Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

မျိုးစေ့မျိုးစုံနှင့်ပျိုးပင်ပေါက?

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 26/11/2023

အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း။
🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆
ခရမ်းသီး ခရမ်းကျွတ် မျိုးစုံကို တစ်ထုပ်1500ကျပ်ဖြင့်မှာယူနိင်ပါပြီ။ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်
ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်။

မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ
သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။
အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရော
ကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။
ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ။

အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။
နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း
ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ - ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်။

Credit

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 25/11/2023

တင်ထားသမျှ အကုန်ရ ပါတယ်နော် ။ စျေးနှုန်းလေးတွေ လည်း ပုံရဲ့ဒေါင့်နားလေးမှာရေးပေးထားတယ်နော်။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 25/11/2023

တင်ထားသမျှ အကုန်ရပါတယ်နော် စျေးနှုန်းတွေလည်း ပုံအောက်မှာ တခါထဲပါပါ တယ်။

Royal Express နဲ့ ဘယ် မြို့ပေါ်မဆို အိမ်ရောက်ငွေချေရပါတယ်။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 25/11/2023

မျိုးကောင်းမျိုးသန့် #ဂေါ်ဖီထုပ်သေး တစ်ထုပ်လျှင် 4000 ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးနိုင်ပါပြီနော်။ ရန်ကုန်မြို့မှတစ်ဆင့်နယ်မြို့များသို့ပို့ဆောင်ပေး‌ပါတယ်။
ဆက်သွယ်ရန်ဖုန်း ------09959925730

အာဟာရဓာတ် စုံလင်စွာပါဝင်တဲ့ sprouts #ဂေါ်ဖီထုတ်သေး
စိုက်ပျိုးနည်းစနစ်
======================

#ဂေါ်ဖီထုပ်သေး sprouts ဟာ အအေးကြိုက်သီးနှံဖြစ်ပြီး (၂)နှစ်သက်တမ်းရှိပေမယ့် နှစ်ချင်းစိုက်ပျိုးစားသုံး နိုင်ပါတယ်။ ပင်စည်တစ်လျှောက် အရွက်ကြားမှ ထွက်လာတဲ့ မုန်လာထုပ်အသေးလေးတွေကို စားရပါတယ်။ အပင်ဟာ အမြင့် (၂-၃)ပေရှိပြီး (၁-၂)ပေကျယ်ပါတယ်။ တစ်ပင်မှာ (၅၀-၁၀၀)ခန့်အထိ ဂေါ်ဖီထုပ်အသေး လေးတွေကို ရနိုင်ပါတယ်။ အထုပ်လေးရဲ့အရွယ်အစားဟာ (၁-၂)လက်မခန့်သာရှိပါတယ်။ အပင်ဖြစ် နှေးပြီး အေးပြီးစွတ်စိုတဲ့ဒေသကို ကြိုက်ပါတယ်။ နှင်းခါးဒဏ်ခံနိုင်ပါတယ်။ အေးခဲတဲ့ရာသီမှာ ဆွတ်ခူးပြီး (၂)ရက်အတွင်းစားသုံးရင် အရသာပိုပြီး ချိုပါတယ်။

စိုက်ပျိုးခြင်း
-------------
ဂေါ်ဖီထုပ်သေးဟာ အေးတဲ့ရာသီတာရှည်မှ ရင့်မှည့်လေ့ရှိပါတယ်။ မြေကွက်မှာ အပေါ်ယံ (၂-၃)လက်မကို သဘာဝမြေဆွေးနဲ့ ဖုံးအုပ်ပေးရပါတယ်။ ပျိုးပင်တွေကို အတန်းအတွင်း (၁)ပေခွဲခွာပြီး၊ စိုက်တန်းအချင်းချင်း (၂)ပေခွာပြီးစိုက်ပျိုးရပါတယ်။ အပင်ပေါက်တွေ (၁၂)လက်မမြင့်တဲ့အခါ အချိုးညီဓာတ်မြေသြဇာ (၅း၅း၅) ကို ထည့်ပေးရပါတယ်။ ရေကိုပုံမှန်ပေးနေမှ အပင်ဖြစ်ထွန်းတာဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီမှ အထူးဂရုပြု ပေးရပါတယ်။ အပေါ်ယံအမြစ်တွေကို မထိခိုက်စေဖို့ ပေါင်းမြက်ကို လက်နဲ့သုတ်သင်သင့်ပါတယ်။ ပြီးရင် အကွက်ကို ကောက်ရိုး ဒါမှမဟုတ် မြက်ခြောက်စတာတွေနဲ့ (၂-၄)လက်မအထူထိဖုံးပေးရပါတယ်။ ဒီလိုလုပ် ပေးခြင်းအားဖြင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးခြင်း၊ ပေါင်းမြက်ကို နှိမ်နင်းပေးခြင်း၊ မြေဆီလွှာအေးခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အပင်ပိုပြီးဖြစ်ထွန်းပါတယ်။ အပင်မြင့်လာတဲ့အခါ လေတိုက်ရင် မယိုင်လဲစေဖို့ တိုင်ထောင်ပြီး ချည်နှောင်ပေးရပါတယ်။

ရိတ်သိမ်းခြင်း
------------------
ဂေါ်ဖီထုပ်လေးတွေ (၁)လက်မ (၁)လက်မခွဲအရွယ်ရောက်လာရင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အခါ ပင်စည်ရိုးတံအောက်ပိုင်းမှ စတင်ပြီး ဓားပြတ်ပြတ်နဲ့ဖြတ်ယူရပါတယ်။ အောက်ပိုင်းမှာရှိတဲ့ အထုပ်ကလေး တွေ လက်မဝက်အရွယ်ခန့်ရှိလာရင် အပင်ကြီးရဲ့ ကြီးထွားဆဲခေါင်းဖျားကို ဖြတ်ပေးရပါတယ်။ နောက် (၂) ပတ်ခန့်ကြာတဲ့အခါ ပင်စည်အဖျားအထိ အထုပ်ကလေးတွေ ရင့်မှည့်လာပါတယ်။ ခေါင်းဖျားမဖြတ်ရင် ရင့်မှည့် မှုနှေးကွေးပါတယ်။

