AUNG PHYO MIN

ကောင်းတာလုပ်၊ ကောင်းတာဖြစ်။

29/03/2024

Sales Target ထိအောင်ဘယ်လိုရောင်းမလဲ

အရင်ဆုံးကတော့ Management ကချပေးလိုက်တဲ့ Target က ဖြစ်နိုင်လား Reasonable ဖြစ်ရဲ့လား ကိုယ်အရောင်းကိုယ်အသိဆုံးပဲ ဖြစ်ပါတယ်
မဖြစ်နိုင်ဘူးထင်ရင် အစကတည်းက Response လုပ်ဖို့လိုပါတယ် Target Revise (သို့) Discuss လုပ်ရမှာပါ
Management ကလည်းသေချာ Review လုပ်ပြီး ရေးဆွဲသင့်ပါသည်၊

Monthly Target သိရပြီဆိုရင်တော့ Weekly, Daily စသဖြင့် Breakdown လုပ်ပါမယ် အကြမ်းဖျင်း သိန်း ၆၀၀ ဆိုပါစို့ တစ်ရက် သိန်း (၂၀) ရောင်းရက် ၂၆ ရက်ဆို (၂၅) သိန်း ရအောင်သွားရမှာပါ၊

Distribution အလုပ်တွေမှာ တစ်ရက်ကို Outlets (၂၅) ဆိုင်သွားမယ်ဆိုလျင် တစ်ဆိုင် တစ်သိန်း Average Sales ရှိမှသာ Daily Achievement ရရှိမှာဖြစ်ပါတယ်၊

Daily Target ထိဖို့လုပ်ရပါမယ် ၁၅ ရက်လောက်မှာ Achievement 60% လောက်သွားနိုင်ရင်တော့ အလားအလာကောင်းပါပြီ ၊

၂၀ရက်ကျော်ရင် Sales ကျတာ FMCG လောကထုံးစံပါ ပြတ်တုန်းလတ်တုန်း ၂၃ ၊
ဟိုချေးဒီချေး ၂၄ တို့ကစီးကြိုနေလေတော့ လဆန်းပိုင်း ကောင်းကောင်း Drive လုပ်နိုင်မှသာလျင် အခြေအနေ ကောင်းနိုင်မှာပါ၊

ပေးရတဲ့အချိန်အတူတူ Sales Target ထိပြီး Incentive ခံစားနိုင်မှသာလျင် အလုပ်လုပ်ရကြိုးနပ်မှာပါ၊

အရောင်းသမားများလစဥ် Target များထိကြပါစေ။

AUNG PHYO MIN

15/03/2024

Modern Trade Channel ဆိုသည်မှာ တစ်ခုထက်ပိုသော Super Market (သို့) Convenience store စသည့် Chain များကိုဆိုလိုသည်

Distribution တခုအောင်မြင်ဖို့ရာ Brand Building၊ Brand Awareness အတွက် အရေးပါလှသည့် MT channel သည် မရှိမဖြစ်ဖြစ်ပေတော့သည်

MT Channel key outlets များကို ရရှိထားပါက Business တစ်ခု ရှင်သန်ကျန်ရစ်ဖို့ လွယ်ကူစေပါသည်

ပေးရသည့် Front margin၊ Back margin၊ Cimmission များကတော့ General Trade retail outlets များ ကွာသဖြင့် Break Even Point (BEP) ကို ရရှိနိုင်ဖို့ Profitable ဖြစ်နိုင်ဖို့ Costing ပိုင်းကိုသေချာစွာ တွက်ချက်ထားဖို့ လိုပေလိမ့်မည်၊ Costing အတွက်မှားပါက ရောင်းလေ ရှုံးလေ အဖြစ်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်

MT Channel ကိုရရှိနိုင်ဖို့ Document များစွာ Process များစွာကိုဖြတ်ကျော်ရပေမည်

လိုအပ်သည့်အချက်အလက်များကတော့

1.Company Registration No.
2.Tax Registration No.
3.Bank Account Copy
4.Owner NRC Copy
5.Payee NRC Copy
6.Collector NRC Copy
7.FDA Certificate Copy
8.Supplier Invoice Sample (Original)
9.Expire Inform
10.Ka Tha Kha (31) Inform
11. Certification of Halal

ရန်ကုန်တိုင်းအတွင်း MT Outlets 1,000 ကျော်ရှိသည်၊
Key Outlets များအနေဖြင့် ပုံတွင်ကြည့်နိုင်ပါသည်

ရေးသားပါအုံးမည်
AUNG PHYO MIN

11/03/2024

မပြုံးတတ်ရင် စျေးရောင်းလို့မရ
မပြောတတ်ရင် စျေးရောင်းလို့မရ
မပြတတ်ရင်လည်း စျေးရောင်းလို့မရ

ဦးနုရဲ့ မိတ္တဗလဋီကာ မှာ တွေ့လျင်တွေ့ချင်းသဘောကျစေသောနည်း
ပြုံးပါ

ဘယ်လိုပြုံးမှာလဲ
မဲ့ပြုံး ရွဲ့ပြုံး ခနဲ့ပြုံး သရော်ပြုံး လှောင်ပြုံး ထေ့ပြုံး ကြည်နှူးပြုံး အဓိပ္ပါယ်အမျိုးမျိုးပြုံးကြသည် Customer နဲ့တွေ့ရင်တော့ Warm Smile နွေးထွေးတဲ့အပြုံးနဲ့ဆီးကြိုသင့်သည် မီမီဝင်းဖေ သီချင်းလို ”နွေးထွေးတဲ့ အပြုံးလေးများနဲ့ရင်ထဲက” ကဲ့သို့ဖြစ်ရမည် သို့မှသာ ဝယ်သူစိတ်ချမ်းသာပေမည်၊

စကားပြောခြင်းသည် အတတ်ပညာတစ်ခုဖြစ်သည် ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်ဖို့ ဝယ်ယူသူနှင့်ပလဲနံပသင့်ဖို့ သူဘာကိုစိတ်ဝင်စားတာလဲ ဘာကိုလိုချင်တာလဲ သိဖို့ Eye contact မိစွာထိထိမိမိ ပြောနိုင်ဖို့လိုသည် ရောင်းချသည့်နေရာတွင် Selling & Telling Skills သည် မရှိမဖြစ် ဖြစ်ပေသည်။

ပြတတ်ဖို့ဆိုသည်မှာ
Presentation Skill ကိုဆိုလိုသည်
ရောင်းချသူသည် Product Knowledge ရှိရမည်ဖြစ်ပြီး တင်ပြပုံ တင်ပြနည်းကျွမ်းကျင်ရမည်
ဥပမာ မုန့်ကြွပ်သစ် ကိုရောင်းမည်ဆိုပါက
gm size ကဘယ်လောက်လဲ ingredients တွေကဘာတွေလဲ ဆီးချိုဖြစ်နိုင်လား သကြားလျော့ထားလား Exp: ဘလောက်ခံလဲ ကျန်းမာရေး ကိုအထောက်အကူပြုလား စသည် စသည်တို့ တင်ပြတတ်ဖို့တော့ လို့လိမ့်မည်
သို့မှသာ ရောင်းသူနှင့်ဝယ်သူ အကျိုးအမြတ်ရရှိကာ Win-Win Situiation ကိုဖော်ဆောင်နိုင်လိမ့်မည်

AUNG PHYO MIN

Photos from AUNG PHYO MIN's post 07/03/2024

Day 2
Selling Skills Training
(Downtown Team)

ရောင်းချမှုသည် ကုမ္မဏီ၏အသက်သွေးကြော ဖြစ်သည်

အရောင်းသမားတစ်ယောက်၏အရည်အချင်းသည် Customer ကမဝယ်သေးပါဘူးဆိုမှစတင်တော့တာပဲ

Daily Target, Weekly Target, Monthly Sales Target တွေထိအောင်ဘယ်လိုတွေ ရောင်းမလဲ

ပုစ္ဆာတစ်ပုဒ် အဖြေမထွက်တိုင်း ပေးထားချက်တွေ ပြင်ချင်လို့မရ

ကြောင်ဖြူတာမည်းတာထက် ကြွက်ရဖို့က အရေးကြီးပါတယ်

မောင်ဖြူမောင်မဲဆိုတာထက် Result ရဖို့ကအရေးကြီးပါတယ်





Solution

Photos from AUNG PHYO MIN's post 06/03/2024

Selling Skills Training
(MT Team)

အကြောင်းပြခြင်းတွေမလို
ရောင်းချခြင်းတွေပဲလိုတယ်

ပြိုင်ဘက်ကိုအလဲထိုးနိုင်ဖို့
ရင်ဆိုင်အတွေ့ မှာ -င်ထိုင်မမေ့စေဖို့

စာတွေနဲ့လက်တွေ့ပေါင်းစပ်ပြီး
ကောင်းမြတ်တဲ့ရလဒ်တွေရရှိစေဖို့

ကျောင်းသားတစ်ယောက်သည် စာကျေဖို့လိုသလို
အရောင်းသမားတယောက်သည် ဒါတွေကျေဖို့လိုသည်








Sales Process

Photos from Kaung Nyein Soe - Kudos To You's post 12/02/2024

Followership Program

17/01/2024

ဘယ်လုပ်ငန်းပဲလုပ်လုပ် စီးပွားရေးလို့ဆိုလိုက်တာနဲ့ အရောင်းကဏ္ဍဆိုတာ မပါမဖြစ်လို့ပြောနိုင်ပါတယ် 💯
လုပ်ငန်းတိုင်းရဲ့ အဓိကကျတဲ့အရောင်းပညာရပ်တွေမှာ Professional ကျကျ ရောင်းတတ်ဖို့က အရေးကြီးဆုံးပါပဲ ✅
ဒီလို Professional ကျတဲ့ အရောင်းသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်ကစလုပ်ရမလဲ ဘာတွေသိထားရမလဲ ဘာတွေလေ့လာရမလဲ စသဖြင့် လမ်းညွှန်ပြသမှုတွေ လိုအပ်နေတယ်ဆိုရင်တော့ Kudos မှာ အကောင်းဆုံး လမ်းညွှန်ပြသပေးမယ့် ဆရာတစ်ယောက်နဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ် ...
ဒါကတော့ ဆရာအောင်ဖြိုးမင်းပါ 👨‍🏫

ဆရာ အောင်ဖြိုးမင်းဟာဆိုရင် .....
👨‍🎓 BSc. (Chemistry)
👨‍🎓 Diploma in Marketing (DIM)
👨‍🎓 Executive MBA အစရှိတဲ့ ပညာရေး နယ်ပယ်တွေက ဘွဲ့တွေကိုရယူထားပါတယ်
သစ်တောဦးစီးဌာနတွင် တောခေါင်း ရာထူးဖြင့် သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာအမြဲပြောလေ့ရှိတဲ့ အရောင်းသမားဘဝ တစ်ထောင့်တစ်ည ရာဇဝင်တွေဖြစ်လာမယ့် ၁၉၉၇ ခုနှစ် မှာ Good Morning ပေါင်မုန့်လုပ်ငန်း မှစတင်ခဲ့တာ ဖြစ်ပါတယ် ✅
အဲ့တာတွေအပြင် Salesman, Sales Supervisor, Sales Manager, Category Sales Manager, National Sales Manager, Head of Sales and Marketing စတဲ့ရာထူးများစွာဖြင့်....
🔰 Myanmar Mayson Industries Co., Ltd (Good Morning Bread)
🔰 Synchro World Co., Ltd.
🔰 Win Agro - Livestock Co., Ltd. (WALCO Milk)
🔰 Myanmar Distribution Group (MDG) တို့မှာ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
"You ဆိုသိပ်ကြိုက်မယ့် Fudo Cake မိုက်တယ်နော်" ဆိုသလို လက်ရှိမှာဆိုရင်လည်း Trade Marketing Manager တာဝန်ကို TRK Group of Co., Ltd. (FUDO Bakery) တွင်လုပ်ကိုင်လျက်ရှိပြီး FMCG Industry တွင် Sales and Marketing Experiences (25) နှစ်ကျော်ရှိပါတယ်…💬
ဆရာကိုယ်တိုင် ကိုယ်တွေ့ စာတွေ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေနဲ့ရင်းပြီး သင်ပေးမှာဖြစ်လို့ အရောင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့ တွေးပူနေစရာမလိုဘဲ Kudos To You Professional Development Academy ရဲ့ သင်တန်းတွေကို Join လုပ်ထားဖို့လိုပြီနော် 👌

ဘယ်လုပ်ငန်းပဲလုပ်လုပ် စီးပွားရေးလို့ဆိုလိုက်တာနဲ့ အရောင်းကဏ္ဍဆိုတာ မပါမဖြစ်လို့ပြောနိုင်ပါတယ် 💯

လုပ်ငန်းတိုင်းရဲ့ အဓိကကျတဲ့အရောင်းပညာရပ်တွေမှာ Professional ကျကျ ရောင်းတတ်ဖို့က အရေးကြီးဆုံးပါပဲ ✅

ဒီလို Professional ကျတဲ့ အရောင်းသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်ကစလုပ်ရမလဲ ဘာတွေသိထားရမလဲ ဘာတွေလေ့လာရမလဲ စသဖြင့် လမ်းညွှန်ပြသမှုတွေ လိုအပ်နေတယ်ဆိုရင်တော့ Kudos မှာ အကောင်းဆုံး လမ်းညွှန်ပြသပေးမယ့် ဆရာတစ်ယောက်နဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ် ...

ဒါကတော့ ဆရာအောင်ဖြိုးမင်းပါ 👨‍🏫

ဆရာ အောင်ဖြိုးမင်းဟာဆိုရင် .....
👨‍🎓 BSc. (Chemistry)
👨‍🎓 Diploma in Marketing (DIM)
👨‍🎓 Executive MBA အစရှိတဲ့ ပညာရေး နယ်ပယ်တွေက ဘွဲ့တွေကိုရယူထားပါတယ်

သစ်တောဦးစီးဌာနတွင် တောခေါင်း ရာထူးဖြင့် သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာအမြဲပြောလေ့ရှိတဲ့ အရောင်းသမားဘဝ တစ်ထောင့်တစ်ည ရာဇဝင်တွေဖြစ်လာမယ့် ၁၉၉၇ ခုနှစ် မှာ Good Morning ပေါင်မုန့်လုပ်ငန်း မှစတင်ခဲ့တာ ဖြစ်ပါတယ် ✅

အဲ့တာတွေအပြင် Salesman, Sales Supervisor, Sales Manager, Category Sales Manager, National Sales Manager, Head of Sales and Marketing စတဲ့ရာထူးများစွာဖြင့်....

🔰 Myanmar Mayson Industries Co., Ltd (Good Morning Bread)
🔰 Synchro World Co., Ltd.
🔰 Win Agro - Livestock Co., Ltd. (WALCO Milk)
🔰 Myanmar Distribution Group (MDG) တို့မှာ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

"You ဆိုသိပ်ကြိုက်မယ့် Fudo Cake မိုက်တယ်နော်" ဆိုသလို လက်ရှိမှာဆိုရင်လည်း Trade Marketing Manager တာဝန်ကို TRK Group of Co., Ltd. (FUDO Bakery) တွင်လုပ်ကိုင်လျက်ရှိပြီး FMCG Industry တွင် Sales and Marketing Experiences (25) နှစ်ကျော်ရှိပါတယ်…💬

ဆရာကိုယ်တိုင် ကိုယ်တွေ့ စာတွေ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေနဲ့ရင်းပြီး သင်ပေးမှာဖြစ်လို့ အရောင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့ တွေးပူနေစရာမလိုဘဲ Kudos To You Professional Development Academy ရဲ့ သင်တန်းတွေကို Join လုပ်ထားဖို့လိုပြီနော် 👌

Photos from AUNG PHYO MIN's post 10/11/2023

ဝန်ထမ်းလုပ်တာကောင်းတာလား

ကိုယ်ပိုင်လုပ်ငန်းလုပ်တာကောင်းတာလား

ဆွေးနွေးမှု

Photos from AUNG PHYO MIN's post 01/11/2023

Professional Salesmanship Training

Photos from AUNG PHYO MIN's post 31/10/2023

စာသင်တာမဟုတ်ပါ
ဒါဏ်ရာတွေ Share တာ

Photos from AUNG PHYO MIN's post 13/10/2023

သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံ။
ဘုံလုံတလှည့်၊ ငါးပျံတလှည့်။
မှန်ကင်းတလှည့်၊ ထင်းတလှည့်။
ဖြစ်တတ် ပျက်တတ်တဲ့ စျေးကွက်တို့၏ သဘောသဘာဝ
အရောင်းသမားဘဝဆိုသည်က
နှဲသမားပါးနဲ့ ဖဲသမားအိတ်လိုပဲ ပိန်လိုက်ဖောင်းလိုက်၊ တက်လိုက်ကျလိုက်၊ ရောင်းကောင်းလိုက် မကောင်းလိုက်
ငှက်ခါးပျံသလိုပဲ နိမ့်လိုက်မြင့်လိုက် အစိုးမရတဲ့အရောင်းလောကအကြောင်း
ကြုံရ ဆုံရ ဘုံဘဝထဲကလာတဲ့သင်ခန်းစာတွေကို ရင်ထဲကလာတဲ့ စေတနာစကားလုံးတွေနဲ့ပေါင်းစပ်ပြီး စာအုပ်ထဲကလာတဲ့ Theory တွေနဲ့ ကိုးကားကာ
တိုးပွားစေဖို့
ကြိုးစားစေဖို့
ရိုးသားစေဖို့
နိုးကြားစေဖို့
အဖိုးထားစေဖို့
အကျိုးများစေဖို့........

13/10/2023

CDSG ဆိုသည်ကား Capital Diamond Star Group ဖြစ်သည်။ Capital Super Market များနှင့် g&g Convenience Store များမှာ CDSG လုပ်ငန်းစုကြီး၏ အစိပ်အပိုင်း အပိုင်းအစ Side Business တစ်ခုမျှသာ ဖြစ်ပါသည်။

‌ဒေါပုံ Capital Hyper Market မှသည် တနိုင်ငံလုံးတွင် Capital (14) ဆိုင် g&g Convenience Store ဆိုင် (240) ခန့်ဖြင့် လည်ပါတ်လျက်ရှိသည်၊ g&g ဆိုင် (300) ကျော်မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်လျော့ကျသွားခဲ့ရသည်။

ဘလိုပဲဖြစ်ဖြစ် Modern Trade Supplier များအနေဖြင့် အားကိုးရသော Sales Contribution များသော Chain တစ်ခုဖြစ်ပေသည်။

ခုနောက်ပိုင်း g&g ဆိုင်များတွင် Shelf Space အခက်ခဲက New Product များ လက်ခံဖို့ သေချာစွာစီစစ်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ Slow Moving Product များ Remove လုပ်ပြီးမှ New Product များ လက်ခံမှုပြုလုပ်ပါသည်။

ဆိုလိုသည်က List in ရရှိထားစေကာမူ Slow Moving ဖြစ်ပါက ဖယ်ရှားခံရနိုင်သည့်တွက် မိမိတို့ Product များ ရောင်းကောင်းဖို့ Strong Brand ဖြစ်ဖို့ လိုအပ်ပေသည်။

CDSG သို့တင်ရန်လိုအပ်သည့်စာရွက်စာတမ်း အချက်အလက်များက တော့ Modern Trade Channel အားလုံးအတူတူပဲ ဖြစ်ပါသည်။

A P Min
FUDO Bakery

13/10/2023

တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကိုရောင်းပြီး ဘဝတစ်ခု ရှင်သန်ရပ်တည်နေရသည်ဆိုလျှင် မှားမည်မထင်

ကာယအားကိုရောင်းသည်
ညာဏအားကိုရောင်းသည်
ထုတ်ကုန်ကိုရောင်းသည်
သွင်းကုန်ကိုရောင်းသည်
ရင်းကုန်ကိုရောင်းသည်
ယုတ်စွအဆုံး အလှအပ ကောက်ကြောင်းကိုရောင်းသည်
ခန္တာကိုယ်ကိုရောင်းသည်
သွေးသားကိုရောင်းသည်
ရောင်းသည် ရောင်းသည်

သို့အတွက် ရောင်းချမှုအသိပညာ၊ အတတ်ပညာသည်ကား မသိမဖြစ် မရှိ မဖြစ် ဖြစ်ပေတော့သည်

Human Behavior
Customer Behavior
Consumer Behavior တွေကဘာတွေလဲ

Red Ocean Maket မှာသတ်ပုတ် ဖြတ်ခုတ်နေကြမှာလား
Blue Ocean မှာ သာသာယာယာ ရောင်းမှာလား

ရွှေမန်းဆီသို့
တတိယပွဲကတော့ အမှတ်တယပဲမို့

https://m.facebook.com/story.php?story_fbid=590961403071118&id=100064717897558&mibextid=Nif5oz See less
Comments
A P Min
https://m.facebook.com/story.php?story_fbid=590961403071118&id=100064717897558&mibextid=Nif5oz

13/10/2023

1 Stop Mart သည် အရှိန်အဟုန်ပြင်းပြင်း လျှင်လျှင်မြန်မြန် တိုးတက်ပြောင်းလဲလာသော Convenience Store (or) Super Market တစ်ခုဖြစ်သည်။

သိသလောက်တော့ ဆယ်စုနှစ်တစ်ခုတွင်း Convenience Store (200) နီးပါး Super Market (15) ခုထိ တိုးတက် အောင်မြင်လာသည်။

အားသာချက်များက
Outlets Location ရွေးချယ်မှု၊ Display ကောင်းမွန်မှု၊ Shop Size နှင့် Customer များသက်တောင့်သက်သာ စျေးဝယ်နိုင်မှုတို့ ဖြစ်သည်။ Due Payment ပိုင်းတွင်လည်းတိကျ မှန်မြန်မှုရှိပေသည်။

ယခုလပိုင်းများတွင် တစ်လတစ်ဆိုင် နှစ်ဆိုင်တိုးလာသည်အထိ ခြေလှမ်းသွက်လှသည်၊ Promotion များမကြာခန ဝင်ပေးရသည့်တောင်ဆိုမှုများတော့ရှိသည်၊ ဒါကလည်း နှစ်ဦးနှစ်ဖက် Win- Win saturation ကို ဖြစ်ပေါ်စေသည်၊

FMCG Supplier များအနေဖြင့် Food product၊ Frozen products များလိုက် ပေးရသည့် Commission ၊ Back Margin များကွာဟမှုရှိသည် Frozen products များမှာ Cooling condition မှာထားရသည့်အတွက် ပိုမိုကောက်ခံပါသည်။

1 Stop Mart ရရှိထားပါက သင်၏လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်းများပါသည်၊

Net profit ဖြစ်စေဖို့ Costing၊ Overhead cost များကို ကြိုတင်တွက်ချက် ထားနိုင်ဖို့တော့ လွန်စွာအရေးကြီးပေလိမ့်မည်။

A P Min
FUDO Bakery
30.3.23

23/08/2023

လျှောက်ခဲ့ရတဲ့ လမ်းတွေ
မ ခဲ့ရတဲ့ ဗန်းတွေ
ထ ခဲ့ရတဲ့ Alarm တွေ

(1997) Good Morning ပေါင်မုန့် အရောင်းသမား မှသည်

(2023) ထိ လျှောက်လှမ်းခဲ့ရတဲ့ (25) နှစ်တာ FMCG အရောင်းလောကရဲ့ တနေ့တစ်ဖုံ အတွေ့အကြုံတွေကို ပြန်လည်မျှဝေဖို့အချိန် ကျရောက်လို့လာခဲ့ပါပြီ

ဇာတ်ဆရာလာရင် မှတ်စရာပါရမှာဖြစ်သလို

ဇာတ်သမားပြန်ရင်လည်း မှတ်သားစရာ ကျန်ရပါစေ့မယ်

A P Min

https://m.facebook.com/story.php?story_fbid=9427052623986951&id=100000469208878&mibextid=Nif5oz

23/08/2023

CMHL ဆိုသည်မှာ City Mart Holding Co., Ltd. ဖြစ်သည်၊

၁၉၉၆ ကစတင်ခဲ့တဲ့ အောင်ဆန်းကွင်း City Mart၊ ဒုတိယ (47th) လမ်း တတိယ Junction 8 မှသည် ယခု CM ဆိုင် 40 ကျော်

CMHL group တွင် Ocean,Market Place, Neighborhood နှင့် City Express (CE) များလည်းပါဝင်သည်။

စနစ်တကျအောင်မြင်လာသောလုပ်ငန်းဖြစ်သည်နှင့်အညီ CMHL တွင်တင်၍ရောင်းချနိုင်ဖို့သည် Supplier များအတွက် အနည်းငယ်ခက်ခဲလှသည်။

ရရှိပါက သင်၏လုပ်ငန်းရပ်တည် အောင်မြင်ဖို့၊ ရောင်းကောင်းဖို့ ရာခိုင်နှုန်းတော်တော်များပါသည်၊ Product quality ပေါ်တော့ မူတည်ပါသည်။

Credit Terms များအနေဖြင့် One month (သို့) 45 Days ထားရှိပါသည်၊ Payment due များတိကျမှုရှိသည့် Chain တစ်ခုဖြစ်သည်။

Purchasing Order များကို Web potel မှတဆင့်ကြည့်၍ Direct Delivery (DD) ပြုလုပ်ပေးရသည် Main Warehouse သို့ပို့ပါက Distribution Cost (DC) 5% ထပ်မံပေးရပါသည်။

လိုအပ်သည့်စာရွက်စာတမ်းများအပြင် Labelling Law အရ စားသောက်ကုန်များတွင် Stapler ပါ၍မရပါ
Manufacture Date (MFD:),Expire Date (Exp:), အပြည့်အစုံ ပါဝင်ရပါသည်
Gram Size ပြောင်းလဲမှု၊ Packaging ပြောင်းလဲမှု နှင့် Price Change များကို Buyer များထံတစ်လကြိုတင် အကြောင်းကြားရပါသည်။

List in fees များအနေဖြင့် လည်း item တစ်မျိုးချင်းစီအလိုက် တစ်ဆိုင်ချင်း ပေးရသည့် Cost များလည်းရှိသည်။

တင်ခွင့်ရရှိပါက Contract ချုပ်ရပြီး Monthly, Quarterly Promotion များပါဝင်ပေးပါက သင်၏ ထုတ်ကုန် ရောင်းကောင်းစေနိုင်သည်၊ သုံးလအတွင်း Slow Moving ဖြစ်ပါကလည်း ရောင်းချခွင့်ပြန်လည်ရုတ်သိမ်း ခြင်း ပြုလုပ်နိုင်သည်။

ရေးသားပါအုံးမည်
A P Min
FUDO Bakery

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address


Yangon
0095

Other Business Services in Yangon (show all)
Hopin food Hopin food
10A1
Yangon, 11051

Lambest Lady By Theingi Moe Lambest Lady By Theingi Moe
Thitsar Street, Thaketa
Yangon, 11231

Lambest skincare အကြောင်းဖော်ပြခြင်း

Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့် Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့်
Yangon

BKK အဝတ်အထည်များနှင့် ကျောက်ပန်းချီ ကားများ

MMTGW Company Limited MMTGW Company Limited
No. 149, 46th Street Upper Block Botahtaung Township
Yangon, 11072

Heating, Cooling and Bathroom Solution Provider

Shwe mahar transportation Shwe mahar transportation
အမှတ်? 44 သပင်ရွှေထီလမ်း ဘုရင်နောင်
Yangon, 556777

ရွှေမဟာ ကုန်စည် ပိုဆောင်ရေ 095144822

Tzo Fb Service Tzo Fb Service
Yangon

Facebook all in one service

ငွေစုစံ  ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး ငွေစုစံ ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး
No. 1119, 2 Ward, Waitharli Street, East Dagon, Township
Yangon

ဆုနန္ဒာချည်ထည်ရောင်းဝယ်ရေး

WAI GYI WAI GYI
Mingalar Market
Yangon

Silver Star Cluster ငွေကြယ်စင်စု Silver Star Cluster ငွေကြယ်စင်စု
Myeik Street
Yangon

General Service and Language Education

9 Star Online Delivery Service 9 Star Online Delivery Service
တုသိတာ (၂) လမ်း မြောက်ဥကလာပ (က) ရပ်ကွက်
Yangon

9 Star Online Delivery Service

Project.com.mm Project.com.mm
No. 85, Moe Thauk Pan Street, Su Paung Housing, Htu Par Yone (1) Ward, Tharkayta Township
Yangon, 11231

HR, CRM & Project Management System