ROUTE 63

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROUTE 63, Bar & Grill, No (63), Koeminkoechin Road, Shwe Gone Daing, Bahan, Yangon.

27/03/2020

⛔️Covid-19 ရောဂါကို ကူးစက်ခံနေရတဲ့သူတွေ မြန်မာနိုင်ငံမှာပါ
တွေ့ရှိလာရပြီဖြစ်တဲ့ အတွက် Route 63 Bar က ဝန်ထမ်းတွေနဲ့ လာရောက်အားပေးကြတဲ့ Customers တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး Bar ကို ဒီနေ့ကစလို့ ခေတ္တခဏ ပိတ်ထားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။⛔️

ဒီအတောအတွင်းမှာ တတ်နိုင်သမျှအိမ်အပြင်မထွက်ဘဲ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။ 🥰❤️

ကျွန်တော်တို့ Route 63 Bar ပြန်ဖွင့်ရင်လည်း ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ အထူးပရိုမိုးရှင်းအစီအစဥ်တွေ ယူဆောင်လာခဲ့မှာမို့ အားပေးကြဖို့လည်း မမေ့ကြနဲ့ဦးနော်။ ❤️

06/03/2020

TGIF ဆိုတော့ ဘာလုပ်ကြမှာလဲ?🤔

တစ်ပတ်တာလုံး ပင်ပန်းထားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချပေးဖို့တော့ လိုနေပြီနော်။ 😎

ဘီယာလေးသောက်ရင်း အမြည်းလေးစားရင်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် TGIF ကို ဖြတ်သန်းချင်တယ်ဆိုရင်တော့ Route 63 Bar က စောင့်ကြိုနေပါတယ်။ 🥰

02/03/2020

၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

29/02/2020

ဝက်ဂုတ်သား နူးနူးအိအိလေးကိုမှ ချဥ်စပ် အရသာလေးတွေနဲ့ ပေါင်းစပ်ထားတဲ့ ဝက်ဂုတ်သားကင်သုပ်ကို မြည်းစမ်းကြည့်ချင်တယ်
ဆိုရင်တော့ Route 63 ကို လှမ်းခဲ့ပါ။ 😊

28/02/2020

⛔️Breaking News⛔️

သူငယ်ချင်းတွေကို အရက်မသောက်ဖို့ သတိပေးလိုက်အုံးနော်။ 😝😛

28/02/2020

ရုံးပိတ်ရက် (၃)ရက်တောင် ရတယ်ဆိုတော့ ဘယ်သွားဖို့ စီစဥ်ထားလဲ?

ခရီးမသွားဖြစ်တဲ့ သူတွေက ရန်ကုန်မြို့ထဲ ဘယ်သွားရမှန်းမသိ
ဖြစ်နေလား?🤔

လစာထုတ်ရက်လည်း ဖြစ်တယ်ဆိုတော့ ဒီအချိန်က ဘော်ဒါတွေနဲ့ တွေ့ပြီးပျော်ပါးသင့်ပါတယ်။

စျေးနှုန်းလည်းသင့်တင်ပြီး ဘော်ဒါအပေါင်းအသင်းတွေနဲ့ အတူတူ စိတ်လွတ်လက်လွတ် ပျော်ဖို့အတွက် Bar တစ်ခု ရှာနေတယ်ဆိုရင်တော့ Route 63 Bar ကို လာဖို့ ဖိတ်ခေါ်ပါရစေ။🥰

Bottle Charges ပေးစရာမလိုတဲ့အပြင် တစ်ခြား အထူးပရိုမိုရှင်းတွေလည်း ရှိနေသေးတဲ့အတွက် အပြေးသာ လာခဲ့ပါတော့။

ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့ သူတွေအတွက်ကိုလည်း Bar မှာ Photo Booth လေးတွေ စီစဥ်ပေးထားပါတယ်။ ရိုက်ပြီးရင်တော့ Check In တင်ပေးဖို့ မမေ့နဲ့နော်။🤓

လိပ်စာကတော့ အမှတ် (၆၃)၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ရွေဂုံတိုင်မှတ်တိုင်၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။ Table Reservation အတွက်ကိုတော့ ဖုန်းနံပါတ် 01 8603157 ကို ဆက်သွယ်လိုက်ပါ။ 📞

26/02/2020

Birthday Party, Gathering Party တွေ ကျင်းပဖို့အတွက် နေရာရှာနေပါသလား?

