For Ladies

For Ladies

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

21/06/2024

ကိုယ်ဝန်ဆောင်ကာလအတွင်း ဘယ်အချိန်မှာ နို့စထွက်သလဲ

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ယေဘုယျအားဖြင့် စတင် နို့ထွက်ခြင်းသည် ကိုယ်ဝန် ၁၆ ပတ်နှင့် ၂၂ ပတ်ကြားတွင် စတင်ပါသော်လည်း မိခင်လောင်းတစ်ချို့အနေနဲ့ ကိုယ်ဝန် ၁၂ ပတ်လောက်မှာ ထွက်ရှိလာတာမျိုး ကြုံတွေ့ရတတ်ပါတယ်

အရောင်အားဖြင့်က

⬜️ ကြည်လင် (အရည်ကျဲသောပုံစံ)
⚪️ ခရင်မ်ဖြူ
🟡 အဝါ
🟠 လိမ္မော်ရောင်

အစရှိတဲ့အရောင်မျိုးတွေအပြင် တစ်ခါတစ်ရံမှာ အနည်းငယ် စေးကပ်သော ပုံစံမျိုးဖြစ်တတ်ပေမဲ့ ဒါတွေဟာ သာမန် ကျန်းမာတဲ့ မိခင်တစ်ဦးဆီမှာ ရှိမဲ့ အရောင်မျိုးဖြစ်လို့ စိုးရိမ်စရာမလိုပါဘူးရှင့်

ကိုယ်ဝန် လရင့်လာတဲ့ မိခင်လောင်းတွေမှာတော့ ခရင်မ်ပုံသဏ္ဍာန်ရှိပြီး အဖြူ သို့မဟုတ် ဖြူပြာရောင်လိုမျိုးရှိတတ်ပါတယ်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 962 338 094 or Viber သို့ဆက်သွယ်စုံစမ်းရန်

30/05/2024

သာမန်အားဖြင့်တော့ သားအိမ်ရှိနေတဲ့ အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေက ၁၀၀% မှာ ၁% လောက်သာဖြစ်နိုင်ခြေရှိတာပါ ဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ်ဆိုပြီးလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး

သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကိုလည်းသိထားရအောင်မျှဝေပေးမယ်နော်

- လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှ သွေးထွက်ခြင်း
- သွေးဆုံးပြီးသော်လည်း မိန်းမကိုယ်မှ သွေးဆင်းခြင်း
- ရာသီလာချိန် သို့မဟုတ် ပုံမှန်ထက်ပိုများသော မိန်းမကိုယ်မှသွေးဆင်းခြင်း
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များထွက်ရှိပြီး အနံ့ပြင်းသော သို့မဟုတ် သွေးပါရှိခြင်း

အစရှိတဲ့အချက်တွေထဲက တစ်ခုခုကို အမြဲလိုလိုခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းမှာ အနည်းဆုံး စစ်ဆေးမှုကိုတော့ပြုလုပ်ရပါမယ်ရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 962 338 094 or Viber သို့ဆက်သွယ်စုံစမ်းရန်

18/05/2024

အခုပြောပြမဲ့အရာလေးကတော့ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ရေကူးလို့မရတော့ဘူးဆိုတာကို မဖြစ်ရအောင် ဖြေရှင်းပေးမယ့် တော်ဝင်ခွက် မဟုတ်တဲ့ ရာသီခွက်လေးပါရှင့်

သူ့ကိုတော့ Menstural cup လို့ခေါ်ပြီး မိန်းမကိုယ်အတွင်းထဲမှာ ထည့်သွင်းအသုံးပြုရတဲ့ပုံစံအမျိုးအစားဖြစ်ပါတယ် သူ့ရဲ့အားသာချက်ကတော့ အပေါ်မှာပြောထားခဲ့သလို သူငယ်ချင်းတွေနဲ့ရေအတူတူကူးဖို့ချိန်းထားပြီးမှ ရာသီစက်ဝန်းဖြစ်နေလို့ ကိုယ်တစ်ယောက်ထဲ ရေထဲ ဆင်းမရတာမျိုးမဖြစ်အောင် ဒီ menstural cup လေးအသုံးပြုပြီးတော့ ရေထဲ အတူတူဆင်းလို့ရပါတယ်ရှင့်

