လဝီသာယာ ၂၄ နာရီအထူးကုဆေးခန်းနှင့်သားဖွားခန်း Lawi Tharyar Specialist Clinic

လဝီသာယာ ၂၄ နာရီ အထူးကုဆေးခန်းနှင့်သ?

11/09/2023

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(မ) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်ရမည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 17.9.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 18.9.23.နေ့လည် 12နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

16/06/2023

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ရိုးရိုးမွေးဖွားခြင်းအတွက် လဝီသာယာ ၂၄ နာရီ အထူးကုဆေးခန်းနှင့် သားဖွားခန်း မှ ၂၄ နာရီဝန်ဆောင်မှု ပေးနေပါပြီ

သန့်ရှင်းစိတ်ချရသောသားဖွားခန်းဝန်ဆောင်မှု
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ေမွးဖွားပေးခြင်း
ရင်သွေးငယ်လေးအား ကလေးအထူးကု ဆရာဝန်ကြီးကိုယ်တိုင် စမ်းသပ်ကြည့်ရှုပေးခြင်း
မွေးကင်းစကလေးငယ်အတွက် ဘီပိုးကာကွယ်ဆေး အပြင် vit K ဆေးထိုးနှံပေးခြင်း
မွေးစာရင်းအတွက်ဝန်ဆောင်မှုမ​ျား

အစရှိသည့် ဝန်ဆောင်မှု မ​ျားကို စျေးနှုန်းချိုသာ စိတ်အေးချမ်းသာစွာမွေးဖွားနိုင်ပါပြီ။

သိလို သည့် အကြောင်းအရာများကို ၀၉၇၈၄၇၁၂၀၃၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လိပ်စာ. အမှတ် ၁၂၅၆၊ ကံ့ကော် လမ်း၊ ၁၂ရပ်ကွက်၊ ရွေ့ပြည်သာ
ပုလဲလမ်း ၈၁ဂိတ်ဟောင်းမှတ်တိုင် တွင်ဆင်းပါ

05/01/2023

သူနာပြုအကူအလိုရှိသည်။

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(အမျိုးသမီး) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်မည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 8.1.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 8.1.23.နေ့လည် ၂နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039, 09964395705

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

05/01/2023

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်

📢သူနာပြုအကူ(အမျိုးသမီး) ၂ဦး အလိုရှိသည်။

📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊
အိမ်ထောင်မရှိသူ ဖြစ်ရမည်။

📢အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း
ပညာအရည်အချင်း : ၈တန်းအောင်
Nurse aid လက်မှတ် ရှိသူ ဦးစားပေးပါမည်။

📢လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံနိုင်ရမည့်သူ ဖြစ်ရမည်။

🕗အလုပ်ချိန် တစ်ရက် ၈နာရီ
လစာ ညှိနှိုင်း

🚨CV form အား 8.1.2023 မနက် ဆယ်နာရီနောက်ဆုံးထားတင်ပေးရန်
🗣️ရွေးချယ်ခံရသူများအား 8.1.23.နေ့လည် ၂နာရီ interview ရှိပါမည်။

☎️ဆက်သွယ်ရန်ဖုန်း - 09784712039, 09964395705

🚗 ဆေးခန်းလိပ်စာ - အမှတ် ၁၂၅၆၊ ကံ့ကော်လမ်း၊ ၁၂ရပ်ကွက် ရွှေပြည်သာမြို့နယ်

(ပုလဲလမ်း ၈၁ ဂိတ်ဟောင်းမှတ်တိုင်အနီး ရင်သွေးဇုန် မူကြိုနောက်ကျော)

13/11/2022

SLEEP STUDYအိပ်ပျော်နေစဥ် အသက်ရှူလမ်ကြောင်း
ပိတ်၍​ဟောက်သောသူများအတွက် စမ်းသပ်ပေးခြင်း နှင့်
ကုသမှုပေးခြင်း
============================
▶️OSA & RFA treatment ကုထုံး
====================
OSA ၏ အရှည်မှာ Obstructive
Sleep Apnea ဖြစ်ပါသည်။ ထိုအခြေအနေသည်
အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်ပါသည်။
အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်း ပိတ်ဆို့၍
အသက်ရှုရပ်သွားခြင်းကြောင့် Oxygen (လေ) လုံ
လောက်စွာ မရနိုင်သော ရောဂါကိုခေါ်ပါသည်။
(၁) ညဘက်အိပ်ပျော်နေစဉ် ဟောက်တက်ပါသလား ???

▶️OSA ရောဂါ၏လက္ခဏာများ
ℹ️ အိပ်နေစဉ် မကြာခဏကျယ်လောင်စွာဟောက်ခြင်း
ℹ️ အိပ်နေစဉ် အသက်ရှုမွန်းကျပ်ခြင်း
ℹ️ အိပ်ယာနိုးလျှင် စိတ်မကြည်လင်ခြင်း ၊ ခေါင်းကိုက်ခြင်း
ℹ️ နေ့အချိန်တွင် အိမ်ငိုက်ခြင်း
ℹ️ အားအင်ကုန်ခန်းခြင်း နှင့် အားရုံစူးစိုက်မှုအားနည်းခြင်း

▶️ နောက်ဆက်တွဲပြဿနှင့် ဖြစ်နိုင်သော ရောဂါများ
ℹ️ အိပ်စက်ခြင်းကို နှစ်ခြိုက်စွာ မရသည့်အတွက်
ℹ️ စိတ်တိုဒေါသထွက်လွယ်ခြင်း
ℹ️ လုပ်ငန်းခွင်အတွင်းအ်ိပ်ပျော်သွားခြင်း
ℹ️ နှလုံးခုန်မမှန်ခြင်း
ℹ️ စိတ်ဓာတ်ကျခြင်း
ℹ️ သွေးတိုးရောဂါ
ℹ️ လေဖြတ်ခြင်း
ℹ️ အိပ်ငိုက်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ခြင်း ၊ လုပ်ငန်းခွင်
မတော်တဆ ထိခိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုး
များကို ရရှိနိုင်ပါသည်။
အထက်ပါ အချက်အလက်များ ဖြစ်နေပါက သင့်တွင်
OSA ရောဂါ (Obstructive Sleep Apnea ရောဂါဖြစ်
ရှိနေပြီဖြစ်သည်။

(၂) မည်သူတွေမှာ အဖြစ်များပါသလည်း ???

▶️OSA ဖြစ်နိုင်ခြေများသူများ
ℹ️ အ၀လွန်သူများ
ℹ️ သွေးတိုးရောဂါရှိသူ
ℹ️ ဆီးချိုသွေးချိုး ရောဂါရှိသူ
ℹ️ အမျိုးသမီး / အမျိုးသားများတွင် မေးရိုးတိုသူများ/
လည်ပင်းတိုသူများ
ℹ️ အာသီးကြီးတတ်သူများ
ℹ️ အိပ်ဆေးများစွဲသောက်သူများ

(၃) OAS ရောဂါရှိမရှိ ဘယ်လိုစမ်းသပ် သိရှိနိုင်ပါသလဲ ???
OSA ရောဂါစမ်းသပ်ရှာဖွေခြင်း
OSA ရောဂါရှိမရှိကို Overnight Sleep Study ဟု
ခေါ်သော အိပ်ပျော်စဉ် (Polysomnography) PSG စက်
နှင့် တပ်ဆင်ထား၍ မှတ်တမ်းယူပြီး ရောဂါစမ်းသပ်ရှာဖွေ
နိုင်ပါသည်။

(၄) ရောဂါဖြစ်လာပါက မည်သို့ ကုသမည်နည်း။
OSA အတွက်ကုသမှုများ

1. ရောဂါဖြစ်စေသော အခြေခံအကြောင်းအရင်းကို
ကုသခြင်း(ဥပမာ-ကိုယ်လေးချိန်လျော့ခြင်း ဆေးလိပ် ၊
အရက်ဖြတ်ခြင်း ၊ သွေးပေါင်ချိန်ထိန်းခြင်း)

2. ခွဲစိတ်ကုသခြင်း နှင့် သွားဘက်ဆိုင်ရာ ကိရိယာတပ်၍
ကုသခြင်း

3. CPAP (Continuous Positive Airway Pressure)
ဟုခေါ်သော ကိရိယာတပ်ဆင်၍ နှာခေါင်းမှ အသက်ရှု
လမ်းကြောင်းအထိ Oxygen /လေအလုံအလောက်
ရရှိအောင် ပေးသော ကုထုံးဖြင့် ကုသခြင်း။