သူငယ်ချင်းတွေ အကုန် ပြန်ဆုံစည်းပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပလို့ရမယ်။

နောက်ပြီး အမှတ်တရ ဓာတ်ပုံအမိုက်စားတွေလည်း ဆိုင်ထဲမှာ ရိုက်လို့ရမယ်။

အစားအသောက်အတွက် စျေးနှုန်းကလည်း သင့်တင့်ရမယ်။ နောက်ပြီး ဝန်ဆောင်မှုကလည်း ကောင်းရမယ်။

သွားလာဖို့အတွက်လည်း လွယ်ကူရမယ်။

ဒါက ဘယ်နေရာလည်းဆိုရင်တော့ Route 63 Bar ပဲ ဖြစ်ပါတယ်။

Bar ရဲ့ ဖွဲ့စည်းပုံအရ ဝရန်တာမှာပါ အေးအေးဆေးဆေးထိုင်ပြီး Chill လို့ ရတဲ့ အပြင် ဆိုင်အတွင်းနဲ့ အပြင်မှာပါ အမိုက်စားပုံတွေ ရိုက်လို့ရအောင် Photo Booth လေးတွေ ဖန်တီးပေးထားတဲ့အတွက် ဓာတ်ပုံရိုက်စရာနေရာမရှိမှာတော့ မပူပါနဲ့နော်။

ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်စရာ အမှတ်တရတွေကို ဖန်တီးဖို့ Route 63 ကို လှမ်းလာခဲ့ပါ။

21/02/2020

Bar ရောက်တိုင်း Jägermeister ကိုမှ အသည်းစွဲဆိုတဲ့သူတွေ အတွက်

Route 63 မှာ Shot အလိုက်လည်း သောက်လို့ရသလို ဘော်ဒါတွေစုလာတယ်ဆိုရင် ပုလင်းလိုက်လည်း မှာယူလို့ရပါတယ်ခင်ဗျာ။

စျေးနှုန်းကလည်း Jägermeister 1 shot ကိုမှ (၂၀၀၀) ပဲရှိပြီးတော့ 1 Liter ပုလင်းကို (၃၀၀၀၀)ကျပ် ဆိုတော့ တန်မှတန်ပဲနော်။ 😎

အပြင်က ပုလင်းယူလာမယ်ဆိုရင်လည်း Bottle Charges ကို လုံးဝပေးစရာမလိုတဲ့အတွက် အခုပဲ အပြေးလာသင့်နေပါပြီ။ 🏃‍♀️🏃‍♂️

Jägermeister ကို ကျွဲရိုင်းတို့ Shark တို့ ရောပြီး Jager Bomb လုပ်သောက်ရင်တော့ အကြိုက်ပဲပေါ့။ မနက်ပြန်နိုးလာရင်လည်း ခေါင်းကိုက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။

ကဲ ဆေးဖက်ဝင်အရက်ချို အမျိုးအစား တစ်မျိုးဖြစ်တဲ့ Jägermeister ကို အတူတူသောက်မယ့် ဘော်ဒါအပေါင်းအသင်းတွေကိုလည်း Mention ခေါ်လိုက်ပါဦး။ 🙄

20/02/2020

ဖေဖော်ဝါရီလကုန်တဲ့အထိ Route 63 မှာ Buy 2 Get 1 Beer Promotion ရှိနေပါတယ်။

Beer Promotion ရှိတာကတော့ ဟုတ်ပါပြီ။ အမြည်းတွေကကော? 🤔

👉အမြည်းတင်မကပါဘူး Cocktail စုံစုံလင်လင်ကိုပါ စျေးနှုန်းအသင့်အတင့်နဲ့ ရနိုင်ပါတယ်။