ကျရောက်တတ်သော ပိုးမွှားရောဂါများ
--------------------------------------------
မုန်လာလောက်ကောင်နဲ့ မုန်လာခူကောင်တွေဟာ အဓိကပိုးတွေဖြစ်ပါတယ်။ အစိမ်းရောင်ခူကောင်အသေး စားဟာ အရွက်ကို အဝိုင်းပေါက်တွေဖြစ်အောင် စားသောက်ဖျက်ဆီးပါတယ်။ အထုပ်ကလေးတွေအတွင်းထဲကို ဝင်ပြီး ပုန်းအောင်းနေတတ်ပါတယ်။ ပျပိုးနဲ့ဖြတ်ပိုးလောက်ကောင်တွေဟာ အပင်ပေါက်ကို ဖျက်ဆီးတတ်ပါ တယ်။ ရှဉ့်သေးတစ်မျိုးနဲ့ ယုန်တွေလည်း အပင်ပေါက်ကို စားတတ်ပါတယ်။

မျိုးများ
---------------
ဒိုင်ယာဘလို (Diablo Hybrid) စပ်မျိုးဟာ အသက်ရက် (၁၁၀)ရှိပြီး နောက်ကျပြီး ရင့်တဲ့မျိုးဖြစ်ပါတယ်။ အထုပ်ကလေးတွေ ရင့်ပြီးသွားရင်တော့ အပင်ပေါ်မှာ တာရှည်အထားခံပါတယ်။ ဂျိတ်အီခရောင့်စ် (Jade E Cross) စပ်မျိုးဟာ အသက်ရက် (၉၀)ရှိပြီး တစ်ပင်လုံး အရင်းအဖျားရှိ အထုပ်ကလေးတွေ အရွယ်ညီညာ ပါတယ်။ အိုလီဗာ (Oliver Hybrid) စပ်မျိုးဟာလည်း အသက်ရက် (၉၀)ရှိပြီး နေရာဒေသအများစုမှာ စိုက်ပျိုး ဖြစ်ထွန်းတဲ့ အသက်ငယ်မျိုးဖြစ်ပါတယ်။ ရက်ရူဘငါး (Red Rubin) မျိုးဟာ အသက် (၉၅)ရက်ရှိတဲ့ မိရိုးဖလာ မျိုးဖြစ်ပါတယ်။ ခရမ်းရောင်ရှိပြီး ချက်ပြုတ်ပြီးတဲ့အထိ အရောင်မြဲပါတယ်။

အာဟာရဓာတ်
-----------------
ဒီမုန်လာထဲမှာ ရေငွေ့ ၈၄.၆%၊ အဆီ ဝ.၅%၊ သတ္တု ၁.ဝ%၊ ကာဘိုဟိုက်းရိုက် ၉.၂%၊ ထုံး ဝ.၀၅%၊ မီးစုန်း ဖော့စဖရပ်စ် ဝ.၀၈%ပါဝင်ပါတယ်။ သံဓာတ် ၁၀၀ဂရမ်မှာ ကယ်လိုရီဓာတ် ၆၀၊ ဗီတာမင်အေ ၂၁၀ အိုင်ယူ၊ ဗီတာမင် စီ ၇၂ မီလီဂရမ်ဖြစ်ပါတယ်။
,-------------------Crd..

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 18/11/2023

၁ထုတ် ကို ၄၀၀၀ ကျပ်ပါ အစေ့ က ၃၀ နဲ့ ၄၀ ကြားလောက်ပါပါတယ်

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 18/11/2023
Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 16/11/2023

ကဲ အားလုံးလိုချင်နေကျတဲ့ ဂေါ်ဖီအသေးမျိုးတွေ ရပြီဗျာ။ စိုက်ပျိုးပုံ စိုက်ပျိုးနည်းက ဂေါ်ဖီ အကြီး နဲ့တူပေမယ့် အချိုအရသာ အရမ်းကွာတယ် ။နိုင်ငံခြားသား တွေ လည်း အရမ်းကြိုက်ကျ ပါတယ် ။ သူ့ အတွက်စျေးကွက်လည်း ရှိလို့ စိုက်ပျိုးသင့်တဲ့ အပင် ဖြစ်ပါတယ်

#ဂေါ်ဖီအသေး
#မျိုးစေ့


Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

22/10/2023
Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 22/10/2023

မျိုးစေ့တွေ စပျိုးပြီ ဆိုတာ နဲ့ အချိန်ပေးရတယ် မိတ်ဆွေ အလုပ်ရှုပ်တာရော များရင် များသလို ပင်ပန်းတာရောပေါ့။ ဒါပေမယ့် ၁လလောက် အပင်ပန်းခံ ပျိိုးပြီးစောင့်ပြီးမှ မိတ်ဆွေ ပျိုးထားတဲ့ အစေ့ တွေက မပေါက်လာဘူးဆို မိတ်ဆွေ အတွက် အချိန်ရော လူကော ဆုံးရှုံးနှစ်နာတာ ပေါ့ ဗျာ ။ မှန်ပါတယ် ကျွန်တော် တို့ ရဲ့ မျိုးစေ့ တွေ က သူများထပ် စျေးနည်းနည်းတော့ ပိုပါလိမ့်မယ်။ လက်ရှိစျေးကွက်ထဲ က ရောင်းနေတဲ့ ဟာတွေ ထပ် ကိုနည်းနည်း လေးစျေးပိုမယ်ထင်တယ်။ ဒါပေမယ့် အပေါ်က စာတွေ ကို ပြန်ဖတ်ကြည့်လိုက်ရင် တန်တယ် ဆိုတာ သိသွားပါလိမ့်မယ် စထုတ်အချိန်အခု လက်ရှိ Date နဲ့ Expire Date အဝေးကြီး ပေါက်နှုန်း ၉၀ % အာမခံထားတာ ။ အဲ့လို ဖြစ် ဖို့ အတွက် လည်း ကိုယ်တိုင်အထုတ်တွေ ဖောက် စမ်းစိုက် ယိုးဒယား စက်ရုံနဲ့ တိုက်ရိုက်ချိတ် အချိန်တွေ အများကြီးပေးပြီး ပေါက်နှုန်းတွေ ကို စမ်းသပ်ခဲ့တာပါ ။ စိုက်ပျိုးရေး နည်းတွေ ဆို လည်း Page မှာတင်ထားပေးသလို လူကိုယ်တိုင်လာမေးလို့ လည်းရပါတယ်။ အခမဲ့ပါ ။ မျိုးစေ့ ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေပါ။ သဘာဝမြေသြဇာ လုပ်နည်းတွေ ရော အခမဲ့ မျှဝေပေးနေတာ ပါ ။

