KHIN KHIN Co.,Ltd - School Agency

Np.6/3A, Ocean Condo,Kyar Kwet Thit Road,Tarmwe Township,Yangon.

Photos from KHIN KHIN Co.,Ltd - School Agency's post 09/12/2023

ဂျပန် လ.ဝ.က ဆိုတာ တကယ်နတ်ကြီးပါတယ်။
ကိုယ့်ဘက်က အစစရာရာ အသေးစိတ် ပြင်ဆင်ပြီးတင်ရင်တောင်မှ COE Reject ထိတဲ့ကလေးတွေ အများကြီးပါ။ 😥😥
ဒီလို တင်းကြပ်လှတဲ့ ဂျပန် လ.ဝ.က ကို အမြွှာနှစ်ယောက်က တစ်ပြိုင်တည်းလျှောက်ပြီး COE အောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား....????
ဖြစ်နိုင်ပါတယ် KHIN KHIN Co.,Ltd - School Agency နဲ့ဆိုရင်ပေါ့ ....😎😎

2023 October Intake Okayama ကျောင်းကို လျှောက်ထားခဲ့တဲ့ Kay Thi Soe, Kay Thwe Soe အမြွှာညီမနှစ်ယောက်ကတော့ COE ရပြီး ဂျပန်ကိုရောက်နေပါပြီ။ သမီးတို့အတူတူသွားချင်လို့ပါဆိုပြီး ဆုတောင်းခဲ့တာက Khin Khin School Agency နဲ့ ဆုတောင်းပြည့်သွားခဲ့ပါပြီနော်။ 😆😆😆

စာရွက်စာတမ်းတွေကိုအသေးစိတ်စစ်ဆေးပေး ကိုယ့်မိသားစုဝင်တွေလိုတတွတ်တွတ်လိုက်ပြောရင်း သူတို့လေးတွေ COE ရလာတဲ့အခါ ကိုယ်တွေမှာပျော်ပြီး ကျန်ရစ်ခဲ့နဲ့ သံသရာလည်နေတာပါဘဲရှင်…❤❤

ကလေးတို့လည်းရည်မှန်းထားတဲ့ပန်းတိုင်ကို တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်ပြီး အခက်အခဲတွေကိုလည်း ကျော်လွှားဖြတ်ကျော်နိုင်ပါစေလို့ KHIN KHIN Co., Ltd - School Agency မှဆုတောင်းပြုလိုက်ရင်း Model နှစ်ယောက်ရဲ့ ဂျပန်ရောက် ပုံလေးတွေလည်း အမှတ်တရတင်ပေးလိုက်ရပါတယ်..🥰🥰

08/12/2023

❗❕🎌 2024 July Intake အတွက် Last Seminar 🎌❕ ❗
စာရွက်စာတမ်းပြင်ဆင်ပေးမှု 💯% ယုံကြည်စိတ်ချရတဲ့ KHIN KHIN Co.,Ltd - School Agency နဲ့ Language School လျှောက်ထားရအောင် .... 👌👌👌

ကျောင်းတွေအတွက် သတ်မှတ်ထားတဲ့ကျောင်းသားဦးရေတွေကလည်း ပြည့်ခါနီးလေးတွေ ဖြစ်နေပြီ၊ ကျောင်းတွေနဲ့အင်တာဗျူးဖြေဖို့လည်း ပြင်ဆင်နေပြီဆိုတော့ နောက်ဆုံးသော Seminar လေးတက်ပြီး မြန်မြန်စာရင်းလာသွင်းလိုက်တော့နော် ....😘😘

လျှောက်ထားနိုင်မည့်ကျောင်းတွေကတော့ Tokyo,Saitama,Wakayama မြို့တွေမှာလျှောက်ထားနိုင်ပါတယ်။

Seminar မှာ ကျောင်းတွေအကြောင်းအသေးစိတ်သေချာရှင်းပြပြီး ကလေးတို့ သိချင်တာလေးတွေကို မေးမြန်းနိုင်ပါတယ်။
Language School တက်ဖို့ဘာတွေလိုလဲဆိုတဲ့ကလေးတွေ
ကျောင်းနဲ့သွားရမလား? အလုပ်နဲ့သွားရမလား? ဝေခွဲမရသေးတဲ့ကလေးတွေ အချိန်လေး (၂) နာရီပေးပြီးနားထောင်ယုံနဲ့ အသေးစိတ်သိရှိနိုင်မှာဖြစ်ပါတယ်။

ကျင်းပမည့်ရက် : 15-Dec-2023 (Friday)
ကျင်းပမည့်အချိန် : 10:00 AM ~ 12:00 PM
ကျင်းပမည့်နေရာ : Zoom Meeting

Seminar လေး တက်ရောက်ချင်တယ်ဆိုရင်တော့ Page Messenger မှာ ✅"Seminar တက်ရောက်ချင်ပါတယ်" ဆိုပြီး Mess‌age လေးပို့ပေးပါ...
✅Google Form လေး ပြန်ပို့ပေးပါ့မယ် ...
✅Google Form လေး Register လေးလုပ်ပြီးရင် အစ်မတို့ December 14 ရက်နေ့မှာ Zoom Link လေး ပြန်ချပေးမှာပါ....

❗️❗️အစ်မတို့ Seminar ပွဲတိုင်းမှာ ကျောင်းတွေအကြောင်းနဲ့ သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေကို သေသေချာချာစုံစုံလင်လင်ရှင်းပြပေးတာမို့လို့ Seminar တက်ပြီးတဲ့ကလေးတွေကိုဘဲ ဦးစားပေးလက်ခံပေးပါတယ်နော်..❗️❗️

07/12/2023

(၁၀၃) ကြိမ်မြောက် အမျိုးသားနေ့အား KHIN KHIN Co.,Ltd-School Agency မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုအပ်ပါသည်။

30/11/2023

2023 JLPT (December) စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍
နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဒီဇင်ဘာ(၃)ရက် စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုရမည့်Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။
လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)
စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် ပူးတွဲပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။
မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်အချက်အလက်များအားလုံး စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။
၂။ သက်သေခံကဒ် နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။
၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။
၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၃.၁၂.၂၀၂၃) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။
၅။ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လ/၃လ အထက် ကြာမြင့်မည်ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဉီးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်သောကြောင့် လျှောက်ထားသည့်အခါတွင် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

2023 JLPT (December) စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍

နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဒီဇင်ဘာ(၃)ရက် စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုရမည့်Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။

လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)

စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် ပူးတွဲပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။

မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်အချက်အလက်များအားလုံး စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။

၂။ သက်သေခံကဒ် နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။

၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။

၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၃.၁၂.၂၀၂၃) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။

၅။ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လ/၃လ အထက် ကြာမြင့်မည်ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဉီးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်သောကြောင့် လျှောက်ထားသည့်အခါတွင် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Photos from KHIN KHIN Co.,Ltd - School Agency's post 28/11/2023

Language School ပြီးတဲ့နောက် ဘာတွေ ဆက်တက်လို့ရသေးလဲ။ ဘာမေဂျာတွေရှိလဲ မေးတဲ့ကလေးတွေအတွက် KHIN KHIN Co.,Ltd - School Agency က တက္ကသိုလ်မှာဆက်တက်လို့ရတဲ့ မေဂျာလေးတွေ ဖော်ပြပေးထားပါတယ်နော်။ ☺️☺️☺️

Photos from KHIN KHIN Co.,Ltd - School Agency's post 22/11/2023

2024 July Intake အတွက် နောက်ဆုံးအကြိမ် Seminar ပွဲလေးကို December 4 ရက်နေ့မှာ ကျင်းပပေးမှာပါ။ December 3 ရက်နေ့ JLPT အမှတ်ပြည့်ဖြေနိုင်မဲ့ကလေးတွေအတွက်ပါ....😜😜😜