သွားလာရတာကော လွယ်ကူရဲ့လား? 🤔

👉Route 63 က အမှတ် (၆၃)၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ရွေဂုံတိုင်မှတ်တိုင်အနီးမှာ ရှိတာမို့လို့ သွားလာရအဆင်ပြေပါတယ်နော်။

ဘော်ဒါတွေနဲ့ ဆုံဖို့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ Date ဖို့ပဲ ဖြစ်ဖြစ် ရန်ကုန်မြို့ထဲမှာ အေးဆေးပြီး Chill လို့ရတဲ့ Bar ရှာနေရင်တော့ Route 63 ကို လှမ်းလာခဲ့ပါ။ 🥰

16/02/2020

‘’နောက်ဘယ်တော့မှ ထပ်မသောက်တော့ဘူး’’ 🥺
‘’ဒီလောက်ဆိုးမယ်မှန်းသိရင် ညက မသောက်ခဲ့ပါဘူး’’ 😩

ဒီလိုစကားတွေကိုတော့ အပေါင်းအသင်းတွေနဲ့ဆုံလို့ သောက်ကြစားကြရင်း ကိုယ့်ရဲ့ ရေချိန်ကျော်သွားပြီး မနက်ပြန်နိုးလာတဲ့အခါ ကိုယ်လက်တွေကိုက်ခဲနေတာကို ခံစားနေရတုန်း ငြီးငြူပြောဆို ကြဖူးမယ်ထင်ပါတယ်။ Hangover က ရောဂါတစ်မျိုးမဟုတ်ပေမယ့်လည်း အဲ့ဒီ့အချိန်မှာ ခံစားနေရတာတွေကို အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်းတွေကို Route 63 က မျှဝေပေးလိုက်ပါတယ်။ 🤓

(၁) ရေများများသောက်ပါ။
ညဘက်မှာ အမူးသောက်ပြီး မနက်နိုးလာတာနဲ့ ခေါင်းတွေကိုက်ပြီး ကိုယ်လက်တွေကိုက်ခဲနေတာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီအချိန်မှာ ပထမဆုံးလုပ်ရမှာကတော့ ရေများများဝအောင်သောက်ပေးပါ။ ကိုယ်က ရေထသောက်ရမှာ ပျင်းတတ်သူဆိုရင်တော့ Night Out မသွားခင်ထဲက ရေဗူးထဲမှာ ရေအပြည့်ဖြည့်ပြီး အိပ်ရာဘေးမှာ ထားထားသင့်ပါတယ်နော်။

(၂) မနက်စာကောင်းကောင်းစားပါ။
မနက်စာကောင်းကောင်းစားပေးတာက ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဒီနည်းလမ်းက Hangover ကို သက်သာစေမယ့် နည်းလမ်းတွေထဲက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ မနက်စား စားပြီးတာနဲ့ Black Coffee ထဲကို သံပုရာရည် အနည်းငယ် ညှစ်ပြီး သောက်ပေးမယ်ဆိုရင်တော့ ပိုပြီး မြန်မြန်သက်သာစေပါတယ်။Vitamin C ပြည့်ဝပြီး အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊စပျစ်သီး၊ အုန်းရည် စတာတွေကို သောက်ပေးတာကလည်း ခန္ဓာကိုယ်ကို တဖန် ပြန်လည် လန်းဆန်းစေဖို့ အထောက်အကူပြုပေးပါတယ်။

