Home Chef Service

Home Chef Servies

15/03/2020

"ကမ္ဘာပေါ်မှာ ( ၁၂ )ကြိမ်ကျရောက်ခဲ့သော ကပ်ရောဂါ ဆိုးကြီးများ"

👉၁။ Antonine ပလိပ် (၁၆၅ အေဒီ)
သေဆုံးမှု – ၅သန်း
ဖြစ်ရသည့် အကြောင်းအရင်း – မသိခဲ့ပါ။
Antonine ပလိပ်ဟာ အာရှနိုင်ငံအချို့၊ အီဂျစ်၊ ဂရိနဲ့ အီတလီမှာ ဖြစ်ခဲ့ပြီး ကျောက်ကြီးရောဂါ ဒါမှမဟုတ် ဝက်သတ်လို့ ထင်ခဲ့တာပါ။ ဒီနေ့ထိလည်း ဘာကြောင့်လည်း ဆိုတာ မပြောနိုင်သေးပါဘူး။ အေဒီ ၁၆၅လောက်မှာ မီဆိုပိုတေးမီးယားကနေ ရောမမြို့ကို ပြန်လာတဲ့ စစ်သားတွေကနေ စကူးတာပါ။ လူပေါင်း ၅သန်း သေဆုံးခဲ့ပါတယ်။

👉၂။ Justinian ပလိပ် (၅၄၁-၅၄၂)
သေဆုံးမှု – ၂၅သန်း
ဖြစ်ရသည့် အကြောင်းအရင်း – ပလိပ်ရောဂါပိုး
ဥရောပရဲ့ လူဦးရေ တစ်ဝက်ကို သေဆုံးစေတဲ့ ဒီရောဂါဟာ ဘေဇန်တင်း အင်ပါယာနဲ့ မြေထဲပင်လယ် ဆိပ်ကမ်းမြို့တွေမှာ စဖြစ်ခဲ့ပြီး သူ့ခေတ် သူ့အခါက လူပေါင်း ၂၅သန်းကို သေဆုံးစေခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ပလိပ်ရောဂါလို့ ပြောလို့ရပြီး အရှေ့ မြေထဲပင်လယ်ဒေသရဲ့ လူဦးရေ ၄ပုံ ၁ပုံကို သေဆုံးစေပါတယ်။ ကွန်စတန်တီနိုပယ်မြို့မှာ ဆိုရင် တစ်နေ့ကို လူ ၅၀၀၀လောက် သေဆုံးပြီး နောက်ဆုံးမှာ မြို့လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းလောက် သေခဲ့ရပါတယ်။

👉၃။ ပလိပ်ရောဂါ (၁၃၄၆-၁၃၅၃)
သေဆုံးမှု – ၇၅သန်းမှ သန်း ၂၀၀
ဖြစ်ရသည့် အကြောင်းအရင်း – ပလိပ်ရောဂါပိုး
The black death လို့ ခေါ်တဲ့ ဒီရောဂါဟာ ၁၃၄၆ကနေ ၁၃၅၃ အထိ ဥရောပ၊ အာဖရိကနဲ့ အာရှအထိ ပျံ့သွားပြီး လူပေါင်း ၇၅သန်းကနေ သန်း ၂၀၀အထိ သေဆုံးသွားပါတယ်။ အာရှမှာ စခဲ့ပေမယ့် ပလိပ်ပိုးက ကြွက်တွေကိုယ်ရဲ့ သန်းတွေမှာ ရှိတာကြောင့် သင်္ဘောနဲ့ ကုန်ကူးရာကနေ ကြွက်တွေက တစ်ဆင့် ကူးခဲ့ပါတယ်။ ဆိပ်ကမ်းတွေ၊ သင်္ဘောတွေမှာ ကြွက်တွေ အများကြီး ပေါက်တဲ့အတွက် တိုက်ကြီး ၃တိုက်ကို ခဏလေးနဲ့ ပျံ့ပြီး လူတွေ အများကြီး သေဆုံးသွားတာပါ။

