အရီး - AYee

အရီး - AYee

ရှမ်းရိုးရာဒေသစာ အရီးတို့ဆီမှာယူပါ

Photos from အရီး - AYee's post 22/08/2021

အရီး ဆီကနေ အားပေးတဲ့ တစ်ဦး တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ စားသုံးသူတွေ ဆီကို ပို့ဆောင်ရာ မှာ အခက်အခဲ တစ်ချို့ ရှိခဲ့ပေမယ့် ကြိုတင် ချိန်းဆိုထားတဲ့နေ့ရက် အရောက် ရနိုင်အောင် အရီး ကြိုးစားထားပါတယ်။ Local Handmade Mask လက်ဆောင် လေးတွေကလည်း အရေအတွက် အကန့်အသတ်နဲ့မို့ နောက်ကျ မတူတဲ့ လက်ဆောင် ပေးနိုင်အောင် အရီးတွေးတော လိုက်ပါအုံးမယ်နော်။

Photos from အရီး - AYee's post 08/08/2021

အရီး စိတ်ထဲမယ်လေ
နေကြာစေ့ကို ကြက်သွန်ဖြူ နဲ့ ဂျင်း အရသာ မွှေးမွှေးလေးစားချင်လာတာနဲ့
အငံအရသာ အကြောင်းလေး ပြောပြချင်လာရော
အရီး နေကြာစေ့ အငံ ဆိုသည်မှာ
ဆားအရသာကြောင့် အမည်တွင်ခြင်း မဟုတ်ပဲ
ကြက်သွန်ဖြူ နဲ့ ဂျင်း တို့နဲ့ လှော်ထားလို့ အနံ့မွှေး အရသာပြင်းတာကို
ခေါ်ဆိုခြင်းမို့
သွေးတိုး အတွက် ပူစရာ မလိုပါဘူးနော့်။

Photos from Beauty World Of May's post 02/08/2021

ပြည်တွင်းဖြစ်ကို အားပေးပါတဲ့
ကျေးဇူးပါ မေ
အညာက အရီး ရောင်းတဲ့ ရှမ်းပြည်က အာဟာရအပြည့် အစေ့အဆံတွေမို့
အရီးရော စားကုန်ရောက ပြည်တွင်းဖြစ် စစ်စစ်တွေပါပဲ ရှင်
💙❤️

28/07/2021

ခန္ဓာကိုယ်ရဲ့ ကျန်းမာတဲ့ ကိုယ်ခံအားကိုရစေပြီး ရောင်ရမ်းခြင်းကို လျော့ကျစေတယ်လို့ပြောရင် အားဆေးတွေကိုပြေးမြင်ကြတယ် မလားဟင်။
အားဆေးတွေမှာပါတဲ့ Zinc, Magnesium ဓာတ်တွေကို ဖရုံစေ့မှာလည်းပါလို့ အပျင်းပြေစားရင်းနဲ့ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါ့ပြင် အိုမီဂါ Omega-3 & Omega-6 Fatty acid နဲ့ အန်တီအောင့်စီဒန့် တို့ပါဝင်လို့ နှလုံး နဲ့ အသည်းကို ကျန်းမာစေတဲ့ အတွက် ဖရုံစေ့စားမယ်... ကျန်းမာအောင်နေကြမယ်။

