Nant Thar Pharmacy - နံ့သာ ဆေးဆိုင်

Your Health, Our Care!

12/11/2023

Happy Diwali 🎆🎇

29/10/2023

🕯️🎇 သီတင်းကျွတ်ကာလ အခါသမယမှာ ကျန်းမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်နှလုံးချမ်းမြေ့မှုများ ပြည့်စုံပါစေကြောင်း နံ့သာဆေးဆိုင် မိသားဆုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🏻

27/06/2023

ဆေးများကို Delivery နဲ့ ဝယ်ယူလို့ရနေပြီနော် 🚚

✨ ဆေးဝါးများ၏ အမည်များနှင့်
✨ အရေအတွက်များ ကို Page Messenger (သို့မဟုတ်) Viber သို့ အော်ဒါတင်လိုက်ရုံဖြင့် အိမ်အရောက်ဝန်ဆောင်မှုပေးနေပါပြီ။

🍃 အကွာအဝေးပေါ်မူတည်ပြီး Delivery charges လေးတွေတော့ ရှိပါမယ်ရှင့် 🍃

📲 ဆေးမှာယူရန် Viber ဖုန်းနံပါတ် - 095005829, 09450039549

၁၉၉၁ ခုနှစ်မှ စတင်၍ ယနေ့ချိန်အထိ ဝယ်ယူအားပေးကျသော မိတ်ဟောင်း မိတ်သစ်များကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🏻🙏🏻

08/04/2023

Happy Myanmar New Year 🧡

နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း

✨ နံ့သာ ဆေးဆိုင် (၈ မိုင်) - 13.4.2023 မှ 16.4.2023 အထိ ပိတ်ပါသည်။

✨ နံ့သာ ဆေးဆိုင် (၉ မိုင်) - မနက် ၇ နာရီမှ နေ့လည် ၁၁ နာရီ အထိနှင့် ညနေ ၄ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပါသည်။

💫 နှစ်ဆန်း တစ်ရက်နေ့ 17.4.2023 မှ စပြီး ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်ပါမည်။

📱 09450039549, 095005829

01/01/2023

၉ မိုင်မှာလည်း ထပ်မံဖွင့်လှစ်လိုက်ပြီနော် ✨

🏥 ၈ မိုင် လမ်းဆုံ၊ ပြည်လမ်း၊ မရမ်းကုန်း၊ ရန်ကုန်။
(09 4500 39549)

🏥 ၉ မိုင်၊ စော်ဘွားလမ်း၊ မရမ်းကုန်း၊ ရန်ကုန်။
(09 500 5829)

ဆိုင် ၂ ဆိုင်လုံးရဲ့ ဖွင့်ချိန် ပိတ်ချိန်တွေကလည်း အတူတူပါပဲရှင့်။

⏰ ဆိုင်ဖွင့်ချိန် ⏰
တနင်္လာ မှ စနေ - မနက် (၈) နာရီမှ ည (၇) နာရီ အထိ
တနင်္ဂနွေ - မနက် (၈) နာရီမှ နေ့လည် (၁) နာရီ အထိပဲ ဖွင့်ပါတယ်

🚚 Delivery service လည်းရှိတယ်နော် ✨

31/12/2022

Happy New Year 2023 🎆
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း နံ့သာဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🎆

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 28/11/2022

SOMINO sleep မှာပါဝင်တဲ့ Melatonin(မယ်လတိုနင်) က
အိပ်ဆေးမဟုတ် ဘေးထွက်ဆိုကျိုးမရှိတာမို့
ဥရောပနိုင်ငံတွေမှာ သက်ကြီးအိပ်မပျော်ခြင်းအတွက်
First Line Product အနေနဲ့ သုံးစွဲလျက်ရှိပါတယ်။
ခုနောက်ပိုင်းမှာ Melatonin ကိုပိုမိုအသုံးများလာကြပါတယ်။
အမေရိကန်နိုင်ငံ Centers for Disease Control and Prevention က
ထုတ်ပြန်တဲ့ စစ်တမ်းအရ ၂၀၁၂ခုနှစ်နောက်ပိုင်းမှာ
အမေရိကန်လူမျိုး 3 Million ကျော်က Melatonin ကို
အိပ်စက်ခြင်းအတွက်အထောက်အပံ့ဖြစ်စေတဲ့
Supplement အနေနဲ့သုံးစွဲလျက်ရှိပါတယ်။
ဒါကြောင့်မို့ SOMINO sleepကို အိပ်ဆေးထင်ပြီး
ဆေးစွဲမှာ ကြောက်နေသူတွေအနေနဲ့ စိုးရိမ်စရာလုံးဝမလိုပဲ သုံးစွဲနိုင်ပါတယ်။
Melatonin 3mgဆိုတဲ့ပမာဏက အိပ်စက်ခြင်းကို ဖြစ်စေနိုင်တဲ့
လုံလောက်တဲ့ပမာဏဖြစ်တာမို့ စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာSOMINO

23/10/2022

✨ Happy Deepavali ✨
အားလုံး စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေလို့ နံ့သာဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻🙏🏻

09/10/2022

🕯 သီတင်းကျွတ်ကာလ အခါသမယမှာ မိသားစုအားလုံး ကျန်းမာရွှင်လန်း အေးချမ်းကြပါစေ
စီးပွားဥစ္စာဒီရေအလား တိုးကြပါစေလို့ နံ့သာ ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻 🎆

11/02/2022

အိုမီခရွန် ရောဂါလက္ခဏာများ စာရင်းကြီးနဲ့ ဖြဲမခြောက်ပါနဲ့

အိုမီခရွန် ကူးစက်ခံရရင် အများဆုံးခံစားရနိုင်တဲ့ ထိပ်ဆုံး ၅ ခု ရောဂါလက္ခဏာတွေကို တင်ပြထားပါတယ်။ ရောဂါလက္ခဏာပေါင်း ၂၀ စာရင်းကို တင်တာတွေ့ထားတယ်။ အခုထိ အဲဒီစာရင်းရှည်ကြီးကို တယောက်ပြီး တယောက်က ထပ်တင်နေကြတယ်။ အချက်အလက်တွေက မတိကျပါ။ ကျန်းအမာရေးမှာ ချဲ့ကားမပြောရ။ လျှော့ပေါ့လည်း မပြောရပါ။