👉၄။ ၃ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၈၅၂-၁၈၆၀)
သေဆုံးမှု – ၁ သန်း
ဖြစ်ရသည့် အကြောင်းအရင်း – ကာလဝမ်းရောဂါပိုး
ဖြစ်ခဲ့ဖူးတဲ့ ကာလဝမ်းရောဂါ ၇ကြိမ်ထဲမှာ အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အရင်အခေါက်တွေလိုပဲ အိန္ဒိယနိုင်ငံကနေ စတင်ခဲ့ပါတယ်။ ဂင်္ဂါမြစ်ကနေ စခဲ့တဲ့ ဒီရောဂါဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ အာဖရိကထိ ပျံ့နှံ့သွားပြီး လူပေါင်း ၁သန်းကျော် သေဆုံးခဲ့ပါတယ်။
အင်္ဂလန်က ဆေးပညာရှင် ဂျွန်စနိုးက ဒါဟာ မသန့်တဲ့ ရေကနေ ကူးစက်တတ်တယ်လို့ စတင်တွေ့ရှိခဲ့ပါတယ်။ ကံမကောင်းတာက သူတွေ့ခဲ့တာ ၁၈၅၄မှဖြစ်ပြီး ကပ်ရောဂါရဲ့ အဆိုးဆုံးအခြေအနေပါ။ ဗြိတိန်မှာတင် လူပေါင်း ၂၃၀၀၀ သေဆုံးပြီးပါပြီ။

👉၅။ တုပ်ကွေး ကပ်ရောဂါ (၁၈၈၉-၁၈၉၀)
သေဆုံးမှု – ၁ သန်း
ဖြစ်ရသည့် အကြောင်းအရင်း – တုပ်ကွေးပိုး
ရုရှား တုပ်ကွေးလို့ခေါ်တဲ့ ဒီတုပ်ကွေးက Influenza Aရဲ့ H2N2အမျိုးအစားက ဖြစ်တယ်လို့ ပြောကြပါတယ်။ နောက်ပိုင်းတွေ့ရှိတာတော့ H3N8 ပါတဲ့။ ၁၈၈၉ မေမှာ မတူညီတဲ့ နေရာ သုံးခု (တာကီစကန်၊ ကနေဒါ အနောက်မြောက်ပိုင်းနဲ့ ဂရင်းလန်း) မှာ စပြီး တွေ့ရှိခဲ့တာပါ။ ၁၉ရာစုရဲ့ လူနေထူထပ်မှုကြောင့် လူပေါင်းများစွာ ကူးစက်ခဲ့ပါတယ်။

👉၆။ ခြောက်ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၉၁၀-၁၉၁၁)
သေဆုံးမှု – ၈သိန်းကျော်
ဖြစ်ရသည့် အကြောင်းအရင်း – ကာလဝမ်းရောဂါပိုး
အရင် ၅ခေါက်တုန်းကလိုပဲ ၆ကြီမ်မြောက် ကာလဝမ်းရောဂါကလလည်း အိန္ဒိယမှာ စဖြစ်ခဲ့ပြီး လူပေါင်း ၈သိန်းကျော် သေဆုံးခဲ့ပါတယ်။ ဒါ့ပြင် အရှေ့အလယ်ပိုင်း၊ မြောက် အာဖရိက၊ အရှေ့ ဥရောပနဲ့ ရုရှားကိုလည်း ပျံ့သွားပါတယ်။ အမေရိကမှာတော့ ဒါနောက်ဆုံးပါပဲ။ ရှေ့အခေါက်က ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် လူ၁၁ယောက်ပဲ သေဆုံးခဲ့ပါတယ်။

👉၇။ စပိန်တုပ်ကွေး (၁၉၁၈)
သေဆုံးမှု – သန်း ၂၀- ၅၀
ဖြစ်ရသည့် အကြောင်းအရင်း – H1N1
၁၉၁၈နဲ့ ၁၉၂၀ကြားမှာ ဒီတုပ်ကွေးရောဂါက တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံရပြီး လူသန်းပေါင်း ၂၀နဲ့ ၅၀ကြား သေဆုံးခဲ့ပါတယ်။ ၁၉၁၈မှာတင် လူပေါင်း သန်း ၅၀၀ ကူးစက်ခဲ့ရပြီး ပထမ ၂၅ပတ်မှာတင် လူ ၂၅သန်း သေဆုံးခဲ့ပါတယ်။ သေနှုန်းက ၁၀-၂၀ ရာခိုင်နှုန်းပါ။ တခြားတုပ်ကွေးတွေက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းတဲ့ သူတွေ ဖြစ်တာပါ။ သူကတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။

