Unienzyme Myanmar

Unienzyme Myanmar

Nearby clinics

Dr.Aung Kyaw Win
Dr.Aung Kyaw Win

အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့်ခြင်းတို့အတွက် ယူနီအင်ဇိုင်း

17/09/2024

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲရလေအောင် ကိုယ့်အူလေးကို လုံးဝသန့်စင်တဲ့ထိ သန့်ရှင်းရေး ခဏခဏလုပ်ပေးဖို့လိုပါတယ်။ မနက်တိုင်း လီမွန်ရေညှစ်ပြီး ပျားရည်တစ်ဇွန်းကိုရောပြီး သောက်သုံးပေးမယ်ဆိုရင် ဝမ်းလည်း သန့်စင်စေနိုင်သလို ကိုယ်အလေးချိန်လည်း ထိန်းပြီးသားဖြစ်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

15/09/2024

Mint Tea သောက်ပါ
Mint Tea ကို ပျို့အန်ခြင်းနှင့် အစာမကြေခြင်းတို့အတွက် အိမ်တွင်းဆေးတစ်လက်အနေနဲ့ သုံးလို့ရပါတယ်။ MInt Tea လေးလုပ်နည်းကတော့ -
ပူဒီနာရွက် ၅-၁၀ ရွက်
ရေနွေးတစ်ခွက်
အရွက်တွေပေါ်ကို ရေလောင်းထည့်ပြီး ၃ - ၅ မိနစ်ခန့် ထပ်တည်ပါ။
သံပုရာစိပ် သို့မဟုတ် ပျားရည်ကြိုက်တတ်ရင် အနည်းငယ်ထည့်လို့ ရပါတယ်။

13/09/2024

လူတိုင်းလိုလို စာမေးပွဲ ဒါမှမဟုတ် ကိုယ့်အတွက် အရေးကြီးတာတခုခု မလုပ်ခင်မှာ ဗိုက်မအီမသာဖြစ်တာကို ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှုဒဏ်ကို အစာအိမ်က ခံနိုင်ရည်မရှိတဲ့ သဘောပါ။ ရေရှည် စိတ်ဖိစီးမှုတွေ တင်းခံနေရတဲ့ လူတွေဆိုရင် ဦးနှောက်နှင့်အူလမ်းကြောင်းကြား ဆက်နွှယ်မှုမှာ သွား ထိခိုက်စေနိုင်တဲ့အတွက် ဗိုက်ပြဿနာပေါင်းစုံကို ရေရှည်ခံစားရနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုကြားမှာ ဆက်စပ်မှုရှိပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ်ဆိုရင် စိတ်ရော ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးတွေပါ ပိုကောင်းလာစေမှာပါ။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အတွက် အထောက်အပံ့ကောင်း ဖြစ်နေစေခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊ လုံလောက်စွာအိပ်စက်အနားယူခြင်း၊ အစားစားချိန်မှာ စိတ်ရောကိုယ်ပါ အေးဆေးအောင် အချိန်ယူစားပေးခြင်း စတဲ့ နည်းလေးတွေက Stress ကို အနည်းနဲ့ အများ ထိန်းနိုင်အောင် အကူအညီပေးနိုင်ပါလိမ့်မယ်နော်။

11/09/2024

ရေသောက်ခြင်းက အစာအိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေကျန်းမာရေးကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။ မနက်ခင်းမှာ ရေနွေးနွေးလေးသောက်ခြင်းက အူမကြီးကို သန့်ရှင်းကြည်လင်စေနိုင်ပါတယ်။ ရေဓာတ်ထိန်းညှိပေးပြီး အစာခြေစနစ်ကို မြှင့်တင်ရန် တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ခွက်သောက်ပေးသင့်ပါတယ်။ သခွားသီး၊ ဖရဲသီးနဲ့ ခရမ်းချဉ်သီးလိုမျိုး ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေဟာ ရေဓာတ်ပြည့်ဝစေတဲ့အပြင် အစာခြေစနစ်ကိုပါ ပိုကောင်းလာစေနိုင်ပါတယ်နော်။