ရေကူးအားကစားပြုလုပ်တဲ့အမျိုးသမီးတွေဟာလည်း ဒီ cup အမျိုးအစားကိုပဲ အသုံးပြုကြတာများပါတယ်ရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 962 338 094 or Viber သို့ဆက်သွယ်စုံစမ်းရန်

28/04/2024

သားအိမ်ခေါင်းကင်ဆာရှိသူ အမျိုးသမီးနှင့် အတူနေမိထားသော အမျိုးသားကို ရောဂါကူးစက်နိုင်ပါသလား

သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကာယကံရှင်မှတစ်ဆင့် အခြား အမျိုးသား သို့ အမျိုးသမီး တစ်ဦးဦးဆီသို့ ကူးစက်နိုင်မှုမပေးနိုင်တဲ့အတွက် အတူနေမိတဲ့အမျိုးသားအတွက်လည်း ကူးစက်နိုင်တာမျိုးမရှိပါဘူး

သို့ပေမဲ့ ဆေးကုသမှုခံယူနေစဉ် အချိန်ကာလအတွင်းမှာတော့ လိင်ဆက်ဆံမှုကို ရှောင်ကျင်ထားပြီး ကုသမှုအားလုံးပြီးသွားရင်တော့ ပုံမှန်အတိုင်း လိင်ဆက်ဆံမှုပြုလုပ်လို့ရပါပြီရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 962 338 094 or Viber သို့ဆက်သွယ်စုံစမ်းရန်

17/04/2024

ယနေ့ မြန်မာနှစ်သစ် "နှစ်ဆန်းတစ်ရက်" နေ့မှစတင်လို့ ဘေးအန္တရယ်ကင်းပြီး လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝကြပါစေလို့ For Ladies မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်

23/11/2023

အခု လက်ရှိအခြေအနေတွေအရ သေချာတားနေရဲ့သားနဲ့ ရသွားတာမျိုး ၊ အခြေအနေအရပ်ရပ်ကြောင့် ယူလို့မဖြစ်သေးတာမျိုး ၊ စိတ်ကူးထားပေမဲ့ လက်တွေ့မှာ မဖြစ်နိုင်သေးတာကြောင့် မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်တာမျိုး

ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ်ဟာ ဆေးသောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ယုံကြည်စိတ်ချရမဲ့ For Ladies မှာ အသေးစိတ်လာရောက် ဆွေးနွေးတိုင်ပင်လို့ရနေပါပြီ

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

12/11/2023

👩‍🦰 : ဟာ ... ဆီးစစ်တာ ၂ ကြောင်းပေါ်နေပြီ

👨 : ကွန်ဒုံးမပါခဲ့လို့ အတူနေပြီး အရေးပေါ်တားဆေးသောက်ထားရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ရသွားတာလဲ

👩‍🦰 : အဲ့နေ့က ဆေးသောက်လိုက်တာပဲ ဒါပေမဲ့ ဆေးသောက်ပြီး ၁ နာရီ အကြာမှာတော့ ပျို့ချင်လာကနေ အန်မိလိုက်တာရှိတယ်

တစ်ကယ်တော့ အရေးပေါ်တားဆေးရဲ့ အာနိသင်ကို ရယူဖို့ ခန္ဓာကိုယ်ဟာအနည်းဆုံး အချိန် ၃ နာရီ လိုအပ်ပါတယ် ဒါကြောင့် ဆေးသောက်ပြီး အချိန် ၃ နာရီ အတွင်းမှာ အန်မိခဲ့မယ်ဆိုပါက ဆေးအာနိသင် ထိရောက်မှုမရှိမှာစိုးရိမ်ရသဖြင့် နောက်ထပ် ၁ ကြိမ် အသစ်ပြန်သောက်ပေးဖို့လိုအပ်ပါမယ်ရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

07/11/2023

ရာသီမလာတာလည်း ၁ လ ကျော်နေပြီ ဆီးစစ်ထားတာလည်း ၂ ကြောင်းပေါ်နေတယ်ဆိုတော့ ရွေးချယ်စရာက ၂ ခုပဲရှိပါတော့တယ် တစ်ကယ်လို့ ကိုယ်က ယူလိုမဖြစ်သေးဘူးဆိုရင်တော့

✅ ဘေးထွက်ဆိုးကျိုးမရှိရဘူး
✅ ၂ ခါပြန်မလုပ်ချင်ဘူး
✅ အလုပ်လည်းမပျက်ချင်ဘူး
✅ ဆေးသောက်ထားမှန်းလည်း မသိစေချင်ဘူး
✅ ကုန်ကျစရိတ်ကလည်း မှန်ကန်သင့်တင့်စွာပဲရှိရမယ်