👉၈။ အာရှ တုပ်ကွေး (၁၉၅၆-၁၉၅၈)
သေဆုံးမှု – ၂သန်း
ဖြစ်ရသည့် အကြောင်းရင်း – H2N2
အာရှ တုပ်ကွေးက Influenza Aရဲ့ H2N2အမျိုးအစားက ဖြစ်တာပါ။ ၂နှစ်ကြာခဲ့တဲ့ ဒီတုပ်ကွေးက တရုတ်ကနေ စင်္ကာပူ၊ ဟောင်ကောင်၊ အမေရိကအထိ ပျံ့သွားပါတယ်။ လူပေါင်း ၂သန်းခန့် သေဆုံးခဲ့ပြီး အမေရိက တစ်ခုတည်းမှာတင် ၆၉၈၀၀ သေဆုံးခဲ့ပါတယ်။

👉၉။ H3N2 တုပ်ကွေး (၁၉၆၈)
သေဆုံးမှု – ၁သန်း
ဖြစ်ရသည့် အကြောင်းရင်း – H3N2
ဟောင်ကောင်တုပ်ကွေးလို့ ခေါ်တဲ့ ဒီရောဂါဟာ ၁၉၆၈မှ ကမ္ဘာ့ကပ်ဘေး ဖြစ်ခဲ့ပါတယ်။တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစား အေ (Influzena A) ရဲ့ H3N2 မျိုးစိတ်ကနေ ဖြစ်လာတာပါ။ ၁၉၆၈ ဇူလိုင် ၁၃ရက် ဟောင်ကောင်မှာ ပထမဆုံး လူနာကို တွေ့ပြီး ၁၇ရက် အကြာမှာပဲ စင်္ကာပူနဲ့ ဗီယက်နမ်ကို ရောက်လာပါတယ်။ ၃လအတွင်းမှာပဲ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအထိ ပျံ့သွားပါတယ်။ Case fatality rate လို့ခေါ်တဲ့ သေနှုန်းက ၀.၅ရာခိုင်နှုန်းပဲ ရှိပေမယ့် လူပေါင်း ၁သန်းနဲ့ အထက် သေဆုံးခဲ့တာကြောင့် ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဟောင်ကောင်လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ထိခိုက်ခဲ့ပါတယ်။

👉၁၀။ HIV/ AIDS (၂၀၀၅နဲ့ ၂၀၁၂ကြား ကပ်ရောဂါဆိုး ဖြစ်ခဲ့သည်။)
သေဆုံးမှု – ၃၆ သန်း
ဖြစ်ရသည့် အကြောင်းရင်း – HIV/ AIDS
၁၉၇၆ခုနှစ် ကွန်ဂိုနိုင်ငံမှာ စတွေ့ခဲ့တဲ့ ဒီရောဂါဟာ ၁၉၈၁ တည်းက လူပေါင်း ၃၆သန်းကို သေဆုံးစေခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ လက်ရှိမှာလည်း ရောဂါရှိသူပေါင်း ၃၁သန်းနဲ့ ၃၅သန်းကြား ရှိနေပြီး အများစုက အာဖရိကကပါ။ HIV ကို လူတွေ ပိုပြီး သတိထားမိလာပြီး ကုသဖို့ ဆေးဝါးအသစ်တွေလည်း တီထွင်လာတဲ့အတွက် ရောဂါရှိသူတွေက သက်တမ်းစေ့နေနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ဒါပေမယ့်လည်း နှစ်စဉ် ရောဂါပိုးရှိနေတဲ့ လူနာအသစ်တွေကို တွေ့နေရဆဲပါပဲ။