အိုမီခရွန် ကူးစက်ခံရရင်ခံစားရနိုင်တဲ့ ရောဂါလက္ခဏာ ၁၁ ခုသာရှိတယ်။
1. Fever or chills ဖျား၊ ချမ်းဖျား၊
2. Cough ချောင်းဆိုး၊
3. Shortness of breath or difficulty breathing အသက်ရှုရခက်၊
4. Fatigue အားနည်း၊
5. Muscle or body aches ကိုယ်လက်ကိုက်ခဲ၊
6. Headache ခေါင်းကိုက်၊
7. New loss of taste or smell အနံ့ အရသာပျက်၊
8. Sore throat လည်ချောင်းနာ၊
9. Congestion or runny nose နှာစေး၊
10. Nausea or vomiting ပျို့အန်၊
11. Diarrhea ဝမ်းပျက်။

The top 5 Omicron symptoms အများဆုံးဖြစ်တတ်တဲ့ လက္ခဏာ ၅ မျိုး
1. runny nose နှာရည်ယို
2. headache ခေါင်းကိုက်
3. fatigue (mild or severe) အားနည်း
4. sneezing နှာချေ
5. sore throat လည်ချောင်းနာ။

အောက်ပါ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ
1. Trouble breathing အသက်ရှူခက်ခြင်း၊
2. Persistent pain or pressure in the chest ရင်ဘတ်ကဆက်တိုက်နာခြင်း၊
3. New confusion စိတ်မကြည်မလင်ဖြစ်လာခြင်း၊
4. Inability to wake or stay awake နိုးနေသလို မဖြဘဲ အိမ်ချင်နေခြင်း၊
5. Pale, gray, or blue-colored skin, lips, or nail beds, depending on skin tone ဖြူဖတ်ဖြူရော်၊ နှုတ်ခမ်းပြာ၊ လက်သည်းတွေပြာလာခြင်း။

• Delta ဒယ်လ်တာမှာရော Omicron အိုမီခရွန်မှာပါ အတူတူဖြစ်တယ်။
• fever ဖျား cough ချောင်းဆိုးနဲ့ loss of sense of smell or taste အရသာ သို့မဟုတ် အနံ့ပျက်တာ ၅၀% မှာ ဖြစ်ကြတယ်။
• အခုဖြစ်တာတွေမှာ အရသာ သို့မဟုတ် အနံ့ပျက်တာ နည်းတယ်။
• ကိုဗစ်-၁၉ ဖြစ်စကာလတွေမှာ ရောဂါလက္ခဏာပေါင်း အနည်းဆုံး ၁၀ ခုရှိရာကနေ အခု အထက်ပါ ၅ ခုက အများဆုံးဖြစ်ပါတယ်။
• အဲဒီလက္ခဏာ တခုခုခံစားရသူတွေ ကိုဗစ် စစ်ပါ။

စာရင်းကြီးနဲ့ ဖြဲခြောက်သလို မလုပ်သင့်ကြပါ။

Credit to ဒေါက်တာတင့်ဆွေ 🙏🏻🙏🏻🙏🏻

03/02/2022

Remind လေးပြန်လုပ်ပေးပါရစေ 🙏🏻

မနက်မိုးလင်းဆိုင်စဖွင့်တာနဲ့

❗️ဖျားချင်သလိုဖြစ်လို့
❗️နှာစေးချောင်းဆိုးဖြစ်နေလို့
❗️လည်ချောင်းနာလို့ ငုံဆေးလေးလိုချင်လို့
❗️ကိုယ်တွေလက်တွေကိုက်ခဲလို့
❗️အစားသိပ်မစားနိုင်လို့
❗️ဒီရက်ပိုင်းအသက်ရှူမဝပဲ မောနေလို့

အဲ့လိုဖြစ်တဲ့သူတွေ ပုံမှန်ထက် ပိုတွေ့နေရတယ်... စတုတ္ထလှိုင်း စနေပြီ မစသေးဘူးဆိုတာထက် ကြိုတင်ကာကွယ်မှုတွေ ကိုယ့်ဘက်က အရင်စလုပ်ထားဖို့ အကြံပေးပါရစေ 🙏🏻🙏🏻

✅ အပြင်ထွက်တိုင်း Mask တက်ကြပါ
✅ အိပ်ရေးဝအောင်အိပ်ပါ
✅ ကိုယ်ခံအားကောင်းတဲ့ အစားအသောက်တွေ များများစားကြပါ
✅ အရိုးပြုတ်ရည် အရွက်ပြုတ်ရည်တွေကိုလည်း ရံဖန်ရံခါသောက်ပေးကြပါ (အရိုးပြုတ်ရည် အရွက်ပြုတ်ရည်ဆိုတာ နေမကောင်းမှ သောက်ရတဲ့ အရာတွေမဟုတ်ဘူးနော် 🙅‍♀️ တကယ်အားရှိစေတဲ့ အရာဖြစ်တဲ့အတွက် သောက်ကြပါ)
✅ ဆေးဝါးအနေနဲ့ ကြိုသောက်ထားချင်တယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကိုကောင်းစေတဲ့ အားဆေးတွေသောက်သုံးလို့ရပါတယ် (❌ စိုးရိမ်ပူပန်မှုတွေများပြီး အလွန်အကျွံသောက်သုံးမှုများ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး ❌)

​✨ မင်မင်တို့ နံ့သာဆေးဆိုင် မိသားစုကတော့ customer တွေ အားလုံးကို အားရှိတဲ့ အစားအသောက်တွေကို ပိုပြီး ဦးစားပေး စားစေချင်ပါတယ် ✨🙏🏻

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

03/01/2022

အားလုံးရောက်ပြီလားလို့မေးနေကျတဲ့ ထွန်းရွှေဝါဆေးတိုက်က အသစ်ထုတ်လုပ်ထားသော ဆေးဖက်ဝင် သနပ်ခါးဒဏ်ကျေလူးဆေး T.9 နှင့် T.7 "နံ့သာ" မှာ ဝယ်ယူလို့ရနေပြီနော် 🔊

