Treat With Me

Treat With Me

Building Better Lives

01/12/2023

❤️ဒီနေ့ဟာ "World AIDS Day" ဖြစ်ပါတယ်။🎗️

World AIDS Day သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတ်မှတ်ထားသော တရားဝင် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး လှုပ်ရှားမှု (၁၁)ခုထဲမှ တခုအပါဝင်ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်မှစတင်၍ HIV ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးခဲ့ရသူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်စဉ်ဒီဇင်ဘာလ (၁) ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(သို့) ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် အပြည်ပြည်ဆိုင်ရာ AIDS ရောဂါကူးစက်မှုဆိုင်ရာ အသိပညာပေးရေးနေ့သတ်မှတ်ခဲ့ကြသည်။ Acquired Immunodeficiency Syndrome (AIDS) သည် Human Immunodeficiency Virus (HIV) ကြောင့်ဖြစ်ရသည့် အသက်အန္တရာယ်ရှိသော ခုခံအားကျဆင်းမှုရောဂါအစုအဖွဲ့ အခြေအနေတစ်ခုဖြစ်ပါသည်။ HIV ဗိုင်းရပ်စ်သည် လူနာ၏ ခုခံအားစနစ်ကို တိုက်ခိုက်ပြီး အခြားရောဂါများကို ခုခံနိုင်စွမ်းကို လျော့နည်းစေသည်။ အစိုးရနှင့် ကျန်းမာရေး တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များသည် HIV/AIDS ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးပွဲများကို မကြာခဏ ကျင်းပကြပါသည်။ ဒီရောဂါဟာ သွေးတို့၊ သုတ်ရည်တို့ကတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့အလျောက် အမှတ်မထင်ကိစ္စတွေကို အမြဲ သတိထားဆင်ခြင်ဖို့လည်းလိုသလို အသိနဲ့သတိကိုမပြတ်ထားပြီး စိတ်အလိုလိုက်ခြင်းတွေကိုလည်း ဆင်ခြင်ရှောင်ကြဉ်ဖို့လည်း အရေးကြီးလှပါတယ်။ ဒီ့အတွက် ဘယ်လိုအခြေအနေတွေက ရောဂါကူးစက်စေတယ်၊ ဘယ်လိုအရာတွေကို ရှောင်ရမယ်၊ ဆောင်ရမယ်စတဲ့ အသိပညာဗဟုတတွေကို အားလုံးသိနေဖို့လိုပါတယ်။
HIV/AIDS ခုခံအားကျဆင်းမှုကူးစက်ရောဂါ နှင့် ပတ်သက်သော အသိပညာများကြွယ်ဝပြီးမလိုလားအပ်သောနောက်ဆက်တွဲပြဿနာများလျော့ချစေရန်၊HIV/AIDS ရောဂါပိုးရှိသူများနှင့် အတူယှဉ်တွဲနေထိုင်ရန်နှင့် လိုအပ်သည်များကို ထိရောက်စွာအားပေးကူညီနိုင်ရန်၊HIV/AIDS ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ပတ်သက်သော အသိပညာများကို ကိုယ်တိုင်သိရှိရုံသာမက မိမိတို့နေထိုင်ရာလူ့အဖွဲ့အစည်းအတွင်း၌လည်း ပြန်လည်မျှဝေကာ အမြစ်ဖြတ်တားဆီး‌ဖို့အတွက် အလေ့အထကောင်းများပေါ်‌ပေါက်လာစေရန် နှစ်စဉ် Theme များဖြင့် အထိမ်းအမှတ်ပွဲများကိုပြုလုပ်ခဲ့ကြပါသည်။

နှစ်အလိုက် ဂုဏ်ပြုလုပ်ဆောင်ခဲ့ကြသောအကြောင်းအရာများ၊ အဖြစ်အပျက်များသည် မမေ့အပ်၊မမေ့ထိုက်ပါ။‌နှစ်အလိုက် Theme များကို‌ အောက်မှာဖော်ပြပေးသွားပါမယ်။

2023 Let Communities Lead

2022 Equalize

2021 End inequalities. End AIDS. End pandemics.

2020 Global solidarity, shared responsibility

2019 Communities make the difference

2018 Know your status

2017 My health, my right

2016 Hands up for HIV prevention

2015 On the Fast-Track to end AIDS

2014 Close the gap

2013 Zero discrimination

2012 Together we will end AIDS

2011 Getting to zero

2010 Universal access and human rights

2009 Universal access and human rights

2008 Stop AIDS. Keep the promise—lead, empower, deliver

2007 Stop AIDS. Keep the promise—leadership

2006 Stop AIDS. Keep the promise—accountability

2005 Stop AIDS. Keep the promise

2004 Women, girls, HIV and AIDS

2003 Stigma and discrimination

2002 Stigma and discrimination

2001 I care, do you?

2000 AIDS: men make a difference

1999 Listen, learn, live! World AIDS campaign with children and young people

1998 Force for change—world AIDS campaign with young people

1997 Children living in a world of AIDS

1996 One world, one hope

1995 Shared rights, shared responsibilities

1994 AIDS and the family

1993 Time to act

1992 AIDS—a community commitment

1991 Sharing the challenge

1990 Women and AIDS

1989 Our lives, our world—let’s take care of each other

1988 A world united against AIDS

2023 ခုနှစ်၊ ဒီဇင်ဘာလမှာကျရောက်မဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (သို့) ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Let Communities Lead" ဆိုတဲ့ Theme ပဲဖြစ်ပါတယ်။

01/12/2023

ကျား၊မ အခြေပြု အကြမ်းဖက်မှု (Gender-Based Violence) နှင့် ၁၆ ရက်တာလှုပ်ရှားမှု 🎗️

ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုတာကတော့ အမျိုးသားနဲ့ အမျိုးသမီးများအကြား လူမှုရေးအရ သတ်မှတ်ချက်တွေ ကွဲပြားနေခြင်းအပေါ်အခြေခံကာ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ဆန့်ကျင်ပြီး ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ နှစ်ခုစလုံးကြောင့်ဖြစ်စေ ထိခိုက်နစ်နာစေတဲ့ ကျူးလွန်တဲ့အပြုအမူမှန်သမျှကို ခြုံငုံဖော်ပြတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။

ကျား၊ မ အခြေပြုအကြမ်းဖက်မှုပုံစံအမျိုးမျိုးမှာ...

(၁) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

(၂) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

(၃) နှုတ်စကားဖြင့်အကြမ်းဖက်မှု

(၄) စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

(၅) စီးပွားရေးနှင့်ငွေကြေးဆိုင်ရာအကြမ်းဖက်မှု

(၆) နည်းပညာသုံးအကြမ်းဖက်မှု

(၇) ထိခိုက်နစ်နာစေသောလူမှုလေ့ထုံးတမ်းဆိုင်ရာအကြမ်းဖက်မှု

(၈) ထိန်းချုပ်သည့်အပြုအမူများဖြင့်အကြမ်းဖက်မှုတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကာယိန္ဒြေပျက်ပြားစေခြင်းအကြောင်းကိုပါ ဝေမျှပေးချင်ပါတယ်။

မပြောပလောက်တဲ့ အပြုအမူဖြစ်လင့်ကစား အပြုခံရသူအတွက် လက်ခံနိုင်ခြင်းမရှိတဲ့ မနှစ်မြို့ဖွယ်၊ အရှက်ရဖွယ် အပြုအမူမှန်သမျှဟာ ကာယိန္ဒြေပျက်ပြားစေခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်က ကိုယ်၊ နှုတ်၊ မျက်စိ စသည်တို့နဲ့ အပြုခံရသူစိတ်ထဲမှာ အနှောင့်အယှက်ဖြစ်စေခဲ့ရင် ကာယိန္ဒြေပျက်ပြားစေခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသက်အရွယ်၊ ကျားမ မရွေး လူတိုင်းဟာ အပြုခံရသူ (Victim) အချိန်မရွေးဖြစ်နိုင်ပါတယ်။

ဘာကြောင့် ကာယိန္ဒြေပျက်ပြားစေခြင်းကိစ္စ ဖြစ်စေတာလဲ?

