Lum Taè
Authentic Thai food cooked with heart by Mew
ဆာဝါဒီခပါရှင့် (สวัสดีค่ะ Sawadee Ka),
မင်္ဂလာရှိလှတဲ့ Weekend လေးဖြစ်ကြပါစေရှင်။ ဒီအပတ်လေးမှာ ကျွန်မတို့ လမ်သဲ့ က လူကြီးမင်းတို့အတွက် တင်ဆက်ပေးမှာလေးကတော့ ထိုင်းစတိုင်ကြက်ဥကြော် (Kai Dao) လေး ဖြစ်ပါတယ်….
🍳 ကြက်ဥကြော်တာလေးများ ဘာများထူးဆန်းလဲလို့ ထင်ကောင်းထင်မိပါလိမ့်မယ်? 🤔
🍳 မနက်စာ၊ နေ့လည်စာ၊ ညစာ အပြင် ထိုင်းနိုင်ငံရဲ့ ညစျေးတန်းတွေမှာ လမ်းလျှောက်ရင်း ထိုင်းဟင်းလျာတွေနဲ့အတူ စားလေ့ရှိကြတဲ့ ကြက်ဥကြော်လေးဟာဆိုရင်ဖြင့် ကျွန်မတို့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ Serve လုပ်တဲ့ စတိုင်လေးနဲ့မတူ ဘေးတဝိုက်အကာလေးတွေကို ကြွပ်ကြွပ်လေးလုပ်ထားတာ သတိထားမိပါလား? 💁♀️
🍳 Kai Dao (ခေါ်) ထိုင်းစတိုင်ကြက်ဥကြော်က အလယ်အနှစ်က အနှစ်အတိုင်းသားလေး အတိုင်းလည်းရှိရမယ်။ ပြီးတော့ ဘေးအကာလေးတွေက ကြွပ်ကြွပ်လေးလည်း ဖြစ်နေရမယ်။ ကနဦးအနေဖြင့် မီးအနေတော်လေးသုံးပီး စကြော်ရပါမယ်။ နောက်ပိုင်းမှာတော့ မီးကိုလျော့ပြီးအလယ်မှာ အနှစ်လေးနဲ့ စားချင်စဖွယ်၊ နှစ်လိုဖွယ်ဖြစ်အောင် လုပ်ရပါတယ်ရှင်။ အကြတ်ကို ကြိုက်တတ်သူတွေကတော့ အနှစ်ရှိတဲ့ဖက်ကို ဆီထဲပြောင်းပြန်ထည့်ကာ နှစ်ပီး စိတ်တိုင်းကျသည်အထိ ပြုလုပ်နိုင်ပါသေးတယ်နော်…👩🏻🍳
🍳 အချို (သို့) အစပ် ဟင်းလျာတွေနဲ့ လိုက်ဖက်တဲ့အပြင် ရုပ်ထွက်လှစေချင်ရင်တော့ 7 လက်မ အကျယ်ရှိတဲ့ ကြက်ဥသီးသန့်ကြော်တဲ့ ‘ဒယ်အိုးလေး’ သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်ရှင်….
🍳 Thai Street Food နဲ့ Kai Dao နဲ့ကတွဲပြီး အတူတွေ့ရှိတာများပါတယ်။ မနက်ခင်းရုံးမသွားခင် အစားအသောက်ဘူးလေးတွေ ဝယ်ရင်လည်း သူတို့မှာ ကြက်ဥကြော်လေးပါသလို အရသာရှိလှတဲ့ ထိုင်းစာတွေ ကြော်ငြာရင်လည်း သူ့တို့စတိုင် ကြက်ဥကြော်လေးနဲ့ ကြော်ငြာတာကိုလည်း တွေ့ရတတ်ပါတယ်….
🍳 လူကြီးမင်းတို့ Thai Street Food သုံးဆောင်မယ်ဆိုလည်း သူတို့ လူမျိုးတွေရဲ့စတိုင်ကြက်ဥကြော်လေးနဲ့ တွဲဖက်စားသုံးမယ်ဆို ဘယ်လောက်တောင် လိုက်ဖက်လိုက်မလဲလို့ စဉ်းစားရင်း ဘယ်ဆိုင်မှာ Thai Street Food တွေရနိုင်မလဲ? ဘယ်ဆိုင်မှာ မှာစားကြည့်ကြမလဲလို့ လိုက်ရှာကြည့်လိုက်ကြပါဦးနော်….
