Nursing Servise Team

Nursing Servise Team

ကျန်းမာရေးအတွက်အရေးပေါ်စောင့်ရှောက်ဖို့လိုအပ်ပါကဆက်သွယ်မေးမြန်းနိုင်ပါသည်။
Ph.09458540981

27/08/2023

1.9.2023 ရက်နေ့မှစပြီး
လုပ်ငန်းပြန်စပါမည်။

Khant Zaw Shane

12/08/2023

မဂ်လာပါ
အချိန်တိုင်းနေရာတိုင်း
လူကြီးမင်းတို့ ကျန်းမာရေးအတွက် အနီးကပ်ပြု့စုဖို့ မည်သည့်နေရာဒေသမဆိုသူနာပြုဆရာ/ဆရာမလေးများ လိုအပ်ခဲ့ပါက 24Hrအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်၊နယ်များတစ်ရက်ကြိုပြောပေးပါ

Khant Zaw Shane
09458540981.

Send a message to learn more

09/08/2023

9.8.2023
Baby Case Na ဆုသရဖီ အခက်ခဲမရှိကျော်လွှာနိုင်ပါစေ။


Khant Zaw Shane

08/08/2023

မဂ်လာပါ
လူကြီးမင်းတို့ ကျန်းမာရေးအတွက် အနီးကပ်ပြု့စုဖို့ မည်သည့်နေရာဒေသမဆိုသူနာပြုဆရာ/ဆရာမလေးများ လိုအပ်ခဲ့ပါက 24Hrအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09458540981.402059636

Send a message to learn more

30/07/2023

30.7.2023
NST တာဝန်ခံကိုယ်တိုင် မန္တလေးသို့ လပြတ် 6သိန်းဖြင့်ယနေ့ထွက်ခွာ၊
လူကြီးမင်းတို့အတွက်ကျန်းမာရေးစောင့်ရှောက်ဖို့
ဆရာ/ဆရာမများငှားရမ်းလိုပါကဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myanmar Celebrity TV
Medical/Hospital Sector Job Fair
09458540981
09402059636

28/07/2023

မဂ်လာပါ
လူကြီးမင်းတို့ ကျန်းမာရေးအတွက် အနီးကပ်ပြု့စုဖို့ မည်သည့်နေရာဒေသမဆိုသူနာပြုဆရာ/ဆရာမလေးများ လိုအပ်ခဲ့ပါက 24Hrအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Khant Zaw Shane
Wai Wai
09458540981.402059636

26/07/2023

26.7.2023
သက်ကြီး Case လပြတ် 5သိန်း တရားဝင်ခွင့်နှစ်ရက်ခံစားခွင့် လူနာနဲ့ဆရာမအဆင်ပြေပြီ
အခက်ခဲမရှိကျော်လွှာနိုင်ပါစေ။
လူကြီးမင်းတို့အတွက်လဲ ကျန်းမာရေးအတွက်
အနီးကပ်ပြုစုဖို့ ငှားရမ်းလိုပါ ဖုန်းဖြင့်သာတိုက်ရိုက်ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါသည်။

Khant Zaw Shane
Wai Wai
09458540981
09402059636

23/07/2023

Healthy care assistant လိုအပ်ပါက ကျွမ်းကျင်ဆရာ/ဆရာမလေးများကို ခေါ်ယူနိုင်ပါတယ်💊

အဘိုးအဘွားသက်ကြီးရွယ်အိုများပြုစုဖို့လိုအပ်ပါက
NSTအဖွဲ့ကို ခေါ်ယူနိုင်ပါတယ်🧑‍⚕️

☑️Drip/IV/IM/SCများကို ဆရာ၀န်ညွန်းကြားချက်အတိုင်းပြုလုပ်ပေးခြင်း

☑️ dressing ထည့်ပေးခြင်း

☑️အစာပိုက်ဖြင့် အစာကျွေးခြင်း

☑️ catheter ပိုက်လဲပေးခြင်း

☑️ Daily Vital sign ပြုလုပ်ပေးခြင်း🩺📕

☑️ Hospital & home caseများ ၀င်ခြင်း 🏥

Baby Hospital & home caseများဝင်ခြင်း

☑️နာတာရှည်လူနာများအားပြုစုစောင့်ရှောက်မူပေးခြင်း

စသည်လူနာပြုစုခြင်းဆိုင်ရာလုပ်ငန်းများအားလုပ်ဆောင်ပေးပါသည်

ဆက်သွယ်ရန်
09-458540981
-09402059636

20/07/2023

တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ

အခုလို မိုးရာသီမှာ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း သတိထားဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဲဒီရောဂါပိုး ပါဝင်နေတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံး၊ သောက်သုံးမိရာကနေ ကူးစက်နိုင်ပါတယ်။

ဒီ‌ရောဂါပိုးကို သယ်ဆောင်ထားတဲ့လူက ကိုင်တွယ်တဲ့ အစားအသောက်တွေ၊ ရေတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အခုလို ရေညစ်ညမ်းဖို့ အခွင့်အလမ်းများတဲ့ မိုးရာသီကာလမှာ အထူးသတိထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒီအူရောင်ငန်းဖျားရောဂါဟာ သန့်ရှင်းမှုအားနည်းတဲ့၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှုနည်းတဲ့ နေရာဒေသ၊ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ကမ္ဘာနဲ့တစ်ဝှမ်းမှာတော့ ကလေးတွေမှာပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကလေးတွေမှာဖြစ်တာဟာ လူကြီးတွေမှာ ဖြစ်တာလောက်တော့ လက္ခဏာ သိပ်မပြင်းထန်တတ်ပါဘူး။....

