True Love For LGBT
LGBT Dating အတွက်ရင်ဖွင့်ရာလေးပါ
❤ LOVE ဖတ်ကြည့်ကြည့်ပါ
မှတ်ချက် - ဖြစ်ရပ်မှန်ပါ သူနဲ့သူ့ချစ်သူအကြောင်းပါ...😍
ကျွန်တော်တို့ရဲ့ ဇာတ်လမ်း အစဟာ လှသလား မလှသလား မသေချာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကာရံထားတဲ့ စည်းဘောင်အလွှာလွှာကို ကျော်လွန်ပြီး ချစ်ခဲ့ကြလို့လို့ ကျွန်တော်ပြောရပါလိမ့်မယ် သို့တည်းမဟုတ် မထင်မှတ်ထားတဲ့ ခံစားချက်အပြောင်းအလဲတွေက နှစ်ယောက်စလုံးအတွက် ဖြစ်ပေါ်လာခဲ့လို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သိပ်တော့မသေချာပါ လောကကြီးမှာ ဘယ်အရာက သေချာလို့လဲ ...
ကျွန်တော့်အကြောင်းကို အရင်ပြောပြမှဖြစ်မယ်။ ကျွန်တော်က ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဘယ်သူ့ဆီမှာမဆို ကျွန်တော်လိုချင်တဲ့ အချစ်မျိုးကို ရှာခဲ့တယ်။ ရှာကားရှာ၏ မတွေ့ဆိုသလို ကျွန်တော်လိုချင်တဲ့ အချစ်မျိုးကို ရှာလို့ကို မတွေ့ခဲ့ပါဘူး ... သူနဲ့မတွေ့ခင်အချိန်ထိပေါ့။ ပြီးတော့ ကျွန်တော်ရှာဖွေနေတာ၊ လိုချင်နေတာ ဘယ်လိုအချစ်မျိုးလို့ ထင်ပါသလဲ ... ကျွန်တော်လိုချင်တဲ့အချစ်ကတော့ သူလဲ ကျွန်တော့်ကို ရူးရူးမိုက်မိုက်ချစ်ပြီး ကျွန်တော်လဲသူ့ကို ရူးရူးမိုက်မိုက်ချစ်တယ်ဆိုတဲ့ အချစ်မျိုးပါ။
ကျွန်တော်သူ့ကို စတွေ့တဲ့အချိန်မှာ ကျွန်တော်က လူပေါင်း ၈၀ ကျော်နဲ့ ချစ်ခင်ဆုံမက်ခဲ့ပြီး၊ လိင်ဆက်ဆံပြီးတာတောင် လိုချင်တဲ့ ချစ်ခြင်းကိုရှာလို့မတွေ့သေးတဲ့ ငှက်အိုကြီးတစ်ကောင်လို ဖြစ်နေခဲ့တာပါပဲ။ အဲ့သည့်တုန်းက ကျွန်တော်က ၂၆ နှစ်ပေါ့။
သူနဲ့ကျွန်တော်က နယ်မြို့လေးက ရုံးတစ်ရုံးမှာ အတူတူတာဝန်ကျတယ်။ ကျွန်တော်က ရန်ကုန်ကနေ ပြောင်းရွှေ့ကာစဆိုတော့ သူ့ကိုကြည့်လိုက်တာနဲ့ ငါဖမ်းလို့မိမယ့် ငှက်ကလေးတစ်ကောင်ပဲဆိုတာ တမ်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်မသိသေးတာက ငါသူ့ကို ရူးရူးမိုက်မိုက် ချစ်မိသွားလိမ့်မယ်ဆိုတာကိုပဲ။
စတွေ့တဲ့နေ့က အဲ့ကောင်လေးက စတိုင်ပန်အနက်ကလေးနဲ့ ရှပ်အင်္ကျီ အပြာနုနဲ့ ခန္ဓာပြည့်ပြည့်လေးနဲ့ ၂၁ နှစ်သားကောင်လေးပေါ့။ ကျွန်တော့်ကို ခိုးခိုးကြည့်တယ် ကျွန်တော်မျက်တောင်တွေ မှေးစင်းစိုက်ကြည့်ပေးလိုက်တယ်။ ကောင်လေးခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့ဘူး။ ပြာယာတွေ ခတ်သွားတယ်။ အေးတွေ့ကြသေးတာပေါ့လို့ ကျွန်တော်ကတော့ တေးထားလိုက်တာပဲ။ သူ့အနားက ဖြတ်သွားတော့ သနပ်ခါးနံ့ ခပ်သင်းသင်းလေးရတယ်။ အဟား ကြိုက်တယ်လေ ကြိုက်တာပေါ့ အဲ့တာမျိုးကို။
ကျွန်တော် တစ်ပတ်လောက် သူ့ကိုစောင့်ကြည့်တယ်။ သူကျွန်တော့်ကို မျက်လုံးချင်းမဆိုင်ရဲဘူး ကျွန်တော်နဲ့စကားပြောရင် သူ့ရင်အုပ်ကလေးက နိမ့်ချည်မြင့်ချည်နဲ့၊ အလိုလိုနေရင်း ကလေးဆန်သွားတတ်ပြန်တယ်။ ဟောကဲ ဒီကောင်ကြီးက ဒါမျိုးဆို မကြင်နာချင်ပဲ နေပါ့မလား။ ဖက်ထားချင်လိုက်တာ ၅ မိနစ်လောက်ပဲ ဖြစ်ဖြစ်ပေါ့ ... ဒါပေမယ့် ရုံးမှာလဲဖြစ် ကိုယ်က ရာထူးလဲ တစ်ဆင့်ကြီးတော့ ဒီလိုအကြွေဆင်ကြီးနဲ့ ကြည့်လို့မကောင်းပါဘူးဆိုပြီး ခါးကိုထောက် "ကိုမျိုး ကျွန်တော့်ကို မိတ္တူလေးကူးပေးစမ်းပါဦး" အဲ့လို အသံမာမာနဲ့ ခိုင်းပစ်ရတယ်။ ရင်ထဲတော့မကောင်းဘူးပေါ့လေ၊ ဘာလို့လဲတော့ မသိဘူး။
သူကတော့ လက်ဖျားလေးတွေ တုန်ယင်ပြီး ကျွန်တော့်ဆီက စာရွက်တွေကိုလှမ်းယူ ချာကနဲလှည့်ထွက်သွားတော့ တင်ပါးလေးတွေတုန်သွားတာ လိုက်ငေးမိသေးတယ်။ ကဲ အချစ်ဟာ ဘယ်က စပါသလဲ။ ကျွန်တော်တော့ မဖြေနိုင်တာ အမှန်ပါပဲ။
အပြန်ကျတော့ ရန်ကုန်သားကြီး ကျွန်တော်က အိမ်ငှားဖို့နေရာမတွေ့သေးလို့ ဟိုတယ်ငှားထားတဲ့နေရာကို သူ့ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းတာပေါ့။ ဟိုရောက်တော့ ကော်ဖီသောက်သွားပါဦးတောင် မပြောရသေးဘူး ချာတိတ်က ချာကနဲ ဝူးဆိုမောင်းပြေးတာ။ ကိုယ့်နှဖူးကိုယ်ရိုက်ပြီး ကျန်ခဲ့ရတာ ဒီကောင်ကြီးပါပဲ။
အဲ့လိုမျိုးပါ ကျွန်တော်တို့ရဲ့ ချစ်သော အလွဲလေးများက ဒီလိုပုံစံမျိုးနဲ့ စတင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူရဲ့ ချစ်စရာ လည်ပင်းလေးကို မြင်ယောင်ရင်း ကျွန်တော့်တစ်ညတာကို ကုန်ဆုံးလိုက်ရတော့တာပါပဲ။ နောက်နေ့မှာ ရုံးတက်ရဖို့ကို စိတ်လှုပ်ရှားခြင်းများစွာနဲ့ အိပ်ရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲနော်။
ဒါပေမယ့် အိပ်ပျော်ခါနီးဆဲဆဲမှာ အတွေးတစ်ခုက ဝင်လာတယ်။ ငါရုံးတစ်ရုံးမှာ အတူတူလုပ်နေတဲ့သူအပေါ် ဒီလိုခံစားချက် မဝင်သင့်ဘူး၊ ဒါငါမှားနေတာပဲ။ ငါနောက်ဆုတ်ရမယ်၊ အတွေးတွေကို သတ်ပစ်ရမယ်။ ငါတို့ဘယ်လိုမှမဖြစ်သင့်ဘူး ... အဲ့သည့်လိုနဲ့ ကျွန်တော်အိပ်မပျော်ခဲ့ပါဘူး။ ကျွန်တော်တို့ စတွေ့ကတည်းက ကျွန်တော် အိပ်မပျော်တဲ့ရောဂါ ရရှိလာတယ်လို့ပဲ ဆိုကြပါစို့။
ဒီလိုမျိုးနဲ့သူက ကျွန်တော့်ဘဝထဲ ဝင်လာဖို့ရှိပါသလား ... သို့မဟုတ် ဖမ်းလို့မမိတဲ့ ငှက်ကလေးတစ်ကောင်အဖြစ်ပဲရှိနေမလား ကျွန်တော် မသေချာဘူး။ သေချာတာကတော့ ကျွန်တော်ရှုံးလို့မဖြစ်ဘူး။ ပွဲတိုင်းမှာ ကျွန်တော်နိုင်မှ ဖြစ်မယ် ... ကျွန်တော်နိုင်ချင်တယ်၊ နိုင်ချင်နေတယ်။
သူကရော ကျွန်တော့်အကြောင်းတွေးမလား ကျွန်တော်တွေးတယ်။ ကျွန်တော်ကလည်း ကျွန်တော့်အကြောင်း တွေးနေစေချင်တယ်။ သူ့လည်ပင်းလေးကို သတိရတယ် ပါးလေးတွေကိုသတိရတယ်၊ ထိမိရင်ဘယ်လိုနေမလဲ ကျွန်တော်သိချင်လာတယ်။ နိုင်ချင်နေပေမယ့် တကယ်တမ်းနိုင်သွားမယ့်သူက...ကျွန်တော်လား...? သူလား...?
ဘုရားသခင်သာသိမယ်ဆိုရင် အခုပဲ ကျွန်တော့်ကို လာပြောပြစေချင်မိပါတော့တယ်။ ခင်ဗျားတို့သိလား... ကိုယ့်နှလုံးသားကို ကိုယ် ဓားနဲ့ထိုးစိုက်နေရတဲ့ သေလုအောင်နာကျင်မှုတွေက ကျွန်တော့ကို တိုက်စားလာခဲ့တယ် ... ။
အချစ်ဆိုတာ❤️
သူစိတ်ညစ်တဲ့အကြောင်း 💕🥹🥹ကြားတဲ့အခါ
ကိုယ်ပါ စိတ်မောရတယ်
သူ့ရယ်သံတွေကို ကြားရတဲ့အခါ
ကိုယ်ပါ လိုက်ပြုံးမိတယ်
ဒါဟာ ချစ်ခြင်းမေတ္တာပဲ...❤❤❤
True Love For LGBT
ha အောင်ရဲလင်းဆိုသည်မာလဲ
Hello... ...
Brothers and Sisters...
မင်မင်... အစီအစဥ်တခု စတင်ဖို့စဥ်းစားထားပါတယ် အာ့တာကတော့ Page လေးတခုမာ ရင်ဖွင့်ကြတာပါ.... 😍😍
ကျတော်တို့ LGBT လေးတေ အနေနက် ဘဝမာ ခံစားခဲ့ရတာတေ ဒဏ်တေ အမျိုးဆုံရှိခဲ့ကြပါတယ် ဒါတေအတွက် ပါ ...
စာလေးတေရသလေးတေ..
ဘဝအကြောင်းတေ..
ရင်ဖွင့်ရာရာတေပေါ့...စိတ်ကြိုက်တင်ပေးဖို့ ကလောင်နံမည်လေးတေနက်ကောပေါ့....
အာ့လို ပျော်ရွှင်စရာ ကမ္ဘာလေးအဖြစ် ဒီ page လေးကိုစလိုက်ကြရအောင်...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Yangon
Emoo Blind Dating, Myanmar’s leading online local and international dating platform