ကျောင်းတွေအတွက် သတ်မှတ်ထားတဲ့ကျောင်းသားဦးရေတွေကလည်း ပြည့်ခါနီးလေးတွေ ဖြစ်နေပြီဆိုတော့ Seminar တက်ရောက်ပြီး မြန်မြန်စာရင်းလာသွင်းလိုက်တော့နော်...☺️☺️

လျှောက်ထားနိုင်မည့်ကျောင်းတွေကတော့ Tokyo,Saitama,Osaka,Wakayama မြို့တွေမှာလျှောက်ထားနိုင်ပါတယ်။

Seminar မှာ ကျောင်းတွေအကြောင်းအသေးစိတ်သေချာရှင်းပြပြီး ကလေးတို့ သိချင်တာလေးတွေကို မေးမြန်းနိုင်ပါတယ်။ ဘာလို အကျိုးကျေးဇူးတွေရတယ် ဆိုတာကို အရင် Seminar တွေတက်ခဲ့တဲ့ ကလေးတွေရဲ့ Feedback တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်...😍😍😍

Seminar လေး တက်ရောက်ချင်တယ်ဆိုရင်တော့ Page Messenger မှာ ✅"Seminar တက်ရောက်ချင်ပါတယ်" ဆိုပြီး Mess‌age လေးပို့ပေးပါ...
✅Google Form လေး ပြန်ပို့ပေးပါ့မယ် ...
✅Google Form လေး Register လေးလုပ်ပြီးရင် အစ်မတို့ December ၃ ရက်နေ့မှာ Zoom Link လေး ပြန်ချပေးမှာပါ....

❗️❗️အစ်မတို့ Seminar ပွဲတိုင်းမှာ ကျောင်းတွေအကြောင်းနဲ့ သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေကို သေသေချာချာစုံစုံလင်လင်ရှင်းပြပေးတာမို့လို့ Seminar တက်ပြီးတဲ့ကလေးတွေကိုဘဲ ဦးစားပေးလက်ခံပေးပါတယ်နော်..❗️❗️

Photos from KHIN KHIN Co.,Ltd - School Agency's post 13/11/2023

ဂျပန်မှာကျောင်းတက်ချင်တယ်ဆို ...စိတ်ချရတဲ့ နေရာရှာပါ...😎😎😎

ဘာတွေစိတ်ချရဖို့လိုအပ်တာလဲ? ‼️

✅COEအောင်ချက်100%ရရှိမှု 👍
✅စာရွက်စာတမ်းအသေးစိတ်ပြင်ဆင်ပေးမှု 👍
✅ငွေပေးချေမှု 👍
✅အချိန်နှင့်တပြေးညီဆောင်ရွက်ပေးမှု 👍
✅Special Classဖွင့်လှစ်၍သင်ကြားပေးမှု 👍
✅ကလေး(၁)ဦးချင်းစီရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီးဆောင်ရွက်လုပ်ကိုင်ပေးမှုတွေအတွက် စိတ်ချရဖို့လိုအပ်ပါတယ်... 🤓🤓

ဒီအချက်တွေနဲ့ ပြည့်စုံအောင်ဝန်ဆောင်မှုပေးနေတဲ့ Khin Khin Co.,Ltd School Agency မှ

2024 July Intakeအတွက် လျှောက်ထားရန် 18.11.2023 နေ့တွင်Zoom Seminar ကျင်းပပေးမှာဖြစ်ပါတယ်..

အသေးစိတ်ကိုအောက်ပါ Linkတွင်ဝင်ရောက်ကြည့်ရှုပြီး တက်ရောက်ချင်ပါက Register လေးလုပ်ပေးပါ..

https://www.facebook.com/photo/?fbid=305539535610078&set=a.131251973038836

Khin Khin Co.,Ltd School Agency နဲ့ ကျောင်းလျှောက်ထားခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ Review အချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်..🤗🤗

Review တွေဖတ်ပြီး ကျောင်းလျှောက်ချင်နေပြီဆိုရင်တော့ အခုဘဲ Seminar တက်ရောက်ဖို့ စာရင်းအမြန်ပေးလိုက်တော့နော် ....😁😁

KHIN KHIN Co.,Ltd - School Agency

03/11/2023

-Google Form ဖြည့်ထားပြီးသူများကို Zoom Link ပြန်လည်ပေးပို့ပြီး ဖြစ်ပါသည်။ Google Form ဖြည့်ထားသော်လည်း Zoom Link မရရှိသေးပါက Page Messenger တွင် လာရောက်ဆက်သွယ်အကြောင်းကြားပေးပါနော်....

2024 July Intake ကို Language School လျှောက်ထားချင်ပါတယ်ဆိုတဲ့ကလေးတွေအတွက် Seminar လေးကို နောက်ထပ်တစ်ကြိမ် ထပ်မံကျင်း‌ပေးလိုက်ပါပြီ .....📢📢📢

❗️❗️အစ်မတို့ Seminar ပွဲတိုင်းမှာ ကျောင်းတွေအကြောင်းနဲ့ သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေကို သေသေချာချာစုံစုံလင်လင်ရှင်းပြပေးတာမို့လို့ Seminar တက်ပြီးတဲ့ကလေးတွေကိုဘဲ ဦးစားပေးလက်ခံပေးပါတယ်နော်..❗️❗️

2024 July Intake နဲ့ Language School တက်ဖို့ရည်ရွယ်ထားတယ် ... KHIN KHIN Co.,Ltd - School Agency နဲ့မှ သွားချင်ပါတယ်ဆိုတဲ့ကလေးတွေ ဝင်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် ....

Language School အကြောင်းသေချာမသိသေးတဲ့ကလေးတွေ၊ ဂျပန်ကို အလုပ်နဲ့သွားရမလား ကျောင်းနဲ့သွားရမလား ဝေခွဲမရသေးတဲ့သူတွေလည်း တက်ရောက်နားထောင်နိုင်ပါတယ် ....🥰🥰🥰

Seminar လေး တက်ရောက်ချင်တယ်ဆိုရင်တော့ Page Messenger မှာ ✅"Seminar တက်ရောက်ချင်ပါတယ်" ဆိုပြီး Mess‌age လေးပို့ပေးပါ...
✅Google Form လေး ပြန်ပို့ပေးပါ့မယ် ...
✅Google Form လေး Register လေးလုပ်ပြီးရင် အစ်မတို့ 17 ရက်နေ့မှာ Zoom Link လေး ပြန်ချပေးမှာပါ....