🔷 အူရောင်ငန်းဖျားရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ ?

- အဖျားတောက်လျှောက် တက်နေမယ် (ဒါမှမဟုတ်) - - အဖျားက တဖြည်းဖြည်း ထိုးတက်လာမယ်
- လျှာက ဖြူလာမယ်
- ရင်တုန်မယ်
- ခေါင်းကိုက်မယ်
- မောပန်းမယ်
- ချောင်းဆိုးမယ်
- ဝမ်းချုပ်မယ် ဒါမှမဟုတ် ဝမ်းလျှောမယ်
- အစားအသောက်ပျက်မယ်
- ဗိုက်နာမယ်
- အဖုအပိမ့်တွေ ထွက်လာမယ်

ရောဂါလက္ခဏာတွေဟာ တစ်ပတ်ထက် ပိုကြာနေမယ်၊
မကုသဘဲ နေမယ်ဆိုရင်တော့ လက္ခဏာတွေက ပိုပိုဆိုးလာပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။....

🔷 ဘာကြောင့် အူရောင်ငန်းဖျား ဖြစ်ရသလဲ ?

Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အူ‌ရောင်ငန်းဖျားဖြစ်တာ ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ကူးစက်ခံရသူရဲ့ ဆီးနဲ့ဝမ်းမှာရှိနေပြီးတော့ လက်ကိုသေချာမဆေးကြောဘူးဆိုရင် ကူးစက်ခံရသူ ထိတွေ့ကိုင်တွယ်တဲ့ အစားအသောက်တွေ၊ ရေတွေကနေ ကူးစက်တာ ဖြစ်ပါတယ်။

အချို့သော လူအနည်းငယ်မှာတော့ ရောဂါကုသပြီးနောက်ပိုင်းမှာ ပြန်သက်သာလာပေမယ့် ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်သေးပါတယ်။ ဒီလူတွေကိုတော့ (Typhoid carrier) ရောဂါပိုးကို သယ်‌ဆောင်ထားသူတွေလို့ ခေါ်ကြပါတယ်။ သူတို့တွေက ရောဂါလက္ခဏာ မပြတတ်ကြပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဝမ်းမှာ ရောဂါပိုးတွေရှိနေတတ်ပြီးတော့ အဲ့ဒီကနေတစ်ဆင့် ကူးစက်နိုင်ပါသေးတယ်။ ....

🔷 ဘယ်လိုလူမျိုးတွေမှာ အူရောင်ငန်းဖျား ဖြစ်နိုင်ခြေများလဲ ?

အူရောင်ငန်းဖျားဖြစ်ပွားနေတဲ့ ဒေသမှာ အလုပ်လုပ်တဲ့သူတွေ၊ အဲ့ဒီဒေသတွေကို ခရီးသွားတဲ့သူတွေ၊ Salmonella ရောဂါပိုးကို ကိုင်တွယ်လေ့လာပြီး အလုပ်လုပ်ရတဲ့ အဏုဇီဝပညာရှင်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိမှုနည်းတဲ့ နေရာဒေသမှာ နေထိုင်သူတွေ၊ လတ်တလော ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

မကုသဘဲ နေခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။

- အူနံရံတွေ ပျက်စီးပြီး သွေးယိုတာ၊ အူလမ်းကြောင်းထဲ ရောဂါပိုးပျံ့သွားတာ
- နှလုံးကြွက်သား ရောင်ရမ်းတာ
- သွေးကြောမကြီးတွေကို ပိုးဝင်တာ
- အဆုတ်ရောင်တာ
- သရက်ရွက်ရောင်တာ
- ကျောက်ကပ်နဲ့ ဆီးအိမ်တွေပါ ရောဂါပိုးဝင်တာ
- ဦးနှောက်အမြှေးပါးရောင်တာ
- ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ ကယောင်ကတမ်းဖြစ်တာ အစရှိတဲ့ အန္တရာယ်ကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။....

🔷 ဘယ်လို ကာကွယ်ကြမလဲ ?

• လက်ဆေးပါ။

• အစားအသောက် မချက်ပြုတ်ခင်၊ မကိုင်တွယ်ခင်၊ မစားခင်နဲ့ စားပြီးအချိန်တွေမှာနဲ့ အိမ်သာတက်ပြီးနောက်တို့မှာ လက်ကို သန့်ရှင်းအောင်ဆေးပါ။

• ရေစိမ်းသောက်သုံးတာကိုရှောင်ပါ။ ကြိုချက်ထားတဲ့ရေ (ဒါမှမဟုတ်) ရေသန့် သောက်ပေးပါ။

• အသီးအရွက်တွေကို မဆေးကြော မသန့်စင်ဘဲစားတာ ရှောင်ကြဉ်ပါ။

• အစားအစာကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ပါ။....

