Teaching and Learning by Tr.Aye Khaing Su

I promise you every day your child will learn something. Some days they will bring it home in their

Photos from Teaching and Learning by Tr.Aye Khaing Su's post 25/03/2022

မြန်မာစာရော အင်္ဂလိပ်စာပါ မညံ့ရလေအောင် ပျော်ပျော်ကြီးလေ့လာကြဖို့ ဒီအတန်းလေးကို ဖွင့်‌ပြီနော်📣📣📣

အခုဆို အရမ်းကို ပူပြင်းတဲ့ နွေရာသီကို ရောက်‌ နေပြီနော် ဖေဖေမေမေတို့ရေ … ☀️

နေလည်းပူ ရောဂါတွေလည်းထူထပ်နေတဲ့ အပြင်တွေသွားမယ့်အစား သားသားမီးမီးတို့ အတွက်လည်းအကျိုးရှိ ဖေဖေမေမေတို့အတွက်လည်း စိတ်အေးရအောင် မြန်မာစာမှာပျော်၍ အင်္ဂလိပ်စာမှာတော်လာအောင် ခုဖွင့်မဲ့ classကိုသာ လာရောက်အပ်နှံလိုက်ပါနော် 📣📣📣

🤗ဘယ်သူ‌တွေတက်သင့်လဲ

👉လေးတန်းလောက်ကစပြီး အတန်းကြီးထိ
ကိုယ့်ဘာသာ မြန်မာစာ မြန်မာသဒ္ဒါလေးတောင် ညံ့တယ် အပြောမခံချင်သူတွေ တော်ချင်သူတွေ
မြန်မာ စာစီစာကုံးလေးတောင် ချောအောင် မတွေးတတ် မရေးတတ်သူတွေ
👉International languageမို့ အင်္ဂ‌လိပ်လေးကို‌ သဒ္ဒါကျကျ ရေးတတ် ဖတ်တတ် ချင်သူတွေ
👉ပိတ်ရက်လေးမှာ အကျိုးရှိချင်သူတွေ
👉ငွေကုန်သက်သာပြီး နှစ်ဘာသာလုံး အခြေခံရချင်သူတွေ
👉ဒီဆရာမလေးနဲ့မှ သင်ချင်သူတွေ
👉ပျင်းစရာလို့ထင်ထားတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ပျော်ပျော်ပါးပါး လေ့လာချင်သူတွေ တက်သင်တဲ့အတန်းလေးပါနော်

📚ဘာတွေသင်ပေးမှာလဲ

👉မြန်မာသဒ္ဒါ ၊ အင်္ဂလိပ်သဒ္ဒါ အခြေခံများ
👉မြန်မာစာစီစာကုံး၊ essay ရေးနည်း တွေးနည်းများ
👉Oxford summer course စာအုပ်များ

💁ဘယ်လိုသင်မှာလဲ

မပြောပြတော့ဘူး သိချင်လာတက်လိုက်တော့နော်😁

🕰️အချိန်ဘယ်လောက်သင်မှာလဲ

တစ်ပတ် နှစ်ရက်
တစ်ချိန် တစ်နာရီခွဲ
စုစုပေါင်း တစ်ပတ် သုံးနာရီ

📢ဘယ်တော့စမှာလဲ

👉မေလ စမှာပါ

💰တစ်လဘယ်လောက်ကျမှာလဲ

👉Level 1
တစ်လ -တစ်သောင်းခွဲကျပ်တိတိ (၁၅၀၀၀)
👉Level 2 /3
တစ်လ- နှစ်သောင်းကျပ်တိတိ (၂၀၀၀၀)
👉Level 4
တစ်လ- နှစ်သောင်းခွဲကျပ်တိတိ (၂၅၀၀၀)

📅Level တစ်ခု ဘယ်လောက်ကြာအောင်သင်ရမှာလဲ

👉Level တစ်ခု နှစ်လ
👉Level 1/2/3/4ရှိပါတယ်
📣ပထမတစ်ရက် သင်ပြီးမှ level ခွဲပေးပါမည်
Level မခွဲချင်သူများ level 1မှစတက်နိုင်သည်

💁ခုအပ်ရင် ဘာထူးမှာလဲ

ပထမဆုံးလာအပ်သူ ၅ယောက်ကို ဘယ် level မဆို ၁၅၀၀၀နဲ့ level ဘယ်လောက်တိုးတဲ့ထိတက်တက် တစ်လ ၁၅၀၀၀နဲ့လက်ခံပေးမှာပါ

📈အကျိုးရှိတာ တိုးတက်တာ ဘယ်လိုသိနိုင်မလဲ

👉အပတ်စဉ် လေ့ကျင့်လွှာ လုပ်ဆောင်မှုများမှ အမှတ်သတ်မှတ်ပေးပြီး
👉လစဉ် စာမေးပွဲငယ် ကျင်းပပေးပါမည်
မိဘထံ ရလဒ် ပေးသွားမည်ဖြစ်ပါတယ်

🤗ဘယ်သူသင်မှာလဲ

ဆရာမ ဒေါ်အေးခိုင်စု
ရာထူး ဂုဏ်ပုဒ်တွေ အထူးတလည် မထည့်တော့ပါဘူး
သင်ဖူးသူတွေသိမှာပါ
Level တစ်ခုလောက်ပဲ တက်ကြည့်
အကျိုးမရှိရင် ကြိုက်သလိုပြော

🏠ဘယ်နေရာမှာ သင်ရမှာလဲ

အမှတ် 20၊ မင်္ဂလာလမ်း၊ ပစံပြရပ်ကွက်၊ ထောက်ကြန့်

💁ဘယ်ကဆက်သွယ်လို့ရမလဲ

Phone no- 09250683761
Viber no -09799450067
Fb name -Meeko

လူဦးရေအကန့်အသတ်နှင့်သာ လက်ခံမည်ဖြစ်သည့် အတွက် အချိန်မီ Register လုပ်ဖို့ ဖိတ်ခေါ်ပါရစေရှင်။🏃‍♀️🎒

05/03/2022

International School မထားရလို့ အားမငယ်ကြနဲ့ဗျိ ု့

ကဲ မိဘတို့ ...... မြန်မာပြည်က မိဘတို့ .....

