Quiet Feelings
�ပင်ပန်းမှုတွေကြားကနေ တဒင်္ဂနားခိုနာ�
ပထမဆုံးဘဲ ဖြစ်လိမ့်မယ်။
သူ့အပေါ်ဘဲ အရာရာကို ငါသည်းခံနိုင်တာ
ပြီးတော့ နားလည်နိုင်တာ
ငါချစ်ရတဲ့သူမှာ ဒဏ်ရာတွေရှိနေကြောင်း အစောကတည်းက ကြိုမသိခဲ့ဘဲ အပြစ်တွေချည်းပြောခဲ့မိတာ
သူ့ရဲ့အပြင်စိတ်ကိုဘဲ သူကထုတ်ပြခဲ့တာ
ငါမမြင်နိုင်ခဲ့တာ အတွင်းစိတ်
ဒါပေမယ့်
သူ့ရဲ့အတွင်းစိတ်တွေကို ငါနားလည်လာခဲ့ရတဲ့ ဒီကာလတွေမှာ ငါ့ကိုယ်ငါ သိပ်နောင်တရတယ်။
ဪ သူက ဘယ်လောက်တောင် နာကျင်မှုတွေ အထီးကျန်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရပါလိမ့်ဆိုပြီး သူ့အပေါ်ပိုနွေးထွေးပေးချင်လာတယ်။
သူ့ရဲ့အတွင်းစိတ်တွေကို သေသေချာချာနားလည်ပေးနိုင်သွားတဲ့အခါ အဲ့လူကို ဘာအပြစ်မှမြင်မရတော့ဘူးတဲ့။
အဲ့ဒီလူကို ငါတကယ်လည်း လက်လွှတ်ဖို့ ခက်ခဲလွန်းတယ်။
မတွေ့ရတော့ဘူးလို့ခံစားရရင် ရင်ထဲမှာပြည့်ကြပ်လာတယ်
သေချာပါတယ် ဒါက ပထမဆုံးဘဲ။
အခြားလူတစ်ယောက်ကို အရမ်းချစ်မိနေတာ ဒါပထမဆုံးဘဲ။
-သက်ထားရွှေစင်(THSS)-
မင်မင်ကလေ
ကို့ရဲ့တနေ့တာအဖြစ်အပျက်တခုခုဖြစ်ဖြစ်
စိတ်အဆင်မပြေစရာ ဝမ်းနည်းစရာ
စိတ်ကျေနပ်စရာ ဘယ်လိုတခုခုမျိုးဆို
ကိုတယောက်တည်းပြန်ဖတ်ဖို့ ပြန်အမှတ်ရနေဖို့ စာတိုလေးတွေ ရေးပီးထားတတ်တဲ့အကျင့်လေး
တခုရှိတယ်
ဒီလိုရေးချဖြစ်လိုက်တဲ့အချိန်တိုင်းမှာ
စိတ်ပင်ပန်းစရာဆိုရင်လဲ မွန်းကြပ်မှုကနေလွတ်မြောက်သလိုခံစားရတယ်
ဝမ်းသာစရာဆိုလဲ ထပ်ခါဖတ်ပီးပီတိဖြစ်ရသလိုအမှတ်တရလေးဖြစ်နေစေတယ်
အဓိကကတော့ မင်ကEmotionalသမားမို့
Introvert Typeမို့ ကိစ္စကြီးကျယ်တခုခုဆိုရင် သူများဆီရင်ဖွင့်ရမှာကိုအားနာတတ်တယ်
အဖက်ဖက်ကနေလိုက်စဉ်းစားပီးတော့
ရင်ဖွင့်သင့်မသင့် ဆင်ခြင်နေမိတတ်တာနဲ့
လူတယောက်ဆီမှာရင်ဖွင့်လိုက်တာက
မင်အတွက်မွန်းကြပ်မှုကနှစ်ဆဖြစ်သွားစေသလိုခံစားရတယ်
(တခုရှိတာက ကိုရင်ဖွင့်တဲ့သူက ကို့ကိုမသိတဲ့သူမျိုး၊ ကိုမမြင်ရတဲ့သူမျိုးဆိုရင် ကိုပြောချင်တာပြောပြပီးနေသာသလိုဖြစ်လိမ့်မယ်လို့တော့ တွေးမိဖူးတယ်😁 -ဘာလို့ဆို ကိုရင်ဖွင့်ပီးရင် ပြန်မြင်ရမယ့်လူမျိုးမဟုတ်မှ ဘာမှလိုက်အားနာနေစရာမလိုဘူးမလား)