🔷 ဘယ်လို ကုသနိုင်လဲ ?

အထက်ပါ ပြောပြထားတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေးသောက်သုံးဖို့ လိုအပ်ပါတယ်။

မိမိသဘောနဲ့မိမိ ပိုးသတ်‌ဆေးတွေကို သောက်သုံးတာက ဆေးယဥ်ပါးမှု ဖြစ်တတ်တဲ့အတွက် မသက်သာဘဲ ရောဂါကို ပိုအားပေးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးဖို့ အကြုံပြုလိုပါတယ်။

လက်ကို မကြာခဏ ဆေးကြောပါ။ တစ်ခါဆေးတိုင်း အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် စနစ်တကျ ဆေးကြောဖို့ လိုပါတယ်။

ရောဂါမသက်သာသေးတဲ့ အချိန်အတွင်းမှာ အစားအစာတွေ ကိုင်တွယ်ချက်ပြုတ်တာကို တတ်နိုင်သလောက် ရှောင်ပါ။

အခုလို ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားတဲ့ မိုးရာသီကာလမှာ ရေကနေတစ်ဆင့်၊ အစားအသောက်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အလွန်များပြားပါတယ်။ ဒါကြောင့် “အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်” ဆိုတဲ့ သန့် (၄) သန့်ကို ကလေးရော လူကြီးပါ စနစ်တကျ လိုက်နာကြဖို့ လိုအပ်ပါတယ်။


09402059636/458540981

Photos from Nursing Servise Team's post 19/07/2023

သစ္စာအဓိဌာန်
ကျွန်တော် NST တာဝန်ခံသည်
နမောတဿ ကိုလဲနေ့စဥ် မနက်တစ်ပါတ်ညတစ်
ပါတ်ပုတီးစိပ်ပါသည်
သရဏဂုံ သုံး ပါကိုလဲ မနက်5ပါတ်ည5ပါတ်ပုတီးစိပ်ခဲ့ပါသည် ထိုသစ္စာစကားမှန်ကန်ပါက
အဘတို့အမေတို့နဲ့ ပဌာန်းဆက်များရှိခဲ့ပါက NST အဖွဲ့နှင့်အတူအလုပ်ကိုင်များရရှိပြီးအခက်ခဲမရှိကျော်လွှာနိုင်ပါစေ၊
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ်ဒံ သရဏံ ဂစ်ဆာမိ ဓမ်မံ သရဏံ ဂစ်ဆာမိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား။
သူနာပြုဝန်ဆောင်မှု့
09458540981.402059636

18/07/2023

18.7.2023
ဗဟိုစည်ဆေးရုံသက်ကြီးcase
night duty
မန်ဘာဝင်သန်းသန်းအေးအား
တာဝန်ပေးလိုက်သည်။
အဆင်ပြေပါစေရှင်။

Nursing Service Teamသူနာပြုဝန်ဆောင်မှု
Nursing Servise Team
09402059636/458540981

16/07/2023

16.7.2023
သက်ကြီး Case
Na ဆုမြတ်သဇင် အခက်ခဲမရှိကျော်လွှာနိုင်ပါစေ၊
🙏🙏🙏
လူကြီးမင်းတို့အတွက်လိုအပ်ခဲ့ရင်လဲဆက်သွယ်နိုင်ပါတယ်။

09458540981.402059636

13/07/2023

မဂ်လာပါ
လူကြီးမင်းတို့ ကျန်းမာရေးအတွက် အနီးကပ်ပြု့စုဖို့ မည်သည့်နေရာဒေသမဆိုသူနာပြုဆရာ/ဆရာမလေးများ လိုအပ်ခဲ့ပါက 24Hrအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09458540981.402059636

06/07/2023

မဂ်လာပါ
လူကြီးမင်းတို့ ကျန်းမာရေးအတွက် အနီးကပ်ပြု့စုဖို့ မည်သည့်နေရာဒေသမဆိုသူနာပြုဆရာ/ဆရာမလေးများ လိုအပ်ခဲ့ပါက 24Hrအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Khant Zaw Shane
09458540981.402059636

30/06/2023

30.6.2023
မဂ်လာဒုံ သက်ကြီးCase
လပြတ်Na Moe Moe Myint အား
တာဝန်ပေးလိုက်သည်။
အဆင်ပြေပါစေရှင်။
#မန်ဘာဝင်
Nursing Service Teamသူနာပြုဝန်ဆောင်မှု
Nursing Servise Team
09402059636
09458540981

30/06/2023

30.6.2023
ရန်ကင်းကလေးဆေးရုံ
Baby Case 24Hr
Na@ Naw Lae Lae Kyi အားတာဝန်ပေးလိုက်သည်။ အဆင်ပြေပါစေရှင်
#မန်ဘာဝင်
Nursing Service Teamသူနာပြုဝန်ဆောင်မှု
Nursing Servise Team
09402059636