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၆) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

03/01/2022

🎆 မင်္ဂလာပါရှင် 🎆

လွတ်လပ်ရေးနေ့ ဆိုင်တစ်ရက် ပိတ်ပါသည်။

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 07/12/2021

ဆိုင်လာရင် မေမေတို့ အမြဲမေးနေကျ Martians အပြာရောင်နဲ့ အနီရောင် ဘာကွာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေလေးပါ 😍

Martians with Imnuactiv (အပြာရောင်)
✏️ ဗီတာမင်နှင့်သတ္တုဓာတ်တွေ အပြင် (Betaglucan/Bioflavonoids/Zinc/VitC) စတဲ့ မိမိကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးသော ပါဝင်ပစ္စည်းများပါဝင်ပါတယ်။

Martians with Prebiotic (အနီရောင်)
✏️ ဗီတာမင်နှင့်သတ္တုဓာတ်တွေ အပြင် Inulin ပါဝင်သောကြောင့်သားသားမီးမီးတို့ရဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူးရရှိစေပါတယ်။

❤️❤️ အောက်က နောက်ဆုံးပုံလေးမှာလည်း ဘယ်လို သားသားမီးမီးတွေက ဘာအရောင်ကိုသောက်သင့်ကြောင်းပြောထားပေးလို့ ပုံလေးကိုဝင်ဖတ်ကြည့်သွားပါအုံးနော် မေမေတို့ ❤️❤️

သောက်သုံးရန်- အသက်၃နှစ် (သေချာဝါးစားတတ်သောအရွယ်)မှ စ၍တစ်နေ့ ၁လုံး တိုက်ကျွေးနိုင်ပါသည်။

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

07/12/2021

😮 ရှယ်ပလန်နဲ့ တကယ်တန်တဲ့ ပရိုမိုရှင်းလေးလာပါပြီ ✨
🐬 Omega - 3 & Cvita 🐬
အလုံး ၉၀ ပါ နယူးဇီလန် နိုင်ငံထုတ် Omega-3 နှစ်ဗူးဝယ်ယူရုံဖြင့် အလုံး ၁၀၀ ပါ Cvit တစ်ဗူး လက်ဆောင်ရရှိမှာဖြစ်ပါတယ် 😍
✨ 1 Set ကို 19000 MMK ပဲ ကျသင့်မှာဖြစ်ပါတယ် ✨
⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၆) နာရီအထိ
📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829
🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

30/11/2021

19/11/2021

❌ တော်တော်များများမှားနေကြတဲ့ အချက်ကတော့ ဆီးချိုတိုင်းကိရိယာစက်ထဲကို သွေးဖောက်ဖို့ အဆင်သင့်မဖြစ်သေးခင် Strip ကို အရင်ထည့်တာပါ ❌

အဆင်သင့်မဖြစ်ပဲ အရင်ထည့်လိုက်မိတော့ သွေးဖောက်ပြီးတဲ့အချိန်မှာ error တက်တာမျိုးတွေဖြစ်သွားတက်ပါတယ်။ 🙅🏼‍♀️

၁။ ဆီးချိုစစ်မဲ့ စက်ထဲသို့ ဓာတ်ခဲထည့်ပါ။ (နေ့တိုင်းစစ်တဲ့သူတွေကြတော့လည်း အမြဲထည့်ထားတာမျိုးရှိပါတယ်။)

၂။ လက်ကိုစင်ကြယ်အောင်ဆေး၍ ခြောက်အောင်သုတ်ပါ။

၃။ သွေးဖောက်ကိရိယာ အဖုံးကိုဖယ်ပါ။

၄။ သွေးဖောက်အပ်ကို ကိရိယာထဲသို့ထည့်ပါ။

၅။ အပ်အဖုံးကို လှည့်၍ဖြုတ်ပါ။

၆။ သွေးဖောက်ကိရိယာအဖုံးကို ပြန်ဖုံးပါ။ ထို့နောက် အပ်၏အတိမ်အနက်ကိုချိန်ပါ။ (၁) မှာ အပေါ်ယံဖြစ်ပြီး (၅) မှာ အနက်ဆုံးဖြစ်ပါသည်။

၇။ သွေးဖောက်ကိရိယာဖောက်တံကို အသံကြားသည်အထိဆွဲပါ။

၈။ ဆီးချိုတိုင်းကိရိယာထဲသို့ Strip ကိုထည့်ပါ။ (ယခုကဲ့သို့ အပေါ်ကပြောထားသလို အဆင်သင့်လုပ်ပြီးမှ strip ကို စက်ထဲ ထည့်သင့်ပါတယ်။)

၉။ သွေးဖောက်ကိရိယာကို သွေးယူမည့် လက်ထိပ်ဘေးတွေထားပြီး ခလုပ်ကိုနှိပ်ပါ။

၁၀။ လက်ထိပ်မှသွေးကို Strip ထိပ်ရှိသွေးထည့်ရန်နေရာပြည့်သည်အထိထည့်ပါ။

၁၁။ ငါးစက္ကန့်ကြာသည့်အခါ ကိရိယာမှအဖြေပေါ်လာမည်ဖြစ်သည်။

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၆) နာရီအထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

17/11/2021

ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ FAME က Stevia (ရွက်ချိုသကြား) ကို

💫 လက်ဖက်ရည်၊ ကော်ဖီ၊ ဖျော်ရည်တွေဖျော်တဲ့ အခါ
💫 ကိတ်မုန့် ၊ ပေါင်မုန့်နဲ့ မုန့်အမျိုးမျိုးလုပ်တဲ့အခါ
💫 ဟင်းလျာတွေပြင်ဆင်ချက်ပြုတ်တဲ့အခါ
သကြားနဲ့ အချိုမှုန့်ကို မသုံးတော့ပဲ ဒီဟာလေးသုံးကြမယ် 💕

Stevia အရွက်ကရတဲ့ သဘာဝ အချိုဓာတ်နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်နှင့် ကယ်လိုရီကို မတက်စေပါဘူး ✅