4. RFA (Radio Frequency Ablation )ဟုခေါ်သော
လျှပ်စီးအား အနည်းငယ် ပေး၍ တွဲကျနေသော အာခေါင်
ပျော့အားကုသခြင်းဖြစ်ပါသည်။ RFA နှင့် ကုသခြင်းဖြင့်
အာခေါင်ပျော့ကျုံ့သွား၍ အိပ်ပျော်စဉ် အသက်ရှု
လမ်းကြောင်း ပိတ်ခြင်းကိုကာကွယ် နိုင်ပါသည်။
ထိုကုသခြင်းသည် ထုံဆေးဖျန်း၍ နာရီ၀က် (မိနစ် ၃၀)
ခန့်သာ ကြာမြင့်ပါသည်။ လူနာ၏ တိုးတက်ပြောင်း
လဲမှုကို မှုတည်၍ ကုသရသော အကြိမ်ကို ဆရာ၀န်ကြီးမှ
ဆုံးဖြတ်နိုင် ပါသည်။

▶️RFA ကုထုံး၏ ကောင်းကျိုးများ
ℹ️ ခွဲစိတ်ရန် မလိုအပ်ခြင်း ၊ လွယ်ကူမြန်ဆန်ခြင်း
ℹ️ ထုံဆေးဖြင့်သာ အသုံးပြု၍ အချိန်တိုအတွင်းပြီးမြောက်ခြင်း
ℹ️ အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်းကို တားဆီးပေးခြင်း
ℹ️ အသက်ရှုလမ်းကြောင်းချဲ့ပေးခြင်း
ℹ️ OSA ရောဂါကို ကိရိယာ တပ်ဆင်ရန်မလိုဘဲ ၊ သက်တောင့်
သက်သာ အိပ်ဆက်နိုင်ခြင်း
ℹ️ ငွေကုန်ကျေးကြသက်သာခြင်း ။
OSA & RFA treatment ကုထုံး ကို OSC ဆေးရုံတွင်
နား၊နှာခေါင်း၊လည်ချောင်း ဆရာ၀န်ကြီးများမှ ကျွမ်းကျင်စွာ
စမ်းသပ်ကုသပေးနေသည်ဖြစ်ပါသည်။
-------------------------------------------------------------
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================


.oschospitalmm.com

13/11/2022

(Otoacoustic Emissions)

မွေးကင်းစကလေးငယ် အကြားအာရုံချို့ယွင်းမှု ရှိ / မရှိကို
ဘယ်လို သိနိုင်မလဲ???

ကလေးငယ်တွေဟာ သင်ယူလေ့လာမှုများအတွက် အကြားအာရုံဟာ အရေးကြီးပါတယ်။ ဆရာဝန်များနှင့် ကျွမ်းကျင်သူများက စက်နှင့် စမ်းသပ်ပေးခြင်းဖြင့် သင့်ကလေးအကြားအာရုံပုံမှန်ဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

မွေးကင်းစကလေး နားအကြားအာရုံစမ်းသပ်ခြင်း Otoacoustic Emissions (OAE Test) ပြုလုပ်ခြင်းဖြင့် မွေးရာပါ နားမကြားခြင်း ၊ နားအကြားအာရုံချို့ယွင်းခြင်းတို့ကို စောစီးစွာ သိရှိ၍ အချိန်မီ ကုသမှုခံယူ နိုင်မည်ဖြစ်ပါသည်။

OAE Test ဆိုသည်မှာ ကလေးငယ်၏ အတွင်းနားမှ ထုတ်လွှတ်သော အသံလှိုင်းများကို တိုင်းတာခြင်းဖြစ်ပါသည်။ ကလေး၏ နားအတွင်းသို့ စမ်းသပ်ကိရိယာတပ်ဆင်ပြီး အသံလှိုင်းများ၏ ပြန်လည်တုန့်ပြန်မှုကို တိုင်းတာခြင်းဖြစ်ပါသည်။ လွယ်ကူမြန်ဆန်ပြီး ကလေးအား နာကျင်မှုမရှိ ၊ ထိခိုက်မှု မရှိဘဲ စမ်းသပ်နိုင်ပါသည်။

အကြားအာရုံချို့တဲ့မှုရှိကြောင်း သိရှိရပါက နားလည်တတ်ကျွမ်းသော ကလေး အထူးကုဆရာဝန်ကြီးများ ၊ အကြားအာရုံပညာရှင်များနှင့် တိုင်ပင်၍ လိုအပ်သော ကုသမှု များကို စောလျင်စွာ ခံယူရန်လိုပါသည်။

ပထမဆုံး စစ်ဆေးသည့် OAE Test အဖြေကောင်းမွန်ပါလျှင်လည်း ကလေး၏ ဖွံ့ဖြိုးမှုကို အမြဲတစေ ကြည့်ရှု၍ အကြားအာရုံချို့ယွင်းမှု ရှိ/ မရှိ ဂရုပြုရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော အချို့သော ကလးသူငယ်နားလေးရောဂါများသည် မွေးကင်းစတွင် စမ်းသပ်၍ မရဘဲ အသက်ကြီးလာသည်နှင့်အမျှ တဖြေးဖြေးပေါ်လာတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

“မိမိရင်သွေးငယ် ကလေးများ၏ နားအကြားအာရုံချွတ်ယွင်းမှု ရှိခဲ့ပါလျှင် အချိန်မီကုသရန်အတွက် စမ်းသပ်စစ်ဆေးသင့်ပါသည်။”

===============================
အသေးစိတ်သိရှိလိုပါက Hotline: 09-880441013
09-765485563 ၊ 09-43208326 သို့
ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။
==============================

.oschospitalmm.com

13/11/2022

👶 မွေးကင်းစကလေးအသားဝါခြင်း

❣ မွေးကင်းစကလေး အသားဝါနေလျှင်

✅ ဆေးရုံသို့ ချက်ချင်းပြပါ

✅ ချိန်းဆိုထားသည့်နေ့ မဟုတ်ပါကလည်း အချိန်မရွေး ပြန်ပြပါ

✅ လိုအပ်ပါက ဆေးမီးချောင်းပြခြင်း (Phototherapy) ကုသမှုခံယူရပါမည်

✅ စိုးရိမ်ရသည့် ပြင်းထန်အသားဝါခြင်းကို သွေးလဲလှယ်သည့်ကုထုံးဖြင့် ကုသရပါမည်ဖြစ်ပါသည်



❣ မွေးကင်းစကလေး အသားဝါခြင်းသည်

✅ (၂) ရက်သားမှ (၁၄) ရက်သားအတွင်းတွင် ပုံမှန်ဖြစ်တတ်ပါသည်။ ကူးစက်ရောဂါမဟုတ်ပါ

✅ မျက်နှာမှစတင်ပြီး ခန္ဓာကိုယ်အောက်ပိုင်းအထိ အဝါရောင်ပျံ့နှံသွားလေ့ရှိပါသည်

✅ ရောဂါပြင်းထန်ခြင်းအဆင့်ကို သိရှိနိုင်ရန် လုံလောက်‌သောနေအလင်းရောင်အောက်တွင် အသားဝါခြင်းအမှတ်အတိုင်း ကြည့်နိုင်ပါသည်။ သို့မဟုတ် သွေးထဲတွင်ရှိသော အသားဝါဓာတ် (Bilirubin) ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။



❣ မွေးကင်းစကလေးများ အသားဝါရသည့် အကြောင်းအရင်း

✅ မွေးကင်းစကလေး၏ အသည်းသည် အပြည့်အဝဖွံဖြိုးခြင်း မရှိသေးသည့်အတွက် သွေးထဲတွင် ပုံမှန်ထွက်ရှိလာသော Bilirubin များအား ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်နိုင်ရန် နှောင့်နှေးခြင်း

✅ မိခင်သွေးအုပ်စုသည် Rh (-) ဖြစ်ပြီး ယခင်က Rh (+) ကလေး မွေးဖူးခဲ့ပါက နောက်ထပ်မွေးလာသော ကလေးတွင် Rh သွေးအုပ်စုဓာတ်မတည့်မှု ဖြစ်ပွားခြင်း