မိတ်ဆွေ တို့ လို တဲ့ မျိုးစေ့ မှန်သမျှအတွက် Green Nature သာ လာလိုက်ပါဗျာ ။

Green Nature
09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 22/10/2023

လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ရတဲ့ မိဘတွေ ဆွေမျိုးတွေ ရှိကြပါတယ်။ အခုလို သီတင်းကျွတ် အချိန်မှာ ကျွန်တော် ရဲ့ Page က Organic စိုက်ပျိုးနည်းလေး တွေ ကို ဖတ်ပြီး သူတို့ ကို Share ပေးပြီး မျိုးစေ့ လက်ဆောင်ပေးတာ က သူတို့ ကို ပိုပြီး အသက်ရှည်ကျန်းမာစေမယ်ထင်တယ်ဗျ။ ဘာလို့ လည်း ဆို ပိုသတ်ဆေးတွေ ဖြန်းထားတဲ့ အသီးအရွက်ထပ်စာရင် ကိုယ်တိုင်စိုက်ပျိုးစားတာ က ပိုလတ်ဆက် ပိုချိုသလို လူကြီးမိဘတွေ အတွက် အသင့်တော်ဆုံးမို့ပါ။ လူတိုင်းလူတိုင်း အသီးအရွက်မစားပဲ မနေနိုင်ကျပါဘူး ဒါပေမယ့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အသီးအရွက်တွေ စားဖို့ တော့ လို အပ်တာပေါ့ဗျာ ။

Green Nature ရဲ့ မျိုးစေ့ တွေ နဲ့ အတူ မိဘဆွေမျိုးတို့ ကျန်းမာဖို့ ကန်တော့ လိုက်ကျပါစို့ ။

မျိုးစေ့ အမျိုးပေါင်း ၈၀ ကျော် ရှိပါတယ် ။
ကျေးဇူးပြုပြီး Page မှာ ဝင်ကြည့်ပြီး ကြိုက်နှစ်သက်ရာ မှာ ယူနိုင်ပါတယ်ဗျာ ။

စိုက်ပျိုးနည်း မှန်သမျှ ကို လည်း မနက် ၇ - ည ၈ နာရီအတွင်းလာရောက်မေးမြန်းနိုင်ပါတယ် ။

Photos from Htwet Toe - ထြက္တိုး's post 18/10/2023

စိုက်ပျိုးနည်းတွေ အကုန်ဖတ်

https://www.facebook.com/100077761707857/posts/345901064678614/?mibextid=CDWPTG

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 18/10/2023

တကယ်ချို တကယ်စားလို့ ကောင်းတာနော် ကြော်စားကြည့် မိတ်ဆွေ တို့

မျိုးကောင်းမျိုးသန့် #ဂေါ်ဖီထုပ်သေး တစ်ထုပ်လျှင် 4000 ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးနိုင်ပါပြီနော်။ ရန်ကုန်မြို့မှတစ်ဆင့်နယ်မြို့များသို့ပို့ဆောင်ပေး‌ပါတယ်။
ဆက်သွယ်ရန်ဖုန်း ------09959925730

အာဟာရဓာတ် စုံလင်စွာပါဝင်တဲ့ sprouts #ဂေါ်ဖီထုတ်သေး
စိုက်ပျိုးနည်းစနစ်
======================

#ဂေါ်ဖီထုပ်သေး sprouts ဟာ အအေးကြိုက်သီးနှံဖြစ်ပြီး (၂)နှစ်သက်တမ်းရှိပေမယ့် နှစ်ချင်းစိုက်ပျိုးစားသုံး နိုင်ပါတယ်။ ပင်စည်တစ်လျှောက် အရွက်ကြားမှ ထွက်လာတဲ့ မုန်လာထုပ်အသေးလေးတွေကို စားရပါတယ်။ အပင်ဟာ အမြင့် (၂-၃)ပေရှိပြီး (၁-၂)ပေကျယ်ပါတယ်။ တစ်ပင်မှာ (၅၀-၁၀၀)ခန့်အထိ ဂေါ်ဖီထုပ်အသေး လေးတွေကို ရနိုင်ပါတယ်။ အထုပ်လေးရဲ့အရွယ်အစားဟာ (၁-၂)လက်မခန့်သာရှိပါတယ်။ အပင်ဖြစ် နှေးပြီး အေးပြီးစွတ်စိုတဲ့ဒေသကို ကြိုက်ပါတယ်။ နှင်းခါးဒဏ်ခံနိုင်ပါတယ်။ အေးခဲတဲ့ရာသီမှာ ဆွတ်ခူးပြီး (၂)ရက်အတွင်းစားသုံးရင် အရသာပိုပြီး ချိုပါတယ်။

စိုက်ပျိုးခြင်း
-------------
ဂေါ်ဖီထုပ်သေးဟာ အေးတဲ့ရာသီတာရှည်မှ ရင့်မှည့်လေ့ရှိပါတယ်။ မြေကွက်မှာ အပေါ်ယံ (၂-၃)လက်မကို သဘာဝမြေဆွေးနဲ့ ဖုံးအုပ်ပေးရပါတယ်။ ပျိုးပင်တွေကို အတန်းအတွင်း (၁)ပေခွဲခွာပြီး၊ စိုက်တန်းအချင်းချင်း (၂)ပေခွာပြီးစိုက်ပျိုးရပါတယ်။ အပင်ပေါက်တွေ (၁၂)လက်မမြင့်တဲ့အခါ အချိုးညီဓာတ်မြေသြဇာ (၅း၅း၅) ကို ထည့်ပေးရပါတယ်။ ရေကိုပုံမှန်ပေးနေမှ အပင်ဖြစ်ထွန်းတာဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီမှ အထူးဂရုပြု ပေးရပါတယ်။ အပေါ်ယံအမြစ်တွေကို မထိခိုက်စေဖို့ ပေါင်းမြက်ကို လက်နဲ့သုတ်သင်သင့်ပါတယ်။ ပြီးရင် အကွက်ကို ကောက်ရိုး ဒါမှမဟုတ် မြက်ခြောက်စတာတွေနဲ့ (၂-၄)လက်မအထူထိဖုံးပေးရပါတယ်။ ဒီလိုလုပ် ပေးခြင်းအားဖြင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးခြင်း၊ ပေါင်းမြက်ကို နှိမ်နင်းပေးခြင်း၊ မြေဆီလွှာအေးခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အပင်ပိုပြီးဖြစ်ထွန်းပါတယ်။ အပင်မြင့်လာတဲ့အခါ လေတိုက်ရင် မယိုင်လဲစေဖို့ တိုင်ထောင်ပြီး ချည်နှောင်ပေးရပါတယ်။