(၃) အိပ်ရေးဝအောင်အိပ်ပြီး အနားယူပါ။
Hangover ဖြစ်ပြီဆိုတာနဲ့ တတ်နိုင်သလောက် အိပ်ရေးဝအောင် တစ်ရေးလောက် ပြန်အိပ်သင့်ပါတယ်။ ဒီနေရာမှာ သတိထားသင့်တာက သူငယ်ချင်းတွေနဲ့ တွေ့ပြီး အမူးသောက်ဖို့စဥ်းစားထားရင် သောကြာနေ့နဲ့ စနေလိုညမျိုး နောက်နေ့ ရုံးတက်စရာမလိုတဲ့ ရက်တွေကို ရွေးပြီး ချိန်းသင့်ပါတယ်။ ဒါမှ Hangover ဖြစ်တဲ့အခါ အလုပ်ကိစ္စတွေကို မေ့ထားပြီး အိပ်ရေးဝဝ အိပ်လို့ ရမှာမို့လို့ပါ။ တကယ်လို့များ ရုံးတက်ရက်တွေ ဆုံဖြစ်ရင်တော့ ကိုယ့်ရဲ့ ရေချိန်ကို ကျော်မသွားအောင် ဂရုစိုက်ဖို့ Route 63 က အကြံပေးချင်ပါတယ်။

(၄) ရေချိုးပါ။
အိပ်ရေးဝအောင်အိပ်ပြီး ပြန်နိုးလာရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပြန်လည်လန်းဆန်းသွားအောင် ရေချိူးပေးသင့်ပါတယ်။ ခန္ဓာကိုယ် လန်းဆန်းသွားပြီဆိုရင်တော့ စိတ်ပါကြည်သွားအောင် အိမ်အနီးအနားတစ်ဝိုက်မှာ ပုံမှန်ဖြည်းဖြည်းလေး လမ်းလျောက်ပေးသင့်ပါတယ်။ တကယ်လို့ ကိုယ့်အိမ်နားမှာ လူရှင်းတဲ့ ပန်းခြံမျိုးရှိတယ်ဆိုရင် လေကောင်းလေသန့်ရှုရင်း ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။

ကဲ ဒီနည်းလမ်းတွေကို လိုက်လုပ်ကြည့်ရင်း ခံစားနေရတဲ့ Hangover တွေ သက်သာဖို့ မျှော်လင့်ပါတယ်။ 🥰
ဘယ်လောက်ပဲ Hangover ဖြစ်လို့ မသောက်တော့ဘူးပဲပြောပြော နောက်တစ်ခေါက်ဆုံရင် ပြန်သောက်ဦးမယ့် ဘော်ဒါတွေအတွက်လည်း ဒီနည်းလမ်းလေးတွေကို ထပ်ပြီး လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။😜

12/02/2020

ယနေ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂)ရက်တွင် ကျရောက်သော (၇၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

11/02/2020

ဘော်ဒါတို့ရေ Mojito ရဲ့ အသံထွက်အမှန်က ဘာဖြစ်မလဲ?🤔

အဖြေမှန်ကို ကော်မန့်မှာ ချရေးခဲ့နော်။

10/02/2020

Route 63 Bar ကို လာကြမယ့် ဘော်ဒါတွေအတွက် လမ်းပျောက်လို့မသွားအောင် မြေပုံလေးနဲ့ လမ်းညွှန်ပေးချင်ပါတယ်။ 🥰

ရန်ကုန်မြို့ပြကြီးမှာ ချစ်တဲ့သူနဲ့ တွေဖို့ပဲဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ တွေ့ဖို့ပဲဖြစ်ဖြစ် အေးအေးဆေးဆေး Chill လို့ရမယ့် နေရာရှာနေရင်တော့ Route 63 ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ 🤓