ဒါတွေကိုလိုက်ရှာနေပြီဆိုရင်တော့ တစ်နေရာတည်းမှာအားလုံးစိတ်တိုင်းကျ ဖြစ်စေမဲ့ For Ladies မှာ အခုပဲလာရောက်ဆက်သွယ်လိုက်တော့နော်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

04/11/2023

အတူနေချိန်အတွင်းမှာ သားအိမ်လှုပ်ရှားမှုနှင့် ကျုံ့ခြင်း ၊ ဆန့်ခြင်း ဖြစ်စဉ်တို့ကြောင့် တစ်ခါတစ်ရံတွင် ရာသီလာချိန်ကို စော လာတာ ဒါမှမဟုတ် ကနဦးရာသီသွေးများကို ဖယ်ရှားရန်လှုံ့ဆော်ပေးတာမျိုးကြောင့် အတူနေပြီး ၂ ရက် ၃ ရက်မှာ သွေးဆင်းလာတာက သဘာဝ ဖြစ်စဉ်ဖြစ်တာကြောင့် အန္တရယ်မရှိပါဘူး

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅
Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

01/11/2023

တစ်ကယ်တော့ ၃ လခံဆေးထိုးထားပြီး နောက်ထပ်အရေးပေါ်တားဆေးကို ထပ်သောက်စရာမလိုတော့ပါဘူး ကိုယ်က ၃ လခံဆေးကို ရက်ကပြည့်သွားပြီး နောက်ထပ် ၁၅ ရက်လောက်နေမှပြန်ထိုးဖြစ်မယ် မထိုးခင်မှာလည်းအတူနေဖြစ်မယ်ဆိုရင်တော့ အရေးပေါ်တားဆေးကို သောက်သုံးလို့ရပါတယ်ရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅
Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

27/10/2023

တစ်ကယ်တော့ ကွန်ဒုံးအသုံးပြုထားတယ်ဆိုရင် အတူနေတဲ့အချိန်မှာ ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးပြီး အရေးပေါ်တားဆေးကိုလည်းထပ်သောက်စရာမလိုပါဘူး

❗️ သတိပြုရမှာက ❗️
ကွန်ဒုံး ၂ ခုကို ထပ်စွပ်ပြီးအသုံးမပြုရပါ ဘာကြောင့်လဲဆိုတော့ ၂ ခုအသုံးပြုထားတဲ့အချိန်မှာ ပလက်စတစ် အလွှာ ၂ ခု ပွတ်တိုက်ပြီး ကွန်ဒုံးပေါက်ပြဲတာမျိုးဖြစ်ပါက ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်ရှင့်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅
Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

25/10/2023

ကာကွယ်ထားရဲ့သားနဲ့ ကိုယ်ဝန်ရလာတာမျိုး ၊ ကိုယ်ကပေါ့ဆလို့ ဆေးမသောက်ထားမိလိုက်ပဲ ရသွားတာမျိုးတွေမှာ လက်ရှိကိုယူလို့မရသေးဘူးဆိုရင် သေချာအသေးစိတ်ကို ဆရာမတွေနဲ့လာရောက်တိုင်ပင်ဖို့ တိုက်တွန်းလိုပါတယ်

အရင်တုန်းက ကြားဖူးတဲ့နည်းလမ်းတွေ မြန်မာဆေးနဲ့အရက်တွေ လျှောက်မလုပ်ကြပါနဲ့ အခန့်မသင့်ရင် သွေးဆင်းများပြီး အန္တရယ်ရှိတတ်လို့ပါ

သေချာနားလည်တဲ့သူနဲ့တိုင်ပင်ပြီးမှ ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာ သိရှိနားလည်ဖို့အတွက် For Ladies မှာ အခုပဲ လာရောက်ဆက်သွယ်လိုက်ပါ

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅
Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

22/10/2023

ကာကွယ်ထားရဲ့သားနဲ့ ရလာတဲ့ အရာ (ကိုယ်ဝန်) မလိုချင်သေးသူများ ၊ စိတ်ချရပြီး ဘေးအန္တရယ်ကင်းကင်းနဲ့ ဖျက်လို့ရမဲ့ ဆေးဝါးတွေ စုံစမ်းနေရင်တော့ For Ladies ကိုသာ အမြန်ဆုံးဆက်သွယ်လိုက်တော့နော်