ရိတ်သိမ်းခြင်း
------------------
ဂေါ်ဖီထုပ်လေးတွေ (၁)လက်မ (၁)လက်မခွဲအရွယ်ရောက်လာရင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အခါ ပင်စည်ရိုးတံအောက်ပိုင်းမှ စတင်ပြီး ဓားပြတ်ပြတ်နဲ့ဖြတ်ယူရပါတယ်။ အောက်ပိုင်းမှာရှိတဲ့ အထုပ်ကလေး တွေ လက်မဝက်အရွယ်ခန့်ရှိလာရင် အပင်ကြီးရဲ့ ကြီးထွားဆဲခေါင်းဖျားကို ဖြတ်ပေးရပါတယ်။ နောက် (၂) ပတ်ခန့်ကြာတဲ့အခါ ပင်စည်အဖျားအထိ အထုပ်ကလေးတွေ ရင့်မှည့်လာပါတယ်။ ခေါင်းဖျားမဖြတ်ရင် ရင့်မှည့် မှုနှေးကွေးပါတယ်။

ကျရောက်တတ်သော ပိုးမွှားရောဂါများ
--------------------------------------------
မုန်လာလောက်ကောင်နဲ့ မုန်လာခူကောင်တွေဟာ အဓိကပိုးတွေဖြစ်ပါတယ်။ အစိမ်းရောင်ခူကောင်အသေး စားဟာ အရွက်ကို အဝိုင်းပေါက်တွေဖြစ်အောင် စားသောက်ဖျက်ဆီးပါတယ်။ အထုပ်ကလေးတွေအတွင်းထဲကို ဝင်ပြီး ပုန်းအောင်းနေတတ်ပါတယ်။ ပျပိုးနဲ့ဖြတ်ပိုးလောက်ကောင်တွေဟာ အပင်ပေါက်ကို ဖျက်ဆီးတတ်ပါ တယ်။ ရှဉ့်သေးတစ်မျိုးနဲ့ ယုန်တွေလည်း အပင်ပေါက်ကို စားတတ်ပါတယ်။

မျိုးများ
---------------
ဒိုင်ယာဘလို (Diablo Hybrid) စပ်မျိုးဟာ အသက်ရက် (၁၁၀)ရှိပြီး နောက်ကျပြီး ရင့်တဲ့မျိုးဖြစ်ပါတယ်။ အထုပ်ကလေးတွေ ရင့်ပြီးသွားရင်တော့ အပင်ပေါ်မှာ တာရှည်အထားခံပါတယ်။ ဂျိတ်အီခရောင့်စ် (Jade E Cross) စပ်မျိုးဟာ အသက်ရက် (၉၀)ရှိပြီး တစ်ပင်လုံး အရင်းအဖျားရှိ အထုပ်ကလေးတွေ အရွယ်ညီညာ ပါတယ်။ အိုလီဗာ (Oliver Hybrid) စပ်မျိုးဟာလည်း အသက်ရက် (၉၀)ရှိပြီး နေရာဒေသအများစုမှာ စိုက်ပျိုး ဖြစ်ထွန်းတဲ့ အသက်ငယ်မျိုးဖြစ်ပါတယ်။ ရက်ရူဘငါး (Red Rubin) မျိုးဟာ အသက် (၉၅)ရက်ရှိတဲ့ မိရိုးဖလာ မျိုးဖြစ်ပါတယ်။ ခရမ်းရောင်ရှိပြီး ချက်ပြုတ်ပြီးတဲ့အထိ အရောင်မြဲပါတယ်။

အာဟာရဓာတ်
-----------------
ဒီမုန်လာထဲမှာ ရေငွေ့ ၈၄.၆%၊ အဆီ ဝ.၅%၊ သတ္တု ၁.ဝ%၊ ကာဘိုဟိုက်းရိုက် ၉.၂%၊ ထုံး ဝ.၀၅%၊ မီးစုန်း ဖော့စဖရပ်စ် ဝ.၀၈%ပါဝင်ပါတယ်။ သံဓာတ် ၁၀၀ဂရမ်မှာ ကယ်လိုရီဓာတ် ၆၀၊ ဗီတာမင်အေ ၂၁၀ အိုင်ယူ၊ ဗီတာမင် စီ ၇၂ မီလီဂရမ်ဖြစ်ပါတယ်။
,-------------------Crd..

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 18/10/2023

အင်္ဂလိပ်အမည်- Perilla အရွက်
အခြားအမည်- နှမ်းရွက်

အသုံးပြုပုံ- တခါတရံ ဟင်းသီးဟင်းရွက်ကဲ့သို့ အသုံးပြုသည်၊ တစ်ခါတစ်ရံတွင် ဆလတ်ရွက်ကဲ့သို့ အသုံးပြုကြပြီး တစ်ခါတစ်ရံတွင် ပုံမှန် ဟင်းသီး ဟင်းရွက်အဖြစ် သုံးနိုင်သည်။ ကိုရီးယား ဟင်းသီး ဟင်းရွက်တွေထဲမှာ အကြိုက်ဆုံးလို့ ပြောရမယ်ထင်ပါတယ်။

🍀🍀🍀🍀🍀
Perilla စိုက်ပျိုးနည်း - အစေ့များကို ၂နာရီခန့် စိမ်ထားပြီးနောက် နေပူထဲတွင်ပျိုထောင်ထားပါ။ ၎င်းတို့ကို အိုးများ သို့မဟုတ် သင့်ဥယျာဉ်တွင် အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ပူနွေးသောရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီး ကယ်လီဖိုးနီးယားတွင် နေအလွန်ပြင်းထန်ပါက တစ်စိတ်တစ်ပိုင်းအရိပ်တွင် အကောင်းဆုံးဖြစ်သည်။ အစားထိုးမစိုက်ဘဲ တိုက်ရိုက်စိုက်တာ အကောင်းဆုံးပါပဲ။ အပင်များ စိုက်ပျိုးပြီးသည်နှင့် နောက်နှစ်တွင် မျိုးစေ့များ ရိတ်သိမ်းနိုင်ပါသည်။စိုက်ပျိုးချင်သောမိဘပြည်သူများအနေဖြင့် 5gပါတစ်ထုပ်လျင်2500ကျပ်ဖြင့်မှာယူစိုက်ပျိုးနိင်ပြီ။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959825730