09/09/2024

Gas တွေနဲ့ လေပွတာတွေအတွက် Activated Charcoal

လေထိုးလေပွခြင်းများ ခဏအတွင်း ပျောက်ကင်းသွားအောင် activated charcoal supplements တွေကို သုံးပြီး ဖြေရှင်းနိုင်ကြောင်းကို သုတသနတော်တော်များများမှာ လေ့လာခဲ့ကြပါတယ်။ သာမာန်မီးသွေးကို အပူပေးခြင်းအားဖြင့် Activated charcoal အဖြစ် ပိုပြီးစိမ့်ဝင်မှု အားကောင်းစေရန် ဖန်တီးထားတာပါ။ ဒီ Activated charcoal ထဲမှာရှိတဲ့ နေရာလွတ်တွေထဲမှာ ဂတ်စ်တွေကို စုပ်ယူခြင်းအားဖြင့် လေပွစေတဲ့ဂတ်စ်တွေ ဗိုက်ထဲမှာ နည်းသွားစေပါတယ်။ နောက်တစ်ခုက Activated charcoal ကို Simethicone နဲ့ ပေါင်းစပ်လိုက်တဲ့အခါ လေပွတာနဲ့ ဂတ်စ်တွေလျော့ချတဲ့နေရာမှာ အများကြီး ပိုထိရောက်တာကို တွေ့ရပါတယ်။ Simethicone က ဂတ်စ်ပူဖောင်းလေးတွေကို ပိုသေးသွားအောင် ခွဲဖျက်ပေးနိုင်တဲ့ ဆေးဖြစ်တဲ့အတွက် activated charcoal က ဂတ်စ်လေးတွေကို ပိုပြီး စုပ်ယူလို့ရသွားစေနိုင်တဲ့အတွက်ကြောင့်ပါ။ Unienzyem က Activated Charcoal နဲ့ Simethicone ကို အချိုးကျစွာ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် လေထိုးလေအောင့် လေပွခြင်းများကို သိသာထိရောက်စွာ ပျောက်ကင်းစေပါတယ်နော်။

06/09/2024

Gastroparesis လို့ခေါ်တဲ့ အစာအိမ်လှုပ်ရှားမှုရောဂါ

Gastroparesis ဖြစ်ရင် အစာအိမ်ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်စေတဲ့အတွက် ပုံမှန်လုပ်ဆောင်နေကျ အစာချေစနစ်တွေ ကမောက်ကမဖြစ်ပြီး ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်းများ၊ ဗိုက်ကယ်ခြင်းများ ဖြစ်လာစေပြီး အစာစားချင်စိတ်ကိုပါ ထိခိုက်လာစေပါတယ်။ လေပွခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့အတွက် unienzyme က သင့်အနားမှာ အမြဲရှိနေမှာပါနော်။

30/08/2024

Unienzyme နဲ့ဆို ကြိုက်တာစား 😋

30/08/2024

ယူနီအင်ဇိုင်းက ဘာတွေလုပ်ပေးနိုင်မှာလဲ???
- Fungal Diastate (ကစီဓာတ်ကို ချေဖျက်ခြင်း)
- Papain (အသားဓာတ်ကို ချေဖျက်ခြင်း)
- Activated Charcoal (လေပွခြင်းကို တားဆီးခြင်း)
- Nicotinamide (အူလမ်းကြောင်းကို ထိန်းသိမ်းခြင်း)
- Simethicone (မအီမသာဖြစ်ခြင်းနှင့် လေပွမှုကို တားဆီးခြင်း)

စားချင်တာတွေကို ရဲရဲကြီးစားလိုက်ပါ . . .
ယူနီအင်ဇိုင်းက တာ၀န်ယူချေဖျက်ပေးမှာပါ . . .

