Ummi 2.0

O Allah , I seek refuge in you from the knowledge that does not benefit. Prophet Muhammad ﷺ

13/10/2023

အခုချ ပြထားတဲ့ link တွေဟာ စိတ်ကျန်းမာရေးကို အလွန်ထိခိုက်နိုင်သလို မခံစားနိုင်တဲ့ အခြေအနေ အထိ ဖြစ်နိုင်ပါတယ် လေ့လာရုံ သုံးဖို့ အကြံပြုပါတယ် ။
ဒီ instagram page တွေကို အမြဲ ကြည့်နေရင် muslim တစ်ယောက်အနေနဲ့ ခံပြင်းတာ ဒေါသထွက်တာတွေ တွေးရုံနဲ့ ဝမ်းနည်းတာ အပြင် မျက်ကွယ်ဂျနာဇဟ်ဆွလားဟ် ကို လတိုင်းနည်းပါး ဖတ်ရပါလိမ်မယ်။
ပြောပြချင်တာတွေ အရမ်းများပေမဲ့ ကိုယ်တိုင်လေ့လာဖို့ကိုဘဲ ထက်ပြီး အကြံပေးလိုက်သလို ဒိုအာတိုင်းမှာ သတိရပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
https://www.instagram.com/eye.on.palestine/

https://www.instagram.com/sbeih.jpg/

https://www.instagram.com/cravingpalestine/

https://www.instagram.com/palestiniancomedy/

https://www.instagram.com/palestine.pixel/

https://www.instagram.com/rabetbypipd/

https://www.instagram.com/p/CyUL5HErY9B/

13/10/2023

Muslim လူငယ်များ အတွက်

12/10/2023

မနက်ဖြန် သောကြာနေ့မှာ မယာသ်တွေ မပါတဲ့ "မျက်ကွယ် ဂျနာဇဟ် ဆွလားဟ်"ကို တူရကီ တစ်နိုင်ငံအတိုင်းအတာနဲ့ ဖတ်ဖို့ ရှိတဲ့ ဗလီ စရင်း ကို IHH မှာ ထုတ်ပြန်ထား...

07/10/2023

အမေရိကန်အပြန် တူရကီ ရောက်ပြီး အမေရိကန် ရအောင်ပြန်သွားမယ်လို့ အိမ်မက်ရှိဖူးတယ်။ ကံဆိုးတယ်ပြောရမလား ကံကောင်းတယ်ပြောရမလား တော့ မသိဘူး ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေက ပါလက်စတိုင်လူမျိုးဖြစ်နေတယ်။ ကိုယ်တွေလူမျိုးနဲ့ တူညီတဲ့ နိုင်ငံရေး အခြေအနေရှိတဲ့ ( တစ်နေရာနဲ့ တစ်နေရာသွားရင် ထောက်ခံစာယူတာ၊ နေရာတိုင်းမှာ စစ်​ဆေးရေရှိတာ၊ မတရားအသက်ခံရတာ) အတွက် သူတို့ သမိုင်းကို ကြားတိုင်း ရင်ထဲနင့်ရတယ်။

အမေရိကန်က billion နဲ့ ချီတဲ့ ပိုက်ဆံကို သူတို့မြေကျူးကျော်သူတွေပေးတယ် UN က ပါလစတိုင်းဆိုရင် မြဝတီဖြစ်သွားတယ်။ မတော်မတရားတဲ့ စစ်ဆိုပေမဲ့ သူတို့ဆက်တိုက်တုန်းဘဲ။ ပြောတဲ့ လူတွေလဲပြောတယ် ပါလစတိုင်းက စစ်ပညာမရှိလို့၊ အရည်အချင်း မရှိလို့ ရှုံးသလိုမျိုး။

သူတို့မြေအတွက် သူတို့တိုက်တော့ ယူကရိန်းက တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်ပြီး ပါလစတိုင်းက သူပုန်အကြမ်းဖက်ဆိုတဲ့ double standard တွေမြင်ရပြီးကိုယ်ရဲ့ အမေရိကန်လမ်းက ပျောက်တာဘဲ လူတွေက ပြောတယ် အမေရိကန် မရွေးဘဲ တူရကီရွေးလို့ မစဉ်းစားတတ်ဘူးလားတဲ့ ကိုယ်ရဲ့ ရွေးချယ်မှုမှားအုန်း ကိုယ့် tax တွေ သူတို့ပေးလိုက်ရမှာကို သိနေတော့ အဆင်ပြေမနေဘူး။

လောလောဆယ် တူရကီက ဘဘက လက်ဆွဲတဲ့ အဆင့် ဆော်ဒီကလဲ လာပါလာပါ ဆိုတဲ့ အဆင့် ဒူဘိုင်းက လက်တွဲပြီး ကနေတဲ့ အဆင့် အမေရိကန်က billion ကို ပေါ်တင်ထောက်ပံ့တဲ့ အဆင့်
ကိုယ်ကတော့ " from the river to the sea, Palestine will be free " အဆင့်ဘဲ။

27/09/2023

السلام عليكم
ဒီနေ့တော့ Namaz, Dua & Zikir ၃ ခု အသုံးပြုပြီး စိတ်ချမ်းသာအောင် ထားလို့ရတယ် ဆိုတာကို ပြောပြထားတာဘဲ ဖြစ်ပါတယ်။
haram တွေကြောင့် စိတ်ဒုက္ခရောက်တဲ့ အခါ Haram တွေနဲ့ စိတ်မဖြေပါနဲ့ ထိရောက်တဲ့နည်း ရေရှည်အတွက် အသုံးဝင်မဲ့ နည်းတွေနဲ့ စိတ်ချမ်းသာအောင် ထားလို့ ရပါတယ်။