03/02/2020

ဘော်ဒါတို့ရေ Route 63 ကိုရောက်ရင် ဘယ်ဟာကို
အကြိုက်ဆုံးဖြစ်မလဲ? 🤔

React လေးပေးသွားကြပါအုံး။ 🥰

31/01/2020

ရွေဂုံတိုင်နဲ့ အနီးတဝိုက်က ဘော်ဒါတို့ရေ

ဒီနေ့က လစာထုတ်ရက်လည်း ဖြစ် သောကြာနေ့လည်း ဖြစ်တယ်ဆိုတော့ တစ်လတာလုံး ပင်ပန်းတာတွေကို ဖြေဖျောက်ဖို့ အားအင်လေးတွေ လိုနေပြီနော်။😎
January လကုန်တဲ့ထိ Promotion အစီအစဥ်တွေရှိသေးတာမို့လို့ ရုံးဆင်းတာနဲ့ Route 63 ကို လာဖို့ Ready ပဲလား? ✌️

For reservation 01-8603157 📞
Address No(63) , Kominkochin Road, Shwe Gone Daing, Bahan, Yangon.

Photos from ROUTE 63's post 25/01/2020

@

24/01/2020

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးနေ့မှာ အားလုံးပဲ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွေ တိုးပွားကြပါစေလို့ ဆုမွန်ကောင်းပေးအပ်ပါတယ်။

20/01/2020

ဇန်နဝါရီ တစ်လလုံး ဘာ Promotion တွေ ရှိလဲလို့ မေးနေကြတဲ့ ဘော်ဒါတွေအတွက် 💁‍♀️

(၁) Happy Hours ဖြစ်တဲ့ ညနေ(၆) နာရီကနေ (၉) နာရီအတွင်း လာပြီး ဘီယာ(၂)ခွက်မှာယူရင် (၁)ခွက် Free 🍺

(၂) Lady Night Wednesday မှာ Classic Cocktail (၂) ခွက်မှာယူရင် (၁) ခွက် Free 🍸

(၃) နောက်ဆုံးတစ်ခုကတော့ အပြင်ကယူလာတဲ့ ပုလင်းတွေအတွက် အခကြေးငွေ (Bottles Charges) လုံးဝ ကောက်ယူသွားမှာ မဟုတ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ 🥰

ကဲ ဘော်ဒါတွေစုံပြီး လာကြမယ်ဆိုရင်တော့ ရွေဂုံတိုင်က ကိုယ်မင်းကိုယ်ချင်းလမ်း၊ အမှတ် (၆၃) ကိုသာ တန်းလာခဲ့တော့ဗျာ။

Photos from ROUTE 63's post 20/01/2020

16/01/2020

Route 63 မှာ ဇန်နဝါရီလ တစ်လလုံး အပြင်က ယူဆောင်လာတဲ့ပုလင်းတွေအတွက် Bottle Charges လုံးဝ မကောက်ခံပါဘူး။

ကဲ ဒါဆိုရင် ဘာလိုသေးလဲ။ ပုလင်းတွေ ယူလာဖို့တော့ လိုပါတယ်။ 🤓

15/01/2020

လေဒီတို့ရေ ဗုဒ္ဓဟူးနေ့ ဆိုရင် Route 63 မှာ Lady Night ရှိတယ်ဆိုတာ မေ့မထားနဲ့နော်။ 👩

Special Promotion အနေနဲ့ Classic Cocktail (၂)ခွက် မှာယူသူတိုင်းကို (၁)ခွက် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။🍹🍸

လေဒီတွေအတွက်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ 🤓

ဇန်နန်ဝါရီလ တစ်လလုံး ညနေ (၆)နာရီကနေ (၉) နာရီအတွင်းလာတဲ့သူတိုင်းကို ဘီယာ (၂) ခွက်သောက်ရင် (၁)ခွက် free သောက်သုံးနိုင်မယ့် အခွင့်အရေးလည်းရှိနေသေးတာမို့ အချိန်မဆိုင်းဘဲ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ 🤗

Route 63 ရဲ့ လိပ်စာကတော့ အမှတ်( ၆၃)၊ ကိုယ်မင်းကိုယ်ချင်းလမ်း၊ ရွေဂုံတိုင်၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။ 🥰
ဖုန်းနဲ့ Table reservation လုပ်ချင်တယ်ဆိုရင်တော့ 01-8603157 ကို ဆက်သွယ်လို့ရပါတယ်နော်။ 📞

