CODE0

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CODE0, Investment Management Company, Yangon.

Photos from CODE0's post 09/10/2023

❗Edit-All star & Travis Scott sold out🔥

အကြိုက်တွေ့ရင်မှာယူလို့ရပါတယ် ဘော်ဒါ‌တို့❤️

🔥Vantage & Good Second Sneaker Collection

ပုံတစ်ပုံချင်းစီမှာဈေးနှုန်းရေးပေးထားပါတယ်

🤟ရန်ကုန် အိမ်ရောက်ငွေချေ

❗Vantage & second ဖြစ်လို့ လက်ခံနိုင်မှသာ မှာယူပါရှင်

20/04/2022

လူတော်တော်များများက

ပေးဆပ်တတ်တဲ့သူဆိုရင်
တန်ဖိုးရှိတယ်မမြင်ကြဘူး
အပေါ်ယံဟန်လေးလုပ်ပြမှ
တန်ဖိုးရှိသူလို့မြင်တတ်ကြတာ

စိတ္ပူလို့ စကားအများကြီးပြောတတ်တဲ့သူဆိုရင်
အလေးအနက်မထားချင်ကြဘူး
ပလီပလာ စကားလေးတစ်ခွန်းကမှ
လေးနက်တယ်ထင်ကြတာ

ပြောမနာဆိုမနာ အပြောခံတတ်တဲ့သူဆိုရင်
မလေးစားကြဘူး
အလေးမစိုက်တဲ့ဟန်ကိုကျတော့
မမြင်ဘဲ
ခေါင်းပဲညိတ်ပြနေတဲ့သူကမှ
လေးစားစရာကောင်းတယ်ထင်ကြတာ

အစဉ်တစိုက်ကြိုးစားနေတဲ့သူကိုဆိုရင်
အထင်မကြီးကြဘူး
သူများနှာခေါင်းပေါက်နဲ့အသက်ရှူပြီး
အောင်မြင်နေကြတဲ့သူတွေကိုမှ
အထင်ကြီးပြီးလက်ခုပ်တီးပေးကြတာ

မှန်ရာကိုခပ်ပြတ်ပြတ်ပြောတတ်တဲ့သူကိုဆိုရင်
ပြတ်သားတတ်တယ်လို့ မထင်ကြဘူး
စကားပေါ်မှာ ပျားရည်လေးလောင်းထားမှ
ချီးကျူးစရာကောင်းတယ်လို့မြင်ကြတာ

ရှိရှိမရှိရှိ ရိုးရိုးသားသားနတေဲ့သူကို
ဆိုရင် လူရာမသွင်းချင်ကြဘူး
ဟိတ်ကြီးဟန်ကြီးထုတ်ကြွားနိုင်တဲ့သူကိုမှ
လူရာဝင်တယ်ထင်ကြတာ

မဟုတ်မခံပြန်ပြောတတ်တဲ့သူကိုဆိုရင်
အမှန်တရားကိုမြတ်နိုးတတ်သူလို့မမြင်ကြဘူး
မှားမှားမှန်မှန် ပြောသမျှ ငြိမ်ခံနေမှ
လူလိမ္မာလို့သတ်မှတ်ကြတာ

တကယ်လိုအပ်မှ ကူညီတတ်သူကို
စာနာစိတ်လေးရှိတယ်လို့မမြင်ကြဘူး
မလိုအပ်ဘဲ နှမ်းလိုက်ဖြူးနေတဲ့သူတွေကိုမှ
ယဉ်ကျေးမှုရှိတယ်လို့ မြင်တတ်ကြတာ

အပေါ်ယံကိုကြိုက်တဲ့လူတွေကြားထဲမှာ
သူတို့စိတ် သူတို့သေဘာ မလိုက်လျောနိုင်သရွေ့ ကိုယ္တို့ဟာ
ဗီလိန်တွေဖြစ်နေရဦးမယ်မဟုတ်လား.....။

#မေနာသီရိ(အတွေးနဲ့အမြင်စာစုလေးများ)
Crd

06/04/2022

Fundamental Analysis ဆိုတာဘာလဲ ❓
FA - အခြေခံ ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်ပါတယ်။ ဘာတွေကိုလေ့လာတာလဲ ဆိုတော့ ပြောင်းလဲနေတဲ့ ကမ္ဘာ့စီးပွားရေးသတင်းတွေနဲ့ စျေးကွက်ကိုလေ့လာခြင်းပဲ ဖြစ်ပါတယ်။ ✅
👉အဓိက အချက်အလက်ကတော့ စျေးကွက်ထဲက Company တွေရဲ့ စီးပွားရေးခိုင်မာမှုရှိရင် ငွေကြေးစနစ်ခိုင်မာတယ်လို့ သတ်မှတ်နိုင်တယ်။
👉 စီးပွားရေးတိုးတက်ကောင်းမွန်မှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို များစွာရရှိစေနိုင်တယ်။ဒါကြောင့် Company တွေရဲ့ စီးပွားရေး အတက်အကျအပေါ်မူတည်ပြီး စျေးအတက်အကျသိရှိနိုင်ပါတယ်။

👉 Forex စျေးကွက်ကို Effect ဖြစ်နိုင်တဲ့ နိုင်ငံတကာရဲ့ သတင်းများကတော့......

