Beauty by Maing Lay

Hair & Make up artist 💄🌻

Photos from Beauty by Maing Lay's post 26/03/2024

မျက်တောင်တုမတပ်ချင်ဘူး
ရိုးရိုးရှင်းရှင်းပဲလိမ်းပေးပါဆိုတဲ့ မမနဲ့မီးမီးလေးကို လိမ်းပေးဖြစ်တာလေး
MUA💄- Maing Lay (Beauty by Maing Lay)

သတို့သမီး, ဘွဲ့ယူ, အလှူ ,မွေးနေ့ , photoshoot, pre wedding, commercial နှင့် ပွဲတက်မိတ်ကပ်လိမ်းရန် စုံစမ်းလိုပါက Chatbox မှာလာမေးနိုင်သလို အောက်ပါဖုန်းနံပါတ်ကိုလည်း စုံစမ်းနိုင်ပါတယ်ရှင့်။
☎️09793686215

23/03/2024

Eng Song တွေက copyright မိလို့ Myanmar song တွေချည်းထည့်ထားတယ်🥰
Page ကို Like & Follow လေးလဲလုပ်ပေးပါဦးရှင့်😘😘
Self make up သင်တန်းတက်ချင်တဲ့သူတွေ self make up class လဲရှိတယ်နော်😘

Photos from Beauty by Maing Lay's post 13/03/2024

ကိုယ် လိုချင်တာကို မပြောရဲရင်
ကိုယ်မလိုချင်တာတွေ ရလာလိမ့်မယ်☺️
MUA💄 Maing Lay ( Beauty by Maing Lay )
STARRING - Hnin Pwint Thaw

သတို့သမီး, ဘွဲ့ယူ, အလှူ ,မွေးနေ့ , photoshoot, pre wedding, commercial နှင့် ပွဲတက်မိတ်ကပ်လိမ်းရန် စုံစမ်းလိုပါက Chatbox မှာလာမေးနိုင်သလို အောက်ပါဖုန်းနံပါတ်ကိုလည်း စုံစမ်းနိုင်ပါတယ်ရှင့်။
☎️09793686215