✅ ကလေးတွင် မွေးရာပါ G6PD အင်ဇိုင်းဓာတ်ချို့တဲ့ခြင်း

✅ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်ပိုင်းတွင် Bacteria (သို့မဟုတ်) Virus ရောဂါပိုးမွှားများ ဝင်ရောက်ပြီး ကလေးတွင် သွေးအဆိပ်တက်ခြင်း



❣ အောက်ပါအခြေအနေများတွင် မွေးကင်းစကလေးအသားဝါခြင်းသည် အလွန်အရေးကြီးသဖြင့် ချက်ချင်းဆေးကုသမှုခံယူရမည် ဖြစ်ပါသည်

✅ မွေးပြီး (၂၄) နာရီအတွင်း အသားဝါလာခြင်း ‌(သို့မဟုတ်) မွေးပြီး (၁၄) ရက်သားအထိ အသားဆက်ဝါနေသေးခြင်း

✅ အချိန်တိုအတွင်းတွင် တစ်ကိုယ်လုံးပျံ့နှံသွားခြင်း (သို့မဟုတ်) ခြေဖဝါး၊ လက်ဖဝါးအထိဝါခြင်း

✅ ကလေးနို့စို့နည်းသွားခြင်း (သို့မဟုတ်) နို့မစို့တော့ခြင်း

✅ ကလေးမှိန်းနေခြင်း/ နှိုးရခက်ခြင်း ‌‌(သို့မဟုတ်) ခန္ဓာကိုယ် တောင့်တင်းနေခြင်း

✅ ချက် (သို့မဟုတ်) အရေပြားတို့တွင် ပြည်တည်နာများရှိခြင်း

❣ ပြင်းထန်သော အသားဝါခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ဦးနှောက်ဆဲလ်များထိခိုက်ပျက်စီးခြင်း (Kernicterus) ဖြစ်ပွားလျှင် ခန္ဓာကိုယ် လှုပ်ရှားမှုများ မထိန်းချုပ်နိုင်ခြင်းနှင့် အကြားအာရုံ ပျက်စီးခြင်းများ ခံစားရနိုင်သည့်အပြင် အသက်ပင်လျှင် ဆုံးရှူံးနိုင်ပါသည်။



☎ 01-554412, 554413, 543278, 540455, 09-965120735

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်




---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

13/11/2022

🤰💦 မီးတွင်းကာလ ချွေးထွက်များခြင်း

မီးဖွားပြီးမေမေအများစုဟာ ရက်သတ္တပတ်ပေါင်းများစွာကြာတဲ့အထိ အထူးသဖြင့် ညဘက်ဆိုရင် ချွေးထွက်များလေ့ ရှိကြပါတယ်။ ချွေးထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာရှိခဲ့တဲ့ ပိုလျှံနေတဲ့ရေတွေကို ခန္ဓာကိုယ်ထဲက စွန့်ထုတ်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မေမေ့ရဲ့ချွေးပေါက်တွေဟာ အပိုဆောင်းအလုပ်လုပ်ရတာပေါ့။ ဒါ့အပြင် ကျောက်ကပ်ဟာလည်း အလုပ်ပိုမိုလုပ်ဆောင်တာကြောင့် မီးဖွားပြီးနောက်မှာ ဆီးခဏခဏ သွားတတ်ပါသေးတယ်။ မီးဖွားပြီးနောက် စိတ်ဖိစီးမှုတွေကြောင့်လည်း ချွေးထွက်များတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို အတိအကျမသိရသေးပေမယ့် မီးဖွားပြီးနောက်မှာ အီစထိုဂျင်ဟော်မုန်းပမာဏ ရုတ်တရက် ကျဆင်းသွားတာကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။

ဒါတင်မကသေးပါဘူး၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ရေတွေ ကုန်ဆုံးသွားပြီးနောက်မှာလည်း မိခင်နို့တိုက်ကျွေးနေတဲ့အတွက် အရင်ကထက် ချွေးပိုထွက်နေနိုင်ပါသေးတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲနဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် မီးဖွားပြီးနောက်ချွေးထွက်များခြင်းဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပေမယ့် အဖျားရှိနေပါက ရောဂါပိုးဝင်ရောက်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ထည့်တွေးစရာအနေနဲ့ ချွေးထွက်များခြင်းဟာ သိုင်းရွိုက်ဂလင်း လိုတာထက်ပိုပြီးအလုပ်လုပ်နေတာလိုမျိုး ကျန်းမာရေးပြဿနာတစ်ချို့နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အကောင်းဆုံးကတော့ မီးဖွားပြီးချွေးထွက်များနေရင် ပုံမှန်ဟုတ်မဟုတ်ကို ဆရာဝန်နဲ့ပြသကာ စစ်ဆေးမှုခံယူဖို့ အကြံပြုလိုက်ရပါတယ်။

17/10/2022

ခွဲပေးလိုက်ပြန်ပြီ နောက်ထပ်အဆီကျိတ်တစ်လုံး

တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာ

လူနာကတောင်ချုပ်ရိုးဖြေတော့မယ်

01/10/2022

အရေးပေါ်သန္ဓေတားသောက်ဆေးများ၏
ကျန်းမာရေးဆိုးကျိုးများ⚧👩‍❤️‍👨⚧
==========================
အရေးပေါ်သန္ဓေတားသောက်ဆေးဆိုတာက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတဲ့ဆေးဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီးသားကို ဖျက်ချပေးတဲ့ဆေးမဟုတ်ပါဘူး။ (၁၀၀) ရာခိုင်နှုန်းအပြည့်လဲ မကာကွယ်ပေးနိုင်ပါဘူး။ သို့သော် လိင်မှုကိစ္စပြီးမြောက်ပြီးနောက် ချက်ချင်းသောက်လေလေ ပိုပြီးတော့ အာနိသင်ရှိလေလေဖြစ်ပါတယ်။

ဒီဆေးကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူလို့ ရနိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပေမဲ့ စိတ်ချယုံကြည်စွာ သောက်သုံးလို့တော့ ရနိုင်ပါတယ်။

⚧ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိုးများ

ဒီသောက်ဆေးဟာ ရေရှည်ဘေးထွက်ဆိုးကျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ဖြစ်လာနိုင်ပါတယ်။ ဆေးဟာ သင့်ရဲ့ ခန္ဓာကိုယ်စနစ်ထဲက ထွက်သွားပြီဆိုတာနဲ့ လက္ခဏာတွေကလည်း သက်သာသွားတတ်ပါတယ်။ အဖြစ်များဆုံးလက္ခဏာများမှာ

• မအီမသာဖြစ်ခြင်း
• အော့အန်ခြင်း
• ခေါင်းကိုက်ခြင်း
• မောပန်းခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• မူးဝေခြင်း စသည်တို့ ဖြစ်ပါတယ်။

အရေးပေါ် သန္ဓေတားသောက်ဆေးများဟာ ရာသီစက်ဝန်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ရာသီဟာ တစ်ပတ်စော၍ဖြစ်စေ တစ်ပတ်နောက်ကျပြီးမှ ဖြစ်စေ လာတတ်ပါတတယ်။ သင့်ရာသီလာချိန်ဟာ တစ်ပတ်ထက် ပိုပြီး နောက်ကျခဲ့မယ်ဆိုရင်တော့ ကိုယ်ဝန်ရှိမရှိကို စစ်ဆေးကြည့်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများကို သက်သာအောင် လုပ်ဆောင်ခြင်း
အရေးပေါ်သန္ဓေတားသောက်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်နေလျှင် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။ ခေါင်းကိုက်ခြင်းနှင့် အော့အန်ခြင်းတို့ကို သက်သာစေနိုင်မည့် ဆေးများကို သူတို့ညွှန်ပေးနိုင်ပါတယ်။ တစ်ချို့သော
အအန်ပျောက်ဆေးများက ပိုပြီးတော့ မောပန်းနွမ်းနယ်စေနိုင်တာကိုလည်း သတိထားရပါမယ်။ ဆေးသောက်ပြီးနောက် ရက်အနည်းငယ်လောက် အနားယူခြင်းဖြင့် ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ဆေးသောက်ပြီးနောက် မူးဝေပြီး အော့အန်လာခဲ့လျှင် ခဏလောက် လဲလျောင်းနေလိုက်ပါ။ ဒါကတော့ မအော့အန်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆေးသောက်ပြီးနောက် တစ်နာရီအတွင်း အော့အန်ခဲ့လျှင် နောက်ထပ် ဆေးထပ်သောက်ဖို့ လိုအပ်နိုင်တာကြောင့် ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။

ဆေးသောက်ပြီးနောက် ရုတ်တရက်သွေးဆင်းလာခြင်းမျိုး ကြုံရနိုင်ပါတယ်။ သို့သော် တစ်ချို့သောသူများမှာ သွေးဆင်းခြင်းက ပိုပြင်းထန်နိုင်ပါတယ်။ ထိုကဲ့သို့ ဝမ်းဗိုက်နာကျင်ပြီး သွေးဆင်းလျှင် မူးဝေလာခဲ့လျှင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။ သွေးဆင်းခြင်းက သုံးရက်ကျော်သည်အထိ မရပ်သေးဘူးဆိုလျှင်လည်း ဆရာဝန်နှင့်ပြသပါ။

#အရေးပေါ်သန္ဓေတားသောက်ဆေးများ၏ကျန်းမာရေးဆိုးကျိုးများ
.com

01/10/2022

👶 ကလေးရပြီး ရင်ဆိုင်စရာ နောက်ဆက်တွဲများ

🤰🤱 ကိုယ်ဝန်ဆောင် မိခင်လောင်း ဘဝကနေ သားသမီးမွေးဖွားပြီး မိခင်ဘဝသို့ပြောင်းလဲချိန်မှာအမျိုးသမီးတွေဟာ ကိုယ်ရောစိတ်ပါ အပြောင်းအလဲများစွာနဲ့ တွေ့ကြုံကြရပါတယ်။ ဒီလိုအချိန်မျိုးမှာ ရင်ဆိုင်ဖြေရှင်း ရတဲ့ အခက်အခဲတွေဟာ အများအားဖြင့် တဦးနဲ့တစ်ဦး မတူညီတတ်ကြပါဘူး။
ဒီ Post လေးမှာတော့ အခုမှ မိခင်စဖြစ်ဖူးသူတွေ အတွက် Post-Par tum-Depression (PPD) လို့ခေါ်တဲ့ "မီးဖွားပြီး စိတ်ကျဝေဒနာ" ခံစားရတဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ သိထားသင့်တဲ့ အချက်(၃)ချက်ကို ဝေမျှပေးလိုက်ပါတယ်။

1️⃣ တစ်ယောက်ထဲမနေနဲ့၊ကိုယ့်အိမ်ထောင်ဖက်နဲ့လက်ပွန်းတတီးနေဖို့ အဓိက ဦးစားပေးပါ။ ကိုယ့်ကိုချစ်ခင်တဲ့ သူတွေရှိတဲ့ နွေးထွေးတဲ့ပါတ်ဝန်းကို ဖန်တီးပါ။
2️⃣ စိတ်ခံစားချက်တွေ ရှိလာရင် တစ်ယောက်ထဲ ကျိတ်ပြီး ခံစားမနေပဲ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူတွေ ဆီမှာ ရင်ဖွင့်ပါ။ ဒီလို ဖွင့်ထုတ်ပြောဆိုခြင်းဟာ ခံစားနေရတာတွေ လျော့ပါးသက်သာစေနိုင်မှာပါ။
3️⃣ အနားယူပြီးရင်းအနားယူပါ။ကလေးမွေးပြီးစ သွေးသားအသစ်လောင်းနေချိန်မှာ နေသားမကျသလို ဖြစ်နေပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ် နဲ့ အပြောင်းအလဲ အခြေအနေများအတွက် စိတ် ကိုပါ အနားယူခြင်းဟာ အလွန်ပဲ အရေးကြီးလှပါတယ် .. ။

Credit : Thiloyarmay
https://www.facebook.com/Thiloyarmay/posts/475274082927250

01/10/2022

G6PD ချို့တဲ့တဲ့ရောဂါ အတွက် ဘာတွေ ရှောင်ကြဉ်ရမလဲ ❓

👉 ပရုတ်အေး (Menthol)
သွားတိုက်ဆေး၊ ပရုတ်အေးပါသော အစားအစာများ၊ ပရုတ်လုံး စတာတွေ

👉 အစားအစာ
1️⃣ ပဲလက်မ၊ တောင်ကြီးပဲ၊ ပဲပိစပ် စသော ပဲအမျိုးမျိုး (ပဲနို့အပါအဝင်)
2️⃣ Sulfites နှင့် Sulfites ပါဝင်တဲ့ အစားအစာများ (Sulfites ဆိုတာ မုန့်ဖုတ်တဲ့နေရာနဲ့ အချိုပွဲအစားအစာတွေမှာ ထည့်သွင်းတတ်တဲ့ ဓာတုပစ္စည်းဖြစ်တာကြောင့် အညွှန်းစာရွက်ကို သေချာစွာ ဖတ်ဖို့ အရေးကြီးပါတယ်။)
3️⃣ ကြက်ဟင်းခါးသီး
4️⃣ ဗီတာမင်စီ ဖြည့်စွက်ဆေး
ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပေးတဲ့အချက်တွေ အများကြီးရှိပြီး သဘာဝကရတဲ့ ဗီတာမင်စီဓာတ်ဆိုရင် ရှောင်စရာမလိုပေမယ့် ဆေးဝါးပုံစံ ဗီတာမင်စီတွေ အများကြီးသောက်သုံးတာကိုတော့ G6PD ချို့တဲ့တဲ့ရောဂါရှိသူတွေမှာ သတိထားသင့်တာကြောင့် တတ်ကျွမ်းသူ ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။
5️⃣ ပဲမှုန့်
အသုပ်သုပ်ရင်/ ဟင်းအချို့ကို ချက်ပြုတ်တဲ့အခါ ထည့်လေ့ရှိတဲ့ ပဲမှုန့်ကိုလည်း သတိထားသင့်ပါတယ်။ မည်သည့်ပဲအမျိုးအစားကို အမှုန့်ပြုလုပ်ထားတယ်ဆိုတာ သေချာမပြောနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
6️⃣ ဘလူးဘယ်ရီအနံ့/ အရသာထည့်ထားတဲ့ အစားအစာများ
7️⃣ အပြာရောင်အပါအဝင် အစားအစာဆေးဆိုးရာမှာ သုံးတဲ့ လူလုပ်ဆိုးဆေးတွေက မုန့်ဖုတ်တဲ့အခါမှာလည်း သုံးတဲ့အတွက် ကိတ်မုန့်/ ကွက်ကီး စတာတွေကို သတိထားသင့်ပါတယ်။
8️⃣ သစ်သီး/ ဟင်းသီးဟင်းရွက်များကို အခြောက်ခံပြီး အသင့်စားသုံးရန်ပြုလုပ်ထားတဲ့အခါ အရောင်ထပ်ထည့်ထားတာမျိုးရှိတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
9️⃣ အေးခဲထားသော ငါး/ ပင်လယ်စာများ/ အနောက်တိုင်းအစားအစာများ/ အာလူး
🔟 အသားတု/ ပြင်ဆင်ထားတဲ့ အသားတွေပါတဲ့ အစားအစာတွေ ဥပမာ-ကြက်အူချောင်း/ ဝက်အူချောင်း/ အသားညှပ်ပေါင်မုန့် (hot dogs)
▶️ အရောင်မျိုးစုံပါသော သကြားလုံးများ၊ အသင့်စားနိုင်အောင် ထုပ်ပိုးထားသော အာလူးချောင်းကြော်နှင့် အခြားအကြော်များ

