Shwe Clinical & Diagnostic Laboratory

"Better Service with Great Care"

19/11/2023

🩸HbA1c (Hemoglobin A1c) စစ်ဆေးခြင်းနှင့် Blood Sugar Testing (သွေးတွင်းသကြားဓာတ်) စစ်ဆေးခြင်း နှစ်မျိုးလုံးသည် ဆီးချိုရောဂါနှင့် ဆီးချိုအကြိုရောဂါများကို စီမံခန့်ခွဲရာတွင် အထောက်အကူပြုပေးပါသည်။

🧪 ဤစစ်ဆေးမှုများကြား ကွဲပြားခြားနားချက်များ နှင့် ပုံမှန်သကြားပမာဏကို သိရှိပြီး ဆီးချိုရောဂါကို ထိန်းထားနိုင်စေရန် သို့မဟုတ် ထိန်းချုပ်ရန် သွေးစစ်ဆေးမှု အကြိမ်ရေကို အောက်ဖော်ပြပါပုံအတိုင်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

🔸 HbA1c, Blood Sugar (Glucose) tests များနဲ့ပတ်သက်ပြီး စစ်ဆေးမှုများ ကို "Shwe Clinical & Diagnostic Center" တွင် အထူးဝန်ဆောင်မှုများဖြင့် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

“ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249
📧: [email protected]

27/09/2023

ဆီးချိုသွေးချိုဝေဒနာရှင်များ ပုံမှန်စစ်ဆေးသင့်သော HbA1c 🩸

ဆီးချိုသွေးချိုရှိသူများဟာ သူတို့ရဲ့ သွေးထဲက အချိုကို တိုင်းတာဖို့အတွက် ဆီးစစ်ကြတယ်၊ လက်ထိပ်ကို အပ်လေးနဲ့ဖောက်ပြီး အချိုဓာတ်စစ်ဆေးလေ့ရှိကြပါတယ်။ ဒီစစ်ဆေးမှုတွေဟာ မှန်ကန်တိကျ ပေမယ့် အချိန်အတိုင်းအတာ တစ်ခု အတွက်ပဲ ဖြစ်ပါတယ်။ ဥပမာ ဆီးချိုသမားတစ်ယောက်ဟာ ကျန်တဲ့ နေ့တွေမှာ စိတ်ကြိုက်စားပြီး ဆရာဝန်ဆီ သွားပြရမယ့် ရက်မှာ တစ်နေကုန် ဘာမှမစားပဲ နေမယ်ဆိုရင်တော့ သူဟာ ဆရာဝန်ဆီရောက်လို့ ဆီးချို စစ်တဲ့အခါမှာတော့ ဆီးချိုကျနေမှာပါ။ ဒီစစ်ဆေးမှုတွေဟာ တစ်နေ့စာ အတွက်ပဲ မှန်ကန်ပါတယ်။
ဒါပေမယ့် 1980 ပြည့်နှစ်မှာတော့ HbA1c ဆိုတဲ့ စစ်ဆေးမှု တစ်ခုပေါ်လာပြီး အချိန်တိုအတွင်းမှာပဲ ဆီးချိုရောဂါ ထိန်းချုပ်ရေးမှာ အလွန်ပဲပေါက်ရောက်ခဲ့ပါတယ်။ သူရဲ့အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ ရဲ့ သွေးနီဥ ထဲမှာ hemoglobin လို့ ခေါ်တဲ့ အနီရောင်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒီ hemoglobin ဟာ ခန္ဒာကိုယ် အနှံ့ အောက်စီဂျင်သယ်ယူပို့ဆောင်ဖို့ အကူအညီပေးပါတယ်။ ထူးခြားချက်တစ်ခုက ကျွန်တော်တို့ နေ့စဉ်စား သုံးလိုက်တဲ့ glucose တွေဟာ ဒီ Hemoglobin ကို လာကပ်ညှိပါတယ်။ ဒီလိုလာကပ်ညှိတဲ့ပမာဏကို hemoglobin ဟာ သုံးလလောက်အထိ မှတ်ထားနိုင်ပြီး သင်ဟာ ဒီသုံးလတာအတွင်း များများစားရင် HbA1c များနေမှာ ဖြစ်ပြီး ဆင်ခြင်ရင်တော့ HbA1c ကျနေမှာ ဖြစ်ပါတယ်။
သင်ဟာ တစ်ရက်လောက် ည ၁၀ နာရီနောက်ပိုင်း အစာမစားပဲ မနက် စောစောထဖောက်ကြည့် ၊ အချိုဓာတ်ကောင်းနေတာနဲ့ ဆီးချိုမရှိဘူးလို့ အတပ်ပြောလို့မရသလို အချိုဓာတ်မကောင်းရင်လဲ ဆီးချိုဖြစ် နေပါပြီလို့ အတပ်ပြောဖို့ ခက်ပါတယ်။ HbA1c ပေါ်လာခြင်းအားဖြင့် ဒီစစ်ဆေးမှုဟာ သင့်ရဲ့ ၃ လတာအတွင်း စားသုံးမှု အခြေအနေကို စစ်ဆေးပေးတာဖြစ်လို့ သင်ဟာ ဆီးချိုဖြစ်တော့မယ့်လူလား၊ ဆီးချို ဖြစ်နေပြီလား ဆိုတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။
သာမန် ဆီးချိုမရှိတဲ့လူမှာ HbA1c ဟာ 5.6 % ရဲ့ အောက်ဖြစ်ရပါမယ်။ 5.7% - 6.4% ကိုတော့ ဆီးချို ဖြစ်ခါနီး အဆင့်လို့ သတ်မှတ်ပြီး 6.5% နဲ့ အထက်ကိုတော့ ဆီးချိုလို့သတ်မှတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအနေနဲ့ ၃ လတစ်ကြိမ် HbA1c ကို စစ်ဆေးသင့်ပြီး အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ်တော့ HbA1c ကို စစ်ဆေးသင့်ပါတယ်။ HbA1c တက်နေပြီဆိုရင်တော့ သင်ဟာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်တဲ့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောများ ပျက်စီးခြင်း၊ မျက်စိပျက်စီး ကွယ်ပိတ်ခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ အနာကျက်နှေးခြင်းစတဲ့ အချက်တွေ ကို ခံစားရဖို့ အတော်နီးနေပြီါ်ဖြစ်ပတယ်။ ဒါကြောင့် သင့်ဟာ ဆီးချိုရှိသူတစ်ဦး (သို့) အနည်းငယ်ဝနေသူ တစ်ဦး၊ အချိုကြိုက်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ HbA1c ကို မဖြစ်မနေစစ်ဆေးသင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုပြီးကောင်းတယ်ဆိုတဲ့ စကားလိုပဲ ရောဂါမဆိုးခင် အစာနဲ့ ထိန်းနိုင်စေရန် အကြံပေးလိုက် ပါတယ်။

🔸 HbA1c နဲ့ပတ်သက်ပြီး စစ်ဆေးမှုများ ကို "Shwe Clinical & Diagnostic Laboratory" တွင် အထူးဝန်ဆောင်မှုများဖြင့် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

☎️09250830382, 095167249, 09965167249,09964830382

🧪“ရွှေ” ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း

(၁) တိုက်-၄ ၊အခန်း -၃၄ ၊မြို့ပြ အိမ်ယာတောင်ဘက်ခြမ်း၊၈မိုင်လမ်းဆုံ၊ ပြည်လမ်း (၆) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

(၂) “အေးမြစန္ဒာ” ဆေးခန်း ၊အမှတ် (၂၀၂)၊ မင်းရဲကျော်စွာလမ်း နှင့် ဦးအောင်ဇေယျလမ်းထောင့်၊သမိုင်း(၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

(၃) အမှတ် (၄၇/B-5)၊ မဂ်လာခြံ၊မင်္ဂလာလမ်း၊ဖော့ကန် ရပ်ကွက်၊ အင်းစိန်မြို့နယ်။

📧: [email protected]

Photos from Shwe Clinical & Diagnostic Laboratory's post 19/04/2023

📣 Vacancy Announcement

ရှစ်မိုင်လမ်းဆုံအနီးတွင် ပြည်တွင်း ပြည်ပကျန်းမာရေးဝန်ဆောင်မှူလုပ်ငန်းများနှင့် လုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Post Title - Marketing Executive ( M/F – 1 post )

✅ Any age, Any graduate
✅ ကျန်းမာရေးနယ်ပယ်ထဲမှ Marketing အတွေ့အကြုံအနည်းဆုံး ၂ နှစ် ရှိရမည်။
✅ Sales & Marketing အတွေ့အကြုံ 3နှစ်အထက်ရှိရမည်.
✅ Marketing Project များ တွေးခေါ်စဉ်းစား၊တင်ပြနိုင်ရမည်.
✅ ခရီးသွားလာနိုင်သူဖြစ်ရမည်။
✅ Computer အခြေခံသုံးနိုင်ရမည်။
✅ Idea အသစ်များဖြင့် Market ထိုးဖောက်နိုင်ရမည်။
✅ ဆက်ဆံရေး အထူးကောင်းသူဖြစ်ရမည်.

