User CMA Smart & Secure

လက်တွေ့အသုံးချ ဆိုက်ဘာလုံခြုံရေးအသိပညာနှင့် ကွန်ပျူတာပညာဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်...

24/11/2023

Congratulations 🎉🎉🎉....................................................
“Innovation in Business” မှ စိစစ်ရွေးချယ်၍ ချီးမြှင့်သော Technology Innovator Awards (2023) တွင် User CMA Smart & Secure သင်တန်းကျောင်းမှ ပါဝင်ရရှိခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်...
သင်တန်းကျောင်းအနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာသင်တန်းများ၊ အသိပညာများမျှဝေခြင်းများနှင့် ကွန်ပျူတာဆိုင်ရာသင်တန်းများတွင် ပိုမိုကောင်းမွန်သော၊ ပိုမိုဆန်းသစ်သော၊ ပိုမိုလက်တွေ့ကျ၍ အသုံးဝင်သော သင်ကြားမှုနည်းလမ်းများ၊ အသိပညာမျှဝေမှုများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေအုံးမည်ဖြစ်ပါသည်...
Technology Innovator Awards - Full Winners Listing 2023
https://www.innovationinbusiness.com/winners-list/?award=156-2023
24-11-2023

User CMA Smart & Secure လက်တွေ့အသုံးချ ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်...

18/11/2023

ယခု နိုဝင်ဘာလတွင် သင်ကြားနေသော Practical Advanced Microsoft Excel Course (Batch 8.) အတန်းပြီးချိန်တွင် သင်တန်းအသစ်များဖွင့်လှစ်ခြင်း ယာယီရပ်နားထားမှာဖြစ်ပါတယ်ခင်ဗျာ...
အတန်းသစ်များ ရပ်နားထားချိန်အတွင်း PAE class တက်ရောက်ထားသော သင်တန်းသားဟောင်းများအတွက် သင်ကြားထားသော အကြောင်းအရာများအား ပြန်လည်မှတ်မိစေရန်နှင့် ပိုမိုကျွမ်းကျင်ပိုင်နိုင်မှု ရှိလာစေရန် သင်ရိုးတစ်ခုလုံးအား ခြုံငုံမိစေသော Special Case Study အား အသုံးပြု၍ ပြန်လည်လေ့ကျင့်စေခြင်း၊ အသုံးဝင်သော အသုံးများသော Functions, Formulas များအား ပြန်လည်လေ့ကျင့်စေခြင်း၊ အသုံးဝင်သော လုပ်ငန်းခွင်လက်တွေ့အသုံးချ Case study များအား ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ...
“စာပြန်နွှေးပေးမယ်”
📢 PAE class တက်ရောက်ခဲ့သော သင်တန်းသားဟောင်းများသို့

https://www.facebook.com/cma.01012020/posts/pfbid02x7vr8JotxqCNeiYJ3nFiQAssPx2WhD1FU6z6aZrucgApeokz7QioFooqxKwFJAtDl

12/11/2023

Congratulation All! 🎉🎉🎉.................
Practical Advanced Microsoft Excel Course, Corporate Class, Batch 5, 6, 7 တွင် တက်ရောက်ကြပြီး Completion Certificate, Academic Transcript များ ရရှိသွားကြသော သင်တန်းသား 55 ဦးအား သင်တန်းကျောင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်...
Completion Certificate (Encrypted with Digital Signature)
Academic Transcript (Encrypted with Digital Signature)
Sharable & Downloadable links များအား ပေးပို့ထားပြီးဖြစ်ပါသည်...
Practical Advanced Microsoft Excel Course တွင် တက်ရောက်သွားကြသော မည်သူမဆို သင်ကြားထားသော သင်ခန်းစာများအား ပြန်လည်လေ့ကျင့်ရာတွင်ဖြစ်စေ၊ လက်တွေ့အသုံးချရာတွင်ဖြစ်စေ၊ သင်ကြားထားသည့် outline များနှင့် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ၊ တိုက်ရိုက်မသက်ဆိုင်သည်ဖြစ်စေ အခက်အခဲတစ်စုံတစ်ရာရှိပါက သင်တန်းကျောင်းသို့ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်း

22/10/2023
Photos from User CMA Smart & Secure's post 21/10/2023

“စာပြန်နွှေးပေးမယ်”
📢 PAE class တက်ရောက်ခဲ့သော သင်တန်းသားဟောင်းများသို့
🟩 Practical Advanced Microsoft Excel (PAE) Class တက်ရောက်ခဲ့စဉ်တုန်းက Objective Group 3 လေ့လာစဉ်မှာ သင်ကြားခဲ့ပြီးတဲ့ Objective 1 to 3 မှာ အရေးပါတဲ့ Function/ Formula တွေကို ပြန်လည်စုစည်းပြီး Special Case Study တစ်ခုလေ့လာခဲ့ကြတာ မှတ်မိကြသေးလား...?
🟩 အခုလည်း သင်ကြားခဲ့တဲ့ Course တစ်ခုလုံး Objective 1 to 4 မှာ အရေးကြီးတဲ့၊ အသုံးများတဲ့၊ အသုံးဝင်တဲ့ Function/ Formula တွေကို ပြန်လည်မှတ်မိစေရန်၊ ပြန်လည်လေ့လာနိုင်စေရန် ရည်ရွယ်လို့ Objective 1 to 4 သင်ရိုးတစ်ခုလုံးကို ကာမိစေမယ့် Special Case Study တစ်ခုကို တည်ဆောက်ပေးပြီး စာပြန်နွှေးပေးအုံးမှာဖြစ်ပါတယ်...
စာပြန်နွှေးပေးမယ်... (UserCMA_PAE Class) (Facebook Private Group)
https://www.facebook.com/groups/320684477328933/
🟥 Group အတွင်းသို့ invite ပြုလုပ်ပေးနိုင်ရန် အောက်ပါ Google Form တွင် အချက်အလက်များ ဖြည့်သွင်းပြီး ပေးပို့ထားပေးကြပါခင်ဗျာ...
https://forms.gle/jxVQmPDdVdmb8C3E8
21-10-2023

21/10/2023

Page Messenger Error များ ဖြစ်နေပါသဖြင့် သင်တန်းကျောင်းဖုန်း 09254313816 (Viber), [email protected] သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...
21-10-2023

19/10/2023

📢 Practical Advanced Microsoft Excel (PAE) class တွင် တက်ထားဖူးသော ကျောင်းသားဟောင်းများအား စာပြန်နွှေးပေးမည့် အစီအစဉ် မကြာခင် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်... 😀😀😀
19-10-2023