20/09/2023

အတန်းရှင်းရှာကြသူများ အပိုင်း ၁
brownie version

19/09/2023

တခါတလေကိုယ်တွေက လက်ရှိဘဝကို စိတ်ကုန်နေတာမျိုး စိတ်ပူနေတာမျိုးတွေ ခံစားရလိမ့်မယ်။ ကိုယ်လိုချင်တာ မရတဲ့ အခါ လူဆိုတာက ပူဆွေးမှုတွေ နောင်တ တွေ ရတတ်တာ သာမန်ပါဘဲ။
သာမန်လူဖြစ်တဲ့ အတွက် အနာဂတ်ကို ကြိုမသိသလို ဘယ်အရာက ကိုယ်ဘဝ အတွက် အကောင်းဆုံးလဲ ဆိုတာကိုလဲ မသိနိုင်ပါဘူး။ အရင်က လိုတာ မရရင် ဖန်ဆင်းရှင်ကို အပြစ်ရှာတတ်တယ်။ ဘာလို မပေးတာလဲ ဆိုတာမျိုး ။ အခုတော့ Alhamdulillah အကြောင်းအရာ တစ်ခုခုကြောင့် ဒါမ မဟုတ် ငါ့ဘဝအတွက် မကောင်းတဲ့ အရာမို့လို့ မပေးတာဖြစ်နိုင်တယ်လို့ ထင်မြင်လာတယ်။ ငါသာနည်းနည်း သည်းခံပြီး စောင့်လိုက်ရင် ငါအတွက် ပိုကောင်းနိုင်တဲ့ အရာကို Allah ပေးလိမ့်မယ်လို ယုံကြည်လာတယ်။ ဘာလိုယုံကြည်လဲဆိုရင်က ကိုယ်က နှင်းဆီ တစ်ပွင့်တောင်းရင် Allah က နှင်းဆီ ပန်းခင်းတစ်ခု ပေးလေ့ရှိတယ်။ ကိုယ်က သန်မာမှုကိုတောင်းရင် ပြသနာနဲ့ အတူ ဖြေရှင်းနည်းကိုပါလမ်းပြတယ်။ ကိုယ်က မိတ်ဆွေစစ်ကိုတောင်းရင် မျက်နှာ ၂ မျိုးနဲ့ ကိုယ်ဘေးနားက လူတွေကို ဖယ်ရှားလိုက်တယ်။ အကြောင်းအရာများများ တွေ့ကြုံပြီးတဲ့ နောက်မှာ ဘယ်လောက်ဆိုးတဲ့ ကိစ္စကို ကြုံကြုံ အဆိုးထဲမှာ အကောင်းတွေရှိတာကို ယုံလာတယ်။
‎كُتِبَ عَلَيْكُمُ ٱلْقِتَالُ وَهُوَ كُرْهٌۭ لَّكُمْ ۖ وَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًۭٔا وَهُوَ خَيْرٌۭ لَّكُمْ ۖ وَعَسَىٰٓ أَن تُحِبُّوا۟ شَيْـًۭٔا وَهُوَ شَرٌّۭ لَّكُمْ ۗ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
Fighting has been made obligatory upon you ˹believers˺, though you dislike it. Perhaps you dislike something which is good for you and like something which is bad for you. Allah knows and you do not know. (2:216)

16/09/2023

ဒီတစ်ပတ်တော့ Morocco 🇲🇦 နဲ့ Libya 🇱🇾 သတင်းက တော်တော်များတယ်
စည်းစိမ်းတွေ မိသားစုတွေကို လက်လွှတ်လိုက်ရလဲ Alhamdulillah ရှိနေဆဲ ။
May Allah bless us with Patience.

12/09/2023

السلام عليكم
ဒီနေ့တော့ စိတ်ချမ်းသာအောင် ဘယ်လိုထားမလဲဆိုတာကို Quran ထဲက စာသား ၅ ကြောင်းနဲ့ ရှင်းပြထားတာဘဲ ဖြစ်ပါတယ်။
haram တွေကြောင့် စိတ်ဒုက္ခရောက်တဲ့ အခါ Haram တွေနဲ့ စိတ်မဖြေပါနဲ့ ထိရောက်တဲ့နည်း ရေရှည်အတွက် အသုံးဝင်မဲ့ နည်းတွေနဲ့ စိတ်ချမ်းသာအောင် ထားလို့ ရပါတယ်။

10/09/2023

page စဖွင့်ထဲက အကြောင်းမရှိအကြောင်းရှာ မပြောသင့်တဲ့ စကားတွေ လာလာပြောတဲ့ ဆန်ကျင့်ဘက်လိင်တွေ အကြောင်း ခဏခဏ ပြောဖြစ်တယ် တော်တော်များများကလဲ သည်းခံဖို့ ဂရုမစိုက်ဖို့ပြောကြတယ် အဲ့ထဲမှာ ကိုယ်ကို အားနွဲ့တဲ့ မိန်းမလိုထင်ပြီး " မမကို ညီမကို ကာကွယ်ပေးချင်တယ်" ဆိုတဲ့ စကားမျိုး ခဏခဏကြားရတယ်။

မိန်းကလေးတွေဆိုတာ သူတို့ အားကိုးချင်တဲ့ လူရှေ့မှာဘဲ အားနွဲ့လိမ့်မယ် ယောက်ျားတိုင်းရဲ့ အရှေ့မှာ အားနွဲ့ချင်စိတ် မရှိကြဘူး။ မိန်းမ ယောက်ျား ကြိုးဝိုင်းထဲမှာ ထိုးရင် အမျိုးသမီးက မနိုင်ဘူးဆိုတာ သိပြီးသား ။ ဒါကလဲ အမှန်တရားဘဲ ။

ကိုယ်ကတော့ ကိုယ့်ကို physical အရ မိန်းမအချင်းချင်း ဘဲ ဖြစ်ဖြစ် ယောက်ျားတွေဆီကဘဲ ဖြစ်ဖြစ် အနိုင်ကျင့်တာ မခံရအောင် ဝူရှူး၂ နှစ် kickboxing ၂ နှစ် နဲ့ ကရာတေးကို ခါးပတ်အနက်ပါ ယူထားတယ်။

ပုံမှန် ကိုယ့်အားကစားတွေကို ဝှက်ထားတယ် အခုတော့ စာဖတ်ရုံ စာသင်ရုံနဲ့ မဟုတ်ဘဲ အားကစားနဲ့ပါ စိတ်ကော ကိုယ်ကော ကျန်းမာအောင်လုပ်ဖို့ တိုက်တွန်းချင်တယ်။

inshallah နောက်ပိုင်း halal နည်းနဲ့ healing လုပ်နိုင်အောင် ပြောပြသွားအုန်းမယ်။ haram ကြောင့် နာကျဉ်းရတဲ့ အခါ haram နဲ့ healing မလုပ်ပါနဲ့ halal နဲ့ဘဲ healing လုပ်ပါ

05/09/2023

ဇူးဇူးကို ပိုက်ဆံပေးရင်တောင် အဲ့လောက် reached မဖြစ်ဘူး 🥲🥲🥲

04/09/2023

other : တစ်ယောက်ထဲနေရတာမပျင်းဘူးလား ??စကားပြောဖော်မရှိ ဘာမရှိ
me with my cats:

04/09/2023

HALAL loneliness is better than HARAM happiness.
ဒီစာသားကို မြင်ဖူးကြလား???
Instagram က trending ဖြစ်ပြီးဆိုရင် video တွေ စာသားတွေ သီချင်းတွေကို ခဏခဏတွေ့ရတယ်။
ဒီစာသားကို ရည်းစားထားသူတွေအတွက် ရည်ရွယ်ပြီးဘာသာရေး page တွေက ပြောနေပေမဲ့ ရည်းစားထားတယ်ဆိုတာထက်ပိုမြင်မိတယ်။ ဥပမာ ဘေးနားမှာ သူငယ်ချင်းတွေအများကြီးရှိတယ် ဒါပေမဲ့ ပျော်ပျော်ပါးပါး haram အလုပ်တွေလုပ်ကြတာမျိုး၊ ရေတိုကြည်ရင် လူတွေနဲ့ ပျော်ရပေမဲ့ haram ဖြစ်နေတဲ့ အပျော်က ကြာကြာမခံတတ်ဘူး။ တခါတလေ haram နဲ့ normalization လုပ်ထားတော့ ပြန်ရတာက miserable life ဖြစ်သွားတတ်တယ်။ အဲ့တော့ halal လား ?haram လား ? happiness လား ? loneliness လား ?

