
Yangon
Soe Sandar စားသုံးဆီရောင်းဝယ်ရေး 09775772463 09420083838 ရန်ကုန်