14/10/2023

🎣🎣🎣 ငါးမြှားခြင်း (Fishing) ဆိုတာကတော့ လူတိုင်းသိကြပါတယ်...
🟥 ငါးမြှားခြင်း (Fishing) ဆိုတာနဲ့ အသံထွက်တူအောင်ပေါင်းထားတဲ့ “Phishing” ဆိုတာကတော့ ဆိုက်ဘာတိုက်ခိုက်မှု နည်းလမ်းတွေထဲမှာ “အသုံးအများဆုံး” နည်းလမ်းတစ်ခုဖြစ်ပါတယ်...
🟥 “Phishing Cyberattack” ဆိုတာဟာ ငါးမြှားသလိုပါပဲ... လူတွေစိတ်ဝင်စားစေမယ့်၊ လူတွေအလွယ်တကူအာရုံစိုက်မိစေမယ့်၊ လူတွေအလွယ်တကူ လောဘတက်သွားစေမယ့်၊ လူတွေအလွယ်တကူ ယုံကြည်သွားစေမယ့် နည်းလမ်းတစ်ခုခုကို အသုံးချပြီး “လိမ်လည်လှည့်ဖျား” ပြီး တိုက်ခိုက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု နည်းလမ်း တစ်မျိုးဖြစ်ပါတယ်...
🟥 ဥပမာ (၁)
ဖုန်းဝင်လာတယ်... ဒီဖုန်းနံပါတ်နဲ့ iPhone မဲပေါက်ထားတယ် ဘာညာပေါ့...
လှည့်ဖျားခံရတဲ့သူက မသိနားမလည်တဲ့ သူဆိုရင် ကောင်းကောင်းလှိမ့်ပါတော့မယ့်... iPhone ထုတ်ယူဖို့ ပိုက်ဆံဘယ်လောက် ကြိုသွင်းရမယ့်ပေါ့ ပစ္စည်းထုတ်ပြီးတာနဲ့ ရပြီပေ့ါ... ဒီလိုနဲ့ ပိုက်ဆံလွှဲပြီးတာနဲ့ block ပြီး လစ်သွားတော့မှာပါ...
🟥 ဥပမာ (၂)
အီးမေးလ်ထဲကို စာတစ်စောင်ဝင်လာမယ်... “သင့် Credit Card ကို ယာယီရပ်ဆိုင်းထားပါတယ်...” စသဖြင့် အနီရောင်စာတမ်းနဲ့၊ သက်ဆိုင်ရာ ဘဏ်တစ်ခုခုရဲ့ logo တွေကိုလည်း ယူသုံးထားမှာပေါ့...
ဘယ်သူမဆို ဒီလိုခေါင်းစဉ်၊ စာသားနဲ့ ဝင်လာတဲ့ အီးမေးလ်မြင်ရင် ကိုယ်ကလည်း Credit Card သုံးနေရင် စိတ်ဝင်စားကြမှာပါ...
ပြီးတော့မှ အောက်မှာ Credit Card ယာယီရပ်ဆိုင်းမှုအတွက် “ပြန်လည်အသုံးပြုလိုလျှင်” အတည်ပြုရန် ဆောင်ရွက်ပါဆိုပြီး ကိုယ့် Account ရဲ့ User name, Password ထည့်ရမယ့် နေရာကို ချထားပေးပါလိမ့်မယ်... မသိလိုက်လို့ စိုးရိမ်တကြီးနဲ့ User name, Password တွေ သွားထည့်လိုက်မိရင်တော့ ပွဲသိမ်းပြီးပဲပေါ့...
🟥 ဥပမာ (၃)
Facebook Account က hack ခံလိုက်ရပြီဆိုပါတော့... သူ့ messenger မှာ ပြောထားတဲ့ chat history တွေကို အသုံးချပြီး ရုပ်တည်နဲ့ လှည်ဖျားတာမျိုးလည်း အများကြီး မြင်ဖူးကြားဖူးကြမှာပါ...
Messenger မှာပြောထားတဲ့ စာသား အသွားအလာတွေကို ကြည့်ပြီး မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေထံကို လှည့်ပတ်ပြီး “ငွေလိုလို့ လွှဲပေးပါတို့” “လမ်းမှာအရေးပေါ်လိုလို့” ဆိုတာမျိုးတွေနဲ့ အတည်ပေါက် လှည့်ဖျားတက်ကြပါတယ်...
တစ်ချို့ကျ အရမ်းခင်လွန်းတဲ့သူကျတော့ ငွေကြေးကိစ္စပြောလာရင် တကယ်အထင်နဲ့ လွှဲမိတာမျိုးလည်း ရှိကြပါတယ်...
🟥 “Phishing” အကြောင်းပြောရရင် “အမျိုးအစား” တွေလည်း များသလို သက်ဆိုင်ရာ နေရာဒေသအလိုက် “လိမ်လည်လှည့်ဖျားမှုနည်းလမ်း” တွေလည်း အများကြီးရှိပါတယ်...
🟥 ဆိုက်ဘာလုံခြုံရေးဟာ လုပ်ငန်းနယ်ပယ်တိုင်း၊ ရာထူးနေရာတိုင်းနဲ့ သက်ဆိုင်ပါတယ်...
🟥 သင်ရော သင့်မိသားစုနဲ့ပါ သက်ဆိုင်ပါတယ်...
🟥 မျှဝေခြင်းဖြင့် ပူးပေါင်းကူညီနိုင်ပါတယ်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#089 ( )
14-10-2023

User CMA Smart & Secure လက်တွေ့အသုံးချ ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်...

14/10/2023

📢 လက်ရှိသင်နေတဲ့ အတန်းများ ပြီးမှ အတန်းအသစ်အတွက် timetable များ စီစဉ်မှာဖြစ်တဲ့အတွက် နိုဝင်ဘာလောက်အထိ တန်းခွဲအသစ်များ မဖွင့်ဖြစ်သေးပါကြောင်း လေးစားစွာ အသိပေးပါတယ်ခင်ဗျ.................
Confirmed timetable ထွက်တာနဲ့ page မှာ တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာ...

08/10/2023

⚠️ Don't Ignore MFA Alerts ⚠️
Multi-factor authentication (Two-factor authentication) နဲ့ ပတ်သက်ပြီး တက်လာတဲ့ noti တွေ သတိပေးချက်တွေကို လျစ်လျူရှုလိုက်တာမျိုး လုံးဝ (လုံးဝ) မပြုလုပ်သင့်ပါ...
ဘယ်လိုပဲ အလုပ်များနေပါစေ ချက်ချင်းသတိပြုပြီး လိုအပ်တဲ့ စီမံတုံ့ပြန်မှုတွေ ဆောင်ရွက်သင့်ပါတယ်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#088 ( )
07-10-2023

07/10/2023

“သင့် Account တွေကို ပိုမိုလုံခြုံစိတ်ချရစေဖို့”
…………..
🟥 သာမန်အားဖြင့် Account တစ်ခုတိုင်းမှာ လုံခြုံရေး password တွေ ထားရှိကြစမြဲဖြစ်ပါတယ်... ဒါပေမယ့် ဒီလို password တစ်ဆင့်သာ ထားရှိတာက Account တွေရဲ့ လုံခြုံရေးမှာ အားနည်းချက်တွေ ဖြစ်တက်ပါတယ်...
🟥 အကြောင်းကြောင်းကြောင့် password လုံခြုံရေးကျိုးပေါက်သွားမယ်ဆိုရင် Account ဆုံးရှုံးတာမျိုး ဖြစ်ပေါ်တက်ပါတယ်... လတ်တလောမှာ Facebook Account တွေ ဟတ်ခံနေရတာ (hacked) တွေလည်း ခနခနဖြစ်ပေါ်နေတာ အားလုံးမြင်ကြမှာပါ...
🟥 မိမိရဲ့ Account တွေကို ပိုမိုလုံခြုံမှုရှိစေဖို့ Multi-factor Authentication စနစ်တွေကို အသုံးပြုရမှာဖြစ်ပါတယ်... Two Factor Authentication လို့လည်း တစ်ချို့ Account setting တွေမှာ ခေါ်ပါတယ်...
🟥 Multi-factor Authentication ဆိုတာကတော့ Account တစ်ခုကို ဝင်ရောက်ရာမှာ password ရိုက်ထည့်ရုံနဲ့ ဝင်ရောက်လို့ မရနိုင်ဘဲ တစ်ခြားသော ကြိုတင်သတ်မှတ်ထားတဲ့ Email, Phone, Fingerprint, Face ID အစရှိသဖြင့် နည်းလမ်းတစ်ခုခုနဲ့ ထပ်မံအတည်ပြုပေးမှာသာ ဝင်ရောက်လို့ရနိုင်မယ့်စနစ်ဖြစ်ပါတယ်... ဒီလိုစနစ် အသုံးပြုထားခြင်းကြောင့် မိမိရဲ့ Account တွေကို ပိုမိုလုံခြုံစိတ်ချစေပါတယ်...
ဘယ် Account တွေမှာ သုံးရမလဲ❓

✅ Financial နဲ့သက်ဆိုင်တဲ Account တွေ (Mobile banking) ၊ Facebook လိုမျိုး social media တွေ၊ Google Account, Microsoft Account အစရှိသဖြင့် မိမိအသုံးပြုနေတဲ့ Account တိုင်းမှာ အသုံးပြုရမှာဖြစ်ပါတယ်...
ဘယ်လိုသုံးကြမလဲ❓

✅ အသုံးများတဲ့ Account အမျိုးအစား တစ်ခုချင်းအတွက် comment မှာ ဖော်ပြပေးထားမှာဖြစ်ပါတယ်...