12/03/2024

နှစ်အမည်ကား အာသဠနှစ်တည်း။ နှစ်ကိုယ် မဂါးရ်စောင့်၏။ လကိုယ်ငါးစောင့်၏။ ရက်ကိုယ် ကုမ္ဘဏ်ဘီလူးစောင့်၏။ မြေကိုယ် ဒက္ခရက်ဘီလူးစောင့်၏။ ကောင်းကင်ကိုယ် ဣန္ဒသရောနတ်စောင့်၏။ ရေကိုယ်နဂါးစောင့်၏။ မိုးကိုယ် လင်းပိုင်စောင့်၏။ တောကိုယ် ယုန်စောင့်၏။ လူတို့၏ အဓိပတိကား သုခမိန် အခြေလေးခုတို့၏ အဓိပတိကား မဂါရ်း။ ဌက်တို့၏ အဓိပတိကား ဝမ်းဘဲ။ သစ်ပင်တို့၏ အဓိပတိကား ဆူးခေါင်းနက်။ ဝါးတို့၏ အဓိပတိကား တင်းဝါး။ မြက်တို့၏ အဓိပတိကား ပပြားမြက်။ နက္ခတ် ၆ လုံးငုတ်၍ ၇ လုံးပေါ်၏။ မိုးဦးမိုးလယ်ကောင်းအံ့။ မိုးနှောင်းတံ့အံ့။ မိုးအကြိမ် ၆၀ ရွာအံ့။ ရေကြီးအံ့။ မိုးနှောင်းတံ့အံ့။ ကဆုန်လဆန်း မိုးသံကြားအံ့။ နယုန်မှာရွာအံ့။ _____________________________တိုင်းပြည်မင်းကား ရန်သူဟူသမျှအောင်မြင်အံ့။ သားသမီးလုလင်များ ချစ်ခင်သူများနှင့် ကွေကွင်းအံ့။ ပြည်ရွာ မီးလောင်ဖန် များအံ့။ ထိုနှစ်ဖွားသော သားကား ပညာရှိအံ့။ ဤ ကား အတာစက္ခုအလိုတည်း။ ______________________________ (၁၃၈၆ -ခုနှစ်သည် အတာစားသည့်နေ့သည် အင်္ဂါနေ့ဖြစ်ပါသည်)။ ______________________________ - ဘာနုရာဇာအမည်ရှိသော တနင်္ဂနွေဂြိုဟ်မင်းသည် ကြာဝတ်ဆံအဆင်းနှင့်တူသော အဆင်တန်ဆာကိုယ်ဝတ်ဆင်လျှက် နဂါးကိုယ်စီး၍ လက်တဖက်ကမြှား လက်တဖက်က လွှားကိုယ်ကိုင်၍ အရှေ့မြောက်ထောင့်ကသည် အနောက်သို့ဝင်၏။ _______________________________သင်္ကြန်ကျသည့်ရက်မှာ တနင်္ဂနွေနေ့ဖြစ်၏- (သင်္ကြန့်အကျနေ့သည် တနင်္ဂနွေနေ့ဖြစ်ရာ တနင်္ဂနွေသားသမီးတို့သည် အနောက်တောင်ထောင့်အရပ်ရှိ သစ်ပင်ရင်းတွင် ဒန်းညွှန့်အား အခင်းပြု၍ ကံ့ကော်ညွှန့်ကိုယ် လက်နဲ့ကိုင်ဆောင်လျှက် သင်္ကြန်အကြတ်နေ့ တနလ်ာနေ့၌ မြောက်အရပ်သို့ မျက်နှာမူပြီး ရတနာမြတ်သုံးပါး မိဘဆရာသမား နတ်ဒေဝါများအား အရိုအသေပြုလျှက် လိုရာဆုတောင်းပြီးပါက မိမိဦးခေါင်းဆေးမင်္ဂလာအား ပြုကြကုန်၏) _____________________________________ သင်္ကြန်အခါ၌ လူတို့ရှောင်ကြည်အပ်သည့်တရား နတ်တို့သနင်းသိကြားသော်မှ မပြုအပ်သော နှလုံးမသာမယာ ပူဆွေးသောက ကာမတဏှာ သေရည်သေရက် အမျက်ထွက်ကုန် ခိုက်ရန်ဖြစ်ပွား သစ်ပင်ခုတ်ဖြတ် သတ်ဖြတ်ညှင်းဆဲ အရောင်းအဝယ် အလဲအလှယ် မပြုကျင့်ရာ သင်္ကြန်အခါ ရှောင်ရန် အမှုတည်း။- __________________________________________________________ တနင်္ဂနွေနေ့သားသမီးများ- ဤနှစ်၌ စဉ်းစားတွေးခေါ်လွန်း၍ အလုပ်အကိုင် ငွေကြေးကိစ္စများလွဲချော်တက်၏ အချစ်ရေးမျက်နှာများ၍ အိမ်ထောင်သည်ဘဝရှုပ်ထွေးမှုကြုံရအံ့။ လုပ်ငန်းသစ်အတွက်စတင်သူများအဖို့ နှောင့်နှေးကြန့်ကြာမှုများ ရည်ရွယ်ချက်ပြောင်းလဲမူများကြုံတွေ့ရအံ့။ရွှေစုဆောင်းခြင်းမှ အကျိုးအမြတ်များစွာရအံ့။ ကျန်းမာရေးအတွက် ကြွက်သားအားနည်းခြင်း သည်းခြေ လေးဖက်နာ စသည့်ရောဂါများခံစားရအံ့။ ယတြာ- တနဂ်နွေနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် အုန်းညွှန့် ၆ ညွှန့် အိမ်ဘုရားတွင်ကပ်လှူပြီး လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- (၂ ၉ ၀) _____________________________ -တနလာင်္နေ့သားသမီးများ- ဤနှစ်တွင်မတူညီသောနယ်ပယ်မှ ထူးခြားသောပညာရပ်များလိုက်စား၍ မင်းမူထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအရွှေ့နှင့် အိမ်ခြံမြေအသစ်များကြုံတွေ့ရအံ့။ ခြေထောက်နှင့်ညာလက်မောင်းတို့ မတော်တဆထိခိုက်နိုင်အံ့။ နည်းပညာ အိမ်တွင်းစက်မှု အလှအပဆိုင်ရာများရင်းနှီးမြှပ်နှံမှု အကျိုးအမြတ်များအံ့။ အချစ်ရေးတည်ငြိမ်မှုကာလဖြစ်ပြီး အများအချစ်ခံရပြီး ချစ်သူထားရန်ဝန်လေးနိုင်အံ့။ ကျန်းမာရေး အမြင်အာရုံ အသံရောဂါ အားနည်း ဝေဒနာခံစားရနိုင်အံ့။ ယတြာ- တနလာင်္နေ့ ၉ နာရီ ၃၆ မိနစ်တွင် ဒန်းညွှန့် ၇ ညွှန့် အိမ်ဘုရားတွင်ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- ( ၃ ၇ ၈) _____________________________အင်္ဂါနေ့သားသမီး- ဤနှစ်တွင် သြဇာရှိသူ သူကြွယ်တို့၏ ယုံကြည်မှုကိုယ်ရရှိတက်ပြီး လုပ်ငန်းချဲ့ထွင်လာနိုင်အံ့။ စိတ်တည်ငြိမ်မှုအားကောင်းစေရန် အထူးကြိုးစားရမည့်ကာလဆိုမမှားပေ။ စိတ်ခွန်အားကြီးသလို ဒေါသကိုယ်လည်း ထိန်းသိမ်းရမည်။ မိသားစုနှင့်ခဏတာခွဲရပြီး လုပ်ငန်းကိစ္စနှင့်အများအကျိုးပြုလုပ်ငန်းများ ပါဝင်ရအံ့။ အချစ်ရေးကိုယ် ရတာမလို လိုတာမရ ဗျာများရခြင်း အိမ်ထောင်ရေး၌ အထူးချစ်ခင်စုံမက်ခြင်းခံရသောနှစ်ဖြစ်သည်။ ကျန်းမာရေးတွင် ဆီးနှင့်ပတ်သတ်သော အာရုံကြောအားနည်းသော ရောဂါများခံစားရအံ့။ ငွေကြေး ခြံ ကား ဋ္ဌားရမ်းခြင်းကိုယ် အထူးရှောင်ကြည်ပါ။ ယတြာ- အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ တွင် ရွက်လှ ၄ ညွှန့် အိမ်ဘုရားတွင် ကပ်လှူ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- ( ၂ ၄ ၁)_____________________________ဗုဒ္ဓဟူးသားသမီးများ- ဤနှစ်တွင် စွန့်စားလုပ်ကိုင်ရသောအလုပ်များနှင့် စနေနံ ပါသူများနှင့်တွဲဖက်လုပ်ကိုင်ခြင်းအကျိုးပေးအံ့။စက်တပ်ယာဉ်အမျိုးမျိုးရောင်းဝယ်ခြင်းမှ အမြတ်ရနိုင်သလို အကျိုးဆောင်လုပ်ငန်းများအဆင်ပြေနိုင်သည်။ အချစ်ရေးတွင် လေးနက်သောသဘောရှိကာ အိမ်ထောင်ရေး သာယာမှုရှိပြီး ထူးချွန်ထက်မြက်သော ယောကျာ်း မိန်းမများတို့နှင့်ဆုံတွေ့တက်၏။ ကျန်းမာရေး၌ သွေးတိုး အရိုးချဉ်ဆီအားနည်းခြင်း ဂေါက်ရောဂါဝေဒနာတို့ ခံစားရအံ့။ ယတြာ- ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်၌ ဝါးညွှန့် ၄ ညွှန့် အိမ်ဘုရားတွင်ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း( ၃ ၁ ၀)-__________________________ရာဟုသားသမီးများ- ဤနှစ်တွင်အများအကျိုးပြုလုပ်ငန်းများလုပ်ကိုင်၍ မိတ်ဆွေများအလည်၌ သတင်းကောင်းများကြားရအံ့။ အလုပ်ကိစ္စများ၌ မထင်မှတ်ပဲအပြောင်းအရွှေ့ရှိသည်။ ဆွေမျိုးတို့၏ သတင်းဆိုးအားကြားရအံ့။ ပညာရေးနှင့်ပတ်သတ်၍ ဆုတံဆိပ်များ ဖြေဆိုနိုင်သော အောင်မြင်သောရလာဘ်ကောင်းများရှိအံ့။ သားသမီးရတနာများရရှိတက်ပြီး သားသမီးများအတွက် ဂုဏ်ယူရသောအချိန်ဖြစ်လတံ္တ။ အချစ်ရေးမှာကံခေနိုင်ပြီး လင်မယားများ မကြာခဏစကားများတက်၏ အဝေးရောက်အိမ်ထောင်ဘက်အတွက် စိတ်ပူပန်ရတာမျိုးကြုံအံ့။ ကျန်းမာရေး၌ ခါးအောက်ပိုင်းဝေဒနာ ဆီးလမ်းကြောင်းပိုးဝင်သောရောဂါခံစားရအံ့။ ယတြာ- ဗုဒ္ဓဟူးနေ့နံနက် ၁၀နာရီ၃၆ မိနစ်တွင် ရေ ၈ ခွက် အိမ်ဘုရား၌လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း- (၃ ၈ ၀ )---_______________________________________________________ကြာသာပတေးသားသမီးများ- ဤနှစ်တွင် ပညာ၏အထောက်အပံ့ ဥာဏ်ရည်ကိုယ် မှီတင်းလုပ်ကိုင်၍ ရင်းနှီးမြှပ်နှံမှုတို့၏ အကျိုးရလာဒ်များပြီး အလုပ်သမားတို့၏ ကူညီပံ့ပိုးမှုဖြင့် အောင်မြင်မှုရရှိနိုင်အံ့။ ဘာသာရေးစိုက်ထုတ်မှုအားကောင်းလာသလို အလှုအတန်းတို့နှင့် မပျက်ရှိနေတက်သည်။ အကျိုးတူဖက်စပ်လုပ်ငန်းအကျိုးပေးမည်။ မထင်မှတ်ထားသောသူတို့၏ စွပ်စွဲခံရပြီး ဘာသာခြားတို့၏ အကူအညီဖြင့် အဆင်ပြေသွားနိုင်အံ့။ ခရီးသွားရာ၌ အခက်အခဲကြီးငယ်ကြုံတွေ့နိုင်သည်။ ကျန်းမာရေး ဆေးထိုးဆေးစား အစားအသောက်မှားယွင်းဘေးဖြစ်နိုင်အံ့။ အိမ်ခြံမြေ အဆောက်အဦးရောင်းဝယ်မှု အကျိုးရလာဒ်နည်းအံ့။ အချစ်သစ်တွေ့မယ် အိမ်ထောင်ရေးသုခခံစားရမည်။ ဇနီး ယောကျာ်း ကျန်းမာရေးအနည်းငယ်ညံ့အံ့။ မိခင်နှင့်ပတ်သတ်၍ စိတ်ညစ်ရအံ့။ ယတြာ- ကြာသာပတေးနံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မေမြို့ပန်း ၁၉ ပွင့် အိမ်ဘုရားတွင်လှု၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း (၇ ၄ ၁)--_______________________________________________________-သောကြာနေ့သားသမီးများ- ဤနှစ်တွင်ခရီးသွားရင်းဝင်ငွေရှာသောနှစ်(သို့) ဆန္ဒကြောင့်ခရီးသွားရင်း စီးပွားဖြစ်သောနှစ်ဟုဆိုရမည်။ အတွေ့အကြုံနှင့်မှတ်သားဖွယ်ရာကျန်ခဲ့မည်။ နေရာအပြောင်းအလဲ ရာထူးတိုးရန်ရှိသည်။ အံဝင်ခွင်ကျမဖြစ်သော ဝင်ငွေကြောင့် စကားများရခြင်းနှင့် ကိစ္စဟောင်းတို့အပေါ် ငြင်းခုံနေရခြင်းကြောင့် ဆွေမျိုးများကြား မျက်နှာမရပဲရှိအံ့။ လောကစည်းစိမ်ခံစားလွန်းပြီး အမှောင်ဘက်မရောက်အောင်အထူးဂရုစိုက်သင့်သည်။ စာမေးပွဲအလုပ်အင်တာဗျူးများမမျှော်လင့်ပဲကျဆုံးရတက်သည်။ ကျန်းမာရေး၌ သွားနှင့်ခံတွင်း သွေးနှင့်ဆိုင်သောရောဂါများခံစားရတက်သည်။ ယတြာ- သောကြာနေ့နံနက် ၁၀နာရီ ၁၁ အချိန် ဒန်းညွှန့် ၇ ညွှန့် အိမ်ဘုရားတွင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ ( ၅ ၈ ၄ )_________________________________________________________စနေနေ့သားသမီးများ- ဤနှစ်သည်လုပ်ငန်းအကျပ်အတည်းအတိုက်အခံများ၍ အဆိပ်ရှိသောလက်နက်ပစ္စည်းတို့ကြောင့်ဘေးသင့်တက်သည်။ ထီပေါက်ခြင်း (သို့)ငွေအလုံးအရင်းနှင့်ဝင်တက်၍ သတိကြီးစွာစီမံမှသာ အလေအလွင့်မရှိ ထိန်းသိမ်းနိုင်မည်။ ကျန်းမာရေးတွင် ရင်ခေါင်းနှင့်အရေပြားနှင့်ဆိုင်ရာများခံစားရတက်သည်။ယတြာ- စနေနေ့နံနက် ၁၁နာရီ ၄၅အချိန် အုန်းညွှန့် ၆ ညွှန့် အိမ်ဘုရားတွင်ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်း-( ၃ ၈ ၀ )_____________________________________________________________________________________ . 🙏🙏🙏ဆရာကြီးဦးမင်းသိန်း 🙏🙏🙏 ဆရာကြီးစောထွန်းအောင်တို့အားဦးထိပ်ထားလျှက် သင်္ကြန်စာအားမျှဝေပါသည် ______________________________နဝင်းမောင်(ဂမ္ဘီရလောကီပညာ) 5-3-2024