ลำแต๊ๆ จ้าว 👩🏻🍳
#လမ်သဲ့ #ထိုင်းစာ #ထိုင်းအစားအသောက်
ဆာဝါဒီခပါရှင့် (สวัสดีค่ะ Sawadee Ka),
ကျွန်မတို့ လမ်သဲ့ကနေ လူကြီးမင်းတို့အတွက် ထိုင်းမြောက်ပိုင်း အစားအသောက်ဖြစ်တဲ့ Khanom Jeen Nam Ngiaw ဆိုတာ ဘာလဲဆိုတာလေးကို မင်္ဂလာရှိလှတဲ့ ဒီအပတ် Weekend လေးမှာ တင်ဆက်ပေးသွားပါမယ်ရှင့် 🤷♂️🤷♀️
🍲 Khanom Jeen Nam Ngiaw ဟာဆိုရင် Mae Hong Son ခရိုင်အပိုင်းမှာရှိတဲ့ မုန့်ဖက်ခေါက်ဆွဲ ဟင်းအနှစ်ရည်တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ထိုင်းယိုင် လူမျိုး၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန် လူမျိုး နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းလူမျိုးတို့ရဲ့ အဓိက အစားအသောက်ဖြစ်ပါတယ်…
🍲 ဒီအစားအသောက်ရဲ့ အစပျိုး ဖြစ်ပေါ်လာတာဟာ ရှမ်းပြည်နယ်ဘက်က ဆိုပေမယ့် ထိုင်းမြောက်ပိုင်း Phrae ခရိုင်ဘက်ရှိ ထိုင်းလူမျိုးများ ပြုလုပ်လေ့ရှိသည့် ပွဲများ၊ အထူးရိုးရာပွဲတော်များတွင် တည့်ခင်းဧည့်ခံသည့် Lanna ဓလေ့အရ ထူးထူးခြားခြား ဟင်းလျာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်….
🍲 အသားအဖြစ် ဝက်သားလုံး၊ ဝက်နံရိုး နှင့် ဝက်သားတို့ကို အသုံးပြုကြသလို အမဲသားကိုသုံး၍လည်း စားကြပါတယ်။ ကြက်သွေး (သို့) ဝက်သွေး များလည်းထည့်ကာ သုံးဆောင်ကြပါသေးတယ်…
🍲 ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ငရုတ်သီးခြောက်၊ ပဲငံပြာရည်၊ နနွင်း၊ ကာချိုင်း၊ နံနံပင်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ မျှင်ငါးပိ တို့ပါဝင်ပါတယ်။ ဟင်းခတ်အနှစ်များ အနေဖြင့် ကျွန်မတို့မြန်မာတွေသိတဲ့ ထိုင်းထန်းလျက်အပြင် ဆား၊ ဝက်သားမှုန့်၊ ခရမ်းချဉ်သီး၊ ပန်းခြောက်နှင့် ငါးငံပြာရည်တို့ ပါဝင်ပါတယ်ရှင်…
🍲 အဓိကကျသည်မှာ ပန်းခြောက် (ခေါ်) လက်ပံပွင့်အခြောက်လေးများပင်ဖြစ်ပါတယ်။ လက်ပံပင်ရဲ့ အပွင့်ကရပြီး လက်ပံပွင့်ဖတ် (ခေါ်) Dok Ngiew လို့လည်း ခေါ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ Dok Ngiew လေးတွေကို ပထမဆုံးအနေနဲ့ အခြောက်ခံပါတယ်။ ပြီးရင် တစ်ညတာ ရေပြန်စိမ်ပြီး နူးညံ့ပျော့ပြောင်းအောင် ထားပါတယ်။ သူဟာ အရမ်းလည်းမမာသလို ကိုက်စားလို့ကောင်းတဲ့ အနေအထားလေး ရှိရပါတယ်။ လက်ပံပွင့်ခြောက်လေးတွေကြောင့် Khanom Jeen Nam Ngiaw ဟာ တမူထူးခြာပီး အရသာဆန်းလေးရှိပါတယ်….