#နှမ်းရွက်

18/10/2023

GAP စပ်မြေ နဲ့ Green Nature ရဲ့ မျိုးစေ့ နဲ့ ပေါင်းစပ်ရင် ဖြစ်နိုင်ပါတယ် ဗျာ ။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

13/10/2023

"ကျောက်ဖရုံအနက် စနစ်တကျစိုက်ပျိုးနည်း"
=========================
ကျောက်ဖရုံသီးအတွင်းသားကို အဓိကဟင်းချိုချက်စားကြသည်။ အထားခံသဖြင့်
တစ်နှစ်ပတ်လုံးစားသောက်ကြသည်။ သကြားဖြင့်ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။မှာယူစိုက်ပျိုးချင်သူများအနေဖြင့်မျိုးကောင်းမျိုးသန့်တစ်ထုပ်လျင်၃၅၀၀ကျပ်ဖြင့်09959925730 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

စိုက်ချိန်
မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ်မြေလွှတ်၍စိုက်ပျိုးကြသည်။

စိုက်ပျိုးခြင်း
စင်တင်စနစ်၊ မြေလွှတ်စနစ် ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။
သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကိုဆွပြီး
သမအောင် မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေအကျယ်၊ (၁)ပေ
အမြင့်ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။
မြေလွှတ်စနစ်တွင် (၂)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့် တစ်ပင် (၂)ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင် (၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။

မြေသြဇာထည့်သွင်းခြင်း
ကျောက်ဖရုံ (၁)ဧကလျှင် သဘာဝမြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ်၊
တီစူပါ(၂ - ၄)အိတ်၊ ပိုတက်ရ်ှမြေသြဇာ (၁-၂)အိတ်ထည့်ပေးရမည်။ ဒေသမျိုး
အားလုံးသည် စိုက်ပြီး ရက်(၁၀၀)ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီး
အရွက် (၇)ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။

အပင်ပြုစုခြင်း
တိုက်ရိုက်အစေ့ချစိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောင့်ဖောက်ပြီးမှချ၍ အပင်ငယ်စဉ်တွင် ရေကိုမပြတ်လောင်း ပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံနိုင်သော်လည်း၊ ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင်
ပိုးမွှားကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။

ခူးယူခြင်း၊ အစေ့ထုတ်ခြင်း
အစေ့ချပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့
ထုတ်ယူလိုပါက ပန်ုးပွင့်ပြီး(၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီး သည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင်နှစ်ပတ်လည် ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်းဖြင့်
အပင်ပေါက် ရာခိုင်နှုန်းပိုမိုကောင်းမွန်သည်
ကျောက်ဖရုံသီးမျိုးကောင်းမျိုးသန့်များကိုဝယ်ယူစိုက်ပျိုးချင်တဲ့ချစ်တို့ရေမျိုးကောင်းမျိုးသန့်တစ်ထုပ်လျှင် 3500ကျပ်ဖြင့်မှာယူနိင်ပါပြီ ။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်
09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 08/10/2023

မျိုးကောင်းမျိုးသန့် #ဂေါ်ဖီထုပ်သေး တစ်ထုပ်လျှင် 4000 ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးနိုင်ပါပြီနော်။ ရန်ကုန်မြို့မှတစ်ဆင့်နယ်မြို့များသို့ပို့ဆောင်ပေး‌ပါတယ်။
ဆက်သွယ်ရန်ဖုန်း ------09959925730

အာဟာရဓာတ် စုံလင်စွာပါဝင်တဲ့ sprouts #ဂေါ်ဖီထုတ်သေး
စိုက်ပျိုးနည်းစနစ်
======================

#ဂေါ်ဖီထုပ်သေး sprouts ဟာ အအေးကြိုက်သီးနှံဖြစ်ပြီး (၂)နှစ်သက်တမ်းရှိပေမယ့် နှစ်ချင်းစိုက်ပျိုးစားသုံး နိုင်ပါတယ်။ ပင်စည်တစ်လျှောက် အရွက်ကြားမှ ထွက်လာတဲ့ မုန်လာထုပ်အသေးလေးတွေကို စားရပါတယ်။ အပင်ဟာ အမြင့် (၂-၃)ပေရှိပြီး (၁-၂)ပေကျယ်ပါတယ်။ တစ်ပင်မှာ (၅၀-၁၀၀)ခန့်အထိ ဂေါ်ဖီထုပ်အသေး လေးတွေကို ရနိုင်ပါတယ်။ အထုပ်လေးရဲ့အရွယ်အစားဟာ (၁-၂)လက်မခန့်သာရှိပါတယ်။ အပင်ဖြစ် နှေးပြီး အေးပြီးစွတ်စိုတဲ့ဒေသကို ကြိုက်ပါတယ်။ နှင်းခါးဒဏ်ခံနိုင်ပါတယ်။ အေးခဲတဲ့ရာသီမှာ ဆွတ်ခူးပြီး (၂)ရက်အတွင်းစားသုံးရင် အရသာပိုပြီး ချိုပါတယ်။

စိုက်ပျိုးခြင်း
-------------
ဂေါ်ဖီထုပ်သေးဟာ အေးတဲ့ရာသီတာရှည်မှ ရင့်မှည့်လေ့ရှိပါတယ်။ မြေကွက်မှာ အပေါ်ယံ (၂-၃)လက်မကို သဘာဝမြေဆွေးနဲ့ ဖုံးအုပ်ပေးရပါတယ်။ ပျိုးပင်တွေကို အတန်းအတွင်း (၁)ပေခွဲခွာပြီး၊ စိုက်တန်းအချင်းချင်း (၂)ပေခွာပြီးစိုက်ပျိုးရပါတယ်။ အပင်ပေါက်တွေ (၁၂)လက်မမြင့်တဲ့အခါ အချိုးညီဓာတ်မြေသြဇာ (၅း၅း၅) ကို ထည့်ပေးရပါတယ်။ ရေကိုပုံမှန်ပေးနေမှ အပင်ဖြစ်ထွန်းတာဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီမှ အထူးဂရုပြု ပေးရပါတယ်။ အပေါ်ယံအမြစ်တွေကို မထိခိုက်စေဖို့ ပေါင်းမြက်ကို လက်နဲ့သုတ်သင်သင့်ပါတယ်။ ပြီးရင် အကွက်ကို ကောက်ရိုး ဒါမှမဟုတ် မြက်ခြောက်စတာတွေနဲ့ (၂-၄)လက်မအထူထိဖုံးပေးရပါတယ်။ ဒီလိုလုပ် ပေးခြင်းအားဖြင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးခြင်း၊ ပေါင်းမြက်ကို နှိမ်နင်းပေးခြင်း၊ မြေဆီလွှာအေးခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အပင်ပိုပြီးဖြစ်ထွန်းပါတယ်။ အပင်မြင့်လာတဲ့အခါ လေတိုက်ရင် မယိုင်လဲစေဖို့ တိုင်ထောင်ပြီး ချည်နှောင်ပေးရပါတယ်။