✅ Gross Domestic Product (GDP)
GDP ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို တိုင်းတာရာမှာ အရေပါဆုံး သတင်းတစ်ခုဖြစ်ပါတယ်။
GDP မှာ စီးပွားရေးလုပ်ငန်းများ၏ ကုန်ပစ္စည်း
ဝန်ဆောင်မှုလုပ်ငန်းတန်ဖိုးများကို တိုင်းတာခြင်းဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲမှုကိုသိရှိဖို့ GDP ရဲ့တန်ဖိုးကိုသိဖို့ လိုပါမယ်။

✅ Trade Balance
Trade Balance ကတော့ သွင်းကုန် / ပို့ကုန် တန်ဖိုးကို တိုင်းတာခြင်းဖြစ်တယ်။ သွင်းကုန် / ပို့ကုန်ပမာဏဟာ နိုင်ငံတစ်ခုလုံးရဲ့ အရေးပါတဲ့ စီးပွားရေးအင်အား အညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ ထုတ်ကုန်ဟာ စီးပွားရေးအင်အားကို တိုးပွားနိုင်တဲ့အတွက် သွင်းကုန်ထက် ပိုအရေးပါပါတယ်။

✅ Consumer Price Index (CPI)
CPI ကိုတော့ ငွေကြေးဖောင်းပွမှုကိုတိုင်းတာရာမှာ ကျယ်ပြန့်စွာ သုံးကြပါတယ်။စားသုံးသူတွေရဲ့ ဝယ်ယူသုံးစွဲမှုကို CPI ကလစဉ်တိုင်းတာပေးပါတယ်။

✅ Producer Price Index (PPI)
PPI ကတော့ လက်ကားရောင်းဝယ်မှုရဲ့ ကုန်စည်စျေးနှုန်းကို တိုင်းတာပါတယ်။CPI နဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ PPI က ထုတ်လုပ်သူတွေရဲ့ တန်ဖိုးကိုတိုင်းတာခြင်းဖြစ်ပီး CPI ကတော့ ဝယ်ယူသူတွေကိုတိုင်းတာခြင်းဖြစ်ပါတယ်။

✅ Employment Indicators (အလုပ်အကိုင်ခန့်အပ်မှုတိုင်းတာခြင်း)
ဒီသတင်းကတော့ အလုပ်အကိုင်မဲ့သူပမာဏ /အလုပ်အကိုင်ဖန်တီးပေးမှုနှုန်း နှင့် အပတ်စဉ်ပျှမ်းမျှ အလုပ်အကိုင်နှုန်းနဲ့ ဝင်ငွေရရှိမှုတွေပါဝင်ပါတယ်။
အရေးကြီးဆုံး အလုပ်ခန့်အပ်မှု ကြေငြာချက်ကို လစဉ် လတိုင်းရဲ့ ပထမဆုံးအပတ် သောကြာနေ့ရဲ့ မနက် ၈:၃၀ အချိန်မှာ ထုတ်ပြန်ပါတယ်။ဒီထုတ်ပြန်မှုသည်
စျေးကွက်ကို သိသာစွာ လှုပ်ရှားစေပါသည်။

✅ Durable Goods Orders
ဒီသတင်းကတော့ ၃ နှစ်အထက် ငွေပေးချေရတဲ့ဝယ်ယူသုံးစွဲမှုကိုတိုင်းတာခြင်းပါ။ ထိုစာရင်းများကို လစဉ် ၂၆ ရက်နေ့ မနက် ၈:၃၀ တွင် ထုတ်လုပ်ရောင်းချသည့် company များကို ရည်ရွယ်ထုတ်ပြန်ပေးပါတယ်။

✅ Retail Sales
တစ်နိုင်ငံလုံးမှာ ရှိတဲ့ စျေးဆိုင်အသေးမှစပြီး
Super Market ကြီးများအထိ လက်ငင်းရောင်းချရမှုများကို တိုင်းတာပါတယ်။ လစဉ် ၁၂ ရက်နေ့ မနက် ၈:၃၀ တွင် ပြီးခဲ့တဲ့လရဲ့ Data များနှင့်အတူ ထုတ်ပြန်ပါတယ်။

✅ Housing Data
နိုင်ငံအတွင်းမှာရှိသော ဆောက်လုပ်ဆဲ အိမ်ရာများအရေအတွက်နှင့် လက်ရှိအိမ်ရာစျေးကွက်ကို တိုင်းတာခြင်းပါ။ အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို အဓိကသက်ရောက်မှုရှိခြင်းကြောင့် Forex ကုန်သည်အများစုက အမြဲစောင့်ကြည့်ကြပါတယ်။ အိမ်ယာစျေးကွက် ကျဆင်းခြင်းဟာ နိုင်ငံရဲ့ စီးပွားရေး ယုတ်လျော့မှုကို ညွှန်ပြတဲ့အတွက် Housing Data ကို တိုင်းတာခြင်းဟာလွန်စွာမှ အရေးပါပါတယ်။

✅ Interest Rates
နိုင်ငံတစ်နိုင်ငံရဲ့ အတိုးနှုန်းဟာ Forex ကို အဓိက မောင်းနှင်နေတာ ဖြစ်ပြီး အထက်မှာ ဖေါ်ပြထားခဲ့တဲ့ တိုင်းတာမှုတွေနဲ့ အတူ
FOMC - Federal Open Market Comittee မှတဆင့် စီးပွားရေး အခြေအနေကို အမြဲလေ့လာပါတယ်။ FOMC က စျေးကွက်ရဲ့အားကို ကြည့်ပြီး ချိန်ညှိထိန်းချုပ်ပေးတယ်။အတိုးနှုန်းဟာ Forex ၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ကုန်သွယ်သူများအနေဖြင့် အတိုးနှုန်းကို သတိထား ဖို့လိုအပ်ပါတယ်။

နောက်ထပ် စျေးကွက်ကို ကြီးမားစွာ ပြောင်းလဲစေနိုင်တဲ့ အရာတွေကတော့ စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ် များပဲဖြစ်ပါတယ်။ဒါကြောင့် ကမ္ဘာ့ရေးရာကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Knowledge sharing အမြဲမျှဝေပေးနေတဲ့ Telegram channnel လေးကိုလဲ joinထားလို့ရပါတယ်
https://t.me/ellamaycnkevx