ဘယ်တော့စလုပ်ကြမလဲ❓

✅ မိမိရဲ့ Account တွေ ပိုမိုလုံခြုံစိတ်ချစေဖို့ အခုပဲ စလုပ်ကြရအောင်...
“ဆိုက်ဘာလုံခြုံရေးဟာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်...” သင်ကိုယ်တိုင်လည်း မျှဝေခြင်းဖြင်း ပူးပေါင်းပါဝင်နိုင်ပါတယ်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#088 ( )
07-10-2023

04/10/2023

❌ စကားဝှက် (password) တစ်မျိုးထဲကို account တွေအများကြီးအတွက် တူညီအောင် ထားရှိသုံးစွဲတာမျိုးကို အထူးရှောင်ရှားရပါမယ်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#087 ( )
04-10-2023

02/10/2023

✅ စကားဝှက် (password) တစ်ခု တည်ဆောက်အသုံးပြုရာမှာ uppercase (ABCD…), lowercase (abcd…), number (1234…), special characters (!@ #$&...) အစရှိတဲ့ အုပ်စု (4) မျိုး ပေါင်းစပ်ပါဝင်သင့်ပါတယ်...
ဥပမာ- Efsa2346
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#087 ( )
02-10-2023

01/10/2023

🔐 လုံခြုံစိတ်ချရသော စကားဝှက် (Password) တွေဆိုတာ 🔐...........................
ကွန်ပျူတာ စကားဝှက်၊ ဖုန်း စကားဝှက်၊ Facebook စကားဝှက်၊ Gmail စကားဝှက် အစရှိသဖြင့် ယနေ့ခေတ် online အသုံးပြုသူတွေမှာ အသုံးပြုတဲ့ အတိုင်းအတာအလျောက် စကားဝှက် (password) တွေ ထားရှိအသုံးပြုကြရပါတယ်...
ဒီလို စကားဝှက် (password) တွေ ထားရှိအသုံးပြုရာမှာ လိုက်နာသင့်တဲ့ အချက်တွေကို အောက်ပါအတိုင်း ဆွေးနွေးမျှဝေလိုက်ပါတယ်...
✅ စကားဝှက် (password) တွေက ယေဘုယျအားဖြင့် စာလုံးအရေအတွက်များလေလေ ပိုပြီးလုံခြုံမှုရှိလေလေပါပဲ... အနည်းဆုံး 12 လုံးလောက်ရှိတာ ကောင်းပါတယ်... ပိုပြီး ရှည်ရှည်ထားနိုင်ရင်လည်း ပိုကောင်းပါတယ်...
✅ စကားဝှက် (password) တစ်ခု တည်ဆောက်အသုံးပြုရာမှာ uppercase (ABCD…), lowercase (abcd…), number (1234…), special characters (!@ #$&...) အစရှိတဲ့ အုပ်စု (4) မျိုး ပေါင်းစပ်ပါဝင်သင့်ပါတယ်...
ဥပမာ- Efsa2346
❌ Dictionary မှာပါဝင်တဲ့ စာလုံးတွေကို စကားဝှက် (password) တစ်ခု တည်ဆောက်အသုံးပြုရာမှာ ထည့်သွင်းအသုံးမပြုသင့်ပါဘူး...
❌ စကားဝှက် (password) တစ်ခု တည်ဆောက်အသုံးပြုရာမှာ မိမိအမည်ရဲ့ စကားလုံးအစိတ်အပိုင်းများ၊ မိမိမွေးသက္ကရာဇ်၊ လိပ်စာ အစရှိသဖြင့် မိမိနဲ့သက်ဆိုင်ပြီး ခန့်မှန်းရလွယ်ကူတဲ့ အကြောင်းအရာတွေကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး...
❌ Gmail မှာလည်း ဒီစကားဝှက်ပဲ Facebook အတွက်လည်း ဒီစကားဝှက်တစ်မျိုးပဲ အဲ့လိုမျိုး စကားဝှက် (password) တစ်မျိုးထဲကို account တွေအများကြီးအတွက် တူညီအောင် ထားရှိသုံးစွဲတာမျိုးကို အထူးရှောင်ရှားရပါမယ်...
❌ abcde, 12345 အစရှိသဖြင့် ပုံမှန်ရှိနေကျ အစီအစဉ်အတိုင်း ထည့်သွင်းအသုံးပြုတာမျိုး ရှောင်ရှားသင့်ပါတယ်...
❌ ခန့်မှန်းရလွယ်ကူတဲ့ စကားလုံးအစားထိုးအသုံးပြုခြင်း နည်းလမ်းကို ရှောင်ရှားသင့်ပါတယ်...
ဥပမာ- “Passw0rd” (Password ဆိုတဲ့ စကားလုံးကို အသုံးပြုထားပြီး “အို” “o” နေရာမှ “သုည” “0” နဲ့ အစားထိုးအသုံးပြုထားခြင်း)
✅ စကားဝှက် (password) တွေကို သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် အစရှိသဖြင့် ပြောင်းလဲအသုံးပြုသင့်ပါတယ်... ပိုပြီးအရေးကြီးတဲ့ account တွေအတွက် ပိုပြီးဆောင်ရွက်သင့်ပါတယ်...
✅ Multifactor Authentication စနစ်ထားရှိအသုံးပြုသင့်ပါတယ်... (MFI အကြောင်းကို သီးခြား post တစ်ခုနဲ့ အသေးစိတ် ဆွေးနွေးမျှဝေအုံးမှာဖြစ်ပါတယ်...)
✅ Password Manager များ အသုံးပြုသင့်ပါတယ်... Password Manager သုံးရင်အဓိက သတိပြုရမှာက ယုံကြည်စိတ်ချရတဲ့ Password Manager tool ကို ရွေးချယ်အသုံးပြုသင့်ပါတယ်...
✅ လုံခြုံရေးဆိုင်ရာမေးခွန်း (Security questions) တွေကို ဖြေကြားရာမှာ အလွယ်တကူ ခန့်မှန်းလို့ရမယ့် အဖြေတွေကို ရှောင်ရှားသင့်ပါတယ်...
✅ ဖျားယောင်းလိမ်လည်တိုက်ခိုက်မှု (Phishing Attack) တွေကို နားလည်သဘောပေါက်ပြီး မှန်ကန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်...
စကားဝှက် (password) တွေ ဘယ်လိုပဲ ကောင်းမွန်အောင် ထားရှိအသုံးပြုနေပါစေ Phishing Attack ကို သိရှိနားလည်မှုမရှိရင် အလွယ်တကူပဲ hacking ပြုလုပ်ခံရတက်ပါတယ်... (Phishing အကြောင်းကို သီးခြား post တစ်ခုနဲ့ အသေးစိတ် ဆွေးနွေးမျှဝေအုံးမှာဖြစ်ပါတယ်...)
✅ Microsoft Account, Google Account, Facebook အစရှိသဖြင့် account တိုင်းမှာ activity ဆိုတဲ့ ကဏ္ဍရှိပါတယ်... အဲ့ဒီ activity ကဏ္ဍ ကို ပုံမှန်ပြန်လည်စိစစ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်...
ထူးခြားတဲ့ activity တစ်ခုခုကို သံသယရှိတာနဲ့ စကားဝှက် (password) ကို ချက်ခြင်း ပြောင်းလဲအသုံးပြုသင့်ပါတယ်...
✅ မိမိအသုံးပြုတဲ့ devices (ကွန်ပျူတာ၊ ဖုန်း...) တွေကို စကားဝှက် (password) တွေ စနစ်တကျ ထားရှိအသုံးပြုသင့်ပါတယ်...
❌ စကားဝှက် (password) တွေကို တစ်ခြားမိတ်ဆွေအပေါင်းအသင်းများကို အလွယ်တကူပြောပြပြီး မျှဝေအသုံးပြုတာမျိုး မလုပ်သင့်ပါဘူး...
✅ စကားဝှက် (password) တွေကို စာအုပ်မှာ ရေးသွင်းမှတ်သားထားတယ်ဆိုရင် အဲ့စာအုပ်တွေကို လုံခြုံစိတ်ချတဲ့ နေရာမှာ သော့ခတ်ထိန်းသိမ်း ထားရှိရမှာဖြစ်ပါတယ်...
စာအုပ်မှာရေးသွင်းမှတ်သားရာမှာလည်း အပြည့်အစုံရေးသွင်းတာမျိုးမဟုတ်ဘဲ တစ်ချို့အစိတ်အပိုင်းကိုပဲ ရေးသွင်းမှတ်သားပြီး တစ်ချို့အစိတ်အပိုင်းကို ကိုယ်တစ်ဦးထဲသာ နားလည်နိုင်မယ့် coding ပုံစံမျိုး ထားရှိအသုံးပြုတာက ပိုပြီး ကောင်းမွန်ပါတယ်...
✅ စကားဝှက် (password) တွေ ထည့်သွင်းအသုံးပြုခါနီးတိုင်းမှာ အနီးအနားမှာ တစ်ခြားသူများ အလွယ်တကူ မြင်တွေ့နိုင်မှုရှိမရှိ သတိပြုထည့်သွင်းရပါမယ်...
✅ လူအများရှိနေချိန်မှာ စကားဝှက် (password) တွေ ထည့်သွင်းအသုံးပြုဖို့ လိုအပ်လာပါက လုံခြုံအောင် အကာအကွယ်ပြုလုပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်...
✅ လုပ်ငန်းတွေမှာ စကားဝှက် (password) နဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေ ထားရှိအသုံးပြုသင့်ပါတယ်... ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေကို လိုက်နာမှုရှိမရှိ ပြန်လည်ကြီးကြပ် ဆောင်ရွက်ထားသင့်ပါတယ်...
“ဆိုက်ဘာလုံခြုံရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်...”
“သင်နဲ့လည်း သက်ဆိုင်ပါတယ်..”
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#087 ( )
01-10-2023