ရိတ်သိမ်းခြင်း
------------------
ဂေါ်ဖီထုပ်လေးတွေ (၁)လက်မ (၁)လက်မခွဲအရွယ်ရောက်လာရင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အခါ ပင်စည်ရိုးတံအောက်ပိုင်းမှ စတင်ပြီး ဓားပြတ်ပြတ်နဲ့ဖြတ်ယူရပါတယ်။ အောက်ပိုင်းမှာရှိတဲ့ အထုပ်ကလေး တွေ လက်မဝက်အရွယ်ခန့်ရှိလာရင် အပင်ကြီးရဲ့ ကြီးထွားဆဲခေါင်းဖျားကို ဖြတ်ပေးရပါတယ်။ နောက် (၂) ပတ်ခန့်ကြာတဲ့အခါ ပင်စည်အဖျားအထိ အထုပ်ကလေးတွေ ရင့်မှည့်လာပါတယ်။ ခေါင်းဖျားမဖြတ်ရင် ရင့်မှည့် မှုနှေးကွေးပါတယ်။

ကျရောက်တတ်သော ပိုးမွှားရောဂါများ
--------------------------------------------
မုန်လာလောက်ကောင်နဲ့ မုန်လာခူကောင်တွေဟာ အဓိကပိုးတွေဖြစ်ပါတယ်။ အစိမ်းရောင်ခူကောင်အသေး စားဟာ အရွက်ကို အဝိုင်းပေါက်တွေဖြစ်အောင် စားသောက်ဖျက်ဆီးပါတယ်။ အထုပ်ကလေးတွေအတွင်းထဲကို ဝင်ပြီး ပုန်းအောင်းနေတတ်ပါတယ်။ ပျပိုးနဲ့ဖြတ်ပိုးလောက်ကောင်တွေဟာ အပင်ပေါက်ကို ဖျက်ဆီးတတ်ပါ တယ်။ ရှဉ့်သေးတစ်မျိုးနဲ့ ယုန်တွေလည်း အပင်ပေါက်ကို စားတတ်ပါတယ်။

မျိုးများ
---------------
ဒိုင်ယာဘလို (Diablo Hybrid) စပ်မျိုးဟာ အသက်ရက် (၁၁၀)ရှိပြီး နောက်ကျပြီး ရင့်တဲ့မျိုးဖြစ်ပါတယ်။ အထုပ်ကလေးတွေ ရင့်ပြီးသွားရင်တော့ အပင်ပေါ်မှာ တာရှည်အထားခံပါတယ်။ ဂျိတ်အီခရောင့်စ် (Jade E Cross) စပ်မျိုးဟာ အသက်ရက် (၉၀)ရှိပြီး တစ်ပင်လုံး အရင်းအဖျားရှိ အထုပ်ကလေးတွေ အရွယ်ညီညာ ပါတယ်။ အိုလီဗာ (Oliver Hybrid) စပ်မျိုးဟာလည်း အသက်ရက် (၉၀)ရှိပြီး နေရာဒေသအများစုမှာ စိုက်ပျိုး ဖြစ်ထွန်းတဲ့ အသက်ငယ်မျိုးဖြစ်ပါတယ်။ ရက်ရူဘငါး (Red Rubin) မျိုးဟာ အသက် (၉၅)ရက်ရှိတဲ့ မိရိုးဖလာ မျိုးဖြစ်ပါတယ်။ ခရမ်းရောင်ရှိပြီး ချက်ပြုတ်ပြီးတဲ့အထိ အရောင်မြဲပါတယ်။

အာဟာရဓာတ်
-----------------
ဒီမုန်လာထဲမှာ ရေငွေ့ ၈၄.၆%၊ အဆီ ဝ.၅%၊ သတ္တု ၁.ဝ%၊ ကာဘိုဟိုက်းရိုက် ၉.၂%၊ ထုံး ဝ.၀၅%၊ မီးစုန်း ဖော့စဖရပ်စ် ဝ.၀၈%ပါဝင်ပါတယ်။ သံဓာတ် ၁၀၀ဂရမ်မှာ ကယ်လိုရီဓာတ် ၆၀၊ ဗီတာမင်အေ ၂၁၀ အိုင်ယူ၊ ဗီတာမင် စီ ၇၂ မီလီဂရမ်ဖြစ်ပါတယ်။
,-------------------Crd..

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 08/10/2023

အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း။
🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆🍆
ခရမ်းသီး ခရမ်းကျွတ် မျိုးစုံကို တစ်ထုပ်1500ကျပ်ဖြင့်မှာယူနိင်ပါပြီ09959925730ကိုလဲဖုန်းဆက်မှာယူနိင်ပါပြီ နော်
ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်
ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်။

မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ
သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။
မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။
အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရော
ကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။
ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ။

အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။
နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း
ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ - ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်။

Credit

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 08/10/2023

ဘူးပင် စနစ်တကျစိုက်ပျိုးနည်း
✅✅✅✅✅✅✅
--------------------
ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်၊အငံဓာတ် (၆-၇) ကြားတွင်ပိုမိုဖြစ်ထွန်းပါသည်။
ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့်ခံနိုင်
သည်။ သို့သော်ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။

မြေပြုပြင်ခြင်း
-----------------
ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍လည်းစိုက်နိုင်သည်။
စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး မြေဆွေးနှင့် သမအောင်ရော၍ စိုက်
ဘောင်ပြုလုပ်ပါ။ စိုက်ဘောင်တစ်ဘောင်လျှင် အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်
(၁)ပေခန့် ပြုလုပ်ကြပါသည်။