သင်တို့ကောစားဖူးကြပါလား? 😋
ลำแต๊ๆ จ้าว 👩🏻🍳
#လမ်သဲ့ #ထိုင်းစာ #ထိုင်းမြောက်စာ #ထိုင်းမြောက်ပိုင်းအစားအသောက်
ဆာဝါဒီခပါရှင့် (สวัสดีค่ะ Sawadee Ka),
မင်္ဂလာရှိလှတဲ့ ဒီအပတ် Weekend လေးမှာ လူကြီးမင်းတို့ ဗဟုသုတရအောင် ကျွန်မတို့ လမ်သဲ့က ပြောပြပေးမှာလေးကတော့ ထိုင်းလူမျိုးတွေသုံးတဲ့ Basil လို့ခေါ်တဲ့ ပင်စိမ်းရွက်လေးအကြောင်းပဲ ဖြစ်ပါတယ်ရှင်🙋♀️
💡🌿 ပင်စိမ်းရွက် Basil (၄) မျိုးကို ထိုင်းလူမျိုးတွေ ဟင်းချက်တဲ့အခါတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ Thai Basil, Holy Basil, Lemon Basil နဲ့ Tree Basil ဆိုပီးရှိပါတယ်။
💡🌿 လတ်ဆတ်လေ၊ အရသာရှိလေ ဆိုသလို အချိန်ကြာလာတာနဲ့အမျှ Basil ရဲ့ အရသာကလည်း တဖြည်းဖြည်းပြောင်းလဲတတ်ပါတယ်။ အရေးကြီးတာက Basil အမျိုးမတူတာကို ထိုင်းဟင်းလျာတွေမှာ ပြောင်းထည့်ပြီးချက်လို့ လုံးဝမရပါ။ အနည်းငယ်ရောသွားမိတာကိုက အရသာပြောင်းသွားနိုင်ပါတယ်။
💡🌿 Thai Basil - ခရမ်းရောင်ပင်စည်ရှိတဲ့ စမုန်စပါး နဲ့ နွယ်ချို အရသာနှောရှိတဲ့ အရွက်ပါ။ သူကမီးပူပူနဲ့ ချက်ပြုတ်ကြော်လှော်နေလည်း အရသာနဲ့အနံ့ ကို ကောင်းကောင်းထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
💡🌿 Holy Basil - မြက်ညှင်းပွင့် နှင့် ငရုတ်ကောင်းအရသာနှောရှိသော ရွက်စိမ်းတမျိုးဖြစ်ပါတယ်။ Pad Kaprow လို့ခေါ်တဲ့ဟင်းမှာ မဖြစ်မနေသုံးရသော Basil ဖြစ်ပြီး အစပ်အရသာကို မြှင့်ပေးနိုင်သောကြောင့် ငရုတ်သီးနှင့် တွဲဖက်ပြီး ချက်ပြုတ်သုံးဆောင်ကြပါတယ်။
💡🌿 Lemon Basil - Horay Basil လို့လည်းခေါ်ပြီး သူ့ရဲ့အနံ့က မှေးမှိန်လွယ်မြန်ပြီး အရမ်းနူးညံ့တဲ့အပြင် လူသုံးနည်းပါတယ်။ Kanom Jin Nam Yaa လို့ခေါ်တဲ့ဟင်းလျာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှပါဝင်ပါတယ်။
💡🌿 Tree Basil - အာဖရိကပင်စိမ်း (ခ) လေးညှင်းပွင့်ပင်စိမ်း (ခ) ကျွဲပင်စိမ်းဟု လူသိများပါတယ်။ လေးညှင်းပွင့် နှင့် ပီကေ နှစ်ခုခြားဆက်စပ်တဲ့ အနံ့ရှိပါတယ်။ ဆေးဖက်ဝင်အရွက်အဖြစ်လည်း သုံးကြပါတယ်။ ထိုင်းမှာ ဇီရာရွက်လို့လည်း ခေါ်ကြပါတယ်။
🧠 သင်ကောဘယ် Basil သုံးပြီး ထိုင်းအစားအသောက်တွေကို ချက်ဖူးလဲ? Basil အကုန်လုံးကောတွေ့ဖူးလား? ဘယ် Basil နဲ့ချက်တဲ့ Thai Street Food ကိုကောစားဖူးလဲ? ပြန်စဉ်းစားကြည့်ပါဦးနော် 💭🌿
ลำแต๊ๆ จ้าว 👩🏻🍳
#လမ်သဲ့ #ပင်စိမ်း #ထိုင်းအစားအသောက်
ဆာဝါဒီခပါရှင့် (สวัสดีค่ะ Sawadee Ka),
ဒီနေ့လမ်သဲ့ကပြောပြပေးမှာလေးကတော့
ထိုင်းအစားအသောက်တွေကို ဘာကြောင့်လူကြိုက်များရတာလဲဆိုတာလေးပါရှင် 🥘💯