ကျောင်းတိုင်းက သတ်မှတ်ကျောင်းသားဦးရေရှိတာမို့လို မြန်မြန်လေးစာရင်းသွင်းထားမှ မှီမှာနော် ကလေးတို့ရေ ....💙💚💙💚

29/10/2023

သီတင်းကျွတ်အခါသမယမှာ ၇ ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်... 🤗🤗🤗



#သီတင်းကျွတ်လပြည့်နေ့
#သီတင်းကျွတ်
#သီတင်းကျွတ်မီးထွန်းပွဲတော်

16/10/2023

- Google Form ဖြည့်သွင်းပြီးတဲ့ကလေးတွေကို 26 ရက်နေ့အတွက် Zoom Link ပြန်လည်ပေးပို့ထားပြီး ဖြစ်ပါသည်။ Google Form ဖြည့်သွင်းပြီးသော်လည်း Zoom Link မရရှိသေးပါက Page Messenger တွင် လာရောက်ဆက်သွယ်အကြောင်းကြားပေးပါနော် ....😊😊😊

-Google Form ဖြည့်ပြီးစာရင်းပေးသွင်းပြီးပါက 25 ရက်နေ့တွင် Seminar အတွက် Zoom Link ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

ကဲ ကဲ ကဲ ... Seminar ဘယ်တော့လဲ ဘယ်တော့လဲ မေးနေတဲ့ကလေးတွေအတွက် KHIN KHIN Co.,Ltd - School Agency မှ အောက်တိုဘာလ ၂၆ ရက်နေ့မှာ Seminar လေးကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 🥰🥰🥰

July Intake Language School လျှောက်ထားချင်တဲ့ကလေးတွေ တက်ရောက်သင့်ပါတယ်နော် .. အစ်မတို့က Seminar တက်ပြီး ကျောင်းတွေအကြောင်းသေချာနားထောင်ပြီး လာလျှောက်တဲ့ကလေးတွေကို ဦးစားပေးလက်ခံလို့ပါနော် ..☺️☺️

July Intake အတွက် လက်ခံမဲ့ကျောင်းသားဦးရေကလည်း ကန့်သတ်ထားတာမို့လို့ အမြန်ဆုံး Seminar တက်ရောက်ပြီး စာရင်းသွင်းထားမှ စိတ်ချရမယ်နော် ....😎😎

Seminar တက်ရောက်ချင်ပါက Page Messenger မှာ "Seminarတက်ရောက်ချင်ပါတယ်" ဟု ပေးပို့ပြီး Google Form ဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်နော် ...❤️❤️❤️

Photos from KHIN KHIN Co.,Ltd - School Agency's post 03/10/2023

ဒီနေ့ လေဆိပ်ဆင်းတဲ့အဖွဲ့ကတော့ 2023 October Intake Okayama ကျောင်းလျှောက်ထားတဲ့ကလေးတွေ ဖြစ်ပါတယ် .....🧡💛💚💙💙
အခု Thai ရောက်ပါပြီ ...
မချောလေးယောက် ကိုတစ်ယောက်အဖွဲ့ပါ ... သူတို့ရဲ့ထူးခြားချက်ကတော့ Immigration မဝင်ခင် KFC ကြက်ကြော်စားလိုက်ရပါတယ် ..😆😆😆
တကယ့်ကိုလိမ္မာပြီး စကားနားထောင်တဲ့ကလေးတွေ အရမ်းချစ်ဖို့ကောင်းပါတယ် ...👍😁❤
ဂျပန်မှာလည်း လိမ္မာပြီး ရည်မှန်းချက်တွေ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ကလေးတို့ရေ ....🥰🥰🥰

Photos from KHIN KHIN Co.,Ltd - School Agency's post 03/10/2023

မနေ့က Tokyo အဖွဲ့ကို လေဆိပ်လိုက်ပို့ပေးခဲ့ပါတယ်.... 🛩🛩🛩
ဒီနေ့ဘဲ သက်ဆိုင်ရာနေရာအသီးသီးကို ရောက်ရှိသွားခဲ့ပါပြီ ...🛬🛬
Haneda Airport မှာ Senpai တွေက လာကြိုပေးခဲ့ကြပါတယ်...👨‍🦰👩‍🦰
---------------------------------------------------------------------
ဂျပန်နိုင်ငံမှာလည်း အစွမ်းကုန်ကြိုးစားပြီး တောက်ပသောအနာဂတ်လမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှဆုတောင်းပေးလိုက်ပါတယ် ကလေးတို့ရေ ...🥰🥰🥰

Photos from KHIN KHIN Co.,Ltd - School Agency's post 02/10/2023

မနေ့က 2023 October Intake Osaka ကလေးတွေကို လေဆိပ်လိုက်ပို့ပြီး အမှတ်တရ Photo တွေ ချလပ် ချလပ် ..📸📸📸
ဒီနေ့တော့ ဂျပန်နိုင်ငံကို ရောက်ရှိသွားကြပါပြီ .... 🛬🛬🛬

ဂျပန်မှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ပြီး အနာဂတ်အိမ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🥰🥰🥰🥰

Photos from KHIN KHIN Co.,Ltd - School Agency's post 02/10/2023

2023 October Intake Wakayama ကလေးတွေ မနေ့က‌ လေဆိပ်ဆင်း ✈️✈️✈️
ဒီနေ့ ဂျပန်ကို ရောက်ရှိ ... 🛬🛬🛬 ....
အမှတ်တရများစွာနဲ့ ခွဲခွာနှုတ်ဆက်ခဲ့ကြပါပြီ ... 💓💓
ဂျပန်နိုင်ငံမှာလည်း ရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ... 🥰🥰🥰

30/09/2023

Khin Khin Co.,Ltd- School Agency ရဲ့ Room အသစ် Intro လေးပါ 💛💛💛
မင်မင်တို့ရဲ့ Agency မှာလျှောက်ထားတဲ့ ကလေးတွေ (အဓိက Kagio Scholar လျှောက်ထားတဲ့ကလေးတွေ) အတွက် စာသင်ဖို့နဲ့ ဂျပန်ဧည့်သည်တွေနဲ့ တွေ့ဆုံဖို့ ကလေးတွေနဲ့တွေ့ဆုံပွဲလေးတွေလုပ်ဖို့အတွက် Founder မမခင်က စီစဉ်ပေးထားတာဘဲ ဖြစ်ပါတယ်... 😍😍
မင်မင်တို့ Page မှာတင်ထားတဲ့ပုံတွေ တော်တော်များများမှာ အခန်းပုံစံကိုတွေ့ပြီးကြပြီ ဖြစ်ပေမဲ့ တရားဝင်မိတ်မဆက်ပေးရသေးလို့ ဒီ Video နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်... 😘😘😘
Video ဖန်တီးပေးပါသော Wakayama ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Yee Mon Paing ကိုလည်း Page Admin Team မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်.... 💖💖

29/09/2023

2024 April Intake ကို 1 Year Program ဖြင့် Osaka ကျောင်းဘက်မှခေါ်ယူမှုကို အင်တာဗျူးအောင်မြင်ခဲ့ကြတဲ့ ညီမလေးနှစ်ယောက်ဖြစ်ပါတယ်။ 👩‍🦰👱‍♀️

Language School 1 Year တက်ပြီးတဲ့နောက်မှာ ကိုယ်စိတ်ဝင်စားတဲ့ Kaigo အလုပ်ကို ဆက်လက်လုပ်ကိုင်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်ပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ...🥰🥰🥰

Photos from KHIN KHIN Co.,Ltd - School Agency's post 28/09/2023

October Intake ကလေးတွေဂျပန်သွားခါနီးပြီဆိုတော့ ရုံးခေါ်ပြီးလက်ချာရိုက် .... 😎😎 စတာပါ ... 😆😆
သွားခါနီးပြီဆိုတော့ လေဆိပ်မှာ ပြင်ဆင်ရမဲ့ဟာတွေ သတိထားရမဲ့အရာတွေ ပြောပြပေးတာပါ .. ဂျပန်ဘက်ရောက်ရင်လည်း ကျောင်းနဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာတွေလည်းပြော..အာတွေပေါက် .... ပြီးတော့ ကလေးတွေကို မုန့်တွေကျွေးပြီး ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ခဲ့ကြပါတယ်...🥰🥰🥰
အစပိုင်း ပြောရဆိုရခက်လေးတွေ အခုတော့ အလိမ္မာတုံးလေးတွေဖြစ်သွားကြပြီ ...💚💙💜
ဂျပန်ကိုလည်း အဆင်ပြေ​ချောမွေ့စွာနဲ့ ရောက်ရှိကြပြီး မိမိရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency ရဲ့ Office Team တစ်ခုလုံးက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ..... အားလုံးဘဲ အဆင်ပြေချောမွေ့ကြပါစေ ....🍀🍀🍀💐 ..We will miss you all ..😘😘

Photos from KHIN KHIN Co.,Ltd - School Agency's post 25/09/2023

Wakayama ကျောင်းရဲ့ ကျောင်းအုပ်က မြန်မာနိုင်ငံသို့လာရောက်ပြီး KHIN KHIN Co.,Ltd - School Agency နဲ့ Wakayama မြို့သို့ Language School လျှောက်ထားကြတဲ့ကလေးတွေနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ပုံလေးတွေ မျှဝေပေးလိုက်ပါတယ် 🥰🥰🥰 .......