Photos from Nursing Servise Team's post 27/06/2023

သဘောလည်းကောင်း
မနောလည်းဖြူတဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ဆရာ/ဆရာမများလိုအပ်ခဲ့ရင် NSTသူနာပြုဝန်ဆောင်မှု့အမြန်ဆုံးသတိရလိုက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Khant Zaw Shane
Nursing Service Teamသူနာပြုဝန်ဆောင်မှု

23/06/2023

ရန်ကင်းကလေးဆေးရုံ
Baby Case Night Duty
Naညိုညိုထွန်းအားတာဝန်ပေးလိုက်သည်။
မှတ်ချက်၊လူကြီးမင်းတို့အတွက်လိုအပ်ခဲ့ရင်လည်းခေါ်ယူနိုင်ပါတယ်

#မန်ဘာဝင်
Nursing Service Teamသူနာပြုဝန်ဆောင်မှု
09402059636.09458540981

07/06/2023

(6.6.2023)
အစာပိုက် ဆီးပိုက်လူနာ
#မန်ဘာဝင်
day only naမစိမ်းမိုမို့အား
တာဝန်ပေးလိုက်သည် ။
အဆင်ပြေပါစေသမီးရေ။

09402059636-09458540981

07/06/2023

(6.6.2023)
လူကြီးCase
Night Only
#မန်ဘာဝင်
Na အေးအေးအောင်းအား
တာဝန်ပေးလိုက်သည်။
အဆင်ပြေပါစေသမီး။

Khant Zaw Shane
09402059636-09458540981

Photos from Nursing Servise Team's post 03/06/2023

ကလေးကျန်းမာ သိကောင်းစရာ - ၅၇

အိပ်နေရင်း တွန့်လိမ်/ခေါင်းရမ်း/ခေါင်းဆောင့်လျှင် -

ကလေးတွေညဘက်အိပ်ရင် အိပ်မပျော်ခင်ဘဲဖြစ်ဖြစ်၊ အိပ်ပျော်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ခန္ဓာကိုယ်တွန့်လိမ်နေတာ၊ ခေါင်းဟိုဘက်ဒီဘက်ရမ်းနေတာ၊ အိပ်ရာနဲ့ခေါင်းနဲ့ပြန်ဆောင့်နေတာတွေ တွေ့ရတတ်ပါတယ်။

ဒါဟာပုံမှန်လှုပ်ရှားမှုပါ။ ဒီလိုလှုပ်ရှားမှုတွေဟာစည်းချက်ကျကျဖြစ်နေတာများပြီးတော့ ကလေးစိတ်ပညာရှင်တွေရဲ့အဆိုအရကလေးအတွက်နာကျင်မှုတစ်စုံတစ်ရာမရှိတဲ့အပြင်ကလေးကိုသက်သောင့်သက်သာဖြစ်စေတယ်၊ ချော့သိပ်သလိုဖြစ်စေတယ်လို့ ဆိုပါတယ်။

ခြေလက်လေးချောင်းအပါအဝင်တစ်ကိုယ်လုံးလှုပ်နိုင်တယ်။တချို့ကလေးတွေဆိုရင်နဖူးနဲ့အိပ်ရာနဲ့ဆောင့်တာမျိုးတွေအထိလည်းရှိနိုင်ပါတယ်။ ပါးစပ်ကအသံတချို့လည်းထွက်နိုင်ပါတယ်။ စိုးရိမ်စရာမလိုပါဘူး။

အရေးကြီးတာကကလေးထိခိုက်ဒဏ်ရာမရဖို့လိုပါတယ်။ ကလေးခေါင်း၊ ကိုယ်ခန္ဓာ စသည်တို့နဲ့ထိခိုက်ဒဏ်ရာရနိုင်မဲ့ ပစ္စည်းမျိုး၊ မာတဲ့မျက်နှာပြင်မျိုး အနီးမှာ မရှိဖို့လိုပါတယ်။

အသက်အရွယ်နဲ့ကြည့်မယ်ဆိုရင်လေးငါးခြောက်လအရွယ်မှာခန္ဓာကိုယ်တွန့်လိမ်လှုပ်ရှားမှုမျိုးစပြီးလုပ်တတ်ပါတယ်။ အသက်ကိုးလလောက်ရောက်ရင်ခေါင်းဘယ်ညာရမ်းတာမျိုး၊ ခေါင်းနဲ့၊ နဖူးနဲ့ဆောင့်တာမျိုးဖြစ်တတ်ပါတယ်။အများစုဟာအသက်ငါးနှစ်လောက်ရောက်ရင်ပျောက်သွားတတ်ပါတယ်။ ဒါကယေဘုယျပြောတာပါ။စောပြီးစဖြစ်တာမျိုး၊ အသက်ငါးနှစ်ကျော်တဲ့အထိဆက်ဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။

👉 မိဘတွေဘက်ကသတိထားရမဲ့အချက်များ

✳️ မိမိကလေးရဲ့ဖွံဖြိုးမှုဟာပုံမှန်ဖြစ်နေသလားဆိုတာကိုပြန်လည်စစ်ဆေးပါ။ ဥပမာ ခေါင်းထောင်တာ၊ မှောက်တာလှန်တာ၊ အထိုင်အထနောက်ကျတာ၊ စကားပြောနောက်ကျတာဒါမျိုးတွေရှိသလားစစ်ဆေးပါ။ ပုံမှန်ဖွံ့ဖြိုးမှုရှိနေတဲ့ကလေးတစ်ယောက်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။