20/10/2023

ကိုယ်ဝန်ဖျက်ဆေးတွေဟာ ဘယ်လိုစတင်ပေါ်ပေါက်ခဲ့သလဲဆိုတာကို လေ့လာကြည့်ရအောင်

✅ ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ ✅

Ph: 09 968 454 341 or Viber သို့ဆက်သွယ်စုံစမ်းရန်

11/10/2023

တစ်ချို့တွေက အမျိုးသား သုတ်ရည်ပေထားတဲ့လက်ကို ရေနဲ့ဆေးထားတယ် အချိန်ကလည်း ၁၀ မိနစ်လောက်ရှိနေပြီဆိုတော့ စိတ်ချပြီး မိန်းမကိုယ်ထဲ ထိုးသွင်းလိုက်တာဟာ ကိုယ်ဝန်ရနိုင်ခြေရှိတယ်ဆိုတာ သိထားရပါမယ်

ဒါကြောင့် အတူလည်းမနေထားဘူး ဘာဖြစ်လို့ ကိုယ်ဝန်ရသွားတာလဲဆိုတာမျိုးတွေ မဖြစ်အောင် သတိထားရမဲ့ အချက်လေးတွေကို မမေ့ပါနဲ့နော်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

04/10/2023

IUD ကို အချိန်မရွေးပြန်ပြီး ထုတ်လို့ရပါသလား

တစ်ချို့က IUD နှစ်ရှည် အနည်းဆုံး ၁ နှစ်ခံ ထည့်ထားပြီးချိန်ကစလို့ ၆ လ နေမှ ပြန်ထုတ်ချင်တယ် ၁ နှစ်မပြည့်သေးဘူး ထုတ်လို့ရလားဆိုတော့ ရပါတယ် ထုတ်တဲ့အချိန်မှာတော့ ဆေးခန်း ၊ ဆေးရုံမှာ အလွယ်တကူပြန်လည်ထုတ်လို့ရပါတယ်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

30/09/2023

ကိုယ်ဝန်ဆောင်နေစဉ်မှာ သန်ချဆေးသောက်လို့ရပါလား

အဖြေကတော့ သန်ချဆေးသောက်ချိန်မှာ မိခင်ထဲက သန္ဓေသားလေးကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပေမဲ့ ကိုယ်ဝန် အစောပိုင်း ၁၂ ပတ် ကာလတွေမှာတော့ သောက်မယ်ဆို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာဖို့ လိုပါမယ်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

12/09/2023

တားဆေးကို နှစ်ရှည်စွဲသောက်လာပြီး ချက်ချင်းဆေးသောက်ရပ်လိုက်တဲ့သူတွေထဲက အများစုဟာ အချိန်တိုအတွင်းကိုယ်ဝန်ပြန်မရတတ်ကြပါဘူး ...

ဘာကြောင့်လဲဆိုတော့ တားဆေးသောက်ထားချိန်တွေမှာ ပြောင်းလဲနေတဲ့ ဟော်မုန်းတွေကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် အချိန် ၃ လ / ၆ လ / ၁ နှစ် အထိ အမျိုးသမီး တစ်ဦးနဲ့တစ်ဦး ပြန်စောင့်ရတဲ့ အချိန်မတူတာတွေရှိကြပါတယ်ရှင့်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

16/08/2023

နေ့စဉ်သောက်ဆေးကဒ်သောက်နေရင်း ရာသီလာချိန်မှာအတူနေမိရင်ကိုယ်ဝန်ရနိုင်ပါသလား

အဖြေကတော့ နေ့စဉ်စားဆေးကဒ်ကိုအချိန်မှန်မှန်သောက်သုံးခဲ့မယ် ရက်ပျက်ခဲ့တာလည်းမရှိဘူးဆိုရင်တော့ ရာသီလာနေစဉ်မှာအတူနေလည်း ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးနိုင်ပါတယ်ရှင့်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

12/08/2023

သန္ဓေသားက ပုံမှန်မဟုတ်ပဲ သားအိမ်ပြင်ပမှာ တည်ခဲ့လို့ ခွဲစိတ်ထားတဲ့အမျိုးသမီးများဟာ နောင်တစ်ချိန်မှာ ကိုယ်ဝန်ပြန်ဆောင်လို့ရပါသလား