ဂျပန်ကို ရောက်တဲ့အခါပြင်ဆင်ရမဲ့ အချက်တွေ၊ လုပ်ဆောင်ရမဲ့အချက်တွေ ၊ ဆက်သွယ်ရေးနှင့် အဆောင်ကိစ္စတွေ စသဖြင့် သိသင့်သိထိုက်သည်များကို ပြောပြပေးခဲ့ပြီး ကလေးတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောခဲ့ကြပါတယ် .... ❤️💚💙💛 .......

20/09/2023

2024 April Intake Kaigo Scholar Exam Result လေးထွက်လာပါပြီ ...
စာမေးပွဲ ဝင်ဖြေသူ (၁၀) ယောက်အနက်မှ (၉)ယောက် အောင်မြင်ခဲ့ကြပါတယ်နော် .... 👍😁❤
ကလေးတို့အားလုံးအတွက် KHIN KHIN Co.,Ltd - School Agency Office Team မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင် ... ☺️☺️
ဆက်လက်လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကိုလည်း Khin Khin Co.,Ltd Office Team နဲ့အတူ ဆက်လက်လုပ်ဆောင်ရင်း ဂျပန်ကို ဒိုးကြပါစို့ကွယ် .....😁😁😁

Photos from KHIN KHIN Co.,Ltd - School Agency's post 15/09/2023

💁‍♀️💁‍♀️💁‍♀️KHIN KHIN Co.,Ltd - School Agency ရဲ့ "Special Class"

ဒီ Class ရဲ့ ထူးခြားချက်ကတော့ KHIN KHIN Co.,Ltd - School Agency နဲ့ Language School လျှောက်ထားတဲ့ကလေးတွေသာ တက်ရောက်နိုင်တဲ့ Class လေးဖြစ်ပါတယ်...😊😊😊😊

Special Class မှာ ဘာတွေသင်တယ် .. ဘာအကျိုးကျေးဇူးတွေရတယ်ဆိုတာလေးတွေ သိရအောင် Class တက်ခဲ့တဲ့ ကလေးတွေရဲ့ Feedbacks လေးတွေ ဖတ်ကြည့်ရအောင်နော် ......🤗🤗🤗🤗

Photos from KHIN KHIN Co.,Ltd - School Agency's post 13/09/2023

2024 April Intake Kagio Scholar လျှောက်ထားကြတဲ့ ကလေးတွေ ယနေ့ ကျောင်းဘက်မှ စစ်ဆေးသော Japanese Level Test ၊ IQ Test ၊ Writing Test ဖြေဆိုခဲ့ကြပုံများနှင့် လူတွေ့အင်တာဗျူးဖြေဆိုပုံတွေကို Sharing လုပ်ပေးလိုက်ပါတယ် ....... ❤❤❤❤

Selection ထဲ ဘယ်သူတွေပါမလဲဆိုတာ ရင်ခုန်စွာစောင့်စားရင်း......💓💓
အကောင်းဆုံးကြိုးစားဖြေဆိုခဲ့တဲ့ကလေးတွေ ပင်ပန်းသွားပါပြီ ...🥰🥰🥰 အားလုံးအတွက် တစ်ရုံးလုံးက ဆုတောင်းပေးနေပါတယ်နော် ....☺️☺️☺️

08/09/2023

2024 April Intake (Okayama) မြို့သို့လျှောက်ထားခဲ့တဲ့ ညီမလေးကတော့ ကျောင်းဘက်မှ အင်တာဗျူးအောင်မြင်ခဲ့ပါပြီ။🎉🎉
ဂျပန်ဆရာ၊ဆရာမတွေမေးသမျှကို အထစ်အငေါ့မရှိ ဖြေဆိုနိုင်ခဲ့လို့ ကျောင်းဘက်ကဂျပန်ဆရာ၊ဆရာမတွေ သဘောကျခဲ့ပါတယ်။ 😍😍😌😌
အင်တာဗျုးအောင်မြင်စွာ ဖြေဆိုနိုင်ဖို့ Sensei Phyu က သေချာလေ့ကျင့်ပေးခဲ့ပါတယ်။ အင်တာဗျူးအောင်မြင်ခဲ့လို့ おめでとうပါ ညီမလေးရေ….👏👏👏
မျှော်မှန်းထားတဲ့အနာဂတ်ခရီးလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ KHIN KHIN Co.,Ltd - School Agency နှင့်အတူ ဆက်လက်ကြိုးစားကြမယ်နော် ………🥰🥰🥰🥰

08/09/2023

2024 April Intake
Kaigo Scholarship
​ကျောင်းသား​ခေါ်ယူမှု ပြီးဆုံးသွားပါပြီ။
2025 Aprilပဲရပါ​တော့မယ်။

06/09/2023

Edited .......လူပြည့်သွားပါပြီ....
+++++++++++++++++++++++++

👉ဂျပန်စာကို အချိန်တိုအတွင်းသင်ယူပြီး..
အလုပ်မြန်မြန်လုပ်မယ်..စိတ်ကူးရင် လက်မလွှတ်သင့်တဲ့ အခွင့်အရေး👍
🎯💮🎯💮🎯💮🎯💮🎯💮🎯💮🎯💮🎯💮

2024 April Intake ဖြစ်လို့ မြန်မြန်လျှောက်ထားရန်လိုအပ်ပါသည်။
စိတ်ဝင်စားလို့ စုံစမ်းချင်ရင်📳09 457499579 သို့
ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

Photos from KHIN KHIN Co.,Ltd - School Agency's post 02/09/2023

"Khin Khin Company ရဲ့ (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို Admin Team မှဂုဏ်ပြုအပ်ပါတယ်"💗🎉

💝 ဖြတ်သန်းခဲ့ရတဲ့ (၆) နှစ်တာကာလအတွင်း Khin Khin Co.,Ltd နှင့်အတူ ပူးပေါင်းပါဝင်ကြိုးစားပေးခဲ့ကြပါသော ကဏ္ဍတစ်ခုချင်းစီတိုင်းရှိ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးတင်အပ်ပါသည်။

💝(၆)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိတိုင်အောင် မမခင်ခင်နှင့်အတူတူ အလုပ်တွေအများကြီးလုပ်ခွင့်ရရှိပြီး ဒီ့ထက်မကပိုပြီးအောင်မြင်မှုတွေ ဆွတ်ခူးချင်ပါတယ်......💫

💝ယခုအချိန်အထိ ယုံကြည်မှုများစွာဖြင့် စိတ်ချစွာအပ်နှံခဲ့တဲ့
​ကျောင်းသားမိဘများ, ​ကျောင်းသား​ဟောင်းများ,
​ကျောင်းသားသစ်များကိုလည်း အထူး​ပင်ကျေးဇူး
တင်ရှိအပ်ပါသည်။

💝ယခုထက်ပိုပြီး ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းခရီးကိုလည်း လက်တွဲညီညီ ဆက်လက်ကြိုးစားလျှောက်လှမ်းကြပါစို့ !!!! 💪💪

