Bake Vibes Bakery
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bake Vibes Bakery, Bakery, No. 1034, Bo Phoe Saw Street, (28) Quarter, North Dagon, Yangon.
ပီဇာဘယ်ကစ..? 🍕
ပီဇာက တကယ်တမ်းတော့ အခုနာမည်ကြီးတဲ့
အီတလီကနေစတင်ခဲ့တာမဟုတ်ပါဘူး။
ဟိုးအရင်တည်းက ဂရိလူမျိုးတွေက ပေါင်မုန့်အပြားအကြီးကြီးတွေကို ဖုတ်ပြီး ဆီ နဲ့ အမွှေးနံ့သာတွေနဲ့ စားခဲ့တာပါ။ ဒါပေမဲ့လည်း ၁၈ ရာစုမှာ အီတလီကို ဒီနည်းပညာ ရောက်သွားပါတယ်။
ဒီလိုနဲ့ Naples မြို့မှာ သဘာဝအတိုင်း ဘာမှမပါတဲ့ ပေါင်မုန့်အပြားကြီးတွေကို ပီဇာလို့ခေါ်ပြီး စျေးပေါတဲ့အတွက် အခြေခံလူတန်းစားတွေကြားထဲ စတင်စားသုံးလာကြပါတယ်။
ဒါကို ဘုရင်မ Magherita ကတွေ့သွားပြီး သူကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက်စားသုံးတာပါ (ပုံမှန်ဆိုရင် တော်ဝင်မိသားစုက ဒီလိုမျိုး သာမန်လူတွေစားတဲ့ အစားအသောက်ကို မစားရပါဘူး)။ ဒါနဲ့ပဲ ဘုရင်မက ပီဇာပြုလုပ်တဲ့ Chef Raffaele Esposito ကိုခေါ်ပြီးသူ့အတွက် ပီဇာအမျိုးမျိုး လုပ်ပေးခိုင်းတဲ့အတွက် Chef Raffaele က ဘုရင်မကို ဂုဏ်ပြုတဲ့အနေနဲ့ ခရမ်းချဉ်သီး၊ Mozarella နဲ့ ပင်စိမ်းရွက်တို့ကို သုံးပြီး (အီတလီရဲ့ အလံအရောင် အနီ၊ အဖြူ နဲ့ အစိမ်း တို့ကိုကိုယ်စားပြုပြီး) ပီဇာတစ်မျိုးပြုလုပ်ပေးလိုက်ပါတယ်။
ဒီပီဇာက ဘုရင်မရဲ့ အကြိုက်ဆုံးပီဇာဖြစ်ပြီး Pizza Magherita လို့နာမည်ကြီးလာတာပါ။ အီတလီတစ်နိုင်ငံလုံးကိုလည်း Magherita pizza ပျံ့နှံ့သွားပြီး ကြက်သွန်ဖြူ၊ Cheese နဲ့ တခြားအသီးအရွက်တွေ ပါဝင်လာတဲ့ Neapolitian pizza ကလည်း နောက်ပိုင်းနာမည်ကြီးလာပါတယ်။ မီးဖိုကြီးတွေနဲ့ အဲ့ဒီအချိန်ကစပြီး ပီဇာပြုလုပ်လာကြတာ အခုအထိပါပဲ...။
အခုခေတ်မှာတော့ ပီဇာကို ကလေးကအစ လူကြီးတွေပါ ကြိုက်နှစ်သက်တဲ့ အရသာခံစားကြတဲ့ အစားအစာတခုဖြစ်လို့နေပါပြီ ။
#မူရင်းရေးသားသူကိုcreditပေးပါတယ်
ဘာမုန့် ကြိုက်လဲ 😝
အဲလေ.... ပေါင်မုန့်ကြိုက်လား 😁
မုန့်လေးတွေကို ဖန်တီးနေရတဲ့
အခိုက်အတန့်ဟာလည်း
ဘဝမှာ စိတ်ချမ်းသာတဲ့
အချိန်တွေထဲက တခုပါပဲ 💛🤗
ပေါင်မုန့်ကို ဘယ်လိုရွေးဝယ်မလဲ
စူပါမားကက်တွေ၊ ဈေးဆိုင်တွေ မှာ ရောင်းချနေတဲ့ အမှတ်တံဆိပ် အမျိုးမျိုးသော ပေါင်မုန့်တွေထဲ ကမှ ကျန်းမာရေးနဲ့ အညီညွတ် ဆုံး၊ အာဟာရအပြည့်ဆုံးပေါင်မုန့် ရွေးချယ်မိဖို့ကလည်း အရေး ကြီးတဲ့အတွက် ဘယ်လိုအချက် တွေကြည့်ပြီး ဝယ်သင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
ရာနှုန်းပြည့် ဂျုံကြမ်းပေါင်မုန့်ကို ရွေးချယ်ပါ
ဂျုံကြမ်းနဲ့ပြုလုပ်တဲ့ ပေါင်မုန့်တွေဟာ ဆီးချိုရောဂါ၊ အဝ လွန်ရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပြီးသားဖြစ်စေပါတယ်။