အဲလိုအခါမျိုးမှာ စာရေးပီးရင်ဖွင့်ချတာမျိုးကအသင့်တော်ဆုံးဖြစ်ခဲ့တယ်လေ
မင်ရဲ့အာ့လိုအကျင့်လေးက တခြားလူတွေဆီမှာလဲရှိလောက်မှာပါ
ဒါကြောင့်မို့လေ ဒီပေ့ခ်ျလေးမှာ မင်လိုဘဝတူလေးတွေ တယောက်တည်းကြိတ်မှိတ်ကျော်ဖြတ်နေရတဲ့သူလေးတွေရှိရင်
ဒီပေ့ခ်ျလေးပေါ် ရေးချင်တာလေးရေးပီး
စိတ်လက်ပေါ့ပါးမှုကို လာရှာယူကြပါနော်
ကဗျာလေးလဲရ
စာတိုလေးလဲရ
ခံစားချက်တွေကိုစာသားအဖြစ်ဖန်တီးထားတဲ့ဘယ်အရာမဆို လာရေးလို့ရပါတယ်
ချစ်ခြင်းမေတ္တာရှာဖွေသူလေးတွေကိုလဲ ဝဲလ်ကမ်းပါရှင့်
ကိုရင်ဖွင့်လိုက်တဲ့စာလေးတစောင်ကနေ
စိတ်ညစ်စရာဆိုလဲ လွတ်ချလိုက်ရသလိုမျိုး စိတ်ပေါ့ပါးသွားအောင် လာရင်ဖွင့်ရေးသားနိုင်ပါတယ်နော်...
ဒီပေ့ခ်ျလေးပေါ်မှာ
ချစ်ခြင်းမေတ္တာကိုလဲရှာဖွေရင်း
ကို့စိတ်ရဲ့မွန်ကြပ်မှုတွေကိုလဲဖြေဖျောက်ရင်း
လာမယ့်နေရက်အသစ်တွေဆီကို လျှောက်ကြမယ်ကွယ်....
May15_2024
"ကျွန်တော် ဝန်ခံပါရစေ"
ခင်များကိုပေးနေတဲ့ဂရုစိုက်မှုတွေ
ကျွန်တော်တခါမှမရခဲ့ဖူးကြောင်း
ဝန်ခံပါရစေ...
မင်းကိုအတိအကျစွန့်ပစ်တာလဲမဟုတ်ဘူး
ဒါမဲ့ အမိအရဖမ်းဆုပ်ထားခြင်းမျိုးလဲ
မရှိတော့တဲ့ ဆက်ဆံရေးမျိုးမှာ
မင်းရဲ့ခံနိုင်ရည်ရှိနိုင်သလောက်ကပဲ့ အဝေးကိုထွက်သွားနိုင်ဖို့တွန်းအားတခုဖြစ်လာမှာ
အာ့အချိန်အတောအတွင်းမှာတော့ နာကျင်ရတဲ့ခံစားမှုကသေမတတ်ပါပဲ့
အချိန်တန်ရင်
အရာအားလုံးကနေသားတကျ...
မနေ့ကအထိတော့.....
ပြောမပြတတ်အောင် နာကျင်ပင်ပန်းရတဲ့အခိုက်အတန့်တွေမှာ အသက်ရှူခြင်းကိုတောင်
စွန့်လွတ်ပစ်ချင်မိလာတယ်
ဘဝတွေရယ် ပင်ပန်းလိုက်ရတာ
လှည့်စားခံရခြင်းဟာ ဘယ်လောက်ထိ ရင်နာရကြောင်း တနေ့ မင်းလဲသိလာမှာပါ
စိတ်အကြွေ🥀🌀
စိတ်အကြွေတွေ လေမှာလွင့်ပါရင်း
ဘဝဟာ
စိတ်ရှိလက်ရှိ ဖြစ်ချင်ရာဖြစ်ပေါ့
❤️🩹-ii
❤️🩹
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031
အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201
Luxury Aesthetic Clinic
Yangon/SouthDagon
Yangon, 09786476994
Yangon-Mandalay အိမ်အရောက်ငွေချေ ရပီနော် 09786476994