✳️ ကလေးမအိပ်ချင်ဘဲနဲ့ အိပ်ရာထဲအစောကြီးကြိုဝင်ရင်လည်း တစ်ခါတစ်ရံမှာဖြစ်တတ်ပါတယ်။

✳️ အထက်မှာပြောသလိုအန္တရာယ်မရှိတဲ့လှုပ်ရှားမှုဖြစ်တဲ့အတွက် များသောအားဖြင့်လျစ်လျူရှုထားပါ။သူလုပ်တိုင်းမိဘက ဂရုစိုက်ပြနေရင်ပိုလုပ်တတ်ပါတယ်။

👉 ဘယ်အချိန်မှာဆရာဝန်နဲ့ပြသတိုင်ပင်မလဲ?

✳️ အထက်မှာပြောခဲ့သလိုဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးဖြစ်နေရင်ဆရာဝန်နဲ့ပြပါ။

✳️ လူးလှိမ့်နေတာနဲ့တပြိုင်နက်ထဲမှာအရမ်းဟောက်ပြီးအသက်ရှုမဝဖြစ်နေတာမျိုးဖြစ်ရင်၊ တစ်ညလုံးအိပ်ရေးပျက်သလိုဖြစ်ပြီး နောက်နေ့မှာလဲ ဂနာမငြိမ် အာရုံမစိုက်နိုင်တဲ့ကလေးမျိုးဖြစ်နေရင်လည်းဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

ဒီလိုမျိုးပြသမယ်ဆိုရင်တော့အကောင်းဆုံးကကလေးလှုပ်ရှားနေတဲ့ပုံကိုဖုန်းနဲ့ဗီဒီယိုရိုက်ပြီးပြရင်ပိုပြီးတိတိကျကျသိရှိစမ်းသပ်နိုင်ပါတယ်။

Photos from Nursing Servise Team's post 03/06/2023

#သွေးလွန်တုတ်ကွေး
မေမေတို့ရေ ခုရာသီက ဖျားနေကြတော့ တခုခုဆို ကလေးဆရာဝန်သာ ပြကြပါနော်.. ဒီနေ့ ကလေးလေးတယောက် သွေးလွန်တုတ်ကွေး Sign မပြပဲ အဆင့် ၃ထိရောက်သွားလို့ ဆုံးသွားတယ်ဆိုလို့ ဂရုစိုက်ကြပါနော်🙏🙏🙏

သွေးလွန်တုတ်ကွေးရောဂါဟာ Flavi virus သယ်ဆောင်ထားတဲ့ Aedes ခြင် ကိုက်စက်ခြင်း ကနေတဆင့် ကူးစက်ဖြစ်ပွားခြင်းကြောင့် ဖြစ်ပါတယ်။

မိုးရွာသီမှာ ခြင်ပေါက်ဖွားမှု များလာတာနှင့် အတူ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုလည်း များလေ့ရှိပါတယ်။

ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး(၄)ရက်ကနေ (၆)ရက်အတွင်း ရောဂါလက္ခဏစတင်ဖြစ်ပေါ်ပြီး (၁၀)ရက်ခန့်အထိ ကြာရှည်တတ်ပါတယ်၊

ရောဂါပိုး ပထမဆုံး စတင် ဝင်ရောက်သည့် အခါ အချို့ကလေးတွေမှာ ရောဂါလက္ခဏ ပြသလို တချို့လည်း ရောဂါ လက္ခဏမပြတာလည်း ရှိနိုင်ပါတယ်။

သွေးလွန်တုတ်ကွေး ရောဂါလက္ခဏ အဆင့် (၄) ဆင့် ရှိပါတယ်။

အဆင့်(၁) မှာ သာမန် တုတ်ကွေးပုံစံ မျိုးပဲ တွေ့ရပြီး နေပြန်ကောင်းသွားတက်ပါတယ်။ သွေးပေါင်ချိန်ကိရိယာနှင့် လက်မောင်းမှာ ငါးမိနစ်ခန့် စည်းပြီး စမ်းသပ်တဲ့နည်းနှင့်လက်ဖျံမှာ အနီစက် ပေါ်တာကို ကြည့်ပြီး စမ်းသပ်လို့ရပါတယ်။ ၎င်းကို Hess test လို့ခေါ်ပါတယ်။

အဆင့်(၂) မှာတော့ အဖျားပိုကြီးလာတဲ့အပြင် ကော်ဖီရောင်များအန်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်တတ်ပါတယ်။

အဆင့် (၃) မှာ အထက်က ပြောထားတဲ့ လက္ခဏတွေအပြင် ကလေးက အရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်းများဖြစ်တတ်ပါတယ်။ ထိုလက္ခဏများမှာ ကလေးမှာ shock (သွေးလန့်ခြင်းအဆင့်) ဖြစ်တော့မယ့် လက္ခဏများပဲ ဖြစ်ပါတယ်။