🍲 ထိုင်းအစားအသောက်များကို သက်တံရောင် Rainbow Color ထဲမှာပါတဲ့ အရောင်တွေကိုသုံးပြီး ချက်ထားတယ်လို့တောင် တင်စားပြောဆိုကြပါတယ်။ အဘယ်ကြောင့်ဆိုသော်စားသုံးသူများကို မျက်စိပဒေသာရှိပြီး စားချင်စိတ်ဖြစ်အောင် စွဲဆောင်စေဖို့ရာဖြစ်ပါသည်။ 🌈
🍲 ထိုင်းအစားအသောက်များကို သံပုရာသီး၊ သရက်သီးတို့အပြင် ပူပူနွေးနွေး ဟင်းခတ်အမွှေးအကြိုင်များနှင့် စားသုံးကြပြီး မြေပဲငံပြာရည်ကိုသုံးသောကြောင့် အရသာမှာ မလေးမပေါ့နဲ့ တလွှာချင်းတလုတ်ချင်းစားကောင်းကြောင်း စားသုံးသူများ၏ပါးစပ်ဖျားမှာ အမွှန်းတင်ကြပါတယ်။ 🌶️
🍲 ထိုင်းစာများ မှာယူသုံးဆောင်လျှင် စုံပလုံစိပါဝင်သည်မှာလည်း ၄င်းတို့ကို လူကြိုက်များစေသည့် အချက်တစ်ချက်ဖြစ်ပေသည်။ (အသုပ်၊ အမြည်း၊ အထောင်း၊ ဟင်း၊ ဟင်းချို၊ ပင်လယ်စာ၊ အသီးအရွက်များ၊ sauce စသည်တို့ကြောင့်လည်း ဖြစ်ပါတယ်။ (စာရေးနေရင်းနဲ့ ကိုယ့်ဖာသာကိုယ်တောင် သွားရည်တမြမြကြနေမိပါပြီ 🤤)
🍲 ထိုင်း အစားသောက်တွေဟာ ချက်ပြုတ်ပြင်ဆင်ရာတွင်လည်း ကျန်းမာရေးနှင့်ညီညွတ်စေသည်သာမက လူမျိုးဘာသာမရွေး ရွေးချယ်စားသုံးဖို့ရာ အဆင်ပြေတာကြောင့်လည်း လူကြိုက်များလာရခြင်း ဖြစ်ပါတယ်။ 🇹🇭👍
ကျွန်မတို့ Lum Taè Page လေးမှ လူကြီးမင်းတို့အကြိုက်တွေ့စေမည့် ကောင်းနိုးရာရာခံတွင်းမြိန်စေမည့် ထိုင်းအစားအသောက်လေးများကို အော်ဒါမှာယူသုံးဆောင်နိုင်တော့မည်ဖြစ်သောကြောင့် Like & Follow လေးလုပ်ထားပေးကြပါဦးနော် 👩🏻🍳😍
#လမ်သဲ့ #ထိုင်းစာ #ထိုင်းအစားအသောက်
ထိုင်းနိုင်ငံမြောက်ပိုင်း Northern Thailand ဘက်မှာ စားကောင်းလိုက်တာ၊ အရသာရှိလိုက်တာဆိုတာကို ဘယ်လိုပြောကြလဲ? 🧐🇹🇭🥘
🍲 ထိုင်းနိုင်ငံမြောက်ပိုင်း မြို့ကြီးများဟာဆိုရင်တော့ Chiang Mai, Sukhothai, Pai, Mae Hong Son, Chaing Rai အစရှိသည်တို့ဖြစ်ကြပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တောတောင်သဘာဝရှူခင်းများ၊ တောင်ပေါ်သားများရဲ့ တမူထူးခြားသော ယဉ်ကျေးမှူအမွေအနှစ်များသာမက ထိုင်းမြောက်ပိုင်းတွင် အရသာရှိ၊ ခံတွင်းမြိန်လှသော Street Food အစားအသောက်၊ ဟင်းလျာ၊ မုန့်အချိုများလည်း မြို့အလိုက်ရှိကြပါသည်။ 🏞️💯
🔊 “ထိုင်းမြောက်ပိုင်းမှာ စားကောင်းလိုက်တာ၊ အရသာရှိလိုက်တာ ကိုသူတို့ဘယ်လိုပြောကြလဲဆိုတော့ ‘Lum Taè (လမ်သဲ့)’ တဲ့………” 😋🤤
ကျွန်မတို့ Lum Taè Page လေးကနေ အရသာရှိလှတဲ့ထိုင်းမြောက်ပိုင်း Street Food လေးတွေကိုလည်း အော်ဒါမှာယူသုံးဆောင်နိုင်မှာဖြစ်သောကြောင့် Like & Follow လေးလုပ်ပီး ရင်ခုန်စွာစောင့်မျှော်ပေးပါရှင့် 👩🏻🍳🥰
#လမ်သဲ့ #ထိုင်းစာ #ထိုင်းအစားအသောက် #ထိုင်းမြောက်စာ #ထိုင်းမြောက်ပိုင်းအစားအသောက်
ထိုင်း Street Food ဆိုတာဘာလဲ? 🤷♀️🤷♂️