အဓိကအကြောင်းရင်းကတော့ အပြုခံရတဲ့သူအပေါ်လေးစားမှုမရှိခြင်း၊ အားနည်းချက်တစ်ခုခုအပေါ် အနိုင်ယူခြင်းကြောင့်ဖြစ်ပါတယ်။ ပြုလုပ်သူက ပြုလုပ်ခံရတဲ့သူရဲ့ အားနည်းချက်ကို သိနေပြီး သူ့ကို အပြုခံရမဲ့သူက လက်တုန့်ပြန်ခြင်းမပြုမှာသေချာရင် အဲ့ဒီကိစ္စကို ကျူးလွန်လေ့ရှိပါတယ်။ အဲ့ဒီလိုကိစ္စတွေကို ကျူးလွန်သူများဟာ ပြုလုပ်ခံရသူများထက် (အာဏာအရလည်းကောင်း၊ လုပ်ပိုင်ခွင့်အရလည်းကောင်း၊ အင်အားအရလည်းကောင်း) တစ်နည်းနည်းနဲ့ အားသာနေသူများဖြစ်ပါတယ်။

ဒီနေ့ စတင်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်ကာလအတွင်း (၁၆)ရက်တာ လှုပ်ရှားမှုဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားမှုအများဆုံးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်မှုများကို ရပ်တန့်သွားစေဖို့ ရည်ရွယ်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ကိုတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (International Day for Elimination of Violence Against Women Day) ဖြစ်ပြီး ဖဲကြိုးဖြူနေ့လို့လည်း ခေါ်ဆိုကြပါတယ်။

🔺ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “UNITE! Invest to Prevent Violence Against Women and Girls” ပဲဖြစ်ပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုမှာ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာနေ့တွေကတော့

📌နိုဝင်ဘာလ (၂၅) ရက်နေ့ - အမျိုးသမီးများပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့

📌နိုဝင်ဘာလ (၂၉) ရက်နေ့ - အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့

📌ဒီဇင်ဘာလ (၁) ရက်နေ့ - ကမ္ဘာ့ AIDS နေ့

📌ဒီဇင်ဘာလ (၃) ရက်နေ့ - အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

📌ဒီဇင်ဘာလ (၆) ရက်နေ့ - မွန်ထရီမြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့

📌ဒီဇင်ဘာလ (၁၀) ရက်နေ့ - ကမ္ဘာ့လူ့အခွင့်အရေးနေ့ တို့ပဲ ဖြစ်ပါတယ်။



#ကျားမအခြေပြုအကြမ်းဖက်မှု

01/12/2023

Sexual Harassment ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ နှုတ်ဖြင့်၊ ကိုယ်ဖြင့် လိင်ပိုင်းဆိုင်ရာအရ နှောင့်ယှက်တဲ့ အကြမ်းဖက်မှုမျိုး ဖြစ်ပါတယ်။

Sexual harassment မှာဆိုရင် -
⚠️အဓမ္မ မုဒိန်းပြုကျင့်ခြင်း
⚠️လိင်လုပ်သားအဖြစ် ခိုင်းစေခြင်း၊ ကျွန်ပြုခြင်း
⚠️လိမ်လည် လက်ထပ်ခြင်း
⚠️အတင်းအကြပ် ကိုယ်ဝန်ဆောင်စေခြင်း
⚠️အတင်းအကြပ် ကိုယ်ဝန်ဖျက်ချစေခြင်း စတာတွေအပြင် တချို့သောနည်းလမ်းတွေနဲ့လည်း s*xual harassment လုပ်တတ်ကြပါသေးတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွင့်ပြုချက်မရှိဘဲ ကိုင်တာ၊ ထိတွေ့တာ၊ ပွတ်သတ်တာ၊ ခန္ဓာကိုယ်ကို အပေါ် အောက် လိုက်ကြည့်တာ၊ နောက်ယောင်ခံလိုက်တာ စတာတွေလည်း s*xual harassment တွေပဲဖြစ်ပါတယ်။

❗Sexual harassment ဟာဆိုရင် စာသင်ကျောင်း၊ လုပ်ငန်းခွင် စတာတွေအပြင် မိမိ အိမ်အတွင်းနှင့် social media ပေါ်ကနေ အမျိုးမျိုး‌သောနည်းလမ်းတွေနဲ့ ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအရ မဖွယ်မရာ ပြောဆိုတာ၊ social media မှာ ပုံတွေပို့တာ၊ အတင်းအကြပ် လိင်ပိုင်းဆိုင်ရာပုံတွေတောင်းယူတာ၊ ခြိမ်းခြောက်ပြောဆိုတာ စတာတွေလဲ s*xual harassment ပါပဲ။ အခုဆိုရင် နည်းပညာတွေက မြင့်လာတာနဲ့အမျှ အမျိုးသမီးငယ်လေးတွေရဲ့ပုံတွေကို AI နဲ့ပြုပြင်ပြီးတော့ မဖွယ်မရာပုံတေအဖြစ် ပြောင်းလဲနေကြတာဆိုရင် လုံးဝကို s*xual harassment မြောက်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်အရွယ်တွေပေါ်မှာ ပိုပြီး တွေ့ရလေ့ရှိတတ်ပါတယ်။ သတိပြုရမှာက အမျိုးသမီးရော အမျိုးသားပါ s*xual harassment ကိုခံရနိုင်ပါတယ်။

❗ဒီ s*xual harassment ကို ကျုးလွန်တဲ့သူတွေထဲက အတော်များများက ဆိုရင်လည်း မထင်ထားတဲ့ပုံစံနဲ့ အနီးနားမှာရှိနေတတ်ပါတယ်။ သူတို့ကိုယ်သူတို့ လုံးဝကို မယုံနိုင်လောက်တဲ့ ဘယ်သူမှမထင်ထားလောက်တဲ့ image တွေနဲ့ နေတတ်ကြတယ်။ ဥပမာဆိုရင် ဒီလိုကျူးလွန်တဲ့ သူတွေက ဘာသာရေးကိုင်းရှိုင်းတဲ့သူလည်း ဖြစ်နိုင်သလို ပရဟိတသမားလည်းဖြစ်နေနိုင်ပါတယ်။ အများအမြင်မှာ ရိုးသားပြီး လူကောင်းလို့ထင်ရလောက်တဲ့ ပုံရိပ်တွေနဲ့ နေပြီးတော့ နောက်ကွယ်မှာ s*xual harassment ရဲ့ တရားခံဖြစ်နေတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုလူတွေက ကျူးလွန်တဲ့ အခါမှာဆိုရင် လူတွေက တရားခံအဖြစ်နဲ့ မယုံကြည်တာ မဖြစ်နိုင်ဘူးဆိုပြီး ကောက်ချက်ချပြီး နစ်နာသူအပေါ် ပြစ်တင်ဝေဖန်တာမျိုးတွေတောင်ရှိပါတယ်။

⚠️ဒီလိုတွေမဖြစ်လာအောင်ဆိုရင် ကလေးတွေကို ငယ်ငယ်ကတည်းက s*xual harassment နဲ့ပက်သတ်တဲ့ အသိပညာပေးတာမျိုးတွေ လုပ်ရမှာပါ။ ကလေးငယ်တွေသာမက လူတိုင်းကို အသိပညာပေးတာမျိုးနဲ့ ဟောပြောပွဲတွေကိုလည်းလုပ်ပေးသင့်ပါတယ်။ တချို့သူတွေမှာ အရိုးစွဲနေတဲ့ အလေ့အထတစ်ခုရှိတယ်။ ကလေးတွေကို s*xual နဲ့ပက်သတ်ပြီး သင်ပြပေးတဲ့အခါမှာ မသင်သင့်တဲ့အရာ၊ မပြောသင့်တဲ့အရာ၊ နားရှက်စရာ၊ ကလေးနဲ့မဆိုင်တဲ့အရာဆိုပြီးတော့ ရှက်စရာလို့ သတ်မှတ်တတ်ကြတယ်။ ဒီလိုသတ်မှတ်ကြတဲ့ အကျိုးဆက်အနေနဲ့လည်း သက်ငယ်မုဒိန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ s*xual harassment ခံရတဲ့ နစ်နာသူတွေဟာဆိုရင် အများအားဖြင့် အင်အားမမျှတတာနဲ့ s*xual အရ အသိပညာနည်းပါးတဲ့သူတွေကို တွေ့ရတတ်မှာပါ။