14/01/2020

ဘီယာ သုံးခွက်သောက်ရင် နှစ်ခွက်စာဖိုးပဲရှင်းရမယ့် အထူးအခွင့်အရေး Route 63 မှာ ရနေပါပြီ။ 🤗🍺

Route 63 Bar မှာ ဇန်နဝါရီလ တစ်လလုံး Happy Hours တွေ ဖြစ်တဲ့ ညနေ ၆ နာရီကနေ ၉ နာရီအတွင်း လာတဲ့သူတွေအတွက် Heineken ဘီယာနဲ့ Premium (၂)ခွက် ဝယ်ယူသောက်သုံးရင် ဘီယာ (၁ )ခွက် အခမဲ့ သောက်သုံးခွင့်ရမှာ ဖြစ်ပါတယ်။ 😎

ရန်ကုန်မြို့ရဲ့ ညအလှတွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဖို့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ Date လုပ်ဖို့ပဲ ဖြစ်ဖြစ် အေးအေးငြိမ့်ငြိမ့်လေး စီးမျောလို့ရမယ့် Bar တစ်ခုကို ရှာနေတယ်ဆိုရင်တော့ Route 63 ကို အခုပဲ လာဖို့ ဖိတ်ခေါ်ပါရစေ။

Route 63 ရဲ့ လိပ်စာကတော့ အမှတ်( ၆၃)၊ ကိုယ်မင်းကိုယ်ချင်းလမ်း၊ ရွေဂုံတိုင်၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။ 💁‍♀️

📞လက်မနှေးဘဲ Table Reservation လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 01-8603157 ကို အခုပဲ ဆက်သွယ်လိုက်ပါ။📞

ကိုယ့်ရဲ့ ဘော်ဒါ၊ချစ်ခင်ရတဲ့သူတွေထဲမှာ ဘီယာကြိုက်တဲ့သူတွေရှိရင် အတူတူလာဖို့ မန်းရှင်းခေါ်လိုက်ပါအုံး။ 🥰

Photos from ROUTE 63's post 04/01/2020

လာရောက်ပူးပေါင်းပါဝင်ကူညီခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

04/01/2020

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Photos from ROUTE 63's post 02/01/2020

ပျော်ရွှင်စရာနှစ်သစ် ၂၀၂၀ မှာ ROUTE 63 Bar က အသစ်အသစ်တွေကို ယူဆောင်လာပေးဖို့ အဆင်သင့်ဖြစ်ပါပြီ။ 😎

တနေ့တာ စိတ်ပင်ပန်းမှုတွေကို မေ့ထားပြီး ဘော်ဒါတွေနဲ့ အေးအေးငြိမ့်ငြိမ့်လေး Chill လုပ်ဖို့အတွက် Route 63ကို လာဖို့ ဖိတ်ခေါ်ပါရစေ။ အခုမှ စဖွင့်တာဆိုပေမယ့် Bar တစ်ခုရဲ့ အငွေ့အသက်တွေကို အပြည့်အဝရစေမှာပါ။

ဒီနေ့ညမှာ လာရောက်ကူညီပေးမယ့် Bartender Guest ကတော့
2017 ခုနှစ်မှာ 1st runner up, FABBRI1905, Lady Amarena Cocktail Competition နဲ့ Top 12 Bacardi Legacy Cocktail Competition၊ 2018 ခုနှစ်မှာ Winner of Cointreau Art of the Mix Competition၊ 2019 ခုနှစ်မှာ Top 10 Finalists World Class Cocktail Competition HK & MO စတဲ့ အောင်မြင်မှုတွေ အသီးသီးရရှိထားတဲ့ Ma Hnin Pwint Aye ပဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း Bacardi Legacy Cocktail Competition HK & MO ကို ဝင်ရောက်ယှဥ်ပြိုင်နေပြီး Top 8 အတွင်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကဲ ဒါဆိုရင်Route 63 ကို လာရမယ့် လိပ်စာကကော ?🤔