အမျိုးသမီးတစ်ဦးဟာ ခွဲစိတ်မှုတစ်ခုကြောင့် သားဥပြွန် ၁ ခုတည်းသာကျန်ခဲ့ရင်တောင်မှ ကိုယ်ဝန်ပြန်ဆောင်လို့ရပါတယ် သားဥပြွန် တစ်ခုတည်းရှိတာဆိုတော့ ကိုယ်ဝန်ပြန်ရဖို့လွယ်ပါ့မလားဆိုတာမျိုးကို စိုးရိမ်စရာမလိုပါဘူးရှင့် သာမန်ထက် ကိုယ်ဝန်ရနိုင်ခြေက အနည်းငယ်သာလျော့သွားတာမျိုးပဲရှိတာပါ

အထူးသတိထားရမှာကတော့ သားအိမ်ပြင်ပ သန္ဓေတည်ထားဖူးတဲ့ အမျိုးသမီးတွေဟာ နောင်တစ်ချိန်ကိုယ်ဝန်ပြန်ဆောင်ရင် သန္ဓေသားပြင်ပမှာထပ်တည်ဖို့က ဖြစ်နိုင်ခြေ ၁၀% ရှိတာကြောင့် ကိုယ်ဝန်ပြန်ယူမယ်ဆိုရင် သားဖွားမီးယပ် ဆရာမများနှင့် အသေးစိတ်သေချာဆွေးနွေးဖို့ လိုအပ်ပါတယ်ရှင့်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

08/08/2023

အရေးပေါ်တားဆေးက နို့တိုက်မိခင်သောက်လို့ရပါသလား

အဖြေကတော့ ရပါတယ် ... အရေးပေါ်တားဆေးသောက်ပြီး မိခင်က ကလေးနို့တိုက်ချိန် ပြောင်းလဲစရာမလိုသလို နို့တိုက်ချိန်မှာလည်း ကလေးအတွက် အန္တရယ်မဖြစ်ပါဘူးရှင့်

ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ

29/07/2023

ကျောက်ကပ်ရောဂါရှိနေလျှင် ကိုယ်ဝန်ဆောင်လို့ရပါသလား ?

ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိပြီး ကိုယ်ဝန်ဆောင်နေရပြီဆိုတာ သိလိုက်ရရင်တော့ ဆရာဝန်နဲ့သိသိချင်းမှာပဲအမြန်ဆုံးသွားရောက်ဆွေးနွေးဖို့လိုအပ်ပါပြီ

ကျောက်ကပ်ရောဂါအခံရှိထားတဲ့ ကိုယ်ဝန်ဆောင်တွေက သာမန်တခြားသူတွေထက် မိခင်နှင့်သန္ဓေသားကျန်းမာရေးကို အထူးဂရုစိုက်ရတာမျိုးရှိတာကြောင့် အသက်အန္တရယ်ရှိတာမျိုးမဟုတ်ပေမဲ့ အမြဲလိုလို ၂ ဦးစလုံးကျန်းမာရေးအတွက် သတိထားစောင့်ကြည့်ရတဲ့အရာလေးတွေရှိတာမို့ သတိလက်လွတ်မဖြစ်ဖို့ကို တိုက်တွန်းလိုက်ပါရစေရှင့်

21/07/2023

တစ်ကယ်တော့ စိတ်လှုပ်ရှားတာ ၊ စိုးရိမ်စိတ် ရှိနေတာက ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့အချိန်မှာ ပေါ်လာမဲ့ အဖြေကို ပြောင်းလဲမှုမပေးနိုင်ပါဘူး တစ်ကယ်လို့ ဆီးစစ်ချိန်မှာ သိပ်မထင်မရှားဖြစ်လို့ မသေချာဘူးဆိုရင် ပိုတိကျမဲ့ နည်းလမ်းအနေနဲ့ သွေးစစ်တာမျိုးကို ပြုလုပ်လို့ရပါတယ်ရှင့်

27/06/2023

အရေးပေါ်တားဆေး ဘယ်လိုသောက်ရလဲဆိုတာ ကိုယ်သိထားနားလည်သလောက် ဗဟုသုတအနေဖြင့် အခြား မသိသေးသောသူများအတွက် comment မှာ မျှဝေခဲ့ပေးပါဦးရှင့်

16/06/2023

အတူတူ ၂ ယောက် "အူရှိ အူရှိ" နေချိန်မှာ အနံဆိုးထွက်လာတာမျိုးက ဘာကြောင့်လဲ ...