Sexual harassment လုပ်ခံရတဲ့ နစ်နာသူတွေဟာဆိုရင် အကျိုးဆက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ လူကြားထဲမဝင်တော့တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိုးရိမ်စိတ်လွန်ကဲတာနဲ့ လိင်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုတွေအပြင် တချို့တွေမှာ s*i**de လုပ်တာတွေအထိဖြစ်လာတတ်ပါတယ်။ အကြမ်းဖက်မှုတွေကို တုံပြန်တဲ့ပုံတွေက တစ်ဦးနဲ့တစ်ဦးတော့ မတူကြပါဘူး။ တချို့ဆိုရင် ဘယ်သူနဲ့မှ စကားမပြောတော့တာ၊ အမြဲတမ်းကြောက်နေတတ်တာ၊ လူတိုင်းကို သံသယဝင်နေတာ၊ စိတ်တို ဒေါသထွက်လွယ်တာ စတာမျိုးတွေရှိပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာတဲ့ သူတွေကို နွေးထွေးတဲ့ ဂရုစိုက်မှုတွေနဲ့ နားလည်ပေးမှုတွေပေးရမှာပါ။ လုံခြုံတဲ့ နေရာထိုင်ခင်းတွေစီစဉ်ပေးတာ၊ လိုအပ်တဲ့ ကုသမှုတွေပေးတာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ တချို့တွေရဲ့ မှားယွင်းနေတဲ့ အရာဟာဆိုရင် အကြမ်းဖက်ခံရတဲ့ နစ်နာသူတွေကို ပြစ်‌တင်ပြောဆိုတာမျိုးတွေရှိပါတယ်။ 'အနေထိုင်မှမတတ်တာ ဖြစ်မှာပေါ့' 'ဝတ်လိုက်ရင် အတိုကြီးပဲလေ' 'နင်မှနေမတတ်တာ' စသဖြင့် ကြားဖူးကြမယ်ထင်ပါတယ်။ ဒါဟာ လုံးဝမလုပ်သင့်တဲ့အရာပါ။ နစ်နာသူက စိတ်အခြေ‌အနေ ပြင်းထန်လာတဲ့အခါ သူ့ကိုယ်သူ သတ်သေဖို့ ပြောလာတဲ့အခါမျိုးတွေမှာဆိုရင် စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ကုသပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ နစ်နာသူတွေရဲ့ လုံခြုံရေးအပြင် privacy အရ အချက်အလက်တွေကိုလည်း ထိန်းသိမ်းပေးရပါမယ်။

အကြမ်းဖက်မှုဟာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီးတော့ လူသားအားလုံးက ရှုတ်ချရမယ့်အရာ ဖြစ်ပါတယ်။ နစ်နာသူအတွက် ပံ့ပိုးပေးတာ၊ ကူညီပေးတာအပြင် ကျူးလွန်သွန်ကို ထိရောက်တဲ့ အပြစ်ပေးဖို့လည်း ဆောင်ရွက်ကြရပါမယ်။ ဒါကြောင့် အကြမ်းဖက်ခံရတဲ့သူတွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ မလုပ်ဘဲ နွေးနွေးထွေးထွေး လက်တွဲကူပေးကြပါလို့ တိုက်တွန်းချင်ပါတယ်🤎
အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့သော အချိန်များ ပိုင်ဆိုင်နိုင်ကြပါစေရှင်🍀🍀🍀


#လိင်အကြမ်းဖက်မှု

30/11/2023

HIV/AIDS လို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်မိပါသလဲ 🤔

✔️ ဗိုင်းရပ်စ်ပိုးကောင်ကြီးလား
✔️ပိုး ကူးစက်ခံထားရတဲ့သူတွေလား
✔️HIV / AIDS အများဆုံးကူးစက်ခံရလေ့ရှိကြတဲ့သူတွေရဲ့ အလုပ်အကိုင်တွေလားဆိုတာ

ကိုယ်သိထားရာ ဗဟုသုတများအပေါ် အခြေခံပြီး အမျိုးမျိုးမြင်မိကြမှာပါ။

ဒီမှာ စာဖတ်သူတို့ကို HIV/AIDS လို့ပြောလိုက်တာနဲ့ တွဲပြီး မြင်စေချင်တာကတော့ PrEP နဲ့ ART ဆိုတဲ့ ဆေးနှစ်မျိုးပဲဖြစ်ပါတယ်။

💊PrEP ဆိုတာကတော့ Pre-Exposure Prophylaxis ဖြစ်ပြီး HIV ပိုးကူးစက်မခံရခင် ကြိုတင်ကာကွယ်နိုင်စေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်သည့်ဆေးပဲဖြစ်ပါတယ်။

ကိုယ်တိုင်က လိင်ဆက်ဆံဖော်များတယ် (သို့) ကိုယ့်ရဲ့ s*x partner က လိင်ဆက်ဆံဖော်များတယ်၊ ဒါမှမဟုတ် ကိုယ်က s*x worker အလုပ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဒီ PrEP ဆေးကို သောက်သုံးထားသင့်ပါတယ်။ "ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းသည်" ဆိုသလိုပဲ HIV ဗိုင်းရပ်စပ်ပိုးမကူးစက်ခံရခင်ကတည်းက မိမိမှာကူးစက်ခံရနိုင်ခြေရှိတယ်လို့ ယူဆရရင် PrEP ဆေးကိုကြိုတင်သောက်သုံးထားခြင်းက HIV ပိုး ကူးစက်ခံရနိုင်ခြေကို ၉၀% ကျော်အထိ ကာကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။

💊ဒုတိယ‌ဆေးတစ်မျိုးဖြစ်တဲ့ ART ကတော့ Anti-Retroviral Therapy ဖြစ်ပြီး HIV ပိုး ကူးစက်ခံထားရသူတွေအနေနဲ့ ပိုးကောင်ရေထိန်းချုပ်ဖို့အတွက် တစ်သက်တာလုံးစွဲမြဲစွာသောက်သုံးရမယ့်ဆေးဖြစ်ပါတယ်။

ART ကသွေးထဲမှာ HIV ပိုးတွေ ဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်တယ်။ ဒါကြောင့် ART ဆေးကို ပိုးထိန်းဆေးလို့လည်းခေါ်ကြပါတယ်။ ART ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းနေ့စဉ်မှန်မှန်သောက်သုံးမယ်ဆိုရင် သွေးထဲက HIV ပိုးတွေကို ထပ်မပွားလာအောင်အထိ ထိန်းချုပ်နိုင်လာမှာဖြစ်ပြီး ကျန်းမာရေးကိုပိုမိုဂရုတစိုက်နေထိုင်မယ်ဆိုပါက သာမန်ကျန်းမာရေးကောင်းသူတစ်ယောက်ကဲ့သို့ သက်တမ်းစေ့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့် PrEP နဲ့ ART ဆေးနှစ်မျိုးဟာ HIV/AIDS ဆိုတဲ့‌ဝေါဟာရနဲ့ တပါတည်းသိထားသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခုလေးထပ်တိုးအနေနဲ့ထည့်ပြောရရင် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါပိုးများရန်မှကာကွယ်နိုင်ရန် လိင်ဆက်ဆံသည့်အခါတိုင်း condom ကို (မဖြစ်မနေ) အသုံးပြုဖို့ပါပဲ။