会社6年になって7年目に入りました
これからも弊社をよろしくお願いします🎉

Photos from KHIN KHIN Co.,Ltd - School Agency's post 01/09/2023

😗😗Hello Sweet September !!!!!
2023 October Intake (Okayama) COE Result 100% ပါဘဲရှင် ......💓💓💓
KHIN KHIN Co.,Ltd - School Agency မှ 2023 October Intake အတွက် လျှောက်ထားပေးတဲ့ကျောင်း(၅)ကျောင်းလုံး Reject မထိ COE အကုန်အောင်တော့ တစ်ရုံးလုံး ဂုဏ်ဆာနေပါပြီနော် ... 😎😎😎😎😎😎

အရမ်းတင်ချင်လွန်းလို့ မိတ္တူနဲ့အရင်တင်လိုက်ပါတယ်... မူရင်းရရင် ကလေးတို့ဆီ ပို့ပေးပါမယ်နော် .... မိတ္တူလေးနဲ့ အရင်ကြွားလိုက်ကြပါဦး ...😁😁😁😆

Photos from KHIN KHIN Co.,Ltd - School Agency's post 31/08/2023

Khin Khin Company Limited ၏
Founder တစ်ဦးဖြစ်တဲ့ မမခင်ခင်နဲ့ Khin Khin Co.,Ltd Office Team ကတော့ 🇯🇵ဂျပန်နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ 📰Asahi သတင်းစာရဲ့မျက်နှာဖုံးတွင် ဩဂုတ်လ ၇ရက်​နေ့ကဖော်ပြခြင်းခံခဲ့ရပါတယ်... 🥰🥰

ရုံးမှာ အင်တာဗျူးတွေကော COE Result တွေထွက်တာကော အလုပ်တွေရှုပ်နေတာနဲ့ အခုမှ ဂုဏ်ဆာ Post တင်ဖြစ်....😆😆😆

ဒီလိုမျိုး ဂျပန်နိုင်ငံပိုင်သတင်းစာမှာ မြန်မာလူမျိုးပိုင်ကုမ္ပဏီအ​ကြောင်းနှင့်မြန်မာနိုင်ငံအ​ကြောင်းကို ​ရေးသားဖော်ပြ​ပေးတဲ့အတွက် ဂျပန်လူမျိုး​တွေက မြန်မာနိုင်ငံရဲ့အ​ခြေအ​နေကို နားလည်လက်ခံပြီး လုပ်ငန်းဆောင်ရွက်မှုတွေမှာ တက်အားသ၍ ပိုမိုကူညီ​ပေးနိုင်မယ် ​မျှော်လင့်ပါတယ်..🤗

အခုလို ဂျပန်နိုင်ငံပိုင်သတင်းစာတစ်ခုကဖော်ပြခြင်းခံရတဲ့ မမခင်အတွက် တစ်ရုံးလုံးမှ ဂုဏ်ယူမဆုံးဖြစ်ရပြီး ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ မမရဲ့အရည်အချင်းတွေ ပိုမိုအသိမှတ်ပြုခံရပြီး တောက်ပတဲ့အနာဂတ်အတွက် အားလုံးတက်ညီလက်ညီ ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ် မမရေ.....💙🖤💚
🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️
Khin Khin Company Limited ပိုမို​အောင်မြင်ပါ​စေ
✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆✨️🏆

31/08/2023

🎊🎊Kaigo Scholarship Program (First Time Interview) ကို နယ်မှလျှောက်ထားပြီး Zoom ဖြင့်ဖြေဆိုအောင်မြင်သူများစာရင်း🎉🎉

🌟Group-3
1.Elizabeth Lu Par
2.Lwin Min Khant
3.Lwin Lwin Myo
4.Pyae Phyo Thu

ဒီနေ့ ဖြေခဲ့တဲ့ကလေးတွေအကုန် First Time Interview အောင်ကြပါတယ်နော်..❤❤❤❤
ဒါကြောင်မို့လို့ ပထမအဆင့် အင်တာဗျူးအောင်မြင်သူ စုစုပေါင်း (၁၂)ယောက်ရှိပါတယ်...

Second Interview ကိုလည်း အကုန်လုံး အဆင်ပြေချောမွေ့စွာဖြေဆိုအောင်မြင်ပြီး Scholar ရရှိနိုင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency ဆုတောင်း‌ပေးလိုက်ရပါတယ်ရှင် ....☺️☺️☺️

အားလုံးဘဲ Good Luck ပါ 🍀🍀🍀

Photos from KHIN KHIN Co.,Ltd - School Agency's post 30/08/2023

🎊🎊Kaigo Scholarship Program (First Time Interview)အောင်မြင်သူများစာရင်း🎉🎉
🌟Group-1 /Name List🌟
1. Khin Cho Thet
2. Ei Khat Paing Phyu
3. Hla Yamin Thu
4. Thet Thet Wai
🌟Group-2 /Name List🌟
5. Shel Shel
6. May Zin Tun
7. Lin Htet Aung
8. Lae Lae Win

🔖စုစုပေါင်း (၁၄)ယောက်ဖြေဆိုခဲ့ကြပြီး (၈)ယောက်အောင်မြင်ခဲ့ကြပါတယ်

Second Interview မှာလည်း အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ကြပြီး အင်တာဗျူးအောင်မြင်ကြပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုတောင်းပေးလိုက်ပါတယ် ....💙💙💙
🍀🍀GOOD LUCK ပါ🍀🍀

Photos from KHIN KHIN Co.,Ltd - School Agency's post 30/08/2023

2024 April Intake (Wakayama) မြို့သို့လျှောက်ထားတဲ့ကလေးတွေ ကျောင်းအင်တာဗျူးဖြေဆိုကြပုံတွေ တင်ပေးလိုက်ပါတယ်...💚💙

Interview စပယ်ရှယ် Train ပြီး အားလုံး အကုန်အောင်!!!! 👏👏👏
🥰🥰合格おめでとうございます !!!!!!🥳🥳

အားလုံးအတွက် Khin Khin Co., Ltd Office Team တစ်ခုလုံးကဝမ်းသာဂုဏ်ယူမိပါတယ်နော်☺️☺️

ဆက်လက်ပြီးတော့အခက်အခဲတွေကိုလည်း အတူတူကျော်ဖြတ်ပြီး
ဂျပန်ရောက်သည်အထိ အတူတူကြိုးစားကြပါစို့ ကလေးတို့ရေ….🥰🥰

Photos from KHIN KHIN Co.,Ltd - School Agency's post 28/08/2023

မနက်ဖြန် Wakayama Interview ဖြေရမဲ့ ကလေးတွေကို Interview Practice လုပ်ပေး .....☺️☺️
Khin Khin Co.,Ltd ရဲ့ အခန်းသစ်လေးမှာပါ ..ဟဲ ဟဲ 😁😁
ပြီးတော့မှ အခန်းသစ် Intro လေးထပ်တင်ပေးမယ်နော် ...💜💜

Photos from KHIN KHIN Co.,Ltd - School Agency's post 26/08/2023

" 2023 October Intake WAKAYAMA COE Result လည်း 100% ပါဘဲ "😎😎
နောက်ကျသွားတဲ့အတွက် ဆောတီးပါကလေးတို့ရေ... အားလုံး おめでとう ပါ.. 🎉🎉😍😍

COE ကတ်လေးကိုလည်းကြည့် Student Visa 2 Year တောင်ရတာနော်... 😱😱

ကလေးတို့ ဂျပန်ရောက်တဲ့အခါလည်း ကိုယ်စိတ်ကူးထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ပါစေ.. 😊😊 အခက်အခဲအားလုံးလည်း ကျော်ဖြတ်နိုင်ပါစေလို့ Khin Khin Co.,Ltd Office Team မှ ဆုတောင်းပေးလိုက်ပါတယ်နော်... 💛💛💛