မြေသြဇာကျွေးနည်း
------------------------
ဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တင်း(၂၀ - ၃၀)အထိလိုအပ်ပြီး
ဓာတ်မြေသြဇာတစ်ဧကလျှင်ယူရီးယား (၂၀) Kg နှင့် တီစူပါ (၂၄)Kg လိုပါသည်။
စိုက်ဘောင်များပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင်
ရောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ် (၂၀)kg နှင့် ယူရီးယား
မြေသြဇာ (၁၀)kg ကို စိုက်ဘောင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်(၁၀) kg
ကိုဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရမည်။

ပျိုးထောင်နည်း
------------------
မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်တွင် ဘူးစေ့(၂)စေ့ခန့်ထည့်ပြီးပျိုးနိုင်သည်။ စိုက်ပြီး(၁၀)ရက်ခန့်ကြာလျှင် ပျိုးပင်ပေါက်လာမည်။ အပင်(၃-၄)ရွက်
ထွက်လျှင်ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးနည်း
---------------
ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ ဓာတ်မြေသြဇာများ သမအောင်မွှေထားသော
မြေကို စိုက်ဘောင်များ ပြုလုပ်၍စိုက်ပျိုးပါသည်။
စင်တင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့်ဘောင်
ပြုလုပ်ပြီးဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း(၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့
(၇)စေ့စိုက်ရသည်။ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်(၂)ပင် ချန်ထားလျှင် သင့်တော်၏။
ကျင်းဖြင့်စိုက်ပျိုးပါက အနက်(၁.၅)ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများတူး
ပြီးနွားချေးနှင့် မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄)လက်မခန့်အထိ ထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုးကိုဖို့ရမည်။ တစ်ကျင်းလျှင်(၇-၈)ပင်ခန့်စိုက်ရမည်။ အပင်
ငယ်များတစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများနွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။
အပင်ကလေးများ လသားအထိအပင်ခြေရင်း ပေါင်းလိုက်ပေးရမည်။
ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင်မျိုးစေ့နှုန်းမှာ (၂-၃)ကီလိုဂရမ်လိုအပ်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း
------------------------
အထက်မြန်မာပြည်တွင် ဘူးကိုမိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင်
ဆောင်းစိုက်ခင်းများအတွက်မူ (၃)ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်
လိုအပ်ပါသည်။

အသီးခူးဆွတ်နည်း
-----------------------
ဘူးသီးကို စိုက်ပြီးနောက် (၇၅ - ၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။
ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း
အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကိုမနုမရင့် အနေတော်ခူးရ၏။ တစ်ဧကလျှင်
ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။

မှတ်ချက်။ ။
- ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန်လိုအပ်ပါသည်။
ထိရောက်စွာ မနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။
- ဘူးပင်ကို ပိုးသတ်ဆေးဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းစသောဆေးများ
မဖျန်းသင့်ပါ။
- ဘူးပင်အညွန့်စင်ပေါ်ရောက်ပါက အညွန့်ဖြတ်တောက်ပေးပါ။ သို့မှသာ
အညွန့်များ စင်ပေါ်ဖြာတက်ပြီး အသီးများပိုသီးပါမည်။
ကဲ့ချစ်တို့ရေ မိမိတို့အိမ်ခြံဝန်းထဲ မြေကွက်လပ်ထဲယိုးဒယားမျိုးကောင်းမျိုးသန့်ဘူးပင်လေးတွေစိုက်ပျိုးချင်တယ်ဆိုရင်တော့ မျိုးစေ့တစ်ထုပ်ကို1500ကျပ်ထဲနဲ့ဝယ်လိုရနေပါပြီနော်။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်

09959925730

Photos from Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်'s post 08/10/2023

ရှမ်းနံနံ (ကုလားနံနံ)

ပန်းနာ ရင်ကျပ် ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာ ပျောက်ကင်းစေသညိ။

ရှမ်းနံနံကို မြန်မာနိုင်ငံ အနှံအပြား ဒေသ အမျိုးမျိုးရဲ့ အစားအစာ
ဟင်းခတ်အမွေးအကြိုင် အဖြစ်အသုံးပြုကြသည်။

အရှေ့တောင်အာရှမှာ မြန်မာ , ကိုရီးယား , အိန္ဒိယ , ထိုင်း ဗီယက်နမ် တို့မှာလည်း
ဆေးအသုံးပြုကြတယ်။
သူတိုဆီမှာ-
ပန်းနာရင်ကျပ်
ဗိုက်အောင့်ခြင်း
နားကိုက်ဝေဒနာ
အစာချေစနစ် ပြဿနာ ( သန်ထခြင်း , ဝမ်းပျက်ခြင်း )
မြွေ ( သို့ )အင်းဆက် အကိုက်ခံရတာ အဖျားတက်တာ
ငှက်ဖျား ရောဂါတို့အတွက် ကုသနည်းအဖြစ် ထည့်သွင်း
အသုံး ပြုကြတယ်။

အရွက်ရော အမြစ်မှာပါ အဟာရဓာတ်ပါဝင်ပါတယ်။
နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိများပါဝင်ပါတယ်။

ရှမ်းနံနံမှာ သံဓာတ် , ဗီတာမင် အေ , စီ, ဗီတာမင် ဘီဝမ်း ,ဘီတူး , ကာဗိုဟိုက်ဒရိတ် ,
ခန္ဓာကိုယ်အကျိုးပြုဓာတ်များစွာပါဝင်ပါတယ်။

● ခံတွင်းပျက်နေသူတွေအတွက် အစားချင်စိတ်ကိုဖြစ်စေပါတယ်။

●သွေးတိုးကျစေတယ်။

●တုတ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်။

●ပန်းနာရင်ကျပ်ကို သက်သာစေတယ်။

●အရောင်ကျစေတယ်။

●အကိုက်အခဲပျောက်စေတယ်။

●နာကျင်ခြင်း ရောင်ရမ်းခြင်း အဆစ်နာခြင်းတွေကို သက်
သာစေတယ်။

●နားကိုက်တာ , ဗိုက်အောင့်တာ,ခေါင်းကိုက်ခြင်း တွေအတွက် ရှမ်းနံနံ ရေနွေးကြမ်းကို
သောက်သုံးလေ့ရှိပါတယ်။