အခုပြောသလို အတူနေချိန်မှာ အနံဆိုးထွက်လာရခြင်းအကြောင်းအရာတွေထဲကတစ်ချို့ကိုဖော်ပြရမယ်ဆိုရင် ဒါက ဘက်တီးရီးယား လက္ခဏာတစ်ခုလို့ ပြောလို့ရပြီး အမျိုးသား သုတ်ရည်နှင့် မိန်းမကိုယ်မှထွက်သောအရည်များ ဓါတ်ပြုပြီး အနံဆိုးထွက်တာမျိုးလည်းရှိသလို အချို့သော ချောဆီများကလည်း မိန်းမကိုယ်ရဲ့ PH ကို ထိခိုက်စေတတ်ပြီး အနံဆိုးများကိုလည်းဖြစ်ပေါ်စေတတ်တာကြောင့်ပါရှင့်

11/06/2023

ထိုးသွင်းဆက်ဆံတာမျိုးမဟုတ်ပဲ ပြင်ပနေရာမှ ပွတ်သပ်ရင်း အပျိုအမှေးပါး မပေါက်ရင် ကိုယ်ဝန်ရနိုင်ပါသလား ?

ဟုတ်ကဲ့ပါ အဖြေကတော့ ရနိုင်ခြေရှိပါတယ်ရှင့် ဆက်ဆံချိန်မှာလို ထဲထဲဝင်ဝင် ထိုးသွင်းဆက်ဆံတာမျိုးမလုပ်ပဲ မိန်းမကိုယ်အဝနားမှာ ကိုယ့်လက်တွဲဖော်က သုတ်လွှတ်ခဲ့မိမယ်ဆိုရင်တောင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်

ဘာကြောင့်လဲဆိုတော့ အပျိုအမှေးပါးတစ်ခုလုံး မပေါက်သေးပေမဲ့ တစ်ရှူးအပိုင်းအစ အသေးလေး ပေါက်ပြဲတာမျိုးရှိနေခဲ့မယ်ဆို ထိုနေရာကနေတစ်ဆင့် ဝင်ရောက်ခဲ့ပြီး ကိုယ်ဝန်ရနိုင်တာမို့ ကိုယ်ဟာ ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့မယ်ဆို ကွန်ဒုံးအသုံးပြုတာ ၊ အရေးပေါ်တားဆေးသောက်သုံးထားတာမျိုး လုပ်ဖို့ မမေ့ပါနဲ့ရှင့်

06/06/2023

အမျိုးသမီးတစ်ဦး ဓမ္မတာလာချိန် အညို သွေးဆင်းတာက သာမန်အခြေအနေတစ်ခုမှာပဲ ရှိတဲ့အတွက် စိုးရိမ်စရာမလိုပါဘူး သို့ပေမဲ့ အညိုဆင်းတာကတော့ အကြောင်းအမျိုးမျိုးကြောင့်ရှိပါတယ်

- ဓမ္မတာစလာချိန် အမျိုးသမီးများ
- သွေးဆုံးခါနီး အမျိုးသမီးများ
- သွေးလည်ပတ် စီးဆင်းမှုနှေးကွေးခြင်း
- မီးဖွားပြီး
- ကိုယ်ဝန်အစောပိုင်း (၂ ပတ် ဝန်းကျင်)

အစရှိပြီး သန္ဓေတားဆေးသောက်သုံးနေသည့် အမျိုးသမီးများသည်လည်း ဟော်မုန်းပမာဏကို သက်ရောက်မှုရှိသောကြောင့် ရာသီလာချိန်အစတွင်ပင် အညိုရောင်ဆင်းခြင်းသည် ပုံမှန်ဖြစ်ပါတယ်ရှင့်

01/06/2023

အမျိုးသမီးတစ်ဦး ဓမ္မတာလာချိန် အနက်ရောင် သွေးဆင်းတာက ရာသီအစ နှင့် အဆုံးတွင် ပေါ်လာတတ်ပေမဲ့ ပုံမှန်အတိုင်း အနက်ရောင်တွေပဲဆင်းလာခဲ့မယ်ဆိုရင်တော့ မိန်းမကိုယ် သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း လက္ခဏာတစ်ခုလို့ ယူဆလို့ရပါတယ်