2. Post Title - Marketing Representative (M/F – 2 posts)

✅ Age below 30 years old
✅ Any graduate
✅ Sales & Marketing အတွေ့အကြုံ ရှိသူ ဦးစားပေးပါမည်။
✅ ဆေးရုံဆေးခန်းများသို့ နေ့စဉ် သွားရောက်ပြီး ဈေးကွက်ရှာဖွေနိုင်ရပါမည်။
✅ ခရီးသွားလာနိုင်သူဖြစ်ရမည်။
✅ Computer အခြေခံသုံးနိုင်ရမည်။
✅ ဆက်ဆံရေး အထူးကောင်းသူဖြစ်ရမည်.

3. Post Title – Laboratory Technician (M/F – 1 post)

✅ Any age
✅ Lab Technician Grade 1 / Grade 2
✅ Prefer day duty schedule.
✅ ဖျက်လက်တက်ကြွပြီး ရိုးသားကြိုးစားသူ ဖြစ်ရမည်။

4. Post Title – Admin staff (M/F – 1 post)

✅ Age below 30 years old
✅ Any graduate
✅ ဖျက်လက်တက်ကြွပြီး ရိုးသားကြိုးစားသူ ဖြစ်ရမည်။
✅ လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်ရမည်။
✅ Computer အခြေခံ အကြောင်းနားလည်ပြီး Microsoft (Word, Excel) ကောင်းမွန်စွာ အသုံးပြုတတ်ရမည်။

5. Post Title – Junior Accountant (M/F – 1 post)

✅ Age below 30 years old
✅ Any graduate
✅ LCCI level 2 ပြီးထားသူ ဖြစ်ရမည်။
✅ စာရင်းများကို တိကျသေချာစွာ ပြုစုတွက်ချက်ပြီး Monthly report များကို အချိန်မီ ပြီးစီးအောင် လုပ်ကိုင်နိုင်ရမည်။
✅ စာရိတ္တကောင်းမွန်ပြီး ရိုးသားကြိုးစားသူ ဖြစ်ရမည်။
✅ လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်ရမည်။
✅ Computer အခြေခံ အကြောင်းနားလည်ပြီး Microsoft (Excel) ကောင်းမွန်စွာ အသုံးပြုတတ်ရမည်။

6. Post Title - Lab Runner (M - 2 Posts)

✅ အသက် ၁၈-၃၀ အတွင်း
✅ အခြေခံပညာ အနည်းဆုံး ၈တန်းဖြစ်ရမည်။
✅ လူမှု့ဆက်ဆံရေး ပြူငှာယဉ်ကျေးသူ၊ တကိုယ်ရည်သန့်ရှင်းမှု အထူးရှိသူဖြစ်ရမည်။
✅ ကျန်းမာရေးကောင်းမွန်ပြီး စက်ဘီးစီးနိုင်ရမည်။
✅ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
✅ အလုပ်ဝင်ပြီး နယ်မှ လာသောသူများအတွက် အဆင်ပြေစေရန် အဆောင် စီစဉ်ပေးပါမည်။

🌟 Attractive Salary (Negotiate)
✴️ နေစရာ စီစဉ်ပေးနိုင်ပါသည်။
☎️ 09965167249
CV form များကို [email protected]
နှင့် Viber: +959965167249 သို့ ဦးစွာပေးပို့လျှောက်ထားပေးရန် လိုအပ်ပါသည်။

Photos from Shwe Clinical & Diagnostic Laboratory's post 14/04/2023

"ရွှေ" ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမိသားစုမှ
2023 ခုနှစ် မြန်မာရိုးရာအတာသင်္ကြန်အား ရုံးတွင်း ပျော်ရွှင်စွာ ဖြတ်သန်းဆင်နွှဲခဲ့ကြစဉ် 🎊

21/12/2022

Liver Function Tests (LFT)

❤️ ဒီနေ့မှာတော့ Laboratory Investigation Tests တွေထဲက အသည်းနဲ့ဆိုင်တဲ့ Liver Function Test တွေအကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ❤️

🤔 Q: Liver Function Tests ဆိုတာဘာတွေလဲ?
👩‍🔬 A: Liver Function Tests ဆိုတာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အသည်းရဲ့ အလုပ်လုပ်နိုင်စွမ်းကိုစစ်ဆေးတဲ့ tests တွေကိုခေါ်တာပါ။ 🩸

🤔 Q: Liver Function Tests ထဲမှာဘာတွေပါလဲ?
👩‍🔬 A: Liver Function Tests ထဲမှာ အသည်းကနေထုတ်လုပ်ပေးနေသော အင်ဇိုင်း (enzymes)များဖြစ်တဲ့ Alanine Transaminase (SGPT/ALT) , Aspartate Transaminase (SGOT/AST) , Alkaline Phosphate (ALP) , Gamma-glutamyltransferase (GGT) , Bilirubin တို့ကို အဓိက တိုင်းတာစစ်ဆေးကြပါတယ်။ ထို့အပြင် အသည်းကထွက်ရှိသော အသားဓာတ်များဖြစ်သည့် Total and Differential Proteins တွေကို အသေးစိတ်အနေနဲ့ ထပ်မံစစ်ဆေးနိုင်ပါတယ်။ 🩸

🤔 Q: Liver Function Tests ဘာကြောင့်စစ်လဲ။
👩‍🔬 A: အသည်းကျန်းမာရေးကောင်းမကောင်းသိချင်လို့ စစ်တယ်လို့အကြမ်းဖျင်းအားဖြင့် ပြောလို့ရပါတယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ ကင်ဆာရောဂါတို့ကြောင့်ဖြစ်လေ့ရှိတဲ့အသည်းခြောက်ခြင်း (Cirrhosis of liver) ဖြစ်ခြင်းရှိမရှိသိနိုင်သလို အသည်းမှာပုံမှန်ထုတ်လုပ်လေ့ရှိသော အင်ဇိုင်းထုတ်လုပ်ခြင်း၊ ပရိုတင်းထုတ်လုပ်ခြင်း စသောအသည်း​၏ လုပ်ငန်းဆောင်ရွက်ချက်များ ပုံမှန်ရှိမရှိကို သိစေနိုင်ပါတယ်။ 🩸

🤔 Q: ဘာကြောင့် Liver Function Tests ဟာအရေးကြီးသလဲ။
👩‍🔬 A: အရက်သောက်သုံးမှုပိုမိုများပြားလာခြင်း၊ အသည်းကိုအဆိပ်အတောက်ဖြစ်စေသော (liver toxicity မြင့်သော) ဆေးဝါးများသောက်သုံးခြင်း၊ ကူးစက်တတ်သော အသည်းရောင်ရောဂါရှိသောသူများနှင့် နီးနီးကပ်ကပ်နေခြင်းများကြောင့် အသည်းရောဂါဖြစ်ပွားမှုနှုန်း၊ အသည်းရောဂါကြောင့်သေဆုံးမှုနှုန်းဟာ မြင့်တက်နေပြီး တစ်ကမ္ဘာလုံးအနေနဲ့နှစ်စဉ်အသည်းရောဂါကြောင့်သေဆုံးမှုနှုန်းဟာ အဆင့် ၁၁ ရှိတယ်လို့ သုတေသန research များက ညွှန်ပြနေပါတယ်။ Liver Function Tests များကို ပုံမှန်စစ်ဆေးခြင်းအားဖြင့် အသည်းရောဂါကြောင့်သေဆုံးမှုများကို ရာခိုင်နှုန်းအားဖြင့်လျော့ချနိုင်မယ်လို့လဲ နိုင်ငံတကာဆေးပညာရှင်များက တစ်ညီတစ်ညွတ်တည်းဆိုထားကြပါတယ်။ 🩸