ဒါကြောင့် ဆီးချို ၊ သွေးတိုး ၊ ကိုယ်အလေးချိန်ထိန်းနေသူ၊ သွေးတွင်းအဆီများသူတွေအပြင် ကျန်းမာရေးအတွက် သကြားရှောင်လိုသူ တွေအတွက် အထူးသင့်တော်ပါတယ် ✅

✨ တစ်ထုပ် (300 g) - 8,000 ကျပ် ✨

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၆) နာရီအထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

11/11/2021
04/11/2021

✨ Happy Deepavali ✨
အားလုံး စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေလို့ နံ့သာဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻🙏🏻

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 03/11/2021

Digital Age မှာ လူတိုင်းနီးပါး အနည်းနဲ့အများဆိုသလို ခံစားနေကြရတဲ့ မျက်ရည်ခမ်းခြောက်ခြင်းအကြောင်း
မျက်ရည်ခမ်းခြောက်ရောဂါဆိုတာ ဘာလဲ?
=========================

မျက်ရည်ခမ်းခြောက်ရောဂါဆိုတာ မျက်ရည်က မျက်လုံးအပေါ်မှာ ချောဆီအနေနဲ့ အပြည့်အဝ မလုပ်ပေးနိုင်တာကို ဆိုလိုပါတယ်။ မျက်ရည်ပမာဏ လုံလောက်အောင် ရှိမနေတာ၊ မျက်လုံးအပေါ်မှာ မျက်ရည်အချိန်ကြာကြာရှိမနေနိုင်တာကြောင့် ဖြစ်ပါတယ်။ မျက်ရည်ထုတ်လုပ်တာ နည်းလို့ ဖြစ်နိုင်သလို မျက်ရည်ရဲ့ အရည်အသွေးမကောင်းတာကြောင့်လည်း မျက်ရည်ခြောက်ရောဂါ ဖြစ်ပါတယ်။ မျက်ရည်ခမ်းခြောက်တာဟာ မျက်လုံးကို ယောင်စေနိုင်ပြီး မျက်လုံးရဲ့ အပေါ်ယံ မျက်နှာပြင်ကို ထိခိုက်စေနိုင်ပါတယ်။

မျက်ရည်ခမ်းခြောက်ရင် မျက်လုံးသက်တောင့်သက်သာ မရှိဘူး။ သင့်မှာ မျက်ရည်ခမ်းခြောက်ရောဂါရှိနေမယ်ဆိုရင် သင့်မျက်လုံးဟာ ကပ်တတ် ကပ်တတ်ဖြစ်တာ၊ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ မျက်ရည်ခမ်းခြောက်တဲ့လက္ခဏာကို တစ်ချို့သော အချိန်တွေ ဥပမာ - လေယာဉ်ပျံပေါ်မှာ၊ လေးအေးစက်ဖွင့်ထားတဲ့ အခန်းထဲမှာ၊ စက်ဘီးစီးနေစဉ်မှာ၊ နာရီအတော်ကြာအောင် ကွန်ပျူတာကို ကြည့်စဉ်မှာ စတဲ့ အချိန်မျိုးတွေမှာ သိသိသာသာ ခံစားရနိုင်ပါတယ်။

ကုသမှုခံယူရင် မျက်လုံးသက်တောင့်သက်တာ ဖြစ်ပါမယ်။ ကုသမှုတွေမှာ နေထိုင်မှု ပုံစံပြောင်းတာ (Lifestyle changes) နဲ့ မျက်စဉ်းခပ်တာတွေ ပါဝင်ပါတယ်။
လက္ခဏာများ
=========
များသောအားဖြင့် မျက်လုံး နှစ်ဖက်လုံး ဖြစ်တတ်ပါတယ်။
▪ မျက်လုံးထဲမှာ ကပ်တတ်ကပ်တတ်ဖြစ်ခြင်း၊ စူးရှခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း
▪ မျက်လုံးတစ်ဝိုက်မှာ ပုံမှန်ထက် ပိုပြီး မျက်ဝတ်ထွက်ခြင်း
▪ မျက်စိကျိန်းခြင်း (အလင်းစူးခြင်း)
▪ မျက်စိထဲမှာ ခိုးလို့ခုလုဖြစ်ခြင်း
▪ မျက်လုံးနီခြင်း၊ ရဲခြင်း
▪ မျက်ကပ်မှန်တပ်ရတာ သက်တောင့်သက်သာ မရှိခြင်း
▪ ညဘက် ကားမောင်းရာမှာ မျက်စိဝါးခြင်း၊ ပြားခြင်း
▪ မျက်လုံး ခိုးလို့ခုလုဖြစ်ပြီး မျက်ရည်များ ပါးပေါ်စီးကျခြင်း
▪ မျက်လုံးဝါးခြင်း၊ မျက်စိညောင်းခြင်း
ဘာကြောင့်ဖြစ်လဲ?
=============
မျက်ရည်အလွှာရဲ့ အရည်အသွေးကို ပျက်ပြားစေတဲ့ အကြောင်းအရင်း အများကြီးရှိပါတယ်။ သင့်ရဲ့မျက်ရည်မှာ အဆီလွှာ၊ အရည်လွှာနဲ့ အကျိအချွဲလွှာဆိုပြီး အလွှာ (၃)လွှာ ရှိပါတယ်။ ဒီ (၃)လွှာ ပေါင်းပြီး သင့်မျက်စိကို ချောမွေ့ညီညာပြီး သန့်ရှင်းကြည်လင်အောင် လုပ်ပေးပါတယ်။ ဒီ (၃)လွှာမှာ တစ်လွှာလွှာက အရည်အသွေးကျရင် မျက်ရည်ခမ်းခြောက်ရောဂါ ဖြစ်စေနိုင်ပါတယ်။

မျက်ရည်အလွှာ မကောင်းရခြင်းရဲ့ အကြောင်းအရင်းများစွာ ရှိတယ်။
▪ ဟော်မုန်းဓာတ် ပြောင်းလဲခြင်း
▪ Autoimmune ရောဂါတွေရှိခြင်း
▪ မျက်ခွံမှာရှိတဲ့ အဆီဂလင်းတွေ ယောင်ခြင်းနဲ့
▪ ဓာတ်မတည့်ရောဂါတွေကြောင့် ဖြစ်တယ်။