👉၁၁။ ဝက်တုပ်ကွေး (H1N1) (၂၀၀၉-၂၀၁၀)
သေဆုံးမှု – ၅သိန်း
ဖြစ်ရသည့် အကြောင်းရင်း – H1N1
H1N1u ကို ၂၀၀၉ ခုနှစ် ဧပြီလမှာ ကယ်လီဖိုးနီးယားက ၁၀နှစ်အရွယ် ကလေးမလေးမှာ စတွေ့ခဲ့ပါတယ်။ Influzena Aအမျိုးအစားဖြစ်ပြီး ၁၉၁၈က ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လူ၊ ဝက်နဲ့ ငှက်မှာ ရှိတဲ့ တုပ်ကွေးပိုးတွေ ပေါင်းပြီး အမျိုးအစားအသစ် ဖြစ်လာခဲ့တဲ့ အတွက် ဝက်တုပ်ကွေးလို့ ခေါ်လိုက်ပါတယ်။ WHO က ၂၀၁၉ ဇွန်လမှာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ ဝက်တုပ်ကွေး ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ကြပါတယ်။ နိုင်ငံပေါင်းများစွာကို ပျံ့နှံ့ပြီး လူပေါင်းများစွာ သေဆုံးပြီးတဲ့နောက် ၂၀၁၀ သြဂုတ်လမှာ ကပ်ရောဂါပြီးဆုံးကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

👉၁၂။ COVID-19 (၂၀၁၉)
သေဆုံးမှု – ၄၆၀၀ ++ (၁၁.၃.၂၀၂၀)
ဖြစ်ရသည့် အကြောင်းရင်း – COVID-19
၂၀၁၉ ဒီဇင်ဘာ ၈ရက်နေ့မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။ ဘာမှန်းမသိလို့ Wuhan coronavirus လို့ ပဲခေါ်ကြပါတယ်။ ဒီဇင်ဘာ ၁၈ကျတော့ ဒါက ပင်လယ်စာစျေးက စတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၁ရက်ကျတော့ စျေးကို ပိတ်သိမ်းလိုက်ပါတယ်။
ဇန်နဝါရီ ၈ရက်မှာ 2019-nCoV လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ တရုတ်သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။ ၉ရက်နေ့ မှာတော့ ဒီရောဂါကြောင့် အသက်၆၁နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး စပြီး သေဆုံးခဲ့ပါတယ်။

၁၉ရက်နေ့မှာတော့ ဝူဟန်ရဲ့ အပြင်ဘက်မှာ ပထမဆုံးအနေနဲ့ လူနာတွေ့ခဲ့ပါတယ်။ ကွမ်တုန်နဲ့ ပေကျင်းမှာပါ။

ဖေဖော်ဝါရီ ၁၁မှာတော့ WHO က COVID-19 ရယ်လို့ တရားဝင် နာမည် ပေးခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာလိုက်တာ လက်ရှိ (၁၁.၃.၂၀၂၀) မှာ နိုင်ငံပေါင်း ၁၀၀ကျော် ကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၁၂၆၃၀၀ ကူးစက်ခံရကာ သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။

👉👉👉မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်(၁၃.၃.၂၀၂၀) အထိ သံသယလူနာပဲရှိပြီး ရောဂါရှိတယ်လို့ အတည်ပြုထားတဲ့ လူနာ မရှိသေးပါဘူး။

Photos from Home Chef Service's post 13/03/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

ကြေညာချက်အမှတ် ၁/ ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )

ပြည်သူသို့ ပန်ကြားချက်

all credits go to Myanmar President Office

မူရင်းပိုစ့်ကအောက်မှာပါဝင်ကြည့်လေ့လာလို့ရပါတယ်။

https://www.facebook.com/813476528700085/posts/2737475289633523/?d=n

#ကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံးဖြစ်ပါသည်။

Photos from Home Chef Service's post 13/03/2020

ါး🐟လေးနဲ့Sandwichအသားညှပ်ပေါင်မုန့်လေး🥙
➡အလုပ်နားရက်မိသားစု/မောင်နှမတွေ/သူငယ်ချင်းတွေနဲ့👨‍👩‍👧‍👦💓အတူတူ
➡ ပျော်ပျော်ရွှင်ရွှင်စျေးတွေထွက်ဝယ်ကြမယ်🥕🌽🥓😍🛒🛍
➡Sandwitch🥙လုပ်နည်းလေးသင်ယူရင်းပျော်ပျော်ပါးပါးလုပ်စားကြမယ်ဆိုရင်ကော😍
(Home Chef ServiceကChefနဲ့ဆက်သွယ်လိုက်ပါနော်😘🤝👨‍🍳)

Photos from Home Chef Service's post 07/12/2019

မင်္ဂလာပါခင်ဗျာ။...🙏🙏🙏

ကျွန်တော်တို့ HOME CHEF SERVICES page သည် catering services လို့ခေါ်တဲ့
အချက်အပြုတ်ဝန်ဆောင်မှုပေးနေတဲ့
page ဖြစ်ပါတယ်ခင်ဗျာ။👨‍🍳👨‍🍳👩‍🍳👩‍🍳