Free signal channnel

https://t.me/freechannel4

Photos from Min Khant- Fx's post 06/04/2022

🥳ဒီနေ့ London session မှာ Vip channel က Signal

လေးနဲ့ Vip client တွေ ကို အချိန်တိုအတွင်း Care

ပြုလုပ်ပြီး profit လေးရအောင် ဂရုစိုက်ပေးဖြစ်ပါတယ်🥰

💥Free signal channel မှာလဲ profit တွေကို မျှဝေပေး

ဖြစ်တဲ့အတွက် profit တွေရချင်ရင် join ထားလိုက်နော်

https://t.me/freechannel4

05/04/2022

နေ့လည်တစ်ပိုင်း profit 💥🤩💥

free signal channel join now👇

https://t.me/freechannel4

Photos from Min Khant- Fx's post 04/04/2022

🤩မနက်ခင်း ပိုင်းလေးမှာ Free channel ထဲက signal

လေးနဲ့ သာသာယာယာဖြစ်နေပါပြီ

💥ဒီနေ့တော့ Dollar 41$ နဲ့ နောက်ထက် profit လေးလဲ 15$ ကျော်ကျော်လောက်ကို profit ပြနေပါသေးတယ် အသာအယာလေးနဲ့ အေးဆေး chill နေလိုက်တော့မယ် ဗျာ

🕜London session လဲနီးလာပြီနော် London session မှာရွှေဈေး ဘယ်ကိုသွားမလဲ ဆိုတာစောင့်ကြည့်လိုက်ကြရအောင် ဗျာ အခုတော့ ထမင်းသွားစားတော့မယ်😋

https://t.me/freechannel4

01/04/2022

✅ကျနော်တို့ ကုမ္ပဏီ မှ Trading education ကို Free

သင်ကြားပို့ချပေးနေသော Class ကို လာ Join ပြီး

လေ့လာသင်ယူသော ဆရာတို့ ဆရာမတို့ ကို အထူး

ပင်ကျေးဇူးတင်အပ်ပါတယ်ခင်ဗျာ🥰🥰

နောက် class တွေလဲရှိပါသေးတယ် ဗျာ လွတ်သွားလို့

စိတ်မပူပါနဲ့ Form သာတင်ထားလိုက်ပါ ဆက်သွယ်ပေး

ပါမယ်ဗျ✅

01/04/2022

⏰ဒီနေ့ဟာ သောကြာနေ့ဆိုတော့ကျနော်တို့ရဲ့ Market ကြီးဟာ စနေ နဲ့တနင်္ဂနွေ နှစ်ရက် ပိတ်တော့မှာပါ

ပြီးတော့ ဒီနေ့ သတင်းကြီးထွက်ဖို့ရှိတယ်နော် Traders တွေမေ့မနေနဲ့ အုံးဗျ Nonfarm Payrolls နော်🤓

🤗သတင်းမထွက်ခင်မနက်ပိုင်းလေးမှာ Fib Retracement လေးသုံးပြီး lot size သေးသေးနဲ့ pips အနည်းငယ်လောက် Buy / Sell လုပ်ပြီး profit နည်းနည်းတော့ ရထားတယ်ဗျ 🥰

Traders တွေလဲ အမြတ်တွေရကျမယ်လို့မျှော်လင့်ပါတယ်🥰🥰

ဒီနေ့ သတင်းရှိတော့ သတိထားပြီး အဝယ်အရောင်းပြုလုပ်ကြပါခင်ဗျာ Traders တွေအမြတ်တွေအများကြီးရကြပါစေခင်ဗျာ🥰

https://t.me/freechannel4

01/04/2022

Copy Trading ဆိုတာဘာလဲ?
Copy Trading ဘယ်လိုလုပ်မလဲ? ဘယ်ကစရမလဲ?

🔰Copy trading ဆိုတာဆန်းသစ်တဲ့ ရောင်း၀ယ်ရေးနည်းပညာတစ်ခုပါ။ Copy trading ကိုသင်ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Copy trading ဆိုတာဘာလဲသင်မသိသေးရင်တော့ ဒီ post မှာ ကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်။

✅Copy trading ဆိုတာ trader တစ်ယောက်ကနေအခြားတစ်ယောက်ဆီက နည်းဗျူဟာ အရောင်းဝယ်
ကွက်အသေးစိတ်မှန်သမျှကို ကူးယူပြီး မိမိ Account ထဲမှာ trading ပြန်လုပ်တာကိုဆိုလိုတာပါ။

✅Copy trading လုပ်တဲ့အခါ မိမိငွေတွေကို fund manager (သို့) အခြား trader
တစ်ယောက်ဆီလွှဲပြောင်းပေးထားစရာမလိုပါဘူး။

♻️မိမိကိုယ်ပိုင် acoount ကိုမိမိလက်ထဲထားရှိပြီး copy trading platform ကိုအသုံးပြုရုံပါပဲ။ ထို platform ကပဲ မိမိကူးယူမည့် trader ၏လုပ်ဆောင်ချက်တွေကို အလိုလျှောက်ကူးယူလုပ်ဆောင်ပေးသွားမှာပါ။


💵အဓိကအားဖြင့်မိမိပိုက်ဆံတွေကို မိမိလက်ထဲမှာပဲထားရှိရမှာပါ။ အခြားကြားခံတစ်ယောက်ဆီလွှဲပြောင်းပေးစရာမလိုပါဘူး။ မိမိ trading ရဲ့လုပ်ပိုင်ခွင့်တွေကိုပဲ အခြား trader တစ်ယောက်ဆီလွဲပြောင်းပေးရမှာပါ။

📈Copy trading ရဲ့ အဓိကလိုအပ်ချက်များ။
Marketငွေကြေးအရောင်းအ၀ယ်လုပ်မယ်ဆိုရင်တော့ စျေးကွက်ကအဓိကပင်မဖြစ်ကြောင်းမိတ်ဆွေသိပြီးသားဖြစ်မှာပါ။ Forex market တင်မကပဲအခြား stock market , bitcoin market တွေမှာလဲ copy trading နည်းဗျူဟာတွေကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါတယ်။