ကိုယ့်သားသမီးကို International School မပို့ နိုင်လို့ စိတ်ညစ်နေပါသလား။ သတင်းကောင်းလေးတစ်ခုကို ပြောပြပါရစေ။

တကယ့်ကို သတင်းကောင်းလေး တစ်ခုပါ။ စိတ်လှုပ်ရှားစရာ ဒီသတင်းကောင်းတစ်ခုကို သေချာသိချင်ရင် ပို့စ်ဆုံးတဲ့အထိ ဖတ်ကြည့်ပါ။

နောက်ပြီးရင် တခြား မိဘတွေနဲ့ ကလေးတွေအတွက် ဒီသတင်းကောင်းကို လက်ဆင့်ကမ်းဖို့ တော့ မမေ့နဲ့နော်။

ကျွန်တော် International School တစ်ခုက ၅ တန်း ကျောင်းသူလေး ကို သင်္ချာ ဒီနေ့ စပြရပါတယ်။ သူတို့ ကျောင်းမှာ ဖတ်စာအုပ် မရှိဘူး ဆိုတော့ ဘယ်လို များ စာသင်သလဲ မေးကြည့်တဲ့အခါ မှာ သူတို့တွေက ကွန်ပျူတာနဲ့ ကိုယ်တိုင် လေ့လာရတယ်လို့ ဆိုပါတယ်။

ဘယ်လိုများလေ့လာသလဲလို့ မေးတဲ့အခါမှာ ၀ဘ်ဆိုဒ် လိပ်စာ တစ်ခုကို ပေးပါတယ်။

အဲဒီ လိပ်စာကတော့ https://www.khanacademy.org/ ပါ။

အိမ်ပြန်ရောက်လို့ အဲဒီလိပ်စာကို ၀င်ကြည့်တဲ့အခါမှာ အင်မတန်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း အပြည့်အစုံကို မူကြိုကနေ အထက်တန်းထိ ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။

ပိုက်ဆံများ ပေးရသလားလို့ လေ့လာကြည့်လိုက်တဲ့အခါ လုံး၀ အခမဲ့ ဖြစ်နေပါတယ်။

တကယ့်ကို အခမဲ့ ပညာဘဏ်တိုက်ကြီး တစ်ခုကို ဘုရားကျေးဇူးနဲ့ တွေ့ခွင့်ရလိုက်ပါတော့တယ်။

ဒီ၀ဘ်ဆိုက်မှာ

သင်ခန်းစာ ရှင်းပြတဲ့ ဗီဒီယိုလင့် တွေနဲ့ လေ့ကျင့်ခန်း ဗီဒီယိုလင့်တွေအပြင် စာမေးပွဲလေ့ကျင့်ခန်းတွေကို ပါ သင်ခန်းစာအလိုက် ထည့်သွင်းထားပါတယ်။

ဒါ့အပြင် သင်ကြားရေး ဗီဒီယိုတွေမှာ subtitle ထိုးပေးထားပါသေးတယ်။

ကျောင်းသားအနေနဲ့ ၀င်လို့ရသလို ဆရာ အနေနဲ့ရော မိဘအနေနဲ့ပါ ၀င်ရောက်လေ့လာ သင်ကြားနိုင်ပါတယ်။

အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီ၀၊ ကွန်ပျူတာ၊ သမိုင်း၊ ပထဝီ၊ စီးပွါးရေး စတဲ့ ဘာသာစုံ အခြေခံ ပညာရပ်တွေအားလုံး ထည့်သွင်းပေးထားတဲ့အတွက် ကျောင်းသား၊ ဆရာ၊ မိဘ တွေအတွက် အလွန် အကျိုးရှိတဲ့ ပညာရေး ဘဏ်တိုက်ကြီး တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဆင့်မီ စာမေးပွဲတွေဖြစ်တဲ့ SAT, MCAT, GMAT စတဲ့ စာမေးပွဲတွေကို လေ့ကျင့် ပြင်ဆင်နိုင်ပါတယ်။

ကဲ ဘာလိုသေးလဲ မိဘတို့။

ကွန်ပျူ တာ ကောင်းကောင်းနဲ့ အင်တာနက် ရှိဖို့တော့ လိုအပ်ပြီး ကလေးငယ်တွေ တစ်နေ့ တစ်နာရီ နှစ်နာရီ ကိုယ်တိုင် လေ့လာရုံနဲ့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာတွေနဲ့ ထိတွေ့မှု ရှိနိုင်ပါတယ်။

Kindergarten ကနေ grade 1-8 ပြီးတဲ့အခါ High school level အထိ ရှိပါတယ်။

ပိုက်ဆံ ပေးစရာမလိုပဲ အင်္ဂလိပ်ဆရာ ဆရာမတွေရဲ့ ပို့ချချက်တွေကို အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာမှတ်သား၊ ပြန်လည်လေ့ကျင့် ရုံပါပဲ။

Credito to : ကိုကြည်နိုင်

10/02/2022

ကဲ မကြာခင်မှာ သားသားမီးမီးတွေ
နားချိန်လေး ကျောင်းပိတ်ချိန်လေးမှာ အချိန်ခဏလေးပေးရုံနဲ့ အကျိုးရှိအောင် လုပ်ပေးမဲ့
မြန်မာစာ‌မှာတော်၍ အင်္ဂလိပ်စာမှာပျော်စေရအောင် အတန်းလေးတွေ ဖွင့်ဖို့ရှိပါတယ်နော်

Online ကသင်ချင်လား အပြင်မှာသင်ချင်လား ကြိုတင် စားရင်းပေးလို့ရပြီနော်

မြန်မာလိုတွေးတိုင်း အင်္ဂလိပ်လိုထွက်လာဖို့
မြန်မာသဒ္ဒါ၊ English Grammar လေးတွေပိုင်နိုင်ဖို့
မြန်မာစာစီစာကုံးလေးတွေ ရေးတတ်ဖို့
English Essayလေးတွေ ရေးတတ်ဖို့
မြန်မာနဲ့ အင်္ဂလိပ် ချိတ်ဆက်နေတာလေးတွေ နားလည်ပြီး အင်္ဂလိပ်စာလေ့လာဖို့ ပျော်လာစေဖို့
စာဖတ်ဝါသနာပါလာဖို့
စတာတွေကို ထိထိရောက်ရောက် သင်ချင်တယ်ဆိုရင်တော့ ကြိုတင်စုံစမ်းလို့ရပါတယ်နော်

03/06/2021

Lessons of Life
___________________________

A child who lives with REDICULE
learns to TIMID.
ပျက်ရယ်ပြုခြင်းတွေ လှောင်ပြောင်ခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
မဝံ့မရဲစိတ်တွေ ကြောက်ရွံ့ခြင်းတွေ
သင်ယူရရှိတယ်။

A child who lives with CRITICISM
learns to CONDEMN.
အပြစ်တင်တာ ဝေဖန်တာတွေနဲ့
နေလာရတဲ့ကလေးဟာ
ကြိတ်မှိတ်ခံစားခြင်းတွေ အပြစ်လုပ်ခြင်းတွေ
သင်ယူရရှိတယ်။

A child who lives with DISTRUST
Learns to be DECEITFUL.
အယုံကြည်ကင်းခြင်းတွေ မသင်္ကာခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
မရိုးသားခြင်းတွေ အလိမ်အညာတွေကို
သင်ယူရရှိတယ်။

