Enneagram Counselling by CHARM

Enneagram Counselling by CHARM

The greatest happiness is to know the source of unhappiness. ~Dostoyevsky~

Photos from Enneagram Counselling by CHARM's post 04/02/2023

👹ဝေဖန်မှုJUDGEMENT အကြောင်းတစေ့တစောင်း👹

📌မိမိတို့ Personality ထဲ မှာ အသက်၀င်လှုပ်ရှားနေတဲ Judgment ရဲ့ လုပ်ဆောင်ပုံ ကို စဉ်းစားကြည့်လိုက်အခါ

📌ဝေဖန်ထောက်ပြမှုတခုလုပ်လိုက်တိုင်းမှာJudgement(ဝေဖန်မှု) ဟာ သူ့ကိုယ်သူ ကိုအင်အားကြီးလာအောင်ပြုလုပ်လိုက်ပြီ:ကျွန်တော်/ကျွန်မတို့ရဲ့ Essence လုပ်နိုင်စွမ်းကို အဝေးကိုတွန်းထုတ်ဖယ်ရှားပစ်လိုက်တယ်။

📌Judgment ဟာ မိမိတို့မှာရှိနေတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ/အတွေ့အကြုံတွေနဲ့ တခြားစီဖြစ်သွားအောင် စည်းတခုခြားပစ်လိုက်မယ်/ဖြတ်တောက်ပြစ်လိုက်မယ်ဆိုတဲ့ နေရာမှာ အင်အားအကြီးဆုံးအရာတခုပါဘဲ။

📌တနည်းအားဖြင့် မိမိကိုယ်ကိုယ် မိမိ Judge လုပ်လိုက်တယ်ဆိုတာဟာလည်းဘဲ Internal War တခု ကြေငြာလိုက်ခြင်း တမျိုးဖြစ်ပြီး Internal War ဆိုတဲ့ အတိုင်း မိမိခန္ဓာကိုယ်ထဲက တန်ဖိုးရှိတဲ့ အရာများစွာ
(Energy, Time, Effort ) စတာတွေကို သူနှုတ်ယူသွားပါတော့တယ်။

📌Discernment ဆိုတာ အတ္တမပါဘဲကောင်းတဲ့ဘက်မှ ဝေဖန်ထောက်ပြမှုတခု ဖြစ်ပြီး Judgementဆို တာ ဟာ မိမိအတ္တအတွေ့ကြုံကို (တဖက်သတ်) ဝေဖန်ထောက်ပြနေခြင်းဖြစ်ကာ သူက Negative Emmotional Charges တွေ အများကြီးသူက သယ်ဆောင်လာပါတယ်။

📌ဆိုလိုတာက သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က တခြားဖက်တွေကို ထည့်သွင်းမစဉ်းစားဘဲ တဖက်သက်ဝေဖန်ထောက်ပြပြီးစည်းတွေ ဘောင်တွေ၊အကန့်တွေကို ဖန်တီးပစ်လိုက်ခြင်းသာဖြစ်ပါတယ်။

📌အတ္တနဲ့ Judgement လုပ်လိုက်တဲ့အခါတိုင်းမှာ သူနဲ့တွဲနေတဲ့အရာလေးတခု "(ပိုကောင်းစေချင်လို့စေတနာနဲ့ပြောတာ "Better than")" ပါ၀င်နေတာကို သတိပြုကြည့်လိုက်ပါ။

📌ဝေဖန်ထောက်ပြမှုတခုခု လုပ်လိုက်ခြင်းရဲ့ တခြားတဖက်မှာ ( ဟွန်း ငါသာဆို အဲ့နေရာမှာ အဲ့ဒီထက် ပိုပြီးကောင်းတာတွေလုပ်နိုင်တယ် ) ဆိုတဲ့ မိမိအတွင်းထဲမှာ ပြောနေတဲ့စကားသံကို သတိထားနားထောင်ကြည့်ပါ။