ကျွန်တော်တို့ရဲ့ catering services ကတော့

✅ အိမ်တိုင်ရာရောက်အစားအသောက်အချက်အပြုတ်အစအဆုံးတာဝန်ယူစီစဉ်ပေးမှုအပြင်၊
✅ ကုမ္ပဏီရုံးခန်းများအတွက်နေ့လည်စာဝန်ဆောင်ပေးမှု၊
✅ ကျောင်းနှင့်အဆောင်များအတွက်အချက်အပြုတ်
ဝန်ဆောင်မှု၊
✅ အလှူမင်္ဂလာဆွမ်းကျွေးအိမ်တက်ပွဲများနှင့်
✅ မွေးနေ့ပါတီများအတွက်ပါ
အချက်အပြုတ်ဝန်ဆောင်မှုများကို
လူမျိုးမရွေးဘာသာမရွေးအတွက်ရည်ရွယ်ပြီး
အချက်အပြုတ်များတာဝန်ယူစီစဉ်ပေးနေပြီဆိုတဲ့
အကြောင်းလေးကိုကြေငြာပါရစေခင်ဗျာ။

အရေးကြီးဆုံးအချက်အနေနဲ့ကတော့
မိတ်ဆွေတို့အတွက်
ကျွန်တော်တို့ရဲ့ အချက်အပြုတ်ဝန်ဆောင်မှုပေးမည့်
စားဖိုမှုးများမှာအချက်အပြုတ်ကိုသာလျှင်သန့်ရှင်းပြီးအရသာကောင်းမွန်စေမှုအတွက်သာအဓိကကျတာကြောင့်
ဝန်ဆောင်မှုစျေးနှုန်းအကုန်အကျများမှာကိုတော့စိတ်ပူ
စရာမလိုပါပဲသင့်တင့်နေစေမှာပါ။

ထပ်မံပြီးတော့ကျွန်တော်တို့ရဲ့
HOME CHEF SERVICES ​၏
catering services အနေနဲ့ အားသားချက်များ နှင့် အားနည်းချက်များကိုပါဖော်ပြပေးသွားမှာပါ။...

အားသာချက်များ...

၁-ဟိုတယ်ကြီးများ၊စားသောက်ဆိုင်ကြီးများမှအတွေ့အကြုံရှိအရည်အချင်းရှိသောစားဖိုမှုးများ။

၂-ညှိနှိုင်းတိုင်ပင်နိုင်သည့်အပြင်လိုအပ်သည်ကိုဆွေးနွေးပြီး
စိတ်တိုင်းကျချက်ပြုတ်ပေးနိုင်သောစားဖိုမှုးများ။

၃-အရသာရှိသောဟင်းလျာများကိုမိတ်ဆွေတို့စိတ်တိုင်းကျ
ထပ်တူကျအနီးစပ်ဆုံးချက်ပြုတ်ပေးနိုင်သောစားဖိုမှုးများ။

အားနည်းချက်များ...

၁-စားဖိုမှုးများသည်အက်ဒမင်တွေလိုရုပ်ချောကြီးများဖြစ်ပြီးအလွန်ဖော်ရွေသဘောကောင်းနေခြင်း။
(စတာပါ တကယ်ပါ။)😎😎

၂-နေရာမရွေးအချိန်မရွေးအချက်အပြုတ်နှင့်
ပက်သက်လာရင်လက်ရာကောင်းများလက်စွမ်းပြချင်နေကြသောစားဖိုမှုးများရှိခြင်း။🤩🤩

စသည်တို့သည်ကျွန်တော်တို့ catering services မှ အားသာချက် နှင့် အားနည်းချက် တို့ပဲဖြစ်ပါတယ်။

🍖🍗🥩🥓🍔🍟🍕🌭🥪🌮🌯🥙🍳🥘🍲🥣🥗
ကျွန်တော်တိုရဲ့အချက်အပြုတ်ဝန်ဆောင်မှုနဲ့ပက်သတ်ပြီးပိုမိုသိရှိလိုပါကလည်း messenger ကနေလည်း
တစ်ဆင့်မေးမြန်းစုံစမ်းနိုင်ပါကြောင်းပြောကြားပါရစေ။

ဒါ့အပြင်

မိတ်ဆွေတို့အနေဖြင့်
ကျွန်တော်တို့ရဲ့အချက်အပြုတ်
ဝန်ဆောင်မှုများရယူလိုပါကလည်း...

📲ဖုန်း- ၀၉၇၆၄၅၈၅၇၄၀💓
📲ဖုန်း- ၀၉၄၅၇၇၉၂၇၃၇💓
သို့ နေ့စဉ်ပိတ်ရက်မရှိ မနက် ၉:၀၀ မှ ည ၉:၀၀ အထိ
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
🍖🍗🥩🥓🍔🍟🍕🌭🥪🌮🌯🥙🍳🥘🍲🥣🥗

ထို့အပြင် ကျွန်တော်တို့ရဲ့ HOME CHEF SERVICES
catering services page မှ
ဟင်းချက်ဝါသနာပါသော၊
အစားအသောက်မီးလိုတောက်သော၊
အစားဆိုနံပါတ် (၁) ဖြစ်သူများနှင့်
အခြားသောမိတ်ဆွေများအတွက်ပါ
အခါအားလျော်စွာအလွယ်တကူအားလပ်ချိန်များတွင်
ချက်ပြုတ်နိုင်သော ဟင်းလျာများကို စာများ ဗွီဒီယိုများ နှင့်
အတူတကွတွဲ၍တင်ပေးခြင်းများအပြင်
အစားအသောက်နှင့်ပက်သက်သောဗဟုသုတများကိုပါ
တင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ထားဖို့လည်းမမေ့နဲ့အုံးနော်။...
😉😉🥰🥰

06/12/2019

အလောင်းစည်သူမြစ်🎍
(ရှမ်းStyleချဉ်စပ်ခြောက်ကြော်စားလိုက်မယ်ဆိုရင်😋🥘🥗

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

About Us

Mingalabar!

To whom do we serve...?


  • We are giving services like as SOHO services, Celebrations, Charitable parties and Ceremonies for you.
  • What we can serve and How we can serve...?

    Website

    Address

    Yangon

    Other Yangon food & beverage services (show all)
    အောင်စုမွန် အောင်စုမွန်
    No. 852(B), Shu Khinn Thar Road, 4/South Ward, Thakayta Township
    Yangon, 11231

    - မီးဖိုချောင်သုံး ကြွေထည်၊ ဖန်ထည်ပစ္စည်းများ - Tableswares and Glasswares

    Pearl White - Rice & Oil Trading Pearl White - Rice & Oil Trading
    Kyaung Kone 2
    Yangon

    High Quality , Fair Price , Customer Satisfaction

    Old Town ယူနန်ဟော့ပေါ့ Old Town ယူနန်ဟော့ပေါ့
    Thamadi 1st Street, Thingangyun
    Yangon

    Offering Best Original Taste

    THE HUNDRED - Grilled Chicken THE HUNDRED - Grilled Chicken
    No. 1158, Bo Tun Zan Street, Min Ye Kyaw Swar Road, North Dagon Township
    Yangon, 11211

    Take-Away Shop Address: Gamone Pwint Shopping Mall San Yeik Nyein Bus Stop, Insein Road, Kamaryut Tsp

    Sauce Chef Sauce Chef
    Yangon

    သံလွင် - Japan Domestic Kitchenware သံလွင် - Japan Domestic Kitchenware
    Yangon

    ဂျပန် ပြည်တွင်း သုံး မီးဖိုချောင်သုံး နှင့် အိမ်သုံးပစ္စည်း များ လက်လီ/လက်ကား အရောင်း

    รสทิพย์ น้ำพริกไทย รสทิพย์ น้ำพริกไทย
    Yangon, 30130

    น้ำพริกกินง่าย สะดวกสบายในยุคเร่งรีบ

    Mi Moe Mi Moe
    Yangon

    Thu Ta Car Accessories Thu Ta Car Accessories
    South Dagon
    Yangon

    အိမ်သုံး ပစ္စည်း လက်လီလက်ကားရောင်းဝယ်ရေး

    Papilla Non-Stick Made By Turkey Papilla Non-Stick Made By Turkey
    Yangon

    တူရကီ မီးဖိုချောင်သုံးပစ္စည်းများ