A child who lives with ANTAGONISM
learns to be HOSTILE.
မုန်းတီးခြင်းတွေ ရန်လိုခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
ရန်လိုခြင်းတွေ ရိုင်းပြခြင်းတွေ
သင်ယူရရှိတယ်။

A child who lives with AFFECTION
learns to LOVE.
ခင်တွယ်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့
နေလာရတဲ့ကလေးဟာ
ချစ်တတ်ခြင်း မြတ်နိုးတတ်ခြင်းကို
သင်ယူရရှိတယ်။

A child who lives with ENCOURAGEMENT
learns CINFIDENCE.
ဖေးကူခြင်းတွေ အားပေးခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိခြင်းကို
သင်ယူရရှိတယ်။

A child who lives with TRUTH
learns JUSTICE.
အမှန်တရားနဲ့
နေလာရတဲ့ကလေးဟာ
တရားမျှတခြင်းကို
သင်ယူရရှိတယ်။

A child who lives with PRAISE
learns to APPRECIATE.
ဂုဏ်ယူခြင်းတွေ ချီးမွမ်းခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
အသိမှတ်ပြုတတ်ခြင်း တန်ဖိုးထားတတ်ခြင်းတွေကို
သင်ယူရရှိတယ်။

A child who lives with SHARING
learns to be CONSIDERATE.
မျှဝေခြင်းတွေနဲ့
နေလာရတဲ့ကလေးဟာ
ထောက်ထားစာနာခြင်းတွေကို
သင်ယူရရှိတယ်။

A child who lives with KNOWLEDGE
learns WISDOM.
အသိပညာဗဟုသုတနဲ့
နေလာရတဲ့ကလေးဟာ
ဉာဏ်ပညာကို
သင်ယူရရှိတယ်။

A child who lives with PATIENCE
learns to be TOLERANT.
စိတ်ရှည်သည်းခံခြင်းနဲ့
နေလာရတဲ့ကလေးဟာ
သဘောထားကြီးခြင်း စောင့်ဆိုင်းနိုင်ခြင်းတွေကို
သင်ယူရရှိတယ်။

A child who lives with HAPPINESS
will find LOVE & BEAUTY.
ကလေးဟာ
ပျော်ရွှင်ချမ်းမြေ့စွာ နေလာရရင်တော့
ချစ်ခြင်းမေတ္တာ နဲ့ အလှတရားကို
ရှာဖွေတွေ့ရှိပါလိမ့်မယ်...။

---Ronald Russell---(1904 - 1974)

# # # ​ကလေးများ
ဝန်းကျင်ဆိုး သင်ခန်းစာဆိုးများမှ
ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ...

Photos from Teaching and Learning by Tr.Aye Khaing Su's post 02/06/2021

ကလေးရိုင်းခြင်း နှင့် 'C' 4 'C'

ဖြစ်ရပ်-၁
--------
ဗြိတိသျှဘုရင်မကြီး၏မြစ်တော် မင်းသမီးလေး ရှားလက် Charlotte သည် တော်ဝင်မိသားစုအား လက်ဝှေ့ရမ်းနုတ်ဆက်နေသော ပြည်သူပြည်သားဘက်သို့လှည့်၍ လျှာထုတ်ပြလိုက်သည်။

အသက် ၄ နှစ်အရွယ် မင်းသမီးလေးအား သူ့မိခင် ကိတ် Kate က လူထုအား ပြန်လည်နှုတ်ဆက်ခိုင်းလိုက်ချိန်မှာ ဖြစ်သွားခြင်းဖြစ်သည်။

ကိတ်က အခြေအနေကို အလွန်တော်စွာထိန်းသိမ်းလိုက်နိုင်သည်။ လူထုဖက်လှည့်၍ ပြုံးရယ်ကာ "ကြည့်... ကြည့်... တွေ့လိုက်ကြတယ်မလား" ဟု ကလေးက ပျော်တတ်တဲ့ပုံစံဖမ်း လုပ်ပြသွားသည်။

တကယ်လည်း ကိတ်တော်ပါသည်။ ကလေးအား အဲ့လိုလုပ်ရလားလို့ လူထုကြီးရှေ့မှာ မာန်လိုက်လို့မဖြစ်ပေ။ သူတို့ တော်ဝင်မိသားစုတွေက လူထုရှေ့မှာ အပြုံးပန်းဆင်၍ နှစ်လိုဖွယ် အမြဲနေနေရသူတွေဖြစ်သည်။

ကိတ်အနေနှင့် မင်းသမီးလေးအား အမူအကျင့်ကောင်းနှင့် အဆိုး Good behaviour နှင့် Bad behaviour ကို သိနားလည်အောင် သင်ပြဖို့တော့လိုနေပြီဖြစ်သည်။ ကလေးက နောင်တချိန်မှာ လက်ခလယ်ထောင်မပြဘူးမပြောနိုင်ပေ။ သူတွေ့လာသည့် behaviour အမူအကျင့်ကို သူလိုက်လုပ်ချင်လုပ်ပေမည်။

ဖြစ်ရပ်-၂
---------
အမေရိကားမှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ ၄ နှစ်အရွယ် သူ့ကလေးက လမ်းမှာတွေ့သည့်သူတွေကို ငါ့ဘာလို့ကြည့်ရတာလဲဟု လိုက်စွာနေ၍ ဖြစ်သည်။ အမေရိကားမှာ ကလေးကဒီလိုလိုက်လုပ်နေတာ အန္တရာယ်များသည်။

ကျနော့်ဆီ ကလေးရိုင်းလို့ဆိုကာ တွေ့လျှင်တိုင်ပင်ကြသည့် မိဘတွေတွေရှိသည်။ မိမိကလေး စရိုင်းစပြုသည်ကို သတိထားမိခြင်း၊ ရိုင်းသည်လို့ လက်ခံကာ ပြုပြင်ဖို့ ကြိုးစားကြခြင်းသည် အလွန်ကောင်းပါသည်။

ကလေးဘာကြောင့်ရိုင်းလဲ အဖြေရှာကြည့်သည်။ ကလေးတယောက်၏ အမူအကျင့် behaviour ကို ပြုပြင်သည့် အချက် factors ၃ ချက်ရှိသည်။

၁- ကလေး၏ ဗီဇ၊
၂- ကလေး၏ အိမ်တွင်း မိဘ၊ ညီအကို ဆွေမျိုးများ၊
၃- ကလေး၏ ပြင်ပအသိုင်းအဝိုင်း သူငယ်ချင်း၊ ဆရာမ၊ ကျောင်း စသည်တို့ ဖြစ်သည်။