မျက်ရည်ခမ်းခြောက်တယ်ဆိုရာမှာ မျက်ရည်အထွက်နှုန်း နည်းခြင်း (သို့) မျက်ရည်အငွေ့ပျံမှုများခြင်းတို့ကြောင့် ဖြစ်တယ်။
မျက်ရည်အထွက်နှုန်းနည်းစေတဲ့ အကြောင်းအရင်းတွေက
▪ အသက်ကြီးခြင်း
▪ Autoimmune ရောဂါများရှိခြင်း
▪ မျက်ရည်အထွက်နည်းစေသော ဆေးများကြောင့် ဖြစ်ခြင်း
(ဓာတ်မတည့်ခြင်းအတွက် ကုသသောဆေးများ၊ ဟော်မုန်းအစားထိုးဆေးများ၊ စိတ်ကျရောဂါကုဆေး၊ သွေးကျဆေး၊ ဝက်ခြံပျောက်ဆေး၊ သန္ဓေတားဆေးနဲ့ ပါကင်ဆန်ရောဂါကုဆေး စသည့်ဆေးများ)
▪ မျက်ကပ်မှန်ကို နှစ်ပေါင်းများစွာ အသုံးပြုခြင်း
▪ မျက်ကြည်လွှာ အာရုံကြော ထိခိုက်ခြင်းနှင့်
▪ မျက်ရည်ဂလင်းကို ထောက်ပံ့သော အာရုံကြော ထိခိုက်ခြင်းတို့ကြောင့် ဖြစ်တယ်။
မျက်ရည်အငွေ့ပျံမှု များခြင်း
===================
မျက်ခမ်းစပ်က အဆီဂလင်းလေးတွေက အဆီကောင်းစွာ မထုတ်ပေးနိုင်လျှင် မျက်ရည်အငွေ့ပျံတာ များပါတယ်။

အဖြစ်များတဲ့ ရောဂါတွေက
▪ မျက်ခွံယောင်ခြင်း (blepharitis , Meibomian gland dysfunction)
▪ မျက်တောင်ခတ်နှုန်း နည်းခြင်း (Parkinson's disease ၊ အချိန်ကြာမြင့်စွာ စာဖတ်ခြင်း၊ ကွန်ပျူတာ ကြည့်ခြင်း၊ ကားမောင်းခြင်း)
▪ မျက်ခွံပြဿနာများ၊ မျက်ခွံက အတွင်းကို ကုပ်ဝင်နေခြင်း (Entropion) နှင့် အပြင်ကို လန်ထွက်နေခြင်း (Ectropion)
▪ ဓါတ်မတည့်ရောဂါများ
▪ မျက်စဉ်းများတွင် ပါဝင်သော တာရှည်ခံပစ္စည်းများ
▪ လေတိုက်ခြင်း၊ မီးခိုးငွေ့နှင့် ခြောက်သွေ့သောလေများကြောင့် ဖြစ်ခြင်း
▪ ဗိုက်တာမင် “အေ” ချို့တဲ့ခြင်း
ဘယ်သူတွေမှာ ပိုဖြစ်လဲ?
=================
🛑 အသက် ၅၀ ကျော်လျှင်
အသက်ကြီးလာလျှင် မျက်ရည်ထွက်နှုန်း လျော့နည်းလာပါတယ်။
🛑 အမျိုးသမီးများ
အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်၊ သန္ဓေတားဆေးသုံးနေစဉ်နှင့် သွေးဆုံးချိန်များတွင် ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ခြင်း
🛑 ဗိုက်တာမင် “အေ” ချို့တဲ့သူများ
🛑 မျက်ကပ်မှန်တပ်သူများနှင့် လေဆာဖြင့် ပါဝါဖျောက်သော ခွဲစိတ်မှုများကို ပြုလုပ်ထားသူများ
နောက်ဆက်တွဲ ဆိုးကျိုးများ
===================
▪ ပိုးကြောင့်ဖြစ်သော မျက်စိအပေါ်ယံ မျက်နှာပြင်ရောဂါများဖြစ်ခြင်း
▪ မျက်စိအပေါ်ယံမျက်နှာပြင် ယောင်ခြင်း၊ ပွန်းခြင်း၊ မျက်ကြည်လွှာ အနာဖြစ်ခြင်း၊ မြင်အားကျခြင်း
▪ သက်တောင့်သက်သာမရှိသောကြောင့် အလုပ်အကိုင်ထိခိုက်ခြင်း
မျက်ရည်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန်
=========================
▪ ခြောက်သွေ့သော လေကို ရှောင်ကျဉ်ပါ။ (ပန်ကာလေ၊ လေအေးစက်၊ ဆံပင်လေမှုတ်စက်မှ လေများ)
▪ စိုထိုင်းသော လေထုကို ဖန်တီးပါ။ (ဆောင်းရာသီလေထုနှင့် လေထုစိုထိုင်းစေသောစက် အသုံးပြုခြင်း)
▪ နေကာမျက်မှန် အသုံးပြုပါ။
▪ အချိန်ကြာကြာ အသုံးပြုပြီးတိုင်း မျက်စိကို အနားပေးပါ။
▪ ကွန်ပျူတာကို မျက်လုံးအောက်နိမ့်သော နေရာတွင်ထားပါ။ (မျက်စိထက် မြင့်နေလျှင် မျက်လုံးက ပိုပွင့်နေသောကြောင့် မျက်ရည်ပိုခြောက်နိုင်သည်)
▪ ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
▪ မျက်ရည်အစားထိုး မျက်စဉ်း ခပ်ပေးပါ။
ဘယ်အချိန် ဆရာဝန်နဲ့ ပြဖို့ လိုမလဲ?
=========================
သင့်မှာ မျက်ရည်ခမ်းခြောက်တဲ့ လက္ခဏာတွေဟာ လနဲ့ချီ ကြာပြီး မပျောက်ဘဲရှိနေမယ်ဆိုရင် ပြသဖို့ သင့်ပါတယ်။ သင့်ဆရာဝန်က သင်မျက်ရည်ခြောက်ရတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး လိုအပ်သလို ကုသမှုပေးမှာ ဖြစ်ပါတယ်။

The Gift of SIGHT
For happy, healthy eyes!