📌ဤကဲ့သို့ဆန့်ကျင့်ဘက် အနေအထားနှစ်ခုဖြစ်တဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို Judgeလုပ်နေလဲ? မိမိကိုယ်တိုင်လား သူတပါးကိုလား ဒါမှမဟုတ် နှစ်ခုလုံးကိုလား❓‼️

🧘🧘‍♀️🧘‍♂️The Running Commentary🧘🧘‍♀️🧘‍♂️

📌လွန်ခဲ့တဲ့ သုံးနာရီအတွင်းမှာ အကောင်း၊အဆိုး မိမိဝေဖန်ထောက်ပြလိုက်တဲ့ လူတွေ ဘယ်လောက်ရှိသလဲ ဘာတွေဖန်လိုက်သလဲ (လူတွေဆိုတာ Social Media, Radio, TV and so forth ) ဆိုတာချရေးပါ

📌ပြီးရင် လွန်ခဲ့တဲ့ သုံးနာရီအတွင်းမှာ မိမိကိုယ်ကို အကောင်းအဆိုး ဘယ်လောက်အထိဝေဖန်လိုက်လိုက်ပြီးပြီလဲဆိုတာ ချပြီးရေးလိုက်ပါ။

📌ထိုအထဲမှာ တူညီတဲ့အတွေးအခေါ်အရာတွေနဲ့ ထပ်တလဲလဲ မိမိရဲ့ အတွင်းရော အပြင်ပတ်၀န်းကျင်ကိုရော တဖက်သတ်ဝေဖန်နေတဲ့ အချက်တွေပါ‌နေသ လား❓❓

04/02/2023

A day spent judging another is a painful day.
A day spent judging ourself is a painful day.
BUDDHA

04/02/2023

စိတ်ရဲ့ထွက်ပေါက် အသေးလေးတွေ ရှိနေလား?
သူတို့က ဘာတွေလဲ? ဘယ်နေရာကနေလာကြလဲ?

သူတို့က ကိုယ့်ရဲ့ အတ္တ(super ego) တွေက ဘာတွေ ကန့်သန့်ထားတယ်ဆိုတာ တိုးတိုးလေးပြောပြနေကြတယ်!

ဘာအသံကြားရလဲ ခန နားစွင့်ကြည့်ပါ။
Enneagram Counselling by CHARM

25/01/2023

Enneagram ဟာ ဘောင်တခုထဲကို ဆွဲသွင်းတဲ့အရာမဟုတ်ပါဘူး

Enneagram က ကိုယ် #ရောက်နှင့်နေပြီးအသားကျနေပြီဖြစ်တဲ့ဘောင်ထဲကနေ ရုန်းထွက်နည်းကို ပြောပြပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်

Photos from Enneagram Counselling by CHARM's post 25/01/2023

ကိုယ့်ရဲ့ Super-ego နဲ့ အရာရာကို #အမှား_အမှန် ခွဲခြားပစ်လိုက်တဲ့အခါမှာ ကိုယ်ရှာဖွေနေတဲ့ အရာတွေဟာ ဘယ်တော့မှ ရရှိမလာနိုင်တော့ပါဘူး

20/01/2023

Crd Photo

20/01/2023

Enneagram Type 4 Person be like 😅

18/01/2023

Awareness is curative. SURYA DAS

18/01/2023

We have to become somebody before we can become nobody.

Jack Engler

18/01/2023

The personality cannot solve the probelm of the personality.

15/01/2023

. ❣️အချစ်ကို ပုံဖော် သတ်မှတ်ခြင်း❣️
Identification is a FORM of escape from the self. KRISHNAMURTI

15/01/2023

How do you wake up from the matrix you don't know in the matrix?

Photos from Enneagram Counselling by CHARM's post 10/01/2023

Enneagram ဆိုတာဘာလဲ?