ဂျုံအနုမှုန့် ဟာ ဂျုံစေ့ကို မှုန့်ညက်ပြီးဖြူသွား သည်အထိ အဆင့်ဆင့်သန့်စင်ပြီး ထုတ်တာဖြစ်တဲ့အတွက် ဂျုံစေ့ မှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အသားဓာတ်တွေအပြည့်အဝမရှိတော့တာကြောင့် ဂျုံကြမ်းပေါင်မုန့်တွေလောက် အာဟာရအပြည့်မရှိတော့ပါဘူး။
ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါ
ပေါင်မုန့်အိတ်တွေမှာ အာဟာရအပြည့်ပါကြောင်း၊ ဘယ်လိုဂျုံအမျိုးအစားသုံးထားကြောင်းတွေ လိုက်ဖတ်နေမယ့်အစား ပေါင်မုန့်ထုတ်လုပ်ရာမှာ ပါဝင် ပစ္စည်းတွေရေးထားတဲ့ စာရင်းကို သာ သေချာကြည့်ဖို့ လိုပါတယ်။ အုတ်ဂျုံ၊ ဂျုံကြမ်း၊ ရိုင်းဂျုံ ဘာနဲ့ လုပ်ထားတာလဲဆိုတာ ပါဝင် ပစ္စည်းစာရင်းကိုကြည့်ပြီး စစ် ဆေးနိုင်သလို ကယ်လိုရီ၊ အမျှင် ဓာတ်၊ ဆိုဒီယမ်ပါရှိမှုစာရင်းကို ကြည့်တဲ့အခါ ပေါင်မုန့်တစ်ချပ်မှာ ကယ်လိုရီ ၁၀၀ (ဒါမှ မဟုတ်) ၁၀၀ထက် နည်းတာ၊ အမျှင် ဓာတ် ၂ ဂရမ်၊ ဆိုဒီယမ်၂၂၅ မီလီဂရမ် (ဒါမှမဟုတ်) အဲဒီပမာဏထက် နည်း တယ်ဆိုရင် ဝယ်ဖို့ ရွေးချယ်သင့်ပါတယ်။
ပေါင်မုန့်အထူဘယ်လောက်ရှိလဲစစ်ပါ
ပေါင်မုန့်ထုပ်ကိုယူပြီး အထူဘယ်လောက်ရှိတယ်ဆိုတာ အသာအယာဖိပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ လွယ်လွယ်ကူကူပြားသွားတယ်ဆိုရင် ဂျုံကြမ်းနဲ့လုပ်ထားတာမဟုတ် ကြောင်း သိနိုင်သလို ပေါင်မုန့်ကို အရမ်းနုပြီးပွနေအောင် ဓာတုဆေးသုံးပြီးတော့လည်း ပြုလုပ်လေ့ရှိတာကို သိထားသင့်ပါတယ်။ ပေါင်မုန့် ထုထည်ကို စစ်တဲ့အခါ ဂျုံကြမ်းပေါင်မုန့်တွေက သိပ်ပြီးမပျော့သလို ဖိကြည့်ရင်ပြားသွားတာမျိုးလည်း မဖြစ်ပါဘူး။
ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်စွာ ပေါင်မုန့်ကို ရွေးချယ်စားသုံးနိုင်ပါပြီနော်
ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုတယ်ဆိုတာ အားလုံး လက်ခံပြီးသားပါ
ပေါင်မုန့်ကို မနက်စာအဖြစ် စားတတ်ကြသလို
နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားကြပါတယ် အရသာ အစုံနဲ့ စားချင်စဖွယ်လေးဖြစ်အောင်လည်း ပုံစံအမျိုးမျိုး ထုတ်လုပ်ရောင်းချလာကြပြီဆိုတော့
ကိုယ်စားနေတဲ့ ပေါင်မုန့်လေးတွေရဲ့ အကျိုးကျေးဇူးလေးတွေကို သိထားရင် ပိုကောင်းတာပေါ့နော်
💪 အားပြည့်စေခြင်း
ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓာကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။
😋 ကျန်းမာတဲ့ အစာခြေဖျက်ခြင်း
ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ပေါင်မုန့်ကို ပျော့အောင်လုပ်ပြီး စားတာဟာ အူမကြီးဆီ ဖြတ်သွားဖို့ ပိုလွယ်ကူစေပါတယ်။