ဘယ်လိုတွေ ကျွေးနိုင်လဲ ❓
ကလေးငယ်တစ်ယောက်နဲ့ တစ်ယောက်မှာ ခံနိုင်ရည်ရှိတဲ့ပမာဏ/ တုံ့ပြန်မှု မတူညီတတ်ကြပါဘူး။ မိခင်နဲ့အတူတူ သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတွေကို ရှောင်ရမလဲဆိုတာ လေ့လာသင်ယူသင့်ပါတယ်။ ကလေးအသက် (၆)လမှာ ဖြည့်စွက်စာ စတင်ကျွေးတဲ့အခါ တစ်ကြိမ်မှာ အစားအစာတစ်မျိုးကိုပဲ မိတ်ဆက်ကျွေးပါ (တစ်ခါကျွေးရင် သုံးရက်-လေးရက်လောက်ကျွေးကြည့်ပါ) ကလေးငယ်ကို လတ်ဆတ်တဲ့ သစ်သီးမျိုးစုံ/ ဟင်းသီးဟင်းရွက်မျိုးစုံ/ ငါး/ အသား/ အစေ့အဆန်များ/ နို့နှင့် နို့ထွက်ပစ္စည်းများ ကျွေးပေးပါ။ ပဲများထဲမှ သေးငယ်တဲ့အရွယ်ရှိတဲ့ပဲများကိုတော့ သတိထားပြီး ကျွေးပါ။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးဓာတ် ကြွယ်ဝတဲ့ သစ်သီးများ/ ဟင်းသီးဟင်းရွက်များကို ရက်သတ္တပတ်တစ်ပတ်လျှင် (၃) ကြိမ်မှ (၄) ကြိမ် ကျွေးပေးပါ။ သူတို့ဟာ သွေးနီဥတွေကို ကာကွယ်မှုပေးနိုင်တဲ့ ဓာတ်တိုးပစ္စည်း (Antioxidants) တွေပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အိမ်မှာ ချက်ပြုတ်ပြင်ဆင်တဲ့ အစားအစာတွေဟာ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်နိုင်ပြီး အပြင်စာတွေစားမယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

သားဆက်ခြားနည်းလမ်းများ 01/10/2022
01/10/2022

ခေါင်းတွေမူးဝေနေသလား?💫💫💫

▶Gingko biloba
ဒါကခေါင်းမူးခြင်းကို ကုသရာမှာ ထိရောက်တယ်လို့ လေ့လာမှုမှာ တွေ့ရှိကြပါတယ်။ Gingko biloba (၂၄၀) မီလီဂရမ်ကို နေ့စဉ်သောက်သုံးပေးခြင်းက မူးဝေသည့် လက္ခဏာရပ်များကို လျော့ပါးသွားစေပြီး ပိုပြီးဟန်ချက်ညီလာစေနိုင်ပါတယ်။

▶စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
တစ်ချို့သောမူးဝေခြင်းတွေက စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေနိုင်သည့် အခြေအနေများကို လျှော့ချပေးခြင်းက မူးဝေခြင်းကို သက်သာစေနိုင်ပါတယ်။

တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း စသည်တို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။ ရေရှည်စိတ်ဖိစီးမှုဖြစ်ခြင်းက ရိုးရိုးရှင်းရှင်း အသက်ရှူလေ့ကျင့်ခန်းနဲ့ ဖြေဖျောက်လို့မရနိုင်ပါဘူး။ မကြာခဏဆိုသလို စိတ်ဖိစီးရသည့် အကြောင်းအရင်းများကလည်း ဘဝထဲကနေ ဖြေဖျောက်ပစ်လို့မရနိုင်ပါဘူး။

စိတ်ဖိစီးမှုဖြစ်ရသည့် အကြောင်းအရင်းများကို သိရှိခြင်းက ခေါင်းမူးဝေသည့် လက္ခဏာရပ်များကို လျော့ကျစေနိုင်ပါတယ်။

▶ယောဂနဲ့ Tai Chi
ဒီနှစ်မျိုးကတော့ ပျော့ပျောင်းမှုနှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေကလည်း ဦီးနှောက်ကို မူးဝေခြင်းဖြစ်ရသည့် အကြောင်းအရင်းများကို ကုစားနိုင်မယ့် လေ့ကျင့်မှုတွေကို ပေးနိုင်ပါတယ်။ အိမ်မှာလုပ်တဲ့လေ့ကျင့်ခန်းတွေကလည်း ဒီသက်ရောက်မှုကို ပုံစံတူပေးနိုင်ပါတယ်။ မူးဝေနေလျှင် ယောဂလေ့ကျင့်ကြည့်ပါ။ ရုတ်တရက်ကွေးခြင်းကုန်းခြင်း စသည့်ပုံစံများကိုတော့ သတိထားသင့်ပါတယ်။

▶အိပ်ချိန်အလုံအလောက်အိပ်စက်ပါ။
မူးဝေခြင်းက အိပ်ချိန်မလုံလောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပထမဆုံးအကြိမ် မူးဝေနေတယ်ဆိုရင်တော့ စိတ်ဖိစီးမှု သို့မဟုတ် အိပ်ရေးမဝခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ လုပ်နေတဲ့အရာတွေကို ရပ်တန့်လိုက်ပြီး တစ်ရေးလောက် အိပ်စက်လိုက်ပါ။ မူးဝေခြင်းကို အလိုလိုသက်သာပျောက်ကင်းသွားစေနိုင်ပါလိမ့်မယ်။

▶ရေဓာတ်ဖြည့်တင်းပေးခြင်း
တစ်ခါတလေမှာတော့ ခေါင်းမူးခြင်းက ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်စားသုံးမှုကို လျှော့ချပေးခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရေဓာတ်ဖြည့်တင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေများများသောက်ပေးပါ။

ရေဓာတ်ဆုံးရှုံးနိုင်သည့် ချွေးထွက်များသည့် အခြေအနေတွေမှာ ရေများများသောက်ပေးပါ။ ရေဓာတ်ခန်းခြောက်မှုဖြစ်နေချိန်တိုင်းမှာ ရေကို ပိုသောက်သုံးပေးပါ။ ကိုယ်သောက်သုံးလိုက်သည့်ရေပမာဏက မူးဝေခြင်းကို လျှော့ချပေးနိုင်ပါတယ်။

▶ဗီတာမင် ဒီ
မူးဝေခြင်းက အစားအသောက်စားသုံးမှုပုံစံနဲ့လဲ ဆက်စပ်နေနိုင်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းကလည်း မူးဝေခြင်းကို ဖြစ်စေနိုင်ပါတယ်။ နွားနို့တစ်ခွက် သို့မဟုတ် လိမ္မော်ရည် ၊ တူနာငါး၊ ကြက်ဥအနှစ် စသည်တို့က ဗီတာမင်ဒီ ကို မြှင့်တင်ပေးနိုင်ပါတယ်။

#ခေါင်းတွေမူးဝေနေသလား?
+

01/10/2022
01/10/2022

အကိုက်အခဲပျောက်ဆေးများ သောက်သုံးကြရာတွင်
လုပ်မိလေ့ရှိတဲ့ အမှားများ💊💊💊

ခေါင်းတွေကိုက်နေလို့ အကိုက်အခဲပျောက်ဆေးတွေ သောက်နေပြီလား။ တစ်ချို့သောသူတွေအတွက် ဒီသောက်ဆေးတွေဟာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒီဆေးများဟာ ဘေးကင်းစိတ်ချရတဲ့အတွက် ဆေးအကြောင်း သိပ်ပြီးတော့ မလေ့လာဖြစ်ကြတဲ့သူတွေ များကြပါလိမ့်မယ်။ အထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို မကြည့်မိဘဲ သောက်သုံးမိကြပါတယ်။ ဒါကြောင့် ဒီနေ့မှာ အကိုက်အခဲပျောက်ဆေးများကို သောက်သုံးလျှင် မှားတတ်ကြသည့် အမှားများကို ဖော်ပြပေးလိုက်ပါတယ်။

▶️အကိုက်အခဲပျောက်ဆေးများဟာ အတူတူပဲဟု တွေးနေခြင်း
တစ်ချို့သောသူများဟာ အကိုက်အခဲပျောက်ဆေးအားလုံးဟာ အတူတူပဲဟု တွေးထင်တတ်ကြပါတယ်။ အကိုက်အခဲပျောက်ဆေးများဟာ ကွဲပြားပါတယ်။

ဘယ်လိုကိုက်ခဲမှု အခြေအနေပေါ် မူတည်ပြီးတော့ သောက်သုံးသင့်သည့် ဆေးများ ရှိပါတယ်။ ဆေးမသောက်ခင်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေလည်း ရှိပါသေးတယ်။ သင့်အတွက် ဘေးကင်းစိတ်အချရဆုံးဆေးကိုသာ ရွေးချယ်သင့်ပါတယ်။

တစ်ချို့သောဆေးများက ကြွက်သားများ ရောင်ရမ်းနာကျင်ခြင်း၊ အဆစ်ရောင်နာ သို့မဟုတ် ရာသီလာစဉ် နာကျင်ခြင်း စသည်တို့ကို သက်သာစေနိုင်ပြီး တစ်ချို့သော ဆေးများက ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ကို သက်သာပျောက်ကင်းစေခြင်း ဖြစ်သည်။ သောက်ဆေးတိုင်းဟာ ကောင်းကျိုးဆိုးကျိုးရှိတာကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတစ်ဦးကို တိုင်ပင်ကြည့်သင့်ပါတယ်။

▶️ဆေးများကို ရေချိုးခန်းထဲတွင် သိမ်းဆည်းထားခြင်း
ရေချိုးခန်းထဲမှာ ဆေးတွေ၊ ပတ်တီးတွေ၊ သွားတိုက်ဆေးတွေ စုံလင်နေအောင် ထားတတ်သူတွေ ရှိကြပါတယ်။ ဆေးပုလင်းတစ်ချို့မှာ အေးမြခြောက်သွေ့သောနေရာတွင် ထားရှိပါ ဆိုသည့်စာ ပါဝင်ပါတယ်။ ဆေးများဟာ အစိုဓာတ်နှင့်အပူကြောင့် ပျက်စီးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ အေးမြတဲ့နေရာဟုဆိုသောကြောင့် လူအများစုဟာ ရေချိုးခန်းမှာ ဆေးများကို မှားယွင်းစွာ သိုလှောင်မိကြပါတယ်။ ရေချိုးခန်းရဲ့ အစိုဓာတ်ဟာ ဆေးတွေကို အာနိသင်လျော့ကျစေပြီး အာနိသင်ကုန်ဆုံးရက်မတိုင်မီမှာ ဆေးအာနိသင်ကုန်ဆုံးသွားနိုင်ပါတယ်။

▶️အကိုက်အခဲပျောက်ဆေးများကို အရက်နှင့် တွဲသောက်ခြင်း
အကိုက်အခဲပျောက်ဆေးများဟာ အသည်းပျက်စီးမှုကို မဖြစ်စေနိုင်သော်လည်း အရက်နှင့် တွဲဖက်သောက်သုံးမိပါက ခန္ဓာကိုယ်အတွက် လွန်စွာ ဆိုးကျိုး ဖြစ်စေနိုင်သည်။ သင်ဟာ အရက်ကို နေ့စဉ် သောက်သုံးနေပြီး အကိုက်အခဲပျောက်ဆေးကို သောက်မယ်ဆိုရင်တော့ ပြည်တည်နာ၊ အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း စသည့် ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ တစ်ချို့သော အကိုက်အခဲပျောက်ဆေးများကို အရက်နှင့် တွဲဖက် သောက်သုံးခြင်းက အသက်အန္တရာယ် ရှိစေနိုင်သည့် အသဲပျက်စီးခြင်းအထိ ဖြစ်လာစေနိုင်ပါတယ်။

▶️ကိုယ်ဝန်ရှိနေစေဉ် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း
ကိုယ်ဝန်ဆောင်မိခင်များက ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေးများကို မသောက်သုံးသင့်ပါဘူး။ အထူးသဖြင့် ကိုယ်ဝန်သီတင်းပတ် (၂၀) ရှိနေချိန်မှာပေါ့။ အကိုက်အခဲပျောက်ဆေးများဟာ မွေးမလာသေးသည့် သန္ဓေသားကို ကိုယ်ဝန်ပျက်စေခြင်း၊ ချို့ယွင်းချက်များဖြင့် မွေးဖွားလာစေခြင်း စသည်တို့ ဖြစ်လာစေနိုင်ပါတယ်။

▶️ဆရာဝန်ညွှန်ကြားထားသည့်ဆေးများနှင့် အကိုက်အခဲပျောက်ဆေးကို တွဲသောက်ခြင်း
လူအများစုဟာ အကိုက်အခဲပျောက်ဆေးများကို မိမိသောက်သုံးရမည့် ဆေးများနှင့် တွဲဖက်သောက်သုံးတတ်ကြပါတယ်။ ထိုကဲ့သို့ မသောက်သုံးသင့်ဘူးဆိုတာကို သူတို့မသိကြပါဘူး။ ထိုကဲ့သို့ ပေါင်းစပ်လိုက်ခြင်းဖြင့် ကျောက်ကပ်ပြဿနာများ၊ အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစီးခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

▶️ပြဿနာကို သေချာမသိသေးဘဲ မိမိဘာသာ ဆေးသောက်နေခြင်း
အကိုက်အခဲပျောက်ဆေးများဟာ ယာယီသာ သောက်သုံးသင့်သည့်ဆေးဖြစ်ပါတယ်။ နေ့စဉ် သုံးစွဲသင့်သည့်ဆေးမဟုတ်ပါ။ တစ်ချိန်လုံး သောက်သုံးနေလျှင် ရောဂါကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။
သင်ဟာ အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အခြားသော နာတာရှည် ပြဿနာများ ရှိနေပါက ဆရာဝန်နှင့် ပြသပါ။

▶️သွေးတိုးနေချိန် အကိုက်အခဲပျောက်ဆေး သောက်ခြင်း
သွေးတိုးနေချိန် အကိုက်အခဲပျောက်ဆေးသောက်သုံးမိလျှင် သွေးပေါင်ချိန် မြင့်တက်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူများဟာ သွေးတိုးရောဂါကို ကုသပြီးမှသာ ဘေးကင်းစိတ်ချရသော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးသင့်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးလျှင် လူနာအတွက် စိတ်အချရဆုံးဖြစ်သည်။

▶️ဆေးပမာဏများများသောက်လျှင် ပိုသက်သာနိုင်မည်ဟု ယူဆခြင်း
လူအများစုဟာ အကိုက်အခဲပျောက်ဆေး ပမာဏကို နှစ်ဆသောက်လျှင် ပိုအာနိသင်ရှိမည်ဟု ယူဆကြသည်။ အကြံပြုထားသည့် ပမာဏထက် ပိုမိုသောက်သုံးခြင်းက လျင်လျင်မြန်မြန်သက်သာစေနိုင်မှာ မဟုတ်ပါဘူး။

▶️ဆေးအလွန်အကျွံသောက်သုံးမိလျှင် ဖြစ်တတ်သည့် လက္ခဏာများကို
မသိထားခြင်း
ဆေးကို ပမာဏအလွန်အကျွံသောက်သုံးမိသည့် လက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ မျက်လုံးလှုပ်ရှားမှု ပိုမြန်ဆန်လာခြင်း သို့မဟုတ် မျက်လုံးများနှင့် အသားအရေများ ဝါလာခြင်း စသည်တို့ ဖြစ်ပါတယ်။

အကိုက်အခဲပျောက်ဆေးများသည် နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အသေးစား ကိုက်ခဲနာကျင်မှုများ၊ ဖျားခြင်း၊ နှာချေခြင်း စသည်တို့ကို သက်သာစေနိုင်သည့် ဆေးများ ဖြစ်ပါတယ်။
ပမာဏအလွန်အကျွံသောက်သုံးလျှင် အထက်မှာ ဖော်ပြထားသည့် လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။

▶️အသက် (၆၅) နှစ်အထက်အရွယ်များက အကိုက်အခဲပျောက်ဆေးသောက်ခြင်း
အသက်ကြီးလာချိန်မှာ အစာအိမ်နှင့် အူလမ်းကြောင်းမှာ သွေးယိုစိမ့်မှု ဖြစ်လာနိုင်ပါတယ်။ ဆေးဟာ သွေးတိုးခြင်းဖြစ်စေနိုင်တာကြောင့် သင့်မှာ သွေးတိုးရောဂါရှိနေလျှင် ပိုဆိုးသွားစေနိုင်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မည်သည့်ဆေးနှင့် အသင့်တော်ဆုံးဖြစ်မည်ကို တိုင်ပင်ကြည့်သင့်ပါတယ်။

▶️ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း
သင်ဟာ ဆရာဝန်များထက် ဆေးဆိုင်မှ ဆေးဝါးပညာရှင်များကို ပိုမိုမြင်တွေ့ရနိုင်ပါတယ်။ ထိုသူများက ဆေးဝါးများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဓာတ်ပြုမှုများ ဖြစ်လာနိုင်သည်ဆိုသည်အထိ ကျွမ်းကျင်စွာ သိရှိထားသူများ ဖြစ်ပါတယ်။ အခြားသောဆေးများနှင့် တွဲဖက်သောက်သုံးနိုင်သည့်ဆေးဝါးများကိုလည်း သူတို့က သင့်ကို အကြံပေးနိုင်ပါတယ်။