Enneagram ရဲ့ Origin က Babylon around 2500 B.C. မှာ အစပြုခဲ့ကြတယ်လို့ ယူဆခဲ့ကြပါတယ်။ အတွေ:အခေါ်ပညာရှင်တွေက ယနေ့ခေတ်နဲ့လျော်ညီအောင် Modify ပြုလုပ်ကာ သယ်ယူလက်ဆင့်ကမ်းလာပြီး ယနေ့ အထိရှာဖွေလေ့လာနေဆဲအရာတခုဖြစ်ပါတယ်။

Enneagram ဆိုတာက ကိုယ့်ရဲ့မသိစိတ်၊ သိစိတ် နဲ့ နေ့စဉ်လုပ်ရပ်တွေမှာ ကိုယ်ကိုတိုင် အသားကျနေတဲ့ လုပ်ငန်းစဉ်တွေ၊ တွေးခေါ်ပုံတွေ စဉ်းစားဆင်ခြင်နိုင်မှုတွေ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်ဓါတ်အတက်အကျ၊ ပျော်ရွှင်မှု၀မ်းနည်းခြင်းနဲ့ trauma တွေ အပြင် မြောက်များစွာလှသော ရှုပ်ထွေ:နေသည်ဟုထင်သော မိမိ ကိုယ်ကို(စိတ်)အား ပြောပြပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။

တခါရံ မိမိလုပ်နေတဲ့ အရာတွေ၊ တွေးနေတတ်မိတဲ့အတွေ:အခေါ်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ အပြင် နေ့တဒူ၀ အတွေ:အခေါ်များအထိပါ အရာအားလုံးဟာ Ramdon အနေနဲ့ဖြစ်ပျက်သွားလာ နေကြတယ်လို့ ထင်မိကြတတ်ပါတယ်။

တကယ်တော့ ဒီအရာတွေ အားလုံးဟာ Pattern ကျကျ အနဲ့ အနိမ့် အမြင့် အတက် အကျ နဲ့ လှပသေသပ်စွာ သွားနေတဲ့ Frame တခုထဲ မှာ ကျွန်တော်/ကျွန်မ တို့တတွေဟာ သိမှန်းမသိနဲ့၀င်ရောက်ပြီး အလိုလိုပြုလုပ်နေကြာတဘဲ ဖြစ်ပါတယ်။

Enneagram Counselling ဟာ မိမိမှာဖြစ်ပျက်နေတဲ့ သိစိတ်၊ မသိစိတ်တွေအပြင်၊ မိမိကိုယ်ကို တချို့အရာတွေဟာ သိနေပေမယ့် ဘယ် Source ကနေ ထိုအရာများဟာ မြစ်ဖျားခံလာသလဲ စတဲ့ မိမိရဲ့ မသိစိတ်တနေရာမှာ ဆွဲကပ်နေတဲ့ ငါဆိုတဲ့သူကို ဖော်ထုတ်ပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။

ထိုအရာကိုသိသွားခြင်းအားဖြင် "ငါဆိုတဲ့အရာကိုထိုးထိုးထွင်းထွင်းသိမြင်နိုင်မှာဖြစ်ပါတယ်"

မိမိကိုယ်ကို အတွင်းကျကျ သိရှိလိုက်ခြင်းအားဖြင့် လေ့လာသုံးသပ်ခြင်းအားဖြင့် Cosmic Conscious Mind လို့ခေါ်တဲ့ မိမိစိတ်ဟာ Awareness ဖြစ်ပြီ: Wake Up လုပ်ပေးနိုင်မှာဖြစ်ပြီ:။

"ငါက ဘာဖြစ်ချင်တာလဲ"
"ငါဘယ်ကိုသွားချင်နေတာလဲ"
"ငါ့ရဲ့ ဖြစ်တည်မှုကို ငါဘယ်လိုရှာဖွေနိုင်မလဲ"

စတဲ့ မြောက်များစွာလှသော မိမိ အဖြေမထုတ်နိုင်သော မိမိရဲ့ မေးခွန်းတွေ ကို သိရှိသွားနိုင်ပါမယ်ဖြစ်ပါတယ်။

Enneagram ဟာ မိမိရဲ့ Ego Agenda ကို ဖော်ထုတ်ပေးနိင်ပြီ: မိမိရဲ့ Basic Fear and Basic Desire ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