🤔 Q: ပုံမှန် medical check-up တွေမှာ Liver function test ဆိုရင် လေးမျိုးပဲပါတယ်။ ကျန်တာတွေကော စစ်သင့်သလား။
👩‍🔬 A: ပုံမှန် medical check-up တွေမှာပါလေ့ရှိတဲ့ Liver Function Tests တွေ ဟာ အသည်းကျွမ်းခြင်း (cirrhosis), အသည်းရောင်ခြင်း (hepatitis), အသည်းကင်ဆာ (cancer) တို့ကိုစောင့်ကြည့်နိုင်တဲ့ test တွေပဲဖြစ်ပါတယ်။ အခြားသော prothrombin time (PT/INR), Albumin တို့ကတော့ အသည်းကထုတ်လုပ်တဲ့ ပရိုတင်းတွေ၊ သွေးခဲစေသောပစ္စည်းလေးများ (clotting factors) ပုံမှန်ဟုတ်မဟုတ်ကိုပါ သိစေနိုင်တာကြောင့် ထည့်သွင်းစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် သွေးကြဲဆေးသောက်သုံးနေရသူများ၊ သွေးကြဲရောဂါဖြစ်နေသူများကတော့ အမြဲပုံမှန်စစ်ဆေးရပါမယ်။ 🩸

🤔 Q: ဘယ်သူတွေ Liver Function Tests စစ်သင့်သလဲ။
👩‍🔬 A: အရက်ပုံမှန်သောက်လေ့ရှိသူတွေ၊ အသည်းထိသောဆေးဝါးများ ပုံမှန်သောက်သုံးနေရသူတွေ၊ အဝလွန်သူတွေ၊ ကူးစက်တတ်သောအသည်းရောင်ရောဂါရှိသူတွေနဲ့အနီးကပ်နေသူတွေဟာ Liver Function Tests ကို နှစ်စဉ် ပုံမှန်စစ်ဆေးသင့်ပါတယ်။ 🩸

အမှန်တော့ အသည်းရောဂါလက္ခဏာများဟာ အသည်းပုံပျက်ခြင်းတော်တော်ဖြစ်ပြီးမှ ပေါ်လာတတ်တာကြောင့် လူတိုင်းဟာ Liver Function Tests ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် Liver Function Tests ပုံမှန်စစ်ရင်း အသည်းရောဂါများမှ ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️

14/06/2022

လူကြီးမင်းတို့ကျန်းမာရေးအတွက် အိမ်အပြင်ထွက်ပြီး ဆေးစစ်ဖို့ အခက်အခဲရှိနေပါသလား။

လူကြီးမင်းတို့ရဲ့ နေအိမ်အရောက် အကောင်းဆုံးနဲ့ အချိန်ကုန်အသက်သာဆုံး ကျန်းမာရေးဝန်ဆောင်မှု (Home Care Service) ကို Shwe Clinical & Diagnostic Centreမှဝန်ဆောင်မှုပေးနေပါပြီ။

အိမ်တိုင်ရာရောက် ​သွေး​လာ​ရောက်​​ဖောက်​ယူ​ပေးခြင်း။

သွေးအ​ဖြေများကို တိကျမှန်​ကန်​ မြန်​ဆန်​စွာရရှိ​အောင်​​ဆောင်​ရွက်​​ပေးခြင်း။

အိမ်တိုင်ရာရောက် ECG ဆွဲပေးခြင်းစသည်​တို့ကို

ကျွမ်းကျင်ပညာရှင်များမှ စိတ်ရှည်လျင်မြန်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ကျန်းမာရေးစစ်ဆေးချက် အဖြေများကို သက်ဆိုင်​ရာ ကျွမ်းကျင်​ပညာရှင်​များမှ ကြည့်ရှုပေးတာဖြစ်တဲ့အတွက် ​​စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးစစ်ဆေးချက်အဖြေတွေကို ရရှိမှာဖြစ်ပါတယ်။

Home Care Servicesရယူလိုပါက
Ph no: 09 250 830 382,09 765 167 249သို့ ကြိုတင်
Booking ရယူနိုင်​ပါတယ်​ရှင့်​......

Photos from Dr. Phonesithulwin's post 08/05/2022

ျားနေတယ်
ှာအသည်းအဆီဖုံးတယ်ဆိုလို့
#အဆီကျဆေး_သောက်နေတယ်လေ

Dyslipidaemia
#သွေးထဲအဆီတွေများနေတယ်

👉👉👉
သွေးစစ်လို့ Lipid profile မှာပါတာတွေက

- Total Cholestrol
- LDL Cholestrol
- HDL Cholestrol
- Triglyceride

ဆိုပြီး (၄) မျိုးပါပါတယ်။

လူတော်တော်များများရဲ့ အဖြေမှာ HDL Cholestrol ကနည်းပြီး ကျန်တဲ့ (၃) မျိုး များနေတတ်ပါတယ်။

ဘာလို့ပါလဲ 🤔

👉👉👉
အကြောင်းနည်းနည်းပြောပြပါမယ်။

အဆီတွေ (အသားကရတာ၊ငါးကရတာ၊ အသီးကရတာ၊ ဟင်းချက်ဆီ) အားလုံးကို ချေဖျက်ပြီးရင် fatty acid နဲ့ glycerol ဆိုတာရပါတယ်။

အဲ့ဒါတွေကို အူတွေက စုပ်ယူပါတယ်။

စုပ်ယူတဲ့ အဆီတွေကို အသည်းဆီပို့ပါတယ်။ လိုအပ်ရင်သုံးလို့ရအောင်။

အဲ့ထက် ပိုတဲ့ အဆီတွေကို ခန္ဓာကိုယ်က Cells တွေဆီ ပို့ပါတယ်။ ပိုတဲ့ အဆီတွေကို Cells တွေထဲမှာ သိမ်းရင်းသိမ်းရင်း နဲ့ အဆီ Cells တွေများလာပါတယ်။

အဲ့တော့ ဝ လာတယ်ဆိုတာပေါ့။

ဒီမှာပြောချင်တာက အဆီစားမှ မဟုတ်ပါဘူး၊

ထမင်းစားများရင် => glucose များပါတယ်၊ အဲ့ဒါ ကိုအသည်းမှာ Glycogen အနေနဲ့ သိမ်းပါတယ်
အဲ့ထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်၊

အသားအစားများရင် => Amino acid တွေကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေထုတ်ပါတယ်။ ကြွက်သားပျက်စီးတာတွေအစားထိုးပါတယ်၊ အနာတွေရှိရင် အစားထိုးပါတယ်(အနာကျက်အောင်) အဲ့ဒါထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်

အဲ့တော့ "ကိုယ်က cholesterol free ပဲစားတာ၊ ဘာလို့ ဝ လာလဲမသိပါဘူး" ဆိုတဲ့ ပုဂ္ဂိုလ်များ သိလောက်ပါပြီနော်။

ခန္ဓာကိုယ်က အရွက်ကလွဲလို့ ကြိုက်တာစား ပိုလို့ကတော့ #အဆီပြောင်း ပလိုက်တာ။

👉👉👉

အဆီဟာရေမှာ မပျော်ဝင်ပါဘူး။ အဲ့တော့ တစ်နေရာကတစ်နေရာသွားဖို့ သယ်ပေးမယ့်သူလိုပါတယ်။

LDL နဲ့ HDL ဆိုတာ Carrier Protein တွေပါ (အဆီမဟုတ်ပါဘူး)

ဆိုတာက အဆီတွေကို အူကနေ၊ အသည်းကနေ ခန္ဓာကိုယ်က Cells တွေဆီကို ပို့ပေးတဲ့ကောင်ပါ

***LDL များနေတယ်ဆိုတာ ခန္ဓာကိုယ်က cells တွေဆီကို အဆီတွေများများပို့နေတယ် လို့ပြောတာပါ။
မကောင်းတဲ့ကောင်ပါ ၊ များလေ မကောင်းလေပါ

ဆိုတာ ခန္ဓာကိုယ်က Cells တွေဆီက အဆီတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ်သုံးဖို့ အသည်းဆီကို ပို့ပေးတဲ့ ကောင်ပါ

***HDL များတယ်ဆိုတာ ခန္ဓာကိုယ် cells တွေဆီက အဆီတွေကို သုံးပစ်နေပြီလို့ပြောတာပါ
ကောင်းတဲ့ကောင်ပါ၊ များလေ ကောင်းလေပါ

(HDL ဘယ်အချိန်များလဲဆိုတော့ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က စွမ်းအင်လိုတော့ အဆီတွေကို ဖြိုခွဲပြီးသုံးလို့ အသည်းဆီအဆီသယ်ပေးမယ့် HDL များများလိုတာပါ)

------

Triglyceride (TG) ဆိုတာ ခန္ဓာကိုယ်ထဲမှာ
- သိုလှောင်ထားတဲ့ အဆီ၊
- အသည်းအဆီဖုံးတယ်ဆိုတဲ့အဆီ ၊
- နှလုံးအဆီဖုံးတယ်ဆိုတဲ့အဆီ၊
- သွေးကြောထဲပိတ်တယ်ဆိုတဲ့အဆီ၊
- နှလုံးသွေးကြောပိတ်တဲ့အဆီ
- ဦးနှောက်သွေးကြောပိတ်ပြီးလေဖြတ်စေတဲ့အဆီ
- ခြေလက်သွေးကြောတွေပိတ်ပြီး ခြေပုတ်လက်ပုတ်ဖြစ်စေတဲ့ အဆီပါ

အဲ့တော့ TG များတယ်ဆိုတာ အခြေအနေမကောင်းပါဘူး။

👉👉👉

#အဆီချရပါမယ်

ဘာတွေကို နည်းအောင်လုပ်မလဲ ?

☑️ TG နည်းရပါမယ်
☑️ LDL နည်းရပါမယ်

✅ HDL များရပါမယ်

ဘာစားစား #လိုတာထက်ပိုစားရင် အဆီတတ်မှာပါ
(အစားလျှော့ပါမယ်)
#လေ့ကျင့်ခန်းလုပ်ရင် Energy လိုတဲ့ အတွက် ရှိပြီးသားအဆီတွေကို ဖြိုခွဲပါတယ် (HDL တတ်လာပါလိမ့်မယ်)

လုပ်ရမှာက (၂) ခုထဲပါ။

👉👉👉

လုပ်ရမယ့် (၂) ခုကို မလုပ်ပဲ နဲ့ #ဆေး တွေ လျှောက်သောက်ပါတယ်။

#အဆီကျဆေး ဆိုတာတွေသောက်ပါတယ်။

အဆီကျဆေး ဆိုတာ အကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်။
၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး

👉👉👉

၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး

အဲ့ဒီဆေးက သွေးထဲက #အဆီတွေကို အသည်းဆီကို ပို့ပြီ ဖျက်ပစ်ခိုင်းပါတယ်။

(ဒါပဲဆိုရင် ကောင်းလှချည်လားပေါ့ HDL လုပ်သလို လုပ်ပေးတာလေ) ❌❌❌ မဟုတ်ပါဘူး

👉 များနေသမျှ အဆီတွေကို ဆေး 💊 က တာဝန် ကျေကျေ အသည်းဆီ ပို့ပါတယ်၊
👉 အသည်းကလည်း တာဝန် ကျေကျေ အဆီတွေကို ဖျက်ဆီးပစ်ပါတယ်
😢😢😢😢😢
လူကကျတော့ အဆီကျဆေး သောက်ထားတယ်ဆိုပြီး စားမြဲစား၊ သောက်မြဲသောက်နေပါတယ်
👉 အဆီတွေ သွေးထဲ တရားလွန်များနေတော့
👉 အသည်းက အလုပ်မတရားလုပ်ရပါပြီ
👉 အရက်လေးကလည်းသောက်တော့ အရက်ကိုလည်း ဖျက်တဲ့အလုပ်လုပ်ရပါတယ်

👉 နဂိုထဲက ကောင်းတဲ့ အသည်းလားဆိုတော့ မဟုတ်ပါဘူး အဆီဖုံးနေတဲ့ အသည်းပါ။

ဘာနဲ့တူလဲဆိုတော့ ပေါင် (၃၀၀) လောက်ရှိတဲ့ လူဝကြီးကို ပြေးခိုင်းပြီး နောက်က ကျားလိုက်ခိုင်းသလိုဖြစ်နေပါတယ်။ (သေမှာကြောက်တော့ ပြေးရင်းအမောဆို့ပြီးသေသွားပါလိမ့်မယ်)

👉 အဲ့လိုနဲ့ အသည်းပျက်ပါလိမ့်မယ်။ အသည်းရောင်ပါမယ်။ နောက်အသည်းခြောက်ပါလိမ့်မယ်။

😰😰😰

အထူးကုဆရာဝန်ကြီးတွေ သောက်ခိုင်းတာကြတော့ရော
သူတို့က
- လိုအပ်တဲ့ သူကိုပဲပေးတာပါ
- အသည်းကောင်းမကောင်း အရင်ကြည့်ပါတယ်။
- (၃) လတစ်ခါ ရက်ချိန်းခေါ်ပြီး သွေးစစ်နေတယ် ဆိုတာ သူတို့ ပိုက်ဆံလိုချင်လို့ ခေါ်နေတာ မဟုတ်ပါဘူး (လိုအပ်တာတွေပြန်စစ်ဖို့ခေါ်တာပါ)
- သွားပြလဲ ဒီဆေးတွေပဲ ဆက်ပေးတာပဲ ဆိုပြီး (သွားမပြပဲ ဆေးတွေဆက်သောက်နေကြတာ ကြောက်ဖို့ကောင်းပါတယ်)
- ဒီဆေးတွေ ဆက်ပေးတယ်ဆိုတာက စစ်ဆေးကြည့်ပြီးသောက် လို့ရသေးလို့ ဆက်ပေးတာပါ
- ပြီးတော့ အစားလျှော့ခိုင်းတယ်လေ

(အဆီကျဆေး သောက်မယ်ဆိုရင် အသည်းကောင်းဖို့လိုသလို၊ အသည်းဝန်မပိအောင် အစားလျှော့ဖို့လည်း လိုပါတယ်)
အဲ့တော့ ဆေးသောက်သောက်/မသောက်သောက် အစားက လျှော့ရမှာပဲ။
လေ့ကျင့်ခန်းက လုပ်ကမှာပဲ။

👉👉👉
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး
- Online ကနေ ရောင်းတာဖြစ်ဖြစ်၊
- Gym သွားပြီး Workout မလုပ်ပဲ စကားသွားပြောရင်း အချင်းချင်း ညွှန်းတာဖြစ်ဖြစ်ကနေ သောက်ကြတာပါ

❌❌❌ (အူထဲက နေ စားတဲ့ အဆီမစုပ်အောင်ပိတ် တော့ ကြိုက်သလောက်စား အဆီ မတတ်ဘူးလေ)❌❌❌

အဲ့လောက်လွယ်ရင် ပိုက်ဆံတတ်နိုင်တဲ့ လူတိုင်း Six Packs တွေ နဲ့ဖြစ်နေကြမှာပေါ့ 🤷‍♂️

6 packs နဲ့က ရုပ်ဆိုးလို့
👉 ခန့်အောင် ဗိုက်ပူကြီး တမင်ထားတဲ့သူ ရှိမယ် မထင်ပါဘူး

(ထားပါတော့ အဆဲခံရတော့မယ် 😅)

#ဆေးတွေက တကယ် အူကနေ အဆီမစုပ်စေပါဘူး

ဒါပေမယ့်
- အဆီပဲမစုပ်တာလေ တခြားဟာစုပ်တယ်၊ ဆေးသောက်ထားတယ်ဆိုပြီး မတရားစားတော့ ပိုတဲ့ဟာတွေက ခန္ဓာကိုယ်ထဲ အဆီပြောင်းသွားတာပဲ
- ဘာထူးလဲ ဆိုတော့ Fat soluble Vitamin ဖြစ်တဲ့ Vitamin E မစုပ်ဘူးလေ အဆီမှမစုပ်တာ (အဲ့တော့ ရုပ်တွေရင့်လာရော)
- Fat soluble Vitamin ဖြစ်တဲ့ Vitamin D မစုပ်ဘူးလေ အရိုးတွေပွ၊ ကိုယ်ခံအားတွေကျ၊ အရိုးတွေနာ၊ ကြွက်သားတွေနာ
- ပြီးတော့ အဆီမစုပ်တော့ ဝမ်းသွားဆီတရွှဲရွှဲ နဲ့၊ အဲ့ဒါအပြင် တောက်လျှောက်ကျနေတာဆိုတော့ ပုဆိုးတွေ၊ ထမီတွေ ဆီတွေကွက် လူကြားထဲ ဒီလောက် ဒုက္ခရောက်တဲ့ ဆေးကြီး

😰😰😰
-------

ပြန်ချုပ်ရရင်

သွေးထဲအဆီများနေတယ် ဘာလုပ်ရမလဲ

✅ အစားလျှော့စားပါ၊ ည (၆) နာရီနောက်ပိုင်းမစားပါနှင့် (စောစောအိပ်ပါ ၊ မအိပ်ရင်ပြန်ဆာလိမ့်မည်)
✅ အချိုရည် လုံးဝ (လုံးဝ) မသောက်ပါနှင့်
✅ ဆီကြော် လျှော့စားပါ (မစားကအကောင်းဆုံးပါ)
✅ ဗိုက်ပြည့်နေအောင်အရွ​က်များများစားပါ
✅ လေ့ကျင့်ခန်းလုပ်ပါ ၊ အပြင်းအထန်ကြီး လုပ်စရာ မလိုပါဘူး တစ်နေ့ မနက် (၃၀) မိနစ် ညနေ (၃၀) မိနစ် လမ်းလျှောက်ပေါ့ (ခပ်သွက်သွက်တော့လျှောက်ပါ ၁၀ မိနစ်ဆို ချွေးထွက်လာမှ မှန်ပါတယ်
ပြေးစက်နဲ့ဆို 6km/hr နှုန်းလျှောက်ပါ)
(Gym မှာ တစ်နှစ်စာ ပိုက်ဆံသွင်းပြီး စကားသွားပြောကြရင် မိအေး၂ ခါနာပါတယ်)
✅ ဆေးက ဆရာဝန်မညွှန်းပဲ ❌ မသောက်သင့်ပါ

အဲ့လိုသာလုပ်မယ်ဆိုရင်

(၃) လအတွင်း သွေးတွင်းအဆီတွေကျပြီး (ကိုယ်အလေးချိန်ချက်ချင်းမကျရင်တောင်) ကျွန်တော်လို ကျန်းမာတဲ့ ဝက်ကြီးအဖြစ်ကနေ တဖြည်းဖြည်း ကိုယ်အလေးချိန်ပါ ကျလာပါလိမ့်မယ်။

😀 တစ်ပတ်ကြာရင် လူက Fit ဖြစ်တာသိသာ လာပါလိမ့်မယ်
😀 တစ်လ ကြာရင် အကျင့်ဖြစ်သွားပါပြီ
😀 (၃) လ ကြာရင် ရလဒ်တွေ မြင်လာရပါမယ်

အဲ့ဒါကြောင့်
#ဒီနေ့ပဲစလုပ်ပါ

ကျွန်တော့ Page Like 10k ပြည့်ရင်။

Diet Plan တွေ၊ Workout plan တွေနဲ့ Training program တွေလုပ်ဖို့ ကျွန်တော် ရည်ရွယ်ထားတာပါတယ်
Join ဖို့ စိတ်ဝင်စားကြရင် အခုထဲက အရှိန်ရအောင် စလုပ်ထားကြပါ။

(လိုတော့ လိုဦးမယ် အခု Page Like က 6k မပြည့်သေးဘူးဆိုတော့)

Anyway fighting 💪💪💪

Credit: Dr ဘုန်းစည်သူလွင်
07:00 pm/ 28.10.2020

24/04/2022

👨‍🔬👩‍🔬 ဧပြီ (၂၄-၃၀) မှာကျရောက်မယ့် "Medical Laboratory Professionals Week" ကိုကြိုဆိုဂုဏ်ပြုအပ်ပါသည်။

ဆေးကုသမှု့အတွက် အထောက်အကူဖြစ်စေမည့် တိကျမှန်ကန်သော ဓာတ်ခွဲခန်းအဖြေများရရှိစေရန်နှင့် လူနာများအတွက်အကောင်းဆုံးကြိုးစားပေးနေကြသော ကမ္ဘာပေါ်အရပ်ရပ်မှ ဓာတ်ခွဲခန်းပညာရှင်များအားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။



Clinical & Diagnostic Laboratory

08/02/2022

ခုလိုအချိန် ကာကွယ်ဆေးထိုးပြီးသူများ စိတ်ချ လက်ချ၊စိတ်လွတ် ကိုယ်လွတ် မနေကြပါနဲ့နော်။

💉ကာကွယ်ဆေးထိုးပြီးလည်း ကိုဗစ်ကြီးက ဖြစ်တတ်ပါတယ်။

🧬ကိုဗစ်ဖြစ်ဖူးလဲ ကိုဗစ်ကပြန်ပြီး နောက်တစ်ခါ ဖြစ်တတ်ပါသေးတယ်။

ဒါကြောင့်...

💊မဖြစ်မနေ Mask တပ်ပါ။

💊မပေါ့ဆပါနှင့်။

💊အပြင်ကပြန်လာတိုင်း လက်ကိုသေချာစွာဆေးကြောပါ။

💊Maskကိုစနစ်တကျ စွန့်ပစ်ပါ။

💊နေမကောင်းဖြစ်နေပါက စည်းကမ်းတကျ နေထိုင်ကာကွယ်ပါ။

💊အရင်လိုအနံ့ ၊ အရသာ ပျောက်ခြင်းမရှိတာကြောင့် တုပ်ကွေးလက္ခဏာ နှင့် ဆင်တူနေပါသဖြင့် လက္ခဏာ များကို သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့်ပြသပါ။

အကယ်၍ ဆေးစစ်ရန်လိုအပ်ပါက ကျွန်ုပ်တို့ Shwe Clinical &
Diagnostic Center မှ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု့ရယူ
နိုင်ပါတယ်ရှင့်...

ရန်ကုန်မြို့တွင်း မနက်၈နာရီ မှ ည ၈နာရီအတွင်း နေ့စဉ် ပိတ်ရက်မရှိ ဝန်ဆောင်မှု့ပေးနေပါပြီရှင့်...

Medical Check up လုပ်ချင်သူ လူကြီးမင်းတို့အတွက်လဲ ရုံးတွင် ပိတ်ရက်မရှိ လာရောက်စစ်ဆေး နိုင်ပါတယ်ရှင့်...

မျက်စိနဲ့မမြင်ရတဲ့ရောဂါကို ခေတ်မှီနည်းပညာများ အသုံးပြုပြီး လူခန္ဓာကိုယ် ရှိ ရောဂါအမျိုးမျိုးကို တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

'အနာသိဆေးရှိ' ဆိုတဲ့ စကားပုံပမာ အနာသိပြီး အမြန်ဆုံးကုသ
နိုင်အောင် Medical Check upလုပ်ကြပါစို့ရှင့်...

အမှတ်(၃၄)၊ တိုက်(၄)၊ ၈မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း ၊မရမ်းကုန်းမြို့နယ် ၊ရန်ကုန်မြို့။
Ph no: 09250830382,09965167249သို့ဆက်သွယ်၍
Home services (သို့)ကိုယ်တိုင်လာရောက်၍ စစ်ဆေးနိုင်ပါတယ်ရှင့်



&Diagnostic Center

02/09/2021

G6PD deficiency ဆိုတာဘာလဲ?
======================

- Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်း ချို့တဲ့တာပါ။
- ဗီဇပိုင်းနဲ့ ဆိုင်ပါတယ်။
- ယောကျ်ားလေးတွေမှာ အဖြစ်များပါတယ်။
- ဒီအင်ဇိုင်းက သွေးနီဥလေးတွေအပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးတာပါ။
- ဒီအင်ဇိုင်းချို့တဲ့ပြီဆိုတာနဲ့ ပြင်ပကသွေးနီဥကို တိုက်ခိုက်လာမယ့်ကောင်တွေလာရင် မကာကွယ်နိုင်တော့ပဲ သွေးနီဥတွေ ပေါက်ကွဲကုန်တာပါပဲ။

- အဲလိုဖြစ်ပြီဆိုရင် လူနာက
၁။ ဖြူဆုတ်သွားမယ်
၂။ အသားဝါလာမယ်
၃။ ဆီးအရောင် ရင့်လာမယ်
၄။ ဗိုက်နာလာနိုင်တယ်
၅။ မောပန်းနုံးခွေလာမယ်

- G6PD ချို့တဲ့တယ့်လူနဲ့ မတည့်တဲ့အရာတွေကတော့
၁။ ငှက်ဖျားဆေးတချို့
၂။ ဆာလဖာပါတဲ့ ဆေးများ
၃။ NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး/ အဖျားကျဆေးတချို့ (ပါရာစီတမော မဟုတ်ပါ)
၄။ တောင်ကြီးပဲကြား
၅။ ပရုပ်ပါသောအရာ (ဥပမာ-ပရုပ်လုံး)
-အထက်ပါအရာတွေထဲမှာ တစ်ခုခုကြောင့်ဖြစ်သွားတတ်ပါတယ်။

- အထက်ပါ ရောဂါလက္ခဏာစပြလာပြီဆိုရင်တော့ အရင်ဆုံး မတည့်သောအရာများ၊ ဆေးဝါးများကို လူနာနှင့်ဝေးရာကိုထားပါ။ ဒါဆိုရင် ရောဂါမပြင်းထန်ပါက စောင့်ကြည့်ရုံနဲ့ပျောက်ကင်းပါသည်။
- တကယ်လို့ ဖြစ်နေမှန်းမသိပဲ မတည့်သောအရာများ ကို ဆက်တိုက် သောက်/ထိုး/သုံးစွဲနေပါက ပြင်းထန်သော သွေးနီဥပေါက်ကွဲခြင်းများ ဆိုးရွားစွာ ဖြစ်လာတတ်ပါတယ်။
- အဲဒီလို ဆိုးရွားသော ပြင်းထန်သွေးနီဥပေါက်ကွဲခြင်း ဖြစ်ပါက
၁။ ကျောက်ကပ်ပျက်ဆီးခြင်း (Renal failure)
၂။ နှလုံးအလုပ်မလုပ်နိုင်ခြင်း (Anaemic Heart failure)
၃။ အသည်းထိခိုက်ခြင်း/ ရောင်ယမ်းခြင်း (Hepatitis )
စသည်တို့ ဆက်တိုက်ဖြစ်လာတတ်ပါတယ်။
- ဒါဆိုရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမှာဖြစ်ပြီး လူနာအတွက် အရမ်းပဲအန္တရာယ် ကြီးလှပါတယ်။ အဲဒီလို အန္တရာယ်များတဲ့ လက္ခဏာတွေနဲ့ နောက်ကျမှ ဆေးရုံရောက်လာရင် ကုသရတာအရမ်းခက်ပါတယ်။ ဆရာဝန်/ဆရာမတွေလည်း အရမ်းခံစားစိတ်မကောင်းဖြစ်ရပါတယ်။

G6PD def; ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ?
==========================
- အများစုကတော့ မွေးကင်းစ အသားဝါဖြစ်လို့ စစ်ကြည့်တာနဲ့ သိနိုင်ပါတယ်။
- တချို့ကတော့ မတည့်တာတစ်ခုခုနဲ့ ထိတွေ့ပြီး ဖြူဆုပ်သွားတာကြောင့် စစ်ကြည့်ရင်သိနိုင်ပါတယ်။

ထို့ကြောင့်
- ဆေးကိုမိမိသဘောနဲ့ အရမ်းမသောက်ကြပါနဲ့
- ဆေးခန်းပြပါက ဆရာဝန်ကို ဒီရောဂါရှိကြောင်း ကြိုပြောပါ
- NSAIDs ဆေးတွေကို မထိုး/မသောက်ကြပါနဲ့
(အထူးသဖြင့် ကလေးတွေကို ဆေးရုံမှာမဟုတ်ပဲ မည်သည့်အသားဆေးမှ မထိုးကြပါနဲ့။ ဆေးရုံမှာတောင် B1လို Adrenalineလို အသက်ကယ်ရမယ့်ဆေးတွေပဲ တချို့လိုအပ်ပါမှ အသားဆေး ထိုးကြတာပါ) G6PD မဟုတ်လည်း သွေးလွန်တုပ်ကွေးလို ရောဂါမျိုးဆိုရင် ဘယ်အသားဆေးနဲ့မှမတည့်ပါဘူး။
- ကလေးလူနာလေးတွေအတွက် ကျနော်တို့ရင်တွေမကွဲပါရစေနဲ့ဗျာ။



Crd: YMO

01/09/2021

Interpretation of laboratory tests

- Prof Dr D Than Than Aye

အပိုင်း (၆)

COVID Lab tests- သွေးစစ်ခြင်းနဲ့ပတ်သက်လို့
==================================

ကျွန်မတို့ လူနာတွေကို ဓါတ်ခွဲခန်းမှာ သွေးစစ်တယ်ဆိုတာ ကိုဗစ်အတွက် ဘာတွေသိချင်လို့စစ်ရသလဲ။ ဘာအကျိုးကျေးဇူးတွေရှိသလဲ။ ဘယ်အဖြေက ဘာကိုဖော်ပြနေသလဲ။

ဆေးရုံတက်ရင်တော့ လူတိုင်း ဒါတွေ စစ်ရပါတယ်။ အိမ်မှာနေပြီး ကုတဲ့သူတွေကတော့ လက်တွေ့ လုပ်ပေးနိုင်မှု အခြေအနေပေါ် မူတည်ပါတယ်။ စစ်လို့ရရင်တော့ high risk လူကြီးတွေ၊ ရောဂါကြီးနိုင်သူတွေကို စစ်ချင်ပါတယ်။ သွေးကိုအိမ်မှာဘဲ PPE အကာအကွယ် နဲ့ လာရောက်စစ်ပေးမည့် ဝန်ဆောင်မှုရှိရင် ရပါမယ်။

သွေးစစ်ရင် ဘာအကျိုးကျေးဇူးရှိလဲ ?

(Prediction for severity and mortality) ရောဂါ ပြင်းထန်လာနိုင်မလား ကြိုတင် ခန့်မှန်းနိုင်ပါတယ်။

အများအားဖြင့် စဖြစ်ဖြစ်ချင်း မှာကောင်းသလို ရှိနေတတ်တယ်။ နောက် ၂ ရက် မှ ၃ ရက်ခြားပြီး ပြန်စစ်ကြည့်ရင် အဖြေတွေ မတူတော့တာတွေ့ရမယ်။ ရောဂါ တဖြည်းဖြည်း ရင့်လာတာနဲ့အမျှ ဒီသွေးအဖြေ Biomarkers တွေကပြောင်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ စောဖောက်ထားနိုင်ရင် နောက်နှိုင်းယှဉ်ဖို့ Baseline အဖြစ်သုံးလို့ရပါတယ်။ အဆုတ်ရောင်တဲ့အဆင့်(inflamnation phase)ဆက်ဖြစ်သွားနိုင်တာ ရှိမရှိ ပိုသိသာလာပါမယ်။ အဖြေတွေက ပိုတက်လာပြီ ဆိုရင် ခန့်မှန်း ရတာပိုမှန်ပါတယ်။ သိရရင်တော့ စောစောကြိုလုပ်ဖို့ အတွက်ပြင်ဆင်နိုင်တယ်။

ဒီအတွက် Scoring system တွေအများကြီး တီထွင်ထားကြပါတယ်။ အတိကျဆုံး Prediction tools မရရှိသေးပါဘူး။ Score လုပ်တယ်ဆိုတာက ဒီသွေးအဖြေတွေ စုပေါင်းပြီး ၊ ပိုအရေးကြီးတဲ့ အချက်ကို အမှတ်ပိုပေးပြီး တွက်ထားတာပါ။ တိကျအောင်တွက်ချက်ပေးတဲ့ AI (App)စနစ်တွေလည်း ထွင်ထားကြပါတယ်။ ဘယ်သူက ပိုဆိုးလာမလဲ။ ဘယ်သူက အရမ်းဆိုးလာမလဲ။ ဘယ်သူက အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး စသဖြင့်ပေါ့။ ဒါတွေ သိရှိနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အသုံးကျမှုက လေ့လာဆဲပါပဲ။

အသေးစိတ် ဆက်ရှင်းပြပါမယ်။

၁။ လူနာရဲ့ ရောဂါအခံ သိထားရန် စစ်ခြင်း (Underlying diseases, organ functions for medications)

ဥပမာ အသည်း၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ မသိသေးသူများ သိထားရပါမယ်။ အသည်းနဲ့ ကျောက်ကပ် မကောင်းရင် Remdesivir သွင်းလို့ မရပါ။

၂။ ခုခံအားအကြောင်း သိရမယ် (Immune system condition)

Complete Blood Count (CP) စစ်ခြင်း

သွေးဖြူဥအခြေအနေ ကြည့်ပါ။ Lymphocyte လင်ဖိုဆိုက် ခေါ် သွေးဖြူဥ နည်းနေတာ Lymphopenia လို့ခေါ်တယ်။ ရာခိုင်နှုန်း Percentage ... 10% အောက် (ပုံမှန် 20% မှ 45% ရှိ) သို့မဟုတ် တိတိကျကျ အလုံးရေတိုင်းတာ Absolute count ...0.8 အောက်(ပုံမှန် 0.8 မှ 5 ရှိ) ဆို မကောင်းတဲ့ နမိတ် ဆောင်ပါတယ်။ ဆိုးလာလေ နည်းလာလေ ဖြစ်ပါတယ်။