User CMA Smart & Secure လက်တွေ့အသုံးချ ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်...

30/09/2023

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလမှာ ပြုလုပ်လေ့ရှိတဲ့ "ဆိုက်ဘာလုံခြုံရေးအသိပညာ မျှဝေမှုအစီအစဉ်" ရောက်ရှိလာပြီဖြစ်ပါတယ်...
User CMA Smart & Secure သင်တန်းကျောင်းအနေနဲ့လည်း ဆိုက်ဘာလုံခြုံရေးအသိပညာများအား စဉ်ဆက်မပြတ်မျှဝေလျက်ရှိပြီး ယခုအစီအစဉ်မှာလည်း Global Champion အနေနဲ့ ပူးပေါင်းပါဝင်ပြီး ဆိုက်ဘာလုံခြုံရေးအသိပညာများအား မျှဝေသွားမည်ဖြစ်ပါသည်...
Cybersecurity Awareness Month 2023 မှာ အဓိက အာရုံစိုက်ပြီး မျှဝေဆွေးနွေးမယ့် အောက်ပါအကြောင်းအရာ (4) ခု နဲ့ပတ်သက်ပြီး ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်...
🟥 စကားဝှက် (password) များအား စနစ်တကျနှင့် လုံခြုံစိတ်ချစွာ ထားရှိအသုံးပြုခြင်း
🟥 Multifactor Authenticator များ ထားရှိအသုံးပြုခြင်း
🟥 ဖျားယောင်းလိမ်လည်တိုက်ခိုက်ခြင်း (Phishing Attack) များအား သိရှိနားလည်ပြီး တုံ့ပြန်ဆောင်ရွက်ခြင်း
🟥 Software များအား အချိန်နှင့်တပြေးညီ update ပြုလုပ်ခြင်း

Photos from User CMA Smart & Secure's post 25/09/2023

Congratulation All! 🎉🎉🎉.................
Practical Advanced Microsoft Excel Course, Batch 4 တွင် တက်ရောက်ကြပြီး Completion Certificate, Academic Transcript များ ရရှိသွားကြသူများအား သင်တန်းကျောင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်...
Completion Certificate (Encrypted with Digital Signature)
Academic Transcript (Encrypted with Digital Signature)
Sharable & Downloadable links များအား ရရှိသူ တစ်ဦးချင်းစီသို့ ပေးပို့ထားပြီးဖြစ်ပါသည်...
Practical Advanced Microsoft Excel Course တွင် တက်ရောက်သွားကြသော မည်သူမဆို သင်ကြားထားသော သင်ခန်းစာများအား ပြန်လည်လေ့ကျင့်ရာတွင်ဖြစ်စေ၊ လက်တွေ့အသုံးချရာတွင်ဖြစ်စေ၊ သင်ကြားထားသည့် outline များနှင့် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ၊ တိုက်ရိုက်မသက်ဆိုင်သည်ဖြစ်စေ အခက်အခဲတစ်စုံတစ်ရာရှိပါက သင်တန်းကျောင်းသို့ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်...
User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်း

20/09/2023

"Windows 7, 10, 11 တွင် ယူနီကုတ်စနစ် ချိန်ညှိခြင်း"
Windows 10, 11 တွင် မူလကတည်းက မြန်မာဘာသာ ယူနီကုတ်စနစ် ပါဝင်ထားပြီးသားဖြစ်ပါသည်... တစ်ချို့သော ကွန်ပျူတာများတွင် Keymagic, Keyman အစရှိသည်ဖြင့် ထည့်သွင်းအသုံးပြုရာတွင် Keyboard hot key များ ချိန်ညှိရန် လိုအပ်နေမှုတို့ကြောင့် ဘာသာစကားအပြောင်းအလဲများတွင် အဆင်မပြေဖြစ်တက်ပါသည်...
ဥပမာ-
မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာအား Shift + Ctrl ဖြင့် ပုံမှန်အားဖြင့် ပြောင်းလဲနိုင်သော်လည်း အသုံးပြု၍ မရခြင်း
Excel တွင် Excel ၏ shortcut key များနှင့် Keymagic, Keyman တို့၏ shortcut key များ ထပ်နေခြင်း
အစရှိသည်ဖြင့် အဆင်မပြေမှုများ ဖြစ်တက်ပါသည်...
“ဖြေရှင်းနည်း”
Windows 7 တွင် Keymagic, Keyman အစရှိသည်ဖြင့် အသုံးပြုနိုင်ပြီး font ရွေးချယ်မှုနှင့် hot key setting များ စနစ်တကျချိန်ညှိရန်သာလိုအပ်ပါသည်...
Windows 10, 11 တွင် မူလကတည်းက ပါဝင်သော မြန်မာဘာသာ ယူနီကုတ်စနစ်ကိုသာ အသုံးပြုရန်လိုအပ်ပြီး hot key setting များ စနစ်တကျချိန်ညှိရန်သာလိုအပ်ပါသည်...
ဆောင်ရွက်ပုံအဆင့်ဆင့်ကို PDF file များဖြင့် အသေးစိတ်တစ်ဆင့်ချင်းအလိုက် ဖော်ပြထားပေးပါသည်... အောက်တွင် ရယူနိုင်ပါသည်... လွယ်ကူစေရန် Google Drive Link ဖြင့် share ပေးထားပါသည်...
Google Drive Link
https://drive.google.com/drive/folders/1MPYW23QPLMval_zciVj0y2qPQnMEMJe_?usp=sharing

User CMA Smart & Secure
လက်တွေ့အသုံးချ ကွန်ပျူတာပညာဆိုင်ရာနှင့်
ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာသင်တန်း
Certified Cybersecurity Awareness Professional (CCAP)
#063 (Smart Office)
20-09-2023 (repost)