ပုံမှန်အခြေအနေမဟုတ်ပဲ ဆင်းလာမဲ့ အနက်ရောင် နောက်ဆက်တွဲ လက္ခဏာတွေက

- အနံ့အသက်ထွက်ခြင်း
- ဖျားခြင်း ၊ ကိုယ်ပူခြင်း
- ဆီးသွားရခက်ခြင်း
- ယားယံခြင်း သို့မဟုတ် မိန်းမကိုယ်အတွင်း သို့မဟုတ် တစ်ဝိုက်တွင် ရောင်ရမ်းခြင်း

အစရှိတာတွေဖြစ်‌ပေါ်လာပြီဆို ပုံမှန် သားအိမ်မှဆင်းဖို့ အတွက် အချိန်ပိုကြာသော သွေး၏ လက္ခဏာတစ်ခုမဟုတ်ပဲ မိန်းမကိုယ် သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းဟု ယူဆလို့ရပါပြီရှင့်

ဒါကြောင့် မပေါ့မဆပဲ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ကုသမှုခံယူဖို့အတွက် တိုက်တွန်းပါရစေရှင့်

27/05/2023

အမျိုးသမီးတစ်ဦး ဓမ္မတာလာချိန် ဆင်းလာသော အရောင်ဟာ ပန်းရောင် ဖြစ်နေပါက ပုံမှန်အခြေအနေတစ်ခုလို့ယူဆမရပေမဲ့ ဆိုးဝါးတဲ့ရောဂါ လက္ခဏာတစ်ခုမဟုတ်ပါဘူး

ဓမ္မတာလာချိန် အစပိုင်း သို့မဟုတ် အဆုံးတွင် ပန်းရောင်သန်းနေပါက သွေးနှင့် ပုံမှန်ချွဲများ ရောစပ်ခြင်းမှဖြစ်ပေါ်လာတတ်ပေမဲ့ အခြား အကြောင်းအရာနှင့်လည်းသက်ဆိုင်မှုရှိတတ်ပါတယ်

- သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း
- ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်များ
- သွေးအားနည်းရောဂါ

အစရှိတာတွေကြောင့် ဆရာဝန်နှင့် ပြသပြီး လမ်းညွှန်ချက်နှင့်အတူ ပုံမှန်ပြန်လည်ဖြစ်ဖို့အတွက် နီးစပ်ရာ ဆေးခန်းမှာ သွားရောက်တိုင်ပင်ဖို့တိုက်တွန်းလိုက်ပါရစေရှင့်

22/05/2023

အမျိုးသမီးတစ်ဦး ဓမ္မတာလာချိန် ဆင်းလာသော အရောင်ဟာ အစိမ်းရောင် သို့ မီးခိုးရောင် ဖြစ်နေပါက ရောဂါပိုးဝင်ခြင်း လက္ခဏာတစ်ခုလို့ယူဆလို့ရပါတယ်

အကြောင်းအရင်းက သန့်ရှင်းမှုအားနည်းသောကြောင့် ဘက်တီးရီးယား ဖြစ်နိုင်သလို လိင်ကတဆင့်ကူးစက်တာကြောင့်လည်း ဖြစ်တတ်ပါတယ် အရောင်လက္ခဏာပြပြီး နောက်ဆက်တွဲအနေနဲ့ဖြစ်လာနိုင်တာတွေက

- မိန်းမကိုယ်ယားယံခြင်းနှင့် မအီမသာဖြစ်ခြင်း
- ငါးခြောက်အနံလို အနံအသက်မကောင်းခြင်း
- ဆီးသွားချိန်မှာ နာကျင်ခြင်း

အစရှိတာတွေလည်း ဖြစ်ပေါ်လာပြီဆိုရင်တော့ ဆေးရုံ သို့ ဆေးခန်း သွားပြီး ကုသမှုခံယူဖို့အတွက် တိုက်တွန်းလိုက်ပါရစေရှင့်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကွန်ဒုံးနဲ့အတူနေပြီး အရေးပေါ်တားဆေးထပ်သောက်ဖို့လိုပါသလား
ကြိုတင်ကာကွယ်ထားသော်လည်း ရလာတဲ့အရာကို (ကိုယ်ဝန်) မလိုချင်သေးပါက For Ladies ကိုဆက်သွယ်လိုက်ပါ
ကိုယ်ဝန်ဖျက်ဆေးတွေဟာ ဘယ်လိုစတင်ပေါ်ပေါက်ခဲ့သလဲဆိုတာကို လေ့လာကြည့်ရအောင်

Category

Telephone

Website

Address

Myay Ni Gone
Yangon
11111