Dharma Ganga

Hinduဘာသာရေးဆိုင်ရာ အသိပညာများ နှင့် ဗဟုသုတများအား မျှဝေရာနေရာ

16/10/2023

ShardiyaNavratri Dwitiya Puja အထိမ်းအမှတ်

Durga Dhyanam မြန်မာပြန်စကားပြေ
~~~~~~~~~~~~~~~~~~~~~~~~

Hindi English- Vidyud Dama Samaprabham Mrigapati Skanda Sthitam Bhishanam, Kanyabhih Karvala Kheta Vilasada Hastabhira Sevitam, Hastais Chakra Darali Kheta Vishikams Chapam Gunam Tarjanim, Bhibhranam Analatmikam Shasi Dharam Durgam Trinetram Bhaje.
-
မြန်မာပြန်စကားပြေ- (အကျွန်ုပ်သည်) ဝရဇိန်မိုးကြိုးစက်လို တောက်ပပြောင်သောအရောင်အဆင်းရှိတော်မူကာ ခြင်္သေ့၏ကျောက်ကုန်းထက်အား အသုံးပြုစီးနင်းတော်မူလေ့ရှိသော၊
တောက်ပြောင် ပြီး အရောင်တလက်လက်ထွက်နေသည့် ဓားနှင့် ဒိုင်းကာတို့အား ကိုင်ဆောင်လေ့ရှိသော အမျိုးသမီး များ၏ ဝန်းရံခစား ပူဇော်မှုအားလည်း ခံယူရသော၊
စက်လက်နက်၊ တြိသူလလှံပျံတော်၊ ဓား၊ ဒိုင်းကာ၊ လေးနှင့်မြှားတို့အား (ရန်သူများအတွက်)ကြောက်မက်ဖွယ်ကောင်းလောက်အောင် လက်တော်များဖြင့် ကိုင်ဆောင်တော်မူထားသည့်အပြင် ကျန်လက်တော်နှစ်ဘက်မှ ဂုဏမုဒြာ နှင့် တရဇဏီမုဒြာဟန် ပြထားတော်မူသော၊
လောင်မြိုက်ဝါးမြိုခြင်းသဘောရှိသည့် မီးနှင့်တူသော သဘောသဘာဝရှိတော်မူသော၊
ဆန်းသစ်စလခြမ်းအား အဆင်တန်ဆာအဖြစ် ဦးခေါင်ထက်တွင် ပန်ဆင်တော်မူထားကာ မျက်လုံးတော်သုံးပါး ရှိတော်မူသော၊
မိမိအား ပူဇော်ကိုးကွယ်သူများအား ဘဝသံသရာအခက်အခဲမှ လွတ်မြောက်စေတော်မူတတ်သော ကြောင့် Durga ဟုနာမမည်တွင် အကြင်မယ်တော်မြတ်အား လေးမြတ်ရိုသေသောစိတ်ဖြင့် ရှိခိုးပူဇော်ပါ၏။
-
-
ဤသို့ဖြင့် ကျွန်တော် အတာနွေဦးသည် ShardiyaNavratriအထိမ်းအမှတ်အနေဖြင့် DurgaDhyanam အင်္ဂလိပ်ဘာသာပြန်ချက်အား မြန်မာပြန်စကားပြေအဖြစ် ရေးသားမျှဝေသောနည်းနှင့် Durga မယ်တော်အား ရှိခိုးပူဇော်ခြင်းသည် ပြည့်စုံစွာပြီးစီးခဲ့လေပြီ။
-
-
ဥုမ် လောကသုံးပါးအား အနိုင်ကျင့်ရန်ပြုလာသူအပေါင်းအား ကြောက်ရွံ့ထိတ်လန့်သနားခြင်းမရှိဘဲ လောကသားများ၏ ကောင်းကျိုးမျက်နှာကိုဘဲ ထောက်ထားကာ ရဲဝံ့ပြတ်သားစွာ နှိမ်နင်းချေမှုန်းတော်မူတတ်သည့် မယ်တော်မြတ် Chandika အားရှိခိုးပါ၏။
-
-
-
ြန်မာပြန်စကားပြေ
ိမ်းအမှတ်မြန်မာပြန်စကားပြေ

Photos from Dharma Ganga's post 13/10/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရုံလမ်းအနီးရှိ Sri Vinayaka Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 05/10/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရွာမကျောင်းလမ်း၊ အမှတ် ၇၄/၄ ရှိ Sri Bhadra Kali Amman Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 04/10/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ရွာမကျောင်းလမ်း၊ Pro Martအနီး၊ အမှတ် ၁၃/ခရှိ Sri Sutalite Kali Amman Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 01/10/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၃ရပ်ကွက်၊ ၁၀ လမ်း၊ အမှတ် ၁၃/A ရှိ Sri Siddhi Vinayaka Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 30/09/2023

မင်္ဂလာရှိသောအချိန်အခါသမယလေးဖြစ်ပါစေ။

ဟိန္ဒူဘာသာ၏ ဘုရားသခင်နှင့်မယ်တော်များအားယုံကြည်ရိုသေလေးစားမြတ်နိုးပူဇော်အားကိုးသူများအတွက် သက်ဆိုင်ရာနေ့ထူးရက်မြတ်များတွင် ပူဇော်မှုများအား ပြုလုပ်ပူဇော်နိုင်စေရန်ရည်ရွယ်ပြီး Drik Panchangပြက္ခဒိန်အလာ ပူဇော်ပွဲရက်မြတ်များကို ဤသို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
-
-
(၁) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂ရက်၊ တနင်္လာနေ့သည် လစဉ်လတိုင်း၏ လေးရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Ganesha အား ပူဇော်ကျင်းပရသည့် ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Vighnaraja Sankashti ရက်မြတ် ဖြစ်ပေသည်။
-
(၂) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၃ရက်၊ အင်္ဂါနေ့သည် လစဉ်လတိုင်း၏ ငါးရက်နေ့၏ ညတိုင်းတွင် ဘုရားသခင် Shivaနှင့် Subrahmanya အမှူးပြုသော ဒေဝတာများအား ဆီမီးအမြောက်အများဖြင့် ပူဇော်သောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Karthigai ရက်မြတ် ဖြစ်ပေသည်။
-
(၃) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၊ ၆ရက်၊ သောကြာနေ့သည် လစဉ်လတိုင်း၏ လပြည့်ကျော် ရှစ်ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Bhairava အား ပူဇော်ကျင်းပရသည့် ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Kalashtami ရက်မြတ်ဖြစ်ပေ၏။
-
(၄) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၊ ၆ရက်၊ သောကြာနေ့သည် လစဉ်လတိုင်း၏ လပြည့်ကျော် ရှစ်ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ပြီး ဘုရားသခင် Krishna အား ပူဇော်ကျင်းပရသည့် ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Janmashtami ရက်မြတ်ဖြစ်ပေ၏။
-
(၅) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၇ရက်၊ စနေနေ့သည် အိန္ဒိယနိုင်ငံBiharပြည်နယ်၊ Jharkhandပြည်နယ်၊ Uttar Pradesh ပြည်နယ်၊ Nepalပြည်နယ်နေ အိန္ဒိယအမျိုးသမီးများက မိမိကလေးသူငယ်များအား သက်ရှည်ကျန်းမာရန်အတွက် နေ့ရောညပါ ဥပုသ့်ဆောက်တည်ပြီး ပူဇော်ဆုတောင်းရသော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Jivitputrika Vratရက်မြတ်ဖြစ်ပေ၏။
-
(၆) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ရက်၊ အင်္ဂါနေ့ သည် လစဉ်လတိုင်း၏ တစ်ဆယ့်တစ်ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Vishnu အား ပူဇော်ကျင်းပရသည့် ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Indira Ekadashi Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၇) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်၊ ကြာသပတေးနေ့သည် လစဉ်လတိုင်း၏ လပြည့်ကျော် ၁၃ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Shivaနှင့် မယ်တော်Parvatiအား ပူဇော်ရသောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Guru Pradosh Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၈) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်၊ ကြာသပတေးနေ့သည် လစဉ်လတိုင်း၏ လမကွယ်ခင် တစ်ရက်အလို၏ညမြတ်တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင်Shivaအား တစ်ညတာလုံးပူဇော်ရသော ပူဇော်ပွဲညမြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Shivratri Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၉) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၄ရက်၊ စနေနေ့ သည် ကွယ်လွန်ပြီးသောဘိုးဘွားမိဘများအား ရည်မှန်းပြီး အလှူဒါနပြုကာ ကုသိုလ်ပြုလုပ်ပူဇော်ရသော လကွယ်ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Sarva Pitru Amavasya ရက်မြတ်ဖြစ်သလို Ashwina နက္ခတ်နှင့်စန်းယှဉ် လ၏ ပထမနေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Ashwina Amavasyaရက်မြတ်ဖြစ်ပေ၏။
-
(၁၀) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ရက်၊ တနင်္ဂနွေနေ့တွင် Surya Grahanဟူသော နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လိမ့်မည်။
-
(၁၁) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ရက်၊ တနင်္လာနေ့တွင် လစတင်ထွက်ပေါ်ခြင်းရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Chandra Darshana ရက်မြတ်ဖြစ်၏။
-
(၁၂) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ရက်၊ ဗုဒ္ဓဟူးနေ့သည် တူရာသီကာလအပိုင်းအခြား၏ ပထမဆုံးနေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Tula Sankranti ရက်မြတ်ဖြစ်၏။
-
(၁၃) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ရက်၊ ဗုဒ္ဓဟူးနေ့သည် လစဉ်လတိုင်း၏ လေးရက်တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Vinayakaအား ပူဇော်ရသော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Vinayaka Chaturthiရက်မြတ်ဖြစ်ပေ၏။
-
(၁၄) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ရက်၊ သောကြာနေ့သည် လစဉ်လတိုင်း၏ လဆန်းခြောက်ရက်နေ့တွင်သာ ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Skanda အား ပူဇော်ရသော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Skanda Sashti ရက်မြတ်ဖြစ်ပေ၏။
-
(၁၅) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ရက်၊ တနင်္လာနေ့သည် Navaratriရက် တမီးလ်လူမျိုးများက ဓားအစရှိသော လက်နက်များအား ပူဇော်သောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Shastra Pujaရက်မြတ်ဖြစ်ပေ၏။
-
(၁၆) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်၊ အင်္ဂါနေ့သည် Navaratriပူဇော်ခြင်း ဆယ်ရက်မြောက်နေ့တွင် အိန္ဒိယနိုင်ငံ မာလေယန်းလူမျိုးများမှ ပြုလုပ်ပူဇော်ကျင်းပသော မယ်တော်မြတ် Sarswati ပူဇော်ပွဲဟူ၍ အဓိပ္ပာယ်ရှိသည့် Vidyarambham Puja ရက်မြတ်ဖြစ်ပေ၏။
-
(၁၇) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်၊ အင်္ဂါနေ့သည် Vaishanavaဂိုဏ်းတော်ဆိုင်ရာ ကျမ်းမြတ်များအား ရေးသားလေ့ရှိသော Madhvacharya ဆရာသခင်၏ သက်တော် ခုနှစ်ရာရှစ်ဆယ့်ငါးနှစ်မြောက် မွေးနေ့ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Madhvacharya Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၁၈) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်၊ အင်္ဂါနေ့သည် Navaratriပူဇော်ခြင်း ဆယ်ရက်မြောက်နေ့တွင် အိန္ဒိယနိုင်ငံ Mysore ပြည်နယ်၏ ကိုးကွယ်ပူဇော်မှုအား ခံယူတော်မူရသော မယ်တော်မြတ် Chamundeshwari ၏ ဒေသစာရီရုပ်ထုတော်၏ ဆင်တော်ရတနာဖြင့် မြို့ပတ်လှည့်လည်ပူဇော်ခြင်းနေ့မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Mysore Dasara ရက်မြတ်ဖြစ်ပေ၏။
-
(၁၉) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ရက်၊ ဗုဒ္ဓဟူးနေ့ သည် လစဉ်လတိုင်း၏ တစ်ဆယ့်တစ်ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Vishnu အား ပူဇော်ကျင်းပရသည့် ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Papankusha Ekadashi Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၂၀) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ရက်၊ ကြာသပတေးနေ့သည် လစဉ်လတိုင်း၏ လပြည့်ကျော် ၁၃ရက်နေ့တိုင်းတွင် ဥပုသ့်ဆောက်တည်ကာ ဘုရားသခင် Shivaနှင့် မယ်တော်Parvatiအား ပူဇော်ရသောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Guru Pradosh Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၂၁) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ရက်၊ စနေနေ့သည် Ashwina နက္ခတ်နှင့်စန်းယှဉ်သော လပြည့်ညတွင် အိန္ဒိယနိုင်ငံ ဘင်္ဂါလီလူမျိုး၊ ဩဒိသလူမျိုး၊ အာသံလူမျိုးတို့ ပြုလုပ်ပူဇော်ကျင်းပလေ့ရှိသော မယ်တော်မြတ် Lakshmi ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Kojagara Lakshmi Puja ရက်မြတ်ဖြစ်ပေ၏။
-
(၂၂) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ရက်၊ စနေနေ့သည် ဝါလ်မီကီရာမယဏကျမ်းတော်မြတ် အား ရေးသားခဲ့သော Valmikiဆရာသခင်၏ မွေးနေ့ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Valmiki Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၂၃) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ရက်၊ စနေနေ့သည် ဘုရားသခင် Shri Krishna အား အထူးယုံကြည်ကိုးကွယ်ပူဇော်သူ မယ်တော်မြတ် Meerabai၏ သက်တော် ငါးရာနှစ်ဆယ့်ငါးနှစ်မြောက် မွေးနေ့ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Meerabai Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၂၄) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ရက်၊ စနေနေ့သည် Ashwina နက္ခတ်နှင့်စန်းယှဉ်သော ဥပုသ့်လပြည့်ည ဟူ၍ အဓိပ္ပာယ်ရှိသည့် Ashwina Purnima ရက်မြတ်ဖြစ်သလို ဘုရားသခင် Krishna နှင့် မယ်တော်မြတ် Radha အမှူးပြုသော Gopi မိန်းမပျိုများနှင့် ကခုန်ခဲ့သော လပြည့်ညဟူ၍ အဓိပ္ပာယ်ရှိသည့် Rasa Purnima ရက်မြတ်ဖြစ်ပေ၏။
-
(၂၅) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ရက်၊ တနင်္ဂနွေနေ့တွင် Chandra Grahanဟူသော လကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လိမ့်မည်။

လကြတ်ခြင်းကာလအပိုင်းအခြားမှာ ၂၉.၁၀.၂၃ ၏ သန်းခေါင်ယံ ၂နာရီ ၅မိနစ် မှ ၂၉.၁၀.၂၃၏ သန်းခေါင်ယံ ၃နာရီ ၂၄မိနစ်အထိ ဖြစ်သည်။
-
(၂၆) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ရက်၊ တနင်္လာနေ့သည် လစဉ်လတိုင်း၏ ငါးရက်နေ့၏ ညတိုင်းတွင် ဘုရားသခင် Shivaနှင့် Subrahmanya အမှူးပြုသော ဒေဝတာများအား ဆီမီးအမြောက်အများဖြင့် ပူဇော်သောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Karthigai ရက်မြတ် ဖြစ်ပေသည်။
-
(၂၇) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ရက်၊ အင်္ဂါနေ့ သည် အိန္ဒိယနိုင်ငံAndhra Pradesh ပြည်နယ်နေ အမျိုးသမီးများက မိမိတို့၏ ခင်ပွန်းများအား သက်ရှည်ကျန်းမာရေးအတွက် ဥပုသ့်ဆောက်တည်ကာ ဆုတောင်းရသောရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Atla Tadde ရက်မြတ်ဖြစ်ပေ၏။
-
-
ဤဖော်ပြခဲ့ပြီးသောရက်မြတ်များတွင် မိမိတို့ ယုံကြည်ချစ်ခင်မြတ်နိုးသော ဘုရားသခင်နှင့်မယ်တော်များအား နေအိမ်တွင်လည်းကောင်း၊ ဝတ်ပြုကျောင်းတော်များတွင်လည်းကောင်းပူဇော်မှုပြုနိုင်ကြသည်ဖြစ်၍ အသွယ်သွယ်သောလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ အကျွန်ုပ်အတာနွေဦးမှဆုမွန်ကောင်းပေးလိုက်ပါသည်။
-
-

Photos from Dharma Ganga's post 29/09/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အနောက်ကမာရွတ် (၅)ရပ်ကွက်၊ မြရတနာလမ်းရှိ Sri Muneshwaran Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 27/09/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အနာက်ကမာရွတ် ရပ်ကွက်၊ မဟာ(၉)လမ်းရှိ Sri Muttu Mariamman၊ Sri Veerama Kali Amman Devastanamအား Bhaktaအများသွားရောက်ပူဇော်နိုင်စေရန်အတွက် လမ်းညွှန်မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 26/09/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အုတ်ကျင်းရပ်ကွက်၊ မြနန္ဒာအိမ်ရာဝင်း၊ မြနန္ဒာ(၄)လမ်းရှိ Sri Krishna Devastanamအား Bhaktaအများအား အကျိုးရှိစေရန်အတွက် မျှဝေတင်ပြအပ်ပါသည်။

Photos from Dharma Ganga's post 24/09/2023

ယနေ့ ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဆိုးတန်းမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် ၂၁၂/၂၁၄ Sri Set San Mandirတွင် ပြုလုပ်ကျင်းပသော Sri Sri Thakur Anukulchandra Radha Swami ၏ သက်တော် တစ်ရာသုံးဆယ့်ခြောက်နှစ် မြောက်မွေးနေ့မင်္ဂလာပူဇော်ပွဲမှတ်တမ်းများအား အများကြည်နူးဝမ်းမြောက်စေရန်အတွက်မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 23/09/2023

ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တစ်ဝိုက်ရှိ ဟိန္ဒူဝတ်ပြုကျောင်းတော်များသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၅ ရပ်ကွက်၊ မြကန်သာလမ်းမကြီး၊ အမှတ် ၁၅၂ (ခ)ရှိ Sri Mahamuneswar Sri Malite Muttu Mariamman၊ Sri Pechiamman Devastanamအား ပဏာမ အနေဖြင့်မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 17/09/2023

ကျွန်တော်အတာနွေဦးသည် ၆ရက်၊ ဇွန်လ ၂၀၂၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ဇောတိကလမ်း၊ အမှတ်(၈၉၊၉၀)ရှိ Sri Muttu Mariamman Devastanamသို့ သွားရောက်ဝတ်ပြုပူဇော်ခြင်း မှတ်တမ်းအား အများသွားရောက်ဝတ်ပြု ပူဇော်နိုင်ရန်အတွက် မျှဝေတင်ပြအပ်ပါတယ်ဗျာ့။

Photos from Dharma Ganga's post 12/09/2023

ကျွန်တော်အတာနွေဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ နံ့သာကုန်း(၁)လမ်း၊အမှတ်(၉)ရှိ Sri Jayamangal Kali Amman Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 10/09/2023

ကျွန်တော်အတာနွေဦးသည် ၆ရက် ဇွန်လ ၂၀၂၃ခုနှစ် တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ၊ သန်လျင်ဈေးအနီး၊ အမှတ်(၁)၊မြို့တောင်ရပ်ကွက်၊ သီတာလမ်းရှိ Sri Sri Sri Jagannatha Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 08/09/2023

ကျွန်တော်အတာနွေဦးသည် ၆ရက် ဇွန်လ ၂၀၂၃ခုနှစ် တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ၊ သန်လျင်ဈေးအနီး၊ ဈေးချိုလမ်းရှိ Sri Vinayaka Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

05/09/2023

မနက်ဖြန် ဘုရားသခင်Krishna ၏ Janmashtami မွေးနေ့ရက်မြတ်အထိမ်းအမှတ်

Gopala Dwadasha Nama Stotram (ခေါ်)ဘုရားသခင် Gopala ၏ နာမတော် ဆယ်နှစ်မျိုးဖြင့်ဖွဲ့သီထားသော
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တရားတော်မြတ် မြန်မာပြန်စကားပြေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-
Arjunaမှ ရသေ့မုနိများအားပြန်လည်ပြောကြားခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hindi English- Shrunu Twam Munaya, Sarve Goplasya Mahatamana,
Anandasya Prameyasya, Nama Dwadashkam Stavam.
-
မြန်မာပြန်စကားပြေ- အသင်အကျင့်ဖြူစင်ရသေ့မုနိတို့သည် အကျွန်ုပ် ဘုရားသခင် Shri Adi Sheshaမြွေမင်းထံမှ မှတ်သားနာယူခဲ့ရပြီး ထူးမြတ်သော ၊ ကျက်သရေရှိသည့် ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးအကြောင်းကို နာယူမှတ်သားကြလော့။
-
-
Hindi English- Arjunaya Pura Gitam, Gopalena Mahatamana,
Dwarakayam Pritayate Yashodashcha Sannidhou.
-
မြန်မာပြန်စကားပြေ- ထိုArjunaစစ်သည်မင်းမြတ်သည် ဘုရားသခင် Krishna တို့ညီနောင်စိုးစံသော Dwaraka မြို့တော်ရှိ မယ်တော်ဒေဝီ Yashoda စံရာဌာနတွင် ဤ ထူးမြတ်ပြီး ကျက်သရေရှိသည့် ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးဖြင့် ရွတ်ဖတ်ပူဇော်လေ့ရှိပေ၏။
-
-
Nyasam/နိဒါန်းပဏာမ
~~~~~~~~~~~~~~~~~~~

Hindi English- Asya Shri Gopala Dwadasha Nama Stotra Mahamantrasya, Phalguna Rishihi, Anushtupa Chandaha, Shri Krishna Paramatama Devata, Om Beejam, Swaheti Shaktihi, Shri Gopala Krishnu Pritayate Jape Viniyogaha.
-
မြန်မာပြန်စကားပြေ-ယခု အကျွန်ုပ်အတာနွေဦး မြန်မာပြန်စကားပြေအဖြစ် ပြန်လည်ရေးသားမည့် ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မင်းဘုရင် Arjunaမှ ပြန်လည်ပြောကြားသင်ကြားခဲ့ပြီး တစ်ဂါထာလျှင် သရရှစ်လုံးရှိပါ၏။
ဤမန္တန်တော်ပါ အကြောင်းအရာများ၏ ရည်ရွယ်လိုသောဒေဝတာဘုရားသည် ဘုရားသခင်Krishna၏ မြင့်မြတ်သော အသက်ဓာတ်တော်ဒေဝတာ(Vishnu)ပင်ဖြစ်ပါပေ၏။
ဤမန္တန်တော်၏ဗီဇမန္တန်မှာ ဥုမ်မန္တန်ပင်ဖြစ်ပါပေ၏။
ဤမန္တန်တော်၏အစွမ်းသတ္တိတည်ရာမှာ Swaha စကားလုံးပင်ဖြစ်ပါပေ၏။
ဤမန္တန်တော်ကိုရွတ်ဖတ်ပူဇော်လျှင် ဘုရားသခင် Gopala Krishna သည် အလွန် နှစ်သက်ကျေနပ်တော်မူပေမည်။
-
-
Dhyanam/ဘုရားအရှင် Gopala ၏ ရုပ်အသွင်တော်အား စိတ်ဖြင့် မှန်းဆအသွင်ဖော်ရင်း ရွတ်ဖတ်ရသော ဂါထာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hindi English- Janubhyam Abhidavandam, Bahubhyam Adisundaram,
Sakundalakam Balam, Gopalam Chintayeth Usha.
-
မြန်မာပြန်စကားပြေ-အကျွန်ုပ်သည် မနက်တိုင်း နှစ်လိုစဖွယ်တင့်တယ်လှပေသော ခြေတော်လည်းရှိတော်မူသော၊ ကိုယ်တော်တစ်ကိုယ်လုံးပင်မဆိုထားနှင့်။ လက်တော်လေးပါ နှစ်လိုစဖွယ် လှပတင့်တယ်တော်မူပြီး နားဆွဲရတနာလှအား နားတွင် အမြဲဆင်မြန်းတော်မူထားသော ဘုရားသခင်ကလေး Shri Gopala ၏ရုပ်အသွင်တော်အား ရည်မှန်းတမ်းတအာရုံပြုကာ ရှိခိုးပူဇော်ပါ၏။
-
-
Namam/ ဘုရားသခင် ဂေါပါလ၏ နာမတော် ၁၂မျိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hindi English- 1. Prathaman Tu Harim Vidyeth, Dwitiyam Keshavam Tatha,
Tritiyam Padamanabham Cha Chaturtham Vamanam Tatha..
-
မြန်မာပြန်စကားပြေ- (၁) ၁။ ဘုရားသခင်ကလေး Gopala ၏ ပထမမြောက် အမည်နာမတော်မှာ သဘာဝနှင့်ဆိုင်သော ဉာဏ်ပညာ ပင်ဖြစ်ပေ၏။(Harividya)
၂။ ဘုရားသခင်ကလေး Gopala ၏ ဒုတိယမြောက် အမည်နာမတော်မှာ Keshiasuraအား နှိမ်နင်းအောင်မြင်ခဲ့သူ ပင်ဖြစ်ပေ၏။(Keshava)
၃။ ဘုရားသခင်ကလေး Gopala ၏ တတိယမြောက် အမည်နာမတော်မှာ ကြာပန်းပေါက်သောချက်တော်ရှိသူ ပင်ဖြစ်ပေ၏။(Padmanabha)
၄။ ဘုရားသခင်ကလေး Gopala ၏ စတုတ္ထမြောက် အမည်နာမတော်မှာ ပုငယ်သောသူ ပင်ဖြစ်ပေ၏။(Vamana)
-
-

Hindi English- 2. Panchamam Veda Garbham Cha, Shashtamam Cha Madhusudhanam,
Saptamam Vasudevam Cha, Varaham Cha Ashtamam Tatha.
-
မြန်မာပြန်စကားပြေ- (၂) ၅။ ဘုရားသခင်ကလေး Gopala ၏ ပဉ္စမမြောက် အမည်နာမတော်မှာ ဝေဒကျမ်းနှင့်ပြည့်ဝနေသော ဝမ်းဗိုက်တော်ရှိသူ ပင်ဖြစ်ပေ၏။(Veda Garbha)
၆။ ဘုရားသခင်ကလေး Gopala ၏ ဆဋ္ဌမမြောက် အမည်နာမတော်မှာ Madhuasuraအား နှိမ်နင်းအောင်မြင်ခဲ့သူ ပင်ဖြစ်ပေ၏။(Madhusudhana)
၇။ ဘုရားသခင်ကလေး Gopala ၏ သတ္တမမြောက် အမည်နာမတော်မှာ မင်းသားVasu Deva၏သားတော် ပင်ဖြစ်ပေ၏။(Vasudeva)
၈။ ဘုရားသခင်ကလေး Gopala ၏ အဋ္ဌမမြောက် အမည်နာမတော်မှာ ကမ္ဘာလောကကိုကယ်တင်ခဲ့သော တောဝက်ခေါင်းရှိသူ ပင်ဖြစ်ပေ၏။(Varaha)

-
-

Hindi English- 3. Navamam Pundarikaksham, Dashamam Cha Janardhanam,
Krishnam Ekadasha Proktam Dwadasham Shridharam Tatha.
-
မြန်မာပြန်စကားပြေ- (၃) ၉။ ဘုရားသခင်ကလေး Gopala ၏ နဝမမြောက် အမည်နာမတော်မှာ ကြာပန်းနှင့်တူသော မျက်ဝန်းတော်ရှိသူ ပင်ဖြစ်ပေ၏။(Pundarikaksha)
၁၀။ ဘုရားသခင်ကလေး Gopala ၏ ဒသမမြောက် အမည်နာမတော်မှာ အလုံးစုံသောများ၏ပူဇော်မှုကိုခံယူရသူ ပင်ဖြစ်ပေ၏။(Janardhana)
၁၁။ ဘုရားသခင်ကလေး Gopala ၏ ဧကာဒသမမြောက် အမည်နာမတော်မှာ ညိုမှောင်သောအသားအရည် ရှိသူ ပင်ဖြစ်ပေ၏။(Krishna)
၁၂။ ဘုရားသခင်ကလေး Gopala ၏ ဒွါဒသမမြောက် အမည်နာမတော်မှာ သီရိမယ်တော်အားပိုင်ဆိုင်သူ ပင်ဖြစ်ပေ၏။(Shridhara)
-
-
Phalastuti/ နာမတော်ဆယ်နှစ်မျိုးအားရွတ်ဖတ်ပူဇော်ရခြင်း၏အကျိုးကျေးဇူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hindi English- 1. Evam Dwadasha Namani, Maya Proktani Phalaguna,
Kala Tratham Padeth Yastu, Tatsya Punya Phalam Srunu.
-
မြန်မာပြန်စကားပြေ-၁။ စစ်သည်မင်းဘုရင် Arjuna၏ ပြန်လည်ပို့ချချက်ဖြစ်သော ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မနက်ခင်း၊ နေ့လည် နှင့် ညချမ်းသုံးချိန်စလုံးတွင် ရွတ်ဖတ်ပူဇော်သူသည် ဖလဂုဏနက္ခတ်နှင့်စန်းယှဉ်သောလမင်းကဲ့သို့ တောက်ပြောင်သော အကျိုးမြတ်ကောင်းကို ရရှိလိမ့်မည်။
-
-
Hindi English- 2. Chandrayana Sahsrasya, Kanya Dana Samasya Cha,
Ashwamedha Sahasrasya, Phalam Apnoti Manava.
-
မြန်မာပြန်စကားပြေ- ၂။ ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မနက်ခင်းချိန်၊ နေ့လည် နှင့် ညချမ်းသုံးချိန်စလုံးတွင် ရွတ်ဖတ်ပူဇော်သူ၏အကျိုးအာနိသင်သည် လပေါင်းတစ်သောင်းရှည်ကြာစွာ စောင့်ထိန်းရသော ဥပုသ့်သီလ၏အကျိုးအာနိသင်နှင့် ထပ်တူပင်ဖြစ်ပေ၏။
ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မနက်ခင်းချိန်၊ နေ့လည် နှင့် ညချမ်းသုံးချိန်စလုံးတွင် ရွတ်ဖတ်ပူဇော်သူ၏အကျိုးအာနိသင်သည် အပျိုစင်အမျိုးသမီးကို လက်ထပ်ပွဲမင်္ဂလာနှင့်တကွ ပေးလှူလိုက်ခြင်း၏အကျိုးအာနိသင်နှင့် ထပ်တူပင်ဖြစ်ပေ၏။

ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မနက်ခင်းချိန်၊ နေ့လည် နှင့် ညချမ်းသုံးချိန်စလုံးတွင် ရွတ်ဖတ်ပူဇော်သူ၏အကျိုးအာနိသင်သည် Ashwamedha Yagna ပူဇော်ပွဲ အကြိမ်တစ်သောင်းပြုလုပ်ခြင်း၏အကျိုးအာနိသင်နှင့် ထပ်တူပင်ဖြစ်ပါပေ၏။
-
-
Hindi English- 3. Amayam Puranamasyam Cha Dwadashyam Tu Visheshataha,
Partatkale Pate Nityam, Sarva Papa Pramuchayate.
-
မြန်မာပြန်စကားပြေ- ၃။ ဤ ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို လကွယ်နေ့၊ လပြည့်နေ့နှင့် လဆန်း ၁၂ရက်၊ လဆုတ် ၁၂ရက်တို့တွင် ရွတ်ဖတ်ပူဇော်ခဲ့လျှင် အလွန်ကျက်သရေရှိပေ၏။
ဤသို့မဟုတ်လျှင် ဤ ဘုရားသခင် Gopala ၏ နာမတော် တစ်ဆယ့်နှစ်မျိုးမန္တန်တော်ကို မနက်ခင်းတိုင်း မှန်မှန် ရွတ်ဖတ်ပူဇော်ခဲ့လျှင် အလုံးစုံသောအပြစ်ဒေါသများမှ သက်သာခွင့် ရရှိလိမ့်မည်တကား။
-
-
Iti Shri Gopala Dwadasha Nama Stotram Sampuranam.
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် Krishna Janmashtami Puja အထိမ်းအမှတ် အနေနှင့် ဘုရားသခင် Gopalaနာမတော် တစ်ဆယ့်နှစ်မျိုး မြန်မာပြန်စကားပြေအဖြစ် ပြန်လည်ရေးသားသောနည်းဖြင့် ဘုရားသခင် Krishnaအား ပူဇော်ခြင်းသည်အောင်မြင်စွာပြီးစီးခဲ့လေပြီ။
-
-
ဥုမ်။ နှစ်သက်စွဲမက်စရာကောင်းသူဘုရားသခင်အား ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။
-

Photos from Dharma Ganga's post 03/09/2023

ကျွန်တော်အတာနွေဦးသည် ၆ရက် ဇွန်လ ၂၀၂၃ခုနှစ် တုန်းကတစ်ခါ၊ မနေ့က Sawan နောက်ဆုံး Shiva Pujaမှာတစ်ခါ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ၊ သန်လျင်ဈေးအနီး၊ အမှတ်(၁၈) သုခလမ်းရှိ Sri Sri Sri Kali Bari Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းနှင့်အတူ Sawan Shiva Pujaမှတ်တမ်းများအား မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 28/08/2023

ကျွန်တော်အတာနွေဦးသည် ၃ရက် မတ်လ ၂၀၂၃ခုနှစ် တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ စင်္ကာပူလမ်းရှိ Sri Jada Muneswara Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 21/08/2023

ကျွန်တော်အတာနွေဦးသည် ၉ရက် ဖေဖော်ဝါရီလ ၂၀၂၃ခုနှစ် တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းလမ်း၊ မြို့ပြကွက်သစ် (၁၀)ရပ်ကွက်ရှိ Sri Veerama Kali Amman Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

Photos from Dharma Ganga's post 19/08/2023

ယနေ့ကျွန်တော်အတာနွေဦးသည် မိတ်ဆွေရောင်းရင်းများနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်၊ အလုံလမ်းမအနီး၊ ဌာနလမ်းသွယ်ရှိ Sri Kali Amman Mandirသို့ သွားရောက်ဝတ်ပြုပူဇော်ခဲ့တဲ့ မှတ်တမ်းအား မျှဝေတင်ပြအပ်ပါတယ်။