Photos from Richard Myo Thant's post 31/08/2023
28/08/2023

❌ E Signature ကို အလွယ် မထိုးသင့်ပါ... ❌
🟥 Online ကနေ လုပ်ငန်းဆောင်ရွက်မှုတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြပြီးတဲ့ နောက်ပိုင်းမှာ Electronic Signature အသုံးပြုမှုတွေကို အသုံးများလာတာကို တွေ့နိုင်ပါတယ်...
🟥 လုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ အရေးပါတဲ့ စာချုပ်စာတမ်းတွေ၊ ထိပ်တန်းလျှို့ဝှက်ဖို့လိုအပ်တဲ့ အစီရင်ခံစာတွေ အစရှိတဲ့ document တွေမှာ Electronic Signature တွေကို လွယ်လွယ်ကူကူပဲ ထည့်သွင်းအသုံးပြုနေတာဟာ အလွန်အန္တရာယ်များတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်...
Electronic Signature ဆိုတာဘာလဲ?
🟥 စာရွက်မှာ လက်မှတ်ထိုးသကဲသို့ soft file တွေမှာလက်မှတ်ထည့်သွင်းတဲ့ စနစ်ဖြစ်ပါတယ်...
Electronic Signature ကို ဘယ်လိုသုံးနေကြလဲ?
တစ်ချို့နေရာတွေမှာ -
🔷 စာရွက်အဖြူမှာ လက်မှတ်အရင်ထိုး၊
🔷 ပြီးရင် ဓာတ်ပုံ သို့မဟုတ် scan ဖတ်ပြီးယူ
🔷 ပြီးရင် အဲ့ဒါကို အသုံးပြုမယ့် document မှာ ပုံအနေနဲ့လာကပ်
🔷 ပြီးရင် PDF file format ပြောင်းပြီး သုံးလေ့ရှိကြပါတယ်...
ဘယ်လိုအန္တရာယ်တွေရှိလဲ?
🟥 များသောအားဖြင့် PDF file format ပြောင်းလိုက်ရင် ပြင်ဆင်လို့ မရတော့ဘူးလို့ ယူဆကြတာလည်းရှိပါတယ်... PDF file format ဖြစ်ပေမယ့် တစ်ခြားသော Word file လိုမျိုးအလွယ်တကူ ပြင်လိုရတဲ့ Software တွေ မြောက်မြားစွာရှိပါတယ်... (e.g., Adobe Acrobat Pro, Free version မဟုတ်ပါ...)
🟥 ဓာတ်ပုံ သို့မဟုတ် scan ဖတ်ပြီး လာကပ်ထားတဲ့ လက်မှတ်တစ်ခုကို PDF editor software တစ်ခုနဲ့ အလွယ်တကူ edit လုပ်လိုက်တာနဲ့ ကပ်ထားတဲ့ လက်မှတ် (ဓာတ်ပုံ) ကို အလွယ်တကူရယူနိုင်ပါတယ်... ဒီလိုဆိုရင် မသမာသူတစ်ယောက်က အဲ့လက်မှတ်ကို အလွယ်တကူပြန်လည် အသုံးချနိုင်အောင် လုပ်ပေးထားသလိုပါပဲ... အလွန်အန္တရာယ်များပါတယ်...
ဘယ်လိုရှောင်ရှားနိုင်လဲ?
✅ Digital Signature အသုံးပြုခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်... Adobe Acrobat free version မှာတောင် သုံးလို့ရပါတယ်... လုပ်ငန်းတွေအတွက်ဆိုရင်တော့ လိုအပ်တဲ့ Digital Signature service ကို ထပ်မံဝယ်ယူအသုံးပြုနိုင်ပါတယ်...
✅ User CMA Smart & Secure သင်တန်းကျောင်း စတင်ဖွင့်လှစ်ကတည်းက သက်ဆိုင်ရာသင်တန်းများတွင် ပေးအပ်သော Certificate များအား Digital Signature များဖြင့်သာ ထည့်သွင်းအသုံးပြုပြီး ပေးအပ်လျက်ရှိပါတယ်...
User CMA Smart & Secure
Certified Cybersecurity Awareness Professional (CCAP)
#086 (Cybersecurity Awareness)
28-08-2023

28/08/2023

Digital Signature Vs Electronic Signature

Digital Signature နဲ့ Electronic Signature တူပါသလား?
“မတူပါ” ...
……………………………………

ဒီဂျစ်တယ်လက်မှတ် (Digital Signature)

မှတ်တမ်းမှတ်ရာအထောက်အထားများ၏ စစ်မှန်မှုကို အတည်ပြုနိုင်ဖို့ရာအတွက် ကုဒ်အမှတ်များနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာတို့ဖြင့် ပါဝင်ဆောင်ရွက်ထားသော နည်းပညာတစ်ခုဖြစ်ပါသည်...
မှတ်တမ်းမှတ်ရာအထောက်အထားများတွင် လက်မှတ်ထိုးရုံမျှသာမဟုတ်ဘဲ ယင်းမှတ်တမ်းမှတ်ရာအထောက်အထားများ၏ လုံခြုံရေးဆောင်ရွက်ချက်များကိုပါ တိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ပါသည်... (ဥပမာ... ဒီဂျစ်တယ်လက်မှတ်ထိုးထားသော မှတ်တမ်းမှတ်ရာများကို ပြင်ဆင်မရနိုင်ခြင်း၊ ဖွင့်မရခြင်း အစရှိသည်ဖြင့်...)

အီလက်ထရောနစ်လက်မှတ် (Electronic Signature)

စာရွက်ပေါ်တွင်လက်မှတ်ရေးထိုးအသုံးပြုမှုအား အီလက်ထရောနစ်စနစ်ဖြင့် ပြောင်းလဲအသုံးပြုခြင်းဖြစ်ပါသည်...................................................................................

ကွာခြားချက်များကောက်နှုတ်နှိုင်းယှဉ်ခြင်း...

(၁) ရည်ရွယ်ချက်

ဒီဂျစ်တယ်လက်မှတ် => မှတ်တမ်းမှတ်ရာအထောက်အထားများ၏ လုံခြုံရေးအတွက် အသုံးပြုပါသည်...

အီလက်ထရောနစ်လက်မှတ် => မှတ်တမ်းမှတ်ရာအထောက်အထားများကို အတည်ပြုရန် အသုံးပြုပါသည်..............................................................................

(၂) အမျိုးအစားများ

ဒီဂျစ်တယ်လက်မှတ် => Adobe, Microsoft များထံတွင် ရရှိနိုင်ပါသည်...

အီလက်ထရောနစ်လက်မှတ် => အီလက်ထရောနစ်ပုံစံဖြင့်ရေးထိုးထားသော လက်မှတ်များ၊ စကန်ဖတ်ထားသောလက်မှတ်များ အစရှိသည်ဖြင့် ဖြစ်နိုင်ပါသည်.............................................................................

(၃) အတည်ပြုခြင်း

ဒီဂျစ်တယ်လက်မှတ် => မှန်ကန်မှုရှိမရှိ အတည်ပြုနိုင်ပါသည်...

အီလက်ထရောနစ်လက်မှတ် => အတည်မပြုနိုင်ပါ... ..........................................................................

(၄) အသုံးပြုခြင်း

ဒီဂျစ်တယ်လက်မှတ် => တစ်ကြိမ်စီသာအသုံးပြုရသည့်စနစ်ဖြစ်ပါသည်... တစ်ကြိမ်အသုံးပြုပြီးသားအား ပြန်လည်အသုံးပြု၍မရနိုင်ပါ...

အီလက်ထရောနစ်လက်မှတ် => ထပ်တလဲလဲအသုံးပြုနိုင်ပါသည်...................................................................................

(၄) လုံခြုံရေးကျိုးပေါက်မှုနှင့် တိုက်ခိုက်ခံရနိုင်ချေ

ဒီဂျစ်တယ်လက်မှတ် => မရှိပါ...