03/09/2023

ည ၁၁: ၃၀ လောက် လမ်းမှာ ကားတွေ ဟွန်းအသေတီးလို့ ဘာဖြစ်လဲဆိုတော့ တူရကီ အမျိုးသမီး ဘောလီဘော အသင်း champion ဖြစ်လို့တဲ့ ၁၂ ကျော်နေပြီး ပွဲခံလို့ကောင်းတုန်း 🤓🤓

Türkiye emerges victorious with a 3-2 score against Serbia, securing the Gold medal at the 2023 Women’s European Volleyball Championship (CEV EuroVolley).

The ‘Sultans of the Net’ currently hold the top rank in the women’s volleyball world rankings, a position they achieved by winning the 2023 FIVB Women’s Volleyball Nations League in July.

29/08/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ အော်တိုမန် အင်ပါယာရဲ့ ဘုရင်တွေထဲက ဘုရင် Mehmed Çelebi ရဲ့ ဗလီ ဖြစ်တဲ့ Yeşil cami ( Green Mosque) 🕌 ရယ် ဘုရင်နဲ့ သူ၏မိသားစုတွေကိုမြုပ်ထားတဲ့ Yeşil Türbe ( Green Tomb) တို့ကို ပြထားတာဘဲဖြစ်ပါတယ်။

Photos from Ummi 2.0's post 24/08/2023

modesty လို့ပြောရင် islamဘာသာဝင်အမျိုးသမီးတွေ အတွက်လို့ ထင်တတ်တယ် sister to sister program အတွက်လေ့လာရင်း ဘာတွေ့ရလဲ ဆိုတော့ မွတ်စလင် အမျိုးသမီးသာမက မွတ်စလင် အမျိုးသားတွေမှာလဲ modesty ရှိတယ် ထိုအပြင် တခြား ဘာသာဝင် တွေမှာ ကိုယ်တွေနဲ့ ဆင်တူနီပါးရှိတဲ့ modesty ကိုတွေ့ရတယ်
ပုံထဲမှာ Orthodox christian နဲ့ jewish တွေရဲ့ ပုံတွေဘဲဖြစ်တယ်
ဒီနေ့တော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှင့် အဝတ်အစားကို Islamic Institute of Burma မှာ ကြည့်နိုင်မှာဘဲဖြစ်ပါတယ်။
link : https://www.facebook.com/IslamicInstituteofBurma/videos/1678100282670107

23/08/2023

မြန်မာပြည်က လူတွေသာ denklik မလိုတော့ဘူး ဘာညာပြော နေတာ ဒီမှာတော့ YOK က ငါတို့ကို လုပ်ပိုင်ခွင့်ပေးထားတာ ၁လအတွင်း denklik မပေးရင် ကျောင်းထုတ်မှာတဲ့ မဟုတ်ရင်လဲ ဆက်တိုက် စာတင်ပြီးနေမ ရမယ်ဆိုတာမျိုး
တနည်း denklik က ကျောင်းတော်တော်များများက မရှိမဖြစ်ဘဲ...

အခြေအနေကို သေချာစုံစမ်းပြီးမ ပြန်ဝင်ကြပါ ပြီးမ အလိမ်ခံရလို့ ပိုက်ဆံကုန်လို့ ဘာမ အဖြစ်မရှိတဲ့ နိုင်ငံတို့ ငွေကြေးဖောင်းပွပြီး မြန်မာပြည်ထက် အခြေအနေ ဆိုးတယ်ဆိုတဲ့ ဂျာအေး သူမေရိုက် အကွက်တွေ ထက်မဖြစ်အောင် သေချာစုံစမ်းပါ။

YOK ရေးထားတာကို အစက ဘာသာပြန်ဖို့ဘဲ ပြန်စဉ်းစားကြည့်တော့ ဒီရောက်တာ တစ်နှစ်ကျော်ပြီး ဒီစာရွက် တစ်ခုကိုတောင် သေချာ နားလည်အောင် မလုပ်နိုင်ရင် မဟုတ်သေးဘူးဆိုတာဘဲ။
အဲ့တော့ ကျောင်းတွေကိုသေချာမေး သေချာစကားပြော အခုက ပိုက်ဆံလက်ခံနေတဲ့ အချိန်မို့လို့ သတိထား

22/08/2023

ကြောင်ပိုင်ရှင်တွေ အလုပ်လုပ်သောအခါ

21/08/2023

ကိုယ်တွေ ငယ်ငယ်က ကိုယ်ထက် အသက်ကြီးသူနဲ့ စကားပြောရင် ခင်ဗျာ ဆိုတဲ့ စကားကို အသက်ကြီးသူ အရှေ့မှာ သုံးလေ့မရှိဘူး
အခုတော့ အသက်၂၀ ကျော်ကျော်က ၂၈ ၂၉ အရွယ်ကိုပါ ခင်ဗျာလို့ သုံးချင်၊ သုံးနေ ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံရင် လေးစားမှုဆိုတာလိုတယ် အသက်ကြီးသူက ငယ်သူကို ငယ်သူက ကြီးသူကို တနည်း လူက လူကို ဆိုတဲ့ အတိုင်း ...

တခါတလေ generation L ဆိုပြီး သုံးတာမျိုးမြင်လိမ့်မယ် အဲ့တော့မေးစရာက ကိုယ့်ထက်ကြီးတဲ့ လူတိုင်း generation L လား ၊ ဒါမ မဟုတ် အသက်ကြီးတိုင်း ဆန်ကုန်မြေလေတွေလား။ ပြီးတော့ နင်တို့ လူကြီးတွေက ဘာတတ်လို့လဲ ဘာသိလို့လဲဆိုတဲ့ အထင်သေမှုတွေ...

တိုးတတ်နေတဲ့ နည်းပညာတွေရှိတဲ့ အချိန်မှာမွေးလို့ ငါတို့က အကြီးတွေထက်ပိုတတ်နေတယ်ထင်ရင် လူဆိုတာဘာလဲ လူဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ လေ့လာသင့်တယ်။

အခုခေတ်မှာ အမှန်တရားကိုဘဲ ဖော်ထုတ်နေသယောင် နဲ့ သူများ အပြစ်ကို လူရှေ့သူရှေ့ချပြတတ်တာ ဘာလိုလဲဆိုတာ ကိုယ်ဟာကိုယ် သုံးသပ်ဖို့ အားနည်းလို့ ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် ရှိသင့်တဲ့ လေးစားမှု မရှိလို့...