**********************
ကြားဖြတ် အနေနဲ့ .....ဆေးပညာရှင်များအတွက်...နည်းနည်း ရှင်းပြလိုပါတယ်။

Adaptive Immunity (ရောဂါပိုးအသစ်ကို တိတိကျကျ တိုက်နိုင်တဲ့ အရည်အချင်း) အားလျော့နေခြင်း ကြောင့် Virus ကို နှိမ်နင်းတာ နှောင့်နှေးမယ်။ အထူးသဖြင့် Cellular immunity က အရေးကြီးပါတယ်။ Lymphocyte အမျိုးအစားထဲမှာ CD4 (Helper T cells 1) and CD8 (Cytotoxic T cell) တွေအားနည်းနေရင်တော့ Virus ကိုမြန်မြန် နှိမ်နင်းနိုင်ခြင်း မရှိနိုင်ကြောင်း ပြနေတယ်။ Cellular immunity is important first pathway for immediate killing of intracellular replicating virus and Humoral immunity (by Antibody) is important for free extracellular virus. Antibody production is second pathway and develop later than cellular killing or engulfment of infected cells. Those who has weak cellular immunity (important for fast killing action) especially in older persons lead to antibody formation pathway Helper T Cell 2 i.e. Humoral immunity. Hyperexcitation of this second pathway subsequently induce cytokine storms. Young person has good cellular immunity and usually go along Helper T1 pathway.
**********************

ဒါကြောင့် Lymphocyte နည်းလေ မကောင်းလေ ဖြစ်ပါတယ်။ နောက်တစ်ဖက်မှာ Neutrophils ဆိုတဲ့ သွေးဖြူဥ များတာကလည်း inflammation များရဲ့ လက္ခဏာ ကိုပြပါတယ်။ Cytokines effect များလာရင် Neutrophils တွေများလာမယ်။ lymphocyte တွေ ပိုကျကျလာမယ်။ ဒါကမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ပိုတိကျအောင် ဒီအဖြေ၂ ခုရဲ့ အချိုး NLR ခေါ် Absolute Neutrophil : Absolutec Lymphocytes Ratio ချကြည့်ပါက > 6 ကျော်ရင် မကောင်းပါဘူး။ Absolute overall inflammatory status ကို ဖော်ပြပါတယ်။ အခြေအနေ ဆိုးတဲ့ လူနာတွေ ဖြစ်ကြောင်း သိနိုင်ပါတယ်။ Severe cases tends to have higher neutrophil to lymphocyte ratio (NLR). Risk factor of mortality ကို ပြပါတယ်။
Platelet count ထိတာသိပ်မတွေ့ရဘူး။အချို့ အနည်းငယ်ကျတာတွေ့နိုင်တယ် ။ သိပ်ကျလာရင် မကောင်းတဲ့လက္ခဏာပြပါတယ်။

၃။ Inflammation markers

Cytokine storm ဖြစ်လာနိုင်မလား? ကိုဗစ် ဆိုးလာမလား? ကြိုတင် သိနိုင်တယ်။ Inflammation ဖြစ်တယ် ဆိုတာက Cytokines တွေရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းအရာဖြစ်တယ်။ သူတို့ သိပ်များလာရင် Cytokines တွေများလာပြီလို့ သွယ်ဝိုက်ပြီး ကောက်ချက်ချနိုင်တာဖြစ်ပါတယ်။

Cytokines တွေကို တိုက်ရိုက် မတိုင်းနိုင်ပါဘူး။ အချို့ research center တွေမှာ IL-6 (Interlikin 6) လို့ ခေါ်တဲ့ cytokine storm ဖြစ်စေတဲ့ အဓိက ဓါတ် marker ကိုတိုင်းကြည့်ရင် များနေတာ တွေ့ရပါတယ်။ ယခုတိုင်းနေကြတာက Cytokine effect ကြောင့် ပြောင်းလဲ လာတဲ့ Inflammatory markers များသာ ဖြစ်ပါတယ်။ ဒါတွေကတော့

(a) CRP (C reactive protein)
CRP ကို acute phase protein အုပ်စုမှာ ထည့်သွင်းထားပါတယ်။ (Bacteria infection မှာလည်း များပါမယ်။ any inflammation e.g. Cancer တွေမှာလည်း များပါတယ်။) ယခု ကိုဗစ်မှာတော့ ဒါများရင်မကောင်းပါဘူး။ ဝ.၄၆ ကျော်ရင် များနေပြီ။ ၅၀ကျော်ရင် တော်တော်ဆိုးပြီ။ ၁၀၀ ကျော်ရင် အရမ်းဆိုးနေပြီ ဆိုတာကိုပြပါတယ်။ အခြေအနေကောင်းလာရင်၊ ကုသတာကောင်းလာရင် CRP လျော့လာပါမယ်။

(b) Ferritin
Ferritin များရင် ပိုဆိုးတတ်တယ်။ (>250 ) Feritin က acute phase protein ဖြစ်ပြီး ရောင်ကိုင်းခြင်း Inflammation များတာကိုပြတယ်။ cytokine storm ဖြစ်စေတဲ့ IL-6 များတာနဲ့ correlate ကိုက်ညီမှုရှိလို့ Ferritin အရမ်းများလာရင် cytokine storm ဖြစ်နိုင်တယ်လို့ indirectly ခန့်မှန်း နိုင်ပါတယ်။ Severe pulmonary disease မှာ Ferritin များတတ်ပါတယ်။ ဆိုလိုတာက Ferritin များရင် အဆုတ်ထိတာများမယ်။ Can predict severity. Very Severe ဖြစ်သူတွေမှာ Ferritin ထောင်ကျော်တက်ရင် သေဆုံးဖို့များတာ တွေ့ရတယ်။ ဒါပေမဲ့ နည်းနည်းပဲ များတာက လူတိုင်းအဖို့ outcome နောက်ဆုံးအခြေအနေ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ Tozilizumab လိုအပ်သူတွေ၊ ထိုးရသူတွေ ဟာ Ferritin အလွန်များနေသူတွေ ဖြစ်နေကြောင်း တွေ့ရပါတယ်။

(c) IL-6 (not measure routinely)
အထက်မှာပြောပြသလို IL-6 ကို တိုက်ရိုက်တိုင်းရင် cytokine storm ဖြစ်နေပြီလား Tozilizumab အရေးကြီးနေပြီလား ဆိုတာ ပြောနိုင်ပါတယ်။ အရမ်းဆိုးတဲ့ အဆင့် Tozilizumab ပေးရတဲ့သူတွေမှာ IL-6 တွေဟာ သိသိသာသာ များနေတာ တွေ့ရပါမယ်။ သူနဲ့တွဲပြီး Ferritin တွေလည်း အရမ်းတက်နေတာ တွေ့ရတတ်ပါတယ်။

(d) Albumin ( Hypoalbuminemia )
Albumin အသားဓါတ်တစ် မျိုးဟာ ရောဂါ သည်းသူတွေမှာ ကျနေပါမယ်။ ဥပမာ septicemia မှာလည်း ကျတတ်တယ်။ Inflammation များရင် albumin ကျပါမယ်။ Covid ဆိုးရင် Albumin ကျပါမယ်။အလါးအလါ မကေါင်းပါ။

(e) Procalcitonin
Bacterial infection မှာ တက်ပါတယ်။ Viral infection မှာမတက်ပါဘူး။ Procalcitonin is normal in COVID but Procalcitonin ကိုစစ်ကြည့်၍ တက်နေရင် bacterial infection ရှိလာကြောင်း ပြပါတယ်။ နောက်ပိုင်း stage cytokines storm plus secondary bacterial infection ဝင်လာရင် များလာတတ်ပါတယ်။


၄။ COVID ကြောင့် tissue damage ပျက်ဆီးခြင်း၊ ထိခိုက်ခြင်းကို သိနိုင်တယ်။

(a) D-dimer
Endothelial damage လည်းပြပါတယ်။COVID မှာ severity ကိုညွှန်ပြပါတယ်။ Venous Thrombosis ဖြစ်တဲ့ (DVT နဲ့ PE )သွေးပြန်ကြောမှာ သွေးခဲနေတဲ့ ရောဂါဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ D-dimer ဟာ ရောဂါ အသည်းအသန်ဖြစ်တာ ၊ သေကိန်း များတာနဲ့လည်း ကိုက်ညီနေတာ တွေ့ရတယ်။ It mainly indicate the severity of disease. Damaged pulmonary vessels တွေမှာ micro thrombus တွေ ဖြစ်တယ်လို့ ယူဆရပါမယ်။ Post mortem သေဆုံးပြီးသူတွေကို ရင်ခွဲကြည့်ရင် သွေးကြောလေးတွေမှာ သွေးခဲပြီး ပိတ်ဆို့နေတာ တွေ့ရလေ့ရှိတယ်။ ဒါကြောင့် အောက်စီဂျင်ကျပြီဆိုတာနဲ့ သွေးမခဲအောင်တားတဲ့ Anti coagulants တစ်မျိုးမျိုး ပေးထားရပါတယ်။
သွေးကျဲဆေး Anticoagulant သုံးရင် သေနှုန်းလျော့တာတော့ တွေ့ရလို့ Prophylaxis dose 0.4 ml ကို အောက်စီဂျင်ကျသူတွေ အားလုံးကို ပေးကြရပါတယ်။
ဒါပေမဲ့ D-dimer level အဖြေဖြင့် Enoxaparin dose ကိုမတိုးရပါဘူး။ Disease severity and evidence of VTE ပေါ်ကြည့်၍ Enoxaparin ကို Therapeutic dose (0.6 ml bd) တင်ရပါမယ်။ ဒါကြောင့် Outpatient home cases တွေမှာတော့ prophylaxis dose ပဲ ပေးပါ။
D-dimer is a strong predictor of severity and death
< 0.5 ... mild
0.5 to 2 ..... showed non survivors, very severe

(b) ALT /AST
ALT/AST raised အသည်း ထိခိုက်မှု အကြောင်း ပြပါတယ်။ Virus ကြောင့် သော်လည်းကောင်း၊ cytokine storm (inflammation, DIC) ကြောင့် သော်လည်းကောင်း၊ သွေးပေါင်ကျလာရင် ဒါတွေပိုများလာတတ်တယ်။ ဖြစ်စပိုင်းမှာ အနည်းငယ်တက်နေတာ ဆို အရေးမကြီးပါဘူး။ ပြန်စစ်ကြည့်နေပါ။

(d) LDH Raised
LDH show cell death. LDH က Intra cellular enzyme ဖြစ်တဲ့အတွက် သွေးထဲမှာများလာခြင်းသည် Cell တွေ ပေါက်ကွဲ ပျက်ဆီးသွားလို့ အပြင်ကို ထွက်လာတာဖြစ်တယ်။ ဆိုလိုတာက...... LDH is released into blood when the cells destroyed. .e.g. Lung tissue တွေ ၊ အခြား cell တွေ ...hypoxic cellular injury တွေရရင် LDH များတာ။ အပျက်ကများတာ ဆိုးတဲ့ indicator ဖြစ်ပါတယ်။

(e) Trop I or T
ဒီ markers တွေများလာရင် နှလုံးလည်း ထိလာတာကိုပြပါတယ် ။ (myocardial damage.)

(f) Creatinine Kinase
ကြွက်သားဆဲလ် တွေပျက်ဆီးခြင်းကို ပြပါတယ်။ (တိုင်းလေ့သိပ်မရှိပါဘူး။ တိုင်းလိုက ပိုသိရပါတယ်။)

၅ ။ Organ functions derangements တွေကြည့်ရပါမယ်။ Multiorgan failures ဖြစ်တာပြပါတယ်။

Impaired LFT, raised PT/INR, Creatinine တက်လာတာ, Urea တက်လာတာ,
U:Cr ratio များနေတာ (Pre-Renal) မစားမသောက် ၊ ရေဓါတ်ခမ်း နေတော့ Urea တွေ ပိုတက်လာမယ်။ Creatinine လည်း အနည်းငယ်တက်လာပါမယ်။ Ratio ယူရင် များနေမယ်။ Na, Cl, K abnormal ဓါတ်ဆား ဓါတ်တွေ မူမမှန်တာ တွေ့ရမယ်။
သွေး နှင့်ဆိုင်သော abnormalities များလာပါမည်။ Hemopoietic derangements (DIC), Neutrophil raised, platelet low, Hb drop, D-dimer increased, INR increased...

*********
Summary ချုံ ပြောရရင်
1. Immunity condition (Lymphocyte)
2. Inflammatory markers (CRP, Ferritin)
3. Tissue damage markers (D-dimer, LDH, Trop I or T)
4. Organ dysfunction markers (Renal profile, Liver profile, Hemato profile abnormalities)

****************************************
****************************************

Poor prognosis တွေစောစောသိနိုင်ရန်

Preliminary cytokine storm prediction
(A New Criteria for early prediction of covid poor prognosis )
Author : Roberto Caricchio et al

သွေးစစ်တဲ့ အဖြေတွေကို အသုံးပြုပြီး ရောဂါကို ဘယ်လို ခန့်မှန်းနိုင်မလဲ ။

Severe hyper immune response ကြောင့် ဖြစ်လါတဲ့ Hyper inflammation and Tissue damage plus Organ damage တွေကိုကြည့်ပြီး ကြိုတင်ခန့်မှန်းခြင်းဖြစ်ပါတယ်။

သူတို့ရဲ့ Prediction က ဆေးရုံတက်ပြီး ၇ ရက်အတွင်း ရရှိတဲ့ သွေးအဖြေပေါ်မူတည်ပြီး တွက်ကိန်း လုပ်ထါးတါဖြစ်ပါတယ်။
Cut off levels တွေကိုလည်းရှာထါးတဲ့ research ဖြစ်ပါတယ်။ ဒီတွက်ကိန်းနဲ့ အခြား ဆေးရုံတက်လါတဲ့ လူနာတွေကို ပြန်သုံးကြည့်ပြီး ကြိုတင် ခန့်မှန်းတဲ့ အခါ တိကျမှု ( Specificity .85) ရှိပြီး ၊ စောစောသိသာခြင်း ( Sensitivity 0.8 ရှိတဲ့အတွက် သုံးလို့ရနိုင်ပါတယ်။(P< 0.0001 )

ဒီ prediction မှာ Lab results အုပ်စု ၃ ခုကို သုံးထါးပါတယ်။
အရှေ့မှာ ဖေါ်ပြထါးတဲ့ အုပ်စု ထဲက (1) inflammation, (2) cell death and tissue damage, and (3) prerenal electrolyte imbalance. တွေကို သုံးထါးပါတယ်။

ဘာကို predict လုပ်သလဲဆိုတေါ့ (longer hospitalisation and increased mortality) ဆေးရုံမှာကြာမလါး ၊ အသက်သေဆုံးနိုင်ခြေ တွေ သိနိုင်ပါတယ်။ဒါကိုကြည့်ခြင်းဖြင့်ပို ထိရောက်တဲ့ ကုထုံး ပြောင်းလဲခြင်း ၊ Immune respone ကို Immune modulation drugs such as Tozilizumab ကဲ့သို့ ဆေးတွေနဲ့ အချိန်မီ စောစော ပိတ်ခြင်းဖြင့် အသက်ပိုကယ်နိုင်မှာဖြစ်ပါတယ်။

New Criteria for prediction of cytokine storm ကို အောက်ပါ အချက်တွေနဲ့ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ လေ့လါနိုင်ရန် ဖေါ်ပြလိုက်ပါတယ်။

Criteria တွေမှာ ပါရမည့် အချက်တွေက တေါ့ ....

1. COVID confirmed case ဖြစ်သူ၊
2. CXR or CT မှာ Abnormal ပြသူ ( ဒီမှာတေါ့ သိပ်မလုပ်နိုင်ပါ)
တစ်ဦးမှာ
3. Ferritin > 250 ng/ ml
4. CRP > 4.6 mg/dl ထက်များသူ ဟာ

အောက်ပါ သွေးအဖြေ အုပ်စုတစ်ခုစီမှ အနည်းဆုံးတစ်ခုများတါပြရင်
Prognosis , severity ကို ဖေါ်ပြပါတယ်။

+ ONE from each Cluster

Cluster 1.
- Albumin 60U/ L
- AST > 81 U/ L
- D-Dimer > 4,930U/ L( 500 ng/ml )
- LDH > 416U /L ( 140-250U/L)
- Trop I > 1.09 ng/ ml ( 0-0.4ng/ ml )

Cluster 3.
- Anion gap < 6.8 mmol/L
- Cl >106
- K>4.9
- BUN : Cr Ratio > 29

Conclusion : Serum Ferritin , D-dimer and CRP ဒီ၃ ခုဟာ ပိုဆိုးတဲ့အဆုပ်ရောင်ဖြစ်လါမယ်ဆိုတါကို တိကျစွာ ကြိုတင်ခန့်မှန်း ပေးနိုင်ပါတဲ့ အမှတ်အသားတွေဖြစ်ပါတယ်။

************

(ဆက်ရန်)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Room 34, Building 4, 8th Mile Junction, City Housing Complex (South), Pyay Road, Mayangone Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)