#အကိုက်အခဲပျောက်ဆေးများသောက်သုံးကြရာတွင်လုပ်မိလေ့ရှိတဲ့အမှားမျာ

01/10/2022

ကိုယ်ဝန်ဖျက်ချခဲ့ရင် ဘာဖြစ်နိုင်သလဲ❓

ကျေးလက်ဒေသတွေမှာ တစ်ချို့ကိုယ်ဝန်ဆောင်တွေက ကလေးမွေးဖို့အတွက် အရပ်လက်သည်ကို အားကိုးကြသလို တစ်ချို့ကလည်း ကိုယ်ဝန်ဖျက်ချဖို့အတွက် အားကိုးကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်က အရပ်လက်သည်တိုင်း ကိုယ်ဝန်ဖျက်ချတဲ့အလုပ် မလုပ်ပါဘူး။ ကိုယ်ဝန်ဖျက်ချပေးတဲ့သူတိုင်း အရပ်လက်သည်မဟုတ်ပါဘူး။
တရားမဝင်ကိုယ်ဝန်ဖျက်ချခြင်းတွေဟာ ကျေးလက်ဒေသတွေမှာလည်း ရှိနေပါတယ်။ အရင်တုန်းကဆို အခုထက်ပိုများပြီး များသောအားဖြင့် လက်သည်တွေကိုပဲ အားကိုးကြတာပါ။ ဖျက်ချရာမှာသုံးတဲ့ မရွေးရိုးကို မရွေးပင်ကနေ ရပါတယ်။ အဲဒီမရွေးရိုးဟာ မာပါတယ်။ မရွေးရိုးကို ထိပ်ချွန်သွားအောင် သေချာသပ်ပါတယ်။ ပြီးတော့မှ သားအိမ်ခေါင်းဝထဲထိုးထည့်ပြီး သွေးထွက်အောင်လုပ်ပါတယ်။ သွေးထွက်လာရင် ပျက်တော့မယ်ဆိုတဲ့ လက္ခဏာလို့ ယူဆကြပါတယ်။ မရွေးရိုးအပြင် တခြားမာသောအချွန်တွေနဲ့လည်း ထိုးတတ်ကြပါတယ်။ ထီးရိုးကိုသုံးကြတာလည်းရှိပါတယ်။ အဲဒီလိုပြင်ပပစ္စည်းတွေအသုံးပြုတဲ့အခါ သန့်ရှင်းခြင်းနဲ့ ပိုးသတ်ခြင်းတွေမရှိကြပါဘူး။ ဒီလိုအချွန်အတက်တွေ့ကရာ မာမာအချောင်းနဲ့ ကိုယ်ဝန်ဖျက်ချရင် အဓိကအားဖြင့် ရောဂါပိုးဝင်ခြင်းနဲ့ သားအိမ်ပေါက်ထွက်ခြင်းတွေဖြစ်ပြီး နောက်ဆုံးမှာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

😭😱သားအိမ်ပေါက်ခဲ့ရင်
👉 သားအိမ်ပြန်ချုပ်ခြင်း သို့မဟုတ် သားအိမ်ထုတ်ပစ်ရခြင်းစတဲ့ ခွဲစိတ်ကုသခြင်းကို လိုအပ်ရင်လိုအပ်သလို တတ်ကျွမ်းသူမှ ပြုလုပ်ရနိုင်ပါတယ်။ ဒါ့အပြင်က ထိုးလိုက်တဲ့အချောင်းကြောင့် သားအိမ်အနီးအနားမှာရှိတဲ့ သွေးကြောတွေ၊ ဆီးအိမ်၊ အူစတဲ့ကိုယ်တွင်းအင်္ဂါတွေပါ ပေါက်နိုင်ပါတယ်။ အချိန်မှီကုသမှုမခံယူခဲ့ရင် သွေးထွက်လွန်ခြင်း၊ ရောဂါပိုးကြောင့် သွေးဆိပ်တက်ခြင်းတွေဖြစ်နိုင်ပါတယ်။ အချိန်မှီမကုသခဲ့ရင် ကိုယ်တွင်းသွေးယိုစိမ့်ခြင်းဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။

😭😱 သားအိမ်ထဲမှာအချင်းသို့မဟုတ် သန္ဓေသားအစိတ်အပိုင်းတွေကျန်ခဲ့ရင်
👉 သွေးသွန်ခြင်း၊ ဗိုက်ညှစ်ညှစ်ပြီးအောင့်ခြင်း၊ မိန်းမကိုယ်ကနေ အနံ့အသက်ဆိုးတဲ့အကျိအချွဲများဆင်းခြင်း၊ အဖျားတက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေ ခံစားနေရပါက ဆေးရုံဆေးခန်းတွေမှာ တတ်ကျွမ်းသူနဲ့ ပြသကုသမှုခံယူဖို့ အရေးကြီးပါတယ်။

**အရေးကြီးတဲ့အချက်ကတော့ ကိုယ်ဝန်မလိုချင်သေးပါက မိမိနဲ့ အဆင်ပြေမယ့် သားဆက်ခြားနည်းလမ်းတစ်ခုခုကို တတ်ကျွမ်းသူနဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ ပုံမှန်သုံးစွဲသင့်ပါတယ်။

01/10/2022

ဗီတာမင်_အေ_ချို့တဲ့သည့်_လက္ခဏာများ

ဗီတာမင်အေဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ဗီတာမင်အေကို နေရာအနှံ့အပြားကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်အေ ရရှိနိုင်သော အစားအသောက်များမှာ ငါး၊ နို့ထွက်ပစ္စည်း၊ ကြက်ဥနှင့်အသားတို့ ဖြစ်ပါတယ်။

➡️ဗီတာမင် အေ ချို့တဲ့သည့် လက္ခဏာ (၄) မျိုးရှိပါတယ်။

၁။ ညဘက်မမြင်ရခြင်း
ခန္ဓာကိုယ်မှာ လိုအပ်သည့် ဗီတာမင် အေ ချို့တဲ့နေခြင်းက ညဘက်တွေမှာ မမြင်ရတော့ပါဘူး။ စမ်းသပ်မှုမှာ အမျိုးသမီးများကို (၆) ပတ်ကြာအောင် ဗီတာမင်အေ ဖြည့်စွက်စာများ တိုက်ကျွေးပါတယ်။ အမှောင်ထဲမှာ မြင်နိုင်စွမ်း (၅၀) ရာခိုင်နှုန်း ပိုမိုတိုးလာတာကို တွေ့ရှိရပါတယ်။ မျက်လုံးကျန်းမာရေးဟာ ကျွန်တော်တို့အတွက် လွန်စွာမှ အရေးကြီးလှပါတယ်။ သင်ဟာ ဗီတာမင် အေ ချို့တဲ့နေတယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်စစ်ဆေးကြည့်သင့်ပါတယ်။

၂။ မျိုးပွားနိုင်နှုန်း လျော့ကျခြင်း
သင်ဟာ သန္ဓေမဆောင်နိုင်ဘူးဆိုတဲ့ အကြောင်းတွေကို
ကြားဖူးကြမှာပါ။ သို့သော် မျိုးမပွားနိုင်တော့ခြင်း ဆိုသည့်အချက်က ဗီတာမင် အေ ချို့တဲ့ခြင်းနှင့် ဆက်စပ်နေပါတယ်။

ဒီပြဿနာမှာတော့ အမျိုးသားရော အမျိုးသမီးရော အတူတူပဲ ဖြစ်ပါတယ်။ ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ထပ်ခါထပ်ခါ ကိုယ်ဝန်ပျက်ကျဖူးသည့် အမျိုးသမီးတစ်ဦးကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဗီတာမင် အေ ချို့တဲ့နေတာကို တွေ့ရှိရပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း၊ မျိုးမအောင်ခြင်း စသည်တို့က လူကို စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်။
ဒီလိုပြဿနာမျိုးတွေ ကြုံတွေ့ရပြီဆိုရင် ဗီတာမင် ချို့တဲ့မှုကို စစ်ဆေးကြည့်သင့်ပါတယ်။

၃။ အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ခြင်း
ဗီတာမင်အေ ချို့တဲ့မှုကြောင့် ဖြစ်လာသည့် ပြဿနာတစ်ခုကတော့ အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါတယ်။