PrEP နဲ့ ART နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ page များ၌ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Prevent with Pr EP
https://www.facebook.com/PreventWithPrEP?mibextid=ZbWKwL

မဗေဒါ
https://www.facebook.com/MaBayDar.TG?mibextid=ZbWKwL

Top Center Myanmar
https://www.facebook.com/topcentermyanmar?mibextid=ZbWKwL

HIV ကာလသား အခမဲ့ စစ်ဆေးကုသကူညီပေးရေး
https://www.facebook.com/YEHTUTKYLE001?mibextid=ZbWKwL

PUI - မျိုးဆက်ပွား ကျန်းမာရေးစင်တာ
https://www.facebook.com/Puisrhrclinic?mibextid=ZbWKwL

Prevent Yangon
https://www.facebook.com/preventyangon?mibextid=ZbWKwL

PUI HIV Prevention Services Page
https://www.facebook.com/pui.hiv.prevention.services?mibextid=ZbWKwL

အေးဆေးပါ
https://www.facebook.com/MYS.AyeSayPar?mibextid=ZbWKwL

ဒို့အထာ
https://www.facebook.com/MYS.DohAHtar?mibextid=ZbWKwL

ရှေ့ဆက်တို့အတူ U=U
https://www.facebook.com/UequalsUMyanmar?mibextid=ZbWKwL

30/11/2023

အိတ်ခ်ျအိုင်ဗီပိုးရှိသူနှင့် အေအိုင်ဒီအက်စ်ဝေဒနာသည်များအပေါ် သဘောထား❤️‍🩹

▪️အိတ်ချ်အိုင်ဗီပိုးကူးစက်ခံရသူ (သို့မဟုတ်) အေအိုင်ဒီအက်စ် ဝေဒနာသည်များဟာ အပျော်အပါးလိုက်စားသူ၊ မကောင်းသောအကျင့်စရိုက်ရှိသူ၊ အကျင့်စာရိတ္တပျက်ပြားသူတွေလို့ အဆိုးမြင်သတ်မှတ်ခြင်းဟာ မကောင်းသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးမြင်သတ်မှတ်မှုတွေကြောင့် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရန် ငြင်းဆိုခြင်း၊ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရန် တွန့်ဆုတ်ခြင်း၊ ရှိကြောင်းသိပြီးပါက မိသားစုအတွင်း ပွင့်လင်းစွာတိုင်ပင်ရန် ခက်ခဲခြင်း၊ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် တားဆီးကာကွယ်ရေးလုပ်ငန်းများမှာ အပြုသဘောဆောင်ပါဝင်ရန် အဟန့်အတားဖြစ်ခြင်းစတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အိတ်ချ်အိုင်ဗီပိုးရှိသူနဲ့ အေအိုင်ဒီအက်စ် ဝေဒနာသည်များအပေါ် အဆိုးမြင်ပြီး ခွဲခြားနှိမ်ချဆက်ဆံခြင်းမျိုး မပြုလုပ်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖေးမကူညီခြင်းဖြင့် အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေးကို အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။❤️

30/11/2023

အိတ်ခ်ျအိုင်ဗီကို တန်ပြန်တိုက်ခိုက်ခြင်း ✊

"အိတ်ချ်အိုင်ဗီပိုးရှိသော်လည်း အကောင်းဆုံးရှင်သန်နေထိုင်ခြင်း"
▪️အိတ်ချ်အိုင်ဗီရောဂါပိုးရှိခြင်းကို သိရှိခြင်းဟာ မိမိအတွက်သတိထားဆင်ခြင်နေထိုင်ရေးကိုအထောက်အကူဖြစ်စေတယ်လို့ယူဆပြီး ကျန်းမာရေးကို သာမာန်သူများထက် ပိုမိုဂရုစိုက်ခြင်းဖြင့် သက်တမ်းစေ့နေထိုင်နိုင်ကြောင်း သာဓကများရှိနေပြီးဖြစ်ပါတယ်။ စိတ်ဓါတ်မကျဆင်းပဲ အာဟာရပြည့်ဝမျှတအောင်စားသုံးခြင်း၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ စွမ်းအားကျဆင်းစေနိုင်သောအမူအကျင့်များ (ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး) ကို ရှောင်ရှားခြင်းတို့ဖြင့် ကိုယ်ခံစွမ်းအားကို မကျဆင်းအောင် ထိန်းသိမ်းထားနိုင်သည်နဲ့အမျှ ပြင်ပမှ အခြားရောဂါပိုးများဝင်ရောက်ခြင်းကို တားဆီးနိုင်မှာပဲဖြစ်ပါတယ်။

အခွင့်ကောင်းယူရောဂါများ

▪️ရှေ့မှာဖော်ပြခဲ့တဲ့အတိုင်း အိတ်ချ်အိုင်ဗီရောဂါပိုးဟာ ကိုယ်တိုင်ရောဂါဖြစ်စေခြင်းမဟုတ်ဘဲ ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားစနစ်ကို ဖျက်ဆီးလိုက်တဲ့အတွက် ခုခံစွမ်းအားကျဆင်းပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်အတွင်းကို အခြားသောရောဂါပိုးများ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ အဲ့ဒီလိုရောဂါပိုးတွေကို အခွင့်ကောင်းယူရောဂါများလို့ သတ်မှတ်ပြီး အဲ့ဒီရောဂါများကို သက်ဆိုင်ရာဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။

အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်ပိုး ပွားများမှုကို ထိန်းချုပ်ပေးသောကုထုံး (Anti-Retroviral Therapy - ART)

▪️အေအာတီ (ART) ကုထုံးဟာ အိတ်ချ်အိုင်ဗီပိုးကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိပေမဲ့ အိတ်ချ်အိုင်ဗီပိုးကူးစက်ခံထားရသူများကို သက်ရှည်ကျန်းမာစေပါတယ်။ အေအာတီကုထုံးမှာ အိတ်ချ်အိုင်ဗီပိုးကို မပွားများနိုင်အောင် ထိရောက်ပြင်းထန်စွာ ဖိနှိပ်ထားခြင်းဖြင့် ရောဂါအဆင့်မတက်အောင် တားဆီးပေးနိုင်တဲ့အပြင် အိတ်ချ်အိုင်ဗီပိုး ထပ်ဆင့်ကူးစက်ပြန့်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အေအာတီဆေးဟာ စတင်သုံးစွဲတဲ့နေ့မှစတင်ပြီး တသက်တာသောက်ရမယ့်ဆေးဖြစ်ပါတယ်။ ဆေးသောက်သုံးဖို့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ရင် ဆေးယဉ်ပါးခြင်းပြဿနာနဲ့ ကြုံတွေ့ရနိုင်တာကြောင့် ဆေးကုသမှုခံယူသူများအနေနဲ့ ဆေးသောက်သုံးခြင်းကို မပျက်ကွက်စေဖို့ အထူးသတိပြုရမှာပဲ ဖြစ်ပါတယ်။

အိတ်ချ်အိုင်ဗီပိုး ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း

▪️လက်ရှိအချိန်အထိ အိတ်ချ်အိုင်ဗီ ရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတော့ မပေါ်သေးပါဘူး။ ဒါကြောင့် ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ခြင်းနဲ့သာ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အိတ်ချ်အိုင်ဗီ ဗိုင်းရပ်ပိုး ပွားများမှုကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးများကို အိတ်ချ်အိုင်ဗီပိုး မမျှော်လင့်ဘဲကူးစက်ခြင်းကနေ ကာကွယ်ဖို့အတွက် ကြိုတင်သောက်သုံးတဲ့ဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ (Pre-exposure Prophylaxis and Post-exposure Prophylaxis)

30/11/2023

လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ (Sexually Transmitted Infections) 💭