No.63၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။

Table reservation အတွက်ကိုတော့ ဖုန်းနံပါတ် 01 8603157ကို ဆက်သွယ်နိုင်ပါတယ်။ 📞☎️

သြော် Opening Hours ကိုပြောဖို့ မေ့တော့မလို့ ည ၈ နာရီကနေ ည ၁၁ နာရီအထိနော်။

ကဲ ဘော်ဒါတို့ရေ ရန်ကုန်မြို့မှာ လူမရှုပ်ဘဲ အေးအေးဆေးဆေးလွင့်လို့ရတဲ့ Bar လေး ဖွင့်ပြီဆိုတဲ့အကြောင်း သူငယ်ချင်းတွေကို လက်တို့ပြီး အသိပေးလိုက်ပါဦးနော်။ 😍🍺

Want your establishment to be the top-listed Bar/pub in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No (63), Koeminkoechin Road, Shwe Gone Daing, Bahan
Yangon

Opening Hours

Monday 16:00 - 00:00
Tuesday 16:00 - 00:00
Wednesday 16:00 - 00:00
Thursday 16:00 - 00:00
Friday 16:00 - 00:00
Saturday 16:00 - 00:00
Sunday 16:00 - 00:00

Other Bars & Grills in Yangon (show all)
The Cozy Corner The Cozy Corner
17 (B), 4th Street, W Shwe Gon Daing Road
Yangon

We are dedicated to serving our beloved customers with exquisite dishes that brings joy to both your tummy and your wallet We currently offer walk-ins, takeouts and deliver our d...

SMOKE Grill & Pub - Sayar San SMOKE Grill & Pub - Sayar San
No 53, Sayar San Road , Bahan Tsp
Yangon

YORK - Bar.Bbq.Restaurant YORK - Bar.Bbq.Restaurant
No(20), Yaw Min Gyi Street, Dagon Township
Yangon, 11191

Gekkō Restaurant Yangon Gekkō Restaurant Yangon
41/22, Aung Taw Mu Lane, Golden Valley, Bahan Township
Yangon, 11201

Gekkō: where traditional flavors shine bright like the moon, located @Golden Valley (ရွှေတောင်ကြား)

K**b N’ Knockers Bar & Grill K**b N’ Knockers Bar & Grill
KaBaAye Pagoda Road, Pearl Condo Tower D, Unit G-12
Yangon, 11201

New Restaurant Serving German & Italian Cuisine and Bar!

Beer VIBE - Pyi Thar Yar Beer VIBE - Pyi Thar Yar
No. (15), Corner Of Pyi Thar Yar & Pyi Taw Aye Street, Yankin Township
Yangon, 11081

Your Friendly Neighborhood

Shaki House - ရှက်ကီအိမ် Shaki House - ရှက်ကီအိမ်
Near Parami Bridge
Yangon, 11081

ဘာကြောင့်သောက်သောက်shaki house

The Platform The Platform
No. 10 Ar Thaw Ka Street
Yangon

Restaurant

Beer VIBE Beer VIBE
No. (2), Myay Ni Street, Pyay Road (near Hantharwaddy Roundabout)
Yangon

Beer and Grill

KOKORI BBQ & BAR KOKORI BBQ & BAR
No. 115, 13(quarters, Moe Kaung Road
Yangon

စျေးနူန်းသက်သာပြီး လူမျိုးမရွေးစားသုံးနိုင်မည်ဖြစ်သော BBQ Restaurant ဖြစ်ပါသည်။

Tap House Beer & Grill Tap House Beer & Grill
No. 34, Aung Zeya Road, Yankin
Yangon

Perfect place to grab a beer & authentic collection of grills & foods with Unplugged music performace

The Sixth Sense The Sixth Sense
No. 834, Thudhamma Road, North Okkalapa
Yangon

Chill with sixth sense