ကလေး ၂ နှစ်မှ ၄ နှစ်အထိ အချက် -၂ အိမ်တွင်းထိတွေ့သူတွေအရေးကြီးသည်။ ၄ နှစ်မှ အထက်တွင် အချက် - ၂ ရော ၃ ပါ ဂရုပြုရမည်။

ယခုကိစ္စတွင် ကလေးက လမ်းမှာ တွေ့သမျှလူတွေကို ငါ့ဘာကြောင့်ကြည့်ရတာလဲ Why are you looking at me? စသည်တို့ ပြောနေသည်မှာ ကလေးရဲ့ ၁၁ နှစ်အရွယ် အမဆီမှ လာကြောင်း တွေ့ရသည်။

ကလေး ၂ ယောက် အသက်မတူသည့်အခါမိဘ၏ ဂရုစိုက်မှုကမတူ၊ အငယ်ကောင်လေးကို မျက်နှာသာပေးတော့ အမက သူ့မချစ်ဘူးထင်သည်။ ကလေးက အမကို ဆံပင်ဆွဲတာ၊ အမလုပ်တာ လိုက်လုပ်ချင်တာ၊ စပ်စုတာတွေရှိတော့ အမကကလေးကို "ငါ့နားမလာနဲ့၊ မစပ်စုနဲ့၊ ငါ့ကိုလိုက်မကြည့်နဲ့" ပြောထားတာတွေကို ကလေးက အပြင်လူကို ပြန်လုပ်နေခြင်းဖြစ်သည်။

ဖြစ်ရပ်-၃
--------
ကလေးက အရွယ်ရောက်လာသည့်အခါ မိဘနှင့်မတည့်တော့ပဲ ရိုင်းလာခြင်း။ ဤဖြစ်ရပ်မျိုးကို Singapore မှာရော မြန်မာပြည်မှာပါ တွေ့ရပါသည်။ post သပ်သပ်ရေးမှ ရမည်။

ဖြစ်ရပ်-၄
--------
၃ နှစ်အရွယ်ကလေးက မိဘအားပြန်ပြန်အော်ခြင်း။ ရိုက်ခြင်း။ ကျနော့် အိမ်ရှေ့က ကလေးမလေး ဝတုတ်လေး ၂ ယောက်လုံး ရေလည်အော်သည်ကို သတိပြုမိတာ ကြာပါပြီ။
---------------------------------
ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။

၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

Richard Myo Thant ( )
15-Aug-2019

Credit

02/06/2021

ဖေဖေ မေမေတို့အတွက်ပါနော်
မိဘကောင်းတွေ ဖြစ်ဖို့ လေ့လာထားကြစို့

Short stories 02/06/2021

အိမ်မှာ ပုံပြင်နားထောင်ရတာ/ဖတ်ရတာကြိုက်တဲ့ ကလေးငယ်များရှိပါသလား? ပုံပြင်များဖတ်ခြင်းဟာ ‌ဝေါဟာရအသစ်များတိုးတက်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အခမဲ့ပုံပြင်တိုများနဲ့ လေ့ကျင့်ခန်း activity များကို https://learnenglishkids.britishcouncil.org/short-stories မှာ လေ့လာနိုင်ပါပြီ။

Short stories Do you like listening to and reading stories? Reading stories is a great way to improve your vocabulary and we have lots of great stories for you to watch. Watch stories, print activities and post comments!

Photos from Teaching and Learning by Tr.Aye Khaing Su's post 02/06/2021

Parts of speech လေးတွေ ပြန်လေ့လာချင်တဲ့ သားသားမီးမီးတို့အတွက် အကျဉ်းချုပ်လေး✍️
Definition နဲ့ examples လေးတွေပါ တွဲပြပေးထားတာမို့ လွယ်ကူစေမှာပါနော်😍😍😍
ပြီးရင် အရင်နေ့ကတင်ထားတဲ့ လေ့ကျင့်ခန်းလေး‌တွေ ပြန်လုပ်ကြည့်နော် အောက်မှာ link ပေးထားတယ် 👇👇👇
https://www.facebook.com/111323877263214/posts/317784856617114/

Sharing is caring! !

သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 02/06/2021

စာတွေလုပ်ရင်း ပျင်းနေပြီလား သားသားမီးမီးတို့ရေ
"Who am I?" Game လေး တူတူ ကစားရအောင်နော်
ဖေဖေ မေမေတို့ကလဲ ပါဝင် ကစားပေးပါနော် occupation/ professions wordsလေးတွေလဲရ ဂိမ်းလေးလဲဆော့ အပျင်းလဲပြေ ကဲ စလိုက်ကြစို့
👷👮🕵️👩‍✈️👩‍🔬👩‍⚕️👩‍🔧👩‍🏭👩‍🚒👩‍🌾👩‍🏫👩‍🎓

Photos from Teaching and Learning by Tr.Aye Khaing Su's post 31/05/2021

သားသားမီးမီးတို့ရေ Color လေးတွေသင်ရင်း လေ့ကျင့်ခန်းလေးနဲ့ တွဲလုပ်ကြစို့နော်
Crayons လေးတွေ‌ပါဆောင်ထားနော် ဆေးရောင်လှလှခြယ်ရင်း ပျော်ပျော်ရွှင်ရွှင်စာလုပ်ကြစို့
🖌️🖌️🖌️🖌️🖌️🖌️🎨🎨🎨🎨🎨🎨🎨
🖤❤💛💚💙💜🖤

Sharing is caring! !

သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 30/05/2021

👶သားသားမီးမီးတို့အတွက် ...
သေးသေးရော ကြီးကြီးရော
A To Z 👄အသံထွက်လေးတွေ...
လေ့ကျင့်ထားသင့်တယ်နော်

; photos
Sharing is caring! !

သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 30/05/2021

သားသားတို့မီးမီးတို့ Sunday ဆို‌တော့ ပျင်းနေမှာပေါ့ ❓👇
Animals နဲ့ ဆိုင်တဲ့ စာလေးတွေ လေ့လာကြရအောင်
🦓🐮🐇🐀🐕🐈🐄🐎🐂🐃🐑🐏🐘🐒🐪🐿️
အပျင်းပြေ စာလေးဖတ်၊ စာလေးဖြေရင်း reading နဲ့ writing တိုးတက်အောင် လေ့ကျင့်ရအောင်နော်

Reading Comprehension Worksheets (Animals)

Sharing is caring! !

သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 30/05/2021

သားသားမီးမီးလေးတွေ Eight Parts of Speech လေ့လာပြီးရင် exercises လေးတွေနဲ့ တကွ လေ့ကျင့်ကြရအောင် ( 40 Task Cards With Answers )

Sharing is caring! !
သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 29/05/2021

သားသားမီးမီးတို့ sea animals လေးတွေလဲသိ
Reading လဲတိုးတက်အောင်
👉Sea Animals Reading Comprehension

Download a Free PDF Copy ♥️👇👇
https://www.nortechplus.com/2021/02/sea-animals-reading-comprehension.html

Sharing is caring! !
သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့..
Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 29/05/2021

Reading Comprehension Professions

Download a Free PDF Copy 👇👇
https://www.nortechplus.com/2020/06/reading-comprehension-professions_73.html

Sharing is caring! !
သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့..
Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 29/05/2021

☺😬😡😱😢😴🤧😷🤒🤔🙄😧😤

Feeling နဲ့ဆိုင်တဲ့wordလေးတွေလေ့လာကြမယ်..

are you? ❓
do you feel today?❓
လို့မေးလာရင် သားသားမီးမီးလေးတွေကို
သူတို့ ပိုမှတ်မိလွယ်မဲ့ emojiလေးတွေနဲ့ ပြန်ဖြေတတ်အောင် သင်ပေးကြစို့.....
Example;
are you? ❓
I am happy.😀
do you feel today?❓
I feel happy today.😀

Sharing is caring! !
သင်ကြားရေးအထောက်အကူပြုတာတွေတင်ပေးသွားမှာမို့.. Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍

❤💛💚💙💜

Photos from Teaching and Learning by Tr.Aye Khaing Su's post 28/05/2021

ကျောင်းဖွင့်ရင်
👉ကျောင်းတက်ဖြစ်တဲ့ သားသားမီးမီးတွေရော
👉ကျောင်းမတက်ဖြစ်သေးတဲ့ သားသားမီးမီးတွေရော အတွက် အထောက်အကူဖြစ်စေဖို့
👉ဒီpageလေးကို အသက်ပြန်သွင်းလိုက်ပါတယ်
🇲🇲🇰🇷🇯🇵🇮🇳🇬🇧🇮🇪🇰🇾🇳🇪🇫🇷🇱🇦🇱🇹🇱🇮🇱🇾🇱🇷
ဗဟုသုတရအောင် Flags လေးတွေသင်ပေးကြမယ်..
👩‍🏫👨‍🏫👦👧

ပုံလေးတွေနဲ့တွဲသင်ပေးရင် သားသားမီးမီးတို့ပိုမှတ်မိလွယ်ပါတယ်....

Sharing is caring! !
Pageကို Like & Followလေးလုပ်ထားဖို့မမေ့ပါနဲ့နော်... 😍
❤💛💚💙💜

26/01/2021

Thank you for your efforts ❤️❤️❤️
Favourite book လေးအကြောင်းVideo လေးရိုက်ဖို့ စာရှာ၊စာဖတ်၊စာစီ၊အဆင့်ဆင့်ကြိုးစားခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်

22/11/2020

Happy Halloween Day!
Wishing you a fun and
spooky Halloween
filled with lots of yummy treats!

Photos from Teaching and Learning by Tr.Aye Khaing Su's post 22/11/2020

Do you know about Halloween?

21/11/2020

About Morisakiwin
About Mother Su
About General Aung San
About Aung La Nsang

20/11/2020

About Albert Einstein

19/11/2020

About BTS

19/11/2020

💁About Justin Bieber❤️❤️❤️

19/11/2020

Very funny moment😍
Alphabet song🎶🎶🎶🎵🎵🎵

02/11/2020

Story Telling and Reading Time 😍😍😍

Pocket Money 31/10/2020

Pocket moneyလေး ပေးနေပါပြီနော်😍😍😍

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

28/10/2020

💁သင်တန်းအကြောင်းအသေးစိတ်မတင်ရသေးပေမယ့်လည်း စိတ်ဝင်တစားမေးနေကြလို့ အခုအသေးစိတ်လေးတင်ပေးပါပြီနော် 📣📣

Online Class သင်ကြားမှုပုံစံများ
-------------------------------

💁 ဒီ online class က အားတဲ့အချိန် Online တက် Group ထဲက Video ကြည့်ပြီး သင်ယူရတဲ့ Online Exclusive Class မျိုးမဟုတ်ပါ ❌❌
ဆရာမက သင်တန်းသား သင်တန်းသား၊သူတွေနဲ့ အပြင်သင်တန်းတက်သလို သင်တန်းချိန်နဲ့ စည်းကမ်းတကျ သင်ယူရတဲ့ Class ပါ

💁 သာမန်သင်ကြားမှုမျိုးမဟုတ်ဘဲ Lecture Note များသေချာပြင်ဆင်ပြီး PowerPointများဖြင့်ထိ‌ေရာက်စွာသင်မှာဖြစ်ပြီး Course Book တွေ Audio File တွေကို Gmail ကနေ ပို့ပေးပါမယ်

💁 ဆရာ ဆရာမတွေဆီက တိုက်ရိုက်သင်ယူနိုင်တယ် သိချင်တာမေးနိုင်တယ် အခြားကျောင်းသားကျောင်းသူတွေနဲ့ တိုက်ရိုက်လေ့ကျင့်နိုင်ပါတယ်

💁 Technological base Learningဖြစ်၍ Technology ကို သုံးပြီးသင်ကြားရမှာဖြစ်တာ ကြောင့်ကလေးတွေရဲ့ Life Long Learning ပညာရေးအတွက်အများကြီးအကျိုးရှိပါတယ်။ ကောင်းမွန်တဲ့ပညာရေးSystem တခုကို မြို့ပြမှာတင်မကဘဲ Internet ရှိရုံနဲ့ နေရာဒေသမရွေးကနေ သင့်တင်မျှတတဲ့ ဈေးနှုန်းနဲ့အလွယ်တကူသင်ယူလို့ရနေပါတယ်။

💁သင်ကြားမူ့နည်းစနစ်
နိုင်ငံတကာကျောင်းကြီးတွေမှာအသုံးပြုနေတဲ့ Microsoft Teams နဲ့ သင်ကြားပေးမှာဖြစ်ပြီး အပတ်စဉ် Homework များ၊ Project များကို အလွယ်တကူ တင်နိုင်ပြီး ဆရာမရဲ့ Feedback ကို လွယ်ကူလျှင်မြန်စွာရရှိနိုင်မှာဖြစ်လို့ ကလေးငယ်များရဲ့ တိုးတက်မှုကို စဉ်ဆက်မပြတ် အကဲခတ်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Class တစ်ခုမှာ (8) ယောက်သာအများဆုံးထားရှိမှာဖြစ်တဲ့အတွက် ဆရာမမှ ကျောင်းသားတစ်ဦးချင်းစီအလိုက် အနီးကပ်ကြီးကြပ်စောင့်ရှောက်မှု အပြည့်အဝရရှိပြီး တိုးတက်မူပိုမိုရရှိစေမှာဖြစ်ပါတယ်။

💁Cambridge Exam များကို အခက်အခဲမရှိဖြေဆိုနိုင်ရန်အတွက် သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းတွင် မေးခွန်းများအား ကျေညက်အောင် Exam Tips များနှင့်အတူ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