Broker
📊အခြားတစ်ခုကတော့ broker ပါ။ သင် trading လုပ်နေသမျှကာလပတ်လုံး broker တစ်ခုခုနဲ့လက်တွဲသွားရမှာပါ။ Broker မရှိတဲ့ market ဆိုတာမရှိသလောက်ပါပဲ။ သင် copy trade မည့် trader အသုံးပြုနေတဲ့ broker တော့ဖြစ်ရပါမယ်။ အချို့ broker တွေကိုယ်တိုင်လည်း copy trading platform အဖြစ်ဆောင်ရွက်ပေးကြပါတယ်။

Trader (သို့) signal ပေးမည့်သူ
သင်အတွက် trade ပေးမည့် trader ရဲ့ လုပ်ဆောင်ချက်တွေကိုလျစ်လျူရှုမထားသင့်ပါဘူး။ platform တိုင်းက သင့် trader ရဲ့ဆောင်ရွက်မှုတွေကိုစောင့်ကြည့်နိုင်ခွင့်ပေးထားပါတယ်။

Invester
Invester ကတော့ copy trade မည့်သူ သင်ကိုယ်တိုင်ပါပဲ။ Copy trading ဟာရိုးရှင်းပြီးလွယ်ကူပါတယ်။ invester တိုင်းမှာမတူညီတဲ့ ခန့်မှန်းအမြတ်ငွေနဲ့ risk ခံနိုင်အားတွေရှိပါတယ်။ မိမိဘယ်လောက်အမြတ်ငွေခန့်မှန်းထားလည်းနှင့် ဘယ်လောက်အရှုံးခံနိုင်လည်းသိဖို့လိုပါတယ်။

Copy trading platform
Copy trading platform မပေါ်ခင်က copy trade ချင်တဲ့ trader တွေဟာ အခြား trader ဆီမှ mail နဲ့ဖြစ်စေ၊ chat room တွေမှဖြစ်စေ signal တွေရယူပြီး trade ကြရပါတယ်။ signal တွေကြည့်ပြီးမိမိကိုယ်တိုင် trade ရတာပါ။ automatic မဟုတ်ပါဘူး။ မတူညီတဲ့ trading platform တိုင်းမှာ Pros တွေရှိပါတယ်။ မိမိမျှော်လင့်ထားတဲ့ target ပေါ်မူတည်ပြီးညှိ့နှိုင်းရွေးချယ်လို့ရပါတယ်။

✏️The Replication Process
Copy trading platform တွေဟာ Signal ပေးတဲ့ trader နဲ့ invest လုပ်တဲ့ trader ကြားဆက်သွယ်ပေးပါတယ်။ Signal ပေးတဲ့ trader တွေဆီမှ signal များကိုယူပြီး invest trader တစ်ယောက်ခြင်းဆီကို ကူးယူပေးပါတယ်။
ဥပမာသင့် account ထဲတွင်ဒေါ်လာ 1000 ရှိပြီး $100000 ရှိတဲ့ trader ကို copy trading လုပ်ချင်သည်ဆိုပါစို့။ အဆိုပါ trader account ထဲမှ 1% လောက်သာ trade လိုက်လျှင် သင့် account ထဲရှိပိုက်ဆံအကုန်ဖြစ်နေပါပြီ။ တူညီတဲ့ amount အတိုင်း trade ဖို့မဖြစ်နိုင်ပါဘူး။တစ်ခါလောက်ရှုံးတာနဲ့ သင့် account ပျက်ပါပြီ။
ဒါ့ကြောင့် သင် copy trade မည့် trader ၏ amount နှင့်အချိုးကျ trading ကိုပြုလုပ်ရပါမည်။ ဘယ်လိုလုပ်ရမလဲတော့ trading platform တွေကတာ၀န်ယူပေးပါလိမ့်မယ်။
- Signal provider မှ trading session တစ်ခုဖွင့်လိုက်လျှင် broker မှ data များကို trading platform သိုိ့ပို့ပေးလိုက်သည်။
- Platform မှ investor ( copy ကူးမည့်သူ) ကိုအတည်ပြုလိုက်ပြီး signal များကိုပုံတူကူးလိုက်ပါတယ်။
- ပြီးရင်တော့ broker ကိုပြန်ပြီး investor၏ setting များနှင့်တွက်ချက်ပြီး trade session အသစ်တစ်ခုပြန်ပေးလိုက်ပါတယ်။
- ပြီးရင်တော့ broker မှ ထိုအတိုင်း order တစ်ခုဖွင့်လိုက်ပါတယ်။

ထိုလုပ်ဆောင်ချက်တွေအကုန်လုံးဟာ စက္ကန့်လေးတောင်မကြာပါဘူး။ Trade ပိတ်တဲ့အခါမှာလည်း အဆိုပါလုပ်ဆောင်ချက်တွေအတိုင်းပဲလုပ်ပါတယ်။

Copy trading မှာရော Risk တွေရှိနိုင်သလား?
Investment လုပ်ပြီဆိုတာနဲ့ သင့်ငွေတွေဟာဆုံးရှုံးနိုင်ခြေရှိတာပါပဲ။သင်risk တွေကိုရှောင်လွဲနိုင်ဖို့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
Platform အကြောင်းသိအောင်လုပ်ပါ။

မိမိ setting ကိုသေချာချမှတ်ပါ။

Signal ပေးမည့် trader ဘယ်လောက် risk တွေယူနေလည်းလေ့လာပါ။

မိမိ account ထဲမှ ပိုက်ဆံနှင့်ချိန်ဆ၍ copy trading လုပ်ပါ။

===========================
Join for more

https://t.me/freechannel4

01/04/2022

ကျနော့်ရဲ့ Trading Strategy ကိုယုံကြည်စိတ်ချပြီး copy trade ကို $ 1000 လာရောက်အပ်နှံသွားတဲ့ အကို့ ကို ကျေးဇူးတင်ပါတယ်ဗျ

ရေရှည်လက်တွဲပြီး profit တွေအများကြီးရ အောင် ကြိုးစားပေးပါမယ်ခင်ဗျ

ဒီလို အချိန်မရတဲ့ မိတ်ဆွေတွေရယ် သိပ်မကျွမ်းကျင်သေးလို့ မလုပ်ကိုင်ရဲသေးတဲ့ မိတ်ဆွေတွေအတွက် ကျတော့်ဆီမှာ copy trade လက်ခံပေးပါတယ်ခင်ဗျ

စိတ်ဝင်စားတဲ့မိတ်ဆွေတွေမတွက် ကျနော်တို့ Company ကိုဖြစ်ဖြစ် messenger ကဖြစ်ဖြစ်

Ph no 09266262506
ကိူဆက်သွယ်ပြီးတိုင်ပင်ဆွေးနွေးလို့ရပါတယ်ဗျ

Your Bussiness is Your wealth

01/04/2022

ကျနော့်ရဲ့ free channel မှာ signal လေးတွေကို free ပေး

နေတာ profit တွေရနေပါပြီ နော် မိတ်ဆွေတို့ရဲ့ အရှုံးတွေ

ကို ကျနော်နဲ့အတူပြန်လည်ရှာဖွေချင်ရင် အခမဲ့ join

လိုက်ပါ🤗🤗

https://t.me/freechannel4

30/03/2022

🙏အားလုံးပဲမင်္ဂလာပါ🙏

✏️ ဒီနေ့မှာတော့ Forex Marketမှာ အရောင်းအဝယ်ပြုလုပ်ကြသူတွေအကြောင်းနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်

Forexမှာ ဘယ်သူတွေက ဘာကြောင့် အရောင်းအဝယ်လုပ်ကြလဲ ❓

💱 Forexမှာ အရောင်းအဝယ်လုပ်ကြတဲ့သူတွေကတော့
1) Bankတွေ
2) ကုမ္ပဏီတွေ
3) ရင်းနှီးမြှပ်နှံသူတွေ
4) Forexမှာ လက်ငင်းရောင်းဝယ်ဖောက်ကားသူတွေ

👉 Forexမှာအရောင်းအဝယ်လုပ်ကြတဲ့သူတွေနဲ့ပတ်သက်ပြီး တစ်ခုချင်းစီကို အသေးစိတ် ပြန်ရှင်းပြပေးပါ့မယ်။

1) Banksများ
Forexရဲ့နေ့စဉ်ကုန်သွယ်မှုမှာ ဘဏ်များအကြား အရောင်းအဝယ်ပြုလုပ်ခြင်းဟာ ငွေကြေးအများအပြားအနေနဲ့ ပါဝင်ပါတယ်။တချို့ဘဏ်ကြီးတွေဆိုရင် ဒေါ်လာဘီလျံနဲ့ချီပြီး နေ့စဉ် အရောင်းအဝယ်လုပ်ကြပါတယ်။တစ်ခါတစ်ရံမှာတော့ သူတို့ရဲ့ဖောက်သည်တွေအတွက် ကိုယ်စားကုန်သွယ်ပေးပါတယ်။

2) ကုမ္ပဏီများ
ကုမ္ပဏီတွေဟာ မိမိတို့ရဲ့လုပ်ငန်းလည်ပတ်ရာမှာ နိုင်ငံခြားဝင်ငွေကို အရောင်းအဝယ်လုပ်ငန်းအတွက် မဖြစ်မနေသုံးကြရပါတယ်။Forexရဲ့နေ့စဉ်စျေးကွက်မှာ ကုမ္ပဏီတွေဟာ အလွန် အရေးပါတဲ့ အခန်းကဏ္ဏအနေနဲ့ ပါဝင်ပါတယ်။

3) ရင်းနှီးမြှပ်နှံသူများ
ရင်းနှီးမြှပ်နှံသူတွေဟာ သူတို့ရဲ့ဖောက်သည်တွေအတွက် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တတ်ကြပြီး နိုင်ငံခြားသို့ ငွေကြေးလွှဲပြောင်းရာမှာ လုံခြုံရေးပိုင်းဆိုင်ရာ အဆင်ပြေချောမွေ့ဖို့အတွက် Forexကို အသုံးပြုကြပါတယ်။ဥပမာ-ရင်းနှီးမြှုပ်နှံတဲ့Managerတစ်ယောက်ဟာ မိမိတို့ရဲ့ ပိုင်ဆိုင်တဲ့ နိုင်ငံတကာအစုရှယ်ယာတွေကို ရောင်းဝယ်ဖောက်ကားရာမှာ မိမိတို့ရဲ့လုံခြုံရေးအတွက်၊ငှားရမ်းမှုအတွက် ငွေပေးချေဖို့ Forexကို အသုံးပြုကြပါတယ်။

4) Forexမှာ လက်ငင်းရောင်းဝယ်ဖောက်ကားသူများ
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ လူကြီးမင်းတို့လို လက်ငင်းရောင်းဝယ်ကြသူများအကြောင်း ရှင်းပြပေးပါမယ်။Forexမှာ လက်ငင်းအရောင်းအဝယ်ပြုလုပ်မှုဟာ လွယ်ကူခြင်း၊အင်တာနက်ကို အလွယ်တကူအသုံးချနိုင်ခြင်းတို့ကြောင့် တစ်နေ့ထက်တစ်နေ့ အောင်မြင်လာနေပါတယ်။

လက်ငင်းရောင်းဝယ်ဖောက်ကားကြသူတွေဟာ ဘဏ်တွေ ကြားနေရောင်းချသူတွေနဲ့ သွယ်ဝိုက်သက်ဆိုင်နေပါတယ်။ငွေကြေးကစားကြတဲ့ လက်ငင်းကြားနေရောင်းချသူ နှစ်မျိုးရှိပါတယ်။Broker လို့ခေါ်တဲ့ ဝန်ဆောင်မှုပေးသူနဲ့ Dealer စျေးကွက်ကစားသူတို့ ဖြစ်ပါတယ်။

ဝန်ဆောင်မှုပေးသူကတော့ စျေးအတက်အကျ စျေးကွက်အကောင်းဆုံးအချိန်တွေမှာ အရောင်းအဝယ်ပြုလုပ်နိုင်ဖို့ ဝန်ဆောင်ခယူပြီး ကုန်သွယ်သူတွေအတွက် ကိုယ်စားဆောင်ရွက်ပေးပါတယ်။
စျေးကွက်ကစားသူ Dealer များကတော့ ကုန်သွယ်သူများအတွက် စျေးကွက်ကို ဖန်တီးကြသူများဖြစ်ပြီး ငွေကြေးတန်ဖိုးကို တွက်ချက်ပြီး ပြောင်းလဲသတ်မှတ်ပေးကြပါတယ်။

26/01/2022

Rich Dad

19/01/2022

Apologizing💖

18/01/2022

A LEADER

16/01/2022

Never💜

14/01/2022

Tony Gaskins Jr.

12/01/2022

အိုင်းစတိုင်းက
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ်

9x1 = 9
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91

ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော

သူ့လိုလူတစ်ယောက်က သင်္ချာမှာ မှားရေးမိတာကိုး
9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ
အိုင်းစတိုင်းက 91 လို့ ရေးထားတယ်

အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ်

စာ (၁၀) ကြောင်း ရေးထားတယ်
ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ
ငါ့ကို ဂုဏ်မပြုကြဘူး

ဒါပေမဲ့ အမှားတစ်ကြောင်းအတွက်
ငါ့ကို လှောင်ပြောင်ကြတယ်

ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင်

လူတွေဟာ ကျွန်တော်တို့ရဲ့
အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက်

အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ
ရွေးမြင်တတ်ကြလို့ပါပဲ

30/12/2021

🌟ကြိုးစားဖို့ပဲလိုတာပါ

Crd ဦးဇော်ဇော်

29/12/2021

အော် ဒကာမရယ် အသာလုပ်ပါ ဟဲ့ ဦးဇင်းကို🤨

28/12/2021

ပိုက်ဆံအတွက် အလုပ်လုပ်တဲ့သူအဖြစ်ကနေရုန်းထွက်ပြီး

ပိုက်ဆံက ကိုယ့်အတွက်အလုပ်လုပ်ပေးတဲ့ သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

ပိုက်ဆံအတွက်အလုပ်လုပ်နေရတဲ့ သူအဖြစ်အမြဲမနေပါနဲ့ တော့

23/12/2021

🎄🎄 Christmas present 🎄🎄

✅အခုလိုနည်းပညာတွေတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ သင်ဟာ📉 Financial Market တစ်ခုဖြစ်တဲ့ 📊Foreign Exchange Market ကိုမသိသေးရင်တော့သင်ဟာခေတ်နောက်ကျသွားမယ်နော်❗

✅🤗ကဲ အခုလို🌍 international ဖြစ်တဲ့ Financial Market ရဲ့ Basic class ကို Free သင်ပေးမယ်ဆိုရင် 🤥 မသင်ချင်ကြဘူးလား😱❓❓

✅🧐နောက်တာမဟုတ်ပါဘူး တဂယ်ပါရှင့်🤫

အခုလိုသင်တန်းကို အခမဲ့တက်ချင်တယ်ဆိုရင် ကျမတို့ page လေးကို like & follow လုပ်ပြီးတော့
Public နဲ့ share ထားတာကို screenshot ရိုက်ပြီး comment မန့်ပေးယုံပါပဲ 😳 စည်းကမ်းချက်နဲ့ကိုက်ညီတဲ့သူတွေကိုသာ စရင်းသွင်းပေးပါ့မယ်ဗျ

စည်းကမ်းချက်နဲ့ကိုက်ညီတဲ့ ခုနှစ်ယောက်ကိုသာ ရွေးချယ်သွားမှာပါ

✅Big chance don't miss out!

tips and tricks

20/12/2021

အခုလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတွေ

မှာ ကိုယ်ပိုင်စီးပွားရေးစတင်မဲ့ သူတွေအတွက်ဘယ်

လုပ်ငန်းဘယ်အရာမှာ မဆိုသိသင့်သိထိုက်တာတွေ

ကိုလေ့လာပြီးမှ လုပ်စေချင်ပါတယ်

ပထမဆုံးအနေနဲ့ လူကြီးမင်းတို့ကစတင်လုပ်ကိုင်ပြီဆိုရင်

#1 သင်စတင်လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်ပြီးလားလို့ ကိုယ့်ကိုကိုမေးပါ

#2 ဘယ်စီးပွားရေးမှာ စတင်လုပ်ကိုင်မလဲဆိုတာ ဆုံးဖြတ်ပါ

#3 ကိုယ်လုပ်နိုင်မဲ့ လုပ်ငန်းအဆင့်ကို ရွေးချယ်ပါ

#4 ဈေးကွက်တွေကို သုတေသနလုပ်သလို လေ့လာပါ

#5 ပြဿနာတွေကိုဖြေရှင်းဖို့ စဥ်းစားထားပါ

#6 လက်တွေ့ကျကျ ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေ ထားပါ

#7 ကိုယ်ပိုင်စီးပွားရေးအတွက် အစီအစဥ်လေးတွေဆွဲထားပါ

#8 ရှယ်ယာဝင်မဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိခဲ့ရင် ချိတ်ဆက်ပါ

#9 ယုံကြည်စိတ်ချရတဲ့ နေရာမှာစတင်ရင်းနှီး မြှုပ်နှံမှုလုပ်ပါ

အဲ့လို အချက်ကိုးချက်ပြည့်စုံအောင် စီစစ်ပြီးမှ ကိုယ်ပိုင် စီးပွားရေးတစ်ခုကို စတင်သင့်ပါတယ်

18/12/2021

🙏မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေ🙏

အားလုံးစိတ်ကျန်းမာကိုယ်ချမ်းသာပြီးလိုရာဆန္ဒတစ်လုံးတစ်ဝပြည့်ဆုံကြပါစေ🙏

17/12/2021

🙏 မင်္ဂလာနံနက်ခင်းလေးပါ 🙏

ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ 🌼

ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး
သွားလေရာ ဘေးမသီရန်မခဘဲ အဆင်ပြေချော့မွေ့ကြပါစေ 🙏

16/12/2021

🙏 မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏

15/12/2021

ကမ္ဘာကြီးကိုခြိမ်းခြောက်လာသည့် Covid-19 မျိုးစိတ်သစ်အကြောင်း

🦠 လက်ရှိမြန်မာနိုင်ငံမှာတော့ မတွေ့ရှိရသေးပေမဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကူးစက်ပျံ့နှံ့နေတဲ့ Covid-19 မျိုးကွဲသစ် Omicron အကြောင်းကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးချင်ပါတယ်...

Omicron လို့ ဘာကြောင့်ခေါ်တာလဲ?

🔺 W.H.O က Coronavirus၏ ပေါ်ပေါက်လာသော မျိုးကွဲများကို စတင်အမည်ပေးခဲ့ရာမှာ ဖော်ပြရလွယ်ကူစေရန် ဂရိအက္ခရာများဖြစ်သည့် Alpha,Beta,Gamma,Delta စသဖြင့် အသီးသီးအမည်ပေးခဲ့ပါတယ်။ ပထမဆုံး “မျိုးကွဲ” Alpha ကို 2020 ခုနှစ်နှောင်းပိုင်းမှာ ဗြိတိန်တွင် စတင်တွေ့ရှိခဲ့ပြီး မကြာမီ တောင်အာဖရိကတွင် Beta ဖြင့် အစဉ်လိုက် တွေ့ရှိခဲ့ရာ ယခုနောက်ဆုံးမျိုးကွဲသစ်ကို Omicron ထိဖြစ်ပါတယ်။ သို့ပေမဲ့ အမေရိကန်များမှ အက္ခရာစဉ် နှစ်ခုဖြစ်သည့် နူ နှင့် ရှီကို ကျော်သွားသည်ကို သတိပြုမိခဲ့ပါတယ်။

🔺 တာဝန်ရှိသူများက Nu ဟာ New “အသစ်” နှင့် အလွယ်တကူရောထွေးနိုင်သည့်အပြင် နောက်စကားလုံးဖြစ်သည့် Xi ဟာ ပိုရှုပ်ထွေးနိုင်သည်ဟု ယူဆခဲ့ပါတယ်။အချို့က ၎င်းဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ နာမည်လည်း ဖြစ်သည်ဟု မှတ်ချက်ကြပါတယ်။

🔺 W.H.O ၏ ပြောရေးဆိုခွင့်ရှိသူက ယဉ်ကျေးမှု၊လူမျိုးရေး၊လူမျိုးစုတစ်စု နှင့် ဒေသဆိုင်ရာ စော်ကားမှုဖြစ်စေခြင်းကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Omicron Virus အကြောင်း

🔺 ဘော့ဆွာနာနိုင်ငံ နှင့် တောင်အာဖရိက နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော Corona virus အသစ် ဖြစ်ပွားမှုဟာ Virus ပိုး ပိုမိုကူးစက်နိုင်စွမ်း မြင့်မားပြီး လက်ရှိ ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ သက်ရောက်နိုင်စွမ်းကို လျှော့ချနိုင်စွမ်းရှိသော ပုံမှန်မဟုတ်သည့် ဗီဇ ပြောင်းလဲခြင်းအရေအတွက် များပြားခြင်းကြောင့် သိပ္ပံပညာရှင်များ နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေခဲ့ပါတယ်။

🔺 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး W.H.O က Omicron ကို အလွန်အန္တရာယ် ရှိသည်ဟု သတိပေးထားပြီး အန္တာတိကတိုက် မှလွဲ၍ ကမ္ဘာ့တိုက်ကြီးများ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အဆိုပါမျိုးကွဲကို နိုင်ငံပေါင်း 60 နီးပါးမှာ ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ December လအစမှာ တောင်အာဖရိကမှ အမေရိကန် ကယ်လီဖိုးနီးယားသို့ နေရပ်ပြန်လာသော နေထိုင်သူတစ်ဦးဟာ Omicron ကူးစက်ခံရတဲ့ ပထမဆုံး အမေရိကန် နိုင်ငံသားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထို Virus မူကွဲကို ပြည်နယ်ပေါင်း 20 ကျော်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

U.S မှာ Omicron တွေ့ရှိခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိရှိရပြီလဲ ?

🔺 ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာများ ဒါရိုက်တာ Rochelle Walensky က မျိုးကွဲအသစ်မှာမည်မျှအထိ ပျံ့နှံလာမည်ကို ပြောရန် စောလွန်းနေသေးပေမဲ့ လာမည့်သီတင်းပတ်များမှာ ကူးစက်မှုနှုန်း သိသိသာသာ တိုးလာဖွယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။Omicron မျိုးကွဲဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားသူများတွင်မူ ပျော့ပျောင်းသော လက္ခဏာများသာ တွေ့ရကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

🔺 ပြည်နယ် 2ဒါဇင်နီးပါးရှိ ရောဂါပိုးကူးစက်မှု 43ခုမှာ မျိုးကွဲဗီဇ၏ လက္ခဏာကို အရိပ်အမြွက် ရှာဖွေနိုင်ခဲ့ပြီး Omicron ဟာ ယခင်က Delta မျိုးကွဲထက် ပိုမိုပျော့ပျောင်းသောရောဂါ ဖြစ်နိုင်ကြောင်း အစောပိုင်း အထောက်အထားများအရ သိရှိရပါတယ်။ December 10 ရက်နေ့မှာ 40နှစ်အောက် အရွယ်ရောက်ပြီးသူ လူငယ်များဟာ Omicron ဖြစ်ပွားမှုအများစုမှာ ပါဝင်ကြောင်း C.D.C (Centers for Disease Control and Prevention) မှ အစီရင်ခံခဲ့ပါတယ်။ ၎င်းမှ အများစုဖြစ်တဲ့ 34ဦးဟာ ကာကွယ်ဆေး အပြည့်အဝထိုးနှံခဲ့ကြောင်း တွေ့ရှိရပါတယ်။ ထိုသူများထဲမှ ခြောက်ဦးဟာ ယခင်က Corona virus ကူးစက်ခံဖူးသူဖြစ်ကြောင်း သိရှိရပါတယ်။

🔺 Omicron ရောဂါပိုး ကူးစက်ခံရသူများရဲ့ သုံးပုံတစ်ပုံခန့်ဟာ ရောဂါလက္ခဏာများမတွေ့ရှိမှီ နှစ်ပတ်အတွင်း နိုင်ငံတကာသို့ ခရီးလှည့်လှည်ခဲ့ပြီး ယင်းမျိုးကွဲဟာ ကမ္ဘာအနှံ့ ပျံ့နှံ့နေကြောင်း C.D.C က ဆိုပါတယ်။

Omicron နဲ့ပတ်သက်ပြီး စိုးရိမ်သင့်လား ?

🔺 Omicron ဟာ အမေရိကန် နဲ့ အခြားနိုင်ငံများတွင် အားကောင်းသောမျိုးကွဲဖြစ်သည့် Delta ကဲ့သို့ ယခင်မျိုးကွဲများထက် ပိုမိုအန္တရာယ်များကြောင်း ခိုင်လုံတဲ့အထောက်အထား မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက အသိပေးထားပါတယ်။Omicron ထက် Delta မှာ အစောပိုင်းမျိုးကွဲများထက် ပိုမိုကူးစက်နိုင်ပြီး ပိုမိုပြင်းထန်သော ရောဂါများကို ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ သို့ပေမဲ့ ကာကွယ်ဆေးများဟာ Delta နှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးနေဆဲဖြစ်ပြီး ထို့ထက်အရေးကြီးသည်မှာ ကာကွယ်ဆေးများဟာ Deltaမှ ဖြစ်ပွားသော ပြင်းထန်သောရောဂါများ နှင့် သေဆုံးခြင်းတို့ကို များစွာလျှော့ချပေးနိုင်ပါတယ်။

🙏 Covid-19 ကူးစက်ခံရခြင်းမှ ကင်းဝေးပြီး စီးပွားရေး လူမှုရေး အစစအရာရာ တိုးတက်အောင်မြင်ကြပါစေ... 🙏

-19

15/12/2021

ဘယ်တော့မှ အရှုံးမပေးပါနဲ့။
ဒီနေ့ ခက်ခဲမယ်၊ မနက်ဖြန်မှာလည်း ပိုပြီးဆိုးရွားနိုင်မယ်၊ ဒါပေမယ့် သန်ဘက်ခါမှာတော့ တောက်ပလာနိုင်ပါတယ်။
Jack Ma

(Unicode)
ဘယ်တော့မှ အရှုံးမပေးပါနဲ့။
ဒီနေ့ ခက်ခဲမယ်၊ မနက်ဖြန်မှာလည်း ပိုပြီးဆိုးရွားနိုင်မယ်၊ ဒါပေမယ့် သန်ဘက်ခါမှာတော့ တောက်ပလာနိုင်ပါတယ်။
Jack Ma

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သဒ္ဒါတရား လွန်ကဲသွားတာပါ

Website

Address

Yangon

Other Investment Management Companies in Yangon (show all)
EXXON EXXON
FMI City, Hlaingtharyar
Yangon

Welcome to EXXON Film Investment Company Limited. The most trusted investment company for you.

Myan Pro Ventures Myan Pro Ventures
Pyi Thar Yar Street, Myanmar, Burma (Myanmar)
Yangon

May Thu Kyaw Exxon Film အကြောင်းဆွေးနွေးမယ်/ ဝင်ငွေရှာမယ် May Thu Kyaw Exxon Film အကြောင်းဆွေးနွေးမယ်/ ဝင်ငွေရှာမယ်
Yangon

ဝန်ထမ်းဘဝမှ ကိုယ်ပိုင်စီးပွားရေးဆီသို့ �Exxon Film နဲ့စတင်ပြီနေ့စဉ့် daily income ဝင်ငွေယူကျမယ်

FMI Public Company Limited FMI Public Company Limited
1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Thayar Township Yangon 11401
Yangon

Build a Better Myanmar for its People.

Pyae Sone - Forex Business Pyae Sone - Forex Business
No. 905/906 , 9floor , SOHO TOWER , BoMyatHtun Street , Botahtaung Township
Yangon

Forex & Commodity Online Trading Consultant

Vlife Ei Khaing Vlife Ei Khaing
Yangon, 11011

FMI Public Company Limited FMI Public Company Limited
1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Thayar Township Yangon 11401
Yangon

Build a Better Myanmar for its People.

Treasure Cap Group Treasure Cap Group
No. (40), Ground Floor, 44th Street (Lower Block), Botahtaung Township
Yangon

Investment-Trading-Energy-Development

VENUE 36 GROUP VENUE 36 GROUP
No. 36/38, Alanpya Pagoda Road, Mingalar Taung Nyunt Township
Yangon, 11221

Venue 36 Group of Companies is a Venture Capital Investment Holding Company.

Pinya Capital Pinya Capital
Yangon Innovation Center (YIC), Kyan Mar Yay Seik Kan Compound, Corner Of Pansodan Raod And Strand Road
Yangon, 11182

Pinya Capital LLC is a leading investment management and private equity house in Asia.