Source: Mayo Clinic
Photo: Google

02/11/2021

၄.၁၁.၂၀၂၁ (ကြာသပတေးနေ့) ဒီပါဝလီနေ့ တစ်ရက် ဆိုင်ပိတ်ပါသည် 🙏🏻

၅.၁၁.၂၀၂၁ (သောကြာနေ့) မှစ၍ ယခင်ပုံမှန်အတိုင်း မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆိုင်ဖွင့်ပါသည် 🙏🏻

📲 ဖုန်းနံပါတ် : 0931065525, 09450039549, 095005829
🏥 လိပ်စာ : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

25/10/2021

ဆေးများကို Delivery နဲ့ ဝယ်ယူလို့ရနေပြီနော် 🚚

✨ ဆေးဝါးများ၏ အမည်များနှင့်
✨ အရေအတွက်များ ကို Page Messenger (သို့မဟုတ်) Viber သို့ အော်ဒါတင်လိုက်ရုံဖြင့် အိမ်အရောက်ဝန်ဆောင်မှုပေးနေပါပြီ။

🍃 ဒီနေ့ online မှ အော်ဒါတင်ရင် မနက်ဖြန် အရောက်ပို့ပေးပါတယ်။ အကွာအဝေးပေါ်မူတည်ပြီး Delivery charges လေးတွေတော့ ရှိပါမယ်ရှင့် 🍃

📲 ဆေးမှာယူရန် Viber ဖုန်းနံပါတ် - 095005829, 09450039549

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။

24/10/2021

အသားအရေတွေ မွဲခြောက်နေလို့ ဆံပင်နဲ့ လက်သည်းတွေ အရှည်နှေးလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ၈ မိုင် လမ်းဆုံက နံ့သာဆေးဆိုင်မှာ Fame ကထုတ်တဲ့ Collagen (ကော်လဂျင်) လာဝယ်လိုက်တော့နော် 🥳

ခန္ဓာကိုယ် ထဲမှာ Collagen စုပ်ယူမှုကောင်းအောင် ဆီးဖြူသီးမှရသော သဘာဝ Vitamin C လဲပါဝင်ပါတယ် 😍

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် : 0931065525, 09450039549, 095005829

🏥 လိပ်စာ : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

24/10/2021

ခေါင်းခဏ ခဏကိုက်တာကို ဘယ်လိုကာကွယ်ကြမလဲ?

✨ အိပ်ရေးဝဝအိပ်ပါ
✨ ရေများများသောက်ပါ
✨ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
✨ Screen times ကို တက်နိုင်သလောက်လေး လျှော့ပေးကြပါ
✨ စိတ်ဖိစီးမှုနှင့် ကဖိန်းဓာတ်ကိုလည်း လျှော့ချပေးပါနော် ❤️

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

23/10/2021

နံ့သာဆေးဆိုင်မှာ Mask တစ်ထုတ်ကို "၇၀၀" ကျပ်ပဲရှိပါတယ် 🥳🥳
KF94 ၁၀ ခုပါ တစ်ထုတ်ကို "၇၀၀" ကျပ်
3 ply အထူ ၅၀ ပါ တစ်ဗူးကို "၁၀၀၀" ကျပ်
စျေးသက်သာတဲ့ အပြင် အရည်အသွေးကိုလည်း စိတ်ချ အမျိုးအစား ၂ ခုလုံးက အထူသားတွေပါ 😍
⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ
📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829
🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

23/10/2021

❌ ရေခဲရေပုံမှန်သောက်နေကြသူပဲဖြစ်ဖြစ် ဆေးသောက်တဲ့အခါမှာ ရေခဲရေနဲ့ လုံးဝ မသောက်သုံးသင့်ပါဘူး ❌

❌ ညပိုင်း အိပ်ခါနီး ရေအများကြီး မသောက်ရပါဘူး။ ညပိုင်းထက် မနက်ပိုင်းမှာ ရေပိုသောက်ပေးသင့်ပါတယ် ☑️

❌ အစားစားပြီးပြီးချင်း လှဲမအိပ်ရပါ ❌

​ဒီအချက် ၃ ချက်ကတော့ နေ့စဥ်ဘဝမှာ လုပ်မိနေကြတဲ့ အလွဲလေးတွေပါ.... ဒီစာလေးကိုဖတ်ပြီးသွားပြီဆိုရင်တော့ ထပ်မလုပ်မိအောင်ရှောင်ရှားကြမယ်နော် ❤️

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

20/10/2021

🕯 Happy Thadinkyut 🕯
ပျော်ရွှင်စရာ သီတင်းကျွတ်လေး ဖြစ်ပါစေလို့ နံ့သာဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻🙏🏻

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 17/10/2021

တုပ်ကွေးရာသီ 🤒 သီတင်းကျွတ်ကာလမှ ဖိုးဖိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် တွေကို အားရှိအောင် ကိုယ်ခံအားကောင်းအောင် အားဆေးလေးတွေနဲ့ ကန်တော့ကျမယ် 🙏🏻

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 07/10/2021

နံ့သာဆေးဆိုင်မှာ Mask တစ်ထုတ်ကို "၇၀၀" ကျပ်ပဲရှိပါတယ် 🥳🥳

KF94 ၁၀ ခုပါ တစ်ထုတ်ကို "၇၀၀" ကျပ်
3 ply အထူ ၅၀ ပါ တစ်ဗူးကို "၁၀၀၀" ကျပ်

စျေးသက်သာတဲ့ အပြင် အရည်အသွေးကိုလည်း စိတ်ချ အမျိုးအစား ၂ ခုလုံးက အထူသားတွေပါ 😍

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

06/10/2021

အာရုံကြောအားနည်းခြင်း (Part - 2)

ဘယ်လိုကာကွယ်ကြမလဲ??