အီလက်ထရောနစ်လက်မှတ် => ရှိပါသည်... (MITM attacks, Data tampering)

User CMA
Smart & Secure
#040
17-08-2021

16/08/2023

❌ စရိုက်မတူရင် လာမယှဉ်နဲ့ ❌
Data Visualization Concept
🟦 Data Visualization ဆောင်ရွက်ရာမှာ တစ်ခါတစ်လေ data type မတူတာတွေ၊ တန်ဖိုးပမာဏ ကွာခြားမှု များလွန်းတာတွေကို ယှဥ်တွဲပြီး ပြသရတာမျိုး ကြုံတွေ့ရတက်ပါတယ်...
🟦 ဥပမာ - Sales Amount နဲ့ Profit Percentage ဆိုပါတော့...
အားလုံးသိတဲ့ အတိုင်း Sales Amount ဆိုတာ ကိန်းဂဏန်းတန်ဖိုး များပါတယ်... အနည်းဆုံးဆိုရင်တောင် ထောင်၊ သောင်းလောက်တော့ ရှိပါတယ်...
Profit Percentage ဆိုတာက ရာခိုင်နှုန်းဖြစ်လို့ ကိန်းဂဏန်းနဲ့ တွက်မယ်ဆို အများဆုံး ၁ ကျပ်ပဲ ရှိမှာပါ...
ဒီလို အမျိုးအစားမတူတာကို Tow column chart တစ်ခုဆွဲမိတယ်ဆိုရင် ဒါက Visualization Concept မှားတာပါပဲ...
🟦 အလားတူ Sales Amount နဲ့ Sales Quantity နဲ့ တွဲပြတာ စသဖြင့် ပမာဏ ကွာခြားလွန်းတာနဲ့ အမျိုးအစားမတူတာတွေက ယှဥ်တွဲ ပြသရာမှာ ဒီပြသနာ တွေ့ရနိုင်ပါတယ်...

🟦 ဒါဆို ဘာသုံးမလဲ?
✅ Combo Chart ✅ ကို သုံးရပါမယ်... (အသေးစိတ်ကို comment မှာ ပုံများနဲ့ ပြပေးထားပါအုံးမယ်...)
User CMA Smart & Secure
16-08-2023
085 (14)

14/08/2023

Batch 08 မနက်ဖြန် စပါပြီ... 📢📢📢
စာရင်းသွင်းအပ်နှံထားသူများ Viber Group ထဲသို့ ထည့်သွင်းထားပြီးဖြစ်ပါတယ်... လိုအပ်သော Materials, Zoom link များ ပေးပို့ထားပေးမှာဖြစ်ပါတယ်...

သင်တန်းအပ်နှံထားပြီး Viber Group အတွင်း မရောက်သေးပါကလည်း ဆက်သွယ်ပေးကြပါခင်ဗျာ...

Photos from User CMA Smart & Secure's post 13/08/2023

Congratulation All!
🎉🎉🎉 Practical Advanced Microsoft Excel Course (Batch 3) တွင် တက်ရောက်ပြီး Completion Certificate, Academic Transcript များ ရရှိသွားကြသူများ သင်တန်းကျောင်းမှ ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်...

11/08/2023

ကမ္ဘာနဲ့အဝှမ်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျဖြစ်တဲ့ Cybersecurity Awareness Month ဟာ မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်... သင်တန်းကျောင်းအနေနဲ့ ယခင်နှစ်များလိုပဲ Official Champion အနေနဲ့ ပူးပေါင်းပါဝင်ပြီး အသိပညာမျှဝေမှုတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်...
We are an official Champion of – are you? Learn more here. https://staysafeonline.org/cybersecurity-awareness-month/

09/08/2023

2023-08 Cumulative Update for Windows available.

07/08/2023

✅ ပြသလောက် မြင်နိုင်ပါစေ... ✅

🟦 Data Visualization ဆောင်ရွက်ရာမှာ Pie chart တွေ အသုံးပြုရတာမျိုး ရှိတက်ပါတယ်...

🟦 Pie chart အသုံးပြုရမှာ သတိပြုသင့်တာတစ်ခုက Analysis ပြုလုပ်ပြသမယ့် အချက်အလက်တွေ တစ်ခုနဲ့ တစ်ခု တန်းဖိုးအရမ်းကွာခြားနေတာမျိုး ရှိမယ်ဆိုရင် တစ်ချို့အစိတ်အပိုင်းတွေဟာ ပြသထားတဲ့ chart မှာ အရမ်းသေးငယ်ပြီး မပေါ်လွင်တာမျိုး ဖြစ်တက်ပါတယ်...

🟦 ဒီလို အခြေအနေမျိုးမှာ ရိုးရိုး Pie chart ကို အသုံးပြုမယ်အစား Pie of Pie Chart ကို ပြောင်းလဲအသုံးပြုတာက ပြသရာမှာ ပိုမိုရှင်းလင်းပြီး သေးငယ်တဲ့ အစိတ်အပိုင်းတွေကိုပါ ကြည့်ရှုသုံးသပ်နိုင်တာမို့ ပိုကောင်းပါတယ်...

User CMA Smart & Secure
07-08-2023
085 (13)

Photos from Cyber Security Group - Myanmar's post 04/08/2023

ပိုမိုအဆင့်မြင့်လာတဲ့ ဆိုက်ဘာတိုက်ခိုက်မှုများ…

User များ သတိပြု နိုင်ပါရန် 🚫🚫🚫

02/08/2023

🟩 Practical Advanced Microsoft Excel Course 🟩

💸 Fee: 40,000 MMK

🗓️ Duration: 40 Hours

🕒 Day & Time: Every Tuesday & Wednesday, 7 p.m. to 9 p.m.

📆 Commencing Date: 15-08-2023

User CMA Smart & Secure လက်တွေ့အသုံးချ ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်...

29/07/2023

Update လုပ်ရမလား ❓❓❓❓❓

ကွန်ပျူတာ၊ ဖုန်း အစရှိသဖြင့် နည်းပညာနဲ့ ဆက်နွယ်နေတဲ့ device တွေမှာ မကြာခဏဆိုသလို အသုံးပြုနေတဲ့ Operating System တွေ ဆော့ဖ်ဝဲတွေကနေ update လိုအပ်ချက်တွေ တောင်းဆိုတက်ပါတယ်...
“Update ဘာကြောင့်တောင်းလဲ?”

သက်ဆိုင်ရာ စနစ်တစ်ခုခုကို ပိုမိုကောင်းမွန်စေဖို့အတွက်နဲ့ ပြင်ဆင်ဖို့လိုအပ်တဲ့ အားနည်းချက်တွေကို ပြင်ဆင်တာ၊ ပိုပြီးကောင်းမွန်အောင်မွမ်းမံတာ၊ အဆင့်မြှင့်တင်တာတွေ ပြုလုပ်ဖို့ လိုအပ်တာကြောင့်ပါ...
တစ်ချို့သော update တွေမှာ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေပါဝင်ပါတယ်...
“Users”

ဒါပေမယ့် အသုံးပြုသူ User အမျိုးမျိုးနဲ့ ခံယူချက်အမျိုးမျိုးတို့ကြောင့် update တောင်းဆိုမှုတွေကို ဖြေရှင်းရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေရှိကြပါတယ်... အောက်မှာ User အမျိုးမျိုးနဲ့ ဖြေရှင်းမှုနည်းလမ်းအမျိုးမျိုးကို သိရသလောက် ဆွေးနွေးကြည့်ပါမယ်...
“တစ်ချို့ကစိုးရိမ်တက်တယ်...”

Major update တွေမှာ အသွင်အပြင်တွေ ထူးထူးခြားခြား ပြောင်းလဲသွားတက်တာရှိပါတယ်... တစ်ချို့ User တွေက update လုပ်အပြီးမှာ ကိုယ့်ပုံမှန်သုံးနေတာတွေ ပြောင်းသွားမှာ၊ သုံးမရတော့မှာ စိုးရိမ်ကြတက်ပါတယ်... Error တွေ ပါလာမှာ စိုးရိမ်တက်ကြပါတယ်...