28/08/2024

Gas တွေ စုနေခြင်း
အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက် Gas များပြည့်နေကာ မခံမရပ်နိုင်ဖြစ်အောင် ထိုးအောင့်ခြင်း၊ မူးခြင်း (တချို့က လေမူးတာလို့ခေါ်တတ်ကြပါတယ်)၊ လေတွေပဲပျို့အန်ခြင်းတို့ ဖြစ်တာကို လေပွတယ်လို့ခေါ်ပါတယ်။ အစာအိမ်အတွင်း ဂတ်စ်တွေ ပိုလျံလာတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ် အစရှိသော အသီးအရွက်များကို ပုံမှန်စားနေကျထက် ပိုပြီး များပြားစွာစားမိခြင်း၊ အစာအိမ်တွင်း ရောဂါပိုးဝင်ခြင်း၊ နာတာရှာအူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ခြင်းနဲ့ အစာမကြေခြင်းတို့ကြောင့် ဒီဂတ်စ်တွေထွက်တတ်ပါတယ်။ ဘာကြောင့်ပဲလေပွပွ လေပွလို့ဖြစ်လာတဲ့ ဝေဒနာတွေကို Unienzyme က အလျင်အမြန် သက်သာသွားအောင် လုပ်ပေးနိုင်ပါတယ်နော်။

27/08/2024

ရောဂါပိုးမျိုးစုံကို ကာကွယ်ပေးမယ့် ကျန်းမာတဲ့အူ
တကိုယ်လုံးရဲ့ကျန်းမာရေးကောင်းမွန်ဖို့အတွက် အူကျန်းမာရေးကောင်းမွန်ဖို့က အရမ်းအရေးပါပါတယ်။ အစာအိမ်အကျိုးပြု အစားအစာများစားခြင်းက သင့်ကို ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေးနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းက အူလမ်းကြောင်းဘက်တီးရီးယားတွေကို ကျန်းမာသန်စွမ်းစေပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ မှိုတွေကို ခန္ဓာကိုယ်တွင်းမဝင်လာနိုင်အောင် တိုက်ထုတ်ရာမှာ အများကြီး အကူအညီပေးပါတယ်နော်။

25/08/2024

ပြုပြင်ထားသော အစားအစာများ
အေးခဲထားသော အစားအစာများနဲ့ ဟော့ဒေါ့တွေလို အရမ်းပြုပြင်ထားတဲ့ အစားအစာတွေက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီအစားအစာတွေကို စားလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အစာမကြေဖြစ်စေတဲ့ အူနံရံရောင်ရမ်းမှုတွေ ပုံမှန်ထက်ပိုပြီး ဖြစ်နိုင်ချေများစေပါတယ်။

24/08/2024

လေထိုး လေပွ အစာမကြေ ခဏခဏဖြစ်တတ်ရင် အိမ်မှာ ယူနီအင်ဇိုင်းလေး ဆောင်ထားသင့်ပါတယ် . . .
နီးစပ်ရာ ဆေးဆိုင်တိုင်းမှာလည်း အလွယ်တကူဝယ်လို့ရပါတယ် . . .

22/08/2024

Artificial Sweetners နဲ့ လုပ်ထားတဲ့ အစားအစာတွေကို ဝမ်းလျောနေတဲ့အချိန် ဗိုက်မကောင်းတဲ့အချိန်တွေမှာ မစားသင့်ပါဘူး။ ပီကေနဲ့ သကြားလုံးတွေမှာပါဝင်တဲ့ sorbitol, mannitol နဲ့ xylitol စတဲ့ အချိုတွေက စားလိုက်ခါမှ ပိုဝမ်းလျောသွားတာမျိုးဖြစ်တတ်လို့ပါ။ ကျန်းမာတဲ့သူတွေတောင် ချိုတဲ့အစာတွေစားမိရင် လေပွပြီး ဝမ်းပျက်ဝမ်းလျောဖြစ်နိုင်ပါတယ်နော်။

18/08/2024

လေခဏခဏပွတတ်တဲ့ Unienzyme ချစ်သူများအတွက် Apanasana လို့ခေါ်တဲ့ ဒူးခေါင်းကို ရင်ဘတ်မှာပိုက်တဲ့ yoga posture လေးလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီ Apanasana posture လေးလုပ်လို့ အခြားအကျိုးကျေးဇူးတွေလည်း ရနိုင်တဲ့အပြင် အထူးသဖြင့် အစာခြေတဲ့ အင်္ဂါအစိတ်အပိုင်းကို နှိပ်နယ်ပေးသလိုဖြစ်လို့ ဗိုက်မသက်မသာဖြစ်တာတွေ လျော့စေပြီး လေပွတာကို သက်သာစေပါတယ်။ Apanasana ယောဂကျင့်စဥ်ကို တစ်နေ့ ၈ ကြိမ်မှ ၁၀ ကြိမ်ထိ နေ့စဥ်လုပ်ပေးကြည့်ပါ။ လေပွတာတွေကို သိသိသာသာ သက်သာလာစေပါတယ်နော်။