Ego Agenda ဆိုတာ မိမိလိုချင်နေသော အရာများဆိုလိုခြင်းဖြစ်ပါတယ် ဥပမာ (အချစ်၊ စိတ်ရဲ့စိတ်ချလုံခြုံရမှု၊ Inner and outer Peace ) စတဲ့ မိမိရဲ့စိတ်ထဲမှာလိုချင်နေတဲ့ အရာတွေဘဲဖြစ်ပြီးBasic Desire လို့ခေါ်ဆိုနိုင်ပါတယ်။

ထိုအရာတွေကို မိမိကိုယ်တိုင်မသိစိတ်ရော သိစိတ်ရောက လိုက်လံရှာဖွေနေတတ်ပြီ: ကိုယ့်ရဲ့ အတ္တကို ပိုမိုအားကောင်းလာအောင်ပြုစုပျိုးထောင်ပေးနေတတ်ကြပြီ: ထိုအရာများမရှိတော့လျှင် (ဝါ) လက်လွှတ်ဆုံးရှုံးရမှာကြောက်ခြင်း (ဝါ) ဆုံးရှုံးသွားမှာကြောက်တဲ့စိတ်ဟာ Basic Fear ပါဘဲ။

ကျွန်တော်တို့ရဲ့စိတ်ဟာ ရေစက်ကလေးတစက်ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ Soul ဟာ အင်မတန်ကြီးမားလှသော ပင်လယ်ကြီးတခုဖြစ်ပါတယ်။

ထိုပင်လယ်ကြီးထဲမှာ ရိုက်ခက်လျက်ရှိသော
လှိုင်းလုံးများမုန်တိုင်းများဟာ ကျွန်တော်တို့ရဲ့ Personality ဘဲဖြစ်ပါတယ်။ မိမိ Soul ထဲမှာဖြစ်ပျက်နေတဲ့ အရာများကို သိရှိနားလည်သွားခြင်းအားဖြင့် "ငါဆိုတဲ့ Ego Agenda and Personality”ကို ကျော်လွန်ပြီးတွေးခေါ်သွားနိုင်ကြမှာ ဖြစ်သလို Enneagram က ထိုအရာအတွက် များစွာ အထောက်အကူပြုပေးတဲ့ အရာတခုဘဲဖြစ်ပါတယ်။

သတ္တ၀ါအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။

🧿

09/01/2023

Three Instincts of Each Type
ြန်လည်သုံးစွဲလိုပါကCrdပေးရန်
🧿

09/01/2023

လူတဦး တယောက်စီရဲ့ Level Of Development
ြန်လည်သုံးစွဲလိုပါကCrdပေးရန်
🧿

09/01/2023

Type တခုချင်းဆီရဲ့ Under Stress and Growth
အ‌ခြေအနေ
ြန်လည်သုံးစွဲလိုပါကCrdပေးရန်
🧿

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

.              ❣️အချစ်ကို ပုံဖော် သတ်မှတ်ခြင်း❣️.  Identification is a FORM of escape from the self..                   ...

Category

Website

Address

Yangon

Other Psychology in Yangon (show all)
Emotional Damage - ET :" Emotional Damage - ET :"
Yangon, 11011

Thinking anyway and writing down......

Child Mental & Physical Healthcare By Dr WAI Child Mental & Physical Healthcare By Dr WAI
No. 115(B) Myittar Road Thutwine Gyi Yard, Thingangyun
Yangon

Dr.Wai M.B.B.S (Ygn)/ Diploma In Child Psychology

Khun nay min Khun nay min
ကမ္ဘာအေးဘုရားလမ်း
Yangon

“What we know is a drop; What we don't know is an ocean ” 👉https://www.youtube.com/@Khunnayzaw👈

Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ
Building 31, Room 16, 3rd Floor, Uwisara Housing, Dagon Township
Yangon, 11191

Psychological and Consultancy Services စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေး၊ ကုသမှုများနှင့် သင်တန်

Samudara Online - Myanmar Samudara Online - Myanmar
Yangon, 11111

This page showcases some short online video courses provided by Su Su Maung, licensed psychotherapist. The page is no longer active but is archived.