Photos from အရီး - AYee's post 22/07/2021

ကိုဗစ်ဖြစ်ရင် စားဆိုလို့သာစားရတာ။ဘာကြောင့်စားရတယ်၊ ဘာတွေစားရမယ်ဆိုတာ သိဖို့လိုပါတယ်။
အရီး အပြောမဟုတ်ပါဘူး။
💁‍♀️ အမေရိကန်အာဟာရအဖွဲ့အစည်း (ASPEN) က ကိုဗစ်ဖြစ်တဲ့ လူနာတွေ ဘာ့ကြောင့်စားရသလဲ၊ ဘာတွေစားရမလဲ၊ ဘယ်လိုစားရမလဲဆိုတာ ရှင်းပြထားပါတယ်။
🍎 အစာအာဟာရ နှင့် ကိုဗစ်-၁၉
🔹 ကိုဗစ်ဖြစ်ရင် အိမ်မှာနေပြီး ပြန်ကောင်းသွားတာ ၈၈% ပါ။ ၁၂% ကပဲ ဆေးရုံတက်ဖို့ လိုတာပါ။ (America မှာနော်)
🔹 အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဖျားတယ်၊ချောင်းဆိုးတယ်၊ မောတယ်။ ပြီးရင် လူနှုံးတာနဲ့ အစာမစားချင်တာ လိုက်လာပါတယ်။
🔹အဲဒီအချိန်မှာကိုဗစ်ရောဂါပိုးကို တိုက်ထုတ်ပြီး ပြန်လည်နာလန်ထူဖို့အတွက် အာဟာရနှင့်ရေဓာတ်ဖြည့်တင်းခြင်းက က အဓိကအချက်ဖြစ်လာပါတယ်။
🦠 ရောဂါကူးစက်မှုတစ်ခုဝင်လာရင် ကိုယ်ခန္ဓာက ခုခံအားစနစ်နဲ့ ပြန်လည်တုံ့ပြန်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်ရပါတယ်။
🦠 အပြင်းဖျားခြင်းဆိုတာ မိမိရဲ့ကိုယ်ခံစွမ်းအားစနစ်က “ရောဂါပိုးကိုတိုက်ထုတ်ခြင်း” ဖြစ်ပါတယ်။
🦠 ဖျားနာခြင်းက အရည်များဆုံးရှုံးမှု၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့်အာဟာရလိုအပ်ချက်များကိုပိုမို မြင့်တက်စေပါတယ်။
🔹 ဒါ့အပြင် COVID-19 ကြောင့် စိတ်ဖိစီးမှုများလာခြင်းကြောင့် မိမိပုံမှန်အစားအစာထက် ကယ်လိုရီပိုလိုအပ်လာပါတယ်။
လိုအပ်တဲ့ အစားအသောက်တွေက
၁။ အရည်ဓါတ်
၂။ အသားဓါတ်
၃။ ကယ်လိုရီ ဖြစ်ပါတယ်။
၁။ အရည်ဓါတ်
🔹 အရည်ဓါတ်က တစ်ရက်ကို ၃ litres(ရေသန့်ပုလင်း ၃ ပုလင်းစာ) အနည်းဆုံး ဝင်ဖို့ လိုပါတယ်။
🔹 ရေမဆာလည်း ၁၅ မီနစ်ခြား ၂-၄ အောင်စ(အရည် ၃ ငုံ ကနေ ၅ ငုံ) လောက်သောက်ပါ။
၁။ အရည်အမျိုးအစားတွေကတော့
၁။ ရေ
၂။ ဓါတ်ဆားရေ
၃။ အဖတ်ဖယ်ထားတဲ့ ဖျော်ရည်( စပျစ်သီး၊လိမ္မော်သီး၊ ပန်းသီး ဖျော်ရည်)
၄။ အားကစားသမားတွေ သောက်တဲ့ အရည်များ ဥပမာ။ RoyalD, Pocari Sweat, 100 plus
၅။ အသားဓါတ်နဲ့ ကယ်လိုရီပါတဲ့ အရည် စတဲ့ အရည်များဥပမာ။ Ensure၊ Pediasureစတဲ့ Protein Energy Drink များ သောက်လို့ရပါတယ်။
၂။ အသားဓါတ်နဲ့ ကယ်လိုရီ ပါတဲ့ အစာများ
🔹 အသားဓါတ်ပြည့်ဝစွာပါတဲ့ အစားအစာများကတော့ ပဲ သို့မဟုတ်အခွံမာသီး နဲ့ အစေ့အဆန်များ၊ နို့၊ ကြက်ဥ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အသား၊ ငါး၊ ကြက်၊ စသဖြင့်တို့ ဖြစ်ပါတယ်။
🍎 ၇၅ ဂရမ် ကနေ ၁၀၀ ဂရမ် အထိ အသားဓါတ်ကို စားပေးပါ။
🍎 တစ်နေ့လျှင် ၆ ကြိမ်၂-၃ နာရီတိုင်းစားပါ။ ဗိုက်မဆာလည်း မိမိစားနိုင်သလောက် နည်းနည်းချင်း စားပေးပါ။
🦠 ရောဂါကြောင့် အစာစားချင်စိတ်နည်းလာတာကြောင့် နေမကောင်းဖြစ်နေတဲ့ အချိန်က ကယ်လိုရီကိုကန့်သတ်ရန် အစာလျှော့စားရမယ့်အချိန်မဟုတ်ပါ။
🍎 သစ်သီးဖျော်ရည်၊ နို့ သို့မဟုတ်အခြားကယ်လိုရီပါသည့်အဖျော်ယမကာများ၊ စွတ်ပြုတ်၊ အရိုးပြုတ်ရည်တို့ကိုသောက်ပါ။
🗝🗝🗝 အနှစ်ချုပ်ကတော့ အရည်နဲ့ အာဟာရဓာတ်များကိုများများစားပေးပါ။
🗝🗝🗝 နည်းနည်းနဲ့ မကြာခဏစားပေးပါ။
နေမကောင်းတဲ့အခါ အစားအစာသည်ဆေးဖြစ်ပါတယ်။
Food is medicine when you are ill.
Reference: American Society for Parenteral and Enteral Nutrition(ASPEN)