🛑 ကြော်ငြာလေးတစ်ဖြတ်.. 😀😀
ဈေးသက်သက်သာသာနဲ့ Student Visa 2 Year ရတာက Wakayama ကျောင်းရဲ့ Strong Point ပါရှင့်... လျှောက်ချင်တယ်ဆိုရင်တော့ နောက်နှစ် October Intake မှရပါတော့မယ်.. 😁😁

.,Ltd

Photos from KHIN KHIN Co.,Ltd - School Agency's post 23/08/2023

"အစဉ်အလာမပြတ်
Osaka COE Result 💯‼️ " အက်လဲ့ !!😎😎

2023 October Intake Osaka မြို့ကို လျှောက်တဲ့ကလေးအကုန် COE အောင် ......😁😁

ကလေးတို့ あめでとう !! ပါ 👏👏👏
ဂျပန်ရောက်တော့မယ် ..... 💙💚💛🧡

ဂျပန်ရောက်တဲ့အခါလည်း မိမိရည်ရွယ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ကို ဆုံးခန်းတိုင်လျှောက်လှမ်းနိုင်ပါစေလို့ KHIN KHIN Co.,Ltd - School Agency Office Team မှ ဆုတောင်းပေးလိုက်ပါနော် .....☺️☺️☺️☺️

22/08/2023

‼️ အသိပေးအကြောင်းကြားခြင်း‼️

Kaigo Scholar လျှောက်ထားခြင်း ဖောင်ပိတ်လိုက်ပါပြီနော် ...
နောက်ပိုင်း လျှောက်ထားခြင်းများ လက်မခံတော့ပါ ... 🤗🤗

💁‍♀️"Kaigo Scholarship Program"
INTAKE- 2024 APRIL ( ၁နှစ် ၁ကြိမ်သာခေါ်မည်)
👘👘👘👘👘👘👘👘👘👘👘👘👘

💁‍♀️ခေါ်ယူမည့်Kaigo Scholarship Program အမျိုးအစား
Language School (1 year)+ Kaigo College (2 years)+ Work Visa (5 years)
※Kaigo Fukushi စာမေးပွဲအောင်အောင်ဖြေပြီး အလုပ်လုပ်ပြီး နေနိုင်မယ့်အခွင့်အရေး ※

👩‍🏫သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးချို့တဲ့နေသူများအား ကူညီစောင့်ရှောက်ရာတွင် စိတ်ပါဝင်စား၍ ဂျပန်နိုင်ငံတွင် နှစ်ရှည်နေထိုင်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ရပါမယ်နော်...
👨‍🏫Kaigo အလုပ်ကိုအမှန်တကယ်စိတ်ဝင်စားသော လူငယ်များ စိတ်ချယုံကြည်စွာလျှောက်ထားနိုင်ပါတယ်....
👩‍🏫Seminar တွင်လည်း ကုန်ကျစရိတ်အတွက် အသေးစိတ်အချက်အလက်များကိုရှင်းပြပေးဦးမှာပါနော် ...😇😇
❤❤Seminar အတွက်လည်း လူဦးရေကန့်သတ်ထားတာမို့လို့ အခုဘဲ Messenger မှာ စာရင်းပေးလိုက်တော့နော် ....❤❤

Messenger တွင် "Seminar တက်ရောက်ချင်ပါတယ်" ဟုပေးပို့ပေးပါရန်...

22/08/2023

🌟🌟" Saitama Interview "🌟🌟

2024 April Intake ကို Saitama မြို့သို့လျှောက်ထားခဲ့ကြသော ကျောင်းသူများ ကျောင်းဘက်မှ အင်တာဗျုးအောင်မြင်ခဲ့ကြပါတယ်.......

💜💜 おめでとう !!!!!!!💜💜

ဂျပန်ပြည်ဝင်ခွင့်ရသည်အထိ KHIN KHIN Co.,Ltd - School Agency အတူ ကြိုးစားပြီး အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ရအောင် .....🥰🥰🥰

19/08/2023

📣အလုပ်​ခေါ်စာ📣

၉လပိုင်းအဆန်းတွင် Interviewမည်။

Japanese Language Teacher
သင်ကြား​ရေးပိုင်းကို စိတ်ပါဝင်စားပြီး​ရေရှည် လုပ်ကိုင်နိုင်​သောသူသာ​လျှောက်ထားရန်

ဂျပန်စာ N2​အောင်လက်မှတ်ရှိ​ပြီးသင်ကြား​ရေးပိုင်း တာဝန်ယူ​ဆောင်ရွက်နိုင်​သောဆရာမ(၁)ဦး 👩‍🏫
⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️

#အ​တွေ့အကြုံရှိလျှင်ပို​ကောင်းသည်
#သင်ကြားရမည့်အပိုင်းများ ​ပြောပြ​ပေးပါမည်
#စည်းကမ်းကိုတိကျစွာလိုက်နာ​​ဆောင်ရွက်နိုင်ရမည်
#ဂျပန်စာအရည်အ​သွေး​ကောင်းမွန်ရမည်
#အလုပ်ချိန် တစ်ပတ်၅ရက်
မနက်၉မှ ည​နေ၆နာရီအထိ
#သွက်လက်ဖျတ်လတ်ရမည်
#ပူး​ပေါင်းပါဝင်ကူညီတက်ရမည်
#​တာ​မွေမြို့နယ်တွင်အလုပ်ဆင်းရမည်
#ရုံးနှင့်နီးသူဦးစား​ပေးမည်
#လစာ ညှိုနှိုင်း
⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️⚘️

စိတ်ဝင်စားလို့​လျှောက်ထားချင်ပါက
​အောက်ပါEmailသို့ CV Form နှင့် ​အောင်လက်မှတ်Scan Dataများဖြင့် ​ပေးပို့​လျှောက်ထားနိုင်ပါသည်။

👉Email Address
[email protected]
09457499579

Photos from KHIN KHIN Co.,Ltd - School Agency's post 17/08/2023

COE အရမ်းကြပ်ပါတယ်ဆိုတဲ့ Tokyo immigration ဖြစ်တဲ့ Tokyo နဲ့ Saitama COE Result ကတော့ 100 % ပါနော် .....😎😎😎😎

ကလေးတို့အားလုံး おめでとう !!!!!❤💙🖤

2024 April Intake အတွက်လည်း Saitama မြို့ကို ကျောင်းအပ်လက်ခံနေသေးတာမို့လို့ တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်ရှိတဲ့ Khin Khin Co.,Ltd နဲ့အတူ ဂျပန်ရောက်သည်အထိ ကြိုးစားလိုက်ရအောင် !!!!!!😁❤😁

17/08/2023

Edited.......လူပြည့်လို့ စာရင်းပိတ်သွားပါပြီ.....
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖

2024 April Intake အတွက် Osakaမြို့တွင်
Language School (1)နှစ်တက်ရောက်ပြီးနောက်
ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းအလုပ်ကိုလုပ်ကိုင်ရန်
စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
👴👵😘👴👵😘👴👵😘👴👵😘👴👵😘

ဂျပန်စာလဲ N4 အထက်/N3အထက် ရှိထားတယ်...
Tokutei Ginou နဲ့ ဂျပန်မှာအလုပ်လုပ်ဖို့အတွက် Interview တွေကို
သစ်ကုလားအုတ်ဖြစ်အောင်စောင့်နေရတယ်..
မိမိသွားလုပ်ချင်တဲ့ မြို့မှာ အလုပ်သွားမလုပ်ရလို့ စိတ်ညစ်နေရတယ်ဆိုရင်...