🍛 ထိုင်းအစားအသောက်ဆိုတာနဲ့ တချို့တွေက “အုန်းနို့တွေများအရမ်းပါနေမလား?” “ထိုင်းစာတွေကချိုပီးအီဆိမ့်နေမှာပဲနော်” “ထိုင်းစာဆိုတော်တော်စပ်မှာပဲနော်?” ဆိုပီးတွေးမိတတ်ဖူးကြတယ်မှတ်လား? 🤔
🍛 တကယ်က ထိုင်းအစားအသောက်က ‘အချို’ အစပ်’ ‘အအီအဆိမ့်’ ဆိုသည်မှာထက် အချို၊ အချဉ်၊ အငန်၊ အစပ် အရသာအကုန်လုံးရောနှောနေရုံသာမက စားသုံးမည့်သူအတွက်လည်း အရောင်အသွေးအစုံအလင် တောက်တောက်ပပပါရှိပါတယ်။ ထို့အပြင်အနံ့လေးလည်းသုံးထားတဲ့အမယ်တွေကြောင့် ရနံ့မွှေးကြိုင်ရုံသာမက မျက်စိလည်းပဒေသာရှိလှပါတယ်။ ☘️🌶️🤤
🍛 ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်အစရှိတဲ့ မြို့ကြီးတွေမှာသာမက တခြားသောထိုင်းမြို့တွေမှာပါ Street Food ဆိုတာရှိပါတယ်။ Street ဆိုသောစကားလုံးကြောင့်လမ်းဘေးမှာဖွင့်ရောင်းချမှခေါ်သည်မဟုတ်။ ရေပေါ်စျေး (floating market)၊ food courts တွေ၊ supermarkets ကြီးတွေ၊ လေဝင်လေထွက်ကောင်းသော လူစည်ကားသည့်စျေးတန်း (open-air halls & permanent stalls)၊ ညစျေးတန်း အစရှိသည်တွေမှာလည်း သန့်သန့်ရှင်းရှင်းနဲ့ လတ်လတ်ဆတ်ဆတ်ရှိသော Thai Street Food တွေကိုမြင်တွေ့ဖူးကြ၊ စားလည်းစားသုံးဖူးကြပါပေလိမ့်မည်။ 💯😋
ကျွန်မတို့ Lum Taè Page လေးကနေ ထိုင်း Street Food အကြောင်းလည်း အပတ်စဉ်အလျဉ်းသင့်သလိုတင်ဆက်ပေးသွားပါမယ်နော် 👩🏻🍳🥰
#လမ်သဲ့ #ထိုင်းစာ #ထိုင်းအစားအသောက်
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Opening Hours
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
134 Maharbandula Street, Ward 31, North Dagon
Yangon, 1111
Beer & Seafood are best friends
Yangon
Clean, Healthy and Fresh home-cooked quality food to help you cultivate healthy eating habits. We only use quality and healthy ingredients to prepare our foods. Taste and feel the ...
8/1(44), Yan Aye Road , Yan Aye Housing , Yankin Tsp
Yangon, 11211
Homemade food for the people, by the people.
Kamargyi Street, Thuwunna Tsp
Yangon
တစ်ပိုင်တစ်နိုင် အထောင်းဆိုင်ဖွင့်
Yangon
We are making the authentic healthy food with several options of our homemade delicious items which are made with fresh and tasty ingredients by our creative chef.
အမှတ်(54) ကန်တော်လေး ဒေါ်သိန်းတင်လမ်း မန္တလေးလမ်းထိပ် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်
Yangon, 11222
We serve Thai and Chinese Cuisines (Halal) Opened since 1994 ,ကျုံတိုင်း စားသောက်ဆိုင်