💁 Writing, Vocabulary and Grammar ဘယ်အပိုင်းအားနည်းသလဲ ဘာတွေတိုးတက်လာချင်သလဲသာပြောပါ English နဲ့ ပတ်သက်တဲ့ ဘယ် Skill မဆိုတိုးတက်လာဖို့ တစ်ဦးချင်းမှတ်တမ်းထားရှိပေးပြီး စာသင်ချိန်မှာလဲ တခါတည်းသင်ပေးသလို ကြိုတင်ပြင်ဆင်ထားတဲ့ Lecture Video, lecture note တွေကိုလဲ လက်ဆောင်ပေးဦးမှာပါ

💁 တိုးတက်မှုကို သိရဖို့ လစဉ် စာမေးပွဲငယ်လေးများလဲ စစ်ပေးမှာမို့ ပညာရေးကို အလေးပေးသော မိဘများ စိတ်ချလက်ချအပ်နိုင်ပါတယ်

💁Online Learning နှင့် မိဘများ၏ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်ရှင့်။
မိဘတွေအနေနဲ့လည်း သားသမီးတွေကောင်းမွန်စွာသင်ကြားနိုင်ဖို့ အတွက် အထောက်ပံ့ကောင်းကောင်းကို ဖန်တီးပေးဖို့လည်းလိုအပ်ပါတယ် ။
ဥပမာအားဖြင့်ပြောရရင် online learning ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ Internet ရရှိအောင်လုပ်ဆောင် ပေးခြင်း၊ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးခြင်း တို့အပြင် အတန်းချိန်မှန်မှန် တက်ဖို့အတွက် အတန်းချိန်ရောက်ခါနီးတိုင်း သတိပေးခြင်း၊ဆရာမပေးတဲ့ အိမ်စာတွေကို လည်း အချိန်မှန်မှန်လုပ်ခိုင်းခြင်းတို့ကို လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

💁Online မှ တစ်ဆင့်လေ့လာသင်ယူခြင်း၏ အကျိုးကျေးဇူးများ
ဒါ့အပြင် Onlineမှတဆင့်သင်ယူခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေဟာ မိမိကိုယ်ကို အားကိုးတတ်လာပြီး ကျောင်းစာတွေကို ကိုယ်တိုင်လုပ်ရမယ်၊ကိုယ့်ရဲ့ အချိန်လေးတွေကို စီမံခန့်ခွဲမှုလေးတွေလုပ်ရမယ် ဆိုတဲ့အမူအကျင့် လေးတွေလည်းပါသွားမှာဖြစ်တာကြောင့် ဒီProgram လေးက အမှန်တကယ်အကျိုးရှိစေ မှာဖြစ်ပါတယ်။
မိဘတွေအနေနဲ့လည်း ကလေးတွေကို ကျောင်းသွားပို့ရမယ့် အချိန်ကိုလည်း save လုပ်လို့ရသလို ကိုယ့်ရဲ့သားသမီးတွေကို ကိုယ့်မျက်စိအောက်မှာ တင် English စာကိုဘယ်လိုသင်ယူနေတယ်၊ ဘယ်လိုလေ့လာနေတယ်၊ဆရာမနဲ့ တခြားကလေးတွေနဲ့ဘယ်လို Communicate လုပ်နေတယ်ဆိုတာကိုတွေ့ရမှာဖြစ်တာကြောင့် ကိုယ့်ကလေးရဲ့တိုးတက်လာမှုကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

🗣️အချုပ်အားဖြင့်ဆိုရရင် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အသွင်ကူးပြောင်းလာပြီး တိုးတက်လာတဲ့ပညာရေးနဲ့အတူ စီးမြောကြမယ့် ကလေးတွေရဲ့အနာဂတ်လှပဖို့အတွက် မိဘတွေအနေနဲ့မှန်ကန်တဲ့ရွေးချယ်မှုတခုပြုလုပ် ဖို့လိုအပ်ပါတယ် ။မိဘများအနေနဲ့လည်း သားသမီးများရဲ့ပညာရေး နောက်ကျမကျခဲ့စေဖို့ အခုချက်ချင်း ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ။

💁💁Online Class တန်းခွဲများ
Starter Course (3 months)
Session : 1:30 hrs (3 sessions/ week)
Fees : 120,000 Kyats (တစ်လစာမဟုတ်ပါ။ သုံးလ လုံးစာ fees ပါရှင့်)

Mover Course (3 months)
Session: 1:30 hrs (3 sessions/ week)
Fees: 120,000 Kyats (တစ်လစာမဟုတ်ပါ။ သုံးလ လုံးစာ fees ပါရှင့်)

Flyer Course (3 months)
Session : 1:30 hr (3 sessions/ week)
Fees : 120,000 Kyats (တစ်လစာမဟုတ်ပါ။ သုံးလ လုံးစာ fees ပါရှင့်)

ဘယ်တန်းခွဲပဲတက်တက် basic grammar ကို အပိုဆောင်းအ‌ေနနဲ့ မေတ္တာလက်ဆောင်အဖြစ် ထည့်သင်ပေးမှာပါနော်။❤️❤️❤️
👌Grammar သင်ရမှာ ကြောက်တယ်၊ ပျင်းတယ် ဆိုတာတွေကို ချန်ထားခဲ့ကြရအောင်....
💁English Grammar ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာ သင်ကြားကြမယ်။ အခြေခံကစပြီး လေ့လာကာ Creative Writing ရသည်အထိ သင်ကြားပေးမည် ဖြစ်ပါတယ်။

👉သင်တန်းကြေးပေးသွင်းရန်

Wavemoney - 09250683761
KBZ Pay - 09250683761

😊သင်တန်းကြေးပေးသွင်းပြီးပါက အမည် ၊
ဖုန်းနံပါတ်၊ ငွေလွှဲ Screenshot၊ တက်ရောက်
မည့်အတန်းများပါ CB မှ တဆင့် ပို့ထားပေးနိုင်ပါသည်။

⚡⚡ကျောင်းသားကျောင်းသူများနှင့်မိဘများရှင့် page messenger သို့မိမိတက်ချင်သောအတန်းနှင့်ဖုန်းနံပါတ်ကိုပေးပို့ပေးပါရန်လေးစားစွာအကြောင်းကြားအပ်ပါတယ်ရှင့်။
အသေးစိတ်စုံစမ်းချင်ပါက cbကသော်လည်းကောင်း phဆက်ပြီးသော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
📞 09250683761
📞 09683122285

Tr. Daw Aye Khaing Suရဲ့ Online Class မှာ ပျော်ရွှင်စွာသင်တန်းတက်နေသောကျောင်းသားကျောင်းသူလေးအချို့ရဲ့အမှတ်တရလေးတွေကို pageတွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် ✴✴✴

ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🙏🙏

Photos from Teaching and Learning by Tr.Aye Khaing Su's post 27/10/2020

Starters / Movers / Flyers စာမေးပွဲတွေဆိုတာ ဘာလဲလို့ သိချင်နေသော မိဘများ အတွက် British Council မှ တင်ထားသည်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ စာမေးပွဲဖြေဆိုခြင်း၏ အကျိုး ကျေးဇူးများ ၊ ဖြေဆိုရင် ပြင်ဆင်ရပုံများ ၊ စာမေးပွဲနှင့်ဆိုင်သော အရာတွေကို အသေးစိတ် ရေးပါဦးမယ်.