💥လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများဟာ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယား (သို့မဟုတ်) ကပ်ပါးပိုးကြောင့် တစ်ဦးမှတစ်ဦးကို လိင်ဆက်ဆံခြင်းဖြင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ကူးစက်ပြန့်ပွားပုံမှာ လိင်ဆက်ဆံမှုဆိုင်ရာအပြုအမူ (လိင်အင်္ဂါပြခင်းဖြင့်၊ စအိုဖြင့်၊ ပါးစပ်ဖြင့်ဆက်ဆံခြင်း၊ လိင်အင်္ဂါအရေပြားနှင့်ထိတွေ့ခြင်း) ကို လိုက်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ STI ရှိသူရဲ့သွေးဟာ အခြားသူတစ်ဦးရဲ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်းဖြင့် တချို့သော STI ရောဂါများ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးသုံးသူများအနေနဲ့ ဆေးထိုးအပ်နဲ့ ပြွန်ကို မျှဝေသုံးစွဲခြင်းဟာ STI ကူးစက်မှုအန္တရာယ်ရှိပါတယ်။ STI ရောဂါအများစုရဲ့ လက္ခဏာများမှာ ယားယံခြင်း၊ လိင်အင်္ဂါမှအရည်များထွက်ခြင်း၊ လိင်အင်္ဂါနှင့်စအိုတစ်ဝိုက် ရောင်ခြင်း၊ အနာ၊ အရည်ကြည်ဖု၊ အကျိတ်၊ အနီစက်များ ပေါ်လာခြင်း၊ ဆီးသွားတဲ့အခါ နာကျင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရောဂါရှိနေပေမဲ့ ရောဂါလက္ခဏာမပြတာလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖော်ကို ကူးစက်စေနိုင်ပါတယ်။ အချိန်မီကုသနိုင်ရင်တော့ STI ရောဂါအများစုကို ပျောက်ကင်းစေနိုင်ပြီး မကုသဘဲထားမယ်ဆိုရင်တော့ ရေရှည်မှာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ တွေ့ကြုံရနိုင်ပါတယ်။ ဥပမာ- သားသမီးမရဘဲမြုံသွားခြင်း၊ သေဆုံးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

HIV/ AIDS ရောဂါဆိုတာ ကုသလို့ မပျောက်ကင်းနိုင်ပေမဲ့ ရောဂါလက္ခဏာတွေကိုတော့ ထိရောက်စွာ ကုသနိုင်တဲ့ဆေးတွေ ရှိပါတယ်။ ☑️

ဘက်တီးရီးယားကြောင့်အဖြစ်များသော STI ရောဂါများမှာ -

💥 ဂနိုးရီးယား (Gonorrhea) (အမျိုးသားလိင်တံမှ ပြည်ကဲ့သို့သောအရည် သို့မဟုတ် အဝါရောင်အရည်များထွက်ခြင်း၊ ဆီးသွားရာတွင်နာကျင်လွန်းခြင်း)
💥 ယူရီသရိုက်တစ် (Urethritis) (ဆီးသွားရာတွင် နာကျင်လွန်းခြင်း၊ အရည်ကြည် (သို့မဟုတ်) ပြည်ကဲ့သို့သောအရည် အနည်းငယ်ထွက်ခြင်း)
💥ဆစ်ဖလစ် (Syphilis) (ရောဂါပိုးနှင့်ထိတွေ့သော မျက်နှာပြင်တွင် အနာဖြစ်ခြင်း (အနာမှာ လုံးဝ မနာကျင်ခြင်း) စမ်းကြည့်လျှင် ခပ်တင်းတင်းရှိခြင်း၊ ပြည်ကဲ့သို့သော အရည်များ ထွက်နိုင်ခြင်း၊ ကိုယ်ခန္ဓာတွင် ယားယံမှုမရှိသော အနီကွက်များထွက်ခြင်း (အထူးသဖြင့် ခြေဖဝါး၊ လက်ဖဝါး)
💥 ကလာမိုင်းဒီးယား (Chlamydia) (ဆီးသွားလျှင် နာကျင်ခြင်း၊ သွေးပြန်ရည်ဂလင်း ရောင်ခြင်း)၊ရှန်ကရိုက်(Chancroid) (လိင်အင်္ဂါတစ်ဝိုက်တွင် အနာများစွာအနေဖြင့် တွေ့ရနိုင်သည်။ ပေါင်ခြံတွင် အကျိတ်များ ရောင်ရမ်းလာမည်) တို့ဖြစ်ပြီး

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော STI ရောဂါများမှာ -

💥ကွန်ဒိုင်လိုမား (Condyloma) (ကြွက်နို့နှင့်တူသော တစ်ခု (သို့မဟုတ်) တစ်ခုထက် ပိုသော သေးငယ်သောအသားလုံးလေးများ ဖြစ်သည်)

💥ရေယုန် (Herpes) (လိင်အင်္ဂါတွင်ဖြစ်သော သေးငယ်၍နာကျင်သော အရည်ကြည်ဖုလေးများ၊ စိတ်ဖိစီးမှုများချိန်၊ နေမကောင်းချိန်တို့တွင် ပြန်ဖြစ်တတ်သည်)

💥 အသည်းရောင် အသားဝါ ဘီ (နွမ်းနယ်ခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အသည်းရောင်အသားဝါ အေ (Hepatitis A) ထက် ပြင်းထန်သည်။

💥အိတ်ချ်အိုင်ဗွီ (HIV) (တိကျသော ရောဂါလက္ခဏာ မရှိပါ။ လိင်ဆက်ဆံခြင်း၊ သွေး၊ မိခင်နို့တိုက်ကျွေးခြင်းတို့မှ ကူးစက်နိုင်သည်)

💥 လိင်အင်္ဂါကြွက်နို့ (Ge***al warts) (လိင်အင်္ဂါတစ်ဝိုက်တွင်ဖြစ်ပြီး ဂေါ်ဖီပန်းပွင့်နှင့် သဏ္ဌာန်တူသည်)တို့ ဖြစ်ပါတယ်။

30/11/2023

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးပြောင်းလဲမှုများ (အပျိုဖော်၊လူပျိုဖော် ဝင်ခြင်း) ☺️

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုတာကတော့ အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်း လူတိုင်းဖြတ်သန်းကြရမယ့် ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တချို့က ၉ နှစ်အရွယ်မှာ စတင်လေ့ရှိပြီး တချို့မှာတော့ ၁၅/၁၆ နှစ်ခန့်အရွယ်အထိ နောက်ကျလေ့ရှိပါတယ်။ ပြောင်းလဲမှုနှုန်းတွေကလည်း တစ်ဦးနဲ့တစ်ဦး ကွာခြားတတ်ပါတယ်။ အဲ့ဒီလိုမျိုး မတူညီခြင်း၊ ကွာခြားခြင်းတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဟာလည်း သိသိသာသာဖြစ်ပေါ်လာပါတယ်။

ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုအဆင့်တစ်ဆင့်ကို ရောက်တဲ့အခါ ဦးနှောက်ရဲ့အခြေမှာရှိတဲ့ လိင်နှင့်ပတ်သက်တဲ့ အကျိတ်တွေက ဟော်မုန်းတွေထုတ်လုပ်ဖို့ နှိုးဆော်ပါတယ်။ အဲ့ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ကြီးထွားဖွံ့ဖြိုးစေပြီး အရွယ်ရောက်တဲ့ ပြောင်းလဲမှုများဖြစ်ပေါ်ဖို့ ထပ်ဆင့်နှိုးဆော်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြောင်းလဲမှုများအနေနဲ့ကတော့....