အောက်က Program လေးနဲ့ ဂျပန်ကို မြန်မြန်ထွက်ခွာပြီး..
ဂျပန်စာသင်ကျောင်းတက်ကာ ဂျပန်စာ Level ကိုမြှင့်တင်ရင်းနဲ့
အချိန်ပိုင်းအလုပ်လုပ်ပြီး ဂျပန်လူမျိုးတွေအတူ နေထိုင်ဖြတ်သန်းကြည့်ပြီးမှ
မိမိကြိုက်နှစ်သက်တဲ့မြို့မှာ အလုပ်လုပ်ရင်း နှစ်ရှည်နေထိုင်နိုင်ပါတယ်,,,,,

👉Program 1
Osaka မြို့ရှိ Japanese Language School တွင်(၁)နှစ်တက်ရောက်သင်ယူပြီးနောက် Tokutei Ginou Visa ဖြင့် ဂျပန်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်မည့်အခွင့်အရေး

👉Program 2
Osaka မြို့ရှိ Japanese Language School တွင်(၁)နှစ်တက်ရောက်သင်ယူပြီးနောက် Kaigo College (2)Years တက်ရောက်ပြီးနောက် ဂျပန်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်မည့်အခွင့်အရေး

လျှောက်ထားနိုင်မည့်သူ
🫒အထက်တန်းအောင်
🫒ဂျပန်စာN4အောင်လက်မှတ်ရှိသူ(JLPT/NAT-TEST/TOP-J/J-Test)
🫒မိန်းကလေးများသာ
🫒အိမ်ထောင်မရှိသူ / တက်တူးမရှိသူ

April Intake ဖြစ်လို့ မြန်မြန်ဆန်ဆန်လျှောက်ထားမှရမယ်နော်...
Interview အတွက်လဲ အတွေ့အကြုံရှိ ဆရာမတွေနဲ့ လေ့ကျင်ပေးလို့
ကြိုးစားချင်တဲ့ ကလေးတွေကိုအမြဲစေတနာအရင်းခံပြီးဆောင်ရွက်ပေးလျက်ပါ.

စိတ်ဝင်စားလို့ အသေးစိတ်ကို ဆက်သွယ်စုံစမ်းချင်ရင်တော့..
09457499579 ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

Photos from KHIN KHIN Co.,Ltd - School Agency's post 16/08/2023

🇯🇵Language Schoolတက်ကြမယ်ဆိုရင်🇯🇵
Part-3
ဂျပန်နိုင်ငံမှာ Lanaguage School တက်ရောက်ချင်တဲ့ကလေးတွေအတွက် Language School နဲ့ ပတ်သတ်ပြီး သိသင့်တဲ့အချက်အလက်လေးတွေကို အပိုင်းတိုလေးတွေခွဲပြီး ဖော်ပြပေးလိုက်ပါတယ်နော် ....
Part-1 👇👇👇👇👇👇👇
https://www.facebook.com/photo/?fbid=249846754512690&set=pcb.249846497846049
Part-2 👇👇👇👇👇👇👇
https://www.facebook.com/photo?fbid=251912644306101&set=pcb.251912744306091