🟩 “အကြံပြုချက်”

ပုံမှန်အားဖြင့် update မှာ ပိုပြီးကောင်းမွန်အောင် ပြင်ဆင်ပေးတာဖြစ်လို့ စိတ်ချလက်ချ update ပြုလုပ်နိုင်ပါတယ်... အသွင်အပြင်ပြောင်းလဲသွားတာတွေကတော့ ရက်ပိုင်းလောက်နဲ့ပဲ ပြန်ပြီးအသားကျသွားမှာပါ... Public ကိုထုတ်ပေးတဲ့ update တွေဟာ သေချာစိစစ်ပြီး စမ်းသပ်ပြီးမှ ထုတ်ပေးတာဖြစ်ပါတယ်... အားနည်းချက်ပါလာခဲ့ရင်လည်း အမြန်ဆုံး ပြင်ဆင်ပေးတက်လို့ သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး...
“တစ်ချို့ကတာဝန်လွှဲအပ်တယ်...”

တစ်ချို့ User တွေက ကွန်ပျူတာကို မိမိလိုအပ်တဲ့ အသုံးပြုမှုကိုပဲပြုလုပ်ပါတယ်... ကွန်ပျူတာမှာ ပြသနာတစ်ခုခုဖြစ်တာ၊ အခုလိုမျိုး Update ဆိုင်ရာကိစ္စတွေကအစ သက်ဆိုင်ရာ IT team ကိုပဲ ဖြေရှင်းစေပါတယ်... သာမန်အားဖြင့်တော့ IT team ဆိုတာက အမှန်တကယ်ကျွမ်းကျင်ကြသူတွေဖြစ်လို့ ပိုပြီးကောင်းမွန်ပါတယ်... ဒါပေမယ့် အခုလိုမျိူး Update ဆိုင်ရာကိစ္စတွေကတော့ ခက်ခဲတဲ့လုပ်ဆောင်ချက်တွေမပါဝင်တဲ့အတွက် User တွေကိုယ်တိုင် လုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်...

🟩 အကြံပြုချက်...

ဒါကြောင့် User များအနေနဲ့ User ကိုယ်တိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေကို သိရှိနားလည်ထားပြီး ကိုယ်တိုင်ဆောင်ရွက်တာက ပိုသင့်လျော်ပါတယ်... အချိန်ကုန်လည်း သက်သက်စေပါတယ်...
“တစ်ချို့ကစိတ်ဆိုးတက်တယ်...”

Windows update ဆိုပါတော့... Major update ဆိုရင် သူရဲ့နောက်ဆုံးဆောင်ရွက်ချက်က ကွန်ပျူတာကို restart ချပေးဖို့ တောင်းဆိုတာပါ... Windows မှာ Update တွေကို Download, install ပြီးတာနဲ့ တန်းပြီး အလိုအလျောက် restart ကျသွားမယ့် setting လည်းရှိပါတယ်... ဒါ့အပြင် ပုံမှန် update လုပ်ထားတာမဟုတ်ဘဲ စုပြုံပြီးလုပ်မိသွားတာဆိုရင် Windows ပြန်တက်ဖို့လည်း အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပါ...
User တစ်ယောက်က အရေးတကြီးအလုပ်တစ်ခုခု၊ အစည်းအဝေးတစ်ခုခုဆောင်ရွက်နေချိန်မှာ update တွေကနေတဆင့် auto restart နဲ့ကြုံမယ်ဆိုရင်တော့ တော်တော်စိတ်ဆိုးမှာပါ... ဒီ -ေ-----ာက် update က အရေးထဲမှာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့...

နောင်ဆို update လို့မြင်တာနဲ့ မလုပ်ဘူးကွာဆိုပြီး ဖြစ်သွားနိုင်ပါတယ်...

🟩 “အကြံပြုချက်”

အချိန်စီမံမှုလေးပြုလုပ်ပြီးတော့ ဒီပြသနာကို အလွယ်တကူဖြေရှင်းနိုင်ပါတယ်... ဥပမာ... အလုပ်မစခင် စစ်ကြည့်မယ်... ဒါမှမဟုတ် ထမင်းစားချိန်၊ ပြန်သိမ်းချိန် စသည်ဖြင့်ပေါ့... တစ်နေ့တစ်ကြိမ်တောင်မလိုပါဘူး... နှစ်ရက်သုံးရက် သို့မဟုတ် တစ်ပတ်နေရင် တစ်ကြိမ်ဆို တော်တော်အဆင်ပြေနေပါပြီ...
“တစ်ချို့က တမင်မျက်ကွယ်ပြုတယ်...”

Windows ဆိုပါတော့... Update ယူတဲ့အတွက် Windows security ဆိုင်ရာ update တွေကိုလည်း ပေးပါတယ်... ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို crack ပြီး အသုံးပြုတဲ့ User တွေကတော့ update ကို ကြိုဆိုမှာမဟုတ်ပါဘူး... တစ်ချို့က Windows security, update တွေကို တမင်ပိတ်ထားတက်ပါတယ်...
ဒါ့အပြင် အင်တာနက် ကုန်ကျစရိတ်ကြောင့်လည်း တမင်ပိတ်ထားတက်ပါတယ်...

🟩 “အကြံပြုချက်”

လုံခြုံရေးရည်ရွယ်ချက်အရတော့ Update တွေကိုပိတ်မထားဖို့နဲ့ Security update တွေကို ပုံမှန်ရယူဖို့လိုအပ်ပါတယ်... လိုင်စင်ဆော့ဖ်ဝဲတွေနဲ့ တရားဝင် free ပေးသုံးထားတဲ့ ဆော့ဖ်ဝဲတွေကိုပဲ အသုံးပြုသင့်ပါတယ်...

ဒါအပြင် Update ပြုလုပ်ခြင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုနည်းလမ်း တော်တော်များများကို ကြိုတင်ကာကွယ်ရာမှာ အမြဲလိုလိုပါဝင်တဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်...
“တစ်ချို့က မသိနားမလည်...”

အခုမှစသုံးစွဲနေတဲ့ User တစ်ချို့ကတော့ လုပ်ရကောင်းမှန်မသိတာနဲ့ သိပ်နားမလည်ကြလို့ မလုပ်ကြတာမျိုး ရှိကြပါတယ်...

🟩 “အကြံပြုချက်”

ဒီ post ကနေတဆင့် အတိုင်းအတာတစ်ခုအထိ သိရှိနားလည်ပြီး ဆောင်ရွက်နိုင်ကြမယ်လို့ထင်ပါတယ်...
“တစ်ချို့က ?????????? ...”

တစ်ချို့ User တွေကတော့ တစ်ခြားဘာအကြောင်းရင်းကြောင့်လဲမသိ မလုပ်ကြတာမျိုး ရှိနိုင်ပါတယ်...

🟩 “အကြံပြုချက်”

Update ပြုလုပ်သင့်ပါတယ်လို့ပဲ အကြံပြုပါတယ်...
Be Aware! Stay Safe!

User CMA Smart & Secure
Certified Cybersecurity Awareness Professional (CCAP)
#050 (Cybersecurity Awareness)
29-07-2023

25/07/2023

Excel လား❓ Data Analysis လား❓

🟩 Tool 🟩

Data Analysis ဆိုင်ရာနယ်ပယ်မှာ Microsoft Excel ဟာ အခြေခံကျပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ tool တစ်ခုပဲဖြစ်ပါတယ်...

ဥပမာ- ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုပါစို့... အခြေခံလိုအပ်တဲ့ ကိရိယာတန်ဆာပလာ (tools) တွေ လိုအပ်သလို အဲ့ဒါတွေကို ဘယ်လိုအသုံးချရမလဲဆိုတာလည်း သိရှိနားလည်ဖို့လိုအပ်ပါတယ်...