11/03/2024

မောင်ရေ သွားကြစို့ 👫🚗

08/03/2024

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#မူရင်း‌ေရးသားသူအားလေးစားစွာဖြင့် .....ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

20/02/2024

Skin care ရင်း ပျင်းလို့ လျှောက်ရိုက်ထားတာလေး🤍

05/02/2024

မိုင်လေး Make up 💄ပြင်ဆင်ပေးဖြစ်တဲ့ MTVလေး
အရမ်းလှနေလို့ ကျေနပ်တယ်မီးလေးရေ🤍❤️

24/10/2023

🙏မင်္ဂလာပါရှင်🙏

မိုင်လေးရဲ့ “makeup studio room လေးမှ”ကြိုဆိုပါတယ်ရှင်🥰
မိုင်လေးရဲ့ ချစ်သော customers များလည်း makeup studio မှာလာပြင်လို့လည်းရပါပြီနော်, outdoor လည်း လိုက်ပြင်ပေးပါတယ်နော် 💛
မိုင်လေးရဲ့ “self makeup class batch-1 “ကို လာမယ့်(စနေနေ့ 28.oct )နေ့မှာစတင်သင်ကြားပေးမှာဖြစ်ပါတယ်❤ self makeup class လေးကိုတော့ “မိုင်လေး နဲ့ မြတ် “သူငယ်ချင်း၂ယောက်က စနစ်တကျသင်ကြားပေးမှာဖြစ်တဲ့အတွက် သင်ကြားမှု အပိုင်းမှာလည်းလိုအပ်ချက်တွေရှိမှာ စိတ်ပူစရာမလိုပါဘူးနော်, အပတ်စဥ် စနေ, တနင်္ဂနွေ ၂ရက် သင်ကြားမှာ ဖြစ်ပြီး, သင်တန်းကာလ ၄ရက် ၂ပတ် ဖြစ်ပါတယ် 💖, အချိန်ကတော့ ၁ရက်ကို ၃နာရီ ဖြစ်ပါတယ်နော်💜, private class အနေနဲ့ တစ်ဦးထဲ သီးသန့် သင်ကြားချင်မှုလေးလည်း အချိန် ညှိနှိုင်းပေးတဲ့အတွက် cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်💙, သင်တန်းကာလပြီးမြောက်သွားလို့ သိချင်တဲ့လိုအပ်ချက်များရှိရင်လည်း အချိန်မရွေး မေးမြန်းခွင့်ပြုထားပါတယ်နော်🤍, လူဦးရေအကန့်အသတ်ရှိပါတယ်ရှင့် , အခုက စပြီး ကြိုတင် စာရင်းပေးထားလို့ ရပါပြီရှင့်, studio မှာ လာသင်မယ့် သင်တန်သားများအတွက် makeup ပစ္စည်း ယူလာစရာမလိုပါဘူးနော်🌷,
Self makeup class မှာ သင်ပေးမယ့် look ၄မျိုးရှိပါတယ်နော် 😇😍
Skincare step ကို သေချာရှင်းပြပေးမှာဖြစ်ပြီး ကိုယ့် skin types နဲ့ အညီ ရွေးချယ်တတ်အောင် သင်ကြားပြသပေးပါမယ်နော်🥰🥰

- Natural glow look 🌺
- Daily makeup look 🥀
- douyin makeup look 🍁(korean)
- ပွဲတက် makeup look 🌻 တွေ ပါဝင်မှာဖြစ်ပြီး cosmetics ကိုလည်း ရွေးချယ် အသုံးပြုတတ်အောင် အစအဆုံးသင်ပြပေးမှာ ဖြစ်ပါတယ်
Class fees လေးကတော့ ၄ရက်စာကို ၁သိန်း ဖြစ်ပါတယ်နော်🌺
မိုင်လေးရဲ့ 1st class အနေနဲ့ Early bird 🐦 လေး ၃ယောက်ကို 30% promotion ပေးမှာဖြစ်ပါတယ်🍀 သင်တန်း ကိစ္စ အသေးစိတ်မေးမြန်းရန်အတွက် cb [or] ☎️09793686215ကို ဆက်သွယ်မေးမြန်းလို့ ရပါတယ်ရှင့် 🥳⚘️🍂🦋
Address-A-3, အမှတ် ၅၅၉, ဇောတိကလမ်း နှင့် သုမနလမ်းထောင့် , ၁၆/၁ရပ်ကွက် , သင်္ဃန်းကျွန်း, ရတနာလမ်း ပြည်သာယာလမ်းက ဝင်လို့ရပါတယ် (ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰)