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

11/08/2023

Nat-Test Exam Center (Yangon)မှ Online Application ဖြင့် လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း။
=====================================
လျှောက်လွှာလျှောက်ထားပုံ အသေးစိတ်ကို ကြိုတင်လေ့လာနိုင်ရန် အောက်တွင် ရှင်းလင်းပြသပေးထား ပါသည်။
Nat Test စာမေးပွဲလျှောက်လွှာဖောင် ဘယ်လိုဖြည့်မလဲ?
ဖောင်ဖြည့်ပုံအဆင့်အဆင့်
- nattestcenteryangon.com
သို့ ဝင်ပါ။
- Mozilla Fire Fox, Google, Google Chrome Browsers များမှ တစ်ဆင့် ဝင်ရောက်နိုင်သည်။
- မြန်မာဘာသာစကား (သို့) အင်္ဂလိပ်ဘာသာစကား ကြိုက်နှစ်သက်ရာကို ရွေးပါ။
- မိမိဖြေဆိုလိုသည့် Level ကို ရွေးပါ။
- ဆက်လက်အသုံးပြုရန်အတွက် (အကောင့်ဝင်မယ်) ခလုတ်ကို ရွေးပါ။
- မိမိဖုန်းနံပါတ် ရိုက်ထည့်ပြီး OTP ကုဒ်တောင်းယူပါ။
- စက္ကန့် (၁၈၀)အတွင်း သင့်ဖုန်းထဲသို့ OPT (6)လုံး ဝင်လာပါမည်။
- အဆိုပါ ကုဒ်ကို ရိုက်ထည့်ပါက စနစ်ထဲသို့ရောက်သွားမည်ဖြစ်ပါသည်။
- မိမိဖြေဆိုလိုသော Level ကို ရွေးပြီးနှိပ်လိုက်ပါက သက်ဆိုင်ရာ Level အလိုက် အချက်အလက်များ ထွက်ပေါ်လာမည်ဖြစ်သည်။
- လျှောက်ထားလိုပါက (Apply for this Exam) ခလုတ်ကိုနှိပ်ပါ။
- သင့်အကောင့်အတည်ပြုရန် သင့်နာမည် ကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် save ကိုနှိပ်ပါ။ ပြီးလျှင် (နောက်သို့) ခလုတ်ကို နှိပ်လိုက်ပါက သက်ဆိုင် level အလိုက် ဖြည့်သွင်းပေးရမည့် အချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- ပထမဦးစွာ လျှောက်ထားသူ၏ ဓါတ်ပုံကို ထည့်ပေးရမည်ဖြစ်သည်။ ဓါတ်ပုံများ ဖြည့်သွင်းရာတွင် အောက်ပါအချက်များကို လိုက်နာရမည်ဖြစ်သည်။
- ဓါတ်ပုံဆိုဒ်အနေဖြင့် (30mm x 40mm) ဖြစ်သည်။ အဆိုပါဓါတ်ပုံကို ဖုန်းကင်မရာဖြင့် ရိုက်ကူးပါ။ ပြီးလျှင် Crop အတိအကျလုပ်ပြီး ဖုန်းထဲတွင် သိမ်းထားရမည်။ ဓါတ်ပုံကို upload လုပ်ပေးရန်ဖြစ်သည်။
- ဖုန်းဖြင့် ရိုက်ရာတွင် ဓါတ်ပုံအပေါ်တည့်တည့်မှ ရိုက်ကူးရမည်။ အလင်းများ ကွယ်မနေရပါ။
- ကြည်လင်ပြတ်သားမှုရှိရမည်။
- Selfie ဆွဲပြီး ရိုက်ကူးထားသော ပုံမဖြစ်စေရပါ။
- ဓါတ်ပုံဆိုင်တွင် သေချာရိုက်ကူးထားသော ပုံဖြစ်ရမည်။
- နောက်ခံ background အဖြူ (သို့မဟုတ်) အပြာဖြစ်ရမည်။
- မျက်မှန်တပ်ပြီး ရိုက်ထားသော ပုံများ မဖြစ်ရပါ။
- အထက်ပါအချက်များနှင့် မကိုက်ညီပါက လျှောက်လွှာများအား ပယ်ဖျက်ခံရမည်ဖြစ်သည်။
- ဒုတိယအနေဖြင့် မှတ်ပုံတင် ရှေ့နောက်ကို ရိုက်ပို့ပေးရန်ဖြစ်သည်။
- ဓါတ်ပုံနှင့် မှတ်ပုံတင်များ ဖြည့်သွင်းပြီးပါက လျှောက်ထားသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံ၊ ကျား/မ၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် အီးမေးလ် တို့ကို အစဉ်လိုက် ဖြည့်သွင်းပေးရမည်။
- အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးပါက (လျှောက်မည်) ခလုတ်ကို နှိပ်ပါ။
- အချက်အလက်များ မှားယွင်းခြင်း (သို့မဟုတ်) ဖြည့်ရန်လိုအပ်နေပါက သက်ဆိုင်ရာ အချက်အလက်ဖြည့်သွင်းရန်လိုအပ်ကြောင်း စာလုံးအနီဖြင့် ဖော်ပြပေးနေမည်ဖြစ်သည်။
- လျှောက်ထားသူအနေဖြင့် အဆိုပါအချက်အလက်ကို မှန်ကန်စွာ ဖြည့်ပေးပြီး အစဉ်လိုက် ဆက်လက်လုပ်ကိုင်ရန်ဖြစ်သည်။ ပြီးလျှင် (လျှောက်မည်) ခလုတ်ကို ရွေးပါ။
- ပြီးလျှင် ငွေပေးချေမှု အပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
- မိမိအချက်အလက်များကို မြင်နေရမည်ဖြစ်ပြီး (လုပ်ဆောင်ချက်) ဟု ရေးထားသော ခလုတ်မှ (အသေးစိတ်) ခလုတ်ကိုနှိပ်ပါက မိမိအချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- မိမိအနေဖြင့် အချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်သေးသလို ပြင်ဆင်လိုပါက (ပြင်ဆင်ခြင်း) ခလုတ်ကို နှိပ်ပြီး ပြင်ဆင်ပါ။
- ဆက်လက်မလျှောက်ထားလိုပါက (အပြီးဖျက်မယ်) ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်သည်။
- လျှောက်ထားသူအနေဖြင့် Bank (သို့) Pay Account များမှ တစ်ဆင့် ငွေပေးသွင်းရန် အခက်အခဲရှိပါကလည်း Nat Test Center Yangon ရုံးတွင် လူကိုယ်တိုင် လာရောက်ပေးသွင်းနိုင်သည်။
- မိမိအနေဖြင့် ငွေပေးချေလိုပါက ဖော်ပြထားသော Bank (သို့) Pay Account အကောင့်ထဲသို့ စာမေးပွဲဝင်ကြေး (၇၂,၀၀၀) ကျပ်ကို ဖြည့်ပြီး Screen Shot ရိုက်ထားပါ။
- အချက်အလက်များ၊ ငွေပေးသွင်းထားသော သက်သေခံ Screen Shot များကို upload လုပ်ပြီးပါက (အချက်အလက်များ ပေးပို့မည်) ခလုတ်ကို နှိပ်ပါက သင့်လျှောက်ထားမှု ပြည့်စုံပြီဖြစ်ပါသည်။
- သင့်လျှောက်ထားမှုအချက်အလက်များကို Nat Test Center မှ ပြန်လည်စစ်ဆေးပြီး ပြည့်စုံပါက သင့်ထံကို လျှောက်ထားမှု အောင်မြင်ကြောင်း အတည်ပြု message ပြန်ပို့ပေးပါမည်။
- ငွေပေးသွင်းပြီးကြောင်း ငွေလက်ခံဖြတ်ပိုင်းကိုလည်း သင့်အကောင့်ထဲသို့ ပို့ပေးပြီးဖြစ်ပါမည်။
- စာမေးပွဲခုံနံပါတ်များ၊ ဖြေဆိုမည့်နေရာများကို ယခင်အတိုင်း Nat Test Center Yangon ၏ page မှတစ်ဆင့် ဆက်လက်ကြေငြာပေးသွားမည်ဖြစ်သည်။
ငွေပေးချေမှုအတွက် သတိပြုရန် အချက်များ။
- မိမိ၏ ကိုယ်ပိုင် Bank Account (သို့) အခြားသူ၏ Bank Account များဖြင့်လည်း ပေးချေနိုင်ပါသည်။
- သတ်မှတ်ထားသော Pay Account များဖြင့်လည်း ပေးချေနိုင်ပါသည်။- - - - - သတ်မှတ်ထားသော စာမေးပွဲကြေး (၇၂၀၀၀)ကျပ်ပေးသွင်းပြီးပါက Screen Shot (သို့) ဓါတ်ပုံရိုက်၍ သိမ်းထားပါ။
- ငွေပေးချေမှုအပိုင်းတွင် ဖြည့်သွင်းရမည့် အချက်အလက်များနှင့် တစ်ကွ အဆိုပါ သိမ်းထားသော Screen Shot (သို့) ဓါတ်ပုံကို Attached တွဲပေးရန်ဖြစ်သည်။
(Nat Test Center Yangon မှ ဖော်ပြထားသော Bank Account/ Pay Account များထဲမှ နာမည်နှင့် အကောင့်နံပါတ်များထဲသို့သာ အတိအကျပေးသွင်းပေးပါရန်နှင့် Application ထဲတွင် ဖော်ပြမထားသော Account များထဲသို့ မှားယွင်းပြီး ငွေပေးသွင်းမှုများအတွက် Nat Test Center Yangon အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အထူးသတိပေးအပ်ပါသည်။)
သတ်မှတ်ထားသော စည်းကမ်းချက်များ
- ဓါတ်ပုံ အရွယ်အစား နှင့် အရည်အသွေးများအနေဖြင့် သတ်မှတ်ထားသည့်အတိုင်းဖြစ်ရမည်။
- မှတ်ပုံတင် အရှေ့အနောက်ကို ရိုက်ကူးတင်ပြရာတွင်လည်း ကြည်လင်ပြတ်သားမှုရှိရမည်။
- လျှောက်ထားသူတစ်ဦးအနေဖြင့် အင်တာနက်အခက်အခဲကြောင့် OTP Code ကို (၃)ကြိမ်သာ တောင်းခံခွင့်ရှိသည်။ မရပါက နောက်ရက်မှသာ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။
- သတ်မှတ်ထားသော အချက်အလက်များ အပြည့်အစုံဖြည့်သွင်းပေးသည့် လျှောက်လွှာများကိုသာ အတည်ပြု လက်ခံပေးမည်ဖြစ်သည်။
- အတည်ပြုလက်ခံချက်ကို စာမေးပွဲကြေးပေးသွင်းမှု အတည်ပြုချက် ရယူပြီးမှသာ ပေးပို့ပေးမည်ဖြစ်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဘေဘီတို့ Bye Bye ပါ..😆😆✨
Khin Khin Co.,Ltd- School Agency ရဲ့ Room အသစ် Intro လေးပါ 💛💛💛 မင်မင်တို့ရဲ့ Agency မှာလျှောက်ထားတဲ့ ကလေးတွေ (အဓိက Kagio...

Category

Telephone

Website

Address


No. 6/3A, Corner Of Ma Hlwa Kone Street & Kyar Kwet Thit Street, Tamwe Township
Yangon
11211

Other Schools in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

BA Class Myanmar BA Class Myanmar
Yangon

မီဒီယာ၊ နည်းပညာနှင့် အင်ဂျင်နီယာ အတတ်ပညာများ သင်ယူရာ စာမျက်နှာတစ်ခု။

WHEC - IGCSE WHEC - IGCSE
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091

We will unlock your capabilities.

G - 7 Academy G - 7 Academy
Yangon

Decent It and Technical School Decent It and Technical School
U Chit Maung Road Bahan Township
Yangon

To Promote Our Knowledge,

SN-Art Class SN-Art Class
Jewellry Mall, Level/3 , No-301 , Times City
Yangon

Art of Drawing & Painting Class

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

MFX Trades Myanmar MFX Trades Myanmar
No. 62, Room(704-B), Maharbandula Road, Ocean East Point, Pazuntaung Township
Yangon, 11171

To unlock the potential of the world’s financial markets for everyone. Everyone with an interest i

Shourai 将来Japanese Language School Shourai 将来Japanese Language School
Yangon

Japanese Language School

Polaris Maritime Training Center Polaris Maritime Training Center
အမှတ်၈၉ သုတ ၃လမ်း ၄ရပ်ကွက်, တောင်ဥက္ကလာ
Yangon