16/08/2024

ကျန်းမာရေးကောင်းတဲ့ အူလေးက အလုပ်လည်းကောင်းကောင်းလုပ်နိုင်ပြီး အာဟာရဓာတ်တွေကိုလည်း ပိုစုပ်ယူပေးနိုင်ပါတယ်။ ဒီလို အစာခြေအားကောင်းမယ့် အူလေးပိုင်ဆိုင်ဖို့ Unienzyme ကို အမြဲဆောင်ထားလိုက်ပါနော်။

14/08/2024

အစာခြေခြင်းကို ပိုမိုကောင်းမွန်စေသည်။
အခုလက်တလောမှာ ဝမ်းပျက်ခြင်း၊ လေပွခြင်းနဲ့ အခြားအစာခြေပြဿနာများ ခံစားနေရပြီဆိုရင် ဆေးကူရတဲ့အပြင် အစာခြေစနစ်ကို ပြန်ကောင်းမွန်အောင် အစာအိမ်အူလမ်းကြောင်းကို ပြန်လည်သန့်စင်ပေးဖို့ လိုပါတယ်။ အူသန့်စင်ပေးတယ်ဆိုတာ အမျှင်ဓာတ်ပါတဲ့ အစားအစာများစားပေးဖို့ပါ။ အူလမ်းကြောင်းတစ်လျောက် တံမြက်စည်းလှဲတဲ့ သဘောပါပဲနော်။ ကျန်းမာသောအူလမ်းကြောင်းက အစာလည်း ကောင်းကောင်းချေနိုင်မှာဖြစ်တဲ့အပြင် အူလမ်းကြောင်းသန့်စင်လိုက်ရင် အစာခြေပြဿနာများဖြစ်စေနိုင်သော မကောင်းတဲ့ဘက်တီးရီးယားများကို တခါထဲ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အူနံရံက ကပ်ပါးကောင်တွေနဲ့ မှိုတွေ ကြီးထွားမှုတို့ကို ဖယ်ရှားပေးနိုင်ပြီး မကျန်းမာတဲ့အူလမ်းကြောင်း နံရံတွေကိုပါ ပြန်လည် ပြုပြင်ပေးပြီးဖြစ်သွားမှာပါနော်။

12/08/2024

အစားစုံပြီး မအီမလည် အစာမကြေတာမျိုးတွေ ဖြစ်နေမယ်ဆိုရင် . . .
လေထိုးလေပွအတွက်ရော အစာကြေဖို့အတွက်ရော
နှစ်မျိုးလုံးသောက်လို့ရတဲ့ သဘာဝအပင်ကနေ
ထုတ်ထားတဲ့ Unienzyme လေးကို ဆောင်ထားကြပါနော်

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲစေဖို့အတွက်
Unienzyme ကို သတိရကြပါ

09/08/2024

စိုးရိမ်စိတ်တွေများလာတာ အစာအိမ်နဲ့ဆိုင်သလား
အစာအိမ်မကောင်းရင်လည်း စိုးရိမ်စိတ်တွေ များတတ်လာပါတယ်။ အူလမ်းကြောင်းကျန်းမာရေးကောင်းတဲ့သူရဲ့ခန္ဓာကိုယ်က serotonin ကို ပိုကောင်းအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ Serotonin ဆိုတာက စိတ်ခံစားချက်အတက်အကျတွေ၊ အများနဲ့ ပြုမူပြောဆိုဆက်ဆံပုံနှင့် အိပ်စက်ခြင်းတို့ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ neurotransmitter လေးဖြစ်ပါတယ်။ အူလမ်းကြောင်းအတွင်းမှာ မကောင်းတဲ့ဘက်တီးရီးယားတွေ ပြည့်လာတဲ့အခါ serotonin ပမာဏနည်းလာပြီး စိုးရိမ်စိတ်တွေ တိုးလာတတ်ပါတယ်နော်။ ဒါကြောင့် အစာအိမ်အတွင်း မကောင်းတဲ့ဘက်တီးရီးယားတွေ နည်းနိုင်သမျှနည်းအောင် အစားအစာများစားသုံးတဲ့အခါ သေချာရွေးစားပြီး သန့်ရှင်းစွာချက်ပြုတ်စားသုံးသင့်ပါတယ်။

05/08/2024

Unienyzme ကို Activated Charcoal နဲ့ Simethicone စတဲ့ ပါဝင်ပစ္စည်းတွေကို သိပ္ပံနည်းကျအစွမ်းထက်အောင် အချိုးကျ ဖွဲ့စည်းထုတ်လုပ်ထားပါတယ်။ Activated Charcoal ကို Simethicone နဲ့ ပေါင်းလိုက်တဲ့အခါမှာ အစာအိမ်အတွင်း ဂတ်စ်တွေကို အလွယ်တကူ စုပ်ယူသွားပြီး လေပွတာတွေကို ထိထိရောက်ရောက် သက်သာပျောက်ကင်းစေနိုင်ပါတယ်နော်။ Activated Charcoal က ဂတ်စ်တွေကို ကောင်းကောင်းစုပ်ယူနိုင်ပြီး ဒီလို စုပ်ယူနှုန်းပိုကောင်းအောင် Simethicone က ဂတ်စ်ပူဖောင်းလေးတွေကို အသေးငယ်ဆုံးဖြစ်အောင် ဖြိုခွင်းနိုင်စွမ်းရှိပါတယ်။

02/08/2024

ခိုင်မာသောကိုယ်ခံအားစနစ်
ကိုယ်ခံအားစနစ်၏ ၇၀ ရာခိုင်နှုန်းလောက်က အူတစ်လျောက်မှာရှိနေတာဖြစ်လို့ ကျန်းမာသောအူပိုင်ဆိုင်ခြင်းက ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ပိုမိုအားကောင်းလာတာနဲ့ အတူတူပါပဲ။
သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်မှုမရှိတဲ့ ပြင်ပအစားအစာများစားသုံးမှု၊ သောက်သုံးရေမသန့်မှုတွေက အူလမ်းကြောင်းကျန်းမာရေးကို မညီညွတ်ဖြစ်စေပြီး အစာအိမ်ရောင်ရမ်းမှုနဲ့ အစာအိမ်ပိုးဝင်တာတွေ ဖြစ်စေပါတယ်။ ဒီလိုခဏခဏဖြစ်တဲ့အခါ ခုခံအားစနစ်ကိုပါ သွားပြီး အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် အစားမတော်တလုတ် မဖြစ်ရလေအောင် ဒီလိုဝမ်းရောဂါအဖြစ်များတဲ့ရာသီမှာ ဘာပဲစားစား ဉာဏ်နဲ့ ချင့်ချိန်စားသုံးစေချင်ပါတယ်နော်။

31/07/2024

အစာအိမ်မကောင်းနေတဲ့ အချိန်တွေပဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျောနေတဲ့ အချိန်တွေပဲဖြစ်ဖြစ် အရိုးရှင်းဆုံးနဲ့ အစာချေရအလွယ်ဆုံးအစာကတော့ ဆန်ပါပဲ။ ဆန်က အစာအိမ်အတွင်းက ပိုလျှံနေတဲ့ အက်ဆစ်တွေကို စုပ်ယူဖို့ အကူအညီပေးတဲ့အပြင် နာကျင်နေတဲ့ အူလမ်းကြောင်း ဘေးနံရံတွေကိုလည်း သက်သာစေပါတယ်။

30/07/2024

သိပ္ပံနည်းကျဖော်စပ်ထားသော အစာကြေ၊ လေနိုင်ဆေး ယူနီအင်ဇိုင်းသည်
အစာမကြေခြင်းကြောင့်ဖြစ်သော . ..
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- လေပွခြင်း
- လေထိုးခြင်း
- လေချဥ်တက်ခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့ကို
လက်တွေ့ကျကျ လျှင်မြန်စွာ ပျောက်ကင်းစေပါသည်။

29/07/2024

ကြက်ဥကို ပြုတ်တာပဲဖြစ်ဖြစ် မွှေကြော်ကြော်တာပဲဖြစ်ဖြစ် ပြင်ဆင်ချက်ပြုတ်ရလွယ်ကူပြီး စားလို့လည်းကောင်း အဖိုးလည်းနည်းတဲ့အပြင် အစာချေရပါ လွယ်ကူစေတဲ့အတွက် ဒီလို အရာရာစျေးတက်နေတဲ့ကာလမှာ စားသုံးလို့ သင့်တော်ပါတယ်။ အစာအိမ်ရောဂါထအပြီး အန်ပြီးချိန်တွေဆို ကြက်ဥလေးပဲ စားတာကောင်းပါတယ်။ ကြက်ဥတစ်လုံးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေကတော့ -
77 ကယ်လိုရီ
အဆီ 4.72 g
ဆိုဒီယမ် 214 mg
ပရိုတင်း 6.24 g
ကယ်လ်စီယမ် 28 mg
ဖော့စ်ဖောရပ်စ် 98.5 mg
ကိုလင်း 117 mg
ပြောရရင် ကြက်ဥတစ်လုံးမှာပါဝင်တဲ့ အာဟာရဓာတ်တွေ တော်တော်များတယ်ဆိုရမှာပါ။ သတိပြုရမှာတစ်ချက်က ကြက်ဥ ချက်ပြုတ်စားသုံးတဲ့အခါ ကျက်အောင်ချက်ဖို့တော့လိုပါတယ်။ ကြက်ဥအစိမ်းမှာ ရောဂါပိုးတွေ ပါနေတတ်တဲ့ အတွက်ကြောင့်ပါနော်။

27/07/2024

ကြက်သွန်ဖြူက အအေးမိဖျားနာရောဂါများကို အကောင်းဆုံး ခုခံနိုင်သော အစားအစာတွေထဲမှ တစ်ခုအဖြစ် လူတော်တော်များများသိကြပါတယ်နော်။ နောက်ထပ် တိကျတဲ့ လေ့လာမှုတွေလုပ်ဖို့ လိုသေးပေမယ့် food review တစ်ခုမှာ သုံးလတာကာလအတွင်း ကြက်သွန်ဖြူမစားတဲ့ လူအုပ်စုမှာ အအေးမိတဲ့သူ ၆၅ ယောက် ရှိပြီး ကြက်သွန်ဖြူကို စားသော လူအုပ်စုမှာတော့ ၂၄ ယောက်သာ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် ရောဂါပေါတဲ့ မိုးတွင်းကာလမှာ ထမင်းနဲ့ ကြက်သွန်ဖြူလေး မကြာခဏ တွဲစားရင်တော့ အစာလည်းဆေး ဆေးလည်းအစာမို့ အမှားမရှိပါဘူးလို့။

26/07/2024

ဆားရေနဲ့ အူဆေးခြင်း
အူမကြီးကို မြန်မြန်သန့်စင်ဖို့အတွက် ဟိမဝန္တာပန်းရောင်ဆား (Himalayan pink salt) (သို့) ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းစာကို ရေကြက်သီးနွေးတစ်ဖန်ခွက်နဲ့ ရောပြီး ဗိုက်ထဲမှာ ဘာအစာမှမရှိနေတဲ့အချိန်မှာ သောက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်အတွင်း သင့်အူမကြီး သန့်စင်ပြီး ဖြစ်သွားပါလိမ့်မယ်နော်

25/07/2024

ယူနီအင်ဇိုင်းတွင် Aspergillus မှိုမှထုတ်လုပ်ထားသော သဘာဝအစာချေအင်ဇိုင်းများဖြစ်သည့် Fungal Diastase နှင့် သင်္ဘောသီးမှထုတ်လုပ်ထားသော Papain တို့က စားလိုက်သောအစာများကို ကြေညက်စေရန် တာ၀န်ယူချေဖျက်ပေးပါသည်။
ယူနီအင်ဇိုင်းတွင်ပါ၀င်သော Simethicone သည် လေပွ လေထခြင်းကို ပျောက်ကင်းစေပါသည်။
ယူနီအင်ဇိုင်းတွင်ပါ၀င်သော Activated Charcoal သည် စားလိုက်သော အစာအတွင်းရှိ အဆိပ်အတောက်များကို ထိရောက်စွာ ဖယ်ရှားရှင်းလင်းပေးပါသည်။
ယူနီအင်ဇိုင်းတွင်ပါ၀င်သော Nicotinamide သည် အူလမ်းကြောင်းလှုပ်ရှားမှုများကို ပုံမှန်ဖြစ်ပြီး ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေပါသည်။

23/07/2024

တစ်နေ့ကို အနည်းဆုံးအကြိမ် ၂၀ မှ ၃၀ အထိ ထပ်ခါတလဲလဲ ထိုင်ထလုပ်ပေးမယ်ဆိုရင် အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးပြီး ဝမ်းချုပ်ခြင်း၊ လေပွခြင်းနှင့် ခံရခက်တဲ့ အူရောဂါများ၊ အစာခြေပြဿနာများကို သက်သာစေပါတယ်နော်။

20/07/2024

ကန်စွန်းဥ
ကန်စွန်းဥမှာ ပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဆိုပြီး ၂ မျိုးပါနေပါတယ်။ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အူအတွင်းထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ပွားများလာစေပြီး ကောင်းမွန်တဲ့ အစာချေလမ်းကြောင်းစနစ်ကို အထောက်အကူပြုပေးပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကတော့ အစာချေရတဲ့ အချိန်ပမာဏကို လျော့ ချပေးနိုင်ပြီး ပုံမှန်လုပ်ဆောင်ချက်တွေအတွက် အထောက်အကူပြုပေးပါတယ်။ အခွံနွှာထားတဲ့ ကန်စွန်းဥက ပိုပြီး အစာကျေလွယ်ပါတယ်။ ကန်စွန်းဥမှာလဲ ပိုတက်ဆီယမ် ပါနေလို့ အစာချေ ပြဿနာတွေ ကြုံရပြီး electrolyteတွေ ဆုံးရှုံးသွားတဲ့ အခါမျိုးမှာ ပြန်စားပေးသင့်တဲ့ အစာတခုပါ။ ကျေညက်အောင်ချေထားတဲ့ ကန်စွန်းဥ 255g မှာ ကယ်လိုရီ ၂၅၀ ခန့်၊ ကာဗွန်ဟိုက်ဒရိတ် 59.2g ၊ ကယ်လ်စီယမ် 76.5mg နဲ့ ဆိုဒီယမ် 191mg ပါဝင်ပါတယ်။ ဒါကြောင့် ဗိုက်ပြသနာအမျိုးမျိုးဖြစ်ပြီးမှာ အစားအများကြီး စားခွင့် မရှိချိန်မျိုးတွေမှာ ကန်စွန်းဥက အာဟာရလဲ ပြည့်တယ် အစာလဲ ကျေလွယ်တဲ့ အတွက် ရွေးချယ်သင့်သောအစားအစာတစ်ခုဖြစ်ပါတယ်နော်။

19/07/2024

အချိုစားများတာ
unienzyme ချစ်သူတွေထဲမှာ sweet tooth လေးတွေရှိလား.???
အချို သိပ်များတဲ့ အစားအသောက်တွေက လေပွခြင်းကို ဖြစ်စေတတ်ပါတယ်တဲ့။ ချက်ချင်းမဖြစ်လည်း လေထိုးလေအောင့် ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ပါဝင်တာကြောင့် ကိုယ်က အချိုလည်း အရမ်းကြိုက်တယ် လေထိုးလေပွဖြစ်လေ့ ရှိမယ်ဆိုရင် အချိုလေးတွေကို ထိန်းစားသင့်ပါတယ်လို့။

17/07/2024

ယူနီအင်ဇိုင်းသည် အပင်များမှ ထုတ်လုပ်ထားသော
သဘာ၀အစာချေအင်ဇိုင်းများနှင့်
လေထိုးလေအောင့်ကို သက်သာစေသော
(Anti-flatulence) တို့ကို စနစ်တကျ
ပေါင်းစပ်ထားသော အစာကြေ၊ လေနိုင်ဆေးဖြစ်ပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Mega Lifesciences Ltd. No. 458, B2/A, Dhammazedi Road, West Shwe Gone Dine Ward, Baham Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)