တချို့ကိစ္စတွေက နိုင်ငံရေးကို အလွယ်လေ အပြစ်တင်လို့ရတယ်။ တစ်ခုဘဲ နိုင်ငံရေးကောင်းသွားရင်ကော လူ လူချင်း လေးစားမှု ညှာတာမှု တွေ အလို အလျောက် ခန္ဓာကိုယ်ထဲ ဝင်လာ မှာလား ဆိုတာဘဲ။

ရိုင်းတာကို လူအဖွဲ့အစည်းမှာ လက်ခံလို့ မရဘူး ဒီနေ့ ခင်ဗျာ ဆိုတာသုံးမယ် နောက်နေ့ L word သုံးမယ် နောက် ဘယ်လောက်မ မကြာဘူး လူတွေကို စိန်ခေါ်မယ် နောက်ဆုံး အဲ့လူ စိတ်ထိခိုက်တဲ့ အထိ မကောင်းတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်မယ်။ တစ်ရက်ထက် တစ်ရက် ရှိုင်သန်က ကြီးလာဖို့ဘဲရှိတယ်။

လူတွေမွေးလာတာ မကောင်းတဲ့ စကားလုံးတွေကြားဖို့ မဟုတ်သလို ဘယ်သူကမ မကောင်းတဲ့ စကားလုံးတွေကြားဖို့ မထိုက်တန်ဘူး။

အရင်က အဲ့လို စကားလုံးမျိုးသုံးရင်တောင် အဲ့လူနဲ့ စကားဆက်ပြောဖြစ်တယ် အခုကတော့ ရှင်းတယ် ကိုယ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို မပေးနိုင်တဲ့ လူတွေနဲ့ ဝေးဝေးနေတယ်။ လူတွေကိုလိုက်ပြီး ထိန်းချုပ်လို့ မရဘူး ကိုယ်ဟာကိုယ်ဘဲ ထိန်းချုပ်လို့ရတယ်။ မာနကြီးစရာ မလိုဘူး တစ်ခုဘဲ ဘယ်ကိစ္စမဆို စည်းဆိုတာ ရှိဖို့ လိုတယ်ဆိုတာဘဲ။

Photos from Ummi 2.0's post 18/08/2023

သောကြာနေ့ သို့မဟုတ် Cuma günü
သောကြာနေ့ နမဇ်ဖတ်ပြီး ရင် အပြင်မှာ အခုလို ကားတွေ နဲ့ Lokma ဆိုတဲ့ မုန့် အလကားပေးလေ့ရှိကြတယ်။ တခြား အချို့မုန့်တွေလဲ ဗလီနားမှာ အလကားကျွေးသလို လူစည်တဲ့နေရာတွေမှာလဲ အလကားကျွေးကြတယ်။ lokma က ဂျုံကြော် မုန့်တမျိုးကို သကြားရေ နဲ့ စားကြတာဖြစ်ပြီး တချို့က သကြားရေ မပါဘဲ စားကြတယ်။ ဝယ်စားရင် chocolate တွေ တခြား အစေ့တွေနဲ့ ရောင်းတတ်ကြတယ်။

16/08/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ IOU အရင်က Islamic online university ကနေ International open university ပြောင်းလဲ ခေါ်ထားတဲ့ Online university တစ်ခုကို မိတ်ဆက်ပေးထားတာဘဲဖြစ်ပါတယ်။ Islamic university တစ်ခုဖြစ်ပြီး စီးပွါးရေး၊ ပညာရေး၊ စိတ်ပညာစတဲ့ မေဂျာတွေကို သင်ပေးနေတဲ့ university လဲ ဖြစ်ပါတယ်။ တခြားမေဂျာကနေ islamic study master တတ်ချင်ရင်လဲ postgraduate certificate အတန်းတွေလဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာနေတဲ့ လူတွေက တခြားနိုင်ငံက လူတွေထက်လဲ စျေးပိုပေါပါတယ် ။
အသေးစိတ်ကို website မှာ ထက်ပြီး ကြည့်နိုင်ပါတယ်။
ကဲ အိမ်မှာနေလဲ online ကနေ islamic studiesကို သင်လို့ရမှာဘဲ ဖြစ်ပါတယ်။
May Allah guide us. 💕

university link:
https://iou.edu.gm/?ref=2023s2-nl-earlybird-reverts
Diploma link:
https://diploma.iou.edu.gm/index.php?

15/08/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ ချုပ်ချယ်ခံရတဲ့ အခါ ဘယ်လို အကောင်းမြင်မလဲ။ အဲ့လိုဘဲ ဘယ်လိုမျိုး အချိန်ကို အသုံးချမလဲ။ ဖဿဝါ အားကိုးမလား?? ဒိုအာအားကိုးမလား??

Photos from Ummi 2.0's post 13/08/2023

Ayasofya ဗလီ ရဲ့ကြောင်အသစ် သို့မဟုတ် Seymen
မျက်စိ အရောင်မတူ
Ankara က Pursaklar ဆိုတဲ့ နေရာကနေ ဗလီကို ပို့လိုက်တယ် ဆိုဘဲ
သွားရှုပ်လို့ မရဘူး ပတ်စပို့လဲ ရှိတယ် အထောက်အထားမှာ အဖေအမေ ရဲ့ ထောက်ထားပါထည့်ရေးထားတယ် 😌😌😌
crd: Yeni Şafak
video link : https://www.youtube.com/watch?v=W0OF2EuvwQQ&t=1s

10/08/2023

ပထမ အကြိမ် psychologist နဲ့ စကားပြောတော့ "သူတော့ ငါဘဝအတွက် အရေးကြီးတာတွေကိုရွေးချယ်ပေးမယ်"လို့ ထင်ခဲ့တယ် ဒီလိုနဲ့ session ၄ ခုလောက်ပြီးတော့ နားလည်လိုက်တာက သူက ကိုယ့်ဘဝအတွက် လိုအပ်တာတွေကို ဆုံးဖြတ်ပေးမှာမဟုတ်ဘဲ ကိုယ်ရင်ဖွင့်တာတွေကို အဓိက နားထောင်ပေးနေတယ်ဆိုတာဘဲ...

သူနဲ့ စကားကြာကြာပြောတော့ အကြံတွေရတယ်။ အရင်က မစဉ်းစားမိတာ စကားပြောရင်စဉ်းစားမိလာတယ်။ ငါတော့ ဒါတွေ ပြုပြင်ရမယ်၊ ဒါတွေကို ရှောင်ရမယ်၊ ဒါတွေကိုငါ ဇွဲ ရှိရှိနဲ့ လုပ်ရမယ်ဆိုတဲ့ အဖြေတွေလဲ အများကြီး ထွက်လာတယ်။ ဒီလိုနဲ့ sessions တွေပြည့်တော့ သူနဲ့ စကားဆက်မပြောဖြစ်တော့ဘူး ကိုယ်ဘဝနဲ့ ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ရတယ်။

ကိုယ့်ဘဝအတွက် ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချပြီး ဖြစ်လာတဲ့ ကောင်းတာ ဆိုးတာကို အကုန် ကိုယ့်ဟာကိုယ် ခံစား စံစား ဆိုတာနားလည်လာတယ်။ ပြသနာတစ်ခုခုဖြစ်မ ဟိုသူကြောင့် ဒီသူကြောင့်ဆိုပြီး ဆင်ခြေပေးတာဟာ အဓိပ္ပါယ်မရှိဘူး။

psychologist နဲ့ ပြပြီး အကြီးစားပြုပြင်ခဲ့တာ ၃ ခုရှိတယ်

၁။ လူတွေရဲ့ drama တွေနဲ့ဝေးအောင်နေတယ်၊ ကိုယ်ရဲ့ inner circle ကို အတတ်နိုင်ဆုံးကျဉ်းအောင်လုပ်တယ်၊ ကိုယ်ဘေးနားက လူတွေက ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့ လူတွေဘဲ ထားတယ် ( ဥပမာ ကိုယ်မကောင်းတာလုပ်ရင် စိတ်ရင်းနဲ့တားပြီး ကိုယ်မှာ ကောင်းတာတစ်ခုခု ရှိရင် ကိုယ်နဲ့ တူတူဝမ်းသာပေးတဲ့ လူမျိုး) ကိုယ်လိုချင်တဲ့ သူငယ်ချင်းမျိုး ကိုယ်တိုင်ဖြစ်အောင် ကြိုးစားဖို့လဲ ပြင်တယ်။ လူတိုင်းအတွက် မဟုတ်ဘူး ကိုယ်နဲ့ နီးကပ်သူတွေ အတွက်...

၂။ လူတကာကို စိတ်ပူပြီး ကူညီရမှာက ကိုယ့်အလုပ် မဟုတ်ဘူး ကိုယ်ကူညီနိုင် သလောက် ကူညီ၊ ကိုယ်လုပ်စရာရှိတာလုပ်ပြီးရင် တာဝန်ကျေပြီးဘဲ၊ ငါသူကို ကူညီလိုက်တဲ့ အတွက် သူတော့ ငါ့ကိုပြန်ကူညီမှာဘဲလို့ ဘယ်တော့မ မတွေးအောင် သတိပေးတယ်။ မျှော်လင့်ချက် မပါတဲ့ ကူညီမှုမျိုးဆို ရတယ် ကျေးဇူးကျွန် မွေးချင်တဲ့ အတွက် ကူညီတာမျိုး မဖြစ်အောင် နေဖြစ်တယ်...

၃။ self love နဲ့ selfish ကို ကွဲအောင်ထားတယ် ကိုယ့်ဘဝတိုးတတ်ဖို့ အတွက် တခြားလူတွေမှာ တာဝန်မရှိဘူး။ တစ်ခုခုဆို လူတွေဆီက မျှော်လင့်တာထက် ကိုယ်ဟာကိုယ်ချစ်ပြီး လိုချင်တာမှန်သမျှကို ကိုယ်ဘာသာကိုယ် ပံ့ပိုးဖို့ ကြိုးစားတယ်၊ အဲ့လို တိုးတတ်အောင်လုပ်တာ ကိုယ်ဟာကိုယ် စိတ်ချမ်းသာအောင် ထားတာက selfish မဟုတ်ဘဲ self love ဆိုတာ ပိုပြီး နားလည်လာတယ်။

ရလဒ်က ကိုယ်အချိန်ရယ် အင်အားရယ်နဲ့ တန်တဲ့ လူတွေ အဖွဲ့အစည်းတွေ ဘေးမှာရှိတယ်၊ လူတွေ ငါကိုဘာပြောနေလဲ စိတ်မဝင်စားတော့ဘူး။ ကိုယ့်ရဲ့ ပညာ၊ အချိန်နဲ့ မတန်တဲ့ လူတွေနဲ့ ဝေးဝေးနေဖြစ်တော့ မကောင်းကြောင်းပြောနေတာတွေလဲ မကြားမိတော့ဘူး။

အချိန်တွေ အများကြီးထွက်လာတယ်။ အရင်ထက် စာဖတ်ဖြစ်တယ်၊ သင်တန်းတွေ တတ်ဖြစ်တယ်၊ အားကစားပို လုပ်တယ်၊ ကိုယ့်အတွက် ကောင်းတဲ့ ဟင်းတွေ ပိုချက်ဖြစ်တယ်။

သင်ခန်းစာကတော့
- ကိုယ်ဘက်ကကြီး ချစ်ရတဲ့ တဖက်သက်
အချစ်မျိုး မချစ်နဲ့
- ကိုယ်ရဲ့ အချိန် ပညာတွေနဲ့ မတန်တဲ့ လူတွေနဲ့ မပေါင်းနဲ့
- ကိုယ့်စိတ်ကို ကိုယ်သိအောင်ကြိုးစား စိတ်ချမ်းသာအောင်ထားပါ။
voice: M***i Menk

09/08/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ Köfteci Yusuf ဆိုတဲ့ ဆိုင်မှာ အကင်သွားစားတာဘဲ ဖြစ်ပါတယ်။
köfte ဆိုရင် လက်နဲ့ တစ်ခုခုကို လုံးထားတာတွေမှာသုံးပါတယ်။ အသားနဲ့ köfte တွေရှိသလို içli köfte ဆိုပြီး အသားအစားသွတ်ပြီး လုပ်ထားတဲ့ မုန့်တွေလဲ ရှိပါတယ်
အပြင်ထွက် video မရိုက်တာကြာတော့ ရိုက်နည်းပါမေ့နေတယ်။ inshallah နောက်ထက် video တွေမှာ အသေချာ ပြန်ပြီး ပြနိုင်အောင် ကြိုးစားပါအုန်းမယ် ။
köfteci ကတော့ köfte ရောင်းသူကို ခေါ်တာဖြစ်ပြီး ဆိုင်နမည်ကို ဘာသာပြန်ရင် köfte ရောင်းတဲ့ ယူစွတ်ဖ်ဘဲ ဖြစ်ပါတယ်။

Photos from Ummi 2.0's post 08/08/2023

တော်တော်များများက ဆော်ဒီကပေးတဲ့ လစာကြောင့် သွားတာတို့ Benzemaနဲ့ ဆော်ဒီလိဂ်နဲ့ မတန်ဘူးတို့ ဘာညာပြောနေပေမဲ့ ဆရာသမားတွေက ဘောလုံးကန်ပြီး Umrah သွားနေကြတယ်။ ဂျာမနီမှာ ဘီယာခွက်မကိုင်ဘဲ ဓာတ်ပုံရိုက်ရ ဂျာမနီသတင်းထောက်တွေရဲ့ ဒါဏ်တွေ တော်တော်ခံခဲ့ရတဲ့ မာနေးတစ်ယောက်တော့ Makkahမှာပျော်နေလိုက်တာ သွားတောင် အအေးပတ်နိုင်တယ်။

07/08/2023

ဘာသာပြန်=> Cigarette ဖျက် သောင်ဗာလုပ်ပြီးနောက် ပထမဆုံးသွားဖြစ်တဲ့ ဗလီ

🤣🤣🤣

07/08/2023

ဒီဆရာမကို သိကြလား။ Jannah Institute ကိုဦးဆောင်နေသူဖြစ်ပြီး အခုခေတ်ရဲ့ မွတ်စလင် အမျိုးသမီးတွေအတွက် လေ့လာစရာ အများကြီးကို သင်ပေးနေသူလဲဖြစ်တယ်။
ဒီvideo ထဲမှာ ဆရာမ မေးထားတာကိုလဲ ကိုယ်ဟာကို ဖြေကြည့်ကြည့်ပါ။
အစက မြန်မာလို ဘာသာပြန်ဖို့ဘဲ တချိုအသုံးတွေက တိုက်ရိုက်ပြန်ရင် အဆင်မပြေလို့ english စာတန်းနဲ့ ဘဲ တင်လိုက်ပါတယ်။ 😇

04/08/2023

လူ့ဘဝမှာ ဝါသနာဆိုတာအရေးပါတဲ့ အခန်းတစ်ခုဖြစ်တယ်
ပညာရေးစနစ်ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေက ကျောင်းသားတွေကို သူတို့ဝါသနာပါတဲ့ အရာတွေမဖော်ထုတ်အောင်လုပ်ထားသလို ပညာတစ်ခုခုကို တတ်အောင် သင်ယူဖို့ထက် အမှတ်တွေ အဆင့်တွေကြားနေဖို့ သင်ပေးထားတယ်။ နောက်ပိုင်း ဝါသနာလဲ ရှာမရ ပညာလဲ သေချာမတတ်တဲ့ ဘဝကို တော်တော်များများရောက်သွားတယ်။ အခု ခေတ်မှာ အမှတ်တွေ အဆင့်တွေကို အဓိက ထားတဲ့ ပညာရေး လောကလဲ ပျက်ကော အကုန်လုံး ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ဘူးဖြစ်လာကြတယ်။ အဆင်မပြေမှုတွေနဲ့ တွေ့တဲ့အခါ ဝါသနာပါတာ တစ်ခုခုနဲ့ အချိန်ကုန်တာဟာ စိတ်ကို တည်ငြိမ်မှုပေးသလို အကျိုးတွေလဲ အများကြီးရှိတယ်။ ပြီးပြည်စုံမှုကို အားပေးတဲ့ လူအဖွဲ့အစည်းဖြစ်တဲ့ အတွက် တစ်ခုခုဆို မှားတာတို့ မသိဘူးဆိုတဲ့ အဖြေတွေကို လက်မခံနိုင်ကြဘူး။ အဲ့တော့ အမှားကနေ အမှန်သင်ရမယ်ဆိုတဲ့ အကျင့်ထက် ဘာမလဲ မလုပ်ဘူး ဘာမလဲ မမှားဘူးဆိုတာတွေ တွေ့လာရတယ်။ မှားရင်လဲ ဝိုင်းပြောတော့ လူရှေ့မှာ မှားသွားမှာတို့ အပြောခံရမှာတို့ သိပ်ကြောက်လာတယ်။ ကြောက်စရာက လူတွေ အပြောခံရမှာကြောင့် ဘာမ မလုပ်ဘဲ အချိန်တွေကုန်သွားတာဘဲ။ တခါတလေ တွေးမိဖူးလား ငါဘာ ဝါသနာပါလဲလို့...
ဝါသနာလို့ပြောရင် သာသနာနဲ့ ဆန့်ကျင့်တဲ့ အရာတွေလို့ ထင်ကောင်းထင်လိမ့်မယ် ရှာကြည့်ပါ halal ဖြစ်တဲ့ ဝါသနာတွေ 😇

30/07/2023

နားထောင်ရတာလဲ ကြိုက်မိတယ်၊ အဓိပ္ပာယ်လဲကြိုက်မိတယ်၊ ဒီ ayat အတွက် မေးခဲ့တဲ့ မေးခွန်းကိုလဲကြိုက်မိတယ်၊ နောက်ဆုံး ရေးရတာပါကြိုက်မိတယ်။

30/07/2023

💕

28/07/2023

တူရကီရောက်ပြီး ၆ လ လောက်မှာ ကိုယ်ပဝါဝတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုယ်နေခဲ့တဲ့ islamic အဆောင်က အဆောင်မှူးတွေကော သူငယ်ချင်းတွေကော Surprise ပွဲလုပ်ပြီး ကိုယ့်ရဲ့ ရွေးချယ်မှုကို သူတို့ ဂုဏ်ယူကြောင်း လက်ဆောင်တွေ ဒိုအာတွေနဲ့ ကြိုဆိုကြတယ်။ ပုံမှာ ပါတဲ့ အမျိုးသမီးတွေမှာ အပျို၊ အိမ်ထောင်သည်၊ ကလေးအမေ ပါသလို
ဘာသာရေးဘွဲ့ရမှာ မာစတာအောင်ထားသူ မာစတာတတ်နေသူတွေနဲ့ ကိုယ်တွေ အဆောင်က ကျောင်းသူတွေရဲ့ အာဟာရအတွက် အလုပ်လုပ်တဲ့ ဆရာမပါ ပါတယ်။
တာလီဘန်တွေသီးသန့်ကဘဲ မိမိတို့ သာသနာကို ကိုယ်စားပြုတာမဟုတ်ဘဲ ကိုယ့်မိန်းမ ကိုယ့်အမေ ကိုယ့်သမီး ကိုယ့်မြေး ပညာတတ်အောင် ပံ့ပိုးနေတဲ့ ယောက်ျားတွေ အများကြီး ရှိပါတယ်။ zina သီးသန့်လုပ်ဖို့ အပြင်ထွက်တာ မဟုတ်ဘဲ။ သာသနာပညာ လောကပညာသင်ပြီး မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနေတဲ့ အမျိုးသမီးတွေလဲ ကိုယ်တွေ ဘာသာမှာ အများကြီးပါ။
လူအထင်ကြီးဖို့ ပဝါဝတ်တာ မဟုတ်သလို ပဝါဝတ်ပြီးတာနဲ့ ပညာမတတ်တော့တာ မဟုတ်ဘူးဆိုတာကိုတော့ ပြောပြချင်ရုံသက်သက်ပါ ။

https://www.instagram.com/p/B-xfu4bD_uL/?igshid=MzRlODBiNWFlZA==

28/07/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ တူရကီတွေရဲ့ Ph.D & Master degree graduation ကို လေ့လာနိုင်မှာဘဲ ဖြစ်ပါတယ် ။ မတူညီတဲ့ ဝတ်စုံတွေ မတူညီတဲ့ ဓလေ့တွေကို ကိုယ်တိုင်လေ့လာကြည့်ပါ။
Bachelor graduation link ;
https://www.facebook.com/ummiturkiye/videos/235620405899250

26/07/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ အပျော်ကနေ အပျက် မဖြစ်အောင် ဘယ်လိုပျော်မလဲ ဆိုတာကြည့်ရအောင် ...

25/07/2023

အကြည့်၊ အချစ်နဲ့ ကိုယ်မှာသူကို ဂရုမစိုက်နိုင်ရင်တောင် သူမှာ ကိုယ်ဘေးနားထိုင်ပြီးကျေနပ်နေတာမျိုး
စစ်မှန်တဲ့ အချစ်ကို လိုချင်ရင် မွေးလို့ရတဲ့ တိရစ္ဆာန်မွေးပါ။ fake love ဆိုတာ သူတို့ dictionary မှာ ရှိပုံမပေါ်ဘူး 🐈🥰

24/07/2023

السلام عليكم
အားလုံးဘဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့ Bursa က Yemen နိုင်ငံသားတွေရဲ့ ပွဲတစ်ခုကို သွားဖြစ်ခဲ့တယ်။
အဲ့မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးကို သူတို့ လူငယ်တွေက ဘယ်လိုတွေလုပ်လဲဆိုတာ ဒီvideo မှာပြချင်လို့ ပွဲတစ်ခုလုံးကို မတင်ဘဲ ဖျက်ပြီးတင်လိုက်ပါတယ်။
ကိုယ်ခံယူထားတဲ့ ဘဝရဲ့ ကံကောင်းမှုတွေထဲမှာ
-လူတစ်ယောက်ကို အမှားအမှန်နဲ့ ငြိမ်းချမ်းမှုကိုပြမဲ့ ဘာသာတစ်ခု
-ကိုယ်နဲ့ဆိုင်ပြီး အလေးပြုရမဲ့ နိုင်ငံအလံတစ်ခု
-မွေးဖွားလာတဲ့ အခါ ကိုယ်ကတော့ ဘယ်လူမျိုးကို ကိုယ်စားပြုပြီး ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်းတတ်တဲ့ အကျင့်တစ်ခု အပြင် တခြားဟာတွေလဲ ပါတယ်လို ခံယူထားတယ်။
note : ကာတွန်းထဲက ဝတ်စုံဟာ တနိုင်ငံလုံးကို ကိုယ်စားမပြုဘဲ လူမျိုးစု တစ်စုရဲ့ ဝတ်စုံသာဖြစ်သည်။

23/07/2023

ပန်းပေးခြင်း၊ ကိတ်စားခြင်း နဲ့ နမ်းပြီးစလာမ်ဖြင့် နှုတ်ခွန်းဆက်ခြင်း

ပန်းပေးခြင်း 💐မြန်မာမှာနေတုန်းက ပန်းက ကိုယ်တွေအိမ်နဲ့ မဆိုင်သလိုဘဲ။ ပန်းဝယ်တာတို့ အိမ်မှာ ပန်းအိုးထိုးတာတို့ကို လုံးဝမရှိခဲ့ဘူး။ တူရကီရောက်တဲ့ အချိန်မှာတော့ သူငယ်ချင်းတွေ အသိတွေကိုတော့ လက်ဆောင်ပေးဖြစ်တယ်။ သူတို့မွေးနေ့၊ ဘွဲ့ရလို့ ၊ ဟာဖိဇ်ဖြစ်လို့၊ သူတို့နိုင်ငံတွေကနေ တူရကီကို ပြန်လာလို့ စသဖြင့် အကြောင်းမျိုးစုံကြောင့် ပန်းစည်းပေးဖြစ်တယ်။ တခြားလက်ဆောင်တွေထက် ပန်းပေးရတာအကြိုက်ဆုံးဖြစ်လာတယ်။ ကိုယ်တိုင်လဲပန်းဝယ်ပြီး အိမ်မှာထားရတာကြိုက်လာတယ်။

ကိတ်စားခြင်း 🎂 ကိတ်က ပန်းထက်ပိုပြီး ဝယ်ဖြစ်တယ် စာမေးပွဲအောင်လဲသူပါတယ်၊ တစ်ယောက်ယောက်မှာ ကောင်းသတင်းရှိပြီးဆိုရင်လဲသူပါတယ်၊ ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲတွေရှိလဲသူပါတယ်၊ မွေးနေ့ တွေရှိလဲသူပါတယ်၊ ပထမဆုံး အသားအစ်မှာတုန်းက သူငယ်ချင်းတွေ ညဘက်ကြီး ကိတ်ဝယ်တာမြင်ပြီး culture shock ရဘူးတယ် မုန့်အစ် မဟုတ်ဘဲ အချိုမုန့်ဝယ်လို့ "ငါတို့မှာ ခုတ်စရာ အသားမရှိဘူး အစ်နေ့မှာ အချိုစားပြီး ပျော်တာ အပြစ်မဟုတ်ဘူး"ဆိုပြီး ကိတ်တွေ အချိုစားပြီး ထိုင်နေကြတယ်။
တူရကီကော အာရပ်ကောက ပျော်ရင် အချိုစားတယ်။ ( သူတို့ရဲ့ မိန်းမဆိုတာ ဟင်းချက်တတ်ရမယ်အိမ်သန့်ရှင်းရေးလောက်နဲ့ မရဘူး ကိတ်နဲ့ မုန့်လဲ လုပ်တတ်မ 😂 )
လူများရင် ကိတ်ကြီးကြီး ဝယ်တယ် လူနည်းရင် နည်းသလို ဝယ်ကြတယ်။ ပုံမှန်သူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ကောင်းတဲ့ အချိန်ဆို အပြင်မှာ ကိတ်စားကြတယ်။ ညဘက် ၁၁ ၁၂ လောက် မီးဖိုးချောင်က အသံထွက်ပြီးဆို ကိတ်ဖုတ်ရင် ဖုတ် မဖုတ်ရင် အချိုမုန့်တစ်ခုခုလုပ်တတ်တယ်။ အဲ့တာ ဝယ်စားဖို့ ဆိုင်တွေပိတ်နေလို နောက်နေ့စားပါလားဆို မရဘူး လူ၃ ယောက်ရှိရင် ၆ယောက်စာလောက် မုန့်လုပ်တယ် ပြီးရင် နှမြောပြီး ၃ ရက်လောက်စားရတယ်။
စစတုန်းက အချိုမစားနိုင်တုန်းက သူတို့ကို အမြဲပြောဖြစ်တယ် နင်တို့က ကိတ်ခွဲဖို့ ပွဲရှာနေကြတို့မြန်မာမှာပြောနေကြအတိုင်း မွေးနေ့မှာ ကိတ်ခွဲစရာလားတို့ ၊ အခုတော့ ဂုဏ်ပြုစရာ ၊ ပျော်စရာ သတင်းရှိတိုင်း ပန်းနဲ့ကိတ် တစ်ခုခုပါမ အိမ်လည်ဖြစ်တော့တယ်။ သူတို့ မစားရင်တောင် ပိုကြိုက်တယ် ကိုယ်ဘဲ အဝစားတာ။

နှုတ်ခွန်းဆက်ခြင်း 🙋🏽‍♀️အရင်က စလမ်ပေးရင် ပါးစပ်က ပြောပြီးရင်ပြီးပြီးဘဲ ဒီမှာက ဖက်ပြီး နမ်းပြီး စလာမ်ပေးရတာအမော (အမျိုးသမီး အချင်းချင်း )(လူမျိုးမတူရင် ဘယ်ညာ နမ်းတာ မတူလို့ ဘာလူမျိုးလဲ လေ့လာ၊ သူများတွေဘယ်လို နုတ်ဆက်လဲဆိုတာကြည့်ရတယ်) ကိုယ့်အတွက်က ဖက်ရနမ်းရတာအကျင့် မရှိသလို ကြိုက်လဲ မကြိုက်တော့ တော်တော်နေရခက်ခဲ့တယ်။ သူတို့က သိသိ မသိသိ စလမ်ပေးပြီး လက်ဆွဲရင်ဆွဲ မဆွဲရင် နမ်းပြီး နုတ်ဆက်တတ်တော့ မသိလို့ဆိုပြီး နှုတ်ခွန်းမဆက်ရင် ရိုင်းရာကြတယ်။ တခါတလေ ကိုယ်ကို သိပြီး အရမ်းချစ်လို့ ဖက်သလိုမျိုး လူကို ဖက်တာက အမှန်တိုင်းဝန်ခံရရင် မသိတဲ့လူတွေဆီက ချစ်ခြင်းကို ခံစားမိတယ်။ ပြန်တော့မယ်ဆို တယောက်နဲ့တယောက် အပြန်အလှန် ဒိုအာပေးသူပေး အာမိန်းလုပ်သူလုပ်ပြီး مع السلامة
နဲ့ အဆုံးသတ်ကြတယ်။ (အာရပ်တွေ)

22/07/2023

ဒီလို အချိန်ရောက်ရင် နေကြာခင်းတွေကို မျက်စိတစ်ဆုံး မြင်ရပြီး

20/07/2023

Islam ကပေးထားတဲ့ right တွေ တာဝန်တွေကို မသိဘဲ muslim အများစုကိုကြည့်ပြီး western feminism ကိုအကြီးအကျယ် ထောက်ခံဖူးတယ်။ အဲ့တော့ ဒီလူ့ အဖွဲ့အစည်း၂ခုကြားမှာ depression နဲ့ miserable life style ကိုရခဲ့တယ်။ အခုတော့ ကိုယ်သိတာတွေကို အမတွေညီမတွေကို ရှင်းပြဖို့ လိုပြီးလို့ထင်တယ်။ အထူးသဖြင့် islamic နဲ့ muslim ကို တူတူမြင်ပြီး muslim တွေကြောင့် islamic ကိုအထင်လွဲနေတဲ့ မွတ်စလင်အမျိုးသမီးတွေ ရှင်းပြချင်တယ်။

May Allah guide us.

18/07/2023

immigration => ဝင်လာနေထိုင်သူ

ကိုယ့်မွေးရပ်မှာ နေထိုင်ဖို့ အဆင်မပြေတဲ့ အခါ တခြားနေရာတစ်ခုခုကို ပြောင်းတာဟာ အခုခေတ်မ မဟုတ်ဘူး အရှေ့ရှေ့က တမန်တော်တွေ လက်ထက်ထဲကဖြစ်တယ်
immigration, refugee စတဲ့ စကားလုံးတွေကို ကိုယ်စားပြုတဲ့ လူတွေကို တချို့က နိမ်ချင်ကြတယ် ။ တိုးတတ်တဲ့နိုင်ငံရောက်သွားတဲ့ လူတွေကို " နိုင်ငံခြားသွားပြီး ဒုက္ခသည်ကများ ဘဝမေ့သွားတယ်" တို့ နိုင်ငံကြီး မရောက်သေရင် "ဒုက္ခသည်စခန်းက ဟာတွေကများ" စသဖြင့် မကောင်းတဲ့ စကားလုံးတွေ သုံးတာမြင်ဖူးလိမ့်မယ်။
Prophet Muhammad ﷺ နဲ့ အပေါင်းအပါတွေက မက္ကာကနေ မဒီနာကို migration လုပ်ခဲ့တာဟာ Muharram 1 ရက်နေ့ မှာဘဲဖြစ်တယ်။ Islamic calendarအရ Muharram လဟာ ပထမဆုံးလဖြစ်ပြီး Muharram 1 ရက်နေ့က နှစ်သစ်ရဲ့ ပထမဆုံးရက်ဘဲဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တစ်ယောက်အနေနဲ့ migrate လုပ်တဲ့ လူတွေကို မကောင်းပြောတော့မယ်ဆို ဒီနေ့ကို သတိရပါ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Muslim လူငယ်များ အတွက်
Rabb'im! #turkey #mosque
Namaz, Dua & Zikir + Healing
brownie version
morning ကို healing နဲ့ စပြီး ညကို healing နဲ့ အဆုံးသတ်နေသောလည်း ကိုယ့်ဘဝကို အားကျလိုက်တာ ကံကောင်းလိုက်တာလို့ အထင်ခံရသော...
Episode 1 ( Quran + healing )
other : တစ်ယောက်ထဲနေရတာမပျင်းဘူးလား ??စကားပြောဖော်မရှိ ဘာမရှိme with my cats:
Yeşil cami & Yeşil Türbe
ကြောင်ပိုင်ရှင်တွေ အလုပ်လုပ်သောအခါ
လက်မလျှော့နဲ့ ဘဝမှာ ဘာတွေဘဲ တွေ့တွေ့ အတတ်နိုင်ဆုံး ကိုယ်နိုင်သလောက် ကြိုးစားကြည့် လက်မလျှော့ သ၍ ဒီဘဝဟာ အဓိပ္ပာယ်ပိုပိုရှ...
International open university (IOU)
ဖဿဝါလား ဒိုအာလား

Website

Address

Yangon

Other Yangon schools & colleges (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Success Language Academy Success Language Academy
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041

English Language School (Online Classes & In-Person Classes)

SIEC Yangon SIEC Yangon
Room 409/410 Corner Of Halden Road & Bayint Naung Rd Kamaryut Tsp
Yangon

The Warmest Second Home For Your Beloved Child...!! Preschool Age 3 to 5 years Mon to Fri 9:00 am t

ACE Data Systems ACE Data Systems
Hlaing Campus
Yangon

Ever since its foundation in 1992, ACE Data Systems has been the most successful IT Services company

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Myanmar Maritime University Myanmar Maritime University
Thilawa, Thanlyin, Yangon, Syriam
Yangon, 95

Myanmar Maritime University (MMU) ( မြန်မာနိုင်ငံရေကြောင်?

Mercury Private School Mercury Private School
No. 59, Wardan Street, Lanmadaw Tsp
Yangon, 951

ကျောင်းနေပျော်၍ ဘက်စုံတော်ရမည် မာကျူရီ

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Dots English Dots English
Wai Bargi Road
Yangon, 11031

Treasure Trove - book shop / printing service Treasure Trove - book shop / printing service
33Steet,13Block
Yangon, 11091

We'll distribute books for everyone who want to improve your skill , ways to invest , trading & financial education . We mainly focus on teenagers who want to start their career l...