●ဆီးချိုကို ကျစေတယ်။

●ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

●အဖျားကျစေတယ်။

●ပျို့အန်ခြင်း , ဝမ်းပျက်ခြင်း , အအေးမိခြင်း , နမိုးနီးယား ဗိုက်အောင့် ဗိုက်နာခြင်းတွေ
အတွက် ရှမ်းနံနံကို အသုံးပြုလေ့ ရှိပါတယ်။

●ပင့်ကူ ကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ချေပြီးလိမ်းပေးရင်သက်သာတယ်လို့ ဆိုကြပါတယ်။ု၂
စိုက်ပျိုးရလွယ်ကူပြီးကျန်မာရေးအတွက်ရှမ်းနံနံမျိုးကောင်းမျိုးသန့်များကိုမိမိခြံဝန်းထဲစိုက်ပျိုးထားချင်တဲ့ချစ်တို့ရေ မျိုးစေ့တစ်ထုပ်လျင်1500ကျပ်ထဲနဲ့မှာလိုရနေပါပြီနော်။

Green Nature မျိုးစေ့မျိုးစုံ နှင့် ပျိုးပင်ပေါက် အရောင်းဆိုင်
09959925730

24/09/2023

သဘာဝမြေသြဇာ

ကမ္ဘာ့ အကောင်းဆုံး မြေဩဇာပြုလုပ်နည်း

လိုအပ်မည့်ကုန်ကြမ်း

တိရိစ္ဆာန် ချေး= ၅ အိတ်
အရွက်အစိမ်း = ၁၅ အိတ်
ကောက်ရိုး / မြက်ခြောက် = ၅ အိတ်
ဖွဲ မနုမကြမ်း 1 အိတ်
EM = 5 ဂါလံ

ဘာချေးဖြစ်ဖြစ်ရပေမဲ့
ကြက်ချေးကအကောင်းဆုံးပါ
ဖြစ်နိုင်ရင်အခြောက် အမှုန့်ဆိုပိုကောင်းပါတယ်။
အရွက်အစိမ်း၊ အခြောက်များကို
တောက်တောက်စင်းပါ။
6×4 ပေအကျယ် မြေနေရာကို
အနက် 6 လက်မခန့်တူးဆွပြီး
ရလာတဲ့မြေကိုအမှုန့်လုပ်ပြီး
အကုန်ရောထည့်ရပါမယ်။
အရိပ်အောက်မှာလုပ်နိုင်ရင်ပိုကောင်းပါတယ်။

ပြုလုပ်နည်း

အရင်ဆုံးကုန်ကြမ်းအားလုံးကိုသမအောင်
အခြောက်အတိုင်း ရောမွေပါ
သမအောင်မွေပြီးပြီဆိုမှ
ရေအဆ 40 ရောထားတဲ့
EM 3 ဂါလံအရည်ကိုဖျန်းပေးပါ
စိုစိုရွဲ နီးပါးခန့် ဖျန်းပေးပါ

အားလုံးနှံ့အောင် မွေပြီးပြီဆိုပါက
ပလပ်စတစ်/မိုးကာ တစ်ခုခုဖြင့်
ဖုံးအုပ်ထားလိုက်ပါ
5 ရက်ပြည့်ရင် ဖုံးထားတဲ့
မိုးကာအဖုံးဖွင့်ပြီးအထက်အောက်
လှန်ပေးရပါမယ်။
လက်ထိုးသွင်းကြည့်ရင်ပူနေပါလိမ့်မယ်။

5 ရက်တစ်ကြိမ် 5/6 ကြိမ် အထက်အောက်လှန်
ချိန်မှာ EM အရည်ဖျန်းပေးပါမယ်။
5/6 ကြိမ်လှန်ပြီးချိန် လက်ထိုးသွင်းကြည့်လို့
မပူတော့ဘူးဆိုရင် သုံးစွဲလို့ရပါပြီ။

EM. ကိုချိန်ဆသုံးစွဲရပါမယ်
ထက်အောက်လှန်ချိန်မှာ
EM ပြတ်သွားခဲ့ပါက ရေကိုသာဖျန်းပေးနိုင်ပါတယ်
EM ကို ဒီထက်ပိုသော ပမာဏ သုံးစွဲနိုင်ရင်
ပိုကောင်းပါမယ်။
အာနိသင်ပြည့်၀သောEM. ဖြစ်ဖို့တော့
အရေးကြီးပါမယ်။

ကမ္ဘာ့ အကောင်းဆုံးမြေဩဇာပါ
တစ်ဧက စာကို 4 ပုံခန့်ဖေါ်စပ်
ထည့်သွင်းစိုက်ပျိုးနိုင်ရင် ဓါတုမြေဩဇာလွတ်
စိုက်ခင်းဖြစ်ပါလိမ့်မယ်။

Ok ပါပြီ။

ချမ်းသာကြပါစေ
ခွန်တူး။

credit to KunTu

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

Yangon
95

Other Garden Centers in Yangon (show all)
Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

The Plant Society The Plant Society
Than Lwin Road
Yangon

Rare Plant Garden

Thazin Garden - သဇင်ပျိုးဥယျာဉ် Thazin Garden - သဇင်ပျိုးဥယျာဉ်
Kabaraye Pagoda Road
Yangon, 11061

We sell various plants for home decoration and landscaping projects for businesses.

Le Petit Pot Le Petit Pot
Yangon
Yangon

A place where we love sharing the healthy plants with reasonable price, also the tips how to take care of plants

Abo's World Abo's World
Aung Chan Thar Street, Mingaladon
Yangon

အပင်လေးတွေကြည့်ပြီး စိတ်ချမ်းသာချင်ရင် ဒီကိုလာ 🥰

Arts and Blooms Arts and Blooms
Yangon

Welcome! Arts and Blooms is a place where you can order local wooden handmade products and plant gifts in one place.

Terra Terra
Yangon

Terrarium and plant supply

TK Plants Collection TK Plants Collection
South Okkalapa Township
Yangon

��������

Plant Shop Myanmar Plant Shop Myanmar
No. 79, Baho Main Road (Between Ahlone Road & Shin Saw Pu Road, Ahlone Township
Yangon

ပန်းပင်များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်သော နေရာလေးကတော့ Plant Shop Myanmar ဘဲဖြစ်ပါတယ်။

Roses and More Roses and More
Yangon

Plants Shop

Noa's Plant Noa's Plant
Yangon

I love plants and nature.🌵🌳🌴🌱🌿☘️🍁💐🎍🌻

Yangonbee Yangonbee
Yangon