✨ အာဟာရဓာတ်မျှတအောင် စားသုံးခြင်း

✨ နေ့စဥ် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း

✨ လ္ဘက်ရည်နှင့် ကော်ဖီသောက်သုံးခြင်းကို နည်းနိုင်သမျှနည်းအောင်လျှော့ချခြင်း

✨ ကွမ်းစားခြင်းနှင့် အရက်၊ ဘီယာသောက်သုံးခြင်းကို ရှောင်ကြဥ်ခြင်း

✨ ကွန်ပျူတာနှင့် ဖုန်းအလွန်အကျွံကြည့်ခြင်းတို့ကို လျှော့ချခြင်း

✨ ဆီးချိုရှိသူများ ဆီးချိုမတက်အောင် နေထိုင်စားသောက်ခြင်း တို့ပဲ ဖြစ်ပါတယ်

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

06/10/2021

မနက်မိုးလင်းဆိုင်စဖွင့်တာနဲ့

❗️ဖျားချင်သလိုဖြစ်လို့
❗️နှာစေးချောင်းဆိုးဖြစ်နေလို့
❗️လည်ချောင်းနာလို့ ငုံဆေးလေးလိုချင်လို့
❗️ကိုယ်တွေလက်တွေကိုက်ခဲလို့
❗️အစားသိပ်မစားနိုင်လို့
❗️ဒီရက်ပိုင်းအသက်ရှူမဝပဲ မောနေလို့

အဲ့လိုဖြစ်တဲ့သူတွေ ပုံမှန်ထက် ပိုတွေ့နေရတယ်... စတုတ္ထလှိုင်း စနေပြီ မစသေးဘူးဆိုတာထက် ကြိုတင်ကာကွယ်မှုတွေ ကိုယ့်ဘက်က အရင်စလုပ်ထားဖို့ အကြံပေးပါရစေ 🙏🏻🙏🏻

✅ အပြင်ထွက်တိုင်း Mask တက်ကြပါ
✅ အိပ်ရေးဝအောင်အိပ်ပါ
✅ ကိုယ်ခံအားကောင်းတဲ့ အစားအသောက်တွေ များများစားကြပါ
✅ အရိုးပြုတ်ရည် အရွက်ပြုတ်ရည်တွေကိုလည်း ရံဖန်ရံခါသောက်ပေးကြပါ (အရိုးပြုတ်ရည် အရွက်ပြုတ်ရည်ဆိုတာ နေမကောင်းမှ သောက်ရတဲ့ အရာတွေမဟုတ်ဘူးနော် 🙅‍♀️ တကယ်အားရှိစေတဲ့ အရာဖြစ်တဲ့အတွက် သောက်ကြပါ)
✅ ဆေးဝါးအနေနဲ့ ကြိုသောက်ထားချင်တယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကိုကောင်းစေတဲ့ အားဆေးတွေသောက်သုံးလို့ရပါတယ် (❌ စိုးရိမ်ပူပန်မှုတွေများပြီး အလွန်အကျွံသောက်သုံးမှုများ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး ❌)

​✨ မင်မင်တို့ နံ့သာဆေးဆိုင် မိသားစုကတော့ customer တွေ အားလုံးကို အားရှိတဲ့ အစားအသောက်တွေကို ပိုပြီး ဦးစားပေး စားစေချင်ပါတယ် ✨🙏🏻

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

06/10/2021

အာရုံကြောအားနည်းခြင်း (Part - 1)

ယနေ့ခေတ် လူငယ်တော်တော်များများကြုံတွေ့နေရတဲ့ အဓိကပြဿနာကတော့ အာရုံကြောအားနည်းခြင်းနှင့် မျက်စိမှုန်ခြင်းတို့ပါပဲ.... မင်မင် ကိုယ်တိုင်လည်း မှန်ကြောင်လေးပါ 🤓

အဲ့တော့ ဘယ်လို အကြောင်းအရာတွေက အာရုံကြောအားနည်းခြင်းကိုဖြစ်ပေါ်စေလည်းဆိုတာပြောပြပေးမှာဖြစ်ပါတယ် ✨

👓 နေ့စဥ် အချိန်ကြာမြင့်စွာ အာရုံစူးစိုက် အလုပ်လုပ်ရခြင်း

👓 ဖုန်းနှင့် ကွန်ပျူတာအလွန်အကျွံကြည့်သူများ

👓 စာအလွန်အကျွံဖတ်သူများ (နံ့သာက မင်မင်က စာအရမ်းဖတ်ရင် အာရုံကြောအားနည်းတတ်တယ်လို့ပြောတယ်ဆိုပြီး စာမဖတ်ပဲလည်း မနေကျနဲ့နော် 😜)

ဒီအချက် (၃) ချက်ကတော့ လူတိုင်းသိကျတဲ့အရာလေးတွေပါ....

အခြားမထင်မှတ်ထားတဲ့ အရာတွေကလည်း အားရုံကြောအားနည်းခြင်းကို ဖြစ်စေပါတယ်နော် 😩 ဥပမာ...

📌 နေ့စဥ် ကွမ်းစားခြင်း၊ လက်ဖက်ရည်နှင့် ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကြောင့် ဗီတာမင်ဓာတ်များ ချို့တဲ့၍ အာရုံကြောအားနည်းတက်ခြင်း

📌 ဆီးချိုရောဂါကြောင့် ဆီးချိုကျဆေးများ သောက်သုံးခြင်းကြောင့် နာဗ်ကြောများ ထိခိုက်ခြင်းဖြင့် ဗီတာမင် (B-12) ဓာတ်ချို့တဲ့ကာ အာရုံကြော အားနည်းတတ်ခြင်း

📌 ယမကာသောက်သုံးခြင်းကြောင့် ဗီတာမင် (B-1) ဓာတ်ချို့တဲ့ကာ အာရုံကြောအားနည်းခြင်း

📌 အသက်အရွယ်ကြီးရင့်သူများနှင့် အစာအာဟာရ မျှတစွာ စားသုံးခြင်းမရှိသောကြောင့် အာရုံကြော အားနည်းခြင်း

💢 Part - 2 မှာ အာရုံကြော အားနည်းခြင်းတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးမှာမို့လို့ Page ကို Like and Follow လေး လုပ်ထားပါနော် 💢