အဆင့်(၄) မှာ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းတို့ တိုင်းမရတော့ဘဲ Dengue Shock (သွေးလန့်ခြင်း အဆင့်) ရောက်ပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
သွေးလွန်တုတ်ကွေး မှာ အဆင့် လေးဆင့် ရှိတယ်ဆိုပေမယ့် တစ်ဆင့်ချင်းဆီ ကူးပြောင်း သွားခြင်းမဟုတ်ဘဲ အဆင့်တစ်မှ ရုတ်တရတ်ချက်ချင်း အဆင့် သုံး၊လေး ကူးပြောင်းသွားခြင်းများလည်း ရှိပါတယ်။

ကလေးတချို့ မှာ အပြင်းဖျားနေရာကနေ ရုတ်တရတ် အဖျားကျသွားတဲ့အခါ မိဘတွေအနေနှင့် ပေါ့ပေါ့ဆဆ နေမိပါက အလွန် အန္တရာယ်ကြီးပါတယ်။ ကလေးမှာ တကယ်အဖျားပျောက်သွားခြင်းမဟုတ်ဘဲ Shock (သွေးလန့်ခြင်း အဆင့်) ဖြစ်နေတတ်ပါတယ်။

အဲ့ဒီအတွက် မိဘများအနေနှင့် ကလေးငယ်တွေဖျားတဲ့အခါ မပေါ့ဆဘဲ ဂရုတစိုက် ပြုစု စောင့်ကြည့်သင့်ပါတယ်။

သွေးလွန်တုတ်ကွေးလို့ သံသယဖြစ်တဲ့ လက္ခဏတွေ တွေ့ရှိတာနှင့် ကျွမ်းကျွင်တဲ့ ဆရာဝန်များနှင့် ဆွေးနွေးဖို့ လိုအပ်ပါတယ်

02/06/2023

ကလေးကာကွယ်ဆေး တွေ နောက်ကျခဲ့ရင်

ကလေးကာကွယ်ဆေး တွေကို အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရင် ထိုးလို့ရလား၊ နောက်မှ ပြန်ထိုးတာက အဆင်ပြေပါ့မလားဆိုပြီး မေမေတို့ သိချင်ကြမှာပါ။ ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ရပါတယ်။ လုံးဝမထိုးတာထက်စာရင် နောက်ကျမှ ထိုးတာက ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးလို့ရတဲ့ အသက်ဆိုတာလည်း ရှိပါတယ်။ ဒီအသက်ကျော်ရင်တော့ ထိုးလည်း သိပ်မထူးဘူးဆိုတာမျိုးပေါ့။ ဒီအကြောင်းတွေကို ရှင်းပြပေးချင်ပါတယ်။

ကလေးကာကွယ်ဆေး တွေကို ဘယ်အရွယ်ထိ နောက်ကျလို့ရလဲ။
လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေနဲ့ ချိန်ထိုးပြီး ပြောပြပါ့မယ်။

ဘီစီဂျီ (BCG)
ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင် တီဘီကို ကာကွယ်ပေးပါတယ်။ ပုံမှန်ဆို မွေးစမှာ ထိုးရင်ထိုး၊ မထိုးမိရင် ကလေး ၂လမှာ တခြားကာကွယ်ဆေးတွေနဲ့ ထိုးပေးလို့ရပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ကလေး အသက် ၁နှစ်ထိ ထိုးလို့ရပါတယ်။ ၁နှစ်ကျော်ရင်တော့ မထိုးသင့်တော့ပါ။

အသည်းရောင်အသားဝါ (ဘီ)
ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- မွေးစမှာ ထိုးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ၂လကျော်ရင်တော့ မထိုးသင့်တော့ပါဘူး။

ငါးမျိုးစပ်ကာကွယ်ဆေး (Penta)
ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hib vaccine)က Haemophilus influenzaeကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၂လ၊ ၄လ၊ ၆လနဲ့ ၁နှစ်ခွဲမှာ ၄ခါ ထိုးပေးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ၃နှစ်။ အသက် ၂လထိ အသည်းရောင်အသားဝါ (ဘီ)မထိုးရသေးတဲ့ သူတွေက ၅မျိုးစပ်မှာ ပါသွားပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။

ပိုလီယို ကာကွယ်ဆေး (OPV)
အစက်ချရယ် ထိုးဆေးရယ်ဆိုပြီး ရှိပါတယ်။ ပိုလီကြော အကြောသေရောဂါကို ကာကွယ်ပေးပါတယ်။
အစက်ချဆေးက ၂လ၊ ၄လ၊ ၆လမှာပါ။

ပိုလီယို ထိုးဆေး (IPV)
ထိုးဆေးက ၄လမှာ တစ်ခါပဲ ထိုးရပါတယ်။

နောက်ကျခဲ့ရင် ထိုးဆေးရော၊ အစက်ချဆေးရော ကလေးအသက် ၅နှစ်အထိ ထိုးနိုင် သောက်နိုင်ပါတယ်။

ရိုတာဗိုင်းရပ်စ်အစက်ချ (Rota)
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်တိုက်ရမယ့် အချိန်- ၂လနဲ့ ၄လမှာပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၆လအထိ (တချို့နိုင်ငံတွေမှာ ၈လအထိ) တိုက်လို့ရပါတယ်။

ပီစီဗီ (PCV)
ပြင်းထန်အဆုတ်ရောင်ရောဂါ ကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၂လ၊ ၄လ၊ ၆လပါ။

နောက်ကျခဲ့ရင်- ကလေးအသက် ၃နှစ်အထိ ထိုးလို့ရပါတယ်။

ဝက်သက်-ဂျိုက်သိုး (MR)
ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လနဲ့ တစ်နှစ်ခွဲပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၅နှစ်အထိ ထိုးပေးလို့ရပါတယ်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး (JE)
ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လ

နောက်ကျခဲ့ရင်- ကလေး ၅နှစ်အထိ ထိုးပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)
လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉နှစ်နဲ့ ၁၀နှစ်

နောက်ကျခဲ့ရင်- လိင်ဆက်ဆံမှု မဖြစ်မချင်း လူကြီးတွေ ထိုးတဲ့အတိုင်း လိုက်ထိုးပေးနိုင်ပါတယ်။

ကာကွယ်ဆေးတွေ နောက်ကျခဲ့ရင်
ကာကွယ်ဆေးတွေကို မထိုးဘဲ မနေပါနဲ့။ နောက်ကျခဲ့ရင် မှီတဲ့နေရာက လိုက်ထိုးပါ။ လိုက်ထိုးတဲ့အခါ တစ်ခါတည်း ၂မျိုး၊ ၃မျိုး ထိုးရတာတွေ ရှိနိုင်ပါတယ်။ ဒီလိုလည်း ထိုးလို့ရပါတယ်။ တစ်ချိန်တည်းမှာ ကာကွယ်ဆေးတွေ အများကြီး ထိုးတာက ကလေးကို ကြီးကြီးမားမား ထိခိုက်တာမျိုး မဖြစ်စေပါဘူး။ မိဘတွေ အနေနဲ့ နောက်တစ်ခါ ဆေးရုံ ဆေးခန်း လာဖို့ မလွယ်ရင် တစ်ခါတည်း ထိုးထားလိုက်ပါ။

Photos from Nursing Servise Team's post 02/06/2023

#တစ်မိနစ်အတွင်း ကလေးအငိုတိတ်အောင် လုပ်နည်း 😊
=============================

ကလေးလေးတွေ ချော့မရ အကြောင်းမဲ့ငိုနေရင်တော့ သူတို့လေးတွေ တစ်ခုခုခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှာ ပြောပြပေးထားတဲ့ အချက်လေးတွေ လုပ်ပေးမယ်ဆိုရင် အငိုတိတ်မှာ အသေချာပါပဲ။

02/06/2023

(2.6.2023)
ရတနာစျေးIM.IV Case
Na@Ayethandar Htun
အားတာဝန်ပေးလိုက်သည်။
အဆင်ပြေပါစေသမီးရေ။

09402059636-458540981

02/06/2023

(2.6.2023)သက်ကြီး
Home Case Day Only
မန်ဘာဝင်
Na Hnin Ei Phyu
အားတာဝန်ပေးလိုက်သည်။
အဆင်ပြေပါစေသမီးရေ။

09402059636

01/06/2023

(1.6.2023)
ရန်ကုန်အနောက်ပိုင်းဆေးရုံ သက်ကြီးcase
Day Only
Na@Aung Thura Oo
အားတာဝန်ပေးလိုက်သည် ။
အဆင်ပြေပါစေရှင်။

09402059636-09458540981

01/06/2023

လူရပါပြီ
Tomorrow for
IM.IVကျွမ်းကျင်
NA Female (1)post
ဝင်ချင်သူphဆက်ပါ။
09402059636

#မန်ဘာဝင်ဦးစားပေည်။

Photos from Nursing Servise Team's post 30/05/2023

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Crd to Original uploader
ပြန်လည်မျှဝေပါသည် ။

28/05/2023

သူနာပြုဝန်ဆောင်မှု့လုပ်ငန်း
NST ဝန်ဆောင်မှု့နဲ့ပတ်သက်ပြီး
အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းကြပါရန်မေတ္တာရပ်ခံပါသည်။

09402059636
09458540981

28/05/2023

Edit #လူရပါပြီ
ပင်လုံဆေးရုံ
ခါးရိုးကျိုးလူနာ
ယနေ့ညဝင်ရမည်
Female lb 130
Hight 5ပေအထက်
ဝင်ချင်သူphဆက်ပေးပါ
#မန်ဘာဝင်ဦးစားပေးပါမည်
ph 09402059636

28/05/2023

‘‘ကလေးနဲ့အတူ ယုံကြည်မှုတည်ဆောက်ပါ’’
________________________________

*ယုံကြည်မှု* = ဒီစကားသုံးခွန်းက တကယ့်ကိုမှ
အရေးကြီးပါတယ်။

-မိဘနဲ့သားသမီးကြားမှာ ယုံကြည်မှုမရှိရင်ဘာတွေ
ဖြစ်လာမလဲ???
(ကလေးပဲ ဒုက္ခပင်လယ်ဝေသွားမှာပေါ့)

:ဥပမာတစ်ခုကိုကြည့်ကြရအောင်နော်:

ကလေးတစ်ယောက်က ကျောင်းမှာ သူငယ်ချင်းတွေနဲ့ဆော့ရင်း ရှုံးသွားတဲ့အခါ မုန့်ဝယ်ကျွေးရတော့မယ်။ ဒါပေမယ့် သူ့ဆီမှာရှိတဲ့ မုန့်ဖိုးနဲ့ဝယ်ဖို့ကမလောက်ဘူး။ အဲဒီအခါမှာ သူ့အမေကို ဖွင့်ပြောပြီးတိုင်ပင်ဖို့ သူ့အမေဆူမှာကြောက်တယ်။ သူ့အမေက မကူညီဘူးလို့ သူ့စိတ်ထဲမှာ ထင်နေတယ်။ အဲဒါနဲ့ သူ့အမေ မသိအောင် မုန့်ဖိုးတွေကိုယူတော့တယ်။

☝️☝️☝️☝️☝️

ဒီလိုအဖြစ်မျိုး ကလေးတော်တော်များများဖြစ်ဖူးပါတယ်။

-တကယ်လို့သာ ကလေးရဲ့စိတ်ထဲမှာ မေမေ့ကိုဖွင့်ပြောရမယ်။ ဆူတယ်ဆိုတာလဲ ငါလိမ္မာအောင်လို့ဆိုတဲ့ စိတ်ဓာတ်မျိုးကို မိဘက ရိုက်သွင်းပေးထားရင် အဲဒီကလေးဟာ ဘယ်တော့မှ လမ်းမှားမရောက် ဒုက္ခမရောက်ပါဘူး။

-အဲဒီလိုစိတ်ဓာတ်မျိုးရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကတော့ နည်းနည်းလေးတော့ခက်မယ်။
ကျွန်မတို့ဟာ လူသားတွေဖြစ်တာမလို့ လူတိုင်းစိတ်တိုကြပါတယ်။ ဒါပေမယ့် သတိကပ်ပြီးထိန်းပါ။ ပြီးရင် မိမိရဲ့ စိတ်ထဲမှာ ငါ့ကလေးလမ်းမှန်ရောက်အောင် ငါဆုံးမပေးရမယ်။ သူနားလည်အောင်ဆုံးမရမယ် ။ဘယ်လိုဆုံးမရမလဲဆိုတာတွေကို ဒေါသထိန်းတဲ့အနေနဲ့ လက်လေးပိုက်ပြီး စဉ်းစားနေလိုက်ပါ။ အဲအချိန်မှာ ဒေါသလေး လျော့သွားပါလိမ့်မယ်။ လျော့သွားပြီဆိုရင်တော့

( "ဒီလိုလေးလုပ်မယ့်အစား ဒီလိုလေးက ပိုမကောင်းဘူးလားကလေးရေ''
မိမိရဲ့ကလေးကို မှားခွင့်ရှိတယ်။ ဒါပေမယ့် ဒီလိုအမှားမျိုးမဖြစ်အောင် ပြုပြင်ရမယ်။)

ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ကို ခွဲခြားပြီးသိအောင် မိမိက ပြောပြပေးရမယ်။
ဒီနေ့ပြော ဒီနေ့ရမှာတော့ မဟုတ်ဘူး။ စိတ်ရှည်ပါ။ စိတ်ထိန်းပါ။ ကလေးအမှန်တကယ် မသိသေးမချင်း ငါပြောဖို့လိုသေးတယ်။ ငါထပ်ပြောမယ်။ ငါပြောနိုင်မယ်ဆိုတာ ယုံကြည်တယ်။ ငါ့ကလေးလဲ လိမ္မာမယ်ဆိုတာ ယုံကြည်တယ်။ အဲဒီလိုမျိုး စိတ်ဓာတ်မွေးပါ။
မေမေဖေဖေတို့‌ေရ သားသားမီးမီးတို့အတွက် စိတ်ဓာတ်ခိုင်မာ ရဲရင့်ပြီး သားသမီးတွေအားကိုးယုံကြည်ရတဲ့မိဘများ ဖြစ်ကြပါစေ။🙏

နောက်တစ်နေ့မှာ ကလေးတို့ကို အမှားအမှန်ခွဲခြားနိုင်အောင် ယခုခေတ်နဲ့အညီသင်ပေးနည်းလေးကို ဝေမျှပေးပါဦးမယ်။

23/05/2023

Baby (3)month
နေစားငြိမ်းလပြတ်
ဆက်ခေါ်တဲ့အတွက်ကျေးဇူးပါရှင် ။
#မန်ဘာဝင်
Naဖြိုးဆုဝေ
အဆင်ပြေပါစေသမီးရေ

09402059636

Photos from Nursing Servise Team's post 22/05/2023

မန်ဘာဝင်အမ နွယ်နွယ်လှိုင်
ပေးလိုက်သည့်
Caseတိုင်းအဆင်ပြေပါတယ်
ခုလိုNSTဂုဏ်ကိုဆောင်ပေးပါသောNaမနွယ်နွယ်လှိုင်အားNSTမှကျေးဇူးတင်ပါတယ်ရှင် ထမင်းရှင်လူနာရှင်များနှင့်ဆရာ/ဆရာမလေးများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

09402059636

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon