New Shwe Kamar Kyi

Commercial Truck Trading

23/02/2023

Personal Auto Policy ရဲ့ Full Coverage အကြောင်း
************************************************

*** ကား Insurance ဝယ်တဲ့အခါ Full Coverage လို့ဆိုရင်၊ ဒီ Full Coverage ထဲမှာ -
- Coverage A - Liability,
- Coverage B - Medical Payments,
- Coverage C - Uninsured/Underinsured Motorist,
- Coverage D - Damage to Your Auto (Collission & Comprehensive),
- Coverage E - Duties after a Loss နှင့်
- Coverage F - General Provisions တို့ပါဝင်ပါတယ်။

- Coverage တခုချင်းဆီက ဘယ်တော့၊ ဘယ်လို အသုံးဝင်မလဲ ဆိုတာအကျဉ်းချုပ်နှင့် ဒီနေ့တော့ Coverage A ကနေ Coverage C အထိ ရှင်းပြပေးပါမယ်။ ကျန်တာတော့ နောက်မေ့မှပြန်တင်ပေးပါ့မယ်။ ဘာကြောင့်လဲဆိုတော့ စာအရမ်းရှည်သွးမှာမို့လို့ပါ။

*** Coverage A - Liability အကြောင်းကတော့ ကျွန်တော့်အရင် Post မှာရှင်းပြခဲ့ပြီးပါပြီ။ ကိုယ်က Liable တာဝန်ရှိတဲ့အတွက်ကြောင့် ကိုယ့် Insurance က ကိုယ့် Liability Limit ကနေ ကိုယ်တိုက်မိလိုက်တဲ့ကားကို ပြန်ပြင်ပေးပြီး၊ Total Loss ဆိုပါကလည်း၊ လျှော်ကြေးပေးပေးမှာဖြစ်တယ်။ အကယ်၍ ဒဏ်ရာရတဲ့သူရှိပါကလည်း ကုသစရိတ်ပေးပေးမှာပါ။ ဒီ Liability က သင်နှင့် သင့်ကား၊ သင်နှင့်လိုက်ပါသော Passengers အတွက် မပါပါဘူး။
*** ဒါပေမဲ့၊ သင်ရဲ့ Insurance က Liability (One Way) ဘဲမဟုတ်ဘဲ၊ Full Cover ဆိုပါက Coverage A အပြင် အထက်က Coverage B ကနေ F ထိအားလုံက အကျုံးဝင်လာပြီး၊ သင်က တစုံတယောက်ရဲ့ကားကို သင့်ကားနှင့်တိုက်မိလိုက်၍ ပျက်ဆီးသွားတဲ့သင့်ကားကိုတော့ Coverage D - Damage to Your Auto ကနေပြင်ပေးမှာဖြစ်ပြီး၊ အကယ်၍ ပြင်ခအလွန်များပြီး Coverage D က Limit နှင့် မလုံလောက်ခဲ့ပါကလည်း၊ သင့် Coverage C - Uninsured/Underinsured Motorist ကနေ Kick-In လုပ်ပြီး၊ ကုန်ကျသလောက်အားလုံးကို ပေးပေးမှာဖြစ်ပါတယ်။ (ဒါက၊ ကား Insurance Full Coverage ဝယ်ယူထားခြင်းရဲ့ Benefit အကျိုးကျေးဇူးပါနော။)
- သင့်ကြောင့် Accident ဖြစ်တဲ့နေရာမှာ သင်ပါဒဏ်ရာရပါက၊ သင့် Coverage B - Medical Payments ကနေ သင့်အတွက်ကုန်ကျမဲ့ ဆေးကုသစရိတ်ကို တာဝန်ယူပေးမှာဖြစ်ပါတယ်။ ဒါတင်မကဘဲ၊ သင့်ကားနဲ့လိုက်ပါလာတဲ့ Passengers များကလည်း ဒဏ်ရာအသီးသီးရခဲ့ပါက၊ ဒီ Coverage B - Medical Payments ကနေဘဲ သူတို့ဆေးကုသမည့်စရိတ်များကို တာဝန်ယူပေးမှာပါ။
- ပြီးတော့၊ သင့်ကားနှင့်လိုက်ပါစရာမလိုဘဲ၊ သင်နှင့်သင့်မိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းတဦးဦးမှ သင့်ကားကြောင့် ဒဏ်ရာရမိပါက၊ သင့် Coverage B - Medical Payments သင်နှင့်သူတို့၏ ဒဏ်ရာဆေးကုသစရိတ်ကိုတောင် တာဝန်ယူပေးအုန်းမှာပါ။ ဥပမာက ဒီလိုဗျ - အကယ်၍ သင် (သို့မဟုတ်) တဦးဦးမှ သင့်ကားတံခါးကိုပိတ်လိုက်တဲ့အခါ၊ လက်ငြပ်မိသွားတာတို့၊ ခြေထောက်ငြပ်မိသွားတာတို့ ... အထွေထွေပေါ့ဗျာ ဖြစ်မိခဲ့ပါက သင့် Full Cover Insurance, Coverage B - Medical Payments ကတာဝန်ယူပေးမှာပါ။ (မှတ်ချက်ကတော့။ ။ သင့် Insurance Full Coverage မှာ သင့် Medical Payments ကဘယ်လောက်ထိပါလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ အကယ်၍ သင့် Coverage B - Medical Payments က $၁၀,၀၀၀ ဘဲဆိုရင်၊ အဲ့ဒါက သင့် ရဲ့ Per Person Limit ဘဲဖြစ်ပါတယ်။)
- Per Person Limit ဆိုရာ၌ ဒီလိုပါ။ အကယ်၍ သင်နှင့်သင့်မိသားစု ခရီးသွားနေတုန်းမှာ သင့်အမှားကြောင့် ကား Accident ဖြစ်ကြတယ်ဆိုပါစို့။ ဒီ Accident ကြောင့် သင်နှင့်သင့်ဇနီးက ဒဏ်ရာရမိပါက၊ သင့် Medical Payments က သင့်နှင့်သင့်ဇနီးကို တယောက် $၁၀,၀၀၀ Limit ဆီပေးမှာဖြစ်ပါတယ်။ ၃ ယောက်ဆိုရင် ၃ သောင်း၊ ၄ ယောက်ဆိုရင် လေးသောင်းပေါ့။ အကယ်၍ သင့် Medical Payments က သင့်တယောက်တည်းအတွက် $၁၀,၀၀၀ အထက်ဆိုပါကလည်း၊ သင့် Insurance ကသင့်အတွက် သင့် Per Person Limit တစ်သောင်းဘဲပေးပေးမှာပါ။ ဒါနဲ့၊ သင့် Medical Payments က $၁၀,၀၀၀ ထိမရှိဘဲ၊ တစ်သောင်းအောက် $၆,၀၀၀ ဘဲဆိုရင်လည်း သင့် Insurance က $၆,၀၀၀ ထိအပြည့်ပေးပေးမှာဖြစ်ပါတယ်။
(ပိုမိုနားလည်အောင် ဒီလို ဥပမာပေးကြပါစို့။ သင့်ကား Accident ကြောင့် ဒဏ်ရာရခဲ့တဲ့ သင်နှင့်သင့်ဇနီး ဆေးကုသစရိတ်သည်၊ သင့်အတွက်ကုန်ကျမှု $၆,၀၀၀ နှင့် သင့်ဇနီးအတွက် ကုန်ကျမှုက $၂၅,၀၀၀ များဆိုပါက - Per Person Medical Payments ဆိုသည့်အတိုင်း - သင့် $၆,၀၀၀ ဆေးကုခက သင့် Limit $၁၀,၀၀၀ အောက်ဆိုတော့၊ သင့်က $၆,၀၀၀ အပြည့်ရမယ်။ သင့်ဇနီးရဲ့ ဆေးကုသခက $၂၅,၀၀၀ ကုန်ကျပေမဲ့လည်း၊ သင့် Limit က $၁၀,၀၀၀ ထိဘဲဆိုတော့ သင့် Insurance က $၁၀,၀၀၀ ဘဲပေးမှာဖြစ်ပါတယ်။ ဒါကြောင့်၊ Car Insuranace Full Coverage ဆိုပေမဲ့လည်း Coverage အသီးသီး၌ သူ့ Limit ကိုယ်ဆီရှိသောကြောင့်၊ ကား Insurance ဝယ်တော့မည်ဆိုလျှင်၊ Full Coverage ဆိုပေမဲ့လည်း၊ ကိုယ့် Coverage ကိုယ်ဆီ၌ ဘယ်လောက် $Dollar limit ဆီပါသလဲဆိုတာ စစ်ဆေးဖို့၊ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှ ခုရှင်း၊ နောင်အက်ဆီးဒင့်ကြုံမိခဲ့တဲ့အခါမှာလည်း ရှင်းတော့မှာပေါ့ 😊

*** Coverage C - Uninsured/ Underinsured Motorist ကတော့၊ Uninsured Motorist ဆိုရာ၌ ကား Insurance မရှိခြင်းကိုပြောတာပါ။ Underinsured Motorist ကတော့ ကား Insurance မလုံလောက်ခြင်းလို့ခေါ်ပါတယ်။
- အကယ်၍ သင့်ကားကိုတစုံယောက်ကတိုက်လိုက်ပြီး ချက်ချင်းထွက်ပြေးသွားပါက၊ ထို Hit-and-Run ကို Uninsured Motorist လို့သတ်မှတ်ပြီး သင့် Insurance ကသင့်ကားကိုပြင်ပေးမှာပါ။ Liability Insurance သာကိုင်ဆောင်ထားတဲ့သူများနဲ့ Full Coverage ကိုင်ဆောင်ထားတဲ့သူများရဲ့ စိတ်သက်သာရာရခြင်းက ဤလိုအခြေအနေမျိုးမှာကွားသွားတာပါ။ Full Coverage ကိုင်ဆောင်ထားတဲ့သူက ကိုယ့်ကိုတိုက်မိတဲ့ ကားနဲ့ကားသမားထွက်ပြေးသွားမှာကို တွေးပူစရာမရှိပါဘူး။ ပြေးပြေး၊ မပြေးပြေး Full Coverage ဆိုတဲ့အတိုင်း ကိုယ့်ကားကိုတော့ Insurance ကပြင်ပေးမှာပါ။ ကိုယ် ဒဏ်ရာရမိခဲ့ပါကလည်း ဆေးကုသစရိတ်အတွက် တာဝန်ယူပေးမှာပါ။
(ဒါပေမဲ့ ဤနေရာမှာ မှတ်သားထားဖို့က - Hit-and-Run ဖြစ်ခဲ့လျှင် သင်ချက်ချင်း 911 ကိုဖုန်းဆက်ပြီး ရဲခေါ်ရပါမယ်။ သင့် Full Cover ထဲမှ Coverage E - Duties after a Loss က Hit-and-Run ဖြစ်တဲ့အချိန်မှာ Police Report ကို တောင်းဆိုလို့ဖြစ်ပါတယ်။ အကယ်၍ ဤ Hit-and-Run ဖြစ်တဲ့အချိန်မှာ သင်ရဲမခေါ်ဘဲ Police Report မရှိခဲ့လျှင် Insurance company မှပျက်စီးသွားသောသင့်ကားကိုပြင်ပေးမှာမဟုတ်ပါဘူး။ Hit-and-Run accident ကြောင့် ဒဏ်ရာရခဲ့ပါကလည်း ဆေးကုသစရိတ် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဤဟာလေးကိုသေချာမှတ်သားထားပါ။)
- Underinsured Motorist ကတော့ - အကယ်၍ သင်ကားကိုတစုံတယောက်ကတိုက်မိလိုက်ပြီး၊ သူ့ Insurance Limit ကသင့် ကားကိုလျှော်ကြေးပေးဖို့ မလုံလောက်ခဲ့ပါက၊ သင့် Insurance က ဤသင့် Underinsured Motorist Coverage C ကနေ သင့်ကားပြင်ဖို့လိုအပ်နေသေးတဲ့ ငွေအားလုံးကိုပေးပေးမှာဖြစ်ပါတယ်။ (ဥပမာ၊ တခြားသူက တိုက်လိုက်တဲ့ သင့်ကားက အကောင်းစားကားကြီး၊ အလွန်ဈေးကြီးတဲ့ကားများဖြစ်ခဲ့ရင်ပေါ့။)
- အကယ်၍ သင်ဒဏ်ရာပါရခဲ့ပြီး၊ သင့်ကိုတိုက်လိုက်တဲ့ကားသမားရဲ့ Insurance Limit က သင့်ဆေးကုသစရိတ်အကုန်လုံးကိုမပေးနိူင်ပါကလည်း Full Cover ဆိုတဲ့အတိုင်းဘဲ ဤသင့် Underinsured Motorist Coverage က သင့်ဆေးကုသခ လက်ကျန်တွေကိုတာဝန်ယူပေးမှာဖြစ်ပါတယ်။

*** ဒါ့ကြောင့်၊ ကား Insurance ဝယ်တဲ့အခါ၊ Full Coverage လုပ်ပေးပါလို့ ပြောလိုက်ရင်တော့၊ သင့် Agent က အထက်က Coverage A ကနေ Coverage F အထိ သင့် Policy မှာထည့်ပေးလိုက်ရင်၊ Full Coverage တော့ရသွားမှာပါ။ ဒါပေမဲ့ Coverage A မှာ ဘယ်လောက်ထိရမယ်? B, C, D, E, F တွေမှာရော ဘယ်လောက်ထိပါသလဲဆိုတာ ရှင်းလင်းစွာသိထားတာကောင်းပါတယ်။

# ကျန်တာတွေတော့နောက်နေ့မှ ပြန်ရှင်းပြပေးတော့မယ်။ စာကတော်တော်ရှည်သွားပြီ 😊

# ဤ Full Coverage Insurance အကြောင်းနားမလည်တာရှိခဲ့ရင်၎င်း၊ ပိုမို သိလိုတာရှိခဲ့ရင်၎င်း ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိူင်ပါတယ်။ အခမဲ့ အကြံပေးပါမယ်။

📲 (678) 414-4210. Email: [email protected]

#အေဘဲလ်အောင်

***ဤ Post ကို လွတ်လပ်စွာကူးယူခြင်း၊ Share လုပ်ခြင်းများ ပြုလုပ်နိူင်ပါတယ် 🤍 ***

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No 1194 , Bago River Street, 79 Ward, Dagon SeikKan Tsp
Yangon

Other Business Supply Services in Yangon (show all)
Ko Naing Linn Ko Naing Linn
Yangon

Airconများကိုယုံကြည်စိတ်ချစွာအရောင်းအဝယ်လုပ်နိုင်ပါတယ်ခင်ဗျ

Love Win-Shape Your Future Love Win-Shape Your Future
Yangon

စိတ်ကောင်းထားပါ

Data package selling by Yukino II Data package selling by Yukino II
Yangon

Netflix,Spotify, Disney, Prime, Crunchyroll,youtube premium,နဲ့ vpnတွေရဲ့official subscriptions​​ေတွကို စျေးသက်သက်သာနဲ့ဝယ်ယူနိုင်ပါတယ်

Loyverse POS Service - Myanmar Loyverse POS Service - Myanmar
Yangon

Loyverse POS Software နှင့်ပတ်သက်သော ဝန်ဆောင်မှု?

9S Media 9S Media
No(1/F), Padonma Road, North Okkapala Township
Yangon

Help you to Open your Own Shop Business

SCM Online Business Ma Ei SCM Online Business Ma Ei
Yangon, YANGON

Successmore 🧡 ရေရှည်အောင်မြင်ချင်သူတွေအတွက်အခွင့်လမ်း💪🤝

Naung Lin Oo Naung Lin Oo
Pyay Tha Myar/Sein Tha Pyay Street, Mingalardon
Yangon

Luck7 Luck7
Yangon, 11201

2D

ChatbotMM ChatbotMM
Yangon, 11091

eCommerce and Chatbot Business service

PPP Trading PPP Trading
Laeyar 2 Street
Yangon

လက်ကားသီးသန့်သာရောင်းချပါသည်။