Photos from အရီး - AYee's post 20/07/2021

Mask နှစ်ထပ်နဲ့ အရီးက ...
အခုချိန်မှာ အားပေးကြတဲ့ စားသုံးသူတွေကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Local Handmade Cloth Mask တွေ လက်ဆောင်ထည့်ပေးဖို့ ရှိပါတယ်။
အရီးတို့လည်း အခုကာလမှာ အပြင်ထွက်တိုင်း မပါမဖြစ်လို ဝတ်ဆင်နေကြတဲ့ အကာအကွယ် မျက်နှာဖုံးက အခုဆို နှစ်ခုထပ်ဖို့ လိုအပ်လာတယ် ဆိုလို့ပါ။ ပိတ်စ Mask လေးတွေက ချည်ချော ပိတ်ထူသားလေးတွေမို့ အရီးလက်ဆောင်ပေးချင်တာပါ။ ဒီကာလမှာ ဖြစ်နိုင်ရင် အိမ်ထဲနေမှာပဲနေဖို့ အရီးအကြံပြုပါတယ်။ လိုအပ်လို့ အပြင်ထွက်ရင်လည်း Mask နှစ်ထပ်တပ်တာက ပိုကောင်းပါတယ်။
အရီး ဆီက အစေ့အဆန်တွေ မှာယူအားပေးကြတာ တကယ်ကျေးဇူးတင်ပါတယ်။ အားလုံးသိတဲ့ အတိုင်း အရီးရဲ့ စားကုန် နို့ဆီတစ်ဘူးဝင် အထုပ်သေးလေးတွေက တစ်ထုပ်ကို ၁၀၀၀/၁၅၀၀/၂၅၀၀ ပဲ ရှိတာရယ်မို့ ၅ထုပ်နှင့်အထက် ဝယ္ယူအားပေးသူတွေကို Local Handmade Cloth Mask လေး လက်ဆောင်ထည့်ပေးမှာပါ။ ကန့်သတ် အ‌ရေအတွက်လေးနဲ့မို့ ကိုယ်နှစ်သက်ရာ ဒီဇိုင်းလေး လာရွေးယူလှည့်နော်။
အရီးနေကြာစေ့ အချို -၁၀၀၀ကျပ်
အရီးနေကြာစေ့ အဆိမ့်-၁၀၀၀ကျပ်
အရီးနေကြာစေ့ အငံ-၁၀၀၀ကျပ်
အရီးတောင်ကြီးပဲကြော်-၁၀၀၀ကျပ်
အရီးပဲပုတ်စေ့အဆံကြီး-၁၅၀၀ကျပ်
အရီးဖရုံစေ့အဆံကြီး-၂၅၀၀ကျပ်။

12/07/2021

ဒီကာလမှာ အမျိုးတို့ တာဝန်က ကျန်းကျန်းမာမာနေဖို့ ပါ။
အစေ့အဆန်တွေ လတ်ဆတ်ပြီး အာဟာရဖြစ်ဖို့ကတော့ အရီးတာဝန်ပါ။
အားပေးမှုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
နေကြာစေ့/ဖရုံစေ့ /ပဲပုတ်စေ့ /တောင်ကြီးပဲကြော်

Photos from အရီး - AYee's post 08/07/2021

နှစ်သက်ရာကို လက်ဆောင်အမြည်းယူပါ - ဆိုလို့လေ ပြောချင်တာက အရီးရဲ့ Nuts အစေ့အဆန်များအကြောင်းပါ။
အရီးတို့ငယ်ငယ်ကတော့ ကွာစိပေါ့ (ဖရဲစိ)ကနေ အလွယ်ရတယ်။ ဇာတ်ပွဲကြည့်ရင်းစားလို့ရတာပေါ့အေ။ အဲ့နောက်တော့ နေကြာစေ့ပေါ့။ ခွာရပိုလွယ်တယ် အရသာ ပိုဆိမ့်တယ်လေ (အရီးဆီမှာဆို အဆိမ့် သက်သက်လည်းရပါ့)။ အဲ ကြွပ်ကြွပ်လေးမှပိုကောင်းဆို ဖရုံစေ့ လည်းရှိပါ့။
အဲ့ဒီ့ အစေ့အဆန်တွေကို အခုခေတ်ကျ ကျန်းမာရေးအတွက် စားပေးရသတဲ့လေ။ အစေ့အဆန် ကနေ ရတဲ့ မပြည့်ဝဆီက သွေးတွင်း ကိုလက်စထ‌ရောကိုကျစေပြီး နှလုံးရောဂါကို ကာကွယ်သတဲ့။ ဗီတာမင် နဲ့ မင်နရယ် တွေလည်းပါတာမို့ ကိုယ်ခံအားလည်း တက်စေတယ်။ အမျှင်ဓာတ်ကြောင့် ကိုယ်အလေးချိန်ထိန်းချင်တဲ့သူတွေ စားပေးကြတယ် လို့ ကျန်းမာရေး ဆရာဝန်တွေ ပြောတာ ကြားဖူးရဲ့။ ကျန်းမာရေးအတွက်ပဲ စားစား၊ ကြိုက်လို့ပဲစားစားပေါ့အေ လတ်ဆတ်ဖို့ အရည်အသွေးကောင်းဖို့ ကလည်းလိုတာမို့ အရီးဆီက ကြွပ်ကြွပ် ဆိမ့်ဆိမ့် လေးတွေကိုသာ တဂျွတ်ဂျွတ် မြည်အောင် စားပါတော့ဝေ့။ အရီးဆီက အမြည်းလည်းပေးတယ်နော့်။ နှစ်သက်ရာ မို့ တစ်ပုံချင်းစီသာ ထောက်ကြည့်တော့နော်။

05/07/2021

“အဆီများပေမယ့် ကျန်းမာစေပါတယ်”
ဟုတ်ပါရဲ့။
နေကြာစေ့မှာ ပါဝင်တဲ့ အဆီက မပြည့်ဝဆီတွေ ဖြစ်တဲ့အတွက် ကျန်းမာလိုသူတိုင်း စားပေးသင့်ပါတယ်။
ကိုလက်စထရောကိုကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင်........
Vitamin E ပါဝင်တာကြောင့် ဓာတ်တိုး ဆန့်ကျင်စေလို့ နာတာရှည်ရောဂါများမှ ကာကွယ်နိုင်ပါတယ်။
နေကြာစေ့ စားရင်း အသက်ရှည်စွာနေထိုင်နိုင်ပါပြီ။

04/07/2021

🌻အစေ့တိုင်းမှာ အဆံအောင်ပြီးသား အရသာရှိရှိနေကြာစေ့တွေပဲ အရီးဆီ ရှိတယ်ဆို ကြွားရာကျမလား ဝေ့။
🌻အချို အဆိမ့် အငံ နှစ်သက်ရာ အရသာကို ရွေးချယ်နိုင်ပါတယ်။
🌻သွေးတွင်း ကိုလက်စရောကို ကျစေပြီး သွေးတိုး ထိန်းပေးတာမို့ ကျန်းမာရေးအတွက် အထောက်အကူပြု အရီးနေကြာစေ့ကို အထုပ်သေး တစ်ထုပ် ၁,၀၀၀ကျပ် နဲ့ အထုပ်ကြီး တစ်ထုပ် ၂,၅၀၀ကျပ် ဖြင့် မှာယူနိုင်ပါတယ်။

03/07/2021

အရီးရဲ့ အမျိုးတွေကို သတိတရနဲ့ Covid 19 အတွက် အမှာစကားပါးချင်ပါတယ်။ စာမရှည်လို့ ကာကွယ်နိုင်ဖို့ အတွက် ဖတ်ထားရင်ပိုကောင်းပါလိမ့်မယ်။

ခု covid တတိယလှိုင်းမှာ အရင်ထက် ပြောင်းလဲသွားတာလေးတွေရှိပါတယ်။

👉ခု Covid 19 variant အသစ်မှာ aerosol လို့ခေါ်တဲ့ လေပေါ်မျှောနေတဲ့ အမှုန်လေးတွေက တဆင့်ပိုကူးတယ်လို့ပြောပါတယ်။

👉Contact transmission ( ထိတွေ့မှုကနေကူးစက်ခြင်း) နဲ့ aerosol ( အမှုန်ကနေကူးခြင်း) မှာ aerosol ကပိုများတာမို့ mask တပ်တာက "first priority" ပါ။

👉လက်ဆေးဖို့လိုပေမယ့် Mask ကပိုအရေးကြီးပါတယ်။ ဒါကြောင့် double mask လို့တောင်ပြောကြပါတယ်။

👉နောက်တချက်က aerosol ဖြစ်တဲ့အတွက်လေထဲမှာမျောနေတာမို့ ခြောက်သွေ့တဲ့ လေ နဲ့ဆိုပိုမျောပြီး ပိုကူးလွယ်ပါတယ်။

👉ဒါကြောင့် အခန်းတွင်းနဲ့ အပြင်ဆို အခန်းတွင်းကပိုကူးလွယ်တယ်။ အခန်းတွင်းမှာ မှ လေကိုခြောက်သွေ့အောင်လုပ်တဲ့ aircon ခန်းတွေမှာပိုကူးနိုင်ပါတယ်။

👉Aerosol ကကူးတာကာကွယ်နိုင်ဖို့ကလည်း N95 သာလျှင်ကာကွယ်နိုင်ပါတယ်။

👉Aerosol က ပုံမှန်အသက်ရှူသွင်းရှူထုတ် လုပ်နေတာနဲ့ကို ထွက်ပါတယ်။

👉စကားပြောရင် တစက္ကန့်ကို ပိုးအကောင် ၅၀ ( 50 copies) လောက်ထွက်ပါတယ်။ နှာချေရင် အကောင် ၆၀၀၀လောက်ထွက်ပါတယ်။ ဒါကြောင့် နှစ်မိနစ်လောက်မျက်နှာချင်းဆိုင် စကားပြောတာက နှာကိုယ့်ရှေ့တည့်တည့်လာချေတာနဲ့တူတူပါပဲ။

ဒါကြောင့် အချုပ်ပြန်ပြောရရင်

‼️Mask နဲ့လက်ဆေးတာနဲ့ဆို mask ကပိုအရေးကြီးပါတယ်။‼️ N95 or double mask လိုပါတယ်။

‼️အလုံခန်း နဲ့ အပြင်ဆို အပြင်က ပိုကောင်းပါတယ်။ အခန်းတွင်းဆို လေဝင်လေထွက်ကောင်းအောင် တံခါးတွေဖွင့်ထားသင့်ပါတယ်။‼️

‼️အဲကွန်းမဖွင့်တာကောင်းပါတယ်။ စကားပြောချိန်တိုလေကောင်းလေပါ။‼️

အဆုံးရှုံးမခံနိုင်တဲ့ မိတ်ဆွေတွေပါ သိရအောင်မျှဝေပေးနိုင်ပါတယ်။

*Credit to original uploader

01/07/2021

ဆေးဖက်ဖွာတိုင်း သတိရမိရဲ့.....
အရီးရဲ့ဇာတိချက်ကြွေ ကတော့ မြေပြန့်မှာ ပေမယ့် ကုန်ရောင်းကုန်ဝယ် ပြုရင်း အရီးရဲ့ နှလုံးသားကတော့ တောင်ပေါ် ဒေသမှာ ကျန်ခဲ့တာရယ်၊တောင်ပေါ်ဒေသထွက် စားကုန်တွေကလည်း အရီးရဲ့ဘဝလက်တွဲဖော်ပါပဲ။
ခုချိန်ထိပေါ့.....

29/06/2021

ဘယ်ကလာသလဲ ဘယ်နယ်ကလဲ ....?
မောရှမ်းပြည်ကလာတယ် အရီးလို့မည်၏
ဟော့ဒီ့က နေကြာစေ့...ဖရုံစေ့...ပဲပုပ်စေ့...လှော်ပြီးသားတွေ ရမယ်ဝေ့

27/06/2021

အရီး ရဲ့ နေကြာစေ့တွေက ရှမ်းပြည်ကလာတာမို့ လတ်ဆတ်မှာတော့ မလွဲပေါ့အေ ..
အစေ့ပြူးပြူး အဆံကြီးကြီး နေကြာစေ့ဆိုရင် အရီးဆီက မှာမှဖြစ်မှာ..
နို့ဆီဘူးနဲ့ ဘယ်နှဘူးလိုချင်လဲသာ လာပြောလှည့်တော့

26/06/2021

နေကြာစေ့အကြောင်း

သူများအပြော- နေကြာစေ့ကတော့ ဗီတာမင် E နှင့် မပြည့်ဝဆီ တွေ ပါဝင်တဲ့အတွက် အခြား အစေ့အဆန်များနည်းတူ ကိုလက်စထရောကျစေပြီး၊ နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။
အရီးအပြော - ပျင်းနေရင် ကိုက် အပျင်းပြေတယ် 😎
*အရီးတို့က အပျင်းပြေအောင် သူများအတင်းမပြောဘူးနော်..နေကြာစေ့ကိုက်ပြီး ဖေ့ဘွတ်ပွတ်တယ်*

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
Yangon
11122