ကလေးများအတွက် စာမေးပွဲများ
====================

အသက် (၇)နှစ် နှင့် (၁၂)နှစ်ကြားရှိ ကလေးများ၏ အင်္ဂလိပ်စာစွမ်းရည်များကို အကဲဖြတ်နိုင်ရန် စီစဉ်ထားသော စစ်ဆေးမှု ဖြစ်ပါသည်။ Cambridge English : Young Learners (YLE) စာမေးပွဲများသည် ကလေးများအား ၄င်းတို့၏ တိုးတက်မှုကို စောင့်ကြည့်ခြင်းဖြင့် ကြိုးစားစေရန် YLE စာမေးပွဲများကို Starters, Movers နှင့် Flyers ဟူ၍ အဆင့်သုံးဆင့် ခွဲထားပါသည်။

Cambridge English : Starters
=====================

Cambridge English : Starters သည် Cambridge English ၏ ပထမဦးဆုံး အဆင့်ဖြစ်ပြီး အသက်(၇)နှစ်နှင့် (၁၂)နှစ်ကြားရှိ ကလေးများအတွက် YLE စာမေးပွဲဖြစ်ပါသည်။ YLE စာမေးပွဲက သင့်ကလေးအား အင်္ဂလိပ်စာကို ငယ်ရွယ်သော အသက်အရွယ်ကပင် စတင်သင်ယူစေပြီး ဘာသာစကားစစ်ဆေးမှုများအပေါ် ကောင်းသောအမြင် ရှိစေရန် အားပေးပါသည်။

Level of qualification = Preliminary

Starters ကို ဖြေဆိုသင့်သောကလေးများ

ပုံမှန်အားဖြင့် အသက်(၇)နှင် (၈)နှစ်ကြားရှိပြီး အင်္ဂလိပ်စာကို နာရီပေါင်း (၁၀၀)မျှ သင်ပြီးဖြစ်သော ကလေးများက ဤစာမေးပွဲကို ဖြေဆိုကြပါသည်။

ဤစာမေးပွဲတွင် သင့်ကလေးအနေဖြင့်

အရောင်များကို အင်္ဂလိပ်လို နားလည်ရန်
သူတို့၏ အကြောင်းအရာများနှင့် သက်ဆိုင်သော ရိုးရှင်းသည့် မေးခွန်းများကို ဖြေနိုင်ရန်
အခြေခံကျသော မေးခွန်းများအတွက် စကားလုံးတစ်လုံးတည်းပါ၀င်သော တိုတောင်းသည့် အဖြေများ ရေးနိုင် ရန် လိုအပ်ပါသည်။

ဤစာမေးပွဲဖြေဆိုခြင်းဖြင့် ကျွန်ုပ်ကလေး ဘာဖြစ်နိုင်ပါသလဲ?

ဤစာမေးပွဲတွင် အောင်/ရှုံး မရှိပါ။ စာမေးပွဲ၏ ကဏ္ဍတစ်ခုစီအတွက် သင့်ကလေးအနေဖြင့် ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု ရရှိနိုင်ပါသည်။ ကဏ္ဍတစ်ခုစီအတွက် သူတို့ရရှိခဲ့သော ဒိုင်းအရေအတွက်များကို အောင်လက်မှတ်ပေါ်တွင် ဖော်ပြထားပါသည်။ ၄င်းလက်မှတ်ကို စာမေးပွဲဖြေဆိုပြီးနောက် တစ်လအကြာတွင် ရရှိနိုင်ပါ သည်။

Listening - ၂၀ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Reading and Writing - ၂၀ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Speaking - ၃-၅ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Cambridge English : Movers
====================

Cambridge English : Movers သည် Cambridge English အဆင့်(၃)အဆင့်အနက် ဒုတိယဖြစ်ပါသည်။ အသက်(၇)နှစ်နှင့် (၁၂)နှစ်ကြားရှိ ကလေးများအတွက် ဖြစ်ပါသည်။ သင့်ကလေးကို နေ့စဉ် ဖြစ်ရိုးဖြစ်စဉ် အခြေအနေများတွင် အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်ရန်နှင့် ဘာသာစကားစစ်ဆေးမှုအပေါ် အကောင်းမြင်တတ်ရန် Movers က အားပေးပါသည်။

Level of qualification = Common European Framework ၏ A1

Movers ကို ဖြေဆိုသင့်သောကလေးများ

များသောအားဖြင့် အသက်(၈)နှစ် (၁၁)နှစ်ကြားရှိ အင်္ဂလိပ်စာကို (၁၇၅)နာရီသင်ပြီးသော ကလေးများက ဤစာမေးပွဲ ကို ဖြေဆိုကြပါသည်။

၄င်းစာမေးပွဲတွင် သင့်ကလေးသည်-

အခြေခံကျသော ညွှန်ကြားချက်များကို အင်္ဂလိပ်လို နားလည်ရန်
ရိုးရှင်းသော ပုံစံတစ်ခုကို ဖြည့်ခြင်း (သို့) သူတို့နှင့်သက်ဆိုင်သော မေးခွန်းများကို ဖြေကြားနိုင်ရန်
၄င်းတို့ ကြားရ၊ ဖတ်ရသော ကလေးပုံပြင်ထဲကမေးခွန်းများ ဖြေကြား၍ (နေ့ရက်များ၊ အချိန်များ၊ အမည်များ) အစရှိသော ရိုးရှင်းသည့်အချက်အလက်များကို ရေးချနိုင်ရန် လိုအပ်ပါသည်။

Movers ကို ဖြေဆိုခြင်းဖြင့် ကျွန်ုပ်ကလေး ဘာဖြစ်နိုင်ပါသလဲ။

ဤစာမေးပွဲတွင် အောင်/ရှုံး မရှိပါ။ စာမေးပွဲ၏ ကဏ္ဍတစ်ခုစီအတွက် ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု ရရှိနိုင်ပါသည်။ ကဏ္ဍတစ်ခုစီအတွက် သူတို့ရရှိခဲ့သော ဒိုင်းအရေအတွက်ကို ၄င်းတို့ရမည့် လက်မှတ်ပေါ်တွင် ဖော်ပြထားပါသည်။ ၄င်းလက်မှတ်ကို စာမေးပွဲဖြေဆိုပြီးနောက် တစ်လအကြာတွင် ရရှိပါမည်။

Listening -၂၅ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Reading and Writing -၃၀ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Speaking - ၅-၇ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Cambridge English : Flyers
===================

Cambridge English : Flyers သည် Cambridge English အဆင့်(၃)အဆင့်အနက် အမြင့်ဆုံးဖြစ်ပါသည်။ အသက်(၇)နှစ်နှင့် (၁၂)နှစ်ကြားရှိ ကလေးများအတွက် ဖြစ်ပါသည်။ သင့်ကလေးသည်နေ့စဉ် ဖြစ်ရိုးဖြစ်စဉ် အခြေအနေများ၌ အင်္ဂလိပ်စကားကို နားလည်ကြောင်းနှင့် အခြေခံအင်္ဂလိပ်စကားဖြင့် ပြောဆိုဆက်ဆံနိုင်ကြောင်း ကို ဖော်ပြပါသည်။

Level of qualification း Elementary = Common European Framework ၏ A2

Flyers ကို ဖြေဆိုသင့်သောကလေးများ

ဤစာမေးပွဲကို ဖြေဆိုကြသော ကလေးများသည် အများအားဖြင့် အသက်(၉)နှစ် (၁၂)နှစ်ကြားရှိ ပြီး အင်္ဂလိပ်စာကို ကျောင်းတွင် ၂နှစ်-၃နှစ်အထိ သင်ပြီးသူများ (သို့) အင်္ဂလိပ်စာသင်တန်းကို နာရီပေါင်း (၂၅၀)တက်ပြီးသူများ ဖြစ်ကြပါသည်။

၄င်းစာမေးပွဲတွင် သင့်ကလေးအနေဖြင့်-

ပုံပြင် (၂)ခု (သို့) ရုပ်ပုံ(၂)ခု ကြား ခြားနားချက်များကို ရှင်းပြရန်
ပုံပြင်တစ်ပုဒ်ကို အင်္ဂလိပ်လို ပြောပြ (သို့) ရေးပြရန်
ကြိယာ၏ အတိတ်ကာလ (past tense) ကို အသုံးပြု၍ မေးခွန်းများ မေးတတ်ရန် လိုအပ်ပါသည်။ Cambridge English Flyers စာမေးပွဲသည် Cambridge English (KETfs) နှင့် အဆင့်ချင်းတူပါသည်။

ဤစာမေးပွဲ ဖြေဆိုခြင်းဖြင့် ကျွန်ုပ်ကလေး ဘာဖြစ်နိုင်ပါသလဲ။

အောင်/ရှုံး မရှိသော စာမေးပွဲဖြစ်ပါသည်။ စာမေးပွဲ၏ ကဏ္ဍတစ်ခုစီအတွက် ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု ရရှိနိုင်ပါသည်။ ကဏ္ဍတစ်ခုစီအတွက် ရရှိခဲ့သော ဒိုင်းအရေအတွက်ကို Certificate ပေါ်တွင် ဖော်ပြထားပါသည်။ ၄င်းလက်မှတ်ကို စာမေးပွဲဖြေဆိုပြီးနောက် တစ်လအကြာတွင် ရရှိပါမည်။

Listening -၂၅ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Reading and Writing - ၄၀ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Speaking - ၇-၉ မိနစ်
ဒိုင်းပုံအမှတ်အသား (shield) အများဆုံး (၅)ခု

Credit‌ ပေးပါတယ် ဆရာတစ်ယောက်ဆီက share ပြီး ကူးယူဖော်ပြပေးတာပါ။ ကျေးဇူးပါရှင့်။

27/10/2020

⭐️⭐️⭐️⭐️⭐️ မူလတန်း မှ အထက်တန်းအရွယ် ကလေးများအတွက် သတင်းကောင်းလေးတစ်ခုပြောပါရစေရှင် ⭐️⭐️⭐️⭐️⭐️

👩‍🏫Cambridge English Exam Preparation Courses( movers, flyers) အပြင် အင်္ဂလိပ်စာ grammar ကို အခြေခံမှစ၍ သင်ကြားပေးပါမည်။
👌Grammar သင်ရမှာ ကြောက်တယ်၊ ပျင်းတယ် ဆိုတာတွေကို ချန်ထားခဲ့ကြရအောင်....
💁English Grammar ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာ သင်ကြားကြမယ်။
👩‍🏫အခြေခံကစပြီး လေ့လာကာ Creative Writing ရသည်အထိ သင်ကြားပေးမည် ဖြစ်ပါတယ်။

📣📣covidကာလတွင်း ကလေးတွေအားလပ်ချိန်ကို အကျိုးရှိရှိ မိဘများက basic grammar တွေ YLE exam preparationတွေ လုပ်ပေးရမယ့်အချိန်ကောင်းလေးတစ်ခုပါနော်။
💁covidကာလတွင်း သားသားမီးမီးတွေ အတွက် သင်ကြားမှုတွေ အဆက်ပြတ်မသွားစေဖို့နဲ့ အိမ်ကနေ ဘေးကင်းစွာနဲ့သင်ကြားစေဖို့အတွက်ဆိုရင် Online Learning Course တွေက
အသင့်တော်ဆုံးပါပဲနော်
💁Online Learning Course ဆိုတဲ့နေရာမှာ ဘယ်လောက်ထိ ထိထိရောက်ရောက် သင်ကြားနိုင်မှာလဲ၊ ကလေးတွေအတွက် အချိန်ကုန်ပြီး အကျိုးရှိနိုင်မလား၊ မိဘတွေအတွက်ရော ဘယ်လောက်အထောက်အကူဖြစ်နိုင်မလဲ၊ တကယ်ရောဒီstayhomeကာလတွင်းအကျိုးရှိသွားရဲ့လားဆိုတာတွေကထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်လာမှာအမှန်ပါပဲ။
💁ဒီအတွက် Tr. Daw Aye Khaing Su ရဲ့ Online Learning Course နဲ့ ဆို ဖေဖေ မေမေတွေ စိတ်သာချထားလိုက်တော့နော်။
သင်တန်းများအကြောင်းကိုလည်း အသေးစိတ်ထပ်မံတင်ပေးပါမယ်နော်
အမြန်ဆုံးဖွင့်လှစ်ပေးပါတော့မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါတယ်ရှင့်။

Tr. Daw Aye Khaing Su ရဲ့ Online Class မှာ ပျော်ရွှင်စွာသင်တန်းတက်နေသောကျောင်းသားလေးအချို့ ၏အမှတ်တရလေးကိုလည်း pageတွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် ✴✴✴

ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🙏🙏

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

BTS

Category

Telephone

Website

Address

Mingalar
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.