ယောက်ျားလေးတွင်ဖြစ်သော ဖွံ့ဖြိုးပြောင်းလဲမှုများ

- အသံနက်ရှိုင်းလာခြင်း (အသံဩလာခြင်း)

- ဝက်ခြံပေါက်ခြင်း

- ခန္ဓာကိုယ်အနံ့ပြောင်းလဲလာခြင်း

- ခန္ဓာကိုယ် လျင်မြန်စွာကြီးထွားလာခြင်း၊ အရပ်ရှည်လာခြင်း

- ကိုယ်ခန္ဓာ (ဂျိုင်းနှင့် ဆီးခုံ၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်၊ ပါးသိုင်းမွေး) အမွေးအမှင်များ ပေါက်လာခြင်း

- ပခုံးပြင်ကျယ်လာခြင်း

- ဝှေးစေ့နှင့်လိင်တံအရွယ်အစား ကြီးလာခြင်း

- ဝှေးစေ့မှ သုက်ပိုးထုတ်နိုင်ခြင်းနှင့်အတူ သုက်ရည်ထွက်လာခြင်း

မိန်းကလေးတွင်ဖြစ်သောဖွံ့ဖြိုးပြောင်းလဲမှုများ

- အသံသာယာလာခြင်း

- ဝက်ခြံပေါက်ခြင်း

- ခန္ဓာကိုယ်အနံ့ပြောင်းလဲလာခြင်း

- ခန္ဓာကိုယ်လျင်မြန်စွာကြီးထွားလာခြင်း၊ အရပ်ရှည်လာခြင်း

- ဂျိုင်းနှင့်ဆီးခုံတွင် အမွေးအမှင်များပေါက်လာခြင်း

- ရင်သားကြီးထွားလာခြင်း၊ တင်ကားလာခြင်း

- သားအိမ်နှင့်မွေးလမ်းကြောင်းအရွယ်အစားကြီးထွားလာခြင်း

- သားဥအိမ်အတွင်းမှသားဥများအရွယ်ရောက်လာခြင်း နှင့် ရာသီသွေးပေါ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြောင်းလဲမှုများအနေနဲ့ကတော့....

ကျား 👱‍♂️
- လိင်မှုဆိုင်ရာဆွဲဆောင်မှုအပေါ်စိတ်ဝင်စားလာခြင်း

- အချစ်မေတ္တာကိုခံစားတတ်လာခြင်း

- လွတ်လပ်လိုသောစိတ်များတိုးပွားလာခြင်း

မ 👩‍🦰
- မိမိကိုယ်ကိုဂရုစိုက်ခြင်း

- ကိုယ်ပိုင်ယုံကြည်မှုအပေါ်အခြေခံ၍ပြောင်းလဲခြင်း

- စူးစမ်းလိုစိတ်နှင့်အတူ လက်တည့်စမ်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။

30/11/2023

သတိမပြုမိဘဲ ခွဲခြားခံနေရတဲ့ ကျား၊မ ခွဲခြားမှုများ 😟

💥 နေ့စဉ်ဘဝထဲမှာ သတိမပြုမိဘဲနဲ့ကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ တချို့ အခြေအနေတွေမှာဆိုရင် ဓလေ့ တစ်ခုလိုဖြစ်ပြီးတော့ ခွဲခြားဆက်ဆံခံနေရတဲ့သူကိုယ်တိုင်က ဒီလိုမျိုးကို ကြည်ကြည်ဖြူဖြူ လက်ခံနေတာမျိုးတွေအထိ တွေ့ရတတ်ပါတယ်။ အထူးသဖြင့် ရှေးစဉ်ဆက်က တွေးခေါ်တဲ့ အတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေကြောင့် ခွဲခြားခံရတာမျိုးတွေရှိပါတယ်။ တခြားအခြေအနေ‌ ပုံစံတွေနဲ့ ခွဲခြားခံရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

🔸 အနီးစပ်ဆုံးကြည့်မယ်ဆိုရင် ဥပမာအနေဖြင့်တက္ကသိုလ်ဝင်တန်း စာမေးပွဲက ရမှတ်တွေနဲ့ ကိုယ်စိတ်ဝင်စားမှုရှိတဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အသုံးဝင်မဲ့ တက္ကသိုလ်တွေကို ရွေးချယ်ကြတဲ့အခါမှာလည်း တချို့တက္ကသိုလ်တွေက မိန်းကလေးရမှတ်နဲ့ ယောင်္ကျားလေးရမှတ်ကို ခွဲထားကြတယ်။ ဥပမာအနေဖြင့် ဒီတက္ကသိုလ်တစ်ခုထဲကို ယောင်္ကျားလေးက (၄၈၀) နဲ့ဝင်ခွင့်ရတယ်ဆိုရင် မိန်းကလေးက (၄၉၀)၊ မိန်းကလေးက (၄၈၀) ဆိုရင် ယောင်္ကျားလေးက (၄၉၀) စသဖြင့် ကွဲပြားမှုတွေရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျား၊မ တန်းတူအခွင့်အရေးဆိုတာက ရှိမနေပါဘူး။ ဒါပေမဲ့ ဒီအရာကို အားလုံးက လက်ခံကြတယ်။ ကိုယ်တိုင်ခွဲခြားခံနေရမှန်းမသိ ခွဲခြားမှုကို လက်ခံနေကြတယ်။

🔸နောက်ပြီးလူကြီးတွေကလည်း ငယ်ဘဝ
ကတည်းက ဆုံးမတတ်တာလေးရှိပါသေးတယ်။အိမ်ထောင်ကျတဲ့အခါ အိမ်မှုကိစ္စတွေက အမျိုးသမီးတွေရဲ့ တာဝန်၊ ခင်ပွန်းသည်ရဲ့ ဝေယာဝစ္စ ကိစ္စအဝဝက အမျိုးသမီး တွေရဲ့တာဝန်၊ကလေးရတဲ့အခါ ဒီကလေးရဲ့ ကိစ္စအဝဝက အမျိုးသမီးတွေရဲ့တာဝန် စသဖြင့် ပြောဆိုဆုံးမကြတယ်။ သေချာသုံးသပ်ကြည့်မယ်ဆိုရင် ဒီတာဝန်တွေက အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ အခုလို နောက်ပိုင်းခေတ်တွေမှာ နည်းပါးလာပေမဲ့ ဓလေ့တစ်ခုအနေနဲ့ ဒီလိုမျိုး ပြောဆိုဆုံးမတတ်ကြတဲ့ သူတွေလည်း ရှိနေပါသေးတယ်။ အရင်ခေတ်တွေကဆိုရင် အမျိုးသမီးတွေက အပြင်အလုပ် လုပ်ခွင့်မရှိတာမျိုး၊ ပညာသင်ခွင့်မရှိတာမျိုး အထိ ရှိခဲ့ဖူးပါတယ်။ ဒီလိုအရာက အစဉ်အလာလိုဖြစ်လာပြီးတော့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ စွမ်းရည်တွေကို ထုတ်ပြခွင့်မရတာ၊ အားငယ်တတ်လာတာ၊ အမှီအခိုမရှိဘဲ နေမတတ်တော့တာ စတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။

🔸ဒါ့အပြင် ကလေးငယ် ကောင်လေးတစ်ယောက်က ပြုတ်ကျလို့၊ ဒဏ်ရာရလို့ ငိုတဲ့အခါမှာဆိုရင် တချို့လူကြီးတွေက "ယောင်္ကျားလေးလေ ဘာလို့ငိုတာလဲ" "ယောင်္ကျားလေးက မငိုရဘူး" ဒီလိုစကားမျိုး ပြောတတ်ကြပါတယ်။ ဒီနေရာမှာ ယောင်္ကျားလေး‌ဖြစ်နေလို့ မငိုရဘူးဆိုပြီး တားမြစ်လိုက်တဲ့ အခါမှာ ကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ ခံစားချက်ကို ထုတ်ပြဖို့ တားမြစ်ခံလိုက်ရသလိုပါပဲ။ ယောင်္ကျားလေး ဆိုတာ ရဲရင့်ရမယ်၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်တတ်ရမယ် စသဖြင့် တချို့လူကြီးတွေက ဆုံးမတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ဒီကလေးက လူကြီးဖြစ်လာတဲ့ အခါမှာ သူ့ရဲ့ စိတ်ခံစားချက်တွေကို သေချာ ထုတ်မပြတတ်တော့တာ၊ ခံစားချက်တွေ အမြဲတမ်းမျိုသိပ်ရင်းကနေ ဒေါသကြီးလာတာ စသဖြင့် ဆိုးကျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။