26/09/2023

ပူလို့ ဟိုနားဒီနား လမ်းဆင်းလျှောက်တာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဝါသနာပါတဲ့အလုပ်မို့ အရမ်းရူးသွပ်တယ်💄
အဆုံးသတ်မှာ မင်းကို တွေ့နိုင်ဖို့ ဘယ်ရထားတွေအား ငါတားစီးမလဲ
မောင်ရေ သွားကြစို့ 👫🚗#minbutrip#shortvideo
ပျင်းလို့ skin care ရင်း လျှောက်ရိုက်ထားတာလေး🤍
မိုင်လေး Make up 💄ပြင်ဆင်ပေးဖြစ်တဲ့ MTVလေး   အရမ်းလှနေလို့ ကျေနပ်တယ်မီးလေးရေ🤍❤️
ပူလို့ ဟိုနားဒီနား လမ်းဆင်းလျှောက်တာ
နဂါးပြဿနာ🤭Video Credit
ဟိန်းဝေယံရဲ့ ချစ်သူရဲ့ နာမည်က အင်္ဂါနေ့နံနဲ့ စတယ်ဆိုပြီးပြောပြသွားတာ အဲ့တာ တခြားသူမဟုတ်ပါဘူး ကျမပါ😉#videoCrd(စိန်နန်းတော...
အသက်တစ်ချောင်းတန်ဖိုးထားတဲ့နိုင်ငံမှာဆိုရင်ကြောင်ဖြစ်ရင်တောင် ကံကောင်းတယ်❤️#Video Crd
မင်္ဂလာဆွမ်းကျွေးပြင်ဆင်မှုလေး❤️MUA💄 Beauty By Maing Layမင်္ဂလာပွဲ/အလှူပွဲ/Photo shoot တွေbirthday တွေ ပွဲတက်တွေမှာ မိုင...
Barbie ရုပ်လေးနဲ့တူအောင် ကြိုးစားပြီး ပြင်ပြထားပါတယ်ရှင့် Barbie ရုပ်နဲ့မတူလဲ ဇွတ်တူပါတယ်ဆိုပြီးပဲ ကြည့်ပေးလိုက်နော် ဟီး...
Beauty Diary Interview ရိုက်ကူးရေးမှာ ပါဝင်ဖြစ်ခဲ့တာလေး😘❤️#beautybymainglay

Category

Website

Address

Yangon

Other Make-up artists in Yangon (show all)
Beauty by Pan Khi Beauty by Pan Khi
Yangon

Freelance for Beauty

Onyx Trend collection Onyx Trend collection
Yangon

Clothing & skincare product

Make-Up Artist Moe Make-Up Artist Moe
No. 25 A , First Floor, Bo Gyoke Street, Dawbon Township
Yangon

29 shampoo Yangon လက်လီလက်ကား 29 shampoo Yangon လက်လီလက်ကား
Yangon, 111111

တလျော်ကင်မွန်းခေါင်းလျော်ရည်

Ju Ju-Make Up Ju Ju-Make Up
Bosonpat Street Upper Block Pabaedan
Yangon

Makeup - Ma K Makeup - Ma K
Yangon

Makeup & art by Ma K

SORA Professional Makeup Academy SORA Professional Makeup Academy
San Chaung/Myaung Mya St/No(47)
Yangon, 11111

Make up by Tha Tha Make up by Tha Tha
Yangon

Order me 🙆🏻‍♀️

Km KĂŁvĂŻ..fashion Designer& Professional Makeup Artist Km KĂŁvĂŻ..fashion Designer& Professional Makeup Artist
Botahtaung
Yangon

Makeup & Fashion desinger

SoRa Cosmetic By Life Queen SoRa Cosmetic By Life Queen
U Htun Lin Chan Street, Hledan, Kamaryut Township
Yangon

LifeQueen Cosmetic Agent reseller