Data Analysis ဆိုင်ရာနယ်ပယ်အတွက် Microsoft Excel ကျွမ်းကျင်ရုံနဲ့ကော လုံလောက်လားမေးရင်တော့ “မလုံလောက်ပါဘူး” ... Tool ရဲ့ သဘောက လိုအပ်ရင်လိုအပ်သလို အဆင့်မြင့်တဲ့ tool တွေကို အသုံးချဖို့လိုပါတယ်... Data Analysis ဆောင်ရွက်ရာမှာ အချက်အလက်ပမာဏများလွန်းလာရင် သို့မဟုတ် ပိုမိုရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်လာရင် သင့်တော်သလို အဆင်မြင့် tool တွေကို အသုံးချဖို့ လိုအပ်ပါတယ်...
🟩 Data Management 🟩

Data Analysis ဆိုင်ရာနယ်ပယ်မှာ အချက်အလက်တွေ ချိတ်ဆက်တင်သွင်းတာ၊ မိမိလိုအပ်တဲ့ပုံစံကို ရရှိအောင် ပြင်ဆင်ပြောင်းလဲတာ၊ လိုအပ်သလို စုစည်းတာတွေက အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်...

Microsoft Excel နဲ့ ဖော်ပြပါလုပ်ငန်းစဉ်တွေကို စီမံဆောင်ရွက်နိုင်ပါတယ်...
🟩 Data Analysis Function 🟩

Data Analysis ဆိုင်ရာနယ်ပယ်မှာ ဆောင်ရွက်ဖို့လိုအပ်တဲ့ statistical formulas, data visualization tools, pivot tables နဲ့ တစ်ခြား function/feature တွေ Microsoft Excel မှာ အများအပြားပါဝင်ပါတယ်...
🟩 Visualization 🟩

Visualization ဟာ Data Analysis ဆိုင်ရာနယ်ပယ်မှာ အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်... အချက်အလက်တွေကို သင့်လျော်တဲ့ chart တွေနဲ့ သရုပ်ဖော်တင်ပြတဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အချက်အလက်တွေရရှိစေပြီး လုပ်ငန်းကို အထောက်အကူဖြစ်စေပါတယ်...

Microsoft Excel မှာ chart ပုံစံမျိုးစုံ အသုံးပြုနိုင်ပြီး လိုအပ်ရင်လိုအပ်သလို chart တွေ ကို စုစည်းပြီး ချိတ်ဆက်တင်ပြတဲ့ dashboard တွေနဲ့လည်း လုပ်ငန်းဆောင်ရွက်နိုင်တယ်...
🟩 User-Friendly 🟩

Microsoft Excel ဟာ အခြေခံကျပြီး လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်... Data Analysis ဆောင်ရွက်ဖို့အတွက် Programming Knowledge မရှိဘဲနဲ့လည်း သာမန် Data Analysis လုပ်ငန်းစဉ်တွေမှာ လွယ်လွယ်ကူကူပဲ ဆောင်ရွက်နိုင်ပါတယ်...
အနှစ်ချုပ်အားဖြင့် Data Analysis ဆိုင်ရာနယ်ပယ်မှာ လေ့လာဆောင်ရွက်သင့်တဲ့ Road Map တွေ ရှိပြီး Microsoft Excel ကို လေ့လာခြင်းဟာ Road Map ရဲ့ အဆင့်တစ်ဆင့်ကို လေ့လာခြင်းဖြစ်ပါတယ်...

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

တစ်ချိန်က Microsoft Excel မှာ VBA, Macro ကို ထည့်သင်ဖို့ဆိုရင် code ကို ကိုယ်တိုင်ရေးသားအသုံးပြုကြတာ မဟုတ်တော့ လက်တွေ့အသ...
Special_Invitation
🦠🦠🦠 အဆိုဝါးဆုံးသော Malware (ကွန်ပျူတာဆိုင်ရာ ဗိုင်းရပ်တစ်မျိုး) Ransomware🙅“အခြေခံကြိုတင်ကာကွယ်ရေး နည်းလမ်းများ”✅ အချက်အ...
လုံခြုံရေးစကားဝှက် (Password) နှင့် သင့် Account လုံခြုံရေးအတွက် သိရှိသတိပြုသင့်တဲ့ အချက်များ...⚠️ လူ 10 ယောက်မှာ 7 ယောက...
“သင့် Account တွေကို ပိုမိုလုံခြုံစိတ်ချရစေဖို့” ✅✅✅သာမန်အားဖြင့် Account တစ်ခုတိုင်းမှာ လုံခြုံရေး password တွေ ထားရှိက...
ကဲ... စလိုက်ကြရအောင်... ⌛⌛⌛“ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာလ (Cybersecurity Awareness Month – October 2022) ဆိုက်ဘာလုံခြု...
“ကွန်ပျူတာကို Malware တွေ ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်လဲ?”(၁) အဓိကကူးစက်မှုအများဆုံးသော နည်းလမ်းတစ်ခုကတော့ free soft...
Congratulations!ဆိုက်ဘာလုံခြုံရေးအသိပညာ Cybersecurity Awareness Course အား တက်ရောက်ပြီးစီးကြသော တစ်ဦးတစ်ယောက်ချင်းစီတို...
မကြာခင်ရောက်ရှိတော့မယ့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအသိပညာဆိုင်ရာလ (Cybersecurity Awareness Month – October 2022) ...
လုပ်ငန်းခွင်လက်တွေ့အသုံးချ Microsoft Excel ကျွမ်းကျင်မှုဆိုင်ရာ-Practical Advanced Microsoft Excel Course (Coming soon!)...

Telephone

Address


Yangon
11211

Other Computer Training in Yangon (show all)
DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

Code Champs Coding School Code Champs Coding School
Yangon

The School of Computer Science where kids, teens and professionals can learn coding/programming for

Star Award Star Award
San Chaung
Yangon

IT-Hub Myanmar IT-Hub Myanmar
အမှတ်(A+B) ရတနာလမ်းမ မေဥယျာဉ်အိမ်ရာ သင်္ဃန်းကျွန်း။Yangon Ambience မျက်နှာချင်းဆိုင်
Yangon

“ IT ပတ်သက်တဲ့ အခြေခံကောင်းတွေသာမက လုပ်ငန်းခွင် Level အထိပါ ရောက်ရှိဖို့ IT Hub မှာ လေ့လာစို့ ”

Global Info Tech Computer Training Center Global Info Tech Computer Training Center
No. 1483 (A), 1St Floor, 7 Zay Road, Thaketa Tsp
Yangon, 11231

We provide the most useful IT trainings and Computer, Network and System Solutions !

Inno Technique - MM Inno Technique - MM
Yangon, 11171

We introduce new innovative technologies to improve living standards of people in Myanmar!

YHA - ကွန်ပျူတာ သင်တန်း YHA - ကွန်ပျူတာ သင်တန်း
အမှတ်(၂၉)၊ လှည်တန်း-အင်းစိန်လမ်းမကြီး၊ Giordano အပေါ်ထပ်၊ ၆ လွှာ၊ ကမာရွတ်မြို. နယ်၊ ရန်ကုန်။
Yangon, 95

ကွန်ပျူတာနည်းပညာ ရပ်များအား အခြေခံမှစ၍ စနစ်တကျ နှင့် လေ့လာ သင်ယူနိုင်ပါသည်။

JM Engineering Training Center JM Engineering Training Center
Yangon

To increase job satisfaction, motivation, efficiencies, resulting, new technologies, methods, innovation, etc.

Alpha Web & Software Alpha Web & Software
Nay Myo Thura Street, Myitta Nyut Ward
Yangon, 11211

Learning Web Design and Software Development with PHP, Flutter and React Js

keeper keeper
Yangon

La Yaung Engineering Training Center La Yaung Engineering Training Center
Hlaing Township, Thu Kha Street
Yangon

မင်္ဂလာပါ La Yaung Engineering Training Center မှ ကြိုဆိုပါတယ်