❗💥 ဒီလိုနဲ့ အနီးပတ်ဝန်းကျင်မှာ ကျား၊မ ကွဲပြားမှုနဲ့ ခွဲခြားခံနေရတာတွေ အနည်းအများဆိုသလို တွေ့မြင်နေကြရပါတယ်။ ဒီအရာတွေဟာဆိုရင် ခွဲခြားခံရတဲ့သူကိုယ်တိုင်ကတောင် လက်ခံနေတတ်ကြတာပါ။ ကျွန်မတို့တွေက ဒီအရာတွေကို လက်မခံဘဲ အားလုံးကို တန်းတူညီမျှ ပြောဆိုဆက်ဆံကြရမှာပါ။ ခွဲခြားမှု မရှိတဲ့ လူ့အဖွဲ့အစည်းဟာဆိုရင် ပိုတိုးတက်ပြီးတော့ ပိုပြီးနွေးထွေးပြီး ပျော်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။

စာဖတ်သူအားလုံးလည်း ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🧡


#ကျားမခွဲခြားဆက်ဆံခြင်း

30/11/2023

Sexism ဆိုတာ ဘာလဲ? 💁‍♀️
သင်ရော Sexism လုပ်ခြင်းကိုခံနေရလား? 😟

👉 Sexism ဆိုတာ ကျား၊ မ ဖြစ်တည်မှုပေါ်လိုက်ပြီး ခွဲခြားဆက်ဆံတာ၊ ဘက်လိုက်ဆက်ဆံတာ၊ gender ကိုလိုက်ပြီး လှောင်ပြောင်ပြောဆိုပြီး နှိမ့်ချ ဆက်ဆံတာမျိုးဖြစ်ပါတယ်။

♦️မိန်းကလေးဖြစ်နေလို့ မဖြစ်နိုင်ဘူး။ ယောင်္ကျားလေးဖြစ်နေလို့ အဲ့လိုမလုပ်ရဘူး။ အမျိုးသမီးတစ်ယောက် လမ်းသွားတဲ့အခါ catcall လုပ်ကြတယ်။ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး ဝေဖန်တယ် လှောင်ပြောင် သရော်ကြတယ်။ သတ်မှတ်ချက်တွေ ပေးကြတယ်။

♦️များသောအားဖြင့် ကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ ရင်းရင်းနှီးနှီးတွေ့နေရပါတယ်။ ရှေးအစဉ်အဆက် ကတည်းက လူကြီးတွေ သတ်မှတ်ကျင့်သုံးခဲ့တဲ့ အယူအဆတွေက ဒီနေ့ချိန်ထိ အမြစ်တွယ်နေသေးပါတယ်။

"ယောင်္ကျားဆိုတာ မငိုရဘူး သတ္တိရှိရတယ်" "ယောင်္ကျားလေးဖြစ်ပြီး ဒါလေးတောင် မလုပ်နိုင်ဘူးလား" "မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့ရတယ်" "အိမ်မှုကိစ္စနိုင်နင်းရတယ်" "မိန်းကလေးဆိုတာ သားကိုသခင် လင်ကို ဘုရားလို ပြုမူရတယ်" "မိန်းကလေးတွေလည်း မျက်ရည်လွယ်လိုက်တာ" စသဖြင့် အများကြီးရှိပါတယ်။
ကျွန်မတို့တွေက ယောင်္ကျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လူသားတွေဖြစ်တာကြောင့် ခံစားချက်ရှိကြပါတယ်။ ဝမ်းနည်းလို့ရတယ် ပျော်လို့ရတယ် သန်မာလို့ရတယ် အားနည်းလို့ရပါတယ်။

♦️တကယ်လို့ ကိုယ်က Sexism လုပ်ခြင်းကို ခံမေရတာဆိုရင် ပြောဆိုလာတဲ့ အကြောင်းအရာတွေအပေါ် မထောက်ခံဘဲ ပြန်လည်ချေပလို့ရပါတယ်။ ဒီလို သတ်မှတ်ချက်တွေက ရှေ့ဆက်ဖြစ်လာမဲ့ မျိုးဆက်တွေအပေါ် လက်ဆင့်မကမ်းသင့်တဲ့အရာဖြစ်ပြီးတော့ ကျွန်မတို့ ကိုယ်တိုင်ကလည်း တစ်ဖက်လူအပေါ် Sexism ပြုလုပ်တဲ့သူမျိုး မဖြစ်အောင် နေထိုင်ရပါမယ်လို့ ပြောချင်ပါတယ် 💪🧡

30/11/2023

သိထားသင့်တဲ့ အရေးပေါ် သန္ဓေတားဆေးအကြောင်း💊🚨

📌အရေးပေါ် သန္ဓေတားဆေးကို အကာကွယ်မဲ့ လိင်ဆက်ဆံမှု ပြီးတဲ့အခါမှာ သုံးလေ့ရှိကြပါတယ်။ နေ့စဉ်သောက်နေကြ သန္ဓေတားဆေးကို သောက်ဖို့ မေ့သွားတဲ့အခါမျိုးနဲ့ အဓ္ဓမပြုကျင့်ခံရတဲ့အခါမျိုးမှာလည်း သောက်လို့ရပါတယ်။

📌အရေးပေါ် သန္ဓေတားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃ ရက်အတွင်း သောက်လို့ရပါတယ်။ တချို့ဆေးတွေမှာ ၅ ရက်အတွင်းသောက်လို့ရပေမဲ့ နောက်ကျတဲ့အခါ သန္ဓေတားနိုင်စွမ်းက လျော့ကျသွားတတ်ပါတယ်။ ဆေးရဲ့အာနိသင်က စောရင် စောသလောက် စိတ်ချရပြီးတော့ ၉၅%အထိ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ပါတယ်။ အရေးပေါ် သန္ဓေတားဆေးက ကာကွယ်ဆေးမဟုတ်တဲ့အတွက် ကြိုတင်သောက်ထားလို့မရပါဘူး။ အမြဲတမ်း ခဏခဏလည်း မသောက်သင့်ပါဘူး။

📌အရေးပေါ် သန္ဓေတားဆေးမှာ ၁ လုံးဆေး၊ ၂ လုံးဆေးဆိုပြီး အမျိုးမျိုးရှိပါတယ်။ ၂ လုံးဆေးတွေကို သောက်တဲ့အခါမှာ ၂ လုံးကို တစ်ခါထဲသောက်ရသလို ၁၂ နာရီခြားတစ်ခါ သောက်ရတာမျိုးလည်း ရှိပါတယ်။ အရေးပေါ်တားဆေးသောက်ပြီး နာရီပိုင်းအတွင်း ပြန်အန်တာမျိုးရှိခဲ့ရင်တော့ ထပ်သောက်ဖို့ လိုအပ်ပါတယ်။ HIV၊ တီဘီဆေးတွေ သောက်နေရတဲ့သူ၊ အစာအိမ်ဆေးတွေ စွဲသောက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

📌အရေးပေါ် သန္ဓေတားဆေးက အသက်အန္တရာယ် ရှိတဲ့ထိ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ မူးဝေတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ရင်သားနာတာနဲ့ သွေးဆင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီနေရာမှာ သွေးဆင်းတာဟာ ဘေးထွက်ဆိုးကျိုးကြောင့် သွေးဆင်းတာဖြစ်ပြီး ဓမ္မတာလာတာမဟုတ်ပါဘူး။ ဒီဆေးသောက်တိုင်း ဒီဘေးထွက်ဆိုးကျိုးကို ကျိန်းသေဖြစ်မယ်လို့ မဆိုလိုပါဘူး။ အရေးပေါ် သန္ဓေတားဆေးကို အရေးပေါ်ကလွဲရင် မသုံးသင့်ပါဘူး။ ဟော်မုန်းပါဝင်မှု ပမာဏများတဲ့အတွက် ရေရှည်သုံးစွဲရင်တော့ ရင်သားကင်ဆာလို ရောဂါမျိုးတွေ ဖြစ်လာနိုင်တဲ့အပြင် အသုံးပြုများလာတဲ့အခါမှာတော့ ကလေးမရနိုင်တော့တာမျိုးထိရှိပါတယ်။ ဆေးကို ခဏခဏ သောက်တဲ့အခါ ဆေးရဲ့ အာနိသင်တွေ လျော့နည်းလာနိုင်ပါတယ်။ သတိထားရမှာက သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်သာ ကာကွယ်နိုင်ပြီး လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။

📌ဆေးသောက်ပြီးတဲ့နောက်မှာ ရာသီလာတဲ့အခါ သွေးအရောင်ပြောင်းတာ၊ အနံဆိုးထွက်တာ၊ သွေးတွေ မရပ်ဘဲ ဆင်းတာ၊ ရုတ်တရက် အဖျားဝင်တာ၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံနား နာကျင်တာ၊ လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးစေချင်ပါတယ်ရှင်..🤎



#သားဆက်ခြား

30/11/2023

☑️ အရေးကြီးတဲ့ သားဆက်ခြား ကျန်းမာရေး

သားဆက်ခြားတယ်ဆိုတာ -
▫️ကိုယ်ဝန်မရရှိစေရေးအတွက် ကာကွယ်ဖို့ပြုလုပ်တဲ့အရာပါ။ အထူးသဖြင့် မလိုအပ်တဲ့ မလိုချင်တဲ့ ကိုယ်ဝန်တွေကို မရအောင် ကာကွယ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန် တစ်ခုနဲ့တစ်ခုကြား အချိန်ခြားစေတဲ့အခါမျိုးမှာလည်း မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကိုလည်း အကျိုးပြုစေပါတယ်။ သားဆက်ခြားကျန်းမာရေးအကြောင်းကို သိထားခြင်းအားဖြင့် အိမ်ထောင်ရှင်များ အနေဖြင့်လည်း မိခင်နဲ့ ကလေးကျန်းမာစေရေး၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မဖြစ်လာဖို့နဲ့ လိင်အကြမ်းဖက်ခံရမှုတွေကနေ အရှက်တကွဲ အကျိုးနည်း ဖြစ်စေတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားဆက်ခြားတယ်ဆိုတာကလည်း အရေးကြီးပါတယ်။ သားဆက်ခြားနည်းဆိုတာ အမျိုးသားရော အမျိုးသမီးအတွက်ပါရှိပေမဲ့ အမျိုးသမီးတွေက ပိုပြီးအသုံးပြုကြပါတယ်။

☑️ သားဆက်ခြားတာကို အဓိကအားဖြင့်တော့ နည်းလမ်း ၂ မျိုး ခွဲထားပါတယ်။

▫️ဟော်မုန်း အသုံးပြတဲ့ သားဆက်ခြားနည်းနဲ့
▫️ဟော်မုန်းအသုံးမပြုတဲ့ သားဆက်ခြားနည်းဆိုပြီး ရှိပါတယ်။

☑️ ဟော်မုန်း အသုံးပြုတဲ့ သန္ဓေတားနည်းတွေမှာဆိုရင်
▫️နေ့စဉ်သောက် သန္ဓေတားဆေးကတ်
▫️တစ်လခံ သန္ဓေတားထိုးဆေး
▫️သုံးလခံ သန္ဓေတားထိုးဆေး
▫️အရေးပေါ် သန္ဓေတားဆေး
▫️အရေပြားအောက် သန္ဓေတားပစ္စည်းထည့်ခြင်း ဆိုပြီးရှိပါတယ်။ ဟော်မုန်း အသုံးပြုတဲ့ သားဆက်ခြားနည်းတွေဟာ ရာသီမမှန်စေတာ၊ ဝစေတာ၊ အသားအရေညစ်စေတာ စတာတွေကြောင့် အမျိုးသမီးတစ်ချို့‌က သဘောမကျကြပါဘူး။

☑️ ဟော်မုန်း အသုံးမပြုတဲ့ သန္ဓေတားနည်းတွေကတော့
▫️သားအိမ်တွင်းထည့်ပစ္စည်း
▫️ကွန်ဒုံးအသုံးပြုခြင်း နဲ့ တခြားသော အသုံးပြုလို့ရတဲ့ Diaphragm, Sponge စတဲ့ပစ္စည်းတွေလည်း ရှိပါသေးတယ်။

☑️ သားဆက်ခြားတာတွေကို ဘယ်သူတွေမှာ သုံးသင့်လဲ?
▫️အသက်အရွယ်ကြီးတဲ့ မိခင်တွေမှာ သားဆက်ခြားသ့်ပါတယ်။ အသက်ကြီးတဲ့အတွက် ကျန်းမာရေးကချူချာပြီး မွေးဖွားရ ခက်ခဲတတ်ပါတယ်။ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေလဲ ပိုဖြစ်လာတတ်ပါတယ်။

▫️မိခင်က မကျန်းမာဖြစ်နေတဲ့အချိန်မှာဆိုရင်လည်း သားဆက်ခြားသင့်ပါတယ်။ အဆုတ်၊ နှလုံး စတဲ့ ရောဂါဝေဒနာတွေ ခံစားနေရတယ်ဆိုရင် ကလေးယူတဲ့အခါ မွေးလာတဲ့ ကလေးမှာပါ ရောဂါက မွေးရာပါလာတတ်တာမျိုး၊ ကလေးမွေးရင်း အသက်ပါပေးရတတ်တာမျိုး ရှိနိုင်ပါတယ်။

▫️ပထမကိုယ်ဝန်မှာ ကလေးမွေးဖွားရ ခက်ခဲ့တာ ကလေးမွေးပြီးတာ မကြာသေးတဲ့ မိခင်တွေမှာလည်း သားဆက်ခြားသင့်ပါတယ်။ မွေးဖွားပြီး အချင်းကပ်တာ၊ သွေးလွန်တာ၊ အရေးပေါ်ခွဲစိတ်ရတာ စတာမျိုးဆိုရင် နောက်ထပ်ကလေးယူတဲ့အခါမှာ မိခင်အတွက် အန္တရာယ်များတတ်ပါတယ်။ ကလေးမွေးတာမကြာသေးတဲ့ မိခင်တွေမှာဆိုရင်လည်း ကလေးငယ်ရှိတဲ့အတွက် နို့တိုက်‌နေရတဲ့အခါမှာလည်း သွေးတွေကုန်ဆုံးတာ၊ ကလေးငယ်ကြောင့် အိပ်ရေးပျက်ပြီး အားနည်းတာတွေကြောင့် သားဆက်ခြားတာ ပိုကောင်းပါတယ်။
သားဆက်ခြားကျန်းမာရေးကို သိထားခြင်းဖြင့် ပိုပြီးတော့ save ဖြစ်တာ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို တားဆီးနိုင်တာ၊ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ပိုကောင်းစေတာ စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုရော စိတ်ဓာတ် ရင့်ကျက်မှုပါ မပြည့်ဝသေးတဲ့ ဆယ်ကျော်သက်လေးတွေ အတွက် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သားဆက်ခြားတဲ့ နည်းလမ်းတွေရဲ့ ကောင်းကျိုး ဆိုး‌ကျိုးတွေကိုလည်း မျှဝေပေးသွားမှာမို့လို့ စောင့်မျှော် ဖတ်ရှုပေးစေလိုပါတယ်ရှင်..🤎☺️

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

"ဘေးကင်းတဲ့ ချစ်ခြင်း"  (အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် အသိပညာပေး ဇာတ်လမ်းတို)

Category

Website

Address

Yangon