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

Timeline photos 05/10/2021

🚙 မင်မင်ဒီနေ့ ဟိုဟိုဒီဒီ ဆိုင်အပြင်လေးခဏထွက် ဆိုင်မှာ လူရှင်းတုန်း မုန့်လေးထွက်စားတာပေါ့ ဟီဟီး 🙊 👀

ကိုယ်တစ်ယောက်တည်းပဲ Mask တက်ထားတယ်လို့တောင်ထင်သွားတယ်... 😩

Mask တက်ဖို့မမေ့ကျပါနဲ့နော် 🥺 ရောဂါကြီးက အရှင်းမပြီးသေးပါဘူးနော် 🥺

အားလုံးဂရုစိုက်ကြပါ 🙏🏻❤️

Timeline photos 01/10/2021

ရာသီကူးပြောင်းချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဖျားချင်းနာခြင်းတွေကို Imunor လေး သောက်ပြီး ကြိုတင်ကာကွယ်ထားကြမယ်လေ 🤩 နံ့သာမှာဝယ်ယူရရှိနိုင်ပါပြီ 🥳

☑️ Made in Australia 🇦🇺 ဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်...

☑️ နွားနို့၏ နို့ဦးရေကြည်မှ ထုတ်လုပ်ထားပါသည်။

☑️ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာခံစားနေရသူတွေအတွက်လည်း သင့်တော်ပါတယ်။

❗️❌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ၊Colostrum, lactose & lactoferrin နှင့်ဓာတ်မတည့်သူများမသောက်ရ။ အသက်တစ်နှစ်အောက် ကလေးများ
အတွက်မသင့်တော်ပါ။ ❌❗️

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

Photos from Nant Thar Pharmacy - နံ့သာ ဆေးဆိုင်'s post 30/09/2021

နံ့သာဆေးဆိုင်မှ ကြိုဆိုပါတယ် 🙏🏻

အင်္ဂလိပ်ဆေးနှင့် မြန်မာဆေးမျိုးစုံကို စျေးနှုန်းချိုသာစွာဖြင့် လက်လီ/လက္ကား ဝယ်ယူရရှိနိုင်ပါတယ်...
ဆိုင်တွင် လာရောက် ဝယ်ယူလို့ရသလို အိမ်တိုင်ရာရောက်လည်း ပို့ဆောင်ပေးနေပါပြီ 🔊
အကွာအဝေးပေါ်မူတည်ပြီး မြို့နယ်အလိုက် Delivery charges လေးတွေတော့ရှိပါတယ်ရှင့် ✨

၁၉၉၁ ခုနှစ်မှ စတင်၍ ယနေ့ချိန်အထိ ဝယ်ယူအားပေးကျသော မိတ်ဟောင်း မိတ်သစ်များကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🏻🙏🏻

​ဖုန်းနံပါတ် - 0931065525, 09450039549, 095005829
လိပ်စာ - ၈ မိုင် လမ်းဆုံ, ပြည်လမ်း၊ မရမ်းကုန်း။

ဆေးဝါးများမှာယူလိုပါက - Page messenger နှင့် Viber (09450039549, 095005829) သို့ ပို့ပြီး မှာယူနိုင်ပါတယ်ရှင့် 🙏🏻

26/09/2021

🤔🤔 အိမ်အတွက် ဆေးတွေ ဘယ်မှာဝယ်ရမလဲ ???

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

25/09/2021

📣 Stay tuned in Nant Thar Pharmacy’s Viber Community! 📲
ကျန်းမာရေး ဗဟုသုတများနှင့် ဆေးဝါးများအကြောင်းကို မျှဝေပေးမဲ့ နံ့သာဆေးဆိုင်ရဲ့ Viber Community လေးကို Join ထားလိုက်ပါအုံးနော် 🥳🥳

Join ⁨နံ့သာဆေးဆိုင်⁩ https://invite.viber.com/?g2=AQBdWNU5V8FZKE4Ftb8VoPApDKLxZI4Y9%2FpJbaugz91qo36aAuFbBPBKQp0lXAvU on Viber

25/09/2021

📣 နံ့သာဆေးဆိုင်မှာဝယ်လို့ရနေပြီနော် 📣

လူငယ်နဲ့ လူလတ်ပိုင်းအတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်တဲ့ Spektrum Energy 💪🏻💪🏻

✔️ နှလုံးအားကောင်းစေတဲ့ COQ10
✔️ Vitamin B1, B2, B3, B5, B6, B12
✔️ Vitamin C 80mg
✔️ Vitamin D3
✔️ Zinc 10mg တို့ပါဝင်ပါတယ် ✨

❌ အသက် (၁၂) နှစ်အောက် ကလေးများ မသောက်ရ ❌

⏰ ဆိုင်ဖွင့်ချိန် မနက် (၈) နာရီ မှ ညနေ (၅) နာရီခွဲ အထိ

📲 ဖုန်းနံပါတ် - 0931065525, 09450039549, 095005829

🏥 Address : ၈ မိုင် လမ်းဆုံ, မရမ်းကုန်း။
🚚 Delivery service လည်းရှိတယ်နော် ✨

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

၈ မိုင် လမ်းဆုံ၊ ပြည်လမ်း၊ မရမ်းကုန်း။
Yangon
11061,11062

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 13:00

Other Pharmacies / Drugstores in Yangon (show all)
Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Sein Pan Pyar Sein Pan Pyar
539/B, Kyaung Street, Kyusan Quarter, Mingaladon Township
Yangon

Dazeagra လက်လီ/လက်ကား Dazeagra လက်လီ/လက်ကား
Yangon

အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)

My Medi My Medi
Tamwe
Yangon, 11211

Providing health knowledge, health tips and quality health products....

Naing Family Naing Family
E156/Third Floor/Shwe Pyae Sone Market
Yangon

Medical Care For Everyone

Hammer Of Thor ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Hammer Of Thor ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09774144361

Hammer Of Thor ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Taungzalatt Clinic Taungzalatt Clinic
Yangon

Clinic

Vital Care Pharmacy Vital Care Pharmacy
Yangon, 11422

ကျန်းမာရေးအတွက်လိုအပ်သောဆေးဝါးမျာ?