08/12/2022

ယနေ့ Anapurana မယ်တော်၏ Jayanti မွေးနေ့အထိမ်းအမှတ်

Anapurana မယ်တော်၏ကူညီစောင့်ရှောက်မှုအား မရရှိလျှင် ဖြစ်မည့်အကျိုးဆက်
~~~~~~~~~~~~~~~~~~~~
Hindi English- Lalachi Lalatha Vilalatha, Dwardwara Dheen Badan Malin, Man Mitai Na Bishorna,
Takatha Sagadha Kai, Bibahag Kai Uchchah Kachoi, Dol Dol Bujata Sabadha Daal Thurana,
Pyasehum Na Pavai Bari, Bhoke Na Chanak Chari, Chahath Aharam Pahar Dhari Dhorana,
Sok Ko Agara Dukh Bar Baro Tail Jan, Jailon Devi Dravi Na Bhavani Annapurna.
-
မြန်မာပြန်စကားပြေ- တစ်စုံတစ်ယောက်သည် ကောင်းမြတ်ခြင်းနှင့်ပြည့်စုံသောချမ်းသာသုခကို ပေးသနားနိုင်သည့် အလိုဆန္ဒမှန်သမျှကို ပြည့်စုံလုံလောက်သည်အထိ ပြည့်ဝစေတော်မူနိုင်သူ ဟူ၍ အဓိပ္ပာယ်ရှိသော Annapurnaအမည်နာမတော်ကို ပိုင်ဆိုင်တော်မူထားသည့် မယ်တော်မြတ်၏ ကူညီမစစောင့်ရှောက်မှုကို မရရှိခဲ့လျှင်
တောင်းယူစားသောက်လိုဇောနှင့် တစ်အိမ်တက်တစ်ဆင်း ခြေသလုံးအိမ်တိုင်ဘဝနှင့်သွားလာရကာ၊
ပြဿနာများအားစိုးရိမ်ကြောက်လန့်သောစိတ်မှဖန်တီးသော ညစ်ပတ်စုတ်ပေသောမျက်နှာဖြစ်ပြီး၊
ခွန်အားနှင့်ကြံခိုင်မှုမရှိသည့်အပြင် (တောင်းယူစားသောက်ရန်အတွက်) မင်္ဂလာသဘင်ပွဲနှင့် အခမ်းအနားပွဲလမ်းသဘင်နေရာများအား ရှာဖွေရတတ်ပြီး၊
ထိုသူ၏ဘဝသည် (တောင်းယူစားသောက်ရန်အတွက်) မင်္ဂလာသဘင်ပွဲနှင့် အခမ်းအနားပွဲလမ်းသဘင်အသံများအား နားထောင်ရကာ ထိုပွဲများ၏နေရာများအား အနားယူခြင်းမရှိရသည်အထိ ခြေသလုံးအိမ်တိုင်ဘဝနှင့် မေးမြန်းရတတ်ပြီး
ရေဆာလျှင်လည်း ရေအလုံအလောက်သောက်ခွင့်မရကာ တောင်ကဲ့သို့ကြီးမားသည့် အစာစားချင်စိတ်ရှိမည်ဖြစ်ပြီး
ထိုသူသည် အလွန်ဆာလောင်လှသောကြောင့် အိမ်များရှိ ထမင်းကျန်ဟင်းကျန်ကလေးကိုပင် တောင်းယူရပါသော်လည်း မရပေ။
ထို့ကြောင့် သူသည် စိုးရိမ်သောကအပေါင်းနှင့်ကြုံတွေ့ရလိမ့်မည်။
-
-
ဤသိုဖြင့် အကျွန်ုပ်အတာနွေဦးသည် Anapurana မယ်တော်၏ကူညီစောင့်ရှောက်မှုအား မရရှိလျှင် ဖြစ်မည့်အကျိုးဆက်အကြောင်းကထာအား မြန်မာပြန်စကားပြေအဖြစ် ပြန်လည်မျှဝေရေးသားသောနည်းဖြင့် Anapurana မယ်တော် အား ပူဇော်ခြင်းသည် ပြည့်စုံစွာ ပြီးစီးခဲ့လေပြီ။
-
-
ဥုမ်။ အလိုဆန္ဒမှန်သမျှကို ပြည့်စုံလုံလောက်သည်အထိ ပြည့်ဝစေတော်မူနိုင်သော မယ်တော်မြတ်အား ရှိခိုးပါ၏။
-
-
-

07/12/2022

ယနေ့ Dattatreya Jayanti အထိမ်းအမှတ် Shrimad Bhagavatam Maha Purana ကျမ်းမြတ်တော်အလာ ဂါထာတော်အား မြန်မာပြန်စကားပြေအဖြစ်တင်ပြခြင်း
-
-
Hindi English-Sashtam Atrir Apatya Twam, Vritah Praptonasuyaya, Anvikshikim Alarkaya, Prahlada Adibhya Uuchivan.
-
မြန်မာပြန်စကားပြေ-ယခုခြောက်ကြိမ်မြောက် အကျွန်ုပ်ထုတ်ဖော်ပြောကြားမည့် ဘုရားအရှင်မင်းနာရာယန၏ အသွင်တော်မှာ Atri အမည်ရှိသည့်ရှင်ရသေ့၏သားတော်၊ မိမိ၏မိခင် ဒေဝီAnusuyaမယ်တော်အား စီးပွားချမ်းသာသုခများဖြစ်စေပြီး ကြမ်းတမ်းမှောင်မိုက်ခြင်းတရားအကြောင်းများ၊ ပျော်ရွှင်သိမြင်ခြင်းအလင်းတရားအကြောင်းများ အစရှိသဖြင့် ဒဿနတရားများစွာတို့ကို ဟောကြားတော်မူခဲ့သည့် ဘုရားအရှင် Dattatreya ပင်ဖြစ်ပေ၏။
-
-
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် Dattatreya Jayanti Pujaအထိမ်းအမှတ် အနေနှင့် Shrimad Bhagavatam Maha Purana ကျမ်းမြတ်တော်အလာ ဂါထာတော်အား မြန်မာပြန်စကားပြေအဖြစ် ပြန်လည်ရေးသားသောနည်းဖြင့် ဘုရားသခင် Dattatreya အား ပူဇော်ခြင်းသည်အောင်မြင်စွာပြီးစီးခဲ့လေပြီ။
-
-
ဥုမ်။ Anusuyaမယ်တော်၏သားတော်မြတ်အား ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။
-

Photos from Dharma Ganga's post 01/12/2022

မင်္ဂလာရှိသောအချိန်အခါသမယလေးဖြစ်ပါစေ။

ဟိန္ဒူဘာသာ၏ ဘုရားအရှင်နှင့်မယ်တော်များအားယုံကြည်ရိုသေလေးစားမြတ်နိုးပူဇော်အားကိုးသူများအတွက် သက်ဆိုင်ရာနေ့ထူးရက်မြတ်များတွင် ပူဇော်မှုများအချိန်နှင့် အမှီပြုလုပ်နိုင်ရန်အတွက် Drik Panchangပြက္ခဒိန်အလာရက်မြတ်များကို ဤသို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
-
-
-
(၁) ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁ရက် ကြာသပတေးနေ့သည် လတစ်လ၏လဆန်းရှစ်ရက်နေ့တိုင်းတွင် မယ်တော်မြတ်Durgaအား ဥပုသ့်ဆောက်တည်ကာပူဇော်ဖွယ်ရာဖြင့်ပူဇော်ရသော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Durgashtami ရက်မြတ်ဖြစ်ပေ၏။
-
ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၃၀၊၁၁၊၂၀၂၂၏ မနက် ၉နာရီ ၅၈မိနစ် မှ ၁၊၁၂၊၂၀၂၂၏ မနက်ခင်း ၈နာရီ ၂၁မိနစ်အထိဖြစ်ပေ၏။
-
-
(၂) ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၄ရက် တနင်္ဂနွေနေ့သည် မဟာဘာရတစစ်မြေပြင်လယ်တွင် ဘုရားသခင် Krishna မှ ဘုရင် Arjuna အား Gita(ဂီတာ)ကျမ်းမြတ်တရားအကြောင်း ဟောကြားတော်မူသောနေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Gita Jayantiရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၃၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၃၉မိနစ် မှ ၄၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၃၄မိနစ်အထိဖြစ်ပေ၏။
-
-
(၂) ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၄ရက် တနင်္ဂနွေနေ့သည် ဘုရားအရှင်Vishnuအားလတစ်လ၏ ဆယ့်တစ်ရက်နေ့တိုင်းတွင် အကျင့်မြတ်သီလများဆောက်တည်၍ ပူဇော်ရသည့် ရက်မြတ်များထဲမှ တစ်ရက်ဖြစ်သည့်အပြင် လွတ်မြောက်ခြင်းချမ်းသာ မောက္ခတရားရလိုသူတို အထူးဆောက်တည်သင့်သော ဥပုသ့်နေ့ဖြစ်သောကြောင့် Mokshada Ekadashiရက်မြတ်ပင်ဖြစ်သလို ဘုရားသခင် Guruvayurappan ၏ မွေးဖွားဖြစ်ထွန်းသောနေ့ ဖြစ်သောကြောင့်လည်း Guruvayur Ekadashi ရက်မြတ်ဟူ၍လည်း သိမှတ်ခဲ့ရသည်။ ။

သီလဆောက်တည်သောသူများအတွက် သီလဆောက်တည်မှုအားအောင်မြင်သည့် အထိမ်းအမှတ်အနေဖြင့် ဥပုသ့်ဆောက်တည်ခြင်းအားရပ်တန့်ပြီးပူဇော်ရန်အချိန်သည့် ၅၊၁၂၊၂၀၂၂ ၏ မနက်ခင်း ၆နာရီ၂၁မိနစ် မှ မနက် ခင်း ၆နာရီ ၅၇မိနစ်အထိဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၃၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၃၉မိနစ် မှ ၄၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၃၄မိနစ်အထိဖြစ်ပေ၏။
-
-
(၃) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်၊ တနင်္လာနေ့သည် လတစ်လ၏ တစ်ဆယ့်သုံးရက်နေ့တိုင်း ဥပုသ့်သီလများ ဆောက်တည်ကာ ပူဇော်ဖွယ်ရာဖြင့် ဘုရားအရှင် Shiva နှင့် မယ်တော်မြတ် Parvati တို့အား ပူဇော်ကြသည့် နေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Pradosh Vrat ရက်မြတ် ဖြစ်၏။ ထို့အပြင် တနင်္လာနေ့တွင် ကျရောက်သောကြောင့် Soma Pradosh Vrat ရက်မြတ်ဟူ၍ ခေါ်ဆိုနိုင်၏။

ဤရက်မြတ်တွင် ဘုရားအရှင် Shiva နှင့် မယ်တော်မြတ် Parvati တို့အားပူဇော်ရန် အချိန်ကာလကောင်းမှာ ၅၊ ၁၂၊ ၂၀၂၂၏ ညနေ ၅နာရီ ၃၁မိနစ် မှ ညချမ်း ၈နာရီ ၅မိနစ် (ကြာချိန်-၂နာရီ ၃၄မိနစ်) အထိ ဖြစ်ပေ၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၅၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၅၇မိနစ် မှ ၆၊၁၂၊၂၀၂၂၏ ည ၇နာရီ ၄၇မိနစ်အထိဖြစ်ပေ၏။
-
-
(၄) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်၊ တနင်္လာနေ့သည် အိန္ဒိယနိုင်ငံ Kannada လူမျိုးများပြုလုပ်ပူဇော်သော ဘုရားသခင်၏ Hanuman မွေးနေ့ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Hanuman Jayanti ရက်မြတ် ဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၅၊၁၂၊၂၀၂၂၏ မနက်ခင်း ၆နာရီ ၅၇မိနစ် မှ ၆၊၁၂၊၂၀၂၂၏ ည ၇နာရီ ၄၇မိနစ်အထိဖြစ်ပေ၏။

-
-
(၅) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်၊ အင်္ဂါနေ့သည် အိန္ဒိယနိုင်ငံ Tamil လူမျိုးများ၏ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်သော ညမြတ်မီးထွန်းပွဲတော်ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Karthigai Deepam ရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်တွင် ကြတိ္တကာနက္ခတ်စန်းယှဉ်မည့်အချိန်ကာလမှာ- ၆၊ ၁၂၊ ၂၀၂၂၏ မနက်ခင်း ၉နာရီ ၃၈မိနစ် မှ ၇၊၁၂၊ ၂၀၂၂၏ နေ့ခင်း ၁၁နာရီ ၂၅မိနစ် အထိ ဖြစ်ပေ၏။
-
-
(၆) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ဗုဒ္ဓဟူးနေ့သည် ဘုရားသခင်Vishnu ၏ အသွင်တော်ပွား ဖြစ်သော ဘုရားသခင် Dattatreya ၏ မွေးနေ့ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Dattatreya Jayantiရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်၏ အချိန်ကာလအပိုင်းအခြားမှာ- ၇၊ ၁၂၊ ၂၀၂၂၏ မနက် ၉နာရီ ၁မိနစ် မှ ၈၊ ၁၂၊ ၂၀၂၂၏ မနက် ၁၀နာရီ ၃၇မိနစ်အထိဖြစ်ပေ၏။
-
-
(၇) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ဗုဒ္ဓဟူးနေ့သည် မာဃနက္ခတ်နှင့်စန်းယှဉ်သော လပြည့်နေ့ဖြစ်သလို လပြည့်နေ့တွင် စောင့်ထိန်းရသော ဥပုသ့်ရက်မြတ်လည်းဖြစ်သောကြောင့် Margashirsha Purnima Vrat ဟူ၍ ခေါ်ဆိုသော ရက်မြတ်ပင်ဖြစ်ပေ၏။

ဤရက်မြတ်၏ အချိန်ကာလအပိုင်းအခြားမှာ- ၇၊ ၁၂၊ ၂၀၂၂၏ မနက် ၉နာရီ ၁မိနစ် မှ ၈၊ ၁၂၊ ၂၀၂၂၏ မနက် ၁၀နာရီ ၃၇မိနစ်အထိဖြစ်ပေ၏။
-
-
(၈) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်၊ ကြာသပတေးနေ့သည် မယ်တော်မြတ် Annapurna ၏ မွေးနေ့ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Annapurna Jayantiရက်မြတ်ဖြစ်ပေ၏။
ဤရက်မြတ်၏ အချိန်ကာလအပိုင်းအခြားမှာ- ၇၊ ၁၂၊ ၂၀၂၂၏ မနက် ၉နာရီ ၁မိနစ် မှ ၈၊ ၁၂၊ ၂၀၂၂၏ မနက် ၁၀နာရီ ၃၇မိနစ်အထိဖြစ်ပေ၏။
-
-
(၉) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်၊ ကြာသပတေးနေ့သည် Dasha Maha Vidya စာရင်းတော်ဝင် မယ်တော်မြတ် Bhairavi ၏ မွေးနေ့ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Bhairavvi Jayantiရက်မြတ်ဖြစ်ပေ၏။
ဤရက်မြတ်၏ အချိန်ကာလအပိုင်းအခြားမှာ- ၇၊ ၁၂၊ ၂၀၂၂၏ မနက် ၉နာရီ ၁မိနစ် မှ ၈၊ ၁၂၊ ၂၀၂၂၏ မနက် ၁၀နာရီ ၃၇မိနစ်အထိဖြစ်ပေ၏။
-
-
(၁၀) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်၊ စနေနေ့သည် လပြည့်ကျော် ၄ရက်နေ့တိုင်း ဥပုသ့်ဆောက်တည်ပြီး ပူဇော်မှုပြုရသော ဘုရားသခင် Ganesh၏ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Akhuratha Sankashti Chaturthi ရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၁၁၊၁၂၊၂၀၂၂၏ ညနေခင်း ၅နာရီ ၁၄မိနစ် မှ ၁၂၊၁၂၊၂၀၂၂၏ ည ၇နာရီ ၄၈မိနစ်အထိဖြစ်ပေ၏။

လထွက်မည့်အချိန်မှာ ၁၁၊၁၂၊၂၀၂၂၏ ၈နာရီ ၃၃မိနစ်အထိဖြစ်ပေ၏။
-
-
-
(၁၁) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်၊ သောကြာနေ့သည် ဓနုရာသီ၏ ပထမနေ့ဦးအစရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Dhanu Sankranti ရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်တွင် ဘုရားသခင် Surya အား ပူဇော်ရန်အချိန်ကောင်းမှာ- ၁၆၊၁၂၊၂၀၂၂၏ မနက် ၁၁နာရီ ၁၁ မိနစ်မှ နေ့လည် ၁နာရီ ၂မိနစ်အထိသည်တစ်ချိန်ဖြစ်ပြီး ထို နေ့လည် ၁နာရီ ၂မိနစ်မှ ညနေစောင်း ၅နာရီ ၇မိနစ်အထိ ဖြစ်ပေ၏။
-
-
-
-
(၁၂) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်၊ သောကြာနေ့သည် လတစ်လ၏ လပြည့်ကျော် ရှစ်ရက်နေ့တိုင်း ပူဇော်ရသည့် ဘုရားအရှင် Kala Bhairava ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Kalashtamiရက်မြတ် Kala Ashtami ရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်တွင် ဘုရားသခင် Kala Bhairava အား ပူဇော်ရန်အချိန်ကာလအပိုင်းအခြားမှာ- ၁၆၊၁၂၊၂၀၂၂၏ သန်းခေါင်ယံ ၂နာရီ ၃၉မိနစ် မှ ၁၇၊၁၂၊၂၀၂၂၏ မိုးသောက်ယံ ၄နာရီ ၂မိနစ်အထိဖြစ်ပေ၏။

-
-
(၁၃) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်၊ သောကြာနေ့သည် လတစ်လ၏ လပြည့်ကျော် ရှစ်ရက်နေ့တိုင်း ပူဇော်ရသည့် ဘုရားအရှင် Param Krishna ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Krishna Janmashtamiရက်မြတ်ပင်ဖြစ်ပေ၏။

ဤနေ့တွင် ဘုရားအရှင် Param Krishnaအား ပူဇော်ရန် အချိန်ကောင်းမှာ ၁၆၊၁၂၊၂၀၂၂၏ သန်းခေါင်ယံ ၂နာရီ ၃၉မိနစ် မှ ၁၇၊၁၂၊၂၀၂၂၏ မိုးသောက်ယံ ၄နာရီ ၂မိနစ်အထိဖြစ်ပေ၏။
-
-
(၁၄) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၊၁၉ရက် တနင်္လာနေ့သည် ဘုရားအရှင်Vishnuအားလတစ်လ၏ ဆယ့်တစ်ရက်နေ့တိုင်းတွင် အကျင့်မြတ်သီလများဆောက်တည်၍ ပူဇော်ရသည့် ရက်မြတ်များထဲမှ တစ်ရက်ဖြစ်သည့် Saphala Ekadashiရက်မြတ်ပင်ဖြစ်ပေ၏။

သီလဆောက်တည်သောသူများအတွက် သီလဆောက်တည်မှုအားအောင်မြင်သည့် အထိမ်းအမှတ်အနေဖြင့် ဥပုသ့်ဆောက်တည်ခြင်းအားရပ်တန့်ပြီးပူဇော်ရန်အချိန်သည့် ၂၀၊၁၂၊၂၀၂၂ ၏ နေ့လည် ၁နာရီ ၁၀မိနစ် မှ နေ့လည် ၃နာရီ ၂၃မိနစ်အထိဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၁၉၊၁၂၊၂၀၂၂၏ မိုးသောက်ယံ ၄နာရီ ၃၂မိနစ် မှ ၂၀၊၁၂၊၂၀၂၂၏ သန်းခေါင်ယံ ၃နာရီ ၃၂မိနစ်အထိဖြစ်ပေ၏။
-
-
(၁၅) ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၁ရက် ဗုဒ္ဓဟူးနေ့သည် လတစ်လ၏ တစ်ဆယ့်သုံးရက်နေ့တိုင်း ဥပုသ့်သီလများ ဆောက်တည်ကာ ပူဇော်ဖွယ်ရာဖြင့် ဘုရားအရှင် Shiva နှင့် မယ်တော်မြတ် Parvati တို့အား ပူဇော်ကြသည့် နေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Pradosh Vrat ရက်မြတ် ဖြစ်၏။ ထို့အပြင် ဗုဒ္ဓဟူးနေ့တွင် ကျရောက်သောကြောင့် Budha Pradosh Vrat ရက်မြတ်ဟူ၍ ခေါ်ဆိုနိုင်၏။

ဤရက်မြတ်တွင် ဘုရားအရှင် Shiva နှင့် မယ်တော်မြတ် Parvati တို့အားပူဇော်ရန် အချိန်ကာလကောင်းမှာ ၂၁၊ ၁၂၊ ၂၀၂၂၏ ညနေစောင်း ၅နာရီ ၃၇မိနစ် မှ ညချမ်း ၈နာရီ ၁၂မိနစ် (ကြာချိန်-၂နာရီ ၃၅မိနစ်) အထိ ဖြစ်ပေ၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၁၊၁၂၊၂၀၂၂၏ သန်းခေါင်ယံ ၁နာရီ ၄၅မိနစ် မှ ၂၁၊၁၂၊၂၀၂၂၏ ညချမ်း ၁၁နာရီ ၁၆မိနစ်အထိဖြစ်ပေ၏။
-
-
(၁၆) ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ရက် ဗုဒ္ဓဟူးနေ့သည် လပြည့်ကျော် ၁၄ရက်နေ့တိုင်း ပြုလုပ်ပူဇော်ရသည့် ဘုရားအရှင် Shiva၏ ညမြတ် ပူဇော်ပွဲဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Shivratri ရက်မြတ် ဖြစ်ပေ၏။

ယခုရက်မြတ်တွင် ဘုရားအရှင် Shivaအား ပူဇော်ရန် အချိန်ကောင်းမှာ- ၂၁၊၁၂၊၂၀၂၂၏ ညချမ်း ၁၁နာရီ ၃၈မိနစ်မှ ၂၂၊၁၂၊၂၀၂၁၏ သန်းခေါင်ယံ ၁၂နာရီ ၂၉မိနစ် (ကြာချိန်- ၅၂မိနစ်) အထိပင်ဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၁၊၁၂၊၂၀၂၂၏ ညချမ်း ၁၁နာရီ ၁၆မိနစ် မှ ၂၂၊၁၂၊၂၀၂၂၏ မနက်ခင်း ၈နာရီ ၁၃မိနစ်အထိဖြစ်ပေ၏။
-
-
(၁၇) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်၊ သောကြာနေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂ရက်၊ တနင်္ဂနွေနေ့အထိ သည် အိန္ဒိယနိုင်ငံ တမီးလ် လူမျိုးများပြုလုပ်ပူဇော်သော ဘုရားသခင်၏ Hanuman မွေးနေ့ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Hanuman Jayanti ရက်မြတ် ဖြစ်ပေ၏။
-
-
(၁၈) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ရက် သောကြာနေ့သည် လကွယ်နေ့ဟူ၍ အဓိပ္ပာယ်ရှိသည့် Darsha Amavasya ရက်မြတ်ဖြစ်ပေ၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၂၊၁၂၊၂၀၂၂၏ ညချမ်း ၈နာရီ ၁၃မိနစ် မှ ၂၃၊၁၂၊၂၀၂၂၏ မနက် ၄နာရီ ၄၆မိနစ်အထိဖြစ်ပေ၏။
-
-
(၁၉) ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ရက်၊ သောကြာနေ့သည် ဖုဿနက္ခတ်နှင့်စန်းယှဉ်သော လမြတ်၏ လစတင်ထွက်ပေါ်သော လဆန်းတစ်ရက်နေ့ဟူ၍ အဓိပ္ပာယ်ရှိသော Chandra Darshana ရက်မြတ်ဖြစ်ပေ၏။

ယခုရက်မြတ်တွင် သက်ဆိုင်ရာ ရိုးရာဓလေ့များပြုလုပ်ရန် အချိန်ကောင်းမှာ- ၂၄၊၁၂၊၂၀၂၂၏ ညနေစောင်း ၅နာရီ ၃၉မိနစ်မှ ညနေခင်း ၆နာရီ ၃၄မိနစ် (ကြာချိန်-၅၅မိနစ်)အထိဖြစ်ပေ၏။
-
-
(၂၀) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၆ ရက် တနင်္လာနေ့သည် လဆန်းလေးရက်နေ့တိုင်း ဥပုသ့်သီလများဆောက်တည်ကာ ပူဇော်ဖွယ်ရာဖြင့် ဘုရားအရှင် Vinayaka Ganesh အား ပူဇော်ကြသည့် နေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Vinayaka Chaturthi ရက်မြတ် ဖြစ်၏။

ယခုရက်မြတ်တွင် ဘုရားအရှင် အား ပူဇော်ရန် အချိန်ကောင်းမှာ- ၂၆၊၁၂၊၂၀၂၂၏ မနက်ခင်း ၁၀နာရီ ၅၉မိနစ်မှ နေ့လည် ၁နာရီ ၁၃မိနစ်(ကြာချိန်-၂နာရီ ၁၄မိနစ်) အထိပင်ဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၆၊၁၂၊၂၀၂၂၏ မိုးသောက်ယံ ၅နာရီ ၅၁မိနစ် မှ ၂၇၊၁၂၊၂၀၂၂၏ သန်းခေါင်ယံ ၂နာရီ ၃၇မိနစ်အထိဖြစ်ပေ၏။
-
-
(၂၁) ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက် ဗုဒ္ဓဟူးနေ့သည် လတစ်လ၏ခြောက်ရက်နေ့တိုင်းတွင် ဘုရားသခင် Skandaဥပုသ့်ဆောက်တည်ပြီးပူဇော်ရှိခိုးရသောနေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Skanda Sashtiရက်မြတ် ဖြစ်၏။

ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၇၊၁၂၊၂၀၂၂၏ ညချမ်း ၁၁နာရီ ၅၂မိနစ် မှ ၂၈၊၁၂၊၂၀၂၂၏ နေ့လည်၉ နာရီ ၄၄မိနစ်အထိဖြစ်ပေ၏။
-
-
(၂၂) ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၀ရက် သောကြာနေ့သည် လတစ်လ၏လဆန်းရှစ်ရက်နေ့တိုင်းတွင် မယ်တော်မြတ်Durgaအား ဥပုသ့်ဆောက်တည်ကာပူဇော်ဖွယ်ရာဖြင့်ပူဇော်ရသော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Durgashtami ရက်မြတ်ဖြစ်ပေ၏။
-
ဤရက်မြတ်၏အချိန်ကာလအပိုင်းအခြားမှာ- ၂၉၊၁၂၊၂၀၂၂၏ ညချမ်း ၈နာရီ ၁၇မိနစ် မှ ၃၀၊၁၂၊၂၀၂၂၏ ည ၇နာရီ ၃၃မိနစ်အထိဖြစ်ပေ၏။
-
-
ဤဖော်ပြခဲ့ပြီးသောရက်မြတ်များတွင် မိမိတို့ ယုံကြည်ချစ်ခင်မြတ်နိုးသော ဘုရားအရှင်နှင့်မယ်တော်များအားနေအိမ်တွင်လည်းကောင်း၊ ဘုရားကျောင်းMandiraတွင်လည်းကောင်းပူဇော်မှုပြုနိုင်ကြသည်ဖြစ်၍ အသွယ်သွယ်သောလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ အကျွန်ုပ်အတာနွေဦးမှဆုမွန်ကောင်းပေးလိုက်ပါသည်။
-
-
-

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Tamil လူမျိုးများ၏ ဘုရားအရှင် Hanuman ၏ မွေးနေ့ရက်မြတ်အထိမ်းအမှတ်အနေဖြင့် ဘုရားအရှင် Hanuman ၏ ဆယ်နှစ်မျိုးသောနာမတော်မျာ...

Website

Address

Yangon
Other Religious Schools in Yangon (show all)
Madrasah Swadiqiah Hifzulquran - Yangon Madrasah Swadiqiah Hifzulquran - Yangon
No. 181 , 183
Yangon, 959

Al Noor Online Quran Tajweed & Makatab Classes Al Noor Online Quran Tajweed & Makatab Classes
Myoma Street
Yangon, 11291

အစ္စလာမ့်အခြေခံသိမှတ်ဖွယ်ရာများကိုဝင်ရောက်လေ့လာနိုင်ပါသည်။

Grade Dhamma School Grade Dhamma School
Yangon

“ပညာပြည့်ဝနှလုံးလှဖို့ ဓမ္မအမွေဖြန

Diakonia KIDS & TEENS Diakonia KIDS & TEENS
Yangon

Free Zoom Sunday School Classes (Ages 5-13)

နေး အဆိုနှင့်သရုပ်ဆောင် နေး အဆိုနှင့်သရုပ်ဆောင်
မြိတ်လမ်း
Yangon

သီချင်းဆိုမယ် သရုပ်ဆောင်မယ် အမှန်‌?

NCMS Brothers - Yangon NCMS Brothers - Yangon
No. 14, Malikha Road, Mayangone
Yangon

St. Joseph's National Catholic Major Seminarians (Yangon)

Harvest Bible College - HBC Harvest Bible College - HBC
12/1450, Aung Raja 1 Street
Yangon, 11032

HBC, a globally recognized by International Bible Training Center (ibtc -USA). Here we provides a bi

University Of Abhidhamma -Yangon University Of Abhidhamma -Yangon
Moe Kaung Pagoda Compound, Yankin Township
Yangon, 11081

The first international University of higher learning in the world, dedicated to the teaching of the Buddhist Abhidhamma in English.

AFAZ Religious AFAZ Religious
Yangon

This page is ONLY for Islamic Study Reason. No Rude reply be accepted.

Swalehia Darul Iftah Swalehia Darul Iftah
အပိုင်(၁၁)ပေါက်ကုန်းရပ်ကွက်၊ခလောက်ကွန်ဒိုင်ကျေးရွာ၊
Yangon

viber နံပါတ် 09943403877 သို့ ဓမ္မသတ်မေးမြန်းနိုင်ပါသည်။

တရားတော်များ တရားတော်များ
No. (7), Panchan Kyoung Road, (13) Block, Hlaing Township
Yangon, 11051