🤔 Irritable bowel syndrome ကိုပြေလျော့စေခြင်း
ပေါင်မုန့်မှာ အမျှင်ဓါတ်ပါဝင်တာဟာ Irritable bowel syndrome ကိုလည်း ပြေလျော့စေနိုင်ပါသေးတယ်။ အစာခြေလမ်းကြောင်း(အထူးသဖြင့် အူမကြီး) မှာ ဖြစ်တတ်ပါတယ်။ အူအညစ်အကြေးတွေ စွန့်ပစ်ခြင်းမှာ ပြဿနာ မရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အမျှင်ဓါတ်ပါဝင်တဲ့ ပေါင်မုန့်( ၂၅ ဂရမ် ကနေ ၅၀ဂရမ်) စားပေးသင့်ပါတယ်။
🫀 နှလုံးရောဂါ ကာကွယ်ပေးခြင်း
ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ဟာ အစာခြေစနစ်ကို အကျိုးပြုရုံသာမက နှလုံးရောဂါ ဖြစ်ခြင်းကိုပါ လျှော့ချပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ပေါင်မုန့်စားသုံးခြင်းဟာ နှလုံးရောဂါနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။
🙆 အသားအရေကောင်းမွန်ခြင်း
ပေါင်မုန့်စားသုံးခြင်းဟာ ဦးနှောက် ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် E လည်း ပါဝင်တာကြောင့် အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားကို ပျက်စီးစေတဲ့ free radicals ပါဝင်တာကို ဗီတာမင် E မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုက တွန်းလှန်နိုင်ပါတယ်။
🧠 ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေခြင်း
လူတိုင်း လူတိုင်း မနက်မိုးလင်းပြီဆိုတာနဲ့ မှတ်စရာတွေ၊ အလုပ်တွေများပြီး ဦးနှောက်က အရမ်းကို အလုပ်လုပ်ရပါပြီ။ ဒီလိုဆိုရင်တော့ ဦးနှောက်မှတ်ဉာဏ် လုပ်ငန်းဆောင်တာတွေ တိုးတက်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုပါတယ်။ ဒီလိုအရာတွေကို ပေါင်မုန့်က ပေးစွမ်းနိုင်ပါတယ်။
🫁 ကင်ဆာရောဂါ
ပေါင်မုန့်မှာ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ကင်ဆာရောဂါကို ကာကွယ်ပေးသလို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ ပေါင်မုန့်စားမယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
😇 ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ဖို့အတွက် ဇီဝဖြစ်ပျက်မှု မှန်ကန်နေဖို့ လိုပါတယ်။ ပေါင်မုန့်မှာ ဗီတာမင် ဘီ ပါဝင်ခြင်းဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင်ဘီဟာ ဇီဝဖြစ်ပျက်မှု လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အင်ဇိုင်းတွေလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။
ကဲ...အခုဆိုရင် ပေါင်မုန့်ကနေ ရရှိတဲ့ အကျိုးကျေးဇူးလေးတွေကို သေချာသိသွားပြီဆိုတော့ ဗိုက်ဆာတဲ့အခါမှာ မှန်ကန်အောင် ရွေးချယ်စားသုံးနိုင်ပါပြီ
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon