Hanuman:Thailand Herbal Products

Hanuman:Thailand Herbal Products

Hanuman
တိုင်းရင်းဆေးကပ်ခွာ+လိမ်းဆေးဆီ
HairQueen
ဆံသားအားဖြည့်ဆီ ဖြန့်ချီ​ရေး
09780660160/09258552141

12/12/2023

💥 ဒူးဝေဒနာကြုံနေရတဲ့မိတ်ဆွေအတွက်
ဘယ်လိုအိပ်စက်တဲ့ပုံစံက အသင့်လျော်ဆုံးဖြစ်မလဲ?
မိတ်ဆွေဟာ ဒူးနာကိုက်ခဲခြင်းကြုံနေရလို့

ညဘက်တွေထိ
အိပ်ကောင်းချင်းအိပ်မရဖြစ်တတ်တာလား?

မနက်နိုးလာရင်လည်း
ဒူးတွေထုံကျဉ်နေတာမျိုးကြုံနေရတယ်ဆိုရင်

ဒီနေ့မျှဝေပေးသွားမယ့်
အိပ်စက်တဲ့ပုံစံ(၂)မျိုးကအကျိုးရှိစေမယ်လို့
ယုံကြည်ပါတယ်။

👇ပုံလေးတွေနဲ့တကွ ကြည့်ရှုနိုင်ပါတယ်။

မိတ်ဆွေများအားလုံး ဝေဒနာအပေါင်းမှကင်းဝေးပြီး
ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

🙆❣️မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ။

#ဒူးနာ #ဒူးကိုက် #ဒူးဝေဒနာ
#မင်္ဂလာ #မင်္ဂလာတိုင်းရင်းဆေး

Credit - မင်္ဂလာတိုင်းရင်းဆေး

12/12/2023

ကိုယ်တိုင်ဝယ်သုံးတာ အရမ်းကောင်းလို့ပါဆိုပြီး
ဆေးကပ်ခွာ 30 လိမ်းဆေး 20 မနက်အစောကြီးလာယူသွားတဲ့ မိုးကုတ်ကညီမလေး

ဒီ 👇 ညီမလေးဆီမှာလဲ Hanuman တိုင်းရင်းဆေးတွေ လက်လီလက်ကား မှာယူနိုင်ပါပြီဗျ
https://www.facebook.com/saw.hanna.90?mibextid=ZbWKwL


ိုင်းရင်းဆေးဖြန့်ချီရေး
09780660160
09258552141

11/12/2023

အဆိုတော်လုပ်ရင် အရမ်းအောင်မြင်မှာ 🤗

Photos from Hanuman:Thailand Herbal Products's post 10/12/2023

🙏🙏🙏

10/12/2023

Hair queen ကို ၄ ခါပဲ လိမ်းရသေးတဲ့ ရလဒ်

ဆံပင်ကျွတ်တာသက်သာလာတဲ့အပြင် ကျွတ်တဲ့နေရာလေးတွေက ဆံပင်အနုလေးတွေပေါက်လာပြီဆိုတော့

အုံထူလာဖို့ပဲရှိတော့တယ်

ဓာတုဆေးမပါလို့ ဆိုးကျိုးလုံးဝမရှိတဲ့အပြင် စွဲသုံးလေအကျိုးများလေဆိုတာ အာမခံပါတယ်ဗျ


်လီလက်ကား
09780660160
09258552141

10/12/2023

‼ ဂုတ်ကျီးပေါင်း ရဲ့အန္တရာယ် ‼

ဂုတ်နေရာမှာ အရိုး 7 ဆစ်ရှိပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းပြီး အရိုးကျီးပေါင်းတက်ပြီး အာရုံကြောအမျှင်လေးတွေကို သွားဖိတဲ့ ရောဂါတမျိုးဖြစ်ပါတယ်

ဂုတ်ကျီးပေါင်းဖြစ်လာရင် ဘယ်လို လက္ခဏတွေ
ခံစားနိုင်ရသလဲ ❓

ချာချာလည်မူးပြီးအန်မယ် (အထူးသဖြင့် အာရုံစိုက်ရတဲ့အလုပ်တွေ)
TV ကြည့်တာ၊ဂိမ်းကစားတာ၊စက်ချုပ်တာ အစရှိတာ တွေကို ပြုလုပ်နေစဥ် ပိုပြီးမူးလာတက်ပါတယ်
အိပ်ယာထထ ခြင်းမှာပိုပြီးမူးတက်ခြင်း
လက်မမြောက်နိုင်အောင်လက်ကပ်ခြင်း

ဂုတ်ကျီးပေါင်းဖြစ်တာကြာလာတာနဲ့အမျှ
လက်မောင်းအုံထဲမှာ ကိုက်ခဲခြင်း လက်မြောက်ဖို့ခက်ခဲလာခြင်း❗

ဆီချိုးရောဂါမရှိပဲ လက်များထုံကျင်လာမယ်၊ဂုတ်မှထွက်တဲ့အာရုံကြောဟာ လက်ဖျားထိသွားတာကြောင့်
အလေးအပင်မရင် လက်ပြင်းစူးပြီး၊ပိုမိုထုံကျင်လာတက်ပါတယ်။

ဂုတ်ကျီးပေါင်းသက်သာစေရန်❗
👉🏻အာရုံစိုက်တာလျော့ပေးပါ

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာနဲ့လိမ်းဆေးဆီကိုသုံးပေးခြင်းဖြင့် ကျီးပေါင်းကြောင့် နာကျင်ကိုက်ခဲတာ မြန်မြန်သက်သာစေပါတယ်




☎️09780660160

10/12/2023

🌹🙏မဂ်လာနံနက်ခင်း​လေးပါ 🙏🌹
နိုးထသည့် နံနက်ခင်း
စိတ်ဆင်းရဲခြင်း ကင်းပါ​စေ။

​နေ့စဥ်​နေ့တိုင်း
​ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါ​စေ။
ကျန်းမာကြပါ​စေ။
ချမ်းသာကြပါစ​စေ။
အစစအရာရာ အားလုံး
အဆင်​ပြေကြပါစေ🙏🙏🙏

Photos from Hanuman:Thailand Herbal Products's post 09/12/2023

နေ့ရက်တိုင်း Hanuman cus တွေနဲ့ ဖြတ်သန်းနေရတဲ့ မင်မင်ပါ


ိုင်းရင်းဆေးလက်လီလက်ကား
09780660160
09258552141

09/12/2023

♦♦ ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းကောင်း(၅)မျိုး ♦♦
==================================

စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင် နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။
ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။
ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –

(၁)ရေခဲကပ်ခြင်း(လတ်တ လောနာကျင်ခြင်းအတွက်)
••••••••••••••••••••••••••••••••••••••••••••••••••••••••••

ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလော လတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင်သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ဒါပေမယ့်ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲ
ထည့်ပြီးမှ ကပ်ဖို့မမေ့ပါနဲ့။

(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)
•••••••••••••••••••••••••••••••••••••••••••••••••••

ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ။
••••••••••••••••••••••••••••••••••••••••••••••

သင့်အာရုံ ကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်။

(၄)နနွင်းစားပါ။
••••••••••••••••••

ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)လည်ပင်းလေ့ကျင့်ခန်း လုပ်ပါ။
•••••••••••••••••••••••••••••••••••••

ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်။လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။လည်ပင်းကို ဘယ်ဘက်သို့
တတ်နိုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။
၃ကြိမ်စီပြုလုပ်ပါ။လည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။

09/12/2023

🇨🇭 သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_
------------------------------
♦၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

♦၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

♦၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

♦၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။
------------------------------

🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

* အမြင်အာရုံဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
-----------------------------------
💧၁။ ရေများများသောက်ပါ။

💧၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

💧၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

💧၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

💧၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_
----------------------------
🔹၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။

🔹၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။

🔹၃။ ကြွက်သားကို သန်မာစေတယ်။

🔹၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။

🔹၅။ စွမ်းအင် တိုးပွားစေတယ်။

🔹၆။ ဝိတ်ကျစေတယ်။

🔹၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။

🔹၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။
-------------------------------
◾- ရေခဲရေကို ရှောင်ပါ။

◾- ရိုးရိုးရေကို များများသောက်ပါ။

◾- ရေနွေးကို များများသောက်ပါ။

◾- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊

◾- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

Credit Original Uploader

ကျန်းမာ ပျော်ရွှင်ကြပါစေ•🇨🇭

08/12/2023

ရွှေလက်စွပ် ပိုင်ရှင်လေး ထွက်လာ ပါပြီ 🙆‍♀️🥰

07/12/2023

မိုးလင်းလာရင်ဆူပူအော်ဟစ်နေတဲ့ အိမ်မဖြစ်ရဘူး။ဟိုဟာမရှိဘူး ဒီဟာမရှိဘူး ကုန်ပြီဆိုတဲ့အသံတွေ မထွက်ရဘူး။

ညနေကတည်းက ဘာကုန်တတ်လဲအမြဲစစ်တတ်တဲ့အကျင့် လုပ်ပါ။ ကြိုဝယ်ထားပါ ။

တစ်ချို့အိမ်တွေက လူကြီးတွေနဲ့ မိမိကိုယ်တိုင်ကပွစိပွစိ လုပ်မိတတ်နေတတ်တယ်။သတိထား ပြုပြင်ပါ။

မထိန်းတတ်သေးရင် အိမ်အလုပ်စလုပ်ရင်း
သံဗုဒ္ဓေ 108 ခေါက် စိတ်ထဲကနေ ရွတ်ရင်း လုပ်ကြည့်ပါ ။

ကလေးတွေ ငိုသံမကြားရအောင် ဂရုပြုပါ။
ကလေးနိုးလာတာနဲ့ စားဖို့ ကြိုပြင်ထားပါ။
ဆော့စရာလေးတွေ ဘေးနားထားပါ။
ကလေးရယ်သံလေးတွေ လွင်နေပါစေ။

ဘုရား သောက်တော်ရေကပ်ပါ။ ဘုရားဝေယျာဝစ္စ လုပ်ပါ။မေတ္တာသုတ် တရားသံတိုးတိုးလေး ဖွင့်လိုက်ပါ။

နေ့စဉ် ဘုရားကို 500 ကျပ် ဝတ္ထုငွေလှူပါ။
လကုန်ရင် ပြန်စွန့်ပြီး ဘုရား အတွက် လိုတာဝယ်ပါ။

နေ့စဉ်အိမ်ရှေ့ဘက်ကို ဆန်လက်တဆုပ် ပက်လိုက်ပါ။ငှက်ကလေးတွေကို ကုသိုလ်ပြုပါ။

မနက်ဆိုရှေ့ဘက်ကနေ နောက်ဘက်ကို တံမြက်လှည်းပါ။ ညနေကိုနောက်ဘက်ကနေ ရှေ့ဘက်ကို တံမြက်လှည်းပါ။

ဖိနပ်အစုတ် ထီးအစုတ် ကျိုးပဲ့နေတာတွေ အိမ်မှာမထားရပါဘူး။မီးဖိုချောင်မှာ မလိုအပ်တာမထားပါနဲ့။

စားသလောက် ပန်းကန်အရေအတွက်ပဲထားပါ။အပိုတွေသိမ်းပစ်လိုက်ပါ။လင်မယား စောစောစီးစီး စကားမများမိပါစေနဲ့။

မနက်မိုးလင်းမှာကုသိုလ်တရားနဲ့ အစပြုပါ။
ညအချိန်မှာကုသိုလ်တရားနဲ့ အိပ်ယာဝင်တတ်အောင်နေပါ။

တနေ့တာပြီးတိုင်းဒီနေ့ ကောင်းမှု တစ်ခု ဘာလုပ်ခဲ့လဲတွေးပါ။မကောင်းတာ ဘာလုပ်မိလဲ ဆင်ခြင်ပါ။

နောက်နေ့ ကုသိုလ်တစ်ခု ပြုဖို့ အားစိုက်ပါ။🙏🙏🙏

ခွေးလေးကို ထမင်းကျွေးတာလည်း ကုသိုလ်ပါပဲ။ငှက်လေးတွေကို ဆန်စေ့ပက်ပေးတာလည်း ကုသိုလ်ပါပဲ။

ဂုဏ်တော်ရွတ်မိတာလည်း ကုသိုလ်ပဲ။
မိသားစုကို မေတ္တာနဲ့ ချက်ကျွေးတာလည်း ကုသိုလ်ပါပဲ။

Tr Bright Bella Lay ...
# # # # # # # # # #

03/12/2023

ညည်းဟယ် ဒီနေ့မှ ၃ ရက်ပဲ့ရှိသေး 🙄🙄🙄

photo crd

02/12/2023

ခုလို အေးတဲ့ ချိန်မှာ ဦးရေပြား ရဲ့ ရေဓာတ်က
ခမ်းခြောက် လာတာကြောင့် ‼️‼️

ဗောက်ထ တဲ့ ပြဿနာ က အရင်က ထက် ပိုဆိုး လာနိုင်ပါတယ်✅‼️

ဒီထက် ပိုဆိုးလာမယ့် ဗောက်ပြသာနာကို ကြိုတင်ကာကွယ်ဖို့ဆိုရင် ✅✅

ခေါင်းလျှော်မယ့် ချိန် ဦးရေပြားကို ရေဓာတ် ဖြည့် ပေးတဲ့ အဆီ တစ်မျိုးမျိုးနဲ့ နှပ်ပြီး ခေါင်းလျှော် ပေးဖို့ လိုမယ်နော်‼️
(ဥပမာ - အုန်းဆီ ၊ လျှားစောင်း ၊ သံလွင်ဆီ)

ဘာဆီ သုံးရမယ် မှန်း မသိဘူးဆိုရင် 🤷🏻‍♀️

သဘာဝ အဆီအနှစ် တွေ ထည့်ပေးထားတဲ့
Hair Queen နဲ့ 30/45 မိနစ်လောက် နှပ်ပြီးခေါင်းလျှော်ပေးရင်လဲ ရတယ်နော်😍💯

မဖြစ်လာသေးတဲ့ ဗောက်ကို ကြိုတင်ကာကွယ်ပေးနိုင်သလို 💯✅

ရှိပြီးသား ဗောက်တွေ ကိုလည်း သက်သာလာစေပါတယ်နော်💯✅



#ဦးရေပြားနှင့်ဆံသားအားဖြည့်ဆီ

02/12/2023

သေမယ့်ရက်ကိုတောင် ရွှေ့ပစ်နိုင်တဲ့ကုသိုလ်ကောင်းမှု (၆)မျိုး

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က
ဗေဒင်ကျွမ်းကျင်သောပုဏ္ဏားမိသားစုရှိရာတွင်

ပုဏ္ဏားကြီးသည်မိမိကိုယ်ကို ဗေဒင်တွက်ကြည်ရာတွင်...
အသက်(၆၀)ပြည့်နေ့တွင် သေရမည်ကို သိလေ၏။

ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း
သေမည့်ရက်ကိုကြောက်လန့်၍ ဘုရားထံသွားလေ၏။

ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက မှန်၏
အသက်(၆၀)ပြည့် မွန်းတည်ချိန်တွင်သေမည်။

သေလျှင် မြောက်ဘက်တောတန်းတွင် မျောက် ဖြစ်
လိမ့်မည်ဟု ဟောကြားလိုက်လေသည်။

ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန်
တောတန်းတွင် ဥယျာဉ် စိုက်၏။

နေရန် ဇရပ်ဆောက်၏ ရေတွင်းတူး၏ လမ်းဖောက်၏
တံတားဆောက် စသည့်တို့ကို လုပ်၏။

အသက်(၆၀)ပြည့်၍ မသေသောအခါ
ဘုရားရှင်ထံ သွားရောက် ပြစ်တင်လေတယ်။

မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ပဲ
အများအတွက်ပြုလုပ်ပေးသော်.. အောက်ပါကုသိုလ်
များသည်
သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ
ပုဏ္ဏားမိသားစု ဗုဒ္စဘာသာသို့ ကူးပြောင်း၍ သော
တာပန်တည် လေ၏။

ဤ(၆)မျိုးမှာ .....
---------------
၁။ အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း
၂။ မိမိနေအိမ်နေရာပတ်ဝန်းကျင်တွင် သစ်ပင်စိုက်ခြင်း
၃။ အများသွားလာနိုင်ရန် လမ်းဖောက်ခြင်း
၄။ အများသွားလာနိုင်ရန် တံတားခင်းခြင်း
၅။ အများနေရန် ဇရပ်ဆောက်ခြင်း
၆။ သောက်သုံးရန် ရေတွင်းတူးခြင်း --
သေနေ့ကိုရွှေ့နိုင်သော ကုသိုလ်ထူးများ ဖြစ်ပါသည်။

မေတ္တာဖြင့် ပူဇော်ပါသည် 🙏

Credit .

Photos from Hanuman:Thailand Herbal Products's post 28/11/2023

ဆံပင်ကောင်းချင်ရင်.... ပါးစပ်ကနေ အော်ပြောနေလို့
ဆံပင်တွေ မကောင်းလာဘူးနော်

ဆံပင်ကောင်းဖို့ဆိုရင်
ဆံသားအားဖြည့်အဆီ ကို
၃ရက်တစ်ကြိမ် ဦးရေးပြားကို အားဖြည့်ပေးရမယ်...

🍶ရေကိုတစ်နေ့ ၂လီတာသောက်ပေးပါ
အစပ်တွေရှောင်ပေးပါ🌶

အိပ်ရေးဝအောင်👁 အိပ်ပေးပါ

😔စိတ်ဖိစီးမှုတွေ တတ်နိုင်သမျှ လျှော့ချပေးပါ

HairQueen ဆံသားအားဖြည့်အဆီ ကိုမဖြစ်မနေသုံးပေးပါ..💃

အနည်းဆုံး ၂ဘူးကုန်တဲ့အထိသေသေချာချာသုံးပေးရင်

ဆံပင်တွေ ရှယ်ကောင်းလာတယ်ခ
လုံးဝအာမခံတယ်နော်
crd

27/11/2023

အရွတ်စားလည်း အားဖြစ်တယ် ..

အခု နောက်ပိုင်းမှာ fbကို အများ သုံးလာတော့
လူတွေလည်း ဓမ္မ အသိတွေကြွယ်လာပြီး မဟာ ပဋ္ဌာန်းတို့ ပရိတ်ကြီးတို့ ဓမ္မ စကြာတို့
မဟာသမယသုတ် စသည်တို့ကိုတစ်ဦးချင်းဖြစ်စေ
အသင်းအဖွဲ့လိုက်ဖြစ်စေ ရွတ်ဖတ် ပူဇော် နေ ကြတာအလွန် ဝမ်းသာစရာကောင်းပါတယ်..

ဒါကို အရွတ်ချည်း လုပ်မနေနဲ့.. ဘာမှ အရာမရောက်ဘူး.. အာပေါက်တာပဲ အဖတ် တင်မယ်.. အသားလည်းစားဦး… စသည်ဖြင့်.. ခနဲ့သလို ကဲ့ရဲ့သလို ပြောကြပါတယ်…

တကယ်တော့ အရွတ်ထက် အသားက ပိုကောင်းတယ်လို့ ပြောသူတို့ရဲ့ စကားဟာ မိစ္ဆာစကားဖြစ်တယ် .. လုံးဝမမှန်ဘူး.. အရွတ်နဲ့ ရဟန္တာ ဖြစ်သူတွေ ဒုနဲ့ဒေး.. ဘုရားဟော အပါဒါန် ပါဠိတော်မှာ တိုက်ရိုက်လာတယ်..

ဘယ်သူ ရွတ်ရွတ်..
ဘယ်နေရာရွတ်ရွတ်..
ဘယ်အချိန်ရွတ်ရွတ်..
ဘယ်လို အနေအထားနဲ့ ရွတ်ရွတ် ..ကောင်းတယ် ..

သဗ္ဗတ္ထ သောတ္ထိံ ဆိုတဲ့ ပါဠိကို အလေးထားပါ..

ဘုရား သာသနာနဲ့တွေ့မှ ရွတ်ခွင့်ရတာ အရွတ်ကို မကဲ့ရဲ့ကြနဲ့။

အရွတ်ကို ကဲ့ရဲ့ရင် ဘုရားကို ကဲ့ရဲ့တာ
သဗ္ဗညုတဉာဏ်ကို စော်ကားတာနဲ့ အတူတူပဲ..

သင်္ဂါယနာ (၆)တန် တင်ခဲ့တယ်..သင်္ဂါယနာတင်တယ်ဆိုတာ..ဂုဏ်တော်တွေ ရွတ် တာပါပဲ..

ဗုဒ္ဓေါဆိုတဲ့ အက္ခရာ (၂)လုံးကို ရွတ်ရင်တောင်
စကြာမင်း စည်းစိမ်ချမ်းသာထက်(၁၆)ဆ သာတယ်..

ဘုရားက ရွတ်ပါလို့ တိုက်တွန်းတယ်..
ရွတ်မှ အသိမှန်မှာ .. အသိမှန်မှ အကျင့်မှန်မှာ .. အကျင့် မှန်မှ နိဗ္ဗာန် ရောက်မှာ..

မရွတ်ရင် အသိ မှားမယ်.. အသိမှားရင် အကျင့်မှားမယ်..အကျင့်မှားရင် ငရဲ ကျမယ်..

ဘုရားဟော ပိဋကတ် သုံးပုံတွေဟာ ရွတ်စရာတွေချည်းပဲ..

အရွတ်ကို အပြစ် ပြောရင် ငရဲကျမှာ သေချာတယ်..
အရွတ်ကို အပြစ် ပြောရင် သင်္ဂါယနာတင်တာကို
အပြစ် ပြောတာနဲ့ ဘာထူးလို့တုံး..

ဘဂဝါတိ ဝစနံ သဋဌှေံ

ဘုရားဟောမှန်ရင် ဘာ ရွတ်ရွတ် နိဗ္ဗာန် ရောက်တယ်လို့ အပါဒါန် ပါဠိမှာ လာတယ်..

တရားဟောတာ၊ စာချတာ၊ လောကီလောကုတ္တရာ စာသင် တာတွေဟာ အရွတ်တွေချည်းပဲ။

အရွတ်ကို အပြစ် ပြောသူတွေဟာ ဝိဇ္ဇာကို ကဲ့ရဲ့တာ.. ဝိဇ္ဇာကို ကဲ့ရဲ့ရင် စရဏ မှားမယ်..

စရဏ မှားရင် မဂ် ဖိုလ် နိဗ္ဗာန် မရ အပါယ် ငရဲ ကျမယ်..

ဒါကြောင့် ပိဋကတ် သုံးပုံကို ရွတ်ကြဖို့ တိုက်တွန်းရင်း " အရွတ် စားလည်း
အားဖြစ်ပါတယ်"

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး 🙏🏻🙏🏻🙏🏻

Credit >> Original Uploader >> Thanks
Credit. ဆုထူးပန်

Photos from Hanuman:Thailand Herbal Products's post 27/11/2023

#သူခိုးည. ( လုံးဝ )မဟုတ်ပါ တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည လုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် အဇာတသတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ နေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင် သူခိုးညဆိုပြီး နာမည်တပ်လိုက် တော့ အမှန်တရား ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။
~•~•~•~•~•~•~•~•~•~•~•~•~•~• တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ) ~•~•~°~•~•~•~•~•~•~•~•~•~•~• လွန်လေပြီးသော ရှေးအခါက ယော င်္ကျားသားများ ရှင်လိင်ပြန်ကြရာ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။
းးးးးး
ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများ စသော လူယောင်္ကျား တို့သည်ဆေး မှင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ းးးးးး
ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ ထိုသို့ ထိုးခဲ့ပြီးသော ယောင်္ကျား တို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။.းးးးးးးးးး
ခိုး ကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။
းးးးးး
မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားရင်ဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်း၀တ်စေမြဲဖြစ်သည်။
းးးးးးးးးး
ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ ဖြုတ်ချ ၊ အရက် ဘီယာအစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော် ကနေ အပျက် ဘက်ကို ဦးတည်လာကြတယ်။ အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေ သိစေချင်၍ရည်ရွယ်ရင်း .... .. ?????????????????????? မေတ္တာဖြင့်မျှဝေသည်။

Photos from Hanuman:Thailand Herbal Products's post 26/11/2023

မြို့နယ်အစုံ Hanuman တိုင်းရင်းဆေးနှင့် Hair Queen ဆံသားအားဖြည့်ဆီများ cus တွေဆီ အရောက်ပို့

အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်ဗျ


ိုင်းရင်းဆေး
ံသားအားဖြည့်ဆီ
#လက်လီလက်ကားဖြန့်ချီရေး
09780660160

24/11/2023

နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း
နိမိတ်ပြလက္ခဏာ (၈) ချက် ။

ရင်ဘတ် အကြီးအကျယ်အောင့်
နှလုံးသွေးကြောရုတ်တရက် ကျဉ်းတာ၊
ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို
အရေးပေါ် တက်ရောက်ကုသရသူတွေဟာ

မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က
ဒါဖြစ်တော့မယ်ဆိုတာကို
ကြိုတင်သတိပေးနေတတ်ပါသတဲ့ ။

၁။အလိုလိုနေရင်း နုန်းနေခြင်း -

နှလုံးသွေးကြော ကျဉ်းလာရင်
ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊
အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။
ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊
နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း -

နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ
ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊
လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

၃။မောပန်းမယ် -
အလိုလိုနေရင်း လှေကားတက်၊
တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။
နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ
အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊
အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် -

ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ်
ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို
အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

၅။ချွေးစေးတွေ ပြန်လာတတ်မယ် -

ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ
မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

၆။ရင်တလှပ်လှပ်တုန်ခြင်း -

ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး
နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက
နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ
ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် -

နှလုံးက စတင်ခုန်နှုန်းကျလာတာမို့
ခန္ဓာကိုယ် အစွန်အဖျား၊
ခြေတွေ လက်တွေကို
သွေးအရောက် နည်းလာပြီး
ခြေဖျား အေးလာတတ်ပါတယ်။
ရာသီဥတု မှန်ပါလျက်နဲ့
ခြေဖျား လက်ဖျားလေးတွေ
အေးစက်စက် ခံစားရပါမယ်။

၈။မူးဝေလာတတ်မယ် -

တရိပ်ရိပ်နဲ့ မူးနေတတ်တာ
နေရင်းထိုင်ရင်း ခေါင်းထဲမှာ
ရီဝေဝေဖြစ်တာတွေ ရွိတဲ့အခါ
နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက်
မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။
နှလုံးသွေးကြော လုံးဝပိတ်မသွားခင်
ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး
မိမိမွာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊
နှလုံးသွေးကြော ပိတ်နေပြီလား၊
နှလုံးရောဂါ ခံစားရနိုင်တဲ့
အရိပ်အယောင်ရှိမလားလို့
မိမိကိုယ္ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

!!အနည်းဆုံး သုံးလေးခုလောက်
ခံစားနေရပြီဆိုရင်ကို မေပါ့ဆဘဲ
ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!!

Credid
လေးစားစွာ ပြန်လည်မျှဝေပါသည်။

Photos from Hanuman:Thailand Herbal Products's post 22/11/2023

❗တစ်ရှိုက် ဆို တစ်ရှိုက် ခေါင်းကြည်သွားစေရမယ်❗

မှာ အထာလေးတွေရှိတယ် #လိမ်းဆေးဆီ ဆိုရင် တစ်စက်လိမ်းရုံနဲ့ သိသာတယ် ထူးခြားတာမို့ တစ်စက်ဆီလို့တောင် တင်စားခေါ်ကြတယ် .. #ရှူဆေး လည်းထိုနည်းတူဘဲ တစ်ရှိုက် ဆို တစ်ရှိုက် ငယ်ထိပ်ထိရောက် ပြီး နှလုံးသားထဲထိပါရောက်သွားတာမျိုးလေး ❤️🌿✨

ဆရာလေးတောင်ပေါ်တတ်လာတာ ကားမူးနေတယ်ဆ်ုလို့ #ရှူဆေးဘူးလေး (၁)ဘူးလှူလိုက်တာ ချက်ချင်းဖောက်သုံးပေးပြီး ပြောသေးတယ်

"ဒီလောက်ကောင်းတဲ့ ရှူဆေး ခုမှရှူဖူးတယ်တဲ့ " crd

1ဘူး 6900

page messenger (or) viber 09780660160 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

22/11/2023

ပန်ဆန်းမြို့ အောင်ဆေးခန်းသို့
လိမ်းဆေးဆီ အရင် ဘူး 20 ကုန်သွားလို့ နောက်ထပ် ဘူး 30 ထပ်ပို့မယ်

Hanuman လိမ်းဆေးဆီကို အရမ်းကြိုက်ကြတာတဲ့လေ

သူ့အကြိုက် ကိုယ့်အကြိုက်

ိုင်းရင်းဆေးဖြန့်ချီရေး
09780660160

22/11/2023

#လက်ဖျားတွေ ထုံကျင်တဲ့ ပြဿနာ📌
ဘယ်သူတွေမှာ အဖြစ်များလဲမေး ❓

⚠ ဆီးချိုရောဂါရှိတဲ့သူ
⚠သွေးတိုးရောဂါရှိတဲ့သူ
⚠ အာရုံကြောပြဿနာရှိတဲ့သူ
⚠ ဖုန်းအသုံးများတဲ့သူ
⚠ လက်ယှက်ထည်တွေလုပ်တဲ့သူ
⚠ ထိခိုက်ဒဏ်ကြောင့် လက္ထိခိုက္ဖူးသူ
⚠ သွေးနုသားနုမိခင်တွေ

စသဖြင့် ဒီလိုလူတွေမှာအဖြစ်များကြတယ်

ဒီလိုဖြစ်လာတဲ့ခါတိုင်း ဆေးထိုးဆေးသောက်ဆိုလဲအဆင်မပြေ တစ်ခါတလေ နေမရအောင်ဖြစ် ❗

ကိုယ်တိုင်လည်း ဖုန်းအသုံးများသူမို့ ကျင်လာကိုက်လာပြီဆို နေမရတော့ဘူး ❗

ခုတော့ ဖြစ်လာပြီဆို Hanumanကပ်ခွာလေးအပြေးကပ်ပြီး အလုပ်တွေဆက်လုပ်လိုက်တယ် အလုပ်လည်းမပျက် ဝေဒနာလည်းသက်သာတယ်လေ ✅

20/11/2023

🌜မကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး 🌛

★ ကုသိုလ်က မကယ်နိုင်တဲ့ ချက်ချင်း ကယ်လို့မရတဲ့ အကုသိုလ်ကတော့ ရှိတယ်။ တစ်ဘ၀တာအတွက် ကယ်လို့မရဘူး။ သို့သော် မကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး။ မကယ်နိုင်ဘူးဆိုတာ နောက်ဘဝြပီးရင်တော့ ကယ်လို့ရတယ်။

★ ဆိုပါစို့ အမေသတ်တာတို့၊ အဖေသတ်တာတို့၊ ရဟန္တာသတ်တာတို့ ၊ သံဃာသင်းခွဲတာတို့၊ ဘုရားသွေးစိမ်းထွက်အောင် လုပ်တဲ့အကုသိုလ်ကြီး
တွေဟာ ဤဘ၀၏အခြားမဲ့၌ သေချာပေါက် အပါယ်ငရဲသွားမှာ အဲဒါကျတော့ ပြုပြင်ပေးလို့ မရတော့ဘူးနော်။

★ ဘယ်လောက်ပဲ စေတီတွေတည်တည်၊ ဘယ်လောက်ပဲ နေ့တိုင်းဘုရားရှိခိုး၊ ရှိခိုး ဘယ်လောက်ပဲ ကုသိုလ်ကောင်းမှုတွေလုပ်လုပ် အဲဒီအကုသိုလ်မျိုးကြရင်
တော့ သေသည်၏ အခြားမဲ့မှာ ငရဲရောက်သွားမှာပဲတဲ့။ ဒါကတော့ သေချာပေါက်ပဲ။

★ ဒါဟာ “ပဉ္စာနန္တရိယကံ” လို့ ခေါ်တယ်။ အဲဒီကံမျိုးကျတော့ ကယ်တင်လို့ မရဘူး။ ကယ်တင်လို့မရတဲ့ ကံတောင်မှ ငရဲကို ရက်တိုတိုနဲ့ လွတ်နိုင်တာရှိသေးတယ်လေ။

★ ဆိုပါစို့ အဇာတသတ်မင်းကြီးဟာ သူ့ရဲ့ဖခင် ဗိမ္မိသာရမင်းကို ထောင်သွင်းအကျဉ်းချပြီးနောက်ဆုံး သူ့အမိန့်နဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ “ပိတုဃာတကကံ” ကျူးလွန်တယ်။ အဲဒီလို ကျူးလွန်လို့ မြတ်စွာဘုရားက သာမညဖလသုတ် ဟောတဲ့အခါမှာ သူဟာ သာမညဖလသုတ်အဆုံးမှာ သောတာပန် ဖြစ်သင့်သော်လည်း မဖြစ်တော့ဘူး။

★ ဒါပေမယ့် အကျိုးမဲ့ ဖြစ်သလားဆိုတော့ ဘုရားသာသနာတော်ကို အလွန်ကြည်ညိုပြီး မြတ်စွာဘုရားကို အလွန်လေးစားတဲ့ ကုသိုလ်ကောင်းမှု
တွေကြောင့် သေသည်၏အခြားမဲ့တော့ သူ ငရဲကျတယ်။ ငရဲတော့ ရောက်တာပဲ။ အဲဒီငရဲက လွတ်အောင်တော့ လုပ်လို့မရဘူး။ ဘာလို့ဆိုတော့ “အတေကိစ္ဆော” ကုစားလို့မရတော့ဘူး။

★ ဆရာ၀န်တွေဟာ fourth stage လောက်ရောက်တဲ့ ကင်ဆာရောဂါကို ကုသမပေးနိုင်တော့ သလိုပဲ သူဟာ
လည်းပဲ ကုသပေးလို့ မရနိုင်တော့ဘူး။ လွန်သွားပြီ ရောဂါကျွမ်းသွားပြီ။ အဲဒီလို ကုသပေးလို့ မရတဲ့
ရောဂါမျိုး ဖြစ်သွားတယ် အဲဒီ ပဉ္စာနန္တိယကံတွေက။

★ ဒါကြောင့်မို့ ကုသမပေးနိုင်သည့်အတွက်ကြောင့် သေသည်၏အခြားမဲ့မှာတော့ ငရဲကျမယ်။ သို့သော် ငရဲဟာ ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာရှည်စွာ မခံရအောင်ကတော့ သူကအထောက်အကူပြုလိုက်
တယ်။ အဇာတသတ်မင်းဟာ အနှစ်ခြောက်သောင်း
လောက်ပဲ ငရဲမှာခံရပြီး ပြန်လွတ်လာမယ့် သဘောပေါ့ ဒီလိုဆိုလိုတယ်ပေါ့နော်။

★ အကန့်အသတ်ကလေး ရသွားတယ်။ နဂိုကတော့ ထောက်တသက် လွတ်ရက်မရှိ ချထားတာ။ ထောင်တသက် လွတ်ရက်မရှိကနေ လျော့လျော့ပေါ့ပေါ့
လေးရတဲ့ သဘောပေါ့နော်။ အဲဒီလိုတော့အထောက်
အကူပြုတယ်လို့ ဆိုရမယ်။ အဲဒီလိုဆို ကံတရားတွေရဲ့ အနေအထားတွေဟာ ရှိတယ်ပေါ့နော်။ ဒါလည်း မှတ်သားစရာ တစ်ခုပေါ့နော်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၂၅)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
‌🆙TT

19/11/2023

လေးကို ကပ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းမှအစိုဓာတ်တွေကိုစုတ်ယူပေးပြီးပေါ့ပါးသက်သာလာစေဆိုတဲ့

🎋ဒီမီးသွေးကနေထွက်တဲ့ (Negative Iron)အနုတ်အိုင်းရွန်းက (Positive Iron) အပေါင်းအိုင်းရွန်းကိုချေဖျက်ပေးတယ်

-စက်ပစ္စည်းဖြစ်တဲ့ ကွန်ပျုတာ၊ရုပ်ရှင်၊ဖုန်း၊စက်ရုံကထွက်တဲ့ Positive Irons ကိုချေဖျက်ပေးတယ်
-စိတ်ဖိစီးမှု၊စိတ်ညစ်မှု၊စိုးရိမ်မှုကိုလျှော့ချပေးစေတယ်
-သက်တောင့်သက်သာပြီးလန်းဆန်းစေတယ်
-ခန္ဓာကိုယ်အတွင်းမှအစိုဓာတ်ကိုစုပ်ယူပေးပြီး

🎋သဘာဝကုထုံးနည်းဖြင့် ပိုမိုကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ကြမယ်

19/11/2023

ဦးရေပြား ​ဆိုတာ ရေဓာတ် ပြည့်ဝဖို့ လိုအပ် လို့လား ❓

မမေး ပါနဲ့ ‼️

ခေါင်းလျော် တိုင်း ရေဓာတ် ဆုံးရှူံး နေလို့
ရေဓာတ် အမြဲ ဖြည့်ဖို့ လိုအပ် ပါ် တယ် ‼️

Skincare နေ့တိုင်း လုပ်နေ ရသလို ပါဘဲ

ခန္ဓာ ကိုယ် အစိတ် အပိုင်း တိုင်းက
ရေဓာတ် လိုအပ် ပါတယ် ✔️✔️

မြေဆီလွှာ ကောင်း ရင်
အပင် ကောင်းတယ် ဆိုတဲ့ အတိုင်း ဘဲ

ဦးရေပြား ကောင်း ရင် ဆံသား ကောင်းပြီးသား မို့

ရေဓာတ် အပြည့်အဝ ဖြည့်ပေးတဲ့
တွေ ကို သုံးဖို့ လိုကို လိုအပ်တယ် ✔️✔️

Chemical ကင်းကင်း နဲ့
ကိုရွေး ပါ ဆိုရင် is the best 💯💯




crd

Photos from Hanuman:Thailand Herbal Products's post 16/11/2023

ကိုယ်၀န်ဆောင်တွေ မှာ ဖြစ်တတ်တဲ့ ခါးကြောညှပ်ခြင်းး‼️

ကိုယ်၀န်ရင့်လာတာနင့်အမျှ ကြောရိုးးမထဲက အာရုံကြောကို ဖိမိတာတွေ ဖြစ်လာပါတယ်

ဒါကြောင့် ခါးကြောညှပ်တာ
ခါးနာတာ ဖြစ်လာပါတယ်

ဒီလို ဝေဒနာတွေမဖြစ်အောင် သို့မဟုတ် သက်သာမူရအောင် ဘလိုလုပ်မလဲ❓

📌လေ့ကျင့်ခန်းပုံမှန် လုပ် မယ်

📌အနေအထိုင် အသွားအလာ သတိထားမယ်

📌လိမ်းဆေးဆီ သို့မဟုတ်ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွာ ကပ်မယ်

ဒီအချက်တွေ လုပ်ပေးခြင်းအားဖြင့် သက်သာမူ ရစေပါတယ်‼️

ဒီဟန်နုမာန်တိုင်းရင်းဆေးးကပ်ခွာကတော့
ကိုယ်၀န်ဆောင်တွေ အသုံးသင့်ဆုံးးSide Effectsကင်းတဲ့ တိုင်းရင်းဆေးပါ

🌿သွေးလည်ပတ်မူကောင်းမွန်စေတယ်

🌿ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆိပ်အတောက် တွေ ထုတ်ပေးတယ်

🌿အပူ အပုပ်တွေ ထုတ်ပေးတယ်

🌿ကိုယ်၀န်ကြောင့် ယောင်ရမ်းတာသက်သာစေပါတယ်

ဒါကြောင့် ကိုယ်၀န်ဆောင် မိခင်လောင်းးတွေအတွက် အကောင်းးဆုံးးသဘာ၀တိုင်းရင်းဆေးကောင်းးလေးပါ📌

#ဟာန်နူမာန်တိုင်းရင်းဆေး

Photos from Hanuman:Thailand Herbal Products's post 12/11/2023

Hair Queen ကို ဘယ်လို သုံးရမလဲ❓️

​ခေါင်းမ​လျှော်ခင် မိနစ် ၃၀ က​နေ ၄၅မိနစ်​လောက်ထိ
ဦး​ရေပြားထဲ စိမ့်ဝင်​အောင် လိမ်းထားပြီး နှပ်ထားပါ

ပြီးရင် ကြိုက်တဲ့ ​ခေါင်း​လျှော်ရည်နဲ့ ​လျှော်ပါ

ဆံသားပြသနာအတွက်
ဆံပင်ကျွတ်လို့ စိတ်ညစ်မခံနဲ့​နော်
အလုပ်မရှုပ် အချိန်မကုန်ဘဲ
အလွယ်တကူ အဆင်​ပြေ​စေတာ​လေးမို့
Hello လိုက်ပါရှင်



crd
09780660160

12/11/2023

တကယ်ထူးပါတယ်.

ဒီနေ့ ထပ်ပီးအဓိဌာန်ထပ်ဝင်ပါမယ်...🙏🙏🙏🙏🙏

မဏိဇောတပတ္တမြားဂါထာ၏ အစွမ်းနှင့် ရွတ်ဖတ်ပုံ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီဂါထာကတော့ ကိုယ်တိုင်လည်းရွတ်ဖတ်နေပြီး တကယ်လည်းထူးခြားလို့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ဆရာတော်ကြီးတစ်ပါးက ဒီဂါထာကို (၉)ရက်ပဲအဓိဌာန်ပြီးပူဇော်ကြည့်ပါ။တပိုဒ်ကို (၂၇)ခေါက်နေ့စဉ် ပူဇော်ပါ။ထူးခြားမှုတွေခံစားရမည်လို့မိန့်ခဲ့လို့ (၉)ရက်အဓိဌာန်ပြီးပူဇော်ကြည့်ပါတယ်။
အဲအချိန်က ငွေကြေးအခက်အခဲလေးတစ်ခုရှိနေတဲ့အချိန်မို့ အဓိဌာန်ပြီးပူဇော်ကြည့်တာ ၄ ရက်မြောက်နေ့မှာပဲ ကူညီမဲ့သူက အိမ်အထိရောက်လာပါတယ်။အဲကတည်းက ပုံမှန်ပူဇော်ဖြစ်သွားတာပါ။
ထူးခြားမှုတွေကတော့ လာဘ်ပေါများပါတယ်။ပေးချင်ကျွေးချင်တဲ့သူတွေများတယ်။လူချစ်လူခင်များတယ်။

မနက်စောစော အရုဏ်တက် (သို့) ညအိပ်ခါနီး တိတ်ဆိတ်သောအချိန်တွင် ပူဇော်လျှင် ကောင်းပါသည်။

🌼မဏိဇောတပတ္တမြားဂါထာတော်သည် ဂါထာ ၄ ပုဒ်ကိုပေါင်းစပ်ထားသော လိုတရဂါထာတော်တစ်ပုဒ်ဖြစ်သည်။

🌼ပထမဂါထာဖြစ်သော သဗ္ဗဇေယျမင်္ဂလဂါထာတော် သည် အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်သောဂါထာတော်ဖြစ်သည်။

🌼မိမိအားအထင်အမြင်လွဲမှားပြီးနှိမ်ခံထားရသောကိစ္စများကို အောင်မြင်စေသည်။ရာထူးတက်လွယ်သည်။စာမေးပွဲအောင်လွယ်သည်။ပြောတိုင်းဆိုတိုင်းတောင့်တတိုင်းရနိုင်သည်၊ထင်ပေါ်ကျော်ကြားသည်။မိမိဆရာသမားများ မိမိအထက် အာဏာပိုင်အကြီးအကဲများသည် မိမိအား အထူးသိမြင်ခြင်းကိုခံစားရသည်။အမြဲရွတ်ဖတ်ပေးပါက အမှုပြသာနာမှန်သမျှအနိုင်ရစေသည်။ခက်ခဲထစ်ငေါ့နေသော ကိစ္စများ လွယ်ကူစွာပြီးစီးစေသည်။အတိုက်အခိုက် အဖုအထစ် အခက်အခဲများ၊မလိုမုန်းထားမှုများ ၊မကောင်းကြံစည်မှုများကို ပျက်စီးစေသောအစွမ်းရှိသည်။ရောဂါအနာများကိုလည်း သက်သာစေသည်။

🌺(ခ) အပိုဒ်ဖြစ်သော ဒုတိယဂါထာတော်သည် မင်္ဂလသုတ်တော်မှ ထုတ်နုတ်ထားသော ဂါထာတော်မြတ်ဖြစ်သည်။အချို့သော ကျမ်းစာ ပေစာများတွင်မူ လောကဓံဂါထာဟုလည်း ခေါ်ကြသည်။ဖုဌသာ ဂါထာဟုလည်းခေါ်သည်။

🌺မကောင်းကြံစည်မှု ၊မကောင်းသော အရာများကို အကောင်းဘက်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိသော ဂါထာတစ်ပုဒ်ဖြစ်သည်။(က)အပိုဒ် သဗ္ဗဇေယျမင်္ဂလာဂါထာတော်ရွတ်ဖတ်ပြီး(ခ)အပိုဒ်ကို ဆက်ရွတ်ပေးပါက (က)အပိုဒ်၏တန်ခိုးစွမ်းအားတို့ကို (ခ)အပိုဒ်
ကိုထောက်ပံ့ပေးနိုင်သည်။

🌷(ဂ) အပိုဒ်သည် ရတနာဒီပံအချစ် ဂါထာတော်ကြီး ဖြစ်သည်။နေ့စဉ်ရွတ်ဖတ်ပါက ခုနစ်ရက်သားသမီးတို့ ချစ်ခင်စေသည်။ဆရာတပည့် ၊သားသမီးမြေးမြစ် များ စည်းလုံးချစ်ခင်မြတ်နိုးစေသည်။လင်မယားအချင်းချင်း၊သမီးရည်းစားအချင်းချင်း မကွဲမကွာ ခွဲခြားမရ တစ်ဦးနှင့်တစ်ဦး အထူးချစ်ခင်နှစ်သက်စေသည်။အလုံးစုံသောနတ်အပေါင်းမှချစ်ခင်မှုကိုလည်းရစေသည်။ပီယအစွမ်းကိုပေးစေသော ဂါထာတော်ဖြစ်သည်။

🌼(ဃ)အပိုဒ်သည် သူရသာတီနတ်သမီး၏ အစောင့်အရှောက်ကိုရစေသော ဂါထာဖြစ်သည်။သူရသာတီနတ်သမီး၏ အောက်တွင် ဒေဝီ(၁၂)ပါးရှိသည်။ထို့ကြောင့် ဤဂါထာကို ရွတ်ခြင်းဖြင့် သူရသာတီနတ်သမီးသာမက ဒေဝီ(၁၂)ပါးကပါ စောင့်ရှောက်ခြင်းကိုခံရစေသည်။ဤဂါထာသည် နတ်ချစ်ဂါထာတစ်မျိုးပင်ဖြစ်လေသည်။နေ့စဉ်ရွတ်ပွားပါက
သူရသာတီနတ်သမီးမှအိမ်မက်ပေးခြင်း၊လူများ၏ချစ်ခင်မှုကိုခံရခြင်း၊အလုပ်အကိုင်များအဆင်ပြေခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။

ရွတ်ဖတ်ပုံ
🌺🌺🌺
-မဏိဇောတပတ္တမြားရတနာဂါထာတော်ကြီးကို နေ့စဉ်ရွတ်ဖတ်မည်ဆိုပါက (က)အပိုဒ်ကို ၂၇ခေါက်၊(ခ)အပိုဒ်ကို (၂၇)ခေါက်၊(ဂ)အပိုဒ်ကို (၂၇)ခေါက်၊(ဃ)အပိုဒ်ကို (၂၇)ခေါက် ရွတ်ဖတ်ပေးရမည်။

-စျေးဆိုင်ဖွင့်သူများ၊ကုန်သည်၊ပွဲစား ပွဲရုံလုပ်ငန်းလုပ်ကိုင်နေသူများ (က)အပိုဒ်နှင့် (ခ)အပိုဒ်ကို (၅၄)ခေါက် ၊(ဂ)အပိုဒ်နှင့် (ဃ)အပိုဒ်ကို (၂၇)ခေါက်စီရွတ်ဖတ်ပေးရမည်။

-အနုပညာသမားများနှင့် အစိုးရ၀န်ထမ်းများ၊ပညာရေးနှင့်ပတ်သက်ပြီး အောင်မြင်လိုသောသူများသည် (က)(ခ)(ဂ)(ဃ)အပိုဒ်အားလုံးကို (၅၄)ခေါက်စီရွတ်ဖတ်ပေးပါ။

-မိမိဆုတောင်းလိုသော ကိစ္စရှိပါက တပိုဒ်လျှင် (၁၀၈)ခေါက် ရွတ်ဖတ်အဓိဌာန်ပြီး ဆုတောင်းပါက ပြည့်စေပါသည်။

-အချုပ်အားဖြင့် နေ့စဉ် (၂၇)ခေါက် ပုံမှန်ရွတ်ဖတ်သွားပါက လောကီအကျိုးစီးပွားကိုဖြစ်ထွန်းစေသော အဖိုးတန် ဂါထာပင်ဖြစ်သည်။

-(၉)ရက် (၂၇)ရက် (၅၄)ရက် စသည်ဖြင့် အဓိဌာန်ပြီးရွတ်ဖတ်နိုင်ပါသည်။

အထူးသတိပြုရန်
🌿🌿🌿🌿🌿
-အဓိဌာန်၀င်နေစဉ်တွင် ကာမေသုကံကို အဓိက ရှောင်ရှားရပါမည်။
-ရန်ဖြစ်၊စကားများခြင်း၊ဆဲဆိုခြင်းများကို ရှောင်ရပါမည်။

Credit
🌼🌼
ဆရာတော် ဘဒ္ဒန္တဝေပုလ္လရေးသားသော မဏိဇောတပတ္တမြားဂါထာတော် ကျင့်စဉ်နှင့်အကျိုးကျေးဇူးများ

12/11/2023

Hanuman ကို အမြဲတမ်းမှာနေကျ VVIP အကြီးရဲ့ ဘယ်နှကြိမ်မြောက်မှန်း မသိတော့သော reorder

05/11/2023

#ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံသောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________
#ပိုမိုလေ့လာရန်

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတလေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

Credit #
#ကျန်းမာရေး

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဘာကြောင့်မဲတာလဲ မဲတဲ့နေရာမှန်သမျှ Gluta soap နဲ့ ရှယ်တိုက်ကြမယ် bro တို့

Category

Telephone

Website

Address

Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)