အကြောင်းအရင်းမသိဘဲ အနီကွက်များ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဗီတာမင်အေ ချို့တဲ့သည့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်ပြီး ကြည်လင်နေသည့် အသားအရေလေးကို ရရှိနိုင်စေဖို့ ဗီတာမင် အေက မရှိမဖြစ် လိုအပ်ပါတယ်။

ပြင်းထန်သည့် လက္ခဏာမပြခဲ့လျှင်တောင် ဗီတာမင် ချို့တဲ့မှုများကို (၆) လတစ်ခါ စစ်ဆေးကြည့်ဖို့ ဆရာဝန်များက အကြံပြုထားပါတယ်။

၄။ ခေါင်းမှာ ဗောက်ထခြင်း
ဆံပင်မှာ ဗောက်တွေရှိနေခြင်းက စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေးကြီးတဲ့နေရာတစ်ခုခုမှာ ရောက်နေချိန်မှာ ပုခုံးပေါ်ကို အဖြူရောင်ဗောက်ဖတ်တွေ ကျလာတာမျိုးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။

ဗောက်ဆိုတာ ဆံသားခြောက်သွေ့မှုကြောင့် ဖြစ်လာတာ
ဖြစ်ပါတယ်။ ဗောက်ထခြင်းက ဗီတာမင်ချို့တဲ့ခြင်းကြောင့်လို့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပါဘူး။

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေ အသုံးပြုရင်းသာ
ဒီပြဿနာကို ဖြေရှင်းတတ်ကြပါတယ်။ အကြောင်းအရင်း
မရှိဘဲ ဗောက်ထနေပြီဆိုရင်တော့ ဗီတာမင် ချို့တဲ့မှု ရှိမရှိ စစ်ဆေးခြင်းက အကောင်းဆုံးပါပဲ။

#ဗီတာမင်_အေ_ချို့တဲ့သည့်_လက္ခဏာများ

01/10/2022

😖 သားသားမီးမီးတို့နဲ့ တုတ်ကောင် အန္တရာယ်


နေ့လည်နေခင်းလူနာပါးချိန်မို့ရပ်ကွက် ဆရာဝန်လေးမောင်လွင် တစ်ယောက် ထမင်းစားပြီး ခဏနားမယ်ကြံတုန်း....

"ဆရာရေ ".... ဟု ဆိုသော ခေါ်သံကြောင့် ထွက်ကြည့်မိ၏။

ခေါ်သံက ရပ်ကွက်ထဲကမအေး ဆိုသူ အမျိုးသမီးတစ်ယောက်......

"ကဲ....ဆိုပါအုံး..... ဘာပြုလို့တုန်း?"

" ဒီလို ဆရာရေ.... ကျွန်မသားလေးပေါ့...ညညဆို ... ကန်တော့ နော်ဆရာ... စအိုဝ ကယားပြီး ကုတ်နေရတာနဲ့ အိပ်မရပါဘူး ဆရာရေ.... အိပ်လို့မရတော့ ကလေးက ငို၊ စိတ်ကမကြည်နဲ့ ...မနက်ဆိုလည်း ကျောင်းသွားဖို့ မထနိုင်နဲ့ အင်မတန် ဒုက္ခရောက်တယ် ဆရာရေ...."

ကြားလိုက်ကတည်းကတုတ် ကောင်ထိုးနေပြီလို့ မောင်လွင်တစ်ယောက် မှန်းဆမိချေ၏။

"ကဲ.... မအေးရေ.... ဘာမှမပူနဲ့။ Albendazole လို့ခေါ်တဲ့သောက်ဆေး တစ်ခါစာပေးလိုက်မယ်။ ဒီနေ့ အိမ်ပြန်ရောက်ရင် တိုက်လိုက်.... နောက်၂ပတ်နေရင်တစ်ခါ ထပ်တိုက် ...ကောင်းသွားလိမ့်မယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့တုတ်ထိုးတာပါ"

"ကျေးဇူးပါဆရာရေ "

ဟုလှည့်ပြန်မည် အလုပ် ..

"နေဦးကလေး အမေရေ.... အရေးကြီးတာမှာရဦးမယ်။ ဒီတုတ်ကောင်က ပြန့်လွယ်တယ်။ ကလေးမှာပျောက်သွားပေမယ့်လည်း အတူနေတဲ့မိသားစုမှာ ပြန်ဖြစ်တတ်ပြီးဂျာအေးသူ့အမေ ရိုက်နေလိမ့်မယ်" ဆိုတော့ လက်ကို သေချာဆေး၊သန့်ရှင်းရေးသေချာလုပ်၊ ပြီးတော့ အရေးကြီးတာက အသားတွေ ချက် ရင်သေချာကျက်အောင် ချက်......ဘာလို့လဲဆို တော့ ဒီတုတ်ကောင်က အဲဒီလို အသားတွေထဲမှာလည်း ပါတတ်တယ်။ ဟုတ်ပြီနော်..."

"ဟုတ်ကဲ့ ဆရာ"

" ဪ...မေ့လို့.... ဒီဆေးကို ခင်ဗျားတို့ တစ်အိမ်သားလုံး လည်း တစ်ခါတည်း သောက်ထား။ အဲဒါမှပြန်မဖြစ်မှာ ...."

" ကျေးဇူးပါဆရာရေ........

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🔔လဝီသာယာ အထူးကုဆေးခန်းနှင့် သားဖွားခန်းတွင်📢သူနာပြုအကူ(အမျိုးသမီး) ၂ဦး အလိုရှိသည်။📢ရွှေပြည်သာမြို့တွင်းနေထိုင်သူ ၊အိမ်ထေ...

Telephone

Website

Address


No 1256, Kant Kaw Street, 12 Ward, 81 Bus Stop, Shwe Pyi Thar Township
Yangon
11411

Other Maternity Clinics in Yangon (show all)
Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

San Taw Win Clinic San Taw Win Clinic
Yangon

ကလေးနှင့် သားဖွားမီးယပ်အထွေထွေရောဂါကုဆေးခန်း

Myint Zu Specialist Clinic Myint Zu Specialist Clinic
80 A Kyaung Kyi Street, Kyi Myint Tine Township
Yangon

အမှတ် ၈၀A ကြည်မြင်တိုင် ကျောင်းကြီးလ

Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ
Yadanar Street
Yangon, 11231

We will provide best healthcare services and best customer care with reasonable prices.Thank you.

Clinic Orchid Clinic Orchid
No. 232, Level 5, Room 57, Orchid Condo, Ahlone Township
Yangon

ချမ်းမြေ့သာ အထူးကုဆေးခန်း၊ သားဖွား စင်တာ နှင့် ရောဂါရှာဖွေရေး စင်တာ ချမ်းမြေ့သာ အထူးကုဆေးခန်း၊ သားဖွား စင်တာ နှင့် ရောဂါရှာဖွေရေး စင်တာ
313/32, Palae Street, Shwe Pyi Thar Township
Yangon, 11411

အထူးကုဆေးခန်း၊ အဆင့်မြင့် သားဖွား စင်တာ နှင့် အဆင့်မြင့် ရောဂါရှာဖွေရေး စင်တာ

Shwe Doctor - ရွှေဒေါက်တာ Shwe Doctor - ရွှေဒေါက်တာ
No. 730, 14 Quarter, Bagan Street, Shwe Pauk Kan, North Okkalarpa
Yangon, 11001

မိခင်နှင့် ကလေးများ အားထားရာ

စွယ်တော်သင်း အထူးကုဆေးခန်းနှင့် ဆေးဆိုင်- STT စွယ်တော်သင်း အထူးကုဆေးခန်းနှင့် ဆေးဆိုင်- STT
Insein Road, Myanmar, Burma (Myanmar)
Yangon

အထူးကုဆေးခန်းနှင့်ဆေးဆိုင်

Pun Hlaing Clinics Taw Win Pun Hlaing Clinics Taw Win
No. 14/A, Taw Win Street (Corner Of Ambassador St And Taw Win St), Dagon Tsp
Yangon

Our Pun Hlaing Clinic is located in Yangon and provides Acute Care Clinic, 24/7 “Hospital on Wheels”

Milk and Motherhood Milk and Motherhood
Yangon

Welcome to “Milk and Motherhood”, a nurturing hub dedicated to supporting and empowering mothers.